Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-3 (family & friends)

Unicode

"ဝင်လို့မရပါဘူး အစ်ကိုလေးမိုးတိမ်"
"တောင်းပန်ပါတယ် ဦးလေးရယ်ကျွန်တော့်ကို ဝင်ခွင့်ပေးပါ လင်းခတစ်ခုခုဖြစ်နေပြီထင်တယ်"

မိုးတိမ် သူ့ကိုဝင်ခွင့်မပေးဘဲ တားနေတဲ့ ဦးကျော်နဲ့ကိုညီကို အတင်းတွန်းဖယ်ကာ ခြံထဲသို့ဝင်လိုက်ပြီး ဟန်လင်းခရှိရာ အိမ်အပေါ်ထပ်အခန်းသို့ပြေးဝင်လိုက်သည်။

ကုတင်ပေါ်တွင်တင်ထားသောဖုန်းနှင့် အိပ်ဆေးဘူးခွံကိုသာတွေ့ရပြီးဟန်လင်းခကိုမတွေ့ရပေ။

ဟန်လင်းခဆီမှmessageရပြီး မိုးတိမ်သိပ်ကိုပျော်သွားခဲ့သည်။ messageတွေပြန်ပို့တော့လည်း reply မပြန် ဖုန်းဆက်တော့လည်းမကိုင်နှင့် သူတဖြည်းဖြည်းစိုးရိမ်လာသောကြောင့်အပြေးလာခဲ့ခြင်းဖြစ်သည်။

ရေချိုးခန်းထဲမှရေသံကြားသောကြောင့် တံခါးကိုဖွင့်ကြည့်သောအခါ lock ချထားသည်။

"လင်းခ"
".........."

တံခါးခေါက်ပြီးခေါ်သော်လည်းပြန်မဖြေ။

"လင်းခ!"
"..........."
"လင်းခ!!!"
".........."

ထပ်ခေါ်သော်လည်းတိတ်ဆိတ်နေမြြဲဖစ်သောကြောင့်မိုးတိမ် ပိုကာစိုးရိမ်လာပြီး ရေချိုးခန်းတံခါးကို ကိုယ်နှင့်တိုက်ဖွင့်လိုက်သည်။ သို့ပေမယ့် ခိုင်ခံ့လွန်းသောကြောင့် လုံးဝမပွင့်ပေ။
ဦးကျော်ကိုညီနှင့်အိမ်ဖော်များကတော့ မိုးတိမ်ကို အခန်းပေါက်ဝမှရပ်ကြည့်နေကြသည်။

"ကျွန်တော့ကို ရေချိုးခန်းသော့ရှာပေးကြပါ မြန်မြန်!"

မိုးတိမ်အော်လိုက်မှ အကုန်လုံးပျာယာခတ်ကာ သော့ရှာကြတော့သည်။

"အစ်ကိုလေး ဒီမှာ"

အံဆွဲထဲမှတွေ့သော သော့တွဲလေးကို မိုးတိမ်ကိုပေးရာ သူအမြန်ဖွင့်လိုက်ပြီး ရေချိုးခန်းထဲတွင် ခွေခွေလေးလဲကျနေသော ဟန်လင်းခကိုတွေ့လိုက်ရသည်။

ရေပန်းကိုအမြန်ပိတ်လိုက်ပြီး အေးစက်နေသော ဟန်လင်းခကိုယ်လေးကို မိုးတိမ်ပွေ့လိုက်သည်။

"လင်းခ!! လင်းခ!! ငါခေါ်တာကြားလား
ဦးလေး ကားထုတ်လိုက်ဆေးရုံသွားမယ်"

မိုးတိမ် ကုတင်ပေါ်မှစောင်ကိုယူကာ ဟန်လင်းခကိုယ်တွင်ပတ်လိုက်ပြီး ပွေ့ချီကာ ကားနောက်ခန်းထဲသို့ဝင်ထိုင်လိုက်သည်။

"ဦးလေး မြန်မြန်မောင်း!"

ဆေးရုံသို့ရောက်သောအခါ အရေးပေါ်ခန်းသို့ခေါ်သွားပြီး ဆရာဝန်များစမ်းသပ်နေစဉ်မှာပင် ဟန်လင်းခ နှလုံးခုန်ရပ်သွားခဲ့သည်။

"ဆရာ လူနာက နှလုံးခုန်ရပ်သွားပြီ"
"CPR လုပ်မယ်"

3မိနစ်နေမှ နှလုံးပြန်ခုန်လာသည်။
မိုးတိမ် ငြိမ်သက်ကာ အခြေအနေတွေကိုပြန်သုံးသပ်နေမိသည်။

"အိပ်ဆေး"
"လူနာရှင် ဘာပြောလိုက်တာလဲ"
"အိပ်ဆေး ဟုတ်တယ် အခန်းထဲမှာ အိပ်ဆေးဘူးခွံတစ်ခု တွေ့ခဲ့တယ်!"

မိုးတိမ်စကားကြောင့် ဆရာဝန်နှင့်သူနာပြုများ ပို၍အလုပ်ရှုပ်ကုန်လေသည်။

"suicide လုပ်တာပဲ...
အရေးပေါ်ခွဲစိတ်ဖို့အတွက်ပြင်ဆင်ပါ"
"လူနာရှင် အရေးပေါ်ခွဲစိတ်ဖို့အတွက် ဒီအချက်အလက်တွေဖြည့်ပေးပါ"

သူနာပြုတစ်ယောက်ပေးသော form ကိုမိုးတိမ်အမြန်ဖြည့်လိုက်ပြီး ဟန်လင်းခ၏ အဖေနှင့် သူငယ်ချင်းများကိုဖုန်းဆက်လိုက်သည်။

ဟန်လင်းခ ခွဲစိတ်ခန်းထဲရောက်သွားသောအခါ သူငယ်ချင်းများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

"မိုးတိမ် ငဟန်က ရုတ်တရက်ကြီးဘာဖြစ်တာလဲ"
"သူ့ကိုယ်သူ suicide လုပ်တာ"
"ဘာလို့ suicide လုပ်တာလဲ သူ့မှာဒီလိုလုပ်စရာ ဘာအကြောင်းမှမရှိ........နှင်းတော်ဝင်"
"ဟုတ်တယ် နှင်းတော်ဝင် အဲ့မိန်းမကြောင့်ပဲ"
"ငဟန် နှင်းတော်ဝင်ကိုချစ်မှန်းသိပေမယ့် ဒီလောက်အထိတော့ ငါမထင်ခဲ့မိဘူး"

သူငယ်ချင်းများကဒေါသထွက်ကာ မျက်ရည်များပင်ကျနေကြသည်။ မိုးတိမ်လည်း နံရံ ကို မျက်နှာ မူကာငိုနေမိသည်။

"မိုးတိမ် အဆင်ပြေရဲ့လား"

မိုးတိမ်ခေါင်းပဲ​ညိတ်ပြလိုက်သည်။

"ဟန်လင်းခ အဖေကိုရော အကြောင်းကြားပြီးပြီလား"
"အင်း လာနေပြီ"
"ပြင်ဦးလွင်ကနေ မန္တလေးကိုလာရမှာဆိုတော့ နည်းနည်းတော့ကြာမှာပေါ့"

ဟန်လင်းခအဖေနှင့်ညီမလေးရောက်လာပြီး ဟန်လင်းခလည်းခွဲခန်းထဲမှထွက်လာလေသည်။

"လူနာကအိပ်ဆေးတစ်ဘူးလုံးသောက်ထားတော့ အစာအိမ်ထဲကနေအကုန်စုပ်ထုတ်လိုက်ရတယ်
အရမ်းလည်းအားနည်းနေတာကြောင့် မနက်ဖြန်လောက်မှ သတိရလိမ့်မယ် အခု အသက်အန္တရာယ်အတွက်မစိုးရိမ်ရတော့ပါဘူး "

အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးဆိုမှ အားလုံးသက်ပြင်းချနိုင်ကြသည်။
ဟန်လင်းခတစ်ကိုယ်လုံးတွင်တော့ ဆေးပိုက်များကနေရာယူထားသည်။

"ကိုကို အရမ်းနာနေမှာပဲ"

ဟန်လင်းခ၏ ညီမလေးမိုးမခမှာ အစ်ကိုဖြစ်သူကိုကြည့်ကာ တစ်ရှုံ့ရှုံ့ငိုနေသည်။ အဖေဖြစ်သူ ဦးနေမင်းခကတော့ မျက်ရည်တစ်စက်မကျအောင် အံကိုကြိတ်ထားလေသည်။

"သားမိုးတိမ် ကျေးဇူးပါပဲ သားသာသတိမထားမထားမိရင် ဟန်လေးအသက်ရှင်မှာမဟုတ်ဘူး"
"ဟုတ် ရပါတယ်ဦး"

မိုးတိမ်နှင့်သူငယ်ချင်းများလည်းမပြန်ဘဲ ဆေးရုံတွင်သာ ဟန်လင်းခသတိရလာချိန်ကိုစောင့်နေကြသည်။

နောင်နေ့ နေ့လည်ခင်းတွင် ဟန်လင်းခသတိရလာသည်။ မျက်လုံးဖွင့်သည်နှင့်မြင်လိုက်ရသည်က သူ့ကိုစိုးရိမ်သည့်အကြည့်များနှင့်ကြည့်နေသော ဖေဖေ ညီမလေး မိုးတိမ် နဲ့ သူငယ်ချင်းတွေ။

သူမေ့နေခဲ့တာပဲ သူ့မှာ နှင်းတော်ဝင်အပြင် သိပ်ကိုချစ်ရတဲ့ မိသားစုနဲ့သူငယ်ချင်းတွေရှိသေးတာပဲ။

သူသတိရတော့ဆရာဝန်များက လာရောက်စမ်းသက်စစ်ဆေးမှုများပြုလုပ်ကာ မှာစရာရှိတာမှာကြားပြီး ပြန်ထွက်သွားကြသည်။
ဖေဖေနှင့်ညီမလေးကို ပြန်နားခိုင်းလိုက်သည်။ သူငယ်ချင်းများကိုအိမ်ပြန်ကြရန် ပြောသော်လည်းတစ်ယောက်မှ မလှုပ်ကြပေ။

"လင်းခ နှင်းတော်ဝင် နဲ့တွေ့ချင်လား ငါတို့သွားခေါ်ပေးမယ်"

မိုးတိမ်၏အမေးကို သူခေါင်းယမ်းပြလိုက်သည်။

"မင်းတို့ကို စိတ်ပူအောင်လုပ်မိလို့ငါတောင်းပန်ပါတယ် "
"မတောင်းပန်ပါနဲ့ နောက်တစ်ခါသာဒီလိုမျိုးမလုပ်ပါနဲ့ကွာ"
"စိတ်ချပါ ငါထပ်မလုပ်ပါဘူး
အမှန်အတိုင်းပြောရရင် ငါအရမ်းသေချင်နေခဲ့တာ နှင်းတော်ဝင်ကိုငါအရမ်းချစ်ခဲ့ပေမယ့် သူကတော့ငါ့ကိုမချစ်ခဲ့ဘူး ငါ့ကိုတွဲခဲ့တာ ငါ့နောက်ခံကြောင့်တဲ့ ငါကသူထင်သလောက်မရှိလို့ ငါထက်သာတဲ့သူကိုသူကရွေးခဲ့တာ အဲ့လိုမိန်းမကို ငါအရမ်းမုန်းပြစ်ချင်တယ် ဒါပေမယ့်.... မုန်းဖို့ကြိုးစားတိုင်း ငါပဲနာကျင်နေရတော့ ငါ့ကိုယ်ငါပဲမုန်းမိလာတယ် ငါသေသွားရင်အရမ်းကောင်းမှာပဲလို့တွေးလိုက်မိလို့ ဒီလိုလုပ်လိုက်တာ အခုတော့ ငါမသေချင်တော့ဘူး ငါ့မှာ ချစ်ရတဲ့ မိသားစုနဲ့သူငယ်ချင်းတွေရှိသေးတယ်လေ"
"သားကြီးရာ..."

မိုးတိမ်နှင့် သူငယ်ချင်းတွေအားလုံးသူ့ကို လာပြီးဝိုင်းဖက်ကြလေသည်။

"ဟျောင့်တွေ ဖြည်းဖြည်း ပိုက်တွေပြုတ်ကုန်မယ်"
"ဟား..ဟား..ဟား..ဟား.."

ဆေးရုံခန်းလေးထဲတွင် ရယ်သံများဖြင့်သာဆူညံနေသည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

သူမနက်ဖြန်ဆိုလျှင်ဆေးရုံကဆင်းရတော့မည်။ အိပ်ဆေးများ၏ဒဏ်ကြောင့် သူ့မှာအစာအိမ်ရောဂါရခဲ့သည်။ ဆရာဝန်ကအချဉ်အစပ်များနှင့်ကော်ဖီရှောင်ခိုင်းပြီး နေ့တိုင်းနွားနို့သောက်ခိုင်းလေသည်။

သူငယ်ချင်းများ ကလည်းဆေးရုံကိုနေ့တိုင်းလာကြသည်။

"နှင်းတော်ဝင် ကတော့သူ့ကိုယ်သူဟုတ်လှပြီထင်နေလားမသိဘူး သူလက်ရှိတွဲနေတဲ့ကောင်ကမှ အခွံကြီး"
"ဟုတ်တယ် ငါ့အဖေကို အဲ့ကောင်မိသားစုအကြောင်းမေးကြည့်တော့ သူ့အဖေက အရက်လောင်းကစားအကုန်လုပ်တယ်တဲ့ သူ့အမေကလည်းအပျော်အပါးတော်တော်မက်တယ် သူကလည်းအရမ်းပွေရှုပ်တယ်တဲ့ သူ့အဖိုး အဖွားတွေစုဆောင်းကောင်းခဲ့လို့အရင်တုန်းကတော်တော်ချမ်းသာတယ် သူ့အဖေလက်ထက်ကျမှ ဒီလိုတွေဖြစ်ကုန်တာ ဒါပေမယ့် သူတို့ကဘာမှမရှိတာကို ဟန်မပျက်ဘူးတဲ့ သူတို့နေတဲ့ အိမ်ကလည်း ငါ့အဖေဆီမှာပေါင်ထားတာ"
"နှင်းတော်ဝင် ကတော့ငါတို့ သားကြီး ကိုလက်လွှတ်လိုက်ရလို့ နောက်မှ နောက်တရနေမယ့်အဖြစ်ကိုမြင်ယောင်နေသေးတယ်"
"ငဟန် နောက်လဆိုမင်းအသက် 18 ပြည့်ပြီနော်"

မြတ်ကို စကားကြောင့်တစ်ဖွဲ့လုံးငြိမ်သွားလေသည်။ ဟန်လင်းခကတော့ အားလုံးကိုသတက်လေးပေါ်အောင်ပြုံးပြလိုက်သည်။

"အင်း ငါလည်း Ray Han အဖြစ်နေဖို့အဆင်သင့်ဖြစ်နေပြီ"

ဟန်လင်းခပြောပြီး ချစ်စရာအပြုံးလေးကိုဆင်မြန်းလိုက်ပြန်သည်။

"သားကြီး အဲ့လိုမျိုးပြုံးပြုံးမပြပါနဲ့ကွာ ငါတို့တွေကြွေကျကုန်လိမ့်မယ်"
"ဟုတ်တယ် မင်းကြောင့် မိန်းကလေးတွေလှပါတယ်ဆိုရင်တောင် မျက်စိထဲမတိုးတော့ဘူး"
"ငါတောင်အစစ်မစိတ်ပေါက်ပေါက်သွားတယ်"
"အေးလေ ငါတို့ငယ်ငယ်တုန်းကဆိုရင် သူ့ကို မိန်းကလေးတွေတင်မကဘူး ယောက်ျားလေးတွေကပါ စာတွေပေးပြီးလိုက်ကြိုက်ကြတာ မိုးတိမ်ကလက်သီးနဲ့ထိုးထိုးလွှတ်လို့သာ မိုးတိမ်ကိုကြောက်ပြီးမကပ်ရဲကြတော့တာကိုမှတ်မိသေးတယ်"

သူငယ်ချင်းများ၏တစ်ယောက်တစ်ပေါက်အပြောများကိုနားထောင်ပြီးသူထိုင်ရယ်နေမိတော့သည်။ မိုးတိမ်ကတော့ ပြုံးလျှက်ကြည့်နေဆဲ။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

မိသားစုနဲ့ သူငယ်ချင်းတွေဆိုတာ
ချစ်သူထက်အရင်
သင့်ကို ချစ်ခဲ့သူတွေပါ
ချစ်သူကသင့်အတွက် အချစ်တွေ
မရှိတော့ရင်တောင်
သူတို့တွေမှာ သင့်အတွက်
ထာဝရဖြူစင်တဲ့ အချစ်တွေအမြဲရှိတယ်..

ဟန်လင်းခ

******************************

Zawgyi

"ဝင္လို႔မရပါဘူး အစ္ကိုေလးမိုးတိမ္"
"ေတာင္းပန္ပါတယ္ ဦးေလးရယ္ကြၽန္ေတာ့္ကို ဝင္ခြင့္ေပးပါ လင္းခတစ္ခုခုျဖစ္ေနၿပီထင္တယ္"

မိုးတိမ္ သူ႕ကိုဝင္ခြင့္မေပးဘဲ တားေနတဲ့ ဦးေက်ာ္နဲ႕ကိုညီကို အတင္းတြန္းဖယ္ကာ ၿခံထဲသို႔ဝင္လိုက္ၿပီး ဟန္လင္းခရွိရာ အိမ္အေပၚထပ္အခန္းသို႔ေျပးဝင္လိုက္သည္။

ကုတင္ေပၚတြင္တင္ထားေသာဖုန္းႏွင့္ အိပ္ေဆးဘူးခြံကိုသာေတြ႕ရၿပီးဟန္လင္းခကိုမေတြ႕ရေပ။

ဟန္လင္းခဆီမွmessageရၿပီး မိုးတိမ္သိပ္ကိုေပ်ာ္သြားခဲ့သည္။ messageေတြျပန္ပို႔ေတာ့လည္း reply မျပန္ ဖုန္းဆက္ေတာ့လည္းမကိုင္ႏွင့္ သူတျဖည္းျဖည္းစိုးရိမ္လာေသာေၾကာင့္အေျပးလာခဲ့ျခင္းျဖစ္သည္။

ေရခ်ိဳးခန္းထဲမွေရသံၾကားေသာေၾကာင့္ တံခါးကိုဖြင့္ၾကည့္ေသာအခါ lock ခ်ထားသည္။

"လင္းခ"
".........."

တံခါးေခါက္ၿပီးေခၚေသာ္လည္းျပန္မေျဖ။

"လင္းခ!"
"..........."
"လင္းခ!!!"
".........."

ထပ္ေခၚေသာ္လည္းတိတ္ဆိတ္ေနျမျဲဖစ္ေသာေၾကာင့္မိုးတိမ္ ပိုကာစိုးရိမ္လာၿပီး ေရခ်ိဳးခန္းတံခါးကို ကိုယ္ႏွင့္တိုက္ဖြင့္လိုက္သည္။ သို႔ေပမယ့္ ခိုင္ခံ့လြန္းေသာေၾကာင့္ လုံးဝမပြင့္ေပ။
ဦးေက်ာ္ကိုညီႏွင့္အိမ္ေဖာ္မ်ားကေတာ့ မိုးတိမ္ကို အခန္းေပါက္ဝမွရပ္ၾကည့္ေနၾကသည္။

"ကြၽန္ေတာ့ကို ေရခ်ိဳးခန္းေသာ့ရွာေပးၾကပါ ျမန္ျမန္!"

မိုးတိမ္ေအာ္လိုက္မွ အကုန္လုံးပ်ာယာခတ္ကာ ေသာ့ရွာၾကေတာ့သည္။

"အစ္ကိုေလး ဒီမွာ"

အံဆြဲထဲမွေတြ႕ေသာ ေသာ့တြဲေလးကို မိုးတိမ္ကိုေပးရာ သူအျမန္ဖြင့္လိုက္ၿပီး ေရခ်ိဳးခန္းထဲတြင္ ေခြေခြေလးလဲက်ေနေသာ ဟန္လင္းခကိုေတြ႕လိုက္ရသည္။

ေရပန္းကိုအျမန္ပိတ္လိုက္ၿပီး ေအးစက္ေနေသာ ဟန္လင္းခကိုယ္ေလးကို မိုးတိမ္ေပြ႕လိုက္သည္။

"လင္းခ!! လင္းခ!! ငါေခၚတာၾကားလား
ဦးေလး ကားထုတ္လိုက္ေဆး႐ုံသြားမယ္"

မိုးတိမ္ ကုတင္ေပၚမွေစာင္ကိုယူကာ ဟန္လင္းခကိုယ္တြင္ပတ္လိုက္ၿပီး ေပြ႕ခ်ီကာ ကားေနာက္ခန္းထဲသို႔ဝင္ထိုင္လိုက္သည္။

"ဦးေလး ျမန္ျမန္ေမာင္း!"

ေဆး႐ုံသို႔ေရာက္ေသာအခါ အေရးေပၚခန္းသို႔ေခၚသြားၿပီး ဆရာဝန္မ်ားစမ္းသပ္ေနစဥ္မွာပင္ ဟန္လင္းခ ႏွလုံးခုန္ရပ္သြားခဲ့သည္။

"ဆရာ လူနာက ႏွလုံးခုန္ရပ္သြားၿပီ"
"CPR လုပ္မယ္"

3မိနစ္ေနမွ ႏွလုံးျပန္ခုန္လာသည္။
မိုးတိမ္ ၿငိမ္သက္ကာ အေျခအေနေတြကိုျပန္သုံးသပ္ေနမိသည္။

"အိပ္ေဆး"
"လူနာရွင္ ဘာေျပာလိုက္တာလဲ"
"အိပ္ေဆး ဟုတ္တယ္ အခန္းထဲမွာ အိပ္ေဆးဘူးခြံတစ္ခု ေတြ႕ခဲ့တယ္!"

မိုးတိမ္စကားေၾကာင့္ ဆရာဝန္ႏွင့္သူနာျပဳမ်ား ပို၍အလုပ္ရႈပ္ကုန္ေလသည္။

"suicide လုပ္တာပဲ...
အေရးေပၚခြဲစိတ္ဖို႔အတြက္ျပင္ဆင္ပါ"
"လူနာရွင္ အေရးေပၚခြဲစိတ္ဖို႔အတြက္ ဒီအခ်က္အလက္ေတြျဖည့္ေပးပါ"

သူနာျပဳတစ္ေယာက္ေပးေသာ form ကိုမိုးတိမ္အျမန္ျဖည့္လိုက္ၿပီး ဟန္လင္းခ၏ အေဖႏွင့္ သူငယ္ခ်င္းမ်ားကိုဖုန္းဆက္လိုက္သည္။

ဟန္လင္းခ ခြဲစိတ္ခန္းထဲေရာက္သြားေသာအခါ သူငယ္ခ်င္းမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ေရာက္လာၾကသည္။

"မိုးတိမ္ ငဟန္က ႐ုတ္တရက္ႀကီးဘာျဖစ္တာလဲ"
"သူ႕ကိုယ္သူ suicide လုပ္တာ"
"ဘာလို႔ suicide လုပ္တာလဲ သူ႕မွာဒီလိုလုပ္စရာ ဘာအေၾကာင္းမွမရွိ........ႏွင္းေတာ္ဝင္"
"ဟုတ္တယ္ ႏွင္းေတာ္ဝင္ အဲ့မိန္းမေၾကာင့္ပဲ"
"ငဟန္ ႏွင္းေတာ္ဝင္ကိုခ်စ္မွန္းသိေပမယ့္ ဒီေလာက္အထိေတာ့ ငါမထင္ခဲ့မိဘူး"

သူငယ္ခ်င္းမ်ားကေဒါသထြက္ကာ မ်က္ရည္မ်ားပင္က်ေနၾကသည္။ မိုးတိမ္လည္း နံရံ ကို မ်က္ႏွာ မူကာငိုေနမိသည္။

"မိုးတိမ္ အဆင္ေျပရဲ႕လား"

မိုးတိမ္ေခါင္းပဲ​ညိတ္ျပလိုက္သည္။

"ဟန္လင္းခ အေဖကိုေရာ အေၾကာင္းၾကားၿပီးၿပီလား"
"အင္း လာေနၿပီ"
"ျပင္ဦးလြင္ကေန မႏၱေလးကိုလာရမွာဆိုေတာ့ နည္းနည္းေတာ့ၾကာမွာေပါ့"

ဟန္လင္းခအေဖႏွင့္ညီမေလးေရာက္လာၿပီး ဟန္လင္းခလည္းခြဲခန္းထဲမွထြက္လာေလသည္။

"လူနာကအိပ္ေဆးတစ္ဘူးလုံးေသာက္ထားေတာ့ အစာအိမ္ထဲကေနအကုန္စုပ္ထုတ္လိုက္ရတယ္
အရမ္းလည္းအားနည္းေနတာေၾကာင့္ မနက္ျဖန္ေလာက္မွ သတိရလိမ့္မယ္ အခု အသက္အႏၱရာယ္အတြက္မစိုးရိမ္ရေတာ့ပါဘူး "

အသက္အႏၱရာယ္မစိုးရိမ္ရေတာ့ဘူးဆိုမွ အားလုံးသက္ျပင္းခ်နိဳင္ၾကသည္။
ဟန္လင္းခတစ္ကိုယ္လုံးတြင္ေတာ့ ေဆးပိုက္မ်ားကေနရာယူထားသည္။

"ကိုကို အရမ္းနာေနမွာပဲ"

ဟန္လင္းခ၏ ညီမေလးမိုးမခမွာ အစ္ကိုျဖစ္သူကိုၾကည့္ကာ တစ္ရႈံ႕ရႈံ႕ငိုေနသည္။ အေဖျဖစ္သူ ဦးေနမင္းခကေတာ့ မ်က္ရည္တစ္စက္မက်ေအာင္ အံကိုႀကိတ္ထားေလသည္။

"သားမိုးတိမ္ ေက်းဇူးပါပဲ သားသာသတိမထားမထားမိရင္ ဟန္ေလးအသက္ရွင္မွာမဟုတ္ဘူး"
"ဟုတ္ ရပါတယ္ဦး"

မိုးတိမ္ႏွင့္သူငယ္ခ်င္းမ်ားလည္းမျပန္ဘဲ ေဆး႐ုံတြင္သာ ဟန္လင္းခသတိရလာခ်ိန္ကိုေစာင့္ေနၾကသည္။

ေနာင္ေန႕ ေန႕လည္ခင္းတြင္ ဟန္လင္းခသတိရလာသည္။ မ်က္လုံးဖြင့္သည္ႏွင့္ျမင္လိုက္ရသည္က သူ႕ကိုစိုးရိမ္သည့္အၾကည့္မ်ားႏွင့္ၾကည့္ေနေသာ ေဖေဖ ညီမေလး မိုးတိမ္ နဲ႕ သူငယ္ခ်င္းေတြ။

သူေမ့ေနခဲ့တာပဲ သူ႕မွာ ႏွင္းေတာ္ဝင္အျပင္ သိပ္ကိုခ်စ္ရတဲ့ မိသားစုနဲ႕သူငယ္ခ်င္းေတြရွိေသးတာပဲ။

သူသတိရေတာ့ဆရာဝန္မ်ားက လာေရာက္စမ္းသက္စစ္ေဆးမႈမ်ားျပဳလုပ္ကာ မွာစရာရွိတာမွာၾကားၿပီး ျပန္ထြက္သြားၾကသည္။
ေဖေဖႏွင့္ညီမေလးကို ျပန္နားခိုင္းလိုက္သည္။ သူငယ္ခ်င္းမ်ားကိုအိမ္ျပန္ၾကရန္ ေျပာေသာ္လည္းတစ္ေယာက္မွ မလႈပ္ၾကေပ။

"လင္းခ ႏွင္းေတာ္ဝင္ နဲ႕ေတြ႕ခ်င္လား ငါတို႔သြားေခၚေပးမယ္"

မိုးတိမ္၏အေမးကို သူေခါင္းယမ္းျပလိုက္သည္။

"မင္းတို႔ကို စိတ္ပူေအာင္လုပ္မိလို႔ငါေတာင္းပန္ပါတယ္ "
"မေတာင္းပန္ပါနဲ႕ ေနာက္တစ္ခါသာဒီလိုမ်ိဳးမလုပ္ပါနဲ႕ကြာ"
"စိတ္ခ်ပါ ငါထပ္မလုပ္ပါဘူး
အမွန္အတိုင္းေျပာရရင္ ငါအရမ္းေသခ်င္ေနခဲ့တာ ႏွင္းေတာ္ဝင္ကိုငါအရမ္းခ်စ္ခဲ့ေပမယ့္ သူကေတာ့ငါ့ကိုမခ်စ္ခဲ့ဘူး ငါ့ကိုတြဲခဲ့တာ ငါ့ေနာက္ခံေၾကာင့္တဲ့ ငါကသူထင္သေလာက္မရွိလို႔ ငါထက္သာတဲ့သူကိုသူကေ႐ြးခဲ့တာ အဲ့လိုမိန္းမကို ငါအရမ္းမုန္းျပစ္ခ်င္တယ္ ဒါေပမယ့္.... မုန္းဖို႔ႀကိဳးစားတိုင္း ငါပဲနာက်င္ေနရေတာ့ ငါ့ကိုယ္ငါပဲမုန္းမိလာတယ္ ငါေသသြားရင္အရမ္းေကာင္းမွာပဲလို႔ေတြးလိုက္မိလို႔ ဒီလိုလုပ္လိုက္တာ အခုေတာ့ ငါမေသခ်င္ေတာ့ဘူး ငါ့မွာ ခ်စ္ရတဲ့ မိသားစုနဲ႕သူငယ္ခ်င္းေတြရွိေသးတယ္ေလ"
"သားႀကီးရာ..."

မိုးတိမ္ႏွင့္ သူငယ္ခ်င္းေတြအားလုံးသူ႕ကို လာၿပီးဝိုင္းဖက္ၾကေလသည္။

"ေဟ်ာင့္ေတြ ျဖည္းျဖည္း ပိုက္ေတြျပဳတ္ကုန္မယ္"
"ဟား..ဟား..ဟား..ဟား.."

ေဆး႐ုံခန္းေလးထဲတြင္ ရယ္သံမ်ားျဖင့္သာဆူညံေနသည္။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

သူမနက္ျဖန္ဆိုလွ်င္ေဆး႐ုံကဆင္းရေတာ့မည္။ အိပ္ေဆးမ်ား၏ဒဏ္ေၾကာင့္ သူ႕မွာအစာအိမ္ေရာဂါရခဲ့သည္။ ဆရာဝန္ကအခ်ဥ္အစပ္မ်ားႏွင့္ေကာ္ဖီေရွာင္ခိုင္းၿပီး ေန႕တိုင္းႏြားနို႔ေသာက္ခိုင္းေလသည္။

သူငယ္ခ်င္းမ်ား ကလည္းေဆး႐ုံကိုေန႕တိုင္းလာၾကသည္။

"ႏွင္းေတာ္ဝင္ ကေတာ့သူ႕ကိုယ္သူဟုတ္လွၿပီထင္ေနလားမသိဘူး သူလက္ရွိတြဲေနတဲ့ေကာင္ကမွ အခြံႀကီး"
"ဟုတ္တယ္ ငါ့အေဖကို အဲ့ေကာင္မိသားစုအေၾကာင္းေမးၾကည့္ေတာ့ သူ႕အေဖက အရက္ေလာင္းကစားအကုန္လုပ္တယ္တဲ့ သူ႕အေမကလည္းအေပ်ာ္အပါးေတာ္ေတာ္မက္တယ္ သူကလည္းအရမ္းေပြရႈပ္တယ္တဲ့ သူ႕အဖိုး အဖြားေတြစုေဆာင္းေကာင္းခဲ့လို႔အရင္တုန္းကေတာ္ေတာ္ခ်မ္းသာတယ္ သူ႕အေဖလက္ထက္က်မွ ဒီလိုေတြျဖစ္ကုန္တာ ဒါေပမယ့္ သူတို႔ကဘာမွမရွိတာကို ဟန္မပ်က္ဘူးတဲ့ သူတို႔ေနတဲ့ အိမ္ကလည္း ငါ့အေဖဆီမွာေပါင္ထားတာ"
"ႏွင္းေတာ္ဝင္ ကေတာ့ငါတို႔ သားႀကီး ကိုလက္လႊတ္လိုက္ရလို႔ ေနာက္မွ ေနာက္တရေနမယ့္အျဖစ္ကိုျမင္ေယာင္ေနေသးတယ္"
"ငဟန္ ေနာက္လဆိုမင္းအသက္ 18 ျပည့္ၿပီေနာ္"

ျမတ္ကို စကားေၾကာင့္တစ္ဖြဲ႕လုံးၿငိမ္သြားေလသည္။ ဟန္လင္းခကေတာ့ အားလုံးကိုသတက္ေလးေပၚေအာင္ၿပဳံးျပလိုက္သည္။

"အင္း ငါလည္း Ray Han အျဖစ္ေနဖို႔အဆင္သင့္ျဖစ္ေနၿပီ"

ဟန္လင္းခေျပာၿပီး ခ်စ္စရာအၿပဳံးေလးကိုဆင္ျမန္းလိုက္ျပန္သည္။

"သားႀကီး အဲ့လိုမ်ိဳးၿပဳံးၿပဳံးမျပပါနဲ႕ကြာ ငါတို႔ေတြေႂကြက်ကဳန္လိမ့္မယ္"
"ဟုတ္တယ္ မင္းေၾကာင့္ မိန္းကေလးေတြလွပါတယ္ဆိုရင္ေတာင္ မ်က္စိထဲမတိုးေတာ့ဘူး"
"ငါေတာင္အစစ္မစိတ္ေပါက္ေပါက္သြားတယ္"
"ေအးေလ ငါတို႔ငယ္ငယ္တုန္းကဆိုရင္ သူ႕ကို မိန္းကေလးေတြတင္မကဘူး ေယာက္်ားေလးေတြကပါ စာေတြေပးၿပီးလိုက္ႀကိဳက္ၾကတာ မိုးတိမ္ကလက္သီးနဲ႕ထိုးထိုးလႊတ္လို႔သာ မိုးတိမ္ကိုေၾကာက္ၿပီးမကပ္ရဲၾကေတာ့တာကိုမွတ္မိေသးတယ္"

သူငယ္ခ်င္းမ်ား၏တစ္ေယာက္တစ္ေပါက္အေျပာမ်ားကိုနားေထာင္ၿပီးသူထိုင္ရယ္ေနမိေတာ့သည္။ မိုးတိမ္ကေတာ့ ၿပဳံးလွ်က္ၾကည့္ေနဆဲ။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

မိသားစုနဲ႕ သူငယ္ခ်င္းေတြဆိုတာ
ခ်စ္သူထက္အရင္
သင့္ကို ခ်စ္ခဲ့သူေတြပါ
ခ်စ္သူကသင့္အတြက္ အခ်စ္ေတြ
မရွိေတာ့ရင္ေတာင္
သူတို႔ေတြမွာ သင့္အတြက္
ထာဝရျဖဴစင္တဲ့ အခ်စ္ေတြအၿမဲရွိတယ္..

ဟန္လင္းခ

Bạn đang đọc truyện trên: Truyen247.Pro