Part-28 ( possessive)
Unicode
"babe!!!"
မနက်စာပြင်နေစဉ်အနောက်မှအလန့်တကြားပြေးဖက်လာသော Jasper ကြောင့် Ray အရှေ့သို့ မှောက်ရက်လဲကျမတတ်ဖြစ်သွားရသည်။
"နိုးလာပြီလား.....
မျက်နှာသွားသစ်လေ မနက်စာပြင်ထားတယ်...
အဖျားကျသွားပြီဆိုပေမယ့် ဒီနေ့ကျောင်းမတက်ဘဲ နားလိုက်ဦးနော်"
"babe လည်းဒီနေ့ကျောင်းမသွားဘူးမလား.."
"ဒီနေ့က assignment တင်ရမှာဆိုတော့ သွားရမှာ..."
"babe သွားရင် ကိုယ်လည်းလိုက်မှာပေါ့..."
"ဖြစ်ပါ့မလား လုံးဝနေကောင်းသေးတာလဲ မဟုတ်ဘဲနဲ့.....
Jas ကလိမ္မာပါတယ် အိမ်မှာပဲနေခဲ့နော်...
နေ့လည်စာအတွက်လည်း လုပ်ပေးထားခဲ့မယ်လေ..."
"ဟင့်အင်း babe နဲ့ပဲလိုက်မှာ.."
"Jas ကလည်းကွာ..."
"မလိုက်ခိုင်းရင် အခုချိန်ကစပြီး ဘာမှမစားတော့ဘူး ဆေးလည်းမသောက်တော့ဘူး..."
"အဲ့လိုတော့မလုပ်နဲ့လေ.....
လိုက်ခဲ့ကွာ.....
အခုတော့အရင်ဆုံးမျက်နှာသစ်လိုက်ဦးနော်..."
"babe သစ်ပေး"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ကျောင်းသွားဖို့နှစ်ယောက်သား parking ကိုဆင်းလာတော့ Jasper ကားမရှိသည်ကို Ray သတိထားမိတော့သည်။
"Jas မင်းကားရော.."
"ရောင်းလိုက်ပြီ "
"ဘာလို့လဲ"
"babe က model အသစ်မှာထားတယ်လို့ showroom ကဝန်ထမ်းပြောလို့ ကိုယ်လဲ ကိုယ့်ကားကိုရောင်းပြီး babe မှာတဲ့ model အရောင်အတိုင်းမှာထားတာလေ..."
"အဲ့တာဆိုအခုကျောင်းကိုဘယ်လိုသွားမှာလဲ..."
"babe ဆိုင်ကယ်နဲ့သွားမယ်လေ"
"မင်းကနေမကောင်းသေးဘူးလေ....
ဆိုင်ကယ်နဲ့ဆိုတော့ လေတိုးမှာပေါ့.."
"ရတယ် ကိုယ်ဆိုင်ကယ်ပဲစီးမှာ..."
နောက်ဆုံးတော့လည်း Jasper စိတ်တိုင်းကျဆိုင်ကယ်နှင့်ပင်သွားကြသည်။
လေတိုးတယ်ဆိုကာ Ray ကို Jasper နောက်မှအသေအလဲဖက်ထားပြန်သည်။
Ray ကိုထိနေရမှ Jasper စိတ်သက်သာသလိုခံစားရသည်။
ကျောင်းရောက်တော့လည်း မူကြိုကလေးလို အခန်းထဲထိလိုက်ပို့ရသေးသည်။ Jasper့ အခန်းထဲမှကျောင်းသူကျောင်းသားများက Ray လာတာမြင်တော့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပြန်ရာ Jasper ကဘေးမှမျက်ထောင့်နီကြီးနှင့်ပြန်ကြည့်သောကြောင့် လန့်ပြီးခေါင်းတွေပင်ငုံ့သွားသည်။
"babe အတန်းပြီးရင် ကိုယ့်ကိုလာခေါ်နော် နေ့လည်စာအတူစားမယ်"
"အင်း သွားပြီနော် bye bye"
"bye..."
Jasper, Ray ထွက်သွားတာကိုပြုံးပြုံးကြီးလိုက်ကြည့်ပြီး လက်ပြနေရာမှ Ray ကိုလိုက်ငေးနေသော ကျောင်းသူများဖက်သို့မီးဟုန်းဟုန်းတောက်သောမျက်လုံးမှားနှင့်လှမ်းကြည့်လိုက်ပြန်သေးသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Ray အတန်းထဲရောက်ကတည်းက Wine သူ့ကိုစိတ်ဆိုးနေမှန်းရိပ်မိသည်။
စကားလည်းမပြော သူ့ဘက်ကိုလည်းလှည့်ပင်မလာ......
နေ့လည်စာစားချိန်အတန်းပြီးတော့ သူအမြန် Jasper ဆီသွားရန်အခန်းထဲမှပြေးထွက်စဉ် ကောင်မလေးတစ်စု သူတို့အခန်းပေါက်မှာရပ်နေသည်ကိုတွေ့ရသည်။
Ray ရှောင်သွားမယ်အပြု ကောင်မလေးတစ်ယောက်ကသူ့လက်ကိုလှမ်းဆွဲလိုက်လေသည်။
"Ray......"
တုန်တုန်ယင်ယင်နှင့်သူ့နာမည်ကိုခေါ်လာသည့်ကောင်မလေးကို Ray မျက်နှာချင်းဆိုင်လိုက်စဉ်.....
ချောကလက်များနှင့် ပန်းစည်းကို လက်နှစ်ဖက််နှင့်ခေါင်းလေးငုံ့ကာပေးလေသည်။
ကောင်မလေး၏ပါးနှစ်ဖက်မှာနီရဲနေပြီး နှုတ်ခမ်းကိုလည်းဖိကိုက်ထားသည်။ Ray ကြောင်တောင်တောင်နှင့်ပင်ကြည့်နေမိတော့ ကောင်မလေးက မော့ကာသူနှင့်အကြည့်ချင်းဆုံလိုက်သည်။
ဘေးမှကျောင်းသားကျောင်းသူများကစိတ်ဝင်တစားဝိုင်းကြည့်နေကြသည်။
"ငါနင့်ကိုကြိုက်တယ်.....
ငါ့ရည်စားအဖြစ်လက်ခံပေးပါ Ray..."
လခွမ်း....ငါအခုကောင်မလေးတစ်ယောက်ဆီက နေ့ခင်းကြောင်တောင် လူပုံအလယ်မှာ ရည်စားစကားအပြောခံရတာလား??...
"လက်ခံလိုက်ပါ!!! လက်ခံလိုက်ပါ!!!"
လက်ခုပ်တီးကာ အားလုံးဝိုင်းအော်ကြတော့ Ray ဘာပြန်ပြောရမလဲမသိ။ ကောင်မလေးကတော့သူ့အဖြေကိုစောင့်မျှော်နေသည်။
"babe...ကိုယ့်ကိုလာခေါ်ပါဆို ဒီမှာဘာလုပ်နေတာလဲ...."
လူတွေကြားတိုးဝှေ့ကာ သူ့ဘေးကို Jasper ရောက်လာပြီး သူ့ရှေ့မှကောင်မလေးကို မကြည်ပုံပင်။
"sorry......
ငါလက်မခံနိုင်ဘူး....ငါ့မှာချစ်ရတဲ့သူရှိတယ်..."
ကောင်မလေးမျက်ရည်တွေကျကာ ငိုနေပြီဖြစ်သည်။
Jasper လက်ကိုဆွဲကာ Ray ထိုနေရာမှထွက်လာခဲ့သည်။
Canteen မှာမစားချင်ဘူးဆိုသော Jasper ကြောင့် Ray အပြင်စားသောက်ဆိုင်တစ်ခုသို့ထွက်လာခဲ့သည်။
"babe ခုနက ကောင်မလေးကိုဘာလို့ချက်ချင်းမငြင်းဘဲ အကြာကြီးစဉ်းစားနေတာလဲ"
"စဉ်းစားနေတာမဟုတ်ပါဘူး....
နည်းနည်းအံ့ဩသွားလို့ပါ....."
"ဒါပထမဆုံး ရည်းစားစကားအပြောခံရတာမို့လို့လား"
"ကောင်မလေးဘက်ကစပြီးဒီလိုလူအများကြီးရှေ့မှာ ရည်းစားစကားပြောခံရတာတော့ ပထမဆုံးပဲ......
စာတော့အပေးခံရဖူးတယ်"
လူတွေအများကြီးရှေ့မှာ ခံစားချက်ကိုဖွင့်ပြောရဲတဲ့ကောင်မလေးရဲ့သတ္တိကိုတော့သူတကယ်လေးစားပါတယ်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Ting......"
Ray, IG သုံးနေစဉ်ဝင်လာသော messenger မှ message ကိုဝင်ကြည့်လိုက်ရာ သူဇာနွယ်..
"" နင်ကောင်လေးတစ်ယောက်နဲ့တွဲနေတယ်ဆို ""
Ray ချက်ချင်း reply ပြန်လိုက်သည်။
""နင့်ကိုဘယ်သူပြောတာလဲ""
""Wine ပြောတာ...ဟုတ်လား""
""အင်း""
""Wow Daebaek....Jinja""
""အင်း Jinja""
""နင်အခုသူနဲ့ရှိနေတာလား""
""ဟုတ်တယ်""
""ငါ video call ခေါ်လိုက်မယ်""
""ဘာလို့ခေါ်မှာလဲ""
""မြင်ဖူးချင်လို့ပေါ့ မိုးတိမ်ကိုတောင်ငြင်းခဲ့တဲ့နင်က ဘယ်လိုကောင်လေးနဲ့တွဲတာလဲလို့ မိုးတိမ်ထက်ချောလား""
""ခေါ်ဟာ""
"Jas,babe နားလာဦး babe သူငယ်ချင်းက Jas ကိုတွေ့ချင်လို့တဲ့"
Ray guitar ကိုတဒေါင်ဒေါင်ကလိနေရာမှ Jasper ထလာသည်။
"Hi"
Jasper video call ခေါ်လာတဲ့သူဇာနွယ်ကို နှုတ်ဆက်လိုက်ရာ ဘွားတော်ကပါးစပ်အဟောင်းသား...
"ငဟန်မရယ် ဘဲရွေးတတ်လိုက်တာ သူငယ်လေးကမိုက်တယ်..."
"Hmmmm.."
မြန်မာလိုပြောသော သူဇာနွယ့်စကားကို Jas ကနားမလည် ကြောင်ကြောင်လေးကြည့်လာသည်။
"သူ့ကိုမြင်ဖူးသလိုဘဲ......
နင်နဲ့အတူနေတဲ့ Jasper ဆိုတဲ့တစ်ယောက်မလား"
"အင်း ဟုတ်တယ်.."
"Hi Jasper "
"Hi"
"Can you kiss Ray?"
"Sure ..I can"
Jasper ချက်ချင်း Ray ပါးနှစ်ဖက်ကို လက်ဖဝါးနှင့်ညှပ်ကာ စူထွက်လာသော နှုတ်ခမ်းရဲရဲကို ငုံလိုက်လေသည်။
"အားးးး ငါသေပီ....ငါသေပီ....."
Ray,Jasper နှုတ်ခမ်းကိုလက်ဖဝါးနဲ့ ခပ်ဖွဖွရိုက်လိုက်တော့ Jasper ကရယ်လေသည်။
"babe သူငယ်ချင်းကတောင်းဆိုလို့လေ"
"Oh my god...babe???
ငဟန်မ နင့်ဘဲကနင့်ကို babe လို့ခေါ်တာပေါ့ "
"အင်း..."
"Hey Jasper...
Are u seme?"
"လေးထောင့်!! ဘာတွေမေးနေတာလဲ...
တော်တော့"
"အေးပါဟယ် နင်ကလည်း...
နင်တို့အခုဘာလုပ်နေတာလဲ"
"နင်နဲ့စကားပြောနေတာလေ"
"ပြင်းနေကြလားလို့ ဘာမှလုပ်စရာမရှိဘူးလားလို့ မေးတာ"
"အင်း နည်းနည်းတော့ပြင်းနေတယ်"
"Bl ကားကြည့်မလား"
"Bl? နင်ကြည့်တဲ့ဟာတွေမကြည့်ချင်ပါဘူး"
"တကယ်ကောင်းတဲ့ဟာတွေရှိတယ် နင်တွေးသလို ဟိုအခန်းတွေလဲမပါဘူး...ကြည့်ကြည့်"
"တကယ်ကောင်းလား ဘယ်ကားလဲ"
"Around trip to love အဲ့ကားကောင်းတယ် ရှာကြည့်လိုက်"
"အင်း..."
"ကြည့်ဖြစ်အောင်ကြည့်နော်"
"အေးပါ"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
သူဇာနွယ်ပြောသည့် ဇာတ်ကားကိုရှာကာ နှစ်ယောက်အတူကြည့်ကြသည်။
Laptop ကိုစားပွဲပေါ်တင်ပြီး နှစ်ယောက်သား sofa ပေါ်တွင် snack ပေါင်းစုံကိုယူကာထိုင်လိုက်ကြသည်။
စလာကတည်းကသေနတ်နဲ့အပစ်ခံရတယ်...
"sad ending ထင်တယ်"
2005... နောက်ကြောင်းပြန်နေပြီ...
မျက်မှန်လေးဆွဲချွတ်ပြီး စိုက်ကြည့်နေတဲ့အခန်းရောက်တော့ Jasper,Ray နားနားကပ်ကာပြောလိုက်သည်။
"ကိုယ့် babe ကမျက်မှန်နဲ့လည်းချစ်စရာကောင်းတယ် မျက်မှန်မပါလည်းချစ်စရာကောင်းတာပဲ"
မိဘတွေသိသွားလို့ Lu Feng နဲ့ Xiao Chan ကိုခွဲကြတာမြင်တော့ Ray ဘာကြောင့်မှန်းမသိ Jasper့ ရင်ခွင်ထဲကိုပိုကာတိုးဝင်လိုက်သည်။
သူနဲ့ Jas ကိုတော့နှစ်ဖက်မိဘတွေကခွဲကြမှာမဟုတ်မှန်းသိပေမယ့် သူကြောက်နေဆဲပင်။
Jasper ကတော့ရင်ခွင်ထဲပိုတိုးဝင်လာတဲ့ Ray ၏ဆံနွယ်တို့ကိုငုံ့နမ်းလိုက်သည်။
"ကိုယ်တို့ကို ဘယ်သူကမှအဲ့လိုခွဲလို့မရပါဘူး..."
ခေါက်ဆွဲမျှင်လေးတစ်ခုထဲကိုစားမိပြီး နမ်းကြတာမြင်တော့ Jasper အသံထွက်လာပြန်သည်။
"ကိုယ်တို့လဲ ခေါက်ဆွဲပြုတ်စားရအောင်"
Ray နှာခေါင်းရှုံ့ကာ Jasper ဝမ်းဗိုက်ကိုမနာအောင်ထိုးလိုက်သည်။
Lu Feng ကားတိုက်မှုဖြစ်ပြီး Xiao Chen လက်ထပ်သွားတာကို Ray ကတော့ Xiao Chen ရွေးချယ်မှုမှန်သည်ဟုတွေးမိသည်။
သူတို့နှစ်ယောက် 2015 မှာပြန်တွေ့တော့ Xiao Chen ဝိုင်သောက်ပြီး ဆေးမိသွားသည်။
ရေချိုးကန်ထဲပွေ့ခေါ်သွားတဲ့အခန်းရောက်တော့ Ray နည်းနည်းမျက်ခုံးလှုပ်လာကာ သူထင်နေတဲ့ဟာမလုပ်ပါစေနဲ့ဆုတောင်းနေမိသည်။
Lu Feng bathrobe ချွတ်ပြီး ရေချိုးကန်ထဲဝင်သွားတော့ ဆုတောင်းကမပြည့်......
လေးထောင့်မ ငါ့ကိုဂျင်းထည့်လိုက်ပြန်ပြီ....
Ray မျက်နှာပူပူနဲ့ Jas ကိုမော့ကြည့်ရာ သူကလည်း ရုပ်တည်ကြီးနှင့်စိုက်ကြည့်နေသောကြောင့် ကြက်သီးတွေဖြင်းကနဲထသွားကာ အမြန်အကြည့်လွှဲလိုက်သည်။
ရေချိုးတဲ့အခန်းပြီးသွားပြီဆိုပြီး စိတ်အေးတုန်းရှိသေး လာပြန်ပြီနောက်တစ်ခန်း ကြိုးတွေနဲ့ကိုတုတ်ပြီး........... သိတယ်မလား ဆက်မပြောတော့ဘူးနော်...
Xiao Chen အော်နေတာ တော်တော်နာတယ်ထင်တယ်....
Ray သူ့အတွေးနှင့်သူအာခေါင်ခြောက်ကာ ရေဘူးဖွင့်သောက်လိုက်သည်။
နောက်ဆုံးတော့ helicopter ပျက်ကျပြီး ထင်တဲ့အတိုင်း sad ending နဲ့ပြီးသွားသည်။
"ကိုယ်ဆိုရင်လည်း Lu Feng လိုလုပ်မိမှာပဲ"
"ဟမ်.."
"babe သာတခြားတစ်ယောက်နဲ့လက်ထပ်သွားရင် ကိုယ်လည်း Lu Feng လိုဆေးခတ်ပြီး အပိုင်သိမ်းပြစ်မှာပဲ"
"babe လည်း Xiao Chen လိုလက်ထပ်မိမှာဘဲ"
"ဘာလို့လဲ!"
"အမေ့ရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့ ပြီးတော့ ကိုယ့်ညီကိုဒုကိ္ခတဖြစ်စေခဲ့တဲ့လူနဲ့ ဘယ်လိုလုပ် ဆက်ပြီးလက်တွဲနိုင်မှာလဲ"
"အဲ့တာဆို babe မေမေက ကိုယ်နဲ့ babe ကိုသဘောမတူဘူးဆိုရင် babe ကကိုယ်နဲ့လမ်းခွဲမယ်ပေါ့"
"ဘာတွေတွေးနေတာလဲ Jas....
အဲ့လိုဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး...
babe မှာ မေမေမှမရှိတော့တာ ပြီးတော့ babe ဖေဖေကလည်း babe ရဲ့ရွေးချယ်မှုတွေကို အမြဲယုံကြည်လက်ခံတယ်
babe မှာညီလည်းမရှိဘူး..ညီမလေးပဲရှိတာ"
"sorry ကိုယ် babe မှာအမေမရှိတော့တာကိုမသိလို့....."
"ရပါတယ် Jas ကလည်း..."
"အဲ့တာဆို ကိုယ်တို့အခု ခေါက်ဆွဲစားကြမလား.."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အိပ်ပျော်နေသော Ray ၏ဘယ်ဘက် လက်သူကြွယ် လေးကို ကြိုးလေးတစ်ခုနှင့်ပတ်ကာတိုင်းတာလိုက်သည်။
မင်းကိုကိုယ့်အပိုင်ဖြစ်အောင်လုပ်ပြီး ကိုယ့်အနားမှာအမြဲထားမယ်.....
အရမ်းချစ်တယ်နော် ကိုယ့်ရဲ့ babe လေး....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Zawgyi
"babe!!!"
မနက္စာျပင္ေနစဥ္အေနာက္မွအလန႔္တၾကားေျပးဖက္လာေသာ Jasper ေၾကာင့္ Ray အေရွ႕သို႔ ေမွာက္ရက္လဲက်မတတ္ျဖစ္သြားရသည္။
"နိုးလာၿပီလား.....
မ်က္ႏွာသြားသစ္ေလ မနက္စာျပင္ထားတယ္...
အဖ်ားက်သြားၿပီဆိုေပမယ့္ ဒီေန႕ေက်ာင္းမတက္ဘဲ နားလိုက္ဦးေနာ္"
"babe လည္းဒီေန႕ေက်ာင္းမသြားဘူးမလား.."
"ဒီေန႕က assignment တင္ရမွာဆိုေတာ့ သြားရမွာ..."
"babe သြားရင္ ကိုယ္လည္းလိုက္မွာေပါ့..."
"ျဖစ္ပါ့မလား လုံးဝေနေကာင္းေသးတာလဲ မဟုတ္ဘဲနဲ႕.....
Jas ကလိမၼာပါတယ္ အိမ္မွာပဲေနခဲ့ေနာ္...
ေန႕လည္စာအတြက္လည္း လုပ္ေပးထားခဲ့မယ္ေလ..."
"ဟင့္အင္း babe နဲ႕ပဲလိုက္မွာ.."
"Jas ကလည္းကြာ..."
"မလိုက္ခိုင္းရင္ အခုခ်ိန္ကစၿပီး ဘာမွမစားေတာ့ဘူး ေဆးလည္းမေသာက္ေတာ့ဘူး..."
"အဲ့လိုေတာ့မလုပ္နဲ႕ေလ.....
လိုက္ခဲ့ကြာ.....
အခုေတာ့အရင္ဆုံးမ်က္ႏွာသစ္လိုက္ဦးေနာ္..."
"babe သစ္ေပး"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ေက်ာင္းသြားဖို႔ႏွစ္ေယာက္သား parking ကိုဆင္းလာေတာ့ Jasper ကားမရွိသည္ကို Ray သတိထားမိေတာ့သည္။
"Jas မင္းကားေရာ.."
"ေရာင္းလိုက္ၿပီ "
"ဘာလို႔လဲ"
"babe က model အသစ္မွာထားတယ္လို႔ showroom ကဝန္ထမ္းေျပာလို႔ ကိုယ္လဲ ကိုယ့္ကားကိုေရာင္းၿပီး babe မွာတဲ့ model အေရာင္အတိုင္းမွာထားတာေလ..."
"အဲ့တာဆိုအခုေက်ာင္းကိုဘယ္လိုသြားမွာလဲ..."
"babe ဆိုင္ကယ္နဲ႕သြားမယ္ေလ"
"မင္းကေနမေကာင္းေသးဘူးေလ....
ဆိုင္ကယ္နဲ႕ဆိုေတာ့ ေလတိုးမွာေပါ့.."
"ရတယ္ ကိုယ္ဆိုင္ကယ္ပဲစီးမွာ..."
ေနာက္ဆုံးေတာ့လည္း Jasper စိတ္တိုင္းက်ဆိဳင္ကယ္ႏွင့္ပင္သြားၾကသည္။
ေလတိုးတယ္ဆိုကာ Ray ကို Jasper ေနာက္မွအေသအလဲဖက္ထားျပန္သည္။
Ray ကိုထိေနရမွ Jasper စိတ္သက္သာသလိုခံစားရသည္။
ေက်ာင္းေရာက္ေတာ့လည္း မူႀကိဳကေလးလို အခန္းထဲထိလိုက္ပို႔ရေသးသည္။ Jasper့ အခန္းထဲမွေက်ာင္းသူေက်ာင္းသားမ်ားက Ray လာတာျမင္ေတာ့ လႈပ္လႈပ္ရွားရွားျဖစ္ကုန္ၾကျပန္ရာ Jasper ကေဘးမွမ်က္ေထာင့္နီႀကီးႏွင့္ျပန္ၾကည့္ေသာေၾကာင့္ လန႔္ၿပီးေခါင္းေတြပင္ငုံ႕သြားသည္။
"babe အတန္းၿပီးရင္ ကိုယ့္ကိုလာေခၚေနာ္ ေန႕လည္စာအတူစားမယ္"
"အင္း သြားၿပီေနာ္ bye bye"
"bye..."
Jasper, Ray ထြက္သြားတာကိုၿပဳံးၿပဳံးႀကီးလိုက္ၾကည့္ၿပီး လက္ျပေနရာမွ Ray ကိုလိုက္ေငးေနေသာ ေက်ာင္းသူမ်ားဖက္သို႔မီးဟုန္းဟုန္းေတာက္ေသာမ်က္လုံးမွားႏွင့္လွမ္းၾကည့္လိုက္ျပန္ေသးသည္။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Ray အတန္းထဲေရာက္ကတည္းက Wine သူ႕ကိုစိတ္ဆိုးေနမွန္းရိပ္မိသည္။
စကားလည္းမေျပာ သူ႕ဘက္ကိုလည္းလွည့္ပင္မလာ......
ေန႕လည္စာစားခ်ိန္အတန္းၿပီးေတာ့ သူအျမန္ Jasper ဆီသြားရန္အခန္းထဲမွေျပးထြက္စဥ္ ေကာင္မေလးတစ္စု သူတို႔အခန္းေပါက္မွာရပ္ေနသည္ကိုေတြ႕ရသည္။
Ray ေရွာင္သြားမယ္အျပဳ ေကာင္မေလးတစ္ေယာက္ကသူ႕လက္ကိုလွမ္းဆြဲလိုက္ေလသည္။
"Ray......"
တုန္တုန္ယင္ယင္ႏွင့္သူ႕နာမည္ကိုေခၚလာသည့္ေကာင္မေလးကို Ray မ်က္ႏွာခ်င္းဆိုင္လိုက္စဥ္.....
ေခ်ာကလက္မ်ားႏွင့္ ပန္းစည္းကို လက္ႏွစ္ဖက္္ႏွင့္ေခါင္းေလးငုံ႕ကာေပးေလသည္။
ေကာင္မေလး၏ပါးႏွစ္ဖက္မွာနီရဲေနၿပီး ႏႈတ္ခမ္းကိုလည္းဖိကိုက္ထားသည္။ Ray ေၾကာင္ေတာင္ေတာင္ႏွင့္ပင္ၾကည့္ေနမိေတာ့ ေကာင္မေလးက ေမာ့ကာသူႏွင့္အၾကည့္ခ်င္းဆုံလိုက္သည္။
ေဘးမွေက်ာင္းသားေက်ာင္းသူမ်ားကစိတ္ဝင္တစားဝိုင္းၾကည့္ေနၾကသည္။
"ငါနင့္ကိုႀကိဳက္တယ္.....
ငါ့ရည္စားအျဖစ္လက္ခံေပးပါ Ray..."
လခြမ္း....ငါအခုေကာင္မေလးတစ္ေယာက္ဆီက ေန႕ခင္းေၾကာင္ေတာင္ လူပုံအလယ္မွာ ရည္စားစကားအေျပာခံရတာလား??...
"လက္ခံလိုက္ပါ!!! လက္ခံလိုက္ပါ!!!"
လက္ခုပ္တီးကာ အားလုံးဝိုင္းေအာ္ၾကေတာ့ Ray ဘာျပန္ေျပာရမလဲမသိ။ ေကာင္မေလးကေတာ့သူ႕အေျဖကိုေစာင့္ေမွ်ာ္ေနသည္။
"babe...ကိုယ့္ကိုလာေခၚပါဆို ဒီမွာဘာလုပ္ေနတာလဲ...."
လူေတြၾကားတိုးေဝွ႕ကာ သူ႕ေဘးကို Jasper ေရာက္လာၿပီး သူ႕ေရွ႕မွေကာင္မေလးကို မၾကည္ပုံပင္။
"sorry......
ငါလက္မခံနိုင္ဘူး....ငါ့မွာခ်စ္ရတဲ့သူရွိတယ္..."
ေကာင္မေလးမ်က္ရည္ေတြက်ကာ ငိုေနၿပီျဖစ္သည္။
Jasper လက္ကိုဆြဲကာ Ray ထိုေနရာမွထြက္လာခဲ့သည္။
Canteen မွာမစားခ်င္ဘူးဆိုေသာ Jasper ေၾကာင့္ Ray အျပင္စားေသာက္ဆိုင္တစ္ခုသို႔ထြက္လာခဲ့သည္။
"babe ခုနက ေကာင္မေလးကိုဘာလို႔ခ်က္ခ်င္းမျငင္းဘဲ အၾကာႀကီးစဥ္းစားေနတာလဲ"
"စဥ္းစားေနတာမဟုတ္ပါဘူး....
နည္းနည္းအံ့ဩသြားလို႔ပါ....."
"ဒါပထမဆုံး ရည္းစားစကားအေျပာခံရတာမို႔လို႔လား"
"ေကာင္မေလးဘက္ကစၿပီးဒီလိုလူအမ်ားႀကီးေရွ႕မွာ ရည္းစားစကားေျပာခံရတာေတာ့ ပထမဆုံးပဲ......
စာေတာ့အေပးခံရဖူးတယ္"
လူေတြအမ်ားႀကီးေရွ႕မွာ ခံစားခ်က္ကိုဖြင့္ေျပာရဲတဲ့ေကာင္မေလးရဲ႕သတၱိကိုေတာ့သူတကယ္ေလးစားပါတယ္။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Ting......"
Ray, IG သုံးေနစဥ္ဝင္လာေသာ messenger မွ message ကိုဝင္ၾကည့္လိုက္ရာ သူဇာႏြယ္..
"" နင္ေကာင္ေလးတစ္ေယာက္နဲ႕တြဲေနတယ္ဆို ""
Ray ခ်က္ခ်င္း reply ျပန္လိုက္သည္။
""နင့္ကိုဘယ္သူေျပာတာလဲ""
""Wine ေျပာတာ...ဟုတ္လား""
""အင္း""
""Wow Daebaek....Jinja""
""အင္း Jinja""
""နင္အခုသူနဲ႕ရွိေနတာလား""
""ဟုတ္တယ္""
""ငါ video call ေခၚလိုက္မယ္""
""ဘာလို႔ေခၚမွာလဲ""
""ျမင္ဖူးခ်င္လို႔ေပါ့ မိုးတိမ္ကိုေတာင္ျငင္းခဲ့တဲ့နင္က ဘယ္လိုေကာင္ေလးနဲ႕တြဲတာလဲလို႔ မိုးတိမ္ထက္ေခ်ာလား""
""ေခၚဟာ""
"Jas,babe နားလာဦး babe သူငယ္ခ်င္းက Jas ကိုေတြ႕ခ်င္လို႔တဲ့"
Ray guitar ကိုတေဒါင္ေဒါင္ကလိေနရာမွ Jasper ထလာသည္။
"Hi"
Jasper video call ေခၚလာတဲ့သူဇာႏြယ္ကို ႏႈတ္ဆက္လိုက္ရာ ဘြားေတာ္ကပါးစပ္အေဟာင္းသား...
"ငဟန္မရယ္ ဘဲေ႐ြးတတ္လိုက္တာ သူငယ္ေလးကမိုက္တယ္..."
"Hmmmm.."
ျမန္မာလိုေျပာေသာ သူဇာႏြယ့္စကားကို Jas ကနားမလည္ ေၾကာင္ေၾကာင္ေလးၾကည့္လာသည္။
"သူ႕ကိုျမင္ဖူးသလိုဘဲ......
နင္နဲ႕အတူေနတဲ့ Jasper ဆိုတဲ့တစ္ေယာက္မလား"
"အင္း ဟုတ္တယ္.."
"Hi Jasper "
"Hi"
"Can you kiss Ray?"
"Sure ..I can"
Jasper ခ်က္ခ်င္း Ray ပါးႏွစ္ဖက္ကို လက္ဖဝါးႏွင့္ညွပ္ကာ စူထြက္လာေသာ ႏႈတ္ခမ္းရဲရဲကို ငုံလိုက္ေလသည္။
"အားးးး ငါေသပီ....ငါေသပီ....."
Ray,Jasper ႏႈတ္ခမ္းကိုလက္ဖဝါးနဲ႕ ခပ္ဖြဖြရိုက္လိုက္ေတာ့ Jasper ကရယ္ေလသည္။
"babe သူငယ္ခ်င္းကေတာင္းဆိုလို႔ေလ"
"Oh my god...babe???
ငဟန္မ နင့္ဘဲကနင့္ကို babe လို႔ေခၚတာေပါ့ "
"အင္း..."
"Hey Jasper...
Are u seme?"
"ေလးေထာင့္!! ဘာေတြေမးေနတာလဲ...
ေတာ္ေတာ့"
"ေအးပါဟယ္ နင္ကလည္း...
နင္တို႔အခုဘာလုပ္ေနတာလဲ"
"နင္နဲ႕စကားေျပာေနတာေလ"
"ျပင္းေနၾကလားလို႔ ဘာမွလုပ္စရာမရွိဘူးလားလို႔ ေမးတာ"
"အင္း နည္းနည္းေတာ့ျပင္းေနတယ္"
"Bl ကားၾကည့္မလား"
"Bl? နင္ၾကည့္တဲ့ဟာေတြမၾကည့္ခ်င္ပါဘူး"
"တကယ္ေကာင္းတဲ့ဟာေတြရွိတယ္ နင္ေတြးသလို ဟိုအခန္းေတြလဲမပါဘူး...ၾကည့္ၾကည့္"
"တကယ္ေကာင္းလား ဘယ္ကားလဲ"
"Around trip to love အဲ့ကားေကာင္းတယ္ ရွာၾကည့္လိုက္"
"အင္း..."
"ၾကည့္ျဖစ္ေအာင္ၾကည့္ေနာ္"
"ေအးပါ"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
သူဇာႏြယ္ေျပာသည့္ ဇာတ္ကားကိုရွာကာ ႏွစ္ေယာက္အတူၾကည့္ၾကသည္။
Laptop ကိုစားပြဲေပၚတင္ၿပီး ႏွစ္ေယာက္သား sofa ေပၚတြင္ snack ေပါင္းစုံကိုယူကာထိုင္လိုက္ၾကသည္။
စလာကတည္းကေသနတ္နဲ႕အပစ္ခံရတယ္...
"sad ending ထင္တယ္"
2005... ေနာက္ေၾကာင္းျပန္ေနၿပီ...
မ်က္မွန္ေလးဆြဲခြၽတ္ၿပီး စိုက္ၾကည့္ေနတဲ့အခန္းေရာက္ေတာ့ Jasper,Ray နားနားကပ္ကာေျပာလိုက္သည္။
"ကိုယ့္ babe ကမ်က္မွန္နဲ႕လည္းခ်စ္စရာေကာင္းတယ္ မ်က္မွန္မပါလည္းခ်စ္စရာေကာင္းတာပဲ"
မိဘေတြသိသြားလို႔ Lu Feng နဲ႕ Xiao Chan ကိုခြဲၾကတာျမင္ေတာ့ Ray ဘာေၾကာင့္မွန္းမသိ Jasper့ ရင္ခြင္ထဲကိုပိုကာတိုးဝင္လိုက္သည္။
သူနဲ႕ Jas ကိုေတာ့ႏွစ္ဖက္မိဘေတြကခြဲၾကမွာမဟုတ္မွန္းသိေပမယ့္ သူေၾကာက္ေနဆဲပင္။
Jasper ကေတာ့ရင္ခြင္ထဲပိုတိုးဝင္လာတဲ့ Ray ၏ဆံႏြယ္တို႔ကိုငုံ႕နမ္းလိုက္သည္။
"ကိုယ္တို႔ကို ဘယ္သူကမွအဲ့လိုခြဲလို႔မရပါဘူး..."
ေခါက္ဆြဲမွ်င္ေလးတစ္ခုထဲကိုစားမိၿပီး နမ္းၾကတာျမင္ေတာ့ Jasper အသံထြက္လာျပန္သည္။
"ကိုယ္တို႔လဲ ေခါက္ဆြဲျပဳတ္စားရေအာင္"
Ray ႏွာေခါင္းရႈံ႕ကာ Jasper ဝမ္းဗိုက္ကိုမနာေအာင္ထိုးလိုက္သည္။
Lu Feng ကားတိုက္မႈျဖစ္ၿပီး Xiao Chen လက္ထပ္သြားတာကို Ray ကေတာ့ Xiao Chen ေ႐ြးခ်ယ္မႈမွန္သည္ဟုေတြးမိသည္။
သူတို႔ႏွစ္ေယာက္ 2015 မွာျပန္ေတြ႕ေတာ့ Xiao Chen ဝိုင္ေသာက္ၿပီး ေဆးမိသြားသည္။
ေရခ်ိဳးကန္ထဲေပြ႕ေခၚသြားတဲ့အခန္းေရာက္ေတာ့ Ray နည္းနည္းမ်က္ခုံးလႈပ္လာကာ သူထင္ေနတဲ့ဟာမလုပ္ပါေစနဲ႕ဆုေတာင္းေနမိသည္။
Lu Feng bathrobe ခြၽတ္ၿပီး ေရခ်ိဳးကန္ထဲဝင္သြားေတာ့ ဆုေတာင္းကမျပည့္......
ေလးေထာင့္မ ငါ့ကိုဂ်င္းထည့္လိုက္ျပန္ၿပီ....
Ray မ်က္ႏွာပူပူနဲ႕ Jas ကိုေမာ့ၾကည့္ရာ သူကလည္း ႐ုပ္တည္ႀကီးႏွင့္စိုက္ၾကည့္ေနေသာေၾကာင့္ ၾကက္သီးေတြျဖင္းကနဲထသြားကာ အျမန္အၾကည့္လႊဲလိုက္သည္။
ေရခ်ိဳးတဲ့အခန္းၿပီးသြားၿပီဆိုၿပီး စိတ္ေအးတုန္းရွိေသး လာျပန္ၿပီေနာက္တစ္ခန္း ႀကိဳးေတြနဲ႕ကိုတုတ္ၿပီး........... သိတယ္မလား ဆက္မေျပာေတာ့ဘူးေနာ္...
Xiao Chen ေအာ္ေနတာ ေတာ္ေတာ္နာတယ္ထင္တယ္....
Ray သူ႕အေတြးႏွင့္သူအာေခါင္ေျခာက္ကာ ေရဘူးဖြင့္ေသာက္လိုက္သည္။
ေနာက္ဆုံးေတာ့ helicopter ပ်က္က်ၿပီး ထင္တဲ့အတိုင္း sad ending နဲ႕ၿပီးသြားသည္။
"ကိုယ္ဆိုရင္လည္း Lu Feng လိုလုပ္မိမွာပဲ"
"ဟမ္.."
"babe သာတျခားတစ္ေယာက္နဲ႕လက္ထပ္သြားရင္ ကိုယ္လည္း Lu Feng လိုေဆးခတ္ၿပီး အပိုင္သိမ္းျပစ္မွာပဲ"
"babe လည္း Xiao Chen လိုလက္ထပ္မိမွာဘဲ"
"ဘာလို႔လဲ!"
"အေမ့ရဲ႕ ေနာက္ဆုံးဆႏၵကိုျဖည့္ဆည္းေပးရမွာေပါ့ ၿပီးေတာ့ ကိုယ့္ညီကိုဒုကိၡတျဖစ္ေစခဲ့တဲ့လူနဲ႕ ဘယ္လိုလုပ္ ဆက္ၿပီးလက္တြဲနိုင္မွာလဲ"
"အဲ့တာဆို babe ေမေမက ကိုယ္နဲ႕ babe ကိုသေဘာမတူဘူးဆိုရင္ babe ကကိုယ္နဲ႕လမ္းခြဲမယ္ေပါ့"
"ဘာေတြေတြးေနတာလဲ Jas....
အဲ့လိုဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ဘူး...
babe မွာ ေမေမမွမရွိေတာ့တာ ၿပီးေတာ့ babe ေဖေဖကလည္း babe ရဲ႕ေ႐ြးခ်ယ္မႈေတြကို အၿမဲယုံၾကည္လက္ခံတယ္
babe မွာညီလည္းမရွိဘူး..ညီမေလးပဲရွိတာ"
"sorry ကိုယ္ babe မွာအေမမရွိေတာ့တာကိုမသိလို႔....."
"ရပါတယ္ Jas ကလည္း..."
"အဲ့တာဆို ကိုယ္တို႔အခု ေခါက္ဆြဲစားၾကမလား.."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အိပ္ေပ်ာ္ေနေသာ Ray ၏ဘယ္ဘက္ လက္သူႂကြယ္ ေလးကို ႀကိဳးေလးတစ္ခုႏွင့္ပတ္ကာတိုင္းတာလိုက္သည္။
မင္းကိုကိုယ့္အပိုင္ျဖစ္ေအာင္လုပ္ၿပီး ကိုယ့္အနားမွာအၿမဲထားမယ္.....
အရမ္းခ်စ္တယ္ေနာ္ ကိုယ့္ရဲ႕ babe ေလး....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Bạn đang đọc truyện trên: Truyen247.Pro