Part-27 ( back )
Unicode
"ကိုကို!!!!"
မနက်ပိုင်းအတန်းဆရာမလာသေးလို့ ဖုန်းသုံးနေတုန်း ထွက်လာတဲ့ အသံစူးစူးကြောင့် Ray နားကိုလက်နဲ့ပိတ်လိုက်သည်။
"Wine ဘာလို့အော်နေတာလဲ နားတွေလည်းကန်းကုန်ဦးမယ်"
Wine အတန်းထဲမှတခြားသူတွေကို တောင်းပန်လိုက်သည်။
"ပြောစမ်းပါဦး ဘယ်လိုဖြစ်ရတာလဲလို့"
"ဘာကိုပြောရမှာလဲ"
"Jump နဲ့လမ်းခွဲလိုက်ပြီဆို"
"ဟုတ်တယ် "
"ဘာလို့လဲ...
Jump ကကိုကို့ ကိုဒီလောက်ချစ်တာ....
ဘာလို့လမ်းခွဲရတာလဲ...."
"......."
"ကိုကို မဟုတ်မှ........
Jasper ဆီပြန်သွားမလို့လား...."
"........"
"မဖြစ်ဘူးနော် ပြန်မသွားရဘူး...
ကိုကို ပျော်တာကိုဘဲ Wine မြင်ချင်တယ် သူ့ကြောင့်ကိုကိုမျက်ရည်ကျတိုင်း Wine သူ့ကိုသတ်ပစ်ချင်လိုက်အောင်မုန်းတယ်...
ကိုကို သူ့ဆီပြန်သွားရင် ထပ်ပြီး နာကျင်ရဦးမှာဘဲ..."
"...သူကိုကို့ ကိုနာကျင်အောင်ထပ်မလုပ်လောက်ပါဘူး...
ုပြီးတော့ သူကိုကို့ ကိုလိုအပ်နေတယ်"
"Jump လည်းကိုကို့ကို လိုအပ်နေတာပဲလေ.."
📲 Dee..De...De
တုန်ခါနေသောဖုန်းလေး၏ ခေါ်ဆိုသူက Jasper....
Ray ကိုင်ရန်ပြင်လိုက်စဉ် Wine ကအမြန်ယူလိုက်သည်။
"Wine ကိုကို့ ကိုဖုန်းပြန်ပေး "
"မပေးဘူး...မကိုင်နဲ့ "
"Wine!!!!"
Ray, Wine ဆီမှဖုန်းကိုအတင်းပြန်လုယူလိုက်သည်။
"Hello"
"Hello Ray လား ငါ Win ပါ..
ငါ့ဆီမှာ မင်းဖုန်းနံပါတ်မရှိလို့ Jasper ဖုန်းနဲ့ဆက်လိုက်တာ"
"အင်း ဘာကိစ္စရှိလို့လဲ"
"Jasper ဖျားနေတယ်...
တစ်ချိန်လုံး မင်းနာမည်ကိုပဲယောင်ယောင်ခေါ်နေတာ....
ဆေးခန်းလည်းမသွားချင်ဘူးဆိုလို့ အခုဆေးသောက်ပြီးအိပ်နေတယ်
ငါကနေ့လည်ကျောင်းမှာ Presentation ရှိလို့သွားမှဖြစ်မှာ...
Jasper တစ်ယောက်တည်း ဖြစ်နေလို့ မင်းလာနေပေးလို့ရမလား.."
"ငါအခု လာခဲ့မယ် အိမ်မှာ Jasper အတွက်ဘာစားစရာရှိလဲ"
"အဲ....ဘီယာရယ် အရက်ရယ်...snack တွေတော့ရှိတယ်"
Ray လေးပင်စွာပင် သက်ပြင်းချလိုက်သည်။
"Ok ငါလိုတာလေးတွေဝင်ဝယ်ခဲ့လိုက်မယ်"
Ray စာအုပ်တွေကို ကျောပိုးအိတ်ထဲအမြန်ထည့်လိုက်သည်။
"ကိုကို ဘယ်သွားမလို့လဲ အတန်းရှိသေးတယ်လေ"
"ကိုကို့ကို ခွင့်တိုင်ပေးဦး Wine...
ဒီနေ့အတန်းတက်ဖြစ်မှာမဟုတ်ဘူး"
Ray market မှ လိုတာတွေအကုန်ဝင်ဝယ်လိုက်သည်။ ဆိုင်ကယ်ကိုလီဗာအသားကုန်ဆွဲကာ Condo သို့မောင်းလာခဲ့သည်။
မပြောင်းထားတဲ့ အခန်း password ကိုဖွင့်ကာ ဝင်လိုက်တော့ Win ကသူ့ကိုစောင့်နေသည်။
"ရောက်လာပြီလား Jasper ကအိပ်နေတယ်....
ငါသွားတော့မယ်နော်"
Ray ဝယ်လာသော အသား ဟင်းသီးဟင်းရွက်တို့ကို ထည့်ရန် ရေခဲသေတ္တာဖွင့်လိုက်တော့ မမြင်ချင်မှအဆုံး beer ပုလင်းများကအပြည့်...
အိပ်ခန်းထဲမှ ကုတင်ပေါ်တွင် ဆေးအရှိန်နဲ့အိပ်ပျော်နေသော Jasper အနားသွားကာ နဖူးကိုစမ်းကြည့်လိုက်သည်။
နှုတ်ခမ်းမွှေးများက ပိုတောင်ရှည်လာသောကြောင့် မရိတ်တာဘယ်လောက်ကြာပြီမှန်းမသိ။
တိုက်ခန်းတစ်ခုလုံး beer ပုလင်း အရက်ပုလင်းများနှင့်ရှုပ်ရှက်ခတ်နေပြီး လေအဝင်အထွက်မရှိသောကြောင့်အနံ့အသက်လည်းမကောင်းပေ။ အဝတ်အပေတွေကလည်းအပုံလိုက်...
Ray လိုက်ကာတွေဖွင့်ကာ မှန်တံခါးတွေကိုပါဖွင့်လိုက်သည်။ အဝတ်လျော် သန့်ရှင်းရေးစိတ်တိုင်းကျလုပ်ပြီးတော့ Jasper့ အနားထိုင်စဉ်..
"Mommy........မဟုတ်ဘူး.......သားကိုထားမသွားပါနဲ့...........
babe...........ကိုယ်မှားသွားပါတယ်...........ကိုယ့်ဆီပြန်လာခဲ့ပါ.........တောင်းပန်ပါတယ်....... "
တဖွဖွယောင်နေသော Jasper ရဲ့လက်ကို Ray ဆုပ်ကိုင်ကာ ပါးပြင်နှင့်ထိကပ်လိုက်သည်။
"ငါရှိတယ်လေ ငါမင်းဆီပြန်လာပြီနော်...."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ray ထွက်သွားပြီးကတည်းက Jasper ကောင်းကောင်းအိပ်မပျော်သလို အစာလည်းမှန်မှန်မစားဖြစ်ပေ။
Hotel ထိလိုက်သွားပြီး ဒေါသထွက်ကာ လက်ပါမိပြန်တော့ Ray မျက်ရည်ကျသည်ကိုတွေ့ရပြန်သည်။
Lily နှင့်လည်းမတွေ့ဖြစ် Club ကိုလည်းမသွားဖြစ်တော့ပေ။ Win ကတော့သူ့ကိုစိတ်မချသောကြောင့်သူနဲ့လာနေပေးသည်။ နှုတ်ခမ်းမွှေးတွေလည်း Ray ပြန်လာရင်ရိတ်ပေးမှာပါ ဆိုပြီးမရိတ်ဘဲထားတာကြာပြီဖြစ်သည်။ ကျောင်းလည်းမသွား beer သောက်လိုက်အရက်သောက်လိုက်နှင့် တစ်ညလုံး ဝရန်တာတွင်သာထိုင်နေသောကြောင့် အအေးပတ်ကာလူကအားနည်းနေသောကြောင့်ဖျားတော့သည်။
လေးပင်နေသောမျက်လုံးတွေကိုဖွင့်လိုက်တော့ သူ့လက်ကိုကိုင်ပြီး အိပ်ပျော်နေသော Ray ကိုတွေ့ရသည်။ Jasper အိမ်မက်များမက်နေသလားဆိုပြီး သူ့ပါးသူခပ်နာနာရိုက်ကြည့်လိုက်သည်။
နာတယ်ဟ....ဒါဆိုအိမ်မက်မဟုတ်ဘူးပေါ့...
babeလို့ခေါ်ချင်ပေမယ့် အပူရှိန်ကြောင့်အာခေါင်များခြောက်ကာ အသံကမထွက်....
မျက်နှာပေါ်ဝဲကျနေသော Ray ၏ဆံနွယ်ပျော့ပျော့လေးများကို လက်နှင့်အသာဖယ်ပေးကာ တစိမ့်စိမ့်ကြည့်နေမိသည်။ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုထိတွေ့ကြည့်မိတော့ Ray မျက်ဝန်းလေးပွင့်လာလေသည်။
"နိုးနေပြီလား Jas ရေသောက်လိုက်ဦး"
Ray အသင့်ရှိသောရေခွက်လေးကိုယူကာ နှုတ်ခမ်းတွင်တေ့ပေးလိုက်သည်။
"ဗိုက်ဆာပြီလား....ငါကြက်ပေါင်းခေါက်ဆွဲလုပ်ပေးမယ် ခဏစောင့်"
ထသွားရန်ပြင်နေသော Ray လက်ကိုဆွဲလိုက်တော့ အရှိန်လွန်ကာ သူ့အပေါ်ထိုင်ရက်လေးကျလာသည်။
Jasper သူ့အပေါ်မှဘေးတစောင်း ထိုင်ရက်လေးဖြစ်သွားသော Ray ခါးကိုတင်းကျပ်စွာဖက်လိုက်ပြီး မျက်နှာကို Ray လည်တိုင်နှင့်ထိကပ်ထားလိုက်သည်။ ခပ်စူးစူးနှုတ်ခမ်းမွှေးများကြောင့် Ray ကြက်သီးပင်ထသွားရသည်။
အတန်ကြာတဲ့အထိ ဖက်ထားဆဲဖြစ်သောကြောင့် Ray စကားစရတော့သည်။
"Jas...လွှတ်ပေးဦး...မင်းစားဖို့သွားလုပ်ပေးမလို့..."
"မစားတော့ဘူး ဘာမှမလုပ်နဲ့ ဒီအတိုင်းလေးပဲနေပေး....."
"မစားလို့မရဘူးလေ....ဆေးသောက်ရဦးမယ်...
....နောက်လည်းဖက်ရမှာဘဲကို.... အခုလွှတ်ပေးဦးနော်..."
"babe ကိုယ်နဲ့ပြန်လာနေမှာလားဟင်..."
မျှော်လင့်ချက်တကြီးမေးလာသော Jasper၏ပါးပြင်ကို Ray ခပ်ဖွဖွနမ်းလိုက်သည်။
"အင်းလာနေမှာပေါ့ အဲ့တာကြောင့်အခုလွှတ်ပေးဦးနော်...."
"တကယ်နော်.."
"တကယ်...."
"ကတိနော်...."
"ကတိ..."
Jasper နှုတ်ခမ်းများက အစွမ်းကုန်ပြုံးသွားကာ Ray ကိုလွှတ်ပေးလေသည်။
Ray အခန်းထဲမှထွက်သွားချိန်တွင် Win ဆီမှဖုန်းဝင်လာသည်။
"Win ပြော"
"ဘယ်လိုလဲ Ray နဲ့အဆင်ပြေလား"
"အင်း babe ကငါနဲ့ပြန်လာနေတော့မယ်တဲ့"
"အသံကိုက... ငါမပြောချင်ဘူးနော်....အတော်ကျေနပ်နေတာ.....
မင်းတို့အဆင်ပြေရင် ငါငါ့အိမ်ဘြဲပန်တော့မယ်..
ထပ်ပြီး ပြဿနာမရှာနဲ့နော်...."
"အေးပါကွာ မင်းကလည်း"
Jasper ကုတင်ပေါ်မှဆင်းကာ Ray ရှိရာ မီးဖိုခန်းဆီလျှောက်လာခဲ့သည်။
ကျောင်း uniform ကို necktie ချွတ်ပြီး အင်္ကျီလက်နှစ်ဖက်ကိုတံတောင်ဆစ်နားရောက်အောင်ခေါက်တင်ကာ apron နှင့် Ray ၏ပုံစံကတစ်မျိုးလေးစွဲဆောင်မှုရှိနေသည်။
ကြက်သားကိုရေဆေးနေသော Ray ခါးကို Jasper အနောက်မှဖက်လိုက်သည်။ Ray ပုခုံးပေါ်မေးတင်ကာမှီထားလိုက်သည်။
Ray အသားတွေရေဆေးပြီး အိုးထဲသွားထည့်တော့လဲ Jasper ဖက်လျှက်ပင်တွယ်ကပ်နေသည်။ ဟင်းရွက်တွေလှီးတော့လဲ ဖက်ထားသောကြောင့် Ray ကောင်းကောင်းလှီးလို့မရဘဲ စိတ်တိုလာရသည်။
"Jas...."
Ray အနောက်ကိုလှည့်ကာ ဆူမယ်ပြင်တော့ သူ့နှုတ်ခမ်းတွေကို Jasper ကနမ်းလိုက်သည်။
ဆူဖို့ဟာတောင်မေ့သွားပြီး ပြုံးကာ ပြန်လှည့်လိုက်သည်။
"ဘာလို့နှုတ်ခမ်းမွှေးတွေမရိတ်တာလဲ"
"ကိုယ့်နှုတ်ခမ်းမွှေးတွေ babe ကရိတ်ပေးတာဆိုတော့ ကိုယ့်ဘာသာမရိတ်တတ်တော့ဘူးလေ....
babe ပြန်လာရင်ရိတ်ပေးမှာဆိုတာသိလို့ ဒီအတိုင်းထားလိုက်တာ"
"တကယ်လို့ ငါမင်းဆီပြန်မလာရင်ရော...."
"တစ်သက်လုံးဒီအတိုင်းထားလိုက်မယ် ဘယ်တော့မှမရိတ်ဘဲ babe ကိုစောင့်နေမှာ "
"စကားတွေအတော်တတ်နေတာ.....
ကြက်သားကနည်းနည်းစောင့်ရဦးမှာ....လာအခု နှုတ်ခမ်းမွှေးသွားရိတ်မယ်..."
Apron ကိုချွတ်ကာ ရေချိုးခန်းထဲခေါ်သွားရသည်။
နှုတ်ခမ်းမွှေးရိတ်ပေးနေတုန်းလည်းအငြိမ်မနေ ခါးကိုဖက်လိုက် လည်ပင်းကိုပွတ်လိုက် နားရွက်ဖျားလေးကိုချေလိုက်နှင့် Ray ကိုစနေပြန်သည်။
"စားလို့ရပြီ "
ကြက်ပေါင်း ခေါက်ဆွဲပန်းကန်ကို စားပွဲပေါ်တင်ပေးလိုက်တော့ Jasper သူ့ကိုမျက်နှာငယ်လေးနှင့်ကြည့်လာသည်။
"babe ခွံ့ပြီးကျေွးပါလားဟင်...
ကိုယ်ကနေမကောင်းတော့ အားမရှိဘူးလေ"
အားမရှိလို့သာဘဲ ခုနကသူ့လက်ကိုဆောင့်ဆွဲလိုက်တာများ.....
Ray သူ့ကိုကလေးတစ်ယောက်လို မျက်နှာငယ်လေးနှင့်ချွဲနေသော Jasper ကိုကြည့်ကာ သွားတက်လေးပေါ်အောင် အတောက်ပဆုံးပြုံးမိပြန်သည်။
ခေါက်ဆွဲဖက်ကိုတူနှင့်ညှပ်ကာ တဖူးဖူးမှုတ်နေသော Ray ၏နှုတ်ခမ်းစူစူလေးက အသည်းယားဖွယ်အတိ.....
"အာ....."
Jasper ပါးစပ်ဟကာ Ray ခွံကျွေးတာကိုစားလိုက်သည်။
ပျော်ရွှင်ကျေနပ်မှုက ထိန်းမရနိုင်အောင်Jasper၏ မျက်နှာတွင်ပေါ်လွင်နေသည်။
"လက်သည်းတွေရှည်နေတာလဲ ညှပ်မထားဘူး "
"babe ညှပ်ပေးလေ"
"အင်းပါ ပြီးရင်ညှပ်ပေးမယ်"
Jasperကိုဆေးတိုက်ပြီးလက်သည်းညှပ်ပေးရန်ပြင်တော့ ကိုယ်တော်က position ရွေးပြန်သည်။
ဘေးမှာထိုင်ပြီး မညှပ်ရဘူး...
သူ့ရင်ခွင်ထဲထိုင် ညှပ်တဲ့....
ပြောလို့မရသည့်အဆုံး Ray,Jasper ့ရင်ခွင်ထဲဝင်ထိုင်ကာလက်သည်းညှပ်ပေးရတော့သည်။
Jasper အနောက်မှနေ၍Ray နားရွက်လေးကိုဖွဖွလေး ကိုက်လိုက်တော့ Ray ကိုယ်လေးတွန့်သွားလေသည်။ လည်တိုင်ကိုနှုတ်ခမ်းနှင့်ပွတ်ဆွဲလိုက် ပုခုံးကိုနမ်းလိုက်နှင့် Jasper အလုပ်ရှုပ်နေပြီး Ray ယားလို့တွန့်တွန့်သွားတာလေးကိုသဘောကျနေသည်။
ဆေးရှိန်ကြောင့် Jasper ပြန်အိပ်သွားမှ Ray နေ့လည်စာမစားရသေးတာကိုသတိရသွားပြီး ဗိုက်ထဲမှဆန္ဒပြလာလေသည်။
လူတွေက အချစ်နဲ့တွေ့ရင် ဗိုက်ဆာတာတောင်သတိမရဘဲ အာဟာရပြည့်နေပါလား....
Ray အိပ်ပျော်နေသော Jasper ၏နဖူးကိုနမ်းကာ ဆိုင်ကယ်သော့ယူပြီး condo မှထွက်လာခဲ့သည်။
Hotel ပြန်ရောက်တော့ပစ္စည်းတွေသိမ်းကာ condo ကိုပြန်ပို့ဖို့ကားစီစဉ်ခိုင်းလိုက်သည်။
အရေးကြီးသော တချို့ကိစ္စတွေကို တစ်ခါတည်းလုပ်နေသောကြောင့် ညပင်ရောက်သွားလေသည်။
ဝန်ထမ်းတစ်ယောက်က ကားနှင့်ပစ္စည်းတွေကိုလိုက်ပို့ပေးပြီး Ray ကတော့ကိုယ့်ဆိုင်ကယ်နှင့်ကိုယ်သာ။
luggage ကိုဆွဲကာ lift နှင့်အပေါ်တက်လာခဲ့သည်။
တိုက်ခန်းထဲသို့ဝင်ဝင်ချင်း တံခါးဘေးတွင် နံရံကိုမှီကာထိုင်နေသော Jasper ကြောင့် Ray လန့်သွားရသည်။
"Jas...."
ကြမ်းပြင်ကိုသာ တွေတွေကြီးစိုက်ကြည့်နေသော Jasperရှေ့ Ray ဒူးထောက်ထိုင်ချလိုက်သည်။
"Jas.....Jas ဒီမှာဘာလုပ်နေတာလဲ "
Ray ,Jasper ရဲ့ပုခုံးတွေကိုလှုပ်လိုက်မှ သူ့ကိုမော့ကြည့်လာကာ တင်းကျပ်နေအောင်ဖက်တော့သည်။
"babe ဘယ်တွေသွားနေတာလဲ....
ကိုယ့်ကိုထားသွားပြီထင်နေတာ....."
ငိုသံကြီးနဲ့ပြောနေသော Jasper ့ကျောပြင်ကိုပုတ်ပေးလိုက်သည်။
"ငါဘယ်မှ မသွားပါဘူး မင်းအနားမှာရှိတယ်နော်.....
ထဦး ကြမ်းပြင်ပေါ်ကအေးတယ် နေကောင်းသေးတာလည်းမဟုတ်ဘူး...."
"ခုနက ကိုယ့်ကိုထားပြီး ဘယ်သွားတာလဲ"
"Hotel ကိုပစ္စည်းတွေသွားယူရင်း တချို့အလုပ်လေးတွေအပြီးသတ်နေလို့ကြာသွားတာ..."
"နောက်တစ်ခါဆို တစ်ယောက်တည်းထားမသွားနဲ့ ကိုယ်ပါလိုက်ခဲ့မယ်..."
"အင်းပါ အခုတော့ကြမ်းပြင်ပေါ်ကထဦးနော်"
Ray, Hotel မှာကြာသွားသည့် ကိုယ့်ကိုကိုယ်သာ ဒေါသထွက်မိတော့သည်။
ညစာပြင်တော့လည်း Jasper နေ့လည်ကလိုပင် သူ့ကိုတွယ်ကပ်နေသည်။
အလုပ်တွေကျန်သေးလို့ဧည့်ခန်း sofa ပေါ်တွင် laptop တစ်လုံးနှင့်စာရွက်စာတမ်းတွေကြား Ray အလုပ်ရှုပ်နေတော့ Jasper ကသူ့ပေါင်ကိုခေါင်းအုံးကာလာအိပ်ပြန်သည်။
"Jas......ထတော့ အခန်းထဲသွားအိပ်မယ်"
သူ့ကိုရင်ခွင်ထဲထည့်ဖက်ပြီး Jasper နှုတ်ခမ်းကို လက်ညှိုး နှင့်ပုတ်ပြတော့ Ray အလိုက်တသိပင် နမ်းလိုက်သည်။
"Good night babe "
"Good night Jas"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
(AN: ဇာတ်လမ်းကအခုမှ အလယ်လောက်ပဲရောက်သေးတာနော် နောက်ဘာတွေထပ်ဖြစ်မလဲမပြောနိုင်သေးဘူး....
Ray ကို Jas နဲ့သဘောတူတဲ့သူရော မတူတဲ့သူတွေကိုပါ ကျွန်တော်ကြိုတောင်းပန်ထားပါမယ်...
ဒီ oc လေးကိုမရေးခင်ကတည်းက ကျွန်တော်ဇာတ်လမ်းအသွားအလာကိုစဉ်းစားပြီးသားပါ ဘာအကြောင်းနဲ့မှပြောင်းလဲမှာမဟုတ်ပါဘူး..
ကျေးဇူးတင်ပါတယ်..)
******************************
Zawgyi
"ကိုကို!!!!"
မနက္ပိုင္းအတန္းဆရာမလာေသးလို႔ ဖုန္းသုံးေနတုန္း ထြက္လာတဲ့ အသံစူးစူးေၾကာင့္ Ray နားကိုလက္နဲ႔ပိတ္လိုက္သည္။
"Wine ဘာလို႔ေအာ္ေနတာလဲ နားေတြလည္းကန္းကုန္ဦးမယ္"
Wine အတန္းထဲမွတျခားသူေတြကို ေတာင္းပန္လိုက္သည္။
"ေျပာစမ္းပါဦး ဘယ္လိုျဖစ္ရတာလဲလို႔"
"ဘာကိုေျပာရမွာလဲ"
"Jump နဲ႔လမ္းခြဲလိုက္ၿပီဆို"
"ဟုတ္တယ္ "
"ဘာလို႔လဲ...
Jump ကကိုကို႔ ကိုဒီေလာက္ခ်စ္တာ....
ဘာလို႔လမ္းခြဲရတာလဲ...."
"......."
"ကိုကို မဟုတ္မွ........
Jasper့ ဆီျပန္သြားမလို႔လား...."
"........"
"မျဖစ္ဘူးေနာ္ ျပန္မသြားရဘူး...
ကိုကို ေပ်ာ္တာကိုဘဲ Wine ျမင္ခ်င္တယ္ သူ႔ေၾကာင့္ကိုကိုမ်က္ရည္က်တိုင္း Wine သူ႔ကိုသတ္ပစ္ခ်င္လိုက္ေအာင္မုန္းတယ္...
ကိုကို သူ႔ဆီျပန္သြားရင္ ထပ္ၿပီး နာက်င္ရဦးမွာဘဲ..."
"...သူကိုကို႔ ကိုနာက်င္ေအာင္ထပ္မလုပ္ေလာက္ပါဘူး...
ုၿပီးေတာ့ သူကိုကို႔ ကိုလိုအပ္ေနတယ္"
"Jump လည္းကိုကို႔ကို လိုအပ္ေနတာပဲေလ.."
📲 Dee..De...De
တုန္ခါေနေသာဖုန္းေလး၏ ေခၚဆိုသူက Jasper....
Ray ကိုင္ရန္ျပင္လိုက္စဥ္ Wine ကအျမန္ယူလိုက္သည္။
"Wine ကိုကို႔ ကိုဖုန္းျပန္ေပး "
"မေပးဘူး...မကိုင္နဲ႔ "
"Wine!!!!"
Ray, Wine ့ဆီမွဖုန္းကိုအတင္းျပန္လုယူလိုက္သည္။
"Hello"
"Hello Ray လား ငါ Win ပါ..
ငါ့ဆီမွာ မင္းဖုန္းနံပါတ္မ႐ွိလို႔ Jasper ့ဖုန္းနဲ႔ဆက္လိုက္တာ"
"အင္း ဘာကိစၥ႐ွိလို႔လဲ"
"Jasper ဖ်ားေနတယ္...
တစ္ခ်ိန္လံုး မင္းနာမည္ကိုပဲေယာင္ေယာင္ေခၚေနတာ....
ေဆးခန္းလည္းမသြားခ်င္ဘူးဆိုလို႔ အခုေဆးေသာက္ၿပီးအိပ္ေနတယ္
ငါကေန႔လည္ေက်ာင္းမွာ Presentation ႐ွိလို႔သြားမွျဖစ္မွာ...
Jasper တစ္ေယာက္တည္း ျဖစ္ေနလို႔ မင္းလာေနေပးလို႔ရမလား.."
"ငါအခု လာခဲ့မယ္ အိမ္မွာ Jasper့အတြက္ဘာစားစရာ႐ွိလဲ"
"အဲ....ဘီယာရယ္ အရက္ရယ္...snack ေတြေတာ့႐ွိတယ္"
Ray ေလးပင္စြာပင္ သက္ျပင္းခ်လိုက္သည္။
"Ok ငါလိုတာေလးေတြဝင္ဝယ္ခဲ့လိုက္မယ္"
Ray စာအုပ္ေတြကို ေက်ာပိုးအိတ္ထဲအျမန္ထည့္လိုက္သည္။
"ကိုကို ဘယ္သြားမလို႔လဲ အတန္း႐ွိေသးတယ္ေလ"
"ကိုကို႔ကို ခြင့္တိုင္ေပးဦး Wine...
ဒီေန႔အတန္းတက္ျဖစ္မွာမဟုတ္ဘူး"
Ray market မွ လိုတာေတြအကုန္ဝင္ဝယ္လိုက္သည္။ ဆိုင္ကယ္ကိုလီဗာအသားကုန္ဆြဲကာ Condo သို႔ေမာင္းလာခဲ့သည္။
မေျပာင္းထားတဲ့ အခန္း password ကိုဖြင့္ကာ ဝင္လိုက္ေတာ့ Win ကသူ႔ကိုေစာင့္ေနသည္။
"ေရာက္လာၿပီလား Jasper ကအိပ္ေနတယ္....
ငါသြားေတာ့မယ္ေနာ္"
Ray ဝယ္လာေသာ အသား ဟင္းသီးဟင္းရြက္တို႔ကို ထည့္ရန္ ေရခဲေသတၱာဖြင့္လိုက္ေတာ့ မျမင္ခ်င္မွအဆုံး beer ပုလင္းမ်ားကအျပည့္...
အိပ္ခန္းထဲမွ ကုတင္ေပၚတြင္ ေဆးအ႐ွိန္နဲ႔အိပ္ေပ်ာ္ေနေသာ Jasper့ အနားသြားကာ နဖူးကိုစမ္းၾကည့္လိုက္သည္။
ႏႈတ္ခမ္းေမႊးမ်ားက ပိုေတာင္႐ွည္လာေသာေၾကာင့္ မရိတ္တာဘယ္ေလာက္ၾကာၿပီမွန္းမသိ။
တိုက္ခန္းတစ္ခုလုံး beer ပုလင္း အရက္ပုလင္းမ်ားႏွင့္႐ႈပ္႐ွက္ခတ္ေနၿပီး ေလအဝင္အထြက္မ႐ွိေသာေၾကာင့္အနံ႔အသက္လည္းမေကာင္းေပ။ အဝတ္အေပေတြကလည္းအပုံလိုက္...
Ray လိုက္ကာေတြဖြင့္ကာ မွန္တံခါးေတြကိုပါဖြင့္လိုက္သည္။ အဝတ္ေလ်ာ္ သန္႔႐ွင္းေရးစိတ္တိုင္းက်လုပ္ၿပီးေတာ့ Jasper့ အနားထိုင္စဥ္..
"Mommy........မဟုတ္ဘူး.......သားကိုထားမသြားပါနဲ႔...........
babe...........ကိုယ္မွားသြားပါတယ္...........ကိုယ့္ဆီျပန္လာခဲ့ပါ.........ေတာင္းပန္ပါတယ္....... "
တဖြဖြေယာင္ေနေသာ Jasper့ လက္ကို Ray ဆုပ္ကိုင္ကာ ပါးျပင္ႏွင့္ထိကပ္လိုက္သည္။
"ငါ႐ွိတယ္ေလ ငါမင္းဆီျပန္လာၿပီေနာ္...."
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Ray ထြက္သြားၿပီးကတည္းက Jasper ေကာင္းေကာင္းအိပ္မေပ်ာ္သလို အစာလည္းမွန္မွန္မစားျဖစ္ေပ။
Hotel ထိလိုက္သြားၿပီး ေဒါသထြက္ကာ လက္ပါမိျပန္ေတာ့ Ray မ်က္ရည္က်သည္ကိုေတြ႔ရျပန္သည္။
Lily ႏွင့္လည္းမေတြ႔ျဖစ္ Club ကိုလည္းမသြားျဖစ္ေတာ့ေပ။ Win ကေတာ့သူ႔ကိုစိတ္မခ်ေသာေၾကာင့္သူနဲ႔လာေနေပးသည္။ ႏႈတ္ခမ္းေမႊးေတြလည္း Ray ျပန္လာရင္ရိတ္ေပးမွာပါ ဆိုၿပီးမရိတ္ဘဲထားတာၾကာၿပီျဖစ္သည္။ ေက်ာင္းလည္းမသြား beer ေသာက္လိုက္အရက္ေသာက္လိုက္ႏွင့္ တစ္ညလုံး ဝရန္တာတြင္သာထိုင္ေနေသာေၾကာင့္ အေအးပတ္ကာလူကအားနည္းေနေသာေၾကာင့္ဖ်ားေတာ့သည္။
ေလးပင္ေနေသာမ်က္လုံးေတြကိုဖြင့္လိုက္ေတာ့ သူ႔လက္ကိုကိုင္ၿပီး အိပ္ေပ်ာ္ေနေသာ Ray ကိုေတြ႔ရသည္။ Jasper အိမ္မက္မ်ားမက္ေနသလားဆိုၿပီး သူ႔ပါးသူခပ္နာနာ႐ိုက္ၾကည့္လိုက္သည္။
နာတယ္ဟ....ဒါဆိုအိမ္မက္မဟုတ္ဘူးေပါ့...
babeလို႔ေခၚခ်င္ေပမယ့္ အပူ႐ွိန္ေၾကာင့္အာေခါင္မ်ားေျခာက္ကာ အသံကမထြက္....
မ်က္ႏွာေပၚဝဲက်ေနေသာ Ray ၏ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးမ်ားကို လက္ႏွင့္အသာဖယ္ေပးကာ တစိမ့္စိမ့္ၾကည့္ေနမိသည္။ မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းစီကိုထိေတြ႔ၾကည့္မိေတာ့ Ray မ်က္ဝန္းေလးပြင့္လာေလသည္။
"ႏိုးေနၿပီလား Jas ေရေသာက္လိုက္ဦး"
Ray အသင့္႐ွိေသာေရခြက္ေလးကိုယူကာ ႏႈတ္ခမ္းတြင္ေတ့ေပးလိုက္သည္။
"ဗိုက္ဆာၿပီလား....ငါၾကက္ေပါင္းေခါက္ဆြဲလုပ္ေပးမယ္ ခဏေစာင့္"
ထသြားရန္ျပင္ေနေသာ Ray လက္ကိုဆြဲလိုက္ေတာ့ အ႐ွိန္လြန္ကာ သူ႔အေပၚထိုင္ရက္ေလးက်လာသည္။
Jasper သူ႔အေပၚမွေဘးတေစာင္း ထိုင္ရက္ေလးျဖစ္သြားေသာ Ray ခါးကိုတင္းက်ပ္စြာဖက္လိုက္ၿပီး မ်က္ႏွာကို Ray လည္တိုင္ႏွင့္ထိကပ္ထားလိုက္သည္။ ခပ္စူးစူးႏႈတ္ခမ္းေမႊးမ်ားေၾကာင့္ Ray ၾကက္သီးပင္ထသြားရသည္။
အတန္ၾကာတဲ့အထိ ဖက္ထားဆဲျဖစ္ေသာေၾကာင့္ Ray စကားစရေတာ့သည္။
"Jas...လႊတ္ေပးဦး...မင္းစားဖို႔သြားလုပ္ေပးမလို႔..."
"မစားေတာ့ဘူး ဘာမွမလုပ္နဲ႔ ဒီအတိုင္းေလးပဲေနေပး....."
"မစားလို႔မရဘူးေလ....ေဆးေသာက္ရဦးမယ္...
....ေနာက္လည္းဖက္ရမွာဘဲကို.... အခုလႊတ္ေပးဦးေနာ္..."
"babe ကိုယ္နဲ႔ျပန္လာေနမွာလားဟင္..."
ေမ်ွာ္လင့္ခ်က္တႀကီးေမးလာေသာ Jasper့ ပါးျပင္ကို Ray ခပ္ဖြဖြနမ္းလိုက္သည္။
"အင္းလာေနမွာေပါ့ အဲ့တာေၾကာင့္အခုလႊတ္ေပးဦးေနာ္...."
"တကယ္ေနာ္.."
"တကယ္...."
"ကတိေနာ္...."
"ကတိ..."
Jasper့ ႏႈတ္ခမ္းမ်ားက အစြမ္းကုန္ျပဳံးသြားကာ Ray ကိုလႊတ္ေပးေလသည္။
Ray အခန္းထဲမွထြက္သြားခ်ိန္တြင္ Win ဆီမွဖုန္းဝင္လာသည္။
"Win ေျပာ"
"ဘယ္လိုလဲ Ray နဲ႔အဆင္ေျပလား"
"အင္း babe ကငါနဲ႔ျပန္လာေနေတာ့မယ္တဲ့"
"အသံကိုက... ငါမေျပာခ်င္ဘူးေနာ္....အေတာ္ေက်နပ္ေနတာ.....
မင္းတို႔အဆင္ေျပရင္ ငါငါ့အိမ္ဘျဲပန္ေတာ့မယ္..
ထပ္ၿပီး ျပႆနာမ႐ွာနဲ႔ေနာ္...."
"ေအးပါကြာ မင္းကလည္း"
Jasper ကုတင္ေပၚမွဆင္းကာ Ray ႐ွိရာ မီးဖိုခန္းဆီေလ်ွာက္လာခဲ့သည္။
ေက်ာင္း uniform ကို necktie ခြၽတ္ၿပီး အက်ႌလက္ႏွစ္ဖက္ကိုတံေတာင္ဆစ္နားေရာက္ေအာင္ေခါက္တင္ကာ apron ႏွင့္ Ray ၏ပုံစံကတစ္မ်ိဳးေလးစြဲေဆာင္မႈ႐ွိေနသည္။
ၾကက္သားကိုေရေဆးေနေသာ Ray ခါးကို Jasper အေနာက္မွဖက္လိုက္သည္။ Ray ပုခုံးေပၚေမးတင္ကာမွီထားလိုက္သည္။
Ray အသားေတြေရေဆးၿပီး အိုးထဲသြားထည့္ေတာ့လဲ Jasper ဖက္လ်ွက္ပင္တြယ္ကပ္ေနသည္။ ဟင္းရြက္ေတြလွီးေတာ့လဲ ဖက္ထားေသာေၾကာင့္ Ray ေကာင္းေကာင္းလွီးလို႔မရဘဲ စိတ္တိုလာရသည္။
"Jas...."
Ray အေနာက္ကိုလွည့္ကာ ဆူမယ္ျပင္ေတာ့ သူ႔ႏႈတ္ခမ္းေတြကို Jasper ကနမ္းလိုက္သည္။
ဆူဖို႔ဟာေတာင္ေမ့သြားၿပီး ျပဳံးကာ ျပန္လွည့္လိုက္သည္။
"ဘာလို႔ႏႈတ္ခမ္းေမႊးေတြမရိတ္တာလဲ"
"ကိုယ့္ႏႈတ္ခမ္းေမႊးေတြ babe ကရိတ္ေပးတာဆိုေတာ့ ကိုယ့္ဘာသာမရိတ္တတ္ေတာ့ဘူးေလ....
babe ျပန္လာရင္ရိတ္ေပးမွာဆိုတာသိလို႔ ဒီအတိုင္းထားလိုက္တာ"
"တကယ္လို႔ ငါမင္းဆီျပန္မလာရင္ေရာ...."
"တစ္သက္လုံးဒီအတိုင္းထားလိုက္မယ္ ဘယ္ေတာ့မွမရိတ္ဘဲ babe ကိုေစာင့္ေနမွာ "
"စကားေတြအေတာ္တတ္ေနတာ.....
ၾကက္သားကနည္းနည္းေစာင့္ရဦးမွာ....လာအခု ႏႈတ္ခမ္းေမႊးသြားရိတ္မယ္..."
Apron ကိုခြၽတ္ကာ ေရခ်ိဳးခန္းထဲေခၚသြားရသည္။
ႏႈတ္ခမ္းေမႊးရိတ္ေပးေနတုန္းလည္းအၿငိမ္မေန ခါးကိုဖက္လိုက္ လည္ပင္းကိုပြတ္လိုက္ နားရြက္ဖ်ားေလးကိုေခ်လိုက္ႏွင့္ Ray ကိုစေနျပန္သည္။
"စားလို႔ရၿပီ "
ၾကက္ေပါင္း ေခါက္ဆြဲပန္းကန္ကို စားပြဲေပၚတင္ေပးလိုက္ေတာ့ Jasper သူ႔ကိုမ်က္ႏွာငယ္ေလးႏွင့္ၾကည့္လာသည္။
"babe ခြံ႔ၿပီးေကၽြးပါလားဟင္...
ကိုယ္ကေနမေကာင္းေတာ့ အားမ႐ွိဘူးေလ"
အားမ႐ွိလို႔သာဘဲ ခုနကသူ႔လက္ကိုေဆာင့္ဆြဲလိုက္တာမ်ား.....
Ray သူ႔ကိုကေလးတစ္ေယာက္လို မ်က္ႏွာငယ္ေလးႏွင့္ခြၽဲေနေသာ Jasper ကိုၾကည့္ကာ သြားတက္ေလးေပၚေအာင္ အေတာက္ပဆုံးျပဳံးမိျပန္သည္။
ေခါက္ဆြဲဖက္ကိုတူႏွင့္ညႇပ္ကာ တဖူးဖူးမႈတ္ေနေသာ Ray ၏ႏႈတ္ခမ္းစူစူေလးက အသည္းယားဖြယ္အတိ.....
"အာ....."
Jasper ပါးစပ္ဟကာ Ray ခြံေကြၽးတာကိုစားလိုက္သည္။
ေပ်ာ္ရႊင္ေက်နပ္မႈက ထိန္းမရႏိုင္ေအာင္Jasper့ မ်က္ႏွာတြင္ေပၚလြင္ေနသည္။
"လက္သည္းေတြ႐ွည္ေနတာလဲ ညႇပ္မထားဘူး "
"babe ညႇပ္ေပးေလ"
"အင္းပါ ၿပီးရင္ညႇပ္ေပးမယ္"
Jasper့ကိုေဆးတိုက္ၿပီးလက္သည္းညႇပ္ေပးရန္ျပင္ေတာ့ ကိုယ္ေတာ္က position ေရြးျပန္သည္။
ေဘးမွာထိုင္ၿပီး မညႇပ္ရဘူး...
သူ႔ရင္ခြင္ထဲထိုင္ ညႇပ္တဲ့....
ေျပာလို႔မရသည့္အဆုံး Ray,Jasper ့ရင္ခြင္ထဲဝင္ထိုင္ကာလက္သည္းညႇပ္ေပးရေတာ့သည္။
Jasper အေနာက္မွေန၍Ray နားရြက္ေလးကိုဖြဖြေလး ကိုက္လိုက္ေတာ့ Ray ကိုယ္ေလးတြန္႔သြားေလသည္။ လည္တိုင္ကိုႏႈတ္ခမ္းႏွင့္ပြတ္ဆြဲလိုက္ ပုခုံးကိုနမ္းလိုက္ႏွင့္ Jasper အလုပ္႐ႈပ္ေနၿပီး Ray ယားလို႔တြန္႔တြန္႔သြားတာေလးကိုသေဘာက်ေနသည္။
ေဆး႐ွိန္ေၾကာင့္ Jasper ျပန္အိပ္သြားမွ Ray ေန႔လည္စာမစားရေသးတာကိုသတိရသြားၿပီး ဗိုက္ထဲမွဆႏၵျပလာေလသည္။
လူေတြက အခ်စ္နဲ႔ေတြ႔ရင္ ဗိုက္ဆာတာေတာင္သတိမရဘဲ အာဟာရျပည့္ေနပါလား....
Ray အိပ္ေပ်ာ္ေနေသာ Jasper ့ ၏နဖူးကိုနမ္းကာ ဆိုင္ကယ္ေသာ့ယူၿပီး condo မွထြက္လာခဲ့သည္။
Hotel ျပန္ေရာက္ေတာ့ပစၥည္းေတြသိမ္းကာ condo ကိုျပန္ပို႔ဖို႔ကားစီစဥ္ခိုင္းလိုက္သည္။
အေရးႀကီးေသာ တခ်ိဳ႕ကိစၥေတြကို တစ္ခါတည္းလုပ္ေနေသာေၾကာင့္ ညပင္ေရာက္သြားေလသည္။
ဝန္ထမ္းတစ္ေယာက္က ကားႏွင့္ပစၥည္းေတြကိုလိုက္ပို႔ေပးၿပီး Ray ကေတာ့ကိုယ့္ဆိုင္ကယ္ႏွင့္ကိုယ္သာ။
luggage ကိုဆြဲကာ lift ႏွင့္အေပၚတက္လာခဲ့သည္။
Jasper့ တိုက္ခန္းထဲသို႔ဝင္ဝင္ခ်င္း တံခါးေဘးတြင္ နံရံကိုမွီကာထိုင္ေနေသာ Jasper ေၾကာင့္ Ray လန့္သြားရသည္။
"Jas...."
ၾကမ္းျပင္ကိုသာ ေတြေတြႀကီးစိုက္ၾကည့္ေနေသာ Jasper့ေ႐ွ႕ Ray ဒူးေထာက္ထိုင္ခ်လိုက္သည္။
"Jas.....Jas ဒီမွာဘာလုပ္ေနတာလဲ "
Ray ,Jasper့ ပုခုံးေတြကိုလႈပ္လိုက္မွ သူ႔ကိုေမာ့ၾကည့္လာကာ တင္းက်ပ္ေနေအာင္ဖက္ေတာ့သည္။
"babe ဘယ္ေတြသြားေနတာလဲ....
ကိုယ့္ကိုထားသြားၿပီထင္ေနတာ....."
ငိုသံႀကီးနဲ႔ေျပာေနေသာ Jasper ့ေက်ာျပင္ကိုပုတ္ေပးလိုက္သည္။
"ငါဘယ္မွ မသြားပါဘူး မင္းအနားမွာ႐ွိတယ္ေနာ္.....
ထဦး ၾကမ္းျပင္ေပၚကေအးတယ္ ေနေကာင္းေသးတာလည္းမဟုတ္ဘူး...."
"ခုနက ကိုယ့္ကိုထားၿပီး ဘယ္သြားတာလဲ"
"Hotel ကိုပစၥည္းေတြသြားယူရင္း တခ်ိဳ႕အလုပ္ေလးေတြအၿပီးသတ္ေနလို႔ၾကာသြားတာ..."
"ေနာက္တစ္ခါဆို တစ္ေယာက္တည္းထားမသြားနဲ႔ ကိုယ္ပါလိုက္ခဲ့မယ္..."
"အင္းပါ အခုေတာ့ၾကမ္းျပင္ေပၚကထဦးေနာ္"
Ray, Hotel မွာၾကာသြားသည့္ ကိုယ့္ကိုကိုယ္သာ ေဒါသထြက္မိေတာ့သည္။
ညစာျပင္ေတာ့လည္း Jasper ေန႔လည္ကလိုပင္ သူ႔ကိုတြယ္ကပ္ေနသည္။
အလုပ္ေတြက်န္ေသးလို့ဧည့္ခန္း sofa ေပၚတြင္ laptop တစ္လုံးႏွင့္စာရြက္စာတမ္းေတြျကား Ray အလုပ္႐ႈပ္ေနေတာ့ Jasper ကသူ႔ေပါင္ကိုေခါင္းအုံးကာလာအိပ္ျပန္သည္။
"Jas......ထေတာ့ အခန္းထဲသြားအိပ္မယ္"
သူ႔ကိုရင္ခြင္ထဲထည့္ဖက္ၿပီး Jasper ႏႈတ္ခမ္းကို လက္ညိွဳး ႏွင့္ပုတ္ျပေတာ့ Ray အလိုက္တသိပင္ နမ္းလိုက္သည္။
"Good night babe "
"Good night Jas"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
(AN: ဇာတ္လမ္းကအခုမွ အလယ္ေလာက္ပဲေရာက္ေသးတာေနာ္ ေနာက္ဘာေတြထပ္ျဖစ္မလဲမေျပာႏိုင္ေသးဘူး....
Ray ကို Jas နဲ႔သေဘာတူတဲ့သူေရာ မတူတဲ့သူေတြကိုပါ ကြၽန္ေတာ္ႀကိဳေတာင္းပန္ထားပါမယ္...
ဒီ oc ေလးကိုမေရးခင္ကတည္းက ကြၽန္ေတာ္ဇာတ္လမ္းအသြားအလာကိုစဥ္းစားၿပီးသားပါ ဘာအေၾကာင္းနဲ႔မွေျပာင္းလဲမွာမဟုတ္ပါဘူး..
ေက်းဇူးတင္ပါတယ္..)
Bạn đang đọc truyện trên: Truyen247.Pro