Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-26 ( second lead)

Unicode

"ကိုယ် Han ဆီခဏနေလာခဲ့မယ်နော်"

ဖုန်းဆက်ပြောထားသည့် Jump ကို Ray ထိုင်စောင့်နေသည်။

Ray မန်နေဂျာများတင်ပြထားသော စာရင်းများကြည့်နေစဉ် တံခါး bell မြည်လာသည်။

"ရောက်လာပြီလား မြန်တာ"

အခန်းတံခါးကိုအမြန်ပြေးဖွင့်ပေးလိုက်ရာ အခန်းရှေ့ကလူက သူစောင့်နေတဲ့ Jump မဟုတ်ပေ။

"ကိုယ့်ကို မကြိုဆိုဘူးလား babe "
"ဘာကိစ္စရှိလို့လဲ"
"ကိုယ်က babe ဆီကိုကိစ္စရှိမှလာရမှာလား"

Jasper အခန်းထဲသို့ဝင်လိုက်သည်။
မတွေ့တာရက်ပိုင်းသာရှိသေးပေမယ့် Jasper မျက်နှာသိသိသာသာချောင်ကျသွားပြီး မျက်ကွင်းများလည်းညိုနေသောကြောင့် ဒီရက်ပိုင်းအိပ်မပျော်ပုံပင်။
နှုတ်ခမ်းမွှေးများလည်းမရိတ်ထားဘဲ အနည်းငယ်ပင်ရှည်နေပြီဖြစ်သည်။

သူ့အနားတိုးကပ်လာသည့် Jasper မျက်ဝန်းတွေနီနေတာကိုသတိထားမိပြီး မမြင်ချင်စွာကျောပေးရှောင်ဖယ်မိသည်။

"ကိုယ်ရူးတော့မယ်ထင်တယ် babe ....
ကိုယ်တောင်းပန်ပါတယ် ကိုယ့်ဆီပြန်လာခဲ့ပါကွာ...ကိုယ်တကယ်ကိုရူးသွားလိမ့်မယ်....
babe မရှိဘဲကိုယ်မနေနိုင်ဘူး..."
"......"
"......"

Jasper,Ray ကိုသူ့ဘက်လှည့်စေပြီး Ray မျက်နှာလေးကိုထိတွေ့လိုက်သည်။
သူ့ကိုပြန်ကြည့်လာသော Ray နှင့်အတန်ကြာအောင်အကြည့်ချင်းစုံပြီး နှုတ်ခမ်းလွှာလေးဆီသို့တိုးကပ်သွားသည်။

နှုတ်ခမ်းလွှာနှစ်ခုနှင့်ထိအံ့ဆဲဆဲတွင်....Ray ခေါင်းငုံ့ကာ ရှောင်ဖယ်လိုက်သည်။

"မင်းပြန်တော့ Jas.."
".........."

Ray ပြောပြီးငြိမ်သက်နေသော Jasper ကိုခေါင်းမော့ကြည့်လိုက်စဉ် Jasper ရုတ်တရက် သူ့နှုတ်ခမ်းတွေကိုပြင်းပြစွာစုပ်နမ်းတော့သည်။

လက်တစ်ဖက်က ခေါင်းကိုကိုင်ထိန်းထားပြီး ကျန်တစ်ဖက်က ခါးကိုဖက်ကာချုပ်ထားသည်။ Jasper ရင်ဘက်ကို လက်နှစ်ဖက်နှင့်ထုရိုက်ကာထိုးပေမယ့် အချည်းနှီးသာ။

ရေငတ်နေတဲ့သူတစ်ယောက်လို အာသာပြင်းပြင်း စုပ်ယူနေတော့ နှုတ်ခမ်းများနာရာမှ ထုံလာသည်။

"Ting.....Tong..."

တံခါး bell မြည်သံကြားလိုက်ရပြီး Ray ပိုကာရုန်းတော့သည်။

"အွန်းးးးး"
"အ..."

Jasper နှုတ်ခမ်းတွေကိုကိုက်ချလိုက်သောကြောင့် အနမ်းများရပ်တန့်သွားချိန်တွင် Jump နာမည်ကိုသူအားကိုးတကြီးအော်ခေါ်မိသည်။

"Jump!!!....
ငါ့ကိုလွှတ်ပေး Jas လွှတ်.!"

Jasper့ မျက်နှာချက်ချင်းခက်ထန်သွားကာ ကြောက်မက်ဖွယ်ပြုံးပြလေသည်။
Ray ကိုယ်လေးကို ပုခုံးပေါ်တင်ထမ်းလိုက်ပြီး အိပ်ခန်းထဲသို့ဦးတည်သွားတော့သည်။
Ray ဘယ်လောက်ပဲအော်ဟစ်ရုန်းကန်ပါစေ အသံလုံစနစ်နှင့်တည်ဆောက်ထားသော VIP ခန်းကြောင့် အပြင်ဘက်မှ Jump ကြားနိုင်မည်မဟုတ်။

ကုတင်ပေါ် ပစ်ချလိုက်သည်နှင့် Ray အမြန်ထကာ အခန်းတံခါးဆီသို့ပြေးပေမယ့် Jasper ကသူ့ခါးမှပြန်ဆွဲမကာ ကုတင်ပေါ်ပစ်တင်လိုက်ပြန်သည်။ တံခါး bell သံကတော့ အဆက်မပြတ်ထွက်ပေါ်နေတုန်းပင်။

"Jas...မင်း.ဘာလုပ်မလို့လဲ"

Ray ကြောက်လန့်မှုကိုမထိန်းချုပ်နိုင်ဘဲ အသံများတုန်ယင်နေသည်။

"babe ထင်တဲ့အတိုင်းပဲ..."

Jasper T shirt ပေါ်မှထပ်ဝတ်ထားသော ဂျာကင်ကိုချွတ်ကာ Ray ကိုလှဲချလိုက်ပြီး လက်နှစ်ဖက်ကိုချုပ်ကာ အပေါ်မှအုပ်မိုးပြီးကြည့်လိုက်သည်။

"ကိုယ် babe ကိုချစ်တယ်"

Jasper, Ray နှုတ်ခမ်းတွေကိုငုံ့ကာနမ်းရန်ပြင်လိုက်တော့ Ray မျက်နှာကိုတစ်ဖက်လွှဲကာရှောင်လိုက်သည်။

နှုတ်ခမ်းကိုအနမ်းမခံဘဲ အတင်းရှောင်နေတော့ Ray လည်တိုင်ပေါ်သို့ပြစ်မှတ်ရောက်ရှိသွားခဲ့သည်။

လည်တိုင်ဖွေးဖွေးကိုစုပ်ယူနမ်းရှိုက်တော့ Ray အော်ဟစ်ရုနး်ကန်ပြန်သည်။

Ray ဝတ်ထားသော shirt အဖြူလေးမှာလည်း Jasper အားနှင့်ဆွဲလိုက်သောကြောင့် ကြယ်သီးများအားလုံးပြုတ်ထွက်သွားသည်။

"Jump!!!!"

Ray ကူကယ်ရာမဲ့စွာ Jump နာမည်ကိုအသံကုန်အော်ခေါ်လိုက်တော့ Jasper လှုပ်ရှားမှုများရပ်တန့်သွားကာ သားရဲတစ်ကောင်လိုကြောက်မက်ဖွယ်မျက်လုံးများနှင့်သူ့ကိုကြည့်လာသည်။

"မခေါ်နဲ့ !!! အဲ့ကောင်နာမည်ကို
ကိုယ် babe ကိုချစ်တယ်လို့ဝန်ခံလိုက်ပြီလေ.....
babe ကလည်းကိုယ့်ကိုချစ်တာပဲ အဲ့တော့ ကိုယ်ကမှ babe ရဲ့ချစ်သူလေ...."
"Jump!!!"

ဖြောင်း!!!.....

"မခေါ်နဲ့လို့ကိုယ်ပြောနေတယ်လေ!...."

Jasper သူ့ပါးကိုရိုက်ပြီး ဒေါသတကြီးအော်ကာ သူ့ရင်ဘက်ကိုကိုက်ချလိုက်ပြန်သည်။

ကြောက်ရွံ့ခြင်း....
ထိန့်လန့်ခြင်း.....
နာကျင်ခြင်း....
ဝမ်းနည်းခြင်းတွေကို စုပေါင်းကာ ပါးပြင်ပေါ်မျက်ရည်စီးကြောင်းများဖြစ်ပေါ်လာသည်။

ရုန်းလေ ပို၍တင်းကြပ်စွာချုပ်လေ ဖြစ်သောကြောင့် Ray ငြိမ်ကျသွားကာ မျက်ဝန်းတွေကိုသာတင်းနေအောင်မှိတ်ထားလိုက်သည်။

Jasper သူ့အပေါ်ပိုင်းကို နမ်းရှိုက်ပြီး ဗိုက်သားတွေကိုလည်း ကိုက်ထားသောကြောင့် နီရဲကာ သွေးပင်စို့နေသည်။

သူ့ဘောင်းဘီဇစ်ဆီ Jasper လက်ရောက်သွားတော့ Ray အံကိုတင်းတင်းကြိတ်ကာထိန်းသည့်ကြားမှ ရှိုက်သံသဲ့သဲ့ကထွက်ပေါ်လာခဲ့သည်။

Jasper လှုပ်ရှားမှုများရပ်တန့်သွားကာ တုန်ယင်နေပြီး မျက်ရည်တွေစီးကျနေသည့် Ray ကိုချုပ်ထားသည့်လက်များကိုလွှတ်ပေးလိုက်သည်။

"babe..."
"........"

Jasper သူရိုက်လိုက်သော Ray ပါးပြင်ကိုထိကာခေါ်လိုက်သည်။

"ကျေနပ်ပြီလား...."
"babe ကိုယ်...."
"မင်းကျေနပ်ရင်ပြန်တော့......"
"တောင်းပန်ပါတယ် ကိုယ် babe ကိုအရမ်းချစ်လွန်းလို့ပါ"

Ray မျက်ဝန်းတွေပွင့်လာပြီး Jasper့ မျက်နှာကိုစိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

"ငါကတော့ မင်းကိုမချစ်တော့ဘူး...."

Ray သူ့အပေါ်မှ Jasper့ကိုအတင်းတွန်းဖယ်ကာထလိုက်သည်။

"ကိုယ်အရမ်းဒေါသထွက်သွားလို့ပါ ကိုယ်တောင်းပန်ပါတယ် ကိုယ်နဲ့အတူပြန်လိုက်ခဲ့ပါနော်...."

Ray အနားတွင်ရှိသော ဘောပင်ကိုယူကာ လည်ပင်းတွင်ထောက်လိုက်တော့ Jasper မျက်လုံးပြူးသွားရသည်။

"မင်းအခုချက်ချင်းထွက်သွားမလား ငါ့ကိုယ်ငါသတ်သေရမလား..."
"ကိုယ်ထွက်သွားပေးမယ်.....
ဘောပင်ကိုဖယ်လိုက်နော် babe "

Jasper သူ့အခန်းထဲကထွက်သွားမှ Ray လက်ထဲမှဘောပင်ကိုချလိုက်ကာ ခွေကျသွားခဲ့သည်။

📲🎶 phone ring.....

Ray မျက်ရည်တွေကိုသုတ်ကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး အသံထိန်းကာ ဖုန်းကိုင်လိုက်သည်။

"Hello Jump "
"Han hotel မှာမရှိဘူးလား ကိုယ် bell တီးတာလာဖွင့်မပေးလို့ reception မှာထိုင်စောင့်နေတာ..."
"Jump ဒီနေ့တော့မတွေ့ဖြစ်တော့ဘူးထင်တယ် ငါကအလုပ်ကိစ္စနဲ့ David ဆီရောက်နေတာ
နောက်နေ့မှတွေ့ကြမယ်နော်"

သူ့ဒီလိုပုံစံကို Jump ကိုမမြင်စေချင်ပါ။

"Ok အဲ့တာဆိုကိုယ်ပြန်တော့မယ်...
အရမ်းချစ်တယ်နော် Han"
"အင်း"

Jump VIP အခန်းရှေ့မှလှည့်ထွက်လာခဲ့သည်။

Ray အခန်းရှေ့ကို သူရောက်လာပြီး bell တီးသော်လည်းတံခါးလာမဖွင့်သောကြောင့် ရေချိုးနေသည်အထင်နှင့် သူထိုအခန်းနှင့်မလှမ်းမကမ်းတွင် ရပ်စောင့်နေခဲ့သည်။

သိပ်မကြာလိုက် အခန်းထဲမှ Jasper ထွက်လာသည်ကိုသူမြင်လိုက်ရသည်။ မျက်ရည်တွေနှင့် Jasper ကြောင့် သူ Han ကိုစိတ်ပူသွားသည်။

ဖုန်းဆက်ကြည့်လိုက်တော့ Han သူ့ကိုအပြင်ရောက်နေတာဆိုပြီးလိမ်သည်။ အနည်းငယ်တုန်ယင်နေသော Han့ အသံကြောင့် သူဆက်မပြောတော့ပေ။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Bangkok ရဲ့ view ကောင်းသည့်နာမည်ကြီးစားသောက်ဆိုင်တစ်ခုတွင် Ray ရောက်နေပြီး သူ့ကိုချိန်းဆိုထားသည့် Mr.Cinn ကိုစောင့်နေလိုက်သည်။

"ရောက်နေတာကြာပြီလား Khun Ray"
"မကြာသေးပါဘူး"

Waiter ဆီမှ menu ကိုကြည့်ကာ မှာလိုက်ကြသည်။

"Uncle သားနဲ့ရွယ်တူပဲဆိုတော့ Ray လို့ပဲခေါ်မယ်နော် ရလား"
"ရပါတယ်"
"Ray နဲ့ညစာအတူစားဖို့ချိန်းဆိုရတာက အလုပ်ကိစ္စကြောင့်မဟုတ်ပါဘူး....
Jasper ကြောင့်ပါ"

Ray ချက်ချင်းထိုဝိုင်းမှထရပ်လိုက်သည်။

"ဒါဆိုရင်တော့ ကျွန်တော့်ကိုခွင့်ပြုပါဦး Uncle"
"Uncle ပြောတာကိုကျေးဇူးပြုပြီး နားထောင်ပေးပါ....
Uncle တောင်းဆိုပါတယ် Ray"

Ray ထိုင်ခုံတွင်ပြန်ထိုင်လိုက်သည်။

Mr.Cinn, Ray ကို Jasper အတိတ်အကြောင်းတွေကိုပြောပြလေသည်။

"Uncle သားက Ray ကိုတကယ်ချစ်ရှာပါတယ်......
သူအတိတ်ကြောင့်သာ သူဒီလိုတွေလုပ်နေတာပါ
Jasper ကိုယ်စား Uncle,Ray ကိုတောင်းပန်ပါတယ်...ပြီးတော့
အဖေတစ်ယောက်အနေနဲ့ Uncle့ သားအချစ်ကို လက်ခံယုံကြည်ပေးပါလို့တောင်းဆိုပါရစေ"

Ray သူသိလိုက်ရသည့် Jasper့ရဲ့ လျှို့ဝှက်ချက်ကြောင့် ဘာစကားတစ်ခွန်းမှပြန်မပြောနိုင်တော့.....

Hotel ပြန်ရောက်သည်အထိ Ray အတွေးများနှင့် ငြိမ်သက်နေသည်။

🎶 income message

"babe ဟိုတစ်နေ့က ကိစ္စအတွက်ကိုယ်တောင်းပန်ပါတယ်
ကိုယ် babe ကိုချစ်တယ်..."

သူမျှော်လင့်နေခဲ့ရသည့် Jas ဆီမှ ချစ်တယ်ဆိုတဲ့စကားကိုသူကြားခဲ့ရပေမယ့် တွေဝေနေမိသည်။ သူ Jas ဆီပြန်သွားရင် Jump ကရော....

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Jump နှင့်အတူ date လုပ်ရန်အပြင်ရောက်နေပေမယ့် စိတ်ကလူနှင့်မကပ်။

"Han ရေခဲမုန့်စားမယ်မလား"
"......."
"Han!!!"
"ဟင် ဘာပြောတာလဲ Jump"
"ရေခဲမုန့်စားမှာမလားလို့"
"အင်း စားမယ်လေ"

"Han နေမကောင်းဘူးလား"
"...."
"Han..."
"ဟင်..."
"ဘာမှမဟုတ်တော့ဘူး...."
"Jump ငါမင်းကိုပြောစရာရှိတယ် ...
ငါ....."
"ရေခဲမုန့်တွေ အရည်ပျော်ကုန်မယ် အရင်စားလိုက်ဦး..."

Jump သူ့ပြောမည့်စကားကိုဖြတ်ကာ လမ်းကြောင်းလွှဲလိုက်သည်။

Hotel ရှေ့ကိုရောက်တော့ Ray ပြောမှဖြစ်တော့မည်။

"Jump"
"နောက်နေ့မှ...နောက်နေ့မှပြောလို့မရဘူးလားဟင်"
"ငါတောင်းပန်ပါတယ် Jump ......
ငါတို့လမ်းခွဲရအောင် "
"........."
"ငါတကယ်တောင်းပန်ပါတယ် Jump"
"မတောင်းပန်ပါနဲ့.....
ကိုယ် Han နဲ့လမ်းခွဲပေးပါမယ်...."
"......"
"ကိုယ်မင်းကို မပိုင်ဆိုင်ရရင်တောင် ပျော်စေချင်တယ် Han မင်းတန်ဖိုးကိုနားမလည်တဲ့ သူ့အနားမှာ မင်းတကယ်ပျော်ရွှင်နိုင်မှာလား"
"ငါပျော်ရွှင်နိုင်မယ်ထင်တယ်"
"ကိုယ် တစ်ခုတော့တောင်းဆိုချင်တယ်....
အရင်လို Han အနားမှာ သူငယ်ချင်းတစ်ယောက်လိုနေခွင့်ပြုပါ....
Han လိုအပ်ချိန်တိုင်း ကိုယ်အမြဲမင်းအနားမှာရှိနေပေးမယ်"
"အင်း"

ကိုယ်ဟာမင်းရဲ့ ဒုတိယလူဆိုရင်တောင်
မင်းပျော်နေရင် ကိုယ်အဆင်ပြေပါတယ်..Han..


(Treat you better လေး Jump အတွက်)
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Zawgyi





"ရောက်လာပြီလား မြန်တာ"


"ဘာကိစ္စရှိလို့လဲ"



"......"
"......"



"မင်းပြန်တော့ Jas.."
".........."




"Ting.....Tong..."


"အွန်းးးးး"
"အ..."


"Jump!!!....





"babe ထင်တဲ့အတိုင်းပဲ..."


"ကိုယ် babe ကိုချစ်တယ်"



လည်တိုင်ဖွေးဖွေးကိုစုပ်ယူနမ်းရှိုက်တော့ Ray အော်ဟစ်ရုန်းကန်ပြန်သည်။


"Jump!!!!"


"Jump!!!"

ဖြောင်း!!!.....



ကြောက်ရွံ့ခြင်း....
ထိန့်လန့်ခြင်း.....
နာကျင်ခြင်း....





"babe..."
"........"


"ကျေနပ်ပြီလား...."
"babe ကိုယ်...."






"ကိုယ်ထွက်သွားပေးမယ်.....


📲🎶 phone ring.....


"Hello Jump "


အရမ်းချစ်တယ်နော် Han"
"အင်း"





🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸


"မကြာသေးပါဘူး"


"ရပါတယ်"
Jasper ကြောင့်ပါ"








🎶 income message

ကိုယ် babe ကိုချစ်တယ်..."


🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸


"......."
"Han!!!"
"ဟင် ဘာပြောတာလဲ Jump"
"အင်း စားမယ်လေ"

"Han နေမကောင်းဘူးလား"
"...."
"Han..."
"ဟင်..."
"ဘာမှမဟုတ်တော့ဘူး...."
ငါ....."



"Jump"
ငါတို့လမ်းခွဲရအောင် "
"........."
"မတောင်းပန်ပါနဲ့.....
"......"
"အင်း"



🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Bạn đang đọc truyện trên: Truyen247.Pro