Part-23 ( destroying)
Unicode
"Win ငါဒီညမင်းဆီမှာအိပ်မယ်"
"ဘာဖြစ်လာတာလဲ..."
"........."
"Ray နဲ့ပြဿနာဖြစ်လာတာလို့တော့မပြောနဲ့နော်"
"ဟုတ်တယ်"
Win စိတ်ပျက်လက်ပျက်သာသက်ပြင်းချလိုက်သည်။
"မင်း Ray ကိုချစ်ရဲ့သားနဲ့ ဘာလို့ Lily နဲ့တွဲတာလဲကွာ ငါမင်းကိုနားမလည်နိုင်တော့ဘူး"
"ငါဘယ်တုန်းက Kha ကိုချစ်တယ်ပြောလို့လဲ Win ငါမိန်းကလေးတွေကိုပဲကြိုက်တာ ငါ gay မဟုတ်ဘူး"
"ငါလည်းမင်းကို gay လို့မပြောပါဘူး.....
မင်း Ray အပေါ်ခံစားနေရတဲ့အရာတွေကအချစ်ကြောင့်ဆိုတာကို မင်းမသိတာမဟုတ်ပါဘူး....
မင်းသိပါတယ်....ဒါကိုတောင်မင်းသိသိရက်နဲ့ငြင်းဆန်နေတာ မပင်ပန်းဘူးလားကွာ...."
"ငါငြင်းဆန်နေတာမဟုတ်ဘူး ငါသူ့ကိုတကယ်မချစ်ဘူး......
Win မင်းမမှတ်မိတော့ဘူးလား မင်းငယ်ငယ်တုန်းက gay တွေကိုဆိုအရမ်းရွံခဲ့တာလေ"
"အဲ့တာငယ်ငယ်တုန်းက ငါရင့်ကျက်မှုမရှိသေးလို့လေ....
အခုငါ နားလည်ပေးနိုင်တယ် လက်လည်းလက်ခံပေးနိုင်တယ်.....
Ray ခံစားချက်ကိုမင်းမငဲ့ညှာခဲ့ဘူး....မင်းအတွက်ပဲ မင်းခေါင်းထဲမှာရှိတာလား Jasper..."
"အေးဟုတ်တယ် ငါ့အတွက်ပဲငါတွေးတယ်
မင်းကငါ့သူငယ်ချင်းဖြစ်ပြီး ငါ့ကိုပဲအပြစ်တင်နေမှာလား Win!!!"
"ငါမင်းကိုအပြစ်တင်နေတာမဟုတ်ဘူး
မင်းမမှားသင့်တာမမှားအောင် ငါထောက်ပြနေတာ.....!!!"
တဖြည်းဖြည်းနှင့်အသံတွေလည်းမာလာပြီး ဒေါသတွေပါ ပါလာသောကြောင့် Win ဆက်မပြောချင်တော့ဘဲ အခန်းထဲသာဝင်ခဲ့မိတော့သည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Jasper ညကအတွေးများစွာနှင့်အိပ်မပျော်နိုင်ခဲ့ဘဲ Win မနိုးခင်အိမ်သို့ပြန်ခဲ့တော့သည်။
Condo car parking တွင်ကားထိုးပြီး lift ထဲရောက်မှ Ray ကားကိုမတွေ့သောကြောင့်ခပ်တွေတွေဖြစ်သွားသည်။ မျက်စိမှားပြီးမတွေ့တာနေမှာပါ.....
အခန်းထဲဝင်လိုက်တော့ အရာရာကတိတ်ဆိတ်နေသည်။ Ray မနိုးသေးလောက်ဘူး ဟုတွေးကာ ဧည့်ခန်း sofa ပေါ်တွင်သာလှဲနေလိုက်သည်။
တစ်နာရီကျော်ကျော်ကြာသွားပေမယ့် လှုပ်ရှားမှုတစ်စုံတစ်ရာမရှိတိတ်ဆိတ်နေစဲဖြစ်သောကြောင့် Jasper စိတ်ထဲတစ်မျိုးဖြစ်လာသည်။
ခါတိုင်းသည်လိုအချိန်ဆိုမနက်စာပြင်ပြီးလာနှိုးတတ်တဲ့ သူ့ babe ဒီနေ့နေမကောင်းလို့များမထတာလား....ဆိုသည့်အတွေးနှင့် အိပ်ခန်းတံခါးကိုဖွင့်ကြည့်လိုက်ရာ ......
ကုတင်ပေါ်တွင်ဘယ်သူမှရှိမနေသလို စောင်ခေါင်းအုံးများကလည်းမှေးစက်သူမရှိဘဲပုံစံမပျက်......
အဝတ် ဗီရိုကိုအပြေးအလွှားဖွင့်ကြည့်လိုက်တော့ သူနှင့်အတူပေါင်းထည့်ထားသည့် Ray ၏အဝတ်များလည်းတစ်ထည်မှမရှိတော့ပေ။
Jasper ခေါင်းထဲတွင်အတွေးများနှင့်ရှုပ်ရှက်ခတ်ပြီး ဘာတွေဖြစ်နေမှန်းနားမလည်နိုင်သေး။
သူကိုယ်တိုင်သယ်လာခဲ့သည့် Ray ၏အသုံးအဆောင်ပစ္စည်းများကိုလည်းမတွေ့ရတော့။
ကုတင်ဘေး မီးအိမ်တင်စားပွဲလေးပေါ်တွင်တွေ့ရတဲ့ note paper လေးတစ်ရွက်.....
""ကိုယ်ရွေးတဲ့လမ်းကို ကိုယ်ဆက်လျှောက်ကြတာပေါ့ Jas""
Jasper note paper လေးကိုဆုပ်ကိုင်ကာ Ray ၏အခန်းဘက်သို့ အမြန်ပြေးထွက်ခဲ့တော့သည်။
သူ့အခန်း password နဲ့အတူတူပင်ဖြစ်သည့် အတွက် ဖွင့်ရန်လွယ်ကူသော်လည်း တုန်နေသောလက်အစုံကြောင့် အကြိမ်ကြိမ်မှားယွင်းနေသည်။
babe ဒီအခန်းထဲမှာရှိပါစေဟုသာစိတ်ထဲကအထပ်ထပ်ဆုတောင်းပြီး တံခါးဖွင့်ဝင်သွားသောအခါ သူ့ခြေထောက်တွေဆက်ရပ်ဖို့တောင့်အားမရှိတော့ဘဲ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်မိသည်။
သူ့ဖုန်းရဲ့ content ကနံပါတ်တစ်နေမှာရှိတဲ့ phone number လေးကိုခေါ်လိုက်တော့လည်း ဖြေဆိုသူမရှိ......
"babe ဒီမှာရှိတယ်မလား ကိုယ့်ကိုပုန်းမနေပါနဲ့....ထွက်ခဲ့ပါကွာ....
ကိုယ်နဲ့ပြန်လိုက်ခဲ့နော်.....
ကိုယ့်ကိုစိတ်ဆိုးနေရင် babe ကျေနပ်တဲ့အထိကိုယ်တောင်းပန်ပာမယ်ကွာ ပုန်းမနေပါနဲ့တော့...
babe........
ကိုယ့်အနားမှာအမြဲရှိမယ်ဆို ကိုယ့်ကိုထားမသွားပါဘူးလို့ babe ကတိပေးထားတယ်လေ.....
babe ကိုယ့်ကိုနောက်နေတာမလား...."
Jasper တစ်ယောက်တည်းစကားတွေပြောရင်း မျက်ရည်တွေကအထိန်းအချုပ်မဲ့စွာပါးပြင်ပေါ်သို့အလုအယက်စီးဆင်းနေသည်။
လစ်ဟာမှုနှင့် တဆစ်ဆစ်နာကျင်နေသောနှလုံးသားကို ထုရိုက်ကာအရူးတစ်ယောက်လို Ray ကိုသာအော်ခေါ်နေမိသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Hello Jump ဒီနေ့အားလား"
"အင်း.....အားတယ် Han ဘယ်သွားချင်လို့လဲ"
"ကျောင်းပိတ်ရက်ပြင်းလို့ ရုပ်ရှင်သွားကြည့်မလားလို့"
"ကိုယ် condo ကိုလာခေါ်ပေးမယ်လေ"
"ငါက condo မှာမဟုတ်ဘူး Jump"
"Codo မှာမဟုတ်ရင် ဘယ်မှာလဲ"
"W Hotel မှာ"
"W Hotel?"
"အင်း..."
"Ok ကိုယ်လာခဲ့မယ်"
ပေါ့ပေါ့ပါးပါး shirt အစင်းနှင့် ဂျင်းတစ်ထည်ကိုသာဝတ်ဆင်လိုက်ပြီး hotel car parking သို့ထွက်လာခဲ့သည်။
"မင်္ဂလာပါ သခင်လေး!!! "
Hotel reception မှဖြတ်အလျှောက် တာဝန်ခံနှင့်မန်နေဂျာများ၏ တစ်ပြိုင်နက်ထဲထွက်ပေါ်လာသောအသံကြောင့် Ray လန့်ကာ ကိုယ်လေးပင်ကျုံ့သွားသည်။ တခြားဧည့်သည်များကလည်း Ray ကိုအထူးအဆန်းသဖွယ်ကြည့်နေကြသည်။
W ရဲ့ပိုင်ရှင်ဥက္ကဋ္ဌမှန်းမသိစေချင်လို့မှ သခင်လေးခေါ်ခိုင်းပါတယ်ဆို သူတို့ကအုပ်စုလိုက်ကြီးဒီလိုဝိုင်းအော်မှတော့ရိပ်မိကုန်တော့မှာပဲ.....
Jump အလာကိုစောင့်နေရင်း ဖုန်းကိုဖွင့်ကြည့်လိုက်ရာ Jasper ထံမှ များပြားစွာ ဝင်ထားတဲ့ missed call တွေကိုတွေ့ရသည်။
"Han.."
"လာပြီလား...."
"သွားမယ်လေ မနက်စာရောစားပြီးပြီလား"
"မစားရသေးဘူး Jump မင်းကားထားခဲ့လိုက်လေ ငါ့ကားပဲယူသွားရအောင်"
"Han သဘောပါဗျာ.."
ကားကို Jump ကပဲမောင်းပြီး အရင်ဆုံးသူတို့နှစ်ယောက်မနက်စာကို ဘူဖေးသွားစားကြသည်။
"Jump ငါ့ကိုမေးချင်တာတွေရှိနေတယ်မလား"
"ကိုယ်မေးရင် Han ကပြောပြမှာလား"
"အင်း မေးကြည့်"
"ဘာလို့ condo မှာမဟုတ်ဘဲ hotel မှာရောက်နေတာလဲ"
"ငါ condo မှာမနေချင်လို့ hotel မှာလာနေနေတာ"
"ဘာလို့ condo မှာမနေချင်တာလဲ?....."
"တချို့ကိစ္စလေးတွေရှိလို့..."
"Ok ကိုယ်ဆက်မမေးတော့ဘူး အခု ရုပ်ရှင်သွားကြည့်မှာမလား သွားမယ်လေ..."
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Colaတွေအရမ်းမသောက်နဲ့ gas ပါတာတွေကအစာအိမ်အတွက်မကောင်းဘူး.."
Jasper နဲ့ဆိုရင်သူကပဲအမြဲဂရုစိုက်ပေးခဲ့ရပြီး Jump ကကျတော့သူ့ကိုအစားအသောက်ကအစ လိုက်ဂရုစိုက်ပေးသည်။
Jasper အကြောင်းခေါင်းထဲဝင်လာပြန်တော့ ကြည့်နေတဲ့ဟာသရုပ်ရှင်ကဘာမှန်းမသိတော့မျက်ရည်တွေသာရစ်ဝဲပြီး မြင်ကွင်းအားလုံးဝေဝါးလာသည်။
တစ်ချိန်လုံးသူ့ကိုအရိပ်တကြည့်ကြည့်ဖြစ်နေသော Jump မှာ Ray ကိုရင်ခွင်ထဲထည့်ကာဖက်ထားလိုက်သည်။ သူတို့ကနောက်ဆုံးတန်းကိုယူထားသောကြောင့် ဘယ်သူမှမမြင်ပေ။
"ငိုလိုက် Han အရမ်း မွန်းကြပ်နေတယ်မလား...ငိုလိုက်နော်......"
ရင်ခွင်ထဲမှအသံမထွက်အောင် တသိမ့်သိမ့်ငိုနေသော Ray ၏ကျောကုန်းလေးကိုအသာအယာပုတ်ကာနှစ်သိမ့်ပေးလိုက်သည်။
သူသိတာပေါ့ သူ့ရဲ့ Han က Jasper ကြောင့်နာကျင်မွန်းကြပ်နေတယ်ဆိုတာ....
ငိုလိုက်ပါ Han.....
မင်းမျက်ရည်တွေကိုတခြားသူမမြင်အောင် ကိုယ်ကွယ်ဝှက်ထားပေးမယ်.....
"အခုစိတ်ထဲပေါ့သွားပြီလား..."
"အင်း..."
ဖောင်းမို့မို့ မျက်လုံးလေးများနှင့် သူ့ကိုပြုံးပြလာသည့် Han ကအမှန်တကယ်ကို စိတ်ထဲပေါ့ပါးနေသည်။
"shopping ထွက်ရအောင် Jump..."
"သခင်လေးသဘောပါဗျာ....."
တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ကြိုက်တာတွေ့ရင်ဝယ်လိုက် သူ့ကိုလည်းသဘောကျတာတွေ့ရင်ဝတ်ကြည့်ခိုင်းလိုက်နှင့် ပျော်နေသော Han ကြောင့်သူလည်းပျော်ပါသည်။ နှစ်ယောက်အတူတွဲရိုက်ထားသည့် ဓာတ်ပုံများကိုလည်း Ray IG တွင်တင်လိုက်သည်။
"Jump ငါဒီည ကားပြိုင်ပွဲသွားမလို့...လိုက်မလား.."
"ကားပြိုင်ပွဲ?"
"အင်း.....David စီစဉ်ပေးထားတာ..."
"အန္တရာယ်များတယ်နော် Han..."
"အာ့ဆို..မလိုက်ဘူးပေါ့..."
"လိုက်မှာပေါ့... Han တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ..."
"ဒါမှ ငါ့သူငယ်ချင်း Jump"
သူ့ပခုံးကိုခုန်ဖက်ကာ အားရပါးရရယ်နေတဲ့ Han ကိုသာသူငေးကြည့်နေမိသည်။ မင်းရဲ့သူငယ်ချင်းနေရာမှာရှိရင်ကို ကိုယ်ကျေနပ်တယ် Han......
မင်းအနားမှာ ရှိခွင့်ရပြီး မင်းကိုပြုံးရယ်စေရင်ကို ကိုယ်ကျေနပ်ပါတယ်။
📲🎶 phone ring........
screen မှာပေါ်နေတဲ့ ခေါ်ဆိုသူက Jasper....
Ray မကိုင်ဘဲ ပိတ်ပစ်လိုက်သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Hotel ပြန်ကာ Jump ကားယူလိုက်ပြီး ပြိုင်မည့်ကွင်းသို့ထွက်လာခဲ့သည်။
သူတို့နှစ်ဦးပြိုင်ကွင်းကိုရောက်တော့ David ကကြိုဆိုသည်။
အထာပေးနေသည့် စကီလေးများကိုမျက်စိမှိတ်ပြလိုက်တော့ အနားကိုရောက်လာကြသည်။
David ကတော့ Ray လုပ်ရပ်ကိုကြည့်ကာ အံ့ဩသလိုမျက်လုံးများနှင့်ကြည့်နေတော့ Ray ပုခုံးတွန့်ပြလိုက်သည်။
သူ့ကိုမေးရန်ပါးစပ်ပြင်နေသည့် David ကို Ray ပိတ်ပြောလိုက်သည်။
"No question David..."
David ဘာမေးခွန်းမှမေးမရတော့ Jump အနားရောက်သွားသည်။
"မင်းက Han သူငယ်ချင်းလား"
"ဟုတ်ကဲ့ ကျွန်တော့်နာမည် Jump Thanin ပါ...."
"Jump Thanin? မင်းက Sky Construction Group ကတစ်ဦးတည်းသောသားမလား.......မင်းHan ဘယ်သူလဲဆိုတာသိတယ်မလား?......"
"သိတယ်....Hanကိုသွားမပြောပါနဲ့နော် ကျွန်တော်သူ့အနားကိုရည်ရွယ်ချက်ရှိလို့ကပ်တယ်လို့သူထင်သွားလိမ့်မယ်"
"Han သိပြီးသားပါ..."
"ဟမ်...."
"မင်းဘယ်သူလဲဆိုတာကို Han သေချာပေါက်သိပြီးသားပါ Jump...
Han ကသူ့အနားကိုရောက်လာကြတဲ့လူတိုင်းက ဘယ်သူဆိုတာကိုသူသိပြီးသားပါ.....
ပြီးတော့ မင်းသူ့အနားကိုရည်ရွယ်ချက်ရှိလို့ရောက်လာတာမဟုတ်မှန်းလည်းသူသိပါတယ်....
သူ့မင်းကိုကြည့်တဲ့မျက်ဝန်းထဲမှာယုံကြည်ခြင်းတွေပါနေတယ်.....
ဘာပြဲဖစ်ဖြစ် ငါမင်းကို Jasper ထက်ပိုသဘောကျတယ်.......
ကြိုးစားထားနော် Jump......
တစ်နေ့ငါ့တူလေး မင်းအချစ်တွေကိုလက်ခံလာမှာပါ...."
သူ့ပုခုံးကိုပုတ်ပြီးပြောသွားတဲ့ David ကသူ Han ကိုချစ်နေမှန်းပါသိနေတော့ သူပါးစပ်အဟောင်းသားလေးဖြစ်ပြီးသာကျန်ခဲ့တော့သည်။
ပြိုင်ပွဲတွေကလောင်းကြေးကြီးပြီး Ray ကကြေးအမြင့်ဆုံးပွဲတွင်ဝင်ပြိုင်သည်။
"Han သတိထားနော် "
""ဒိုင်းးးးး"
အချက်ပေးသေနတ်ဖောက်လိုက်သည်နှင့် Ray ကားကိုမိုင်ကုန်တင်ကာမောင်းထွက်လိုက်သည်။ ဘေးကနေသူ့ကားကိုနှစ်စင်းညှက်ပြီး ပွတ်ဆွဲပီးတိုက်ကြတော့ Ray လည်းပြန်ရမ်းပြီးတိုက်ပြစ်လိုက်သည်။ တခြားသူတွေဆိုလျှင်သူတို့ကားထိခိုက်မည်ဆိုး၍အနောက်တွင်သာသေချာပေါက်ချန်ရစ်ခဲ့ပေလိမ့်မည်။
အရှိန်ပြင်းပြင်းနှင့်မောင်းနေသောသူ့ကားကိုဘေးကနေဝင်ဖြတ်တိုက်လိုက်တော့ ကွင်းနံရံနှင့်ဝင်အောင်းကာ ခေါင်းပိုင်းစုတ်သွားပေမယ့် ပြန်ကွေ့ကာ မိုင်ကုန်တင်ပြီးဆက်မောင်းလိုက်သည်။ ရှေ့ကားအားလုံးကိုကျော်ပြီး ပန်းဝင်သွားပေမယ့် သူ့ bmw မှာလုံးဝရစရာမရှိတော့ပေ။
သူကားထဲကနေထွက်လာတာနဲ့ Jump နဲ့ David ကစိုးရိမ်တကြီးပြေးလာကြသည်။
"David ဒီကားကိုဖျက်ဆီးပြစ်လိုက်တော့"
"ဟမ် ဘာလို့လဲပြန်ပြင်လို့ရသေးတာကို..."
"ကျွန်တော်အသစ်တစ်စီးမှာထားပြီးပြီ ဒီကားကိုမလိုချင်တော့ဘူး"
ပြောပြီး လှည့်ထွက်သွားသည့် Ray အနောက်ကို Jump ပြေးလိုက်သွားရသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မင်းနဲ့ပတ်သက်တဲ့
အမှတ်တရတွေထဲမှာ ရှင်သန်နေမယ့်အစား
အမှတ်ရစေတဲ့ အရာအားလုံးကို
ငါဖျက်ဆီးပြစ်မယ်.......
Ray Han
******************************
Zawgyi
"Win ငါဒီညမင္းဆီမွာအိပ္မယ္"
"ဘာျဖစ္လာတာလဲ..."
"........."
"Ray နဲ႕ျပႆနာျဖစ္လာတာလို႔ေတာ့မေျပာနဲ႕ေနာ္"
"ဟုတ္တယ္"
Win စိတ္ပ်က္လက္ပ်က္သာသက္ျပင္းခ်လိဳက္သည္။
"မင္း Ray ကိုခ်စ္ရဲ႕သားနဲ႕ ဘာလို႔ Lily နဲ႕တြဲတာလဲကြာ ငါမင္းကိုနားမလည္နိုင္ေတာ့ဘူး"
"ငါဘယ္တုန္းက Kha ကိုခ်စ္တယ္ေျပာလို႔လဲ Win ငါမိန္းကေလးေတြကိုပဲႀကိဳက္တာ ငါ gay မဟုတ္ဘူး"
"ငါလည္းမင္းကို gay လို႔မေျပာပါဘူး.....
မင္း Ray အေပၚခံစားေနရတဲ့အရာေတြကအခ်စ္ေၾကာင့္ဆိုတာကို မင္းမသိတာမဟုတ္ပါဘူး....
မင္းသိပါတယ္....ဒါကိုေတာင္မင္းသိသိရက္နဲ႕ျငင္းဆန္ေနတာ မပင္ပန္းဘူးလားကြာ...."
"ငါျငင္းဆန္ေနတာမဟုတ္ဘူး ငါသူ႕ကိုတကယ္မခ်စ္ဘူး......
Win မင္းမမွတ္မိေတာ့ဘူးလား မင္းငယ္ငယ္တုန္းက gay ေတြကိုဆိုအရမ္း႐ြံခဲ့တာေလ"
"အဲ့တာငယ္ငယ္တုန္းက ငါရင့္က်က္မႈမရွိေသးလို႔ေလ....
အခုငါ နားလည္ေပးနိုင္တယ္ လက္လည္းလက္ခံေပးနိုင္တယ္.....
Ray ခံစားခ်က္ကိုမင္းမငဲ့ညွာခဲ့ဘူး....မင္းအတြက္ပဲ မင္းေခါင္းထဲမွာရွိတာလား Jasper..."
"ေအးဟုတ္တယ္ ငါ့အတြက္ပဲငါေတြးတယ္
မင္းကငါ့သူငယ္ခ်င္းျဖစ္ၿပီး ငါ့ကိုပဲအျပစ္တင္ေနမွာလား Win!!!"
"ငါမင္းကိုအျပစ္တင္ေနတာမဟုတ္ဘူး
မင္းမမွားသင့္တာမမွားေအာင္ ငါေထာက္ျပေနတာ.....!!!"
တျဖည္းျဖည္းႏွင့္အသံေတြလည္းမာလာၿပီး ေဒါသေတြပါ ပါလာေသာေၾကာင့္ Win ဆက္မေျပာခ်င္ေတာ့ဘဲ အခန္းထဲသာဝင္ခဲ့မိေတာ့သည္။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Jasper ညကအေတြးမ်ားစြာႏွင့္အိပ္မေပ်ာ္နိုင္ခဲ့ဘဲ Win မနိုးခင္အိမ္သို႔ျပန္ခဲ့ေတာ့သည္။
Condo car parking တြင္ကားထိုးၿပီး lift ထဲေရာက္မွ Ray ကားကိုမေတြ႕ေသာေၾကာင့္ခပ္ေတြေတြျဖစ္သြားသည္။ မ်က္စိမွားၿပီးမေတြ႕တာေနမွာပါ.....
အခန္းထဲဝင္လိုက္ေတာ့ အရာရာကတိတ္ဆိတ္ေနသည္။ Ray မနိုးေသးေလာက္ဘူး ဟုေတြးကာ ဧည့္ခန္း sofa ေပၚတြင္သာလွဲေနလိုက္သည္။
တစ္နာရီေက်ာ္ေက်ာ္ၾကာသြားေပမယ့္ လႈပ္ရွားမႈတစ္စုံတစ္ရာမရွိတိတ္ဆိတ္ေနစဲျဖစ္ေသာေၾကာင့္ Jasper စိတ္ထဲတစ္မ်ိဳးျဖစ္လာသည္။
ခါတိုင္းသည္လိုအခ်ိန္ဆိုမနက္စာျပင္ၿပီးလာႏွိုးတတ္တဲ့ သူ႕ babe ဒီေန႕ေနမေကာင္းလို႔မ်ားမထတာလား....ဆိုသည့္အေတြးႏွင့္ အိပ္ခန္းတံခါးကိုဖြင့္ၾကည့္လိုက္ရာ ......
ကုတင္ေပၚတြင္ဘယ္သူမွရွိမေနသလို ေစာင္ေခါင္းအုံးမ်ားကလည္းေမွးစက္သူမရွိဘဲပုံစံမပ်က္......
အဝတ္ ဗီရိုကိုအေျပးအလႊားဖြင့္ၾကည့္လိုက္ေတာ့ သူႏွင့္အတူေပါင္းထည့္ထားသည့္ Ray ၏အဝတ္မ်ားလည္းတစ္ထည္မွမရွိေတာ့ေပ။
Jasper ေခါင္းထဲတြင္အေတြးမ်ားႏွင့္ရႈပ္ရွက္ခတ္ၿပီး ဘာေတြျဖစ္ေနမွန္းနားမလည္နိုင္ေသး။
သူကိုယ္တိုင္သယ္လာခဲ့သည့္ Ray ၏အသုံးအေဆာင္ပစၥည္းမ်ားကိုလည္းမေတြ႕ရေတာ့။
ကုတင္ေဘး မီးအိမ္တင္စားပြဲေလးေပၚတြင္ေတြ႕ရတဲ့ note paper ေလးတစ္႐ြက္.....
""ကိုယ္ေ႐ြးတဲ့လမ္းကို ကိုယ္ဆက္ေလွ်ာက္ၾကတာေပါ့ Jas""
Jasper note paper ေလးကိုဆုပ္ကိုင္ကာ Ray ၏အခန္းဘက္သို႔ အျမန္ေျပးထြက္ခဲ့ေတာ့သည္။
သူ႕အခန္း password နဲ႕အတူတူပင္ျဖစ္သည့္ အတြက္ ဖြင့္ရန္လြယ္ကူေသာ္လည္း တုန္ေနေသာလက္အစုံေၾကာင့္ အႀကိမ္ႀကိမ္မွားယြင္းေနသည္။
babe ဒီအခန္းထဲမွာရွိပါေစဟုသာစိတ္ထဲကအထပ္ထပ္ဆုေတာင္းၿပီး တံခါးဖြင့္ဝင္သြားေသာအခါ သူ႕ေျခေထာက္ေတြဆက္ရပ္ဖို႔ေတာင့္အားမရွိေတာ့ဘဲ ၾကမ္းျပင္ေပၚသို႔ ဒူးေထာက္ထိုင္ခ်လိဳက္မိသည္။
သူ႕ဖုန္းရဲ႕ content ကနံပါတ္တစ္ေနမွာရွိတဲ့ phone number ေလးကိုေခၚလိုက္ေတာ့လည္း ေျဖဆိုသူမရွိ......
"babe ဒီမွာရွိတယ္မလား ကိုယ့္ကိုပုန္းမေနပါနဲ႕....ထြက္ခဲ့ပါကြာ....
ကိုယ္နဲ႕ျပန္လိုက္ခဲ့ေနာ္.....
ကိုယ့္ကိုစိတ္ဆိုးေနရင္ babe ေက်နပ္တဲ့အထိကိုယ္ေတာင္းပန္ပာမယ္ကြာ ပုန္းမေနပါနဲ႕ေတာ့...
babe........
ကိုယ့္အနားမွာအၿမဲရွိမယ္ဆို ကိုယ့္ကိုထားမသြားပါဘူးလို႔ babe ကတိေပးထားတယ္ေလ.....
babe ကိုယ့္ကိုေနာက္ေနတာမလား...."
Jasper တစ္ေယာက္တည္းစကားေတြေျပာရင္း မ်က္ရည္ေတြကအထိန္းအခ်ဳပ္မဲ့စြာပါးျပင္ေပၚသို႔အလုအယက္စီးဆင္းေနသည္။
လစ္ဟာမႈႏွင့္ တဆစ္ဆစ္နာက်င္ေနေသာႏွလုံးသားကို ထုရိုက္ကာအ႐ူးတစ္ေယာက္လို Ray ကိုသာေအာ္ေခၚေနမိသည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"Hello Jump ဒီေန႕အားလား"
"အင္း.....အားတယ္ Han ဘယ္သြားခ်င္လို႔လဲ"
"ေက်ာင္းပိတ္ရက္ျပင္းလို႔ ႐ုပ္ရွင္သြားၾကည့္မလားလို႔"
"ကိုယ္ condo ကိုလာေခၚေပးမယ္ေလ"
"ငါက condo မွာမဟုတ္ဘူး Jump"
"Codo မွာမဟုတ္ရင္ ဘယ္မွာလဲ"
"W Hotel မွာ"
"W Hotel?"
"အင္း..."
"Ok ကိုယ္လာခဲ့မယ္"
ေပါ့ေပါ့ပါးပါး shirt အစင္းႏွင့္ ဂ်င္းတစ္ထည္ကိုသာဝတ္ဆင္လိုက္ၿပီး hotel car parking သို႔ထြက္လာခဲ့သည္။
"မဂၤလာပါ သခင္ေလး!!! "
Hotel reception မွျဖတ္အေလွ်ာက္ တာဝန္ခံႏွင့္မန္ေနဂ်ာမ်ား၏ တစ္ၿပိဳင္နက္ထဲထြက္ေပၚလာေသာအသံေၾကာင့္ Ray လန႔္ကာ ကိုယ္ေလးပင္က်ဳံ႕သြားသည္။ တျခားဧည့္သည္မ်ားကလည္း Ray ကိုအထူးအဆန္းသဖြယ္ၾကည့္ေနၾကသည္။
W ရဲ႕ပိုင္ရွင္ဥကၠ႒မွန္းမသိေစခ်င္လို႔မွ သခင္ေလးေခၚခိုင္းပါတယ္ဆို သူတို႔ကအုပ္စုလိုက္ႀကီးဒီလိုဝိုင္းေအာ္မွေတာ့ရိပ္မိကုန္ေတာ့မွာပဲ.....
Jump အလာကိုေစာင့္ေနရင္း ဖုန္းကိုဖြင့္ၾကည့္လိုက္ရာ Jasper ထံမွ မ်ားျပားစြာ ဝင္ထားတဲ့ missed call ေတြကိုေတြ႕ရသည္။
"Han.."
"လာၿပီလား...."
"သြားမယ္ေလ မနက္စာေရာစားၿပီးၿပီလား"
"မစားရေသးဘူး Jump မင္းကားထားခဲ့လိုက္ေလ ငါ့ကားပဲယူသြားရေအာင္"
"Han သေဘာပါဗ်ာ.."
ကားကို Jump ကပဲေမာင္းၿပီး အရင္ဆုံးသူတို႔ႏွစ္ေယာက္မနက္စာကို ဘူေဖးသြားစားၾကသည္။
"Jump ငါ့ကိုေမးခ်င္တာေတြရွိေနတယ္မလား"
"ကိုယ္ေမးရင္ Han ကေျပာျပမွာလား"
"အင္း ေမးၾကည့္"
"ဘာလို႔ condo မွာမဟုတ္ဘဲ hotel မွာေရာက္ေနတာလဲ"
"ငါ condo မွာမေနခ်င္လို႔ hotel မွာလာေနေနတာ"
"ဘာလို႔ condo မွာမေနခ်င္တာလဲ?....."
"တခ်ိဳ႕ကိစၥေလးေတြရွိလို႔..."
"Ok ကိုယ္ဆက္မေမးေတာ့ဘူး အခု ႐ုပ္ရွင္သြားၾကည့္မွာမလား သြားမယ္ေလ..."
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Colaေတြအရမ္းမေသာက္နဲ႕ gas ပါတာေတြကအစာအိမ္အတြက္မေကာင္းဘူး.."
Jasper နဲ႕ဆိုရင္သူကပဲအၿမဲဂ႐ုစိုက္ေပးခဲ့ရၿပီး Jump ကက်ေတာ့သူ႕ကိုအစားအေသာက္ကအစ လိုက္ဂ႐ုစိုက္ေပးသည္။
Jasper အေၾကာင္းေခါင္းထဲဝင္လာျပန္ေတာ့ ၾကည့္ေနတဲ့ဟာသ႐ုပ္ရွင္ကဘာမွန္းမသိေတာ့မ်က္ရည္ေတြသာရစ္ဝဲၿပီး ျမင္ကြင္းအားလုံးေဝဝါးလာသည္။
တစ္ခ်ိန္လုံးသူ႕ကိုအရိပ္တၾကည့္ၾကည့္ျဖစ္ေနေသာ Jump မွာ Ray ကိုရင္ခြင္ထဲထည့္ကာဖက္ထားလိုက္သည္။ သူတို႔ကေနာက္ဆုံးတန္းကိုယူထားေသာေၾကာင့္ ဘယ္သူမွမျမင္ေပ။
"ငိုလိုက္ Han အရမ္း မြန္းၾကပ္ေနတယ္မလား...ငိုလိုက္ေနာ္......"
ရင္ခြင္ထဲမွအသံမထြက္ေအာင္ တသိမ့္သိမ့္ငိုေနေသာ Ray ၏ေက်ာကုန္းေလးကိုအသာအယာပုတ္ကာႏွစ္သိမ့္ေပးလိုက္သည္။
သူသိတာေပါ့ သူ႕ရဲ႕ Han က Jasper ေၾကာင့္နာက်င္မြန္းၾကပ္ေနတယ္ဆိုတာ....
ငိုလိုက္ပါ Han.....
မင္းမ်က္ရည္ေတြကိုတျခားသူမျမင္ေအာင္ ကိုယ္ကြယ္ဝွက္ထားေပးမယ္.....
"အခုစိတ္ထဲေပါ့သြားၿပီလား..."
"အင္း..."
ေဖာင္းမို႔မို႔ မ်က္လုံးေလးမ်ားႏွင့္ သူ႕ကိုၿပဳံးျပလာသည့္ Han ကအမွန္တကယ္ကို စိတ္ထဲေပါ့ပါးေနသည္။
"shopping ထြက္ရေအာင္ Jump..."
"သခင္ေလးသေဘာပါဗ်ာ....."
တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္ ႀကိဳက္တာေတြ႕ရင္ဝယ္လိုက္ သူ႕ကိုလည္းသေဘာက်တာေတြ႕ရင္ဝတ္ၾကည့္ခိုင္းလိုက္ႏွင့္ ေပ်ာ္ေနေသာ Han ေၾကာင့္သူလည္းေပ်ာ္ပါသည္။ ႏွစ္ေယာက္အတူတြဲရိုက္ထားသည့္ ဓာတ္ပုံမ်ားကိုလည္း Ray IG တြင္တင္လိုက္သည္။
"Jump ငါဒီည ကားၿပိဳင္ပြဲသြားမလို႔...လိုက္မလား.."
"ကားၿပိဳင္ပြဲ?"
"အင္း.....David စီစဥ္ေပးထားတာ..."
"အႏၱရာယ္မ်ားတယ္ေနာ္ Han..."
"အာ့ဆို..မလိုက္ဘူးေပါ့..."
"လိုက္မွာေပါ့... Han တစ္ခုခုျဖစ္သြားရင္ဘယ္လိုလုပ္မလဲ..."
"ဒါမွ ငါ့သူငယ္ခ်င္း Jump"
သူ႕ပခုံးကိုခုန္ဖက္ကာ အားရပါးရရယ္ေနတဲ့ Han ကိုသာသူေငးၾကည့္ေနမိသည္။ မင္းရဲ႕သူငယ္ခ်င္းေနရာမွာရွိရင္ကို ကိုယ္ေက်နပ္တယ္ Han......
မင္းအနားမွာ ရွိခြင့္ရၿပီး မင္းကိုၿပဳံးရယ္ေစရင္ကို ကိုယ္ေက်နပ္ပါတယ္။
📲🎶 phone ring........
screen မွာေပၚေနတဲ့ ေခၚဆိုသူက Jasper....
Ray မကိုင္ဘဲ ပိတ္ပစ္လိုက္သည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Hotel ျပန္ကာ Jump ကားယူလိုက္ၿပီး ၿပိဳင္မည့္ကြင္းသို႔ထြက္လာခဲ့သည္။
သူတို႔ႏွစ္ဦးၿပိဳင္ကြင္းကိုေရာက္ေတာ့ David ကႀကိဳဆိုသည္။
အထာေပးေနသည့္ စကီေလးမ်ားကိုမ်က္စိမွိတ္ျပလိုက္ေတာ့ အနားကိုေရာက္လာၾကသည္။
David ကေတာ့ Ray လုပ္ရပ္ကိုၾကည့္ကာ အံ့ဩသလိုမ်က္လုံးမ်ားႏွင့္ၾကည့္ေနေတာ့ Ray ပုခုံးတြန႔္ျပလိုက္သည္။
သူ႕ကိုေမးရန္ပါးစပ္ျပင္ေနသည့္ David ကို Ray ပိတ္ေျပာလိုက္သည္။
"No question David..."
David ဘာေမးခြန္းမွေမးမရေတာ့ Jump အနားေရာက္သြားသည္။
"မင္းက Han သူငယ္ခ်င္းလား"
"ဟုတ္ကဲ့ ကြၽန္ေတာ့္နာမည္ Jump Thanin ပါ...."
"Jump Thanin? မင္းက Sky Construction Group ကတစ္ဦးတည္းေသာသားမလား.......မင္းHan ဘယ္သူလဲဆိုတာသိတယ္မလား?......"
"သိတယ္....Hanကိုသြားမေျပာပါနဲ႕ေနာ္ ကြၽန္ေတာ္သူ႕အနားကိုရည္႐ြယ္ခ်က္ရွိလို႔ကပ္တယ္လို႔သူထင္သြားလိမ့္မယ္"
"Han သိၿပီးသားပါ..."
"ဟမ္...."
"မင္းဘယ္သူလဲဆိုတာကို Han ေသခ်ာေပါက္သိၿပီးသားပါ Jump...
Han ကသူ႕အနားကိုေရာက္လာၾကတဲ့လူတိုင္းက ဘယ္သူဆိုတာကိုသူသိၿပီးသားပါ.....
ၿပီးေတာ့ မင္းသူ႕အနားကိုရည္႐ြယ္ခ်က္ရွိလို႔ေရာက္လာတာမဟုတ္မွန္းလည္းသူသိပါတယ္....
သူ႕မင္းကိုၾကည့္တဲ့မ်က္ဝန္းထဲမွာယုံၾကည္ျခင္းေတြပါေနတယ္.....
ဘာၿပဲဖစ္ျဖစ္ ငါမင္းကို Jasper ထက္ပိုသေဘာက်တယ္.......
ႀကိဳးစားထားေနာ္ Jump......
တစ္ေန႕ငါ့တူေလး မင္းအခ်စ္ေတြကိုလက္ခံလာမွာပါ...."
သူ႕ပုခုံးကိုပုတ္ၿပီးေျပာသြားတဲ့ David ကသူ Han ကိုခ်စ္ေနမွန္းပါသိေနေတာ့ သူပါးစပ္အေဟာင္းသားေလးျဖစ္ၿပီးသာက်န္ခဲ့ေတာ့သည္။
ၿပိဳင္ပြဲေတြကေလာင္းေၾကးႀကီးၿပီး Ray ကေၾကးအျမင့္ဆုံးပြဲတြင္ဝင္ၿပိဳင္သည္။
"Han သတိထားေနာ္ "
""ဒိုင္းးးးး"
အခ်က္ေပးေသနတ္ေဖာက္လိုက္သည္ႏွင့္ Ray ကားကိုမိုင္ကုန္တင္ကာေမာင္းထြက္လိုက္သည္။ ေဘးကေနသူ႕ကားကိုႏွစ္စင္းညွက္ၿပီး ပြတ္ဆြဲပီးတိုက္ၾကေတာ့ Ray လည္းျပန္ရမ္းၿပီးတိုက္ျပစ္လိုက္သည္။ တျခားသူေတြဆိုလွ်င္သူတို႔ကားထိခိုက္မည္ဆိုး၍အေနာက္တြင္သာေသခ်ာေပါက္ခ်န္ရစ္ခဲ့ေပလိမ့္မည္။
အရွိန္ျပင္းျပင္းႏွင့္ေမာင္းေနေသာသူ႕ကားကိုေဘးကေနဝင္ျဖတ္တိုက္လိုက္ေတာ့ ကြင္းနံရံႏွင့္ဝင္ေအာင္းကာ ေခါင္းပိုင္းစုတ္သြားေပမယ့္ ျပန္ေကြ႕ကာ မိုင္ကုန္တင္ၿပီးဆက္ေမာင္းလိုက္သည္။ ေရွ႕ကားအားလုံးကိုေက်ာ္ၿပီး ပန္းဝင္သြားေပမယ့္ သူ႕ bmw မွာလုံးဝရစရာမရွိေတာ့ေပ။
သူကားထဲကေနထြက္လာတာနဲ႕ Jump နဲ႕ David ကစိုးရိမ္တႀကီးေျပးလာၾကသည္။
"David ဒီကားကိုဖ်က္ဆီးျပစ္လိုက္ေတာ့"
"ဟမ္ ဘာလို႔လဲျပန္ျပင္လို႔ရေသးတာကို..."
"ကြၽန္ေတာ္အသစ္တစ္စီးမွာထားၿပီးၿပီ ဒီကားကိုမလိုခ်င္ေတာ့ဘူး"
ေျပာၿပီး လွည့္ထြက္သြားသည့္ Ray အေနာက္ကို Jump ေျပးလိုက္သြားရသည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မင္းနဲ႕ပတ္သက္တဲ့
အမွတ္တရေတြထဲမွာ ရွင္သန္ေနမယ့္အစား
အမွတ္ရေစတဲ့ အရာအားလုံးကို
ငါဖ်က္ဆီးျပစ္မယ္.......
Ray Han
Bạn đang đọc truyện trên: Truyen247.Pro