Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-22 ( leaving)

Unicode

"လိင်တူ လိင်ကွဲ ချစ်ခြင်းအပေါ်သင်ဘယ်လိုထင်မြင်ပါသလဲ?"

Ray ကျသည့်မေးခွန်းကတစ်မျိုးကြီးဖြစ်နေသည်။

Jasper ကတော့
တက်ရောက်နေသည့် ဋ္ဌာနကိုဘာကြောင့်ရွေးခဲ့တာလဲ? ဆိုသည့် သာမန် မေးခွန်းဖြစ်သောကြောင့် အခက်အခဲမရှိဖြေနိုင်သွားသည်။

MC လာပေးသော မိုက်ကို Ray တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ရှင်းလင်းပြတ်သားသောအသံနှင့်အဖြေပေးလိုက်သည်။

"ကျွန်တော်ရဲ့ထင်မြင်ချက်ကတော့....
အချစ်ဆိုတာ လူနှစ်ဦးအတူရေးတဲ့သမိုင်းပါ...
သမိုင်းကိုအတူရေးတဲ့ လူနှစ်ဦးကလည်း ယောက်ျားနဲ့ မိန်းမပဲဖြစ်ရမယ်လို့ သက်မှတ်ချက်မရှိပါဘူး....
သူတို့နှစ်ဦးကြားမှာ ကတိသစ္စာတရား ယုံကြည်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်နေရင်ရပါပြီ.....
ဒါကြောင့်ကျွန်တော့အတွက်ကတော့ လိင်တူ လိင်ကွဲ ချစ်ခြင်းဆိုပြီး ကွဲပြားခြားနားခြင်းမရှိပါဘူး...အချစ်ကအချစ်ပါပဲ....."

Ray သူ့စိတ်ထဲမှာရှိသည့်အတိုင်းဖြေကာ မိုက်ကို MC ဆီပြန်ပေးလိုက်သည်။

အော်ဟစ်အားပေးနေကြသည့် ပရိတ်သတ်များလည်း သူ့အဖြေကြောင့်တိတ်ဆိတ်သွားသည်။ Ray သူအမှားလုပ်မိပြီလားဟုစိတ်ပူသွားမိသော်လည်း လက်မထောင်ပြသော Jump ကြောင့် စိတ်သက်သာရာရမိသည်။

"အားလုံးစိတ်လှုပ်ရှားဖွယ် အပိုင်းကိုရောက်လာပါပြီ ပြိုင်ပွဲရလဒ်တွေကိုကြေညာပေးပါတော့မယ်..."

ဘေးချင်းကပ်ရပ်နေသော Wine မှာ စိတ်လှုပ်ရှားပြီး လက်တွေမငြိမ်သောကြောင့် Ray ကိုယ်ကိုအနည်းငယ်စောင်းကာ ခပ်တိုးတိုးပြောလိုက်သည်။

"အရမ်းစိတ်ပူမနေနဲ့ Wine ဆုရမှာပါ
ကိုကို့ရဲ့ညီမလေးက အရပ်ကလေးပုပေမယ့် လှပါတယ်..."

အားပေးသလိုလိုနှင့် ဒေါက်ဖြုတ်သွားသော Ray ကို Wine ကမျက်လုံးကြီးပြူးပြီးကြည့်နေသည်။

"အဲ့လိုကြီးမကြည့်နဲ့လေ တော်ကြာမျက်ပြူးကြီးနဲ့ဆိုပြီး အမှတ်တွေအကုန်လျော့သွားလိမ့်မယ်"
"ကိုကိုနော်..... "

အံကြိတ်ပြီး သူများတွေကြားမည်ဆိုးသောကြောင့်ခပ်တိုးတိုးပြောသည့် Wineရဲ့ အသံမှာ စိတ်တိုနေသည့်ခွေးလေးမာန်ဖီနေသလိုပင်။

"တတိယဆုရရှိသွားတဲ့ moon နဲ့ star ကတော့ လူမှုရေးသိပ္ပံကိုယ်စားပြု star လေးနဲ့ အားကစားသိပ္ပံမှ moon လေးတို့ဖြစ်ပါတယ်"
..........
..........
"ဒုတိယဆုကတော့ ဆေးဋ္ဌာနကိုယ်စားပြု star လေး Nong Aum နဲ့ စိုက်ပျိုးရေးဋ္ဌာန moon Nong Din.... "
...........
...........
"ပထမဆုကတော့..................."

ကြေညာစရာမကြေညာဘဲ အိုက်တင်ခံနေသော MC ကို Jasper ပြေးရိုက်ချင်စိတ်များတစ်ဖွားဖွား....

ပထမဆု နဲ့ တစ်ကျောင်းလုံးကိုယ်စားပြုဆုသာကျန်တော့သောကြောင့် Ray လည်းအမှန်တကယ်စိတ်လှုပ်ရှားလာမိသည်။

"စီးပွားရေးဋ္ဌာနကိုယ်စားပြုလေး Nong Wine နဲ့.....ခပ်မိုက်မိုက် အင်ဂျင်နီယာလေး Nong Jasper တို့ပဲဖြစ်ပါတယ်"

စလွယ်လက်ခံနေသော Jasper နှင့် Wine ကိုကြည့်ကာ Ray နောက်ဆုံးဆုကြီးအကြောင်းကိုပင်လုံးဝမေ့လျော့သွားအောင် ပျော်ရွှင်မိသည်။

အလုပ်ကိုတောင်အချိန်မပေးနိုင်ပဲ ပင်ပင်ပန်းပန်းလေ့ကျင့်ခဲ့ရတာတွေအတွက် သူလည်းအကျိုးအမြတ်တော့တကယ်ကိုလိုချင်မိပါသည်။

"တစ်ကျောင်းလုံးရဲ့ moon နဲ့ star ကတော့...."
"........."

အားလုံးတိတ်ဆိတ်ပြီး ကိုယ့်အသက်ရှုသံနှင့်နှလုံးခုန်သံကိုသာကြားနေရသည်။

"စီးပွားရေးဋ္ဌာနမှ Nong Ray Han နဲ့ အနုပညာဋ္ဌာနရဲ့ Nong Fah ..."

"Wooooo!!!!ဖြောင်းးးးးးးးးးး!!"

တစ်ခဲနက်ထွက်ပေါ်လာသော လက်ခုပ်တီးအားပေးသံများနှင့်အတူ စလွယ်ကိုလက်ခံလိုက်သည်။

မြန်မာမှာ Fresher welcome King ရွေးတုန်းကတောင်သူဒီလောက်အထိ အားမထုတ်ခဲ့ရပေ။ ဒီအချိန်လေးကိုသူရပ်ထားလိုက်ချင်သည်။ သူချစ်တဲ့ Jas
သူ့ရဲ့ညီမလေးတွေအဖြစ်သက်မှတ်ထားတဲ့ Wine နဲ့ Fah
သူ့ရဲ့သူငယ်ချင်း Jump တို့အားလုံးတူညီသောအပြုံးများနှင့်ပျော်ရွှင်နေသည့်အခိုက်အတန့်လေးကို သူတန်ဖိုးထားမိသည်။

"တစ်ကျောင်းလုံးရဲ့ကိုယ်စားပြု moon နဲ့ star ကိုရွေးချယ်တဲ့နေရာမှာ ရုပ်ရည်တစ်ခုထဲကိုပဲကြည့်တာမဟုတ်ပါဘူး ...
ကိုယ်စားပြုတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အပြုအမူ အရည်အချင်းအားလုံးကိုပါသေချာ ဆန်းစစ်ပြီးရွေးချယ်ခဲ့ကြတာပါ..."

ဒိုင်တွေစကားပြောပြီး ပြိုင်ပွဲပြီးစီးကြောင်းကြေညာပြီးသည်နှင့် Fan တွေနဲ့ဓာတ်ပုံတွဲရိုက်ပေးရသည်ကလည်းအမော....

Fan တွေသူ့ကိုပေးသည့်လက်ဆောင်တွေကိုကူသယ်ပေးသည့် Staff တွေကိုလည်း Ray အမှန်တကယ်အားနာလှသည်။

Fan တစ်ယောက်တပ်ပေးသွားသည့် flower crown လေးနှင့် ချစ်စရာကောင်းနေသော Ray ကိုမျက်တောင်မခတ်ငေးနေသည့် Jump မျက်လုံးကို သူဖောက်ထုတ်ပစ်ချင်မိသည်။


မနက်ကတည်းကပြိုင်ပွဲနဲ့အလုပ်ရှုပ်ပြီး သူ့ကိုဂရုမစိုက်ဘဲ ပါးသာနမ်းသေးသည့် Ray ကိုလည်းမကျေနပ်......

အိမ်ပြန်ရောက်မှတွေ့မယ် babe....

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Ray Condo ကိုပြန်ရောက်ရောက်ချင်း ကုတင်ပေါ်ပြေးတက်ကာ ခြေပစ်လက်ပစ်လှဲချလိုက်ရာ Jasper ကသူ့အပေါ်မှတက်ခွပြီးအုပ်မိုးလိုက်သည်။

ပင်ပန်းသောကြောင့် Ray မျက်စိမဖွင့်ဘဲငြိမ်နေပေမယ့် Jasper သူ့အပေါ်ရောက်နေမှန်းသိသည်။

"babe........."
"........"
"babe!!!"

ပြန်မထူးသော Ray ၏နားနားကိုကပ်ကာအော်ချလိုက်တော့ ကိုယ်တော်လေးကမျက်နှာလေးရှုံ့ပြီးပြန်ငြိမ်သွားပြန်သည်။

Ray ဝတ်ထားတဲ့ shirt အကျႌကိုလည်း Jasper ချွတ်ပြီး လည်ပင်းနှင့် ပခုံးတွေကိုဖိနမ်းပေမယ့် Ray ငြိမ်သက်နေတုန်းပင်။

"babe........................
babe...babe.....babe....babe......"

ဆက်တိုက်ခေါ်တော့လည်း ဂရုကိုမစိုက်သောကြောင့် Jasper ဒေါသပင်ထွက်လာသည်။ ခပ်ဟဟနှုတ်ခမ်းလွှာနှစ်ခုကို သိမ်းကြုံးနမ်းလိုက်ပြီး ခံတွင်းထဲကိုဝင်ကာလျှာလေးကိုရစ်ပတ်စုပ်ယူလိုက်တော့မှ တွန့်သွားပြီး သူ့ရင်ဘက်ကိုလာတွန်းသည့် လက်ကလေးတွေကိုဆုပ်ကိုင်ထားလိုက်သည်။

"အွန်းးးးး အွန်းးး "

အသက််ရှုကြပ်ပြီး အော်မှ Jasper အနမ်းတွေကိုရပ်တန့်လိုက်သည်။

"ငါ့အိပ်ချင်လို့ အပေါ်ကဖယ်ပေးကွာ"
"ဒီ့ထက်နားထောင်ကောင်းအောင်ပြောကြည့်"

Jasper မဖယ်ပေးဘဲရစ်နေသည်။

"Jas....babe ပင်ပန်းပြီး အရမ်းအိပ်ချင်နေလို့ babe အပေါ်ကနေဖယ်ပေးပါနော်.. "

မျက်နှာငယ်လေးနှင့် ခပ်ချွဲချွဲပြောမှ အုပ်မိုးထားရာကဖယ်ကာ ဘေးတွင်ဝင်လှဲပြီး Ray ကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"ကိုယ်လည်းအိပ်ချင်တယ်.... "

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

ပြိုင်ပွဲပြီးဆုံးသွားတော့ Ray အလုပ်တွေဘက်ကိုသာအာရုံစိုက်ထားသည်။

Jasper ကတော့ထုံးစံအတိုင်းပင် ဟိုတစ်နေ့ကပဲ club ကအပြန် ရန်ငြိုးရှိတဲ့ကောင်တွေကအနောက်ကလိုက်လာပေမယ့် Ray လွှတ်ပေးထားတဲ့ကိုယ်ရံတော်တွေကြောင့် ကား အနားတောင်မကပ်ရဲကြပေ။

အခုလည်း partner companyများနှင့်တွေ့ဆုံပွဲသို့တက်ရမတက်ရ စဉ်းစားနေမိသည်။ သူပွဲကိုတက်မည်ဆိုလျှင် သ့ူကိုယ်သူ media ရှေ့ချပြသလိုဖြစ်သွားပေမည်။

📲 Ting ting...income message...

""ကိုကို Y Club ကိုအခုချက်ချင်းလာခဲ့ Wine နဲ့ Fah အဲ့မှာရှိတယ်""

မသွားလို့လဲမဖြစ်တော့ Ray သက်ပြင်းချကာ အဝတ်လဲပီး Y Club သို့ထွက်ခဲ့တော့သည်။

"ကိုကို "

လက်ပြနေသော Wine နှင့် Fah ရှိရာဝိုင်းတွင် Jump ကိုလည်းတွေ့ရသည်။

"Han"
"Jumpလည်းရောက်နေတာလား"
"Kha"

နားထဲတွင် Jas ခေါ်သံကြားလိုက်သောကြောင့် လှည့်ကြည့်လိုက်ရာ သူတို့ဘေးဝိုင်းတွင် Win တို့နှင့် Jas ကိုတွေ့ရသည်။

Y Club တွင် Jasper ရှိနေမည်မှန်း Ray ကိုယ်ရံတော်များ၏အစီရင်ခံမှုကြောင့်သိသည်။

"ဘာလာလုပ်တာလဲ"

အနားရောက်လာသော Jasper အမေးကိုပြန်ဖြေမည်အလုပ် Jasper့ လက်ကိုလှပသည့်လက်တစ်စုံကချိတ်တွဲလိုက်လေသည်။

"honey သူက Ray Han မလား"
"ဟုတ်တယ်လေ baby ရဲ့ကိုယ်သူငယ်ချင်း Ray Han"
"Hi Ray ငါက Lily, honey ရဲ့ official ချစ်သူ"

Official ချစ်သူဆိုသည့်စကားလေး၏ အဓိပ္ပာယ် ကသူ့ကိုလဲကျသွားသည်အထိထိုးနှက်နေပေမယ့် သူမျက်နှာမပျက်သွားဘဲ လုပ်နေကြအတိုင်းအပြုံးတစ်ခုကိုသာချိတ်ဆွဲလိုက်သည်။

"Nice to meet you Lily ကိုယ့်နာမည်ကိုသိပြီးသားနေမှာပါ ကိုယ်က Ray Han ပါ......
ပြီးတော့ Jas နဲ့ချစ်သူတွေဖြစ်သွားတဲ့အတွက် congratulation...."
"ကျေးဇူးပါ Ray, honey ရဲ့သူငယ်ချင်းဆိုတော့ Lily ရဲ့သူငယ်ချင်းပဲပေါ့"

Jasper ကတော့ ဘာမှဝင်မပြောဘဲကြည့်နေသည်။

"Lily တို့ဝိုင်းမှာလာထိုင်ပါလား Lily သူငယ်ချင်းတွေနဲ့ Ray ကိုမိတ်ဆက်ပေးချင်လို့"
"မလာတော့ဘူး ဒီဝိုင်းမှာဘဲသူငယ်ချင်းတွေနဲ့ထိုင်လိုက်တော့မယ် "
"Ok see you Ray"

Ray ခေါင်းငြိမ့်ပြပြီး Jasper ့ကိုကျောခိုင်းကာ Jump အနားတွင်ထိုင်လိုက်သည်။

Jasper တို့ဝိုင်းကိုလှမ်းကြည့်လိုက်တော့ အားလုံးပုံမှန်ပေမယ့် Win ကတော့မျက်နှာမကောင်း သူ့ကိုကြည့်တဲ့အကြည့်တွေကသနားရိပ်တွေပါဝင်နေသည်။

"Han ရော့ဒါသောက် အပြင်းတွေမသောက်နဲ့"
"အင်း"

Jump ပေးသည့်ခွက်ကို သူတစ်ခါထဲမော့ချလိုက်သည်။ ခေါင်းမထောင်နိုင်အောင်မူးမှောက်သွားသည်အထိသောက်ပြစ်ချင်ပေမယ့် သူ့ကျန်းမာရေးအတွက်သောက်လို့မဖြစ်။

"ဟိုလေ...ကို.ကို..."
"ဟမ်..''

Fah ကသူ့ကို ကိုကိုလို့ခေါ်လိုက်သောကြောင့် Ray ကြောင်အမ်းအမ်းဖြစ်သွားသည်။

"Fah က ကိုကို့ကို Wine ခေါ်သလို ကိုကို လို့ပဲခေါ်လို့ရလားဟင်.."

Wine ကသူ့ကိုခေါင်းငြိမ့်ပြပြီး လက်ခံရန်အချက်ပြနေသည်။

"ရတာပေါ့ Fah ရဲ့"
"ကျေးဇူးတင်ပါတယ် ကိုကို..."

"နင်သေချာပေါက်နောင်တရတော့မယ် Jasper"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

တံခါး password ဖွင့်သံကြောင့် Jasper ပြန်လာပြီမှန်း Ray သိလိုက်သည်။

"babe မအိပ်သေးဘူးလား ကိုယ့်ကိုစောင့်နေတာလား"

sofa ပေါ်တွင်ထိုင်နေသော သူ့အနားကို Jasper ရောက်လာပြီး ခါးကိုဖက်ကာ ပါးကိုနမ်းမည်လုပ်သောကြောင့် Ray ရှောင်ကာ မတ်တပ်ထရပ်လိုက်သည်။

"babe ဘာဖြစ်နေတာလဲ"
"ငါမင်းကိုမေးစရာရှိတယ်...
Jas... ငါက..မင်းအတွက်ဘာလဲ....."

Jasper သူ့အမေးကြောင့်ခဏမျှတွေဝေသွားသည်။

"သူငယ်ချင်းလေ babe ကကိုယ့်ရဲ့သူငယ်ချင်းပေါ့"

"ငါကမင်းရဲ့သူငယ်ချင်းမဟုတ်ဘူး Jas ငါမင်းကိုချစ်တယ် မင်းလည်းငါ့ကိုချစ်တယ်လို့ပြောခဲ့တယ်လေ"

"ငါဘယ်တုန်းကပြောခဲ့လို့လဲ ငါမင်းကိုမချစ်ဘူး ပြီးတော့ ငါ gay မဟုတ်ဘူး"
"မင်းလိမ်နေတာ မင်းပြောခဲ့တာကိုမမှတ်မိလည်းရတယ် Jas ဒါပေမယ့်မင်းရဲ့ဒီနေရာကိုသေချာမေးကြည့်ပါ မင်းငါ့ကိုချစ်ပါတယ် "

သူ့ဘယ်ဘက်ရင်အုံပေါ်တင်ထားသော Ray လက်ကို Jasper ခပ်ကြမ်းကြမ်းဖယ်ပြစ်လိုက်သည်။

"မချစ်ဘူး သေချာနားထောင် ငါမင်းကိုလုံးဝမချစ်ဘူး ဘယ်တော့မှလည်းချစ်မှာမဟုတ်ဘူး "
"ဒါဆိုမင်းငါ့ကို ဖက်တာ နမ်းတာတွေကရောဘာလဲ Jas!"
"သူငယ်ချင်းမို့လို့လေ
မင်းငါ့အပေါ်ဒီလိုမျိုးစိတ်တွေရှိနေတာကို ငါမသိခဲ့ဘူး.....
hak...စိတ်ပျက်ဖို့ကောင်းလိုက်တာ "

လှောင်ပြုံးတစ်ခုနှင့် Jasper ပြန်ထွက်သွားခဲ့တော့ Ray လည်းဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။

"ငါကမင်းအတွက် တကယ်ကိုအရေးမပါ မလိုအပ်မှတော့ မင်းအနားမှာတွယ်ကပ်မနေနိုင်တော့ဘူး Jas"

""ကိုယ်ရွေးတဲ့လမ်းကိုကိုယ်ဆက်လျှောက်ကြတာပေါ့ Jas""
Note paper လေးပေါ်ရေးကာ ကုတင်ဘေးမှ မီးအိမ်တင်စားပွဲပေါ်တွင်ကပ်လိုက်သည်။

Ray သူ့ပစ္စည်းတွေအကုန်သိမ်းကာ Jas ၏အခန်းမှရော condo မှပါထွက်လာခဲ့တော့သည်။

ညသန်းခေါင်အချိန် bangkok ရဲ့လမ်းပေါ်တွင်ကားဖြူလေးနှစ်စင်းမှာ မတူညီသော ဦးတည်ချက်ဖြင့်ပြေးလွှားနေသည်။

မောင်းနှင်သူနှစ်ဦးမှာလည်းမတူညီသောရွေးချယ်မှုများနှင့် နာကျင်မှုတွေကိုခံစားနေရသည်။

သူတို့နှစ်ဦးထဲမှတစ်ယောက်ကတော့ တန်ဖိုးရှိတဲ့တစ်စုံတစ်ရာကိုဆုံးရှုံးလိုက်ရပြီဖြစ်သည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

******************************

Zawgyi

"လိင္တူ လိင္ကြဲ ခ်စ္ျခင္းအေပၚသင္ဘယ္လိုထင္ျမင္ပါသလဲ?"

Ray က်သည့္ေမးခြန္းကတစ္မ်ိဳးႀကီးျဖစ္ေနသည္။

Jasper ကေတာ့
တက္ေရာက္ေနသည့္ ႒ာနကိုဘာေၾကာင့္ေရြးခဲ့တာလဲ? ဆိုသည့္ သာမန္ ေမးခြန္းျဖစ္ေသာေၾကာင့္ အခက္အခဲမ႐ွိေျဖႏိုင္သြားသည္။

MC လာေပးေသာ မိုက္ကို Ray တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ကာ ႐ွင္းလင္းျပတ္သားေသာအသံႏွင့္အေျဖေပးလိုက္သည္။

"ကြၽန္ေတာ္ရဲ႕ထင္ျမင္ခ်က္ကေတာ့....
အခ်စ္ဆိုတာ လူႏွစ္ဦးအတူေရးတဲ့သမိုင္းပါ...
သမိုင္းကိုအတူေရးတဲ့ လူႏွစ္ဦးကလည္း ေယာက္်ားနဲ႔ မိန္းမပဲျဖစ္ရမယ္လို႔ သက္မွတ္ခ်က္မ႐ွိပါဘူး....
သူတို႔ႏွစ္ဦးၾကားမွာ ကတိသစၥာတရား ယုံၾကည္မႈနဲ႔ တစ္ေယာက္ကုိတစ္ေယာက္ခ်စ္ေနရင္ရပါၿပီ.....
ဒါေၾကာင့္ကြၽန္ေတာ့အတြက္ကေတာ့ လိင္တူ လိင္ကြဲ ခ်စ္ျခင္းဆိုၿပီး ကြဲျပားျခားနားျခင္းမ႐ွိပါဘူး...အခ်စ္ကအခ်စ္ပါပဲ....."

Ray သူ႔စိတ္ထဲမွာ႐ွိသည့္အတိုင္းေျဖကာ မိုက္ကို MC ဆီျပန္ေပးလိုက္သည္။

ေအာ္ဟစ္အားေပးေနၾကသည့္ ပရိတ္သတ္မ်ားလည္း သူ႔အေျဖေၾကာင့္တိတ္ဆိတ္သြားသည္။ Ray သူအမွားလုပ္မိၿပီလားဟုစိတ္ပူသြားမိေသာ္လည္း လက္မေထာင္ျပေသာ Jump ေၾကာင့္ စိတ္သက္သာရာရမိသည္။

"အားလုံးစိတ္လႈပ္႐ွားဖြယ္ အပိုင္းကိုေရာက္လာပါၿပီ ၿပိဳင္ပြဲရလဒ္ေတြကိုေၾကညာေပးပါေတာ့မယ္..."

ေဘးခ်င္းကပ္ရပ္ေနေသာ Wine မွာ စိတ္လႈပ္႐ွားၿပီး လက္ေတြမၿငိမ္ေသာေၾကာင့္ Ray ကိုယ္ကိုအနည္းငယ္ေစာင္းကာ ခပ္တိုးတိုးေျပာလိုက္သည္။

"အရမ္းစိတ္ပူမေနနဲ႔ Wine ဆုရမွာပါ
ကိုကို႔ရဲ႕ညီမေလးက အရပ္ကေလးပုေပမယ့္ လွပါတယ္..."

အားေပးသလိုလိုႏွင့္ ေဒါက္ျဖဳတ္သြားေသာ Ray ကို Wine ကမ်က္လုံးႀကီးျပဴးၿပီးၾကည့္ေနသည္။

"အဲ့လိုႀကီးမၾကည့္နဲ႔ေလ ေတာ္ၾကာမ်က္ျပဴးႀကီးနဲ႔ဆိုၿပီး အမွတ္ေတြအကုန္ေလ်ာ့သြားလိမ့္မယ္"
"ကိုကိုေနာ္..... "

အံႀကိတ္ၿပီး သူမ်ားေတြၾကားမည္ဆိုးေသာေၾကာင့္ခပ္တိုးတိုးေျပာသည့္ Wine ့အသံမွာ စိတ္တိုေနသည့္ေခြးေလးမာန္ဖီေနသလိုပင္။

"တတိယဆုရ႐ွိသြားတဲ့ moon နဲ႔ star ကေတာ့ လူမႈေရးသိပၸံကိုယ္စားျပဳ star ေလးနဲ႔ အားကစားသိပၸံမွ moon ေလးတို႔ျဖစ္ပါတယ္"
..........
..........
"ဒုတိယဆုကေတာ့ ေဆး႒ာနကိုယ္စားျပဳ star ေလး Nong Aum နဲ႔ စိုက္ပ်ိဳးေရး႒ာန moon Nong Din.... "
...........
...........
"ပထမဆုကေတာ့..................."

ေၾကညာစရာမေၾကညာဘဲ အိုက္တင္ခံေနေသာ MC ကို Jasper ေျပး႐ိုက္ခ်င္စိတ္မ်ားတစ္ဖြားဖြား....

ပထမဆု နဲ႔ တစ္ေက်ာင္းလုံးကိုယ္စားျပဳဆုသာက်န္ေတာ့ေသာေၾကာင့္ Ray လည္းအမွန္တကယ္စိတ္လႈပ္႐ွားလာမိသည္။

"စီးပြားေရး႒ာနကိုယ္စားျပဳေလး Nong Wine နဲ႔.....ခပ္မိုက္မိုက္ အင္ဂ်င္နီယာေလး Nong Jasper တို႔ပဲျဖစ္ပါတယ္"

စလြယ္လက္ခံေနေသာ Jasper ႏွင့္ Wine ကိုၾကည့္ကာ Ray ေနာက္ဆုံးဆုႀကီးအေၾကာင္းကိုပင္လုံးဝေမ့ေလ်ာ့သြားေအာင္ ေပ်ာ္ရႊင္မိသည္။

အလုပ္ကိုေတာင္အခ်ိန္မေပးႏိုင္ပဲ ပင္ပင္ပန္းပန္းေလ့က်င့္ခဲ့ရတာေတြအတြက္ သူလည္းအက်ိဳးအျမတ္ေတာ့တကယ္ကိုလိုခ်င္မိပါသည္။

"တစ္ေက်ာင္းလုံးရဲ႕ moon နဲ႔ star ကေတာ့...."
"........."

အားလုံးတိတ္ဆိတ္ၿပီး ကိုယ့္အသက္႐ႈသံႏွင့္ႏွလုံးခုန္သံကိုသာၾကားေနရသည္။

"စီးပြားေရး႒ာနမွ Nong Ray Han နဲ႔ အႏုပညာ႒ာနရဲ႕ Nong Fah ..."

"Wooooo!!!!ေျဖာင္းးးးးးးးးးး!!"

တစ္ခဲနက္ထြက္ေပၚလာေသာ လက္ခုပ္တီးအားေပးသံမ်ားႏွင့္အတူ စလြယ္ကိုလက္ခံလိုက္သည္။

ျမန္မာမွာ Fresher welcome King ေရြးတုန္းကေတာင္သူဒီေလာက္အထိ အားမထုတ္ခဲ့ရေပ။ ဒီအခ်ိန္ေလးကိုသူရပ္ထားလိုက္ခ်င္သည္။ သူခ်စ္တဲ့ Jas
သူ႔ရဲ႕ညီမေလးေတြအျဖစ္သက္မွတ္ထားတဲ့ Wine နဲ႔ Fah
သူ႔ရဲ႕သူငယ္ခ်င္း Jump တို႔အားလုံးတူညီေသာအျပဳံးမ်ားႏွင့္ေပ်ာ္ရႊင္ေနသည့္အခိုက္အတန္႔ေလးကို သူတန္ဖိုးထားမိသည္။

"တစ္ေက်ာင္းလုံးရဲ႕ကိုယ္စားျပဳ moon နဲ႔ star ကိုေရြးခ်ယ္တဲ့ေနရာမွာ ႐ုပ္ရည္တစ္ခုထဲကိုပဲၾကည့္တာမဟုတ္ပါဘူး ...
ကိုယ္စားျပဳတစ္ေယာက္မွာ ႐ွိသင့္႐ွိထိုက္တဲ့ အျပဳအမူ အရည္အခ်င္းအားလုံးကိုပါေသခ်ာ ဆန္းစစ္ၿပီးေရြးခ်ယ္ခဲ့ၾကတာပါ..."

ဒိုင္ေတြစကားေျပာၿပီး ၿပိဳင္ပြဲၿပီးစီးေၾကာင္းေၾကညာၿပီးသည္ႏွင့္ Fan ေတြနဲ႔ဓာတ္ပုံတြဲ႐ိုက္ေပးရသည္ကလည္းအေမာ....

Fan ေတြသူ႔ကိုေပးသည့္လက္ေဆာင္ေတြကိုကူသယ္ေပးသည့္ Staff ေတြကိုလည္း Ray အမွန္တကယ္အားနာလွသည္။

Fan တစ္ေယာက္တပ္ေပးသြားသည့္ flower crown ေလးႏွင့္ ခ်စ္စရာေကာင္းေနေသာ Ray ကိုမ်က္ေတာင္မခတ္ေငးေနသည့္ Jump မ်က္လုံးကို သူေဖာက္ထုတျ္ပစ္ခ်င္မိသည္။


မနက္ကတည္းကၿပိဳင္ပြဲနဲ႔အလုပ္႐ႈပ္ၿပီး သူ႔ကိုဂ႐ုမစိုက္ဘဲ ပါးသာနမ္းေသးသည့္ Ray ကိုလည္းမေက်နပ္......

အိမ္ျပန္ေရာက္မွေတြ႔မယ္ babe....

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Ray Condo ကိုျပန္ေရာက္ေရာက္ခ်င္း ကုတင္ေပၚေျပးတက္ကာ ေျခပစ္လက္ပစ္လွဲခ်လိုက္ရာ Jasper ကသူ႔အေပၚမွတက္ခြၿပီးအုပ္မိုးလိုက္သည္။

ပင္ပန္းေသာေၾကာင့္ Ray မ်က္စိမဖြင့္ဘဲၿငိမ္ေနေပမယ့္ Jasper သူ႔အေပၚေရာက္ေနမွန္းသိသည္။

"babe........."
"........"
"babe!!!"

ျပန္မထူးေသာ Ray ၏နားနားကိုကပ္ကာေအာ္ခ်လိုက္ေတာ့ ကိုယ္ေတာ္ေလးကမ်က္ႏွာေလး႐ွံု႕ၿပီးျပန္ၿငိမ္သြားျပန္သည္။

Ray ဝတ္ထားတဲ့ shirt အက်ႌကိုလည္း Jasper ခြၽတ္ၿပီး လည္ပင္းႏွင့္ ပခုံးေတြကိုဖိနမ္းေပမယ့္ Ray ၿငိမ္သက္ေနတုန္းပင္။

"babe........................
babe...babe.....babe....babe......"

ဆက္တိုက္ေခၚေတာ့လည္း ဂ႐ုကိုမစိုက္ေသာေၾကာင့္ Jasper ေဒါသပင္ထြက္လာသည္။ ခပ္ဟဟႏႈတ္ခမ္းလႊာႏွစ္ခုကို သိမ္းၾကဳံးနမ္းလိုက္ၿပီး ခံတြင္းထဲကိုဝင္ကာလ်ွာေလးကိုရစ္ပတ္စုပ္ယူလိုက္ေတာ့မွ တြန္႔သြားၿပီး သူ႔ရင္ဘက္ကိုလာတြန္းသည့္ လက္ကေလးေတြကိုဆုပ္ကိုင္ထားလိုက္သည္။

"အြန္းးးးး အြန္းးး "

အသက္္႐ႈၾကပ္ၿပီး ေအာ္မွ Jasper အနမ္းေတြကိုရပ္တန္႔လိုက္သည္။

"ငါ့အိပ္ခ်င္လို႔ အေပၚကဖယ္ေပးကြာ"
"ဒီ့ထက္နားေထာင္ေကာင္းေအာင္ေျပာၾကည့္"

Jasper မဖယ္ေပးဘဲရစ္ေနသည္။

"Jas....babe ပင္ပန္းၿပီး အရမ္းအိပ္ခ်င္ေနလို႔ babe အေပၚကေနဖယ္ေပးပါေနာ္.. "

မ်က္ႏွာငယ္ေလးႏွင့္ ခပ္ခြၽဲခြၽဲေျပာမွ အုပ္မိုးထားရာကဖယ္ကာ ေဘးတြင္ဝင္လွဲၿပီး Ray ကိုရင္ခြင္ထဲဆြဲသြင္းလိုက္သည္။

"ကိုယ္လည္းအိပ္ခ်င္တယ္.... "

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

ၿပိဳင္ပြဲၿပီးဆုံးသြားေတာ့ Ray အလုပ္ေတြဘက္ကိုသာအာ႐ုံစိုက္ထားသည္။

Jasper ကေတာ့ထုံးစံအတိုင္းပင္ ဟိုတစ္ေန႔ကပဲ club ကအျပန္ ရန္ၿငိဳး႐ွိတဲ့ေကာင္ေတြကအေနာက္ကလိုက္လာေပမယ့္ Ray လႊတ္ေပးထားတဲ့ကိုယ္ရံေတာ္ေတြေၾကာင့္ ကား အနားေတာင္မကပ္ရဲၾကေပ။

အခုလည္း partner companyမ်ားႏွင့္ေတြ႕ဆုံပြဲသို႔တက္ရမတက္ရ စဥ္းစားေနမိသည္။ သူပြဲကိုတက္မည္ဆိုလ်ွင္ သ႔ူကိုယ္သူ media ေ႐ွ႕ခ်ျပသလိုျဖစ္သြားေပမည္။

📲 Ting ting...income message...

""ကိုကို Y Club ကိုအခုခ်က္ခ်င္းလာခဲ့ Wine နဲ႔ Fah အဲ့မွာ႐ွိတယ္""

မသြားလို့လဲမျဖစ္ေတာ့ Ray သက္ျပင္းခ်ကာ အဝတ္လဲပီး Y Club သို႔ထြက္ခဲ့ေတာ့သည္။

"ကိုကို "

လက္ျပေနေသာ Wine ႏွင့္ Fah ႐ွိရာဝိုင္းတြင္ Jump ကိုလည္းေတြ႔ရသည္။

"Han"
"Jumpလည္းေရာက္ေနတာလား"
"Kha"

နားထဲတြင္ Jas ေခၚသံၾကားလိုက္ေသာေၾကာင့္ လွည့္ၾကည့္လိုက္ရာ သူတို႔ေဘးဝိုင္းတြင္ Win တို႔ႏွင့္ Jas ကိုေတြ႔ရသည္။

Y Club တြင္ Jasper ႐ွိေနမည္မွန္း Ray ကိုယ္ရံေတာ္မ်ား၏အစီရင္ခံမႈေၾကာင့္သိသည္။

"ဘာလာလုပ္တာလဲ"

အနားေရာက္လာေသာ Jasper အေမးကိုျပန္ေျဖမည္အလုပ္ Jasper့ လက္ကိုလွပသည့္လက္တစ္စုံကခ်ိတ္တြဲလိုက္ေလသည္။

"honey သူက Ray Han မလား"
"ဟုတ္တယ္ေလ baby ရဲ႕ကိုယ္သူငယ္ခ်င္း Ray Han"
"Hi Ray ငါက Lily, honey ရဲ႕ official ခ်စ္သူ"

Official ခ်စ္သူဆိုသည့္စကားေလး၏ အဓိပၸာယ္ ကသူ႔ကိုလဲက်သြားသည္အထိထိုးႏွက္ေနေပမယ့္ သူမ်က္ႏွာမပ်က္သြားဘဲ လုပ္ေနၾကအတိုင္းအျပဳံးတစ္ခုကိုသာခ်ိတ္ဆြဲလိုက္သည္။

"Nice to meet you Lily ကိုယ့္နာမည္ကိုသိၿပီးသားေနမွာပါ ကိုယ္က Ray Han ပါ......
ၿပီးေတာ့ Jas နဲ႔ခ်စ္သူေတြျဖစ္သြားတဲ့အတြက္ congratulation...."
"ေက်းဇူးပါ Ray, honey ရဲ႕သူငယ္ခ်င္းဆိုေတာ့ Lily ရဲ႕သူငယ္ခ်င္းပဲေပါ့"

Jasper ကေတာ့ ဘာမွဝင္မေျပာဘဲျကည့္ေနသည္။

"Lily တို႔ဝိုင္းမွာလာထိုင္ပါလား Lily သူငယ္ခ်င္းေတြနဲ႔ Ray ကိုမိတ္ဆက္ေပးခ်င္လို႔"
"မလာေတာ့ဘူး ဒီဝိုင္းမွာဘဲသူငယ္ခ်င္းေတြနဲ႔ထိုင္လိုက္ေတာ့မယ္ "
"Ok see you Ray"

Ray ေခါင္းၿငိမ့္ျပၿပီး Jasper ့ကိုေက်ာခိုင္းကာ Jump အနားတြင္ထိုင္လိုက္သည္။

Jasper တို႔ဝိုင္းကိုလွမ္းၾကည့္လိုက္ေတာ့ အားလုံးပုံမွန္ေပမယ့္ Win ကေတာ့မ်က္ႏွာမေကာင္း သူ႔ကိုၾကည့္တဲ့အၾကည့္ေတြကသနားရိပ္ေတြပါဝင္ေနသည္။

"Han ေရာ့ဒါေသာက္ အျပင္းေတြမေသာက္နဲ႔"
"အင္း"

Jump ေပးသည့္ခြက္ကို သူတစ္ခါထဲေမာ့ခ်လိုက္သည္။ ေခါင္းမေထာင္ႏိုင္ေအာင္မူးေမွာက္သြားသည္အထိေသာက္ျပစ္ခ်င္ေပမယ့္ သူ႔က်န္းမာေရးအတြက္ေသာက္လို႔မျဖစ္။

"ဟိုေလ...ကို.ကို..."
"ဟမ္..''

Fah ကသူ႔ကို ကိုကိုလို႔ေခၚလိုက္ေသာေၾကာင့္ Ray ေၾကာင္အမ္းအမ္းျဖစ္သြားသည္။

"Fah က ကိုကို႔ကို Wine ေခၚသလို ကိုကို လို႔ပဲေခၚလို႔ရလားဟင္.."

Wine ကသူ႔ကိုေခါင္းၿငိမ့္ျပၿပီး လက္ခံရန္အခ်က္ျပေနသည္။

"ရတာေပါ့ Fah ရဲ႕"
"ေက်းဇူးတင္ပါတယ္ ကိုကို..."

"နင္ေသခ်ာေပါက္ေနာင္တရေတာ့မယ္ Jasper"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

တံခါး password ဖြင့္သံေၾကာင့္ Jasper ျပန္လာၿပီမွန္း Ray သိလိုက္သည္။

"babe မအိပ္ေသးဘူးလား ကိုယ့္ကိုေစာင့္ေနတာလား"

sofa ေပၚတြင္ထိုင္ေနေသာ သူ႔အနားကို Jasper ေရာက္လာၿပီး ခါးကိုဖက္ကာ ပါးကိုနမ္းမည္လုပ္ေသာေၾကာင့္ Ray ေ႐ွာင္ကာ မတ္တပ္ထရပ္လိုက္သည္။

"babe ဘာျဖစ္ေနတာလဲ"
"ငါမင္းကိုေမးစရာ႐ွိတယ္...
Jas... ငါက..မင္းအတြက္ဘာလဲ....."

Jasper သူ႔အေမးေၾကာင့္ခဏမ်ွေတြေဝသြားသည္။

"သူငယ္ခ်င္းေလ babe ကကိုယ့္ရဲ႕သူငယ္ခ်င္းေပါ့"

"ငါကမင္းရဲ႕သူငယ္ခ်င္းမဟုတ္ဘူး Jas ငါမင္းကိုခ်စ္တယ္ မင္းလည္းငါ့ကိုခ်စ္တယ္လို႔ေျပာခဲ့တယ္ေလ"

"ငါဘယ္တုန္းကေျပာခဲ့လို႔လဲ ငါမင္းကိုမခ်စ္ဘူး ၿပီးေတာ့ ငါ gay မဟုတ္ဘူး"
"မင္းလိမ္ေနတာ မင္းေျပာခဲ့တာကိုမမွတ္မိလည္းရတယ္ Jas ဒါေပမယ့္မင္းရဲ႕ဒီေနရာကိုေသခ်ာေမးၾကည့္ပါ မင္းငါ့ကိုခ်စ္ပါတယ္ "

သူ့ဘယ္ဘက္ရင္အုံေပၚတင္ထားေသာ Ray လက္ကို Jasper ခပ္ၾကမ္းၾကမ္းဖယ္ျပစ္လိုက္သည္။

"မခ်စ္ဘူး ေသခ်ာနားေထာင္ ငါမင္းကိုလုံးဝမခ်စ္ဘူး ဘယ္ေတာ့မွလည္းခ်စ္မွာမဟုတ္ဘူး "
"ဒါဆိုမင္းငါ့ကို ဖက္တာ နမ္းတာေတြကေရာဘာလဲ Jas!"
"သူငယ္ခ်င္းမို႔လို႔ေလ
မင္းငါ့အေပၚဒီလိုမ်ိဳးစိတ္ေတြ႐ွိေနတာကို ငါမသိခဲ့ဘူး.....
hak...စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ "

ေလွာင္ျပဳံးတစ္ခုႏွင့္ Jasper ျပန္ထြက္သြားခဲ့ေတာ့ Ray လည္းဆုံးျဖတ္ခ်က္တစ္ခုကိုခ်လိုက္သည္။

"ငါကမင္းအတြက္ တကယ္ကိုအေရးမပါ မလိုအပ္မွေတာ့ မင္းအနားမွာတြယ္ကပ္မေနႏိုင္ေတာ့ဘူး Jas"

""ကိုယ္ေရြးတဲ့လမ္းကိုကိုယ္ဆက္ေလ်ွာက္ၾကတာေပါ့ Jas""
Note paper ေလးေပၚေရးကာ ကုတင္ေဘးမွ မီးအိမ္တင္စားပြဲေပၚတြင္ကပ္လိုက္သည္။

Ray သူ႔ပစၥည္းေတြအကုန္သိမ္းကာ Jas ၏အခန္းမွေရာ condo မွပါထြက္လာခဲ့ေတာ့သည္။

ညသန္းေခါင္အခ်ိန္ bangkok ရဲ႕လမ္းေပၚတြင္ကားျဖဴေလးႏွစ္စင္းမွာ မတူညီေသာ ဦးတည္ခ်က္ျဖင့္ေျပးလႊားေနသည္။

ေမာင္းႏွင္သူႏွစ္ဦးမွာလည္းမတူညီေသာေရြးခ်ယ္မႈမ်ားႏွင့္ နာက်င္မႈေတြကိုခံစားေနရသည္။

သူတို႔ႏွစ္ဦးထဲမွတစ္ေယာက္ကေတာ့ တန္ဖိုး႐ွိတဲ့တစ္စုံတစ္ရာကိုဆုံး႐ွံုးလိုက္ရၿပီျဖစ္သည္။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Bạn đang đọc truyện trên: Truyen247.Pro