Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥
Part-21 ( eternal love)
Unicode
ပုံမှန်ထပ်ခပ်စောစောထပြီး breakfast ပြင်ကာ Jas ကိုနှိုးလိုက်သည်။
"Jas ထတော့မနက်စာပြင်ထားတယ်..."
"....."
"Jas..."
"....."
တုတ်တုတ်မလှုပ်သော Jas နှုတ်ခမ်းကိုဖိကပ်ကာနမ်းလိုက်တော့ မျက်လုံးမပွင့်ပဲပြုံးနေလေသည်။
"Morning.. Kiss...နောက်တစ်ခါလောက်"
အိပ်ချင်မူးတူးသံနှင့် လက်ညှိုး တစ်ချောင်းထောင်ကာတောင်းဆိုလာသောကြောင့် Jas နှုတ်ခမ်းကိုထပ်ပြီးထိကပ်လိုက်သောအခါ..
"အွန်း....."
လက်တစ်ဖက်က ခါးကိုဖက်ပြီး နောက်လက်တစ်ဖက်ကဂုတ်ကိုကိုင်ကာ သူ့နှုတ်ခမ်းပေါ်မှ Ray နှုတ်ခမ်းလေးတွေကို ခပ်ပြင်းပြင်းလေးစုပ်ယူနမ်းရှိုက်လိုက်သည်။
ခဏနှုတ်ခမ်းချင်းခွာပေးလိုက်ပြီး ထပ်နမ်းမည်လုပ်တော့ Ray ကနှုတ်ခမ်းကိုလက်နှင့်ကာ ကာတားလိုက်သည်။
"သွားလည်းမတိုက်ရသေးဘဲနဲ့နမ်းနေတယ်..."
"babe ကကိုယ့်ကိုရွံလို့လား"
"မသိဘူးကွာ...
မြန်မြန်ထတော့ မနက်စာစားရအောင်"
"ကိုယ့်ကို နှုတ်ခမ်းမွှေးရိတ်ပေးဦးလေ"
"ရိတ်ပေးမယ် အခုအိပ်ရာကထတော့"
Ray ကုတင်ပေါ်မှ Jasper ကိုရေချိုးခန်းထဲသို့အတင်းဆွဲခေါ်သွားရသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
မနက်စာစားသည့်တစ်ချိန်လုံးလည်း သူ့ကိုကြည့်ကာပြုံးနေသော Ray မှာတစ်ခုခုပျော်စရာရှိနေပုံပင်....
"babe..."
"ဟင်...ပြောလေ Jas, babe နားထောင်နေတယ်"
သူခေါ်တာကိုမေးလေးထောက်ပြီး ပြန်ထူးသည့်ပုံစံကချစ်စရာအတိ......
"ကိုယ့် babe လေးဘာတွေပျော်နေတာလဲဟင်"
"မနေ့ညက ကိစ္စကြောင့်ပျော်နေတာ"
"မနေ့ညက....?"
"အင်းး"
"ဟိုအနုပညာဋ္ဌာန star နဲ့အပြင်အတူသွားခဲ့ရလို့လား!?"
"မဟုတ်ပါဘူး Jas ကြောင့်လေ"
"ကိုယ့်ကြောင့်? ကိုယ်ဘာလုပ်လို့လဲဟင်"
"မမှတ်မိဘူးလား? မနေ့ညကလေ Jas ကလည်း"
"ဘာလဲလို့? ကိုယ်တကယ်မမှတ်မိဘူး"
"ဘာမှမဟုတ်ပါဘူး..."
သူဝမ်းနည်းမသွားပါဘူး...
Jas ကသူပြောခဲ့တဲ့စကားကိုမမှတ်မိခဲ့ဘူး...
ဒါပေမယ့် Ray ပျော်တယ်..
မူးနေရင်လူတွေကသူတို့ခံစားရတဲ့ခံစားချက်တွေနဲ့တခြားအကြောင်းအရာတွေကို အမှန်အတိုင်းပြောတတ်တာကြောင့် သူတော်တော်ကြီးကိုပျော်နေပါတယ်....
"ကိုယ့်ကိုညက babe အဝတ်လဲပေးတာလား"
"အင်း ဟုတ်တယ်"
Ray ပါးလေးကိုဆွဲညစ်ရင်း အူယားစွာ Jasper ပြောမိသည်။
"အားးးးချစ်ဖို့ကောင်းလိုက်တာ"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Sawadee kurp P' Son P' Cha P' Way"
"Wadee မင်းကစီးပွားရေးဋ္ဌာန moon မလား
ဘာကိစ္စရှိလို့လဲ?"
"ကျွန်တော် P' တို့ကိုအကူအညီတောင်းစရာရှိလို့ပါ"
"Sorry ငါ့ညီ ကိုယ်တို့မင်းကိုကူညီဖို့မအားဘူး"
"P'တို့မအားတာ လမ်းဘေးဖျော်ဖြေပွဲတွေလုပ်နေရလို့မလား..?"
"ဟုတ်တယ်..တူရိယာအသစ်တွေလဲဖို့ ပိုက််ဆံလိုနေတယ် အဲ့တာကြောင့်ငါတို့မအားဘူး "
"P' တို့ကျွန်တော့်ကိုကူညီရင် ကျွန်တော် P' တို့အတွက်တူရိယာအသစ်တွေကို အပြန်အလှန်အနေနဲ့ ဝယ်ပေးလို့ရတယ်"
Ray စကားကြောင့် သုံးယောက်လုံးစိတ်ဝင်စားသွားကြသည်။
"မင်းကစီးပွားရေးကျောင်းသားပီပီ စီးပွားရေးတော်တော်ဆန်တာပဲ Khun Ray Han
ဒါပေမယ့် ငါတို့စိတ်ဝင်စားတယ်
မင်းကိုဘာကူညီရမှာလဲ..?"
"Talent show မှာ ကျွန်တော် guitar တီးပြီးသီချင်းဆိုမယ် စီစဉ်ထားတယ်...
ကျွန်တော်ဆိုဖို့ရွေးလိုက်တဲ့ သီချင်းက guitar နဲ့ပဲဆိုရင် စွဲဆောင်မှုမရှိသလို အရမ်းလဲပေါ့တယ်....
ဒါကြောင့် ကျွန်တော် P' တို့ band ကိုလိုအပ်တယ်"
"ဒါပဲလား?"
"အင်း"
"ငါတို့က မင်းနဲ့အတူဖျော်ဖြေပေးရမယ် ဒါပဲပေါ့?"
"အင်းးး"
"လာနောက်နေတာလား? Drums နဲ့ electronic guitars တွေရဲ့ဈေးကနည်းတာမဟုတ်ဘူးနော်...
ပြီးတော့ငါတို့က အကောင်းဆုံးကိုပဲလိုချင်တာ"
"ကျွန်တော်ကလည်းအကောင်းဆုံးတွေပဲပေးမှာပါ"
"မင်းမှာပိုက်ဆံရှိတာပဲ ဘာလို့တခြားနာမည်ကြီး band တစ်ခုကိုမငှါးဘဲ ငါတို့ကိုရွေးတာလဲ"
"P' တို့က ကျွန်တော်တို့ကျောင်းရဲ့ တစ်ခုတည်းသော band လေ ....
P'တို့ကအရည်အချင်းလည်းရှိတယ်.....
P'တို့မှာ အခက်အခဲဖြစ်နေတယ်လို့လဲကျွန်တော်ကြားထားလို့ပါ"
"Ok ငါတို့မင်းကိုကူညီမယ်"
Ray ကျေနပ်စွာပြုံးလိုက်မိသည်။
"အဆင်ပြေသွားပြီဆိုတော့ ကျွန်တော်တူရိယာတွေပြင်ခိုင်းလိုက်တော့မယ် မနက်ဖြန်ကနေစပြီးကျွန်တော်တို့လေ့ကျင့်ကြမယ် အချိန်နဲ့နေရာကိုတော့ message ပို့လိုက်မယ်"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ပြိုင်ပွဲရက်ကနီးကပ်လာပြီဖြစ်သောကြောင့် သူတို့အားလုံး talent show အတွက်လည်း အသေအလဲလေ့ကျင့်ကြရသည်။
Ray လည်း talent show အတွက်အနုပညာဋ္ဌာနမှ darkness ဆိုသော band ကိုကမ်းလှမ်းခဲ့သည်။ Jasper ကလည်း လေ့ကျင့်နေတယ်ပြောပေမယ့် ဘာလေ့ကျင့်မှန်းလုံးဝမပြောပြချေ။
အကတိုက်ပြီးသည်နှင့် Ray စီစဉ်ထားသည့်အတိုင်း David အိမ်သို့အမြန်ထွက်လာခဲ့သည်။ David အိမ်တွင်တူရိယာသစ်များကိုနေရာချထားပြီး ထိုနေရာတွင်သာ လေ့ကျင့်ရန် ဖြစ်သည်။
သူရောက်သွားတော့ message ပို့ထားသောကြောင့် P' တို့သုံးယောက်ရောက်နေပြီး တူရိယာအသစ်တွေကိုစမ်းသပ်ကြည့်ကာ သဘောကျနေပုံပင်။
David ကတော့နားနှစ်ဖက်ပိတ်ပြီး နှာခေါင်းရှုံ့ပြလေသည်။ နားငြီးတယ်ပေါ့.....
"ကျွန်တော်တို့စကြတော့မလား..."
လေ့ကျင့်ပြီးတော့ David ပြင်ဆင်ပေးသည့်ညစာကိုသူတို့အားလုံးအတူစားကြသည်။
"Ray , David Welson ကတကယ်မင်းဦးလေးလား?"
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
"ဒါဆိုမင်းက........W ရဲ့.....ဥက္ကဋ္ဌ!!!!"
"P' တို့ကလည်းအော်တာ...
secret နော်"
Ray နှုတ်ခမ်းပေါ် လက်ညှိုး လေးတင်ကာပြောတော့ သုံးယောက်လုံးခေါင်းငြိမ့်လေသည်။
တစ်နေကုန်အတန်းတက် အကကျင့်ပြီးရင် band နှင့်လေ့ကျင့်သေးပေမယ့် condo ပြန်ရောက်ရင် boxing လည်းနေ့တိုင်းထိုးဖြစ်သောကြောင့် Jump နှင့်လည်းနေ့တိုင်းတွေ့ဖြစ်သည်။
Jump တို့ပြိုင်ပွဲနေ့မှာ Jasper ့ကိုကတိပေးထားသောကြောင့် Ray မသွားရပေမယ့် live ကြည့်ကာ အားပေးလေသည်။ video call လည်းခဏခဏခေါ်ကာအားပေးစကားပြောရပြန်သည်။ ထင်သည့်အတိုင်း Jump တစ်ကျောင်းလုံးရဲ့ ကိုယ်စားပြုအရွေးခံရသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ပြိုင်ပွဲနေ့..........
စင်အနောက်ဘက်အခန်းထဲမှာ သူတို့အားလုံးအလုပ်ရှုပ်နေကြသည်။ ပထမဆုံး ဋ္ဌာနအလိုက် star နှင့် moon တွဲကာမိတ်ဆက်ပေးသည်။
Jasper တို့အလှည့်ပြီးတော့ Ray တို့အလှည့်ရောက်လာသည်။
"အခုတစ်ခါအတွဲလေးကတော့ စီးပွားရေးဋ္ဌာနရဲ့ moon နှင့် star ဖြစ်ပါတယ်"
MC ရဲ့ကြေညာမှုအဆုံးမှာ Ray နှင့် Wine အတူယှဉ်တွဲပီးထွက်လာသည်။
"Sawadee kurp စီးပွားရေးဋ္ဌာနကိုယ်စားပြု Wine Ranida ဖြစ်ပါတယ် "
"Sawadee kurp စီးပွားရေးဋ္ဌာနကိုယ်စားပြု Ray Han ဖြစ်ပါတယ်"
အားပေးသံတွေနှင့်အတူ Ray နာမည်ကိုလှလှပပရေးထိုးထားသော board များကိုနေရာအနှံ့တွေ့နေရသည်။
စင်အနောက်ရောက်သည်နှင့် ကရန်အတွက်အားလုံးအမြန်အဝတ်လဲကြရသည်။
အမှောင်ချထားသောစင်ပေါ်တွင်လေ့ကျင့်ထားသည့်အတိုင်းအားလုံးနေရာယူလိုက်ကြသည်။
စည်းချက်ကျကျထွက်ပေါ်လာသော လေချွန်သံလက်ဖျောက်တီးသံနှင့်အတူ ရောင်စုံမီးတန်းများထွက်ပေါ်လာသည်။
တစ်လလုံးလုံးလေ့ကျင့်ခဲ့ရသည့် Trouble maker သီချင်းကိုအတွဲလိုက် sexy ကျကျကပြနေသည့် သူတို့ကို စင်အောက်မှ အားပေးသံများကလည်းဆူညံစွာ.....
အဖွဲ့လိုက်ကပြမှုပြီးတော့ talent show အတွက်ပြင်ဆင်ရပြန်သည်။
တစ်ယောက်ပြီးတစ်ယောက်အလှည့်ကျ တင်ဆက်ကြသည်။
Fah ကတော့ အဖြူရောင်ဂါဝန် ရှည်လေးနဲ့ တယောအဖြူလေးကိုတီးခတ်ကာ အားလုံး၏နှလုံးသားကိုလှုပ်ခတ်သွားသည်။
ဂျူဒိုဝတ်စုံကြီးကားယားကားယားနှင့် Jasper တစ်ယောက်စင်ပေါ်တက်သွားတော့ Ray ဘာများလုပ်ပြမလဲစိတ်ဝင်တစားကြည့်မိစဉ်.....
ခွဲပါပြီဗျာ အုတ်ခဲတွေကို သစ်သားပြားတွေကိုလည်းလက်ဝါးနဲ့ရိုက်ရိုက်ချိုးပြနေတာများ အားမာန်အပြည့်......
တိုက်ကွက်တွေလည်းထုတ်ပြလိုက်သေးသောကြောင့် Ray ပါးစပ်အဟောင်းသားနှင့်ကြည့်နေမိသည်။
"ကိုယ်မိုက်တယ်မလား"
အနားရောက်လာပြီး မျက်စပစ်ကာမေးသည့် Jasper့ အမေးကို လက်မလေးထောင်ပြလိုက်သည်။
"အဲ့တာဆို..... "
နှုတ်ခမ်းကိုလက်ညှိုးနှင့်ထိကာ Jasper ပြောတော့ Ray ခေါင်းယမ်းပြလိုက်ကာ တခြားသူတွေကိုကြည့်လိုက်တော့ အားလုံးကိုယ့်ကိစ္စနှင့်ကိုယ်အလုပ်ရှုပ်နေကြသည်။
"Condo ပြန်ရောက်မှပေးမယ်နော်"
မကျေနပ်သလိုတစ်ချက်ရှုံ့ပြသော Jasper ့ကြောင့်သဘောတကျရယ်မိပြန်သည်။
"Ray အဝတ်လဲတော့ မောင်လေးအလှည့်ရောက်တော့မယ်လေ"
P'Jay လာပြောမှ Ray အဝတ်လဲရန်သတိရသည်။
P' Son တို့သုံးယောက်ကတော့အဆင်သင့်ပင်။
စတိုင်ပင်ဘောင်းဘီအဖြူ တီအရှပ်အဖြူပေါ် ပေါ့ပေါ့ပါးပါး ကုတ်အဖြူထပ်ဝတ်ကာ shoe အဖြူနှင့် all white ဝတ်ဆင်ပြီး ခပ်ဝဲဝဲရှေ့ဆံပင်တွေကို spray သုံးကာပုံသွင်းလှန်တင်လိုက်သောအခါ ခန့်ငြားမှုကထင်ရှားလှသည်။
P' Son တို့သုံးယောက်ကလည်း အကျႌကိုအဖြူရောင်တွေသာဝတ်ဆင်ထားကြသည်။
သူ၏ချစ်လှစွာသောညီမလေး Wine ကတော့ ဘယ်အချိန်ကတတ်မြောက်ထားမှန်းမသိသည့် မျက်လှည့်ပညာနှင့်ဖျော်ဖြေသည်။
Drum တွေကသယ်ရပြုရခက်သောကြောင့် ခပ်နိမ့်နိမ့် ဘီးတပ်စင်လေးပေါ်တင်ကာ စင်ပေါ်တွင်နေရာယူထားသည်။
"ငါဆိုတာကို သေချာနားထောင်နော် Jas"
တခြားသူများသတိမထားမိချိန်တွင် Jas ပားကိုနမ်းရင်းပြောလိုက်သည်။
P' Son တို့သုံးယောက်က စင်ပေါ်တွင်နေရာယူထားပြီး MC ကသူ့နာမည်ကိုကြေညာလိုက်သည်နှင့် Fah နှင့်အတူ ထွက်လာခဲ့သည်။ ပရိတ်သတ်များထဲတွင် Jump ကသူ့ကိုလက်ပြနေသောကြောင့် Ray မျက်စိတစ်ဖက်မှိတ်ပြလိုက်ရာ Fan တွေအော်ကြပြန်သည်။
Ray guitar ကိုလွယ်လိုက်ပြီး Fah ကိုခေါင်းငြိမ့်ပြလိုက်သည်။
တယောသံနှင့် guitar သံလေးရောယှက်နေပြီး
P' Son ၏ drum သံနှင့်အတူ Ray ၏ သီချင်းသံထွက်ပေါ်လာသည်။
🎶It's a beautiful feeling
What we got deep inside
We got a flame that will last forever
Together you and I
Such a rush of emotions
There's no way we can push it away
Cuz they'll never tear our love apart...
Our bond will never break
Do you believe in the power
Of everlasting love
We can make it if we stay together
Our love is just enough
Promise me this forever
We'll always stay this way
We can start at the end of time
And do it all again ....
Oh my love
I'm all yours
And there will never be another one
'Cause I'm eternally yours
My heart's a flame
And it's burning in your name
Even through the sands of time
My love will always grow
And I won't let go
No matter if you're near of far
Our bond will never break
......................................
......................................
My eternal love🎶
(Michael Learns to rock ရဲ့ eternal love လေး ကို Ray ဆိုသွားတာနော်)
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
******************************
Zawgyi
"....."
"Jas..."
"....."
"အွန်းး....."
"မသိဘူးကွာ...
Ray ကုတင်ပေါ်မှ Jasper့ ကိုရေချိုးခန်းထဲသို့အတင်းဆွဲခေါ်သွားရသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"babe..."
"မနေ့ညက....?"
"အင်းး"
"ဘာမှမဟုတ်ပါဘူး..."
ဒါပေမယ့် Ray ပျော်တယ်..
"အင်း ဟုတ်တယ်"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ဘာကိစ္စရှိလို့လဲ?"
"ဟုတ်တယ်..တူရိယာအသစ်တွေလဲဖို့ ပိုက်ဆံလိုနေတယ် အဲ့တာကြောင့်ငါတို့မအားဘူး "
မင်းကိုဘာကူညီရမှာလဲ..?"
"ဒါပဲလား?"
"အင်း"
"အင်းးး"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"P' တို့ကလည်းအော်တာ...
secret နော်"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ပြိုင်ပွဲနေ့..........
"ကိုယ်မိုက်တယ်မလား"
"အဲ့တာဆို..... "
P' Son တို့သုံးယောက်ကလည်း အင်္ကျီကိုအဖြူရောင်တွေသာဝတ်ဆင်ထားကြသည်။
What we got deep inside
Together you and I
Such a rush of emotions
Of everlasting love
Our love is just enough
And do it all again ....
Oh my love
I'm all yours
My heart's a flame
And I won't let go
......................................
......................................
My eternal love🎶
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Bạn đang đọc truyện trên: Truyen247.Pro