Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-20 ( confession)

Unicode

Hua Hin မှအပြန်လမ်းတစ်လျှောက်လုံးကားပေါ်တွင် Jasper ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသည်။ line message ဝင်သံဆက်တိုက်ကြားနေရပြီး typing ရိုက်နေရသောကြောင့် ဘေးမှ Ray ကိုတစ်ချက်ပင်လှည့်မကြည့်ပေ။

ကားနားစဉ် Ray မုန့်ဆင်းဝယ်ရန်ခေါ်သော်လည်းမလိုက်ပေ။

ဘာဝယ်ရမလဲရွေးနေစဉ်အနားကို Wine နှင့် Fah ရောက်လာသည်။ Fah မျက်နှာမကောင်းသောကြောင့်တစ်ခုခုဖြစ်ထားပုံပင်။

"Fah နဲ့အတူထိုင်တဲ့ senior အစ်ကိုကြီးက Fah ကိုအရမ်းအသားယူလို့ ....အဲ့တာ...
ကိုကို Fah နဲ့အတူထိုင်ပေးလိုက်ပါလားဟင်...
Wine က P' Cat နဲ့ထိုင်တာဆိုတော့နေရာပြောင်းထိုင်လိုက်ရင်မကောင်းဘူးလေ...."

Ray ဘယ်လိုပြန်ပြောရမလဲဖြစ်နေသည်။ Fah အမှန်တကယ်ကို အခက်တွေ့နေပုံပင်။ သူ Jasper အနားတွင်ထိုင်နေပေမယ့် Jasper ကသူ့ကိုရှိသည်ပင်မထင် သူ့ကိစ္စနှင့်သူမအားသောကြောင့် Ray ကူညီရန်ဆုံးဖြတ်လိုက်သည်။

"Ok ကိုကို Fah နဲ့အတူထိုင်ပေးမယ်"

Ray နှင့် Fah အတူထိုင်သောကြောင့် senior အစ်ကိုကြီး မကျေမနပ်ဖြစ်သွားပြီး Jasper အနားသွားထိုင်လိုက်သည်။

"ကျေးဇူးပဲနော် Ray"
"ရပါတယ်...."

Ray နားကြပ်တပ်ပြီး ခုံကိုမှီအိပ်လိုက်သည်။

ကားထွက်ပြီးနာရီဝက်ခန့်ကြာချိန်တွင် Jasper ဖုန်းပိတ်လိုက်ကာ သူ့ဘေးနားမှလူကို Ray အမှတ်နှင့်ခါးကိုအားရပါးရဖက်ချလိုက်သည်။

"ဘာလုပ်တာလဲ Jasper!!!"

Senior အိပ်ချင်မူးတူးနှင့်အလန့်တကြားထအော်သောကြောင့် တစ်ကားလုံးအိပ်ပျော်နေရာမှနိုးလာကြသည်။

"ခင်ဗျားကဘယ်သူလဲ Kha ဘယ်ရောက်သွားတာလဲ"
"ကိုယ့် senior ကိုတောင်ကိုယ်မသိဘူးလား...."

Jasper သူ့ကိုဒေါသထွက်နေသော senior ဆိုသူကိုဂရုမစိုက်နိုင် သူ့ babe ကိုသာရှာကြည့်နေမိသည်။ Fah နှင့်အတူထိုင်နေသော Ray ကိုတွေ့တော့ မျက်ခုံးများကအလိုလိုတွန့်ချိုးသွားပြန်သည်။ သူ့ကိုခဏမျှသာကြည့်ပြီး မျက်လုံးတွေပြန်မှိတ်သွားသော Ray ကြောင့် အံတွေပါကြိတ်ထားမိသည်။

hak...ကောင်မလေးတစ်ယောက်နဲ့အတူထိုင်ပြီး သိပ်ကိုငြိမ်းချမ်းနေတယ်ပေါ့ Kha....

Jasper ခုံတွင်ပြန်ထိုင်လိုက်တော့ senior ဆိုသူက မကြည်ကြည့်ကြည့်နေသည်။

Ray မျက်ဝန်းများကိုခပ်တင်းတင်းမှိတ်ထားပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ Jasper သူ့ကိုလျစ်လျူရှုထားသလိုမျိုးသူတန်ပြန်ခဲ့ပေမယ့် သူ့ရင်ထဲမှနာကျင်ရသည်။

"Ray....."

Fah ခေါ်သံကြောင့်သူမျက်လုံးဖွင့်ပြီး ဘေးမှသူမကိုကြည့်လိုက်သည်။

"Fah,  Jasper နဲ့နေရာလဲပေးရမလား?"
"မလဲပါနဲ့ Fah.....
ငါ..ok ပါတယ်..."

Ray နားကြပ်မှ သီချင်းကိုသာအာရုံစိုက်နားထောင်နေလိုက်ချိန်တွင် ပုခုံးပေါ်သို့ ကျရောက်လာသောအရာတစ်ခုကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ Fah.....

အိပ်ပျော်နေရာမှ တဖြည်းဖြည်းသူ့ပုခုံးပေါ်ခေါင်းလေးစောင်းလာခြင်းဖြစ်သည်။

ပြန်တည့်ပေးလိုက်ရင်လည်း တဖက်မှမှန်နှင့်ဆောင့်မိမည်စိုးသို့ကြောင့် Ray ထိုအတိုင်းသာထားလိုက်သည်။

Jasper မှာလှည့်ကြည့်လှည့်ကြည့်နှင့် ထိုမြင်ကွင်းကြောင့် ဒေါသထွက်နေပေမယ့် Wine ကတော့ သဘောတကျကြည့်ကာ ပြုံးနေလေသည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ပျော်လား"
"ဘာကိုလဲ"

Condo ပြန်ရောက်ရောက်ချင်း Jasper မေးသည့်မေးခွန်း၏ဆိုလိုရင်းကို Ray မသိပေ။

"ကားပေါ်မှာ စော်လန်းလန်းလေးနဲ့ကြည်နူးခဲ့ရလို့ ပျော်နေလား"
"......"

Ray ပြဿနာမဖြစ်ချင်သောကြောင့် နှုတ်ခမ်းကိုကိုက်ကာ ဘာမှပြန်မဖြေပေ။

"ငါမေးနေတယ်လေ "

ပုခုံးကိုဆုပ်ကိုင်ပြီး ရမ်းလိုက်သော Jasper မျက်နှာကို Ray ပြန်ကြည့်လိုက်သည်။

"မင်းထင်ချင်သလိုထင် Jas...
ငါကမင်းလိုတွေ့ရာမိန်းမနဲ့ ကြည်နူးတတ်တဲ့သူမဟုတ်တော့ .... Fah နဲ့ဆိုရင်ဖြစ်နိုင်တာပဲလေ"

Ray မဲ့ပြုံးတစ်ခုကိုဆင်မြန်းပြီးပြောလိုက်တော့

"ဖြောင်းးးးးး!!"

ဘယ်ဘက်ပါးပြင်ကပူသွားခဲ့ပြီး Ray လဲကျသွားခဲ့သည်။

အခုသူ့ပါးကို Jas ကရိုက်လိုက်တာလား? နာတယ် Jas ရိုက်လိုက်တဲ့ပါးပြင်ထက် သူ့နှလုံးသားက အဆပေါင်းများစွာပိုပြီးနာတယ်.....

ဝမ်းနည်းခြင်းကိုအတိုင်းအဆမဲ့စွာခံစား နေရပေမယ့် မျက်ရည်တွေမကျဘဲ Ray ဆီမှခြောက်ကပ်ကပ်ရယ်သံတွေသာထွက်ပေါ်လာသည်။
သူချစ်တဲ့ Jas ရှေ့မှာဆိုရင် မျက်ရည်တွေက အမိန့်ပေးစရာမလို အလိုလိုထိန်းချုပ်ပြီးသားပင်။

Jasper,  ကြမ်းပြင်ပေါ်တွင်ထိုင်ပြီး ရယ်နေသော Ray ကိုကြည့်ကာမျက်ရည်တွေကျလာပြီး သူလည်း Ray အရှေ့တွင်ဒူးထောက်ထိုင်ချလိုက်သည်။

"တောင်းပန်ပါတယ် Kha ..ကိုယ်တောင်းပန်ပါတယ်......အရမ်းနာသွားလားဟင်...."

Jasper နီရဲနေသော လက်ဝါးရာအထင်းသားနှင့် Ray ပါးပြင်နုနုကိုထိရင်းငိုနေမိသည်။

Ray သူ့ရှေ့တွင်ငိုနေသော Jasper ကိုသာတွေတွေကြီးကြည့်နေမိသည်။

"ကိုယ်တောင်းပန်ပါတယ် ကိုယ်လက်ပါမိသွားတယ်...တောင်ပန်ပါတယ် ကိုယ် Kha ကိုကိုယ်မဟုတ်တဲ့တခြားသူနဲ့နီးနီးကပ်ကပ်တွေ့လိုက်ရတော့ကိုယ်အရမ်းဒေါသထွက်သွားလို့ပါကွာ ကိုယ်တောင်းပန်ပါတယ်နော်...."

မျက်ရည်တွေနှင့်အကြိမ်ကြမ်တောင်းပန်နေသော Jasper ၏ပုံစံက Ray ကိုပိုနာကျင်စေသည်။

"အင်း.....အခု.....မငိုနဲ့တော့နော်..."

မျက်ရည်တွေကိုခပ်ဖွဖွသုတ်ပေးပြီးပြောလိုက်တော့ Jasper,  Ray ကို တင်းကြပ်စွာဖက်လိုက်လေသည်။

"ကိုယ်တကယ်တောင်းပန်ပါတယ်.....
ကိုယ်ကတိပေးတယ် နောက်ထပ် Kha ကိုနာကျင်အောင်မလုပ်တော့ဘူးနော်...."
"အင်း...."

Jasper ရင်ခွင်ထဲမှ သူ ခေါင်းအထပ်ထပ်ငြိမ့် နေမိသည်။

"ကိုယ့်ကိုထားမသွားပါနဲ့ Kha"
"ငါ့ကိုလည်းထားမသွားပါနဲ့ Jas..."
"ကိုယ် babe ကိုဘယ်တော့မှထားမသွားပါဘူး.....ကိုယ်ကတိပေးတယ်နော်"
"အင်း....."

Ray ပါးအရောင်ကျအောင်ထိုနေ့က တစ်ချိန်လုံးရေခဲအုပ်ထားခဲ့ရသည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"Hello Ray, ဒီနေ့ အကလေ့ကျင့်ပြီးရင် အားလားဟင် Fah ညစာလိုက်ကျွေးချင်လို့"

မနက်ကျောင်းမသွားခင်ကတည်းကဖုန်းဆက်သော Fah ကြောင့် Ray အပြန်သွားစရာရှိသည်ဟု Jasper ကိုပြောကာ ကိုယ့်ကားကိုယ်ယူခဲ့ကြသည်။

Ray ၏ဘယ်ဘက်ပါးမှာ Jasper ဂရုစိုက်ကောင်းသောကြောင့် အရောင်ကျကာ မသိသာတော့ပေ။

အကတိုက်ပြီး Jasper ပြန်သွားချိန်တွင် Ray လည်း Fah နှင့်အတူညစာစားရန်စားသောက်ဆိုင်တစ်ခုသို့ထွက်ခဲ့လေသည်။

"Fah အစပ်မပါအောင်မှာထားတယ် Ray နဲ့မတည့်ဘူးမလား"
"အင်..ကျေးဇူး Fah"
"Fah ကကျေးဇူးတင်ရမှာကို ရေကူးကန်မှာရော ကားပေါ်မှာပါ Ray က Fah ကိုကူညီထားတာလေ.....
Ray talent show မှာဘာလုပ်မယ်စဉ်စားထားလဲ"
"Guitar နဲ့သီချင်းဆိုမှာ... Fah ကရော.."
"Fah က.....တယောနဲ့ဖျော်ဖြေမှာ..ငယ်ငယ်တုန်းကသင်ထားပေမယ့် နည်းနည်းမေ့နေလို့ အခုပြန်လေ့ကျင့်နေရတယ် heee"

ပြောပြီးရယ်ပြတဲ့ Fah ရဲ့ပုံစံက အပြစ်ကင်းပြီးချစ်စရာကောင်းသည်။ သူ့မှာ နောက်ထပ်ညီမတစ်ယောက်ထပ်တိုးပြီဟု Ray တွေးကာပြုံးမိပြန်သည်။

🎶📲 phone ring....

Ray တို့အချိုပွဲစားနေချိန်တွင်ကိုယ်ရံတော် P' တစ်ယောက်ဆီမှဖုန်းဝင်လာသောကြောင့် Ray စားသောက်ဆိုင်အပြင်သို့ထွက်လာခဲ့သည်။

"Hello"
"Hello သခင်လေး ဒီနေ့ သခင်လေးJasper ကခါတိုင်းထက်ကိုအရမ်းသောက်နေပါတယ်
အပြင်းဆုံးအရက်တွေကိုရောက်ကတည်းက ဆက်တိုက်သောက်နေတာ အခုတော်တော်ကိုမူးနေပြီ"
"P' တို့သူ့ကိုဆက်စောင့်ကြည့်ထားပါ မူးပြီးပြဿနာမဖြစ်ပါစေနဲ့ ကျွန်တော်ခဏနေလာခေါ်လိုက်မယ်"
"ဟုတ်ကဲ့ပါ သခင်လေး"

Ray, Fah ကိုနှုတ်ဆက်ကာ Y Club သို့အမြန်မောင်းလာခဲ့သည်။

Club ထဲရောက်တော့ ခေါင်းမထောင်နိုင်အောင်မူးနေသော Jasper လက်ထဲမှ အရက်ခွက်ကို Win တို့ကအတင်းလုနေလေသည်။

"Ray မင်းရောက်လာတာနဲ့အတော်ပဲ ဒီကောင်ထပ်မသောက်ပါနဲ့ပြောနေတာကို မရဘူး "
"Jas....Jas..တော်တော့ ပြန်ရအောင်နော်"
"ကိုယ့် babe လေး..ရောက်.နေတာ..လား....
ကိုယ့်..ဆီ.လာတာလား..."
"အင်း ပြန်ရအောင်နော်.."
"ကိုယ်....သောက်ဦးမယ်...ကိုယ်မ..မမူးသေးဘူး"

မမူးသေးဘူးပြောနေသံမှာ အာလေးလျှာလေးနှင့်....

"Jas ဒီနေ့ဘာလို့ဒီလောက်တောင်သောက်တာလဲ Win "

Win သူ့လက်ထဲမှ ဖုန်းကိုပြလေသည်။

သူ့ Fanpage တွင်တင်ထားသော Perfect man ဆိုသည့် post တစ်ခု...

Hua Hin တုန်းက Ray ပုံရိပ်များနှင့် video file တွေကိုစုစည်းတင်ပေးထားခြင်းနှင့် သူနှင့် Fah ၏ပုံများလည်းပါသည်။

"အဲ့တာတွေကြည့်ပြီး Jasper စသောက်တော့တာပဲ "
"ငါ Jas ကိုခေါ်သွားလိုက်တော့မယ်"
"Ok bye Ray"

Ray ,Jasper့ကိုတွဲကာ Win တို့ကိုလက်တစ်ဖက်ပြပြီးနှုတ်ဆက်လိုက်သည်။

Ray အနောက်မှလိုက်လာသောကိုယ်ရံတော်များကClub အပေါက်နား Win တို့မမြင်နိုင်သည့်နေရာရောက်တော့ Jasper ကိုRay ဆီမှ တွဲခေါ်လေသည်။

"P' တို့ Jas ကားကို condo ပို့ပေး "

Ray,  Jasper ကားသော့ကိုပေးလိုက်ကာ Jasper ကိုတော့သူ့ကားပေါ်တင်ပြီး ပြန်လာခဲ့သည်။

"babe ကိုယ့်ကိုထားမသွားရဘူး....."

တစ်ချက်တစ်ချက် ပြောလာသော Jasper စကားလေးတစ်ခွန်းကြောင့် Ray နှလုံးသားလေးနွေးထွေးသွားရသည်။

Condo car parking ရောက်မှ ကိုယ်ရံတော်တွေကိုပြန်လွှတ်လိုက်ပြီး ကားသော့နှစ်ခုလုံးကိုယူကာ Jasper ကိုတွဲပီး lift နှင့်တက်ခဲ့လိုက်သည်။

ကုတင်ပေါ်တွင်အသာချပေးလိုက်ပြီး အရက်နံ့တွေမွှန်ထူနေသော Jas ကို ရေပတ်တိုက်ပေးရန် အဝတ်ချွတ်ပေးစဉ် ဘောင်းဘီနားရောက်တော့ Ray တွန့်ဆုတ်နေမိသည်။

ဘာကြောင့်မှန်းမသိဘောင်းဘီချွတ်ပေးရမည်ကို မျက်နှာပူနေသောကြောင့် တစ်ဖက်ကိုမျက်နှာလွှဲကာ ဆွဲချွတ်လိုက်ပြီး ရေပတ်တိုက်အဝတ်လဲပေးလိုက်သည်။

"ချစ်တယ်....."

Jasper ဘာပြောမှန်း Ray သေချာမကြားသောကြောင့် အနားကပ်ကာသေချာနားထောင်လိုက်သည်။

"ကိုယ့်ရဲ့ Kha ကို....အရမ်းချစ်တယ်...
babe ကိုယ်ကလွဲပြီး...တခြားသူကို... မချစ်ရဘူး..."

Ray ထိုစကားကို ကြားပြီး တစ်ကိုယ်လုံးတောင့်တောင့်ကြီးဖြစ်သွားသည်။

သူချစ်တဲ့ Jas ကသူ့ကို အခု ချစ်တယ်လို့ဝန်ခံလိုက်တာလား?

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

အသက်ထွက်လုနီးပါး
နာကျင်မှုပေးရင်တောင်
မင်းဆီက နာသွားလားဆိုတဲ့
အမေးလေးတစ်ခွန်းကြားရုံနဲ့တင်
ငါအဆင်ပြေတယ်

Ray Han

******************************

Zawgyi


Hua Hin မွအျပန္လမ္းတစ္ေလွ်ာက္လုံးကားေပၚတြင္ Jasper ဖုန္းတစ္လုံးႏွင့္အလုပ္ရႈပ္ေနသည္။ line message ဝင္သံဆက္တိုက္ၾကားေနရၿပီး typing ရိုက္ေနရေသာေၾကာင့္ ေဘးမွ Ray ကိုတစ္ခ်က္ပင္လွည့္မၾကည့္ေပ။

ကားနားစဥ္ Ray မုန႔္ဆင္းဝယ္ရန္ေခၚေသာ္လည္းမလိုက္ေပ။

ဘာဝယ္ရမလဲေ႐ြးေနစဥ္အနားကို Wine ႏွင့္ Fah ေရာက္လာသည္။ Fah မ်က္ႏွာမေကာင္းေသာေၾကာင့္တစ္ခုခုျဖစ္ထားပုံပင္။

"Fah နဲ႕အတူထိုင္တဲ့ senior အစ္ကိုႀကီးက Fah ကိုအရမ္းအသားယူလို႔ ....အဲ့တာ...
ကိုကို Fah နဲ႕အတူထိုင္ေပးလိုက္ပါလားဟင္...
Wine က P' Cat နဲ႕ထိုင္တာဆိုေတာ့ေနရာေျပာင္းထိုင္လိုက္ရင္မေကာင္းဘူးေလ...."

Ray ဘယ္လိုျပန္ေျပာရမလဲျဖစ္ေနသည္။ Fah အမွန္တကယ္ကို အခက္ေတြ႕ေနပုံပင္။ သူ Jasper အနားတြင္ထိုင္ေနေပမယ့္ Jasper ကသူ႕ကိုရွိသည္ပင္မထင္ သူ႕ကိစၥႏွင့္သူမအားေသာေၾကာင့္ Ray ကူညီရန္ဆုံးျဖတ္လိုက္သည္။

"Ok ကိုကို Fah နဲ႕အတူထိုင္ေပးမယ္"

Ray ႏွင့္ Fah အတူထိုင္ေသာေၾကာင့္ senior အစ္ကိုႀကီး မေက်မနပ္ျဖစ္သြားၿပီး Jasper အနားသြားထိုင္လိုက္သည္။

"ေက်းဇူးပဲေနာ္ Ray"
"ရပါတယ္...."

Ray နားၾကပ္တပ္ၿပီး ခုံကိုမွီအိပ္လိုက္သည္။

ကားထြက္ၿပီးနာရီဝက္ခန႔္ၾကာခ်ိန္တြင္ Jasper ဖုန္းပိတ္လိုက္ကာ သူ႕ေဘးနားမွလူကို Ray အမွတ္ႏွင့္ခါးကိုအားရပါးရဖက္ခ်လိဳက္သည္။

"ဘာလုပ္တာလဲ Jasper!!!"

Senior အိပ္ခ်င္မူးတူးႏွင့္အလန႔္တၾကားထေအာ္ေသာေၾကာင့္ တစ္ကားလုံးအိပ္ေပ်ာ္ေနရာမွနိုးလာၾကသည္။

"ခင္ဗ်ားကဘယ္သူလဲ Kha ဘယ္ေရာက္သြားတာလဲ"
"ကိုယ့္ senior ကိုေတာင္ကိုယ္မသိဘူးလား...."

Jasper သူ႕ကိုေဒါသထြက္ေနေသာ senior ဆိုသူကိုဂ႐ုမစိုက္နိုင္ သူ႕ babe ကိုသာရွာၾကည့္ေနမိသည္။ Fah ႏွင့္အတူထိုင္ေနေသာ Ray ကိုေတြ႕ေတာ့ မ်က္ခုံးမ်ားကအလိုလိုတြန႔္ခ်ိဳးသြားျပန္သည္။ သူ႕ကိုခဏမွ်သာၾကည့္ၿပီး မ်က္လုံးေတြျပန္မွိတ္သြားေသာ Ray ေၾကာင့္ အံေတြပါႀကိတ္ထားမိသည္။

hak...ေကာင္မေလးတစ္ေယာက္နဲ႕အတူထိုင္ၿပီး သိပ္ကိုၿငိမ္းခ်မ္းေနတယ္ေပါ့ Kha....

Jasper ခုံတြင္ျပန္ထိုင္လိုက္ေတာ့ senior ဆိုသူက မၾကည္ၾကည့္ၾကည့္ေနသည္။

Ray မ်က္ဝန္းမ်ားကိုခပ္တင္းတင္းမွိတ္ထားၿပီး လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ထားလိုက္သည္။ Jasper သူ႕ကိုလ်စ္လ်ဴရႈထားသလိုမ်ိဳးသူတန္ျပန္ခဲ့ေပမယ့္ သူ႕ရင္ထဲမွနာက်င္ရသည္။

"Ray....."

Fah ေခၚသံေၾကာင့္သူမ်က္လုံးဖြင့္ၿပီး ေဘးမွသူမကိုၾကည့္လိုက္သည္။

"Fah,  Jasper နဲ႕ေနရာလဲေပးရမလား?"
"မလဲပါနဲ႕ Fah.....
ငါ..ok ပါတယ္..."

Ray နားၾကပ္မွ သီခ်င္းကိုသာအာ႐ုံစိုက္နားေထာင္ေနလိုက္ခ်ိန္တြင္ ပုခုံးေပၚသို႔ က်ေရာက္လာေသာအရာတစ္ခုေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လိုက္ရာ Fah.....

အိပ္ေပ်ာ္ေနရာမွ တျဖည္းျဖည္းသူ႕ပုခုံးေပၚေခါင္းေလးေစာင္းလာျခင္းျဖစ္သည္။

ျပန္တည့္ေပးလိုက္ရင္လည္း တဖက္မွမွန္ႏွင့္ေဆာင့္မိမည္စိုးသို႔ေၾကာင့္ Ray ထိုအတိုင္းသာထားလိုက္သည္။

Jasper မွာလွည့္ၾကည့္လွည့္ၾကည့္ႏွင့္ ထိုျမင္ကြင္းေၾကာင့္ ေဒါသထြက္ေနေပမယ့္ Wine ကေတာ့ သေဘာတက်ၾကည့္ကာ ၿပဳံးေနေလသည္။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ေပ်ာ္လား"
"ဘာကိုလဲ"

Condo ျပန္ေရာက္ေရာက္ခ်င္း Jasper ေမးသည့္ေမးခြန္း၏ဆိုလိုရင္းကို Ray မသိေပ။

"ကားေပၚမွာ ေစာ္လန္းလန္းေလးနဲ႕ၾကည္ႏူးခဲ့ရလို႔ ေပ်ာ္ေနလား"
"......"

Ray ျပႆနာမျဖစ္ခ်င္ေသာေၾကာင့္ ႏႈတ္ခမ္းကိုကိုက္ကာ ဘာမွျပန္မေျဖေပ။

"ငါေမးေနတယ္ေလ "

ပုခုံးကိုဆုပ္ကိုင္ၿပီး ရမ္းလိုက္ေသာ Jasper မ်က္ႏွာကို Ray ျပန္ၾကည့္လိုက္သည္။

"မင္းထင္ခ်င္သလိုထင္ Jas...
ငါကမင္းလိုေတြ႕ရာမိန္းမနဲ႕ ၾကည္ႏူးတတ္တဲ့သူမဟုတ္ေတာ့ .... Fah နဲ႕ဆိုရင္ျဖစ္နိုင္တာပဲေလ"

Ray မဲ့ၿပဳံးတစ္ခုကိုဆင္ျမန္းၿပီးေျပာလိုက္ေတာ့

"ေျဖာင္းးးးးး!!"

ဘယ္ဘက္ပါးျပင္ကပူသြားခဲ့ၿပီး Ray လဲက်သြားခဲ့သည္။

အခုသူ႕ပါးကို Jas ကရိုက္လိုက္တာလား? နာတယ္ Jas ရိုက္လိုက္တဲ့ပါးျပင္ထက္ သူ႕ႏွလုံးသားက အဆေပါင္းမ်ားစြာပိုၿပီးနာတယ္.....

ဝမ္းနည္းျခင္းကိုအတိုင္းအဆမဲ့စြာခံစား ေနရေပမယ့္ မ်က္ရည္ေတြမက်ဘဲ Ray ဆီမွေျခာက္ကပ္ကပ္ရယ္သံေတြသာထြက္ေပၚလာသည္။
သူခ်စ္တဲ့ Jas ေရွ႕မွာဆိုရင္ မ်က္ရည္ေတြက အမိန႔္ေပးစရာမလို အလိုလိုထိန္းခ်ဳပ္ၿပီးသားပင္။

Jasper,  ၾကမ္းျပင္ေပၚတြင္ထိုင္ၿပီး ရယ္ေနေသာ Ray ကိုၾကည့္ကာမ်က္ရည္ေတြက်လာၿပီး သူလည္း Ray အေရွ႕တြင္ဒူးေထာက္ထိုင္ခ်လိဳက္သည္။

"ေတာင္းပန္ပါတယ္ Kha ..ကိုယ္ေတာင္းပန္ပါတယ္......အရမ္းနာသြားလားဟင္...."

Jasper နီရဲေနေသာ လက္ဝါးရာအထင္းသားႏွင့္ Ray ပါးျပင္ႏုႏုကိုထိရင္းငိုေနမိသည္။

Ray သူ႕ေရွ႕တြင္ငိုေနေသာ Jasper ကိုသာေတြေတြႀကီးၾကည့္ေနမိသည္။

"ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္လက္ပါမိသြားတယ္...ေတာင္ပန္ပါတယ္ ကိုယ္ Kha ကိုကိုယ္မဟုတ္တဲ့တျခားသူနဲ႕နီးနီးကပ္ကပ္ေတြ႕လိုက္ရေတာ့ကိုယ္အရမ္းေဒါသထြက္သြားလို႔ပါကြာ ကိုယ္ေတာင္းပန္ပါတယ္ေနာ္...."

မ်က္ရည္ေတြႏွင့္အႀကိမ္ၾကမ္ေတာင္းပန္ေနေသာ Jasper ၏ပုံစံက Ray ကိုပိုနာက်င္ေစသည္။

"အင္း.....အခု.....မငိုနဲ႕ေတာ့ေနာ္..."

မ်က္ရည္ေတြကိုခပ္ဖြဖြသုတ္ေပးၿပီးေျပာလိုက္ေတာ့ Jasper,  Ray ကို တင္းၾကပ္စြာဖက္လိုက္ေလသည္။

"ကိုယ္တကယ္ေတာင္းပန္ပါတယ္.....
ကိုယ္ကတိေပးတယ္ ေနာက္ထပ္ Kha ကိုနာက်င္ေအာင္မလုပ္ေတာ့ဘူးေနာ္...."
"အင္း...."

Jasper ရင္ခြင္ထဲမွ သူ ေခါင္းအထပ္ထပ္ၿငိမ့္ ေနမိသည္။

"ကိုယ့္ကိုထားမသြားပါနဲ႕ Kha"
"ငါ့ကိုလည္းထားမသြားပါနဲ႕ Jas..."
"ကိုယ္ babe ကိုဘယ္ေတာ့မွထားမသြားပါဘူး.....ကိုယ္ကတိေပးတယ္ေနာ္"
"အင္း....."

Ray ပါးအေရာင္က်ေအာင္ထိုေန႕က တစ္ခ်ိန္လုံးေရခဲအုပ္ထားခဲ့ရသည္။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"Hello Ray, ဒီေန႕ အကေလ့က်င့္ၿပီးရင္ အားလားဟင္ Fah ညစာလိုက္ေကြၽးခ်င္လို႔"

မနက္ေက်ာင္းမသြားခင္ကတည္းကဖုန္းဆက္ေသာ Fah ေၾကာင့္ Ray အျပန္သြားစရာရွိသည္ဟု Jasper ကိုေျပာကာ ကိုယ့္ကားကိုယ္ယူခဲ့ၾကသည္။

Ray ၏ဘယ္ဘက္ပါးမွာ Jasper ဂ႐ုစိုက္ေကာင္းေသာေၾကာင့္ အေရာင္က်ကာ မသိသာေတာ့ေပ။

အကတိုက္ၿပီး Jasper ျပန္သြားခ်ိန္တြင္ Ray လည္း Fah ႏွင့္အတူညစာစားရန္စားေသာက္ဆိုင္တစ္ခုသို႔ထြက္ခဲ့ေလသည္။

"Fah အစပ္မပါေအာင္မွာထားတယ္ Ray နဲ႕မတည့္ဘူးမလား"
"အင္..ေက်းဇူး Fah"
"Fah ကေက်းဇူးတင္ရမွာကို ေရကူးကန္မွာေရာ ကားေပၚမွာပါ Ray က Fah ကိုကူညီထားတာေလ.....
Ray talent show မွာဘာလုပ္မယ္စဥ္စားထားလဲ"
"Guitar နဲ႕သီခ်င္းဆိုမွာ... Fah ကေရာ.."
"Fah က.....တေယာနဲ႕ေဖ်ာ္ေျဖမွာ..ငယ္ငယ္တုန္းကသင္ထားေပမယ့္ နည္းနည္းေမ့ေနလို႔ အခုျပန္ေလ့က်င့္ေနရတယ္ heee"

ေျပာၿပီးရယ္ျပတဲ့ Fah ရဲ႕ပုံစံက အျပစ္ကင္းၿပီးခ်စ္စရာေကာင္းသည္။ သူ႕မွာ ေနာက္ထပ္ညီမတစ္ေယာက္ထပ္တိုးၿပီဟု Ray ေတြးကာၿပဳံးမိျပန္သည္။

🎶📲 phone ring....

Ray တို႔အခ်ိဳပြဲစားေနခ်ိန္တြင္ကိုယ္ရံေတာ္ P' တစ္ေယာက္ဆီမွဖုန္းဝင္လာေသာေၾကာင့္ Ray စားေသာက္ဆိုင္အျပင္သို႔ထြက္လာခဲ့သည္။

"Hello"
"Hello သခင္ေလး ဒီေန႕ သခင္ေလးJasper ကခါတိုင္းထက္ကိုအရမ္းေသာက္ေနပါတယ္
အျပင္းဆုံးအရက္ေတြကိုေရာက္ကတည္းက ဆက္တိုက္ေသာက္ေနတာ အခုေတာ္ေတာ္ကိုမူးေနၿပီ"
"P' တို႔သူ႕ကိုဆက္ေစာင့္ၾကည့္ထားပါ မူးၿပီးျပႆနာမျဖစ္ပါေစနဲ႕ ကြၽန္ေတာ္ခဏေနလာေခၚလိုက္မယ္"
"ဟုတ္ကဲ့ပါ သခင္ေလး"

Ray, Fah ကိုႏႈတ္ဆက္ကာ Y Club သို႔အျမန္ေမာင္းလာခဲ့သည္။

Club ထဲေရာက္ေတာ့ ေခါင္းမေထာင္နိုင္ေအာင္မူးေနေသာ Jasper လက္ထဲမွ အရက္ခြက္ကို Win တို႔ကအတင္းလုေနေလသည္။

"Ray မင္းေရာက္လာတာနဲ႕အေတာ္ပဲ ဒီေကာင္ထပ္မေသာက္ပါနဲ႕ေျပာေနတာကို မရဘူး "
"Jas....Jas..ေတာ္ေတာ့ ျပန္ရေအာင္ေနာ္"
"ကိုယ့္ babe ေလး..ေရာက္.ေနတာ..လား....
ကိုယ့္..ဆီ.လာတာလား..."
"အင္း ျပန္ရေအာင္ေနာ္.."
"ကိုယ္....ေသာက္ဦးမယ္...ကိုယ္မ..မမူးေသးဘူး"

မမူးေသးဘူးေျပာေနသံမွာ အာေလးလွ်ာေလးႏွင့္....

"Jas ဒီေန႕ဘာလို႔ဒီေလာက္ေတာင္ေသာက္တာလဲ Win "

Win သူ႕လက္ထဲမွ ဖုန္းကိုျပေလသည္။

သူ႕ Fanpage တြင္တင္ထားေသာ Perfect man ဆိုသည့္ post တစ္ခု...

Hua Hin တုန္းက Ray ပုံရိပ္မ်ားႏွင့္ video file ေတြကိုစုစည္းတင္ေပးထားျခင္းႏွင့္ သူႏွင့္ Fah ၏ပုံမ်ားလည္းပါသည္။

"အဲ့တာေတြၾကည့္ၿပီး Jasper စေသာက္ေတာ့တာပဲ "
"ငါ Jas ကိုေခၚသြားလိုက္ေတာ့မယ္"
"Ok bye Ray"

Ray ,Jasper့ကိုတြဲကာ Win တို႔ကိုလက္တစ္ဖက္ျပၿပီးႏႈတ္ဆက္လိုက္သည္။

Ray အေနာက္မွလိုက္လာေသာကိုယ္ရံေတာ္မ်ားကClub အေပါက္နား Win တို႔မျမင္နိုင္သည့္ေနရာေရာက္ေတာ့ Jasper ကိုRay ဆီမွ တြဲေခၚေလသည္။

"P' တို႔ Jas ကားကို condo ပို႔ေပး "

Ray,  Jasper ကားေသာ့ကိုေပးလိုက္ကာ Jasper ကိုေတာ့သူ႕ကားေပၚတင္ၿပီး ျပန္လာခဲ့သည္။

"babe ကိုယ့္ကိုထားမသြားရဘူး....."

တစ္ခ်က္တစ္ခ်က္ ေျပာလာေသာ Jasper စကားေလးတစ္ခြန္းေၾကာင့္ Ray ႏွလုံးသားေလးႏြေးေထြးသြားရသည္။

Condo car parking ေရာက္မွ ကိုယ္ရံေတာ္ေတြကိုျပန္လႊတ္လိုက္ၿပီး ကားေသာ့ႏွစ္ခုလုံးကိုယူကာ Jasper ကိုတြဲပီး lift ႏွင့္တက္ခဲ့လိုက္သည္။

ကုတင္ေပၚတြင္အသာခ်ေပးလိုက္ၿပီး အရက္နံ႕ေတြမႊန္ထူေနေသာ Jas ကို ေရပတ္တိုက္ေပးရန္ အဝတ္ခြၽတ္ေပးစဥ္ ေဘာင္းဘီနားေရာက္ေတာ့ Ray တြန႔္ဆုတ္ေနမိသည္။

ဘာေၾကာင့္မွန္းမသိေဘာင္းဘီခြၽတ္ေပးရမည္ကို မ်က္ႏွာပူေနေသာေၾကာင့္ တစ္ဖက္ကိုမ်က္ႏွာလႊဲကာ ဆြဲခြၽတ္လိုက္ၿပီး ေရပတ္တိုက္အဝတ္လဲေပးလိုက္သည္။

"ခ်စ္တယ္....."

Jasper ဘာေျပာမွန္း Ray ေသခ်ာမၾကားေသာေၾကာင့္ အနားကပ္ကာေသခ်ာနားေထာင္လိုက္သည္။

"ကိုယ့္ရဲ႕ Kha ကို....အရမ္းခ်စ္တယ္...
babe ကိုယ္ကလြဲၿပီး...တျခားသူကို... မခ်စ္ရဘူး..."

Ray ထိုစကားကို ၾကားၿပီး တစ္ကိုယ္လုံးေတာင့္ေတာင့္ႀကီးျဖစ္သြားသည္။

သူခ်စ္တဲ့ Jas ကသူ႕ကို အခု ခ်စ္တယ္လို႔ဝန္ခံလိုက္တာလား?

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

အသက္ထြက္လုနီးပါး
နာက်င္မႈေပးရင္ေတာင္
မင္းဆီက နာသြားလားဆိုတဲ့
အေမးေလးတစ္ခြန္းၾကား႐ုံနဲ႕တင္
ငါအဆင္ေျပတယ္

Ray Han

Bạn đang đọc truyện trên: Truyen247.Pro