Part-2 (no tears world)
Unicode
"Deee....De...De..De.."
Vibrate လုပ်ထားသောဖုန်းမှမြည်လာသောကြောင့် သူအားရဝမ်းသာကြည့်လိုက်တော့ခေါ်ဆိုသူက မိုးတိမ်။
ဟန်လင်းခ ဖုန်းကိုမကိုင်ဘဲဒီတိုင်းထားလိုက်သည်။ သူမျှော်နေတာ တော်ဝင့်ဆီကဖုန်းကိုပါ။
"Ting...Ting...Ting....Ting..."
Message များလည်းအဆက်မပြတ်ဝင်နေပြန်သောကြောင့် message boxကိုဖွင့်ကြည့်လိုက်သောအခါတွင်လည်း မိုးတိမ် ဆီမှပင်။
""လင်းခ မင်းဘယ်မှာလဲ""
""ဘာလို့မင်းပစ္စည်းတွေအကုန်မရှိတော့တာလဲ""
""ပြန်လာခဲ့ပါကွာ""
""ငါတောင်းပန်ပါတယ်""
""ငါ့ကိုမထားခဲ့ပါနဲ့ လင်းခရာ""
""ဖုန်းကိုင်ပါကွာ""
""မင်း ဖွားအိမ်မှာမလား""
""ငါလာခဲ့မယ်""
မိုးတိမ်ဆီမှmessageများကိုဖတ်ပြီး သူအိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။
"ဦးကျော် နဲ့ ကိုညီ ကျွန်တော့်ကိုဘယ်သူပဲလာရှာရှာ မရှိဘူး မလာဘူး မသိဘူး ပဲပြောပါ ပြီးတော့ ခြံတံခါးကိုလုံးဝဖွင့်မပေးပါနဲ့ အထူးသဖြင့် မိုးတိမ်ကို လုံးဝဝင်ခွင့်မပေးပါနဲ့ နှင်းတော်ဝင်ဆိုရင်တော့ ချက်ချင်းလာအကြောင်းကြားပါ"
"ဟုတ်ကဲ့ပါ သခင်လေး"
ခြံစောင့်ဦးလေးကြီးနှင့်သူ့သားကိုမှာကြားပြီး အိမ်ဖော်များကိုလည်းမှာရပြန်သည်။
"အန်တီလှိုင် မိချို နဲ့ မိစိုး အိမ်ဖုန်းကို မိုးတိမ်နဲ့တခြားတစ်ယောက်ယောက်ကဆက်ပြီး ကျွန်တော်ရှိလားမေးရင်မရှိဘူး မလာဘူးလို့ပြောပေးပါ မနက်စာ နေ့လည်စာ ညစာကို ကျွန်တော့်အခန်းထဲလာပို့ပေးပါ"
"ဟုတ်ကဲ့ သခင်လေး တခြားမုန့်တွေဘာတွေရောလာပို့ရဦးမလား"
"ကျွန်တော်စားချင်တာရှိရင် ပြောပါ့မယ်"
"ဟုတ်ကဲ့"
ဟန်လင်းခ အခန်းထဲပြန်လာပြီး စာပေါ်သာအာရုံစိုက်ထားပေမယ့် စိတ်ကတော့ တော်ဝင့်ဆီမှ ဖုန်းကိုသာမျှော်နေမိသည်။
နောက်အပတ်တွင်စာမေးပွဲရှိသောကြောင့် ကျောင်းသွားစရာမလိုပေ။
အနီးကပ်မှ ဖင်ကုန်းကျက်တတ်သောသူငယ်ချင်းများကလည်း ကျက်လိုက်မေ့လိုက်နှင့်အလုပ်ရှုပ်နေမည်မှာသေချာသောကြောင့် တစ်ယောက်မှဖုန်းခေါ်မည်မဟုတ်ပေ။
သူကတော့ပုံမှန်စာမလုပ်တတ်ပေမယ့် ဉာဏ်ကောင်းလွန်းသောကြောင့်သိပ်အားမထုတ်ရပေ။
စာပေါ်တွင်လုံးဝအာရုံမရသောကြောင့် ဖုန်း gallery ထဲမှ သူနှင့်တော်ဝင့်ပုံလေးများကိုကြည့်လိုက်မိသည်။
1year anniversary တုန်းက surprise လုပ်ခဲ့သောကြောင့်သူမလေးမျက်ရည်ကျလောက်အောင်ပျော်ရွှင်နေခဲ့ဖူးသည်။
ဟန်လင်းခဆိုတဲ့ကျွန်တော်က နှင်းတော်ဝင်ဆိုတဲ့သူမကိုသိပ်ချစ်ပါတယ်။ ပြောမပြနိုင်လောက်အောင်ပေါ့။ သူမစကားတိုင်းကိုလည်းအမိန့်တစ်ခုလိုနာခံတတ်တယ်။ သူမမျက်နှာလေး အမြဲပြုံးနေတာကိုမြင်ချင်လို့ပါ။
"လင်းခ မင်းဒီမှာရှိမှန်းငါသိတယ် အပြင်ထွက်ခဲ့ပါကွာ ငါမင်းကိုတွေ့ချင်လို့ပါ ငါ့ကိုအထဲဝင်ခွင့်ပေးပါ လင်းခ!!"
ခြံရှေ့တွင်အော်ဟစ်နေသောမိုးတိမ်ကို လိုက်ကာနောက်မှကြည့်နေလိုက်သည်။ မိုးတိမ်ကလည်းသူရှိရာအပေါ်ထပ်အခန်းကိုကြည့်ကာ ဝင်ခွင့်တောင်းနေသည်။ ဦးကျော်နှင့် ကိုညီကလည်းသူ့အမိန့်အတိုင်းလုံးဝဝင်ခွင့်မပေးပေ။
နှစ်နာရီလောက်ကြာမှမိုးတိမ်ခြံရှေ့ကထွက်သွားခဲ့သည်။
သူမိုးတိမ်နှင့် မတွေ့ချင်သေးပါ။ သို့သော် မေဂျာမတူပေမယ့် စာမေးပွဲခန်းတူနေသောကြောင့်သေချာပေါက်တွေ့ရဦးမည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ဖြေဆိုရမည့်အခန်းများရှေ့တွင် စာအုပ်များကိုယ်စီနှင့်အလုပ်ရှုပ်နေကြသော တက္ကသိုလ်ကျောင်းသားကျောင်းသူများ ကိုတွေ့တော့ ဟန်လင်းခတစ်ချက်ပြုံးလိုက်မိသည်။
သူ့သူငယ်ချင်းများကလည်းထိုနည်း၄င်းပင်။ ဖြေခါနီးမှ မျက်နှာနှင့်စာအုပ်မခွာ။
မိုးတိမ်ကတော့သူငယ်ချင်းများဘေးမှာရပ်နေပြီး သူလာတာမြင်တော့ အပြုံးရိပ်များဖြတ်သန်းသွားကာ ပြေးလာလေသည်။
"လင်းခ"
အနားရောက်လာပြီး ဆီးကြိုနေသောမိုးတိမ်ကို သူမမြင်ချင်ယောင်ဆောင်ကာ ကျော်သွားပြီး သူငယ်ချင်းများဆီကိုသာ တည့်တည့်လျှောက်လာခဲ့သည်။
မိုးတိမ်ကတော့ မျက်ရည်များဝဲကာကြည့်နေသည်။
"ငဟန် မိုးတိမ်ကိုစကားပြောလိုက်ပါဟယ် သနားပါတယ်"
သူငယ်ချင်းများအပြောကိုလည်းသူအပြုံးလေးနှင့်သာတုံ့ပြန်လိုက်ပြီး နားကြပ်တပ်ကာ သီချင်းနားထောင်နေလိုက်သည်။
စာမေးပွဲဖြေနေချိန်တွင်လည်း မိုးတိမ်သူ့ကိုသာကြည့်နေပြီး စာကောင်းကောင်းမဖြေ။ အချိန်ပြည့်ခါနီးမှ ကုန်းရုန်းရေးနေသောကြောင့်သူစောစောထွက်သွားသည်ကို မိုးတိမ်သတိမပြုမိပေ။
ငါးရက်လုံးဆက်တိုက်ဖြေပြီး စနေတနင်္ဂနွေနှစ်ရက်နားကာ တနင်္လာနေ့တွင်တစ်ဘာသာထပ်ဖြေရမည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"De...De...De..."
မြတ်ကိုဆီမှဖုန်းဖြစ်သောကြောင့်သူ ကိုင်လိုက်သည်။
"အေးပြော သားကြီး"
"ဟျောင့် သားကြီး ငါ....ဒီနေ့ အပြင်မုန့်ထွက်စားရင်းနဲ့....အဲ့တာက"
မြတ်ကိုကပြောရမှာ တွန့်ဆုတ်နေပုံရသည်။
"ဘာအဲ့တာလဲ မင်းဘာတွေ့ခဲ့လို့လဲ"
"နှင်းတော်ဝင် ကိုတခြားကောင်တစ်ကောင်နဲ့တွေ့ခဲ့တယ် သူတို့ကြည့်ရတာ သာမန်ခင်မင်တဲ့အဆင့်ထက်ကျော်နေသလိုပဲ ငါမင်းကို ဓာတ်ပုံတွေပို့ပေးထားတယ် မင်းကိုယ်တိုင်ကြည့်လိုက်တော့"
သူ data onလိုက်တော့ မြတ်ကိုပို့ပေးထားသောဓာတ်ပုံများဝင်လာသည်။
သူမဟုတ်တဲ့တခြားယောက်ျားတစ်ယောက်နဲ့အတူ လက်ချင်းတွဲပြီး ပျော်ရွှင်ရယ်မောနေတဲ့သူရဲ့တော်ဝင်။
သူနဲ့အတူတင်ထားတဲ့ relationship status ကိုလည်း သူ့နာမည်ကိုဖြုတ်ထားပြီး in a relationshipလို့သာတင်ထားသည်။
တော်ဝင်အနေကျပ်မှာစိုးလို့ FB passwords လည်းသူမတောင်းမိခဲ့။ တော်ဝင်ကလည်းသူ့ကိုယုံသည်ဟုဆိုကာ passwords မယူခဲ့ပေ။
ဓာတ်ပုံတွေကိုကြည့်ရင်းကြည့်ရင်းနှင့်သူအသက်ရှုရခက်လာသည်။
ဒါအထင်လွဲတာနေမှာပါ။ တော်ဝင်ကသူ့အပေါ်သစ္စာဖောက်မှာမဟုတ်ဘူး။ သူတော်ဝင့်အပေါ်ယုံကြည်ပေးရမယ်။
ချက်ချင်းဆိုသလိုပင်တော်ဝင့်ဆီမှဖုန်းဝင်လာသည်။
"Hello တော်ဝင် ကိုယ့်ကိုစိတ်ဆိုးပြေသွားပြီလား"
"မနက်ဖြန် စာမေးပွဲပြီးရင် ကန်တော်ကြီးကိုလာခဲ့ ပြောစရာရှိတယ်"
"အင်းကိုယ်လာခဲ့မယ် ကိုယ်တော်ဝင့်ဖုန်းကိုစောင့်နေ.."
စကားပင်မဆုံးလိုက်တော်ဝင့်ဘက်မှဖုန်းချသွားခဲ့ပြီဖြစ်သည်။
ဘာပဲဖြစ်ဖြစ်သူပျော်ပါသည်။ မနက်ဖြန်တွေ့မှ ကျေနပ်သည်အထိချော့တော့မည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ဟန်လင်းခ အဖြေလွှာအပ်ပြီး အခန်းထဲမှအပြေးအလွှားထွက်လာခဲ့သည်။
လွယ်အိတ်ယူနေစဉ်မိုးတိမ်ကအနားကိုရောက်လာကာ ရုတ်တရက် သူ့အရှေ့တွင်ဒူးထောက်လိုက်လေသည်။
စာမေးပွဲခန်းမှထွက်လာကြသောကျောင်းသားကျောင်းသူများကလည်း ဝိုင်းကြည့်နေကြသည်။
"မိုးတိမ် မင်းဒါဘာလုပ်တာလဲ"
"ငါမင်းကိုတောင်းပန်နေတာပါ လင်းခ မင်းငါ့ကိုခွင့်လွှတ်ပေးမယ်မလားဟင်"
"အခုထ"
"မထဘူး လင်းခ မင်းငါ့ကိုခွင့်လွှတ်မှငါထမယ် ငါတို့အရင်လိုပြန်နေရအောင်ပါကွာ"
"မဖြစ်နိုင်ဘူး"
မိုးတိမ် ကိုရှောင်ကာသူထွက်လာခဲ့သည်။ ကျောင်းသားကျောင်းသူများ၏ တီးတိုးပြောသံများကိုလည်းသူ ဂရုမစိုက်နိုင်တော့ တော်ဝင်နှင့်ချိန်းထားသောနေရာကိုသာ အပြင်းနှင်ခဲ့တော့သည်။
"တော်ဝင်"
သူ့ကိုကျောပေးကာရပ်နေသောချစ်သူလေး၏နာမည်ကိုခေါ်လာသောအခါ ချစ်သူလေးကလှည့်ကြည့်လာသည်။
"စောင့်နေတာကြာပြီလား ကိုယ်အမြန်ဖြေပြီးလာခဲ့တာ"
"ငါတို့လမ်းခွဲရအောင် ဟန်လင်းခ"
သူ့ရဲ့ပျော်ရွှင်မှုတွေအာလုံးစကားလေးတစ်ခွန်းကြောင့်လုံးဝပျောက်ဆုံးသွားရသည်။ သူနားကြားမှားတာနေမှာပါ။
"တော်ဝင် ဘာပြောလိုက်တာလဲ"
"ငါတို့လမ်းခွဲမယ် ငါနင့်ကိုမချစ်တော့ဘူး ငါ့မှာနောက်ထပ်ချစ်ရမယ့်သူရှိနေပြီ သူကနင့်ထက်ပိုတော်တယ် ပိုပြီးလည်းပြည့်စုံတယ် နင့်လိုချမ်းသာတယ်ဆိုတာကို လက်တွေ့မပြနိုင်တဲ့သူမဟုတ်ဘူး ပြီးတော့ နင့်လို gay မဟုတ်ဘူး"
"တော်ဝင်ကိုယ် gay မဟုတ်ဘူး ကိုယ်မိုးတိမ်ကိုသူငယ်ချင်းတစ်ယောက်ထက်မပိုခဲ့ဖူးဘူး ကိုယ်နဲ့တွဲခဲ့တာ ကိုယ့်ကိုချစ်လို့မဟုတ်ဘူးလား"
"No ငါနင့်ကိုမချစ်ဘူး နင့်အဖေရဲ့ဂုဏ်သတင်း အရှိန်အဝါကြောင့်တွဲခဲ့တာ ဒါပေမယ့် နင်တို့ကအခွံကြီးပဲ တကယ့်အနှစ်သာရမှမရှိတာ ချမ်းသာတယ်ဆိုတာ ဟန်ပြပဲလေ ဒီလိုမျိုးငါ့အတွက်ဘာအကျိုးအမြတ်မှမရှိနိုင်တော့မှတော့ နင့်လို gay ကို cover လုပ်မပေးနိုင်ဘူး"
နှင်းတော်ဝင်ပြောသမျှကို သူဘာမှပြန်မပြောနိုင်တော့ဘဲ မှင်သက်နေခဲ့ပေမယ့် သူမကတော့ပြောချင်တာပြောပြီးထွက်သွားခဲ့သည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
နှင်းတော်ဝင် နှင့်ပြတ်ပြီးသူအခန်းအပြင်တောင်မထွက်တော့။
အရာရာနှင့်တောင်ပေးဆပ်ပြီးသူချစ်ခဲ့ပေမယ့် သူမကတော့ ဂုဏ်ပကာဿန တစ်ခုအတွက်နဲ့တဲ့လား။
သူကတော့ညတိုင်းအိမ်မက်ဆိုးတွေမက်ပြီးငိုနေခဲ့ပေမယ့် သူမကတော့ချစ်သူအသစ်နဲ့ ပျော်ရွှင်နေခဲ့သည်။
သူပင်ပန်းနေပြီ ကောင်းကောင်းလည်းအိပ်မပျော်နိုင်ဘူး။ ထာဝရအိပ်စက်သွားချင်တယ်။
အိပ်ဆေးတစ်ဘူးလုံးကုန်အောင်သောက်လိုက်ပြီး မိုးတိမ်ဆီကို message တစ်စောင်ပို့လိုက်သည်။
""တောင်းပန်ပါတယ်""
ရေချိုးခန်းတံခါးကို lock ချလိုက်ပြီး ရေပန်းဖွင့်ကာ ရေစက်များအောက်တွင်ထိုင်နေလိုက်သည်။
အေးစက်သောရေမှုန်များအောက်တွင် နှစ်နာရီလောက်ကြာသောအခါ သူ့မျက်ဝန်းများလုံးဝပိတ်သွားခဲ့သည်။
မျက်ရည်တွေလည်းရပ်တန့်သွားခဲ့ပြီ.......
ကျေးဇူးပြုပြီးမနိုးထပါရစေနဲ့တော့........။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
သေခြင်းတရားကိုလူတွေကကြောက်ကြပေမယ့်
တကယ်တော့သိပ်ကိုအေးချမ်းတယ်လို့
ကျွန်တော်ထင်တယ်
အမှောင်ထုကြီးထဲမှာမြောလွင့်နေပေမယ့်
နာကျင်စရာတွေ အလိမ်အညာတွေနဲ့
မျက်ရည်တွေလုံးဝမရှိတဲ့ ကမ္ဘာပါ......
ဟန်လင်းခ
******************************
Zawgyi
Unicode
"Deee....De...De..De.."
"Ting...Ting...Ting....Ting..."
""လင်းခ မင်းဘယ်မှာလဲ""
""ပြန်လာခဲ့ပါကွာ""
""ငါတောင်းပန်ပါတယ်""
""ဖုန်းကိုင်ပါကွာ""
""မင်း ဖွားအိမ်မှာမလား""
""ငါလာခဲ့မယ်""
"ဟုတ်ကဲ့ပါ သခင်လေး"
"ဟုတ်ကဲ့"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"လင်းခ"
ငါးရက်လုံးဆက်တိုက်ဖြေပြီး စနေတနင်္ဂနွနှေစ်ရက်နားကာ တနင်္လာနေ့တွင်တစ်ဘာသာထပ်ဖြေရမည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"De...De...De..."
"အေးပြော သားကြီး"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"အခုထ"
"မဖြစ်နိုင်ဘူး"
"တော်ဝင်"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
""တောင်းပန်ပါတယ်""
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ကျွန်တော်ထင်တယ်
ဟန်လင်းခ
Bạn đang đọc truyện trên: Truyen247.Pro