Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-19 ( it's ok)

Unicode

လက်ခုပ်တီးအားပေးသံတွေကို Ray အပြုံးလှလှတစ်ခုဖြင့်သာ ပြန်လည်တုန့်ပြန်လိုက်ပြီး Jasper ့ဘေးတွင်ဝင်ထိုင်ကာ မနက်စာစားတော့သည်။

"Ray, Piano ကိုကောင်းကောင်းတီးတတ်တာပဲ ဂီတကျောင်းတွေဘာတွေတက်ဖူးလို့လား?"
"ဟင့်အင်း မေမေသင်ပေးတာ"
"Boxing ထိုးတဲ့လက်ကဘာလို့ ဒီလောက်လှလည်းအခုမှသိတယ်.."

တခြားသူတွေဆီကချီးကျူးစကားတွေကြားပေမယ့် အသံတိတ်နေသော Jasper ့ကိုသာသူအာရုံစိုက်မိသည်။

မနက်စာစားပြီး staff အစ်မတစ်ယောက်ပြောသည့်အတိုင်း ရေကူးကန်တွင်ဓာတ်ပုံရိုက်ရန် ဘောင်းဘီပြန်လဲကြသည်။

ဘောင်းဘီတိုနှင့်အပေါ်မှ shirt လက်တိုတစ်ထည်ကို ကြယ်သီးတွေအကုန်ဖြုတ်ကာ ဝတ်ဆင်နေသည့် Ray ကို Jasper တစိမ့်စိမ့်ကြည့်နေမိသည်။ Jasper ကတော့အပေါ်ပိုင်းဗလာနှင့်ပင်။

"သွားမယ်လေ Jas.."
"ခဏနေဦး babe ကိုယ်တို့တစ်ခုခုများမေ့နေသလားလို့"
"ဘာမေ့တာလဲ.."
"Morning kiss လေ"

Jasper ထိုင်နေရာမှဖြတ်ကနဲထကာ Ray နှုတ်ခမ်းလေးကိုအသံမြည်အောင်တစ်ချက်စုပ်နမ်းလိုက်လေသည်။

"Morning kiss မပေးရသေးလို့နေလို့ထိုင်လို့မကောင်းဖြစ်နေတာ အခုမှပဲအဆင်ပြေတော့တယ် "
"........"
"မင်းကကိုယ့်အပိုင်ပဲ Kha..."
"ငါကမင်းအပိုင်ဆိုရင် မင်းကရော ဘယ်သူ့အပိုင်လဲ"
"သေချာပေါက် babe အပိုင်ပဲပေါ့...ကိုယ်ကလွဲပြီးတခြားသူတွေ babe ကိုမထိပါစေနဲ့ ကိုယ်မကြိုက်ဘူး"
"Jas ကလည်း ငါကလွဲပီး ဘယ်သူ့ကိုမှမထိပါဘူး အထိလည်းမခံပါဘူးလို့ ကတိပေးနိုင်လား?"
"ပေးနိုင်တာပေါ့"

Jasper, Ray ၏လက်သန်းလေးကိုချိတ်ကာ ကတိပေးလိုက်သည်။

"အဲ့တာဆိုငါလည်းမင်းကို ကတိပေးတယ် Jas"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹


Hotel ရဲ့ရေကူးကန်ကြီးတွင် bikini ကိုယ်စီနှင့် လန်းနေကြသော star လေးများကိုတွေ့ရသည်။

moon တွေကလည်းရှိသမျှကြက်ဥ တွေ ပေါင်မုန့်တွေအကုန်လုံးကိုပြရန် အပေါ်ပိုင်းအကျႌဗလာတွေနှင့် ခန့်ညားပြနေကြပြန်သည်။

ထိုအထဲမှာမှ Ray တစ်ယောက်သာ အကျႌဝတ်ထားပြီး ထိုအကျႌမှာလည်း ကြယ်သီးအကုန်ဖြုတ်ထားသောကြောင့် ဝမ်းဗိုက်ကြွက်သားလှလှတွေကိုမြင်နေရသည်။

လူဆိုတဲ့အမျိုးက လျှို့ဝှက်ထားတာတွေကိုပိုစိတ်ဝင်စားသလို အကုန်မြင်နေရတာထက် မပေါ့်တပေါ်လေးကိုပိုစွဲဆောင်မှုရှိတယ်လို့မြင်ကြတယ်။

ရေကူးကန်ထဲတွင် ရေဆော့ရင်း ဓာတ်ပုံရိုက်ကြရာအနုပညာဋ္ဌာန star ,Fah ၏ bikini အပေါ်ပိုင်းမှ ဂုတ်ကိုချည်ထားသော ကြိုးမှာပြတ်ထွက်သွားစဉ် Ray အလျင်အမြန် သူ့အကျႌကိုချွတ်ကာဖုံးအုပ်ပေးလိုက်သည်။ တခြားသူများမှာ ဆော့နေကြသောကြောင့်မမြင်လိုက်ပေမယ့် သတိထားမိကြချိန်တွင် Fah မှာ Ray ၏ shirt ကိုဝတ်ဆင်ထားပြီး Ray မှာအပေါ်ပိုင်းဗလာဖြစ်နေသည်။

Fah ရေကူးကန်မှတက်သွားပြီး ကျေးဇူးတင်စကားပြောလေသည်။

"ကျေးဇူးပဲနော် Ray"
"ရပါတယ်"
"နင့်အကျႌကို လျှော်ပြီးရင်ပြန်ပေးမယ်နော်"
"အင်း"

Ray ကိုလှည့်ကြည့်လှည့်ကြည့်နှင့် ထွက်သွားသော Fah ကိုကြည့်နေသည့် Jasper မျက်ဝန်းများထဲတွင် မီးတောက်များက ပြင်းထန်စွာတောက်လောင်နေသည်။

"Fah ရဲ့bikini ကဘာဖြစ်သွားလို့လဲ Ray"
"ကြိုးပြတ်သွားတာ"

နောက်ထပ် bikini တစ်ထည်လဲပြီး Fah ပြန်လာသောအခါ သူတို့ ဓာတ်ပုံဆက်ရိုက်ကြလေသည်။

"မောင်လေးညီမလေးတွေအားလုံးတော်ပါတယ် အခုနားလို့ရပြီ"

အားလုံးရေကူးကန်မှတက်ကာ အသင့်ရှိသော သပတ်များနှင့်ရေသုတ်လိုက်ကြသည်။

"ညကျ မီးပုံပွဲလုပ်ဖို့စီစဉ်ထားပါတယ် အားလုံးလာရမယ်နော် ကမ်းခြေရောက်နေတာဆိုတော့ သောက်စရာလေးနည်းနည်းပါးပါးလည်းပြင်ဆင်ပေးထားမှာနော်"
"လာမှာပါ!!!!"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Hotel ခန်းကိုပြန်ရောက်သည်အထိစကားမပြောသော Jasper့ ကြောင့် Ray သူ့ကိုစိတ်ဆိုးနေမှန်းရိပ်မိသွားသည်။

အကျႌလြဲပီး ကုတင်ပေါ်တွင် ဖုန်းတစ်လုံးနှင့်အသေအလဲ game ဆော့နေသော Jasper အနားသွားထိုင်လိုက်သည်။

"Jas..."
"........"
"Jas လို့ငါခေါ်နေတယ်လေ....."
"ဘာလဲကွာ ငါမအားဘူး game ဆော့နေတယ်"
"babe ကိုစိတ်ဆိုးနေတာလားဟင်...."

သူ့ကိုယ်သူ babe လို့သုံးနှုန်းကာပြောသည်ကို Jasper ပထမဆုံးအကြိမ်ကြားဖူးသည်ဖြစ်သောကြောင့် မျက်လုံးလှန်ကာကြည့်လိုက်သည်။

သူငယ်ချင်းတွေအမြဲပြောသည့် သူ့၏ချစ်စရာအကောင်းဆုံးအမူအရာတစ်ခုကို Ray ထုတ်သုံးလိုက်သည်။

တင်ပြင်ခွေလေးထိုင် လျှာတစ်လစ်လေးထုတ်ပြီး သွားစွယ်လေးများပေါ်ကာ မျက်ဝန်းလေးများမှေးကျသွားအောင်ရယ်ပြလိုက်သည်။

Jasper သူ့ရှေ့က လျှာတစ်လစ်လေးလေးနှင့်ရယ်ပြနေသော ကောင်လေးကြောင့် ဆိုးနေသောစိတ်ပင်ဘယ်ရောက်သွားမှန်းမသိတော့ပဲ ဖုန်းကိုချကာ သူပါတင်ပြင်ခွေထိုင်ပြီး လက်နှစ်ဖက်ကိုဘေးသို့ကားကာ ဆန့်တန့်ပြလိုက်သည်။

"ဟင်....?"

သူ့အမူအရာကိုနားမလည်သလိုအူကြောင်ကြောင်ကြည့်နေသော ကောင်လေးကို Jasper ပိုအူယားလာမိသည်။

"လာ ကိုယ့်အပေါ် လာထိုင်"
"ဟမ်.."
"လာပါဆိုကွာ"

Ray လက်ကိုဆွဲကာ Jasper တင်ပြင်ခွေထားသောသူ့အပေါ်ခွထိုင်စေလိုက်ပြီး ခါးလေးကိုဖက်ကာ Ray မျက်နှာအနှံ့ကိုနမ်းရှိုက်လိုက်သည်။

နဖူးပြင် မျက်ခုံးနှစ်ဖက် ပိတ်ထားသောမျက်ခွံလေးတွေ နှာခေါင်းထိပ်လေး ပါးပြင်နှစ်ဖက်တို့ကို ခပ်ဖွဖွလေးနမ်းကာ နှုတ်ခမ်းနှစ်လွှာကိုတော့ခပ်ကြာကြာ ငုံထားလိုက်သည်။ နှုတ်ခမ်းတွေကိုလွှတ်ပေးလိုက်တော့ မျက်နှာလေးရဲကာ မျက်ဝန်းလေးတွေဖွင့်လာလေသည်။

"အခု.....စိတ်ဆိုးပြေသွားပြီလား...."
"မပြေသေးဘူး..."
"ဘာလို့မပြေသေးတာလဲ ငါဘယ်လိုချော့ရမှာလဲဟင်"
"ကိုယ့်ကိုချော့ချင်ရင် ကိုယ်လုပ်ချင်တာကိုမငြင်းရဘူး"
"ဘာလုပ်ချင်တာလဲ...."

Jasper ရုတ်တရက် Ray ကိုယ်လေးကိုကုတင်ပေါ်ချကာ အပေါ်မှအုပ်မိုးထားလိုက်သည်။
Ray ဝတ်ထားသောအကျႌလေးကို ကြယ်သီးတွေတစ်လုံးချင်းဖြုတ်လိုက်သောအခါ သူ့လက်ကို Ray တားဆီးလိုက်သည်။

"Jas... ဘာလုပ်မလို့လဲ....."

တုန်ယင်နေသော အသံကိုထိန်းကာ Ray မေးလိုက်သည်။

"ငြိမ်ငြိမ်နေ babe"

Jasper ကြယ်သီးတွေအကုန်ဖြုတ်လိုက်ပြီး လစ်ဟာသွားသော Ray ၏ဖြူဖွေးနေသည့်ရင်ဘက်ကိုစိုက်ကြည့်ကာ ဗိုက်ကြွက်သားတွေကိုနာနာကိုက်ချလိုက်သည်။

"အားးးးးးးး.."

နာကျင်လို့ Ray အော်လိုက်ပြီး Jasper ပုခုံးကိုတွန်းလိုက်သည်။

"ခဏပဲ မဟုတ်ရင်ကိုယ်စိတ်ဆိုးပြေမှာမဟုတ်ဘူးနော်"

သူ့မျက်နှာကိုကြည့်ကာပြောသော Jasperရဲ့ စကားကြောင့် Ray သူ့လက်တွေကိုပြန်ရုတ်လိုက်သည်။

Jasper,Ray ၏ဗိုက်သားလေးတွေကိုစုပ်လိုက် ကိုက်လိုက််လုပ်နေသောကြောင့် Ray တစ်ချက်ချက်ကျ ထ ထအော်လေသည်။

"ဒေါက်.ဒေါက်ဒေါက်....ဒေါက်ဒေါက်ဒေါက်"
"ကိုကို...ကိုကို..."
"Ray ဘာဖြစ်လို့လဲ Ray..."

အခန်းတံခါးလာခေါက်ပြီး အော်နေကြသောကြောင့် Jasper အုပ်မိုးထားရာမှဖယ်ပေးလိုက်လေသည်။

Ray လည်းအကျႌကိုကြယ်သီးတွေပြန်တပ်ပြီး အမြန်တံခါးသွားဖွင့်လိုက်သည်။

"Wine...Fah..."
"ကိုကို ဘာဖြစ်လို့လဲ ကိုကို့အော်သံတွေ ကြားလို့"

ဘေးချင်းကပ်အခန်းတွင်နေသော Wine နှင့် Fah ကသူ့အော်သံကြား၍ လာသည်ဆိုသောကြောင့် အသံမလုံသော hotel ခန်းကို Ray အပြစ်တင်မိသည်။

"ကိုကို့အော်သံ မဟုတ်ပါဘူး TV ထဲကအသံပါ ကိုကို စုန်းသရဲကားကြည့်နေတာ"
"ေဩာ်..."

Fah နှင့် Wine သူတ့ိုအခန်းပြန်သွားမှ Ray အခန်းထဲပြန်ဝင်လာခဲ့သည်။

မှန်ရှေ့တွင်ရပ်ပြီး Jasper ကိုက်ထားသောဗိုက်ကို လှန်ကြည့်လိုက်ရာ သွားရာတွေ အနီကွက်တွေကအပြည့်နှင့် စပ်ဖြင်းဖြင်းဖြစ်နေသည်။

"Jas... ဘာလို့ငါ့ဗိုက်ကိုဒီလိုလုပ်တာလဲ အနီကွက်တွေအများကြီးပဲ"
"အနီကွက်တွေဖြစ်အောင်လုပ်တာပဲလေ...အဲ့တာမှ babe အကျႌကို သူများတွေရှေ့မှာလုံလုံခြုံခြုံဝတ်မှာပေါ့......"

လုပ်ချင်တာလုပ်ပြီး Jasper စပ်ဖြီးဖြီးနှင့်ကျေနပ်နေပေမယ့် Ray ကတော့နှုတ်ခမ်းစူနေပြီဖြစ်သည်။

"အဲ့နှုတ်ခမ်းလေးဆက်စူနေရင် ရောင်ကိုင်းသွားအောင် နမ်းပြစ်မှာနော်"

Ray ချက်ချင်းနှုတ်ခမ်းကိုလက်နှင့်အုပ်လိုက်မိသည်။

"ထိုင်းအင်္ဂလိပ် စုန်းထီးကြီး"

Ray မြန်မာလိုခပ်တိုးတိုးလေးရေရွတ်လိုက်မိသည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

ကမ်းခြေတွင် မီးပုံပွဲလုပ်ရင်း BBQ လေးစားကာ သောက်ကြသည်။

မိန်းကလေးများကို ဘီယာလောက်သာသောက်ခိုင်းပြီး Ray တို့ကတော့ အရက်ရော ဘီယာပါသောက်ကြသည်။

Jump က Wine ကို video call ခေါ်ပြီး Ray ကိုဖုန်းပေးခိုင်းလေသည်။

"Hey Han"
"Hi Jump"
"ဘယ်လိုလဲ Hua Hin က"
"မိုက်တယ်"

Ray လက်မထောင်ကာပြောလိုက်သည်။

"မနက်ဖြန်ပြန်လာမှာမလား "
"အင်း"
"ပြန်ရောက်မှတွေ့မယ်နော် Han အရမ်းသောက်မနေနဲ့ဦး အစာအိမ်နဲ့မတည့်ဘူး"
"Kurp Khun Jump"

Ray လေးလေးစားစားပြောလိုက်တော့ Jump ရယ်ကာ ဖုန်းချသွားလေသည်။ အနားတွင် Jasper မရှိသောကြောင့် Ray ဘယ်များရောက်သွားလဲဆိုပြီးရှာကြည့်လိုက်ရာ သူတိုနှင့်ခပ်လှမ်းလှမ်းတွင် ကောင်မလေးတစ်ယောက်နှင့်စကားပြောနေသည်ကိုတွေ့ရသည်။ ကောင်မလေးက သူတို့အထဲမှမဟုတ် တခြားလာလည်ပတ်သူဖြစ်လိမ့်မည်။

တစ်ယောက်နှင့်တစ်ယောက်ဖုန်းနံပါတ်ပေးကာ စကားပြောရင်း ကောင်မလေးလက်ကိုဆုပ်ကိုင်လိုက်သော Jasper ၏လုပ်ရပ်ကြောင့် Ray ကို Jasper ပေးထားသည့်ကတိစကားကိုပြန်ကြားယောင်မိသည်။

မင်းငါ့ကိုကတိပေးပြီး နာရီပိုင်းအတွင်းမှာပဲ ဒီကတိကိုဖောက်ဖျက်ရက်တယ်နော် Jas.......

Ray ဆက်မကြည့်ချင်တော့တာကြောင့် မီးပုံပွဲဆီပြန်လှည့်လာခဲ့သည်။

အနောက်မှ Jasper နှင့် ကောင်မလေး၏ရယ်သံအချို့က သူ့ကိုလှောင်ပြောင်နေသလိုပင်။

"Ray... နေ့လည်တုန်းကကူညီခဲ့တဲ့အတွက် Fah တကယ်ကိုကျေးဇူးတင်ပါတယ်"
"ရပါတယ် Fah ကလည်း"
"ဟိုလေ Bangkok ပြန်ရောက်ရင် ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုလိုက်ကျွေးပါရစေ"
"လက်ခံလိုက်ပါ ကိုကိုရဲ့"

Ray ငြင်းရန်ပြင်ပြီးမှ ဝင်ပြောသော Wine ကြောင့် Fah ကိုလည်းအားနာကာ လက်ခံလိုက်သည်။

"နင်အခွင့်အရေးကိုဆုံးရှုံးသွားပြီ Jasper
ငါ့ mission တွေစပြီ
နင့်လုပ်ရပ်တွေအတွက် နောင်တရဖို့ပြင်ဆင်ထားပါ"

ကောင်မလေးတစ်ယောက်နှင့်ကြည်နူးနေသော Jasper ကို ဝမ်းနည်းခြင်းတွေနာကျင်မှုတွေကိုမြိုသိပ်ထားသည့် မျက်ဝန်းတွေနှင့်ကြည့်နေသည့် ကိုကို့၏ ပုံရိပ်က Wine မှတ်ဉာဏ်ထဲတွင်စွဲထင်နေသည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

ချစ်ရတဲ့သူ ပျော်ရွှင်နေမယ်ဆိုရင်
နာကျင်ခြင်းတွေကို ခံစားနိုင်တယ်
ဝမ်းနည်းခြင်းတွေကို မြိုသိပ်နိုင်တယ်
နှလုံးသားလေး ကွဲကြေသွားရင်တောင်
ချစ်ရသူပျော်ရွှင်ရင် အဆင်ပြေပါတယ်...

Ray Han

******************************

Zawgyi

လက္ခုပ္တီးအားေပးသံေတြကို Ray အျပံဳးလွလွတစ္ခုျဖင့္သာ ျပန္လည္တုန္႔ျပန္လိုက္ၿပီး Jasper ့ေဘးတြင္ဝင္ထိုင္ကာ မနက္စာစားေတာ့သည္။

"Ray, Piano ကိုေကာင္းေကာင္းတီးတတ္တာပဲ ဂီတေက်ာင္းေတြဘာေတြတက္ဖူးလို႔လား?"
"ဟင့္အင္း ေမေမသင္ေပးတာ"
"Boxing ထိုးတဲ့လက္ကဘာလို႔ ဒီေလာက္လွလည္းအခုမွသိတယ္.."

တျခားသူေတြဆီကခ်ီးက်ဴးစကားေတြၾကားေပမယ့္ အသံတိတ္ေနေသာ Jasper ့ကိုသာသူအာ႐ုံစိုက္မိသည္။

မနက္စာစားၿပီး staff အစ္မတစ္ေယာက္ေျပာသည့္အတိုင္း ေရကူးကန္တြင္ဓာတ္ပုံ႐ိုက္ရန္ ေဘာင္းဘီျပန္လဲျကသည္။

ေဘာင္းဘီတိုႏွင့္အေပၚမွ shirt လက္တိုတစ္ထည္ကို ၾကယ္သီးေတြအကုန္ျဖဳတ္ကာ ဝတ္ဆင္ေနသည့္ Ray ကို Jasper တစိမ့္စိမ့္ၾကည့္ေနမိသည္။ Jasper ကေတာ့အေပၚပိုင္းဗလာႏွင့္ပင္။

"သြားမယ္ေလ Jas.."
"ခဏေနဦး babe ကိုယ္တို႔တစ္ခုခုမ်ားေမ့ေနသလားလို႔"
"ဘာေမ့တာလဲ.."
"Morning kiss ေလ"

Jasper ထိုင္ေနရာမွျဖတ္ကနဲထကာ Ray ႏႈတ္ခမ္းေလးကိုအသံျမည္ေအာင္တစ္ခ်က္စုပ္နမ္းလိုက္ေလသည္။

"Morning kiss မေပးရေသးလို႔ေနလို႔ထိုင္လို႔မေကာင္းျဖစ္ေနတာ အခုမွပဲအဆင္ေျပေတာ့တယ္ "
"........"
"မင္းကကိုယ့္အပိုင္ပဲ Kha..."
"ငါကမင္းအပိုင္ဆိုရင္ မင္းကေရာ ဘယ္သူ႔အပိုင္လဲ"
"ေသခ်ာေပါက္ babe အပိုင္ပဲေပါ့...ကိုယ္ကလြဲျပီးတျခားသူေတြ babe ကိုမထိပါေစနဲ႔ ကိုယ္မႀကိဳက္ဘူး"
"Jas ကလည္း ငါကလြဲပီး ဘယ္သူ႔ကိုမွမထိပါဘူး အထိလည္းမခံပါဘူးလို႔ ကတိေပးႏိုင္လား?"
"ေပးႏိုင္တာေပါ့"

Jasper, Ray ၏လက္သန္းေလးကိုခ်ိတ္ကာ ကတိေပးလိုက္သည္။

"အဲ့တာဆိုငါလည္းမင္းကို ကတိေပးတယ္ Jas"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹


Hotel ရဲ႕ေရကူးကန္ႀကီးတြင္ bikini ကိုယ္စီႏွင့္ လန္းေနၾကေသာ star ေလးမ်ားကိုေတြ႔ရသည္။

moon ေတြကလည္း႐ွိသမ်ွၾကက္ဥ ေတြ ေပါင္မုန္႔ေတြအကုန္လုံးကိုျပရန္ အေပၚပိုင္းအက်ႌဗလာေတြႏွင့္ ခန႔္ညားျပေနၾကျပန္သည္။

ထိုအထဲမွာမွ Ray တစ္ေယာက္သာ အက်ႌဝတ္ထားၿပီး ထိုအက်ႌမွာလည္း ၾကယ္သီးအကုန္ျဖဳတ္ထားေသာေၾကာင့္ ဝမ္းဗိုက္ႂကြက္သားလွလွေတြကိုျမင္ေနရသည္။

လူဆိုတဲ့အမ်ိဳးက လ်ိွဳ႕ဝွက္ထားတာေတြကိုပိုစိတ္ဝင္စားသလို အကုန္ျမင္ေနရတာထက္ မေပၚ့တေပၚေလးကိုပိုစြဲေဆာင္မႈ႐ွိတယ္လို႔ျမင္ၾကတယ္။

ေရကူးကန္ထဲတြင္ ေရေဆာ့ရင္း ဓာတ္ပုံ႐ိုက္ၾကရာအႏုပညာ႒ာန star ,Fah ၏ bikini အေပၚပိုင္းမွ ဂုတ္ကိုခ်ည္ထားေသာ ႀကိဳးမွာျပတ္ထြက္သြားစဥ္ Ray အလ်င္အျမန္ သူ႔အက်ႌကိုခြၽတ္ကာဖုံးအုပ္ေပးလိုက္သည္။ တျခားသူမ်ားမွာ ေဆာ့ေနၾကေသာေၾကာင့္မျမင္လိုက္ေပမယ့္ သတိထားမိၾကခ်ိန္တြင္ Fah မွာ Ray ၏ shirt ကိုဝတ္ဆင္ထားၿပီး Ray မွာအေပၚပိုင္းဗလာျဖစ္ေနသည္။

Fah ေရကူးကန္မွတက္သြားၿပီး ေက်းဇူးတင္စကားေျပာေလသည္။

"ေက်းဇူးပဲေနာ္ Ray"
"ရပါတယ္"
"နင့္အက်ႌကို ေလ်ွာ္ၿပီးရင္ျပန္ေပးမယ္ေနာ္"
"အင္း"

Ray ကိုလွည့္ၾကည့္လွည့္ၾကည့္ႏွင့္ ထြက္သြားေသာ Fah ကိုၾကည့္ေနသည့္ Jasper မ်က္ဝန္းမ်ားထဲတြင္ မီးေတာက္မ်ားက ျပင္းထန္စြာေတာက္ေလာင္ေနသည္။

"Fah ရဲ့bikini ကဘာျဖစ္သြားလို႔လဲ Ray"
"ႀကိဳးျပတ္သြားတာ"

ေနာက္ထပ္ bikini တစ္ထည္လဲၿပီး Fah ျပန္လာေသာအခါ သူတို႔ ဓာတ္ပုံဆက္႐ိုက္ၾကေလသည္။

"ေမာင္ေလးညီမေလးေတြအားလုံးေတာ္ပါတယ္ အခုနားလို႔ရၿပီ"

အားလုံးေရကူးကန္မွတက္ကာ အသင့္႐ွိေသာ သပတ္မ်ားႏွင့္ေရသုတ္လိုက္ၾကသည္။

"ညက် မီးပုံပြဲလုပ္ဖို႔စီစဥ္ထားပါတယ္ အားလုံးလာရမယ္ေနာ္ ကမ္းေျခေရာက္ေနတာဆိုေတာ့ ေသာက္စရာေလးနည္းနည္းပါးပါးလည္းျပင္ဆင္ေပးထားမွာေနာ္"
"လာမွာပါ!!!!"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Hotel ခန္းကိုျပန္ေရာက္သည္အထိစကားမေျပာေသာ Jasper့ ေၾကာင့္ Ray သူ႔ကိုစိတ္ဆိုးေနမွန္းရိပ္မိသြားသည္။

အက်ႌလျဲပီး ကုတင္ေပၚတြင္ ဖုန္းတစ္လုံးႏွင့္အေသအလဲ game ေဆာ့ေနေသာ Jasper ့အနားသြားထိုင္လိုက္သည္။

"Jas..."
"........"
"Jas လို႔ငါေခၚေနတယ္ေလ....."
"ဘာလဲကြာ ငါမအားဘူး game ေဆာ့ေနတယ္"
"babe ကိုစိတ္ဆိုးေနတာလားဟင္...."

သူ႔ကိုယ္သူ babe လို႔သုံးႏႈန္းကာေျပာသည္ကို Jasper ပထမဆုံးအႀကိမ္ၾကားဖူးသည္ျဖစ္ေသာေၾကာင့္ မ်က္လုံးလွန္ကာၾကည့္လိုက္သည္။

သူငယ္ခ်င္းေတြအျမဲေျပာသည့္ သူ့၏ခ်စ္စရာအေကာင္းဆုံးအမူအရာတစ္ခုကို Ray ထုတ္သုံးလိုက္သည္။

တင္ျပင္ေခြေလးထိုင္ လ်ွာတစ္လစ္ေလးထုတ္ၿပီး သြားစြယ္ေလးမ်ားေပၚကာ မ်က္ဝန္းေလးမ်ားေမွးက်သြားေအာင္ရယ္ျပလိုက္သည္။

Jasper သူ႔ေ႐ွ႕က လ်ွာတစ္လစ္ေလးေလးႏွင့္ရယ္ျပေနေသာ ေကာင္ေလးေၾကာင့္ ဆိုးေနေသာစိတ္ပင္ဘယ္ေရာက္သြားမွန္းမသိေတာ့ပဲ ဖုန္းကိုခ်ကာ သူပါတင္ျပင္ေခြထိုင္ၿပီး လက္ႏွစ္ဖက္ကိုေဘးသို႔ကားကာ ဆန္႔တန္႔ျပလိုက္သည္။

"ဟင္....?"

သူ႔အမူအရာကိုနားမလည္သလိုအူေၾကာင္ေၾကာင္ၾကည့္ေနေသာ ေကာင္ေလးကို Jasper ပိုအူယားလာမိသည္။

"လာ ကိုုယ့္အေပၚ လာထိုင္"
"ဟမ္.."
"လာပါဆိုကြာ"

Ray လက္ကိုဆြဲကာ Jasper တင္ျပင္ေခြထားေသာသူ႔အေပၚခြထိုင္ေစလိုက္ၿပီး ခါးေလးကိုဖက္ကာ Ray မ်က္ႏွာအႏွံ႔ကိုနမ္း႐ိႈက္လိုက္သည္။

နဖူးျပင္ မ်က္ခုံးႏွစ္ဖက္ ပိတ္ထားေသာမ်က္ခြံေလးေတြ ႏွာေခါင္းထိပ္ေလး ပါးျပင္ႏွစ္ဖက္တို႔ကို ခပ္ဖြဖြေလးနမ္းကာ ႏႈတ္ခမ္းႏွစ္လႊာကိုေတာ့ခပ္ၾကာၾကာ ငုံထားလိုက္သည္။ ႏႈတ္ခမ္းေတြကိုလႊတ္ေပးလိုက္ေတာ့ မ်က္ႏွာေလးရဲကာ မ်က္ဝန္းေလးေတြဖြင့္လာေလသည္။

"အခု.....စိတ္ဆိုးေျပသြားၿပီလား...."
"မေျပေသးဘူး..."
"ဘာလို႔မေျပေသးတာလဲ ငါဘယ္လိုေခ်ာ့ရမွာလဲဟင္"
"ကိုယ့္ကိုေခ်ာ့ခ်င္ရင္ ကိုယ္လုပ္ခ်င္တာကိုမျငင္းရဘူး"
"ဘာလုပ္ခ်င္တာလဲ...."

Jasper ႐ုတ္တရက္ Ray ကိုယ္ေလးကိုကုတင္ေပၚခ်ကာ အေပၚမွအုပ္မိုးထားလိုက္သည္။
Ray ဝတ္ထားေသာအက်ႌေလးကို ၾကယ္သီးေတြတစ္လုံးခ်င္းျဖဳတ္လိုက္ေသာအခါ သူ႔လက္ကို Ray တားဆီးလိုက္သည္။

"Jas... ဘာလုပ္မလို႔လဲ....."

တုန္ယင္ေနေသာ အသံကိုထိန္းကာ Ray ေမးလိုက္သည္။

"ၿငိမ္ၿငိမ္ေန babe"

Jasper ၾကယ္သီးေတြအကုန္ျဖဳတ္လိုက္ၿပီး လစ္ဟာသြားေသာ Ray ၏ျဖူေဖြးေနသည့္ရင္ဘက္ကိုစိုက္ၾကည့္ကာ ဗိုက္ႂကြက္သားေတြကိုနာနာကိုက္ခ်လိုက္သည္။

"အားးးးးးးး.."

နာက်င္လို႔ Ray ေအာ္လိုက္ၿပီး Jasper ပုခုံးကိုတြန္းလိုက္သည္။

"ခဏပဲ မဟုတ္ရင္ကိုယ္စိတ္ဆိုးေျပမွာမဟုတ္ဘူးေနာ္"

သူ႔မ်က္ႏွာကိုၾကည့္ကာေျပာေသာ Jasper ့ စကားေၾကာင့္ Ray သူ႔လက္ေတြကိုျပန္႐ုတ္လိုက္သည္။

Jasper,Ray ၏ဗိုက္သားေလးေတြကိုစုပ္လိုက္ ကိုက္လိုက္္လုပ္ေနေသာေၾကာင့္ Ray တစ္ခ်က္ခ်က္က် ထ ထေအာ္ေလသည္။

"ေဒါက္.ေဒါက္ေဒါက္....ေဒါက္ေဒါက္ေဒါက္"
"ကိုကို...ကိုကို..."
"Ray ဘာျဖစ္လို႔လဲ Ray..."

အခန္းတံခါးလာေခါက္ၿပီး ေအာ္ေနၾကေသာေၾကာင့္ Jasper အုပ္မိုးထားရာမွဖယ္ေပးလိုက္ေလသည္။

Ray လည္းအက်ႌကိုၾကယ္သီးေတြျပန္တပ္ၿပီး အျမန္တံခါးသြားဖြင့္လိုက္သည္။

"Wine...Fah..."
"ကိုကို ဘာျဖစ္လို႔လဲ ကိုကို႔ေအာ္သံေတြ ၾကားလို႔"

ေဘးခ်င္းကပ္အခန္းတြင္ေနေသာ Wine ႏွင့္ Fah ကသူ႔ေအာ္သံၾကား၍ လာသည္ဆိုေသာေၾကာင့္ အသံမလုံေသာ hotel ခန္းကို Ray အျပစ္တင္မိသည္။

"ကိုကို႔ေအာ္သံ မဟုတ္ပါဘူး TV ထဲကအသံပါ ကိုကို စုန္းသရဲကားၾကည့္ေနတာ"
"ေဩာ္..."

Fah ႏွင့္ Wine သူတ႔ိုအခန္းျပန္သြားမွ Ray အခန္းထဲျပန္ဝင္လာခဲ့သည္။

မွန္ေ႐ွ႕တြင္ရပ္ၿပီး Jasper ကိုက္ထားေသာဗိုက္ကို လွန္ၾကည့္လိုက္ရာ သြားရာေတြ အနီကြက္ေတြကအျပည့္ႏွင့္ စပ္ျဖင္းျဖင္းျဖစ္ေနသည္။

"Jas... ဘာလို႔ငါ့ဗိုက္ကိုဒီလိုလုပ္တာလဲ အနီကြက္ေတြအမ်ားႀကီးပဲ"
"အနီကြက္ေတြျဖစ္ေအာင္လုပ္တာပဲေလ...အဲ့တာမွ babe အက်ႌကို သူမ်ားေတြေ႐ွ႕မွာလုံလုံျခံဳျခဳံဝတ္မွာေပါ့......"

လုပ္ခ်င္တာလုပ္ၿပီး Jasper စပ္ၿဖီးၿဖီးႏွင့္ေက်နပ္ေနေပမယ့္ Ray ကေတာ့ႏႈတ္ခမ္းစူေနၿပီျဖစ္သည္။

"အဲ့ႏႈတ္ခမ္းေလးဆက္စူေနရင္ ေရာင္ကိုင္းသြားေအာင္ နမ္းျပစ္မွာေနာ္"

Ray ခ်က္ခ်င္းႏႈတ္ခမ္းကိုလက္ႏွင့္အုပ္လိုက္မိသည္။

"ထိုင္းအဂၤလိပ္ စုန္းထီးႀကီး"

Ray ျမန္မာလိုခပ္တိုးတိုးေလးေရရြတ္လိုက္မိသည္။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

ကမ္းေျခတြင္ မီးပုံပြဲလုပ္ရင္း BBQ ေလးစားကာ ေသာက္ၾကသည္။

မိန္းကေလးမ်ားကို ဘီယာေလာက္သာေသာက္ခိုင္းၿပီး Ray တို႔ကေတာ့ အရက္ေရာ ဘီယာပါေသာက္ၾကသည္။

Jump က Wine ကို video call ေခၚၿပီး Ray ကိုဖုန္းေပးခိုင္းေလသည္။

"Hey Han"
"Hi Jump"
"ဘယ္လိုလဲ Hua Hin က"
"မိုက္တယ္"

Ray လက္မေထာင္ကာေျပာလိုက္သည္။

"မနက္ျဖန္ျပန္လာမွာမလား "
"အင္း"
"ျပန္ေရာက္မွေတြ႔မယ္ေနာ္ Han အရမ္းေသာက္မေနနဲ႔ဦး အစာအိမ္နဲ႔မတည့္ဘူး"
"Kurp Khun Jump"

Ray ေလးေလးစားစားေျပာလိုက္ေတာ့ Jump ရယ္ကာ ဖုန္းခ်သြားေလသည္။ အနားတြင္ Jasper မ႐ွိေသာေၾကာင့္ Ray ဘယ္မ်ားေရာက္သြားလဲဆိုၿပီး႐ွာၾကည့္လိုက္ရာ သူတိုႏွင့္ခပ္လွမ္းလွမ္းတြင္ ေကာင္မေလးတစ္ေယာက္ႏွင့္စကားေျပာေနသည္ကိုေတြ႔ရသည္။ ေကာင္မေလးက သူတို႔အထဲမွမဟုတ္ တျခားလာလည္ပတ္သူျဖစ္လိမ့္မည္။

တစ္ေယာက္ႏွင့္တစ္ေယာက္ဖုန္းနံပါတ္ေပးကာ စကားေျပာရင္း ေကာင္မေလးလက္ကိုဆုပ္ကိုင္လိုက္ေသာ Jasper ၏လုပ္ရပ္ေၾကာင့္ Ray ကို Jasper ေပးထားသည့္ကတိစကားကိုျပန္ၾကားေယာင္မိသည္။

မင္းငါ့ကိုကတိေပးၿပီး နာရီပိုင္းအတြင္းမွာပဲ ဒီကတိကိုေဖာက္ဖ်က္ရက္တယ္ေနာ္ Jas.......

Ray ဆက္မၾကည့္ခ်င္ေတာ့တာေၾကာင့္ မီးပုံပြဲဆီျပန္လွည့္လာခဲ့သည္။

အေနာက္မွ Jasper ႏွင့္ ေကာင္မေလး၏ရယ္သံအခ်ိဳ႕က သူ႔ကိုေလွာင္ေျပာင္ေနသလိုပင္။

"Ray... ေန႔လည္တုန္းကကူညီခဲ့တဲ့အတြက္ Fah တကယ္ကိုေက်းဇူးတင္ပါတယ္"
"ရပါတယ္ Fah ကလည္း"
"ဟိုေလ Bangkok ျပန္ေရာက္ရင္ ေက်းဇူးတင္တဲ့အေနနဲ႔ တစ္ခုခုလိုက္ေကြၽးပါရေစ"
"လက္ခံလိုက္ပါ ကိုကိုရဲ႕"

Ray ျငင္းရန္ျပင္ၿပီးမွ ဝင္ေျပာေသာ Wine ေၾကာင့္ Fah ကိုလည္းအားနာကာ လက္ခံလိုက္သည္။

"နင္အခြင့္အေရးကိုဆုံး႐ႈံးသြားၿပီ Jasper
ငါ့ mission ေတြစၿပီ
နင့္လုပ္ရပ္ေတြအတြက္ ေနာင္တရဖို႔ျပင္ဆင္ထားပါ"

ေကာင္မေလးတစ္ေယာက္ႏွင့္ၾကည္ႏူးေနေသာ Jasper့ ကို ဝမ္းနည္းျခင္းေတြနာက်င္မႈေတြကိုၿမိဳသိပ္ထားသည့္ မ်က္ဝန္းေတြႏွင့္ၾကည့္ေနသည့္ ကိုကို႔၏ ပုံရိပ္က Wine့ မွတ္ဉာဏ္ထဲတြင္စြဲထင္ေနသည္။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

ခ်စ္ရတဲ့သူ ေပ်ာ္ရႊင္ေနမယ္ဆိုရင္
နာက်င္ျခင္းေတြကို ခံစားႏိုင္တယ္
ဝမ္းနည္းျခင္းေတြကို ၿမိဳသိပ္ႏိုင္တယ္
ႏွလုံးသားေလး ကြဲေၾကသြားရင္ေတာင္
ခ်စ္ရသူေပ်ာ္ရႊင္ရင္ အဆင္ေျပပါတယ္...

Ray Han


Bạn đang đọc truyện trên: Truyen247.Pro