Part-18 ( good luck)
Unicode
"Jas ဘာလုပ်နေတာလဲ"
Wine ကိုအိမ်ပြန်ပို့ပေးပြီး Condo ကိုရောက်တော့ Jasper က Ray ပစ္စည်းများကိုသိမ်းနေသည်ကိုတွေ့လိုက်ရသောကြောင့်မေးလိုက်ခြင်းဖြစ်သည်။
"Babe ကိုကိုယ်နဲ့အတူနေခိုင်းမလို့လေ"
"Jas ပစ္စည်း တွေပြန်သယ်ခဲ့ပြီးအတူပြန်နေလို့ရတယ်လေ ဘာလို့ငါ့ပစ္စည်းတွေသိမ်းနေတာလဲ"
"ကိုယ့်အခန်းမှာအတူနေကြမယ်လေ ဒီအခန်းမှာ babe နေမှန်း Jump သိတယ်လေ
အဲ့ကောင်ခဏခဏလာနေမှာစိုးလို့..."
Jasper လုပ်သမျှကိုသာ Ray ငြိမ်ငြိမ်လေးကြည့်နေမိသည်။
"ကဲ ပြီးပြီ....
သွားမယ်လာ"
လက်တစ်ဖက်ကအထုပ်တွေနှင့် နောက်လက်တစ်ဖက်ကသူ့လက်ကိုကိုင်ကာ သွားနေသော Jas ၏ ကျောပြင်သည် သူ့နှလုံးသားလေးကိုနွေးထွေးစေသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Jasper အခန်းတွင်ပြောင်းနေပေမယ့် အားလုံး အရင်ကအတိုင်းလည်ပတ်နေသည်။
"မောင်လေးတို့ညီမလေးတို့အားလုံး ဒီတစ်ပတ်ကို out door ဓာတ်ပုံရိုက်ဖို့ခရီးထွက်ရပါမယ်..."
ခရီးထွက်ရမည်ဆိုသောကြောင့် အားလုံးအသံကိုယ်စီထွက်လာကြသည်။
"Hua Hin ကမ်းခြေကို နှစ်ညအိပ် သုံးရက် သွားရမယ်...
ဒီနှစ် sponsor က မောင်လေးတို့ညီမလေးတို့အပန်းဖြေလို့ရအောင်ပါ နှစ်ညအိပ်ခရီးကိုစီစဉ်ပေးထားတာနော်"
"Wooo!!!"
"ကိုကို ဒီညနေ Wine တို့ခရီးအတွက်လိုတာလေးတွေဝယ်ရအောင် shopping ထွက်မယ်လေ....နော်..ကိုကို...နော်လို့..."
"အင်းပါ.....Jas ငါနဲ့ shopping လိုက်မလား"
"မလိုက်တော့ပါဘူး Kha ရာ ငါ့ကို ပုကွကွမှင်စာတစ်ကောင်က မေတ္တာပို့နေလိမ့်မယ်"
Jasper, Wine ကိုကြည့်ကာပြောလိုက်ခြင်းဖြစ်သောကြောင့် Wine ဒေါသထွက်ကာ မျက်နှာကြီးနီရဲပီး နှာတရူးရူးမှုတ်နေသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ခရီးထွက်ရမည့်နေ့ Express ပေါ်တွင်ခုံနေရာယူကြတော့လည်း Wine နှင့် Jasper ကြား Ray ဗျာများ နေရသည်။
"ကိုကို ဒီလာထိုင်"
"Kha ငါ့ဘေးမှာလာထိုင်"
"ကိုကို...."
"Kha....."
Ray ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် P' Cat ရောက်လာလေသည်။
"Ray, P' က Wine နဲ့ထိုင်မလို့ Ray, Jasper နဲ့ဘဲထိုင်လိုက်တော့နော်"
Wine လက်လျော့လိုက်မှ Ray သက်ပြင်းချကာ Jasper ဘေး ပြတင်းပေါက်ဘက်တွင်ထိုင်လိုက်လေသည်။ အရင်နှစ်က moon နှင့် star အချို့လည်းသူတို့ကိုကူညီရန်ပါလာလေသည်။
ကားပေါ်တွင်အခြားသူများသီချင်းတွေအော်ဆိုကာပျော်ရွှင်ရယ်မောနေကြသောကြောင့်ဆူညံနေသဖြင့် Ray နားကြပ်တပ်သီချင်းနားထောင်ရင်း အပြင်ရှုခင်းများကိုငေးမောနေမိသည်။
ပတ်ဝန်းကျင်ကိုခဏမေ့နေချိန်တွင် သူ့ခါးကိုခပ်တင်းတင်းဖက်လိုက်သော Jasper့ လက်တွေကြောင့် သူလန့်သွားရသည်။
သူ့ခါးကိုဖက်ထားရုံသာမက ပါးနှင့်လည်ပင်းကိုပါလာနမ်းသောကြောင့် Ray ဘာလုပ်ရမယ်မှန်းမသိ......
"Jas ဘာလုပ်တာလဲ သူများတွေရှိတယ်လေ"
"အကုန်အိပ်ပျော်နေကြပြီ ကိုယ်လည်းအိပ်ချင်တယ် babe ငြိမ်ငြိမ်လေးနေပေး"
Jasper သူ့ခေါင်းကို Ray ပုခုံးပေါ်မှီချကာအိပ်စက်လိုက်တော့သည်။
Ray သူ့ပုခုံးပေါ်တွင်အိပ်ပျော်နေသော Jasper ကိုကြည့်ကာ ကြည်နူးရပြန်သည်။ နှုတ်ကဖွင့်မပြောပေမယ့် Jasper မျက်ဝန်းတွေကနေတစ်ဆင့်သူ့ကိုချစ်မှန်းသူခံစားမိသည် တစ်နေ့တော့ သူချစ်ရတဲ့ Jas ကသူ့ကိုဖွင့်ပြောလာမှာပာဟူသည့်မျှော်လင့်ချက်ကလေးကို Ray ဆုပ်ကိုင်ထားသည်။
သူ့ကိုချစ်တဲ့အချစ်တွေကြောင့် သူမှီထားသောကြောင့်လေးလံနေသည့်ပုခုံးမှာ မနာကျင်ပေ။ ငါယုံကြည်တယ် မင်းလည်းငါ့ကိုချစ်တယ်လို့ Jas.......
Bangkok မှ Hua Hin သို့ 4 နာရီခန့်ကားစီးရသည်။ လမ်းတွင်ကားနားသည်နှင့်ဆိုပါက 5 နာရီနီးပါးကြာသည်။
"Hello Hua Hin!!!"
ပင်လယ်ကိုမျက်နှာမူကာ အားလုံးသံပြိုင်အော်လိုက်ကြသည်။
နှစ်ယောက်တစ်ခန်းနားခိုင်းပေမယ့် အခန်းထဲသွားအထုပ်တွေချကာ အပြင်ထွက်ဆော့ကြတော့သည်။
သူတို့တည်းခိုသည့် Inter Continantal Hua Hin Resort မှာ ပင်လယ်ရှေ့တွင်သာရှိသောကြောင့် view လည်းအတော်ကောင်းသည်။
Ray, shirt အကျႌအဖြူအပါးလေးနှင့် ဒူးလောက်ရှိသော အဖြူရောင်ဘောင်းဘီလေးကိုလဲပြီးဝတ်ဆင်လိုက်သည်။
နေရောင်အောက်သို့ထွက်လိုက်သောအခါ အဖြူရောင်နှင့် Ray မှာတောက်ပနေသည်။
ို့ခိုင်းသည့်အတိုင်း pose ပေးပြီး ဓာတ်ပုံရိုက်ရတာမဟုတ်ဘဲ သဘာဝအတိုင်း သူ့တို့၏လှုပ်ရှားမှုများကိုရိုက်ယူခြင်းဖြစ်သည်။
ပထမဆုံး သူတို့အသင်းနှစ်သင်းခွဲကာ volley ball ပုတ်ကြသည်။
Volley ball ပုတ်ပြီးခဏနားကာအအေးသောက်နေကြချိန်တွင် ခပ်လှမ်းလှမ်းတွင်ရှိသောမြင်းများကို Ray လှမ်းမြင်လိုက်သည်။
"ကိုကို ဟိုမှာမြင်းတွေ....
တစ်ကောင်လောက်ငှါးလိုက်ပါလား ကိုကိုမြင်းစီးတာကိုမမြင်တာကြာပြီ..."
"Ray ကမြင်းစီးတတ်လား"
"စီးတတ်တာပေါ့ P' Cat ရဲ့ ကိုကိုက မြန်မာမှာတုန်းကဆိုရင် ကိုကို့ဖေဖေပိုင်တဲ့ စိုက်ပျိုးခင်းခြံတွေမှာဆို အမြဲစီးနေကျလေ"
Jasper ကသူ့ကိုတကယ်ကြီးပေါ့ ဆိုပြီးမေးလာတော့ ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆိုစီးပြပါလား Kha ငါလည်းမင်းမြင်းစီးတာကိုမြင်ဖူးချင်တယ်"
Jasper ကပါတောင်းဆိုလာတော့ Ray မြင်းတစ်ကောင်ငှါးလိုက်သည်။ ဦးလေးကြီးတစ်ယောက်က မြင်းထိန်းပေးရန်လုပ်တော့ သူ့ဘာသာစီးတတ်ကြောင်းပြောကာ မြင်းပေါ်တက်ခွလိုက်သည်။
မြင်းစီးဝါသနာပါတဲ့ဖေဖေက မြင်းဇောင်းတွေဆောက်က မြင်းတွေမွေးမြူထားပြီး သူ့ကိုလည်းငယ်ငယ်ကတည်းကမြင်းစီးသင်ပေးထားတာကြောင့် မြင်းစီးခြင်းအတတ်ပညာဆိုတာ သူ့အတွက်အကျွမ်းကျင်ဆုံးအရာတွေထဲကတစ်ခုပင်။
မြင်းကိုအမြန်မောင်းရင်း ပင်လယ်လေကိုရှုရှိုက်ရသည်ကိုသူသဘောကျမိသည်။
Camera သမား staff တွေကတော့ သူ့ရဲ့ပုံရိပ်ကိုအမိအရလိုက်ရိုက်နေသည်။
တခြားသူများလည်းမြင်းငှါးစီးကြပေမယ့် မစီးတတ်သောကြောင့် မြင်းထိန်းနှင့် ဖြေးဖြေးချင်းသာစီးရသည်။
မြင်းပေါ်တွင်တောက်ပစွာပြုံးနေသည့် Ray ကို Jasper အသက်ရှုဖို့ပင်မေ့နေအောင်ငေးမောမိသည်။ သူသာမက တခြားသူများကပါ အသေအလဲငမ်းနေကြသောကြောင့် စီးပြဖို့တောင်းဆိုမိသည့် ကိုယ့်ပါးစပ်ကိုယ်ပင်ဖြတ်ရိုက်ချင်မိတော့သည်။
နေ့လည်စာစားကြတော့ Wine ကပုစွန်ခွာပေးသည်ကိုအားကျမခံ Jasper က ဂဏန်းအသားနွှင်ပေးသည်။ သူတို့နှစ်ယောက်သာမကသေး အခြား star လေးများကလည်း ငါးကိုအရိုးနွှင်ပေးကြသေးသည်။ moon တွေကပါ ဟိုဟာကောင်းတယ် သည်ဟာကောင်းတယ်နှင့် ပင်လယ်စာတွေထည့်ပေးသောကြောင့် Ray ပန်းကန်မှာပြည့်လျှံနေသည်။
P' Jay နှင့် P' Cat ကတော့ camera ကိုယ်စီကိုလက်ကမချဘဲ သူ့အဖြစ်ကိုသာပြုံး၍ကြည့်နေသည်။
နေ့လည်စာစားပြီး နှစ်နာရီလောက်အေးဆေးနားကြကာ ညနေပိုင်းတွင် ပင်လယ်ထဲဆင်းကြသည်။
အတူရေဆော့ရန် သူအတင်းဆွဲခေါ်လို့ Jasper လည်းရေထဲဆင်းရသည်။
staff တွေနှင့် senior တွေကတော့ သူတို့ဆော့သည်ကိုသာကြည့်နေကြသည်။ တစ်ဖွဲ့လုံးကမြင်းချက်ကတော့ လက်လန်သည်ဟုဆိုကြသည်။
အအေးပတ်မည်ဆိုးသောကြောင့် အတင်းတက်ခိုင်းလို့သာတက်ခဲ့ရသည် ဆော့လို့ကမဝကြသေး။
Ray ရေစိုနေသော ဆံပင်တွေကို နောက်သို့လှန်တင်လိုက်ရာ Camera တွေကတစ်ချက်ချက်မြည်လာပြန်သည်။
Jasper လည်းသူ့ babe ၏ပုံစံကိုကြည့်ပြီး ပါးစပ်ပင်မစိနိုင်။ ဆံပင်တွေကိုလှန်တင်ထားသောကြောင့် နဖူးပြေပြေနှင့် မဲနက်နေသောမျက်ခုံးတန်းလေးကထင်းနေသည်။ လှပြီးချစ်စရာကောင်းသည်ဟုသူအမြဲတွေးခဲ့သော မျက်နှာလေးက ခန့်ညားတောက်ပနေသည်။ ဝတ်ထားသော shirt အဖြူပါးလေးက ရေစိုကာအသားတွင်ကပ်နေပြီး boxing ကစားသောကြောင့် တောင့်တင်းလှပသည့် six packs ကထင်းနေသည်။ လူကောင်သေးသည်ဟုထင်ခဲ့သည့် သူ့ babe က ဒီလောက် body structure လှမယ်မှန်းသူမသိခဲ့။ အင်္ကျီအပါးလေးက ရင်ဘက်မှ ချယ်ရီရောင်အရာလေးနှစ်ခုကိုပါ အတိုင်းသားမြင်နေစေသောကြောင့် Jasper တံတွေးမြိုချလိုက်မိသည်။
သူ့ပတ်ပတ်လည်ပတ်ဝန်းကျင်တွင်လည်း အငမ်းလွန်ကာ သွားရည်တွေပင်ကျနေကြသည်မှာမြင်မကောင်း....
"Kha အအေးပတ်မယ်မြန်မြန်အဝတ်လဲရအောင်"
Jasper သူ့ babe လက်ကိုဆွဲကာ အခန်းသို့အမြန်ပြန်ခဲ့တော့သည်။ အဲ့နေရာမှသာဆက်ရှိနေရင် မျက်လုံးတွေကျွတ်ပြီး သူ့ကိုလာမှန်မှာပင်စိုးရိမ်ရသည်။ Wine ကတော့ Jasper ဖြစ်ပျက်နေသည်ကိုကြည့်ကာ မဲ့ပြုံးသာပြုံးလိုက်မိသည်။
Ray အဝတ်တစ်စုံထုတ်ပြီး ရေချိုးခန်းထဲဝင်ရန်ပြင်လိုက်စဉ် Jasper ကရှေ့မှပိတ်ရပ်လိုက်သည်။
"ရေချိုးခန်းထဲ ဘာလုပ်မလို့လဲ"
"အဝတ်လဲမလို့လေ"
"အဝတ်လဲတာက ဒီမှာပဲလဲလို့ရတယ်လေ"
"မင်းရှိတယ်လေ ငါတခြားသူရှေ့မှာမလဲတတ်ဘူး"
"ငါက တခြားသူမှမဟုတ်တာ Kha ရဲ့ Jas လေ .....
မရဘူး ဒီမှာဘဲလဲ"
"Jas..... ငါဘယ်တုန်းကမင်းရှေ့မှာလဲဖူးလို့လဲ"
"မလဲဖူးလို့အခုလဲခိုင်းတာလေ"
"Jassss.....မညစ်နဲ့ကွာ"
"မညစ်ပါဘူး ကိုယ့်ရှေ့မှာမလဲချင်ရင်အပေးအယူတစ်ခုရှိတယ်"
"ဘာအပေးအယူလဲ"
Jasper စပ်ဖြီးဖြီးနှင့်သူ့နှုတ်ခမ်းကိုထောက်ပြလေသည်။
"နှုတ်ခမ်း...ဘာလဲ"
"နမ်းကိုယ့်နှုတ်ခမ်းကို တစ်မိနစ်ကြာအောင်"
"ဟမ်...."
"မနမ်းဘူးလားရတယ်လေ အာ့ဆို ဒီမှာပဲလဲလိုက်တော့"
"Ok ok နမ်းမယ် တစ်မိနစ်ပဲနော်"
"အင်း"
Jasper ဂုတ်ပေါ်လက်နှစ်ဖက်သွယ်ယှက်ကာနှုတ်ခမ်းတွေကိုစုပ်နမ်းလိုက်သည်။ Jasper ကလည်းသူ့ ခါးကိုဖက်ထားပြီးအနမ်းများကိုပြန်လည်တုံ့ပြန်လေသည်။ သဘောတူထားသည့်တစ်မိနစ်ကိုမေ့လျော့ကာ သူတို့နှစ်ဦးသား အနမ်းများပို၍ပြင်းထန်လာပြီး Jasper ရင်ဖက်ကိုတွန်းကာ Ray သတိပေးလိုက်မှ အနမ်းတွေရပ်တန့်သွားခဲ့သည်။
Ray ဘာကိုရှက်မှန်းမသိ Jasper ကိုပင်မကြည့်ရဲဘဲ ခေါင်းသာငုံ့ထားမိသည်။
Jasper ကတော့ မျက်နှာလေးနီရဲကာ ခေါင်းလေးငုံ့ပြီးရေချိုးခန်းထဲဝင်သွားသော သူ့ babe ကိုကြည့်ကာ နှုတ်ခမ်းတွေကိုပွတ်သပ်လိုက်မိသည်။ သူ့ရဲ့ babe က good kisser တစ်ယောက်ပဲ။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မနက်ခင်းလင်းရောင်ခြည်နှင့်အတူ သင်းပျံ့သည့်ပင်လယ်ရနံ့ကြောင့် Ray နိုးလာပြီး Jasper ကိုပါ နှိုးလိုက်သည်။
မျက်နှာအတူသစ်ကြစဉ် Jasper က ခပ်ရေးရေးထွက်နေသော သူ့နှုတ်ခမ်းမွှေးတွေကိုရိတ်ပေးရန် Ray ကိုဂျီကျပြန်သည်။
မျက်နှာကိုရှမိသွားမည်စိုးသောကြောင့် Ray ဂရုတစိုက်ရိတ်ပေးနေသည်ကို Jasper ကRay ခါးလေးကိုဖက်ပြီးသဘောတကျကြည့်နေသည်။ ရှက်စိတ်ကဝင်လာပြန်တော့ Ray မျက်နှာလေးကနီရဲလာပြန်သည်။
မနက်စာစားရန် resort ကပြင်ပေးထားသည့်နေရာတွင် piano တစ်လုံးကိုပါတွေ့ရသည်။
"ကိုကို တစ်ပုဒ်လောက်လက်စွမ်းပြပါလား piano လည်းရှိတယ်"
"Piano ကဧည့်သည်တွေကိုသုံးခွင့်မပေးလောက်ပါဘူး Wine ရယ်"
"သုံးလို့ရတယ် Wine မေးပြီးပြီ...
တီးပြပါ ကိုကိုကလည်း....
အားလုံး ကိုကို piano တီးပြတာကိုနားထောင်ချင်ကြတယ်မလား!"
"နားထောင်ချင်ပါတယ် တီးပြပါ!!!!!"
Wine ကစစ်ကူပါခေါ်လိုက်သောကြောင့် Ray ငြင်းမရတော့ပေ။
Piano ပေါ်လက်ရောက်သွားသည်နှင့် ကျွမ်းကျင်စွာ Twilight movie ထဲက Bella's lullaby ဆိုတဲ့ theme song လေးကိုသူတီးခတ်လိုက်သည်။
အေးအေးလေးနှင့်ငြိမ့်ငြိမ့်လေးထွက်ပေါ်လာသော piano သံက သူတို့အဖွဲ့သားအားလုံးကိုသာမက ခရီးသွား ဧည့်သည်တွေကိုဖမ်းစားနိုင်သည်။
တည်ငြိမ်စွာ piano ကိုကျွမ်းကျွမ်းကျင်ကျင်တီးနေသည့် Ray ၏ပုံစံက Jasper ကိုအံ့ဩမှင်သက်စေပြန်သည်။
Wine အံ့ဩခြင်းတွေစိုးမိုးနေသည့် Jasper မျက်နှာကိုကြည့်ကာ စိတ်ထဲမှပြောလိုက်သည်။
""မြင်လား Jasper....
ငါ့ရဲ့ကိုကိုက နင်ထင်ထားတာထက်ကိုသိပ်ကိုပြည့်စုံတဲ့သူတစ်ယောက်ပဲ.....
အဲ့လိုလူတစ်ယောက်က နင့်ကိုချစ်နေတာနင့်အတွက်သိပ်ကိုကံကောင်းတယ်....
ဒီကံကောင်းခြင်းကိုနင်ထာဝရပိုင်ဆိုင်နိုင်ပါ့မလားဆိုတာတော့နင့်အပေါ်မူတည်တယ်
ကိုကို့ရဲ့ပုံစံအစစ်အမှန်တွေကို တစ်ခုချင်းနင်မြင်လာမှာပါ
ငါနင့်ကိုအခွင့်အရေးပေးထားတယ်
ဒီအခွင့်အရေးကိုနင်လက်လွှတ်လိုက်ရင်တော့ ကိုကိုဟာနင့်အတွက်မဟုတ်တော့ဘူး
ကိုကို့ကို လိုအပ်နေတဲ့လူတွေအများကြီးရှိတယ်ဆိုတာကိုတော့နင်သိမှာပါ.....
Good luck Jasper......""
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
(AN: Hanလေးတီးပြတဲ့ Twilight piano theme song - bella's lullaby လေး😊)
******************************
Zawgyi
"Jas ဘာလုပ္ေနတာလဲ"
Wine့ ကိုအိမ္ျပန္ပို႔ေပးၿပီး Condo ကိုေရာက္ေတာ့ Jasper က Ray ပစၥည္းမ်ားကိုသိမ္းေနသည္ကိုေတြ႔လိုက္ရေသာေၾကာင့္ေမးလိုက္ျခင္းျဖစ္သည္။
"Babe ကိုကိုယ္နဲ႔အတူေနခိုင္းမလို႔ေလ"
"Jas ပစၥည္း ေတြျပန္သယ္ခဲ့ၿပီးအတူျပန္ေနလို႔ရတယ္ေလ ဘာလို႔ငါ့ပစၥည္းေတြသိမ္းေနတာလဲ"
"ကိုယ့္အခန္းမွာအတူေနၾကမယ္ေလ ဒီအခန္းမွာ babe ေနမွန္း Jump သိတယ္ေလ
အဲ့ေကာင္ခဏခဏလာေနမွာစိုးလို႔..."
Jasper လုပ္သမ်ွကိုသာ Ray ၿငိမ္ၿငိမ္ေလးၾကည့္ေနမိသည္။
"ကဲ ၿပီးၿပီ....
သြားမယ္လာ"
လက္တစ္ဖက္ကအထုပ္ေတြႏွင့္ ေနာက္လက္တစ္ဖက္ကသူ႔လက္ကိုကိုင္ကာ သြားေနေသာ Jas ၏ ေက်ာျပင္သည္ သူ႔ႏွလုံးသားေလးကိုေႏြးေထြးေစသည္။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
Jasper့ အခန္းတြင္ေျပာင္းေနေပမယ့္ အားလုံး အရင္ကအတိုင္းလည္ပတ္ေနသည္။
"ေမာင္ေလးတို႔ညီမေလးတို႔အားလုံး ဒီတစ္ပတ္ကို out door ဓာတ္ပုံ႐ိုက္ဖို႔ခရီးထြက္ရပါမယ္..."
ခရီးထြက္ရမည္ဆိုေသာေၾကာင့္ အားလုံးအသံကိုယ္စီထြက္လာၾကသည္။
"Hua Hin ကမ္းေျခကို ႏွစ္ညအိပ္ သုံးရက္ သြားရမယ္...
ဒီႏွစ္ sponsor က ေမာင္ေလးတို႔ညီမေလးတို႔အပန္းေျဖလို႔ရေအာင္ပါ ႏွစ္ညအိပ္ခရီးကိုစီစဥ္ေပးထားတာေနာ္"
"Wooo!!!"
"ကိုကို ဒီညေန Wine တို႔ခရီးအတြက္လိုတာေလးေတြဝယ္ရေအာင္ shopping ထြက္မယ္ေလ....ေနာ္..ကိုကို...ေနာ္လို႔..."
"အင္းပါ.....Jas ငါနဲ႔ shopping လိုက္မလား"
"မလိုက္ေတာ့ပါဘူး Kha ရာ ငါ့ကို ပုကြကြမွင္စာတစ္ေကာင္က ေမတၱာပို႔ေနလိမ့္မယ္"
Jasper, Wine ကိုၾကည့္ကာေျပာလိုက္ျခင္းျဖစ္ေသာေၾကာင့္ Wine ေဒါသထြက္ကာ မ်က္ႏွာႀကီးနီရဲပီး ႏွာတ႐ူး႐ူးမႈတ္ေနသည္။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ခရီးထြက္ရမည့္ေန႔ Express ေပၚတြင္ခုံေနရာယူၾကေတာ့လည္း Wine ႏွင့္ Jasper့ ၾကား Ray ဗ်ာမ်ား ေနရသည္။
"ကိုကို ဒီလာထိုင္"
"Kha ငါ့ေဘးမွာလာထိုင္"
"ကိုကို...."
"Kha....."
Ray ဘာလုပ္ရမွန္းမသိျဖစ္ေနခ်ိန္တြင္ P' Cat ေရာက္လာေလသည္။
"Ray, P' က Wine နဲ႔ထိုင္မလို႔ Ray, Jasper နဲ႔ဘဲထိုင္လိုက္ေတာ့ေနာ္"
Wine လက္ေလ်ာ့လိုက္မွ Ray သက္ျပင္းခ်ကာ Jasper ေဘး ျပတင္းေပါက္ဘက္တြင္ထိုင္လိုက္ေလသည္။ အရင္ႏွစ္က moon ႏွင့္ star အခ်ိဳ႕လည္းသူတို႔ကိုကူညီရန္ပါလာေလသည္။
ကားေပၚတြင္အျခားသူမ်ားသီခ်င္းေတြေအာ္ဆိုကာေပ်ာ္ရႊင္ရယ္ေမာေနၾကေသာေၾကာင့္ဆူညံေနသျဖင့္ Ray နားၾကပ္တပ္သီခ်င္းနားေထာင္ရင္း အျပင္႐ႈခင္းမ်ားကိုေငးေမာေနမိသည္။
ပတ္ဝန္းက်င္ကိုခဏေမ့ေနခ်ိန္တြင္ သူ႔ခါးကိုခပ္တင္းတင္းဖက္လိုက္ေသာ Jasper့ လက္ေတြေၾကာင့္ သူလန္႔သြားရသည္။
သူ႔ခါးကိုဖက္ထား႐ုံသာမက ပါးႏွင့္လည္ပင္းကိုပါလာနမ္းေသာေၾကာင့္ Ray ဘာလုပ္ရမယ္မွန္းမသိ......
"Jas ဘာလုပ္တာလဲ သူမ်ားေတြ႐ွိတယ္ေလ"
"အကုန္အိပ္ေပ်ာ္ေနၾကၿပီ ကိုယ္လည္းအိပ္ခ်င္တယ္ babe ၿငိမ္ၿငိမ္ေလးေနေပး"
Jasper သူ႔ေခါင္းကို Ray ပုခုံးေပၚမွီခ်ကာအိပ္စက္လိုက္ေတာ့သည္။
Ray သူ႔ပုခုံးေပၚတြင္အိပ္ေပ်ာ္ေနေသာ Jasper့ ကိုၾကည့္ကာ ၾကည္ႏူးရျပန္သည္။ ႏႈတ္ကဖြင့္မေျပာေပမယ့္ Jasper့ မ်က္ဝန္းေတြကေနတစ္ဆင့္သူ႔ကိုခ်စ္မွန္းသူခံစားမိသည္။ တစ္ေန႔ေတာ့ သူခ်စ္ရတဲ့ Jas ကသူ႔ကိုဖြင့္ေျပာလာမွာပာဟူသည့္ေမ်ွာ္လင့္ခ်က္ကေလးကို Ray ဆုပ္ကိုင္ထားသည္။
သူ႔ကိုခ်စ္တဲ့အခ်စ္ေတြေၾကာင့္ သူမွီထားေသာေၾကာင့္ေလးလံေနသည့္ပုခုံးမွာ မနာက်င္ေပ။ ငါယုံၾကည္တယ္ မင္းလည္းငါ့ကိုခ်စ္တယ္လို႔ Jas.......
Bangkok မွ Hua Hin သို႔ 4 နာရီခန္႔ကားစီးရသည္။ လမ္းတြင္ကားနားသည္ႏွင့္ဆိုပါက 5 နာရီနီးပါးၾကာသည္။
"Hello Hua Hin!!!"
ပင္လယ္ကိုမ်က္ႏွာမူကာ အားလုံးသံၿပိဳင္ေအာ္လိုက္ၾကသည္။
ႏွစ္ေယာက္တစ္ခန္းနားခိုင္းေပမယ့္ အခန္းထဲသြားအထုပ္ေတြခ်ကာ အျပင္ထြက္ေဆာ့ၾကေတာ့သည္။
သူတို႔တည္းခိုသည့္ Inter Continantal Hua Hin Resort မွာ ပင္လယ္ေ႐ွ႕တြင္သာ႐ွိေသာေၾကာင့္ view လည္းအေတာ္ေကာင္းသည္။
Ray, shirt အက်ႌအျဖဴအပါးေလးႏွင့္ ဒူးေလာက္႐ွိေသာ အျဖဴေရာင္ေဘာင္းဘီေလးကိုလဲၿပီးဝတ္ဆင္လိုက္သည္။
ေနေရာင္ေအာက္သို႔ထြက္လိုက္ေသာအခါ အျဖဴေရာင္ႏွင့္ Ray မွာေတာက္ပေနသည္။
ို႔ခိုင္းသည့္အတိုင္း pose ေပးၿပီး ဓာတ္ပုံ႐ိုက္ရတာမဟုတ္ဘဲ သဘာဝအတိုင္း သူ႔တို႔၏လႈပ္႐ွားမႈမ်ားကို႐ိုက္ယူျခင္းျဖစ္သည္။
ပထမဆုံး သူတို႔အသင္းႏွစ္သင္းခြဲကာ volley ball ပုတ္ၾကသည္။
Volley ball ပုတ္ၿပီးခဏနားကာအေအးေသာက္ေနၾကခ်ိန္တြင္ ခပ္လွမ္းလွမ္းတြင္႐ွိေသာျမင္းမ်ားကို Ray လွမ္းျမင္လိုက္သည္။
"ကိုကို ဟိုမွာျမင္းေတြ....
တစ္ေကာင္ေလာက္ငွါးလိုက္ပါလား ကိုကိုျမင္းစီးတာကိုမျမင္တာၾကာၿပီ..."
"Ray ကျမင္းစီးတတ္လား"
"စီးတတ္တာေပါ့ P' Cat ရဲ႕ ကိုကိုက ျမန္မာမွာတုန္းကဆိုရင္ ကိုကို႔ေဖေဖပိုင္တဲ့ စိုက္ပ်ိဳးခင္းျခံေတြမွာဆို အျမဲစီးေနက်ေလ"
Jasper ကသူ႔ကိုတကယ္ႀကီးေပါ့ ဆိုၿပီးေမးလာေတာ့ ေခါင္းၿငိမ့္ျပလိုက္သည္။
"ဒါဆိုစီးျပပါလား Kha ငါလည္းမင္းျမင္းစီးတာကိုျမင္ဖူးခ်င္တယ္"
Jasper ကပါေတာင္းဆိုလာေတာ့ Ray ျမင္းတစ္ေကာင္ငွါးလိုက္သည္။ ဦးေလးႀကီးတစ္ေယာက္က ျမင္းထိန္းေပးရန္လုပ္ေတာ့ သူ႔ဘာသာစီးတတ္ေၾကာင္းေျပာကာ ျမင္းေပၚတက္ခြလိုက္သည္။
ျမင္းစီးဝါသနာပါတဲ့ေဖေဖက ျမင္းေဇာင္းေတြေဆာက္က ျမင္းေတြေမြးျမဴထားၿပီး သူ႔ကိုလည္းငယ္ငယ္ကတည္းကျမင္းစီးသင္ေပးထားတာေၾကာင့္ ျမင္းစီးျခင္းအတတ္ပညာဆိုတာ သူ႔အတြက္အကြၽမ္းက်င္ဆုံးအရာေတြထဲကတစ္ခုပင္။
ျမင္းကိုအျမန္ေမာင္းရင္း ပင္လယ္ေလကို႐ႈ႐ိႈက္ရသည္ကိုသူသေဘာက်မိသည္။
Camera သမား staff ေတြကေတာ့ သူ႔ရဲ႕ပုံရိပ္ကိုအမိအရလိုက္႐ိုက္ေနသည္။
တျခားသူမ်ားလည္းျမင္းငွါးစီးၾကေပမယ့္ မစီးတတ္ေသာေၾကာင့္ ျမင္းထိန္းႏွင့္ ေျဖးေျဖးခ်င္းသာစီးရသည္။
ျမင္းေပၚတြင္ေတာက္ပစြာျပဳံးေနသည့္ Ray ကို Jasper အသက္႐ႈဖို႔ပင္ေမ့ေနေအာင္ေငးေမာမိသည္။ သူသာမက တျခားသူမ်ားကပါ အေသအလဲငမ္းေနၾကေသာေၾကာင့္ စီးျပဖို႔ေတာင္းဆိုမိသည့္ ကိုယ့္ပါးစပ္ကိုယ္ပင္ျဖတ္႐ိုက္ခ်င္မိေတာ့သည္။
ေန႔လည္စာစားၾကေတာ့ Wine ကပုစြန္ခြာေပးသည္ကိုအားက်မခံ Jasper က ဂဏန္းအသားႏႊင္ေပးသည္။ သူတို႔ႏွစ္ေယာက္သာမကေသး အျခား star ေလးမ်ားကလည္း ငါးကိုအ႐ိုးႏႊင္ေပးၾကေသးသည္။ moon ေတြကပါ ဟိုဟာေကာင္းတယ္ သည္ဟာေကာင္းတယ္ႏွင့္ ပင္လယ္စာေတြထည့္ေပးေသာေၾကာင့္ Ray ပန္းကန္မွာျပည့္လ်ွံေနသည္။
P' Jay ႏွင့္ P' Cat ကေတာ့ camera ကိုယ္စီကိုလက္ကမခ်ဘဲ သူ႔အျဖစ္ကိုသာျပဳံး၍ၾကည့္ေနသည္။
ေန႔လည္စာစားၿပီး ႏွစ္နာရီေလာက္ေအးေဆးနားၾကကာ ညေနပိုင္းတြင္ ပင္လယ္ထဲဆင္းၾကသည္။
အတူေရေဆာ့ရန္ သူအတင္းဆြဲေခၚလို႔ Jasper လည္းေရထဲဆင္းရသည္။
staff ေတြႏွင့္ senior ေတြကေတာ့ သူတို႔ေဆာ့သည္ကိုသာၾကည့္ေနၾကသည္။ တစ္ဖြဲ႔လုံးကျမင္းခ်က္ကေတာ့ လက္လန္သည္ဟုဆိုၾကသည္။
အေအးပတ္မည္ဆိုးေသာေၾကာင့္ အတင္းတက္ခိုင္းလို႔သာတက္ခဲ့ရသည္ ေဆာ့လို႔ကမဝၾကေသး။
Ray ေရစိုေနေသာ ဆံပင္ေတြကို ေနာက္သို႔လွန္တင္လိုက္ရာ Camera ေတြကတစ္ခ်က္ခ်က္ျမည္လာျပန္သည္။
Jasper လည္းသူ႔ babe ၏ပုံစံကိုၾကည့္ၿပီး ပါးစပ္ပင္မစိႏိုင္။ ဆံပင္ေတြကိုလွန္တင္ထားေသာေၾကာင့္ နဖူးေျပေျပႏွင့္ မဲနက္ေနေသာမ်က္ခုံးတန္းေလးကထင္းေနသည္။ လွၿပီးခ်စ္စရာေကာင္းသည္ဟုသူအျမဲေတြးခဲ့ေသာ မ်က္ႏွာေလးက ခန္႔ညားေတာက္ပေနသည္။ ဝတ္ထားေသာ shirt အျဖဴပါးေလးက ေရစိုကာအသားတြင္ကပ္ေနၿပီး boxing ကစားေသာေၾကာင့္ ေတာင့္တင္းလွပသည့္ six packs ကထင္းေနသည္။ လူေကာင္ေသးသည္ဟုထင္ခဲ့သည့္ သူ႔ babe က ဒီေလာက္ body structure လွမယ္မွန္းသူမသိခဲ့။ အက်ႌပါးေလးက ရင္ဘက္မွ ခ်ယ္ရီေရာင္အရာေလးႏွစ္ခုကိုပါ အတိုင္းသားျမင္ေနေစေသာေၾကာင့္ Jasper တံေတြးၿမိဳခ်လိုက္မိသည္။
သူ႔ပတ္ပတ္လည္ပတ္ဝန္းက်င္တြင္လည္း အငမ္းလြန္ကာ သြားရည္ေတြပင္က်ေနၾကသည္မွာျမင္မေကာင္း....
"Kha အေအးပတ္မယ္ျမန္ျမန္အဝတ္လဲရေအာင္"
Jasper သူ႔ babe လက္ကိုဆြဲကာ အခန္းသို႔အျမန္ျပန္ခဲ့ေတာ့သည္။ အဲ့ေနရာမွသာဆက္႐ွိေနရင္ မ်က္လုံးေတြကြၽတ္ၿပီး သူ႔ကိုလာမွန္မွာပင္စိုးရိမ္ရသည္။ Wine ကေတာ့ Jasper ျဖစ္ပ်က္ေနသည္ကိုၾကည့္ကာ မဲ့ျပဳံးသာျပဳံးလိုက္မိသည္။
Ray အဝတ္တစ္စုံထုတ္ၿပီး ေရခ်ိဳးခန္းထဲဝင္ရန္ျပင္လိုက္စဥ္ Jasper ကေ႐ွ႕မွပိတ္ရပ္လိုက္သည္။
"ေရခ်ိဳးခန္းထဲ ဘာလုပ္မလို႔လဲ"
"အဝတ္လဲမလို႔ေလ"
"အဝတ္လဲတာက ဒီမွာပဲလဲလို႔ရတယ္ေလ"
"မင္း႐ွိတယ္ေလ ငါတျခားသူေ႐ွ႕မွာမလဲတတ္ဘူး"
"ငါက တျခားသူမွမဟုတ္တာ Kha ရဲ႕ Jas ေလ .....
မရဘူး ဒီမွာဘဲလဲ"
"Jas..... ငါဘယ္တုန္းကမင္းေ႐ွ႕မွာလဲဖူးလို႔လဲ"
"မလဲဖူးလို႔အခုလဲခိုင္းတာေလ"
"Jassss.....မညစ္နဲ႔ကြာ"
"မညစ္ပါဘူး ကိုယ့္ေ႐ွ႕မွာမလဲခ်င္ရင္အေပးအယူတစ္ခု႐ွိတယ္"
"ဘာအေပးအယူလဲ"
Jasper စပ္ၿဖီးၿဖီးႏွင့္သူ႔ႏႈတ္ခမ္းကိုေထာက္ျပေလသည္။
"ႏႈတ္ခမ္း...ဘာလဲ"
"နမ္းကိုယ့္ႏႈတ္ခမ္းကို တစ္မိနစ္ၾကာေအာင္"
"ဟမ္...."
"မနမ္းဘူးလားရတယ္ေလ အာ့ဆို ဒီမွာပဲလဲလိုက္ေတာ့"
"Ok ok နမ္းမယ္ တစ္မိနစ္ပဲေနာ္"
"အင္း"
Jasper ့ဂုတ္ေပၚလက္ႏွစ္ဖက္သြယ္ယွက္ကာႏႈတ္ခမ္းေတြကိုစုပ္နမ္းလိုက္သည္။ Jasper ကလည္းသူ႔ ခါးကိုဖက္ထားၿပီးအနမ္းမ်ားကိုျပန္လည္တုံ႔ျပန္ေလသည္။ သေဘာတူထားသည့္တစ္မိနစ္ကိုေမ့ေလ်ာ့ကာ သူတို႔ႏွစ္ဦးသား အနမ္းမ်ားပို၍ျပင္းထန္လာၿပီး Jasper ရင္ဖက္ကိုတြန္းကာ Ray သတိေပးလိုက္မွ အနမ္းေတြရပ္တန္႔သြားခဲ့သည္။
Ray ဘာကို႐ွက္မွန္းမသိ Jasper ကိုပင္မၾကည့္ရဲဘဲ ေခါင္းသာငုံ႔ထားမိသည္။
Jasper ကေတာ့ မ်က္ႏွာေလးနီရဲကာ ေခါင္းေလးငုံ႔ၿပီးေရခ်ိဳးခန္းထဲဝင္သြားေသာ သူ႔ babe ကိုၾကည့္ကာ ႏႈတ္ခမ္းေတြကိုပြတ္သပ္လိုက္မိသည္။ သူ႔ရဲ႕ babe က good kisser တစ္ေယာက္ပဲ။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
မနက္ခင္းလင္းေရာင္ျခည္ႏွင့္အတူ သင္းပ်ံ့သည့္ပင္လယ္ရနံ႔ေၾကာင့္ Ray ႏိုးလာၿပီး Jasper ကိုပါ ႏိႈးလိုက္သည္။
မ်က္ႏွာအတူသစ္ၾကစဥ္ Jasper က ခပ္ေရးေရးထြက္ေနေသာ သူ႔ႏႈတ္ခမ္းေမႊးေတြကိုရိတ္ေပးရန္ Ray ကိုဂ်ီက်ျပန္သည္။
မ်က္ႏွာကို႐ွမိသြားမည္စိုးေသာေၾကာင့္ Ray ဂ႐ုတစိုက္ရိတ္ေပးေနသည္ကို Jasper ကRay ခါးေလးကိုဖက္ၿပီးသေဘာတက်ၾကည့္ေနသည္။ ႐ွက္စိတ္ကဝင္လာျပန္ေတာ့ Ray မ်က္ႏွာေလးကနီရဲလာျပန္သည္။
မနက္စာစားရန္ resort ကျပင္ေပးထားသည့္ေနရာတြင္ piano တစ္လုံးကိုပါေတြ႔ရသည္။
"ကိုကို တစ္ပုဒ္ေလာက္လက္စြမ္းျပပါလား piano လည္း႐ွိတယ္"
"Piano ကဧည့္သည္ေတြကိုသုံးခြင့္မေပးေလာက္ပါဘူး Wine ရယ္"
"သုံးလို႔ရတယ္ Wine ေမးၿပီးၿပီ...
တီးျပပါ ကိုကိုကလည္း....
အားလုံး ကိုကို piano တီးျပတာကိုနားေထာင္ခ်င္ၾကတယ္မလား!"
"နားေထာင္ခ်င္ပါတယ္ တီးျပပါ!!!!!"
Wine ကစစ္ကူပါေခၚလိုက္ေသာေၾကာင့္ Ray ျငင္းမရေတာ့ေပ။
Piano ေပၚလက္ေရာက္သြားသည္ႏွင့္ ကြၽမ္းက်င္စြာ Twilight movie ထဲက Bella's lullaby ဆိုတဲ့ theme song ေလးကိုသူတီးခတ္လိုက္သည္။
ေအးေအးေလးႏွင့္ၿငိမ့္ၿငိမ့္ေလးထြက္ေပၚလာေသာ piano သံက သူတို႔အဖြဲ႔သားအားလုံးကိုသာမက ခရီးသြား ဧည့္သည္ေတြကိုဖမ္းစားႏိုင္သည္။
တည္ၿငိမ္စြာ piano ကိုကြၽမ္းကြၽမ္းက်င္က်င္တီးေနသည့္ Ray ၏ပုံစံက Jasper ကိုအံ့ဩမွင္သက္ေစျပန္သည္။
Wine အံ႔ဩျခင္းေတြစိုးမိုးေနသည့္ Jasper ့မ်က္ႏွာကိုၾကည့္ကာ စိတ္ထဲမွေျပာလိုက္သည္။
""ျမင္လား Jasper....
ငါ့ရဲ႕ကိုကိုက နင္ထင္ထားတာထက္ကိုသိပ္ကိုျပည့္စုံတဲ့သူတစ္ေယာက္ပဲ.....
အဲ့လိုလူတစ္ေယာက္က နင့္ကိုခ်စ္ေနတာနင့္အတြက္သိပ္ကိုကံေကာင္းတယ္....
ဒီကံေကာင္းျခင္းကိုနင္ထာဝရပိုင္ဆိုင္ႏိုင္ပါ့မလားဆိုတာေတာ့နင့္အေပၚမူတည္တယ္
ကိုကို႔ရဲ႕ပုံစံအစစ္အမွန္ေတြကို တစ္ခုခ်င္းနင္ျမင္လာမွာပါ
ငါနင့္ကိုအခြင့္အေရးေပးထားတယ္
ဒီအခြင့္အေရးကိုနင္လက္လႊတ္လိုက္ရင္ေတာ့ ကိုကိုဟာနင့္အတြက္မဟုတ္ေတာ့ဘူး
ကိုကို႔ကို လိုအပ္ေနတဲ့လူေတြအမ်ားႀကီး႐ွိတယ္ဆိုတာကိုေတာ့နင္သိမွာပါ.....
Good luck Jasper......""
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
(AN: Hanေလးတီးျပတဲ့ Twilight piano theme song - bella's lullaby ေလး😊)
Bạn đang đọc truyện trên: Truyen247.Pro