Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-17 ( nightmare)

Unicode

လွန်ခဲ့သော 7 နှစ်ခန့်က...

"အဲ့ကောင်ရဲ့ မွေးစားအဖေက gay လေ သူလည်းသူ့အဖေလို gay ပဲနေမှာပေါ့"

Win ၏စကားကိုသူတို့အားလုံးခေါင်းငြိမ့်လိုက်သည်။

"Gay တွေကရွံစရာကောင်းလိုက်တာကွာ"

Jasper တို့အဖွဲ့ထိုကောင်လေး အနားသို့သွားကာ ကောင်လေး၏လွယ်အိတ်ကိုယူ၍ကြမ်းပြင်ပေါ်သွန်ချလိုက်သည်။

သူတို့ကိုကြောက်လန့်စွာမော့ကြည့်လာသည့်ကောင်လေးကို Jasper စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

"ဘာကြည့်တာလဲ..ဟမ်!!!"

အသံကျယ်ကျယ်အော်ပြစ်လိုက်တော့ ခေါင်းလေးငုံ့သွားကာ တုန်ယင်နေရှာသည်။ အတန်းထဲမှလူများရှိပေမယ့် ဘယ်သူမှဝင်မပြောရဲကြပေ။

"အခြောက်လေးလန့်သွားတာ ကြည့်ပါဦးကွာ အသဲတော်တော်နုတာပဲ"
"သွားကြရအောင်ပါကွာ.... အခြောက်တွေမြင်နေရရင် စားထားသမျှပြန်အန်ချင်လွန်းလို့ပါ"

လှောင်ရယ်သံများနှင့် သူတို့အခန်းထဲမှထွက်သွားပေမယ့် ငိုနေသည့်ကောင်လေးကို မည်သူတစ်ဦးတစ်ယောက်ကမှ အားပေးနှစ်သိမ့်ခြင်းမရှိပေ။

နောက်ခံမိသားစုချမ်းသာသည့် Jasper တို့အဖွဲ့လုပ်သမျှကိုမည်သူကမျှမတားဆီးရဲဘဲ မပတ်သက်မိအောင်သာနေကြသည်။

Gay တွေကိုဆိုလျှင် သူတို့အားလုံးရွံမုန်းကြကာ အမြဲအနိုင်ကျင့်တတ်သည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ဒီကိစ္စကို သားသိသွားရင် စိတ်ထိခိုက်သွားလိမ့်မယ်
Nam ကိုမုန်းရင်တောင် ကျေးဇူးပြုပြီး သားကိုဒီအကြောင်းမပြောပါနဲ့...Nam တောင်းပန်ပါတယ်...."

ကျောင်းကပြန်လာပြီး Daddy ရဲ့အခန်းရှေ့ကဖြတ်အလျှောက်မှာကြားလိုက်ရသည့်အသံကြောင့် Jasper ခြေလှမ်းများရပ်တန့်သွားကာ စေ့ထားသောတံခါးကိုအသာဟကြည့်လိုက်သည်။

Daddy ရှေ့မှာ Mommy က ဒူးထောက်ကာငိုပြီးတစ်ခုခုကိုတောင်းပန်နေသည်။

"နောက်ထပ် ဒီဓာတ်ပုံတွေကိုမကိုင်တော့ပါဘူး P'
Nam တောင်းပန်ပါတယ် ဒီအခန်းထဲကိုလည်းထပ်မဝင်တော့ပါဘူး.....
သားကိုတော့ P' Ton နဲ့ပတ်သက်ပြီးမပြောပါနဲ့နော်...."

Jasper ,P' Ton ဆိုသောနာမည်ကိုအခုမှကြားဖူးခြင်းဖြစ်သည်။ Mommy က ဘာလို့ Ton ဆိုတဲ့သူအကြောင်းကို သူ့ကိုမသိစေချင်ရတာလဲ။

Jasper ကုတင်ပေါ်ခြေပစ်လက်ပစ်လှဲကာ သူမသိအောင် ဘာတွေများ Mommy ကဖုံးကွယ်ထားတာလဲဆိုပြီးတွေးတောနေမိသည်။

Jasper လူမှန်းသိတတ်စအရွယ်ကတည်းက Daddy နှင့် Mommy အခန်းခွဲနေကြသည်။ Mommy က Daddy ကိုသိပ်ချစ်ပေမယ့်...
Daddy ကတော့ အမြဲ အိမ်ကိုသူ့ရည်းစားကောင်မလေးများခေါ်လာတတ်ပြီး Mommy ကိုနည်းနည်းမျှပင်ဂရုမစိုက်ပေ။

Daddy ကသူ့အခန်းထဲကို အိမ်တော်ထိန်းကြီးတစ်ယောက်သာဝင်ခွင့်ပေးပြီး တခြားသူများကိုမဝင်ရန်အမိန့်ထုတ်ပြန်ထားသောကြောင့် Jasper လည်း Daddy အခန်းကိုမဝင်ဖူးချေ။

Daddy အလုပ်သွားပြီး Mommy ပါမရှိချိန်တွင် Jasper ထိုအခန်းကိုခိုးဝင်ခဲ့သည်။

သူတစ်ခါမှ မဝင်ဖူးသည့် Daddy အခန်းကိုသေချာလေ့လာကြည့်စဉ် အလုပ်စားပွဲပေါ်တွင်တင်ထားသော မှန်ဘောင်ခတ်ဓာတ်ပုံလေးဆီအကြည့်ရောက်သွားခဲ့သည်။

ဓာတ်ပုံထဲတွင် သူမမြင်ဖူးသည့် ခပ်ချောချောကောင်လေးတစ်ယောက်ကပြုံးနေသည်။

သေချာရှာကြည့်တော့ စာအုပ်စင်ပေါ်မှ ဓာတ်ပုံ album အဟောင်းတစ်ခုကိုတွေ့ပြီး အမြန်ယူကြည့်လိုက်သည်။

ဒါတွေကဘာတွေလဲ? Jasper သူ့မျက်လုံးသူပင်မယုံကြည်နိုင်အောင် အခါခါကြည့်မိသည်။

ခုနက ဓာတ်ပုံထဲမှကောင်လေးကို သူ့ဖေဖေက ဖက်ထားသည့်ပုံများ နမ်းနေကြသည့်ပုံများ တစ်ယောက်လက်တစ်ယောက်တွဲကာပျော်ရွှင်နေကြသည့်ပုံများကိုတွေ့ရတော့ ""ငါမျက်စိမှားတာနေမှာပါ Daddy မဟုတ်လောက်ပါဘူးဆိုပြီး"" သူအထပ်ထပ်ငြင်းဆန်မိသည်။

ဓာတ်ပုံထဲမှ Daddy သည် ငယ်ရွယ်နုပျိုလွန်းပြီး သူတစ်ခါမှမမြင်ဖူးသည့်အတောက်ပဆုံးသောအပြုံးများကိုပန်ဆင်ထားသည်။

""Forever love Cinn & Ton""

Album အဖုံးတွေရေးထားသော စာလုံးများက သူ့ကိုပို၍ ထိတ်လန့်စေသည်။

ဘာတွေလဲ?ဒါတွေကဘာတွေလဲ?Ton ဆိုတာဘယ်သူလဲ?Daddy နဲ့ကဘာတွေလဲ?

မေးခွန်းပေါင်းများစွာနှင့်မွန်းကျပ်နေစဉ် ဓာတ်ပုံတစ်ခု၏အနောက်မှခေါက်ထည့်ထားသောဟောင်းနွမ်းနေသည့်စာတစ်စောင်ကို ထုတ်ဖတ်လိုက်သည်။

""Cinn ငါအရေးတကြီးခရီးထွက်သွားတယ် နှစ်ရက်လောက်ကြာမယ် ငါတို့ရဲ့ကလေးလေးကိုကိုယ်ဝန်ဆောင်ပေးထားတဲ့ Nam ကိုဂရုစိုက်ဦးနော်.....
ငါကလေးအတွက်နာမည်စဉ်းစားထားပြီးပြီ
သမီးလေးဆိုရင် Yinghwa
သားလေးဆိုရင် Jasper
အရမ်းချစ်တယ်နော် Cinn
Your Ton""

Jasper အခန်းထဲမှထွက်လာခဲ့ပြီး ဦးတည်ရာမဲ့စွာပြေးလွှားနေမိသည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ဘယ်တွေသွားနေတာလဲ သားရယ် Mommy စိတ်ပူနေတာ "

သူ့ကိုစောင့်မျှော်နေသော Mommy စကားကိုသူဂရုမစိုက်နိုင်...

"Daddy ပြန်ရောက်နေပြီလား"
"ခုနကပဲပြန်ရောက်တယ်"

Jasper အပေါ်ထပ်သို့ပြေးတက်ကာ တံခါးစေ့ထားသော Daddy အခန်းထဲသို့ဝင်လိုက်သည်။

"ပြန်လာပြီလား....
ဓာတ်ပုံတွေကိုသေချာကြည့်ပြီးပြီလား..."
"Ton ဆိုတဲ့လူက Daddy နဲ့ဘာလဲ?"
"Daddy ရဲ့ချစ်သူ "
"ဒါဆို Mommy ကရော"
"မင်းရဲ့နာမည်ခံ အမေလေ"
"နာမည်ခံအမေ? ကျွန်တော့်အမေအရင်းကဘယ်သူလဲ?"
"မင်းမှာအမေမရှိဘူး အဖေနှစ်ယောက်ပဲရှိတာ"

Daddy ပြောနေတာကို သူလုံးဝနားမလည်နိုင်ပေ။

"Ton ကလည်းမင်းရဲ့အဖေပဲ"
"Daddy ဘာတွေပြောနေတာလဲ ကျွန်တော်နားမလည်ဘူး "
"Daddy နဲ့ Ton ကမင်းကိုလိုချင်လို့ အငှါးကိုယ်ဝန်ဆောင်ပြီးမွေးခဲ့တာ....
Nam ကမင်းကိုအငှါးကိုယ်ဝန်ဆောင်ပေးခဲ့တဲ့မိန်းမပဲ"
"မဖြစ်နိုင်တာ ကျွန်တော်က Mommy ရဲ့သားပါ"
"မင်းရဲ့ DNA ကိုစစ်ကြည့်လိုက်ရင်အဖြေတွေ့လိမ့်မယ်
Nam နဲ့မင်းဟာသွေးသားတော်စပ်မှုမရှိဘူး"

Jasper ဆက်မကြားချင်တော့တာကြောင့် အခန်းထဲမှာထွက်လာတော့ အခန်းပေါက်တွင်သူ့ကိုမျက်ရည်တွေနှင့်စောင့်နေသော Mommy ကိုတွေ့ရသည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

"သားတံခါးဖွင့်ပေးပါ Mommy တို့စကားပြောရအောင်လေ"

တံခါးကိုဆက်တိုက်ခေါက်နေသော Mommy ကြောင့် Jasper တံခါးထဖွင့်ပေးလိုက်သည်။

"ဘာလို့တံခါးကိုအဲ့လောက်ခေါက်နေတာလဲ Mommy လက်တွေနာကုန်ဦးမယ်"
"သားတံခါးဖွင့်မပေးရင် Mommy ကဆက်ခေါက်နေဦးမှာ"

ကုတင်ပေါ်တွင်ထိုင်လိုက်သော Mommy ပေါင်ကိုခေါင်းအုံးလိုက်တော့ Mommy ကသူ့ဆံပင်လေးတွေကိုပွတ်သပ်ပေးသည်။

"သား... Mommy ကသားရဲ့အမေအရင်းမဟုတ်ပေမယ့် သားကိုဘယ်လောက်ချစ်လဲဆိုတာ သားသိတယ်မလား"
"........"
"သားရဲ့ Daddy နဲ့ P' Ton ကသိပ်ကိုချစ်ကြတဲ့ချစ်သူတွေ Mommy တို့တက္ကသိုလ်ရဲ့ နာမည်ကြီးကျောင်းသားတွေပေါ့ .....
Mommy ကအဲ့ဒီအချိန်တုန်းက အရမ်းဆင်းရဲတော့ တက္ကသိုလ် တောင်ဆက်မတက်နိုင်ဘဲထွက်ခဲ့ရပြီး သားရဲ့ Daddy နဲ့ P' Ton က Mommy ကိုပညာသင်ကြေးထောက်ပံ့ခဲ့တယ်
သူတို့နှစ်ယောက်က Mommy ရဲ့ကျေးဇူးရှင်တွေပေါ့ အဲ့ဒီအချိန်ကတည်းက Mommy မင်းရဲ့ Daddy ကိုတစ်ဖက်သတ်ချစ်နေခဲ့မိတာ
ဘွဲ့ရပြီးသူတို့နှစ်ယောက်ကလေးယူဖို့တိုင်ပင်နေတာကို Mommy ကြားခဲ့တော့ အငှါးကိုယ်ဝန်ဆောင်အဖြစ်ကူညီပေးပါရစေလို့တောင်းဆိုခဲ့တယ်.....
သားကိုကိုယ်ဝန်ဆောင်ထားတဲ့အချိန်က သားရဲ့ Daddy နှစ်ယောက်က Mommy ကိုမျက်စိအောက်ကအပျောက်မခံဘဲစောင့်ရှောက်ခဲ့ကြတာ.....
တစ်နေ့ P' Ton အလုပ်ကိစ္စနဲ့ခရီးထွက်သွားပြီး လမ်းမှာ ဓားထိုးမှုနဲ့သေဆုံးသွားခဲ့တော့ P' Ton ကိုသတ်တဲ့သူက Mommy ရဲ့အစ်ကိုကြီးဖြစ်နေတယ်....."

Mommy အသံတိမ်ဝင်သွားပြီး မျက်ရည်များကျလာသည်။

"အစ်ကိုကြီးကို Mommy က P' Cinn ကိုအရမ်းချစ်တဲ့အကြောင်းရင်ဖွင့်ခဲ့ဖူးတယ်.....
Mommy ဒီလိုတွေဖြစ်လာဖို့မရည်ရွယ်ပါဘူး Mommy တောင်းပန်ပါတယ်......
ကိုယ်ဝန်ကိစ္စကိုပါ အစ်ကိုကြီးကအဖမ်းမခံရခင် သတင်းထောက်တွေဆီသတင်းပေးခဲ့တော့ မင်း Daddy ရဲ့မိဘတွေက Mommy နဲ့တရားဝင်လက်ထပ်ပေးခဲ့ပြီး သူတို့ရဲ့ချွေးမ သားကိုမွေးဖွားပေးခဲ့တဲ့မိခင်အဖြစ်ကြေညာခဲ့တယ်......
အဲ့ဒီအချိန်ကစပြီး သားရဲ့ Daddy က Mommy ကိုအရမ်းမုန်းသွားခဲ့တာ... သူ့တစ်သက်လုံး Mommy ကိုမုန်းနေမှာ... သားရဲ့နာမည်ကို P' Ton ကပေးသွားခဲ့တာ...
ဒီအကြောင်းတွေကိုသားသိသွားရင် Mommy ကိုမုန်းသွားမှာအရမ်းကြောက်ခဲ့တာ အခုတော့သားအားလုံးသိသွားပြီ...."

Jasper ,Mommy မျက်ရည်တွေကိုသုတ်ပေးလိုက်သည်။

"သား Mommy ကိုမမုန်းပါဘူး...
သားက Daddy နဲ့ Mommy ရဲ့သား...
Ton ဆိုတဲ့လူနဲ့ဘာမှမသက်ဆိုင်ဘူး.....
ပြီးတော့ Gay တွေရဲ့သွေးသားအဖြစ်သားကိုယ်သား လက်မခံဘူး သားက Mommy ကမွေးတဲ့ Mommy ရဲ့သားပဲ..."

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Jasper အရင်ကထက်ပိုပြီး Gay တွေကိုမုန်းသည်။ သူ့ကိုယ်သူ straight မှန်းသက်သေပြချင်သောကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားသည်။

"Nam ,P' Cinn ကျေနပ်အောင်ဘာလုပ်ပေးရမလဲ Nam ကိုခွင့်လွှတ်ဖို့ ဘာလုပ်ပေးရမလဲ.... "

Daddy နဲ့ Mommy စကားများကြသည်မှာ သူ့အတွက်ရိုးနေပြီဖြစ်သောကြောင့် သူဂရုမစိုက်မိပေ။

"သေလိုက်... မင်းသေသွားရင်ငါ့ရဲ့အမုန်းတွေလည်းကျေသွားလိမ့်မယ်!!"

ထိုညက Jasper အိမ်မက်ဆိုးမက်သောကြောင့် Mommy ကိုချော့သိပ်ပေးဖို့တောင်းဆိုရန် Mommy အခန်းကိုလာခဲ့တော့....

ဓားမြှောင် တစ်ခုကိုဆုပ်ကိုင်ပြီးသွေးအိုင်ထဲတွင်ငြိမ်သက်နေသော Mommy ကိုတွေ့ခဲ့ရသည်။

လက်တွင်ဓားရာအထပ်ထပ်နှင့် ဖြူဆုတ်နေသော Mommy ၏ပုံရိပ်ကို သူအမြဲအိမ်မက်မက်သောကြောင့် ညတိုင်းလန့်နိုးကာ ငိုခဲ့ရသည်။

Ray Han သူ့အနားမှာရှိတဲ့အချိန်ကစပြီး သူ့အိမ်မက်ဆိုးတွေကွယ်ပျောက်ကာ အိပ်ဆေးအကူအညီမလိုတော့ပေ။

သူရဲ့ babe ကိုသူဘယ်လောက်ချစ်ချစ် ဝန်မခံပါ။ သူ့ Daddy လိုမျိုး Gay တစ်ယောက်အဖြစ်မခံနိုင်။ သူဟာ မိန်းကလေးတွေကိုသာကြိုက်သည့် ယောက်ျားတစ်ယောက် အဖြစ်ထာဝရနေသွားမည်။ ဒါဟာသူ့ရဲ့မာနနဲ့သိက္ခာပဲ......

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Zawgyi

လြန္ခဲ့ေသာ 7 ႏွစ္ခန႔္က...

"အဲ့ေကာင္ရဲ႕ ေမြးစားအေဖက gay ေလ သူလည္းသူ႕အေဖလို gay ပဲေနမွာေပါ့"

Win ၏စကားကိုသူတို႔အားလုံးေခါင္းၿငိမ့္လိုက္သည္။

"Gay ေတြက႐ြံစရာေကာင္းလိုက္တာကြာ"

Jasper တို႔အဖြဲ႕ထိုေကာင္ေလး အနားသို႔သြားကာ ေကာင္ေလး၏လြယ္အိတ္ကိုယူ၍ၾကမ္းျပင္ေပၚသြန္ခ်လိဳက္သည္။

သူတို႔ကိုေၾကာက္လန႔္စြာေမာ့ၾကည့္လာသည့္ေကာင္ေလးကို Jasper စူးစူးရဲရဲစိုက္ၾကည့္လိုက္သည္။

"ဘာၾကည့္တာလဲ..ဟမ္!!!"

အသံက်ယ္က်ယ္ေအာ္ျပစ္လိုက္ေတာ့ ေခါင္းေလးငုံ႕သြားကာ တုန္ယင္ေနရွာသည္။ အတန္းထဲမွလူမ်ားရွိေပမယ့္ ဘယ္သူမွဝင္မေျပာရဲၾကေပ။

"အေျခာက္ေလးလန႔္သြားတာ ၾကည့္ပါဦးကြာ အသဲေတာ္ေတာ္ႏုတာပဲ"
"သြားၾကရေအာင္ပါကြာ.... အေျခာက္ေတြျမင္ေနရရင္ စားထားသမွ်ျပန္အန္ခ်င္လြန္းလို႔ပါ"

ေလွာင္ရယ္သံမ်ားႏွင့္ သူတို႔အခန္းထဲမွထြက္သြားေပမယ့္ ငိုေနသည့္ေကာင္ေလးကို မည္သူတစ္ဦးတစ္ေယာက္ကမွ အားေပးႏွစ္သိမ့္ျခင္းမရွိေပ။

ေနာက္ခံမိသားစုခ်မ္းသာသည့္ Jasper တို႔အဖြဲ႕လုပ္သမွ်ကိုမည္သူကမွ်မတားဆီးရဲဘဲ မပတ္သက္မိေအာင္သာေနၾကသည္။

Gay ေတြကိုဆိုလွ်င္ သူတို႔အားလုံး႐ြံမုန္းၾကကာ အၿမဲအနိုင္က်င့္တတ္သည္။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ဒီကိစၥကို သားသိသြားရင္ စိတ္ထိခိုက္သြားလိမ့္မယ္
Nam ကိုမုန္းရင္ေတာင္ ေက်းဇူးျပဳၿပီး သားကိုဒီအေၾကာင္းမေျပာပါနဲ႕...Nam ေတာင္းပန္ပါတယ္...."

ေက်ာင္းကျပန္လာၿပီး Daddy ရဲ႕အခန္းေရွ႕ကျဖတ္အေလွ်ာက္မွာၾကားလိုက္ရသည့္အသံေၾကာင့္ Jasper ေျခလွမ္းမ်ားရပ္တန႔္သြားကာ ေစ့ထားေသာတံခါးကိုအသာဟၾကည့္လိုက္သည္။

Daddy ေရွ႕မွာ Mommy က ဒူးေထာက္ကာငိုၿပီးတစ္ခုခုကိုေတာင္းပန္ေနသည္။

"ေနာက္ထပ္ ဒီဓာတ္ပုံေတြကိုမကိုင္ေတာ့ပါဘူး P'
Nam ေတာင္းပန္ပါတယ္ ဒီအခန္းထဲကိုလည္းထပ္မဝင္ေတာ့ပါဘူး.....
သားကိုေတာ့ P' Ton နဲ႕ပတ္သက္ၿပီးမေျပာပါနဲ႕ေနာ္...."

Jasper ,P' Ton ဆိုေသာနာမည္ကိုအခုမွၾကားဖူးျခင္းျဖစ္သည္။ Mommy က ဘာလို႔ Ton ဆိုတဲ့သူအေၾကာင္းကို သူ႕ကိုမသိေစခ်င္ရတာလဲ။

Jasper ကုတင္ေပၚေျခပစ္လက္ပစ္လွဲကာ သူမသိေအာင္ ဘာေတြမ်ား Mommy ကဖုံးကြယ္ထားတာလဲဆိုၿပီးေတြးေတာေနမိသည္။

Jasper လူမွန္းသိတတ္စအ႐ြယ္ကတည္းက Daddy ႏွင့္ Mommy အခန္းခြဲေနၾကသည္။ Mommy က Daddy ကိုသိပ္ခ်စ္ေပမယ့္...
Daddy ကေတာ့ အၿမဲ အိမ္ကိုသူ႕ရည္းစားေကာင္မေလးမ်ားေခၚလာတတ္ၿပီး Mommy ကိုနည္းနည္းမွ်ပင္ဂ႐ုမစိုက္ေပ။

Daddy ကသူ႕အခန္းထဲကို အိမ္ေတာ္ထိန္းႀကီးတစ္ေယာက္သာဝင္ခြင့္ေပးၿပီး တျခားသူမ်ားကိုမဝင္ရန္အမိန႔္ထုတ္ျပန္ထားေသာေၾကာင့္ Jasper လည္း Daddy အခန္းကိုမဝင္ဖူးေခ်။

Daddy အလုပ္သြားၿပီး Mommy ပါမရွိခ်ိန္တြင္ Jasper ထိုအခန္းကိုခိုးဝင္ခဲ့သည္။

သူတစ္ခါမွ မဝင္ဖူးသည့္ Daddy အခန္းကိုေသခ်ာေလ့လာၾကည့္စဥ္ အလုပ္စားပြဲေပၚတြင္တင္ထားေသာ မွန္ေဘာင္ခတ္ဓာတ္ပုံေလးဆီအၾကည့္ေရာက္သြားခဲ့သည္။

ဓာတ္ပုံထဲတြင္ သူမျမင္ဖူးသည့္ ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ကၿပဳံးေနသည္။

ေသခ်ာရွာၾကည့္ေတာ့ စာအုပ္စင္ေပၚမွ ဓာတ္ပုံ album အေဟာင္းတစ္ခုကိုေတြ႕ၿပီး အျမန္ယူၾကည့္လိုက္သည္။

ဒါေတြကဘာေတြလဲ? Jasper သူ႕မ်က္လုံးသူပင္မယုံၾကည္နိုင္ေအာင္ အခါခါၾကည့္မိသည္။

ခုနက ဓာတ္ပုံထဲမွေကာင္ေလးကို သူ႕ေဖေဖက ဖက္ထားသည့္ပုံမ်ား နမ္းေနၾကသည့္ပုံမ်ား တစ္ေယာက္လက္တစ္ေယာက္တြဲကာေပ်ာ္႐ႊင္ေနၾကသည့္ပုံမ်ားကိုေတြ႕ရေတာ့ ""ငါမ်က္စိမွားတာေနမွာပါ Daddy မဟုတ္ေလာက္ပါဘူးဆိုၿပီး"" သူအထပ္ထပ္ျငင္းဆန္မိသည္။

ဓာတ္ပုံထဲမွ Daddy သည္ ငယ္႐ြယ္ႏုပ်ိဳလြန္းၿပီး သူတစ္ခါမွမျမင္ဖူးသည့္အေတာက္ပဆုံးေသာအၿပဳံးမ်ားကိုပန္ဆင္ထားသည္။

""Forever love Cinn & Ton""

Album အဖုံးေတြေရးထားေသာ စာလုံးမ်ားက သူ႕ကိုပို၍ ထိတ္လန႔္ေစသည္။

ဘာေတြလဲ?ဒါေတြကဘာေတြလဲ?Ton ဆိုတာဘယ္သူလဲ?Daddy နဲ႕ကဘာေတြလဲ?

ေမးခြန္းေပါင္းမ်ားစြာႏွင့္မြန္းက်ပ္ေနစဥ္ ဓာတ္ပုံတစ္ခု၏အေနာက္မွေခါက္ထည့္ထားေသာေဟာင္းႏြမ္းေနသည့္စာတစ္ေစာင္ကို ထုတ္ဖတ္လိုက္သည္။

""Cinn ငါအေရးတႀကီးခရီးထြက္သြားတယ္ ႏွစ္ရက္ေလာက္ၾကာမယ္ ငါတို႔ရဲ႕ကေလးေလးကိုကိုယ္ဝန္ေဆာင္ေပးထားတဲ့ Nam ကိုဂ႐ုစိုက္ဦးေနာ္.....
ငါကေလးအတြက္နာမည္စဥ္းစားထားၿပီးၿပီ
သမီးေလးဆိုရင္ Yinghwa
သားေလးဆိုရင္ Jasper
အရမ္းခ်စ္တယ္ေနာ္ Cinn
Your Ton""

Jasper အခန္းထဲမွထြက္လာခဲ့ၿပီး ဦးတည္ရာမဲ့စြာေျပးလႊားေနမိသည္။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ဘယ္ေတြသြားေနတာလဲ သားရယ္ Mommy စိတ္ပူေနတာ "

သူ႕ကိုေစာင့္ေမွ်ာ္ေနေသာ Mommy စကားကိုသူဂ႐ုမစိုက္နိုင္...

"Daddy ျပန္ေရာက္ေနၿပီလား"
"ခုနကပဲျပန္ေရာက္တယ္"

Jasper အေပၚထပ္သို႔ေျပးတက္ကာ တံခါးေစ့ထားေသာ Daddy အခန္းထဲသို႔ဝင္လိုက္သည္။

"ျပန္လာၿပီလား....
ဓာတ္ပုံေတြကိုေသခ်ာၾကည့္ၿပီးၿပီလား..."
"Ton ဆိုတဲ့လူက Daddy နဲ႕ဘာလဲ?"
"Daddy ရဲ႕ခ်စ္သူ "
"ဒါဆို Mommy ကေရာ"
"မင္းရဲ႕နာမည္ခံ အေမေလ"
"နာမည္ခံအေမ? ကြၽန္ေတာ့္အေမအရင္းကဘယ္သူလဲ?"
"မင္းမွာအေမမရွိဘူး အေဖႏွစ္ေယာက္ပဲရွိတာ"

Daddy ေျပာေနတာကို သူလုံးဝနားမလည္နိုင္ေပ။

"Ton ကလည္းမင္းရဲ႕အေဖပဲ"
"Daddy ဘာေတြေျပာေနတာလဲ ကြၽန္ေတာ္နားမလည္ဘူး "
"Daddy နဲ႕ Ton ကမင္းကိုလိုခ်င္လို႔ အငွါးကိုယ္ဝန္ေဆာင္ၿပီးေမြးခဲ့တာ....
Nam ကမင္းကိုအငွါးကိုယ္ဝန္ေဆာင္ေပးခဲ့တဲ့မိန္းမပဲ"
"မျဖစ္နိုင္တာ ကြၽန္ေတာ္က Mommy ရဲ႕သားပါ"
"မင္းရဲ႕ DNA ကိုစစ္ၾကည့္လိုက္ရင္အေျဖေတြ႕လိမ့္မယ္
Nam နဲ႕မင္းဟာေသြးသားေတာ္စပ္မႈမရွိဘူး"

Jasper ဆက္မၾကားခ်င္ေတာ့တာေၾကာင့္ အခန္းထဲမွာထြက္လာေတာ့ အခန္းေပါက္တြင္သူ႕ကိုမ်က္ရည္ေတြႏွင့္ေစာင့္ေနေသာ Mommy ကိုေတြ႕ရသည္။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

"သားတံခါးဖြင့္ေပးပါ Mommy တို႔စကားေျပာရေအာင္ေလ"

တံခါးကိုဆက္တိုက္ေခါက္ေနေသာ Mommy ေၾကာင့္ Jasper တံခါးထဖြင့္ေပးလိုက္သည္။

"ဘာလို႔တံခါးကိုအဲ့ေလာက္ေခါက္ေနတာလဲ Mommy လက္ေတြနာကုန္ဦးမယ္"
"သားတံခါးဖြင့္မေပးရင္ Mommy ကဆက္ေခါက္ေနဦးမွာ"

ကုတင္ေပၚတြင္ထိုင္လိုက္ေသာ Mommy ေပါင္ကိုေခါင္းအုံးလိုက္ေတာ့ Mommy ကသူ႕ဆံပင္ေလးေတြကိုပြတ္သပ္ေပးသည္။

"သား... Mommy ကသားရဲ႕အေမအရင္းမဟုတ္ေပမယ့္ သားကိုဘယ္ေလာက္ခ်စ္လဲဆိုတာ သားသိတယ္မလား"
"........"
"သားရဲ႕ Daddy နဲ႕ P' Ton ကသိပ္ကိုခ်စ္ၾကတဲ့ခ်စ္သူေတြ Mommy တို႔တကၠသိုလ္ရဲ႕ နာမည္ႀကီးေက်ာင္းသားေတြေပါ့ .....
Mommy ကအဲ့ဒီအခ်ိန္တုန္းက အရမ္းဆင္းရဲေတာ့ တကၠသိုလ္ ေတာင္ဆက္မတက္နိုင္ဘဲထြက္ခဲ့ရၿပီး သားရဲ႕ Daddy နဲ႕ P' Ton က Mommy ကိုပညာသင္ေၾကးေထာက္ပံ့ခဲ့တယ္
သူတို႔ႏွစ္ေယာက္က Mommy ရဲ႕ေက်းဇူးရွင္ေတြေပါ့ အဲ့ဒီအခ်ိန္ကတည္းက Mommy မင္းရဲ႕ Daddy ကိုတစ္ဖက္သတ္ခ်စ္ေနခဲ့မိတာ
ဘြဲ႕ရၿပီးသူတို႔ႏွစ္ေယာက္ကေလးယူဖို႔တိုင္ပင္ေနတာကို Mommy ၾကားခဲ့ေတာ့ အငွါးကိုယ္ဝန္ေဆာင္အျဖစ္ကူညီေပးပါရေစလို႔ေတာင္းဆိုခဲ့တယ္.....
သားကိုကိုယ္ဝန္ေဆာင္ထားတဲ့အခ်ိန္က သားရဲ႕ Daddy ႏွစ္ေယာက္က Mommy ကိုမ်က္စိေအာက္ကအေပ်ာက္မခံဘဲေစာင့္ေရွာက္ခဲ့ၾကတာ.....
တစ္ေန႕ P' Ton အလုပ္ကိစၥနဲ႕ခရီးထြက္သြားၿပီး လမ္းမွာ ဓားထိုးမႈနဲ႕ေသဆုံးသြားခဲ့ေတာ့ P' Ton ကိုသတ္တဲ့သူက Mommy ရဲ႕အစ္ကိုႀကီးျဖစ္ေနတယ္....."

Mommy အသံတိမ္ဝင္သြားၿပီး မ်က္ရည္မ်ားက်လာသည္။

"အစ္ကိုႀကီးကို Mommy က P' Cinn ကိုအရမ္းခ်စ္တဲ့အေၾကာင္းရင္ဖြင့္ခဲ့ဖူးတယ္.....
Mommy ဒီလိုေတြျဖစ္လာဖို႔မရည္႐ြယ္ပါဘူး Mommy ေတာင္းပန္ပါတယ္......
ကိုယ္ဝန္ကိစၥကိုပါ အစ္ကိုႀကီးကအဖမ္းမခံရခင္ သတင္းေထာက္ေတြဆီသတင္းေပးခဲ့ေတာ့ မင္း Daddy ရဲ႕မိဘေတြက Mommy နဲ႕တရားဝင္လက္ထပ္ေပးခဲ့ၿပီး သူတို႔ရဲ႕ေခြၽးမ သားကိုေမြးဖြားေပးခဲ့တဲ့မိခင္အျဖစ္ေၾကညာခဲ့တယ္......
အဲ့ဒီအခ်ိန္ကစၿပီး သားရဲ႕ Daddy က Mommy ကိုအရမ္းမုန္းသြားခဲ့တာ... သူ႕တစ္သက္လုံး Mommy ကိုမုန္းေနမွာ... သားရဲ႕နာမည္ကို P' Ton ကေပးသြားခဲ့တာ...
ဒီအေၾကာင္းေတြကိုသားသိသြားရင္ Mommy ကိုမုန္းသြားမွာအရမ္းေၾကာက္ခဲ့တာ အခုေတာ့သားအားလုံးသိသြားၿပီ...."

Jasper ,Mommy မ်က္ရည္ေတြကိုသုတ္ေပးလိုက္သည္။

"သား Mommy ကိုမမုန္းပါဘူး...
သားက Daddy နဲ႕ Mommy ရဲ႕သား...
Ton ဆိုတဲ့လူနဲ႕ဘာမွမသက္ဆိုင္ဘူး.....
ၿပီးေတာ့ Gay ေတြရဲ႕ေသြးသားအျဖစ္သားကိုယ္သား လက္မခံဘူး သားက Mommy ကေမြးတဲ့ Mommy ရဲ႕သားပဲ..."

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Jasper အရင္ကထက္ပိုၿပီး Gay ေတြကိုမုန္းသည္။ သူ႕ကိုယ္သူ straight မွန္းသက္ေသျပခ်င္ေသာေၾကာင့္ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ရည္းစားေတြတစ္ေယာက္ၿပီးတစ္ေယာက္ထားသည္။

"Nam ,P' Cinn ေက်နပ္ေအာင္ဘာလုပ္ေပးရမလဲ Nam ကိုခြင့္လႊတ္ဖို႔ ဘာလုပ္ေပးရမလဲ.... "

Daddy နဲ႕ Mommy စကားမ်ားၾကသည္မွာ သူ႕အတြက္ရိုးေနၿပီျဖစ္ေသာေၾကာင့္ သူဂ႐ုမစိုက္မိေပ။

"ေသလိုက္... မင္းေသသြားရင္ငါ့ရဲ႕အမုန္းေတြလည္းေက်သြားလိမ့္မယ္!!"

ထိုညက Jasper အိမ္မက္ဆိုးမက္ေသာေၾကာင့္ Mommy ကိုေခ်ာ့သိပ္ေပးဖို႔ေတာင္းဆိုရန္ Mommy အခန္းကိုလာခဲ့ေတာ့....

ဓားျမႇောင္ တစ္ခုကိုဆုပ္ကိုင္ၿပီးေသြးအိုင္ထဲတြင္ၿငိမ္သက္ေနေသာ Mommy ကိုေတြ႕ခဲ့ရသည္။

လက္တြင္ဓားရာအထပ္ထပ္ႏွင့္ ျဖဴဆုတ္ေနေသာ Mommy ၏ပုံရိပ္ကို သူအၿမဲအိမ္မက္မက္ေသာေၾကာင့္ ညတိုင္းလန႔္နိုးကာ ငိုခဲ့ရသည္။

Ray Han သူ႕အနားမွာရွိတဲ့အခ်ိန္ကစၿပီး သူ႕အိမ္မက္ဆိုးေတြကြယ္ေပ်ာက္ကာ အိပ္ေဆးအကူအညီမလိုေတာ့ေပ။

သူရဲ႕ babe ကိုသူဘယ္ေလာက္ခ်စ္ခ်စ္ ဝန္မခံပါ။ သူ႕ Daddy လိုမ်ိဳး Gay တစ္ေယာက္အျဖစ္မခံနိုင္။ သူဟာ မိန္းကေလးေတြကိုသာႀကိဳက္သည့္ ေယာက္်ားတစ္ေယာက္ အျဖစ္ထာဝရေနသြားမည္။ ဒါဟာသူ႕ရဲ႕မာနနဲ႕သိကၡာပဲ......

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Bạn đang đọc truyện trên: Truyen247.Pro