Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-16 ( can't accept)

Unicode

"ငါ gay လားဆိုတာကိုတော့ငါမသိဘူး ငါသိတာတစ်ခုက ငါချစ်တဲ့သူက ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ငါ့ချစ်သူကို ပတ်ဝန်းကျင်ရဲ့ဝေဖန်စကားတွေ ပြစ်တင်မှုတွေကိုဂရုမစိုက်ဘဲ အရာအားလုံးထက် ပိုချစ်ပေးမယ်ဆိုတာပဲ"

Jasper မျက်ဝန်းကိုစိုက်ကြည့်ကာ သူတည်ငြိမ်စွာပင်ဖြေလိုက်သည်။

"Bravo!!!!"

အားလုံးဝိုင်းပြီး လက်ခုပ်တီးကြပေမယ့် Jasper ကတော့ မျက်ခုံးများကိုပင်ပို၍တွန့်ချိုးလာလေသည်။

ပုလင်းလေးရဲ့ညွှန်ပြခြင်းခံရသူတိုင်းကိုမေးခွန်းတွေမေးကာ ရယ်မောနေကြရင်း သူတို့ဝိုင်းလေးမှာ အချောအလှများစုနေသဖြင့် club တစ်ခုလုံး၏အာရုံစိုက်ခြင်းခံရသည်။

Jasper ကတော့ မေးခွန်းတိုင်းကိုမဖြေဘဲ သောက်သာသောက်သည်။

"Ray ကိုထပ်ကျပြီ ဒီတစ်ခါဘာမေးကြမလဲ"
"Ray မင်းအစာအိမ်ရောဂါကဘယ်လိုစဖြစ်တာလဲ"

Ray ထိုမေးခွန်းကိုတုံ့ဆိုင်းနေစဉ် Wine ကအနားကပ်ကာတိုးတိုးပြောလေသည်။

"ကိုကို သောက်ပဲသောက်လိုက်တော့"

Wine ကိုအဆင်ပြေပါတယ်လို့ပြောပြီး Ray အားလုံးကိုလေးလေးနက်နက်ကြည့်လိုက်သည်။

"မင်းတို့အားလုံးက ငါ့သူငယ်ချင်းတွေဖြစ်တဲ့အတွက်ငါပြောပြနိုင်တယ်.......
ငါ...အိပ်ဆေးတွေအများကြီးသောက်ပြီး ကိုယ့်ကိုကိုယ် suicide လုပ်ခဲ့ဖူးတယ်....
ဒါပေမယ့်.. အမြန်ကယ်ခဲ့ကြလို့မသေခဲ့ပေမယ့်...ဆေးတွေရဲ့ဒဏ်ကြောင့်အစာအိမ်ရောဂါဖြစ်ခဲ့တာပဲ.."

Jasper အပါအဝင် အားလုံး၏မျက်နှာမှာ အံ့ဩမှုအရိပ်အယောင်များတွေ့ရသည်။

Ray ပုလင်းလေးကိုလှည့်လိုက်ပြီး ကစားပွဲကိုပြန်စလိုက်သည်။

ကစားပွဲလေးကပြန်အသက်ဝင်လာပြီး ရယ်သံများဖြင့်စည်ကားလာသည်။ နောက်တစ်ကြိမ် Ray ကျပြန်တော့ Jasper ထံမှမေးခွန်းထွက်လာသည်။

"ဘာလို့..suicide လုပ်ခဲ့တာလဲ"

တစ်ဝိုင်းလုံးငြိမ်သက်သွားကာ စိတ်ဝင်တစား တိတ်ဆိတ်သွားသည်။

"ငါချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရလို့.....
ငါရဲ့ အချစ်ဦးဖြစ်ပြီး အချစ်ဆုံးအဖြစ်ပာသက်မှတ်ထားတဲ့ ကောင်မလေးက ငါ့ကိုထားခဲ့ပြီး တခြားတစ်ယောက်နဲ့တွဲသွားတော့
ငါမက်ခဲ့ရတဲ့အိမ်မက်တွေ မျှော်လင့်ချက်တွေအကုန်လုံးဖျက်ဆီးခံလိုက်ရတာကို မခံစားနိုင်ခဲ့ဘူး...
ငါ့အတွက်သိပ်ကိုခက်ခဲခဲ့တယ် အဲ့တာကြောင့် ငါဒီလိုလုပ်လိုက်မယ်ဆိုရင် ငါလွတ်မြောက်သွားမှာပဲလို့တွေးခဲ့မိတာကြောင့်....ငါ suicide လုပ်ခဲ့တာ..."

"ငါတို့တွေအားလုံးငယ်ရွယ်ကြသေးတယ် အတိတ်ကနာကျင်စရာတွေရှိခဲ့ရင်တောင် ငါတို့ရဲ့လူငယ်ဘဝကိုပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းကြတာပေါ့ အခုတော့ let's dance!!"

သူတို့အားလုံးကစားပွဲကိုရပ်လိုက်ကာ dancing floor သို့ဆင်းကြသည်။

မြူးကြွသော DJ သံများကြားစည်းချက်ညီအောင်ကနေသည့် Ray အနားသို့ နှုတ်ခမ်းနီမလေးများရောက်ရောက်လာပေမယ့် Wine ကြောင့်အနားမကပ်ရဲကြပေ။

Ray အနားကိုဘယ်သူကပ်လာလာ မျက်ထောင့်နီကြီးနှင့် ပိတ်ထားသော Wine မှာ Jump ကိုတော့ မနီးနီးအောင်တွန်းပို့သောကြောင့် Ray နှင့် Jump ကြားတွင် 1လက်မခွဲလောက်သာ အကွာအဝေးရှိသည်။

အဝေးကလှမ်းကြည့်လိုက်လျှင် Ray က Jump ရင်ခွင်ထဲရောက်နေသည်ဟုထင်ကြပေလိမ့်မည်။ Jasper ကတော့ Dancing floor မဆင်းဘဲ Ray နှင့် Jump ကိုသာ စူးစူးရဲရဲကြည့်နေသည်။

"Ray က gay မဟုတ်လောက်ဘူးနော် Jasper
ငါသူ့အပြုအမူတွေကိုအကဲခတ်ကြည့်တာ သူယောက်ျားလေးတွေကိုစိတ်မဝင်စားဘူး
အခုသူ Jump နဲ့ရင်းရင်းနှီးနှီး နေပေမယ့် သူ့မျက်ဝန်းအကြည့်တွေက Jump ကိုသာမန်သူငယ်ချင်းလိုပဲ...
သူသာ gay ဆိုရင် Jump လိုလူချောတစ်ယောက်အပေါ်သေချာပေါက် စိတ်ယိုင်မှာပဲ...
ပြီးတော့ခုနက သူပြောတဲ့သူ့အတိတ်အကြောင်းတွေအရ သူကလုံးဝ gay မဟုတ်ဘူးဆိုတာ သေချာတယ်..."

Ray က gay မဟုတ်ဘူးလို့ Win ပြောတော့ Jasper ကျေနပ်ရမည့်အစား စိတ်ထဲတွင်လေးလံသွားသည်။

"ဒါပေမယ့်..."
"ဒါပေမယ့် ဘာလဲ?"
"Jump အကြည့်တွေကတော့ သာမန်မဟုတ်ဘူး... Ray ကိုခံစားချက်ရှိနေသလိုပဲ.."

Jasper ဒါကိုရိပ်မိပြီးသားပါ။ Ray ကလည်းသူ့ကို Jump စိတ်ဝင်စားနေမှန်းဘာလို့မသိရတာလဲ။ ဘေးလူတွေတောင်ရိပ်မိနေတာကို။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Ray သန့်စင်ခန်းထဲမှထွက်လာတော့ အပြင်ဘက်ထောင့်တစ်နေရာတွင်လက်ပိုက်ရပ်နေသော Jasper ကိုတွေ့ရသည်။

"လက်ကဘာဖြစ်တာလဲ?"

အနားမှဖြတ်လျှောက်စဉ် ကြားလိုက်ရသည့် Jasper ၏အမေးလေးက သူ့ကိုပြုံးစေသည်။
သူ့အပေါ် ဒီလောက်စိတ်ပူပေးရင်ကို သူအတိုင်းထက်အလွန်ကျေနပ်ပါသည်။

"ဖန်ခွက်ကွဲရှတာ"
"ဂရုစိုက်မှပေါ့ ဆေးခန်းသွားပြပြီးပြီလား"
"ဆေးထည့်ထားတယ် သွားစရာမလိုပါဘူး"

Jasper ပတ်တီးစည်းထားသော Ray လက်ဖဝါးလေးကိုကိုင်ကာသေချာကြည့်နေသည်။

Ray စိုးရိမ်နေသော Jasper ကိုကြည့်ပြီး သူမသိလိုက်ခင်မှာပဲပြုံးမိပြန်သည်။

"မနေ့ညက ကိစ္စ...."
"အင်း"
"ငါလွန်သွားတယ် ပြီးတော့ game ကစားတုန်းကမေးခဲ့တဲ့မေးခွန်းအတွက်လည်း....တောင်း...တောင်းပန်တယ်"
"အင်း"
"တောင်းပန်တာကိုလက်ခံတယ်ပေါ့"
"အင်း လက်ခံတယ်."
"အဲ့တာဆို ပြန်အဆင်ပြေသွားပြီနော်..."
"အင်း.."

သူပြောသမျှကိုပြုံးပြုံးလေးနှင့် ခေါင်းငြိမ့်ကာ ""အင်း"" ပဲပြောနေသည့် ကောင်လေးကို Jasper အူယားလာကာ ပါးလေးနှစ်ဖက်ကို ဆွဲညှစ်လိုက်ပြီး ရင်ခွင်ထဲထည့်ဖက်လိုက်သည်။

Club ထဲကိုဘယ်ဘက်က Jump ညာဘက်က ဂျပုမလက်ကိုကိုကိုင်ပြီး ဝင်လာသည့် Ray ၏ပုံစံက Jasper မျက်လုံးထဲတွင် cross ဖြစ်နေသည်။ သူမဟုတ်တဲ့တခြားသူများနှင့်ရယ်ရယ်မောပျော်ရွှင်နေသည်ကို မကျေနပ်သောကြောင့် game မှာဝင်ပါပြီး စိတ်အနှောက်အယှက်ပေးခဲ့ခြင်းဖြစ်သည်။

"လွှတ်ပေးဦးလေ Jas"

Jasper ဖက်ထားသောလက်များကိုလွှတ်ပေးလိုက်ပြီး နဖူးလေးကိုတစ်ချက်နမ်းလိုက်သည်။

ပြုံးရွှင်နေရာမှ Jasper တစ်ခုခုကိုသတိရသွားပြီး ချက်ချင်း ရုပ်တည်သွားသည်။

"မနေ့က ဘာလို့ David Welson ဆီသွားတာလဲ ပြီးတော့ ဘာလို့ သူ့ပါးကိုနမ်းတာလဲ..."
"......"
"ဖြေလေ..Kha"
"အဲ့တာကလေ သူကငါ့ sponsor မဟုတ်ဘူး...ငါ့ဦးလေး.."
"ဦးလေး? မနေ့ညကငါမေးတော့ ဘာလို့ဘာမှမပြောတာလဲ"
"မင်းက စိတ်တိုနေတာကို ပြီးတော့ သွေးပူနေတော့ ငါပြောတာကိုယုံမှာမဟုတ်ဘူးလေ...
မင်းကငါ့ကိုအဲ့လိုကြီး စွပ်စွဲလာတော့..."

Ray စကားပင်မဆုံးလိုက် Jasper ရင်ခွင်ကျယ်ထဲသို့ ထပ်မံရောက်ရှိသွားသည်။

"ကိုယ်တကယ်တောင်းပန်တယ်နော် Kha...
ဒါပေမယ့် ဦးလေးဖြစ်နေရင်တောင် မနမ်းနဲ့ကွာ ကိုယ်မကြိုက်ဘူး....
Jump နဲ့လည်းခပ်ခွာခွာနေ "

Ray ရင်ခွင်ထဲမှခေါင်းငြိမ့်ပြလေသည်။

သူငယ်ချင်းများအတင်းခေါ်လို့ Ray ထပ်သွားကရပြန်သည်။

"Ray နဲ့ပြန်အဆင်ပြေသွားပြီလား Jasper"
"အဆင်ပြေသွားပြီ"
"အဲ့တာများခပ်ကင်းကင်းနေမယ်လေးဘာလေးနဲ့ တကယ်နေနိုင်တာလဲမဟုတ်ဘဲနဲ့ကို..."
"ငါစိတ်ချမ်းသာနေတယ်လာမနှောက်ယှက်နဲ့ Win"
"အခုကျပြုံးဖြီးနေတာပဲ ခုနတုန်းကအခွက်များ မျက်ခုံးတွေတောင်ကျိုးတော့မတတ်ဘဲ.."

"ငါ့ babe Kha လေးကချစ်ဖို့ကောင်းလိုက်တာ"

Win ပြောသည်ကို Jasper ကမကြားသလိုပင်။

"Jasper ခုနက သန့်စင်ခန်းနားမှာ မင်းတို့နှစ်ယောက်စကားပြောနေတာကိုငါတွေ့တယ်"
"အဲ့တော့"
"Ray မင်းကိုကြည့်တဲ့ မျက်ဝန်းအကြည့်တွေကကွာ သိပ်ချစ်ရတဲ့ချစ်သူကိုကြည့်သလို အချစ်အရိပ်အယောင်တွေပါနေတယ်... Ray လည်း...မင်းကိုချစ်နေတယ်ထင်တယ် Jasper"

အချိန်တွေခေတ္တရပ်တန့်သွားပြီး အရာအားလုံးငြိမ်သက်သွားသလိုပင်။

"ဘာ Kha ကငါ့ကိုချစ်နေတယ်..ဟုတ်လား Win"
"အေး မင်းမရိပ်မိဘူးလား Jasper
ဘယ်ယောက်ျားလေးက သူ့ကိုတခြားယောက်ျားတစ်ယောက် ထိတာ ဖက်တာ နမ်းတာကို မငြင်းဆန်ပဲနေမှာလဲ..
ငါနဲ့မင်းတောင်ပေါင်းလာတာ ငယ်ငယ်ကတည်းက အဲ့လိုမျိုးရှိဖူးလို့လား ဖက်ဖို့နမ်းဖို့မပြောနဲ့ လက်တောင်ကိုင်တာမဟုတ်ဘူးလေ.."
"အဲ့တော့ Kha က Gay ပေါ့.."
"ငါပြောတာကိုနားမလည်ဘူးလား Jasper
Ray က gay မဟုတ်ပေမယ့် မင်းကိုတော့ချစ်တယ် တခြားယောက်ျားလေးတွေကိုစိတ်မဝင်စားဘူး မင်းတစ်ယောက်ထဲကိုပဲ သူဒီလိုခံစားချက်ရှိတာ..
မင်းလည်းအတူတူပဲလေ တခြားယောက်ျားလေးမပြောနဲ့ ဘယ်မိန်းကလေးကိုများမင်းဒီလိုခံစားခဲ့ရဖူးလို့လဲ
ဘယ်ယောက်ျားလေးကိုများ ဖက်ချင် နမ်းချင်ခဲ့လို့လဲ ငါတို့တွေစနောက်ပြီး ထိရင်တောင် ဆဲလွှတ်ပြီးတော့"

Dancing floor တွင်ကနေသော Ray ကိုကြည့်ပြီး Win စကားတွေကို သူနားထောင်နေသည်။

သူ့ရဲ့ babe ကသူ့ကိုချစ်နေသည်ကိုသိတော့ သူပျော်ရွှင်ရပေမယ့် သူကလည်းချစ်နေသည့်အဖြစ်မှန်ကိုတော့ သူငြင်းဆန်ရမည်။ သူလက်မခံနိုင်ဘူး ပြီးတော့ ဝန်မခံချင်ဘူး။ gay တွေကိုမုန်းသည့် Jasper ကယောက်ျားတစ်ယောက်ကိုချစ်ပါတယ်လို့ ဘယ်တော့မှဝန်ခံမည်မဟုတ်ပါ...

မင်းမှာ အထိနာခဲ့တဲ့ အတိတ်ရှိသလို ငါ့မှာလည်း အရမ်းမုန်းတဲ့ အဖြစ်မှန်တစ်ခုရှိခဲ့ဖူးတယ် Kha.....

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Zawgyi

"ငါ gay လားဆိုတာကိုေတာ့ငါမသိဘူး ငါသိတာတစ္ခုက ငါခ်စ္တဲ့သူက ေယာက္်ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ ငါ့ခ်စ္သူကို ပတ္ဝန္းက်င္ရဲ႕ေဝဖန္စကားေတြ ျပစ္တင္မႈေတြကိုဂ႐ုမစိုက္ဘဲ အရာအားလုံးထက္ ပိုခ်စ္ေပးမယ္ဆိုတာပဲ"

Jasper မ်က္ဝန္းကိုစိုက္ၾကည့္ကာ သူတည္ၿငိမ္စြာပင္ေျဖလိုက္သည္။

"Bravo!!!!"

အားလုံးဝိုင္းၿပီး လက္ခုပ္တီးၾကေပမယ့္ Jasper ကေတာ့ မ်က္ခုံးမ်ားကိုပင္ပို၍တြန႔္ခ်ိဳးလာေလသည္။

ပုလင္းေလးရဲ႕ၫႊန္ျပျခင္းခံရသူတိုင္းကိုေမးခြန္းေတြေမးကာ ရယ္ေမာေနၾကရင္း သူတို႔ဝိုင္းေလးမွာ အေခ်ာအလွမ်ားစုေနသျဖင့္ club တစ္ခုလုံး၏အာ႐ုံစိုက္ျခင္းခံရသည္။

Jasper ကေတာ့ ေမးခြန္းတိုင္းကိုမေျဖဘဲ ေသာက္သာေသာက္သည္။

"Ray ကိုထပ္က်ၿပီ ဒီတစ္ခါဘာေမးၾကမလဲ"
"Ray မင္းအစာအိမ္ေရာဂါကဘယ္လိုစျဖစ္တာလဲ"

Ray ထိုေမးခြန္းကိုတုံ႕ဆိုင္းေနစဥ္ Wine ကအနားကပ္ကာတိုးတိုးေျပာေလသည္။

"ကိုကို ေသာက္ပဲေသာက္လိုက္ေတာ့"

Wine ကိုအဆင္ေျပပါတယ္လို႔ေျပာၿပီး Ray အားလုံးကိုေလးေလးနက္နက္ၾကည့္လိုက္သည္။

"မင္းတို႔အားလုံးက ငါ့သူငယ္ခ်င္းေတြျဖစ္တဲ့အတြက္ငါေျပာျပနိုင္တယ္.......
ငါ...အိပ္ေဆးေတြအမ်ားႀကီးေသာက္ၿပီး ကိုယ့္ကိုကိုယ္ suicide လုပ္ခဲ့ဖူးတယ္....
ဒါေပမယ့္.. အျမန္ကယ္ခဲ့ၾကလို႔မေသခဲ့ေပမယ့္...ေဆးေတြရဲ႕ဒဏ္ေၾကာင့္အစာအိမ္ေရာဂါျဖစ္ခဲ့တာပဲ.."

Jasper အပါအဝင္ အားလုံး၏မ်က္ႏွာမွာ အံ့ဩမႈအရိပ္အေယာင္မ်ားေတြ႕ရသည္။

Ray ပုလင္းေလးကိုလွည့္လိုက္ၿပီး ကစားပြဲကိုျပန္စလိုက္သည္။

ကစားပြဲေလးကျပန္အသက္ဝင္လာၿပီး ရယ္သံမ်ားျဖင့္စည္ကားလာသည္။ ေနာက္တစ္ႀကိမ္ Ray က်ျပန္ေတာ့ Jasper ထံမွေမးခြန္းထြက္လာသည္။

"ဘာလို႔..suicide လုပ္ခဲ့တာလဲ"

တစ္ဝိုင္းလုံးၿငိမ္သက္သြားကာ စိတ္ဝင္တစား တိတ္ဆိတ္သြားသည္။

"ငါခ်စ္ရတဲ့သူကိုဆုံးရႈံးလိုက္ရလို႔.....
ငါရဲ႕ အခ်စ္ဦးျဖစ္ၿပီး အခ်စ္ဆုံးအျဖစ္ပာသက္မွတ္ထားတဲ့ ေကာင္မေလးက ငါ့ကိုထားခဲ့ၿပီး တျခားတစ္ေယာက္နဲ႕တြဲသြားေတာ့
ငါမက္ခဲ့ရတဲ့အိမ္မက္ေတြ ေမွ်ာ္လင့္ခ်က္ေတြအကုန္လုံးဖ်က္ဆီးခံလိုက္ရတာကို မခံစားနိုင္ခဲ့ဘူး...
ငါ့အတြက္သိပ္ကိုခက္ခဲခဲ့တယ္ အဲ့တာေၾကာင့္ ငါဒီလိုလုပ္လိုက္မယ္ဆိုရင္ ငါလြတ္ေျမာက္သြားမွာပဲလို႔ေတြးခဲ့မိတာေၾကာင့္....ငါ suicide လုပ္ခဲ့တာ..."

"ငါတို႔ေတြအားလုံးငယ္႐ြယ္ၾကေသးတယ္ အတိတ္ကနာက်င္စရာေတြရွိခဲ့ရင္ေတာင္ ငါတို႔ရဲ႕လူငယ္ဘဝကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲျဖတ္သန္းၾကတာေပါ့ အခုေတာ့ let's dance!!"

သူတို႔အားလုံးကစားပြဲကိုရပ္လိုက္ကာ dancing floor သို႔ဆင္းၾကသည္။

ျမဴးႂကြေသာ DJ သံမ်ားၾကားစည္းခ်က္ညီေအာင္ကေနသည့္ Ray အနားသို႔ ႏႈတ္ခမ္းနီမေလးမ်ားေရာက္ေရာက္လာေပမယ့္ Wine ေၾကာင့္အနားမကပ္ရဲၾကေပ။

Ray အနားကိုဘယ္သူကပ္လာလာ မ်က္ေထာင့္နီႀကီးႏွင့္ ပိတ္ထားေသာ Wine မွာ Jump ကိုေတာ့ မနီးနီးေအာင္တြန္းပို႔ေသာေၾကာင့္ Ray ႏွင့္ Jump ၾကားတြင္ 1လက္မခြဲေလာက္သာ အကြာအေဝးရွိသည္။

အေဝးကလွမ္းၾကည့္လိုက္လွ်င္ Ray က Jump ရင္ခြင္ထဲေရာက္ေနသည္ဟုထင္ၾကေပလိမ့္မည္။ Jasper ကေတာ့ Dancing floor မဆင္းဘဲ Ray ႏွင့္ Jump ကိုသာ စူးစူးရဲရဲၾကည့္ေနသည္။

"Ray က gay မဟုတ္ေလာက္ဘူးေနာ္ Jasper
ငါသူ႕အျပဳအမူေတြကိုအကဲခတ္ၾကည့္တာ သူေယာက္်ားေလးေတြကိုစိတ္မဝင္စားဘူး
အခုသူ Jump နဲ႕ရင္းရင္းႏွီးႏွီး ေနေပမယ့္ သူ႕မ်က္ဝန္းအၾကည့္ေတြက Jump ကိုသာမန္သူငယ္ခ်င္းလိုပဲ...
သူသာ gay ဆိုရင္ Jump လိုလူေခ်ာတစ္ေယာက္အေပၚေသခ်ာေပါက္ စိတ္ယိုင္မွာပဲ...
ၿပီးေတာ့ခုနက သူေျပာတဲ့သူ႕အတိတ္အေၾကာင္းေတြအရ သူကလုံးဝ gay မဟုတ္ဘူးဆိုတာ ေသခ်ာတယ္..."

Ray က gay မဟုတ္ဘူးလို႔ Win ေျပာေတာ့ Jasper ေက်နပ္ရမည့္အစား စိတ္ထဲတြင္ေလးလံသြားသည္။

"ဒါေပမယ့္..."
"ဒါေပမယ့္ ဘာလဲ?"
"Jump အၾကည့္ေတြကေတာ့ သာမန္မဟုတ္ဘူး... Ray ကိုခံစားခ်က္ရွိေနသလိုပဲ.."

Jasper ဒါကိုရိပ္မိၿပီးသားပါ။ Ray ကလည္းသူ႕ကို Jump စိတ္ဝင္စားေနမွန္းဘာလို႔မသိရတာလဲ။ ေဘးလူေတြေတာင္ရိပ္မိေနတာကို။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Ray သန႔္စင္ခန္းထဲမွထြက္လာေတာ့ အျပင္ဘက္ေထာင့္တစ္ေနရာတြင္လက္ပိုက္ရပ္ေနေသာ Jasper ကိုေတြ႕ရသည္။

"လက္ကဘာျဖစ္တာလဲ?"

အနားမွျဖတ္ေလွ်ာက္စဥ္ ၾကားလိုက္ရသည့္ Jasper ၏အေမးေလးက သူ႕ကိုၿပဳံးေစသည္။
သူ႕အေပၚ ဒီေလာက္စိတ္ပူေပးရင္ကို သူအတိုင္းထက္အလြန္ေက်နပ္ပါသည္။

"ဖန္ခြက္ကြဲရွတာ"
"ဂ႐ုစိုက္မွေပါ့ ေဆးခန္းသြားျပၿပီးၿပီလား"
"ေဆးထည့္ထားတယ္ သြားစရာမလိုပါဘူး"

Jasper ပတ္တီးစည္းထားေသာ Ray လက္ဖဝါးေလးကိုကိုင္ကာေသခ်ာၾကည့္ေနသည္။

Ray စိုးရိမ္ေနေသာ Jasper ကိုၾကည့္ၿပီး သူမသိလိုက္ခင္မွာပဲၿပဳံးမိျပန္သည္။

"မေန႕ညက ကိစၥ...."
"အင္း"
"ငါလြန္သြားတယ္ ၿပီးေတာ့ game ကစားတုန္းကေမးခဲ့တဲ့ေမးခြန္းအတြက္လည္း....ေတာင္း...ေတာင္းပန္တယ္"
"အင္း"
"ေတာင္းပန္တာကိုလက္ခံတယ္ေပါ့"
"အင္း လက္ခံတယ္."
"အဲ့တာဆို ျပန္အဆင္ေျပသြားၿပီေနာ္..."
"အင္း.."

သူေျပာသမွ်ကိုၿပဳံးၿပဳံးေလးႏွင့္ ေခါင္းၿငိမ့္ကာ ""အင္း"" ပဲေျပာေနသည့္ ေကာင္ေလးကို Jasper အူယားလာကာ ပါးေလးႏွစ္ဖက္ကို ဆြဲညွစ္လိုက္ၿပီး ရင္ခြင္ထဲထည့္ဖက္လိုက္သည္။

Club ထဲကိုဘယ္ဘက္က Jump ညာဘက္က ဂ်ပဳမလက္ကိုကိုကိုင္ၿပီး ဝင္လာသည့္ Ray ၏ပုံစံက Jasper မ်က္လုံးထဲတြင္ cross ျဖစ္ေနသည္။ သူမဟုတ္တဲ့တျခားသူမ်ားႏွင့္ရယ္ရယ္ေမာေပ်ာ္႐ႊင္ေနသည္ကို မေက်နပ္ေသာေၾကာင့္ game မွာဝင္ပါၿပီး စိတ္အႏွောက္အယွက္ေပးခဲ့ျခင္းျဖစ္သည္။

"လႊတ္ေပးဦးေလ Jas"

Jasper ဖက္ထားေသာလက္မ်ားကိုလႊတ္ေပးလိုက္ၿပီး နဖူးေလးကိုတစ္ခ်က္နမ္းလိုက္သည္။

ၿပဳံး႐ႊင္ေနရာမွ Jasper တစ္ခုခုကိုသတိရသြားၿပီး ခ်က္ခ်င္း ႐ုပ္တည္သြားသည္။

"မေန႕က ဘာလို႔ David Welson ဆီသြားတာလဲ ၿပီးေတာ့ ဘာလို႔ သူ႕ပါးကိုနမ္းတာလဲ..."
"......"
"ေျဖေလ..Kha"
"အဲ့တာကေလ သူကငါ့ sponsor မဟုတ္ဘူး...ငါ့ဦးေလး.."
"ဦးေလး? မေန႕ညကငါေမးေတာ့ ဘာလို႔ဘာမွမေျပာတာလဲ"
"မင္းက စိတ္တိုေနတာကို ၿပီးေတာ့ ေသြးပူေနေတာ့ ငါေျပာတာကိုယုံမွာမဟုတ္ဘူးေလ...
မင္းကငါ့ကိုအဲ့လိုႀကီး စြပ္စြဲလာေတာ့..."

Ray စကားပင္မဆုံးလိုက္ Jasper ရင္ခြင္က်ယ္ထဲသို႔ ထပ္မံေရာက္ရွိသြားသည္။

"ကိုယ္တကယ္ေတာင္းပန္တယ္ေနာ္ Kha...
ဒါေပမယ့္ ဦးေလးျဖစ္ေနရင္ေတာင္ မနမ္းနဲ႕ကြာ ကိုယ္မႀကိဳက္ဘူး....
Jump နဲ႕လည္းခပ္ခြာခြာေန "

Ray ရင္ခြင္ထဲမွေခါင္းၿငိမ့္ျပေလသည္။

သူငယ္ခ်င္းမ်ားအတင္းေခၚလို႔ Ray ထပ္သြားကရျပန္သည္။

"Ray နဲ႕ျပန္အဆင္ေျပသြားၿပီလား Jasper"
"အဆင္ေျပသြားၿပီ"
"အဲ့တာမ်ားခပ္ကင္းကင္းေနမယ္ေလးဘာေလးနဲ႕ တကယ္ေနနိုင္တာလဲမဟုတ္ဘဲနဲ႕ကို..."
"ငါစိတ္ခ်မ္းသာေနတယ္လာမႏွောက္ယွက္နဲ႕ Win"
"အခုက်ၿပဳံးၿဖီးေနတာပဲ ခုနတုန္းကအခြက္မ်ား မ်က္ခုံးေတြေတာင္က်ိဳးေတာ့မတတ္ဘဲ.."

"ငါ့ babe Kha ေလးကခ်စ္ဖို႔ေကာင္းလိုက္တာ"

Win ေျပာသည္ကို Jasper ကမၾကားသလိုပင္။

"Jasper ခုနက သန႔္စင္ခန္းနားမွာ မင္းတို႔ႏွစ္ေယာက္စကားေျပာေနတာကိုငါေတြ႕တယ္"
"အဲ့ေတာ့"
"Ray မင္းကိုၾကည့္တဲ့ မ်က္ဝန္းအၾကည့္ေတြကကြာ သိပ္ခ်စ္ရတဲ့ခ်စ္သူကိုၾကည့္သလို အခ်စ္အရိပ္အေယာင္ေတြပါေနတယ္... Ray လည္း...မင္းကိုခ်စ္ေနတယ္ထင္တယ္ Jasper"

အခ်ိန္ေတြေခတၱရပ္တန႔္သြားၿပီး အရာအားလုံးၿငိမ္သက္သြားသလိုပင္။

"ဘာ Kha ကငါ့ကိုခ်စ္ေနတယ္..ဟုတ္လား Win"
"ေအး မင္းမရိပ္မိဘူးလား Jasper
ဘယ္ေယာက္်ားေလးက သူ႕ကိုတျခားေယာက္်ားတစ္ေယာက္ ထိတာ ဖက္တာ နမ္းတာကို မျငင္းဆန္ပဲေနမွာလဲ..
ငါနဲ႕မင္းေတာင္ေပါင္းလာတာ ငယ္ငယ္ကတည္းက အဲ့လိုမ်ိဳးရွိဖူးလို႔လား ဖက္ဖို႔နမ္းဖို႔မေျပာနဲ႕ လက္ေတာင္ကိုင္တာမဟုတ္ဘူးေလ.."
"အဲ့ေတာ့ Kha က Gay ေပါ့.."
"ငါေျပာတာကိုနားမလည္ဘူးလား Jasper
Ray က gay မဟုတ္ေပမယ့္ မင္းကိုေတာ့ခ်စ္တယ္ တျခားေယာက္်ားေလးေတြကိုစိတ္မဝင္စားဘူး မင္းတစ္ေယာက္ထဲကိုပဲ သူဒီလိုခံစားခ်က္ရွိတာ..
မင္းလည္းအတူတူပဲေလ တျခားေယာက္်ားေလးမေျပာနဲ႕ ဘယ္မိန္းကေလးကိုမ်ားမင္းဒီလိုခံစားခဲ့ရဖူးလို႔လဲ
ဘယ္ေယာက္်ားေလးကိုမ်ား ဖက္ခ်င္ နမ္းခ်င္ခဲ့လို႔လဲ ငါတို႔ေတြစေနာက္ၿပီး ထိရင္ေတာင္ ဆဲလႊတ္ၿပီးေတာ့"

Dancing floor တြင္ကေနေသာ Ray ကိုၾကည့္ၿပီး Win စကားေတြကို သူနားေထာင္ေနသည္။

သူ႕ရဲ႕ babe ကသူ႕ကိုခ်စ္ေနသည္ကိုသိေတာ့ သူေပ်ာ္႐ႊင္ရေပမယ့္ သူကလည္းခ်စ္ေနသည့္အျဖစ္မွန္ကိုေတာ့ သူျငင္းဆန္ရမည္။ သူလက္မခံနိုင္ဘူး ၿပီးေတာ့ ဝန္မခံခ်င္ဘူး။ gay ေတြကိုမုန္းသည့္ Jasper ကေယာက္်ားတစ္ေယာက္ကိုခ်စ္ပါတယ္လို႔ ဘယ္ေတာ့မွဝန္ခံမည္မဟုတ္ပါ...

မင္းမွာ အထိနာခဲ့တဲ့ အတိတ္ရွိသလို ငါ့မွာလည္း အရမ္းမုန္းတဲ့ အျဖစ္မွန္တစ္ခုရွိခဲ့ဖူးတယ္ Kha.....

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Bạn đang đọc truyện trên: Truyen247.Pro