Part-15 ( deadly words)
Unicode
"Ting... tong..."
အဆက်မပြတ်ထွက်ပေါ်လာသော bell သံကြောင့် Ray နိုးလာသည်။
သူဝရန်တာမှာအိပ်ပျော်သွားတာမနက် 10 နာရီတောင်ထိုးနေပြီပဲ......
ဒီနေ့ကျောင်းပိတ်ရက်မို့ အိပ်ရာထနောက်ကျတာကိစ္စမရှိပေ။
"Ting..... tong......ting.."
ထပ်မံထွက်ပေါ်လာသော bell သံကြောင့် Ray အတွေးစပြတ်သွားလေသည်။ ဘယ်သူပါလိမ့် Jas များပြန်လာတာလားဟူသော ထင်မြင်ချက် နှင့် Ray အပြေးအလွှားတံခါးသွားဖွင့်လိုက်သည်။
"Hi Han....."
"Jump"
"ငိုနေတာလား မျက်လုံးတွေမို့အစ်နေတာပဲ
လက်ကရော ဘာဖြစ်တာလဲ"
ခြောက်သွေ့နေသောသွေးစများနှင့် လက်ဖဝါးကို Jump စိုးရိမ်တကြီး လှမ်းကိုင်လိုက်သည်။
"ညကသောက်တာများပြီး ဖန်ခွက်တွေကိုတိုက်မိလို့ နည်းနည်းဒဏ်ရာရတာ .....
အရက်ရှိန်ကြောင့် မျက်လုံးတွေလည်းမို့နေတာထင်တယ်"
ရယ်ကျဲကျဲပြောနေပေမယ့် Han လိမ်နေမှန်းသူသိတာပေါ့...
"အထဲဝင်လေ"
"အင်း.. Jasperရော"
Hanမျက်နှာပျက်သွားသည်ကို သူမြင်လိုက်သည်။
"Jas ကသူ့အခန်းကိုပြန်ရွေ့သွားပြီ"
"ဪ...မနက်စာလည်းမစားရသေးဘူးမလား Han"
"မစားရသေးဘူး အခုမှနိုးတာဆိုတော့ ဟီး.."
"အဲ့တာဆို သွားစားမယ်လေ"
"ခဏ ရေချိုးလိုက်ဦးမယ်"
Ray ရေချိုးခန်းထဲသို့ပြေးဝင်ခဲ့ပြီး ကိုယ့်ကိုကိုယ်မှန်ထဲတွင်သေချာကြည့်လိုက်သည်။ တစ်ညလုံးငိုထားတာကြောင့် မျက်လုံးတွေကသိသိသာသာဖောင်းနေပြန်သည်။
ရေနှင့်ထိမှလက်ဒဏ်ရာက ပြန်စိုပြီး နာလာသည်။ အဝတ်အစားမယူခဲ့တာကြောင့် ရေချိုးပြီး bathrobe တစ်ထည်ဝတ်ဆင်ကာ ထွက်လာခဲ့ရာ ကုတင်ပေါ်တွင် Jump ကထိုင်စောင့်နေပြီး ကြမ်းပြင်ပေါ်မှ ဖန်ခွက်အကွဲများလည်းမရှိတော့ပေ။
"ခဏထိုင်ဦး လက်ကိုဆေးထည့်ရအောင်"
Jump ကုတင်စောင်းတွင် Ray ကိုထိုင်စေပြီး လက်ကိုဆေးထည့်ကာ ပတ်တီးစည်းပေးလိုက်သည်။ ပတ်တီးစည်းပေးပြီးမှ ခပ်တိုတို bathrobe ကြောင့် Ray ၏သွယ်လျချောမွေ့နေသော ခြေထောက်လေးကိုသတိထားမိတော့ ရုတ်တရက်ရာသီဥတုကပူလာသည်။
အကြည့်တွေကတဖြည်းဖြည်းအပေါ်ကိုရောက်တော့ ဟနေသော bathrobe အောက်မှ ရင်ဘက်သားဖွေးဖွေးကြောင့် တံတွေးမြိုချရပြန်သည်။
"ငါ အဝတ်ဝတ်လိုက်ဦးမယ် "
"အင်း.."
Ray အဝတ်ရွေးကာ ရေချိုးခန်းထဲပြန်ဝင်သွားသည်။
ဟူး......တော်သေးတာပေါ့ ယောက်ျားချင်းပဲဆိုပြီး သူ့ရှေ့မှာဝတ်လို့ကတော့...... မတွေးရဲစရာ...
Jump သူ့စိတ်သူလျော့ချရန်အသက်ရှူလေ့ကျင့်ခန်းလုပ်နေလိုက်သည်။
ခဏနေတော့ Ray ရေချိုးခန်းထဲမှထွက်လာသည်။
အင်္ကျီအနက်နှင့် ပေါင်လယ်လောက်ဘောင်းဘီတိုအဖြူလေးကိုဝတ်ထားသောကြောင့် ခြေထောက်လှလှလေးများကပေါ်လွင်ကာ နဂိုဖြူဖွေးသောအသားအရည်မှာလည်း တောက်ပနေသည်။
Ray သူ့ကိုမျက်တောင်မခတ်ကြည့်နေသော Jump ကိုတစ်ချက်ပြုံးပြလိုက်ကာ ဆံပင်ကို dryer မှုတ်ပြီး မျက်မှန်ဝိုင်းလေးကိုပါတပ်လိုက်သည်။
"သွားမယ်လေ Jump"
"Ok......"
Ray, Jump ကားနှင့်ပင်လိုက်ခဲ့သည်။ နေ့လည်လည်းရောက်နေပြီဖြစ်သောကြောင့် သူပိုင်သည့်စားသောက်ဆိုင်တစ်ခုကိုသာသွားကာ မနက်စာနှင့်နေ့လည်စာပေါင်းစားလိုက်သည်။
Ray ကိုပိုင်ရှင်ဥက္ကဋ္ဌမှန်းမသိကြသည့် ဝန်းထမ်းများကတော့ သူတို့နှစ်ယောက်ကိုအသေအလဲငမ်းနေကြသည်။
"Han ပြီးရင် Condo ကိုပဲပြန်မှာလား"
"မပြန်ချင်သေးဘူး..... "
Ray ဆိုင်အပြင်ကိုတွေတွေငေးကာ ပြောလိုက်သည်။
Jas မနက်စာမှစားရဲ့လား.....
"ကစားကွင်းသွားကြမလား Han"
"ဟမ် ကစားကွင်း? သွားမယ်လေ "
Jump နှင့် Ray ကစားကွင်းကိုရောက်တော့ ပိတ်ရက်ဖြစ်သောကြောင့် လူစည်ကားနေသည်။
"Jump ဟိုဟာစီးမယ်"
Ray ခေါ်ရာနောက်ကိုလိုက်ပြီး စီးချင်သမျှကိုအကုန်အတူလိုက်စီးပေးရသည်။
အကစက်ပေါ်တွင် Ray တက်ကတော့ လူများအုံလာသည်။ ကျွန်တော်ချစ်ရတဲ့ Han လေးက အရမ်းချစ်စရာကောင်းပြီး ရောက်လေရာအရပ်မှာ popular သိပ်ဖြစ်လွန်းသည်။
အခုလည်း စီးချက်ညီအောင်ကနေသည်မှာ ကြည့်ကောင်းလွန်းလှသည်။ Jump လည်း Ray ကိုဖုန်းနှင့်ဓာတ်ပုံရိုက်ထားလိုက်သည်။
ကပြီးတော့ ရေခဲမုန့်စားချင်သည်ဆိုသောကြောင့် အတူသွားဝယ်ကြသည်။
"Han ဘယ်အရသာစားမှာလဲ"
"Chocolate "
"chocolate တစ်ခု vanilla တစ်ခု"
ခုံတန်းတစ်ခုတွင် ထိုင်ပြီးရေခဲမုန့်စားနေကြတဲ့သူတို့နှစ်ယောက်ကို စိတ်ဝင်စားနေသည့်မျက်ဝန်းများက များပြားလွန်းလှသည်။
အကြည့်တွေက Jump ဆီမှာထက် handsomely cute ဖြစ်နေသော Ray ထံတွင်ပိုများနေသည်။
"Han က chocolate ကြိုက်တာလား"
"အင်း အရမ်းကြိုက်တယ်"
"ဘာလို့ကြိုက်တာလဲ"
"ခါးသက်သက်နဲ့ချိုလို့......."
"ဒီမှာ ရှင်တို့ကချစ်သူတွေလား"
အနားရောက်လာကာ မေးသော ခပ် hot hot မိန်းကလေးကြောင့် နှစ်ယောက်သားစကားပြတ်သွားသည်။
Bangkok လိုနေရာမျိုးမှာ ယောက်ျားလေးနှစ်ယောက်ရင်းရင်းနှီးနှီးတွဲသွားတွဲလာလုပ်ရင် ဒီလိုထင်ကြတာမထူးဆန်းပေ။
"မဟုတ်ပါဘူး သူငယ်ချင်းတွေပါ "
Ray အဖြေကြောင့်ကောင်မလေးပြုံးသွားသည်။
"P'က Ray Han လားဟင်"
"ဟုတ်ပါတယ် P'ကိုသိလို့လား"
"P'ရဲ့ Fan ပါ, P' ဖုန်းနံပါတ်လေးများရနိုင်မလားဟင် ညီမသူငယ်ချင်းက P'ကိုအရမ်းသဘောကျပေမယ့် ရှက်နေလို့"
ရဲရဲတင်းတင်း ဖုန်းနံပါတ်တောင်းသော ကောင်မလေးကြောင့် Ray ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
"ဟိုဂါဝန် အပြာရောင်လေးနဲ့တစ်ယောက်လေ P'"
ခမ်းလှမ်းလှမ်းတွင်ရပ်နေသော မိန်ကလေးအုပ်စုအတွင်းမှ ခါးအထက်ထိရှည်လျားသောအနက်ရောင်ဆံကေသာများနှင့် မိုးပြာရောင်ဂါဝန်ဒူးဖုံးလေးကိုဝတ်ဆင်ထားသောကောင်မလေးကို ညွှန်ပြလေသည်။
ခေတ်ဆန်ဆန်အတိုအပြတ်များနှင့် မိန်းကလေးများကြားမှ ရိုးရိုးရှင်းရှင်းကောင်မလေး၏အလှမှာပေါ်လွင်နေသည်။
Ray ဖုန်းနံပါတ်ပေးလိုက်တော့ ဓာတ်ပုံအတူရိုက်ရန်တောင်းဆိုလေသည်။
မိုးပြာရောင်ကောင်မလေးက Ray နှင့်အတူဓာတ်ပုံတွဲရိုက်တော့ ပါးလေးများပင်နီရဲနေသည်။
ရိုးရိုးယဉ်ယဉ်ကောင်မလေးတွေဟာ Ray ကြိုက်တဲ့ type ပါ။ ဒါပေမယ့် အခုတော့ Ray ကြိုက်တာဘယ်လိုပုံစံလဲမေးရင် သေချာပေါက် Jasper ပဲပေါ့....
"အဲ့ကောင်မလေးကိုစိတ်ဝင်စားလို့လား"
"ဟင့်အင်း"
"ဒါဆိုဘာလို့ဖုန်းနံပါတ်ပေးလိုက်တာလဲ"
"ဖြူစင်တဲ့မိန်းကလေးတစ်ယောက်မို့ ငြင်းလိုက်ရင်သူ့အတွက် စိတ်ဒဏ်ရာဖြစ်သွားမှာစိုးရိမ်လို့.."
တခြားသူအတွက်တွေးပေးတတ်တဲ့ သူချစ်ရတဲ့ Han ဟာ ဘာလို့ကိုယ့်အတွက်ကိုယ်တွေးဖို့ကိုမေ့လျော့နေရတာလဲ....
"ငါနဲ့လည်းဓာတ်ပုံရိုက်ရအောင်"
"အင်း"
နှစ်ယောက်သား same post လုပ်ကာ အတူပေါကြပြန်သည်။
Ray အရာအားလုံးကိုခဏတာမေ့လျော့ကာ စိတ်လွတ်ကိုယ်လွတ်ရယ်မောမိလေသည်။
အမြဲဒီလိုပဲ ပြုံးနေပါ Han.....
ကိုယ်မင်းအနားမှာရှိတိုင်းမင်းရဲ့ဒဏ်ရာတွေကိုကုသပေးမယ် မင်းရဲ့နာကျင်မှုတွေကိုဖျောက်ဖျက်ပေးမယ် မင်းပျော်ရွှင်ရယ်မောအောင်ပျော်တော်ဆက်ပေးမယ်.......
Jump သူ့ကိုကြည့်နေတဲ့မျက်ဝန်းအကြည့်တွေကြောင့် Ray ငြိမ်သက်သွားသည်။
ဒီအကြည့်တွေ Jump သူ့ကိုကြည့်သလိုအကြည့်တွေနဲ့ တစ်ချိန်က မိုးတိမ် သူ့ကိုအမြဲကြည့်ခဲ့ဖူးတယ်......
ပေးဆပ်ခြင်းတွေ...မြတ်နှိုးမှုတွေ..ပါဝင်တဲ့အကြည့်ရဲ့ အဓိပ္ပါယ်အရ သူ့ကို Jumpက.....
Ray ဆက်မတွေးချင်တာကြောင့် ခေါင်းကိုသာခါယမ်းကာ အတွေးတွေကိုရပ်တန့်ပစ်လိုက်သည်။
"ဘာတွေခေါင်းရမ်းနေတာလဲ Han "
"ဘာမှမဟုတ်ပါဘူး
ဒါနဲ့ ဒီညငါ Y Club သွားမလို့ ငါတို့ကျောင်းကဋ္ဌာနကိုယ်စားပြုတွေနဲ့ မင်းလိုက်ခဲ့ပါလား Jump"
Han ဆီကအမေးကို သူငြင်းမယ်ထင်လား? ချက်ချင်း ခေါင်းကိုငြိမ့်ပြီး သားပဲပေါ့...
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Hello Wine ကိုကိုလာခေါ်တော့မယ် အဆင်သင့်ပြင်ပြီးပြီလား"
"ပြီးပြီ လာခဲ့တော့ကိုကို"
"Okok ကိုကိုလာပြီနော်"
Condo ကိုပြန်ကာ Ray ကားယူပြီး Wine ကိုသွားခေါ်လေသည်။ Jump ကိုတော့ Club ကိုသွားနှင့်ခိုင်းလိုက်သည်။
"Sawadee krup Pa Ma"
"Wadee Han"
"ကိုကို Wine ပြီးပြီ သွားမယ်"
Wine နှင့်အတူ Club parking ကိုရောက်တော့ Jump က တခြားဋ္ဌာနကိုယ်စားပြုတွေနှင့်အဖွဲ့တောင်ကျနေသည်။
"Hey guys ဝင်ကြမယ်လေ"
Club ရှေ့တွင် မန်နေဂျာကစောင့်နေသည်။
"သခင်လေးမှာတဲ့အတိုင်း လူများများနဲ့အဆင်ပြေမယ့်ဝိုင်းပြင်ပေးထားပါတယ်"
အနားနားကပ်ပြောသောကြောင့်အခြားသူများမကြားပေ။
လူများသောနေရာများကိုသွားလျှင် Wine ကသူ့လက်ကိုကိုင်ထားတတ်သည့်အကျင့်ရှိသောကြောင့်ယခုလည်း သူ့ညာဘက်လက်ကိုဆုပ်ကိုင်ထားသည်။ Jump ကတော့ ဘယ်ဘက်မှ သူ့ပခုံးပေါ်ကိုလက်တင်ထားသည်။
မန်နေဂျာ P'ပြသောဝိုင်းတွင်ထိုင်လိုက်ရင်း တစ်ယောက်ယောက်ကကြည့်နေသလို ခံစားရသောကြောင့်ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ရာ Win တို့နှင့်အတူထိုင်ပြီး သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေသော Jasper ကိုတွေ့ရသည်။ Jasper အနီးတဝိုက်တွင်တော့ သာမန်အဝတ်အစားများနှင့် Ray လွှတ်ပေးထားသောကိုယ်ရံတော်များရှိသည်။
Ray ကိုမြင်တော့ ကိုယ်ရံတော်များကခေါင်းငုံ့အရိုအသေပေးလေသည်။ Ray လည်းမသိမသာ ခေါင်းငြိမ့်ပြလိုက်သည်။
လွမ်းနေခဲ့ရတဲ့ Jasper မျက်နှာကိုကြည့်နေမိရင်း Jump သူ့ကိုစကားလာပြောမှစိတ်နှင့်လူပြန်ကပ်တော့သည်။
"ငါတို့ game တစ်ခုခုကစားကြမလား"
"ဘာ game လဲ"
"ပုလင်းလှည့်မယ်လေ ကျတဲ့သူကိုကြိုက်တာတစ်ခုမေးကြေး မဖြေရင် သောက်ရမယ်"
"Ok ဆော့ကြမယ်"
"ငါတို့လည်းပါလို့ရလား..?"
သူတို့ဝိုင်းသို့ Jasper နှင့် Win လာထိုင်ကာမေးလိုက်ခြင်းဖြစ်သည်။
"ရတာပေါ့ Jasper ကလည်း"
"ဒါဆို game စမယ်နော်"
လည်နေသောပုလင်းလေးကရပ်တန့်သွားပြီး ညွှန်ပြရာက Ray....
"ကဲ ဘာမေးကြမလဲ"
ရုတ်တရက် Jasper လက်ထောင်လိုက်လေသည်။
"ငါမေးမယ် Ray Han မင်းက gay လား"
စီးဆင်းနေသော သွေးများရပ်တန့်ကာ အေးခဲသွားသလိုပင်။ အမြဲခေါ်တတ်တဲ့ Kha ဆိုတဲ့နာမ်စားလေးကိုမသုံးတော့ဘဲ Ray Hanတဲ့။ ငါ့ကိုဒီလိုတွေလုပ်နေမယ့်အစားအသေ သာသတ်လိုက်ပါ Jas ရာ။
"ဖြေလိုက်လေ Han"
အေးစက်နေသော ဘယ်ဘက်လက်ကို Jump လက်နွေးနွေးက ဆုပ်ကိုင်လာကာ နူးညံ့သောအကြည့်များနှင့်ပြုံးပြလေသည်။
ထိုမြင်ကွင်းကိုမြင်နေရသည့် Jasper ကတော့ အံကိုတင်းတင်းကြိတ်ကာ လက်သီးကိုသာဆုပ်ထားလေသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ငါ့ကိုအသေ သတ်ဖို့
ဓားတွေ သေနတ်တွေမလိုအပ်ဘူး
မင်းနှုတ်ခမ်းက ထွက်လာတဲ့
စကားတစ်ခွန်းနဲ့တင်
ငါအကြိမ်ကြိမ်သေတယ်......
Ray Han
******************************
Zawgyi
"Ting... tong..."
အဆက္မျပတ္ထြက္ေပၚလာေသာ bell သံေၾကာင့္ Ray ႏိုးလာသည္။
သူဝရန္တာမွာအိပ္ေပ်ာ္သြားတာမနက္ 10 နာရီေတာင္ထိုးေနၿပီပဲ......
ဒီေန႔ေက်ာင္းပိတ္ရက္မို႔ အိပ္ရာထေနာက္က်တာကိစၥမ႐ွိေပ။
"Ting..... tong......ting.."
ထပ္မံထြက္ေပၚလာေသာ bell သံေၾကာင့္ Ray အေတြးစျပတ္သြားေလသည္။ ဘယ္သူပါလိမ့္ Jas မ်ားျပန္လာတာလားဟူေသာ ထင္ျမင္ခ်က္ ႏွင့္ Ray အေျပးအလႊားတံခါးသြားဖြင့္လိုက္သည္။
"Hi Han....."
"Jump"
"ငိုေနတာလား မ်က္လုံးေတြမို႔အစ္ေနတာပဲ
လက္ကေရာ ဘာျဖစ္တာလဲ"
ေျခာက္ေသြ႔ေနေသာေသြးစမ်ားႏွင့္ လက္ဖဝါးကို Jump စိုးရိမ္တႀကီး လွမ္းကိုင္လိုက္သည္။
"ညကေသာက္တာမ်ားၿပီး ဖန္ခြက္ေတြကိုတိုက္မိလို႔ နည္းနည္းဒဏ္ရာရတာ .....
အရက္႐ွိန္ေၾကာင့္ မ်က္လုံးေတြလည္းမို႔ေနတာထင္တယ္"
ရယ္က်ဲက်ဲေျပာေနေပမယ့္ Han လိမ္ေနမွန္းသူသိတာေပါ့...
"အထဲဝင္ေလ"
"အင္း.. Jasperေရာ"
Hanမ်က္ႏွာပ်က္သြားသည္ကို သူျမင္လိုက္သည္။
"Jas ကသူ႔အခန္းကိုျပန္ေရြ့သြားျပီ"
"ေဩာ္...မနက္စာလည္းမစားရေသးဘူးမလား Han"
"မစားရေသးဘူး အခုမွႏိုးတာဆိုေတာ့ ဟီး.."
"အဲ့တာဆို သြားစားမယ္ေလ"
"ခဏ ေရခ်ိဳးလိုက္ဦးမယ္"
Ray ေရခ်ိဳးခန္းထဲသို႔ေျပးဝင္ခဲ့ၿပီး ကိုယ့္ကိုကိုယ္မွန္ထဲတြင္ေသခ်ာၾကည့္လိုက္သည္။ တစ္ညလုံးငုိထားတာေၾကာင့္ မ်က္လုံးေတြကသိသိသာသာေဖာင္းေနျပန္သည္။
ေရႏွင့္ထိမွလက္ဒဏ္ရာက ျပန္စိုၿပီး နာလာသည္။ အဝတ္အစားမယူခဲ့တာေၾကာင့္ ေရခ်ိဳးၿပီး bathrobe တစ္ထည္ဝတ္ဆင္ကာ ထြက္လာခဲ့ရာ ကုတင္ေပၚတြင္ Jump ကထိုင္ေစာင့္ေနၿပီး ၾကမ္းျပင္ေပၚမွ ဖန္ခြက္အကြဲမ်ားလည္းမ႐ွိေတာ့ေပ။
"ခဏထိုင္ဦး လက္ကိုေဆးထည့္ရေအာင္"
Jump ကုတင္ေစာင္းတြင္ Ray ကိုထိုင္ေစၿပီး လက္ကိုေဆးထည့္ကာ ပတ္တီးစည္းေပးလိုက္သည္။ ပတ္တီးစည္းေပးၿပီးမွ ခပ္တိုတို bathrobe ေၾကာင့္ Ray ၏သြယ္လ်ေခ်ာေမြ႔ေနေသာ ေျခေထာက္ေလးကိုသတိထားမိေတာ့ ႐ုတ္တရက္ရာသီဥတုကပူလာသည္။
အၾကည့္ေတြကတျဖည္းျဖည္းအေပၚကိုေရာက္ေတာ့ ဟေနေသာ bathrobe ေအာက္မွ ရင္ဘက္သားေဖြးေဖြးေၾကာင့္ တံေတြးၿမိဳခ်ရျပန္သည္။
"ငါ အဝတ္ဝတ္လိုက္ဦးမယ္ "
"အင္း.."
Ray အဝတ္ေရြးကာ ေရခ်ိဳးခန္းထဲျပန္ဝင္သြားသည္။
ဟူး......ေတာ္ေသးတာေပါ့ ေယာက္်ားခ်င္းပဲဆိုၿပီး သူ႔ေ႐ွ႕မွာဝတ္လို႔ကေတာ့...... မေတြးရဲစရာ...
Jump သူ႔စိတ္သူေလ်ာ့ခ်ရန္အသက္႐ွဴေလ့က်င့္ခန္းလုပ္ေနလိုက္သည္။
ခဏေနေတာ့ Ray ေရခ်ိဳးခန္းထဲမွထြက္လာသည္။
အက်ႌ အနက္ႏွင့္ ေပါင္လယ္ေလာက္ေဘာင္းဘီတိုအျဖူေလးကိုဝတ္ထားေသာေၾကာင့္ ေျခေထာက္လွလွေလးမ်ားကေပၚလြင္ကာ နဂိုျဖဴေဖြးေသာအသားအရည္မွာလည္း ေတာက္ပေနသည္။
Ray သူ႔ကိုမ်က္ေတာင္မခတ္ၾကည့္ေနေသာ Jump ကိုတစ္ခ်က္ျပံဳးျပလိုက္ကာ ဆံပင္ကို dryer မႈတ္ၿပီး မ်က္မွန္ဝိုင္းေလးကိုပါတပ္လိုက္သည္။
"သြားမယ္ေလ Jump"
"Ok......"
Ray, Jump ကားႏွင့္ပင္လိုက္ခဲ့သည္။ ေန႔လည္လည္းေရာက္ေနၿပီျဖစ္ေသာေၾကာင့္ သူပိုင္သည့္စားေသာက္ဆိုင္တစ္ခုကိုသာသြားကာ မနက္စာႏွင့္ေန႔လည္စာေပါင္းစားလိုက္သည္။
Ray ကိုပိုင္႐ွင္ဥကၠ႒မွန္းမသိၾကသည့္ ဝန္းထမ္းမ်ားကေတာ့ သူတို႔ႏွစ္ေယာက္ကိုအေသအလဲငမ္းေနၾကသည္။
"Han ၿပီးရင္ Condo ကိုပဲျပန္မွာလား"
"မျပန္ခ်င္ေသးဘူး..... "
Ray ဆိုင္အျပင္ကိုေတြေတြေငးကာ ေျပာလိုက္သည္။
Jas မနက္စာမွစားရဲ႕လား.....
"ကစားကြင္းသြားၾကမလား Han"
"ဟမ္ ကစားကြင္း? သြားမယ္ေလ "
Jump ႏွင့္ Ray ကစားကြင္းကိုေရာက္ေတာ့ ပိတ္ရက္ျဖစ္ေသာေၾကာင့္ လူစည္ကားေနသည္။
"Jump ဟိုဟာစီးမယ္"
Ray ေခၚရာေနာက္ကိုလိုက္ၿပီး စီးခ်င္သမ်ွကိုအကုန္အတူလိုက္စီးေပးရသည္။
အကစက္ေပၚတြင္ Ray တက္ကေတာ့ လူမ်ားအုံလာသည္။ ကြၽန္ေတာ္ခ်စ္ရတဲ့ Han ေလးက အရမ္းခ်စ္စရာေကာင္းၿပီး ေရာက္ေလရာအရပ္မွာ popular သိပ္ျဖစ္လြန္းသည္။
အခုလည္း စီးခ်က္ညီေအာင္ကေနသည္မွာ ၾကည့္ေကာင္းလြန္းလွသည္။ Jump လည္း Ray ကိုဖုန္းႏွင့္ဓာတ္ပုံ႐ိုက္ထားလိုက္သည္။
ကၿပီးေတာ့ ေရခဲမုန္႔စားခ်င္သည္ဆိုေသာေၾကာင့္ အတူသြားဝယ္ၾကသည္။
"Han ဘယ္အရသာစားမွာလဲ"
"Chocolate "
"chocolate တစ္ခု vanilla တစ္ခု"
ခုံတန္းတစ္ခုတြင္ ထိုင္ၿပီးေရခဲမုန္႔စားေနၾကတဲ့သူတို႔ႏွစ္ေယာက္ကို စိတ္ဝင္စားေနသည့္မ်က္ဝန္းမ်ားက မ်ားျပားလြန္းလွသည္။
အၾကည့္ေတြက Jump ဆီမွာထက္ handsomely cute ျဖစ္ေနေသာ Ray ထံတြင္ပိုမ်ားေနသည္။
"Han က chocolate ႀကိဳက္တာလား"
"အင္း အရမ္းႀကိဳက္တယ္"
"ဘာလို႔ႀကိဳက္တာလဲ"
"ခါးသက္သက္နဲ႔ခ်ိဳလို႔......."
"ဒီမွာ ႐ွင္တို႔ကခ်စ္သူေတြလား"
အနားေရာက္လာကာ ေမးေသာ ခပ္ hot hot မိန္းကေလးေၾကာင့္ ႏွစ္ေယာက္သားစကားျပတ္သြားသည္။
Bangkok လိုေနရာမ်ိဳးမွာ ေယာက္်ားေလးႏွစ္ေယာက္ရင္းရင္းႏွီးႏွီးတြဲသြားတြဲလာလုပ္ရင္ ဒီလိုထင္ၾကတာမထူးဆန္းေပ။
"မဟုတ္ပါဘူး သူငယ္ခ်င္းေတြပါ "
Ray အေျဖေၾကာင့္ေကာင္မေလးျပဳံးသြားသည္။
"P'က Ray Han လားဟင္"
"ဟုတ္ပါတယ္ P'ကိုသိလို႔လား"
"P'ရဲ႕ Fan ပါ, P' ဖုန္းနံပါတ္ေလးမ်ားရႏိုင္မလားဟင္ ညီမသူငယ္ခ်င္းက P'ကိုအရမ္းသေဘာက်ေပမယ့္ ႐ွက္ေနလို႔"
ရဲရဲတင္းတင္း ဖုန္းနံပါတ္ေတာင္းေသာ ေကာင္မေလးေၾကာင့္ Ray ဘာလုပ္ရမွန္းမသိျဖစ္သြားသည္။
"ဟိုဂါဝန္ အျပာေရာင္ေလးနဲ႔တစ္ေယာက္ေလ P'"
ခမ္းလွမ္းလွမ္းတြင္ရပ္ေနေသာ မိန္ကေလးအုပ္စုအတြင္းမွ ခါးအထက္ထိရွည္လ်ားေသာအနက္ေရာင္ဆံေကသာမ်ားႏွင့္ မိုးျပာေရာင္ဂါဝန္ဒူးဖုံးေလးကိုဝတ္ဆင္ထားေသာေကာင္မေလးကို ၫႊန္ျပေလသည္။
ေခတ္ဆန္ဆန္အတိုအျပတ္မ်ားႏွင့္ မိန္းကေလးမ်ားၾကားမွ ႐ိုး႐ိုး႐ွင္း႐ွင္းေကာင္မေလး၏အလွမွာေပၚလြင္ေနသည္။
Ray ဖုန္းနံပါတ္ေပးလိုက္ေတာ့ ဓာတ္ပုံအတူ႐ိုက္ရန္ေတာင္းဆိုေလသည္။
မိုးျပာေရာင္ေကာင္မေလးက Ray ႏွင့္အတူဓာတ္ပုံတြဲ႐ိုက္ေတာ့ ပါးေလးမ်ားပင္နီရဲေနသည္။
႐ိုး႐ိုးယဥ္ယဥ္ေကာင္မေလးေတြဟာ Ray ႀကိဳက္တဲ့ type ပါ။ ဒါေပမယ့္ အခုေတာ့ Ray ႀကိဳက္တာဘယ္လိုပုံစံလဲေမးရင္ ေသခ်ာေပါက္ Jasper ပဲေပါ့....
"အဲ့ေကာင္မေလးကိုစိတ္ဝင္စားလို႔လား"
"ဟင့္အင္း"
"ဒါဆိုဘာလို႔ဖုန္းနံပါတ္ေပးလိုက္တာလဲ"
"ျဖဴစင္တဲ့မိန္းကေလးတစ္ေယာက္မို႔ ျငင္းလိုက္ရင္သူ႔အတြက္ စိတ္ဒဏ္ရာျဖစ္သြားမွာစိုးရိမ္လို႔.."
တျခားသူအတြက္ေတြးေပးတတ္တဲ့ သူခ်စ္ရတဲ့ Han ဟာ ဘာလို႔ကိုယ့္အတြက္ကိုယ္ေတြးဖို႔ကိုေမ့ေလ်ာ့ေနရတာလဲ....
"ငါနဲ႔လည္းဓာတ္ပုံ႐ိုက္ရေအာင္"
"အင္း"
ႏွစ္ေယာက္သား same post လုပ္ကာ အတူေပါၾကျပန္သည္။
Ray အရာအားလုံးကိုခဏတာေမ့ေလ်ာ့ကာ စိတ္လြတ္ကိုယ္လြတ္ရယ္ေမာမိေလသည္။
အျမဲဒီလိုပဲ ျပံဳးေနပါ Han.....
ကိုယ္မင္းအနားမွာ႐ွိတိုင္းမင္းရဲ႕ဒဏ္ရာေတြကိုကုသေပးမယ္ မင္းရဲ႕နာက်င္မႈေတြကိုေဖ်ာက္ဖ်က္ေပးမယ္ မင္းေပ်ာ္ရႊင္ရယ္ေမာေအာင္ေပ်ာ္ေတာ္ဆက္ေပးမယ္.......
Jump သူ႔ကိုၾကည့္ေနတဲ့မ်က္ဝန္းအၾကည့္ေတြေၾကာင့္ Ray ၿငိမ္သက္သြားသည္။
ဒီအၾကည့္ေတြ Jump သူ႔ကိုၾကည့္သလိုအၾကည့္ေတြနဲ႔ တစ္ခ်ိန္က မိုးတိမ္ သူ႔ကိုအျမဲၾကည့္ခဲ့ဖူးတယ္......
ေပးဆပ္ျခင္းေတြ...ျမတ္ႏိႈးမႈေတြ..ပါဝင္တဲ့အၾကည့္ရဲ႕ အဓိပၸါယ္အရ သူ႔ကို Jumpက.....
Ray ဆက္မေတြးခ်င္တာေၾကာင့္ ေခါင္းကိုသာခါယမ္းကာ အေတြးေတြကိုရပ္တန္႔ပစ္လိုက္သည္။
"ဘာေတြေခါင္းရမ္းေနတာလဲ Han "
"ဘာမွမဟုတ္ပါဘူး
ဒါနဲ႔ ဒီညငါ Y Club သြားမလို႔ ငါတို႔ေက်ာင္းက႒ာနကိုယ္စားျပဳေတြနဲ႔ မင္းလိုက္ခဲ့ပါလား Jump"
Han ဆီကအေမးကို သူျငင္းမယ္ထင္လား? ခ်က္ခ်င္း ေခါင္းကိုၿငိမ့္ၿပီး သားပဲေပါ့...
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Hello Wine ကိုကိုလာေခၚေတာ့မယ္ အဆင္သင့္ျပင္ၿပီးၿပီလား"
"ၿပီးၿပီ လာခဲ့ေတာ့ကိုကို"
"Okok ကိုကိုလာၿပီေနာ္"
Condo ကိုျပန္ကာ Ray ကားယူၿပီး Wine ကိုသြားေခၚေလသည္။ Jump ကိုေတာ့ Club ကိုသြားႏွင့္ခိုင္းလိုက္သည္။
"Sawadee krup Pa Ma"
"Wadee Han"
"ကိုကို Wine ၿပီးၿပီ သြားမယ္"
Wine ႏွင့္အတူ Club parking ကိုေရာက္ေတာ့ Jump က တျခား႒ာနကိုယ္စားျပဳေတြႏွင့္အဖြဲ႔ေတာင္က်ေနသည္။
"Hey guys ဝင္ၾကမယ္ေလ"
Club ေ႐ွ႕တြင္ မန္ေနဂ်ာကေစာင့္ေနသည္။
"သခင္ေလးမွာတဲ့အတိုင္း လူမ်ားမ်ားနဲ႔အဆင္ေျပမယ့္ဝိုင္းျပင္ေပးထားပါတယ္"
အနားနားကပ္ေျပာေသာေၾကာင့္အျခားသူမ်ားမၾကားေပ။
လူမ်ားေသာေနရာမ်ားကိုသြားလ်ွင္ Wine ကသူ႔လက္ကိုကိုင္ထားတတ္သည့္အက်င့္႐ွိေသာေၾကာင့္ယခုလည္း သူ႔ညာဘက္လက္ကိုဆုပ္ကိုင္ထားသည္။ Jump ကေတာ့ ဘယ္ဘက္မွ သူ႔ပခုံးေပၚကိုလက္တင္ထားသည္။
မန္ေနဂ်ာ P'ျပေသာဝိုင္းတြင္ထိုင္လိုက္ရင္း တစ္ေယာက္ေယာက္ကၾကည့္ေနသလို ခံစားရေသာေၾကာင့္ပတ္ဝန္းက်င္ကိုအကဲခတ္ၾကည့္ရာ Win တို႔ႏွင့္အတူထိုင္ၿပီး သူ႔ကိုစူးစူးရဲရဲစိုက္ၾကည့္ေနေသာ Jasper ကိုေတြ႔ရသည္။ Jasper အနီးတဝိုက္တြင္ေတာ့ သာမန္အဝတ္အစားမ်ားႏွင့္ Ray လႊတ္ေပးထားေသာကိုယ္ရံေတာ္မ်ား႐ွိသည္။
Ray ကိုျမင္ေတာ့ ကိုယ္ရံေတာ္မ်ားကေခါင္းငုံ႔အ႐ိုအေသေပးေလသည္။ Ray လည္းမသိမသာ ေခါင္းၿငိမ့္ျပလိုက္သည္။
လြမ္းေနခဲ့ရတဲ့ Jasper မ်က္ႏွာကိုၾကည့္ေနမိရင္း Jump သူ႔ကိုစကားလာေျပာမွစိတ္ႏွင့္လူျပန္ကပ္ေတာ့သည္။
"ငါတို႔ game တစ္ခုခုကစားၾကမလား"
"ဘာ game လဲ"
"ပုလင္းလွည့္မယ္ေလ က်တဲ့သူကိုႀကိဳက္တာတစ္ခုေမးေၾကး မေျဖရင္ ေသာက္ရမယ္"
"Ok ေဆာ့ၾကမယ္"
"ငါတို႔လည္းပါလို႔ရလား..?"
သူတို႔ဝိုင္းသို႔ Jasper ႏွင့္ Win လာထိုင္ကာေမးလိုက္ျခင္းျဖစ္သည္။
"ရတာေပါ့ Jasper ကလည္း"
"ဒါဆို game စမယ္ေနာ္"
လည္ေနေသာပုလင္းေလးကရပ္တန္႔သြားၿပီး ၫႊန္ျပရာက Ray....
"ကဲ ဘာေမးၾကမလဲ"
႐ုတ္တရက္ Jasper လက္ေထာင္လိုက္ေလသည္။
"ငါေမးမယ္ Ray Han မင္းက gay လား"
စီးဆင္းေနေသာ ေသြးမ်ားရပ္တန္႔ကာ ေအးခဲသြားသလိုပင္။ အျမဲေခၚတတ္တဲ့ Kha ဆိုတဲ့နာမ္စားေလးကိုမသုံးေတာ့ဘဲ Ray Hanတဲ့။ ငါ့ကိုဒီလိုေတြလုပ္ေနမယ့္အစားအေသ သာသတ္လိုက္ပါ Jas ရာ။
"ေျဖလိုက္ေလ Han"
ေအးစက္ေနေသာ ဘယ္ဘက္လက္ကို Jump လက္ေႏြးေႏြးက ဆုပ္ကိုင္လာကာ ႏူးညံ့ေသာအၾကည့္မ်ားႏွင့္ျပဳံးျပေလသည္။
ထိုျမင္ကြင္းကိုျမင္ေနရသည့္ Jasper ကေတာ့ အံကိုတင္းတင္းႀကိတ္ကာ လက္သီးကိုသာဆုပ္ထားေလသည္။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ငါ့ကိုအေသ သတ္ဖို႔
ဓားေတြ ေသနတ္ေတြမလိုအပ္ဘူး
မင္းႏႈတ္ခမ္းက ထြက္လာတဲ့
စကားတစ္ခြန္းနဲ႔တင္
ငါအႀကိမ္ႀကိမ္ေသတယ္......
Ray Han
Bạn đang đọc truyện trên: Truyen247.Pro