Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-14 ( trust )

Unicode

ညနေပိုင်းအတန်းဆင်းတော့ ထင်သည့်အတိုင်း parking တွင် Ray အလာကိုစောင့်နေသော Jasper ကိုတွေ့ရသည်။

"Jas တစ်ယောက်တည်းပဲပြန်လိုက်တော့ ငါသွားစရာရှိလို့"
"ဘယ်ကိုသွားမှာလဲ ငါလိုက်ပို့မယ်လေ"
"ရတယ်လိုက်မပို့နဲ့ လာကြိုမှာ.......
ကားရောက်လာပြီ ငါသွားတော့မယ် Jas"

လက်ပြပြီးကားအနက် ဆီသို့ပြေးသွားကာ အသင့်ဖွင့်ပေးထားသည့် အနောက်ခန်းသို့ဝင်ထိုင်လိုက်သည့် Ray ကို Jasper မျက်တောင်မခတ်ကြည့်နေသည်။

"ငါမင်းအတွက် ကိုယ်ရံတော် ဆယ်ယောက်စီစဉ်ပေးထားတယ် အတော်ဆုံးတွေထဲကနော်"
"ကျေးဇူးတင်ပါတယ် သခင်ကြီး David ခင်ဗျ"

ပြောင်စပ်စပ် နှင့်ကျေးဇူးတင်စကားဆိုလာသောRay ကို David ကနှာခေါင်းရှုံ့ပြလေသည်။

"နှုတ်ဆက်လိုက် ဒါငါ့တူ Ray Han မင်းတို့ဆယ်ယောက်ကို သူကအမိန့်ပေးလိမ့်မယ်"
"မင်္ဂလာပါ သခင်လေး!!!"

တစ်သံထဲနှုတ်ဆက်ကာ ခါးကိုင်းအရိုအသေပေးနေကြသော ကြောင့် Ray လန့်တောင်သွားသည်။

"အဲ့လိုမျိုးကြီး နှုတ်ဆက်စရာမလိုပါဘူး ဒီတိုင်း သာမန် လေးပဲနေပါ"
"ဟုတ်ကဲ့ပါ သခင်လေး!!!"
"အသံအဲ့လောက်မကျယ်ပါနဲ့လားဟင်"
"ဟုတ်ကဲ့ပါ သခင်လေး!!!"
"ဟူး......David အခု ကျွန်တော့်ကိုယ်ကျွန်တော် ဂျပန် ရာကူဇာဂိုဏ်းချုပ်ကြီးဖြစ်နေသလိုခံစားရတယ်"

Ray ၏စကားကို David သဘောတကျရယ်လေတော့သည်။

"ဒါက P' တို့စောင့်ရှောက်ပေးရမယ့်သူ"

Ray ဖုန်းထဲမှ Jasper ပုံလေးကိုပြလိုက်တော့ ကိုယ်ရံတော် ဆယ်ယောက်သာမက David ကပါ ပြူးပြဲပြီး သေချာလာကြည့်လေသည်။

"သူ့နာမည်က Jasper Delan မနေ့ညက သူ့ကိုဖုန်းဆက်ပြီး ခြိမ်းခြောက်တဲ့သူရှိတယ်...
မနက်ကနေ ညနေပိုင်းလောက်အထိ ကျွန်တော်နဲ့ရှိနေတတ်ပေမယ့် အဲ့နောက်ပိုင်းဆိုရင်တော့ သူ Y Club ကိုအမြဲသွားတယ်.....
P'တို့က သူ Club မှာရှိနေချိန်နဲ့ Club ကအပြန်ကိုသေချာလိုက်စောင့်ရှောက်ပေးပါ....
ပြီးတော့ သူ့ကိုစောင့်ရှောက်ပေးနေတာကို သူမသိပါစေနဲ့... သူနဲ့ဘယ်ကောင်မလေးတွဲနေလဲ ဘယ်ကောင်မလေးနဲ့ Hotel သွားလဲဆိုတာကိုတော့ ကျွန်တော့်ကိုနေ့တိုင်းသတင်းပို့ပေးပါ
အရေးကြီးဆုံးက သူ့ကိုမှည့်တစ်ပေါက်တောင်မစွန်းပါစေနဲ့.....
မေးစရာရှိသေးလားP'တို့"
"သခင်လေးနဲ့ သူနဲ့က ဘယ်လိုပတ်သက်တာလဲ?"
"အတူနေကြတဲ့သူငယ်ချင်းတွေပါ"

ကိုယ်ရံတော်တွေအားလုံးထွက်သွားကြတော့ David ကစကားဆိုလေသည်။

"သေချာလား သူငယ်ချင်းဆိုတာ"

David မေးခွန်းအတွက် Ray မှာအဖြေမရှိပေ။

"Hanလေး သူ့ကိုချစ်မိနေတာလား....."
"............"

ဘာမှပြန်မဖြေဘဲတိတ်ဆိတ်နေသော Ray ကိုDavid သူနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည်။

"Hanလေး ခေါင်းမော့ပြီး ငါ့မျက်လုံးတွေကိုသေချာကြည့်ပြောလိုက်စမ်းပါ မဟုတ်ပါဘူးလို့..."
"..........."
"ဘာလို့လဲ မင်းအနားမှာမိန်းမလှလေးတွေအများကြီးရှိလျက်နဲ့ မင်းကိုသိပ်ချစ်တဲ့ မိုးတိမ်တိုက်လို လူရှိလျက်နဲ့ ဘာလို့......"
"............"
"သူ့လိုလူကမင်းကိုထိခိုက်စေလိမ့်မယ် Hanလေး မင်းနာကျင်ရလိမ့်မယ် "
".....သိတယ်..."
"သိတာတောင် ချစ်ဦးမှာလား..."
"အင်း...."

Ray ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ထားသော David လက်များပြေလျော့သွားခဲ့သည်။

David ဖုန်းနံပါတ်တစ်ခုကိုအမြန်ခေါ်လိုက်သည်။

"Hello Wine မေးစရာရှိလို့ Jasper Delan ကိုသိလား"
"#$#$#$#$#$#$#$#"
"Hrrrr...ဒီကိစ္စကိုသိနေတာတောင် ဘာလို့ငါ့ကိုမပြောတာလဲ တောက်...."

ကျယ်လောင်စွာတောက်ခေါက်လိုက်ပြီး ဖုန်းကိုချလိုက်ကာ David ဟိုလျှောက်လိုက်သည်လျှောက်လိုက်နှင့်ဂနာမငြိမ်တော့ပေ။

"Hanလေး ကိုယ့်ကိုကိုယ်ထိခိုက်အောင်မလုပ်ပါဘူးလို့ ငါ့ကိုကတိပေးနိုင်လားဟင်"

Ray ရှေ့တွင်ဒူးထောက်ထိုင်ချလိုက်သော David ကို Ray ခေါင်းငြိမ့်ပြလိုက်သည်။

"အင်း ပေးတယ်"

အိမ်ရှေ့ကားရပ်ထားရာသို့ Ray ကို David လိုက်ပို့လေသည်။

"Hanလေး"

ကားပေါ်တက်တော့မည့် Ray ကို David ပါးတစ်ဖက်ဖောင်းပြီး လက်ညှိုး လေးနဲ့ ပုတ်ပြလိုက်သည်။

ငယ်ငယ်ကတည်းက အမြဲ ဒီလိုလုပ်ပြုပြီး အာဘွားတောင်းတတ်သည်က David ၏ချစ်စရာအမူအရာတစ်ခုပင်။

Ray လည်းပြုံးလိုက်ပြီး ခြေဖျားလေးထောက်ကာ David ပါးကိုနမ်းလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်နေသော ခြံအပြင်ဘက်မှ Jasper ၏မျက်ဝန်းတွင်ဒေါသများကတောက်လောင်နေပြီး အံကိုကြိတ်ထားကာ ကားကိုမောင်းထွက်သွားလေသည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

"ဖြည်းဖြည်းသောက် Jasper"

တစ်ခွက်ပြီးတစ်ခွက်မနားဘဲဆက်တိုက်သောက်နေသော Jasper ကို Win တားနေရသည်။

"မင်းဒီနေ့ဘာဖြစ်လာတာလဲ uniform တောင်မလဲဘဲနဲ့ လာသောက်နေတယ်"
"Win ငါလေ.......
ရင်ထဲမှာ အရမ်းပူနေတယ်ကွာ ငါဘာဖြစ်နေတာလဲမသိဘူး တစ်မျိုးကြီးခံစားနေရတယ်"
"ဘယ်လိုခံစားနေရတာလဲပြောကြည့်"
"ငါ့အနားမှာသူရှိရင်ပျော်တယ် သူ့ကိုမတွေ့ရရင်ငါမနေတတ်ဘူး သူ့ကိုဖက်ထားချင်တယ် နမ်းရှိုက်ချင်တယ် ပိုင်ဆိုင်ချင်တယ် ငါမဟုတ်တဲ့တခြားသူတွေကိုသူ့အနားမှာမရှိစေချင်ဘူး သူ့ကိုဘယ်သူမှမမြင်အောင်ဝှက်ထားချင်တယ် အဲ့တာမှသူ့ကိုငါ့အနားကနေလုယူသွားလို့မရမှာ ငါအခု.....အရမ်းဒေါသထွက်တယ် အရမ်းလည်းကြောက်နေတယ် သူကငါမဟုတ်တဲ့တခြားတစ်ယောက်ကိုနမ်းတာကိုငါမြင်ခဲ့ရတယ် သူငါ့ကိုထားသွားမှာအရမ်းကြောက်တယ် "
"Oh my god ! Jasper မင်းအချစ်ကိုသိသွားပြီ မင်းအခုချစ်မိနေပြီ...အဲ့တစ်ယောက်ကဘယ်သူလဲ မင်းကိုဒီလိုခံစားရအောင်လုပ်နိုင်တာဘယ်သူလဲလို့...."
"ဘာ....ချစ်မိတာ ငါက! "
"ဟုတ်တယ်မင်းဒီလိုတွေခံစားရတာ သူ့ကိုချစ်လို့ သဝန်တိုလို့လေ"
"မဖြစ်နိုင်တာ "
"သူကဘယ်ကောင်မလေးလဲ?"
"ကောင်မလေးမဟုတ်ဘူး ကောင်လေး"
"ဖွီး.......အဟွတ်....အဟွတ်... ဘာ!!!"

Win သောက်လက်စအရက်ပင်ပြန်ထွက်လာသည်။

"သူကယောက်ျားလေး?"
"အင်း"
"ဘယ်သူလဲ"
"Kha"
"Kha?..Ray Han? Oh my god! ဘယ်တုန်းကစဖြစ်တာလဲ ဒီလိုခံစားချက်တွေက"
"မသိဘူး ငါဒီနေ့ Kha ကိုလာခေါ်တဲ့ကားနောက်ကို နောက်ယောင်ခံလိုက်သွားတော့ David Welson နဲ့နှစ်ယောက်သားကြည်နူးနေတာကိုတွေ့ခဲ့တယ် ငါ့ရင်ထဲမှာ အရမ်းကိုပူလောင်နေတယ်ကွာ "
"Ray က David Welson နဲ့ကြည်နူးပြီးနမ်းတယ်ဆိုတော့ သူက Gay လား"
"ငါမသိဘူး Win "
"အဲ့တော့မင်းဘာလုပ်မှာလဲ ဖွင့်ပြောမှလား"
"မပြောဘူး ပြီးတော့ သူGay ဖြစ်နေရင်တောင် ငါကတော့ Gay မဟုတ်ဘူး.....
ဒီလိုတွေခံစားရတာအနေနီးတာကြောင့်နေမှာ...
ငါသူနဲ့ဝေးဝေးမှာနေရင်အဆင်ပြေသွားလိမ့်မယ်"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ပြန်လာပြီလား"

အခန်းထဲဝင်လာပြီး Ray ကိုတစ်ချက်တောင်မကြည့်ဘဲ အဝတ်တွေကိုသာ အိတ်ထဲထည့်လိုက်သည်။

"Jas ဘယ်သွားမလို့လဲ"
"........"

ရှိတယ်လို့တောင်မထင်ဘဲ ပစ္စည်း တွေသာ သိမ်းနေသော Jasper ကို Ray စိတ်တိုလာသည်။

"Jas ငါမေးနေတယ်လေ! ဘာလို့ပစ္စည်းတွေသိမ်းနေတာလဲ!"
"မင်းနဲ့အတူမနေချင်တော့လို့"
"ဘာ"

အေးစက်စက်နှင့်ပြန်ပြောသော Jasper မျက်ဝန်းအကြည့်တွင် ဒေါသရိပ်များကလွှမ်းခြုံနေသည်။

"ဘာလို့မနေချင်တာလဲ Jas"
"မသတီလို့ ဒီတိုက်ခန်း ပြီးတော့ မင်းစီးနေတဲ့ကား မင်းသုံးနေတဲ့ငွေအကုန်လုံးကို မင်းရဲ့ sponsor David Welson ဆီကရထားတာမလား"

စွပ်စွဲချက်များကို Ray ပြန်မချေပဘဲ Jasper ကိုသာတွေတွေကြီးကြည့်နေမိသည်။

"ဖြေလေ အံ့ဩသွားလား? မင်း sponsor ရှာတတ်သားဘဲ hak.....
ဒီမျက်နှာလှလှလေးနဲ့ ဒီခန္ဓာကိုယ်ကိုအသုံးချပြီး မင်းယောက်ျားဘယ်နှစ်ယောက်ကို ခြူစားပြီးပြီလဲ ဟင်.... ငါမေးတာဖြေလေ Gay ကောင်"

မေးစေ့ကိုခပ်ကြမ်းကြမ်းကိုင်ပြီး မျက်နှာကိုစိုက်ကြည့်ကာ လှောင်ပြုံးတွေနှင့် ပြောနေသော သူ့စကားလုံးတိုင်းက Ray နှလုံးသားကိုဓားနှင့်အထပ်ထပ်မွှန်းနေသလိုပင်။

"မင်းမျက်လုံးထဲမှာ ငါက...ငါကအဲ့လောက်တောင်နိမ့်ကျလား Jas......"

နှုတ်ခမ်းကိုနာနာဖိကိုက်ပြီး ဝဲတက်လာသောမျက်ရည်များမကျအောင်ထိန်းကာပြောလိုက်သည့်စကားသံက အင်အားမရှိပေ။ မငိုနဲ့ သူ့ရှေ့မှာမငိုနဲ့ Ray Han ။

"တောက်!!!!!"

Jasper ကိုင်ထားသော Ray မျက်နှာလေးကိုလွှတ်ပေးကာ luggage ကိုယူပြီးထွက်သွားလေသည်။

Ray ခြေထောက်များဆက်တောင်ရပ်ဖို့ အင်အားမရှိတော့ဘဲ ခွေကျသွားခဲ့သည်။

"Gay ကောင်တဲ့လား Jas....
ဟုတ်တယ်ငါက gay
ဒီ gay ကောင်ကမင်းကိုသေမလောက်ချစ်တာမင်းသိလား အားးးးးးးး"

"ခွမ်း...ဒုန်း!.."
"Hak..hhaha...."

အနားနားရှိမီးအိမ်နဲ့ဖန်ခွက်ကို ရိုက်ချလိုက်ပြီး မျက်ရည်တွေနှင့် ရယ်နေမိလေသည်။

"ဘာလို့လဲ ..... ငါ့ကိုဘာလို့ ယုံကြည်မပေးနိုင်ရတာလဲကွာ...."

မျက်ရည်တွေကိုလက်ဖဝါးနှင့်သုတ်ရန်ပြင်လိုက်တော့ လက်ဖဝါးပြင်က သွေးတွေစီးကျနေသည်။

ထိခိုက်မိသောလက်ဖဝါးဒဏ်ရာ၏နာကျင်မှုကိုမခံစားရဘဲ ရင်ဘက်ထဲမှ တစ်ဆစ်ဆစ်နှင့်ထိုးအောင့်နေသည်ကိုသာခံစားရသည်။

"Sorry David ကျွန်တော်ကိုယ့်ကိုကိုယ်ထိခိုက်စေမိပြန်ပြီ hak..."

Ray တစ်ညလုံးဝရန်တာတွင်သာ နားကြပ်တပ်သီချင်းနားထောင်ရင်း မနက်လင်းခါနီးမှအိပ်ပျော်သွားခဲ့သည်။ မျက်ရည်တွေကတော့ စီးကျနေဆဲပင်။

နောက်ထပ်ကောင်လေးတစ်ယောက်လည်း မသောက်တာကြာပြီဖြစ်တဲ့ အိပ်ဆေးတွေသောက်ပြီးအိပ်စက်နေလေသည်။

သေချာတာကတော့ သူတို့နိုးထလာတဲ့အခါ ရယ်မောခြင်းတွေမရှိနိုင်တော့ပါဘူး။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

လောကမှာ
ကိုယ့်ကိုကိုယ် လိမ်ညာရတာကသာ
အပင်ပန်းဆုံးပါ

Jasper

(AN:ကျွန်တော့်ရဲ့ reader လေးတွေ Jasper ကိုမုန်းနေကြလားဟင်?
တစ်သက်လုံး straight အဖြစ်ခံယူထားပြီး မချစ်ဖူးတဲ့ယောက်ျားတစ်ယောက်က အခြားယောက်ျားတစ်ယောက်ကိုချစ်မိသွားရင် ကိုယ့်ကိုကိုယ်တောင်လက်မခံနိုင်ဘဲ ငြင်းဆန်မိရင်သိပ်ကိုခက်ခဲတာမို့ reader လေးတွေနားလည်ပေးကြမယ်ထင်ပါတယ်)

******************************

Zawgyi

ညေနပိုင္းအတန္းဆင္းေတာ့ ထင္သည့္အတိုင္း parking တြင္ Ray အလာကိုေစာင့္ေနေသာ Jasper ကိုေတြ႕ရသည္။

"Jas တစ္ေယာက္တည္းပဲျပန္လိုက္ေတာ့ ငါသြားစရာရွိလို႔"
"ဘယ္ကိုသြားမွာလဲ ငါလိုက္ပို႔မယ္ေလ"
"ရတယ္လိုက္မပို႔နဲ႕ လာႀကိဳမွာ.......
ကားေရာက္လာၿပီ ငါသြားေတာ့မယ္ Jas"

လက္ျပၿပီးကားအနက္ ဆီသို႔ေျပးသြားကာ အသင့္ဖြင့္ေပးထားသည့္ အေနာက္ခန္းသို႔ဝင္ထိုင္လိုက္သည့္ Ray ကို Jasper မ်က္ေတာင္မခတ္ၾကည့္ေနသည္။

"ငါမင္းအတြက္ ကိုယ္ရံေတာ္ ဆယ္ေယာက္စီစဥ္ေပးထားတယ္ အေတာ္ဆုံးေတြထဲကေနာ္"
"ေက်းဇူးတင္ပါတယ္ သခင္ႀကီး David ခင္ဗ်"

ေျပာင္စပ္စပ္ ႏွင့္ေက်းဇူးတင္စကားဆိုလာေသာRay ကို David ကႏွာေခါင္းရႈံ႕ျပေလသည္။

"ႏႈတ္ဆက္လိုက္ ဒါငါ့တူ Ray Han မင္းတို႔ဆယ္ေယာက္ကို သူကအမိန႔္ေပးလိမ့္မယ္"
"မဂၤလာပါ သခင္ေလး!!!"

တစ္သံထဲႏႈတ္ဆက္ကာ ခါးကိုင္းအရိုအေသေပးေနၾကေသာ ေၾကာင့္ Ray လန႔္ေတာင္သြားသည္။

"အဲ့လိုမ်ိဳးႀကီး ႏႈတ္ဆက္စရာမလိုပါဘူး ဒီတိုင္း သာမန္ ေလးပဲေနပါ"
"ဟုတ္ကဲ့ပါ သခင္ေလး!!!"
"အသံအဲ့ေလာက္မက်ယ္ပါနဲ႕လားဟင္"
"ဟုတ္ကဲ့ပါ သခင္ေလး!!!"
"ဟူး......David အခု ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဂ်ပန္ ရာကူဇာဂိုဏ္းခ်ဳပ္ႀကီးျဖစ္ေနသလိုခံစားရတယ္"

Ray ၏စကားကို David သေဘာတက်ရယ္ေလေတာ့သည္။

"ဒါက P' တို႔ေစာင့္ေရွာက္ေပးရမယ့္သူ"

Ray ဖုန္းထဲမွ Jasper ပုံေလးကိုျပလိုက္ေတာ့ ကိုယ္ရံေတာ္ ဆယ္ေယာက္သာမက David ကပါ ျပဴးၿပဲၿပီး ေသခ်ာလာၾကည့္ေလသည္။

"သူ႕နာမည္က Jasper Delan မေန႕ညက သူ႕ကိုဖုန္းဆက္ၿပီး ၿခိမ္းေျခာက္တဲ့သူရွိတယ္...
မနက္ကေန ညေနပိုင္းေလာက္အထိ ကြၽန္ေတာ္နဲ႕ရွိေနတတ္ေပမယ့္ အဲ့ေနာက္ပိုင္းဆိုရင္ေတာ့ သူ Y Club ကိုအၿမဲသြားတယ္.....
P'တို႔က သူ Club မွာရွိေနခ်ိန္နဲ႕ Club ကအျပန္ကိုေသခ်ာလိုက္ေစာင့္ေရွာက္ေပးပါ....
ၿပီးေတာ့ သူ႕ကိုေစာင့္ေရွာက္ေပးေနတာကို သူမသိပါေစနဲ႕... သူနဲ႕ဘယ္ေကာင္မေလးတြဲေနလဲ ဘယ္ေကာင္မေလးနဲ႕ Hotel သြားလဲဆိုတာကိုေတာ့ ကြၽန္ေတာ့္ကိုေန႕တိုင္းသတင္းပို႔ေပးပါ
အေရးႀကီးဆုံးက သူ႕ကိုမွည့္တစ္ေပါက္ေတာင္မစြန္းပါေစနဲ႕.....
ေမးစရာရွိေသးလားP'တို႔"
"သခင္ေလးနဲ႕ သူနဲ႕က ဘယ္လိုပတ္သက္တာလဲ?"
"အတူေနၾကတဲ့သူငယ္ခ်င္းေတြပါ"

ကိုယ္ရံေတာ္ေတြအားလုံးထြက္သြားၾကေတာ့ David ကစကားဆိုေလသည္။

"ေသခ်ာလား သူငယ္ခ်င္းဆိုတာ"

David ေမးခြန္းအတြက္ Ray မွာအေျဖမရွိေပ။

"Hanေလး သူ႕ကိုခ်စ္မိေနတာလား....."
"............"

ဘာမွျပန္မေျဖဘဲတိတ္ဆိတ္ေနေသာ Ray ကိုDavid သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လွည့္လိုက္သည္။

"Hanေလး ေခါင္းေမာ့ၿပီး ငါ့မ်က္လုံးေတြကိုေသခ်ာၾကည့္ေျပာလိုက္စမ္းပါ မဟုတ္ပါဘူးလို႔..."
"..........."
"ဘာလို႔လဲ မင္းအနားမွာမိန္းမလွေလးေတြအမ်ားႀကီးရွိလ်က္နဲ႕ မင္းကိုသိပ္ခ်စ္တဲ့ မိုးတိမ္တိုက္လို လူရွိလ်က္နဲ႕ ဘာလို႔......"
"............"
"သူ႕လိုလူကမင္းကိုထိခိုက္ေစလိမ့္မယ္ Hanေလး မင္းနာက်င္ရလိမ့္မယ္ "
".....သိတယ္..."
"သိတာေတာင္ ခ်စ္ဦးမွာလား..."
"အင္း...."

Ray ပခုံးႏွစ္ဖက္ကိုဆုပ္ကိုင္ထားေသာ David လက္မ်ားေျပေလ်ာ့သြားခဲ့သည္။

David ဖုန္းနံပါတ္တစ္ခုကိုအျမန္ေခၚလိုက္သည္။

"Hello Wine ေမးစရာရွိလို႔ Jasper Delan ကိုသိလား"
"#$#$#$#$#$#$#$#"
"Hrrrr...ဒီကိစၥကိုသိေနတာေတာင္ ဘာလို႔ငါ့ကိုမေျပာတာလဲ ေတာက္...."

က်ယ္ေလာင္စြာေတာက္ေခါက္လိုက္ၿပီး ဖုန္းကိုခ်လိဳက္ကာ David ဟိုေလွ်ာက္လိုက္သည္ေလွ်ာက္လိုက္ႏွင့္ဂနာမၿငိမ္ေတာ့ေပ။

"Hanေလး ကိုယ့္ကိုကိုယ္ထိခိုက္ေအာင္မလုပ္ပါဘူးလို႔ ငါ့ကိုကတိေပးနိုင္လားဟင္"

Ray ေရွ႕တြင္ဒူးေထာက္ထိုင္ခ်လိဳက္ေသာ David ကို Ray ေခါင္းၿငိမ့္ျပလိုက္သည္။

"အင္း ေပးတယ္"

အိမ္ေရွ႕ကားရပ္ထားရာသို႔ Ray ကို David လိုက္ပို႔ေလသည္။

"Hanေလး"

ကားေပၚတက္ေတာ့မည့္ Ray ကို David ပါးတစ္ဖက္ေဖာင္းၿပီး လက္ညွိုး ေလးနဲ႕ ပုတ္ျပလိုက္သည္။

ငယ္ငယ္ကတည္းက အၿမဲ ဒီလိုလုပ္ျပဳၿပီး အာဘြားေတာင္းတတ္သည္က David ၏ခ်စ္စရာအမူအရာတစ္ခုပင္။

Ray လည္းၿပဳံးလိုက္ၿပီး ေျခဖ်ားေလးေထာက္ကာ David ပါးကိုနမ္းလိုက္သည္။

ထိုျမင္ကြင္းကိုၾကည့္ေနေသာ ၿခံအျပင္ဘက္မွ Jasper ၏မ်က္ဝန္းတြင္ေဒါသမ်ားကေတာက္ေလာင္ေနၿပီး အံကိုႀကိတ္ထားကာ ကားကိုေမာင္းထြက္သြားေလသည္။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

"ျဖည္းျဖည္းေသာက္ Jasper"

တစ္ခြက္ၿပီးတစ္ခြက္မနားဘဲဆက္တိုက္ေသာက္ေနေသာ Jasper ကို Win တားေနရသည္။

"မင္းဒီေန႕ဘာျဖစ္လာတာလဲ uniform ေတာင္မလဲဘဲနဲ႕ လာေသာက္ေနတယ္"
"Win ငါေလ.......
ရင္ထဲမွာ အရမ္းပူေနတယ္ကြာ ငါဘာျဖစ္ေနတာလဲမသိဘူး တစ္မ်ိဳးႀကီးခံစားေနရတယ္"
"ဘယ္လိုခံစားေနရတာလဲေျပာၾကည့္"
"ငါ့အနားမွာသူရွိရင္ေပ်ာ္တယ္ သူ႕ကိုမေတြ႕ရရင္ငါမေနတတ္ဘူး သူ႕ကိုဖက္ထားခ်င္တယ္ နမ္းရွိုက္ခ်င္တယ္ ပိုင္ဆိုင္ခ်င္တယ္ ငါမဟုတ္တဲ့တျခားသူေတြကိုသူ႕အနားမွာမရွိေစခ်င္ဘူး သူ႕ကိုဘယ္သူမွမျမင္ေအာင္ဝွက္ထားခ်င္တယ္ အဲ့တာမွသူ႕ကိုငါ့အနားကေနလုယူသြားလို႔မရမွာ ငါအခု.....အရမ္းေဒါသထြက္တယ္ အရမ္းလည္းေၾကာက္ေနတယ္ သူကငါမဟုတ္တဲ့တျခားတစ္ေယာက္ကိုနမ္းတာကိုငါျမင္ခဲ့ရတယ္ သူငါ့ကိုထားသြားမွာအရမ္းေၾကာက္တယ္ "
"Oh my god ! Jasper မင္းအခ်စ္ကိုသိသြားၿပီ မင္းအခုခ်စ္မိေနၿပီ...အဲ့တစ္ေယာက္ကဘယ္သူလဲ မင္းကိုဒီလိုခံစားရေအာင္လုပ္နိုင္တာဘယ္သူလဲလို႔...."
"ဘာ....ခ်စ္မိတာ ငါက! "
"ဟုတ္တယ္မင္းဒီလိုေတြခံစားရတာ သူ႕ကိုခ်စ္လို႔ သဝန္တိုလို႔ေလ"
"မျဖစ္နိုင္တာ "
"သူကဘယ္ေကာင္မေလးလဲ?"
"ေကာင္မေလးမဟုတ္ဘူး ေကာင္ေလး"
"ဖြီး.......အဟြတ္....အဟြတ္... ဘာ!!!"

Win ေသာက္လက္စအရက္ပင္ျပန္ထြက္လာသည္။

"သူကေယာက္်ားေလး?"
"အင္း"
"ဘယ္သူလဲ"
"Kha"
"Kha?..Ray Han? Oh my god! ဘယ္တုန္းကစျဖစ္တာလဲ ဒီလိုခံစားခ်က္ေတြက"
"မသိဘူး ငါဒီေန႕ Kha ကိုလာေခၚတဲ့ကားေနာက္ကို ေနာက္ေယာင္ခံလိုက္သြားေတာ့ David Welson နဲ႕ႏွစ္ေယာက္သားၾကည္ႏူးေနတာကိုေတြ႕ခဲ့တယ္ ငါ့ရင္ထဲမွာ အရမ္းကိုပူေလာင္ေနတယ္ကြာ "
"Ray က David Welson နဲ႕ၾကည္ႏူးၿပီးနမ္းတယ္ဆိုေတာ့ သူက Gay လား"
"ငါမသိဘူး Win "
"အဲ့ေတာ့မင္းဘာလုပ္မွာလဲ ဖြင့္ေျပာမွလား"
"မေျပာဘူး ၿပီးေတာ့ သူGay ျဖစ္ေနရင္ေတာင္ ငါကေတာ့ Gay မဟုတ္ဘူး.....
ဒီလိုေတြခံစားရတာအေနနီးတာေၾကာင့္ေနမွာ...
ငါသူနဲ႕ေဝးေဝးမွာေနရင္အဆင္ေျပသြားလိမ့္မယ္"

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

"ျပန္လာၿပီလား"

အခန္းထဲဝင္လာၿပီး Ray ကိုတစ္ခ်က္ေတာင္မၾကည့္ဘဲ အဝတ္ေတြကိုသာ အိတ္ထဲထည့္လိုက္သည္။

"Jas ဘယ္သြားမလို႔လဲ"
"........"

ရွိတယ္လို႔ေတာင္မထင္ဘဲ ပစၥည္း ေတြသာ သိမ္းေနေသာ Jasper ကို Ray စိတ္တိုလာသည္။

"Jas ငါေမးေနတယ္ေလ! ဘာလို႔ပစၥည္းေတြသိမ္းေနတာလဲ!"
"မင္းနဲ႕အတူမေနခ်င္ေတာ့လို႔"
"ဘာ"

ေအးစက္စက္ႏွင့္ျပန္ေျပာေသာ Jasper မ်က္ဝန္းအၾကည့္တြင္ ေဒါသရိပ္မ်ားကလႊမ္းၿခဳံေနသည္။

"ဘာလို႔မေနခ်င္တာလဲ Jas"
"မသတီလို႔ ဒီတိုက္ခန္း ၿပီးေတာ့ မင္းစီးေနတဲ့ကား မင္းသုံးေနတဲ့ေငြအကုန္လုံးကို မင္းရဲ႕ sponsor David Welson ဆီကရထားတာမလား"

စြပ္စြဲခ်က္မ်ားကို Ray ျပန္မေခ်ပဘဲ Jasper ကိုသာေတြေတြႀကီးၾကည့္ေနမိသည္။

"ေျဖေလ အံ့ဩသြားလား? မင္း sponsor ရွာတတ္သားဘဲ hak.....
ဒီမ်က္ႏွာလွလွေလးနဲ႕ ဒီခႏၶာကိုယ္ကိုအသုံးခ်ၿပီး မင္းေယာက္်ားဘယ္ႏွစ္ေယာက္ကို ျခဴစားၿပီးၿပီလဲ ဟင္.... ငါေမးတာေျဖေလ Gay ေကာင္"

ေမးေစ့ကိုခပ္ၾကမ္းၾကမ္းကိုင္ၿပီး မ်က္ႏွာကိုစိုက္ၾကည့္ကာ ေလွာင္ၿပဳံးေတြႏွင့္ ေျပာေနေသာ သူ႕စကားလုံးတိုင္းက Ray ႏွလုံးသားကိုဓားႏွင့္အထပ္ထပ္မႊန္းေနသလိုပင္။

"မင္းမ်က္လုံးထဲမွာ ငါက...ငါကအဲ့ေလာက္ေတာင္နိမ့္က်လား Jas......"

ႏႈတ္ခမ္းကိုနာနာဖိကိုက္ၿပီး ဝဲတက္လာေသာမ်က္ရည္မ်ားမက်ေအာင္ထိန္းကာေျပာလိုက္သည့္စကားသံက အင္အားမရွိေပ။ မငိုနဲ႕ သူ႕ေရွ႕မွာမငိုနဲ႕ Ray Han ။

"ေတာက္!!!!!"

Jasper ကိုင္ထားေသာ Ray မ်က္ႏွာေလးကိုလႊတ္ေပးကာ luggage ကိုယူၿပီးထြက္သြားေလသည္။

Ray ေျခေထာက္မ်ားဆက္ေတာင္ရပ္ဖို႔ အင္အားမရွိေတာ့ဘဲ ေခြက်သြားခဲ့သည္။

"Gay ေကာင္တဲ့လား Jas....
ဟုတ္တယ္ငါက gay
ဒီ gay ေကာင္ကမင္းကိုေသမေလာက္ခ်စ္တာမင္းသိလား အားးးးးးးး"

"ခြမ္း...ဒုန္း!.."
"Hak..hhaha...."

အနားနားရွိမီးအိမ္နဲ႕ဖန္ခြက္ကို ရိုက္ခ်လိဳက္ၿပီး မ်က္ရည္ေတြႏွင့္ ရယ္ေနမိေလသည္။

"ဘာလို႔လဲ ..... ငါ့ကိုဘာလို႔ ယုံၾကည္မေပးနိုင္ရတာလဲကြာ...."

မ်က္ရည္ေတြကိုလက္ဖဝါးႏွင့္သုတ္ရန္ျပင္လိုက္ေတာ့ လက္ဖဝါးျပင္က ေသြးေတြစီးက်ေနသည္။

ထိခိုက္မိေသာလက္ဖဝါးဒဏ္ရာ၏နာက်င္မႈကိုမခံစားရဘဲ ရင္ဘက္ထဲမွ တစ္ဆစ္ဆစ္ႏွင့္ထိုးေအာင့္ေနသည္ကိုသာခံစားရသည္။

"Sorry David ကြၽန္ေတာ္ကိုယ့္ကိုကိုယ္ထိခိုက္ေစမိျပန္ၿပီ hak..."

Ray တစ္ညလုံးဝရန္တာတြင္သာ နားၾကပ္တပ္သီခ်င္းနားေထာင္ရင္း မနက္လင္းခါနီးမွအိပ္ေပ်ာ္သြားခဲ့သည္။ မ်က္ရည္ေတြကေတာ့ စီးက်ေနဆဲပင္။

ေနာက္ထပ္ေကာင္ေလးတစ္ေယာက္လည္း မေသာက္တာၾကာၿပီျဖစ္တဲ့ အိပ္ေဆးေတြေသာက္ၿပီးအိပ္စက္ေနေလသည္။

ေသခ်ာတာကေတာ့ သူတို႔နိုးထလာတဲ့အခါ ရယ္ေမာျခင္းေတြမရွိနိုင္ေတာ့ပါဘူး။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

ေလာကမွာ
ကိုယ့္ကိုကိုယ္ လိမ္ညာရတာကသာ
အပင္ပန္းဆုံးပါ

Jasper

(AN:ကြၽန္ေတာ့္ရဲ႕ reader ေလးေတြ Jasper ကိုမုန္းေနၾကလားဟင္?
တစ္သက္လုံး straight အျဖစ္ခံယူထားၿပီး မခ်စ္ဖူးတဲ့ေယာက္်ားတစ္ေယာက္က အျခားေယာက္်ားတစ္ေယာက္ကိုခ်စ္မိသြားရင္ ကိုယ့္ကိုကိုယ္ေတာင္လက္မခံနိုင္ဘဲ ျငင္းဆန္မိရင္သိပ္ကိုခက္ခဲတာမို႔ reader ေလးေတြနားလည္ေပးၾကမယ္ထင္ပါတယ္)

Bạn đang đọc truyện trên: Truyen247.Pro