Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-13 ( dreamcatcher)

Unicode

Wine နှင့် Jump အေးအေးဆေးဆေးစကားပြောလို့ကောင်းမည့်ပန်းခြံတစ်ခုကိုလာခဲ့သည်။

"နင် ကိုကို့ ကိုကြိုက်နေတာလား?"

ဆိုင်းမဆင့်ဘုံမဆင့် ထမေးသော Wine အမေးကို Jump ကလည်းချက်ချင်းပြန်ဖြေလေသည်။

"မကြိုက်ဘူး.....ချစ်တာ"

ပေါ့ပျက်ပျက် မဟုတ်ဘဲ လေးနက်လွန်းသော မျက်ဝန်းများကြောင့် Wine,Jump စကားကိုယုံကြည်သည်။

"ဘယ်တုန်းကစချစ်မိတာလဲ"
"Y club မှမတော်တဆနမ်းမိကတည်းက ချစ်မိသွားခဲ့တာ"

"နင် ကိုကို့အကြောင်းကိုဘယ်လောက်သိလဲ"
"ငါသိသလောက် Han ကမာကျောချင်ယောင်ဆောင်နေပေမယ့် အငိုသန်တဲ့ကလေးတစ်ယောက် ပြီးတော့......
ဲ့ကောင်မလေးနဲ့လမ်းခွဲထားတာ မကြာသေးဘူး....
လက်ရှိမှာ Jasper ကိုချစ်နေတယ်..."
"ဒါပဲလား ကိုကို့နောက်ခံမိသားစုနဲ့ အတိတ်အကြောင်းကိုရောသိလား"
"သိဖို့လိုအပ်လို့လား ငါချစ်တာ Han့ ကို Han့ ရဲ့နောက်ခံကိုငါစိတ်မဝင်စားသလို Han့အတိတ်ကိုလည်းငါဂရုမစိုက်ဘူး"

Wine အကဲခတ်ရသလောက် Jump ဟာကိုကို့ ကိုနောက်ခံကြောင့်ကပ်တာမဟုတ်မှန်းသေချာသည်။ ကိုကို့ ကိုတကယ်ချစ်မှန်းလည်းသေချာသည်။

"နင့်ကို gay လို့ပြောကြမှာကိုမကြောက်ဘူးလား"
"Han ကိုချစ်မိလို့ gay လို့ပြောကြရင်လည်း ငါဂရုမစိုက်ဘူး"

Wine ဆုံးဖြတ်ချက်ချလိုက်သည်။ ကိုကိုယောက်ျားလေးတစ်ယောက်ကိုချစ်ရင်တောင် အဲ့ယောက်ျားလေးကို Jasper မဖြစ်စေချင်ပါ။ နှင်းတော်ဝင် ထက် Jasper က ကိုကို့ကိုပိုနာကျင်စေလိမ့်မည်။

Jump ကို ကိုကိုနှင့်နီးစပ်အောင် သူမကူညီမည်။ Jump လိုလူနှင့်ဆိုလျှင် ကိုကိုပျော်ရွှင်ရပေလိမ့်မည်။

"ငါနင့်ကို ကိုကို့အကြောင်းတွေပြောပြမယ် ကိုကို့နှလုံးသားထဲကနေ Jasper ကိုရအောင်ဆွဲထုတ်ပါ"
"ဘာလို့ ငါ့ကိုကူညီတာလဲ နင်လည်း Han ကို..."

Jump စကားမဆုံးလိုက် Wine ကဖြတ်ပြောလေသည်။

"ငါက ကိုကို့အတွက်ညီမလေးတစ်ယောက်ပဲ ငါ့အတွက်လည်းကိုကိုကအစ်ကိုတစ်ယောက်ပဲဖြစ်ရမယ် ဒါကငါနဲ့ကိုကို့ကြားကစည်းပဲ နင်ကိုကို့နဲ့ပတ်သက်ပြီးသိချင်လားမသိချင်ဘူးလား"
"သိချင်တယ် "
"ငါနင့်ကိုပြောပြနိုင်တယ် ဒါပေမယ့် ကိုကို့ကို အမြဲပျော်ရွှင်အောင်လုပ်ပေးပါမယ်လို့ ကတိပေးရမယ်"
"အင်း ငါကတိပေးတယ် "
"ကောင်းပြီ ကိုကို့ရဲ့နာမည်အပြည့်အစုံက နင်သိထားတဲ့ Ray Han တင်မဟုတ်ဘူး Ray Han Welson "

ခတ္တမျှကြောင်သွားပြီး အံ့ဩမှုတွေနှင့်ကြည့်လာသော Jump ကို Wine ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ် W ရဲ့ဆက်ခံသူ ဥက္ကဋ္ဌပဲ "
"ဒါဆို David Welson နဲ့ Han က"
"ဦးလေးနဲ့ တူတော်တယ်"

Jump အခုမှ Club မှာ David နှင့် Han သိပ်ကိုရင်းနှီးသည့်အကြောင်းပြချက်ကိုနားလည်သွားသည်။

"ကိုကိုက မြန်မာမှာမွေးဖွားခဲ့တာ
နောက်ခံကောင်းပြီး ချမ်းသာတဲ့မိသားစုကမွေးဖွားလာပြီး အမွေတွေအများကြီးရှိပေမယ့် သာမန်ကောင်လေးတစ်ယောက်လိုပဲနေထိုင်ခဲ့တယ်
နှင်းတော်ဝင် ဆိုတဲ့ကောင်မလေးဟာကိုကို့ရဲ့အချစ်ဦးဖြစ်ခဲ့ပြီး နှစ်နှစ်နီးပါးလောက်တရားဝင်တွဲခဲ့ကြပေမယ့် ကိုကို့ကိုတကယ်မချစ်ခဲ့ဘဲ ထားသွားခဲ့တော့
သိပ်ကိုအစွဲအလမ်းကြီးတဲ့ကိုကိုက စိတ်ဒဏ်ရာရပြီး သူ့ကိုယ်သူ အိပ်ဆေးတွေသောက် suicide လုပ်ခဲ့တယ်....
ကိုကို့သူငယ်ချင်းအသိမြန်လို့အသက်မဆုံးရှုံးခဲ့ပေမယ့် ဆေးတွေရဲ့ ဒဏ်ကြောင့် အစာအိမ်ရောဂါတော့ကျန်နေတယ်လေ
အသက်ပြည့်လို့အမွေတွေကိုတရားဝင်လွှဲပြောင်းယူပြီး bangkok မှာ ဘဝသစ်စဖို့ရောက်လာခဲ့တာ....
Jasper ကလည်းကိုကို့ကို နာကျင်စေတယ် Jump
ကိုကို့ကို မငိုစေချင်တော့ဘူး ဒါ့ကြောင့် ကိုကိုနင့်ကိုချစ်လာအောင်ကြိုးစားပေးပါ"
"သေချာပေါက်ငါကြိုးစားမှာပါ ငါ့ကိုဒီအကြောင်းတွေပြောပြပေးတာကျေးဇူးတင်ပါတယ် Wine"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

ဒီနေ့မှထူးထူးဆန်းဆန်း club မသွားဘဲ Jasper, guitar တီးနေသော Rayအနားတွင်သာကပ်နေသည်။

"Jas ဘာလို့ club မသွားတာလဲ"
"Babe မှနေမကောင်းတာ"
"အခုနေကောင်းနေပြီလေ"
"ဒီနေ့မသွားတော့ဘူး....babe...
ဘာလို့ coffee နဲ့မတည့်တာကိုမပြောဘဲ သောက်တာလဲ"
".........."
"ဘာလို့လဲလို့"
"Jas စိတ်မကောင်းဖြစ်သွားမှာစိုးလို့...."

Ray ၏ အကြောင်းပြချက်လေးတစ်ခုက Jasper နှလုံးသားကို ခုန်ပေါက်စေခဲ့သည်။ Jasper ဝမ်းသာရမလို ဝမ်းနည်းရမလို နှင့် အမည်မဖော်နိုင်သောခံစားချက်ကြီးကိုခံစားနေရသည်။

📲🎶 ring....

"Hello မိုးတိမ်"
"လင်းခ မင်းဘာဖြစ်လို့ဆေးရုံတက်ရတာလဲ"
"အထွေအထူးမဟုတ်ပါဘူးမိုးတိမ်ရာ"
"မေ့လဲတာတောင် အထွေအထူးမဟုတ်ဘူးလား"

ဘယ်လိုသိတာလဲမေးစရာပင်မလိုပါ။ သေချာပေါက် Fanpage ကပဲပေါ့။

"အစားမှားသွားလို့ နည်းနည်းဗိုက်အောင့်တာပါကွာ "
"ငါလက်မှတ်ဝယ်ပြီး flight နဲ့လာခဲ့မယ်"
"ဟိုးထားဆရာ ငါအခုသက်သာသွားပြီ ဆေးရုံကနေတောင်ဆင်းလာခဲ့ပြီးပြီ "
"သေချာလား"
"သေချာတယ်"
"တကယ်လား"
"တကယ်ပါဆို မိုးတိမ်ကလည်း ကျောင်းပျက်နေလိမ့်မယ် မလာနဲ့တော့နော်"

သူနားမလည်သည့်ဘာသာစကားနှင့် ပြုံးရယ်ကာဖုန်းပြောနေသော သူ့ babe ကို Jasper နည်းနည်းအလိုမကျပေ။ ဘယ်သူနဲ့ပြောတာမလို့ ဒီလောက်တောင်ရယ်နေတာလဲ။

Ray မိုးတိမ်နှင့်ဖုန်းပြောပြီး guitar ပြန်တီးနေစဉ် Jasper ကသူ့အနောက်မှခြေဆင်းဝင်ထိုင်လိုက်ပြီး ခါးကိုဖက်ကာ ပုခုံးပေါ်မေးလာတင်လေသည်။

Ray တစ်ကိုယ်လုံး Jasper ရင်ခွင်ထဲတွင်နစ်မြုပ်နေပြီး တီးလက်စ သီချင်းကိုပင် ဘယ်နားရောက်မှန်းမသိတော့ပေ။

"ဖုန်းပြောနေတာ ဘယ်သူနဲ့လဲ?"
"ငယ်ငယ်ကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့"
"သူငယ်ချင်း?"
"အင်း"
"Guitar ဆက်တီးလေ"

Guitar တီးနေပေမယ့် အနောက်ကဖက်ထားပြီး အငြိမ်မနေဘဲလည်ပငး်နှင့်နားရွက်ကိုမထိတထိနမ်းနေသော Jasper ကြောင့် Ray လုံးဝအာရုံစိုက်မရဘဲသံစဉ်များမှာအလွဲလွဲအချော်ချော်သာဖြစ်နေသည်။

Jasper နှင့်နီးကပ်လာတိုင်းသူ့နှလုံးခုန်သံများက မတည်ငြိမ်သလို သူ့စိတ်မှာလည်း ဂနာမငြိမ်ပေ။ အတင်းထိန်းချုပ်ထားရင်းမှ သူအသက်ရှုများပင်ကျပ်လာသည်။

Ray စိတ်ကိုလျော့ချလိုက်ပြီး အတည်ငြိမ်ဆုံးဖြစ်အောင်ကြိုးစားလိုက်သည်။ guitar ကိုအသာချကာ အနောက်သို့ လှည့်လိုက်ပြီး Jasper နှင့်မျက်နှာချင်းဆိုင်လိုက်သည်။

Jasper မျက်ဝန်းတွေကိုသေချာကြည့်ပြီးသတ္တိမွေးကာ နှုတ်ခမ်းတွေကိုဖွင့်ဟလိုက်သည်။

"Jas.... ငါ...ငါမင်းကို..."

📲 🎶 ring......

Jasperဝင်လာသောအမည်မသိဖုန်းကို ကိုင်လိုက်သည်။

"Hello"
"#@$%&*"
"Hak ငါ့ကိုလာမခြိမ်းခြောက်ဘဲ ကိုယ့်စော်သာကိုယ့်ရအောင်ထိန်းစမ်းပါ"
"#@$%&*^"
"ကြိုက်တဲ့အချိန်လာရှင်းလို့ရတယ် ငါကတော့အဆင်သင့်ပဲ"

ဖုန်းပြောပြီး တောက်တစ်ချက်ခေါက်လိုက်သော Jasper မျက်နှာတွင်ဒေါသအချို့ကိုတွေ့ရသည်။

"Jas ဘယ်သူလဲ"
"ကိုယ့်ကိုလာကပ်နေတဲ့စော်တစ်ယောက်ရဲ့ ရည်းစားပါကွာ ကိုယ့်စော်ကိုယ်နိုင်အောင်မထိန်းဘဲ လာခြိမ်းခြောက်နေတယ် hak"
".........."
"Babe ကိုယ့်ကိုခုနက ဘာပြောမလို့လဲ"
"ဟမ်...ဘာမှမဟုတ်ပါဘူး....."

အိပ်ရာဝင်ရန် Jasper ခြေလက်ဆေးနေချိန်တွင် David ဆီသို့ Ray ဖုန်းခေါ်လိုက်သည်။

"အမိန့်ရှိပါ သခင်လေးခင်ဗျ"
"David ဟာသလုပ်မနေနဲ့ ကျွန်တော့်ကို ကိုယ်ရံတော် တစ်ဖွဲ့စီစဉ်ပေးပါ"
"ဘာလို့လဲ ရန်ပြုတဲ့သူရှိလို့လား"
"ကျွန်တော့်အတွက်မဟုတ်ဘူး သူငယ်ချင်းအတွက် သူ့ကိုခြိမ်းခြောက်တဲ့သူရှိတယ် ကျွန်တော်စိတ်မချဘူး"
"သူငယ်ချင်းက မိန်းကလေးလား"
"မဟုတ်ဘူး ယောက်ျားလေး"
"တကယ်ကြီး မင်းအသံကအရမ်းကိုစိုးရိမ်နေလို့ မင်းကြိုက်နေတဲ့သူများလားလို့"

David စကားကြောင့် Ray မျက်နှာရှိန်းကနဲဖြစ်သွားသည်။ သူကြိုက်တဲ့သူပဲလေ မိန်းကလေးတော့မဟုတ်ဘူးပေါ့။

"Ok မနက်ဖြန်ငါ့ဆီလာခဲ့"
"အင်း ကျေးဇူး David"

Jasper ရေချိုးခန်းထဲကထွက်လာတော့ Ray လည်းခြေလက်ဝင်ဆေးလေသည်။

"Ting...Ting.."

စားပွဲပေါ်တွင်တင်ထားသော Ray ဖုန်းလေးမှ message ဝင်လာသောကြောင့် Jasper ဖွင့်ကြည့်လိုက်သည်။

""Good night Han
Sweet dream ""

Jump ဆီမှ message ဖြစ်သောကြောင့် Jasper ဖတ်ပြီးသည်နှင့် အမြန်ဖျက်ပြစ်လိုက်သည်။ သူ့ babe ဆီကိုများရာရာစစ good night sweet dream တဲ့။

သူလုပ်ချင်ရာလုပ်လိုက်ရသည့်အတွက် Jasper စပ်ဖြီးဖြီးဖြစ်နေသည်။

Ray နဖူးကိုဖွဖွလေးနမ်းကာ good night kiss ပေးပြီး ရင်ခွင်ထဲထည့် အိပ်စက်ခြင်းဖြင့် သူ၏အိပ်မက်ဆိုးတွေကိုတားဆီးနိုင်သည်။

Babe Kha လေးဟာ သူ့အတွက်သိပ်ကိုတန်ဖိုးရှိတဲ့ သက်ရှိ Dreamcatcher လေးပါ။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Zawgyi




"မကြိုက်ဘူး.....ချစ်တာ"










"သိချင်တယ် "
"အင်း ငါကတိပေးတယ် "


"ဦးလေးနဲ့ တူတော်တယ်"



🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸


"Babe မှနေမကောင်းတာ"
"အခုနေကောင်းနေပြီလေ"
".........."
"ဘာလို့လဲလို့"


📲🎶 ring....

"Hello မိုးတိမ်"


"သေချာလား"
"သေချာတယ်"
"တကယ်လား"




"သူငယ်ချင်း?"
"အင်း"
"Guitar ဆက်တီးလေ"

Guitar တီးနေပေမယ့် အနောက်ကဖက်ထားပြီး အငြိမ်မနေဘဲလည်ပင်းနှင့်နားရွက်ကိုမထိတထိနမ်းနေသော Jasper ကြောင့် Ray လုံးဝအာရုံစိုက်မရဘဲသံစဉ်များမှာအလွဲလွဲအချော်ချော်သာဖြစ်နေသည်။




"Jas.... ငါ...ငါမင်းကို..."

📲 🎶 ring......


"Hello"
"#@$%&*"
"#@$%&*^"


"Jas ဘယ်သူလဲ"
".........."
"ဟမ်...ဘာမှမဟုတ်ပါဘူး....."


"မဟုတ်ဘူး ယောက်ျားလေး"


"အင်း ကျေးဇူး David"


"Ting...Ting.."


""Good night Han
Sweet dream ""





🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Bạn đang đọc truyện trên: Truyen247.Pro