Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-12 ( covered by tears )

Unicode

မှန်ထဲကကိုယ့်ကိုကိုယ်ကြည့်လိုက်တော့ ထင်သည့်အတိုင်း ညကငိုထားသောကြောင့် မျက်လုံးများကသိသိသာသာ မို့အစ်နေသည်။

မတပ်ဖြစ်တာကြာပြီဖြစ်သော မျက်မှန်ဝိုင်းလေးကို တပ်လိုက်တော့ မျက်ဝန်းမို့မို့များက သိပ်မသိသာတော့ပေ။

"Jas ထတော့ ငါအတန်းရှိလို့သွားတော့မယ်"
"ကိုယ်..နဲ့..အတူ.သွား..မယ်.လေ"

မျက်လုံးမဖွင့်ဘဲ အိပ်ချင်မူးတူးနှင့်ပြောလာသော Jasper ကိုသူ စောင့်လို့မဖြစ်ပါ။ အတန်းကတကယ်ကိုနောက်ကျနေပြီဖြစ်သည်။

"အတန်းနောက်ကျနေပြီ Jas မနက်စာတောင်စားဖို့အချိန်မရတော့ဘူး ငါသွားတော့မယ်"
"Kha...."

အိပ်မှုံစုံမွှား နှင့်Jasper ခေါ်သံကိုသူဂရုမစိုက်နိုင်တော့ဘဲ ကျောင်းသို့အမြန်ပြေးရတော့သည်။

ထင်သည့်အတိုင်းအတန်းကစနေပြီဖြစ်သောကြောင့်ဆရာမကိုခွင့်တောင်းကာဝင်ရသည်။

အတန်းထဲဝင်လာသော Ray ကို အားလုံးငေးကြည့်နေကြသည်။

"ကိုကို ထူးထူးဆန်းဆန်းမျက်မှန်တပ်လာပါလား"
"ကြည့်ရဆိုးလို့လား Wine"
"မဆိုးဘူး ချစ်စရာလေး ဟီး..."

အတန်းတစ်ချိန်ပြီးသွားချိန်တွင် ရုတ်တရက် Wine, Ray မျက်မှန်ကိုဆွဲချွတ်လိုက်ရာ Ray မျက်လုံးတွေကိုလက်နှင့်အုပ်လိုက်ရသည်။

"ကိုကို ငိုထားတာလား"

Wine, သူ့လက်တွေကိုဖယ်ရင်းမေးလေသည်။ Ray လည်းအုပ်ထားသောလက်များကိုလုံးဝမဖယ်ဘဲ ခေါင်းယမ်းပြလိုက်သည်။

"ဘာလို့ လက်နဲ့အုပ်ထားတာလဲ ကိုကို ငိုထားတာဟုတ်တယ်မလား"

အတန်းထဲမှတခြားသူများလည်းဘာဖြစ်တာလဲဟူသောအကြည့်များနှင့်ကြည့်လာသောကြောင့် မျက်မှန်ကိုပြန်ယူတပ်လိုက်ပြီး Wine လက်ကိုဆွဲကာ အတန်းထဲမှထွက်လာခဲ့သည်။

လူရှင်းသောနေရာတစ်နေရာရောက်မှ Wine လက်ကိုလွှတ်ပေးလိုက်သည်။

"ဟုတ်တယ် ကိုကိုငိုထားတာ "
"Jasper ကြောင့်လား"
"သူနဲ့မဆိုင်ပါဘူး"
"ဘာလို့မဆိုင်ရမှာလဲ သူ့ကြောင့်သာကိုကို ဒီလိုတွေခံစားနေရတာလေ ကိုကို့ကို သူကဘာပြောလို့လဲ"
"ကိုကိုသူ့ကိုမေးကြည့်လိုက်တယ် ကိုကိုတို့ကဘာတွေလဲလို့...."
"သူကဘာပြန်ပြောလဲ"
"သူငယ်ချင်းတွေတဲ့...."

Ray အသံတိမ်ဝင်သွားကာ မျက်ရည်များကကျလာပြန်သည်။

"Arrrr ဒီမျက်ရည်တွေကလည်းကျလာပြန်ပြီ hak..."

Ray ရယ်သွမ်းသွေးကာ မျက်ရည်တွေကိုဖိသုတ်လိုက်တော့ Wine ကဖက်ထားပေးလေသည်။

"Wine ကိုကို အဆင်ပြေပါတယ်"
"ကိုကိုအဆင်မပြေပါဘူး Wine ကိုလာမလိမ်နဲ့"

Ray ကိုဖက်ထားသော Wine လည်းနှုတ်ခမ်းကိုကိုက်ကာ အသံတိတ် ငိုနေမိသည်။

သူတို့နှစ်ယောက်ကို မနီးမဝေးအကွယ်တစ်ခုမှကြည့်နေသောကောင်လေးသည်လည်း မျက်ရည်များနှင့်လှည့်ထွက်သွားခဲ့သည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Han ကိုခိုးနမ်းတာ Jasper တွေ့သွားသောကြောင့် Jump အထိုးခံခဲ့ရသည်။

Han နှုတ်ခမ်းကိုနမ်းခဲ့ရတာပဲ အထိုးခံရတာ တန်ပါတယ်လေ။

နောက်တစ်နေ့ သူ gym ခန်းမမှာ စောင့်နေပေမယ့် Han မလာခဲ့ပါ။ အပြင်များသွားသလားဆိုပြီး Parking ကိုသွားကြည့်တော့လည်း Han ကားလေးကရှိသည်။

Han အခန်းရှေ့တွင်အကြာကြီးရပ်နေပြီး တံခါး bell ကိုသူမတီးဘဲ ပြန်ခဲ့သည်။

Han မျက်နှာလေးကိုတွေ့ချင်သောကြောင့် Fanpage မှ save ထားသောပုံလေးများကိုကြည့်မိသည်။ မျက်နှာလေးကိုတွေ့တော့လည်း လွမ်းလာပြန်သည်။ နီးစပ်ချင်လို့ သူကစားနေကျခန်းမမှ Han boxing ထိုးသည့်ခန်းမသို့ လည်းပြောင်းခဲ့သေးသည်။

Jasper နှင့်လည်းမျက်နှာချင်းမဆိုင်ချင်သောကြောင့် ကျောင်းသို့လိုက်တွေ့ရန်စဉ်းစားမိသည်။

"ကိုယ်မနက်ဖြန်မင်းဆီလာခဲ့မယ် Han"

Han ရှိရာ ကျောင်းသို့ရောက်တော့ fanpage တွင် မျက်မှန်လေးနှင့်ချစ်စရာကောင်းနေသော Han ပုံလေးများတက်လာသည်။ မျက်မှန်ဝိုင်းလေးနှင့် သိပ်ကိုလိုက်ဖက်သောကြောင့် Han ပုံလေးပေါ်နေသည့် phone screen ကို နမ်းမိသည်က အခါခါ။

Jump အဖြစ်ကလည်းဆေးမမှီတော့ပါ။

စီးပွားရေး ဋ္ဌာန၏ပထမနှစ်များရှိရာ အတန်းများနားသို့ရောက်သောအခါ ကောင်မလေးတစ်ယောက်လက်ကိုဆွဲပီးထွက်သွားသော Han ကိုတွေ့လိုက်ရသည်။

အနောက်မှလိုက်သွားပြီး အဆောက်အဦး၏အကွယ်တစ်နေရာမှ ကြည့်နေလိုက်သည်။

Han ငိုနေတယ်။ Jasper ဆိုတဲ့ကောင်ကြောင့် Han မျက်ရည်တွေကျနေတယ်။

Han တခြားသူကြောင့်မျက်ရည်ကျတာကို သူထပ်မြင်ရပြန်ပြီ။ ဆက်မကြည့်တော့ဘဲ အမြင်များဝေဝါးလာကာ မျက်ရည်တွေနှင့်ပင် ထိုနေရာမှ လှည့်ထွက်ခဲ့တော့သည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

မနက်စာတောင်မစားနိုင်ဘဲ အတန်းသွားတက်သော ကောင်လေးအတွက် Jasper ထိုင်နေကျ cafe မှမနက်စာဝင်ဝယ်လိုက်သည်။

အမြဲနွားနို့သာသောက်တတ်သောကြောင့်အပြောင်းအလဲဖြစ်ရန် Espresso တစ်ခွက်နှင့် sandwich တစ်ပွဲဝယ်ကာ အတန်းရှေ့တွင်စောင့်နေလိုက်သည်။

အတန်းချိန်ပြီးလို့ အခန်းအပြင်ထွက်လာသော မျက်မှန်လေးနှင့်သူ့ကလေးက သူ့ကိုမြင်ပြီး အ့ံဩသွားပုံပင်။

"ဒီမှာဘာလုပ်နေတာလဲ Jas"
"babe ကိုမနက်စာလာကျွေးတာလေ"

ပြောပြောဆိုဆို ဆွဲခေါ်သွားသော Jasper နောက်သို့ လိုက်သွားရသည်။

"Coffee ဝယ်လာတာလား"
"အင်း အမြဲနွားနို့ဘဲသောက်နေလို့လေ တစ်ခါတစ်လေ coffee လေးလည်းသောက်ရအောင်"

Ray မသောက်ရဲပါ ။ ဘာမှလည်းမစားထားသောကြောင့် သူသောက်လိုက်လျှင် သေချာပေါက်တစ်ခုခု ဖြစ်ပေလိမ့်မည်။

"မကြိုက်ဘူးလား ဒါမှမဟုတ် ငါဝယ်လာလို့မစားချင်တာလား"

မျက်နှာပျက်သွားသော Jasper ကြောင့် Ray အမြန် sandwich တစ်ခုကိုဝါးကာ coffee ကိုလည်းသောက်လိုက်သည်။

Jasper မျက်နှာတစ်ချက်ပျက်မှာကိုလည်းသူသေမတတ်ကြောက်နေမိပါလား....

"ကိုယ့် babe ကလိမ္မာတယ်"

ဆံပင်တွေကိုလှမ်းဖွရင်း အပြုံးတစ်ခုနှင့်ပြောသော စကားလေးကပင် Ray ကိုကျေနပ်စေသည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

အကတိုက်ရင်း ဗိုက်အောင့်လာသောကြောင့် ခြေတွေလက်တွေပင်တုန်လာသည်။ နှုတ်ခမ်းကိုနာနာဖိကိုက်ရင်း အားတင်းကာ အရှေ့ကအစ်မသင်သော ကကွက်အားလုံးကိုသေချာလိုက်ကသည်။

နာကျင်မှုမှာ လျော့မသွားဘဲ ပိုပိုဆိုးလာသောကြောင့် ချွေးစေးများထွက်လာကာ မျက်လုံးများပင်ပြာဝေလာသည်။

"ကိုကိုဘာဖြစ်လို့လဲ"
"Wine......."

Wine နာမည်ကို အားတင်းကာခေါ်လိုက်ပြီး သူလဲကျသွားခဲ့သည်။ စိုးရိမ်တကြီးနှင့်သူ့နာမည်ကိုခေါ်နေသော Wine အသံကိုကြားလိုက်မကြားလိုက်နှင့်။ သူ့ကိုပွေ့ထားသော Jasper ၏ပုံရိပ်မှာလည်းတဖြည်းဖြည်းဝေဝါးလာကာ သူ့ကမ္ဘာလုံးဝအမှောင်ကျသွားခဲ့သည်။

"ကိုကို!!!!!!!"

ဆရာဝန်များကိုကို့ ကိုစမ်းသပ်နေသည်ကိုကြည့်ပြီး Wine ဂနာမငြိမ်ပေ။

"လူနာကမတည့်တာစားမိပြီး ဗိုက်အောင့်တာပါ ပြီးတော့အားလည်းနည်းနေတယ် နောက်တစ်ခါအစာစားရင် ဂရုစိုက်ပေးဖို့လိုပါတယ်"
"မတည့်တာစားမိတာ?... မဖြစ်နိုင်ပါဘူး ကိုကိုကအစားအသောက်အရမ်းသတိထားတဲ့သူပါ"

Wine မနက်က အတန်းပြီးတော့ coffee ဘူးပါသည့်အထုပ်တစ်ထုပ်နှင့် ကိုကို့ ကိုခေါ်သွားသော Jasper ကိုသတိရသွားကာ အနားတွင်ရှိသော Jasper အကျႌကော်လန်ကိုမမှီမကမ်းနှင့်လှမ်းဆွဲလိုက်သည်။

"နင်ကိုကို့ကို မနက်က coffee သောက်ခိုင်းလိုက်တာလား!"

ရုတ်တရက် ကော်လန်ကိုလာဆွဲပြီး တရားခံစစ်သလို အော်မေးနေသော ဂျပုမကြောင့် သူအလိုမကျစွာ မျက်ခုံးတွေကိုတွန့်ချိုးလိုက်သည်။

"Jasper ငါမေးနေတယ်လေ "
"Tsk.."

သူဂျပုမလက်တွေကိုဖယ်ချလိုက်ပြီး မျက်ထောင့်နီကြီးနှင့်ပြန်ကြည့်လိုက်သည်။ မေ့လဲသွားသော သူ့ babe ကိုစိတ်ပူနေပါတယ်ဆိုမှ ဒီဂျပုမကတစ်မျိုး.....

"ဟုတ်တယ် မနက်စာဘာမှမစားသွားလို့ coffee နဲ့ sandwich စားခိုင်းလိုက်တာ.....
အဲ့တာနဲ့အခုနေမကောင်းတာနဲ့ဘာဆိုင်လို့ ငါ့ကိုဒေါသလာထွက်နေတာလဲ!"

Wine တကယ်ကိုအံ့ဩကာ ဒေါသထွက်လာသည်။

"နင်ကိုကို့ မှာရောဂါရှိတာမသိဘူးလား?"
"ရောဂါ? ဘာရောဂါလဲ"

Wine သူ့ရှေ့ကကြောင်တောင်တောင် ကောင်ကို နရင်းတွေချည်း ပူထူနေအောင်ရိုက်ပြစ်ချင်သည်။ အရပ်မမှီလို့သာ။

"နင်ကိုကိုနဲ့အတူတူနေပြီး ကိုကို့မှာ အစာအိမ်ရောဂါရှိတာကိုမသိရလောက်အောင်....."
"ငါတို့အတူတူနေတာ နှစ်ပတ်လောက်ပဲရှိသေးတာကို ငါKha အကြောင်းမသိတာမှားလား!"

Wine တကယ်ပင်ဆွံ့အသွားခဲ့ပြီ။ ကိုကို့အကြောင်းကို Jasper ဘယ်သိမလဲ ဂရုမှမစိုက်တာကို။

"hak နင်လိုကောင်ကိုများဘာလို့ ကိုကိုက...."

Wine ဆက်ပင်မပြောနိုင်တော့ဘဲ အခုချိန်ထိသတိမရသေးသော ကိုကို့ကိုပဲသနားနေမိသည်။ Jasper သာကျွေးရင် ကိုကိုက အဆိပ်လည်းသေချာပေါက်အပြုံးမပျက်ဘဲ စားမယ့်သူပါ။

"နင့်လိုကောင်နဲ့လုံးဝကိုမထိုက်တန်ဘူး"

Jasper, Wine ပြောသည့်စကားကိုနားမလည်ပါ။ မနက်တိုင်း နွားနို့သောက်တတ်တာကို ကလေးဆန်တယ်လို့သူထင်ခဲ့မိသည်။ အစပ်ဆိုလျှင်ထိတောင်မကြည့်သည်ကို အစပ်မစားနိုင်လို့မစားတာဟူ၍ပဲ သူကောက်ချက်ချခဲ့သည်။
ညကအိပ်ရာဝင်တော့ မျက်လုံးတွေရဲနေသည်ကို သူသတိထားမိပေမယ့် ထွေထွေထူးထူးမဟုတ်လောက်ပါဘူးဆိုကာ သူ ဥပေက္ခာ ပြုမိသည်။ coffee သောက်လို့မရတာတောင် သူ့ရှေ့မှာပြုံးပြုံးကြီး မငြင်းဆန်ဘဲ သောက်ခဲ့သေးသည့် babe ရဲ့စိတ်ကိုသူတကယ်နားမလည်နိုင်ပါ။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Jump မနက်ကကြားခဲ့မြင်ခဲ့ရသော အကြောင်းအရာအချို့ကြောင့် အတန်းတက်ရသည်မှာလဲစိတ်မပါ။

phone ကိုဖွင့်ကြည့်လိုက်တော့ see first လုပ်ထားသည့် Fanpage မှ Han မေ့လဲသွားသည့်ပုံများကိုတွေ့ရာ ဘာလုပ်ရမှန်းမသိပူထူသွားပြီး အရှေ့မှဆရာမကိုမေ့ကာ မတ်တပ်ထရပ်လိုက်မိသည်။

"Jump ဘာနားမလည်တာရှိလို့လဲ"
"ကျွန်တော် အရေးတကြီးသွားစရာရှိလို့ တောင်းပန်ပါတယ် ဆရာမ"

Jump အတန်းထဲမှထွက်လာခဲ့ပြီးအနောက်မှဆရာမအော်ခေါ်သံကိုလည်းဂရုမစိုက်နိုင်တော့ comment တွင် reply ပြန်ထားသော ဆေးရုံကိုသာ အမြန်မောင်းပြေးရတော့သည်။

Reception တွင်စုံစမ်းပြီး Han ရှိရာအခန်းသို့အပြေးတစ်ပိုင်း သွားရပြန်သည်။

Wine က Ray ဖေဖေနှင့်အပြင်တွင် phone ပြောနေပြီး Jasper ကRay သတိရလာလျှင်စားရန် နွားနို့နှင့်ပေါင်မုန့်သွားဝယ်နေသောကြောင့် အခန်းထဲတွင်ဘယ်သူမှမရှိပေ။

ဆေးပိုက်လေးတန်းလန်းနှင့် သတိမရသေးသော Ray ၏ အနေအထားက Jump ကိုအမှန်တကယ်ပင်နာကျင်စေသည်။

သေးသွယ်သော လက်ဖဝါးနုနုကို ဆုပ်ကိုင်ပြီး Jump တိတ်ဆိတ်စွာ Ray မျက်နှာလေးကိုကြည့်နေမိသည်။

"ဘယ်သူလဲ"

Phone ပြောပြီးဝင်လာသော Wine က Ray အနားတွင်ထိုင်နေသော Jump ကိုတစ်ခါမှမမြင်ဖူးသောကြောင့်မေးလိုက်မိသည်။

"Jump!!!!"

Jump ပြန်မဖြေမီ အခန်းထဲဝင်လာသော Jasper က သူ့နာမည်ကို ဒေါသမျက်ဝန်းတွေနှင့်ခေါ်လိုက်သည်။

"မင်းကဘာလာလုပ်တာလဲ Jump"
"Han ကိုစိတ်ပူလို့"
"မင်းစိတ်ပူစရာမလိုဘူး အခုပြန်လိုက်တော့"
"ငါမင်းဆီလာတာမဟုတ်ဘူး Jasper ငါ Han ဆီကိုလာတာ ပြန်လည်းမပြန်နိုင်ဘူး!"

တဖြည်းဖြည်း သူတို့နှစ်ယောက်ကြားမှာ အခြေအနေကတင်းမာလာပြီး စကားပြောသည့်အသံမှာလည်းဒေါသကြောင့်ကျယ်လာသည်။

Wine ကတော့ဘာမှဝင်မပြောဘဲ သူတိုနှစ်ယောက်ကိုသာ အကဲခတ်နေသည်။

"မင်းပြန်လိုက်တော့လို့ ငါပြောနေတယ်နော် Jump!"
"Han သတိမရမချင်းငါမပြန်နိုင်ဘူး!"
"တော်ကြတော့ ဒါဆေးရုံနော် ရန်ဖြစ်ချင်ရင်နင်တို့နှစ်ယောက်အပြင်သွားဖြစ်ကြ"

"Wine......."

တိုးညှင်းညှင်းခေါ်သံလေးကြောင့် ထသတ်ကြတော့မည့်အခြေအနေကိုမေ့လျော့ကာ Ray အနားပြေးကြတော့သည်။

"Kha"
"Han"
"ကိုကို"

သူ့ကိုတစ်ယောက်တစ်မျိုးခေါ်နေကြသာသုံးယောက်ကို Ray အားတင်းကာပြုံးပြလိုက်သည်။

ဆရာဝန်များလာစစ်ဆေးပြီး ဆေးရုံမှဆင်းခွင့်ပြုလိုက်သည်နှင့် Ray, Condo သို့ Jasperနှင့်အတူပြန်ခဲ့တော့သည်။

"ငါက Wine Ranida"
"Jump Thanin "

Jump နှင့် Wine လက်ဆွဲနှုတ်ဆက်လိုက်သည်။

"Jump ကိုကိုနဲ့ပတ်သက်ပြီး စကားပြောကြရအောင်"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

ကိုယ်ချစ်ရသူကြောင့် အမြဲငိုနေမယ်ဆိုရင်
မျက်ရည်တွေက
အနားမှာရှိတဲ့
ကိုယ့်ကိုချစ်ရသူတွေကို
မမြင်နိုင်အောင် ဖုံးကွယ်ထားလိမ့်မယ်

Ray Han

******************************

Zawgyi

မွန္ထဲကကိုယ့္ကိုကိုယ္ၾကည့္လိုက္ေတာ့ ထင္သည့္အတိုင္း ညကငိုထားေသာေၾကာင့္ မ်က္လံုးမ်ားကသိသိသာသာ မို႔အစ္ေနသည္။

မတပ္ျဖစ္တာၾကာၿပီျဖစ္ေသာ မ်က္မွန္ဝိုင္းေလးကို တပ္လိုက္ေတာ့ မ်က္ဝန္းမို႔မို႔မ်ားက သိပ္မသိသာေတာ့ေပ။

"Jas ထေတာ့ ငါအတန္း႐ွိလို႔သြားေတာ့မယ္"
"ကိုယ္..နဲ႔..အတူ.သြား..မယ္.ေလ"

မ်က္လုံးမဖြင့္ဘဲ အိပ္ခ်င္မူးတူးႏွင့္ေျပာလာေသာ Jasper ကိုသူ ေစာင့္လို႔မျဖစ္ပါ။ အတန္းကတကယ္ကိုေနာက္က်ေနၿပီျဖစ္သည္။

"အတန္းေနာက္က်ေနၿပီ Jas မနက္စာေတာင္စားဖို႔အခ်ိန္မရေတာ့ဘူး ငါသြားေတာ့မယ္"
"Kha...."

အိပ္မႈံစံုမႊား ႏွင့္Jasper ေခၚသံကိုသူဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ ေက်ာင္းသို႔အျမန္ေျပးရေတာ့သည္။

ထင္သည့္အတိုင္းအတန္းကစေနၿပီျဖစ္ေသာေၾကာင့္ဆရာမကိုခြင့္ေတာင္းကာဝင္ရသည္။

အတန္းထဲဝင္လာေသာ Ray ကို အားလုံးေငးၾကည့္ေနၾကသည္။

"ကိုကို ထူးထူးဆန္းဆန္းမ်က္မွန္တပ္လာပါလား"
"ၾကည့္ရဆိုးလို႔လား Wine"
"မဆိုးဘူး ခ်စ္စရာေလး ဟီး..."

အတန္းတစ္ခ်ိန္ၿပီးသြားခ်ိန္တြင္ ႐ုတ္တရက္ Wine, Ray မ်က္မွန္ကိုဆြဲခြၽတ္လိုက္ရာ Ray မ်က္လုံးေတြကိုလက္ႏွင့္အုပ္လိုက္ရသည္။

"ကိုကို ငိုထားတာလား"

Wine, သူ့လက္ေတြကိုဖယ္ရင္းေမးေလသည္။ Ray လည္းအုပ္ထားေသာလက္မ်ားကိုလုံးဝမဖယ္ဘဲ ေခါင္းယမ္းျပလိုက္သည္။

"ဘာလို႔ လက္နဲ႔အုပ္ထားတာလဲ ကိုကို ငိုထားတာဟုတ္တယ္မလား"

အတန္းထဲမွတျခားသူမ်ားလည္းဘာျဖစ္တာလဲဟူေသာအၾကည့္မ်ားႏွင့္ၾကည့္လာေသာေၾကာင့္ မ်က္မွန္ကိုျပန္ယူတပ္လိုက္ၿပီး Wine လက္ကိုဆြဲကာ အတန္းထဲမွထြက္လာခဲ့သည္။

လူ႐ွင္းေသာေနရာတစ္ေနရာေရာက္မွ Wine လက္ကိုလႊတ္ေပးလိုက္သည္။

"ဟုတ္တယ္ ကိုကိုငိုထားတာ "
"Jasper ေၾကာင့္လား"
"သူနဲ႔မဆိုင္ပါဘူး"
"ဘာလို႔မဆိုင္ရမွာလဲ သူ႔ေၾကာင့္သာကိုကို ဒီလိုေတြခံစားေနရတာေလ ကိုကို႔ကို သူကဘာေျပာလို႔လဲ"
"ကိုကိုသူ႔ကိုေမးၾကည့္လိုက္တယ္ ကိုကိုတို႔ကဘာေတြလဲလို႔...."
"သူကဘာျပန္ေျပာလဲ"
"သူငယ္ခ်င္းေတြတဲ့...."

Ray အသံတိမ္ဝင္သြားကာ မ်က္ရည္မ်ားကက်လာျပန္သည္။

"Arrrr ဒီမ်က္ရည္ေတြကလည္းက်လာျပန္ၿပီ hak..."

Ray ရယ္သြမ္းေသြးကာ မ်က္ရည္ေတြကိုဖိသုတ္လိုက္ေတာ့ Wine ကဖက္ထားေပးေလသည္။

"Wine ကိုကို အဆင္ေျပပါတယ္"
"ကိုကိုအဆင္မေျပပါဘူး Wine ကိုလာမလိမ္နဲ႔"

Ray ကိုဖက္ထားေသာ Wine လည္းႏႈတ္ခမ္းကိုကိုက္ကာ အသံတိတ္ ငိုေနမိသည္။

သူတို႔ႏွစ္ေယာက္ကို မနီးမေဝးအကြယ္တစ္ခုမွၾကည့္ေနေသာေကာင္ေလးသည္လည္း မ်က္ရည္မ်ားႏွင့္လွည့္ထြက္သြားခဲ့သည္။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Han ကိုခိုးနမ္းတာ Jasper ေတြ႔သြားေသာေၾကာင့္ Jump အထိုးခံခဲ့ရသည္။

Han ႏႈတ္ခမ္းကိုနမ္းခဲ့ရတာပဲ အထိုးခံရတာ တန္ပါတယ္ေလ။

ေနာက္တစ္ေန႔ သူ gym ခန္းမမွာ ေစာင့္ေနေပမယ့္ Han မလာခဲ့ပါ။ အျပင္မ်ားသြားသလားဆိုၿပီး Parking ကိုသြားၾကည့္ေတာ့လည္း Han ကားေလးက႐ွိသည္။

Han အခန္းေ႐ွ႕တြင္အၾကာႀကီးရပ္ေနၿပီး တံခါး bell ကိုသူမတီးဘဲ ျပန္ခဲ့သည္။

Han မ်က္ႏွာေလးကိုေတြ႔ခ်င္ေသာေၾကာင့္ Fanpage မွ save ထားေသာပုံေလးမ်ားကိုၾကည့္မိသည္။ မ်က္ႏွာေလးကိုေတြ႔ေတာ့လည္း လြမ္းလာျပန္သည္။ နီးစပ္ခ်င္လို႔ သူကစားေနက်ခန္းမမွ Han boxing ထိုးသည့္ခန္းမသို႔ လည္းေျပာင္းခဲ့ေသးသည္။

Jasper ႏွင့္လည္းမ်က္ႏွာခ်င္းမဆိုင္ခ်င္ေသာေၾကာင့္ ေက်ာင္းသို႔လိုက္ေတြ႔ရန္စဥ္းစားမိသည္။

"ကိုယ္မနက္ျဖန္မင္းဆီလာခဲ့မယ္ Han"

Han ႐ွိရာ ေက်ာင္းသို႔ေရာက္ေတာ့ fanpage တြင္ မ်က္မွန္ေလးႏွင့္ခ်စ္စရာေကာင္းေနေသာ Han ပုံေလးမ်ားတက္လာသည္။ မ်က္မွန္ဝိုင္းေလးႏွင့္ သိပ္ကိုလိုက္ဖက္ေသာေၾကာင့္ Han ပုံေလးေပၚေနသည့္ phone screen ကို နမ္းမိသည္က အခါခါ။

Jump အျဖစ္ကလည္းေဆးမမွီေတာ့ပါ။

စီးပြားေရး ႒ာန၏ပထမႏွစ္မ်ား႐ွိရာ အတန္းမ်ားနားသို႔ေရာက္ေသာအခါ ေကာင္မေလးတစ္ေယာက္လက္ကိုဆြဲပီးထြက္သြားေသာ Han ကိုေတြ႔လိုက္ရသည္။

အေနာက္မွလိုက္သြားၿပီး အေဆာက္အဦး၏အကြယ္တစ္ေနရာမွ ၾကည့္ေနလိုက္သည္။

Han ငိုေနတယ္။ Jasper ဆိုတဲ့ေကာင္ေၾကာင့္ Han မ်က္ရည္ေတြက်ေနတယ္။

Han တျခားသူေၾကာင့္မ်က္ရည္က်တာကို သူထပ္ျမင္ရျပန္ၿပီ။ ဆက္မၾကည့္ေတာ့ဘဲ အျမင္မ်ားေဝဝါးလာကာ မ်က္ရည္ေတြႏွင့္ပင္ ထိုေနရာမွ လွည့္ထြက္ခဲ့ေတာ့သည္။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

မနက္စာေတာင္မစားႏိုင္ဘဲ အတန္းသြားတက္ေသာ ေကာင္ေလးအတြက္ Jasper ထိုင္ေနက် cafe မွမနက္စာဝင္ဝယ္လိုက္သည္။

အျမဲႏြားႏို႔သာေသာက္တတ္ေသာေၾကာင့္အေျပာင္းအလဲျဖစ္ရန္ Espresso တစ္ခြက္ႏွင့္ sandwich တစ္ပြဲဝယ္ကာ အတန္းေ႐ွ႕တြင္ေစာင့္ေနလိုက္သည္။

အတန္းခ်ိန္ၿပီးလို႔ အခန္းအျပင္ထြက္လာေသာ မ်က္မွန္ေလးႏွင့္သူ႔ကေလးက သူ႔ကိုျမင္ၿပီး အ့ံဩသြားပုံပင္။

"ဒီမွာဘာလုပ္ေနတာလဲ Jas"
"babe ကိုမနက္စာလာေကြၽးတာေလ"

ေျပာေျပာဆိုဆို ဆြဲေခၚသြားေသာ Jasper ေနာက္သို႔ လိုက္သြားရသည္။

"Coffee ဝယ္လာတာလား"
"အင္း အျမဲႏြားႏို႔ဘဲေသာက္ေနလို႔ေလ တစ္ခါတစ္ေလ coffee ေလးလည္းေသာက္ရေအာင္"

Ray မေသာက္ရဲပါ ။ ဘာမွလည္းမစားထားေသာေၾကာင့္ သူေသာက္လိုက္လ်ွင္ ေသခ်ာေပါက္တစ္ခုခု ျဖစ္ေပလိမ့္မည္။

"မႀကိဳက္ဘူးလား ဒါမွမဟုတ္ ငါဝယ္လာလို႔မစားခ်င္တာလား"

မ်က္ႏွာပ်က္သြားေသာ Jasper ေၾကာင့္ Ray အျမန္ sandwich တစ္ခုကိုဝါးကာ coffee ကိုလည္းေသာက္လိုက္သည္။

Jasper မ်က္ႏွာတစ္ခ်က္ပ်က္မွာကိုလည္းသူေသမတတ္ေၾကာက္ေနမိပါလား....

"ကိုယ့္ babe ကလိမၼာတယ္"

ဆံပင္ေတြကိုလွမ္းဖြရင္း အျပံဳးတစ္ခုႏွင့္ေျပာေသာ စကားေလးကပင္ Ray ကိုေက်နပ္ေစသည္။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

အကတိုက္ရင္း ဗိုက္ေအာင့္လာေသာေၾကာင့္ ေျခေတြလက္ေတြပင္တုန္လာသည္။ ႏႈတ္ခမ္းကိုနာနာဖိကိုက္ရင္း အားတင္းကာ အေ႐ွ႕ကအစ္မသင္ေသာ ကကြက္အားလုံးကိုေသခ်ာလိုက္ကသည္။

နာက်င္မႈမွာ ေလ်ာ့မသြားဘဲ ပိုပိုဆိုးလာေသာေၾကာင့္ ေခြၽးေစးမ်ားထြက္လာကာ မ်က္လုံးမ်ားပင္ျပာေဝလာသည္။

"ကိုကိုဘာျဖစ္လို႔လဲ"
"Wine......."

Wine နာမည္ကို အားတင္းကာေခၚလိုက္ၿပီး သူလဲက်သြားခဲ့သည္။ စိုးရိမ္တႀကီးႏွင့္သူ႔နာမည္ကိုေခၚေနေသာ Wine အသံကိုၾကားလိုက္မၾကားလိုက္ႏွင့္။ သူ႔ကိုေပြ႔ထားေသာ Jasper ၏ပုံရိပ္မွာလည္းတျဖည္းျဖည္းေဝဝါးလာကာ သူ႔ကမာၻလုံးဝအေမွာင္က်သြားခဲ့သည္။

"ကိုကို!!!!!!!"

ဆရာဝန္မ်ားကိုကို႔ ကိုစမ္းသပ္ေနသည္ကိုၾကည့္ၿပီး Wine ဂနာမၿငိမ္ေပ။

"လူနာကမတည့္တာစားမိၿပီး ဗိုက္ေအာင့္တာပါ ၿပီးေတာ့အားလည္းနည္းေနတယ္ ေနာက္တစ္ခါအစာစားရင္ ဂရုစိုက္ေပးဖို႔လိုပါတယ္"
"မတည့္တာစားမိတာ?... မျဖစ္ႏိုင္ပါဘူး ကိုကိုကအစားအေသာက္အရမ္းသတိထားတဲ့သူပါ"

Wine မနက္က အတန္းၿပီးေတာ့ coffee ဘူးပါသည့္အထုပ္တစ္ထုပ္ႏွင့္ ကိုကို႔ ကိုေခၚသြားေသာ Jasper ကိုသတိရသြားကာ အနားတြင္႐ွိေသာ Jasper အက်ႌေကာ္လန္ကိုမမွီမကမ္းႏွင့္လွမ္းဆြဲလိုက္သည္။

"နင္ကိုကို႔ကို မနက္က coffee ေသာက္ခိုင္းလိုက္တာလား!"

႐ုတ္တရက္ ေကာ္လန္ကိုလာဆြဲၿပီး တရားခံစစ္သလို ေအာ္ေမးေနေသာ ဂ်ပုမေၾကာင့္ သူအလိုမက်စြာ မ်က္ခုံးေတြကိုတြန္႔ခ်ိဳးလိုက္သည္။

"Jasper ငါေမးေနတယ္ေလ "
"Tsk.."

သူဂ်ပုမလက္ေတြကိုဖယ္ခ်လိုက္ၿပီး မ်က္ေထာင့္နီႀကီးႏွင့္ျပန္ၾကည့္လိုက္သည္။ ေမ့လဲသြားေသာ သူ႔ babe ကိုစိတ္ပူေနပါတယ္ဆိုမွ ဒီဂ်ပုမကတစ္မ်ိဳး.....

"ဟုတ္တယ္ မနက္စာဘာမွမစားသြားလို႔ coffee နဲ႔ sandwich စားခိုင္းလိုက္တာ.....
အဲ့တာနဲ႔အခုေနမေကာင္းတာနဲ႔ဘာဆိုင္လို႔ ငါ့ကိုေဒါသလာထြက္ေနတာလဲ!"

Wine တကယ္ကိုအ့ံဩကာ ေဒါသထြက္လာသည္။

"နင္ကိုကို႔ မွာေရာဂါ႐ွိတာမသိဘူးလား?"
"ေရာဂါ? ဘာေရာဂါလဲ"

Wine သူ႔ေ႐ွ႕ကေၾကာင္ေတာင္ေတာင္ ေကာင္ကို နရင္းေတြခ်ည္း ပူထူေနေအာင္႐ိုက္ျပစ္ခ်င္သည္။ အရပ္မမွီလို႔သာ။

"နင္ကိုကိုနဲ႔အတူတူေနၿပီး ကိုကို႔မွာ အစာအိမ္ေရာဂါ႐ွိတာကိုမသိရေလာက္ေအာင္....."
"ငါတို႔အတူတူေနတာ ႏွစ္ပတ္ေလာက္ပဲ႐ွိေသးတာကို ငါKha အေၾကာင္းမသိတာမွားလား!"

Wine တကယ္ပင္ဆြံ႔အသြားခဲ့ၿပီ။ ကိုကို႔အေၾကာင္းကို Jasper ဘယ္သိမလဲ ဂ႐ုမွမစိုက္တာကို။

"hak နင္လိုေကာင္ကိုမ်ားဘာလို႔ ကိုကိုက...."

Wine ဆက္ပင္မေျပာႏိုင္ေတာ့ဘဲ အခုခ်ိန္ထိသတိမရေသးေသာ ကိုကို႔ကိုပဲသနားေနမိသည္။ Jasper သာေကြၽးရင္ ကိုကိုက အဆိပ္လည္းေသခ်ာေပါက္အျပဳံးမပ်က္ဘဲ စားမယ့္သူပါ။

"နင့္လိုေကာင္နဲ႔လုံးဝကိုမထိုက္တန္ဘူး"

Jasper, Wine ေျပာသည့္စကားကိုနားမလည္ပါ။ မနက္တိုင္း ႏြားႏို႔ေသာက္တတ္တာကို ကေလးဆန္တယ္လို႔သူထင္ခဲ့မိသည္။ အစပ္ဆိုလ်ွင္ထိေတာင္မၾကည့္သည္ကို အစပ္မစားႏိုင္လို႔မစားတာဟူ၍ပဲ သူေကာက္ခ်က္ခ်ခဲ့သည္။
ညကအိပ္ရာဝင္ေတာ့ မ်က္လုံးေတြရဲေနသည္ကို သူသတိထားမိေပမယ့္ ေထြေထြထူးထူးမဟုတ္ေလာက္ပါဘူးဆိုကာ သူ ဥေပကၡာ ျပဳမိသည္။ coffee ေသာက္လို႔မရတာေတာင္ သူ႔ေ႐ွ႕မွာျပဳံုးျပံဳးႀကီး မျငင္းဆန္ဘဲ ေသာက္ခဲ့ေသးသည့္ babe ရဲ႕စိတ္ကိုသူတကယ္နားမလည္ႏိုင္ပါ။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Jump မနက္ကၾကားခဲ့ျမင္ခဲ့ရေသာ အေၾကာင္းအရာအခ်ိဳ႕ေၾကာင့္ အတန္းတက္ရသည္မွာလဲစိတ္မပါ။

phone ကိုဖြင့္ၾကည့္လိုက္ေတာ့ see first လုပ္ထားသည့္ Fanpage မွ Han ေမ့လဲသြားသည့္ပုံမ်ားကိုေတြ႔ရာ ဘာလုပ္ရမွန္းမသိပူထူသြားၿပီး အေ႐ွ႕မွဆရာမကိုေမ့ကာ မတ္တပ္ထရပ္လိုက္မိသည္။

"Jump ဘာနားမလည္တာ႐ွိလို႔လဲ"
"ကြၽန္ေတာ္ အေရးတႀကီးသြားစရာ႐ွိလို႔ ေတာင္းပန္ပါတယ္ ဆရာမ"

Jump အတန္းထဲမွထြက္လာခဲ့ျပီးအေနာက္မွဆရာမေအာ္ေခၚသံကိုလည္းဂ႐ုမစိုက္ႏိုင္ေတာ့ comment တြင္ reply ျပန္ထားေသာ ေဆး႐ုံကိုသာ အျမန္ေမာင္းေျပးရေတာ့သည္။

Reception တြင္စုံစမ္းၿပီး Han ႐ွိရာအခန္းသို႔အေျပးတစ္ပိုင္း သြားရျပန္သည္။

Wine က Ray ေဖေဖႏွင့္အျပင္တြင္ phone ေျပာေနၿပီး Jasper ကRay သတိရလာလ်ွင္စားရန္ ႏြားႏို႔ႏွင့္ေပါင္မုန္႔သြားဝယ္ေနေသာေၾကာင့္ အခန္းထဲတြင္ဘယ္သူမွမ႐ွိေပ။

ေဆးပိုက္ေလးတန္းလန္းႏွင့္ သတိမရေသးေသာ Ray ၏ အေနအထားက Jump ကိုအမွန္တကယ္ပင္နာက်င္ေစသည္။

ေသးသြယ္ေသာ လက္ဖဝါးႏုႏုကို ဆုပ္ကိုင္ၿပီး Jump တိတ္ဆိ္တ္စြာ Ray မ်က္ႏွာေလးကိုၾကည့္ေနမိသည္။

"ဘယ္သူလဲ"

Phone ေျပာၿပီးဝင္လာေသာ Wine က Ray အနားတြင္ထိုင္ေနေသာ Jump ကိုတစ္ခါမွမျမင္ဖူးေသာေၾကာင့္ေမးလိုက္မိသည္။

"Jump!!!!"

Jump ျပန္မေျဖမီ အခန္းထဲဝင္လာေသာ Jasper က သူ႔နာမည္ကို ေဒါသမ်က္ဝန္းေတြႏွင့္ေခၚလိုက္သည္။

"မင္းကဘာလာလုပ္တာလဲ Jump"
"Han ကိုစိတ္ပူလို႔"
"မင္းစိတ္ပူစရာမလိုဘူး အခုျပန္လိုက္ေတာ့"
"ငါမင္းဆီလာတာမဟုတ္ဘူး Jasper ငါ Han ဆီကိုလာတာ ျပန္လည္းမျပန္ႏိုင္ဘူး!"

တျဖည္းျဖည္း သူတို႔ႏွစ္ေယာက္ၾကားမွာ အေျခအေနကတင္းမာလာၿပီး စကားေျပာသည့္အသံမွာလည္းေဒါသေၾကာင့္က်ယ္လာသည္။

Wine ကေတာ့ဘာမွဝင္မေျပာဘဲ သူတိုႏွစ္ေယာက္ကိုသာ အကဲခတ္ေနသည္။

"မင္းျပန္လိုက္ေတာ့လို႔ ငါေျပာေနတယ္ေနာ္ Jump!"
"Han သတိမရမခ်င္းငါမျပန္ႏိုင္ဘူး!"
"ေတာ္ၾကေတာ့ ဒါေဆး႐ုံေနာ္ ရန္ျဖစ္ခ်င္ရင္နင္တို႔ႏွစ္ေယာက္အျပင္သြားျဖစ္ၾက"

"Wine......."

တိုးညႇင္းညႇင္းေခၚသံေလးေၾကာင့္ ထသတ္ၾကေတာ့မည့္အေျခအေနကိုေမ့ေလ်ာ့ကာ Ray အနားေျပးၾကေတာ့သည္။

"Kha"
"Han"
"ကိုကို"

သူ႔ကိုတစ္ေယာက္တစ္မ်ိဳးေခၚေနၾကသာသုံးေယာက္ကို Ray အားတင္းကာျပဳံးျပလိုက္သည္။

ဆရာဝန္မ်ားလာစစ္ေဆးၿပီး ေဆး႐ုံမွဆင္းခြင့္ျပဳလိုက္သည္ႏွင့္ Ray, Condo သို႔ Jasperႏွင့္အတူျပန္ခဲ့ေတာ့သည္။

"ငါက Wine Ranida"
"Jump Thanin "

Jump ႏွင့္ Wine လက္ဆြဲႏႈတ္ဆက္လိုက္သည္။

"Jump ကိုကိုနဲ႔ပတ္သက္ၿပီး စကားေျပာၾကရေအာင္"

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

ကိုယ္ခ်စ္ရသူေၾကာင့္ အျမဲငိုေနမယ္ဆိုရင္
မ်က္ရည္ေတြက
အနားမွာ႐ွိတဲ့
ကိုယ့္ကိုခ်စ္ရသူေတြကို
မျမင္ႏိုင္ေအာင္ ဖုံးကြယ္ထားလိမ့္မယ္

Ray Han

Bạn đang đọc truyện trên: Truyen247.Pro