Part-10 ( friendzone )
Unicode
စွဲလမ်းရသော ကိုယ်ငွေ့နွေးနွေးကိုခံစားမိသောကြောင့် Jasper ရင်ခွင်ထဲရောက်နေမှန်းသူသိသည်။
မျက်ဝန်းအစုံကိုဖွင့်လိုက်တော့ နီးကပ်နေတဲ့ Jasper မျက်နှာကိုတွေ့ရပြီး hotel မှမြင်ကွင်းကခေါင်းထဲသို့အလိုလိုရောက်လာသည်။
""Jas ကငါ့သူငယ်ချင်း ငါသူ့ကိုမချစ်ဘူး""
ကိုယ့်ကိုကိုယ်စိတ်ထဲမှ သတိပေးစကားဆိုပြီး ဖက်ထားသော Jasper လက်များကိုဖယ်ကာအိပ်ရာမှထလိုက်သည်။
အဝတ်အပေခြင်းထဲမှ ညက Jasper ဝတ်သွားသောအကျႌပေါ်တွင် နှုတ်ခမ်းနီတွေပေနေပြီး နမ်းရှိုက်ကြည့်ရာ မိန်းကလေးသုံးချိုအီအီ ရေမွှေးနံ့ကနှာခေါင်းထဲတိုးဝင်လာသည်။
အပ်နှင့်ထိုးလိုက်သလိုဆစ်ကနဲနာကျင်သွားသောနှလုံးသားရှိရာ ဘယ်ဘက်ရင်အုံကို လက်နှင့်ဖိထားပြီး
"အဆင်ပြေသွားမှာပါ"
ဟူ၍သာအထပ်ထပ်ရေရွတ်နေမိသည်။
ပျားသံပုရာတစ်ခွက်ဖျော်ပြီး ""မနက်ပိုင်းအတန်းရှိလို့သွားနှင့်ပြီ"" ဆိုသော message လေးတစ်စောင်ပို့လိုက်ကာ condo မှထွက်ခဲ့တော့သည်။
ထိုင်နေကျ cafe ၏ထောင့်ကျကျဝိုင်းတွင် laptop ဖွင့်ကာ သူငယ်ချင်းများနှင့် videocall ခေါ်လိုက်သည်။
"သားကြီးတို့ နေကောင်းကြလား"
"သွားတာတောင်နှစ်ပတ်ပြည့်တော့မယ် ဖုန်းတစ်ခါတောင်မဆက်ဘဲနဲ့ အခုမှနေကောင်လားတဲ့"
"ငါမအားလို့ပါကွာ တောင်းပန်ပါတယ်"
"နေမကောင်းဘူးလား လင်းခ မျက်လုံးတွေမို့နေတယ်"
ညကငိုထားသောကြောင့်မျက်လုံးများက မို့အစ်နေသည်ကို Ray အခုမှသတိရသွားသည်။
"Arrr... မနေ့ကအစောကြီးအိပ်ထားတာ အအိပ်လွန်သွားလို့ထင်တယ်"
တခြားသူများက Ray ပြောသည်ကိုတကယ်ထင်သွားပေမယ့် မိုးတိမ်ကတော့မယုံသေးပေ။
"ငိုထားတာမလား"
"မဟုတ်ပါဘူး မိုးတိမ်ကလည်း ငါကဘာလို့ငိုရမှာလဲ"
"မင်းဋ္ဌာနကိုယ်စားပြုအရွေးခံရတဲ့အတွက် congratulations ပါသားကြီး မင်း Fanpage ကိုလည်းငါတို့ like လုပ်ထားတယ်"
"Jasper ဆိုတာဘယ်သူလဲ မင်းနဲ့အတူနေတာလို့ fanpage မှာတင်ထားတာတွေ့တယ်"
"သူငယ်ချင်းတစ်ယောက်ပါကွာ ငါနဲ့တက္ကသိုလ်အတူတူဘဲ ဋ္ဌာနတော့မတူဘူး သူလည်းဋ္ဌာနကိုယ်စားပြုအဖြစ်အရွေးခံထားရတာ"
"သားကြီးအဲ့မှာသူငယ်လေးတွေပေါတယ်မလား ကြိုက်တဲ့သူတွေ့ရင် မားကိုပြောမားကူညီမယ်"
"လေးထောင့်!!"
အားလုံးဝိုင်းအော်လိုက်မှ သူဇာနွယ် ဇက်ကလေးပုကာငြိမ်သွားသည်။ သူတို့အဖွဲ့ထဲတွင် မိန်းကလေးဟူ၍သူဇာနွယ်တစ်ယောက်သာပါသည်။ ငယ်ငယ်ကတည်းကပေါင်းလာကြကာ မိဘများကလည်းအတွင်းသိများဖြစ်သောကြောင့် သူတို့နှင့်ဆိုလျှင် ဘယ်သွားသွားစိတ်ချသည်။ ကြည့်လိုက်ရင် မိန်းကလေးဆန်ပေမယ့် fujoshi အဖြစ်ခံယူကာ သူငယ်ချင်းအရင်းတွေပါမချန်အကုန် ပတ် ship တတ်သည်။ကောင်မလေးများရှေ့ရောက်လျှင် သူ့ကိုယ်သူ "ကိုသူ" ဟုလည်းပြောတတ်သေးသည်။ ယောက်ျားလေးလည်းငမ်းသည်။ မိန်းကလေးလည်းငမ်းသည်။ gay လည်းငမ်းသည်။ lesbian, tomboy လည်းငမ်းသည်။ အကုန်ငမ်းပြီး အကုန်ကြိုက်တတ်သောကြောင့် လေးထောင့်ဟု တစ်ဖွဲ့လုံးကနာမည်ပေးထားကြသည်။
သူငယ်ချင်းများနှင့်စကားပြောပြီး Ray သူ့ Fanpage ထဲသို့ဝင်ကြည့်လိုက်သည်။
မနေ့ညက သူ boxing ထိုးနေတာကို video ရိုက်ပြီးတင်ထားသည်ကိုလည်းတွေ့ရသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
အတန်းတက်နေသောကြောင့် Silent လုပ်ပြီး ဘေးနားတွင် တင်ထားသော ဖုန်း screen တွင် Jasper ပုံလေးပေါ်လာသည်။
Ray ဖုန်းမကိုင်ဘဲဒီအတိုင်းထားလိုက်သည်။ Jasper ကဆက်တိုက်ဖုန်းခေါ်နေပေမယ့် Ray မကိုင်သောကြောင့် နံဘေးမှ Wine ကအကဲခတ်သလိုကြည့်လာသည်။
"ကိုကို Jasper နဲ့ဘာဖြစ်ထားလို့လဲ"
"ဘာမှမဖြစ်ဘူး အတန်းတက်နေတယ်လေ စကားမပြောနဲ့"
Wine ဘာမှမပြောတော့ပေမယ့် Ray မျက်နှာကို scan ဖတ်သလိုကြည့်နေသည်။
Missed call ပေါင်းများစွာတွေ့ပေမယ့် Ray ပြန်မခေါ်ပေ။
နေ့လည်စာစားပြီး အဝတ်လဲကာ အကတိုက်ရမည့်နေရာသို့ Wine နှင့်အတူထွက်လာခဲ့သည်။
Jasper လည်းရောက်နေပြီး Ray ကိုမြင်သည်နှင့် အနားရောက်လာကာ အပြင်သို့အတင်းဆွဲခေါ်လေသည်။
Jasper ဆွဲခေါ်ရာနောက်သို့ Ray လိုက်သွားတော့ Wine လည်းပြေးလိုက်လာလေသည်။ Ray ခေါင်းယမ်းပြလိုက်မှ Wine လည်းဆက်မလိုက်လာတော့ပေ။
Jasper ကျောင်းဆောင်အနောက်ဘက်တွင်ရပ်လိုက်ပြီး Ray ကိုစူးစူးရဲရဲစိုက်ကြည့်လာသည်။
"ဘာလို့ ဖုန်းမကိုင်တာလဲ"
Jasper အသံတွင်ဒေါသပါနေသည်။
"အတန်းတက်နေလို့"
Ray ခေါင်းငုံ့ထားပြီးပြောလိုက်သည်။
Jasper , Ray မျက်နှာကိုမေးစေ့မှကိုင်ပြီးမော့လိုက်ကာ မျက်လုံးချင်းဆုံစေသည်။
"ဖုန်းကိုင်လို့မရရင်တောင် message တော့ပြန်ပို့လေ......
အိပ်ရာနိုးကတည်းကမင်းကိုမတွေ့ရတော့ ငါမနေတတ်ဘူး နောက်တစ်ခါဆို ငါ့ကိုနှိုးပြီးမှသွားပါ Kha ရာ"
Jasper အသံမှာမမာတော့ဘဲ Ray မျက်ဝန်းများကိုစိုက်ကြည့်ပြီးပြောသောကြောင့် စကားနားမထောင်သည့်နှလုံးသားလေးမှာ ခုန်ပေါက်နေတော့သည်။
Ray ခေါင်းငြိမ့်ပြလိုက်တော့ Jasper နှုတ်ခမ်းများက လျင်မြန်စွာပင် သူ့နှုတ်ခမ်းများပေါ်သို့ကျရောက်လာသည်။
Ray ၏ ပန်းဆီရောင်နှုတ်ခမ်းများကို Jasper စိတ်ကြိုက်စုပ်ယူနမ်းရိိုက်နေမိသည်။ ရင်ခွင်ထဲမှ Ray ကလည်းမငြင်းဆန်သလို သူ့အနမ်းများကိုလည်းမတုန့်ပြန်ပေ။
အတော်ကြာမှ နှုတ်ခမ်းများကိုလွှတ်ပေးလိုက်သည်။
"ဒါကိုယ့်ကိုနေ့တစ်ဝက်လုံးအဆက်အသွယ်မလုပ်လို့ အပြစ်ပေးတာ"
Jasper အပြစ်ပေးသည့်ပုံစံမှာ Ray ကိုနှလုံးရပ်ပြီးသေစေနိုင်သည်။
နှစ်ယောက်သားအကတိုက်ရာသို့ ပြန်လာခဲ့ပေမယ့် နောက်ထပ်ဘာစကားတစ်ခွန်းမှမဆိုမိကြချေ။
"Ray နှုတ်ခမ်းကဘာဖြစ်တာလဲ နီရဲပီးရောင်နေတယ်"
အကတိုက်သည်ကိုလာကြည့်သော P'Jay ၏ အမေးကြောင့် Ray မျက်နှာတစ်ခုလုံးရဲတက်လာသည်။
"ပုရွက်ဆိတ်ကိုက်သွားတာထင်တယ် P' "
"ပုရွက်ဆိတ်ကလည်းနှုတ်ခမ်းမှကိုက်ရတယ်လို့"
P' Jay ယုံသွားပေမယ့် Wine ကတော့ မျက်ထောင့်နီကြီးနှင့် Jasper ကိုအစိမ်းလိုက်ဝါးစားတော့မလိုကြည့်နေသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
အကတိုက်ပြီး Ray သူငယ်ချင်းများကိုပေးထားသည့်ကတိအတိုင်း သူတို့ရွေးသည့်ဆိုင်တွင် ညစာလိုက်ကျွေးရသည်။
Jasper ကတော့ အကတိုက်ပြီးသည်နှင့်တန်းပြန်သွားကာ Ray, condo သို့ပြန်ရောက်တော့လည်း မရှိတော့ပေ။
ညစာစားပြီးအပြန် guitar ဝင်ဝယ်ခဲ့သည်။ ကိုယ်ပိုင် Talent အတွက် guitar ကိုအသုံးပြုရန်စဉ်းစားထားသည်။
Guitar ကိုကြိုးညှိရင်းအသံစမ်းကာ သီချင်းတစ်ပုဒ်အစမ်းတီးကြည့်လိုက်သည်။
"🎶အချစ်တို့တွေဝေဆဲ
မင်းပဲ စိတ်ကိုလွှမ်းမိုးသူ ယုံပါ ကိုယ့်ရင်ခွင်မှာမင်းပဲရှိပါတယ် ဖွင့်ပြောဖို့ဆိုရင်လဲ မင်းအတွက်
အနှောက်အယှက်များဖြစ်သွားမလား
အကြိမ်ကြိမ်အတွေးတွေမှာ
ပြိုလဲတော့နာကျင်စရာ.....
ပျော်စရာတွေကိုအစဉ်သာဖန်တီးပေးမယ်
အခင်အမင်ပိုနေတာတွေသူသိသွားရင်
အမုန်းတွေကို ကိုယ်မခံနိုင်ဘူး
သူငယ်ချင်းလိုဟန်ဆောင်ကာလေ
ကိုယ်ခိုးချစ်မယ် သူငယ်ချင်းလိုပဲ
မင်းထားပါတော့ကွယ် အိုချစ်သူလေး
ပျော်နေတဲ့ဒီမျက်ဝန်းတွေ ခိုင်မြဲဖို့အတွက်
ကြင်သူ့အနားမှာ လိုနေတိုင်းတို့ဖြည်းဆည်းပေးမယ် သူငယ်ချင်းလိုပဲမင်းထားရင်လည်းကွာ
ကျေနပ်ကာရယ် ပျော်ရွှင်နေမယ် တစ်သက်လုံး
အလိုချင်ဆုံး မင်းလေးရဲ့အနား နေချင်တယ်
ကိုယ်ဆုတောင်းရင်းမျှော်နေမယ်.....🎶"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Han"
Ray, boxing ထိုးနေစဉ်အနောက်မှာခေါ်သံကြောင့်လှည့်ကြည့်သည်။
"Jump...Gym လာကစားတာလား"
"အင်း တစ်ပွဲလောက်စမ်းကြည့်မလား"
Jump ကြိုးဝိုင်းကိုကြည့်ပြီးပြောသောကြောင့် Ray သဘောတကျလက်ခံလိုက်သည်။
ကြိုးဝိုင်းထဲတွင် Jump သည်ခံစစ်ပုံစံသာကစားသည်။ Ray ၏ထိုးချက်ကန်ချက်များကိုသာရှောင်ပြီး တစ်ချက်မျှပင်ပြန်မထိုးပေ။
တော်တော်ကြာမှ နှစ်ယောက်လုံးလက်ပန်းကျကာ နားလိုက်ကြတော့သည်။
"Han ပြိုင်ပွဲအတွက်လေ့ကျင့်တာ အခြေအနေဘယ်လိုလဲ"
"အခြေအနေကတော့ မဆိုးပါဘူး Talent ပြဖို့အတွက်ပဲနည်းနည်းစဉ်းစားနေရတာ"
"ကိုယ်တောင် Talent အတွက်သီချင်းဆိုဖို့စဉ်းစားထားတယ်"
"Jump ကလည်း Chulongkorn မှာ moon လား"
"အင်း အင်ဂျင်နီယာဋ္ဌာန ကိုယ်စားပြုပေါ့"
"Congratulations Jump"
"Thanks Han ကိုယ်တောင်းဆိုစရာတစ်ခုရှိတယ်"
"တောင်းဆိုစရာ?"
"ကိုယ့်ကိုပြိုင်ပွဲမှာ လာအားပေးနိုင်မလား ကိုယ်တို့ကျောင်းပွဲက Han တို့ကျောင်းထက်တစ်ပတ်လောက်စောမယ်ထင်တယ်"
"Immm..........Ok ဒါပေမယ့်"
"ဒါပေမယ့်?"
"အပေးအယူတစ်ခုရှိတယ်"
"ဘာအပေးအယူလဲ"
"Jump လည်းလာအားပေးရမယ် ကျွန်တော့်ကို ok?"
"Sure , Ok"
Ray နှင့် Jump လက်သန်းချင်းချိတ်ကာ ကတိပေးလိုက်ကြသည်။
"Jump ငါ့အခန်းကိုလိုက်လည်မလား ငါ့အခန်းကဒီ condo မှာပဲ"
"ဖြစ်ပါ့မလား Jasper ကမကြိုက်ရင်ရော"
"Jas ကဘာလို့မကြိုက်ရမှာလဲ သူငယ်ချင်းအချင်းချင်းပဲကို"
Ray အခန်းသို့ Jump လိုက်လာခဲ့သည်။
"Jump ပြိုင်ပွဲမှာဆိုဖို့သီချင်းရွေးပြီးပြီလား"
"မရွေးရသေးဘူး"
"ငါကူရွေးပေးရမလား"
"အင်း ကျေးဇူးပဲနော် Han"
သီချင်းအတော်များများကို ရှာပြီးနှစ်ယောက်အတူနားထောင်ကြသည်။
အကတိုက်ပြီး boxing ပါထိုးထားတာကြောင့် Ray ပင်ပန်းပြီး ငိုက်လာသည်။ တဖြည်းဖြည်းနှင့် sofa အနောက်မှီကာ Ray အိပ်ပျော်သွားခဲ့သည်ကို Jump မျက်တောင်မခတ်ကြည့်နေမိသည်။
မတော်တဆနမ်းမိခဲ့ဖူးသော နှုတ်ခမ်းနှစ်လွှာကိုအနီးကပ်မြင်ရတော့ အာခေါင်များပင်ခြောက်လာသည်။ စိတ်နဲ့လူနဲ့မကပ်တော့ဘဲ ပန်းဆီရောင်နှုတ်ခမ်းများပေါ်သို့ သူ့နှုတ်ခမ်းကိုထပ်တူကျလိုက်သည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔸🔹🔸🔹🔸
Club ရောက်နေသော Jasper ကတော့ Ray ၏ Fanpage တွင်တက်လာသော Jump နှင့်ပုံများကြောင့် ချက်ချင်း Condo သို့ပြန်လာခဲ့သည်။
အမောတကောပြန်လာပြီး အခန်းတံခါးဖွင့်ကာဝင်လိုက်တော့မြင်ရသည့်မြင်ကွင်းက ရင်ဝကိုစေဆာင့်ကန်လိုက်သလိုပင်။
"A' Jump!!"
Jasper ကျယ်လောင်စွာအော်လိုက်ပြီး Jump အကျႌကော်လံကိုဆွဲကာ လက်သီးကိုအားကုန်ပစ်သွင်းလိုက်သည်။
ရုတ်ရုတ်သဲသဲအသံများကြောင့် sofa ပေါ်တွင်အိပ်ပျော်နေသော Ray နိုးလာပြီး Jump ကိုထိုးနေသော Jasper အားဝင်ဆွဲရတော့သည်။
"ခွေးမသား!!"
Jasper, Jump ကိုဆဲလိုက်ပြီး ထပ်ထိုးချင်သေးပေမယ့် Ray ကသူတို့နှစ်ယောက်ကြားတွင်ရပ်နေသောကြောင့်ဘာမှလုပ်မရပေ။
"ဘာဖြစ်ကြတာလဲ ဘာလို့ရုတ်တရက်ကြီး Jump ကိုထိုးရတာလဲ Jas"
အခြေအနေကိုဘာမှမသိဘဲ Ray ကြားကကြောင်တောင်တောင်ဖြစ်နေသည်။ နှစ်ယောက်သားအံကြိတ်ထားကြပြီး တစ်ယောက်နှင့်တစ်ယောက်အသေ သတ်မလိုကြည့်နေကြသောကြောင့် လူချင်းခွဲရန် Jump ကို Ray ပြန်ခိုင်းလိုက်ရသည်။
"မင်းတို့နှစ်ယောက်ဘာဖြစ်တာလဲ Jas"
Ray အမေးကို Jasper မဖြေဘဲ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး မေးရိုးများထောင်နေအောင်အံကြိတ်ထားသည်။
"ငါမေးနေတယ်လေ ဘာဖြစ်ကြတာလဲလို့ Jas....အု..အွန်း..."
Jasper ရုတ်တရက် Ray ကိုsofa ပေါ်တွန်းလှဲလိုက်ပြီး အပေါ်မှတက်ဖိကာ နမ်းတော့သည်။
နှုတ်ခမ်းနှစ်လွှာကိုနေရာမလပ် စုပ်ယူပြီး ကိုက်ချလိုက်သည်။
"အ!"
Jasper, Ray ကိုလွှတ်ပေးလိုက်ပြီးမှုန်ကုတ်ကုတ်နှင့်ထိုင်နေပြန်သည်။
Ray ကတော့ သွေးစို့သွားသောနှုတ်ခမ်းလေးကို ကိုင်ကာ ပြူးကြောင်ကြောင်လေးဖြစ်နေသည်။
"ငါ့ကိုဘာလို့နမ်းတာလဲ Jas"
Jasper မဖြေဘဲ အိပ်ခန်းထဲသို့ဝင်သွားပြန်သည်။
""မင်းနှုတ်ခမ်းပေါ်က ဟိုကောင့်ရဲ့ အငွေ့အသက်တွေကို ဖယ်ပြစ်ချင်လို့""
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Friendzone ဆိုတာ
တစ်ဖက်သက်ချစ်ရသူတွေအတွက်
အကောင်းဆုံးသောအခြေအနေပါ
Ray Han
(AN:စာလုံးပေါင်းအမှားပါရင် ခွင့်လွှတ်ပေးကြပါ
အရေးအသားမကောင်းတာကိုလဲ သည်းခံဖတ်ပေးကြပါ reader လေးတို့😁
ကျွန်တော်ဆယ်တန်းတုန်းကလည်း ဘာသာရပ်တိုင်းမှာ မြန်မာစာကအနည်းဆုံးရတာဆိုတော့ ကိုယ့်အရေးအသားမကောင်းတာကို ကိုယ်သိတယ်😁😂😂)
******************************
Zawgyi
အဝတ်အပေခြင်းထဲမှ ညက Jasper ဝတ်သွားသောအင်္ကျီပေါ်တွင် နှုတ်ခမ်းနီတွေပေနေပြီး နမ်းရှိုက်ကြည့်ရာ မိန်းကလေးသုံးချိုအီအီ ရေမွှေးနံ့ကနှာခေါင်းထဲတိုးဝင်လာသည်။
"အဆင်ပြေသွားမှာပါ"
"ငိုထားတာမလား"
"လေးထောင့်!!"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"အတန်းတက်နေလို့"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"🎶အချစ်တို့တွေဝေဆဲ
ပြိုလဲတော့နာကျင်စရာ.....
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
"Han"
"Jump...Gym လာကစားတာလား"
"Congratulations Jump"
"တောင်းဆိုစရာ?"
"Immm..........Ok ဒါပေမယ့်"
"ဒါပေမယ့်?"
"အပေးအယူတစ်ခုရှိတယ်"
"ဘာအပေးအယူလဲ"
"Sure , Ok"
"မရွေးရသေးဘူး"
"ငါကူရွေးပေးရမလား"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔸🔹🔸🔹🔸
"A' Jump!!"
Jasper ကျယ်လောင်စွာအော်လိုက်ပြီး Jump အင်္ကျီကော်လံကိုဆွဲကာ လက်သီးကိုအားကုန်ပစ်သွင်းလိုက်သည်။
"ခွေးမသား!!"
"အ!"
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Friendzone ဆိုတာ
Ray Han
Bạn đang đọc truyện trên: Truyen247.Pro