Part-1 (sorry)
ရေပန်းအောက်မှာခေါင်းငိုက်စိုက်ထိုင်နေရင်းမျက်ရည်တွေကို ကျလာတဲ့ရေစက်တွေနဲ့အတူရောထွေးစီးဆင်းစေတဲ့ကောင်လေးတစ်ယောက်....
အဝတ်တွေအကုန်လုံးစိုရွှဲပြီး နှုတ်ခမ်းတွေပြာနေပေမယ့် အေးစက်မှုကိုမခံစားမိ...
အိပ်ဆေးတစ်ဘူးလုံးသောက်ထားသောကြောင့်တစ်ဖြည်းဖြည်းမျက်ဝန်းများမှေးစင်းလာကာ အိပ်စက်ခြင်းဆီသို့ခြေချလိုက်မိသည်။
ဒါဟာ သူ့အတွက် ထာဝရ အိပ်စက်ခြင်းသာဖြစ်ပါရစေ.....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
လွန်ခဲ့သော 18 ရက်ခန့်က..........
"လင်းခ ငါမင်းကိုပြောစရာရှိတယ် ငါနဲ့အပြင်ခဏလိုက်ခဲ့"
"Ok "
ဟန်လင်းခ မိုးတိမ်တိုက်နောက်လိုက်ရန် sofaမှထလိုက်စဉ် ချစ်သူ နှင်းတော်ဝင် ကလက်ကိုဆွဲလိုက်လေသည်။
"ကို ဘယ်လဲ"
"မိုးတိမ် ကပြောစရာရှိလို့ခဏတဲ့"
"ဒီမှာပြောလည်းရတာကို ကိုကလည်း"
"ဒီမှာက အရမ်းဆူလို့နေမှာပေါ့တော်ဝင်ရဲ့ ခဏပါပဲ ကိုယ်ချက်ချင်းပြန်လာခဲ့မယ်နော်"
ရောင်စုံမီးများဖွင့်ကာ အသံပြဲကြီးများနှင့်သီချင်းကိုအသားကုန်အော်ဆိုပြီး အားရပါးရဒွန့်နေကြသောသူငယ်ချင်းများကြောင့် KTV ခန်းတစ်ခုလုံးမှာ အမှန်တကယ်ပင်ဆူညံနေသည်။
အခန်းအပြင်သို့ထွက်လာသောအခါ ထောင့်တစ်နေရာတွင်ရပ်နေသောမိုးတိမ်အနားသို့လျှောက်သွားလိုက်သည်။
"ဘာပြောမလို့လဲ"
မိုးတိမ်သက်ပြင်းရှည်တစ်ခုကိုချလိုက်ကာ သူ့အရှေ့တွင်ရပ်နေသောဟန်လင်းခ ကိုရီဝေစွာကြည့်နေမိသည်။
"ငါ..ငါ.မင်းကို.ချစ်တယ်လင်းခ"
"ငါလည်းမင်းကိုချစ်တယ်လေ မင်းကငါ့အချစ်ဆုံးသူငယ်ချင်းပဲဟာကို "
"ငါပြောတာ အဲ့လိုအချစ်မျိုးမဟုတ်ဘူး မင်းနှင်းတော်ဝင်ကိုချစ်သလိုအချစ်မျိုးနဲ့ ငါမင်းကိုချစ်တာ"
"ဟျောင့် ဟာသတွေလာလုပ်နေတယ်"
ဟန်လင်းခ မိုးတိမ်ဟာသပြောနေသည်ထင်သောကြောင့်ရယ်လိုက်မိသည်။ သို့သော်မိုးတိမ်မျက်နှာမှာ တည်ငြိမ်လေးနက်နေသောကြောင့် ဟာသမဟုတ်မှန်းသိလိုက်သည်နှင့် ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။
"မင်းတော်တော်မူးနေပြီ မိုးတိမ်"
"ငါမမူးဘူး လင်းခ ငါမသောက်ထားဘူး"
"တော်တော့မိုးတိမ် !"
"ငါမတော်နိုင်ဘူး ဆက်ပြီးလည်းမမြိုသိပ်နိုင်တော့ဘူး"
မိုးတိမ်တိုက် သူ့အရှေ့က နားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ကောင်လေးရဲ့ နှုတ်ခမ်းတွေကို သိမ်းပိုက်လိုက်သည်။
ရုန်းနေတဲ့ခန္ဓာကိုယ်လေးကိုလွတ်ထွက်သွားမှာစိုး၍ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။ နှုတ်ခမ်းတွေကိုတင်းတင်းစိထားပြီး ခေါင်းကိုလှုပ်ယမ်းနေသောကြောင့် လက်တစ်ဖက်နှင့်ဂုတ်ကိုဖိကိုင်ကာ ချုပ်ထားလိုက်ရသည်။
ရင်ဘတ်ကိုအတင်းထုရိုက်နေပေမယ့် နာကျင်မှုကိုမခံစားမိ။ သူ တောင့်တခဲ့ရသည့် ဟန်လင်းခ၏ နှုတ်ခမ်းများကိုသာ သုံးဆောင်နေမိတော့ ဟန်လင်းခ ဆက်မရုန်းတော့ဘဲ ငြိမ်သက်သွားခဲ့သည်။
မျက်ဝန်းမှလည်းမျက်ရည်များ စီးဆင်းလာသည်။ မိုးတိမ်တိုက်နမ်းနေရာမှ ဟန်လင်းခ မျက်ရည်ကျသည်ကို မြင်လိုက်ရသောအခါ ရုတ်တရက်အနမ်းများရပ်တန့်သွားခဲ့သည်။
"လင်းခ မင်းငိုနေတာလား"
"မင်းရူးနေပြီ မိုးတိမ် မင်းလုံးဝရူးနေပြီ!!"
"လင်းခ ငါတောင်းပန်ပါတယ်"
ဟန်လင်းခ သူ့လက်ကိုလာကိုင်တဲ့ မိုးတိမ်ရဲ့လက်တွေကိုခါထုတ်လိုက်သည်။
"ကို"
တိုးသဲ့သဲ့ခေါ်သံလေးကြောင့် နှစ်ယောက်လုံးလှည့်လိုက်တော့ သူတို့ကိုအံ့ဩစွာကြည့်နေတဲ့ နှင်းတော်ဝင်နှင့်သူငယ်ချင်းတွေ
"တော်ဝင် ကိုယ်ရှင်းပြ.."
"ဖြောင်း!!!"
စကားမဆုံးခင် ပါးပေါ်ကိုကျရောက်လာသော တော်ဝင့်လက်ဖဝါး
"နှင်းတော်ဝင် နင်ဘာလို့လင်းခကိုရိုက်တာလဲ နင်ရိုက်ချင်ရင် ငါ့ကိုရိုက်!"
"ေဩာ် တော်တော်ချစ်နေကြတာပေါ့ ငါ့သူငယ်ချင်းတွေပြောတုန်းကငါမယုံခဲ့မိဘူး အခုငါ့မျက်စိနဲ့မြင်မှပဲ ယုံတော့တယ်"
"တော်ဝင် ထင်သလိုမဟုတ်ဘူး ..တော်ဝင် ကိုယ်ရှင်းပြ.."
"တော်တော့ ဟန်လင်းခ နင့်အမှားကိုခွင့်လွှတ်နိုင်မလား ခွင့်မလွှတ်ဘူးလားဆိုတာကို ငါဆုံးဖြတ်ဖို့အချိန်လိုတယ် ငါအဆင်သင့်ဖြစ်ရင်နင့်ကို ph ဆက်လိုက်မယ် အခုအချိန်ကစပြီးနင်ငါ့ကို phမဆက်နဲ့ လာလည်းမတွေ့နဲ့"
ပြောပြီးလှည့်ထွက်သွားတဲ့ချစ်သူကိုဟန်လင်းခရှင်းမပြနိုင်လိုက်ပါ။ သူငယ်ချင်းများကလည်း ဘာစကားမှမပြောဘဲ တိ်တ်ဆိတ်စွာသူတို့နှစ်ယောက်ကိုသာကြည့်နေကြသည်။
"လင်းခ"
ပုခုံးကိုလာကိုင်သောမိုးတိမ်ရဲ့လက်ကို ဟန်လင်းခ ဖယ်ချပြစ်လိုက်သည်။
"ငါ့ကိုမထိနဲ့ မိုးတိမ်"
"ငါ့ကိုမင်းမကျေနပ်ရင် ထိုးလိုက်ပါကွာ ငိုတော့မငိုပါနဲ့"
"အေး ငါမင်းကိုထိုးမှာ!!"
မိုးတိမ်တိုက်ရဲ့ အင်္ကျီ ကော်လန် ကိုဟန်လင်းခဆွဲလိုက်သည်။ လက်သီးနှင့်ထိုးဖို့ရွယ်ပြီးမှ သူ့ထိုးချက်ကိုရှောင်ရန်မစဉ်းစားဘဲ မျက်စိမှိတ်ကာစောင့်စားနေသော မိုးတိမ်ကြောင့် လက်များကလေထဲတွင်သာ ရပ်တန့်သွားခဲ့ရသည်။
"တောက်!!"
မိုးတိမ်တိုက်ရဲ့အင်္ကျီကော်လန်ကိုပြန်လွှတ်ပေးလိုက်ပြီး KTVအခန်းထဲမှ အိတ်ကိုဝင်ယူကာ ထွက်လာခဲ့သည်။ မိုးတိမ်နှင့်သူငယ်ချင်းများကတော့ ထိုနေရာတွင်သာ ရပ်၍ကျန်နေခဲ့သည်။
ဟန်လင်းခ ဆိုင်ကယ်ကိုလီဗာ အသားကုန်ဆွဲကာမောင်းလာပြီး လူအသွားအလာနည်းသောလမ်းဘေးတစ်နေရာတွင်ရပ်လိုက်သည်။
မိုးတိမ်ပြောသောစကားများနှင့် ချစ်သူ၏စွပ်စွဲ မှုများက သူ့နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
မိုးတိမ်နဲ့သူဟာ မူကြိုတက်စဉ်ကတည်းက သူငယ်ချင်းများစဖြစ်ခဲ့ကြပြီး အမြဲ တတွဲတွဲရှိခဲ့သည်။
နှင်းတော်ဝင်ကတော့ ဟန်လင်းခတို့ တက်တဲ့ကျောင်းကို ရှစ်တန်းနှစ်ကပြောင်းလာခဲ့ပြီး ဟန်လင်းခ၏ အချစ်ဦးဖြစ်ခဲ့သည်။ ဆယ်တန်းနှစ်မှာချစ်သူတွေစဖြစ်ခဲ့ပြီး ယခုဆိုလျှင် ချစ်သူသက်တမ်းတစ်နှစ်ပင်ကျော်ခဲ့ပြီ။
ချစ်သူနှင့်သူငယ်ချင်းအကြောင်းကိုတွေးမိတော့ မျက်ရည်များကအတားအဆီးမဲ့စွာ...
တစ်ယောက်ကိုတော့သူစွန့်ပစ်ရလိမ့်မည်။
"Ting..Ting..Ting"
Messageဝင်လာသံကြောင့်ph ဖွင့်ကြည့်လိုက်တော့ သူငယ်ချင်းများဆီမှ
""မင်းပြန်သွားပြီး မိုးတိမ်အရမ်းသောက်နေလို့ ငါတို့မနည်းတားလိုက်ရတယ် အခုသူအရမ်းမူးနေလို့ အိမ်ကိုငါတို့ပြန်ပို့ပေးထားတယ်""
message ကိုဖတ်ပြီးသူ ဆုံးဖြတ်ချက်ချလိုက်သည်။ အဖွားအိမ်ကိုသွားကာ ကားတစ်စီးဝင်ယူပြီး ဆိုင်ကယ်ကိုထားခဲ့လိုက်သည်။
အဖွားက နယ်မှာ ဘုရားတည်နေသောကြောင့် အိမ်မှာမရှိပေ။ ခြံစောင့်နှင့်အိမ်ဖော်များသာ အိမ်မှာကျန်ခဲ့ခြင်းဖြစ်သည်။
မိုးတိမ်နှင့်အတူနေသောအိမ်သို့ရောက်သောအခါ ဟန်လင်းခ သူ့ပစ္စည်းများကိုသိမ်းလိုက်သည်။ ကုတင်နံဘေးတွင် ထောင်ထားသော သူနှင့်တော်ဝင့်ဓာတ်ပုံကိုယူလိုက်ပြီး မိုးတိမ်နှင့်အတူရိုက်ထားသော ဓာတ်ပုံကိုတော့ထားခဲ့လိုက်သည်။
အရက်ရှိန်ကြောင့် မိုးတိမ်ကတော့နှစ်ချိုက်စွာအိပ်ပျော်နေစဲ။ ပစ္စည်းတွေအားလုံးကားပေါ်တင်လိုက်ပြီး ဟန်လင်းခကားကိုအရှိန်ပြင်းစွာမောင်းထွက်လိုက်သည်။
မိုးတိမ်နှင့်ကင်းရှင်းလျှင် ချစ်သူ ကသူ့ကိုခွင့်လွှတ်လိမ့်မည်ဟု သူတွေးမိသောကြောင့် မိုးတိမ်ရဲ့အိမ်မှထွက်လာခဲ့ခြင်းဖြစ်သည်။
13နှစ်သက်တမ်းရှိသောသူငယ်ချင်းသံယောဇဉ်ကို မိနစ်ပိုင်းအတွင်းဖြတ်တောက်ရန် ဟန်လင်းခ ကြိုးစားနေမိတော့သည်။
"ဘာတွေဘဲဖြစ်လာလာ အချိန်တွေဘယ်လောက်ပဲကြာကြာ ငါတို့နှစ်ယောက် ထာဝရ သူငယ်ချင်းတွေဖြစ်ကြမယ်"
လက်သန်းချင်းချိတ်ကာ တစ်ယောက်နှင့်တစ်ယောက်ကတိပေးနေကြသော ကောင်လေးနှစ်ယောက်၏ ပုံရိပ်က သူတို့နှစ်ဦးလုံး၏ မှတ်ဉာဏ်ထဲတွင်စွဲထင်နေပေမယ့်...
ဒီကတိလေးကိုတော့နှစ်ယောက်လုံးချိုးဖောက်လိုက်မိကြသည်။
******************************
တောင်းပန်ပါတယ်
သူငယ်ချင်းတစ်ယောက်ထက် ပိုခဲ့မိလို့
မိုးတိမ်တိုက်
တောင်းပန်ပါတယ်
သူငယ်ချင်းအဖြစ် အနားမှာ မရှိနိုင်တော့လို့
ဟန်လင်းခ
******************************
Zawgyi
ေရပန္းေအာက္မွာေခါင္းငိုက္စိုက္ထိုင္ေနရင္းမ်က္ရည္ေတြကို က်လာတဲ့ေရစက္ေတြနဲ႕အတူေရာေထြးစီးဆင္းေစတဲ့ေကာင္ေလးတစ္ေယာက္....
အဝတ္ေတြအကုန္လုံးစို႐ႊဲၿပီး ႏႈတ္ခမ္းေတြျပာေနေပမယ့္ ေအးစက္မႈကိုမခံစားမိ...
အိပ္ေဆးတစ္ဘူးလုံးေသာက္ထားေသာေၾကာင့္တစ္ျဖည္းျဖည္းမ်က္ဝန္းမ်ားေမွးစင္းလာကာ အိပ္စက္ျခင္းဆီသို႔ေျခခ်လိဳက္မိသည္။
ဒါဟာ သူ႕အတြက္ ထာဝရ အိပ္စက္ျခင္းသာျဖစ္ပါရေစ.....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
လြန္ခဲ့ေသာ 18 ရက္ခန႔္က..........
"လင္းခ ငါမင္းကိုေျပာစရာရွိတယ္ ငါနဲ႕အျပင္ခဏလိုက္ခဲ့"
"Ok "
ဟန္လင္းခ မိုးတိမ္တိုက္ေနာက္လိုက္ရန္ sofaမွထလိုက္စဥ္ ခ်စ္သူ ႏွင္းေတာ္ဝင္ ကလက္ကိုဆြဲလိုက္ေလသည္။
"ကို ဘယ္လဲ"
"မိုးတိမ္ ကေျပာစရာရွိလို႔ခဏတဲ့"
"ဒီမွာေျပာလည္းရတာကို ကိုကလည္း"
"ဒီမွာက အရမ္းဆူလို႔ေနမွာေပါ့ေတာ္ဝင္ရဲ႕ ခဏပါပဲ ကိုယ္ခ်က္ခ်င္းျပန္လာခဲ့မယ္ေနာ္"
ေရာင္စုံမီးမ်ားဖြင့္ကာ အသံၿပဲႀကီးမ်ားႏွင့္သီခ်င္းကိုအသားကုန္ေအာ္ဆိုၿပီး အားရပါးရဒြန႔္ေနၾကေသာသူငယ္ခ်င္းမ်ားေၾကာင့္ KTV ခန္းတစ္ခုလုံးမွာ အမွန္တကယ္ပင္ဆူညံေနသည္။
အခန္းအျပင္သို႔ထြက္လာေသာအခါ ေထာင့္တစ္ေနရာတြင္ရပ္ေနေသာမိုးတိမ္အနားသို႔ေလွ်ာက္သြားလိုက္သည္။
"ဘာေျပာမလို႔လဲ"
မိုးတိမ္သက္ျပင္းရွည္တစ္ခုကိုခ်လိဳက္ကာ သူ႕အေရွ႕တြင္ရပ္ေနေသာဟန္လင္းခ ကိုရီေဝစြာၾကည့္ေနမိသည္။
"ငါ..ငါ.မင္းကို.ခ်စ္တယ္လင္းခ"
"ငါလည္းမင္းကိုခ်စ္တယ္ေလ မင္းကငါ့အခ်စ္ဆုံးသူငယ္ခ်င္းပဲဟာကို "
"ငါေျပာတာ အဲ့လိုအခ်စ္မ်ိဳးမဟုတ္ဘူး မင္းႏွင္းေတာ္ဝင္ကိုခ်စ္သလိုအခ်စ္မ်ိဳးနဲ႕ ငါမင္းကိုခ်စ္တာ"
"ေဟ်ာင့္ ဟာသေတြလာလုပ္ေနတယ္"
ဟန္လင္းခ မိုးတိမ္ဟာသေျပာေနသည္ထင္ေသာေၾကာင့္ရယ္လိုက္မိသည္။ သို႔ေသာ္မိုးတိမ္မ်က္ႏွာမွာ တည္ၿငိမ္ေလးနက္ေနေသာေၾကာင့္ ဟာသမဟုတ္မွန္းသိလိုက္သည္ႏွင့္ ခ်က္ခ်င္းတိတ္ဆိတ္သြားခဲ့သည္။
"မင္းေတာ္ေတာ္မူးေနၿပီ မိုးတိမ္"
"ငါမမူးဘူး လင္းခ ငါမေသာက္ထားဘူး"
"ေတာ္ေတာ့မိုးတိမ္ !"
"ငါမေတာ္နိုင္ဘူး ဆက္ၿပီးလည္းမၿမိဳသိပ္နိုင္ေတာ့ဘူး"
မိုးတိမ္တိုက္ သူ႕အေရွ႕က နားမလည္နိုင္တဲ့မ်က္ဝန္းေတြနဲ႕ၾကည့္ေနတဲ့ေကာင္ေလးရဲ႕ ႏႈတ္ခမ္းေတြကို သိမ္းပိုက္လိုက္သည္။
႐ုန္းေနတဲ့ခႏၶာကိုယ္ေလးကိုလြတ္ထြက္သြားမွာစိုး၍ပိုမိုတင္းက်ပ္စြာ ဖက္ထားလိုက္သည္။ ႏႈတ္ခမ္းေတြကိုတင္းတင္းစိထားၿပီး ေခါင္းကိုလႈပ္ယမ္းေနေသာေၾကာင့္ လက္တစ္ဖက္ႏွင့္ဂုတ္ကိုဖိကိုင္ကာ ခ်ဳပ္ထားလိုက္ရသည္။
ရင္ဘတ္ကိုအတင္းထုရိုက္ေနေပမယ့္ နာက်င္မႈကိုမခံစားမိ။ သူ ေတာင့္တခဲ့ရသည့္ ဟန္လင္းခ၏ ႏႈတ္ခမ္းမ်ားကိုသာ သုံးေဆာင္ေနမိေတာ့ ဟန္လင္းခ ဆက္မ႐ုန္းေတာ့ဘဲ ၿငိမ္သက္သြားခဲ့သည္။
မ်က္ဝန္းမွလည္းမ်က္ရည္မ်ား စီးဆင္းလာသည္။ မိုးတိမ္တိုက္နမ္းေနရာမွ ဟန္လင္းခ မ်က္ရည္က်သည္ကို ျမင္လိုက္ရေသာအခါ ႐ုတ္တရက္အနမ္းမ်ားရပ္တန႔္သြားခဲ့သည္။
"လင္းခ မင္းငိုေနတာလား"
"မင္း႐ူးေနၿပီ မိုးတိမ္ မင္းလုံးဝ႐ူးေနၿပီ!!"
"လင္းခ ငါေတာင္းပန္ပါတယ္"
ဟန္လင္းခ သူ႕လက္ကိုလာကိုင္တဲ့ မိုးတိမ္ရဲ႕လက္ေတြကိုခါထုတ္လိုက္သည္။
"ကို"
တိုးသဲ့သဲ့ေခၚသံေလးေၾကာင့္ ႏွစ္ေယာက္လုံးလွည့္လိုက္ေတာ့ သူတို႔ကိုအံ့ဩစြာၾကည့္ေနတဲ့ ႏွင္းေတာ္ဝင္ႏွင့္သူငယ္ခ်င္းေတြ
"ေတာ္ဝင္ ကိုယ္ရွင္းျပ.."
"ေျဖာင္း!!!"
စကားမဆုံးခင္ ပါးေပၚကိုက်ေရာက္လာေသာ ေတာ္ဝင့္လက္ဖဝါး
"ႏွင္းေတာ္ဝင္ နင္ဘာလို႔လင္းခကိုရိုက္တာလဲ နင္ရိုက္ခ်င္ရင္ ငါ့ကိုရိုက္!"
"ေဩာ္ ေတာ္ေတာ္ခ်စ္ေနၾကတာေပါ့ ငါ့သူငယ္ခ်င္းေတြေျပာတုန္းကငါမယုံခဲ့မိဘူး အခုငါ့မ်က္စိနဲ႕ျမင္မွပဲ ယုံေတာ့တယ္"
"ေတာ္ဝင္ ထင္သလိုမဟုတ္ဘူး ..ေတာ္ဝင္ ကိုယ္ရွင္းျပ.."
"ေတာ္ေတာ့ ဟန္လင္းခ နင့္အမွားကိုခြင့္လႊတ္နိုင္မလား ခြင့္မလႊတ္ဘူးလားဆိုတာကို ငါဆုံးျဖတ္ဖို႔အခ်ိန္လိုတယ္ ငါအဆင္သင့္ျဖစ္ရင္နင့္ကို ph ဆက္လိုက္မယ္ အခုအခ်ိန္ကစၿပီးနင္ငါ့ကို phမဆက္နဲ႕ လာလည္းမေတြ႕နဲ႕"
ေျပာၿပီးလွည့္ထြက္သြားတဲ့ခ်စ္သူကိုဟန္လင္းခရွင္းမျပနိုင္လိုက္ပါ။ သူငယ္ခ်င္းမ်ားကလည္း ဘာစကားမွမေျပာဘဲ တိ္တ္ဆိတ္စြာသူတို႔ႏွစ္ေယာက္ကိုသာၾကည့္ေနၾကသည္။
"လင္းခ"
ပုခုံးကိုလာကိုင္ေသာမိုးတိမ္ရဲ႕လက္ကို ဟန္လင္းခ ဖယ္ခ်ျပစ္လိုက္သည္။
"ငါ့ကိုမထိနဲ႕ မိုးတိမ္"
"ငါ့ကိုမင္းမေက်နပ္ရင္ ထိုးလိုက္ပါကြာ ငိုေတာ့မငိုပါနဲ႕"
"ေအး ငါမင္းကိုထိုးမွာ!!"
မိုးတိမ္တိုက္ရဲ႕ အကၤ်ီ ေကာ္လန္ ကိုဟန္လင္းခဆြဲလိုက္သည္။ လက္သီးႏွင့္ထိုးဖို႔႐ြယ္ၿပီးမွ သူ႕ထိုးခ်က္ကိုေရွာင္ရန္မစဥ္းစားဘဲ မ်က္စိမွိတ္ကာေစာင့္စားေနေသာ မိုးတိမ္ေၾကာင့္ လက္မ်ားကေလထဲတြင္သာ ရပ္တန႔္သြားခဲ့ရသည္။
"ေတာက္!!"
မိုးတိမ္တိုက္ရဲ႕အကၤ်ီေကာ္လန္ကိုျပန္လႊတ္ေပးလိုက္ၿပီး KTVအခန္းထဲမွ အိတ္ကိုဝင္ယူကာ ထြက္လာခဲ့သည္။ မိုးတိမ္ႏွင့္သူငယ္ခ်င္းမ်ားကေတာ့ ထိုေနရာတြင္သာ ရပ္၍က်န္ေနခဲ့သည္။
ဟန္လင္းခ ဆိုင္ကယ္ကိုလီဗာ အသားကုန္ဆြဲကာေမာင္းလာၿပီး လူအသြားအလာနည္းေသာလမ္းေဘးတစ္ေနရာတြင္ရပ္လိုက္သည္။
မိုးတိမ္ေျပာေသာစကားမ်ားႏွင့္ ခ်စ္သူ၏စြပ္စြဲ မႈမ်ားက သူ႕နားထဲတြင္ ပဲ့တင္ထပ္ေနခဲ့သည္။
မိုးတိမ္နဲ႕သူဟာ မူႀကိဳတက္စဥ္ကတည္းက သူငယ္ခ်င္းမ်ားစျဖစ္ခဲ့ၾကၿပီး အၿမဲ တတြဲတြဲရွိခဲ့သည္။
ႏွင္းေတာ္ဝင္ကေတာ့ ဟန္လင္းခတို႔ တက္တဲ့ေက်ာင္းကို ရွစ္တန္းႏွစ္ကေျပာင္းလာခဲ့ၿပီး ဟန္လင္းခ၏ အခ်စ္ဦးျဖစ္ခဲ့သည္။ ဆယ္တန္းႏွစ္မွာခ်စ္သူေတြစျဖစ္ခဲ့ၿပီး ယခုဆိုလွ်င္ ခ်စ္သူသက္တမ္းတစ္ႏွစ္ပင္ေက်ာ္ခဲ့ၿပီ။
ခ်စ္သူႏွင့္သူငယ္ခ်င္းအေၾကာင္းကိုေတြးမိေတာ့ မ်က္ရည္မ်ားကအတားအဆီးမဲ့စြာ...
တစ္ေယာက္ကိုေတာ့သူစြန႔္ပစ္ရလိမ့္မည္။
"Ting..Ting..Ting"
Messageဝင္လာသံေၾကာင့္ph ဖြင့္ၾကည့္လိုက္ေတာ့ သူငယ္ခ်င္းမ်ားဆီမွ
""မင္းျပန္သြားၿပီး မိုးတိမ္အရမ္းေသာက္ေနလို႔ ငါတို႔မနည္းတားလိုက္ရတယ္ အခုသူအရမ္းမူးေနလို႔ အိမ္ကိုငါတို႔ျပန္ပို႔ေပးထားတယ္""
message ကိုဖတ္ၿပီးသူ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။ အဖြားအိမ္ကိုသြားကာ ကားတစ္စီးဝင္ယူၿပီး ဆိုင္ကယ္ကိုထားခဲ့လိုက္သည္။
အဖြားက နယ္မွာ ဘုရားတည္ေနေသာေၾကာင့္ အိမ္မွာမရွိေပ။ ၿခံေစာင့္ႏွင့္အိမ္ေဖာ္မ်ားသာ အိမ္မွာက်န္ခဲ့ျခင္းျဖစ္သည္။
မိုးတိမ္ႏွင့္အတူေနေသာအိမ္သို႔ေရာက္ေသာအခါ ဟန္လင္းခ သူ႕ပစၥည္းမ်ားကိုသိမ္းလိုက္သည္။ ကုတင္နံေဘးတြင္ ေထာင္ထားေသာ သူႏွင့္ေတာ္ဝင့္ဓာတ္ပုံကိုယူလိုက္ၿပီး မိုးတိမ္ႏွင့္အတူရိုက္ထားေသာ ဓာတ္ပုံကိုေတာ့ထားခဲ့လိုက္သည္။
အရက္ရွိန္ေၾကာင့္ မိုးတိမ္ကေတာ့ႏွစ္ခ်ိဳက္စြာအိပ္ေပ်ာ္ေနစဲ။ ပစၥည္းေတြအားလုံးကားေပၚတင္လိုက္ၿပီး ဟန္လင္းခကားကိုအရွိန္ျပင္းစြာေမာင္းထြက္လိုက္သည္။
မိုးတိမ္ႏွင့္ကင္းရွင္းလွ်င္ ခ်စ္သူ ကသူ႕ကိုခြင့္လႊတ္လိမ့္မည္ဟု သူေတြးမိေသာေၾကာင့္ မိုးတိမ္ရဲ႕အိမ္မွထြက္လာခဲ့ျခင္းျဖစ္သည္။
13ႏွစ္သက္တမ္းရွိေသာသူငယ္ခ်င္းသံေယာဇဥ္ကို မိနစ္ပိုင္းအတြင္းျဖတ္ေတာက္ရန္ ဟန္လင္းခ ႀကိဳးစားေနမိေတာ့သည္။
"ဘာေတြဘဲျဖစ္လာလာ အခ်ိန္ေတြဘယ္ေလာက္ပဲၾကာၾကာ ငါတို႔ႏွစ္ေယာက္ ထာဝရ သူငယ္ခ်င္းေတြျဖစ္ၾကမယ္"
လက္သန္းခ်င္းခ်ိတ္ကာ တစ္ေယာက္ႏွင့္တစ္ေယာက္ကတိေပးေနၾကေသာ ေကာင္ေလးႏွစ္ေယာက္၏ ပုံရိပ္က သူတို႔ႏွစ္ဦးလုံး၏ မွတ္ဉာဏ္ထဲတြင္စြဲထင္ေနေပမယ့္...
ဒီကတိေလးကိုေတာ့ႏွစ္ေယာက္လုံးခ်ိဳးေဖာက္လိုက္မိၾကသည္။
******************************
ေတာင္းပန္ပါတယ္
သူငယ္ခ်င္းတစ္ေယာက္ထက္ ပိုခဲ့မိလို႔
မိုးတိမ္တိုက္
ေတာင္းပန္ပါတယ္
သူငယ္ခ်င္းအျဖစ္ အနားမွာ မရွိနိုင္ေတာ့လို႔
ဟန္လင္းခ
Bạn đang đọc truyện trên: Truyen247.Pro