Extra - Thadingyut Full Moon Day
Unicode
"Welcome To Pyin Oo Lwin"
မီးရောင်တွေနှင့် လှပနေသော မြို့အဝင်ကိုကားမှန်ချကာ ကြည့်ရင်း ပါးစပ်လေးဟကာ ငေးမောနေသည့် ရင်ခွင်ထဲမှ သမီးလေး Cassie ကို Ray ညင်သာစွာနမ်းလိုက်သည်။
နံဘေးမှ Jasper နှင့် Emmat အပါအဝင် အားလုံးလည်း မီးရောင်စုံထွန်းညှိထားသည့်မြင်ကွင်းများကို ငေးနေကြသည်။
မီးရှူးပန်းဆော့နေသူများနှင့် ဗြောက်အိုးသံများကလည်း စည်ကားနေသည်။
ယောက္ခထီးကြီး Mr.Cinn, Jump, First, Win, Wine နှင့် Ray ၏ bodyguard တွေဖြစ်သည့် P' Tin,P' Pu တို့လည်း ကားပေါ်မှာပါလေသည်။
ကားကိုတော့ သူတို့ကိုလေဆိပ်မှာကြိုဖို့ ဖေဖေလွှတ်လိုက်သည့် ဖေဖေ့လူယုံပင်။
"Daddy သားမီးရှူးပန်းတွေဖောက်ချင်တယ်...."
"သားတို့ အဖိုးက အများကြီးဝယ်ထားတယ်တဲ့ သားကြိုက်သလောက်ဆော့လို့ရတယ်....."
"Daddy kurp...... Cassie ရော....."
"Cassie လေးလည်းဆော့ရမှာပေါ့....."
"ကိုယ်လည်းဆော့ချင်တယ် babe....."
မကြီးမငယ်နှင့် ကလေးတွေနှင့်အပြိုင် နှုတ်ခမ်းကြီးထော်ကာ သူ့ကိုလာချွဲနေသည့် Jasper ကို Ray မျက်စောင်းထိုးလိုက်သည်။
"Paw လည်းဆော့ချင်တယ် Ray"
Jasper နည်းတူ နှုတ်ခမ်းစူပြီးပြောလာသည့် ယောက္ခထီးကြီးကြောင့် Ray ကြောင်အသွားရာ အားလုံးရယ်ကြလေသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
ရောင်စုံမီးပုံးငယ်လေးများချိတ်ထားပြီး ဆီမီးအစီအရီထွန်းထားသည့် ခြံတစ်ခုလုံးမှာ ထိန်လင်းလှပနေသည်။
အဓိကအဆောက်အဦးရှေ့မှာကားရပ်လိုက်သည်နှင့် ဖေဖေနှင့် မိုးလေးတို့ပြေးထွက်လာကြသည်။
"ဖေဖေ"
Ray ဖခင်ဖြစ်သူနှင့် ညီမလေးကိုဖက်ကာနှုတ်ဆက်လိုက်သည်။
"လာပါဦး ဖိုးမြေးလေးတွေ...."
ဆံနွယ်တချို့ဖြူနေပြီဖြစ်သည့် ဖေဖေက Emmat နှင့် Cassie ကိုတစ်ဖက်စီပွေ့ချီလိုက်လေသည်။
"ဒီည ဖိုးဖိုးနဲ့အိပ်မယ်မလား"
"ဟုတ်!!"
တစ်သံတည်းဖြေသည့် သားနှင့်သမီး၏ ပါးပြင်လေးတွေကိုဖေဖေက အားရအောင်နမ်းလေတော့သည်။
Ray တို့ပါလာသည့် ပစ္စည်းတွေကိုချကာ အားလုံးကိုအခန်းတွေဆီလိုက်ပို့လိုက်သည်။
Cassie နှင့် Emmat ကတော့ အဖိုးနှစ်ယောက်နှင့်ကျန်ခဲ့ကြလေသည်။
Ray နှင့် Jasper တောင်ကုန်းလေးပေါ်မှ သီးသန့်အဆောက်အဦးလေးထံသို့ ထွက်လာကြသည်။
"အေးလိုက်တာ....."
Jasper ပြောပြောဆိုဆို Ray ကိုအနောက်မှ သိမ်းကြုံးဖက်လေသည်။
"နွေးသွားပြီ......"
Ray ဖက်ထားသည့် Jasper ရဲ့လက်တွေကိုဆုပ်ကိုင်လိုက်သည်။
"Jas......"
"ဟင်...."
"babe မွေးနေ့တုန်းက Jas စိတ်တိုပြီး ဟိုဟာလုပ်ခဲ့တာမှတ်မိသေးလား...."
"ဘာဟိုဟာလဲ...."
"ဟိုဟာလေ....."
"ဘာဟိုဟာလဲလို့...."
"ဟိုဟာဆိုမှပါကွာ.........
Jas နော်!!"
သူနဲ့ကလေးရပြီးတာတောင် ရှက်နေသေးသည့် Ray ကိုစချင်တာကြောင့် Jasper မမှတ်မိချင်ယောင်ဆောင်နေပေမယ့် စိတ်တိုလာသည့် Ray ကြောင့် Jasper ဆက်မစရဲတော့ပေ။
"Arr... ဟိုဟာလား.....
ကိုယ်မှတ်မိပြီ....."
"အဲ့တာကလေ......
babe ရဲ့ပထမဆုံး........ masturbation ပဲ....."
ပားလေးတွေရဲကာ နှုတ်ခမ်းလေးကိုကိုက်ပြီးပြောနေသည့် Ray ၏ပုံစံလေးကအသဲယားဖွယ်ပင်။
"babe....ကိုယ်မရတော့ဘူး....."
Ray ကိုသူ့ဘက်လှည့်စေကာ နှုတ်ခမ်းလေးကို Jasper နမ်းတော့သည်။
"အွန်းးး!!
stop!....."
Jasper၏ လက်မှရုန်းကာ Ray အော်လေသည်။
"ဘာဖြစ်လို့လဲ.......
babe ကလည်းကွာ.....
ခါတိုင်းဆို သားနဲ့သမီးရှိလို့ဆိုပြီး ကိုယ်သည်းခံထားရတာလေ....."
မျက်နှာငယ်လေးနှင့်ပြောသည့် Jasper့ ကြောင့် Ray လိုက်လျောရပေတော့မည်။
"တစ်ခါတည်းနော်...."
"အင်း..."
ခေါင်းအထပ်ထပ်ငြိမ့်ကာ Jasper သူ့ကိုဖက်နမ်းရင်း အဝတ်တွေကိုတစ်လွှာချင်းချွတ်သည်။
"Jas....တစ်ခါတည်းပဲရမယ်နော်....."
"အင်းပါဆို....."
ကုတင်ထက်သူ့ကိုအသာအယာ ချပေးပြီး Jasper စတင်လှုပ်ရှားတော့သည်။
"အ....အား.....နာတယ်.....Jas.....
နာတယ်လို့....."
မဆက်ဆံတာကြာပြီဖြစ်သောကြောင့် နာလွန်း၍ Ray ငိုသံပင်ပါသည်။
"ခဏလေးပဲ....babe.....
ချစ်တယ်......"
နောက်နေ့မထနိုင်မည်စိုး၍ Jasper တစ်ကြိမ်နှင့်သာကျေနပ်ခဲ့ရလေသည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
လပြည့်နေ့ဖြစ်သည့်အတွက် ဘုန်းကြီးကျောငး်တွင်ပင် ကုသိုလ်ယူသူများဖြင့်စည်ကားနေသည်။
Ray တို့အားလုံးလည်း ဘုန်းကြီးကျောင်းလာသူများကို အချိုရည်ဘူးများလိုက်ဝေကြသည်။
နေ့လည်ပိုင်းခြံထဲပြန်ရောက်တော့ အားလုံးရေမိုးချိုးပြီးခဏနားကြသည်။
Mr.Cinn နှင့် ဦးနေမင်းခကိုကန်တော့ကာ မုန့်ဖိုးတောင်းကြသေးသည်။
"Paw. Daddy..."
"ဒီမှာထိုင်...."
သူတို့လက်ကိုဆွဲကာ သားနှင့်သမီးက ခုံမှာအတင်းထိုင်ခိုင်းကြသည်။
Ray နှင့် Jasper ကြောင်တောင်တောင်နှင့်ထိုင်လိုက်ကြတော့ သူတို့အရှေ့မှာ သားနှင့်သမီးက လက်အုပ်ကလေးချီကာကန်တော့ကြလေသည်။
သူတို့နှစ်ယောက်လုံး အံ့ဩစွာမျက်ရည်ကျရပြီး ဖေဖေတို့အားလုံးကတော့ပြုံးနေကြသည်။
"Khun Paw kurp ....
အရင်တုန်းက သား Paw အပေါ် မလေးမစားလုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်....
ပြီးတော့ သားအတွက် ညီမလေးရအောင် လုပ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်...."
Jasper ခေါင်းငြိမ့်ကာ မျက်ရည်တွေကိုသုတ်ရင်းပြုံးလေသည်။
"Cassie ကိုမွေးပေးလို့ ကျေးဇူးတင်ပါတယ် Daddy နဲ့ Paw...."
"Daddy ကလည်း ကျေးဇူးတင်ပါတယ်နော်...
Daddy ရဲ့လိမ္မာတဲ့သားလေးသမီးလေးတွေအဖြစ်မွေးဖွားလာကြလို့...."
"Paw kurp....Daddy kurp....
အများကြီးချစ်ပါတယ်......"
မောင်နှစ်မနှစ်ယောက် သံပြိုင်ပြောကာ သူတို့နှစ်ယောက်ကိုလာဖက်ကြပြီး မျက်ရည်တွေကို လက်သေးသေးလေးတွေနှင့် သုတ်ပေးကြသည်။
မှောင်ရိပ်အနည်းငယ်သန်းလာသည်နှင့် ဆီမီးနှင့် မီးပုံးကလေးများကို စတင်ထွန်းညှိကြသည်။
ခြံထဲကကလေးငယ်များမီးသရဲ ဆော့ကြသည်ကို သားနှင့်သမီးအပါအဝင် First တို့ကပါ စိတ်ဝင်တစားသွားကြည့်ကြသေးသည်။
မီးတောက်ကြီးထလာလျှင် အော်ပြီးပြေးကြသည်။
ဖေဖေ ဝယ်ပေးထားသည့် မီးပန်းများကိုဆော့ရင်း နားပိတ်ကာဗြောက်တွေအပြိုင်ဖောက်ကြသည်။
ညတဖြည်းဖြည်းနက်လာပြီး လပြည့်ဝန်းကြီးပီသစွာ လင်းထိန်လာချိန်တွင်တော့ မီးပုံးပျံလွှတ််ကြတော့သည်။
အမြင့်ကိုတရွေ့ရွေ့တက်သွားသော မီးပုံးပျံလေးများက သူတို့ရဲ့ဆုတောင်းတွေကိုသယ်ဆောင်သွားလေသည်။
သူတောင်းတဲ့ဆုကတော့ တစ်ခုတည်းပါ....
သူတို့မိသားစုလေး ဒီအတိုင်းလေးပဲပျော်ရွှင်နေပါရစေ......
Jas လည်းသူနှင့် ထပ်တူညီစွာပင် တောင်းဆုပြုခဲ့လေသည်။
ဒီနေ့ညလည်း အဖိုးတွေနဲ့သာ သားနှင့်သမီးက သွားအိပ်သောကြောင့် Jasper ရဲ့ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို Ray ချွဲနွဲ့ခွင့်ရပြန်သည်။
"ချစ်တယ် Jas...."
"ချစ်တယ် babe...."
နွေးထွေးသော နဖူးပြင်ပေါ်ကျရောက်လာသည့် အနမ်းလေးကို သိမ်းဆည်းကာ အိမ်မက်ထဲအထိခေါ်ဆောင်သွားပေတော့မည်။
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
(AN: Surprise!!!!!😁
မနက်ဖြန် 24 ကကိုယ့်မွေ့နေ့မို့ ရေးမိရေးရာရေးတင်ပြီး surprise လာလုပ်တာ....
မိသားစုထဲကအကြီးတွေ အမျိုးတွေကို လိုက်ကန်တော့ပြီး မုန့်ဖိုးတောင်းဖို့သတိမေ့နေကြမှာစိုးလို့လာသတိပေးတာသိလား 😂😂😂
The Promise လေးကို Library ထဲကတောင်ထုတ်လိုက်ကြပြီလားမသိ.........)
******************************
Zawgyi
"Welcome To Pyin Oo Lwin"
"Daddy kurp...... Cassie ရော....."
မကြီးမငယ်နှင့် ကလေးတွေနှင့်အပြိုင် နှုတ်ခမ်းကြီးထော်ကာ သူ့ကိုလာချွဲနေသည့် Jasper့ ကို Ray မျက်စောင်းထိုးလိုက်သည်။
Jasper့ နည်းတူ နှုတ်ခမ်းစူပြီးပြောလာသည့် ယောက္ခထီးကြီးကြောင့် Ray ကြောင်အသွားရာ အားလုံးရယ်ကြလေသည်။
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"ဖေဖေ"
"ဟုတ်!!"
တစ်သံတည်းဖြေသည့် သားနှင့်သမီး၏ ပါးပြင်လေးတွေကိုဖေဖေက အားရအောင်နမ်းတော့သည်။
"အေးလိုက်တာ....."
"နွေးသွားပြီ......"
Ray ဖက်ထားသည့် Jasper့ လက်တွေကိုဆုပ်ကိုင်လိုက်သည်။
"Jas......"
"ဟင်...."
"ဘာဟိုဟာလဲ...."
"ဟိုဟာလေ....."
"ဘာဟိုဟာလဲလို့...."
"ဟိုဟာဆိုမှပါကွာ.........
Jas နော်!!"
"Arr... ဟိုဟာလား.....
ကိုယ်မှတ်မိပြီ....."
"အဲ့တာကလေ......
"babe....ကိုယ်မရတော့ဘူး....."
"အွန်းးး!!
stop!....."
Jasper့ လက်မှရုန်းကာ Ray အော်လေသည်။
"ဘာဖြစ်လို့လဲ.......
babe ကလည်းကွာ.....
"တစ်ခါတည်းနော်...."
"အင်း..."
"အင်းပါဆို....."
"အ....အား.....နာတယ်.....Jas.....
နာတယ်လို့....."
"ခဏလေးပဲ....babe.....
ချစ်တယ်......"
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
လပြည့်နေ့ဖြစ်သည့်အတွက် ဘုန်းကြီးကျောင်းတွင်ပင် ကုသိုလ်ယူသူများဖြင့်စည်ကားနေသည်။
"Paw. Daddy..."
"ဒီမှာထိုင်...."
"Khun Paw kurp ....
"Paw kurp....Daddy kurp....
အများကြီးချစ်ပါတယ်......"
ညတဖြည်းဖြည်းနက်လာပြီး လပြည့်ဝန်းကြီးပီသစွာ လင်းထိန်လာချိန်တွင်တော့ မီးပုံးပျံလွှတ်ကြတော့သည်။
ဒီနေ့ညလည်း အဖိုးတွေနဲ့သာ သားနှင့်သမီးက သွားအိပ်သောကြောင့် Jasper့  ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို Ray ချွဲနွဲ့ခွင့်ရပြန်သည်။
"ချစ်တယ် Jas...."
"ချစ်တယ် babe...."
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
(AN: Surprise!!!!!😁
Bạn đang đọc truyện trên: Truyen247.Pro