Extra - Gift For Christmas
Unicode
ညဘက် Hotel မှာလုပ်မယ့် Christmas Party အတွက်အလုပ်ရှုပ်နေသည့် Jas ကိုသူတို့သားအဖသုံးယောက်ထိုင်ကြည့်နေလိုက်သည်။
Designer တွေယူလာသည့် ဝတ်စုံတွေကို သေချာလိုက်ရွေးနေတဲ့ Jas ကိုကြည့်ရင်းခေါင်းတောင်မူးလာသည်။
"babe ဒါလေးကသားနဲ့လိုက်မယ်ထင်တယ်..."
"အင်း..."
"သမီးအတွက် ဒီနှစ်ခုထဲကဘယ်ဟာလှလဲ
အနီလေးလား ခရမ်းရောင်လေးလား....
အနီလေးကပိုလှတယ်..."
သူဘာသာမေးသူ့ဘာသာဖြေနေသည့် လင်တော်မောင်.....
"Babe ကလည်းဒီအနီလေးဝတ်လိုက်နော်..."
မနက်ကတည်းကရွေးနေတာ နေ့လည်စာစားချိန်တောင်ကျော်နေခဲ့ပေမယ့် စိတ်တိုင်းမကျသေးပုံ....
"Jas...
နေ့လည်စာစားရအောင်...."
"ကိုယ်မဆာသေးဘူး...."
သူတို့အဖေကမစားသေးဘူးပြောတော့ သားနဲ့သမီးကလည်း မစားသေးဘူးဟုဆိုသည်။
ဗိုက်ဆာနေတာကို မစားဘူးပြောသည့် ဒီသားအဖသုံးယောက်ကို အမြင်ကကတ်လာသည်။
"သခင်ကြီး နေ့လည်စာအဆင်သင့်ဖြစ်ပါပြီ...."
"ဟိုသားအဖတွေ!
နေ့လည်စာလာစားကြ..."
"မဆာသေးပါဘူးဆို Daddy ကလည်း..."
"babe ဆာရင်စားနှင့်လေ..."
သူတို့မပါဘဲ ကိုယ်ကဘယ်လိုလုပ် မျိုကျပါ့မလဲ...
"အခုချက်ချင်းထကြနော်....
သုံးမိနစ်အတွင်းမထရင်
Jas တစ်လတိတိ အခန်းထဲလာမအိပ်နဲ့!
Emmat ဆိုင်ကယ်ပြန်သိမ်းမယ်!
Cassie piano ဆက်သင်မပေးတော့ဘူး!"
သူ့ခြိမ်းခြောက်မှုဆုံးသည်နှင့် သားအဖသုံးယောက် လုံးနေအောင်ပြေးလာကြသည်။
ဟွန်း....တစ်ခါတစ်လေတော့လည်း ဒီလိုမျိုးအကျပ်ကိုင်တဲ့နည်းကအကောင်းဆုံး....
သွားလေးတွေဖြီးရယ်ပြနေတဲ့ သားအဖသုံးယောက်လုံးက တစ်ပုံစံထဲ.....
တစ်ယောက်ကြိုက်တတ်တာကို တစ်ယောက်ပန်းကန်ထဲထည့်ပေးရင်း သူတို့ရဲ့နေ့လည်စာဝိုင်းလေးက စည်ကားပါသည်။
"Daddy"
"အင်း..."
"Uncle Jump တို့က Ken ကိုရောခေါ်လာမှာတဲ့လား..."
"အင်း ခေါ်လာမယ်ပြောတယ်....
ဘာလို့မေးတာလဲ....
Ken လေးကိုလွမ်းလို့လား..."
Ken ဆိုတာ Jump နဲ့ First ရဲ့တစ်ဦးတည်းသောသားလေး...
"မဟုတ်ပါဘူး....
လွမ်းစရာလား...
သူကသားကိုတွေ့ရင် ပီကေလိုလိုက်ကပ်နေတာကို...."
"ဟုတ်လို့လား... "
Ray မျက်လုံးကိုမှေးစင်းကာ Emmat ကိုမယုံကြည်သလိုကြည့်ရင်း ရယ်လေသည်။
"ဟိုတစ်နေ့ကကျောင်းမှာ Ken ဖက်နမ်းခံရသေးတယ်..."
"ဘာ!"
ထအော်သည့် Emmat ကြောင့် Cassie မှာ စားလက်စဇွန်းပင်ပြုတ်ကျကာ လန့်သွားလေသည်။
Cassie နဲ့ Ken ကကျောင်းအတူတူဖြစ်ပြီး Cassie က Ken ထက်တစ်တန်းကြီးသည်။
"ကိုကိုကလည်းအော်လိုက်တာ...."
"ဘယ်သူက Ken ကိုနမ်းတာလဲ!"
"ညီမလေးကြားတာတော့ Ken တို့အတန်းထဲက ကောင်မလေးတဲ့ နာမည်က Aim...."
တရှူးရှူးတရှားရှားနဲ့ သားရဲ့ပုံစံကြောင့် Ray နှင့် Jas မှာပါးစပ်အဟောင်းသား....
အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး လူပျိုပေါက်အရွယ်တောင်ရောက်နေပြီဖြစ်သည့် သူတို့သား Emmat ကပွေတယ်လို့နာမည်တွေထွက်သည်။
အိမ်ကိုလည်း ကောင်မလေးတွေမကြာခဏလာလည်တတ်ကြပြီး မေးလိုက်တိုင်း
"သားရည်းစားမဟုတ်ပါဘူး Daddy ရာ...
သားကသူတို့ကို ကြိုက်တယ်လို့တောင်မပြောဖူးဘူး သူတို့ဘာသာ သားရည်းစားဆိုပြီး နာမည်ယူနေကြတာ"
ဆိုပြီးအာရုံနောက်သလိုအမြဲပြန်ဖြေတတ်သူ...
စကားပြောတတ်ခါစအရွယ်ကတည်းက Ken လေးက Emmat ကိုခင်တွယ်သည်။
Emmat ကတော့ Ken လေးကိုသိပ်အရေးမပေးသလို နေပေမယ့် တကယ်တော့ အရမ်းဂရုစိုက်မှန်း မိဘဖြစ်တဲ့ သူတို့ကသိသည်။
Cassie ကလည်း Emmat ညီမပီသစွာ ကျောင်းကနေပြန်လာတိုင်း အိတ်ထဲမှာရည်းစားစာပေါင်းများစွာနဲ့...
သူနဲ့ Jas မှာလည်း သမီးအိတ်ထဲပါလာသည့် ရည်းစားစာတွေကိုဖတ်ရင်း နေ့တိုင်းမရိုးအောင်ရယ်နေရသည်။
ဒီနေ့ခေတ်ကလေးတွေများတကယ်မလွယ်ပါလား....
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ အဝတ်အစားလဲရင်း ဗိုက်မှ ခပ်ရေးရေးရှိနေသေးသည့် ချုပ်ရိုးရာ အမာရွတ်ကိုထိတွေ့ကြည့်မိသည်။
ဒါသမီးလေးကိုမွေးခဲ့တဲ့အမှတ်အသားပဲလေ....
ဘာလိုလိုနဲ့သူတို့အသက်တွေတောင် လေးဆယ်ပြည့်ခဲ့ပြီ...
နားလည်မှုနဲ့တည်ဆောက်ထားတဲ့သူနဲ့ Jas ရဲ့အိမ်ထောင်ရေးမှာ တစ်ခါတစ်လေ သဝန်တိုမှုနဲ့စိတ်ဆိုးစိတ်ကောက်ခြင်းတွေရှိနေဆဲပါ။
တစ်ချို့သော ပြင်ပတိုက်ခိုက်မှုလေးတွေရှိပေမယ့် မြဲမြံစွာဆုပ်ကိုင်ထားတဲ့သူတို့လက်တွေကို အားလျော့သွားအောင်မစွမ်းဆောင်နိုင်ကြ။
သားနဲ့သမီးကိုမေးကြည့်ခဲ့ဖူးပါတယ်
Daddy တို့လို အဖေနှစ်ယောက်ရဲ့ကလေးတွေဖြစ်ရတာကို ရှက်လားလို့...
သူတို့ရဲ့ရင်သွေးလေးတွေကပြန်ဖြေတယ်....
မရှက်ပါဘူး...
Daddy တို့ကသားတို့အတွက် ကမ္ဘာပေါ်မှာ ဂုဏ်ယူစရာအကောင်းဆုံးမိဘတွေပါတဲ့...
အရာရာပြည့်စုံတဲ့သူဆိုတာမရှိဘူးလို့ပြောကြတယ်...
တကယ်တော့ အဲ့စကားကမှားတယ်...
ချစ်ရတဲ့မိသားစုနဲ့ ပျော်ရွှင်စရာဘဝဟာ ပြည့်စုံတယ်ဆိုတာထက်ကိုပိုပါတယ်....
ဒီလိုဘဝမျိုးကိုပိုင်ဆိုင်ခွင့်ရတဲ့သူကိုယ်သူ ကံအကောင်းဆုံးလူသားဟုပဲ ကြွေးကြော်မည်...
P' Tin တို့အသင့်ပြင်ကာ စောင့်နေသည့် ကားပေါ်သူတို့သားအဖလေးယောက်တက်လိုက်သည်။
Jas ရွေးပေးထားသည့်အတိုင်း Ray က အနီရောင် suit နဲ့ Jas ကတော့ အနက်ရောင် suit ကိုမှ နီညိုရောင် coat တစ်ထည်နှင့်ဝတ်ဆင်ထားသည်။
သားကြီးကလည်း အနက်ရောင် suit နှင့် အနီရောင် bow လေးကလိုက်ဖက်စွာ...
သမီးငယ်ကတော့ အနီရဲရဲ ဂါဝန်ရှည်နှင့် ကျော့ရှင်းစွာ.....
မီးရောင်စုံ အလှဆင်ထားသည့် သစ်ပင်များနှင့် hotel ဆီရောက်တော့ သားကြီးရဲ့လက်မောင်းကို သမီးငယ်ကချိတ်ကာအရှေ့မှဆင်းသွားတော့ အနောက်မှ Ray လည်း ကွေးပေးထားသည့် Jasper လက်မောင်းကိုချိတ်လိုက်သည်။
Party ထဲဝင်ဝင်ချင်း ဝန်ထမ်းများကဦးညွှတ်ကာအရိုအသေပေးသည်။
Heater တွေဖွင့်ထားသည့် ခန်းမက အပြင်ကလိုမအေးတော့ အပေါ်ထပ် coat တွေကိုချွတ်လိုက်ကြသည်။
"ငါးမြေးတွေ..."
"အဖိုး!"
Santa ဝတ်စုံကြီးနှင့် မုတ်ဆိတ်အဖြူတွေတပ်ထားသူက သူ့ယောက္ခထီးကြီး Mr. Cinn
"Daddy ကတော့လုပ်ချလိုက်ပြန်ပြီ...
တစ်မျိုးပြီးတစ်မျိုးမရိုးအောင်ပဲ...."
Jasper ရဲ့စကားကြောင့် Ray ရယ်မိလေသည်။
ဖိတ်ထားသည့် လုပ်ဖော်ကိုင်ဖက် ရင်နှီးသည့်မိတ်ဆွေများရောက်လာတော့ Ray နှင့် Jas ဧည့်သည်များနှင့်စကားပြောရင်းမအားနိုင်သလို ရွှေမင်းသားနဲ့ မင်းသမီးလေးဖြစ်နေသည့် သားနဲ့သမီးအနားမှာလည်း စကားပြောလာနှုတ်ဆက်သူများက အများအပြား...
"P' Ray..."
"ရောက်လာကြပြီလား..."
"Sawadee Kurp Daddy Ray"
"Sawadee Ken...
ဒီနေ့လည်းအရမ်းချစ်စရာကောင်းနေတယ်နော်..."
"ကျေးဇူးတင်ပါတယ်ဗျ..."
Jump နဲ့ First ရဲ့လက်ကိုကိုင်ကာ သူနှင့်စကားပြောနေသည့် Ken လေးကသွက်လက်စွာ ချစ်စရာကောင်းသည်။
"P' Emmat!"
"Ken မပြေးနဲ့လေ.."
အဖေနှစ်ယောက်လက်ကို လွှတ်ကာ Emmat ဆီကိုဝမ်းသာအားရပြေးသွားသော Ken ကိုကြည့်ရင်း Ray နှင့် Jas တစ်ယောက်ကိုတစ်ယောက်မျက်ခုံးပင့်ပြမိသည်။
Alcohol မပါသည့် ရှန်ပိန်ခွက်လေးတွေကိုယ်စီနှင့် သားနဲ့သမီးက သူတို့နှစ်ယောက်ထက်တောင် smart ကျနေသလို...
"Marry Christmas P' Emmat...."
သားကြီးလက်ကိုဆွဲကာ အတင်းခေါင်းငုံ့ခိုင်းပြီး ပါးကိုနမ်းသည့် Ken, .....
"ဒါက P' အတွက်လက်ဆောင်..."
သူ့ဘာသာပေးသူဘာသာသဘောကျနေသည့် Ken နှင့် ရှက်ကိုးရှက်ကန်း သားကြီးကြောင့် Ray နှင့် Jump တို့မှာလည်း အိုးတို့အန်းတန်းရယ်ကြလေသည်။
Win နဲ့ Wine တို့ကလည်း သူတို့သမီးလေး Loy နှင့်အတူရောက်လာကြသည်။
Loy က Wine နှင့်တူကာ ပုလုံးလုံးလေးဖြစ်ပြီးစပ်စလူးအဖေအမေလိုမဟုတ် အနေအေးသည်။
လက်ဆောင်တွေပေးကြ ကကြနှင့် ကလေးလူကြီး အားလုံး ပျော်ရွှင်စွာ....
New year အတွက် နိုင်ငံခြားခရီးစဉ်တွေကို လက်ဆောင်အဖြစ် ဝန်ထမ်းတွေကိုလည်မဲဖောက်ပေးသည်။
ပြန်ချင်ပြီဆိုသော သားနဲ့သမီး အရင်ပြန်ခိုင်းလိုက်ကာ သူတို့ကတော့ အားလုံးပြီးမှ အိမ်ပြန်ကြသည်။
"Babe ကိုယ့်အတွက်လက်ဆောင်ကရော..."
သားနဲ့သမီးအပါအဝင် အကုန်လုံးကိုသူလက်ဆောင်ပေးသောကြောင့် အပြန်ကားပေါ်မှာ Jas ကမကြည်ဘဲ ရစ်တော့သည်။
"Jas ကဘာလိုချင်လို့လဲ..."
"ကိုယ့်အတွက်မဝယ်ရသေးဘူးလား..."
ဟုတ်တယ်...
သူတခြားကိစ္စတွေ စီစဉ်ရတာနဲ့ အလုပ်ရှုပ်ပြီး
Jas အတွက်ကို မေ့နေတာ....
လင်တော်မောင်ကောက်တော်မူတော့မည့်အရေးကိုတွေးပြီး ရင်လေးသောကြောင့် လုပ်နေကျအတိုင်း ဦးနှောက်ကို အမြန်စဉ်းစားခိုင်းရသည်။
"babe!
ဘယ်မှာလဲ ကိုယ့်အတွက်က...."
"ဒီမှာလေ..."
"ဘယ်မှာလဲ..."
လက်ဆောင်လှည့်ပတ်ရှာနေသူရဲ့ လည်တိုင်ကို သူချိတ်တွယ်လိုက်သည်။
"ဒီမှာလေ....
babe လေ...."
ရုပ်တည်ကြီးနဲ့အတန်ကြာအောင် သူကိုကြည့်နေခဲ့ပြီးမှ သွားကြီးဖြီးပြလာသူ....
"သေချာလား..."
လူယုတ်မာသံနှင့်မေးခွန်းကြောင့် မသိစိတ်ကလှုံ့ဆော်မှုနှင့် ကြက်သီးတွေကဖြင်းကနဲ.....
Style pant ထဲက အင်္ကျီကိုဆွဲထုတ်ကာ လျှိုဝင်လာသည့် Jasper၏ လက်တွေကို Ray အမြန်ဖမ်းလိုက်ပြီး ခေါင်းယမ်းရင်း ကားမောင်းနေသည့် P' Tin ကိုမေးငေါ့ပြလိုက်သည်။
နောက်ကြည့်မှန်ကနေ သူတို့ကိုမြင်နေရတော့ P' Tin မှာ တဟွတ်ဟွတ် ချောင်းတွေဆိုးပြရင်း အရှေ့ကိုတောင်ကောင်းကောင်းမကြည့်နိုင်...
"အိမ်ရောက်မှလေ...."
"စရန်ပေး...."
"စရန်?"
နှုတ်ခမ်းကြီးစူပြနေသည့် Jas ၏ဆိုလိုချင်သည်ကိုသဘောပေါက်စွာ ဖြတ်ကနဲ နမ်းပေးလိုက်သည်။
သားနဲ့သမီးအခန်းကို အိပ်ခါနီးသွားကြည့်တော့ Emmat က Ken လေးနှင့် ဖုန်းပြောရင်း ပြုံးနေသောကြောင့် တံခါးကိုအသာလေးပြန်စေ့ပေးထားလိုက်သည်။
Cassie လေးကတော့ piano သီချင်းတစ်ခွေကိုဖွင့်ထားပြီး အရုပ်တွေကြားမှာအိပ်ပျော်နေသည်။
Jas ကသမီးကိုကုတင်ပေါ်ပွေ့ကာရွေ့ပေးတော့ Ray သီချင်းအခွေကိုပိတ်လိုက်သည်။
"Jump တို့နဲ့ ကိုယ်တို့ ခမည်းခမက်တော်ရတော့မယ်ထင်တယ်..."
"အင်း...
ဟုတ်တယ်...."
"ဒါနဲ့ကိုယ်ခုနကတည်းကစဉ်းစားနေတာ...
ကိုယ်တို့သားက T လား B လား...
အား....! babe...."
Jas ရဲ့ဗိုက်ကို Ray လိမ်ဆွဲပစ်လိုက်သည်။
"သူတို့ဘာသာ ဖြူဖြူစင်စင်နေတဲ့ကလေးတွေကို T နဲ့ B ခွဲနေစရာလား....
နှာဘူးကြီးရဲ့...."
"ဒီနှာဘူးကြီးကိုပဲ ချစ်မဝဘူးမလား..."
"ဘယ်သူကချစ်လို့လဲ..!"
"နှုတ်ခမ်းလေးက စူနေတာများ..
အလိုက်သိသားပဲ...
မစောင့်နိုင်တော့ဘူး....
ကိုယ့်ရဲ့ လက်ဆောင်ဘူးလေးကိုဖွင့်ကြည့်တော့မယ်..."
ပြောပြောဆိုဆို သူ့ကိုပွေ့ချီလိုက်သည့် Jas...
အနီရောင်လက်ဆောင်ဘူးလေးကို စိတ်လှုပ်ရှားစွာ တစ်လွှာချင်း ဖွင့်နေသူ....
မကြာခင်ဆံပင်ဖြူတော့မယ့် ကျွန်တော်တို့လို အဖိုးကြီးတွေလည်း ro တတ်ပါတယ်....
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
(AN: ပေါ်တော်မူကြီးလာပါပြီ 😁
လက်ဆေင်လာပေးတာ 🎁🎁
သွားတော့မယ်
အားလုံးပဲ Marry Christmas ပါ😘😘)
******************************
Zawgyi
ညဘက္ Hotel မွာလုပ္မယ့္ Christmas Party အတြက္အလုပ္႐ႈပ္ေနသည့္ Jas ကိုသူတို႔သားအဖသုံးေယာက္ထိုင္ၾကည့္ေနလိုက္သည္။
Designer ေတြယူလာသည့္ ဝတ္စုံေတြကို ေသခ်ာလိုက္ေရြးေနတဲ့ Jas ကိုၾကည့္ရင္းေခါင္းေတာင္မူးလာသည္။
"babe ဒါေလးကသားနဲ႔လိုက္မယ္ထင္တယ္..."
"အင္း..."
"သမီးအတြက္ ဒီႏွစ္ခုထဲကဘယ္ဟာလွလဲ
အနီေလးလား ခရမ္းေရာင္ေလးလား....
အနီေလးကပိုလွတယ္..."
သူဘာသာေမးသူ႔ဘာသာေျဖေနသည့္ လင္ေတာ္ေမာင္.....
"Babe ကလည္းဒီအနီေလးဝတ္လိုက္ေနာ္..."
မနက္ကတည္းကေရြးေနတာ ေန႔လည္စာစားခ်ိန္ေတာင္ေက်ာ္ေနခဲ့ေပမယ့္ စိတ္တိုင္းမက်ေသးပုံ....
"Jas...
ေန႔လည္စာစားရေအာင္...."
"ကိုယ္မဆာေသးဘူး...."
သူတို႔အေဖကမစားေသးဘူးေျပာေတာ့ သားနဲ႔သမီးကလည္း မစားေသးဘူးဟုဆိုသည္။
ဗိုက္ဆာေနတာကို မစားဘူးေျပာသည့္ ဒီသားအဖသုံးေယာက္ကို အျမင္ကကတ္လာသည္။
"သခင္ႀကီး ေန႔လည္စာအဆင္သင့္ျဖစ္ပါၿပီ...."
"ဟိုသားအဖေတြ!
ေန႔လည္စာလာစားၾက..."
"မဆာေသးပါဘူးဆို Daddy ကလည္း..."
"babe ဆာရင္စားႏွင့္ေလ..."
သူတို႔မပါဘဲ ကိုယ္ကဘယ္လိုလုပ္ မ်ိဳက်ပါ့မလဲ...
"အခုခ်က္ခ်င္းထၾကေနာ္....
သုံးမိနစ္အတြင္းမထရင္
Jas တစ္လတိတိ အခန္းထဲလာမအိပ္နဲ႔!
Emmat ဆိုင္ကယ္ျပန္သိမ္းမယ္!
Cassie piano ဆက္သင္မေပးေတာ့ဘူး!"
သူ႔ၿခိမ္းေျခာက္မႈဆုံးသည္ႏွင့္ သားအဖသုံးေယာက္ လုံးေနေအာင္ေျပးလာၾကသည္။
ဟြန္း....တစ္ခါတစ္ေလေတာ့လည္း ဒီလိုမ်ိဳးအက်ပ္ကိုင္တဲ့နည္းကအေကာင္းဆုံး....
သြားေလးေတြၿဖီးရယ္ျပေနတဲ့ သားအဖသုံးေယာက္လုံးက တစ္ပုံစံထဲ.....
တစ္ေယာက္ႀကိဳက္တတ္တာကို တစ္ေယာက္ပန္းကန္ထဲထည့္ေပးရင္း သူတို႔ရဲ႕ေန႔လည္စာဝိုင္းေလးက စည္ကားပါသည္။
"Daddy"
"အင္း..."
"Uncle Jump တို႔က Ken ကိုေရာေခၚလာမွာတဲ့လား..."
"အင္း ေခၚလာမယ္ေျပာတယ္....
ဘာလို႔ေမးတာလဲ....
Ken ေလးကိုလြမ္းလို႔လား..."
Ken ဆိုတာ Jump နဲ႔ First ရဲ႕တစ္ဦးတည္းေသာသားေလး...
"မဟုတ္ပါဘူး....
လြမ္းစရာလား...
သူကသားကိုေတြ႔ရင္ ပီေကလိုလိုက္ကပ္ေနတာကို...."
"ဟုတ္လို႔လား... "
Ray မ်က္လုံးကိုေမွးစင္းကာ Emmat ကိုမယုံၾကည္သလိုၾကည့္ရင္း ရယ္ေလသည္။
"ဟိုတစ္ေန႔ကေက်ာင္းမွာ Ken ဖက္နမ္းခံရေသးတယ္..."
"ဘာ!"
ထေအာ္သည့္ Emmat ေၾကာင့္ Cassie ့မွာ စားလက္စဇြန္းပင္ျပဳတ္က်ကာ လန္႔သြားေလသည္။
Cassie နဲ႔ Ken ကေက်ာင္းအတူတူျဖစ္ၿပီး Cassie က Ken ထက္တစ္တန္းႀကီးသည္။
"ကိုကိုကလည္းေအာ္လိုက္တာ...."
"ဘယ္သူက Ken ့ကိုနမ္းတာလဲ!"
"ညီမေလးၾကားတာေတာ့ Ken တို႔အတန္းထဲက ေကာင္မေလးတဲ့ နာမည္က Aim...."
တ႐ွဴး႐ွဴးတ႐ွား႐ွားနဲ႔ သားရဲ႕ပုံစံေၾကာင့္ Ray ႏွင့္ Jas မွာပါးစပ္အေဟာင္းသား....
အထက္တန္းေက်ာင္းသားတစ္ေယာက္ျဖစ္ၿပီး လူပ်ိဳေပါက္အရြယ္ေတာင္ေရာက္ေနၿပီျဖစ္သည့္ သူတို႔သား Emmat ကေပြတယ္လို႔နာမည္ေတြထြက္သည္။
အိမ္ကိုလည္း ေကာင္မေလးေတြမၾကာခဏလာလည္တတ္ၾကၿပီး ေမးလိုက္တိုင္း
"သားရည္းစားမဟုတ္ပါဘူး Daddy ရာ...
သားကသူတို႔ကို ႀကိဳက္တယ္လို႔ေတာင္မေျပာဖူးဘူး သူတို႔ဘာသာ သားရည္းစားဆိုၿပီး နာမည္ယူေနၾကတာ"
ဆိုျပီးအာ႐ုံေနာက္သလိုအျမဲျပန္ေျဖတတ္သူ...
စကားေျပာတတ္ခါစအရြယ္ကတည္းက Ken ေလးက Emmat ကိုခင္တြယ္သည္။
Emmat ကေတာ့ Ken ေလးကိုသိပ္အေရးမေပးသလို ေနေပမယ့္ တကယ္ေတာ့ အရမ္းဂ႐ုစိုက္မွန္း မိဘျဖစ္တဲ့ သူတို႔ကသိသည္။
Cassie ကလည္း Emmat ညီမပီသစြာ ေက်ာင္းကေနျပန္လာတိုင္း အိတ္ထဲမွာရည္းစားစာေပါင္းမ်ားစြာနဲ႔...
သူနဲ႔ Jas မွာလည္း သမီးအိတ္ထဲပါလာသည့္ ရည္းစားစာေတြကိုဖတ္ရင္း ေန႔တိုင္းမ႐ိုးေအာင္ရယ္ေနရသည္။
ဒီေန႔ေခတ္ကေလးေတြမ်ားတကယ္မလြယ္ပါလား....
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ကိုယ္လုံးေပၚမွန္ႀကီးေ႐ွ႕မွာ အဝတ္အစားလဲရင္း ဗိုက္မွ ခပ္ေရးေရး႐ွိေနေသးသည့္ ခ်ဳပ္႐ိုးရာ အမာရြတ္ကိုထိေတြ႔ၾကည့္မိသည္။
ဒါသမီးေလးကိုေမြးခဲ့တဲ့အမွတ္အသားပဲေလ....
ဘာလိုလိုနဲ႔သူတို႔အသက္ေတြေတာင္ ေလးဆယ္ျပည့္ခဲ့ၿပီ...
နားလည္မႈနဲ႔တည္ေဆာက္ထားတဲ့သူနဲ႔ Jas ရဲ႕အိမ္ေထာင္ေရးမွာ တစ္ခါတစ္ေလ သဝန္တိုမႈနဲ႔စိတ္ဆိုးစိတ္ေကာက္ျခင္းေတြ႐ွိေနဆဲပါ။
တစ္ခ်ိဳ႕ေသာ ျပင္ပတိုက္ခိုက္မႈေလးေတြ႐ွိေပမယ့္ ျမဲျမံစြာဆုပ္ကိုင္ထားတဲ့သူတို့လက္ေတြကို အားေလ်ာ့သြားေအာင္မစြမ္းေဆာင္ႏိုင္ၾက။
သားနဲ႔သမီးကိုေမးၾကည့္ခဲ့ဖူးပါတယ္
Daddy တ႔ိုလို အေဖႏွစ္ေယာက္ရဲ႕ကေလးေတြျဖစ္ရတာကို ႐ွက္လားလို႔...
သူတို႔ရဲ႕ရင္ေသြးေလးေတြကျပန္ေျဖတယ္....
မ႐ွက္ပါဘူး...
Daddy တို႔ကသားတို႔အတြက္ ကမာၻေပၚမွာ ဂုဏ္ယူစရာအေကာင္းဆုံးမိဘေတြပါတဲ့...
အရာရာျပည့္စုံတဲ့သူဆိုတာမ႐ွိဘူးလို႔ေျပာၾကတယ္...
တကယ္ေတာ့ အဲ့စကားကမွားတယ္...
ခ်စ္ရတဲ့မိသားစုနဲ႔ ေပ်ာ္ရႊင္စရာဘဝဟာ ျပည့္စုံတယ္ဆိုတာထက္ကိုပိုပါတယ္....
ဒီလိုဘဝမ်ိဳးကိုပိုင္ဆိုင္ခြင့္ရတဲ့သူကိုယ္သူ ကံအေကာင္းဆုံးလူသားဟုပဲ ေႂကြးေၾကာ္မည္...
P' Tin တို႔အသင့္ျပင္ကာ ေစာင့္ေနသည့္ ကားေပၚသူတို႔သားအဖေလးေယာက္တက္လိုက္သည္။
Jas ေရြးေပးထားသည့္အတိုင္း Ray က အနီေရာင္ suit နဲ႔ Jas ကေတာ့ အနက္ေရာင္ suit ကိုမွ နီညိဳေရာင္ coat တစ္ထည္ႏွင့္ဝတ္ဆင္ထားသည္။
သားႀကီးကလည္း အနက္ေရာင္ suit ႏွင့္ အနီေရာင္ bow ေလးကလိုက္ဖက္စြာ...
သမီးငယ္ကေတာ့ အနီရဲရဲ ဂါဝန္႐ွည္ႏွင့္ ေကၽာ႔႐ွင္းစြာ.....
မီးေရာင္စုံ အလွဆင္ထားသည့္ သစ္ပင္မ်ားႏွင့္ hotel ဆီေရာက္ေတာ့ သားႀကီးရဲ႕လက္ေမာင္းကို သမီးငယ္ကခ်ိတ္ကာအေ႐ွ႕မွဆင္းသြားေတာ့ အေနာက္မွ Ray လည္း ေကြးေပးထားသည့္ Jasper လက္ေမာင္းကိုခ်ိတ္လိုက္သည္။
Party ထဲဝင္ဝင္ခ်င္း ဝန္ထမ္းမ်ားကဦးၫႊတ္ကာအ႐ိုအေသေပးသည္။
Heater ေတြဖြင့္ထားသည့္ ခန္းမက အျပင္ကလိုမေအးေတာ့ အေပၚထပ္ coat ေတြကိုခြၽတ္လိုက္ၾကသည္။
"ငါးေျမးေတြ..."
"အဖိုး!"
Santa ဝတ္စုံႀကီးႏွင့္ မုတ္ဆိတ္အျဖဴေတြတပ္ထားသူက သူ႔ေယာကၡထီးႀကီး Mr. Cinn
"Daddy ကေတာ့လုပ္ခ်လိုက္ျပန္ၿပီ...
တစ္မ်ိဳးၿပီးတစ္မ်ိဳးမ႐ိုးေအာင္ပဲ...."
Jasper ရဲ႕စကားေၾကာင့္ Ray ရယ္မိေလသည္။
ဖိတ္ထားသည့္ လုပ္ေဖာ္ကိုင္ဖက္ ရင္ႏွီးသည့္မိတ္ေဆြမ်ားေရာက္လာေတာ့ Ray ႏွင့္ Jas ဧည့္သည္မ်ားႏွင့္စကားေျပာရင္းမအားႏိုင္သလို ေရႊမင္းသားနဲ႔ မင္းသမီးေလးျဖစ္ေနသည့္ သားနဲ႔သမီးအနားမွာလည္း စကားေျပာလာႏႈတ္ဆက္သူမ်ားက အမ်ားအျပား...
"P' Ray..."
"ေရာက္လာၾကၿပီလား..."
"Sawadee Kurp Daddy Ray"
"Sawadee Ken...
ဒီေန႔လည္းအရမ္းခ်စ္စရာေကာင္းေနတယ္ေနာ္..."
"ေက်းဇူးတင္ပါတယ္ဗ်..."
Jump နဲ႔ First ရဲ႕လက္ကိုကိုင္ကာ သူႏွင့္စကားေျပာေနသည့္ Ken ေလးကသြက္လက္စြာ ခ်စ္စရာေကာင္းသည္။
"P' Emmat!"
"Ken မေျပးနဲ႔ေလ.."
အေဖႏွစ္ေယာက္လက္ကို လႊတ္ကာ Emmat ဆီကိုဝမ္းသာအားရေျပးသြားေသာ Ken ကိုၾကည့္ရင္း Ray ႏွင့္ Jas တစ္ေယာက္ကိုတစ္ေယာက္မ်က္ခုံးပင့္ျပမိသည္။
Alcohol မပါသည့္ ႐ွန္ပိန္ခြက္ေလးေတြကိုယ္စီႏွင့္ သားနဲ႔သမီးက သူတို႔ႏွစ္ေယာက္ထက္ေတာင္ smart က်ေနသလို...
"Marry Christmas P' Emmat...."
သားႀကီးလက္ကိုဆြဲကာ အတင္းေခါင္းငုံ႔ခိုင္းၿပီး ပါးကိုနမ္းသည့္ Ken, .....
"ဒါက P' အတြက္လက္ေဆာင္..."
သူ႔ဘာသာေပးသူဘာသာသေဘာက်ေနသည့္ Ken ႏွင့္ ႐ွက္ကိုး႐ွက္ကန္း သားႀကီးေၾကာင့္ Ray ႏွင့္ Jump တို႔မွာလည္း အိုးတို႔အန္းတန္းရယ္ၾကေလသည္။
Win နဲ႔ Wine တို႔ကလည္း သူတို႔သမီးေလး Loy ႏွင့္အတူေရာက္လာၾကသည္။
Loy က Wine ႏွင့္တူကာ ပုလုံးလုံးေလးျဖစ္ၿပီးစပ္စလူးအေဖအေမလိုမဟုတ္ အေနေအးသည္။
လက္ေဆာင္ေတြေပးၾက ကၾကႏွင့္ ကေလးလူႀကီး အားလုံး ေပ်ာ္ရႊင္စြာ....
New year အတြက္ ႏိုင္ငံျခားခရီးစဥ္ေတြကို လက္ေဆာင္အျဖစ္ ဝန္ထမ္းေတြကိုလည္မဲေဖာက္ေပးသည္။
ျပန္ခ်င္ၿပီဆိုေသာ သားနဲ႔သမီး အရင္ျပန္ခိုင္းလိုက္ကာ သူတို႔ကေတာ့ အားလုံးၿပီးမွ အိမ္ျပန္ၾကသည္။
"Babe ကိုယ့္အတြက္လက္ေဆာင္ကေရာ..."
သားနဲ႔သမီးအပါအဝင္ အကုန္လုံးကိုသူလက္ေဆာင္ေပးေသာေၾကာင့္ အျပန္ကားေပၚမွာ Jas ကမၾကည္ဘဲ ရစ္ေတာ့သည္။
"Jas ကဘာလိုခ်င္လို႔လဲ..."
"ကိုယ့္အတြက္မဝယ္ရေသးဘူးလား..."
ဟုတ္တယ္...
သူတျခားကိစၥေတြ စီစဥ္ရတာနဲ႔ အလုပ္႐ႈပ္ၿပီး
Jas အတြက္ကို ေမ့ေနတာ....
လင္ေတာ္ေမာင္ေကာက္ေတာ္မူေတာ့မည့္အေရးကိုေတြးၿပီး ရင္ေလးေသာေၾကာင့္ လုပ္ေနက်အတိုင္း ဦးေႏွာက္ကို အျမန္စဥ္းစားခိုင္းရသည္။
"babe!
ဘယ္မွာလဲ ကိုယ့္အတြက္က...."
"ဒီမွာေလ..."
"ဘယ္မွာလဲ..."
လက္ေဆာင္လွည့္ပတ္႐ွာေနသူရဲ႕ လည္တိုင္ကို သူခ်ိတ္တြယ္လိုက္သည္။
"ဒီမွာေလ....
babe ေလ...."
႐ုပ္တည္ႀကီးနဲ႔အတန္ၾကာေအာင္ သူကိုၾကည့္ေနခဲ့ၿပီးမွ သြားႀကီးၿဖီးျပလာသူ....
"ေသခ်ာလား..."
လူယုတ္မာသံႏွင့္ေမးခြန္းေၾကာင့္ မသိစိတ္ကလႈံ႔ေဆာ္မႈႏွင့္ ၾကက္သီးေတြကျဖင္းကနဲ.....
Style pant ထဲက အက်ႌကိုဆြဲထုတ္ကာ လ်ိႈဝင္လာသည့္ Jasper ့ လက္ေတြကို Ray အျမန္ဖမ္းလိုက္ၿပီး ေခါင္းယမ္းရင္း ကားေမာင္းေနသည့္ P' Tin ကိုေမးေငါ့ျပလိုက္သည္။
ေနာက္ၾကည့္မွန္ကေန သူတို႔ကိုျမင္ေနရေတာ့ P' Tin မွာ တဟြတ္ဟြတ္ ေခ်ာင္းေတြဆိုးျပရင္း အေ႐ွ႕ကိုေတာင္ေကာင္းေကာင္းမၾကည့္ႏိုင္...
"အိမ္ေရာက္မွေလ...."
"စရန္ေပး...."
"စရန္?"
ႏႈတ္ခမ္းႀကီးစူျပေနသည့္ Jas ၏ဆိုလိုခ်င္သည္ကိုသေဘာေပါက္စြာ ျဖတ္ကနဲ နမ္းေပးလိုက္သည္။
သားနဲ႔သမီးအခန္းကို အိပ္ခါနီးသြားၾကည့္ေတာ့ Emmat က Ken ေလးႏွင့္ ဖုန္းေျပာရင္း ျပဳံးေနေသာေၾကာင့္ တံခါးကိုအသာေလးျပန္ေစ့ေပးထားလိုက္သည္။
Cassie ေလးကေတာ့ piano သီခ်င္းတစ္ေခြကိုဖြင့္ထားၿပီး အ႐ုပ္ေတြၾကားမွာအိပ္ေပ်ာ္ေနသည္။
Jas ကသမီးကိုကုတင္ေပၚေပြ႔ကာေရြ႔ေပးေတာ့ Ray သီခ်င္းအေခြကိုပိတ္လိုက္သည္။
"Jump တို႔နဲ႔ ကိုယ္တို႔ ခမည္းခမက္ေတာ္ရေတာ့မယ္ထင္တယ္..."
"အင္း...
ဟုတ္တယ္...."
"ဒါနဲ႔ကိုယ္ခုနကတည္းကစဥ္းစားေနတာ...
ကိုယ္တို႔သားက T လား B လား...
အား....! babe...."
Jas ရဲ႕ဗိုက္ကို Ray လိမ္ဆြဲပစ္လိုက္သည္။
"သူတို႔ဘာသာ ျဖဴျဖဴစင္စင္ေနတဲ့ကေလးေတြကို T နဲ႔ B ခြဲေနစရာလား....
ႏွာဘူးႀကီးရဲ႕...."
"ဒီႏွာဘူးႀကီးကိုပဲ ခ်စ္မဝဘူးမလား..."
"ဘယ္သူကခ်စ္လို႔လဲ..!"
"ႏႈတ္ခမ္းေလးက စူေနတာမ်ား..
အလိုက္သိသားပဲ...
မေစာင့္ႏိုင္ေတာ့ဘူး....
ကိုယ့္ရဲ႕ လက္ေဆာင္ဘူးေလးကိုဖြင့္ၾကည့္ေတာ့မယ္..."
ေျပာေျပာဆိုဆို သူ႔ကိုေပြ႔ခ်ီလိုက္သည့္ Jas...
အနီေရာင္လက္ေဆာင္ဘူးေလးကို စိတ္လႈပ္႐ွားစြာ တစ္လႊာခ်င္း ဖြင့္ေနသူ....
မၾကာခင္ဆံပင္ျဖဴေတာ့မယ့္ ကြၽန္ေတာ္တို႔လို အဖိုးႀကီးေတြလည္း ro တတ္ပါတယ္....
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹
(AN: ေပၚေတာ္မူႀကီးလာပါၿပီ 😁
လက္ေဆင္လာေပးတာ 🎁🎁
သြားေတာ့မယ္
အားလုံးပဲ Marry Christmas ပါ😘😘)
Bạn đang đọc truyện trên: Truyen247.Pro