Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

iii.

Zaw Gyi

' Daddy ဒါေလးကို ၾကည့္ၾကည့္ '

Jinတံုး တစ္ေယာက္ စာရြက္ေလး တစ္ရြက္ကို ေထာင္ျပရင္း အထူးအဆန္းလို ေျပာျပေနရွာသည္။

' ဒါေလးက သားတို ့အခန္းထဲမွာ ဆြဲခဲ႕တဲ႕ ပံုေလးေလ '

'အမ္ ေဩာ္ လွသားပဲ '

Jinရဲ႕ သူငယ္တန္းေက်ာင္းေလးကေန အျပန္လမ္းျဖစ္ျပီး Namjoonကေတာ့ ကားကိုသာ ဂရုစိုက္ ေမာင္းရင္း ျပန္ေျဖလိုက္တယ္။

' ဒါ သားတို ့မိသားစုရဲ႕ ပံုကို ဆြဲထားတာ '

Jin က ေျပာရင္း ဆိုရင္း ပန္းေရာင္ျခယ္ထားတဲ႕ ရုပ္ပံုေလးေတြကို ကိုင္ျပေနတယ္။

' ဒါက သားရဲ႕ပံု ။ သားကိုယ္က အၾကီးဆံုးပဲ ဘာလို ့လဲ ဆိုေတာ့ သားက အေရးၾကီးဆံုး လူေလ ။ ျပီးေတာ့ ဒီပံု က Yoongi .သူက အိပ္ေပ်ာ္ေနတဲ႕ပံုမို ့ ဒီလိုေဘးတေစာင္း ဆြဲထားတာ ။ အဲ႕ဒီ ကိုယ္ေရာင္ကိုယ္ဝါ ေတြ ေတာက္ပေနတာက Hobiေလ။ ျပီးေတာ့ ဒီကေလးေလး သံုးေယာက္က Jiminie.Taehyungie and Jungkookie တို ့ကို ဆြဲထားတာ ။ ဂါဝန္နဲ႕ တစ္ေယာက္က မာမီရဲ႕ပံု ။ သားဆြဲထားတာ မလွဘူးလားဟင္။? '

'ေဩာ္.....ေအး'

'Daddyက သားဆြဲထားတာလဲ မၾကည့္ဘူး '

Jinတံုး တစ္ေယာက္ သံရွည္ဆြဲကာ ျငီးျငဴျပီး ေရာက္တက္ရာရာ အမွတ္တမဲ႕နဲ႕ ေျခေထာက္ေဆာင့္ကာ ဟိုကန္ဒီကန္ လုပ္ေတာ့ ဒိုင္ခြက္ ပြင့္သြားေလသည္။

'ေလွ်ာက္ကန္မေနနဲ႕။ '

Namjoonက ေငါက္လိုက္ ျပီး ဒိုင္ခြက္ကို ျပန္ပိတ္ကာ ေသခ်ာေအာင္ lockခ်ထားလိုက္တယ္။

' အခုၾကည့္ပါ့မယ္။ ရျပီလား '

ပန္းေရာင္ေတြ ျဖစ္ကတက္ဆန္ ျခယ္ထားတဲ႕ ပံုဆြဲစာရြက္ကို ျဖတ္ခနဲ တစ္ခ်က္ ၾကည့္လိုက္ျပီး

'ေနပါဦးး ဒယ္ဒီ့ပံုက ဘယ္မွာလဲ '

လမ္းေပၚကို အၾကည့္ျပန္ပို ့ကာ ေမးလိုက္တယ္။

'ဒယ္ဒီ့ ပံု မပါဘူး '

'ဘာလို ့! ??'

Namjoonက ကားမရပ္ခင္ ေအာ္ေျပာလိုက္သည္။

' ခဏေနခဲ႕ဦး '

ကားကို ပါကင္မွာ ရပ္ခဲ႕ျပီး မူၾကိဳေက်ာင္းထဲ ေျပးဝင္ကာ Yoongi နဲ႕ Hobiကို ေျပးၾကိဳရေသးသည္။

Yoongiကေတာ့ ေမ်ာက္ေပါက္စ ေလးလို သူ ့အေပၚခြကာ အိပ္လိုက္လာသည္။ သူတို ့ႏွစ္ေယာက္ကို ျမန္ျမန္ဆန္ဆန္ေလး ခါးပတ္ပတ္ေပးလိုက္ျပီး ကားေပၚဝင္ထိုင္ကာ

' ေျပာပါဦး ဒယ္ဒီက သားဆြဲထားတဲ႕ ပံုထဲ ဘာလို ့ ပါမလာရတာလဲ '

' မသိဘူး သား ဒယ္ဒီ့ပံုကို မဆြဲခ်င္လို ့'

'ဆြဲလိုက္ပါ '

'ဟင့္အင္ ဆြဲဝူး '

'ဆြဲ '

'No ပါ'

' အခုခ်က္ခ်င္း ပန္းေရာင္ခဲတံေလးကို ယူျပီး ဒယ္ဒီ့ပံုကို ဆြဲလိုက္ေနာ္ Mister ေပါက္စေလး ။ မဟုတ္ရင္ ကားကိုရပ္လိုက္ရမလား '

Jinတံုးေလးက ေက်ာပိုးအိတ္ထဲက ေရာင္စံု ခဲတံေလးကို ႏိႈက္ထုတ္ရင္း ေဒါသ ထြက္ေနတဲ႕ chipmunkရွဥ့္ ေလးလို မ်က္ခံုးႏွစ္ဖက္ကို ဆြဲၾကဳတ္ထားျပီး ပါးေလးကို ေဖာင္းကာ ေလေတြမႈတ္ထုတ္လိုက္ေလရဲ႕။

တစ္မိနစ္ေလာက္ၾကာေအာင္ စာရြက္ေပၚျဖစ္ကတက္ဆန္ ဆြဲလိုက္ျပီး ေရာင္စံုခဲတံကို driverနဲ႕ passenger seatsၾကားထဲက console ေပၚ ပစ္တင္လိုက္တယ္။

' ဒီမွာ ဒယ္ဒီ့ပံု '

'ေတာ္တယ္ ။ '

Namjoonက ေက်နပ္သြားဟန္ ျပံဳးကာ

' ဘယ္ပံုလဲ ဒယ္ဒီက '

သူေလး က အစက္ေလးကို ေထာက္ျပလိုက္ေလရဲ႕ ။

' က်န္တဲ႕သူေတြက် ေျခေတြလက္ေတြ ကိုယ္ခႏၶာေတြ ပါျပီး ဒယ္ဒီက ဘာလို ့ ဘဲဥပံုျဖစ္ေနတာလဲ '

' ဒယိဒီက လူမွ မဟုတ္တာ ။ ဘဲဥေလးေလ ။ '
'ဘာ!"

'မာမီ ေျပာေနက်ရွိတယ္ေယ။ ရွင့္ရဲ႕ေခါင္းက ဘဲဥပံုေလး ဆိုျပီး။ အဲ႕တာေၾကာင့္ သားလဲ ဘဲဥပံုေလး ဆြဲတာ ။ '

Jinတံုးက ေအာက္ႏႈတ္ခမ္းေလး ကိုက္ကာ မ်က္လံုးေလး ျပဴးျပီး Namjoonကို ေမာ႔ၾကည့္လာသည္။

' သားဆြဲထားတာ မၾကိဳက္ဘူးလားဟင္ ဒယ္ဒီ '

'ၾကိဳက္စရာလား ။ ဒယ္ဒီက ဘာလို ့ ဘဲဥ ျဖစ္ရမွာလဲ။ ငါမွ ဘဲဥ မျဖစ္ခ်င္တာဟ! '
Stop sign ေၾကာင့္ breakဆြဲအုပ္ကာ Namjoonတစ္ေယာက္ ေအာ္ေျပာလိုက္ေလသည္။

Jinတံုးေလးက တရႈပ္ရႈပ္နဲ႕ စ,ငိုေနေလျပီ။

သူေလးရဲ႕ ေအာ္ငိုေနသံက တကားလံုး ဆူညံေနျပီး မ်က္ရည္ေတြက တေတာက္ေတာက္နဲ႕ ပံုဆြဲစာရြက္ေလးေပၚ က်လာလွ်က္ရွိသည္။

'H-Hey... မငို မငို နဲ႕ေလ......ေနာ္'

Namjoon တစ္ေယာက္ လမ္းမေပၚ ၾကည့္ေနရာက Jinေလးဆီ ျပန္လွည့္လာရကာ ခပ္ျမန္ျမန္ေခ်ာ့ရေတာ့သည္။

ကားကို လမ္းေဘး ထိုးရပ္ျပီး သူ ့သားအၾကီးဆံုးေလးဆီ အာရံု စိုက္ရရွာသည္။

' ၾကည့္ပါဦး ကေလးေပါက္စေလးရာ ။ မ်က္ရည္ေတြနဲ႕ ပံုဆြဲစာရြက္ေလး ျပဲေတာ့မယ္။'

စာရြက္ေလးကို ညင္ညင္သာသာ ဆြဲယူျပီး အနီးကပ္ၾကည့္ကာ

' ဒါေလးကို ဒယ္ဒီ ၾကိဳက္တာေပါ့ ။ ၾကည့္ပါ့လား ။ ဒီပံုေလးက ဒယ္ဒီနဲ႕ တစ္ကယ္တူတယ္ '

Jin တံုးေလးက တစ္ခ်က္ၾကည့္ ကာ မ်က္လံုး ႏွစ္ဖက္ကို ပြတ္ ငိုေနတဲ႕ လက္သီးဆုပ္ေလးေတြကို ေပါင္ေပၚျပန္တင္လိုက္ျပီး

' တ_တစ္ကယ္လား ?? ဒါေလးကို ဒယ္ဒီ တစ္ကယ္ ၾကိဳက္လားဟင္ '

Namjoon ေခါင္းကို အၾကိမ္ေပါင္းမ်ားစြာ ညိတ္ျပလိုက္ကာ

'ၾကိဳက္တာေပါ့ ဒီပံုေလးကို ေရခဲသတၱာ တံခါး မွာ ကပ္ထားရမယ္။ ဟုတ္တယ္မလား ။'

Jin တံုးေလး နဲ႕ စကားေျပာေနတုန္း ေနာက္ကေန ဟြန္း တပြမ္ပြမ္လာတီးေနျပန္တာမို ့ မ်က္ႏွာ ရံႈ ့တြလိုက္မိသည္။

' ခဗ်ားရဲ႕ကားကို လမ္းညာဘက္မွာ ရပ္ရမွာေလ '

တစ္ေယာက္ေယာက္က လွမ္းေအာ္ေတာ့ Namjoonက ကားမွန္ခ်ကာ ေခါင္းျပဴျပီး

' က်ဳပ္သိတယ္။ အဆင္ေျပတဲ႕ အခ်ိန္ ရပ္မွာပါ '

'ဒယ္ဒီ ဘယ္သူ ့ကို စကားေျပာေနတာလဲ '

အငိုရပ္သြားတဲ႕ Jinေလးက လာစပ္စုသည္။

' ေၾသာ္ ဒယ္ဒီ့ အသိထဲက တစ္ေယာက္ပါ '

Namjoon က ကားထဲ ေခါင္းျပန္လွ်ိဳျပီး ဖံုးကြယ္ေျပာလိုက္ေလသည္။

' ဒယ္ဒီ က သားဆြဲထားတဲ႕ ပံုေလး ကို ၾကိဳက္တယ္လို ့ သူတို ့ကို ေျပာလိုက္ဦးေလ '

'ဒယ္ဒီက?? အမ္ ဟုတ္ပါျပီကြာ '

Namjoonက ကားထဲက ေခါင္းခဏ ျပဴလာျပန္ျပီး

' ျပီးေတာ့ ေဟ့လူ က်ဳပ္က Jinတံုးေလးဆြဲထားတဲ့ ပံုကိုလဲ ၾကိဳက္ေသးတယ္။ '

Jinတံုး တစ္ေယာက္ကေတာ့ သေဘာတက် ေအာ္ရယ္ေနျပီး ပံုဆြဲစာရြက္ေလးကို အသာယူကာ ေသခ်ာ ၾကည့္ေနေလသည္။

ေနာက္ေတာ့ မ်က္ေမွာက္ေလး ၾကဳတ္ကာ တစ္ကိုယ္လံုးကို ပတ္ခ်ာလွည့္ ၾကည့္ျပီး

' Daddy ?'

'ဘာလဲ ကေလး? '

'သားရဲ႕ ပန္းေရာင္ ေရာင္စံုခဲတံေလးမေတြ ့ေတာ့ဘူး '

Oh shit!

' အိမ္ျပန္ေရာက္ရင္ သားကို ကူရွာေပးပါေနာ္ Daddy ေနာ္'

'Daddy ? '

'ေျပာ Jin '

'သားရဲ႕ ေရာင္စံု ခဲတံေလး ေတြ႔ျပီ '

'ေတာ္ေသးတာေပါ့ '

'Daddy ? '

'ေျပာ '

'သားရဲ႕ ေရာင္စံုခဲတံေလးကို Yoongiက ေကာက္ဝါး ေနတယ္ '

'Shit!!'

Unicode

' Daddy ဒါလေးကို ကြည့်ကြည့် '

Jinတုံး တစ်ယောက် စာရွက်လေး တစ်ရွက်ကို ထောင်ပြရင်း အထူးအဆန်းလို ပြောပြနေရှာသည်။

' ဒါလေးက သားတို့အခန်းထဲမှာ ဆွဲခဲ့တဲ့ ပုံလေးလေ '

'အမ် ေဩာ် လှသားပဲ '

Jinရဲ့ သူငယ်တန်းကျောင်းလေးကနေ အပြန်လမ်းဖြစ်ပြီး Namjoonကတော့ ကားကိုသာ ဂရုစိုက် မောင်းရင်း ပြန်ဖြေလိုက်တယ်။

' ဒါ သားတို့မိသားစုရဲ့ ပုံကို ဆွဲထားတာ '

Jin က ပြောရင်း ဆိုရင်း ပန်းရောင်ခြယ်ထားတဲ့ ရုပ်ပုံလေးတွေကို ကိုင်ပြနေတယ်။

' ဒါက သားရဲ့ပုံ ။ သားကိုယ်က အကြီးဆုံးပဲ ဘာလို့လဲ ဆိုတော့ သားက အရေးကြီးဆုံး လူလေ ။ ပြီးတော့ ဒီပုံ က Yoongi .သူက အိပ်ပျော်နေတဲ့ပုံမို့ ဒီလိုဘေးတစောင်း ဆွဲထားတာ ။ အဲ့ဒီ ကိုယ်ရောင်ကိုယ်ဝါ တွေ တောက်ပနေတာက Hobiလေ။ ပြီးတော့ ဒီကလေးလေး သုံးယောက်က Jiminie.Taehyungie and Jungkookie တို့ကို ဆွဲထားတာ ။ ဂါဝန်နဲ့ တစ်ယောက်က မာမီရဲ့ပုံ ။ သားဆွဲထားတာ မလှဘူးလားဟင်။? '

'ေဩာ်.....အေး'

'Daddyက သားဆွဲထားတာလဲ မကြည့်ဘူး '

Jinတုံး တစ်ယောက် သံရှည်ဆွဲကာ ငြီးငြူပြီး ရောက်တက်ရာရာ အမှတ်တမဲ့နဲ့ ခြေထောက်ဆောင့်ကာ ဟိုကန်ဒီကန် လုပ်တော့ ဒိုင်ခွက် ပွင့်သွားလေသည်။

'လျှောက်ကန်မနေနဲ့။ '

Namjoonက ငေါက်လိုက် ပြီး ဒိုင်ခွက်ကို ပြန်ပိတ်ကာ သေချာအောင် lockချထားလိုက်တယ်။

' အခုကြည့်ပါ့မယ်။ ရပြီလား '

ပန်းရောင်တွေ ဖြစ်ကတက်ဆန် ခြယ်ထားတဲ့ ပုံဆွဲစာရွက်ကို ဖြတ်ခနဲ တစ်ချက် ကြည့်လိုက်ပြီး

'နေပါဦးး ဒယ်ဒီ့ပုံက ဘယ်မှာလဲ '

လမ်းပေါ်ကို အကြည့်ပြန်ပို့ကာ မေးလိုက်တယ်။

'ဒယ်ဒီ့ ပုံ မပါဘူး '

'ဘာလို့! ??'

Namjoonက ကားမရပ်ခင် အော်ပြောလိုက်သည်။

' ခဏနေခဲ့ဦး '

ကားကို ပါကင်မှာ ရပ်ခဲ့ပြီး မူကြိုကျောင်းထဲ ပြေးဝင်ကာ Yoongi နဲ့ Hobiကို ပြေးကြိုရသေးသည်။

Yoongiကတော့ မျောက်ပေါက်စ လေးလို သူ့အပေါ်ခွကာ အိပ်လိုက်လာသည်။ သူတို့နှစ်ယောက်ကို မြန်မြန်ဆန်ဆန်လေး ခါးပတ်ပတ်ပေးလိုက်ပြီး ကားပေါ်ဝင်ထိုင်ကာ

' ပြောပါဦး ဒယ်ဒီက သားဆွဲထားတဲ့ ပုံထဲ ဘာလို့ ပါမလာရတာလဲ '

' မသိဘူး သား ဒယ်ဒီ့ပုံကို မဆွဲချင်လို့'

'ဆွဲလိုက်ပါ '

'ဟင့်အင် ဆွဲဝူး '

'ဆွဲ '

'No ပါ'

' အခုချက်ချင်း ပန်းရောင်ခဲတံလေးကို ယူပြီး ဒယ်ဒီ့ပုံကို ဆွဲလိုက်နော် Mister ပေါက်စလေး ။ မဟုတ်ရင် ကားကိုရပ်လိုက်ရမလား '

Jinတုံးလေးက ကျောပိုးအိတ်ထဲက ရောင်စုံ ခဲတံလေးကို နှိုက်ထုတ်ရင်း ဒေါသ ထွက်နေတဲ့ chipmunkရှဉ့် လေးလို မျက်ခုံးနှစ်ဖက်ကို ဆွဲကြုတ်ထားပြီး ပါးလေးကို ဖောင်းကာ လေတွေမှုတ်ထုတ်လိုက်လေရဲ့။

တစ်မိနစ်လောက်ကြာအောင် စာရွက်ပေါ်ဖြစ်ကတက်ဆန် ဆွဲလိုက်ပြီး ရောင်စုံခဲတံကို driverနဲ့ passenger seatsကြားထဲက console ပေါ် ပစ်တင်လိုက်တယ်။

' ဒီမှာ ဒယ်ဒီ့ပုံ '

'တော်တယ် ။ '

Namjoonက ကျေနပ်သွားဟန် ပြုံးကာ

' ဘယ်ပုံလဲ ဒယ်ဒီက '

သူလေး က အစက်လေးကို ထောက်ပြလိုက်လေရဲ့ ။

' ကျန်တဲ့သူတွေကျ ခြေတွေလက်တွေ ကိုယ်ခန္ဓာတွေ ပါပြီး ဒယ်ဒီက ဘာလို့ ဘဲဥပုံဖြစ်နေတာလဲ '

' ဒယိဒီက လူမှ မဟုတ်တာ ။ ဘဲဥလေးလေ ။ '
'ဘာ!"

'မာမီ ပြောနေကျရှိတယ်ယေ။ ရှင့်ရဲ့ခေါင်းက ဘဲဥပုံလေး ဆိုပြီး။ အဲ့တာကြောင့် သားလဲ ဘဲဥပုံလေး ဆွဲတာ ။ '

Jinတုံးက အောက်နှုတ်ခမ်းလေး ကိုက်ကာ မျက်လုံးလေး ပြူးပြီး Namjoonကို မော့ကြည့်လာသည်။

' သားဆွဲထားတာ မကြိုက်ဘူးလားဟင် ဒယ်ဒီ '

'ကြိုက်စရာလား ။ ဒယ်ဒီက ဘာလို့ ဘဲဥ ဖြစ်ရမှာလဲ။ ငါမှ ဘဲဥ မဖြစ်ချင်တာဟ! '
Stop sign ကြောင့် breakဆွဲအုပ်ကာ Namjoonတစ်ယောက် အော်ပြောလိုက်လေသည်။

Jinတုံးလေးက တရှုပ်ရှုပ်နဲ့ စ,ငိုနေလေပြီ။

သူလေးရဲ့ အော်ငိုနေသံက တကားလုံး ဆူညံနေပြီး မျက်ရည်တွေက တတောက်တောက်နဲ့ ပုံဆွဲစာရွက်လေးပေါ် ကျလာလျှက်ရှိသည်။

'H-Hey... မငို မငို နဲ့လေ......နော်'

Namjoon တစ်ယောက် လမ်းမပေါ် ကြည့်နေရာက Jinလေးဆီ ပြန်လှည့်လာရကာ ခပ်မြန်မြန်ချော့ရတော့သည်။

ကားကို လမ်းဘေး ထိုးရပ်ပြီး သူ့သားအကြီးဆုံးလေးဆီ အာရုံ စိုက်ရရှာသည်။

' ကြည့်ပါဦး ကလေးပေါက်စလေးရာ ။ မျက်ရည်တွေနဲ့ ပုံဆွဲစာရွက်လေး ပြဲတော့မယ်။'

စာရွက်လေးကို ညင်ညင်သာသာ ဆွဲယူပြီး အနီးကပ်ကြည့်ကာ

' ဒါလေးကို ဒယ်ဒီ ကြိုက်တာပေါ့ ။ ကြည့်ပါ့လား ။ ဒီပုံလေးက ဒယ်ဒီနဲ့ တစ်ကယ်တူတယ် '

Jin တုံးလေးက တစ်ချက်ကြည့် ကာ မျက်လုံး နှစ်ဖက်ကို ပွတ် ငိုနေတဲ့ လက်သီးဆုပ်လေးတွေကို ပေါင်ပေါ်ပြန်တင်လိုက်ပြီး

' တ_တစ်ကယ်လား ?? ဒါလေးကို ဒယ်ဒီ တစ်ကယ် ကြိုက်လားဟင် '

Namjoon ခေါင်းကို အကြိမ်ပေါင်းများစွာ ညိတ်ပြလိုက်ကာ

'ကြိုက်တာပေါ့ ဒီပုံလေးကို ရေခဲသတ္တာ တံခါး မှာ ကပ်ထားရမယ်။ ဟုတ်တယ်မလား ။'

Jin တုံးလေး နဲ့ စကားပြောနေတုန်း နောက်ကနေ ဟွန်း တပွမ်ပွမ်လာတီးနေပြန်တာမို့ မျက်နှာ ရှုံ့တွလိုက်မိသည်။

' ခဗျားရဲ့ကားကို လမ်းညာဘက်မှာ ရပ်ရမှာလေ '

တစ်ယောက်ယောက်က လှမ်းအော်တော့ Namjoonက ကားမှန်ချကာ ခေါင်းပြူပြီး

' ကျုပ်သိတယ်။ အဆင်ပြေတဲ့ အချိန် ရပ်မှာပါ '

'ဒယ်ဒီ ဘယ်သူ့ကို စကားပြောနေတာလဲ '

အငိုရပ်သွားတဲ့ Jinလေးက လာစပ်စုသည်။

' သြော် ဒယ်ဒီ့ အသိထဲက တစ်ယောက်ပါ '

Namjoon က ကားထဲ ခေါင်းပြန်လျှိုပြီး ဖုံးကွယ်ပြောလိုက်လေသည်။

' ဒယ်ဒီ က သားဆွဲထားတဲ့ ပုံလေး ကို ကြိုက်တယ်လို့ သူတို့ကို ပြောလိုက်ဦးလေ '

'ဒယ်ဒီက?? အမ် ဟုတ်ပါပြီကွာ '

Namjoonက ကားထဲက ခေါင်းခဏ ပြူလာပြန်ပြီး

' ပြီးတော့ ဟေ့လူ ကျုပ်က Jinတုံးလေးဆွဲထားတဲ့ ပုံကိုလဲ ကြိုက်သေးတယ်။ '

Jinတုံး တစ်ယောက်ကတော့ သဘောတကျ အော်ရယ်နေပြီး ပုံဆွဲစာရွက်လေးကို အသာယူကာ သေချာ ကြည့်နေလေသည်။

နောက်တော့ မျက်မှောက်လေး ကြုတ်ကာ တစ်ကိုယ်လုံးကို ပတ်ချာလှည့် ကြည့်ပြီး

' Daddy ?'

'ဘာလဲ ကလေး? '

'သားရဲ့ ပန်းရောင် ရောင်စုံခဲတံလေးမတွေ့တော့ဘူး '

Oh shit!

' အိမ်ပြန်ရောက်ရင် သားကို ကူရှာပေးပါနော် Daddy နော်'

'Daddy ? '

'ပြော Jin '

'သားရဲ့ ရောင်စုံ ခဲတံလေး တွေ့ပြီ '

'တော်သေးတာပေါ့ '

'Daddy ? '

'ပြော '

'သားရဲ့ ရောင်စုံခဲတံလေးကို Yoongiက ကောက်ဝါး နေတယ် '

'Shit!!'

Bạn đang đọc truyện trên: Truyen247.Pro