Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥
ii.
Zaw Gyi
' Jinရော ...! Jinရေ '
' Daddy သားက ဒီမှာ​လေ '
' Yoongi'
' အိပ်တုန်းလား ?'
'Shit! '
''Namjoon !!'
"Sorryကွာ! ''
' အိပ်ချင်လို့ ......'
'' ပလိသ် (Pleath) '
'ပလိသ်?? (pleath??) '
'ပလိစ် (please.)'
'ပွသိ ( pweath??) '
' အဲ့တာဆို စ,ထွက်ပြီဟေ့။ '
' ခဏနေဦး Jin '
'Goodbye kiss ပေးဦးလေ '
' အဲ့တာဆိုလဲ...'
'ဘာလဲ '
''Daddy..''
'ပြော Hoseok '
' မရဘူး Hoseok '
Unicode
ရှင် အခုထိ ထွက်မလာနိုင်သေးဘူးလားး? '
အမွှာလေးသုံးယောက်ရဲ့ မနက်စာကို ခူးခပ်ကျွေးရင်း လျှော်ပြီးတဲ့ အဝတ်တွေကို ခေါက်နေတဲ့Namjoonရဲ့ ဇနီးက တခြားအခန်းကနေ Namjoon ကို လှမ်းမေးလိုက်ခြင်းဖြစ်သည်။
' လာပြီဟ! တစ်စက္ကန့်လောက် နေပါဦး ! '
Namjoon က သူ့ရဲ့ ဘယ်ဘက် ပခုံးမှာ ကျောပိုးအိတ်လေး လွယ်ထားပြီး ဘယ်ဘက် တင်ပါးပေါ် Hoseok ကို ခါးထစ်ခွင် ချီထားကာ အိမ်ထဲ ဟိုပြေးဒီပြေးနဲ့ အလုပ်ရှုပ်နေလေရဲ့။
' Jinရော ...! Jinရေ '
' Daddy သားက ဒီမှာလေ '
Jinတုံးလေး က သူ့ရဲ့ ပန်းရောင်ကျောပိုးအိတ်က ပခုံးလွယ်တဲ့ ကြိုးလေးကို သူ့ရဲ့ လက်သေးသေးလေးတွေနဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျှက် တံခါးဝ မှာ ရပ်နေလေသည်။
' အေး အေ။ ဒါနဲ့ daddy ဘာကို မေ့နေပါလိမ့် !'
Namjoon တစ်ယောက် ဧည့်ခန်းထဲ ပတ်ပြေးရင်း မေးလိုက်တော့
' Yoongi'
' အာ ဟုတ်တယ် YOONGI! YOONGI သားဘယ်ရောက်နေတာလဲ '
' သူ အိပ်နေတုန်းရှိသေးတယ် '
' အိပ်တုန်းလား ?'
Namjoon လေပူတစ်ချို့မှုတ်ထုတ်လိုက်ကာ...
' Jin သားညီလေးကို သွားနှိုးပြီး ထတော့လို့ ပြောချည် ။ daddyတို့ သွားတော့မှာလို့ ပြောလိုက် '
' သားတို့ နောက်ကျတော့မယ် daddyရယ်'
' ရပါတယ် သိပ်နောက်မကျသေးပါဘူး'
'Honeyy! အခုထိ မသွားရသေးဘူးလားး? '
သူ့ဇနီးက လှမ်းအော်လေတယ်။
' ရှင် နောက်ကျတော့မယ်နော် '
'Shit! '
သူ လုပ်သမျှ မျက်လုံးပြူးပြူးလေးနဲ့ လိုက်ကြည့်နေတဲ့ Jin တုံးကို ကျော်ပြီး သော့စဉ် က ကားသော့ကို ဆတ်ခနဲ ဆွဲယူကာ မပီမသနဲ့ ခပ်တိုးတိုး ဆဲမိလိုက်တယ်။
' မာမီရေ... daddyက ဟင့်အင်တဲ့ ! '
''Namjoon !!'
"Sorryကွာ! ''
Namjoon တစ်ယောက် အိမ်တံခါး ကို အသာအယာ တွန်းဖွင့်ကာ
' Yoongi ကို သွားခေါ်ချည် Jin! '
အဲ့ဒီနောက် သူက အိမ်ထဲကနေ ခပ်သုတ်သုတ် ထွက်လာခဲ့ကာ ကားဆီကို လျှောက်သွားပြီး သူ့မီးခိုးရောင် ကားလေးရဲ့ ဘေးတံခါး ကို ဖွင့်ကာ booster seatပေါ် Hoseokကို တင်ထားလိုက်တယ်။
အဲ့အချိန်အတွင်းမှာပဲ Jinတုံးလေး က Yoongi နဲ့ Hoseok တို့နှစ်ယောက်ရဲ့ အိပ်ယာနားမှာ Yoongiကို ဇွတ်ဆွဲနှိုးနေသည်။
Yoongi က စိတ်ရှုပ်ဟန် ညီးညူပြီး ပြန်မှောက်အိပ်နေပြန်သည်။
' ငါ အိပ်ရေးမဝသေးဘူး ဟာ ။ မနှောက်ယှက်စမ်းပါနဲ့ ။'
Jin က လက်နှစ်ဖက်လေးကို ပူးယှက်ကာ တောင်းပန်လိုက်ပြီး မျက်ရည်တွေလဲ ဝဲလာလေသည်။
' Yoongiရာ ဒီနေ့က ငါတို့ ပထမဆုံး ကျောင်းတတ်မယ့် နေယေ ။ မင်းမထသေးရင် ငါတို့ ကျောင်းနောက်ကျသော့မယ် ။ '
' အိပ်ချင်လို့......'
Jinတုံးလေးက အာပြဲနေအောင် အော်ငိုကာ
' Yoongi ! ငါ မနောက်ကျ ချင်ပူးးယို့'
တုပ်တုပ်မှ မလှုပ်တဲ့ Yoongi ကို Jinတုံး တစ်ယောက် ကုတင်ပေါ်က ဆွဲချဖို့ လုပ်တော့သည်။
' ဟင့်အင်......မလိုက်ချင်ပါဘူးဆိုနေ......'
Yoongi လဲ စူးနေအောင် ပြန်အော်ကာ သူ့ကိုဆွဲချနေတဲ့ Jinတုံးကို ကန်ကျောက်ရင်း ကုတင်တိုင်ကို ဆွဲထားလေတယ်။
Namjoon က အလျှင်စလို ဝင်လာပြီးးး
' Jin ဘာလို့ဒီလောက် ကြာနေ ......??'
Namjoonက ကုတင်ပေါ်ကနေ တန်းလန်းဖြစ်နေတဲ့ Yoongi ကို သွားထူကာ Jinကိုတော့ ကားထဲမှာ စောင့်နေဖို့ပြောလိုက်သည်။
' ကားထဲမှာပဲ စောင့်နေနော် ကလေး. စိတ်မပူပါနဲ့။ daddyတို့နောက်မကျသေးပါဘူး ။ '
Jinတုံးလေး က ခေါင်းတဆက်ဆက်ညိတ်ပြပြီး မျက်ရည်သုတ်ကာ ကားရပ်ထားတဲ့ နေရာဆီ တောက်တောက်တောက် နဲ့ ပြေးသွားလေရဲ့။
Namjoonမှာတော့ သုံးနှစ်သားလေးနဲ့ မလိုက်အောင် ခေါင်းမာလွန်းကာ ရုန်းကန်နေတဲ့ ကျောင်းပျင်းအိုးလေး Yoongi ကို ခေါ်ပြီး နောက်က လိုက်လာခဲ့သည်။
နောက်ဆုံးတော့လဲ ကားပေါ်တင်ပေးလိုက်တာနဲ့ အိပ်ပျော်သွားပြန်တဲ့ Yoongiကို ခါးပတ်ပတ်ပေးလိုက်ရတယ်။
' သားသား ရှေ့ခန်းထဲမှာ ထိုင်မယ်နော် '
Jin လေးက ခုန်ဆွခုန်ဆွ လုပ်ကာ မေးလေသည်။
'' ပလိသ် (Pleath) '
'Jin , daddy ပြောသလို လိုက်ပြောကြည့် ။ ပလိစ် (please) '
'ပလိသ်?? (pleath??) '
'ပလိစ် (please.)'
'ပွသိ ( pweath??) '
(TN / Jinလေးက s နဲ့ t ကို အသံကွဲအောင် မထွက်တတ်သေးတာ ထင်ပါတယ်။ Authorက Jin စကားပြောတဲ့ ရှေ့ပိုင်းတွေမှာ sit ကို thit , schoolကို thchool, first ကို firtth , isကို ith အဲ့လို့ ပေါင်းပြထားပါတယ်။ ဒါပေမယ့် မြန်မာသံလေးနဲ့ သိပ်မပီသလိုလေးပဲ ပြန်ဆိုလိုက်ပါတယ်။ )
Namjoon လဲ အသံထွက်မမှန်တဲ့ ကလေးကို သင်ပေးနေတာ ရပ်လိုက်ပြီး
' သား ရှေ့ခန်းထဲမှာ ထိုင်ချင်ထိုင် ။ ဒါပေမယ့် ဒီနေ့တစ်ရက်ထဲနော် ။ သားတို့မာမီ ကိုတော့ ပြန်မပြောနဲ့ ။ daddyကို သတ်လိမ့်မယ် ဟုတ်ပြီလား '
Jin လေးက ခေါင်းကို သဘောတကျနဲ့ ထပ်ခါ ထပ်ခါ ညိတ်ပြလိုက်ပြီး သူ့မျက်လုံး ဝိုင်းဝိုင်းလေးတွေကလဲ စိတ်လှုပ်ရှားနေပုံပေါ်နေသည်။
Namjoonက ကားတံခါး လှပ်ကာ Jinကို ချိုင်းနှစ်ဖက်ကနေ မ,ချီ လိုက်ပြီး သူ့ဘေး ခုံ ပေါ် တင်ပေးလိုက်တယ်။
' အကုန် ခါးပတ်ပတ်ပြီးကြပြီနော်......??'
'ဟုတ်...'Jinလေးက ရှေ့ခုံကနေ တက်ကြွစွာ အော်ဖြေလေသည်။
' အမ်းးး' Hoseok လေးက လေးလေးပင်ပင်အသံလေးနဲ့တော့ ပြန်ဖြေရှာပါတယ်။
Yoongiကတော့ အိပ်ပျော်နေတာ သိုးလို့။
' အဲ့တာဆို စ,ထွက်ပြီဟေ့။ '
Namjoonလဲ ကားကို စက်နှိုးကာ ဖြေးဖြေးချင်း လှိမ့်လာလေသည်။ သိပ်မသွားရသေးခင်ပဲ ဘရိတ်ဆွဲအုပ် လိုက်ပြီးး
' Jin !သားရဲ့ ကျောပိုးအိတ် ဘယ်မှာလဲ? '
'အဟင့်!! သားရဲ့ အခန်းထဲမှာ Yoongiကို သွားနှိုးတုန်းက ချွတ်ထားခဲ့မိတယ် ထင်တယ်။'
သူလေး က မျက်လုံးလေးတွေ ဝိုင်းလာကာ ငိုမဲ့မဲ့လေး ဖြစ်လာသည်။
'သားရဲ့ ကျောပိုးအိတ်လေး ကျန်ခဲ့ပြီ ......အီးးဟီးး'
Namjoonတစ်ယောက် ချက်ချင်းပဲ ကားကို အိမ်ဘက် ပြန်ကွေ့လိုက်ကာ ကျောပိုးအိတ်ကို အိမ်ထဲပြေးယူပြီး Jinတုံးရဲ့ ပေါင်လေးပေါ်တင်ပေးလိုက်တယ်။
Jin က သူ့ကျောပိုးအိတ်လေးလဲ ရရော အငိုရပ်သွားလေသည်။ မျက်ရည်စလေးတွေကတော့ မျက်တောင်တွေမှာ တွဲလဲခိုတုန်းပေါ့။
' daddy , theat belt မပတ်ရသေးဘူး ' (seat belt)
Namjoonလဲ seat beltကို ခပ်မြန်မြန်ဆွဲယူလိုက်ကာ ချိတ်လိုက်ပြီး ကားကို မြန်နိုင်သမျှ မြန်အောင် အရှိန်တင်မောင်းလာခဲ့တော့သည်။
Jin တစ်ယောက်ထဲကသာ သူငယ်တန်း ကျောင်းသားလေး ဖြစ်သည်။
ဒီလိုနဲ့ သားအဖ တတွေ သူငယ်တန်းကျောင်းလေးဆီ ချောချော မွေ့မွေ့ရောက်လာခဲ့ပါပြီ။ (တစ်လမ်းလုံး အိပ်လိုက်လာတဲ့ အကောင်ပေါက်လေး အပါအဝင်ပေါ့ )
Namhoon ကားရပ်ကာ Jinကို အောက်ချပေးလိုက်တော့
' သားနောက်မကျ သေးပါဘူးနော် '
Jinပုစိလေးက သူကျောင်းနောက်ကျမှာကို တော်တော်လေး စိုးရိမ်နေပုံ ပေါက်ပေမယ့် Namjoonက သဘောတကျ ရယ်ကာ သူလေးရဲ့ ခေါင်းလုံးလုံးလေးကို လက်နဲ့အုပ်ကိုင်ကာ လှုပ်ရမ်းလိုက်လေသည်။
' သား ရောက်လာတာ စောတောင်စောနေသေးတယ်။ ကြည့်ပါ့လား ကျောင်းထဲမှာ လူတောင် သိပ်မရှိသေးဘူး ။ '
Jinတုံးလေးက ခေါင်းတငြိမ့်ငြိမ့်နဲ့ Hoseok လေးကို လှည့်ကြည့်ရှာသည်။
သူ့ဆီ အာရုံ မရောက်တဲ့ သူ့ညီလေး Hoseok ကို ငိုမဲ့မဲ့ လှမ်းကြည့်ရင်း
' Hobi ရော သားနဲ့လိုက်ခဲ့လို့မရဘူးလား ။ သား ကျောင်းကို တျောက်ထဲ မသွားချင်ဘူး။ Hobi မလိုက်ရင် သားလဲ မလိုက်ဘူးနော်။ '
'ဂျီမကျပါနဲ့ Jinလေးရာ ။ သားက အကြီးဆုံးဆိုတော့ သားတစ်ယောက်ထဲ သွားရမယ်လေ ။ ဟုတ်ပြီနော်။ '
Namjoon တစ်ယောက် Jin တုံးလေး ထပ်မငိုအောင် နားချနေရသည်။
Jinလေးကတော့ ပန်းရောင် shirt အင်္က ျီလေးနဲ့ လိုက်ဖက်နေကာ အလန်းဇယားလေး ဖြစ်လို့နေတယ်။
' သားမှာ ကျောင်းသွားရမယ့် တာဝန်ချိပါတယ် daddy။ သားသွားပီနော်။ တာ့တာ။ ''
Jinတုံးလေးလဲ နှုတ်ဆက်ပြီး သူ့ခြေထောက်တုပ်တုပ်လေး တွေနဲ့ လှစ်ခနဲနေအောင် ကျောင်းဆီပြေးဝင်သွားလေသည်။
' ခဏနေဦး Jin '
Namjoon က မျက်မှောင်ကြုတ်ကာ လှမ်းခေါ်လိုက်တယ်။
'Goodbye kiss ပေးဦးလေ '
Jinတုံး လေးက နှုတ်ခမ်းဆူကာ
' သားကို တခြား ကလေးတွေက စ,မှာပေါ့ daddyကလဲ '
''မ စ,ပါဘူး သားရာ ။ သူတို့လဲ သူတို့ဖေဖေနဲ့ မေမေကို Goodbye kissပေးတာပဲလေ ။ daddy ကျမှ ဘာလို့ မရ ရမှာလဲ ။ '
' အဲ့တာဆိုလဲ...'
Jinတုံးလေးက Namjoonဆီ ပြန်ပြေးလာကာ ငုတ်တုပ်ထိုင်နေတဲ့ Namjoonရဲ့ မေးစေ့ကို သူ့နှုတ်ခမ်း ပါးပါးလေးနဲ့ နမ်းကာ ကျောင်းထဲကို ပြေးဝင်သွားလေသည်။
Namjoon က ကားထဲ ဝင်ထိုင်ကာ Jinတုံး ကျောင်းဝန်းထဲ မရောက်မချင်း လှမ်းကြည့်နေလေသည်။
ထိုစဉ် သူ့ကားနောက်ကနေ ဟွန်း တပွမ်ပွမ် တီးနေတာကြောင့် ကားမှန်ကို ချလိုက်ကာ ခေါင်းပြူပြီး
'ဘာလဲ '
'ခဗျားရဲ့ ကားကို လမ်းပေါ် ကန့်လန့်ရပ်မထားနဲ့လေ '
တစ်ဖက်က ကားမောင်းတဲ့ လူက လှမ်းအော်တယ်။
'တော်စမ်းပါ။ ကျွန်တော့်ကလေးတွေက ခဗျားရဲ့ကလေးတွေထက် ပိုချစ်ဖို့ကောင်းတယ်။ ဘယ်လိုဖြစ်ဖြစ် ငါ့သားတွေက သာတယ်။ '
သူလဲ အော်ချင်ရာ အော်ခဲ့ပြီး ကားကို မောင်းခဲ့လိုက်သည်။
''Daddy..''
နောက်ခန်းထဲက Hoseokက လှမ်းခေါ်တယ်။
'ပြော Hoseok '
'သား ရှေ့ခန်းထဲ ထိုင်လို့ရလားဟင် '
သူ့သားတွေထဲက အသံထွက်မှန်အောင် ထွက်နိုင်တဲ့ တစ်ယောက်ဖြစ်တဲ့ Hoseok လေးက မေးလိုက်ခြင်းပင်။
' မရဘူး Hoseok '
'ဒါပေမယ့် Jinကို ကျ ရတယ်လေ '
'ဒါပေမယ့် daddyသားကို မယုံဘူး '
'Daddy အစောန တခြားတစ်ယောက်နဲ့ အော်ဟစ် နေတာကို မာမီနဲ့ ပြန်တိုင်မှာနော်'
'ကားရပ်ဖို့နေရာရှာလိုက်ဦးမယ်နော် ... ပြီးရင် ရှေ့ခုံမှာ သားလေးထိုင်လို့ရအောင် လုပ်ပေးမယ် '
(TN / ကလေးကို ကြောက်ရှာတယ် LOL)
Bạn đang đọc truyện trên: Truyen247.Pro