Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥
i.
Zaw Gyi
' ဟမ် ဘာလို့ လဲ '
' အာ! ဒါပေမယ့် ကိုယ်ဘယ်တုန်းကများ ကို့ရို့း ကားယား နိုင်ဖူးလို့ လဲကွာ '
'အိုး!'
Unicode
အဲ့ဒီနေ့ပြီးတော့ Namjoon တစ်ယောက် ဆေးရုံရဲ့ Delivery room ကို သုံးခေါက်ထပ်ရောက်ခဲ့တယ်။
ပထမ တစ်ခေါက်က ဒုတိယအကြီးဆုံး သားလေး Yoongi ကိုမွေးတုန်းက ။ Hoseok ကိုမွေးတုန်းက နောက်ထပ် တစ်ခေါက် ထပ်ရောက်သေးတယ်။ အခု အခေါက် ကတော့ Jimin , Taehyung နဲ့ Jungkook တို့ သုံးမွှာပူးလေး မွေးတယ်။
သုံးမွှာပူး ထဲမှာ Jungkookလေးက နောက်ဆုံးမှ မွေးလာတော့ သူလေးက သူသားတွေထဲမှာ အငယ်ဆုံးလေးပဲ။
Namjoon က Jiminလေး ကို ကောက်ချီလိုက်တယ်။ Taehyung နဲ့ Jungkookတို့ကိုပါ တစ်ယောက်ပြီး တစ်ယောက် ပွေ့ချီ လိုက်တယ်။
' ကိုယ်တို့ သူတို့ကို Chimchim, Alien နဲ့ Saegull လို့ နာမည်ပေးကြရအောင် '
သူ့ဇနီးက သူ့ကို တစ်ချက်ကြည့်ပြီး' အဲ့လို မပေးချင်ပါဘူး '
' ဟမ် ဘာလို့လဲ '
'ဘာလို့လဲ ဆိုတော့ ကျွန်မပဲ နာမည်ပေးချင်လို့ပါနော် '
သူမ က သက်ပြင်းတစ်ချက်ရှိုက်ကာ နဖူးကြောကို နှိပ်နယ်ရင်း
' Jimin, Taehyung နဲ့ Jungkook ။ အဲ့လိုပေးကြမယ်လေ ။'
Namjoonက ခေါင်းမငြိမ့်လိုက်ခင်ကတော့ တုံ့ဆိုင်းနေသေးပေမယ့်
' ဟုတ်ပါပြီ ။ အဲ့ဒီ နာမည်လေးတွေလဲ လှပါတယ်။'
Namjoon တစ်ယောက် သူပွေ့ချီထားတဲ့ ကလေးလေးကို ထူးဆန်းတဲ့ ညင်ညင်သာသာ အသံလေးပြုကာ
' ဟေး ။ မင်းလေး က အခု Jungkookဆိုတဲ့ နာမည်ရသွားပြီ။ '
သူ့ဆီကနေ အာရုံစိုက်မှုမရတဲ့ Jiminလေးက ထငိုပါလေရော။
အဲ့တာကြောင့် Namjoonလဲ ကောက်ချီကာ ဘယ်ဘက်လက်မောင်းထဲ ထည့်ပွေ့ထားပြီး Jungkookလေးကိုတော့ ညာဘက်လက်မောင်းထဲမှာ ထိန်းပွေ့ထားရင်းပေါ့။
' ဟုတ်ပါပြီ Jiminieလေးရယ် ။ မငိုပါနဲ့တော့ကွာ ။ သားရဲ့ daddy က သားကိုလဲ အရမ်းအရမ်းကို ချစ်ပါတယ်နော် '
Jiminလေးကို ချော့လိုက်တော့ သူလေးက အငိုတိတ်သွားလေရဲ့။
ဒါပေမယ့် Namjoonရဲ့ ဇနီးက သူ့ကို မျက်မှောက်ကြုတ်ကြည့်ကာ
' သူတို့နှစ်ယောက်ကို တပြိုင်နက် မချီပါနဲ့လား။ မတော်လို့ တစ်ယောက်ယောက်ကိုများ ပြုတ်ကျသွားရင် သူတို့ရဲ့ ရှင်နဲ့တူတဲ့ ဥပုံစံ ခေါင်းလေးတွေ တစ်ခုခုဖြစ်သွားလိမ့်မယ် '
' အာ! ဒါပေမယ့် ကိုယ်ဘယ်တုန်းကများ ကို့ရိုး့ကားယား နိုင်ဖူးလို့လဲကွာ '
' Namjoon... ရှင့်လက်ထဲက ပစ္စည်းတွေတိုင်း ပျက်စီးသွားတတ်တာကို ကျွန်မ သတိပေးဖို့ လိုသေးလား။ '
Namjoon လဲ ထိုင်ခုံလေးပေါ် ငြိမ်ငြိမ်လေးထိုင်ကာ ကလေးလေးတွေကို စိုက်ကြည့်နေတဲ့ Jinဆီ Jungkookလေးကို ချီသွားကာ
' သားရဲ့ ညီလေး အသစ်ကို ချီကြည့်ချင်လား Jin။ '
Jinက ခေါင်းလေး ငြိမ့်ပြကာ Jungkookကို သူ့ပေါင်ပေါ် တင်ပေးစေတယ်။
Jin က Jungkookကို ကြည့်လိုက်တော့ Jungkookလေးလဲ သူ့ကို ပြန်ကြည့်နေရှာတယ်။
Yoongi က Jinရဲ့နောက်ကနေ ပုန်းရင်း ကလေးလေးကို လျှာထုတ်ပြောင်ပြနေတော့ Jungkookလေး လန့်သွားကာ ပြဲနေအောင် ထငိုတော့တယ်။
ဒါပေမယ့် Hoseok ကလဲ Jinရဲ့ နောက်ကို မှီကာ Jungkookကို ပြုံးပြရင်း
' ချိုမိုင်မိုင် ... ချိုမိုင်မိုင် ...'
Hoseok လေးက ပြောင်ချော်ချော် မျက်နှာနဲ့ ချော့မြူနေတော့ Jungkookလေး အငိုတိတ်သွားပြီး တခစ်ခစ် ရယ်နေပြန်တယ်။
' Honey. ကျွန်မ Jiminလေးကို ချီလို့ရမလား ။ ဒီမှာ Taeလေးကို ယူသွားဦး။ ' Namjoon ရဲ့ ဇနီးက ပြောပြီး သူတို့ကလေးချင်း လဲချီလိုက်ကြတယ်။
Jimin လေးက သူ့အမေ လက်ထဲ ရောက်သွားပြီ။
Nanjoon တစ်ယောက် သူ့ကို စိုက်ကြည့်နေတဲ့ Taehyungလေးကို ကောက်ပွေ့ကာ
' အယ် ကလေးက ကိုယ့်ကို မကျေမနပ်ဖြစ်နေသလိုပဲ။ တစ်ခုခုဖြစ်လို့လား ။ မတော်တဆများ ကိုယ်နဲ့ ခိုက်မိလို့လား ။'
' သူလေးက အားလုံးထဲမှာ အထူးခြားဆုံးပဲလို့ ကျွန်မထင်တယ်'
'အိုး!'
ပြန်မအိပ်ပျော် သွားသေးခင်အထိ ဝူးဝူးဝါးဝါး အော်ပြီး ထူးဆန်းတဲ့ အသံသေးသေးလေးတွေနဲ့ အော်ဟစ်နေတဲ့ Taehyungလေးကို ဆက်ချီကာ ထိန်းနေရှာတယ်။
နောက်ဆုံးမှာတော့ အမွှာလေး သုံးယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီ။
' ဒီမိသားစုလေး ကနေ ကြိုဆိုပါတယ်'
Namjoon တိုးတိုးလေး ရေရွတ်ကာ ကလေးလေးတွေရဲ့ နဖူးပေါ် အနမ်းတစ်ပွင့်ဆီ ချွေလိုက်လေရဲ့။
Bạn đang đọc truyện trên: Truyen247.Pro