Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

《1》အျပစ္ဒဏ္ (အပြစ်ဒဏ်)

Zaw Gyi

ကၽြန္ေတာ္ခင္ဗ်ားကို ခ်စ္ခဲ့သလား မုန္းခဲ့သလားေတာင္ မေသခ်ာေတာ့ပါဘူး။ အတိတ္ေတြဟာ ၾကာခဲ့ၿပီ။ မေရမတြက္ႏိုင္ေတာ့တဲ့အဆံုး ျဖစ္ခ်င္ရာျဖစ္ ပစ္ထားခဲ့တဲ့ ႏွစ္..လ..ရက္..ေတြမွာ ခင္ဗ်ား မ်က္ႏွာဟာ မႈန္ဝါးဝါး။

ခင္ဗ်ားက ဘယ္လိုဘယ္ပံု..ခင္ဗ်ားရဲ႕အမည္နာမ???ဟင့္အင္...ကၽြန္ေတာ္ ဘာဆိုဘာမွ မမွတ္မိဘူး။ ဒါေပမယ့္ ကၽြန္ေတာ့္ရဲ႕ ေပါက္လြတ္ပဲစား ဟာသ ေတြကို နားေထာင္ရင္း သေဘာတက် ျပံဳးေနခဲ့တဲ့ ခင္ဗ်ား ႏႈတ္ခမ္းပါးေတြကိုေတာ့ ေမ့မရခဲ့ဘူး။

တစ္ထပ္တည္းက်စြာ...ခင္ဗ်ားေန႔တိုင္းေပးခဲ့တဲ့ သၾကားလံုးေလးေတြရဲ႕ အေရအတြက္ကိုလည္း ေမ့မရခဲ့ဘူး။

ေသြးတစိုစိုျဖစ္ေနတဲ့ ခင္ဗ်ားရဲ႕ မ်က္တြင္းေဟာက္ပက္နဲ႔ ေသြဖီဆန္႔က်င္ရင္း သင္းခ်င္တိုင္းသင္းေနတဲ့ ခင္ဗ်ားရဲ႕ ကိုယ္သင္းရနံ႔ကိုလည္း ေမ့မရခဲ့ဘူး။

ကၽြန္ေတာ္ ၿမိန္ေရရွက္ေရ စားခဲ့တဲ့ အရသာမေကာင္းမကန္း နဲ႔ ခင္ဗ်ားရဲ႕ ေန႔လည္စာကိုလည္း ေမ့မရခဲ့ဘူး။

ကၽြန္ေတာ္က လက္စားေခ်ဖို႔ကလြဲရင္ က်န္တာေခါင္းထဲထည့္ထား ျဖစ္တာမဟုတ္။ မေတာ္တဆ ေခါင္းထဲေရာက္လာခဲ့ရင္ေတာင္ မရမက ေမ့ပစ္တတ္တဲ့သူမ်ိဳး။ဟုတ္ပါတယ္..ကၽြန္ေတာ္ေသခ်ာေပါက္ ေမ့ပစ္ဖို႔ ႀကိဳးစားခဲ့တယ္။ေမ့လို႔မရခဲ့တာပါ။

ကၽြန္ေတာ္ဟာ ေသဆံုးခဲ့တယ္...ျပန္လည္ေမြးဖြားခဲ့တယ္...ခင္ဗ်ားကို တမ္းတေနတဲ့ အသိစိတ္ေတြနဲ႔...

ေနာက္တစ္ဖန္ ေသဆံုးၿပီး ေနာက္တစ္ဖန္ ေမြးဖြားလာျပန္တယ္...ဝမ္းသာသင့္သလား ဝမ္းနည္းသင့္သလား မေဝခြဲႏိုင္ေတာ့ေအာင္ ခင္ဗ်ားကိုပဲ တမ္းတေနမိျပန္တယ္...

တစ္ခ်ိန္ခ်ိန္က ကၽြန္ေတာ္မသိေတာ့တဲ့ ကၽြန္ေတာ္ဟာ..ဘဝ အဆက္ဆက္ဆိုတဲ့ ဆုမ်ိဳး ေတာင္းခဲ့ဖူးျခင္းေၾကာင့္ပဲလား...
ကၽြန္ေတာ့္လို ေခါင္းမာမာနဲ႔ ဘာမထီ ေကာင္ က ဘယ္သူ႔ကို တိုင္တည္အားကိုးၿပီး ေတာင္းခဲ့တဲ့ ဆုမ်ိဳးမို႔ စိတ္ညစ္ဖို႔ေကာင္းေအာင္ ျပည့္ဝေနရတာလဲ။ မဟုတ္မွ ဒါေတြက အျပစ္ဒဏ္ေတြခ်ည္းသက္သက္လား။

ကၽြန္ေတာ္ သိသမၽွဆိုရင္ေတာ့ ခင္ဗ်ားကထားသြားခဲ့တာပါ။ တစ္ကိုယ္ေကာင္းဆန္စြာ ကိုယ္လြတ္ရုန္းသြားခဲ့တာ။ကၽြန္ေတာ္လည္း ခင္ဗ်ားကို ဘာမွ မလုပ္ခဲ့ပါဘဲနဲ႔...ဟုတ္တယ္...ကၽြန္ေတာ္က်ဴးလြန္ခဲ့တဲ့ အျပစ္ေတြကလည္း က်ဴးလြန္သင့္တယ္ထင္လို႔ က်ဴးလြန္ခဲ့ရံုတင္...

ကၽြန္ေတာ့္ပေယာဂေၾကာင့္ ခင္ဗ်ားဘဝ ကေမာက္ကမ ျဖစ္သြားခဲ့ရင္ေတာင္ ခင္ဗ်ားတစ္ေယာက္သာ ကၽြန္ေတာ္ကိုလာပတ္သတ္ဖူးသမၽွ လူေတြထဲမွာ ကံအေကာင္းဆံုးပါေနာ္...

ကၽြန္ေတာ့္ဘက္ကၾကည့္ရင္ ဘုရားစူး မိုးႀကိဳးပစ္..ခင္ဗ်ားကိုေတာ့ တစ္ကယ္ ယုယုယယ ပါဗ်ာ..

ဒါေပမယ့္ေပါ့ ကၽြန္ေတာ့္ကို မေတြ႕ခ်င္မျမင္ခ်င္လြန္းလို႔ ကိုယ့္ အသက္ဝိဥာဏ္ကိုပါ အစိတ္စိတ္အမႊာမႊာ ဖ်က္ဆီးခဲ့တဲ့သူက အိပ္မက္ထဲ ကိုေတာင္ ေယာင္လို႔မလာေတာ့ပါဘူးတဲ့...

အဲ့ဒီေလာက္ထိ သူ ကၽြန္ေတာ့္ကို မုန္းႏိုင္ခဲ့ပါတယ္...

ကၽြန္ေတာ္ကေတာ့ ဘယ္သူမွန္းမသိတဲ့ ထိုလူသားကို တမ္းတရင္း...
ဘဝ ေပါင္းမ်ားစြာ သူမပါဘဲ ရွင္သန္ရင္း...
မဆိုသေလာက္ ေျပာင္းလဲလာတယ္ ထင္ပါရဲ႕...

ကၽြန္ေတာ္ ဘယ္အတိုင္းအတာထိ လိမၼာမွ ခင္ဗ်ား ျပန္လာမွာလဲ...

မဟုတ္ေသးပါဘူး မလိမၼာတဲ့ ကၽြန္ေတာ့္ကို ဆံုးမစရာရွိမွ ေမတၱာရွင္ႀကီးခင္ဗ်ားက ေရာက္ခ်လာမွာမလား...

ထပ္ခါထပ္ခါ ဆိုးသြမ္းဖို႔ကိုလည္း ဝန္မေလးေတာ့ပါဘူးေလ..။

Unicode

ကျွန်တော်ခင်ဗျားကို ချစ်ခဲ့သလား မုန်းခဲ့သလားတောင် မသေချာတော့ပါဘူး။ အတိတ်တွေဟာ ကြာခဲ့ပြီ။ မရေမတွက်နိုင်တော့တဲ့အဆုံး ဖြစ်ချင်ရာဖြစ် ပစ်ထားခဲ့တဲ့ နှစ်..လ..ရက်..တွေမှာ ခင်ဗျား မျက်နှာဟာ မှုန်ဝါးဝါး။

ခင်ဗျားက ဘယ်လိုဘယ်ပုံ..ခင်ဗျားရဲ့အမည်နာမ???ဟင့်အင်...ကျွန်တော် ဘာဆိုဘာမှ မမှတ်မိဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပေါက်လွတ်ပဲစား ဟာသ တွေကို နားထောင်ရင်း သဘောတကျ ပြုံးနေခဲ့တဲ့ ခင်ဗျား နှုတ်ခမ်းပါးတွေကိုတော့ မေ့မရခဲ့ဘူး။

တစ်ထပ်တည်းကျစွာ...ခင်ဗျားနေ့တိုင်းပေးခဲ့တဲ့ သကြားလုံးလေးတွေရဲ့ အရေအတွက်ကိုလည်း မေ့မရခဲ့ဘူး။

သွေးတစိုစိုဖြစ်နေတဲ့ ခင်ဗျားရဲ့ မျက်တွင်းဟောက်ပက်နဲ့ ​သွေဖီဆန့်ကျင်ရင်း သင်းချင်တိုင်းသင်းနေတဲ့ ခင်ဗျားရဲ့ ကိုယ်သင်းရနံ့ကိုလည်း မေ့မရခဲ့ဘူး။

ကျွန်တော် မြိန်ရေရှက်ရေ စားခဲ့တဲ့ အရသာမကောင်းမကန်း နဲ့ ခင်ဗျားရဲ့ နေ့လည်စာကိုလည်း မေ့မရခဲ့ဘူး။

ကျွန်တော်က လက်စားချေဖို့ကလွဲရင် ကျန်တာခေါင်းထဲထည့်ထား ဖြစ်တာမဟုတ်။ မတော်တဆ ခေါင်းထဲရောက်လာခဲ့ရင်တောင် မရမက မေ့ပစ်တတ်တဲ့သူမျိုး။ဟုတ်ပါတယ်..ကျွန်တော်သေချာပေါက် မေ့ပစ်ဖို့ ကြိုးစားခဲ့တယ်။မေ့လို့မရခဲ့တာပါ။

ကျွန်တော်ဟာ သေဆုံးခဲ့တယ်...ပြန်လည်မွေးဖွားခဲ့တယ်...ခင်ဗျားကို တမ်းတနေတဲ့ အသိစိတ်တွေနဲ့...

နောက်တစ်ဖန် သေဆုံးပြီး နောက်တစ်ဖန် မွေးဖွားလာပြန်တယ်...ဝမ်းသာသင့်သလား ဝမ်းနည်းသင့်သလား မဝေခွဲနိုင်တော့အောင် ခင်ဗျားကိုပဲ တမ်းတနေမိပြန်တယ်...

တစ်ချိန်ချိန်က ကျွန်တော်မသိတော့တဲ့ ကျွန်တော်ဟာ..ဘဝ အဆက်ဆက်ဆိုတဲ့ ဆုမျိုး တောင်းခဲ့ဖူးခြင်းကြောင့်ပဲလား...
ကျွန်တော့်လို ခေါင်းမာမာနဲ့ ဘာမထီ ကောင် က ဘယ်သူ့ကို တိုင်တည်အားကိုးပြီး တောင်းခဲ့တဲ့ ဆုမျိုးမို့ စိတ်ညစ်ဖို့ကောင်းအောင် ပြည့်ဝနေရတာလဲ။ မဟုတ်မှ ဒါတွေက အပြစ်ဒဏ်တွေချည်းသက်သက်လား။

ကျွန်တော် သိသမျှဆိုရင်တော့ ခင်ဗျားကထားသွားခဲ့တာပါ။ တစ်ကိုယ်ကောင်းဆန်စွာ ကိုယ်လွတ်ရုန်းသွားခဲ့တာ။ကျွန်တော်လည်း ခင်ဗျားကို ဘာမှ မလုပ်ခဲ့ပါဘဲနဲ့...ဟုတ်တယ်...ကျွန်တော်ကျူးလွန်ခဲ့တဲ့ အပြစ်တွေကလည်း ကျူးလွန်သင့်တယ်ထင်လို့ ကျူးလွန်ခဲ့ရုံတင်...

ကျွန်တော့်ပယောဂကြောင့် ခင်ဗျားဘဝ ကမောက်ကမ ဖြစ်သွားခဲ့ရင်တောင် ခင်ဗျားတစ်ယောက်သာ ကျွန်တော်ကိုလာပတ်သတ်ဖူးသမျှ လူတွေထဲမှာ ကံအကောင်းဆုံးပါနော်...

ကျွန်တော့်ဘက်ကကြည့်ရင် ဘုရားစူး မိုးကြိုးပစ်..ခင်ဗျားကိုတော့ တစ်ကယ် ယုယုယယ ပါဗျာ..

ဒါပေမယ့်ပေါ့ ကျွန်တော့်ကို မတွေ့ချင်မမြင်ချင်လွန်းလို့ ကိုယ့် အသက်ဝိဉာဏ်ကိုပါ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခဲ့တဲ့သူက အိပ်မက်ထဲ ကိုတောင် ယောင်လို့မလာတော့ပါဘူးတဲ့...

အဲ့ဒီလောက်ထိ သူ ကျွန်တော့်ကို မုန်းနိုင်ခဲ့ပါတယ်...

ကျွန်တော်ကတော့ ဘယ်သူမှန်းမသိတဲ့ ထိုလူသားကို တမ်းတရင်း...
ဘဝ ပေါင်းများစွာ သူမပါဘဲ ရှင်သန်ရင်း...
မဆိုသလောက် ပြောင်းလဲလာတယ် ထင်ပါရဲ့...

ကျွန်တော် ဘယ်အတိုင်းအတာထိ လိမ္မာမှ ခင်ဗျား ပြန်လာမှာလဲ...

မဟုတ်သေးပါဘူး မလိမ္မာတဲ့ ကျွန်တော့်ကို ဆုံးမစရာရှိမှ မေတ္တာရှင်ကြီးခင်ဗျားက ရောက်ချလာမှာမလား...

ထပ်ခါထပ်ခါ ဆိုးသွမ်းဖို့ကိုလည်း ဝန်မလေးတော့ပါဘူးလေ..။

Bạn đang đọc truyện trên: Truyen247.Pro