To...1
လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက...သူ..ကိုယ့် ဘဝထဲ ဝင်လာတယ်.. " ပေါက်စ..လမ်းမှာတွေ့ရင်လဲ နှုတ်ဆက် " ဆိုတဲ့ စာလေးတစ်ကြောင်းနဲ့ ။
အဲ့ဒီအချိန်တွေတုန်းက ကိုယ်က ၉တန်း..
ဖုန်းကို ဂိမ်းဆော့ဖို့နဲ့ဆက်သွယ်ဖို့ပဲ သုံး..Facebookကို လုံးဝ မသုံးရဘူး ဆိုပြီး ကိုယ့်အစ်ကို က ပြောထားပေမယ့်..Line app လေးက ကိုယ့်ဆီ ယောင်လည်လည် ရောက်ချလာတယ်..။
သိပ်ပျော်စရာကောင်းတယ်..group ပေါင်းစုံထဲမှာလဲ memberအဖြစ်ဝင်ပြီး စကားတွေပေါခဲ့တယ်..။ လူပေါင်း ရာ..ချီ ရှိတဲ့ groupထဲမှာ ကိုယ်က ကိုယ့်သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း...တစ်ခါမှ မသိဘူးတဲ့ သူက ရုတ်တရက်ကြီး လူရင်းတွေလို ကိုယ့်ကို လာခင်တယ်.. သူကလဲ ကိုယ့်သူငယ်ချင်းတွေနဲ့ သူငယ်ချင်းပဲတဲ့..။
ဒီလိုနဲ့ သူရယ် ကိုယ်ရယ် ကိုယ့်သူငယ်ချင်း ရယ်.. သုံးယောက်သား groupဖွဲ့ပြီးနေ့တိုင်း လိုင်းပေါ်မှာ တွေ့ဖြစ်တော့တယ်။ တစ်ယောက် လိုင်းပေါ်မှာ မရှိချိန် ကျန်တဲ့ နှစ်ယောက်ပြောဆိုထားတာ messageပေါင်း ထောင်ကျော်နေတော့ နောက်မှ ရောက်လာတဲ့သူက ဆဲရော.. သုံးယောက်ဆုံရင် ကမ္ဘာပျက်တဲ့အတိုင်းပဲ..
Profile တွေ usernameတွေ Bioတွေ အကုန် ဆင်တူထားပြီး.. တခြားgroupတွေထဲ သွားမွှေကြတယ်.. အဲ့မှာ ရှိတဲ့ တခြား သူငယ်ချင်းတွေက ကိုယ်တွေကို လူလွဲကုန်ရော....ဒီလိုနဲ့ အချင်းချင်း ကိုယ့်အပြင်ဘဝ တွေကို တစတစ ပြောလာကြပြီ.... အချိန်တွေကြာလာတော့ ခင်မင်မှုတွေကလဲ မောင်နှမ ရင်းတွေအတိုင်း...
ပထမဆုံး ဖုန်းနံပါတ်တွေလဲပြီး ဖုန်းခေါ်ကြတဲ့အချိန်က အခုထိ မှတ်မှတ်ရရ ပဲ.. သူရော ကိုယ်ရော ဘာမှမပြောဘဲ ရယ်နေတော့တာ.... သူက ကိုယ်စကား ပြောတာတောင် ရယ်နေပြန်တော့ ဆဲမိသလား ဘာလား မမှတ်မိတော့ပါဘူး..ဖုန်းချပြီး နောက် စာပို့တယ်.. " နင်က တစ်ကယ့် ကလေး အသံ "တဲ့ ရယ်နေတဲ့ emojiလေးတွေ ပါမယ် ထင်တာပဲ.. ကိုယ့် သူငယ်ချင်းနဲ့ ဖုန်းပြောတာကတော့ ထွေထွေထူးထူး မရှိဘူး..ဟိုးအရင်ကတည်းက ခင်လာတာဆိုတော့..
ဒါပေမယ့် အကုန်လုံးက လိုင်းပေါ်က သူငယ်ချင်းတွေ.. အပြင်မှာ ဘယ်သူမှ အချင်းချင်း မတွေ့ဖူးကြဘူး..။
တစ်နေ့မှာတော့ သူက ပြောလာတယ်..
" ငါ နင်တို့ကို တောင်းပန်စရာ ရှိတယ်..အမှန်ကိုသိရင် ငါ့ကို နင်တို့ ဆက်မခင်တော့မှာ စိုးလို့ " တဲ့..။
Bạn đang đọc truyện trên: Truyen247.Pro