Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-9 ( shouldn't be)

Unicode

8 နာရီကနေ 11 အထိ lecture သုံးချိန်တက်ရကာ 11-12 ကတော့ grammar ချိန်ပင်။

12 နာရီမှာနေ့လည်စာစားပြီးရေချိုးကာ အိပ်ရလေသည်။

ဘယ်အချိန်အိပ်အိပ် သလင်းမြူကတော့အိပ်ပျော်ပြီး စိုင်းစံကတော့ ဝတၳုခိုးဖတ်နေသည်။

နေ့လည်နှစ်နာရီမှာအတန်းပြန်စကာ lecture သုံးချိန်ထပ်တက်ရသည်။

ညနေစာစားပြီး ခြောက်နာရီမှာတော့ တစ်ဘာသာနာရီဝက်ဆီနှင့် guide သုံးနာရီဝင်ကာ ညကိုးနာရီမှ သလင်းမြူအတန်းပြီးသည်။

သလင်းမြူအခန်းထဲပြန်ရောက်ရောက်ချင်း ကုတင်ပေါ် ခြေပစ်လက်ပစ်လှဲချကာ လေပူတွေမှုတ်ထုတ်မိတော့ စိုင်းစံကရယ်လေသည်။

"အစ်ကို ပင်ပန်းလို့လား..."
"အင်း.....
မနက်လည်းအစောကြီးထရတယ်
အတန်းကလည်းည ကိုးနာရီထိတက်ရတယ်...
ဒီကြားထဲ အရှေ့တန်းကကောင်တွေက လှမ်းပြုံးပြုံးပြနေလို့ ကြက်သီးတွေကလည်းထသေး
ငါတော့ရူးချင်တာပဲ..."
"ညည်းမနေနဲ့ဦး အစ်ကို...
ကျွန်တော်တို့လည်းအစ်ကိုတို့လို တက်ရတာပဲ..
6 တန်းကနေ 8 တန်းအထိ အတန်းချိန်တွေအတူတူပဲ....
9 တန်းတွေက 10 နာရီမှအတန်းပြီးမှာ...
10 တန်းတွေဆို 11 နာရီအထိ..."
"သနားပါတယ်ကွာ..."
"နောက်ဆိုအကျင့်ဖြစ်သွားမှာပါ အစ်ကိုရာ...
အစတော့ အားလုံးဒီလိုပါပဲ...
ဗုဒ္ဓဟူး ကြာသပတေး speaking ချိန်ကျ ကျွန်တော်တို့ 6တန်း 7 တန်း 8တန်းတွေ အတူတက်ရမှာနော်...
သောကြာနေ့ singing time ရောပဲ...."
"ကောင်းတာပေါ့..."
"speaking ချိန်နဲ့ singing time ကအရမ်းပျော်ဖို့ကောင်းတယ် အစ်ကိုလည်းသဘောကျမှာ..."

သလင်းမြူခေါင်းသာညိတ်ရင်း ညဝတ်လဲကာ မျက်နှာသစ်သွားတိုက်ပြီး အိပ်ရန်ပြင်တော့သည်။

"အိပ်တော့မလို့လား..."
"အင်း.....
9 နာရီခွဲနေပြီ...
မနက်လည်းဘုရားရှိခိုးဖို့ထရဦးမယ်...
မင်းလည်းအိပ်တော့..."
"ဟုတ်.....
Good night အစ်ကို...."
"Good night...."

အိပ်ဖို့မျက်လုံးတွေမှိတ်လိုက်တော့ အာရုံထဲအလုအယက်ဝင်လာခဲ့သည်က ကိုကို....။

သူအမှန်အတိုင်းဝန်ခံရလျှင် တစ်နေကုန်အချိန်ဇယားတွေကြားလှုပ်ရှားနေရတာကြောင့် ကိုကို့ကိုတော့သတိမရမိ။

အခုတော့ private ချိန်မို့ လွမ်းတယ်ကိုကို။

ကိုကိုရှိရာအရပ်ကို မှန်တံခါးကနေငေးကြည့်ရင်း ရင်ခွင်ထဲကအရုပ်ကလေးကိုခပ်ဖွဖွနမ်းမိသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

မနက်မလင်းသေးပေမယ့် မြည်လာသည့် alarm ကိုပိတ်ကာ သလင်းမြူရဲ့တစ်နေ့တာစတင်ရပြန်သည်။

မျက်နှာသစ်သွားတိုက်ပြီးသည်နှင့် ပန်းသီးတစ်လုံးကိုအမြန်ကိုက်စားကာ ညဝတ်ကိုမလဲဘဲအပေါ်မှပုဆိုးထပ်ဝတ်ပြီး ဘုရားခန်းကိုပြေးရတော့သည်။

တာဝန်ကျဆရာမနှင့်အတူဘုရားရှိခိုးကြရာ ပဋ္ဌာန်း စရွတ်တော့ သလင်းမြူလည်းစငိုက်ပေပြီ။ သူတစ်ယောက်တည်းလားဆိုတော့မဟုတ်။ အားလုံးသူလိုကိုယ်လိုပင်။ ဆယ်တန်းအစ်ကိုကြီးတွေဆို လက်ထဲကပဋ္ဌာန်းစာအုပ်တွေပင်ပြုတ်ကျကာ နံရံကိုမှီအိပ်နေကြသည်။

သူ့ဘေးမှဇေယျာကျော်နှင့် စိုင်းကွမ်ခေးမှာတဖြည်းဖြည်းခေါင်းတွေကသူ့ဘက်စောင်းလာကာ တစ်ယောက်ပုခုံးတစ်ယောက်မှီငိုက်နေကြပေမယ့် ပါးစပ်ကတော့ဘုရားစာတွေရွတ်နေကြဆဲပင်။

တစ်နေ့ပြီးတစ်နေ့ အချိန်ဇယားတွေထဲကအတိုင်း လိုက်နာရင်း သောကြာနေ့ပင်ရောက်လာခဲ့ကာ နေ့လည် 11:12 ရဲ့တစ်ပတ်မှာ တစ်ချိန်သာပါသည့် singing time ရောက်ရှိလာသည်။

အဆောင်မှူးဆရာမကြီး၏ သူငယ်ချင်းဖြစ်သည့်Teacher Nway ကပဲသူတို့ကို grammar, speaking နှင့် singing time ကိုပါသင်လေသည်။

ကျောင်းစတိုခန်းထဲကနေ guide ဆရာဆရာမတွေက guitar သုံးလုံးကို ယူလာပေးသည်။

"ဒီအပတ်ကနေစပြီး guitar လေးတွေနဲ့ဆိုကြမယ်နော်...
Guitar တီးတတ်သူလေးတွေလက်ထောင်ပြပါ..."

မိန်းကလေးတွေထဲမှတစ်ယောက်က လက်ထောင်ရာ စိုင်းစံကလည်းလက်ထောင်လေသည်။

"Ok...
နှစ်ယောက်ရပြီ...
နောက်ထပ်တစ်ယောက်လောက်မရှိတော့ဘူးလား...."

ဇေယျာနှင့် ကွမ်ခေးကလည်း မတီးတတ်ဘူးဆိုပြီး သူ့ကိုခေါင်းယမ်းပြကာ နောက်ထပ်လည်း ဘယ်သူမှတုန့်ပြန်မှုမရှိသောကြောင့် သလင်းမြူ လက်ထောင်လိုက်သည်။

"Ok သုံးယောက်ပြည့်ပြီ...
သားရှေ့ထွက်ခဲ့...."

သလင်းမြူ အတန်းရှေ့ထွက်ပြီး စိုင်းစံနှင့် ကောင်မလေးကြားက ခုံတွင်ဝင်ထိုင်ကာ guitar ကိုပေါင်ပေါ်တင်လိုက်သည်။

"အစ်ကို တီးတတ်တယ်လား..."
"နည်းနည်းပါးပါး..."

သလင်းမြူတို့သုံးယောက်ဆရာမ ပြသည့် အတိုင်းတီးကာ အားလုံးနှင့်အတူသီချင်းလိုက်ဆိုရလေသည်။

စိုင်းစံပြောသလို singing time ကတကယ်ကိုပျော်စရာကောင်းသည်။

အတန်းပြီးလို့ နှုတ်ဆက်တော့ Teacher Nway ကသူ့ကိုလာမေးလေသည်။

"သားလည်း စိုင်းစံရှားလို ခရစ်ယာန်ပဲလား...."
"မဟုတ်ဘူးဗျ...
သားက ဗုဒ္ဓဘာသာပါ..."
"ဪ....
သားက guitar တီးတာတော်လို့ စိုင်းစံရှားလို ဘုရားကျောင်းကသင်ပေးတာလားလို့ပါ.....
သားဘယ်ကသင်ထားတာလဲ..."
"သား အစ်ကိုသင်ပေးထားတာပါ..."

သလင်းမြူ ဆရာမကိုနှုတ်ဆက်ကာ စိုင်းစံနှင့်အတူ အခန်းသို့ပင်ပြန်ခဲ့တော့သည်။

စနေနေ့ ကတစ်နေကုန် guide ချိန်တွေသာ ဖြစ်ပြီး computer နှစ်ချိန်ပါသည်။ guide ဆရာ ဆရာမတွေက သူမမှီလိုက်သည့် စာတွေကို သေချာပြန်သင်ပေးလေသည်။

စနေနေ့ညမှာတော့ အဆောင်မှူးကစာကြည့်တိုက်ဖွင့်ပေးရာ သလင်းမြူလည်းစိုင်းစံနှင့်အတူ စာအုပ်သွားငှါးပြီး ညသန်းခေါင်ကျော်သည်အထိ နှစ်ယောက်သားမအိပ်သေးဘဲ စာအုပ်ဖတ်ကြသည်။

ဇေယျာတို့အခန်းဘက်မှာလည်း အတန်းကြီးတွေရောစုကာ မကြီးမငယ်နှင့် မိုနိုပိုလီ ကစားနေကြပြီး အရမ်းမဆူရန် ဆရာတွေကလိုက်သတိပေးနေရသည်။

ညသန်းခေါင်ကျော်မှ သူဗိုက်ဆာသည်ဆိုသောကြောင့် စိုင်းစံကခေါက်ဆွဲပြုတ်ကျွေးသေးသည်။သလင်းမြူ့ကုတင်ပေါ်မှာပဲ စာအုပ်အတူဖတ်ရင်း သူတို့နှစ်ယောက်အိပ်ပျော်သွားခဲ့သည်။

ထိုအချိန် မနက်ဖြန်တွေ့ရတော့မည်ဆိုပြီး အလွမ်းတွေနှင့် မင်းညီကတော့အိပ်မပျော်နိုင်သေးပေ။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ဟျောင့် ဘယ်သူ့မျှော်နေတာလဲ...."

ဇေယျာကသူ့ကိုမျက်မှောင်ကျုံ့ပြီးမေးသည်ကိုပင် သလင်းမြူမဖြေနိုင်သေးဘဲ ကျောင်းဂိတ်တံခါးကိုသာလှမ်းကြည့်နေသည်။

"ဒီတစ်ပတ်မိဘတွေ့ရက်လည်းမဟုတ်ပါဘူး..."
"အစ်ကို မနက်ကတည်းက အဲ့လိုဖြစ်နေတာ...
ဖင်တကြွကြွနဲ့...."

ဘေးက guitar တီးရင်းထပြောသည့် စိုင်းစံကို မျက်စောင်းတစ်ချက်သာထိုးလိုက်သည်။

မနက်စာစားပြီးခါစ ဆရာ့ဆီက guitar နှစ်လုံးယူပြီး သူတို့အဖွဲ့ပန်းခြံထဲမှာထိုင်နေခြင်းပင်။

တခြားသူတွေကတော့ ကြက်တောင်ရိုက်သူကရိုက် ဘောလုံးကန်သူကကန်နေကြပြီး တနင်္ဂနွေမို့ အားလုံး uniform လည်းမဝတ်ရဘဲလွတ်လွတ်လပ်လပ်ပင်။

ကျောင်းအနောက်ဘက်ခြမ်းမှ မိန်းကလေးအိပ်ဆောင်တွေတွင်လည်း သူတို့နည်းတူပင်။ ထမင်းစားဆောင်တွေပါ ယောက်ျားလေး မိန်းကလေးခွဲထားသောကြောင့် စာသင်ချိန်မှ လွဲ၍ ယေါက်ျားလေးမိန်းကလေးမတွေ့ရပေ။

"စိုင်းစံ guitar မတီးသေးဘူးလား..."

သူတို့အနားကို ဆယ်တန်း ကိုးတန်းမှအစ်ကိုကြီးတွေရောက်လာကြသည်။

"တီးမှာ အစ်ကို..."
"သူက ရှစ်တန်းက သလင်းမြူမလား..."
"ဟုတ်တယ်လေ အစ်ကို့ကိုသိလို့လား..."
"သိတာပေါ့ သင်္ချာဆရာကြီးက သူ့အကြောင်းကို အတန်းထဲမှာပြောဖူးတယ်
ရှစ်တန်းတွေဆီကလည်း သူ့နာမည်ကိုခဏခဏကြားလို့......"
"ကျွန်တော့်အကြောင်းကို...ဆရာကဘာတွေပြောလို့လဲ..."
"တော်တယ်တဲ့.....သလင်းမြူလေးက...."

ဟုတ်သည်ရှိမဟုတ်သည်ရှိ ကိုယ့်ကိုချီးကျူးမှတော့ ခေါင်းငြိမ့်ရင်းပြုံးသာပြလိုက်သည်။

"လှိုင်ဦးမော်ရဲ့ လွန်ပါစေအလွမ်းညတွေ သီချင်းအစ်ကိုတို့ရလား..."
"အင်း ရတယ်..."
"စိုင်းစံ မင်းလည်းသိတယ်မလား....
အတူတူ တီးရအောင်...."

"🎶မိန်းကလေး အကြောင်းတွေပဲ.....
အဝေးက ဆုတောင်းဆဲလေ...
အားအင်ဖြည့်ဖို့ လွန်ပါစေ အလွမ်းညတွေ......
လွန်ပါစေ အလွမ်းညတွေ....
လွန်ပါစေ လွန်ပါစေ....
လွန်ပါစေ အလွမ်းညတွေ.....
လွန်ပါစေ လွန်ပါစေ.....

စဉ်းစားရင်းနဲ့ပဲ အချိန်တွေကုန်ဆုံးသွားပြီ
လွမ်းနေဆဲဘဝမို့လေ...
လွန်ပါစေ အလွမ်းညတွေ.....
လွန်ပါစေ အလွမ်းညတွေ....
လွန်ပါစေ လွန်ပါစေ.....
လွန်ပါစေ အလွမ်းညတွေ....
လွန်ပါစေ လွန်ပါစေ.....
ဝေးနေဆဲဘဝမို့လေ....ငါ့ရင်ထဲမှာတော့...
ငါငိုကြွေး....တောင်းဆုတွေခြွေ..........🎶"

ညီညာတဲ့သီဆိုသံတွေပြီးဆုံးသွားချိန်မှာတော့ guitar သံလေးလည်းရပ်တန့်သွားကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြရင်း သဘောတကျရယ်မိကြလေသည်။

သီချင်းစစချင်းမှာ "သူ့ရဲ့အကြောင်းတွေပဲ" လို့ဆိုလိုက်သည့် သလင်းမြူအသံကိုတော့ ဘယ်သူမှ သတိထားလိုက်မိဟန်မတူပေ။

လွမ်းဆွတ်ရသည့် သူရှိဟန်တူသည့် အစ်ကိုကြီးတွေကလည်း သူ့လိုခံစားချက်အပြည့်နှင့်ဆိုခဲ့သောကြောင့် သူတို့အသံတွေမကောင်းရင်တောင် နားထောင်လို့တော့ကောင်းပေလိမ့်မည်။

"ငယ်လေး...."

နှလုံးသားထဲကနေ ပျော်ရွှင်သွားစေနိုင်သည့် ခေါ်သံတစ်ခု.....

သူ့ကိုပြုံးရင်းကြည့်နေသည့် သူညတိုင်းလွမ်းဆွတ်ရသူ.....

"ကိုကို...!!!"

ပြေးကာ ဖက်လိုက်တော့ ပွေ့ချီခြင်းခံလိုက်ရတဲ့ သူ့ခန္ဓာကိုယ်....

ကိုကို့ဂုတ်ကိုဖက်တွယ်ထားကာ ပုခုံးပေါ်မေးတင်ရင်း ကိုကို့ခါးကိုလည်းခွထားပြီး ပြုံးရယ်နေသည့် သူ့ကိုကြည့်နေကြသည့် မျက်လုံးပေါင်းများစွာကိုလည်း သူဂရုမစိုက်.....

သူ့စိတ်ထဲမှာ သူလွမ်းသည့် ကိုကိုတစ်ယောက်သာ....

"ကိုယ်လေးပေါ့သွားတယ် ထမင်းသိပ်မစားဘူးလားငယ်လေး..."
"စားတယ်...
ကိုကို့ကိုလွမ်းပြီး ဝိတ်ကျသွားတာ..."

ကိုကို့ရဲ့ တိုးသဲ့သဲ့ရယ်သံကိုကြားရပြီး သူ့ကို ကိုကိုကအောက်ပြန်ချပေးသည်။

"မျက်နှာလေးကိုကြည့်ပါရစေဦး..."

ကိုကိုမြင်သာအောင် သူခေါင်းကိုမော့ပေးလိုက်သည်။

"မျက်ကွင်းလေးတွေညိုနေတယ်...
ညမအိပ်ဘူးလား..."
"ကိုကို့ ကိုလွမ်းလို့အိပ်မပျော်ဘူး...."

အနောက်မှစိုင်းစံ၏ ခွီးကနဲရယ်သံကိုကြားလိုက်ရသောကြောင့် လှည့်ကြည့်တော့ ကိုယ်တော်က သူ့ကို လက်ကာပြကာ ပါးစပ်ပိတ်ပြီးရယ်နေသည်။

"ကိုကို မေမေရော..."
"Reception ထဲမှာ ဆရာမကြီးနဲ့စကားပြောနေတယ်..."

ကိုကို့ လက်ကိုဆွဲရင်း reception ထဲကိုသွားကာ ဆရာမကြီးနှင့်မျက်နှာချင်းဆိုင်မှ မေမေ့ရင်ခွင်ထဲ ပြေးဝင်လိုက်သည်။

"အမေကိုချွဲနေတာပေါ့..."

ဆရာမကြီးကို သွားလေးဖြီးကာရယ်ပြလိုက်ပြီး မေမေ့ပါးကိုမွှေးကြူလိုက်သည်။

အပြင်သွားရန် အခန်းပြန်အဝတ်အစားလဲတော့ ကိုကိုကလိုက်လာပြီး စိုင်းစံတို့ကပါလိုက်ရှုပ်လေသည်။

ကိုကိုကိုယ်တိုင်သူ့ကို အဝတ်လဲပေးတာကို ကလေးလေးလိုငြိမ်ခံနေသည့် သူ့ကို တစ်ဖက်ကုတင်ပေါ်ထိုင်နေသည့် စိုင်းစံတို့က ပါးစပ်အဟောင်းသားနှင့်ကြည့်နေကြသည်။

"ကိုလတ်တို့မမကြီးတို့က ဘာလို့ပါမလာတာလဲဟင်ကိုကို..."
"ကိုငယ် မိန်းမခိုးလာလို့ အလုပ်ရှုပ်နေကြတာလေ..."
"ကိုငယ်က မိန်းမခိုးလာတယ်?"
"အင်း ဗုဒ္ဓဟူးနေ့ညက...
အခု မင်္ဂလာဆောင်ပေးရတော့မှာ..."
"လှလား...ကိုငယ့်ကောင်မလေးက..."
"မသိဘူး...
ကိုကို့မျက်လုံးထဲ ငယ်လေးလောက်ဘယ်သူမှမလှဘူး..."
"အပိုတွေ..."

နှာခေါင်းရှုံ့ကာပြောသည့် ကောင်လေးကို အသဲယားစွာနဖူးလေးကိုနမ်းမိတော့ နောက်ကျောဘက်ဆီကချောင်းဆိုးသံတွေကြားမှ ငယ်လေးသူငယ်ချင်းတွေရှိမှန်း မင်းညီသတိရသည်။

"ကိုကို..."
"ဗျာ..."
"ကိုကိုကရော...ကိုငယ့်လို ကောင်မလေးတစ်ယောက်နဲ့လက်ထပ်မှာလားဟင်..."
"ကိုကိုကဘယ်ကောင်မလေးနဲ့မှလက်မထပ်ဘူး...
တစ်သက်လုံး ငယ်လေးနားမှာပဲနေမှာ...."
"ကတိနော်...."
"ကတိပါဗျာ..."

"အဟွတ်...အဟွတ်...အဟွန်း..!!!"

ခုနကထက်ပိုကျယ်တဲ့ချောင်းဆိုးသံတွေထွက်ပေါ်လာရာ သလင်းမြူ ပြီတီတီရုပ်နှင့် စိုင်းစံတို့ကို လက်သီးထောင်ပြလိုက်သည်။

သူစားချင်တာလိုက်ကျွေးပြီး မေမေက စိုင်းစံတို့အတွက်ပါ ပါဆယ်တွေဝယ်ပေးလေသည်။

Uni mart မှာလည်းမုန့်အချိုရည်နှင့် တခြားသူလိုအပ်သည်တို့ကိုဝယ်ပေးကာ ကျောင်းကိုပြန်လိုက်ပို့သည်။

ကိုကို့ လက်ကိုဆွဲထားရင်း မပြန်ပါသေးနဲ့ဦးလို့ သူချွဲချင်ပေမယ့် ကိုကို့ကိုနောက်ဆံမတင်းစေချင်တာကြောင့် ပါးပြင်ထက်ကိုနမ်းပြီး လက်ပြနှုတ်ဆက်လိုက်တော့သည်။

မြင်ကွင်းထဲက ကိုကိုတို့စီးလာသည့် ကားလေးပျောက်ကွယ်သွားသည်နှင့် လွမ်းလာရပြန်သည်။

အခန်းထဲမှာတော့ စိုင်းစံနှင့် ဇေယျာတို့က မေမေသူတို့အတွက် ဝယ်ပေးလိုက်သည်တို့ကို စားနေကြသည်။

"သလင်းမြူ
ဒီအပတ်ကမိဘတွေ့ရက်မဟုတ်ဘဲနဲ့ မင်းမိသားစုနဲ့ဘယ်လိုတွေ့ခွင့်ရတာလဲ..."
"ငါ့ကျန်းမာရေးကြောင့် ခြွင်းချက်အနေနဲ့ခွင့်ပြုထားတာ..."
"ခုနက မင်းကိုကိုလို့ခေါ်တဲ့အစ်ကိုကြီးက ဘယ်သူလဲ.... "
"ငါကိုကိုလို့ ခေါ်မှတော့ ငါ့အစ်ကိုပေါ့..."
"ဟုတ်လို့လား....."
"ဟုတ်ပါတယ်ဆို...."
"သူမင်းကိုကြည့်တဲ့အကြည့်က ကိုယ့်ညီလေးကိုကြည့်တာနဲ့မတူသလို
မင်းကလည်း သူ့ကိုတွေ့တော့ ပြေးဖက်တာများ ကိုယ့်ရည်းစားကိုတွေ့သလိုပဲ...
အဲ့တာကြောင့် ငါတို့ကမင်းနဲ့သူက ရိုးမှရိုးရဲ့လားလို့..."

ဇေယျာ့ စကားကြောင့်သလင်းမြူအတော်ကြာအောင်တွေဝေသွားရပြီး ခေါင်းကိုယမ်းကာ ထိုအတွေးတွေကိုထုတ်ပစ်လိုက်သည်။

ကိုကို့ အပေါ်ငါဒီလို မဖြစ်သင့်ဘူး....
ကိုကို ကငါ့အစ်ကို....
ဟုတ်တယ် ငါ့အစ်ကို.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Zawgyi

8 နာရီကေန 11 အထိ lecture သုံးခ်ိန္တက္ရကာ 11-12 ကေတာ့ grammar ခ်ိန္ပင္။

12 နာရီမွာေန႔လည္စာစားၿပီးေရခ်ိုးကာ အိပ္ရေလသည္။

ဘယ္အခ်ိန္အိပ္အိပ္ သလင္းျမဴကေတာ့အိပ္ေပ်ာ္ၿပီး စိုင္းစံကေတာ့ ဝတၳဳခိုးဖတ္ေနသည္။

ေန႔လည္ႏွစ္နာရီမွာအတန္းျပန္စကာ lecture သုံးခ်ိန္ထပ္တက္ရသည္။

ညေနစာစားျပီး ေျခာက္နာရီမွာေတာ့ တစ္ဘာသာနာရီဝက္ဆီႏွင့္ guide သုံးနာရီဝင္ကာ ညကိုးနာရီမွ သလင္းျမဴအတန္းၿပီးသည္။

သလင္းျမဴအခန္းထဲျပန္ေရာက္ေရာက္ခ်င္း ကုတင္ေပၚ ေျခပစ္လက္ပစ္လွဲခ်ကာ ေလပူေတြမႈတ္ထုတ္မိေတာ့ စိုင္းစံကရယ္ေလသည္။

"အစ္ကို ပင္ပန္းလို႔လား..."
"အင္း.....
မနက္လည္းအေစာႀကီးထရတယ္
အတန္းကလည္းည ကိုးနာရီထိတက္ရတယ္...
ဒီၾကားထဲ အေ႐ွ႕တန္းကေကာင္ေတြက လွမ္းျပဳံးျပံဳးျပေနလို႔ ၾကက္သီးေတြကလည္းထေသး
ငါေတာ့႐ူးခ်င္တာပဲ..."
"ညည္းမေနနဲ႔ဦး အစ္ကို...
ကြၽန္ေတာ္တို႔လည္းအစ္ကိုတို႔လို တက္ရတာပဲ..
6 တန္းကေန 8 တန္းအထိ အတန္းခ်ိန္ေတြအတူတူပဲ....
9 တန္းေတြက 10 နာရီမွအတန္းၿပီးမွာ...
10 တန္းေတြဆို 11 နာရီအထိ..."
"သနားပါတယ္ကြာ..."
"ေနာက္ဆိုအက်င့္ျဖစ္သြားမွာပါ အစ္ကိုရာ...
အစေတာ့ အားလုံးဒီလိုပါပဲ...
ဗုဒၶဟူး ၾကာသပေတး speaking ခ်ိန္က် ကြၽန္ေတာ္တို႔ 6တန္း 7 တန္း 8တန္းေတြ အတူတက္ရမွာေနာ္...
ေသာၾကာေန႔ singing time ေရာပဲ...."
"ေကာင္းတာေပါ့..."
"speaking ခ်ိန္နဲ႔ singing time ကအရမ္းေပ်ာ္ဖို႔ေကာင္းတယ္ အစ္ကိုလည္းသေဘာက်မွာ..."

သလင္းျမဴေခါင္းသာညိတ္ရင္း ညဝတ္လဲကာ မ်က္ႏွာသစ္သြားတိုက္ၿပီး အိပ္ရန္ျပင္ေတာ့သည္။

"အိပ္ေတာ့မလို႔လား..."
"အင္း.....
9 နာရီခြဲေနၿပီ...
မနက္လည္းဘုရား႐ွိခိုးဖို႔ထရဦးမယ္...
မင္းလည္းအိပ္ေတာ့..."
"ဟုတ္.....
Good night အစ္ကို...."
"Good night...."

အိပ္ဖို႔မ်က္လုံးေတြမွိတ္လိုက္ေတာ့ အာ႐ုံထဲအလုအယက္ဝင္လာခဲ့သည္က ကိုကို....။

သူအမွန္အတိုင္းဝန္ခံရလ်ွင္ တစ္ေနကုန္အခ်ိန္ဇယားေတြၾကားလႈပ္႐ွားေနရတာေၾကာင့္ ကိုကို႔ကိုေတာ့သတိမရမိ။

အခုေတာ့ private ခ်ိန္မို႔ လြမ္းတယ္ကိုကို။

ကိုကို႐ွိရာအရပ္ကို မွန္တံခါးကေနေငးၾကည့္ရင္း ရင္ခြင္ထဲကအ႐ုပ္ကေလးကိုခပ္ဖြဖြနမ္းမိသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

မနက္မလင္းေသးေပမယ့္ ျမည္လာသည့္ alarm ကိုပိတ္ကာ သလင္းျမဴရဲ႕တစ္ေန႔တာစတင္ရျပန္သည္။

မ်က္ႏွာသစ္သြားတိုက္ၿပီးသည္ႏွင့္ ပန္းသီးတစ္လုံးကိုအျမန္ကိုက္စားကာ ညဝတ္ကိုမလဲဘဲအေပၚမွပုဆိုးထပ္ဝတ္ၿပီး ဘုရားခန္းကိုေျပးရေတာ့သည္။

တာဝန္က်ဆရာမႏွင့္အတူဘုရား႐ွိခိုးၾကရာ ပ႒ာန္း စရြတ္ေတာ့ သလင္းျမဴလည္းစငိုက္ေပၿပီ။ သူတစ္ေယာက္တည္းလားဆိုေတာ့မဟုတ္။ အားလုံးသူလိုကိုယ္လိုပင္။ ဆယ္တန္းအစ္ကိုႀကီးေတြဆို လက္ထဲကပ႒ာန္းစာအုပ္ေတြပင္ျပဳတ္က်ကာ နံရံကိုမွီအိပ္ေနၾကသည္။

သူ႔ေဘးမွေဇယ်ာေက်ာ္ႏွင့္ စိုင္းကြမ္ေခးမွာတျဖည္းျဖည္းေခါင္းေတြကသူ႔ဘက္ေစာင္းလာကာ တစ္ေယာက္ပုခုံးတစ္ေယာက္မွီငိုက္ေနၾကေပမယ့္ ပါးစပ္ကေတာ့ဘုရားစာေတြရြတ္ေနၾကဆဲပင္။

တစ္ေန႔ၿပီးတစ္ေန႔ အခ်ိန္ဇယားေတြထဲကအတိုင္း လိုက္နာရင္း ေသာၾကာေန႔ပင္ေရာက္လာခဲ့ကာ ေန႔လည္ 11:12 ရဲ႕တစ္ပတ္မွာ တစ္ခ်ိန္သာပါသည့္ singing time ေရာက္႐ွိလာသည္။

အေဆာင္မႉးဆရာမႀကီး၏ သူငယ္ခ်င္းျဖစ္သည့္Teacher Nway ကပဲသူတို႔ကို grammar, speaking ႏွင့္ singing time ကိုပါသင္ေလသည္။

ေက်ာင္းစတိုခန္းထဲကေန guide ဆရာဆရာမေတြက guitar သုံးလုံးကို ယူလာေပးသည္။

"ဒီအပတ္ကေနစၿပီး guitar ေလးေတြနဲ႔ဆိုၾကမယ္ေနာ္...
Guitar တီးတတ္သူေလးေတြလက္ေထာင္ျပပါ..."

မိန္းကေလးေတြထဲမွတစ္ေယာက္က လက္ေထာင္ရာ စိုင္းစံကလည္းလက္ေထာင္ေလသည္။

"Ok...
ႏွစ္ေယာက္ရၿပီ...
ေနာက္ထပ္တစ္ေယာက္ေလာက္မ႐ွိေတာ့ဘူးလား...."

ေဇယ်ာႏွင့္ ကြမ္ေခးကလည္း မတီးတတ္ဘူးဆိုၿပီး သူ႔ကိုေခါင္းယမ္းျပကာ ေနာက္ထပ္လည္း ဘယ္သူမွတုန္႔ျပန္မႈမ႐ွိေသာေၾကာင့္ သလင္းျမဴ လက္ေထာင္လိုက္သည္။

"Ok သုံးေယာက္ျပည့္ၿပီ...
သားေ႐ွ႕ထြက္ခဲ့...."

သလင္းျမဴ အတန္းေ႐ွ႕ထြက္ၿပီး စိုင္းစံႏွင့္ ေကာင္မေလးၾကားက ခုံတြင္ဝင္ထိုင္ကာ guitar ကိုေပါင္ေပၚတင္လိုက္သည္။

"အစ္ကို တီးတတ္တယ္လား..."
"နည္းနည္းပါးပါး..."

သလင္းျမဴတို႔သုံးေယာက္ဆရာမ ျပသည့္ အတိုင္းတီးကာ အားလုံးႏွင့္အတူသီခ်င္းလိုက္ဆိုရေလသည္။

စိုင္းစံေျပာသလို singing time ကတကယ္ကိုေပ်ာ္စရာေကာင္းသည္။

အတန္းၿပီးလို႔ ႏႈတ္ဆက္ေတာ့ Teacher Nway ကသူ႔ကိုလာေမးေလသည္။

"သားလည္း စိုင္းစံရွားလို ခရစ္ယာန္ပဲလား...."
"မဟုတ္ဘူးဗ်...
သားက ဗုဒၶဘာသာပါ..."
"ေဩာ္....
သားက guitar တီးတာေတာ္လို႔ စိုင္းစံ႐ွားလို ဘုရားေက်ာင္းကသင္ေပးတာလားလို႔ပါ.....
သားဘယ္ကသင္ထားတာလဲ..."
"သား အစ္ကိုသင္ေပးထားတာပါ..."

သလင္းျမဴ ဆရာမကိုႏႈတ္ဆက္ကာ စိုင္းစံႏွင့္အတူ အခန္းသို႔ပင္ျပန္ခဲ့ေတာ့သည္။

စေနေန႔ ကတစ္ေနကုန္ guide ခ်ိန္ေတြသာ ျဖစ္ၿပီး computer ႏွစ္ခ်ိန္ပါသည္။ guide ဆရာ ဆရာမေတြက သူမမွီလိုက္သည့္ စာေတြကို ေသခ်ာျပန္သင္ေပးေလသည္။

စေနေန႔ညမွာေတာ့ အေဆာင္မွဴးကစာၾကည့္တိုက္ဖြင့္ေပးရာ သလင္းျမဴလည္းစိုင္းစံႏွင့္အတူ စာအုပ္သြားငွါးၿပီး ညသန္းေခါင္ေက်ာ္သည္အထိ ႏွစ္ေယာက္သားမအိပ္ေသးဘဲ စာအုပ္ဖတ္ၾကသည္။

ေဇယ်ာတို႔အခန္းဘက္မွာလည္း အတန္းႀကီးေတြေရာစုကာ မႀကီးမငယ္ႏွင့္ မိုႏိုပိုလီ ကစားေနၾကၿပီး အရမ္းမဆူရန္ ဆရာေတြကလိုက္သတိေပးေနရသည္။

ညသန္းေခါင္ေက်ာ္မွ သူဗိုက္ဆာသည္ဆိုေသာေၾကာင့္ စိုင္းစံကေခါက္ဆြဲျပဳတ္ေကြၽးေသးသည္။သလင္းျမူ႔ကုတင္ေပၚမွာပဲ စာအုပ္အတူဖတ္ရင္း သူတို႔ႏွစ္ေယာက္အိပ္ေပ်ာ္သြားခဲ့သည္။

ထိုအခ်ိန္ မနက္ျဖန္ေတြ႔ရေတာ့မည္ဆိုၿပီး အလြမ္းေတြႏွင့္ မင္းညီကေတာ့အိပ္မေပ်ာ္ႏိုင္ေသးေပ။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ေဟ်ာင့္ ဘယ္သူ႔ေမ်ွာ္ေနတာလဲ...."

ေဇယ်ာကသူ႔ကိုမ်က္ေမွာင္က်ဳံ့ၿပီးေမးသည္ကိုပင္ သလင္းျမဴမေျဖႏိုင္ေသးဘဲ ေက်ာင္းဂိတ္တံခါးကိုသာလွမ္းၾကည့္ေနသည္။

"ဒီတစ္ပတ္မိဘေတြ႔ရက္လည္းမဟုတ္ပါဘူး..."
"အစ္ကို မနက္ကတည္းက အဲ့လိုျဖစ္ေနတာ...
ဖင္တႂကြႂကြနဲ႔...."

ေဘးက guitar တီးရင္းထေျပာသည့္ စိုင္းစံကို မ်က္ေစာင္းတစ္ခ်က္သာထိုးလိုက္သည္။

မနက္စာစားၿပီးခါစ ဆရာ့ဆီက guitar ႏွစ္လုံးယူၿပီး သူတို႔အဖြဲ႔ပန္းျခံထဲမွာထိုင္ေနျခင္းပင္။

တျခားသူေတြကေတာ့ ၾကက္ေတာင္႐ိုက္သူက႐ိုက္ ေဘာလုံးကန္သူကကန္ေနၾကၿပီး တနဂၤေႏြမို႔ အားလုံး uniform လည္းမဝတ္ရဘဲလြတ္လြတ္လပ္လပ္ပင္။

ေက်ာင္းအေနာက္ဘက္ျခမ္းမွ မိန္းကေလးအိပ္ေဆာင္ေတြတြင္လည္း သူတို႔နည္းတူပင္။ ထမင္းစားေဆာင္ေတြပါ ေယာက္်ားေလး မိန္းကေလးခြဲထားေသာေၾကာင့္ စာသင္ခ်ိန္မွ လြဲ၍ ေယါက္်ားေလးမိန္းကေလးမေတြ႔ရေပ။

"စိုင္းစံ guitar မတီးေသးဘူးလား..."

သူတို႔အနားကို ဆယ္တန္း ကိုးတန္းမွအစ္ကိုႀကီးေတြေရာက္လာၾကသည္။

"တီးမွာ အစ္ကို..."
"သူက ႐ွစ္တန္းက သလင္းျမဴမလား..."
"ဟုတ္တယ္ေလ အစ္ကို႔ကိုသိလို႔လား..."
"သိတာေပါ့ သခ်ၤာဆရာႀကီးက သူ႔အေၾကာင္းကို အတန္းထဲမွာေျပာဖူးတယ္
႐ွစ္တန္းေတြဆီကလည္း သူ႔နာမည္ကိုခဏခဏၾကားလို႔......"
"ကြၽန္ေတာ့္အေၾကာင္းကို...ဆရာကဘာေတြေျပာလို႔လဲ..."
"ေတာ္တယ္တဲ့.....သလင္းျမဴေလးက...."

ဟုတ္သည္႐ွိမဟုတ္သည္႐ွိ ကိုယ့္ကိုခ်ီးက်ဴးမွေတာ့ ေခါင္းၿငိမ့္ရင္းျပဳံးသာျပလိုက္သည္။

"လိႈင္ဦးေမာ္ရဲ႕ လြန္ပါေစအလြမ္းညေတြ သီခ်င္းအစ္ကိုတို႔ရလား..."
"အင္း ရတယ္..."
"စိုင္းစံ မင္းလည္းသိတယ္မလား....
အတူတူ တီးရေအာင္...."

"🎶မိန္းကေလး အေၾကာင္းေတြပဲ.....
အေဝးက ဆုေတာင္းဆဲေလ...
အားအင္ျဖည့္ဖို႔ လြန္ပါေစ အလြမ္းညေတြ......
လြန္ပါေစ အလြမ္းညေတြ....
လြန္ပါေစ လြန္ပါေစ....
လြန္ပါေစ အလြမ္းညေတြ.....
လြန္ပါေစ လြန္ပါေစ.....

စဥ္းစားရင္းနဲ႔ပဲ အခ်ိန္ေတြကုန္ဆုံးသြားၿပီ
လြမ္းေနဆဲဘဝမို႔ေလ...
လြန္ပါေစ အလြမ္းညေတြ.....
လြန္ပါေစ အလြမ္းညေတြ....
လြန္ပါေစ လြန္ပါေစ.....
လြန္ပါေစ အလြမ္းညေတြ....
လြန္ပါေစ လြန္ပါေစ.....
ေဝးေနဆဲဘဝမို႔ေလ....ငါ့ရင္ထဲမွာေတာ့...
ငါငိုေႂကြး....ေတာင္းဆုေတြေႁခြ..........🎶"

ညီညာတဲ့သီဆိုသံေတြၿပီးဆုံးသြားခ်ိန္မွာေတာ့ guitar သံေလးလည္းရပ္တန္႔သြားကာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၾကရင္း သေဘာတက်ရယ္မိၾကေလသည္။

သီခ်င္းစစခ်င္းမွာ "သူ႔ရဲ႕အေၾကာင္းေတြပဲ" လို႔ဆိုလိုက္သည့္ သလင္းျမဴအသံကိုေတာ့ ဘယ္သူမွ သတိထားလိုက္မိဟန္မတူေပ။

လြမ္းဆြတ္ရသည့္ သူ႐ွိဟန္တူသည့္ အစ္ကိုႀကီးေတြကလည္း သူ႔လိုခံစားခ်က္အျပည့္ႏွင့္ဆိုခဲ့ေသာေၾကာင့္ သူတို႔အသံေတြမေကာင္းရင္ေတာင္ နားေထာင္လို႔ေတာ့ေကာင္းေပလိမ့္မည္။

"ငယ္ေလး...."

ႏွလုံးသားထဲကေန ေပ်ာ္ရႊင္သြားေစႏိုင္သည့္ ေခၚသံတစ္ခု.....

သူ႔ကိုျပဳံးရင္းၾကည့္ေနသည့္ သူညတိုင္းလြမ္းဆြတ္ရသူ.....

"ကိုကို...!!!"

ေျပးကာ ဖက္လိုက္ေတာ့ ေပြ႔ခ်ီျခင္းခံလိုက္ရတဲ့ သူ႔ခႏၶာကိုယ္....

ကိုကို႔ဂုတ္ကိုဖက္တြယ္ထားကာ ပုခုံးေပၚေမးတင္ရင္း ကိုကို႔ခါးကိုလည္းခြထားၿပီး ျပဳံးရယ္ေနသည့္ သူ႔ကိုၾကည့္ေနၾကသည့္ မ်က္လုံးေပါင္းမ်ားစြာကိုလည္း သူဂ႐ုမစိုက္.....

သူ႔စိတ္ထဲမွာ သူလြမ္းသည့္ ကိုကိုတစ္ေယာက္သာ....

"ကိုယ္ေလးေပါ့သြားတယ္ ထမင္းသိပ္မစားဘူးလားငယ္ေလး..."
"စားတယ္...
ကိုကို႔ကိုလြမ္းၿပီး ဝိတ္က်သြားတာ..."

ကိုကို႔ရဲ႕ တိုးသဲ့သဲ့ရယ္သံကိုၾကားရၿပီး သူ႔ကို ကိုကိုကေအာက္ျပန္ခ်ေပးသည္။

"မ်က္ႏွာေလးကိုၾကည့္ပါရေစဦး..."

ကိုကိုျမင္သာေအာင္ သူေခါင္းကိုေမာ့ေပးလိုက္သည္။

"မ်က္ကြင္းေလးေတြညိဳေနတယ္...
ညမအိပ္ဘူးလား..."
"ကိုကို႔ ကိုလြမ္းလို႔အိပ္မေပ်ာ္ဘူး...."

အေနာက္မွစိုင္းစံ၏ ခြီးကနဲရယ္သံကိုၾကားလိုက္ရေသာေၾကာင့္ လွည့္ၾကည့္ေတာ့ ကိုယ္ေတာ္က သူ႔ကို လက္ကာျပကာ ပါးစပ္ပိတ္ၿပီးရယ္ေနသည္။

"ကိုကို ေမေမေရာ..."
"Reception ထဲမွာ ဆရာမႀကီးနဲ႔စကားေျပာေနတယ္..."

ကိုကို႔ လက္ကိုဆြဲရင္း reception ထဲကိုသြားကာ ဆရာမႀကီးႏွင့္မ်က္ႏွာခ်င္းဆိုင္မွ ေမေမ့ရင္ခြင္ထဲ ေျပးဝင္လိုက္သည္။

"အေမကိုခြၽဲေနတာေပါ့..."

ဆရာမႀကီးကို သြားေလးၿဖီးကာရယ္ျပလိုက္ၿပီး ေမေမ့ပါးကိုေမႊးၾကဴလိုက္သည္။

အျပင္သြားရန္ အခန္းျပန္အဝတ္အစားလဲေတာ့ ကိုကိုကလိုက္လာၿပီး စိုင္းစံတို႔ကပါလိုက္႐ႈပ္ေလသည္။

ကိုကိုကိုယ္တိုင္သူ႔ကို အဝတ္လဲေပးတာကို ကေလးေလးလိုၿငိမ္ခံေနသည့္ သူ႔ကို တစ္ဖက္ကုတင္ေပၚထိုင္ေနသည့္ စိုင္းစံတို႔က ပါးစပ္အေဟာင္းသားႏွင့္ၾကည့္ေနၾကသည္။

"ကိုလတ္တို႔မမႀကီးတို႔့က ဘာလို႔ပါမလာတာလဲဟင္ကိုကို..."
"ကိုငယ္ မိန္းမခိုးလာလို႔ အလုပ္႐ႈပ္ေနၾကတာေလ..."
"ကိုငယ္က မိန္းမခိုးလာတယ္?"
"အင္း ဗုဒၶဟူးေန႔ညက...
အခု မဂၤလာေဆာင္ေပးရေတာ့မွာ..."
"လွလား...ကိုငယ့္ေကာင္မေလးက..."
"မသိဘူး...
ကိုကို႔မ်က္လုံးထဲ ငယ္ေလးေလာက္ဘယ္သူမွမလွဘူး..."
"အပိုေတြ..."

ႏွာေခါင္း႐ႈံ႕ကာေျပာသည့္ ေကာင္ေလးကို အသဲယားစြာနဖူးေလးကိုနမ္းမိေတာ့ ေနာက္ေက်ာဘက္ဆီကေခ်ာင္းဆိုးသံေတြၾကားမွ ငယ္ေလးသူငယ္ခ်င္းေတြ႐ွိမွန္း မင္းညီသတိရသည္။

"ကိုကို..."
"ဗ်ာ..."
"ကိုကိုကေရာ...ကိုငယ့္လို ေကာင္မေလးတစ္ေယာက္နဲ႔လက္ထပ္မွာလားဟင္..."
"ကိုကိုကဘယ္ေကာင္မေလးနဲ႔မွလက္မထပ္ဘူး...
တစ္သက္လုံး ငယ္ေလးနားမွာပဲေနမွာ...."
"ကတိေနာ္...."
"ကတိပါဗ်ာ..."

"အဟြတ္...အဟြတ္...အဟြန္း..!!!"

ခုနကထက္ပိုက်ယ္တဲ့ေခ်ာင္းဆိုးသံေတြထြက္ေပၚလာရာ သလင္းျမဴ ၿပီတီတီ႐ုပ္ႏွင့္ စိုင္းစံတို႔ကို လက္သီးေထာင္ျပလိုက္သည္။

သူစားခ်င္တာလိုက္ေကြၽးၿပီး ေမေမက စိုင္းစံတို႔အတြက္ပါ ပါဆယ္ေတြဝယ္ေပးေလသည္။

Uni mart မွာလည္းမုန္႔အခ်ိဳရည္ႏွင့္ တျခားသူလိုအပ္သည္တို႔ကိုဝယ္ေပးကာ ေက်ာင္းကိုျပန္လိုက္ပို႔သည္။

ကိုကို႔ လက္ကိုဆြဲထားရင္း မျပန္ပါေသးနဲ႔ဦးလို႔ သူခြၽဲခ်င္ေပမယ့္ ကိုကို႔ကိုေနာက္ဆံမတင္းေစခ်င္တာေၾကာင့္ ပါးျပင္ထက္ကိုနမ္းၿပီး လက္ျပႏႈတ္ဆက္လိုက္ေတာ့သည္။

ျမင္ကြင္းထဲက ကိုကိုတို႔စီးလာသည့္ ကားေလးေပ်ာက္ကြယ္သြားသည္ႏွင့္ လြမ္းလာရျပန္သည္။

အခန္းထဲမွာေတာ့ စိုင္းစံႏွင့္ ေဇယ်ာတို႔က ေမေမသူတို႔အတြက္ ဝယ္ေပးလိုက္သည္တို႔ကို စားေနၾကသည္။

"သလင္းျမဴ
ဒီအပတ္ကမိဘေတြ႔ရက္မဟုတ္ဘဲနဲ႔ မင္းမိသားစုနဲ႔ဘယ္လိုေတြ႔ခြင့္ရတာလဲ..."
"ငါ့က်န္းမာေရးေၾကာင့္ ႁခြင္းခ်က္အေနနဲ႔ခြင့္ျပဳထားတာ..."
"ခုနက မင္းကိုကိုလို႔ေခၚတဲ့အစ္ကိုႀကီးက ဘယ္သူလဲ.... "
"ငါကိုကိုလို႔ ေခၚမွေတာ့ ငါ့အစ္ကိုေပါ့..."
"ဟုတ္လို႔လား....."
"ဟုတ္ပါတယ္ဆို...."
"သူမင္းကိုၾကည့္တဲ့အၾကည့္က ကိုယ့္ညီေလးကိုၾကည့္တာနဲ႔မတူသလို
မင္းကလည္း သူ႔ကိုေတြ႔ေတာ့ ေျပးဖက္တာမ်ား ကိုယ့္ရည္းစားကိုေတြ႔သလိုပဲ...
အဲ့တာေၾကာင့္ ငါတို႔ကမင္းနဲ႔သူက ႐ိုးမွ႐ိုးရဲ႕လားလို႔..."

ေဇယ်ာ့ စကားေၾကာင့္သလင္းျမဴအေတာ္ၾကာေအာင္ေတြေဝသြားရၿပီး ေခါင္းကိုယမ္းကာ ထိုအေတြးေတြကိုထုတ္ပစ္လိုက္သည္။

ကိုကို႔ အေပၚငါဒီလို မျဖစ္သင့္ဘူး....
ကိုကို ကငါ့အစ္ကို....
ဟုတ္တယ္ ငါ့အစ္ကို.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro