Part-8 (meet with the fake smiles)
Unicode
ပြင်ဦးလွင်ရဲ့အကွေ့အကောက်တောင်တက်လမ်းတွေကြောင့် လမ်းမှာအန်ခဲ့ပြီး အခုထိခေါင်းမူးနေတာကြောင့် အိပ်ဆောင်ရောက်တော့ သလင်းမြူ မိမိကုတင်ပေါ်လှဲချလိုက်သည်။
တစ်ဖက်ကုတင်ကကောင်လေးကသူကိုကြည့်နေဆဲဖြစ်တာကြောင့် သူလည်းပြန်ကြည့်ပေးလိုက်သည်။
"ဘာလို့ငါ့ကိုကြည့်နေတာလဲ..."
"မင်း 6 တန်းမလား....
ငါက 7 တန်း စကားကိုရိုရိုသေသေပြော..."
အမယ်သူ့ကိုဟောက်သည့်ပုံစံက သူ့ထက်အရပ်လေးရှည်တာနဲ့ သူ့ကိုအငယ်ထင်နေသည့်ပုံပင်။
"ငါက 8 တန်း...."
"ဟမ်!
မင်းက 8 တန်း....!"
"စကားကိုရိုရိုသေသေပြော ငါကမင်းထက်ကြီးတယ်..."
သလင်းမြူ ရယ်ချင်နေသည့် အခွက်ကိုထိန်းကာ ခပ်တည်တည်ပြန်ဟောက်တော့ တစ်ဖက်ကကောင်မှာ ဇက်ကလေးပုသွားလေသည်။
"အစ်ကို့နာမည်က...."
"သလင်းမြူ...."
"ကျွန်တော်က စိုင်းစံရှား....
7 တန်း....
ရောက်တာတစ်ပတ်ပဲရှိသေးတယ်..."
"အင်း...
ငါခေါင်းမူးလို့အိပ်ဦးမယ်...
တိုးတိုးနေ..."
"ဟုတ်...."
ပြတင်းပေါက်ဖက်ကိုလှည့်ကာ ကိုကိုထားသွားခဲ့သည့် ဝက်ဝံရုပ်ကလေးကိုဖက်ပြီး သလင်းမြူ မျက်လုံးတွေမှိတ်လိုက်သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"အစ်ကို....."
".........."
"အစ်ကို...!"
ခေါ်သံကြောင့် သလင်းမြူ မျက်ဝန်းတွေကိုဖွင့်လိုက်တော့ ဘေးကုတင်ကကောင်ကိုတွေ့ရသည်။
"ဘာလဲ...."
"ညနေစာစားဖို့ခေါ်နေပြီ....."
မျက်လုံးတွေကိုပွတ်ကာထလိုက်တော့ ဟိုကောင်လေးကသူ့ကိုရေခွက်လေးပေးလေသည်။
"သောက်လိုက်ပါ...."
"ကျေးဇူး...."
"အစ်ကို့ ဇွန်းခရင်းရော..."
စာအုပ်စင်အပေါ်ဆုံးအထပ်တွင်မေမေနေရာချပေးထားသည့် ဇွန်းခရင်းအစုံလိုက်လေးကို သလင်းမြူလက်ညှိုးထိုးပြလိုက်တော့ ဟိုကောင်လေးကအပြေးလေးသွားယူလေသည်။
"အစ်ကို သွားမယ်လေ...."
"ငါမင်းကိုဘယ်လိုခေါ်ရမလဲ...."
"ကြိုက်သလိုခေါ်ပါရတယ်..."
စိုင်းစံရှားခေါ်ရာနောက်ကို သလင်းမြူလိုက်လာခဲ့တော့ စားသောက်ခန်းအကျယ်ကြီးကိုတွေ့ရလေသည်။
လေးထောင့်စားပွဲရှည်တွေကိုအစီအစဉ်တကျနေရာချထားပြီး စတီးပုံစံခွက်များဖြင့် ညနေစာစားနေကြသည့် ကျောင်းသားများကိုတွေ့ရသည်။
"စိုင်းစံရှား ဘာလို့နောက်ကျမှလာတာလဲ..."
"အစ်ကို့ကိုစောင့်နေလို့ပါ ဆရာ..."
"နေ့လည်ကရောက်တဲ့ကျောင်းသားသစ်လား..."
"ဟုတ်ပါတယ်..."
သလင်းမြူနှုတ်ခမ်းပင်မလှုပ်ရစိုင်းစံရှားကသာ ဒိုင်ခံဖြေတော့သည်။
"6 တန်းလား..."
"8 တန်းပါဆရာ..."
"ဪ....
နာမည်ဘယ်လိုခေါ်လဲ..."
"သလင်းမြူပါတဲ့ ဆရာ..."
"စိုင်းစံရှား ငါကသလင်းမြူကိုမေးနေတာလေ..
ဘာလို့မင်းကဖြေနေတာလဲ..."
"ကျွန်တော်ကအစ်ကို့အခန်းဖော်မို့လို့ပါ ဆရာ..."
"အေးပါ အေးပါ.....
သွားစားကြတော့...
သူများတွေတောင်ပြီးတော့မယ်..."
သလင်းမြူ ဆရာ့ကိုနှုတ်ဆက်ဟန် ခေါင်းလေးငုံ့လိုက်ပြီး စိုင်းစံရှားခေါ်ရာစားပွဲသို့ လိုက်လာခဲ့သည်။
ကျောင်းသားသစ်သူ့ကို တခြားကျောင်းသားတွေက မမြင်ဖူးသောကြောင့်လိုက်ကြည့်နေကြသေးသည်။
ပုံစံခွက်ထဲတွင်ထမင်းကတစ်ကန့် အသားဟင်းတစ်ကန့် အရွက်နှစ်မျိုးကလည်းတစ်ကန့်စီနှင့် ဟင်းရည်ပန်းကန်လုံးလေးကိုလည်းတစ်ကန့်ထည့်ထားလေသည်။
စိုင်းစံရှားက သူယူလာပေးသည့် သလင်းမြူ၏ဇွန်းခရင်းကိုပေးသည်။
"အစ်ကိုကဆိတ်သားစားတယ်လား...
ကျွန်တော်နဲ့အတူတူပဲ...."
"အင်း..."
ဆိတ်သားဟင်းကိုသလင်းမြူ အနည်းငယ်ဖဲ့စားကြည့်လိုက်ရာ လက်ရာက မေမေ့နီးပါးကောင်းသည်ဟုဆိုနိုင်သည်။
"ဇေယျာကျော်တို့ ကျောင်းသားသစ်လေးက 8 တန်းတဲ့ သူငယ်ချင်းကိုကူညီလိုက်ကြဦးနော်..."
"ဟုတ်ကဲ့.."
8 တန်းတွေဖြစ်ဟန်တူသည့် ကျောင်းသားတွေက သူ့ကိုပြုံးပြကြလေသည်။
ထမင်းစားပြီးတော့ အိပ်ဆောင်ဘက်ကိုပြန်လာခဲ့ကြပြီး ဘေစင်တွေဆီသွားကာ ဇွန်းခရင်းတွေဆေးကြလေသည်။
သလင်းမြူ အခန်းပြန်ရောက်တော့ ဆေးဘူးထဲမှဆေးတစ်ပြားကို သောက်လိုက်သည်။
"အစ်ကို...
နေမကောင်းဘူးလား..... "
"အင်း..."
"ဖျားနေလို့လား...."
ရေခဲသေတ္တာထဲက အချိုရည်တစ်ဘူးကိုဖောက်သောက်နေသည့် စိုင်းစံရှားကို သလင်းမြူခေါင်းသာယမ်းပြကာ ပန်းသီးလေးတစ်လုံးကိုယူပြီးရေဆေးကာ ကိုက်လိုက်သည်။
မှောင်နေပြီဖြစ်သည့် ပတ်ဝန်းကျင်ကြောင့် အအေးဓာတ်ရှိလာရာ မှန်ပြတင်းပေါက်ကိုပိတ်လိုက်သည်။
"ဘာဖြစ်လို့ဆေးသောက်ရတာလဲ...
နေ့လည်တုန်းကလည်း အစ်ကို့ကို ဟိုအစ်ကိုကြီးကဆေးသောက်ဖို့မှာနေတာကြားတယ်...."
"ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး..."
သလင်းမြူ ညဝတ်အကျႌထလဲတော့လည်း စိုင်းစံရှားကထိုင်ကြည့်နေဆဲ။
"အိပ်တော့မလို့လား....
အခုမှခြောက်နာရီပဲရှိသေးတာ...."
"မအိပ်သေးပါဘူး..."
"TV သွားကြည့်မလား အစ်ကို..."
"မကြည့်ချင်ဘူး....."
"ကျွန်တော်နဲ့စကားမပြောချင်ဘူး ထင်တယ်..."
"မဟုတ်ပါဘူး....
ဒီတိုင်း...."
"အိမ်ကိုသတိရလို့လား...."
"ဒီနေ့မှရောက်တာကို..."
"ကျွန်တော်ဆို ရောက်တဲ့နေ့ကတည်းကသတိရတာ.....
ကျွန်တော့်အမေတို့ပြန်တော့ ငိုတောင်ငိုတယ်..
အစ်ကိုကကျမငိုဘူးနော်..."
"ပြန်မတွေ့ရတော့မှာမှမဟုတ်တာ...."
"ကျွန်တော်ရောက်ခါစက အခန်းဖော်လည်းမရှိတော့ အရမ်းပျင်းစရာကောင်းတာပဲ..
အခုတော့ အစ်ကိုရှိပြီ....."
သူရောက်လာတာကို ပျော်နေပုံရသည့် စိုင်းစံရှားကြောင့် သလင်းမြူ ပြုံးလေသည်။
"Wow!...
အစ်ကို ပြုံးတယ်..."
ထအော်တဲ့စိုင်းစံရှားကြောင့် ပြုံးနေတာတောင်လန့်ပြီးပြန်တည်သွားသည်။
"အစ်ကိုပြုံးတာ ကြည့်လို့ကောင်းတယ်..."
"ခုနကလို ရုတ်တရက်ကြီး ထထမအော်နဲ့.....
ငါလန့်တတ်လို့...."
"ဟုတ်....sorry....ဟီး...."
"ငါမင်းကို စိုင်းစံလို့ခေါ်မယ်..."
"ဟုတ်..."
စကားများလွန်းသည့် စိုင်းစံနှင့် သလင်းမြူ ခဏလေးအတွင်းရင်းနှီးသွားခဲ့သည်။
စေ့ထားသည့် သူတို့အခန်းတံခါးကိုခေါက်ကာ ကျောင်းသားနှစ်ယောက်ဝင်လာရာ ထမင်းစားခန်းထဲမှ သူ့ကိုပြုံးပြကြသည့် ကျောင်းသားတွေမှန်း သလင်းမြူတန်းမှတ်မိသည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ...
ငါကဇေယျာကျော် ဒီကောင်က စိုင်းကွမ်ခေး"
"ငါ့နာမည် သလင်းမြူ..."
"ကြိုဆိုပါတယ်...သလင်းမြူ"
"အင်း....ကျေးဇူး...."
"နေ့လည်ကမင်းရောက်လာတာတွေ့တယ်...
ငါတို့က မင်းကို 6 တန်း 7 တန်းလောက်ပဲထင်နေတာ...."
"မင်းတို့ပဲမဟုတ်ပါဘူး...
စိုင်းစံရော ဆရာကပါ ငါ့ကို 6 တန်းထင်ကြတာပဲ လူကောင်သေးနေတော့...."
သူ့စကားကြောင့် စိုင်းစံရော ဇေယျာတို့ပါ ရယ်လေသည်။
"ကြိုပြောထားရဦးမယ်....
ငါတို့နှစ်ယောက်က စာမတော်ဘူးနော်...."
"စာမတော်တော့ ဘာဖြစ်လို့လဲ....."
"မင်းမပေါင်းချင်ရင်လည်း မပေါင်းရအောင်ပြောပြတာ...."
"စာမတော်တာနဲ့ ပေါင်းလို့မရဘူးလား...."
"ဒီကကျောင်းသားတွေက မိသားစုနောက်ခံတွေတူကြပေမယ့် စာနဲ့ပတ်သက်ပြီးအဆင့်အတန်းခွဲတယ်...
စာတော်တဲ့သူအချင်းချင်းပဲ အဖတ်လုပ်ကြတာ
ငါတို့လိုကောင်တွေဆို အထင်အမြင်သေးကြတယ်
စာတော်တဲ့သူတို့အချင်းချင်းလည်းအပေါ်ယံပေါင်းနေကြတာပဲ
တစ်ယောက်အားနည်းချက်တစ်ယောက်ရှာပြီး နောက်ကျောဓားနဲ့ထိုးဖို့ချောင်းနေကြတဲ့ဟာတွေချည်းပဲ.....
မင်းသတိထားလို့ရအောင်ပြောပြတာ...."
"ကျေးဇူးပဲ သူငယ်ချင်း..."
"မနက်ဖြန်ကျ အတန်းအတူသွားမယ်လေ...
ငါတို့ဝင်ခေါ်မယ်..."
"အင်း...."
"အခုတော့ TV သွားကြည့်လိုက်ဦးမယ်...
လိုက်မလား...."
"မလိုက်တော့ဘူး..."
"စိုင်းစံရှား...မင်းTV သွားမကြည့်ဘူးလား..."
"မကြည့်တော့ဘူး...
အစ်ကိုတစ်ယောက်တည်းဖြစ်နေမှာစိုးလို့..."
"အဲ့တာဆိုငါတို့သွားပြီနော်..."
ဇေယျာတို့ထွက်သွားတော့ စိုင်းစံကို သူသိချင်လာသည့် ကိစ္စတွေမေးမိတော့သည်။
"စိုင်းစံ...
ဇေယျာကျော်တို့ပြောသလို တကယ်လား...."
"ဟုတ်တယ် အစ်ကို.....
တကယ် အဲ့လိုတွေ....
ကျွန်တော်ပထမဆုံးကျောင်းစတက်တဲ့ရက်ကဆို စာဆိုတာ နောက်ဆုံးမှရလို့...
အထင်အမြင်သေးတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်ကြတာ...."
"ဘယ်လိုတွေတောင်လားကွာ...."
"အစ်ကိုအရင်ကျောင်းမှာ အဆင့်ဘယ်လောက်ရလဲ..."
"တစ်...."
"အတန်းထဲကအဆင့်လား တစ်ကျောင်းလုံးကအဆင့်လား"
"တစ်ကျောင်းလုံးအဆင့်..."
"အစ်ကိုကတော်တာပဲ....
တော်ရင်ပိုသတိထားရတယ်...
မနက်ဖြန်အစ်ကိုကျောင်းစတက်ရင်တွေ့ရမှာပါ..
ကျွန်တော်တို့ပြောတာထက် ဆိုးတာကို..."
"ဆရာဆရာမတွေကရော အဲ့လို့လား...."
"မဟုတ်ဘူး...
ဆရာ ဆရာမတွေကတော့ အကုန်တန်းတူပဲ...
သဘောလည်းကောင်းတယ် စိတ်လည်းရှည်ကြတယ်...."
"တော်သေးတာပေါ့... "
သလင်းမြူ သက်ပြင်းသာချရင်း မနက်ဖြန်အရေးကို ရင်လေးသောကြောင့်ကြိုမတွေးတော့ပေ။
"သလင်းမြူ....."
ထမင်းစားဆောင်မှာတွေ့ခဲ့သည့် ဆရာပင်။
"ဗျာ ဆရာ..."
"uniform ချုပ်ဖို့ designer ရောက်နေပြီ..."
"ဟုတ်..."
Designer အစ်မကြီးက သူ့ကိုယ်တိုင်းကိုသေချာယူပြီးသွားတော့ သလင်းမြူဆရာနှင့်အတူအိပ်ဆောင်ကို ပြန်လာခဲ့သည်။
"teacher ကြီးဆီကကြားတယ်...
သားမှာနှလုံးရောဂါရှိတယ်ဆို..."
"ဟုတ်..."
"ဆေးသောက်ပြီးပြီလား..."
"သောက်ပြီးပါပြီ"
"အဆင်မပြေတာရှိရင် ဆရာ့ကိုပြောနော်...8 တန်းတွေကို ဆရာက english guide ဝင်ရတယ်"
"ဟုတ်ကဲ့ ဆရာ..."
သလင်းမြူ မျက်နှာသစ် သွားတိုက်ပြီး ယူလာသည့် album လေးထဲမှ ကိုကိုနဲ့သူ့ပုံတွေကိုအလွမ်းပြေကြည့်မိသည်။
စိုင်းစံလိုတော့စရောက်တဲ့နေ့မှာပဲ အိမ်ကိုတော့သူသတိမရမိပါ။
ဒါပေမယ့် ကိုကို့ကိုတော့ အရမ်းလွမ်းတယ်.....
အရုပ်ကလေးကိုသာ တင်းကြပ်နေအောင်ဖတ်ရင်း ဓာတ်ပုံထဲမှရယ်မောနေသည့် ကိုကို့ ပုံရိပ်ကို ထိတွေ့ကြည့်မိသည်။
တစ်ဖက်တွင်လည်း မင်းညီတစ်ယောက် guitar ကိုပိုက်ရင်း ငယ်လေးမရှိတော့တဲ့ အခန်းထဲမှာ တိတ်ဆိတ်နေသည်။
"ကိုကို..."
ကြားယောင်မိတဲ့ခေါ်သံလေးကြောင့် လှည့်ပတ်ရှာမိရာ အခန်းထဲတွင်ဘယ်သူမှရှိမနေခဲ့။
"ကိုကို့ကို သားအရမ်းချစ်တာပဲ..."
သူ့ရှေ့မှာထိုင်ပြီး ပြုံးကာပြောသည့် ကောင်လေးကို ထိရန်လက်လှမ်းလိုက်စဉ်မှာပဲ ပုံရိပ်လေးက ပျောက်ကွယ်သွားလေသည်။
"လွမ်းလိုက်တာ ငယ်လေးရာ..."
မျက်ရည်ဟုခေါ်ဆိုသည့် အရာတို့က မျက်ဝန်းထောင့်မှစီးကျသွားခဲ့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မနက်ငါးနာရီမှာ သလင်းမြူတို့ထကြရပြီး အားလုံးအတူဘုရားရှိခိုးရသည်။
ခရစ်ယာန်ဖြစ်သည့် စိုင်းစံတို့လိုကျောင်းသားတွေကတော့ထစရာမလိုပေ။
ဘုရားရှိခိုးရသည်က နာရီဝက်ခန့်ကြာပြီး ဘုရားရှိခိုးပြီးတော့ သလင်းမြူတို့လိုအငယ်တန်းတွေက ပြန်အိပ်ကြသည်။
9 တန်း 10 တန်းတွေကတော့ အတန်းစတက်ကြရပေပြီ။
မနက် 7 နာရီမှာ မနက်စာစားကြရပြီး သလင်းမြူရော စိုင်းစံပါ အတန်းတက်ရန်ပြင်ရတော့သည်။
ကျောင်း uniform မှာခဲရောင် stylepant နှင့် ရင်ဘက်တွင်ကျောင်းတံဆိပ်နှင့်နာမည်ပါသည့် shirt လက်ရှည်အဖြူပင်။
သလင်းမြူကတော့ uniform မရသေးသည့်အတွက် teacher ကြီးပြောသည့် အတိုင်း အဖြူအစိမ်းပင်ဝတ်လိုက်လေသည်။
8 နာရီထိုးခါနီး ဆယ့်ငါးမိနစ်လောက်အလိုကျတော့ ဇေယျာတို့ရောက်လာလေသည်။
"သွားရအောင် သလင်းမြူ"
"အင်း..."
စာသင်ဆောင်တွေဘက်ရောက်တော့ သူတို့ရှစ်တန်းအခန်းက အပေါ်ထပ်တွင်ရှိပြီး စိုင်းစံတို့အခန်းကအောက်ထပ်တွင်ဖြစ်ရာ လက်ပြနှုတ်ဆက်ရင်း ဇေယျာတို့နှင့်အတူ အတန်းထဲလိုက်ခဲ့လေသည်။
တစ်ယောက်ထိုင်ခုံတွေက နှစ်ဖက်ခွဲထားပြီး တစ်ဖက်တွင်မိန်းကလေးများရှိပြီး ယောက်ျားလေးများနှင့်သပ်သပ်စီခွဲထိုင်ရလေသည်။
ဇေယျာတို့နှင့်အတန်းထဲဝင်လာသည့်သူ့ကိုကြည့်သည့် အကြည့်တွေက စိုင်းစံပြောသည့်အတိုင်းပင်။
ဇေယျာနှင့် စိုင်းကွမ်ခေးထိုင်သည့် အနောက်ဆုံးအတန်း၏ ထောင့်ဆုံးခုံမှာသလင်းမြူဝင်ထိုင်လိုက်သည်။
8 နာရီထိုးသည်နှင့် Maths lecture ဆရာရောက်လာလေသည်။
နှုတ်ဆက်ပြီးသည်နှင့် စာစသင်ရာ သူ့မှာဖတ်စာအုပ်မရှိသေးသည့်အတွက် ဇေယျာနှင့်အတူကြည့်လိုက်လေသည်။
သင်္ကြန်ပြီးကတည်းကစာစသင်သောကြောင့် စာတွေတော်တော်ပြီးနေပြီဟုပင်ပြော၍ရသည်။
ဆရာကပုဒ်စာတွေကိုရှင်းရင်း အားလုံးကိုအတူလိုက်တွက်စေကာ တစ်ယောက်ချင်းအဖြေတွေကိုလိုက်ကြည့်လေသည်။
ဖျက်ရာပါသည့်သူ အဖြေမှားသူတွေကိုဆိုလျှင်ဆရာက ဆွဲဆိတ်သည်။
ဇေယျာကျော်ရော စိုင်းကွမ်ခေးပါမှားသောကြောင့် ဆရာကဆွဲဆိတ်ရာ နှစ်ကောင်သားကစပ်ဖြီးဖြီး။ သူ့အဖြေကိုကြည့်ပြီး ဆရာကပြုံးကာ အတန်းရှေ့ပြန်သွားလေသည်။
"သင်္ချာမှာ အခြေခံ သဘောတရားဘယ်နှမျိုးရှိလဲဟေ့....!"
ဆရာ့၏ မေးခွန်းအဆုံး ကျောင်းသားကျောင်းသူတွေမှာ မျက်စိမျက်နှာပျက်နေကြပေပြီ။
"တစ်ယောက်မှမမှန်ရင် တစ်တန်းလုံးထိုင်ထလုပ်ကြရတော့မယ်...."
သူ့အနားကို ဇေယျာကခပ်တိုးတိုးကပ်ပြောလေသည်။
ဆရာက အရှေ့ဆုံးအတန်းမှ စာအတော်ဆုံးဆိုသည့်သူတွေမှစမေးလေသည်။
အရင်ဆုံးမိန်းကလေးတွေကိုမေးရာ နှစ်မျိုး သုံးမျိုး လေးမျိုး ငါးမျိုး အစရှိသဖြင့် လျှောက်ဖြေကြပြီး ဘာတွေလဲဟုဆက်မေးလိုက်သောအခါတွင်တော့ မဖြေနိုင်ကြ၍ အကုန်မတ်တပ်ရပ်နေရသည်။
မိန်းကလေးတွေပြီးတော့ သူတို့ယောက်ျားလေးတွေအလှည့်ရောက်တော့လည်း ထိုနည်း၎င်းပင် ဖြစ်ရာ သလင်းမြူ ရယ်မိလေသည်။
ကွမ်ခေး နှင့် ဇေယျာပါ မတ်တပ်ရပ်ရပြီးနောက် သူတစ်ယောက်သာကျန်တော့သည်။
"ကဲ...ကျောင်းသားသစ်လေး....
သင်္ချာမှာ အခြေခံသဘောတရားဘယ်နှမျိုးရှိသလဲ..."
"လေးမျိုးပါဆရာ..."
"အဲ့လေးမျိုးကဘာတွေလဲ"
"အပေါင်း အနှုတ် အမြှောက် အစား ပါ..."
ဆရာကအဖြေကိုမှန်တယ်မှားတယ်မပြောသေးသောကြောင့် တစ်တန်းလုံးမတ်တပ်လေးတွေငြိမ်သက်နေပြီး သချၤာ guide ဆရာမလေးတွေပင် တိတ်ဆိတ်နေကြသည်။
"အဲ့တာပဲလေ....
သင်္ချာရဲ့အခြေခံသဘောတရားလေးမျိုး....
ကျောင်းသားသစ်လေးနာမည်ဘယ်လိုခေါ်လဲ"
"သလင်းမြူ ပါဆရာ.... "
"ဟုတ်ပြီ မြူလေးတော်တယ် ထိုင်...
တခြားသူတွေလည်းထိုင်ကြတော့....
ထိုင်ထအခါ သုံးဆယ်ကနေလွတ်သွားကြပြီပေါ့.....ဟင်း.. ဟင်း...."
ဇေယျာနှင့် ကွမ်ခေးက သူ့ကိုလက်မထောင်ပြလေသည်။
ဆရာ့အချိန်ကုန်လို့ထွက်သွားတော့ သူ့ကိုအားလုံးကလှည့်ကြည့်လာကြသည်။ သူအတန်းထဲကိုဝင်လာစကလို အကြည့်မျိုးတွေမဟုတ်ကြပဲ လိုလားသလိုပြုံးပြကြပေမယ့် ထိုအကြည့် အပြုံးတွေကို သလင်းမြူပိုမကြိုက်ပေ။
"သလင်းမြူ မင်းငါတို့နဲ့အရှေ့တန်းမှာ လာထိုင်ပါလား...."
အရှေ့ဆုံးတန်းကကောင်တွေရဲ့ စကားကိုလည်း သလင်းမြူ ခပ်ပြုံးပြုံးပင် ငြင်းဆန်လိုက်သည်။
အပြုံးတုတွေကြားမှာ သူမပြုံးချင်ဘဲနှင့်တော့ ပြုံးမပြနိုင်။
အပေါ်ယံတွေ.......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
ျပင္ဦးလြင္ရဲ႕အေကြ႔အေကာက္ေတာင္တက္လမ္းေတြေၾကာင့္ လမ္းမွာအန္ခဲ့ၿပီး အခုထိေခါင္းမူးေနတာေၾကာင့္ အိပ္ေဆာင္ေရာက္ေတာ့ သလင္းျမဴ မိမိကုတင္ေပၚလွဲခ်လိုက္သည္။
တစ္ဖက္ကုတင္ကေကာင္ေလးကသူကိုၾကည့္ေနဆဲျဖစ္တာေၾကာင့္ သူလည္းျပန္ၾကည့္ေပးလိုက္သည္။
"ဘာလို႔ငါ့ကိုၾကည့္ေနတာလဲ..."
"မင္း 6 တန္းမလား....
ငါက 7 တန္း စကားကို႐ို႐ိုေသေသေျပာ...."
အမယ္သူ႔ကို္ေဟာက္သည့္ပုံစံက သူ႔ထက္အရပ္ေလး႐ွည္တာနဲ႔ သူ႔ကိုအငယ္ထင္ေနသည့္ပုံပင္။
"ငါက 8 တန္း...."
"ဟမ္!
မင္းက 8 တန္း....!"
"စကားကို႐ို႐ိုေသေသေျပာ ငါကမင္းထက္ႀကီးတယ္..."
သလင္းျမဴ ရယ္ခ်င္ေနသည့္ အခြက္ကိုထိန္းကာ ခပ္တည္တည္ျပန္ေဟာက္ေတာ့ တစ္ဖက္ကေကာင္မွာ ဇက္ကေလးပုသြားေလသည္။
"အစ္ကို႔နာမည္က...."
"သလင္းျမဴ...."
"ကြၽန္ေတာ္က စိုင္းစံ႐ွား....
7 တန္း....
ေရာက္တာတစ္ပတ္ပဲ႐ွိေသးတယ္..."
"အင္း...
ငါေခါင္းမူးလို႔အိပ္ဦးမယ္...
တိုးတိုးေန..."
"ဟုတ္...."
ျပတင္းေပါက္ဖက္ကိုလွည့္ကာ ကိုကိုထားသြားခဲ့သည့္ ဝက္ဝံ႐ုပ္ကေလးကိုဖက္ၿပီး သလင္းျမဴ မ်က္လုံးေတြမွိတ္လိုက္သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"အစ္ကို....."
".........."
"အစ္ကို...!"
ေခၚသံေၾကာင့္ သလင္းျမဴ မ်က္ဝန္းေတြကိုဖြင့္လိုက္ေတာ့ ေဘးကုတင္ကေကာင္ကိုေတြ႔ရသည္။
"ဘာလဲ...."
"ညေနစာစားဖို႔ေခၚေနၿပီ....."
မ်က္လုံးေတြကိုပြတ္ကာထလိုက္ေတာ့ ဟိုေကာင္ေလးကသူ႔ကိုေရခြက္ေလးေပးေလသည္။
"ေသာက္လိုက္ပါ...."
"ေက်းဇူး...."
"အစ္ကို႔ ဇြန္းခရင္းေရာ..."
စာအုပ္စင္အေပၚဆုံးအထပ္တြင္ေမေမေနရာခ်ေပးထားသည့္ ဇြန္းခရင္းအစုံလိုက္ေလးကို သလင္းျမဴလက္ညိွဳးထိုးျပလိုက္ေတာ့ ဟိုေကာင္ေလးကအေျပးေလးသြားယူေလသည္။
"အစ္ကို သြားမယ္ေလ...."
"ငါမင္းကိုဘယ္လိုေခၚရမလဲ...."
"ႀကိဳက္သလိုေခၚပါရတယ္..."
စိုင္းစံ႐ွားေခၚရာေနာက္ကို သလင္းျမဴလိုက္လာခဲ့ေတာ့ စားေသာက္ခန္းအက်ယ္ႀကီးကိုေတြ႔ရေလသည္။
ေလးေထာင့္စားပြဲ႐ွည္ေတြကိုအစီအစဥ္တက်ေနရာခ်ထားျပီး စတီးပုံစံခြက္မ်ားျဖင့္ ညေနစာစားေနၾကသည့္ ေက်ာင္းသားမ်ားကိုေတြ႔ရသည္။
"စိုင္းစံ႐ွား ဘာလို႔ေနာက္က်မွလာတာလဲ..."
"အစ္ကို႔ကိုေစာင့္ေနလို႔ပါ ဆရာ..."
"ေန႔လည္ကေရာက္တဲ့ေက်ာင္းသားသစ္လား..."
"ဟုတ္ပါတယ္..."
သလင္းျမဴႏႈတ္ခမ္းပင္မလႈပ္ရစိုင္းစံ႐ွားကသာ ဒိုင္ခံေျဖေတာ့သည္။
"6 တန္းလား..."
"8 တန္းပါဆရာ..."
"ေဩာ္....
နာမည္ဘယ္လိုေခၚလဲ..."
"သလင္းျမဴပါတဲ့ ဆရာ..."
"စိုင္းစံ႐ွား ငါကသလင္းျမဴကိုေမးေနတာေလ..
ဘာလို႔မင္းကေျဖေနတာလဲ..."
"ကြၽန္ေတာ္ကအစ္ကို႔အခန္းေဖာ္မို႔လို႔ပါ ဆရာ..."
"ေအးပါ ေအးပါ.....
သြားစားၾကေတာ့...
သူမ်ားေတြေတာင္ၿပီးေတာ့မယ္..."
သလင္းျမဴ ဆရာ႔ကိုႏႈတ္ဆက္ဟန္ ေခါင္းေလးငုံ႔လိုက္ၿပီး စိုင္းစံ႐ွားေခၚရာစားပြဲသို႔ လိုက္လာခဲ့သည္။
ေက်ာင္းသားသစ္သူ႔ကို တျခားေက်ာင္းသားေတြက မျမင္ဖူးေသာေၾကာင့္လိုက္ၾကည့္ေနၾကေသးသည္။
ပုံစံခြက္ထဲတြင္ထမင္းကတစ္ကန္႔ အသားဟင္းတစ္ကန္႔ အရြက္ႏွစ္မ်ိဳးကလည္းတစ္ကန္႔စီႏွင့္ ဟင္းရည္ပန္းကန္လုံးေလးကိုလည္းတစ္ကန္႔ထည့္ထားေလသည္။
စိုင္းစံ႐ွားက သူယူလာေပးသည့္ သလင္းျမဴ၏ဇြန္းခရင္းကိုေပးသည္။
"အစ္ကိုကဆိတ္သားစားတယ္လား...
ကြၽန္ေတာ္နဲ႔အတူတူပဲ...."
"အင္း..."
ဆိတ္သားဟင္းကိုသလင္းျမဴ အနည္းငယ္ဖဲ့စားၾကည့္လိုက္ရာ လက္ရာက ေမေမ့နီးပါးေကာင္းသည္ဟုဆိုႏိုင္သည္။
"ေဇယ်ာေက်ာ္တို႔ ေက်ာင္းသားသစ္ေလးက 8 တန္းတဲ့ သူငယ္ခ်င္းကိုကူညီလိုက္ၾကဦးေနာ္..."
"ဟုတ္ကဲ့.."
8 တန္းေတြျဖစ္ဟန္တူသည့္ ေက်ာင္းသားေတြက သူ႔ကိုျပဳံးျပၾကေလသည္။
ထမင္းစားၿပီးေတာ့ အိပ္ေဆာင္ဘက္ကိုျပန္လာခဲ့ၾကၿပီး ေဘစင္ေတြဆီသြားကာ ဇြန္းခရင္းေတြေဆးၾကေလသည္။
သလင္းျမဴ အခန္းျပန္ေရာက္ေတာ့ ေဆးဘူးထဲမွေဆးတစ္ျပားကို ေသာက္လိုက္သည္။
"အစ္ကို...
ေနမေကာင္းဘူးလား..... "
"အင္း..."
"ဖ်ားေနလို႔လား...."
ေရခဲေသတၱာထဲက အခ်ိဳရည္တစ္ဘူးကိုေဖာက္ေသာက္ေနသည့္ စိုင္းစံ႐ွားကို သလင္းျမဴေခါင္းသာယမ္းျပကာ ပန္းသီးေလးတစ္လုံးကိုယူၿပီးေရေဆးကာ ကိုက္လိုက္သည္။
ေမွာင္ေနၿပီျဖစ္သည့္ ပတ္ဝန္းက်င္ေၾကာင့္ အေအးဓာတ္႐ွိလာရာ မွန္ျပတင္းေပါက္ကိုပိတ္လိုက္သည္။
"ဘာျဖစ္လို႔ေဆးေသာက္ရတာလဲ...
ေန႔လည္တုန္းကလည္း အစ္ကို႔ကို ဟိုအစ္ကိုႀကီးကေဆးေသာက္ဖို႔မွာေနတာၾကားတယ္...."
"ဘာမွေထြေထြထူးထူးမဟုတ္ပါဘူး..."
သလင္းျမဴ ညဝတ္အက်ႌထလဲေတာ့လည္း စိုင္းစံ႐ွားကထိုင္ၾကည့္ေနဆဲ။
"အိပ္ေတာ့မလို႔လား....
အခုမွေျခာက္နာရီပဲ႐ွိေသးတာ...."
"မအိပ္ေသးပါဘူး..."
"TV သြားၾကည့္မလား အစ္ကို..."
"မၾကည့္ခ်င္ဘူး....."
"ကြၽန္ေတာ္နဲ႔စကားမေျပာခ်င္ဘူး ထင္တယ္..."
"မဟုတ္ပါဘူး....
ဒီတိုင္း...."
"အိမ္ကိုသတိရလို႔လား...."
"ဒီေန႔မွေရာက္တာကို..."
"ကြၽန္ေတာ္ဆို ေရာက္တဲ့ေန႔ကတည္းကသတိရတာ.....
ကြၽန္ေတာ့္အေမတို႔ျပန္ေတာ့ ငိုေတာင္ငိုတယ္..
အစ္ကိုကက်မငိုဘူးေနာ္..."
"ျပန္မေတြ႔ရေတာ့မွာမွမဟုတ္တာ...."
"ကြၽန္ေတာ္ေရာက္ခါစက အခန္းေဖာ္လည္းမ႐ွိေတာ့ အရမ္းပ်င္းစရာေကာင္းတာပဲ..
အခုေတာ့ အစ္ကို႐ွိၿပီ....."
သူေရာက္လာတာကို ေပ်ာ္ေနပုံရသည့္ စိုင္းစံ႐ွားေၾကာင့္ သလင္းျမဴ ျပဳံးေလသည္။
"Wow!...
အစ္ကို ျပဳံးတယ္..."
ထေအာ္တဲ့စိုင္းစံ႐ွားေၾကာင့္ ျပဳံးေနတာေတာင္လန္႔ၿပီးျပန္တည္သြားသည္။
"အစ္ကိုျပဳံးတာ ၾကည့္လို႔ေကာင္းတယ္..."
"ခုနကလို ႐ုတ္တရက္ႀကီး ထထမေအာ္နဲ႔.....
ငါလန္႔တတ္လို႔...."
"ဟုတ္....sorry....ဟီး...."
"ငါမင္းကို စိုင္းစံလို႔ေခၚမယ္..."
"ဟုတ္..."
စကားမ်ားလြန္းသည့္ စိုင္းစံႏွင့္ သလင္းျမဴ ခဏေလးအတြင္းရင္းႏွီးသြားခဲ့သည္။
ေစ့ထားသည့္ သူတို႔အခန္းတံခါးကိုေခါက္ကာ ေက်ာင္းသားႏွစ္ေယာက္ဝင္လာရာ ထမင္းစားခန္းထဲမွ သူ႔ကိုျပဳံးျပၾကသည့္ ေက်ာင္းသားေတြမွန္း သလင္းျမဴတန္းမွတ္မိသည္။
"မင္းနာမည္ဘယ္လိုေခၚလဲ...
ငါကေဇယ်ာေက်ာ္ ဒီေကာင္က စိုင္းကြမ္ေခး"
"ငါ့နာမည္ သလင္းျမဴ..."
"ႀကိဳဆိုပါတယ္...သလင္းျမဴ"
"အင္း....ေက်းဇူး...."
"ေန႔လည္ကမင္းေရာက္လာတာေတြ႔တယ္...
ငါတို႔က မင္းကို 6 တန္း 7 တန္းေလာက္ပဲထင္ေနတာ...."
"မင္းတို႔ပဲမဟုတ္ပါဘူး...
စိုင္းစံေရာ ဆရာကပါ ငါ့ကို 6 တန္းထင္ၾကတာပဲ လူေကာင္ေသးေနေတာ့...."
သူ႔စကားေၾကာင့္ စိုင္းစံေရာ ေဇယ်ာတို႔ပါ ရယ္ေလသည္။
"ႀကိဳေျပာထားရဦးမယ္....
ငါတို႔ႏွစ္ေယာက္က စာမေတာ္ဘူးေနာ္...."
"စာမေတာ္ေတာ့ ဘာျဖစ္လို႔လဲ....."
"မင္းမေပါင္းခ်င္ရင္လည္း မေပါင္းရေအာင္ေျပာျပတာ...."
"စာမေတာ္တာနဲ႔ ေပါင္းလို႔မရဘူးလား...."
"ဒီကေက်ာင္းသားေတြက မိသားစုေနာက္ခံေတြတူျကေပမယ့္ စာနဲ႔ပတ္သက္ၿပီးအဆင့္အတန္းခြဲတယ္...
စာေတာ္တဲ့သူအခ်င္းခ်င္းပဲ အဖတ္လုပ္ၾကတာ
ငါတို႔လိုေကာင္ေတြဆို အထင္အျမင္ေသးၾကတယ္
စာေတာ္တဲ့သူတို႔အခ်င္းခ်င္းလည္းအေပၚယံေပါင္းေနၾကတာပဲ
တစ္ေယာက္အားနည္းခ်က္တစ္ေယာက္႐ွာၿပီး ေနာက္ေက်ာဓားနဲ႔ထိုးဖို႔ေခ်ာင္းေနၾကတဲ့ဟာေတြခ်ည္းပဲ.....
မင္းသတိထားလို႔ရေအာင္ေျပာျပတာ...."
"ေက်းဇူးပဲ သူငယ္ခ်င္း..."
"မနက္ျဖန္က် အတန္းအတူသြားမယ္ေလ...
ငါတို႔ဝင္ေခၚမယ္..."
"အင္း...."
"အခုေတာ့ TV သြားၾကည့္လိုက္ဦးမယ္...
လိုက္မလား...."
"မလိုက္ေတာ့ဘူး..."
"စိုင္းစံ႐ွား...မင္းTV သြားမၾကည့္ဘူးလား..."
"မၾကည့္ေတာ့ဘူး...
အစ္ကိုတစ္ေယာက္တည္းျဖစ္ေနမွာစိုးလို႔..."
"အဲ့တာဆိုငါတို႔သြားၿပီေနာ္..."
ေဇယ်ာတို႔ထြက္သြားေတာ့ စိုင္းစံကို သူသိခ်င္လာသည့္ ကိစၥေတြေမးမိေတာ့သည္။
"စိုင္းစံ...
ေဇယ်ာေက်ာ္တို႔ေျပာသလို တကယ္လား...."
"ဟုတ္တယ္ အစ္ကို.....
တကယ္ အဲ့လိုေတြ....
ကြၽန္ေတာ္ပထမဆုံးေက်ာင္းစတက္တဲ့ရက္ကဆို စာဆုိတာ ေနာက္ဆုံးမွရလို႔...
အထင္အျမင္ေသးတဲ့မ်က္လုံးေတြနဲ႔ဝိုင္းၾကည့္ၾကတာ...."
"ဘယ္လိုေတြေတာင္လားကြာ...."
"အစ္ကိုအရင္ေက်ာင္းမွာ အဆင့္ဘယ္ေလာက္ရလဲ..."
"တစ္...."
"အတန္းထဲကအဆင့္လား တစ္ေက်ာင္းလုံးကအဆင့္လား"
"တစ္ေက်ာင္းလုံးအဆင့္..."
"အစ္ကိုကေတာ္တာပဲ....
ေတာ္ရင္ပိုသတိထားရတယ္...
မနက္ျဖန္အစ္ကိုေက်ာင္းစတက္ရင္ေတြ႔ရမွာပါ..
ကြၽန္ေတာ္တို႔ေျပာတာထက္ ဆိုးတာကို..."
"ဆရာဆရာမေတြကေရာ အဲ့လို႔လား...."
"မဟုတ္ဘူး...
ဆရာ ဆရာမေတြကေတာ့ အကုန္တန္းတူပဲ...
သေဘာလည္းေကာင္းတယ္ စိတ္လည္း႐ွည္ၾကတယ္...."
"ေတာ္ေသးတာေပါ့... "
သလင္းျမဴ သက္ျပင္းသာခ်ရင္း မနက္ျဖန္အေရးကို ရင္ေလးေသာေၾကာင့္ႀကိဳမေတြးေတာ့ေပ။
"သလင္းျမဴ....."
ထမင္းစားေဆာင္မွာေတြ႔ခဲ့သည့္ ဆရာပင္။
"ဗ်ာ ဆရာ..."
"uniform ခ်ဳပ္ဖို႔ designer ေရာက္ေနၿပီ..."
"ဟုတ္..."
Designer အစ္မႀကီးက သူ႔ကိုယ္တိုင္းကိုေသခ်ာယူၿပီးသြားေတာ့ သလင္းျမူဆရာႏွင့္အတူအိပ္ေဆာင္ကို ျပန္လာခဲ့သည္။
"teacher ႀကီးဆီကၾကားတယ္...
သားမွာႏွလုံးေရာဂါ႐ွိတယ္ဆို..."
"ဟုတ္..."
"ေဆးေသာက္ၿပီးၿပီလား..."
"ေသာက္ၿပီးပါၿပီ"
"အဆင္မေျပတာ႐ွိရင္ ဆရာ့ကိုေျပာေနာ္...8 တန္းေတြကို ဆရာက english guide ဝင္ရတယ္"
"ဟုတ္ကဲ့ ဆရာ..."
သလင္းျမဴ မ်က္ႏွာသစ္ သြားတိုက္ၿပီး ယူလာသည့္ album ေလးထဲမွ ကိုကိုနဲ႔သူ႔ပုံေတြကိုအလြမ္းေျပၾကည့္မိသည္။
စိုင္းစံလိုေတာ့စေရာက္တဲ့ေန႔မွာပဲ အိမ္ကိုေတာ့သူသတိမရမိပါ။
ဒါေပမယ့္ ကိုကို႔ကိုေတာ့ အရမ္းလြမ္းတယ္.....
အ႐ုပ္ကေလးကိုသာ တင္းျကပ္ေနေအာင္ဖတ္ရင္း ဓာတ္ပုံထဲမွရယ္ေမာေနသည့္ ကိုကို႔ ပုံရိပ္ကို ထိေတြ႔ၾကည့္မိသည္။
တစ္ဖက္တြင္လည္း မင္းညီတစ္ေယာက္ guitar ကိုပိုက္ရင္း ငယ္ေလးမ႐ွိေတာ့တဲ့ အခန္းထဲမွာ တိတ္ဆိတ္ေနသည္။
"ကိုကို..."
ၾကားေယာင္မိတဲ့ေခၚသံေလးေၾကာင့္ လွည့္ပတ္႐ွာမိရာ အခန္းထဲတြင္ဘယ္သူမွ႐ွိမေနခဲ့။
"ကိုကို႔ကို သားအရမ္းခ်စ္တာပဲ..."
သူ႔ေ႐ွ႕မွာထိုင္ၿပီး ျပဳံးကာေျပာသည့္ ေကာင္ေလးကို ထိရန္လက္လွမ္းလိုက္စဥ္မွာပဲ ပုံရိပ္ေလးက ေပ်ာက္ကြယ္သြားေလသည္။
"လြမ္းလိုက္တာ ငယ္ေလးရာ..."
မ်က္ရည္ဟုေခၚဆိုသည့္ အရာတို႔က မ်က္ဝန္းေထာင့္မွစီးက်သြားခဲ့သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မနက္ငါးနာရီမွာ သလင္းျမဴတို႔ထၾကရၿပီး အားလုံးအတူဘုရား႐ွိခိုးရသည္။
ခရစ္ယာန္ျဖစ္သည့္ စိုင္းစံတို႔လိုေက်ာင္းသားေတြကေတာ့ထစရာမလိုေပ။
ဘုရား႐ွိခိုးရသည္က နာရီဝက္ခန္႔ၾကာၿပီး ဘုရား႐ွိခိုးၿပီးေတာ့ သလင္းျမဴတို႔လိုအငယ္တန္းေတြက ျပန္အိပ္ၾကသည္။
9 တန္း 10 တန္းေတြကေတာ့ အတန္းစတက္ၾကရေပၿပီ။
မနက္ 7 နာရီမွာ မနက္စာစားၾကရၿပီး သလင္းျမဴေရာ စိုင္းစံပါ အတန္းတက္ရန္ျပင္ရေတာ့သည္။
ေက်ာင္း uniform မွာခဲေရာင္ stylepant ႏွင့္ ရင္ဘက္တြင္ေက်ာင္းတံဆိပ္ႏွင့္နာမည္ပါသည့္ shirt လက္႐ွည္အျဖဴပင္။
သလင္းျမဴကေတာ့ uniform မရေသးသည့္အတြက္ teacher ႀကီးေျပာသည့္ အတိုင္း အျဖဴအစိမ္းပင္ဝတ္လိုက္ေလသည္။
8 နာရီထိုးခါနီး ဆယ့္ငါးမိနစ္ေလာက္အလိုက်ေတာ့ ေဇယ်ာတို႔ေရာက္လာေလသည္။
"သြားရေအာင္ သလင္းျမဴ"
"အင္း..."
စာသင္ေဆာင္ေတြဘက္ေရာက္ေတာ့ သူတို႔႐ွစ္တန္းအခန္းက အေပၚထပ္တြင္႐ွိၿပီး စိုင္းစံတို႔အခန္းကေအာက္ထပ္တြင္ျဖစ္ရာ လက္ျပႏႈတ္ဆက္ရင္း ေဇယ်ာတို႔ႏွင့္အတူ အတန္းထဲလိုက္ခဲ့ေလသည္။
တစ္ေယာက္ထိုင္ခုံေတြက ႏွစ္ဖက္ခြဲထားၿပီး တစ္ဖက္တြင္မိန္းကေလးမ်ား႐ွိၿပီး ေယာက္်ားေလးမ်ားႏွင့္သပ္သပ္စီခြဲထိုင္ရေလသည္။
ေဇယ်ာတို႔ႏွင့္အတန္းထဲဝင္လာသည့္သူ႔ကိုၾကည့္သည့္ အၾကည့္ေတြက စိုင္းစံေျပာသည့္အတိုင္းပင္။
ေဇယ်ာႏွင့္ စိုင္းကြမ္ေခးထိုင္သည့္ အေနာက္ဆုံးအတန္း၏ ေထာင့္ဆုံးခုံမွာသလင္းျမဴဝင္ထိုင္လိုက္သည္။
8 နာရီထိုးသည္ႏွင့္ Maths lecture ဆရာေရာက္လာေလသည္။
ႏႈတ္ဆက္ၿပီးသည္ႏွင့္ စာစသင္ရာ သူ့မွာဖတ္စာအုပ္မ႐ွိေသးသည့္အတြက္ ေဇယ်ာႏွင့္အတူၾကည့္လိုက္ေလသည္။
သၾကၤန္ၿပီးကတည္းကစာစသင္ေသာေၾကာင့္ စာေတြေတာ္ေတာ္ၿပီးေနၿပီဟုပင္ေျပာ၍ရသည္။
ဆရာကပုဒ္စာေတြကို႐ွင္းရင္း အားလုံးကိုအတူလိုက္တြက္ေစကာ တစ္ေယာက္ခ်င္းအေျဖေတြကိုလိုက္ၾကည့္ေလသည္။
ဖ်က္ရာပါသည့္သူ အေျဖမွားသူေတြကိုဆိုလ်ွင္ဆရာက ဆြဲဆိတ္သည္။
ေဇယ်ာေက်ာ္ေရာ စိုင္းကြမ္ေခးပါမွားေသာေၾကာင့္ ဆရာကဆြဲဆိတ္ရာ ႏွစ္ေကာင္သားကစပ္ၿဖီးၿဖီး။ သူ႔အေျဖကိုၾကည့္ၿပီး ဆရာကျပဳံးကာ အတန္းေ႐ွ႕ျပန္သြားေလသည္။
"သခ်ာၤမွာ အေျခခံ သေဘာတရားဘယ္ႏွမ်ိဳး႐ွိလဲေဟ့....!"
ဆရာ့၏ ေမးခြန္းအဆုံး ေက်ာင္းသားေက်ာင္းသူေတြမွာ မ်က္စိမ်က္ႏွာပ်က္ေနၾကေပၿပီ။
"တစ္ေယာက္မွမမွန္ရင္ တစ္တန္းလုံးထိုင္ထလုပ္ၾကရေတာ့မယ္...."
သူ႔အနားကို ေဇယ်ာကခပ္တိုးတိုးကပ္ေျပာေလသည္။
ဆရာက အေ႐ွ႕ဆုံးအတန္းမွ စာအေတာ္ဆုံးဆိုသည့္သူေတြမွစေမးေလသည္။
အရင္ဆုံးမိန္းကေလးေတြကိုေမးရာ ႏွစ္မ်ိဳး သုံးမ်ိဳး ေလးမ်ိဳး ငါးမ်ိဳး အစ႐ွိသျဖင့္ ေလ်ွာက္ေျဖၾကၿပီး ဘာေတြလဲဟုဆက္ေမးလိုက္ေသာအခါတြင္ေတာ့ မေျဖႏိုင္ၾက၍ အကုန္မတ္တပ္ရပ္ေနရသည္။
မိန္းကေလးေတြၿပီးေတာ့ သူတို႔ေယာက္်ားေလးေတြအလွည့္ေရာက္ေတာ့လည္း ထိုနည္း၎ပင္ ျဖစ္ရာ သလင္းျမဴ ရယ္မိေလသည္။
ကြမ္ေခး ႏွင့္ ေဇယ်ာပါ မတ္တပ္ရပ္ရၿပီးေနာက္ သူတစ္ေယာက္သာက်န္ေတာ့သည္။
"ကဲ...ေက်ာင္းသားသစ္ေလး....
သခ်ၤာမွာ အေျခခံသေဘာတရားဘယ္ႏွမ်ိဳး႐ွိသလဲ..."
"ေလးမ်ိဳးပါဆရာ..."
"အဲ့ေလးမ်ိဳးကဘာေတြလဲ"
"အေပါင္း အႏႈတ္ အေျမႇာက္ အစား ပါ..."
ဆရာကအေျဖကိုမွန္တယ္မွားတယ္မေျပာေသးေသာေၾကာင့္ တစ္တန္းလုံးမတ္တပ္ေလးေတြၿငိမ္သက္ေနၿပီး သခ်ၤာ guide ဆရာမေလးေတြပင္ တိတ္ဆိတ္ေနၾကသည္။
"အဲ့တာပဲေလ....
သခ်ၤာရဲ႕အေျခခံသေဘာတရားေလးမ်ိဳး....
ေက်ာင္းသားသစ္ေလးနာမည္ဘယ္လိုေခၚလဲ"
"သလင္းျမဴ ပါဆရာ.... "
"ဟုတ္ၿပီ ျမဴေလးေတာ္တယ္ ထိုင္...
တျခားသူေတြလည္းထိုင္ၾကေတာ့....
ထိုင္ထအခါ သုံးဆယ္ကေနလြတ္သြားၾကၿပီေပါ့.....ဟင္း.. ဟင္း...."
ေဇယ်ာႏွင့္ ကြမ္ေခးက သူ႔ကိုလက္မေထာင္ျပေလသည္။
ဆရာ့အခ်ိန္ကုန္လို႔ထြက္သြားေတာ့ သူ႔ကိုအားလုံးကလွည့္ၾကည့္လာၾကသည္။ သူအတန္းထဲကိုဝင္လာစကလို အၾကည့္မ်ိဳးေတြမဟုတ္ၾကပဲ လိုလားသလိုျပဳံးျပၾကေပမယ့္ ထိုအၾကည့္ အျပဳံးေတြကို သလင္းျမဴပိုမႀကိဳက္ေပ။
"သလင္းျမဴ မင္းငါတို႔နဲ႔အေ႐ွ႕တန္းမွာ လာထိုင္ပါလား...."
အေ႐ွ႕ဆုံးတန္းကေကာင္ေတြရဲ႕ စကားကိုလည္း သလင္းျမဴ ခပ္ျပဳံးျပဳံးပင္ ျငင္းဆန္လိုက္သည္။
အျပဳံးတုေတြၾကားမွာ သူမျပဳံးခ်င္ဘဲႏွင့္ေတာ့ ျပဳံးမျပႏိုင္။
အေပၚယံေတြ.......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro