Part-64 ( at the end of the story)
Unicode
"အိမ်ကိုတောင်မရောက်ခဲ့သေးဘူးပေါ့...."
"အင်း....."
အခုချိန်ထိအငိုမတိတ်သေးသည့်ကောင်းကင်က မြူ့မေးခွန်းတွေကိုတော့ပြန်ဖြေသည်။
"အဖေနဲ့အမေ့ဆီသွားလိုက်ဦးလေမောင်ရယ်.....
သူတို့လည်းမောင့်ကိုတွေ့ချင်ရှာမှာပေါ့....."
"မသွားချင်ဘူး....."
မြူ့ရင်ခွင်သေးသေးလေးထဲ ခေါင်းတိုးဝှေ့ရင်းပြောတော့ မြူကသူ့ဆံပင်တွေကိုပွတ်သပ်ပေးသည်။
ယခုမြူကကုတင်ပေါ်မှာ တင်ပျင်ခွေလေးထိုင်နေတာဖြစ်ပြီး ကုတင်ဘေးကခုံမှာကောင်းကင်ကထိုင်နေသည်။
မြူ့အင်္ကျီရင်ဘက်အောက်မှ ခိုးလိုးခုလုဖြစ်နေတာက ဟိုစက်အဖြူလေးပင်ဖြစ်လိမ့်မည်။
"မျက်လုံးတွေနာလိမ့်မယ် မောင်.....
တိတ်တော့နော်....."
သူမျက်နှာကိုမော့ယူပြီး မျက်ခွံတွေထက်ကိုမြူကနမ်းကာ ပြုံးသည်။
"သဲငယ်ကိုပြုံးပြပါဦး......
မောင့်အပြုံးလေးကိုမြင်ချင်လို့....."
မျက်ရည်တွေကိုသုတ်ပြီး သူစိတ်ပါလက်ပြပြုံးပြလိုက်တော့ မြူကသွားလေးတွေပေါ်အောင်ရယ်လေသည်။
သူမြူ့ခါးလေးကိုဖက်ပြီး ပခုံးလေးပေါ်မျက်နှာပြန်တင်ကာ ထိုအတိုင်းပဲ နေသည်။
"မောင်ခရီးပန်းနေတယ်မလား......
ခဏလောက်အိပ်လိုက်ပါလားဟင်......"
"ဟင့်အင်း......
ဒီတိုင်းလေးပဲနေချင်တယ်......"
မြူ့လက်ကောက်ဝတ်က tatoo လေးကိုသူအမြတ်တနိုးနမ်းလိုက်သည်။
တစ်ဆက်တည်းမြင်လိုက်ရသည့် အပ်ရာတွေကြောင့် မြူ့ခါးလေးကိုပိုတိုးကာဖက်မိသည်။
"အရမ်းချစ်တယ် သဲငယ်......"
"အင်း......
မောင့်ကိုလည်းအရမ်းချစ်တယ်နော်....."
သူ့ဆံပင်တွေကိုနမ်းရင်းပြောသည့်မြူ့အသံလေးကနှစ်ယောက်ကြားသာရုံ တိုးလျလွန်းသည်။
"ဒေါက်!! ဒေါက်!!!"
တံခါးခေါက်သံ ထွက်ပေါ်လာပြီးနောက် အခန်းတံခါးဖွင့်ကာ ကိုခန့်ဝင်လာသည်။
အနောက်မှသူနာပြုနှစ်ယောက်နှင့် သူတို့နှစ်ယောက်လွတ်လပ်အောင်ရှောင်ထွက်ပေးသွားသည့် ကိုကိုလည်းပါသည်။
"သသလေးပျော်နေတယ်ပေါ့...."
မြူကကိုခန့်ကို သွားလေးဖြီးရယ်ပြနေတော့ ကိုခန့်ကလည်းသူတို့နှစ်ယောက်ကိုကြည့်ကာ သဘောတကျပြုံးသည်။
"ဆေးထိုးချိန်ရောက်ပြီ သသ....."
မြူ့မျက်နှာထက်ကအပြုံးလေးဖျော့တော့သွားကာ ကုတင်ထက်တွင်လှဲလျောင်းလိုက်ပြီး သူ့လက်တစ်ဖက်ကိုတင်းကြပ်စွာဆုပ်ကိုင်လာသည်။
သူနာပြုနှစ်ယောက်ကမြူ့ခြေထောက်တွေကိုချုပ်ထားလိုက်ကြတော့မှ သူ video ထဲမှာမြင်ခဲ့သည်ကိုပြန်သတိရသွားသည်။
ဆေးထိုးမည့်လက်ကိုဘုန်းရှိန်ဝါထက်ကထိန်းထားပေးပြီး လက်မှာတပ်ထားသည့်ပိုက်မှတစ်ဆင့် ဆေးထိုးအပ်တပ်ကာ တဖြည်းဖြည်းဆေးရည်တွေဝင်သွားတော့ မြူ့မျက်ဝန်းတွေတင်းတင်းမှိတ်ကာ မေးရိုးလေးတင်းလာပြီး သူ့လက်ကိုလည်းအားကိုးတကြီးဆုပ်ကိုင်ထားသည်။
နာကျင်မှုဒဏ်ကိုငါးမိနစ်ကျော်လောက်ခံစားရပြီးချိန်မှာတော့ မြူ့လက်ကလေးတွေတဖြည်းဖြည်းအားလျော့လာသည်။
ဘုန်းရှိန်ဝါထက်အပါအဝင်သူနာပြုတွေပါအကုန်အခန်းထဲမှပြန်ထွက်သွားကြသည်။
"အရမ်းနာလား သဲငယ်...."
"မနာပါဘူး......"
မြူဟာသူ့အမေးကိုပြုံးပြုံးလေးပဲပြန်ဖြေသည်။
ဒါပေမယ့် အဲ့အပြုံးတွေကဖျော့တော့လွန်းပြီး အရမ်းနာတယ်ဟုပြောနေသည်။
မိနစ်ပိုင်းအတွင်းမှာပဲမြူဟာအိပ်ပျော်သွားရှာသည်။
"စစ်ကောင်းကင်....."
အခန်းတံခါးအသာဟကာ ဘုန်းရှိန်ဝါထက်က သူ့ကိုအပြင်ထွက်လာဖို့ခေါ်သည်။
မြူ့ကိုခြေရင်းမှစောင်အပါးလေးခြုံပေးပြီး သူအခန်းအပြင်ထွက်လာခဲ့သည်။
"ခွန်းလေး Interview ကိုမြင်လို့ရောက်လာတာမလား....."
"အင်း....."
"ငယ့်ကိုမသိစေနဲ့.....
ခွန်းလေးက Interview လုပ်ရင်းငါ့ကို message လှမ်းပို့တယ် သူ့ Interview ကိုငယ်လေးမမြင်ပါစေနဲ့တဲ့....."
"........."
"ငယ်ကလေ.....
မင်းကိုသိပ်ချစ်ရှာတာ......
သူ့ရောဂါဖောက်လာတိုင်း ဆေးတွေကြောင့်နာကျင်တိုင်း မင်းပြန်လာတော့မှာဆိုတဲ့ယုံကြည်ချက်လေးနဲ့တောင့်ခံထားနိုင်ခဲ့တာ..."
"နှလုံးကထပ်ပြီးအစားထိုးလို့မရဘူးလား...."
"ငယ့်ခန္ဓာကိုယ်ကလက်မခံနိုင်တော့ဘူး......
အရမ်းကိုအားနည်းနေပြီ......
ထပ်အစားထိုးရင် operation room ထဲမှာတင်အသက်ဆုံးရှုံးရလိမ့်မယ်......"
ကောင်းကင်ဝေ့ဝဲလာပြန်သည့်မျက်ရည်တွေကိုခေါင်းမော့ကာသိမ်းဆည်းလိုက်သည်။
"ကျွန်တော့်မိဘတွေရော မြူ့ကိစ္စကိုသိလား...."
"အင်း....
မင်းထွက်သွားပြီးမကြာဘူး.....
သူတို့လည်းသိသွားကြတယ်......"
သိရက်နဲ့ကျွန်တော့်ကိုဘာလို့တစ်ခွန်းမဟခဲ့ကြရတာလဲအမေရာ.....
"မင်းအိမ်မပြန်ဘူးလား...... "
"မပြန်ဘူး.....
မြူ့အနားမှာပဲရှိနေပေးချင်တယ်......"
"တောင်းဆိုစရာမလိုမှန်းသိပေမယ့်
ငယ့်ကိုပျော်အောင်လုပ်ပေးပါလို့တောင်းဆိုချင်တယ်......"
"အင်း.....
မပူပါနဲ့......"
"ပြီးတော့......
ကိုခန့်ကငါတို့ကိုလွန်ခဲ့တဲ့ခြောက်လလောက်ကတည်းကပြောထားတယ်......
စိတ်ကိုပြင်ဆင်ထားပါတဲ့.....
ငါကတော့အဆင့်သင့်မဖြစ်သေးဘူး...."
သက်ပြင်းချသံနှင့်အတူသူ့ပုခုံးကိုပုတ်ကာ ဘုန်းရှိန်ဝါထက်ထွက်သွားသည်။
သဲငယ်ရာ.....
ကိုယ်ရူးတော့မှာဘဲ......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ညနေခင်းမြူနိုးလာပြီးတော့မြူ့အမေနှင့် အစ်ကိုတွေရောက်လာကြသည်။
မြူ့အစ်ကိုနှစ်ယောက်ကကောင်းကင်ကို ဝမ်းသာအားရဖက်ပြီး ယောက်ဖဟုခေါ်သည်။
မြူ့အမေကတော့ သူနဲ့မြူ့ကိုကြည့်ပြီး တစ်ချက်တစ်ချက်မျက်ရည်လေးတွေခိုးသုတ်နေရှာသည်။
"ဖေဖေလေး.....
မီးမီးလာတယ်ရှင့်!"
လုံးလုံးလုံးလုံးနှင့်အခန်းထဲပြေးဝင်လာသည့် ကြက်တောင်စည်းလေးနှင့်ရုပ်ဆိုးမပေါက်စလေးကို ကောင်းကင်မျက်မှောင်ကျုံ့ကြည့်လိုက်သည်။
မြူ့အစ်ကိုငယ်ကထိုကလေးမလေးကိုကုတင်ပေါ်ပွေ့တင်ပေးလိုက်တော့ ထိုပေါက်စနကပိုင်စိုးပိုင်နင်းနှင့်မြူ့ပါးကိုတက်နမ်းသည်။
"ဖေဖေလေး....."
"ဗျာ....."
ကောင်းကင်မျက်မှောင်ကြီးက ဖေဖေလေးဟူသည့်နာမ်စားကြောင့် မျက်ခုံးကြီးကျိုးမတတ်ပိုကျုံ့လာသည်။
"ဟယ်! စစ်ကောင်းကင်!"
သူ့ပုခုံးကိုရိုက်ပြီးခေါ်သည့်အသံပြဲကြီးပိုင်ရှင်က မေသွေးနီ......
"ဘယ်တုန်းကပြန်ရောက်တာလဲ....."
"ဒီနေ့ပဲ......"
"ဪ....
အဲ့တာကြောင့်ဒီနေ့သလင်းမျက်နှာလေးကြည်နေတာကို....."
မေသွေးနီဘေးကတစ်ယောက်က သူ့ခင်ပွန်းဖြစ်လောက်မည်ထင် သူ့ကိုခေါင်းညိတ်နှုတ်ဆက်ဟန်ပြတော့ သူလည်းခေါင်းတစ်ချက်သာပြန်ညိတ်ပြလိုက်သည်။
"ဖေဖေလေး.....
မီးမီးသိချင်တာရှိတယ်......"
"ဖေဖေ့သမီးလေးကဘာတွေများသိချင်လို့လဲ......"
မြူ့ပေါင်ပေါ်မှပေါက်စနလေးက သူ့ကိုလက်ညိုးကြီးထိုးလာသည်။
"အဲ့ဦးလေးကြီးကဘယ်သူလဲ......
မီးမီးနဲ့ဖေဖေ့ကို ဟော့လိုကြီးကြည့်နေတာ......"
မျက်ခုံးလေးနှစ်ခုကို လက်ကလေးနဲ့ ဆွဲကပ်ပြီး စူပုတ်ကာ ကောင်းကင်ရဲ့ပုံစံကိုသရုပ်ဖော်ပြသည့် သမီးလေးကြောင့် သလင်းမြူရောမေမေတို့ပါ ရယ်ကြသည်။
"ဒီဦးဦးက ဖေဖေ့ရဲ့....."
"ယောက်ျား....."
မြူ့စကားမဆုံးခင်ဖြတ်ပြောသည့် ကောင်းကင်ရဲ့စကားကြောင့် ပေါက်စနမလေးငြိမ်သွားသည်။
"ဟုတ်ပဲနဲ့လျှောက်ပြောနေတာ.....
ဖေဖေလေးအဲ့ဦးဦးကလိမ်နေတယ်သိလား..."
"ငါမလိမ်ဘူး....."
"ဦးဦးလိမ်နေတာ.....
မေမေ့ယောက်ျားဆို မေမေ့ကိုခဏခဏ အာဘွားတွေပေးတယ်.....သိလား......"
အဖေရင်းကိုကျမေမေ့ယောက်ျားဟုခေါ်နေသည့် ပိစိမလေးကိုအမြင်ကတ်စွာ မြူ့ပါးလေးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်အားရပါးရနမ်းပြလိုက်သည်။
"အူးးးးးဝါးးးးး!!!"
အကျယ်ကြီးထငိုပြီး မြူ့ပါးကိုလက်သေးသေးလေးတွေနှင့်ပွတ်သုတ်ပစ်သည့် ပေါက်စန......
ကောင်းကင်ထပ်ပြီးနမ်းတော့ အာပြဲကြီးနှင့်ပိုငိုကာ သူ့ကိုထထုလေသည်။
"နမ်းနဲ့!! မီးဖေဖေလေးကိုနမ်းနဲ့!!"
မအေဖြစ်သူမေသွေးနီကတခွီးခွီးရယ်ရင်း သူ့သမီးကိုလာခေါ်သည်။
"မေမေ့ အဲ့ဦးလေးကြီးက ဖေဖေလေးကိုနမ်းနေတယ်!!
ရိုက်လိုက် သူ့ကို!!"
မြူကလည်းရယ်နေရင်းမှ သူ့ပါးကိုလာနမ်းလေသည်။
"အူးဝါးးးးးးးးးး!!!"
လက်ညိုးတထိုးထိုးနဲ့ငိုနေသည့်ကလေးမလေးကိုကြည့်ပြီး ကျန်လူတစ်သိုက်ကတော့ ခွက်ထိုးခွက်လန်ရယ်နေကြသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အချိန်အခါမဟုတ်ရွာသည့်အေးစက်စက်မိုးရေတွေကို မှန်တံခါးလေးဖွင့်ပြီး ထိတွေ့နေသည့်မြူ....
"အအေးပတ်မယ်လေ သဲငယ်..... "
ကျောပြင်လေးနားကပ်ကာ အနောက်မှသူဖက်ထားလိုက်သည်။
"မောင်..."
"ဗျာ....."
"မနက်ဖြန်ကျရင်လေ......
သဲငယ်ရဲ့ဖေဖေနဲ့ ကိုကြီးဆီသွားလည်ရအောင်......"
"အင်း.....
မနက်ပိုင်းဆေးသွင်းပြီးရင်သွားကြမယ်နော်...."
"ဟုတ်....."
ညဆိုသူသဲငယ်နဲ့ကုတင်ပေါ်မှာပဲအတူအိပ်သည်။
သဲငယ်ရင်ဘက်ကစက်နဲ့ ဆေးသွင်းထားရသည့်လက်ကလေးကြောင့် အနောက်ကနေသာ သူဖက်ထားဖြစ်သည်။
မနက်ခင်းနိုးတာနဲ့ သဲငယ်ကိုမျက်နှာသစ်ပေး မနက်စာကျွေးပြီးချိန်မှာ ကိုခန့်ကဆေးတစ်လုံးလာသွင်းပေးသည်။
ဆေးကုန်တာနဲ့ပိုက်ကိုဖြုတ်ပြီး လူနာဝတ်စုံလေးကိုလဲပေးတော့ မြူ့ခန္ဓာကိုယ်ဖြူဖျော့ဖျော့လေးကိုကြည့်ပြီး သူ့မှာရင်တွေနာလိုက်တာ.....
အပြင်ရာသီဥတုကပူတာမို့ ကိုခန့်ကသူ့ကားထဲကို အရေးပေါ် oxygen ဘူးတင်ပေးလိုက်သေးသည်။
မြူ့မေမေပြောလိုက်သည့် သင်္ချိုင်းမြေရှိရာသို့သူ့ကားကိုမောင်းလာခဲ့ပြီး နံဘေးမှ မြူကတော့ ကားမှန်အပြင်ဘက်ကိုငေးရင်းလိုက်ပါလာသည်။
ဝှီးချဲလေးကိုတွန်းပေးရင်း အုတ်ဂူပေါင်းများစွာကြားမှ ဦးမြတ်တံခွန်ဟူသည့်နာမည်ကိုမြင်မှ သူရပ်လိုက်သည်။
အပြာနုရောင်ဆေးပြန်သုတ်ထားသည့် မြူ့ဖေဖေနဲ့အစ်ကိုကြီးအုတ်ဂူနှစ်လုံးဟာ ဘေးချင်းကပ်လျက်.....
"မောင်......
ဟိုအပင်အောက်ကသွားစောင့်နေနော်.....
သဲငယ်ဖေဖေနဲ့စကားပြောချင်လို့......"
ကောင်းကင်ခေါင်းအသာညိတ်ပြီး ခပ်လှမ်းလှမ်းမှ အပင်ကြီးအောက်သွားရပ်လိုက်သည်။
"ဖေဖေ......
အခုမှလာတွေ့လို့ သားကိုစိတ်မဆိုးဘူးမလား......."
ကောင်းကင်မြူ့ကိုလှမ်းကြည့်နေပေမယ့် ဘာတွေပြောနေလဲဆိုတာကိုတော့ မြူ့အသံတိုးတိုးလေးကြောင့်မကြားနိုင်ခဲ့ပေ။
"အဲ့တာသားချစ်သူလေ.....
သားကိုစိတ်မပျက်ဘူးမလား....
မေမေကပြောတယ်....ဖေဖေလည်းသားကောင်လေးကိုလက်ခံမှာပါတဲ့.....
............
ခွန်းလေးကအခုအရမ်းကိုနာမည်ကြီးနေပြီ...
ကိုလတ်ကိုငယ်တို့လည်းအလုပ်တွေအဆင်ပြေကြတယ်.....
မကြီးလည်းအဆင်ပြေတယ်....
ဖေဖေ့မြေးလေးနှစ်ယောက်တောင်ကျောင်းတက်နေကြပြီ......
ဖေဖေမှာခဲ့တဲ့အတိုင်း သားတို့မိသားစုတစ်စုတစ်စည်းထဲနေကြတယ်သိလား.....
သားတာဝန်ကျေတယ်မလား............"
အပူရှိန်ကြောင့် အသက်ရှူရတာနည်းနည်းခက်ခဲလာသည်။
"ပြီးတော့........
သားလည်း......ဖေဖေတို့ဆီလိုက်လာရတော့မှာ.......သိပ်မကြာခင်....."
နာရီဝက်ကျော်လောက်ကြာတော့ မြူကသူ့ကိုလက်ယက်ခေါ်သည်။
"ပြန်ကြရအောင်.........."
အသက်ရှူကျပ်နေသည့် မြူ့အသံတိုးတိုးကြောင့် သူဝှီးချဲကိုတွန်းကာ ကားဆီအမြန်ရောက်အောင်သွားသည်။
ကားတံခါးဖွင့်မြူ့ကိုပွေ့တင်ပြီးတာနဲ့ ဝှီးချဲကိုနောက်ခန်းထဲသွင်းကာ မြူ့ကို oxygen mask လေးတပ်ပေးလိုက်သည်။
အသက်ရှူသံလေးပုံမှန်ဖြစ်သွားမှ မြူ့ကသူ့ကို oxygen mask အောက်ကနေပြုံးပြနေသေးသည်။
အတော်လေးနေမှ mask ကိုမြူကပြန်ဖြုတ်လိုက်သည်။
"မောင်....."
"ဟင်......"
"ဆေးရုံမပြန်ခင်......
အရင်ကလို ခေါက်ဆွဲအစပ်သွားစားချင်တယ်......"
"အင်း.....
သွားစားကြမယ်....."
မြူ့နှုတ်ခမ်းထက်ခပ်ဖွဖွနမ်းပြီး အရင်တုန်းကသူတို့စားနေကျဆိုင်သို့ ကားကိုမောင်းလာခဲ့သည်။
"ဝှီးချဲနဲ့မသွားချင်ဘူး......"
သူ့လက်ကိုဆွဲပြီးတောင်းဆိုနေဟန်ပြောလာလို့ သူမြူ့ကိုယ်လေးကို အသာပွေ့ချီလိုက်သည်။
"ကိုယ့်ဘာသာလမ်းလျှောက်ချင်တယ်......"
မြူ့ကိုအသာချပေးလိုက်ပြီး ပုခုံးကိုထိန်းဖက်ကာ လျှောက်စေသည်။
ဆိုင်ဝန်ထမ်းတစ်ဦးအသင့်ဖွင့်ပေးသည့် တံခါးနားကို လှေကားသုံးထစ်တက်ပြီး ဖြတ်သန်းချိန်မှာတော့ မြူကစိတ်လိုလက်ရပြုံးသည်။
အရင်တုန်းက စားနေကျအတိုင်းမှာလိုက်ပြီး ဆိုင်ပတ်ပတ်လည်ကို ခေါင်းလေးဟိုလှည့်သည်လှည့်နှင့်ကြည့်နေသည့် မြူ့ကိုသာသူထိုင်ကြည့်နေမိသည်။
ပိန်ပိန်သေးသေးလေးနဲ့ ဖြူဖျော့နေသည့်မြူ့ကို သူအရင်လိုစိတ်ရှိတိုင်းဖက်လိုက်နမ်းလိုက်မိရင် အရမ်းနာကျင်သွားမည်စိုးသည်။
မှာထားတာတွေရောက်လာတော့ မြူကသိပ်မစားနိုင်ပါ။
"ကိုယ်ခွံ့ကျွေးရမလား....."
"ရတယ်....."
အရင်လို ဟိုဟာစားချင်တယ်သည်ဟာစားချင်တယ်ဆိုပြီး လူကောင်လေးနှင့်မလိုက်စားပြခဲ့သည့် သူ့ချစ်သူကအခုတော့ခေါက်ဆွဲလေးတစ်ပွဲကိုတောင် တစ်ဝက်ကျိုးအောင်မစားနိုင်တော့......
ပိုက်ဆံရှင်းပြီး ပြန်ဖို့မြူကလမ်းထပ်လျှောက်နိုင်မည့်ပုံမရှိရာ သူအသာအယာလေးပွေ့ချီလိုက်သည်။
ဆိုင်ထဲကဝန်ထမ်းတွေနှင့် တခြား customer တွေကတော့လိုက်ကြည့်နေကြသည်။
ဆေးရုံကိုပြန်ရောက်တာနဲ့ ပုံမှန်အတိုင်းကိုခန့်ကဆေးလာသွင်းကာ မြူညနေစောင်းအထိအိပ်ပျော်သွားသည်ကို သူနံဘေးမှတစ်ဖဝါးမခွာဘဲထိုင်ကြည့်နေခဲ့သည်။
မြူ့ဆီကိုလာလည်သည့် စိုင်းစံနှင့်တေဇတို့ကသူ့ကိုမြင်တော့ ဝမ်းသာကြပေမယ့် သူကတော့အကုန်လုံးကို မပြောရသလားဆိုပြီး ပတ်ဆဲမိသည်။
သူပြန်ရောက်နေမှန်းသိသွားကြသည့် အဖေနဲ့အမေကတော့ အိမ်ပြန်မယ့်အစီအစဥ်မရှိသည့်သူ့ကိုဆေးရုံထိလာတွေ့ကြရသည်။
မြူ့ကိုရေချိုးပေးရင်း တစ်ချိန်ကသူကျူးလွန်ခဲ့သည့်ညကိုပြန်တွေးမိကာ မြူဘယ်လောက်ဝမ်းနည်းနေလိုက်မလဲဆိုပြီးနောင်တရမိသည်။
သူမြူ့အနားကိုပြန်ရောက်သည့် တစ်လကျော်အတွင်း ဆိုးရွာလာသည့် မြူ့ကျန်းမာရေးကိုမြင်တွေ့နေရပြီး မြူအိပ်ပျော်နေချိန်မှာသူကျိတ်ငိုမိသည်။
ဆေးတွေအဆက်မပြတ်သွင်းလာရပြီး မြူဟာသီချင်းလည်းမဆိုနိုင်တော့.....
နှလုံးခုန်အောင်စက်အဖြူလေးကတောင်မစွမ်းဆောင်နိုင်ချိန်တွေရှိလာတော့ ကိုခန့်တို့ပြာယာခတ်ရသလို သူ့ရင်ထဲမှာလည်းကမ္ဘာပျက်ရသည်။
"မောင်......
သဲငယ်ကိုချစ်ရင်....မငိုနဲ့လေနော်......"
သူ့မျက်ရည်တွေကိုသုတ်ပေးနေသည့် မြူ့လက်ချောင်းလေးတွေကို သူအမြတ်တနိုးနမ်းသည်။
"မောင်သိလား.....
သဲငယ်တို့နှစ်ယောက်က အချိန်တွေဘယ်လောက်ကြာအောင် ခွဲခွာနေရပါစေ.....
တစ်နေ့.....
သေချာပေါက်ကို....ပြန်ဆုံမှာ.....
အဲ့တာကြောင့်.......မငိုနဲ့နော်......"
စကားတွေပြောပြီးမောသွားသည့် မြူ့ကိုသူခေါင်းညိတ်ပြလိုက်သည်။
သွင်းနေကျဆေးတွေကိုဆက်မသွင်းတော့ဘဲရပ်လိုက်ချိန်မှာတော့ သူတို့အားလုံးမြူ့အနားကမခွာကြတော့....
အလုပ်တွေအကုန်လုံးကိုထားပြီး မြူ့မိသားစုကလည်းမြူ့အနားမှာအချိန်ပြည့်လာနေပေးကြသည်။
"မြူတွေဆိုင်းနေတယ်...."
မနက်အစောကြီး ထူးထူးဆန်းဆန်းမြူတွေဆိုင်းနေသည်ကိုမြင်တော့ မြူကပြုံးနေပြန်သည်။
"ခွန်းလေး you know I know ဆိုပြပါလား......."
"ဟုတ်......"
ဖုန်းထဲမှ နောက်ခံတီးလုံးလေးကိုဖွင့်ကာ မြူ့အစ်ကိုနှစ်ယောက်နှင့် ဘုန်းရှိန်ဝါထက်က guitarနှင့် သံစဥ်လိုက်တီးပေးသည်။
မြူကသူ့ရင်ခွင်ထဲမှာမှီပြီးထိုင်သည်။
စောစောစီးစီး မြူ့အခန်းမှသီချင်းသံထွက်ပေါ်လာ၍ သူနာပြုလေးတွေလည်း တံခါးဖွင့်ကာလာနားထောင်ကြသည်။
"🎶The day fate set us to collide
(ကိုယ်တို့တွေ့ဆုံမယ့်နေ့ကိုကံကြမ္မာကသက်မှတ်ထားပြီးသား)
The way you look into my eyes
(မင်းကိုယ့်မျက်ဝန်းထဲကိုကြည့်လိုက်တဲ့အကြည့်လေး)
Never thought love would come
(ချစ်ခြင်းဟာရောက်ရှိလာမယ်လို့ဘယ်တုန်းကမှမတွေးဖူးခဲ့)
Like all was meant to happen
(အရာအားလုံးဟာ ဖြစ်ပျက်ဖို့ရည်ရွယ်ထားပုံပါပဲ)
Where you are will be where I start
(မင်းရှိတဲ့နေရာဟာ ကိုယ်စတင်မယ့်နေရာ)
You've become my only star
(မင်းကကိုယ့်ရဲ့ တစ်ပွင့်တည်းသောကြယ်လေးဖြစ်နေတာ)
Where it's dark is where you spark
(မှောင်မိုက်ခြင်းတွေရှိတဲ့နေရာဟာ မင်းတောက်ပမယ့်နေရာ)
I've follow wherever you are
(မင်းဘယ်နေရာရောက်ရောက် ကိုယ်နောက်ကလိုက်မှာ)
Baby I won't let you feel afraids
( baby မင်းကိုပူပန်မှုတွေမခံစားစေရဘူး)
I'll be here with you through night and day
(နေ့တွေညတွေဖြတ်သန်းရင်း ကိုယ်မင်းအနားမှာအတူရှိမယ်)
All these memories won't be erased
(ဒီအမှတ်တရတွေအားလုံးကိုဖြတ်မပစ်ပါနဲ့)
My love for you will never fade
(မင်းအတွက်ကိုယ့်အချစ်တွေက ဘယ်တော့မှမှေးမှိန်သွားမှာမဟုတ်ခဲ့)
Hey I know you know
(မင်းလည်းအသိ ကိုယ်လည်းအသိပါ)
Our hearts getting close
(ကိုယ်တို့နှလုံးသားတွေနီးစပ်လာကြတာ)
We can't deny it's real
(ကိုယ်တို့ငြင်းဆန်လို့မရ ဒါဟာအမှန်တရား)
All my life searching, now I know, I found you
(ကိုယ့်တစ်ဘဝလုံးလိုက်ရှာနေခဲ့တာ အခုကိုယ်သိပြီ ကိုယ်မင်းကိုတွေ့ပြီ)"
သီချင်းကိုတိုးတိုးလေးလိုက်ညည်းနေသည့် မြူ့ခန္ဓာကိုယ်လေးတုန်ယင်လာတာကိုကောင်းကင်သတိထားမိလိုက်သည်။
"သဲငယ်....
ဘာဖြစ်လို့လဲ......
အသက်ရှူကျပ်လို့လား...."
သီချင်းဆိုနေတာပါရပ်သွားကြပြီး အာရုံအားလုံးကမြူ့ဆီရောက်လာသည်။
"ဆက်ဆိုလေ.......
ပြီးအောင်......နားထောင်ချင်တယ်....."
ဟန်ဆောင်ပြုံးလေးတောင်မပြုံးနိုင်တော့သည့် မြူ့ကြောင့် အကုန်မျက်ရည်တွေဝေ့လာကြသည်။
Guitar သံတွေပြန်ထွက်လာပြီး ခွန်းလေးကသီချင်းကိုဆက်ဆိုရှာသည်။
"မောင်........"
တိုးလွန်းတဲ့ခေါ်သံလေးကြောင့် ကောင်းကင်ခေါင်းကိုမြူနှင့်အနီးဆုံးဖြစ်အောင် ငုံ့လိုက်သည်။
"ချစ်တယ်နော်......"
ကောင်းကင်မငိုမိအောင်ထိန်းရင်းမြူ့နဖူးလေးကိုနမ်းလိုက်သည်။
မျက်ဝန်းတွေမှိတ်ပြီး အသက်မျှင်းမျှင်းရှူနေသည့်ကောင်လေးက နှုတ်ခမ်းလေးတွန့်ရုံသာပြုံးသည်။
သီချင်းသံလေးပြီးဆုံးသွားသည့်နောက် သက်ပြင်းချသံတိုးတိုးနှင့် ဆုပ်ကိုင်ထားသည့်လက်ကလေးတွေလျော့သွားကာ သူ့ရင်ခွင်ထဲကမြူဟာလုံးဝငြိမ်သက်သွားသည်။
တိတ်ဆိတ်နေသည့်အခန်းရဲ့လေထုဟာ ငိုရှိုက်သံတွေ ဖုံးလွှမ်းသွားပြီး ကောင်းကင်ကတော့မြူ့ကိုထွေးပွေ့ထားဆဲ......
အပြင်ဘက်မှတဖြည်းဖြည်းကင်းစင်သွားသည့် မြူမှုန်တွေနောက် သူချစ်ရတဲ့မြူဟာလိုက်ပါသွားခဲ့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
နှင်းဆီဖြူတွေကြားမှာ အိပ်စက်နေသည့် သဲငယ်ရဲ့ နဖူးပြင်ထက်ကို နောက်ဆုံးအနေနှင့် နမ်းကာ သူတောက်တောက်ပပပြုံးပြမိသည်။
သဲငယ်ကသူပြုံးရင်သိပ်သဘောကျတာလေ......
သူငိုလို့မဖြစ်ဘူး သဲငယ်ဝမ်းနည်းလိမ့်မယ်.....
"ကောင်းကင်ရာ ငိုချလိုက်ပါကွာ"
တေဇတို့ပြောတော့ သူခေါင်းခါသည်။
"သဲငယ်ကမငိုနဲ့လို့ပြောထားတယ်" တဲ့....
ခွန်းလေးကသူ့လက်ထဲကို သဲငယ်ရဲ့ diary စာအုပ်လေးလာပေးသည်။
Diary လေးကိုပိုက်ရင်း သဲငယ်မမြင်လောက်ဖူးလို့ထင်တဲ့ အခန်းထောင့်မှာ သူငိုသည်။
""တစ်နေ့ပြန်ဆုံမှာမို့
အဓိပ္ပာယ်ရှိရှိ ရှင်သန်ပေးပါ မောင်""
မြူနောက်ဆုံးရေးထားခဲ့သည့် စာကြောင်းလေးကိုဖတ်ပြီး သူခေါင်းအထပ်ထပ်ညိတ်သည်။
"ကိုယ်စောင့်နေမှာ.....
ကိုယ့်သဲငယ်ကိုကိုယ်အမြဲစောင့်နေမှာမို့.....
ကိုယ်တို့သေချာပေါက်ပြန်တွေ့ကြမယ်......"
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မင်းလေးချစ်တဲ့နှင်းဆီဖြူတွေစိုက်ပျိုးရင်း မင်းလေးသဘောကျတဲ့သီချင်းတွေကိုနားထောင်ရင်းနဲ့ ကိုယ်ရှင်သန်နေတယ်သဲငယ်.....
လူတိုင်းလေးစားရတဲ့လူတစ်ယောက်အဖြစ်နေထိုင်နေတဲ့ကိုယ့်အတွက် ဂုဏ်ယူတယ်မလား......
လူတွေကထင်ကြလိမ့်မယ် သူတစ်ယောက်တည်းဘဝကိုအထီးကျန်စွာရှင်သန်သွားရတယ်လို့.....
သူအထီးကျန်မနေခဲ့ဘူး.....
သူ့အနားမှာသူ့ချစ်သူရဲ့အငွေ့အသက်တွေရှိနေတာကိုသူတစ်ယောက်ပဲသိတယ်......
နှစ်တွေကြာလာတဲ့အခါ သူလည်းသူ့ချစ်သူနောက်ကိုလိုက်ပါသွားခဲ့တယ်.....
ဒါပေမယ့် ပုံပြင်ရဲ့အဆုံးသတ်မှာ ......
ကံကြမ္မာကြီးကလက်လျော့လိုက်တယ်တဲ့.....
"ကိုယ့်ကိုစိတ်မဆိုးပါနဲ့ကွာ......
ကိုယ်နောက်ထပ်မလုပ်တော့ဘူး.....
ကတိပေးတယ်လေနော်"
ဆေးတက္ကသိုလ်စာတမ်းဖတ်ပွဲကနေအပြန် car parking နားမှာကြားရသည့် အသံဟာသိပ်ကိုရင်းနှီးနေတာကြောင့် လှည့်ကြည့်လိုက်မိသည်။
အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်က ဖြူဖြူလုံးလုံးကောင်လေးလက်ကိုဆွဲထားသည်။
" ငါ့ကိုလွှတ်နော်!!
မကောင်းတဲ့ကောင်!"
"ကိုယ့်ကိုစိတ်ဆိုးမပြေမချင်းမလွှတ်ဘူးကွာ..."
"အတန်းနောက်ကျတော့မယ်ဟ!!"
"အဲ့တာဆိုလည်းမတက်နဲ့ပေါ့....
ကိုယ်လည်းမတက်ဘူး....."
"F***!"
"အခုလား....."
ဟိုကြည့်သည်ကြည့်နဲ့ ပြူးပြူးပြာပြာပြန်မေးနေသည့်ကောင်လေးရဲ့ကျောပြင်ကို ဖြူလုံးလုံးလေးက ခုန်ခုန်ထုလေသည်။
"နှာဘူးကောင်!
ဘယ်ဘဝကတည်းကငတ်ပြတ်လာတာလဲ...
တစ်ချိန်လုံးထန်နေတာ!!"
"သဲငယ်ကလည်းကွာ....."
"ဘာမှလာမပြောနဲ့!
ငါ့အသားကိုလာထိလို့ကတော့ ငါ့လက်သီးကိုသိတယ်နော်!!"
ကော့တက်ကော့တက်နှင့် ကျောပိုးအိတ်လေးဘေးတစောင်းလွယ်ကာ ခြေစောင့်သွားသည့်ကောင်လေးနောက် အရပ်ရှည်ရှည်ကောင်လေးက မျက်နှာငယ်လေးနှင့်လိုက်သွားလေသည်။
ကောင်လေးနှစ်ယောက်မြင်ကွင်းထဲမှပျောက်သွားတော့ Doctor ခန့်သူရိန်လွင် မျက်မှန်ကိုတစ်ချက်မကာ မျက်ဝန်းတွေကို အသာဖိသုတ်လိုက်သည်။
သူတို့နှစ်ယောက်ပြန်ဆုံသွားကြပြီပဲ.......
◽◾◽◾◽The End◽◾◽◾◽
Zawgyi
"အိမ္ကိုေတာင္မေရာက္ခဲ့ေသးဘူးေပါ့...."
"အင္း....."
အခုခ်ိန္ထိအငိုမတိတ္ေသးသည့္ေကာင္းကင္က ျမဴ႕ေမးခြန္းေတြကိုေတာ့ျပန္ေျဖသည္။
"အေဖနဲ႕အေမ့ဆီသြားလိုက္ဦးေလေမာင္ရယ္.....
သူတို႔လည္းေမာင့္ကိုေတြ႕ခ်င္ရွာမွာေပါ့....."
"မသြားခ်င္ဘူး....."
ျမဴ႕ရင္ခြင္ေသးေသးေလးထဲ ေခါင္းတိုးေဝွ႕ရင္းေျပာေတာ့ ျမဴကသူ႕ဆံပင္ေတြကိုပြတ္သပ္ေပးသည္။
ယခုျမဴကကုတင္ေပၚမွာ တင္ပ်င္ေခြေလးထိုင္ေနတာျဖစ္ၿပီး ကုတင္ေဘးကခုံမွာေကာင္းကင္ကထိုင္ေနသည္။
ျမဴ႕အကၤ်ီရင္ဘက္ေအာက္မွ ခိုးလိုးခုလုျဖစ္ေနတာက ဟိုစက္အျဖဴေလးပင္ျဖစ္လိမ့္မည္။
"မ်က္လုံးေတြနာလိမ့္မယ္ ေမာင္.....
တိတ္ေတာ့ေနာ္....."
သူမ်က္ႏွာကိုေမာ့ယူၿပီး မ်က္ခြံေတြထက္ကိုျမဴကနမ္းကာ ၿပဳံးသည္။
"သဲငယ္ကိုၿပဳံးျပပါဦး......
ေမာင့္အၿပဳံးေလးကိုျမင္ခ်င္လို႔....."
မ်က္ရည္ေတြကိုသုတ္ၿပီး သူစိတ္ပါလက္ျပၿပဳံးျပလိုက္ေတာ့ ျမဴကသြားေလးေတြေပၚေအာင္ရယ္ေလသည္။
သူျမဴ႕ခါးေလးကိုဖက္ၿပီး ပခုံးေလးေပၚမ်က္ႏွာျပန္တင္ကာ ထိုအတိုင္းပဲ ေနသည္။
"ေမာင္ခရီးပန္းေနတယ္မလား......
ခဏေလာက္အိပ္လိုက္ပါလားဟင္......"
"ဟင့္အင္း......
ဒီတိုင္းေလးပဲေနခ်င္တယ္......"
ျမဴ႕လက္ေကာက္ဝတ္က tatoo ေလးကိုသူအျမတ္တနိုးနမ္းလိုက္သည္။
တစ္ဆက္တည္းျမင္လိုက္ရသည့္ အပ္ရာေတြေၾကာင့္ ျမဴ႕ခါးေလးကိုပိုတိုးကာဖက္မိသည္။
"အရမ္းခ်စ္တယ္ သဲငယ္......"
"အင္း......
ေမာင့္ကိုလည္းအရမ္းခ်စ္တယ္ေနာ္....."
သူ႕ဆံပင္ေတြကိုနမ္းရင္းေျပာသည့္ျမဴ႕အသံေလးကႏွစ္ေယာက္ၾကားသာ႐ုံ တိုးလ်လြန္းသည္။
"ေဒါက္!! ေဒါက္!!!"
တံခါးေခါက္သံ ထြက္ေပၚလာၿပီးေနာက္ အခန္းတံခါးဖြင့္ကာ ကိုခန့္ဝင္လာသည္။
အေနာက္မွသူနာျပဳႏွစ္ေယာက္ႏွင့္ သူတို႔ႏွစ္ေယာက္လြတ္လပ္ေအာင္ေရွာင္ထြက္ေပးသြားသည့္ ကိုကိုလည္းပါသည္။
"သသေလးေပ်ာ္ေနတယ္ေပါ့...."
ျမဴကကိုခန့္ကို သြားေလးၿဖီးရယ္ျပေနေတာ့ ကိုခန့္ကလည္းသူတို႔ႏွစ္ေယာက္ကိုၾကည့္ကာ သေဘာတက်ၿပဳံးသည္။
"ေဆးထိုးခ်ိန္ေရာက္ၿပီ သသ....."
ျမဴ႕မ်က္ႏွာထက္ကအၿပဳံးေလးေဖ်ာ့ေတာ့သြားကာ ကုတင္ထက္တြင္လွဲေလ်ာင္းလိုက္ၿပီး သူ႕လက္တစ္ဖက္ကိုတင္းၾကပ္စြာဆုပ္ကိုင္လာသည္။
သူနာျပဳႏွစ္ေယာက္ကျမဴ႕ေျခေထာက္ေတြကိုခ်ဳပ္ထားလိုက္ၾကေတာ့မွ သူ video ထဲမွာျမင္ခဲ့သည္ကိုျပန္သတိရသြားသည္။
ေဆးထိုးမည့္လက္ကိုဘုန္းရွိန္ဝါထက္ကထိန္းထားေပးၿပီး လက္မွာတပ္ထားသည့္ပိုက္မွတစ္ဆင့္ ေဆးထိုးအပ္တပ္ကာ တျဖည္းျဖည္းေဆးရည္ေတြဝင္သြားေတာ့ ျမဴ႕မ်က္ဝန္းေတြတင္းတင္းမွိတ္ကာ ေမးရိုးေလးတင္းလာၿပီး သူ႕လက္ကိုလည္းအားကိုးတႀကီးဆုပ္ကိုင္ထားသည္။
နာက်င္မႈဒဏ္ကိုငါးမိနစ္ေက်ာ္ေလာက္ခံစားရၿပီးခ်ိန္မွာေတာ့ ျမဴ႕လက္ကေလးေတြတျဖည္းျဖည္းအားေလ်ာ့လာသည္။
ဘုန္းရွိန္ဝါထက္အပါအဝင္သူနာျပဳေတြပါအကုန္အခန္းထဲမွျပန္ထြက္သြားၾကသည္။
"အရမ္းနာလား သဲငယ္...."
"မနာပါဘူး......"
ျမဴဟာသူ႕အေမးကိုၿပဳံးၿပဳံးေလးပဲျပန္ေျဖသည္။
ဒါေပမယ့္ အဲ့အၿပဳံးေတြကေဖ်ာ့ေတာ့လြန္းၿပီး အရမ္းနာတယ္ဟုေျပာေနသည္။
မိနစ္ပိုင္းအတြင္းမွာပဲျမဴဟာအိပ္ေပ်ာ္သြားရွာသည္။
"စစ္ေကာင္းကင္....."
အခန္းတံခါးအသာဟကာ ဘုန္းရွိန္ဝါထက္က သူ႕ကိုအျပင္ထြက္လာဖို႔ေခၚသည္။
ျမဴ႕ကိုေျခရင္းမွေစာင္အပါးေလးၿခဳံေပးၿပီး သူအခန္းအျပင္ထြက္လာခဲ့သည္။
"ခြန္းေလး Interview ကိုျမင္လို႔ေရာက္လာတာမလား....."
"အင္း....."
"ငယ့္ကိုမသိေစနဲ႕.....
ခြန္းေလးက Interview လုပ္ရင္းငါ့ကို message လွမ္းပို႔တယ္ သူ႕ Interview ကိုငယ္ေလးမျမင္ပါေစနဲ႕တဲ့....."
"........."
"ငယ္ကေလ.....
မင္းကိုသိပ္ခ်စ္ရွာတာ......
သူ႕ေရာဂါေဖာက္လာတိုင္း ေဆးေတြေၾကာင့္နာက်င္တိုင္း မင္းျပန္လာေတာ့မွာဆိုတဲ့ယုံၾကည္ခ်က္ေလးနဲ႕ေတာင့္ခံထားနိုင္ခဲ့တာ..."
"ႏွလုံးကထပ္ၿပီးအစားထိုးလို႔မရဘူးလား...."
"ငယ့္ခႏၶာကိုယ္ကလက္မခံနိုင္ေတာ့ဘူး......
အရမ္းကိုအားနည္းေနၿပီ......
ထပ္အစားထိုးရင္ operation room ထဲမွာတင္အသက္ဆုံးရႈံးရလိမ့္မယ္......"
ေကာင္းကင္ေဝ့ဝဲလာျပန္သည့္မ်က္ရည္ေတြကိုေခါင္းေမာ့ကာသိမ္းဆည္းလိုက္သည္။
"ကြၽန္ေတာ့္မိဘေတြေရာ ျမဴ႕ကိစၥကိုသိလား...."
"အင္း....
မင္းထြက္သြားၿပီးမၾကာဘူး.....
သူတို႔လည္းသိသြားၾကတယ္......"
သိရက္နဲ႕ကြၽန္ေတာ့္ကိုဘာလို႔တစ္ခြန္းမဟခဲ့ၾကရတာလဲအေမရာ.....
"မင္းအိမ္မျပန္ဘူးလား...... "
"မျပန္ဘူး.....
ျမဴ႕အနားမွာပဲရွိေနေပးခ်င္တယ္......"
"ေတာင္းဆိုစရာမလိုမွန္းသိေပမယ့္
ငယ့္ကိုေပ်ာ္ေအာင္လုပ္ေပးပါလို႔ေတာင္းဆိုခ်င္တယ္......"
"အင္း.....
မပူပါနဲ႕......"
"ၿပီးေတာ့......
ကိုခန့္ကငါတို႔ကိုလြန္ခဲ့တဲ့ေျခာက္လေလာက္ကတည္းကေျပာထားတယ္......
စိတ္ကိုျပင္ဆင္ထားပါတဲ့.....
ငါကေတာ့အဆင့္သင့္မျဖစ္ေသးဘူး...."
သက္ျပင္းခ်သံႏွင့္အတူသူ႕ပုခုံးကိုပုတ္ကာ ဘုန္းရွိန္ဝါထက္ထြက္သြားသည္။
သဲငယ္ရာ.....
ကိုယ္႐ူးေတာ့မွာဘဲ......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ညေနခင္းျမဴနိုးလာၿပီးေတာ့ျမဴ႕အေမႏွင့္ အစ္ကိုေတြေရာက္လာၾကသည္။
ျမဴ႕အစ္ကိုႏွစ္ေယာက္ကေကာင္းကင္ကို ဝမ္းသာအားရဖက္ၿပီး ေယာက္ဖဟုေခၚသည္။
ျမဴ႕အေမကေတာ့ သူနဲ႕ျမဴ႕ကိုၾကည့္ၿပီး တစ္ခ်က္တစ္ခ်က္မ်က္ရည္ေလးေတြခိုးသုတ္ေနရွာသည္။
"ေဖေဖေလး.....
မီးမီးလာတယ္ရွင့္!"
လုံးလုံးလုံးလုံးႏွင့္အခန္းထဲေျပးဝင္လာသည့္ ၾကက္ေတာင္စည္းေလးႏွင့္႐ုပ္ဆိုးမေပါက္စေလးကို ေကာင္းကင္မ်က္ေမွာင္က်ဳံ႕ၾကည့္လိုက္သည္။
ျမဴ႕အစ္ကိုငယ္ကထိုကေလးမေလးကိုကုတင္ေပၚေပြ႕တင္ေပးလိုက္ေတာ့ ထိုေပါက္စနကပိုင္စိုးပိုင္နင္းႏွင့္ျမဴ႕ပါးကိုတက္နမ္းသည္။
"ေဖေဖေလး....."
"ဗ်ာ....."
ေကာင္းကင္မ်က္ေမွာင္ႀကီးက ေဖေဖေလးဟူသည့္နာမ္စားေၾကာင့္ မ်က္ခုံးႀကီးက်ိဳးမတတ္ပိုက်ဳံ႕လာသည္။
"ဟယ္! စစ္ေကာင္းကင္!"
သူ႕ပုခုံးကိုရိုက္ၿပီးေခၚသည့္အသံၿပဲႀကီးပိုင္ရွင္က ေမေသြးနီ......
"ဘယ္တုန္းကျပန္ေရာက္တာလဲ....."
"ဒီေန႕ပဲ......"
"ဪ....
အဲ့တာေၾကာင့္ဒီေန႕သလင္းမ်က္ႏွာေလးၾကည္ေနတာကို....."
ေမေသြးနီေဘးကတစ္ေယာက္က သူ႕ခင္ပြန္းျဖစ္ေလာက္မည္ထင္ သူ႕ကိုေခါင္းညိတ္ႏႈတ္ဆက္ဟန္ျပေတာ့ သူလည္းေခါင္းတစ္ခ်က္သာျပန္ညိတ္ျပလိုက္သည္။
"ေဖေဖေလး.....
မီးမီးသိခ်င္တာရွိတယ္......"
"ေဖေဖ့သမီးေလးကဘာေတြမ်ားသိခ်င္လို႔လဲ......"
ျမဴ႕ေပါင္ေပၚမွေပါက္စနေလးက သူ႕ကိုလက္ညိုးႀကီးထိုးလာသည္။
"အဲ့ဦးေလးႀကီးကဘယ္သူလဲ......
မီးမီးနဲ႕ေဖေဖ့ကို ေဟာ့လိုႀကီးၾကည့္ေနတာ......"
မ်က္ခုံးေလးႏွစ္ခုကို လက္ကေလးနဲ႕ ဆြဲကပ္ၿပီး စူပုတ္ကာ ေကာင္းကင္ရဲ႕ပုံစံကိုသ႐ုပ္ေဖာ္ျပသည့္ သမီးေလးေၾကာင့္ သလင္းျမဴေရာေမေမတို႔ပါ ရယ္ၾကသည္။
"ဒီဦးဦးက ေဖေဖ့ရဲ႕....."
"ေယာက္်ား....."
ျမဴ႕စကားမဆုံးခင္ျဖတ္ေျပာသည့္ ေကာင္းကင္ရဲ႕စကားေၾကာင့္ ေပါက္စနမေလးၿငိမ္သြားသည္။
"ဟုတ္ပဲနဲ႕ေလွ်ာက္ေျပာေနတာ.....
ေဖေဖေလးအဲ့ဦးဦးကလိမ္ေနတယ္သိလား..."
"ငါမလိမ္ဘူး....."
"ဦးဦးလိမ္ေနတာ.....
ေမေမ့ေယာက္်ားဆို ေမေမ့ကိုခဏခဏ အာဘြားေတြေပးတယ္.....သိလား......"
အေဖရင္းကိုက်ေမေမ့ေယာက္်ားဟုေခၚေနသည့္ ပိစိမေလးကိုအျမင္ကတ္စြာ ျမဴ႕ပါးေလးႏွစ္ဖက္ကို ဘယ္ျပန္ညာျပန္အားရပါးရနမ္းျပလိုက္သည္။
"အူးးးးးဝါးးးးး!!!"
အက်ယ္ႀကီးထငိုၿပီး ျမဴ႕ပါးကိုလက္ေသးေသးေလးေတြႏွင့္ပြတ္သုတ္ပစ္သည့္ ေပါက္စန......
ေကာင္းကင္ထပ္ၿပီးနမ္းေတာ့ အာၿပဲႀကီးႏွင့္ပိုငိုကာ သူ႕ကိုထထုေလသည္။
"နမ္းနဲ႕!! မီးေဖေဖေလးကိုနမ္းနဲ႕!!"
မေအျဖစ္သူေမေသြးနီကတခြီးခြီးရယ္ရင္း သူ႕သမီးကိုလာေခၚသည္။
"ေမေမ့ အဲ့ဦးေလးႀကီးက ေဖေဖေလးကိုနမ္းေနတယ္!!
ရိုက္လိုက္ သူ႕ကို!!"
ျမဴကလည္းရယ္ေနရင္းမွ သူ႕ပါးကိုလာနမ္းေလသည္။
"အူးဝါးးးးးးးးးး!!!"
လက္ညိုးတထိုးထိုးနဲ႕ငိုေနသည့္ကေလးမေလးကိုၾကည့္ၿပီး က်န္လူတစ္သိုက္ကေတာ့ ခြက္ထိုးခြက္လန္ရယ္ေနၾကသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အခ်ိန္အခါမဟုတ္႐ြာသည့္ေအးစက္စက္မိုးေရေတြကို မွန္တံခါးေလးဖြင့္ၿပီး ထိေတြ႕ေနသည့္ျမဴ....
"အေအးပတ္မယ္ေလ သဲငယ္..... "
ေက်ာျပင္ေလးနားကပ္ကာ အေနာက္မွသူဖက္ထားလိုက္သည္။
"ေမာင္..."
"ဗ်ာ....."
"မနက္ျဖန္က်ရင္ေလ......
သဲငယ္ရဲ႕ေဖေဖနဲ႕ ကိုႀကီးဆီသြားလည္ရေအာင္......"
"အင္း.....
မနက္ပိုင္းေဆးသြင္းၿပီးရင္သြားၾကမယ္ေနာ္...."
"ဟုတ္....."
ညဆိုသူသဲငယ္နဲ႕ကုတင္ေပၚမွာပဲအတူအိပ္သည္။
သဲငယ္ရင္ဘက္ကစက္နဲ႕ ေဆးသြင္းထားရသည့္လက္ကေလးေၾကာင့္ အေနာက္ကေနသာ သူဖက္ထားျဖစ္သည္။
မနက္ခင္းနိုးတာနဲ႕ သဲငယ္ကိုမ်က္ႏွာသစ္ေပး မနက္စာေကြၽးၿပီးခ်ိန္မွာ ကိုခန့္ကေဆးတစ္လုံးလာသြင္းေပးသည္။
ေဆးကုန္တာနဲ႕ပိုက္ကိုျဖဳတ္ၿပီး လူနာဝတ္စုံေလးကိုလဲေပးေတာ့ ျမဴ႕ခႏၶာကိုယ္ျဖဴေဖ်ာ့ေဖ်ာ့ေလးကိုၾကည့္ၿပီး သူ႕မွာရင္ေတြနာလိုက္တာ.....
အျပင္ရာသီဥတုကပူတာမို႔ ကိုခန့္ကသူ႕ကားထဲကို အေရးေပၚ oxygen ဘူးတင္ေပးလိုက္ေသးသည္။
ျမဴ႕ေမေမေျပာလိုက္သည့္ သခၤ်ိဳင္းေျမရွိရာသို႔သူ႕ကားကိုေမာင္းလာခဲ့ၿပီး နံေဘးမွ ျမဴကေတာ့ ကားမွန္အျပင္ဘက္ကိုေငးရင္းလိုက္ပါလာသည္။
ဝွီးခ်ဲေလးကိုတြန္းေပးရင္း အုတ္ဂူေပါင္းမ်ားစြာၾကားမွ ဦးျမတ္တံခြန္ဟူသည့္နာမည္ကိုျမင္မွ သူရပ္လိုက္သည္။
အျပာႏုေရာင္ေဆးျပန္သုတ္ထားသည့္ ျမဴ႕ေဖေဖနဲ႕အစ္ကိုႀကီးအုတ္ဂူႏွစ္လုံးဟာ ေဘးခ်င္းကပ္လ်က္.....
"ေမာင္......
ဟိုအပင္ေအာက္ကသြားေစာင့္ေနေနာ္.....
သဲငယ္ေဖေဖနဲ႕စကားေျပာခ်င္လို႔......"
ေကာင္းကင္ေခါင္းအသာညိတ္ၿပီး ခပ္လွမ္းလွမ္းမွ အပင္ႀကီးေအာက္သြားရပ္လိုက္သည္။
"ေဖေဖ......
အခုမွလာေတြ႕လို႔ သားကိုစိတ္မဆိုးဘူးမလား......."
ေကာင္းကင္ျမဴ႕ကိုလွမ္းၾကည့္ေနေပမယ့္ ဘာေတြေျပာေနလဲဆိုတာကိုေတာ့ ျမဴ႕အသံတိုးတိုးေလးေၾကာင့္မၾကားနိုင္ခဲ့ေပ။
"အဲ့တာသားခ်စ္သူေလ.....
သားကိုစိတ္မပ်က္ဘူးမလား....
ေမေမကေျပာတယ္....ေဖေဖလည္းသားေကာင္ေလးကိုလက္ခံမွာပါတဲ့.....
............
ခြန္းေလးကအခုအရမ္းကိုနာမည္ႀကီးေနၿပီ...
ကိုလတ္ကိုငယ္တို႔လည္းအလုပ္ေတြအဆင္ေျပၾကတယ္.....
မႀကီးလည္းအဆင္ေျပတယ္....
ေဖေဖ့ေျမးေလးႏွစ္ေယာက္ေတာင္ေက်ာင္းတက္ေနၾကၿပီ......
ေဖေဖမွာခဲ့တဲ့အတိုင္း သားတို႔မိသားစုတစ္စုတစ္စည္းထဲေနၾကတယ္သိလား.....
သားတာဝန္ေက်တယ္မလား............"
အပူရွိန္ေၾကာင့္ အသက္ရႉရတာနည္းနည္းခက္ခဲလာသည္။
"ၿပီးေတာ့........
သားလည္း......ေဖေဖတို႔ဆီလိုက္လာရေတာ့မွာ.......သိပ္မၾကာခင္....."
နာရီဝက္ေက်ာ္ေလာက္ၾကာေတာ့ ျမဴကသူ႕ကိုလက္ယက္ေခၚသည္။
"ျပန္ၾကရေအာင္.........."
အသက္ရႉက်ပ္ေနသည့္ ျမဴ႕အသံတိုးတိုးေၾကာင့္ သူဝွီးခ်ဲကိုတြန္းကာ ကားဆီအျမန္ေရာက္ေအာင္သြားသည္။
ကားတံခါးဖြင့္ျမဴ႕ကိုေပြ႕တင္ၿပီးတာနဲ႕ ဝွီးခ်ဲကိုေနာက္ခန္းထဲသြင္းကာ ျမဴ႕ကို oxygen mask ေလးတပ္ေပးလိုက္သည္။
အသက္ရႉသံေလးပုံမွန္ျဖစ္သြားမွ ျမဴ႕ကသူ႕ကို oxygen mask ေအာက္ကေနၿပဳံးျပေနေသးသည္။
အေတာ္ေလးေနမွ mask ကိုျမဴကျပန္ျဖဳတ္လိုက္သည္။
"ေမာင္....."
"ဟင္......"
"ေဆး႐ုံမျပန္ခင္......
အရင္ကလို ေခါက္ဆြဲအစပ္သြားစားခ်င္တယ္......"
"အင္း.....
သြားစားၾကမယ္....."
ျမဴ႕ႏႈတ္ခမ္းထက္ခပ္ဖြဖြနမ္းၿပီး အရင္တုန္းကသူတို႔စားေနက်ဆိဳင္သို႔ ကားကိုေမာင္းလာခဲ့သည္။
"ဝွီးခ်ဲနဲ႕မသြားခ်င္ဘူး......"
သူ႕လက္ကိုဆြဲၿပီးေတာင္းဆိုေနဟန္ေျပာလာလို႔ သူျမဴ႕ကိုယ္ေလးကို အသာေပြ႕ခ်ီလိုက္သည္။
"ကိုယ့္ဘာသာလမ္းေလွ်ာက္ခ်င္တယ္......"
ျမဴ႕ကိုအသာခ်ေပးလိုက္ၿပီး ပုခုံးကိုထိန္းဖက္ကာ ေလွ်ာက္ေစသည္။
ဆိုင္ဝန္ထမ္းတစ္ဦးအသင့္ဖြင့္ေပးသည့္ တံခါးနားကို ေလွကားသုံးထစ္တက္ၿပီး ျဖတ္သန္းခ်ိန္မွာေတာ့ ျမဴကစိတ္လိုလက္ရၿပဳံးသည္။
အရင္တုန္းက စားေနက်အတိုင္းမွာလိုက္ၿပီး ဆိုင္ပတ္ပတ္လည္ကို ေခါင္းေလးဟိုလွည့္သည္လွည့္ႏွင့္ၾကည့္ေနသည့္ ျမဴ႕ကိုသာသူထိုင္ၾကည့္ေနမိသည္။
ပိန္ပိန္ေသးေသးေလးနဲ႕ ျဖဴေဖ်ာ့ေနသည့္ျမဴ႕ကို သူအရင္လိုစိတ္ရွိတိုင္းဖက္လိုက္နမ္းလိုက္မိရင္ အရမ္းနာက်င္သြားမည္စိုးသည္။
မွာထားတာေတြေရာက္လာေတာ့ ျမဴကသိပ္မစားနိုင္ပါ။
"ကိုယ္ခြံ႕ေကြၽးရမလား....."
"ရတယ္....."
အရင္လို ဟိုဟာစားခ်င္တယ္သည္ဟာစားခ်င္တယ္ဆိုၿပီး လူေကာင္ေလးႏွင့္မလိုက္စားျပခဲ့သည့္ သူ႕ခ်စ္သူကအခုေတာ့ေခါက္ဆြဲေလးတစ္ပြဲကိုေတာင္ တစ္ဝက္က်ိဳးေအာင္မစားနိုင္ေတာ့......
ပိုက္ဆံရွင္းၿပီး ျပန္ဖို႔ျမဴကလမ္းထပ္ေလွ်ာက္နိုင္မည့္ပုံမရွိရာ သူအသာအယာေလးေပြ႕ခ်ီလိုက္သည္။
ဆိုင္ထဲကဝန္ထမ္းေတြႏွင့္ တျခား customer ေတြကေတာ့လိုက္ၾကည့္ေနၾကသည္။
ေဆး႐ုံကိုျပန္ေရာက္တာနဲ႕ ပုံမွန္အတိုင္းကိုခန့္ကေဆးလာသြင္းကာ ျမဴညေနေစာင္းအထိအိပ္ေပ်ာ္သြားသည္ကို သူနံေဘးမွတစ္ဖဝါးမခြာဘဲထိုင္ၾကည့္ေနခဲ့သည္။
ျမဴ႕ဆီကိုလာလည္သည့္ စိုင္းစံႏွင့္ေတဇတို႔ကသူ႕ကိုျမင္ေတာ့ ဝမ္းသာၾကေပမယ့္ သူကေတာ့အကုန္လုံးကို မေျပာရသလားဆိုၿပီး ပတ္ဆဲမိသည္။
သူျပန္ေရာက္ေနမွန္းသိသြားၾကသည့္ အေဖနဲ႕အေမကေတာ့ အိမ္ျပန္မယ့္အစီအစဥ္မရွိသည့္သူ႕ကိုေဆး႐ုံထိလာေတြ႕ၾကရသည္။
ျမဴ႕ကိုေရခ်ိဳးေပးရင္း တစ္ခ်ိန္ကသူက်ဴးလြန္ခဲ့သည့္ညကိုျပန္ေတြးမိကာ ျမဴဘယ္ေလာက္ဝမ္းနည္းေနလိုက္မလဲဆိုၿပီးေနာင္တရမိသည္။
သူျမဴ႕အနားကိုျပန္ေရာက္သည့္ တစ္လေက်ာ္အတြင္း ဆိုး႐ြာလာသည့္ ျမဴ႕က်န္းမာေရးကိုျမင္ေတြ႕ေနရၿပီး ျမဴအိပ္ေပ်ာ္ေနခ်ိန္မွာသူက်ိတ္ငိုမိသည္။
ေဆးေတြအဆက္မျပတ္သြင္းလာရၿပီး ျမဴဟာသီခ်င္းလည္းမဆိုနိုင္ေတာ့.....
ႏွလုံးခုန္ေအာင္စက္အျဖဴေလးကေတာင္မစြမ္းေဆာင္နိုင္ခ်ိန္ေတြရွိလာေတာ့ ကိုခန့္တို႔ျပာယာခတ္ရသလို သူ႕ရင္ထဲမွာလည္းကမၻာပ်က္ရသည္။
"ေမာင္......
သဲငယ္ကိုခ်စ္ရင္....မငိုနဲ႕ေလေနာ္......"
သူ႕မ်က္ရည္ေတြကိုသုတ္ေပးေနသည့္ ျမဴ႕လက္ေခ်ာင္းေလးေတြကို သူအျမတ္တနိုးနမ္းသည္။
"ေမာင္သိလား.....
သဲငယ္တို႔ႏွစ္ေယာက္က အခ်ိန္ေတြဘယ္ေလာက္ၾကာေအာင္ ခြဲခြာေနရပါေစ.....
တစ္ေန႕.....
ေသခ်ာေပါက္ကို....ျပန္ဆုံမွာ.....
အဲ့တာေၾကာင့္.......မငိုနဲ႕ေနာ္......"
စကားေတြေျပာၿပီးေမာသြားသည့္ ျမဴ႕ကိုသူေခါင္းညိတ္ျပလိုက္သည္။
သြင္းေနက်ေဆးေတြကိုဆက္မသြင္းေတာ့ဘဲရပ္လိုက္ခ်ိန္မွာေတာ့ သူတို႔အားလုံးျမဴ႕အနားကမခြာၾကေတာ့....
အလုပ္ေတြအကုန္လုံးကိုထားၿပီး ျမဴ႕မိသားစုကလည္းျမဴ႕အနားမွာအခ်ိန္ျပည့္လာေနေပးၾကသည္။
"ျမဴေတြဆိုင္းေနတယ္...."
မနက္အေစာႀကီး ထူးထူးဆန္းဆန္းျမဴေတြဆိုင္းေနသည္ကိုျမင္ေတာ့ ျမဴကၿပဳံးေနျပန္သည္။
"ခြန္းေလး you know I know ဆိုျပပါလား......."
"ဟုတ္......"
ဖုန္းထဲမွ ေနာက္ခံတီးလုံးေလးကိုဖြင့္ကာ ျမဴ႕အစ္ကိုႏွစ္ေယာက္ႏွင့္ ဘုန္းရွိန္ဝါထက္က guitarႏွင့္ သံစဥ္လိုက္တီးေပးသည္။
ျမဴကသူ႕ရင္ခြင္ထဲမွာမွီၿပီးထိုင္သည္။
ေစာေစာစီးစီး ျမဴ႕အခန္းမွသီခ်င္းသံထြက္ေပၚလာ၍ သူနာျပဳေလးေတြလည္း တံခါးဖြင့္ကာလာနားေထာင္ၾကသည္။
"🎶The day fate set us to collide
(ကိုယ္တို႔ေတြ႕ဆုံမယ့္ေန႕ကိုကံၾကမၼာကသက္မွတ္ထားၿပီးသား)
The way you look into my eyes
(မင္းကိုယ့္မ်က္ဝန္းထဲကိုၾကည့္လိုက္တဲ့အၾကည့္ေလး)
Never thought love would come
(ခ်စ္ျခင္းဟာေရာက္ရွိလာမယ္လို႔ဘယ္တုန္းကမွမေတြးဖူးခဲ့)
Like all was meant to happen
(အရာအားလုံးဟာ ျဖစ္ပ်က္ဖို႔ရည္႐ြယ္ထားပုံပါပဲ)
Where you are will be where I start
(မင္းရွိတဲ့ေနရာဟာ ကိုယ္စတင္မယ့္ေနရာ)
You've become my only star
(မင္းကကိုယ့္ရဲ႕ တစ္ပြင့္တည္းေသာၾကယ္ေလးျဖစ္ေနတာ)
Where it's dark is where you spark
(ေမွာင္မိုက္ျခင္းေတြရွိတဲ့ေနရာဟာ မင္းေတာက္ပမယ့္ေနရာ)
I've follow wherever you are
(မင္းဘယ္ေနရာေရာက္ေရာက္ ကိုယ္ေနာက္ကလိုက္မွာ)
Baby I won't let you feel afraids
( baby မင္းကိုပူပန္မႈေတြမခံစားေစရဘူး)
I'll be here with you through night and day
(ေန႕ေတြညေတြျဖတ္သန္းရင္း ကိုယ္မင္းအနားမွာအတူရွိမယ္)
All these memories won't be erased
(ဒီအမွတ္တရေတြအားလုံးကိုျဖတ္မပစ္ပါနဲ႕)
My love for you will never fade
(မင္းအတြက္ကိုယ့္အခ်စ္ေတြက ဘယ္ေတာ့မွေမွးမွိန္သြားမွာမဟုတ္ခဲ့)
Hey I know you know
(မင္းလည္းအသိ ကိုယ္လည္းအသိပါ)
Our hearts getting close
(ကိုယ္တို႔ႏွလုံးသားေတြနီးစပ္လာၾကတာ)
We can't deny it's real
(ကိုယ္တို႔ျငင္းဆန္လို႔မရ ဒါဟာအမွန္တရား)
All my life searching, now I know, I found you
(ကိုယ့္တစ္ဘဝလုံးလိုက္ရွာေနခဲ့တာ အခုကိုယ္သိၿပီ ကိုယ္မင္းကိုေတြ႕ၿပီ)"
သီခ်င္းကိုတိုးတိုးေလးလိုက္ညည္းေနသည့္ ျမဴ႕ခႏၶာကိုယ္ေလးတုန္ယင္လာတာကိုေကာင္းကင္သတိထားမိလိုက္သည္။
"သဲငယ္....
ဘာျဖစ္လို႔လဲ......
အသက္ရႉက်ပ္လို႔လား...."
သီခ်င္းဆိုေနတာပါရပ္သြားၾကၿပီး အာ႐ုံအားလုံးကျမဴ႕ဆီေရာက္လာသည္။
"ဆက္ဆိုေလ.......
ၿပီးေအာင္......နားေထာင္ခ်င္တယ္....."
ဟန္ေဆာင္ၿပဳံးေလးေတာင္မၿပဳံးနိုင္ေတာ့သည့္ ျမဴ႕ေၾကာင့္ အကုန္မ်က္ရည္ေတြေဝ့လာၾကသည္။
Guitar သံေတြျပန္ထြက္လာၿပီး ခြန္းေလးကသီခ်င္းကိုဆက္ဆိုရွာသည္။
"ေမာင္........"
တိုးလြန္းတဲ့ေခၚသံေလးေၾကာင့္ ေကာင္းကင္ေခါင္းကိုျမဴႏွင့္အနီးဆုံးျဖစ္ေအာင္ ငုံ႕လိုက္သည္။
"ခ်စ္တယ္ေနာ္......"
ေကာင္းကင္မငိုမိေအာင္ထိန္းရင္းျမဴ႕နဖူးေလးကိုနမ္းလိုက္သည္။
မ်က္ဝန္းေတြမွိတ္ၿပီး အသက္မွ်င္းမွ်င္းရႉေနသည့္ေကာင္ေလးက ႏႈတ္ခမ္းေလးတြန့္႐ုံသာၿပဳံးသည္။
သီခ်င္းသံေလးၿပီးဆုံးသြားသည့္ေနာက္ သက္ျပင္းခ်သံတိုးတိုးႏွင့္ ဆုပ္ကိုင္ထားသည့္လက္ကေလးေတြေလ်ာ့သြားကာ သူ႕ရင္ခြင္ထဲကျမဴဟာလုံးဝၿငိမ္သက္သြားသည္။
တိတ္ဆိတ္ေနသည့္အခန္းရဲ႕ေလထုဟာ ငိုရွိုက္သံေတြ ဖုံးလႊမ္းသြားၿပီး ေကာင္းကင္ကေတာ့ျမဴ႕ကိုေထြးေပြ႕ထားဆဲ......
အျပင္ဘက္မွတျဖည္းျဖည္းကင္းစင္သြားသည့္ ျမဴမႈန္ေတြေနာက္ သူခ်စ္ရတဲ့ျမဴဟာလိုက္ပါသြားခဲ့သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ႏွင္းဆီျဖဴေတြၾကားမွာ အိပ္စက္ေနသည့္ သဲငယ္ရဲ႕ နဖူးျပင္ထက္ကို ေနာက္ဆုံးအေနႏွင့္ နမ္းကာ သူေတာက္ေတာက္ပပၿပဳံးျပမိသည္။
သဲငယ္ကသူၿပဳံးရင္သိပ္သေဘာက်တာေလ......
သူငိုလို႔မျဖစ္ဘူး သဲငယ္ဝမ္းနည္းလိမ့္မယ္.....
"ေကာင္းကင္ရာ ငိုခ်လိဳက္ပါကြာ"
ေတဇတို႔ေျပာေတာ့ သူေခါင္းခါသည္။
"သဲငယ္ကမငိုနဲ႕လို႔ေျပာထားတယ္" တဲ့....
ခြန္းေလးကသူ႕လက္ထဲကို သဲငယ္ရဲ႕ diary စာအုပ္ေလးလာေပးသည္။
Diary ေလးကိုပိုက္ရင္း သဲငယ္မျမင္ေလာက္ဖူးလို႔ထင္တဲ့ အခန္းေထာင့္မွာ သူငိုသည္။
""တစ္ေန႕ျပန္ဆုံမွာမို႔
အဓိပၸာယ္ရွိရွိ ရွင္သန္ေပးပါ ေမာင္""
ျမဴေနာက္ဆုံးေရးထားခဲ့သည့္ စာေၾကာင္းေလးကိုဖတ္ၿပီး သူေခါင္းအထပ္ထပ္ညိတ္သည္။
"ကိုယ္ေစာင့္ေနမွာ.....
ကိုယ့္သဲငယ္ကိုကိုယ္အၿမဲေစာင့္ေနမွာမို႔.....
ကိုယ္တို႔ေသခ်ာေပါက္ျပန္ေတြ႕ၾကမယ္......"
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မင္းေလးခ်စ္တဲ့ႏွင္းဆီျဖဴေတြစိုက္ပ်ိဳးရင္း မင္းေလးသေဘာက်တဲ့သီခ်င္းေတြကိုနားေထာင္ရင္းနဲ႕ ကိုယ္ရွင္သန္ေနတယ္သဲငယ္.....
လူတိုင္းေလးစားရတဲ့လူတစ္ေယာက္အျဖစ္ေနထိုင္ေနတဲ့ကိုယ့္အတြက္ ဂုဏ္ယူတယ္မလား......
လူေတြကထင္ၾကလိမ့္မယ္ သူတစ္ေယာက္တည္းဘဝကိုအထီးက်န္စြာရွင္သန္သြားရတယ္လို႔.....
သူအထီးက်န္မေနခဲ့ဘူး.....
သူ႕အနားမွာသူ႕ခ်စ္သူရဲ႕အေငြ႕အသက္ေတြရွိေနတာကိုသူတစ္ေယာက္ပဲသိတယ္......
ႏွစ္ေတြၾကာလာတဲ့အခါ သူလည္းသူ႕ခ်စ္သူေနာက္ကိုလိုက္ပါသြားခဲ့တယ္.....
ဒါေပမယ့္ ပုံျပင္ရဲ႕အဆုံးသတ္မွာ ......
ကံၾကမၼာႀကီးကလက္ေလ်ာ့လိုက္တယ္တဲ့.....
"ကိုယ့္ကိုစိတ္မဆိုးပါနဲ႕ကြာ......
ကိုယ္ေနာက္ထပ္မလုပ္ေတာ့ဘူး.....
ကတိေပးတယ္ေလေနာ္"
ေဆးတကၠသိုလ္စာတမ္းဖတ္ပြဲကေနအျပန္ car parking နားမွာၾကားရသည့္ အသံဟာသိပ္ကိုရင္းႏွီးေနတာေၾကာင့္ လွည့္ၾကည့္လိုက္မိသည္။
အရပ္ရွည္ရွည္ေကာင္ေလးတစ္ေယာက္က ျဖဴျဖဴလုံးလုံးေကာင္ေလးလက္ကိုဆြဲထားသည္။
" ငါ့ကိုလႊတ္ေနာ္!!
မေကာင္းတဲ့ေကာင္!"
"ကိုယ့္ကိုစိတ္ဆိုးမေျပမခ်င္းမလႊတ္ဘူးကြာ..."
"အတန္းေနာက္က်ေတာ့မယ္ဟ!!"
"အဲ့တာဆိုလည္းမတက္နဲ႕ေပါ့....
ကိုယ္လည္းမတက္ဘူး....."
"F***!"
"အခုလား....."
ဟိုၾကည့္သည္ၾကည့္နဲ႕ ျပဴးျပဴးျပာျပာျပန္ေမးေနသည့္ေကာင္ေလးရဲ႕ေက်ာျပင္ကို ျဖဴလုံးလုံးေလးက ခုန္ခုန္ထုေလသည္။
"ႏွာဘူးေကာင္!
ဘယ္ဘဝကတည္းကငတ္ျပတ္လာတာလဲ...
တစ္ခ်ိန္လုံးထန္ေနတာ!!"
"သဲငယ္ကလည္းကြာ....."
"ဘာမွလာမေျပာနဲ႕!
ငါ့အသားကိုလာထိလို႔ကေတာ့ ငါ့လက္သီးကိုသိတယ္ေနာ္!!"
ေကာ့တက္ေကာ့တက္ႏွင့္ ေက်ာပိုးအိတ္ေလးေဘးတေစာင္းလြယ္ကာ ေျခေစာင့္သြားသည့္ေကာင္ေလးေနာက္ အရပ္ရွည္ရွည္ေကာင္ေလးက မ်က္ႏွာငယ္ေလးႏွင့္လိုက္သြားေလသည္။
ေကာင္ေလးႏွစ္ေယာက္ျမင္ကြင္းထဲမွေပ်ာက္သြားေတာ့ Doctor ခန့္သူရိန္လြင္ မ်က္မွန္ကိုတစ္ခ်က္မကာ မ်က္ဝန္းေတြကို အသာဖိသုတ္လိုက္သည္။
သူတို႔ႏွစ္ေယာက္ျပန္ဆုံသြားၾကၿပီပဲ.......
◽◾◽◾◽The End◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro