Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-63 ( return of my love)

Unicode

လွန်ခဲ့သောငါးနှစ် သူနှလုံးအစားထိုးခါနီး ဆေးပြန်စစ်ခဲ့တုန်းက.....

ခွဲစိတ်မှုအောင်မြင်ခဲ့ရင်တောင် သူ့ခန္ဓာကိုယ်က အစားထိုးမည့်နှလုံးကိုလက်မခံမှာစိုးရိမ်ရသည်တဲ့.....

အစပိုင်းမှာပြဿနာမရှိဘဲ နောက်မှဖောက်လာခဲ့ရင် အသက်အန္တရာယ်ရှိနိုင်ကြောင်းပါဆရာဝန်ကြီးကပွင့်လင်းစွာပြောခဲ့သည်။

"ငယ်.....
သေချာစဥ်းစားဦးနော်....."

သလင်းမြူ ကံကိုသာပုံအပ်ပြီး ခွဲစိတ်ခွင့် စာရွက်စာတမ်းတွေပေါ်လက်မှတ်ထိုးလိုက်သည်။

နားထဲတွင် သူ့ကိုခွဲစိတ်ပေးမည့်ဆရာဝန်ကြီးရဲ့ စကားတွေကတဝဲလည်လည်.....

လက်ရှိပုံစံအတိုင်းဆိုသူတစ်နှစ်တောင်သေချာမည်မဟုတ်တော့.....

ကောင်းကင်ကိုကတိပေးခဲ့သည်။
သူနေကောင်းတာနဲ့ပြန်လာမည်လို့.....

နှလုံးအလှူရှင်က ဦးနှောက်အကျိတ်ကင်ဆာနောက်ဆုံးရောက်နေသူတစ်ဦး......

နောက်ထပ်ဒီလိုအလှူရှင်ရှိလာဖို့လည်းမသေချာပေ။

ကျေးဇူးပြုပြီး တစ်ခါထဲပါ ကံကြမ္မာရယ်....
ဒီတစ်ခါတော့ ကျွန်တော့်ကို မျက်နှာသာပေးပါ။

အချိန်အတော်ကြာခွဲစိတ်မှုအပြီး သူနိုးထလာချိန်မှာ ဆေးပိုက်များစွာနဲ့ နာကျင်မှုကအတိုင်းအဆမဲ့......

သူ့ဘယ်ဘက်ရင်အုပ်ထဲကအကောင်အသားကျသွားအောင်ကုသမှုတွေကိုသေချာခံယူသည်။

နှလုံးအခြေအနေကပုံမှန်အတိုင်းပဲမို့ ကိုကိုနှင့်ကိုခန့်တို့စိတ်ချလက်ချဖြစ်သွားပေမယ့် ဆရာဝန်ကြီးကတော့ မပေါ့ဆဘဲဆေးပုံမှန်စစ်ဖို့သေချာမှာသည်။

ဆေးရုံမဆင်းရသေးခင်မှာ အားကစားအစမ်းလုပ်ကြည့်ရင်း အရင်လိုမမောတာမို့ သူခုန်ပေါက်နေခဲ့သေးသည်။

အမိမြေကိုပြန်လည်ခြေချမိတာနဲ့ ချစ်ရသူကိုတွေ့ချင်စိတ်ကထိန်းမနိုင်တာမို့ အထုပ်တွေကို ကိုကို့တို့အားစောင့်ယူစေပြီး သူကတော့ အရင်ပြေးထွက်သွားသည်။

"သဲငယ်!!"

လူတွေအများကြီးထဲမှာမှ ထင်ပေါ်နေသည့်ချစ်ရသူထံသူအမြန်ပြေးကာ ခုန်ဖက်ထားလိုက်သည်။

လွမ်းရလွန်းလို့ ဒီတိုင်းခွလျက်လေးဆက်ဖက်ထားချင်ပေမယ့် ဘေးမှအမေတို့ကိုမြင်ပြီး ပြန်ဆင်းလိုက်ရသည်။

သူတကယ်ကိုပျော်နေခဲ့တာပါ.....

သူ့မှာအနာဂတ်အကြောင်းတွေးဖို့မနက်ဖြန်တွေရှိနေပြီအထင်နဲ့......

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ခွဲစိတ်ပြီးတာ လေးလကျော်လာပြီမို့ ကိုခန့်ကသူ့ကိုဆေးစစ်စေပြီး နောက်တစ်ရက်....

သူရုံးကိုရောက်ရောက်ချင်းဘဲ ဝင်လာသည့်သွေးဆီမှဖုန်း....

"Hello သွေး...."
"သလင်း.....
ငါ့ကိုကယ်ပါဦးဟာ......."

တစ်ဖက်ကငိုရှိုက်ရင်းပြောသည့်သွေးအသံကြောင့် သူ့မှာထိတ်သွားသည်။

"ငါ့အဖေကငါ့ကို မနက်ဖြန် ဟို ဇော်မင်းဦးဆိုတဲ့တစ်ယောက်နဲ့စေ့စပ်ပေးမလို့တဲ့......
ပြီးရင်လည်း အမြန်ဆုံးလက်ထပ်ရမယ်ပြောနေတယ်.....
ငါ့ကိုကူညီပါဦး သလင်းရယ်.....
ငါသူ့ကိုမယူနိုင်ဘူး......."

သွေးသူ့ကိုအကူအညီတောင်းတာဒါပထမဆုံးအကြိမ်ဖြစ်ပြီး သူတတ်နိုင်သမျှကူညီဖို့လည်းစိတ်ဆုံးဖြတ်လိုက်သည်။

"ငါဘယ်လိုကူညီရမလဲ....."
"နင်ငါ့ချစ်သူအဖြစ်ခဏဟန်ဆောင်ပေးပြီး
အဖေတို့ကိုအာရုံလွှဲပေးပါလားဟင်.....
ငါနဲ့ငါ့ချစ်သူမကြာခင်ခိုးပြေးကြဖို့စီစဥ်ထားတယ်....."
"နင့်ချစ်သူကိုနင့်အဖေတို့နဲ့ပေးတွေ့လိုက်ရင်ရော....."
"ငါ့ချစ်သူက Christian လေသလင်းရယ်....
နင်လည်းငါ့အဖေအကြောင်းသိရက်နဲ့..."

သွေးမိဘတွေက အယူကြီးသည့်ရှေးရိုးစွဲတွေဖြစ်ပြီး ဘာသာခြားကိုသမက်တော်ဖို့လက်ခံမည်မဟုတ်.....

"နင့်ကိုငါ့ချစ်သူပါဆိုရင်တော့ အဖေကလက်ခံမှာဟဲ့......
ငါ့ကိုကူညီပါနော်.....
ငါနင့်ကောင်လေးကိုတောင်းပန်ပြီးခွင့်တောင်းပါ့မယ်ဟယ်......"
"အေးငါကူညီမယ်.....
ကောင်းကင်ကိုငါ့ဘာသာကြည့်ပြောမှာမို့ နင်စိတ်မပူနဲ့....."
" ကျေးဇူးသလင်း.....
ငါနင့်ကိုတကယ်ကျေးဇူးတင်တယ်......"
"အေးပါ...."

နေ့လည်ကောင်းကင်နဲ့တွေ့မှ ဒီအကြောင်းကိုပြောမည်စိတ်ကူးထားပြီး သူအလုပ်ပေါ်အာရုံထားခဲ့သည်။

ဒီနေ့ရာသီဥတုက ခါတိုင်းထက်ပူလို့လားမသိ သူနေရတာတစ်မျိုးကြီးဖြစ်နေသည်။

Air corn ကိုအအေးပိုမြှင့်လိုက်သည်။

ရုတ်တရက်ဖုန်းဝင်လာပြီး စိုင်းစံပြောသည့် ကောင်းကင်ရဲ့ scholar ကိစ္စကိုကြားပြီးပြီးချင်း ဒေါသတွေထွက်ကာ ခေါင်းထဲမှမူးဝေလာပြီး ရင်ဘက်ထဲမှတဖြည်းဖြည်းတင်းကျပ်လာသည်။

ရင်ဘက်ကိုအသာဖိထားရင်း သက်သာလိုသက်သာညား အလုပ်စားပွဲကိုထုရိုက်မိသည်။

ကောင်းကင်နှင့်ချိန်းထားသည့် ပန်းခြံရောက်တော့ အသက်ကိုဖြည်းဖြည်းရှူရင်း ပုံမှန်ဖြစ်အောင်မနည်းထိန်းကာ ကားပေါ်မှဆင်းလာခဲ့သည်။

📲🎶 phone rings.......

""Doctor Khant Thurain Lwin""

"Hello ကိုခန့်..."
"သသ....
ဆေးစစ်ချက်အဖြေထွက်လာပြီ..."
"အားလုံးပုံမှန်ပဲမလား....
သားပြောပါတယ် အဆင်ပြေပါတယ်လို့...."
"မဟုတ်ဘူး.....
ပုံမှန်မဟုတ်တော့ဘူး သသ....."
".........
အဖြေမှားနေတာနေမှာပါ ကိုခန့်ရာ....
ပြန်စစ်ကြည့်မယ်လေ...."

သလင်းမြူ တိတ်ဆိတ်သွားပြီး သေချာအောင်ပြန်စစ်ဖို့တွေးမိသည်။

"မမှားဘူး သသ.....
တချို့ symptoms တွေကိုခံစားနေပြီမလား...."
"မဖြစ်နိုင်တာ....."

သလင်းမြူ အညှစ်ခံထားရသလို တင်းကျပ်မှုခံစား​နေ​ရသည့် ရင်ဘက်ထဲကအကောင်ကိုစမ်းကြည့်မိသည်။

"ညနေဆေးရုံကိုလာခဲ့ပါလား....."
"အင်း....."

ဖုန်းကိုဘောင်းဘီအိတ်ထဲပြန်ထိုးထည့်ပြီး မျက်နှာကိုတစ်ချက်ပွတ်လိုက်ကာယိုင်နဲ့ချင်နေသည့် စိတ်ကိုပြန်ထိန်းသည်။

မိနစ်ပိုင်းအတွင်းခိုင်မာသည့်ဆုံးဖြတ်ချက်တစ်ခုကိုချကာ အံကိုကြိတ်ပြီး ကောင်းကင်ရှိရာကိုသူသွားသည်။

အပြုံးတွေနှင့်စကားစလာသည့်ကောင်းကင်ကိုသူဘယ်လိုလုပ်ရပါ့မလဲ.....

သူ့ကိုသိပ်ချစ်တဲ့ဒီကောင်လေးက လှပတဲ့အနာဂတ်ကိုစွန့်လွှတ်ပြီး သူ့အနားမှာဆက်နေရင် တစ်နေ့နောင်တတွေရလိမ့်မည်။

သူ့အခြေအနေအမှန်ကိုသိသွားရင်လည်း သူ့ကိုဘယ်လိုမှစွန့်ခွာမည်မဟုတ်....

အနာဂတ်မရှိတဲ့ ကိုယ့်ကြောင့်နဲ့ ဒီကောင်လေးကိုပါ အနာဂတ်မပျောက်စေချင်....

သဲငယ်ကိုမခွဲနိုင်လို့ပါဆိုတဲ့ စကားလေးရဲ့သက်ရောက်မှုက သူ့မျက်ဝန်းတွေကိုစိုလာစေတာမို့ ခါးထောက်ရင်းတစ်ဖက်ကိုလှည့်ကာ မျက်ဝန်းတွေကိုသုတ်ချလိုက်ပြီး မျက်မှောင်တွေတွန့်ချိုးကာ သူ့ကိုယ်သူရော ကောင်းကင်ကိုပါနာကျင်စေမည့်စကားတွေကို သူမျက်နှာမပျက်ဘဲပြောသည်။

ကောင်းကင်ရဲ့လက်တွေကြားက ရုန်းထွက်လို့ မင်းကိုငါပြတ်ပြီလို့ပြောအပြီးသူစိတ်မထိန်းနိုင်စွာ ကားဆီကိုအမြန်ပြန်ပြေးသည်။

ကားထဲကနင့်နင့်သည်းသည်း ရှိုက်ငိုနေသည့် သူ့အသံကိုဘယ်သူကမှကြားမည်မဟုတ်ပေ။

သူထပ်ပြီးဦးတည်ခဲ့သည်က သွေးရဲ့အိမ်....

ကားမောင်းရင် သွေးဆီကိုဖုန်းခေါ်သည်။

"အေး သလင်း..."
"ငါ အခုနင့်အိမ်ကိုလာနေပြီ...."
"အခုလား အေးအေး....
ငါအပြင်ကထွက်စောင့်နေမယ်...."
" သွေး....
ငါလည်းနင့်ကိုအကူအညီတောင်းစရာရှိတယ်....."
"ပြောလေ....."
"ငါတို့တကယ်စေ့စပ်ကြရအောင်.... "
"ဟမ်!"
"မပူပါနဲ့ နင်နဲ့နင့်ချစ်သူထွက်ပြေးနိုင်အောင်ငါအကုန်စီစဥ်ပေးမယ်.....
တစ်ခုပဲ.....
နင်နဲ့ငါနဲ့တကယ်လက်ထပ်ကြတော့မယ့်ပုံစံမျိူးဟန်ဆောင်ပေး....."
"နင့်ကောင်လေးကိုပြောပြီးပြီလား....."
"ဘယ်သူ့ကိုမှမပြောနဲ့....
ဒီကိစ္စကိုနင်ရယ်ငါရယ်နင့်ချစ်သူရယ်ပဲသိရင်ရပြီ.....
တခြားသူတွေအကုန် ငါတို့တကယ်လက်ထပ်မှာလို့ ယုံမှဖြစ်မယ်......"
"ဘာလို့လဲ......"
"မမေးနဲ့သွေး......
နင့်ငါ့ကိုကူညီမယ်မလား....."
"အေး....."
"အဲ့တာဆို ဘယ်သူဘယ်လိုမေးမေး....
ငါကနင့်ကိုလာတောင်းလို့ လို့ပြောလိုက်...."
"အေးအေး...."

အကုန်လုံးယုံမှ ကောင်းကင်လည်းယုံလိမ့်မည်။

သူချစ်ရတဲ့ကောင်လေးကသူ့ကိုလွယ်လွယ်နဲ့ ပြတ်မှာမှမဟုတ်တာ.....

ကားပေါ်ကဆင်းတာနဲ့အိမ်ရှေ့မှာရပ်စောင့်နေသည့် သွေးလက်ကိုဆုပ်ကိုင်ကာ သွေးမိဘတွေနှင့်မျက်နှာချင်းဆိုင်သည်။

သွေးမိဘတွေက သူကသွေးချစ်သူဆိုတော့ ကျေနပ်စွာလက်ခံကြပြီး လက်ထပ်ဖို့တွေပါတန်းပြောကြသည်။

ဆိုင်ကနေယူလာသည့် စိန်တစ်ပွင့်နှင့်ပလက်တီနမ်လက်စွပ်လေးကိုကတိကဝတ်အနေနှင့် သွေးမိဘတွေရှေ့မှာဘဲဝတ်ပေးခဲ့သည်။

"သလင်း.....
နင့်ကောင်လေးစိတ်ထိခိုက်သွားမယ်နော်.....
သူ့ကိုပါမပြောဘူးလား......"
"သူသိလို့မဖြစ်ဘူးသွေး.....
ငါပြောတာမမေ့နဲ့......
ဘယ်သူ့ကိုမဆို ငါတို့နှစ်ယောက်တကယ်လက်ထပ်တော့မှာလို့ပဲဖြေ......
အထူးသဖြင့်စိုင်းစံ...."
"အေးပါအေးပါ....
နင်သေချာရင်ပြီးရော......"

သူမေမေ့ဆီဖုန်းဆက်ကာ သွေးနဲ့လက်ထပ်မည့်အကြောင်း ပြောတော့ မေမေက ကောင်းကင်လေးကရောတဲ့.....

လမ်းခွဲလိုက်ပြီးပြီဆိုတဲ့သူ့စကားနောက် မေမေ့သက်ပြင်းချသံဟာ ကျယ်လွန်းနေသည်။

"သားသေချာရင်ပြီးတာပဲ" ဆိုတဲ့စကားကသိပ်တော့အားမပါချင်ပေ။

သတင်းစာတိုက်ကိုဆက်သွယ်ပြီး စေ့စပ်မှုအကြောင်း ထည့်ခိုင်းပြီးချိန်မှာတော့ သူအရမ်းကိုပင်ပန်းနေပြီ.....

တစ်နေ့ထဲနဲ့ သူ့ခန္ဓာကိုယ်ဟာ လုံးဝအားမရှိတော့သလို နုံးကျသွားကာ ကိုခန့်ဆီရောက်အောင်သွားရသည်။

ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုဟာ နှေးသွားလိုက်မြန်သွားလိုက်နှင့်မို့ oxygen mask တပ်ရင်း ဆေးသွင်းကာ သူဆေးရုံမှာအိပ်စက်ခဲ့ရသည်။

အရင်လိုဆေးနဲ့ထိန်းရမယ်ဆိုပြီး သောက်ရမည့်ဆေးတွေသူ့လက်ထဲရောက်လာပြန်သည်။

ဒီသံသရာထဲကနေသူဘယ်လိုမှမလွတ်မြောက်နိုင်တော့ဘူးလား.....

သူရုံးကိုရောက်ပြီး မကြာခင်မှာပဲခွန်းလေးရောက်လာကာ သူ့ကိုထုရိုက်ပြီးငိုနေရှာသည်။

နောက်ထပ်တံခါးဖွင့်ပြီး ဝင်လာသည့်ကောင်းကင်ကိုမြင်တော့ သူ့မျက်နှာမှာဘာအမူအရာမှမပြမိအောင်ထိန်းထားရသည်။

သူ့ကိုငိုယိုပြီး တောင်းပန်နေသည့် ကောင်းကင်ကိုဆက်မကြည့်နိုင်စွာ computer screen ကိုစိုက်ကြည့်နေပေမယ့် သူဘာကိုမှမမြင်နိုင်ခဲ့ပါ.......

မန်နေဂျာလာပို့သည့် design တွေကိုကြည့်ပြီး သူပြောလိုက်သည့် ခပ်ပေါ့ပေါ့စကားတစ်ခွန်းက သူ့ရင်ထဲမှာတော့ စူးအောင့်နေပြီးမှ အားတင်းပြောလိုက်ခြင်းသာ....

ကောင်းကင်အခန်းထဲကထွက်သွားတာနဲ့ သူဆိုဖာပေါ်မှာ ငြိမ်သက်စွာလှဲလျောင်းနေခဲ့သည်။

ရွေးထားသည့် လက်စွပ် design နှင့် မန်နေဂျာကိုပေးလိုက်သည့် လက်အတိုင်းက သွေးနှင့် သူ့ချစ်သူရဲ့ လက်သူကြွယ်အတိုင်းလေးတွေဆိုတာကို ဘယ်သူမှရိပ်မိမည်မဟုတ်.....

"သလင်းရေ.....
စိုင်းစံရှားငါ့ကိုဖုန်းဆက်တယ်.....
နင့်ကောင်လေးငိုနေတယ်နော်.....
အသံကလည်းတော်တော်မူးနေပြီ......"

ကောင်းကင်တို့ထိုင်နေကျ bar ဆီသူ့ကားကိုမောင်းလာခဲ့ပြီး ဝင်လာသည့် စိုင်းစံဖုန်းကိုမကိုင်ဘဲထားလိုက်ကာ bar အရှေ့မလှမ်းမကမ်း အမှောင်ကျရာမှာ ကားကိုရပ်လိုက်သည်။

စိုင်းစံ​ဆီကဝင်လာသည့် စစ်ကောင်းကင်ကိုလာခေါ်ပေးဦးဆိုသည့် message ကိုဖတ်ပြီး ကလေးဆန်လွန်းသည့် သူ့ကောင်လေးရဲ့အကြံမှန်းရိပ်မိကာ သူဝင်မသွားဘဲ ကားပေါ်မှာသာထိုင်နေခဲ့သည်။

စိုင်းစံနှင့်တေဇတို့တွေ bar ထဲကနေထွက်လာပြီး ကောင်းကင်ရဲ့ကားကိုပါယူသွားကြသည်ကိုသူကြည့်နေခဲ့သည်။

နှစ်နာရီကျော်လောက်ကြာမှ ဆိုင်ထဲကနေ ဒယိမ်းဒယိုင်ထွက်လာသည့် ကောင်းကင်က ပလက်ဖောင်းပေါ်တွင်ထိုင်ချလိုက်ပြန်သည်။

သူပြန်မပို့ပေးမချင်း ဒီတိုင်းထိုင်နေမည့်ပုံရှိရာ ကြာရင်နေမကောင်းဖြစ်မည်စိုး၍ ကားပေါ်ကနေအမြန်ဆင်းခဲ့ရသည်။

ဘယ်လောက်တောင်သောက်ထားခဲ့လဲမသိ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘဲ သူ့အပေါ်ကိုမှီထားရှာသည်။

အိမ်မပြန်ဘူးချည်းအော်နေလို့ နီးစပ်ရာ hotel မှာအိပ်ခိုင်းဖို့ သူ့မှာအခန်းယူပြီး ကိုယ်တိုင်မနိုင်မနင်းနှင့် အခန်းထဲတွဲပို့ရသည်။

တံခါးလေးပိတ်လိုက်တာနဲ့ ခုနက မူးကွဲနေသူကသူမဟုတ်သလို ဆွဲပြီး နံရံမှာကပ်ပစ်တာမို့ ထိတ်လန့်သွားရပေမယ့် ဒေါသထွက်ဟန် မျက်မှောင်တွေ ကျုံ့ထားရသည်။

သူနမ်းတာကိုရှောင်လိုက်မိလို့ မျက်နှာကိုနာအောင်ဆွဲညှစ်ပြီး မရုန်းနဲ့ ဆိုပြီး အော်ခံရသည်။

အရိုင်းဆန်လွန်းသည့် ကောင်းကင်ရဲ့အပြုအမူတွေကြောင့် ဘာကိုလိုချင်မှန်းသူနားလည်စွာ အင်္ကျီတွေကိုချွတ်ချလိုက်သည်။

အားမလိုအားမရခပ်ကြမ်းကြမ်းတွေနမ်းနေသည့် ကောင်းကင်ကိုပြန်တုန့်ပြန်မိမည်စိုး၍ လက်သီးကိုတင်းတင်းဆုပ်ထားသည်။

ကုတင်ပေါ်ပစ်တင်ခံရသည့်နောက် အဝတ်တွေမရှိတော့ချိန် ရှက်စိတ်နဲ့ကြောက်စိတ်ကို ဖုံးကွယ်ရန်သူကောင်းကင်ကိုမျက်နှာလွှဲထားသည်။

အနမ်းတွေအောက်ပူထူနေရပြီး အသံမထွက်မိအောင်အံကြိတ်ထားရသည်မှာ ခက်ခဲလွန်းလှသည်။

ညနေက ဆေးသောက်ထား၍ သူနှလုံးခုန်နှုန်းကိုထိန်းထားနိုင်ခဲ့ပြီး အညှာအတာမရှိတိုးဝင်လာသည့် ကောင်းကင်ကြောင့် နာလွန်းလို့မျက်ရည်တွေကျသည်။

ငုံ့နမ်းသည့်သူ့ကျောပြင်တွေကိုဖက်တွယ်ပြီးကုတ်ခြစ်ပစ်ချင်ပေမယ့် သူ့အသားနာသွားမည်ကိုစိုးကာ ခေါင်းဦးနှင့် အိပ်ရာခင်းကိုပဲ သူအားကိုးတကြီး ဆွဲချေမိသည်။

နာလွန်းလို့ထရိုက်ပစ်ချင်နေသည့် သူ့အကြည့်တွေကိုကောင်းကင်ကဘယ်လိုထင်သွားလဲမသိ သူ့ကိုအညိုးတကြီး အရှိန်တွေမြှင့်ပြီး ကြမ်းတမ်းသည်။

နာကနာ ဝမ်းနည်းကလည်းဝမ်းနည်းနဲ့ သူ့မှာမျက်ရည်တွေကိုမတိတ်......

မျက်လုံးတွေလေးပြီး အရမ်းလည်းပင်ပန်းလာပြီမို့ ကောင်းကင်ဘာတွေဆက်လုပ်နေလည်း သူမသိတော့ မျက်လုံးတွေပိတ်ပြီး အသိစိတ်လွတ်သွားသည်ထင်.....

သူအလန့်တကြားနိုးထလာတော့ ကောင်းကင်ကသူ့ကိုဖက်ပြီး အိပ်ပျော်နေရှာသည်။

အခန်းတွင်းမှနာရီလက်တံက မနက်ခြောက်နာရီထိုးဖို့ ဆယ်မိနစ်လိုသေးကြောင်းပြနေသည်။

ခြေထောက်တစ်ဖက်ကိုမသိမသာလှုပ်ကြည့်တုန်းရှိသေး ကျောရိုးတစ်လျောက်အောင့်တက်နေသည့်နာကျင်မှုကြောင့် မျက်ရည်ကဝဲရပြန်သည်။

ကောင်းကင်နိုးလာချိန်မှာ သူရှိနေလို့မဖြစ်တာမို့ ခါးပေါ်ကလက်တွေကို အသာဖယ်ပြီး သူမနဲထထိုင်လိုက်သည်။

အပြစ်ကင်းစွာ အိပ်ပျော်နေသည့် ကောင်လေးရဲ့ နဖူးကိုထိရုံလေးနမ်းကာ သူထပြီး အဝတ်တွေဝတ်သည်။

ခြေထောက်တွေကခွေလဲချင်နေပေမယ့် မာန်ကိုတင်းကာ သူရအောင်လျှောက်ရင်း ကားဆီကိုရောက်တော့ သူတော်တော်ကိုမောဟိုက်နေခဲ့ပြီ....

ဆေးဆိုင်တစ်ဆိုင်မှာရပ်ပြီး ဆေးတချို့ဝယ်ကာ သူအိမ်ကိုပြန်ခဲ့သည်။

မနေ့ကရောက်လာသည့် မေမေက သူနဲ့သွေးမင်္ဂလာဆောင်ကိစ္စတွေကိုစတင်စီစဥ်ရင်း အလုပ်ရှုပ်နေကာ ခွန်းလေးကတော့သူ့ကိုလုံးဝစကားမပြောပေ။

မုန့်စားဆေးသောက်ပြီး အောက်ပိုင်းကို ဟိုလိမ်းဆေးလိမ်းရင်း သူမှာနာလွန်းလို့ အောက်နှုတ်ခမ်းကိုကိုက်မိတော့ အောက်နှုတ်ခမ်းကလည်း မနေ့ညကအနမ်းခံရတာနဲ့သူဖိကိုက်ထားလို့ပေါက်ပြဲနေရှာသည်။

ဖျားချင်လာသလိုရှိတာမို့ ဟန်မပျက် အခန်းထဲနေ သူမထွက်ဘဲအိပ်နေခဲ့သည်။

ဝမ်းချုပ်နေလို့ သူမှာတော်သေးသည်။မဟုတ်ရင်တော့ မတွေးရဲစရာ.....

ကောင်းကင်ကအိမ်အထိလာသောင်းကျန်းပြီးချိန်မှာတော့ သူ့ကိုတကယ်မုန်းသွားပုံရသည်။

သူ့နောက်ကိုလိုက်နေမှန်းသိပေမယ့် သူမမြင်ချင်ယောင်ဆောင်ကာ ပို၍ရယ်မောပြခဲ့သည်။

ကိုကိုနဲ့ကိုခန့်ကတော့ သူ့အခြေအနေအမှန်ကိုသိသူတွေဖြစ်ရာ သူ့ကိုနှစ်သိမ့်ကြသည်။

မင်္ဂလာပွဲနေ့ နောက်တစ်မျိုးပြောရရင် ကောင်းကင်ဒီနိုင်ငံကထွက်ခွာသွားမည့်နေ့....

Wedding dress ကိုဆင်မြန်ထားသည့် သွေးကစိတ်လှုပ်ရှားစွာသူ့လက်ကိုဆုပ်ကိုင်ထားသည်။

Hotel သို့မေမေတို့ကိုအရင်သွားခိုင်းထားပြီး သွေးကိုစောင့်ကာသူတို့နှစ်ယောက်ပြီးတာနဲ့လာခဲ့မည်ဟုလိမ်ထားသည်။

သူတို့ကားရဲ့ဦးတည်ရာဟာhotelသို့မဟုတ်..

ရန်ကုန် မန္တလေး လမ်းမကြီးထံ.....

မင်္ဂလာပွဲပြီးတာနဲ့ သူ့အိမ်မှာလိုက်နေရမည်ဆိုပြီး မိဘတွေကိုအယုံသွင်းကာ ပြင်ထားသည့် luggage နှင့် အထုပ်တွေကလည်း ကားနောက်ဖုံးထဲမှာ....

လမ်းမဘေးမှာ ရပ်ထားသည့် ကားဖြူလေးနှင့် လည်ပင်းတရှည်ရှည်စောင့်နေရှာသည့် သွေးချစ်သူက ကားပေါ်ကဆင်းလာသည့် သွေးကိုပြေးဖက်သည်။

အထုပ်တွေကို သူ့ကားပေါ်မှသယ်ယူပြီး ကျေးဇူးတင်စကားပြောနေသည့် သွေးချစ်သူက သူတို့ထက်ငါးနှစ်ကြီးသည့် အင်ဂျင်နီယာတစ်ယောက်....

သူ့ဘောင်းဘီအိတ်ထဲမှ အနီရောင်ကတ္တီပါလက်စွပ်ဘူးကို သွေးချစ်သူလက်ထဲ လက်ဆောင်အနေနဲ့ ထည့်ပေးလိုက်ကာ လေဆိပ်ဆီသို့ ကားကိုမိုင်ကုန်တင်မောင်းသည်။

နောက်ဆုံးအနေနဲ့တစ်ခါလောက်ပဲဖြစ်ဖြစ် သူ့မျက်နှာကိုမြင်ချင်သေးသည်။

အနက်ရောင်မင်္ဂလာဝတ်စုံ suit နှင့်လေဆိပ်ထဲပြေးဝင်သည့်သူ့ကို အထူးအဆန်းလိုကြည့်ကြပေမယ့် သူကောင်းကင်ကိုပတ်ရှာသည်။

ခုံတန်းတစ်ခုပေါ်မှာခေါင်းငိုက်စိုက်ချပြီး ငိုနေသည့် ကျောပြင်ကိုမြင်လိုက်တော့ သူထိုဒေါင့်ချိုးလေးကနေသာ ရပ်ကြည့်နေခဲ့သည်။

မျက်ရည်တွေသုတ်ပြီး တရွေ့ရွေ့လျှောက်လှမ်းသွားသည့် ကျောပြင်နောက်ကို သူမမှိတ်မသုန်ကြည့်ရင်း လိုက်ခဲ့သေးသည်။

လေဆိပ်စစ်ဆေးရေးကိုဖြတ်ပြီး အထဲဝင်သွားသည့် ကောင်းကင်သာ အနောက်ကိုတစ်ချက်လှည့်ကြည့်ခဲ့မယ်ဆိုရင် မျက်လုံးတွေနီရဲအောင်ငိုနေတဲ့.....သူ့အချစ်ဦးကိုတွေ့ခဲ့ဦးမှာ......

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ကောင်းကင်ထိုင်ခဲ့တဲ့နေရာမှာ သူဘယ်လောက်ကြာအောင်ထိုင်ငိုနေခဲ့လည်းမသိ.....

သူ့အနားအပြေးရောက်လာကြပြီး သူ့လက်ကိုဆုပ်ကိုင်လာသည့် ခွန်းလေးကိုမြင်မှ သူ့ဘေးရောက်နေသည့် ကိုကိုနှင့်မေမေတို့ကိုမြင်သည်။

လစ်ဟာနေသည့်ခံစားချက်နှင့်အတူ သူအသက်ရှုလို့မရတော့ဘဲ စိတ်လျော့လိုက်သည်။

နားထဲကြားရသည့် မေမေ့ငိုသံ.....
ခွန်းလေးရဲ့ခေါ်သံ.....

တဖြည်းဖြည်းဝေးကွာလာခဲ့ပြီ.....

"200 joules!!!"

မြှောက်တက်သွားပြန်သည့် မြူ့ခန္ဓာကိုယ်လေး....

​မြူ့ ရင်ဘက်ပေါ်လက်နှစ်ဖက်နဲ့ဖိပြီး CPR လုပ်နေသည့် ကိုခန့်မှာလည်း တဖြောင့်တည်းဖြစ်သွားသည့် နှလုံးခုန်တိုင်းတာစက်ကြောင့် အံကိုကြိတ်ကာ အရှိန်ကိုပိုတိုးသည်။

"ငယ်!!
စစ်ကောင်းကင်ပြန်လာတာကိုစောင့်ရဦးမယ်လေ!!.....
သူငယ့်ဆီကိုပြန်လာဦးမှာ......."

တီ...တီ...ဆိုပြီး ပြန်မြည်လာသည့် နှလုံးခုန်တိုင်းတာစက်ရဲ့အသံနောက် မျက်ဝန်းထောင့်မှစီးကျလာပြန်သည့် မျက်ရည်စီးကြောင်းကို ဘုန်းရှိန်ဝါထက်အသာသုတ်ပေးလိုက်သည်။

စစ်ကောင်းကင်ကိုအဲ့လောက်တောင်ချစ်သလား....ငယ်ရယ်....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ကုန်ဆုံးသွားတဲ့ လေးနှစ်လုံး သူဆေးရုံပေါ်မှာပဲ တဖြည်းဖြည်း ပိုများလာတဲ့ ဆေးတွေကို အသာတကြည်အထိုးခံကာ နာကျင်မှုကိုအံတုသည်။

ကောင်းကင်ကိုရည်ရွယ်ပြီး သီချင်းတွေသူရေးသည်။

အားလျော့လိုက်ချင်တိုင်း ကောင်းကင်ပြန်လာတော့မှာဆိုပြီး ကိုယ့်ကိုကိုယ်အားပေးသည်။

ကောင်းကင်သူ့ကြောင့်ပြန်လာရတာမျိုးမဟုတ်ဘဲ အချိန်တန်လို့ပြန်လာတာမျိုးပဲဖြစ်စေချင်လို့ သူတေဇတို့အပါအဝင်အကုန်လုံးကို ကိုယ့်ကိုကိုယ်သတ်သေပစ်မည်ဆိုပြီး ခြိမ်းခြောက်ကာနှုတ်ပိတ်ထားနိုင်ခဲ့သည်။

ကောင်းကင်ရဲ့အဖေနှင့်အမေလည်းသူ့အခြေအနေကိုသိသွားပေမယ့် ခပ်တန်းတန်းသာ....

ဘယ်မိဘကများ ကိုယ့်သားသမီးကိုထိခိုက်နာကျင်အောင်လုပ်ထားတဲ့လူကို သဘောကျပါ့မလဲ.....

သူ့ phone wallpaper မှာမပြောင်းလဲဘဲနေရာယူထားသည့် ကောင်းကင်ရဲ့ နောက်ကျောပြင်လေးကို ကြည့်ရင်း တစ်ခါတစ်ခါ သူငါ့ကိုမုန်းသွားတာ ငါ့ဆီပြန်လာတော့မှာမဟုတ်ဘူးဆိုသည့်အတွေးကြောင့် အသက်ရှင်ချင်စိတ်ပျောက်သည့် ရက်ပေါင်းများစွာလည်းရှိသည်။

ဘာမှမလုပ်ဘဲနေတာတောင် နှေးလိုက်မြန်လိုက်မငြိမ်သည့် နှလုံးကြောင့် နှလုံးခုန်နှုန်းထိန်းညှိလှုံ့ဆော်သည့် စက်အဖြူလေးကသွေးကြောတွေနှင့်ချိတ်ဆက်ပြီးသူ့ရင်ဘက်ပေါ်မှာရှိနေသည်။

သွေးမိဘတွေကလည်း သမက်ဖြစ်သူကိုသိပ်လက်မခံချင်ပေမယ့် သမီးနှင့်မြေးမလေးကိုမစွန့်လွှတ်နိုင်ကြပေ။

သွေးသမီးလေးက စကားပြောတတ်ခါစအရွယ်ကတည်းက သူ့ကိုခေါ်တာဖေဖေလေးတဲ့.....

သွေးခင်ပွန်းကိုယ်တိုင်က လိုလိုလားလားခေါ်ခိုင်းတာမို့ သူလည်းသဘောတကျ ဖေဖေ့သမီးလေး ဟုသာခေါ်ခဲ့သည်။

သူပုံမှန်လုပ်နေကျအတိုင်း ကိုကိုနှင့် ပန်းခြံထဲဆင်းကာသီချင်းဆိုသည်။

ဂစ်တာကိုမတီးနိုင်တော့သည့် သူ့လက်ချောင်းတွေကြောင့် ကိုကိုကသာ ဂစ်တာကိုတီးခတ်ပေးသည်။

သီချင်းနှစ်ပုဒ်ပြီးချိန်မှာတော့ သူဆက်မဆိုနိုင်တော့တာကြောင့် ကိုကို့ကိုအခန်းပြန်ပို့ဖို့ပြောရသည်။

ကလေးတွေကိုနှုတ်ဆက်နေရင်း မလှမ်းမကမ်းမှာရပ်နေသည့် အရပ်ရှည်ရှည်နှင့်လူကို သူလှမ်းမြင်လိုက်သည်။

သူ့ရဲ့ကောင်းကင်.....

ငိုနေတယ်......

ရင့်ကျက်မှုရှိလာသည့်အသွင်အပြင်တွေရှိလာပေမယ့် သူ့ကိုကြည့်ပြီး အရင်လိုငိုနေရှာသည်။

ဝှီးချဲကိုတွန်းပေးတော့မည့် ကိုကို့ကိုတားကာ သူအားယူပြီး မတ်တပ်ရပ်လိုက်သည်။

မောင်က​မိုင်ပေါင်းများစွာ အဝေးကြီးကနေပြီးသူ့ရှေ့ကိုရောက်အောင်ပြန်လာပြီးပြီပဲ.....

ခြေလှမ်းဆယ်လှမ်းလောက်ပဲရှိတော့တဲ့အကွာအဝေးကိုတော့ သူကိုယ်တိုင်လျှောက်လှမ်းပြီး မောင့်ရင်ခွင်ထဲတိုးဝင်လိုက်သည်။

ရင်ဘက်ကစက်ကြောင့် သူအရမ်းမဖက်ရဲဘဲ ကလေးလေးကိုငိုနေသည့် မောင့်ကျောပြင်ကို ပုတ်ပေးမိသည်။

"ပြန်လာတာကို.....
ကြိုဆိုပါတယ် မောင်......"
"သဲငယ်ရာ....."

ဆွေးဆွေးမြေ့မြေ့မောင့်အသံဟာ သူ့ကိုအေးချမ်းစေခဲ့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ရွေ့လျားနေတဲ့အချိန်တွေနဲ့
ပြောင်းလဲနေကြတဲ့လူတွေကြားမှာ
တစ်စုံတစ်ယောက်ကတော့
မင်းကိုအရင်အတိုင်း
စောင့်မျှော်နေတုန်းပဲ

(AN: ကိုယ် ment တွေကိုတောင် reply မပြန်ရဲတော့ပါဘူး.....)

***********************************

Zawgyi

လြန္ခဲ့ေသာငါးႏွစ္ သူႏွလုံးအစားထိုးခါနီး ေဆးျပန္စစ္ခဲ့တုန္းက.....

ခြဲစိတ္မႈေအာင္ျမင္ခဲ့ရင္ေတာင္ သူ႕ခႏၶာကိုယ္က အစားထိုးမည့္ႏွလုံးကိုလက္မခံမွာစိုးရိမ္ရသည္တဲ့.....

အစပိုင္းမွာျပႆနာမရွိဘဲ ေနာက္မွေဖာက္လာခဲ့ရင္ အသက္အႏၱရာယ္ရွိနိုင္ေၾကာင္းပါဆရာဝန္ႀကီးကပြင့္လင္းစြာေျပာခဲ့သည္။

"ငယ္.....
ေသခ်ာစဥ္းစားဦးေနာ္....."

သလင္းျမဴ ကံကိုသာပုံအပ္ၿပီး ခြဲစိတ္ခြင့္ စာ႐ြက္စာတမ္းေတြေပၚလက္မွတ္ထိုးလိုက္သည္။

နားထဲတြင္ သူ႕ကိုခြဲစိတ္ေပးမည့္ဆရာဝန္ႀကီးရဲ႕ စကားေတြကတဝဲလည္လည္.....

လက္ရွိပုံစံအတိုင္းဆိုသူတစ္ႏွစ္ေတာင္ေသခ်ာမည္မဟုတ္ေတာ့.....

ေကာင္းကင္ကိုကတိေပးခဲ့သည္။
သူေနေကာင္းတာနဲ႕ျပန္လာမည္လို႔.....

ႏွလုံးအလႉရွင္က ဦးႏွောက္အက်ိတ္ကင္ဆာေနာက္ဆုံးေရာက္ေနသူတစ္ဦး......

ေနာက္ထပ္ဒီလိုအလႉရွင္ရွိလာဖို႔လည္းမေသခ်ာေပ။

ေက်းဇူးျပဳၿပီး တစ္ခါထဲပါ ကံၾကမၼာရယ္....
ဒီတစ္ခါေတာ့ ကြၽန္ေတာ့္ကို မ်က္ႏွာသာေပးပါ။

အခ်ိန္အေတာ္ၾကာခြဲစိတ္မႈအၿပီး သူနိုးထလာခ်ိန္မွာ ေဆးပိုက္မ်ားစြာနဲ႕ နာက်င္မႈကအတိုင္းအဆမဲ့......

သူ႕ဘယ္ဘက္ရင္အုပ္ထဲကအေကာင္အသားက်သြားေအာင္ကုသမႈေတြကိုေသခ်ာခံယူသည္။

ႏွလုံးအေျခအေနကပုံမွန္အတိုင္းပဲမို႔ ကိုကိုႏွင့္ကိုခန့္တို႔စိတ္ခ်လက္ခ်ျဖစ္သြားေပမယ့္ ဆရာဝန္ႀကီးကေတာ့ မေပါ့ဆဘဲေဆးပုံမွန္စစ္ဖို႔ေသခ်ာမွာသည္။

ေဆး႐ုံမဆင္းရေသးခင္မွာ အားကစားအစမ္းလုပ္ၾကည့္ရင္း အရင္လိုမေမာတာမို႔ သူခုန္ေပါက္ေနခဲ့ေသးသည္။

အမိေျမကိုျပန္လည္ေျခခ်မိတာနဲ႕ ခ်စ္ရသူကိုေတြ႕ခ်င္စိတ္ကထိန္းမနိုင္တာမို႔ အထုပ္ေတြကို ကိုကို႔တို႔အားေစာင့္ယူေစၿပီး သူကေတာ့ အရင္ေျပးထြက္သြားသည္။

"သဲငယ္!!"

လူေတြအမ်ားႀကီးထဲမွာမွ ထင္ေပၚေနသည့္ခ်စ္ရသူထံသူအျမန္ေျပးကာ ခုန္ဖက္ထားလိုက္သည္။

လြမ္းရလြန္းလို႔ ဒီတိုင္းခြလ်က္ေလးဆက္ဖက္ထားခ်င္ေပမယ့္ ေဘးမွအေမတို႔ကိုျမင္ၿပီး ျပန္ဆင္းလိုက္ရသည္။

သူတကယ္ကိုေပ်ာ္ေနခဲ့တာပါ.....

သူ႕မွာအနာဂတ္အေၾကာင္းေတြးဖို႔မနက္ျဖန္ေတြရွိေနၿပီအထင္နဲ႕......

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ခြဲစိတ္ၿပီးတာ ေလးလေက်ာ္လာၿပီမို႔ ကိုခန့္ကသူ႕ကိုေဆးစစ္ေစၿပီး ေနာက္တစ္ရက္....

သူ႐ုံးကိုေရာက္ေရာက္ခ်င္းဘဲ ဝင္လာသည့္ေသြးဆီမွဖုန္း....

"Hello ေသြး...."
"သလင္း.....
ငါ့ကိုကယ္ပါဦးဟာ......."

တစ္ဖက္ကငိုရွိုက္ရင္းေျပာသည့္ေသြးအသံေၾကာင့္ သူ႕မွာထိတ္သြားသည္။

"ငါ့အေဖကငါ့ကို မနက္ျဖန္ ဟို ေဇာ္မင္းဦးဆိုတဲ့တစ္ေယာက္နဲ႕ေစ့စပ္ေပးမလို႔တဲ့......
ၿပီးရင္လည္း အျမန္ဆုံးလက္ထပ္ရမယ္ေျပာေနတယ္.....
ငါ့ကိုကူညီပါဦး သလင္းရယ္.....
ငါသူ႕ကိုမယူနိုင္ဘူး......."

ေသြးသူ႕ကိုအကူအညီေတာင္းတာဒါပထမဆုံးအႀကိမ္ျဖစ္ၿပီး သူတတ္နိုင္သမွ်ကူညီဖို႔လည္းစိတ္ဆုံးျဖတ္လိုက္သည္။

"ငါဘယ္လိုကူညီရမလဲ....."
"နင္ငါ့ခ်စ္သူအျဖစ္ခဏဟန္ေဆာင္ေပးၿပီး
အေဖတို႔ကိုအာ႐ုံလႊဲေပးပါလားဟင္.....
ငါနဲ႕ငါ့ခ်စ္သူမၾကာခင္ခိုးေျပးၾကဖို႔စီစဥ္ထားတယ္....."
"နင့္ခ်စ္သူကိုနင့္အေဖတို႔နဲ႕ေပးေတြ႕လိုက္ရင္ေရာ....."
"ငါ့ခ်စ္သူက Christian ေလသလင္းရယ္....
နင္လည္းငါ့အေဖအေၾကာင္းသိရက္နဲ႕..."

ေသြးမိဘေတြက အယူႀကီးသည့္ေရွးရိုးစြဲေတြျဖစ္ၿပီး ဘာသာျခားကိုသမက္ေတာ္ဖို႔လက္ခံမည္မဟုတ္.....

"နင့္ကိုငါ့ခ်စ္သူပါဆိုရင္ေတာ့ အေဖကလက္ခံမွာဟဲ့......
ငါ့ကိုကူညီပါေနာ္.....
ငါနင့္ေကာင္ေလးကိုေတာင္းပန္ၿပီးခြင့္ေတာင္းပါ့မယ္ဟယ္......"
"ေအးငါကူညီမယ္.....
ေကာင္းကင္ကိုငါ့ဘာသာၾကည့္ေျပာမွာမို႔ နင္စိတ္မပူနဲ႕....."
" ေက်းဇူးသလင္း.....
ငါနင့္ကိုတကယ္ေက်းဇူးတင္တယ္......"
"ေအးပါ...."

ေန႕လည္ေကာင္းကင္နဲ႕ေတြ႕မွ ဒီအေၾကာင္းကိုေျပာမည္စိတ္ကူးထားၿပီး သူအလုပ္ေပၚအာ႐ုံထားခဲ့သည္။

ဒီေန႕ရာသီဥတုက ခါတိုင္းထက္ပူလို႔လားမသိ သူေနရတာတစ္မ်ိဳးႀကီးျဖစ္ေနသည္။

Air corn ကိုအေအးပိုျမႇင့္လိုက္သည္။

႐ုတ္တရက္ဖုန္းဝင္လာၿပီး စိုင္းစံေျပာသည့္ ေကာင္းကင္ရဲ႕ scholar ကိစၥကိုၾကားၿပီးၿပီးခ်င္း ေဒါသေတြထြက္ကာ ေခါင္းထဲမွမူးေဝလာၿပီး ရင္ဘက္ထဲမွတျဖည္းျဖည္းတင္းက်ပ္လာသည္။

ရင္ဘက္ကိုအသာဖိထားရင္း သက္သာလိုသက္သာညား အလုပ္စားပြဲကိုထုရိုက္မိသည္။

ေကာင္းကင္ႏွင့္ခ်ိန္းထားသည့္ ပန္းၿခံေရာက္ေတာ့ အသက္ကိုျဖည္းျဖည္းရႉရင္း ပုံမွန္ျဖစ္ေအာင္မနည္းထိန္းကာ ကားေပၚမွဆင္းလာခဲ့သည္။

📲🎶 phone rings.......

""Doctor Khant Thurain Lwin""

"Hello ကိုခန့္..."
"သသ....
ေဆးစစ္ခ်က္အေျဖထြက္လာၿပီ..."
"အားလုံးပုံမွန္ပဲမလား....
သားေျပာပါတယ္ အဆင္ေျပပါတယ္လို႔...."
"မဟုတ္ဘူး.....
ပုံမွန္မဟုတ္ေတာ့ဘူး သသ....."
".........
အေျဖမွားေနတာေနမွာပါ ကိုခန့္ရာ....
ျပန္စစ္ၾကည့္မယ္ေလ...."

သလင္းျမဴ တိတ္ဆိတ္သြားၿပီး ေသခ်ာေအာင္ျပန္စစ္ဖို႔ေတြးမိသည္။

"မမွားဘူး သသ.....
တခ်ိဳ႕ symptoms ေတြကိုခံစားေနၿပီမလား...."
"မျဖစ္နိုင္တာ....."

သလင္းျမဴ အညွစ္ခံထားရသလို တင္းက်ပ္မႈခံစား​ေန​ရသည့္ ရင္ဘက္ထဲကအေကာင္ကိုစမ္းၾကည့္မိသည္။

"ညေနေဆး႐ုံကိုလာခဲ့ပါလား....."
"အင္း....."

ဖုန္းကိုေဘာင္းဘီအိတ္ထဲျပန္ထိုးထည့္ၿပီး မ်က္ႏွာကိုတစ္ခ်က္ပြတ္လိုက္ကာယိုင္နဲ႕ခ်င္ေနသည့္ စိတ္ကိုျပန္ထိန္းသည္။

မိနစ္ပိုင္းအတြင္းခိုင္မာသည့္ဆုံးျဖတ္ခ်က္တစ္ခုကိုခ်ကာ အံကိုႀကိတ္ၿပီး ေကာင္းကင္ရွိရာကိုသူသြားသည္။

အၿပဳံးေတြႏွင့္စကားစလာသည့္ေကာင္းကင္ကိုသူဘယ္လိုလုပ္ရပါ့မလဲ.....

သူ႕ကိုသိပ္ခ်စ္တဲ့ဒီေကာင္ေလးက လွပတဲ့အနာဂတ္ကိုစြန့္လႊတ္ၿပီး သူ႕အနားမွာဆက္ေနရင္ တစ္ေန႕ေနာင္တေတြရလိမ့္မည္။

သူ႕အေျခအေနအမွန္ကိုသိသြားရင္လည္း သူ႕ကိုဘယ္လိုမွစြန့္ခြာမည္မဟုတ္....

အနာဂတ္မရွိတဲ့ ကိုယ့္ေၾကာင့္နဲ႕ ဒီေကာင္ေလးကိုပါ အနာဂတ္မေပ်ာက္ေစခ်င္....

သဲငယ္ကိုမခြဲနိုင္လို႔ပါဆိုတဲ့ စကားေလးရဲ႕သက္ေရာက္မႈက သူ႕မ်က္ဝန္းေတြကိုစိုလာေစတာမို႔ ခါးေထာက္ရင္းတစ္ဖက္ကိုလွည့္ကာ မ်က္ဝန္းေတြကိုသုတ္ခ်လိဳက္ၿပီး မ်က္ေမွာင္ေတြတြန့္ခ်ိဳးကာ သူ႕ကိုယ္သူေရာ ေကာင္းကင္ကိုပါနာက်င္ေစမည့္စကားေတြကို သူမ်က္ႏွာမပ်က္ဘဲေျပာသည္။

ေကာင္းကင္ရဲ႕လက္ေတြၾကားက ႐ုန္းထြက္လို႔ မင္းကိုငါျပတ္ၿပီလို႔ေျပာအၿပီးသူစိတ္မထိန္းနိုင္စြာ ကားဆီကိုအျမန္ျပန္ေျပးသည္။

ကားထဲကနင့္နင့္သည္းသည္း ရွိုက္ငိုေနသည့္ သူ႕အသံကိုဘယ္သူကမွၾကားမည္မဟုတ္ေပ။

သူထပ္ၿပီးဦးတည္ခဲ့သည္က ေသြးရဲ႕အိမ္....

ကားေမာင္းရင္ ေသြးဆီကိုဖုန္းေခၚသည္။

"ေအး သလင္း..."
"ငါ အခုနင့္အိမ္ကိုလာေနၿပီ...."
"အခုလား ေအးေအး....
ငါအျပင္ကထြက္ေစာင့္ေနမယ္...."
" ေသြး....
ငါလည္းနင့္ကိုအကူအညီေတာင္းစရာရွိတယ္....."
"ေျပာေလ....."
"ငါတို႔တကယ္ေစ့စပ္ၾကရေအာင္.... "
"ဟမ္!"
"မပူပါနဲ႕ နင္နဲ႕နင့္ခ်စ္သူထြက္ေျပးနိုင္ေအာင္ငါအကုန္စီစဥ္ေပးမယ္.....
တစ္ခုပဲ.....
နင္နဲ႕ငါနဲ႕တကယ္လက္ထပ္ၾကေတာ့မယ့္ပုံစံမ်ိဴးဟန္ေဆာင္ေပး....."
"နင့္ေကာင္ေလးကိုေျပာၿပီးၿပီလား....."
"ဘယ္သူ႕ကိုမွမေျပာနဲ႕....
ဒီကိစၥကိုနင္ရယ္ငါရယ္နင့္ခ်စ္သူရယ္ပဲသိရင္ရၿပီ.....
တျခားသူေတြအကုန္ ငါတို႔တကယ္လက္ထပ္မွာလို႔ ယုံမွျဖစ္မယ္......"
"ဘာလို႔လဲ......"
"မေမးနဲ႕ေသြး......
နင့္ငါ့ကိုကူညီမယ္မလား....."
"ေအး....."
"အဲ့တာဆို ဘယ္သူဘယ္လိုေမးေမး....
ငါကနင့္ကိုလာေတာင္းလို႔ လို႔ေျပာလိုက္...."
"ေအးေအး...."

အကုန္လုံးယုံမွ ေကာင္းကင္လည္းယုံလိမ့္မည္။

သူခ်စ္ရတဲ့ေကာင္ေလးကသူ႕ကိုလြယ္လြယ္နဲ႕ ျပတ္မွာမွမဟုတ္တာ.....

ကားေပၚကဆင္းတာနဲ႕အိမ္ေရွ႕မွာရပ္ေစာင့္ေနသည့္ ေသြးလက္ကိုဆုပ္ကိုင္ကာ ေသြးမိဘေတြႏွင့္မ်က္ႏွာခ်င္းဆိုင္သည္။

ေသြးမိဘေတြက သူကေသြးခ်စ္သူဆိုေတာ့ ေက်နပ္စြာလက္ခံၾကၿပီး လက္ထပ္ဖို႔ေတြပါတန္းေျပာၾကသည္။

ဆိုင္ကေနယူလာသည့္ စိန္တစ္ပြင့္ႏွင့္ပလက္တီနမ္လက္စြပ္ေလးကိုကတိကဝတ္အေနႏွင့္ ေသြးမိဘေတြေရွ႕မွာဘဲဝတ္ေပးခဲ့သည္။

"သလင္း.....
နင့္ေကာင္ေလးစိတ္ထိခိုက္သြားမယ္ေနာ္.....
သူ႕ကိုပါမေျပာဘူးလား......"
"သူသိလို႔မျဖစ္ဘူးေသြး.....
ငါေျပာတာမေမ့နဲ႕......
ဘယ္သူ႕ကိုမဆို ငါတို႔ႏွစ္ေယာက္တကယ္လက္ထပ္ေတာ့မွာလို႔ပဲေျဖ......
အထူးသျဖင့္စိုင္းစံ...."
"ေအးပါေအးပါ....
နင္ေသခ်ာရင္ၿပီးေရာ......"

သူေမေမ့ဆီဖုန္းဆက္ကာ ေသြးနဲ႕လက္ထပ္မည့္အေၾကာင္း ေျပာေတာ့ ေမေမက ေကာင္းကင္ေလးကေရာတဲ့.....

လမ္းခြဲလိုက္ၿပီးၿပီဆိုတဲ့သူ႕စကားေနာက္ ေမေမ့သက္ျပင္းခ်သံဟာ က်ယ္လြန္းေနသည္။

"သားေသခ်ာရင္ၿပီးတာပဲ" ဆိုတဲ့စကားကသိပ္ေတာ့အားမပါခ်င္ေပ။

သတင္းစာတိုက္ကိုဆက္သြယ္ၿပီး ေစ့စပ္မႈအေၾကာင္း ထည့္ခိုင္းၿပီးခ်ိန္မွာေတာ့ သူအရမ္းကိုပင္ပန္းေနၿပီ.....

တစ္ေန႕ထဲနဲ႕ သူ႕ခႏၶာကိုယ္ဟာ လုံးဝအားမရွိေတာ့သလို ႏုံးက်သြားကာ ကိုခန့္ဆီေရာက္ေအာင္သြားရသည္။

ခႏၶာကိုယ္တြင္း ေသြးလည္ပတ္မႈဟာ ႏွေးသြားလိုက္ျမန္သြားလိုက္ႏွင့္မို႔ oxygen mask တပ္ရင္း ေဆးသြင္းကာ သူေဆး႐ုံမွာအိပ္စက္ခဲ့ရသည္။

အရင္လိုေဆးနဲ႕ထိန္းရမယ္ဆိုၿပီး ေသာက္ရမည့္ေဆးေတြသူ႕လက္ထဲေရာက္လာျပန္သည္။

ဒီသံသရာထဲကေနသူဘယ္လိုမွမလြတ္ေျမာက္နိုင္ေတာ့ဘူးလား.....

သူ႐ုံးကိုေရာက္ၿပီး မၾကာခင္မွာပဲခြန္းေလးေရာက္လာကာ သူ႕ကိုထုရိုက္ၿပီးငိုေနရွာသည္။

ေနာက္ထပ္တံခါးဖြင့္ၿပီး ဝင္လာသည့္ေကာင္းကင္ကိုျမင္ေတာ့ သူ႕မ်က္ႏွာမွာဘာအမူအရာမွမျပမိေအာင္ထိန္းထားရသည္။

သူ႕ကိုငိုယိုၿပီး ေတာင္းပန္ေနသည့္ ေကာင္းကင္ကိုဆက္မၾကည့္နိုင္စြာ computer screen ကိုစိုက္ၾကည့္ေနေပမယ့္ သူဘာကိုမွမျမင္နိုင္ခဲ့ပါ.......

မန္ေနဂ်ာလာပို႔သည့္ design ေတြကိုၾကည့္ၿပီး သူေျပာလိုက္သည့္ ခပ္ေပါ့ေပါ့စကားတစ္ခြန္းက သူ႕ရင္ထဲမွာေတာ့ စူးေအာင့္ေနၿပီးမွ အားတင္းေျပာလိုက္ျခင္းသာ....

ေကာင္းကင္အခန္းထဲကထြက္သြားတာနဲ႕ သူဆိုဖာေပၚမွာ ၿငိမ္သက္စြာလွဲေလ်ာင္းေနခဲ့သည္။

ေ႐ြးထားသည့္ လက္စြပ္ design ႏွင့္ မန္ေနဂ်ာကိုေပးလိုက္သည့္ လက္အတိုင္းက ေသြးႏွင့္ သူ႕ခ်စ္သူရဲ႕ လက္သူႂကြယ္အတိုင္းေလးေတြဆိုတာကို ဘယ္သူမွရိပ္မိမည္မဟုတ္.....

"သလင္းေရ.....
စိုင္းစံရွားငါ့ကိုဖုန္းဆက္တယ္.....
နင့္ေကာင္ေလးငိုေနတယ္ေနာ္.....
အသံကလည္းေတာ္ေတာ္မူးေနၿပီ......"

ေကာင္းကင္တို႔ထိုင္ေနက် bar ဆီသူ႕ကားကိုေမာင္းလာခဲ့ၿပီး ဝင္လာသည့္ စိုင္းစံဖုန္းကိုမကိုင္ဘဲထားလိုက္ကာ bar အေရွ႕မလွမ္းမကမ္း အေမွာင္က်ရာမွာ ကားကိုရပ္လိုက္သည္။

စိုင္းစံ​ဆီကဝင္လာသည့္ စစ္ေကာင္းကင္ကိုလာေခၚေပးဦးဆိုသည့္ message ကိုဖတ္ၿပီး ကေလးဆန္လြန္းသည့္ သူ႕ေကာင္ေလးရဲ႕အႀကံမွန္းရိပ္မိကာ သူဝင္မသြားဘဲ ကားေပၚမွာသာထိုင္ေနခဲ့သည္။

စိုင္းစံႏွင့္ေတဇတို႔ေတြ bar ထဲကေနထြက္လာၿပီး ေကာင္းကင္ရဲ႕ကားကိုပါယူသြားၾကသည္ကိုသူၾကည့္ေနခဲ့သည္။

ႏွစ္နာရီေက်ာ္ေလာက္ၾကာမွ ဆိုင္ထဲကေန ဒယိမ္းဒယိုင္ထြက္လာသည့္ ေကာင္းကင္က ပလက္ေဖာင္းေပၚတြင္ထိုင္ခ်လိဳက္ျပန္သည္။

သူျပန္မပို႔ေပးမခ်င္း ဒီတိုင္းထိုင္ေနမည့္ပုံရွိရာ ၾကာရင္ေနမေကာင္းျဖစ္မည္စိုး၍ ကားေပၚကေနအျမန္ဆင္းခဲ့ရသည္။

ဘယ္ေလာက္ေတာင္ေသာက္ထားခဲ့လဲမသိ လမ္းေတာင္ေကာင္းေကာင္းမေလွ်ာက္နိုင္ဘဲ သူ႕အေပၚကိုမွီထားရွာသည္။

အိမ္မျပန္ဘူးခ်ည္းေအာ္ေနလို႔ နီးစပ္ရာ hotel မွာအိပ္ခိုင္းဖို႔ သူ႕မွာအခန္းယူၿပီး ကိုယ္တိုင္မနိုင္မနင္းႏွင့္ အခန္းထဲတြဲပို႔ရသည္။

တံခါးေလးပိတ္လိုက္တာနဲ႕ ခုနက မူးကြဲေနသူကသူမဟုတ္သလို ဆြဲၿပီး နံရံမွာကပ္ပစ္တာမို႔ ထိတ္လန့္သြားရေပမယ့္ ေဒါသထြက္ဟန္ မ်က္ေမွာင္ေတြ က်ဳံ႕ထားရသည္။

သူနမ္းတာကိုေရွာင္လိုက္မိလို႔ မ်က္ႏွာကိုနာေအာင္ဆြဲညွစ္ၿပီး မ႐ုန္းနဲ႕ ဆိုၿပီး ေအာ္ခံရသည္။

အရိုင္းဆန္လြန္းသည့္ ေကာင္းကင္ရဲ႕အျပဳအမူေတြေၾကာင့္ ဘာကိုလိုခ်င္မွန္းသူနားလည္စြာ အကၤ်ီေတြကိုခြၽတ္ခ်လိဳက္သည္။

အားမလိုအားမရခပ္ၾကမ္းၾကမ္းေတြနမ္းေနသည့္ ေကာင္းကင္ကိုျပန္တုန့္ျပန္မိမည္စိုး၍ လက္သီးကိုတင္းတင္းဆုပ္ထားသည္။

ကုတင္ေပၚပစ္တင္ခံရသည့္ေနာက္ အဝတ္ေတြမရွိေတာ့ခ်ိန္ ရွက္စိတ္နဲ႕ေၾကာက္စိတ္ကို ဖုံးကြယ္ရန္သူေကာင္းကင္ကိုမ်က္ႏွာလႊဲထားသည္။

အနမ္းေတြေအာက္ပူထူေနရၿပီး အသံမထြက္မိေအာင္အံႀကိတ္ထားရသည္မွာ ခက္ခဲလြန္းလွသည္။

ညေနက ေဆးေသာက္ထား၍ သူႏွလုံးခုန္ႏႈန္းကိုထိန္းထားနိုင္ခဲ့ၿပီး အညွာအတာမရွိတိုးဝင္လာသည့္ ေကာင္းကင္ေၾကာင့္ နာလြန္းလို႔မ်က္ရည္ေတြက်သည္။

ငုံ႕နမ္းသည့္သူ႕ေက်ာျပင္ေတြကိုဖက္တြယ္ၿပီးကုတ္ျခစ္ပစ္ခ်င္ေပမယ့္ သူ႕အသားနာသြားမည္ကိုစိုးကာ ေခါင္းဦးႏွင့္ အိပ္ရာခင္းကိုပဲ သူအားကိုးတႀကီး ဆြဲေခ်မိသည္။

နာလြန္းလို႔ထရိုက္ပစ္ခ်င္ေနသည့္ သူ႕အၾကည့္ေတြကိုေကာင္းကင္ကဘယ္လိုထင္သြားလဲမသိ သူ႕ကိုအညိုးတႀကီး အရွိန္ေတြျမႇင့္ၿပီး ၾကမ္းတမ္းသည္။

နာကနာ ဝမ္းနည္းကလည္းဝမ္းနည္းနဲ႕ သူ႕မွာမ်က္ရည္ေတြကိုမတိတ္......

မ်က္လုံးေတြေလးၿပီး အရမ္းလည္းပင္ပန္းလာၿပီမို႔ ေကာင္းကင္ဘာေတြဆက္လုပ္ေနလည္း သူမသိေတာ့ မ်က္လုံးေတြပိတ္ၿပီး အသိစိတ္လြတ္သြားသည္ထင္.....

သူအလန့္တၾကားနိုးထလာေတာ့ ေကာင္းကင္ကသူ႕ကိုဖက္ၿပီး အိပ္ေပ်ာ္ေနရွာသည္။

အခန္းတြင္းမွနာရီလက္တံက မနက္ေျခာက္နာရီထိုးဖို႔ ဆယ္မိနစ္လိုေသးေၾကာင္းျပေနသည္။

ေျခေထာက္တစ္ဖက္ကိုမသိမသာလႈပ္ၾကည့္တုန္းရွိေသး ေက်ာရိုးတစ္ေလ်ာက္ေအာင့္တက္ေနသည့္နာက်င္မႈေၾကာင့္ မ်က္ရည္ကဝဲရျပန္သည္။

ေကာင္းကင္နိုးလာခ်ိန္မွာ သူရွိေနလို႔မျဖစ္တာမို႔ ခါးေပၚကလက္ေတြကို အသာဖယ္ၿပီး သူမနဲထထိုင္လိုက္သည္။

အျပစ္ကင္းစြာ အိပ္ေပ်ာ္ေနသည့္ ေကာင္ေလးရဲ႕ နဖူးကိုထိ႐ုံေလးနမ္းကာ သူထၿပီး အဝတ္ေတြဝတ္သည္။

ေျခေထာက္ေတြကေခြလဲခ်င္ေနေပမယ့္ မာန္ကိုတင္းကာ သူရေအာင္ေလွ်ာက္ရင္း ကားဆီကိုေရာက္ေတာ့ သူေတာ္ေတာ္ကိုေမာဟိုက္ေနခဲ့ၿပီ....

ေဆးဆိုင္တစ္ဆိုင္မွာရပ္ၿပီး ေဆးတခ်ိဳ႕ဝယ္ကာ သူအိမ္ကိုျပန္ခဲ့သည္။

မေန႕ကေရာက္လာသည့္ ေမေမက သူနဲ႕ေသြးမဂၤလာေဆာင္ကိစၥေတြကိုစတင္စီစဥ္ရင္း အလုပ္ရႈပ္ေနကာ ခြန္းေလးကေတာ့သူ႕ကိုလုံးဝစကားမေျပာေပ။

မုန့္စားေဆးေသာက္ၿပီး ေအာက္ပိုင္းကို ဟိုလိမ္းေဆးလိမ္းရင္း သူမွာနာလြန္းလို႔ ေအာက္ႏႈတ္ခမ္းကိုကိုက္မိေတာ့ ေအာက္ႏႈတ္ခမ္းကလည္း မေန႕ညကအနမ္းခံရတာနဲ႕သူဖိကိုက္ထားလို႔ေပါက္ၿပဲေနရွာသည္။

ဖ်ားခ်င္လာသလိုရွိတာမို႔ ဟန္မပ်က္ အခန္းထဲေန သူမထြက္ဘဲအိပ္ေနခဲ့သည္။

ဝမ္းခ်ဳပ္ေနလို႔ သူမွာေတာ္ေသးသည္။မဟုတ္ရင္ေတာ့ မေတြးရဲစရာ.....

ေကာင္းကင္ကအိမ္အထိလာေသာင္းက်န္းၿပီးခ်ိန္မွာေတာ့ သူ႕ကိုတကယ္မုန္းသြားပုံရသည္။

သူ႕ေနာက္ကိုလိုက္ေနမွန္းသိေပမယ့္ သူမျမင္ခ်င္ေယာင္ေဆာင္ကာ ပို၍ရယ္ေမာျပခဲ့သည္။

ကိုကိုနဲ႕ကိုခန့္ကေတာ့ သူ႕အေျခအေနအမွန္ကိုသိသူေတြျဖစ္ရာ သူ႕ကိုႏွစ္သိမ့္ၾကသည္။

မဂၤလာပြဲေန႕ ေနာက္တစ္မ်ိဳးေျပာရရင္ ေကာင္းကင္ဒီနိုင္ငံကထြက္ခြာသြားမည့္ေန႕....

Wedding dress ကိုဆင္ျမန္ထားသည့္ ေသြးကစိတ္လႈပ္ရွားစြာသူ႕လက္ကိုဆုပ္ကိုင္ထားသည္။

Hotel သို႔ေမေမတို႔ကိုအရင္သြားခိုင္းထားၿပီး ေသြးကိုေစာင့္ကာသူတို႔ႏွစ္ေယာက္ၿပီးတာနဲ႕လာခဲ့မည္ဟုလိမ္ထားသည္။

သူတို႔ကားရဲ႕ဦးတည္ရာဟာhotelသို႔မဟုတ္..

ရန္ကုန္ မႏၱေလး လမ္းမႀကီးထံ.....

မဂၤလာပြဲၿပီးတာနဲ႕ သူ႕အိမ္မွာလိုက္ေနရမည္ဆိုၿပီး မိဘေတြကိုအယုံသြင္းကာ ျပင္ထားသည့္ luggage ႏွင့္ အထုပ္ေတြကလည္း ကားေနာက္ဖုံးထဲမွာ....

လမ္းမေဘးမွာ ရပ္ထားသည့္ ကားျဖဴေလးႏွင့္ လည္ပင္းတရွည္ရွည္ေစာင့္ေနရွာသည့္ ေသြးခ်စ္သူက ကားေပၚကဆင္းလာသည့္ ေသြးကိုေျပးဖက္သည္။

အထုပ္ေတြကို သူ႕ကားေပၚမွသယ္ယူၿပီး ေက်းဇူးတင္စကားေျပာေနသည့္ ေသြးခ်စ္သူက သူတို႔ထက္ငါးႏွစ္ႀကီးသည့္ အင္ဂ်င္နီယာတစ္ေယာက္....

သူ႕ေဘာင္းဘီအိတ္ထဲမွ အနီေရာင္ကတၱီပါလက္စြပ္ဘူးကို ေသြးခ်စ္သူလက္ထဲ လက္ေဆာင္အေနနဲ႕ ထည့္ေပးလိုက္ကာ ေလဆိပ္ဆီသို႔ ကားကိုမိုင္ကုန္တင္ေမာင္းသည္။

ေနာက္ဆုံးအေနနဲ႕တစ္ခါေလာက္ပဲျဖစ္ျဖစ္ သူ႕မ်က္ႏွာကိုျမင္ခ်င္ေသးသည္။

အနက္ေရာင္မဂၤလာဝတ္စုံ suit ႏွင့္ေလဆိပ္ထဲေျပးဝင္သည့္သူ႕ကို အထူးအဆန္းလိုၾကည့္ၾကေပမယ့္ သူေကာင္းကင္ကိုပတ္ရွာသည္။

ခုံတန္းတစ္ခုေပၚမွာေခါင္းငိုက္စိုက္ခ်ၿပီး ငိုေနသည့္ ေက်ာျပင္ကိုျမင္လိုက္ေတာ့ သူထိုေဒါင့္ခ်ိဳးေလးကေနသာ ရပ္ၾကည့္ေနခဲ့သည္။

မ်က္ရည္ေတြသုတ္ၿပီး တေ႐ြ႕ေ႐ြ႕ေလွ်ာက္လွမ္းသြားသည့္ ေက်ာျပင္ေနာက္ကို သူမမွိတ္မသုန္ၾကည့္ရင္း လိုက္ခဲ့ေသးသည္။

ေလဆိပ္စစ္ေဆးေရးကိုျဖတ္ၿပီး အထဲဝင္သြားသည့္ ေကာင္းကင္သာ အေနာက္ကိုတစ္ခ်က္လွည့္ၾကည့္ခဲ့မယ္ဆိုရင္ မ်က္လုံးေတြနီရဲေအာင္ငိုေနတဲ့.....သူ႕အခ်စ္ဦးကိုေတြ႕ခဲ့ဦးမွာ......

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ေကာင္းကင္ထိုင္ခဲ့တဲ့ေနရာမွာ သူဘယ္ေလာက္ၾကာေအာင္ထိုင္ငိုေနခဲ့လည္းမသိ.....

သူ႕အနားအေျပးေရာက္လာၾကၿပီး သူ႕လက္ကိုဆုပ္ကိုင္လာသည့္ ခြန္းေလးကိုျမင္မွ သူ႕ေဘးေရာက္ေနသည့္ ကိုကိုႏွင့္ေမေမတို႔ကိုျမင္သည္။

လစ္ဟာေနသည့္ခံစားခ်က္ႏွင့္အတူ သူအသက္ရႈလို႔မရေတာ့ဘဲ စိတ္ေလ်ာ့လိုက္သည္။

နားထဲၾကားရသည့္ ေမေမ့ငိုသံ.....
ခြန္းေလးရဲ႕ေခၚသံ.....

တျဖည္းျဖည္းေဝးကြာလာခဲ့ၿပီ.....

"200 joules!!!"

ျမႇောက္တက္သြားျပန္သည့္ ျမဴ႕ခႏၶာကိုယ္ေလး....

​ျမဴ႕ ရင္ဘက္ေပၚလက္ႏွစ္ဖက္နဲ႕ဖိၿပီး CPR လုပ္ေနသည့္ ကိုခန့္မွာလည္း တေျဖာင့္တည္းျဖစ္သြားသည့္ ႏွလုံးခုန္တိုင္းတာစက္ေၾကာင့္ အံကိုႀကိတ္ကာ အရွိန္ကိုပိုတိုးသည္။

"ငယ္!!
စစ္ေကာင္းကင္ျပန္လာတာကိုေစာင့္ရဦးမယ္ေလ!!.....
သူငယ့္ဆီကိုျပန္လာဦးမွာ......."

တီ...တီ...ဆိုၿပီး ျပန္ျမည္လာသည့္ ႏွလုံးခုန္တိုင္းတာစက္ရဲ႕အသံေနာက္ မ်က္ဝန္းေထာင့္မွစီးက်လာျပန္သည့္ မ်က္ရည္စီးေၾကာင္းကို ဘုန္းရွိန္ဝါထက္အသာသုတ္ေပးလိုက္သည္။

စစ္ေကာင္းကင္ကိုအဲ့ေလာက္ေတာင္ခ်စ္သလား....ငယ္ရယ္....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ကုန္ဆုံးသြားတဲ့ ေလးႏွစ္လုံး သူေဆး႐ုံေပၚမွာပဲ တျဖည္းျဖည္း ပိုမ်ားလာတဲ့ ေဆးေတြကို အသာတၾကည္အထိုးခံကာ နာက်င္မႈကိုအံတုသည္။

ေကာင္းကင္ကိုရည္႐ြယ္ၿပီး သီခ်င္းေတြသူေရးသည္။

အားေလ်ာ့လိုက္ခ်င္တိုင္း ေကာင္းကင္ျပန္လာေတာ့မွာဆိုၿပီး ကိုယ့္ကိုကိုယ္အားေပးသည္။

ေကာင္းကင္သူ႕ေၾကာင့္ျပန္လာရတာမ်ိဳးမဟုတ္ဘဲ အခ်ိန္တန္လို႔ျပန္လာတာမ်ိဳးပဲျဖစ္ေစခ်င္လို႔ သူေတဇတို႔အပါအဝင္အကုန္လုံးကို ကိုယ့္ကိုကိုယ္သတ္ေသပစ္မည္ဆိုၿပီး ၿခိမ္းေျခာက္ကာႏႈတ္ပိတ္ထားနိုင္ခဲ့သည္။

ေကာင္းကင္ရဲ႕အေဖႏွင့္အေမလည္းသူ႕အေျခအေနကိုသိသြားေပမယ့္ ခပ္တန္းတန္းသာ....

ဘယ္မိဘကမ်ား ကိုယ့္သားသမီးကိုထိခိုက္နာက်င္ေအာင္လုပ္ထားတဲ့လူကို သေဘာက်ပါ့မလဲ.....

သူ႕ phone wallpaper မွာမေျပာင္းလဲဘဲေနရာယူထားသည့္ ေကာင္းကင္ရဲ႕ ေနာက္ေက်ာျပင္ေလးကို ၾကည့္ရင္း တစ္ခါတစ္ခါ သူငါ့ကိုမုန္းသြားတာ ငါ့ဆီျပန္လာေတာ့မွာမဟုတ္ဘူးဆိုသည့္အေတြးေၾကာင့္ အသက္ရွင္ခ်င္စိတ္ေပ်ာက္သည့္ ရက္ေပါင္းမ်ားစြာလည္းရွိသည္။

ဘာမွမလုပ္ဘဲေနတာေတာင္ ႏွေးလိုက္ျမန္လိုက္မၿငိမ္သည့္ ႏွလုံးေၾကာင့္ ႏွလုံးခုန္ႏႈန္းထိန္းညွိလႈံ႕ေဆာ္သည့္ စက္အျဖဴေလးကေသြးေၾကာေတြႏွင့္ခ်ိတ္ဆက္ၿပီးသူ႕ရင္ဘက္ေပၚမွာရွိေနသည္။

ေသြးမိဘေတြကလည္း သမက္ျဖစ္သူကိုသိပ္လက္မခံခ်င္ေပမယ့္ သမီးႏွင့္ေျမးမေလးကိုမစြန့္လႊတ္နိုင္ၾကေပ။

ေသြးသမီးေလးက စကားေျပာတတ္ခါစအ႐ြယ္ကတည္းက သူ႕ကိုေခၚတာေဖေဖေလးတဲ့.....

ေသြးခင္ပြန္းကိုယ္တိုင္က လိုလိုလားလားေခၚခိုင္းတာမို႔ သူလည္းသေဘာတက် ေဖေဖ့သမီးေလး ဟုသာေခၚခဲ့သည္။

သူပုံမွန္လုပ္ေနက်အတိုင္း ကိုကိုႏွင့္ ပန္းၿခံထဲဆင္းကာသီခ်င္းဆိုသည္။

ဂစ္တာကိုမတီးနိုင္ေတာ့သည့္ သူ႕လက္ေခ်ာင္းေတြေၾကာင့္ ကိုကိုကသာ ဂစ္တာကိုတီးခတ္ေပးသည္။

သီခ်င္းႏွစ္ပုဒ္ၿပီးခ်ိန္မွာေတာ့ သူဆက္မဆိုနိုင္ေတာ့တာေၾကာင့္ ကိုကို႔ကိုအခန္းျပန္ပို႔ဖို႔ေျပာရသည္။

ကေလးေတြကိုႏႈတ္ဆက္ေနရင္း မလွမ္းမကမ္းမွာရပ္ေနသည့္ အရပ္ရွည္ရွည္ႏွင့္လူကို သူလွမ္းျမင္လိုက္သည္။

သူ႕ရဲ႕ေကာင္းကင္.....

ငိုေနတယ္......

ရင့္က်က္မႈရွိလာသည့္အသြင္အျပင္ေတြရွိလာေပမယ့္ သူ႕ကိုၾကည့္ၿပီး အရင္လိုငိုေနရွာသည္။

ဝွီးခ်ဲကိုတြန္းေပးေတာ့မည့္ ကိုကို႔ကိုတားကာ သူအားယူၿပီး မတ္တပ္ရပ္လိုက္သည္။

ေမာင္က​မိုင္ေပါင္းမ်ားစြာ အေဝးႀကီးကေနၿပီးသူ႕ေရွ႕ကိုေရာက္ေအာင္ျပန္လာၿပီးၿပီပဲ.....

ေျခလွမ္းဆယ္လွမ္းေလာက္ပဲရွိေတာ့တဲ့အကြာအေဝးကိုေတာ့ သူကိုယ္တိုင္ေလွ်ာက္လွမ္းၿပီး ေမာင့္ရင္ခြင္ထဲတိုးဝင္လိုက္သည္။

ရင္ဘက္ကစက္ေၾကာင့္ သူအရမ္းမဖက္ရဲဘဲ ကေလးေလးကိုငိုေနသည့္ ေမာင့္ေက်ာျပင္ကို ပုတ္ေပးမိသည္။

"ျပန္လာတာကို.....
ႀကိဳဆိုပါတယ္ ေမာင္......"
"သဲငယ္ရာ....."

ေဆြးေဆြးေျမ့ေျမ့ေမာင့္အသံဟာ သူ႕ကိုေအးခ်မ္းေစခဲ့သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ေ႐ြ႕လ်ားေနတဲ့အခ်ိန္ေတြနဲ႕
ေျပာင္းလဲေနၾကတဲ့လူေတြၾကားမွာ
တစ္စုံတစ္ေယာက္ကေတာ့
မင္းကိုအရင္အတိုင္း
ေစာင့္ေမွ်ာ္ေနတုန္းပဲ

(AN: ကိုယ္ ment ေတြကိုေတာင္ reply မျပန္ရဲေတာ့ပါဘူး.....)

***********************************

Bạn đang đọc truyện trên: Truyen247.Pro