Part-62 ( For Sky)
Unicode
တရွေ့ရွေ့ကုန်ဆုံးလာတဲ့အချိန်တွေအတွင်းမှာ သူပြောင်းလဲဖို့အမျိုးမျိုးကြိုးစားတယ်....
တစ်စုံတစ်ယောက်ကိုမလွမ်းမိအောင် စာထဲမှာအာရုံကိုနှစ်တယ် အချိန်ပိုင်းအလုပ်တွေလုပ်တယ် အိပ်မပျော်ရင်တောင်စာအုပ်တွေဖတ်ပြီးအတွေးတွေကိုတားဆီးထားတယ်....
အရင်က သုံးခဲ့သမျှ social media account တွေအကုန်သူ ဖျက်ပစ်ပြီး သူငယ်ချင်းတွေကိုတောင် အဆက်အသွယ်ဖြတ်ထားသည်။
အဖေနဲ့အမေကတောင် မနေနိုင်လို့ဖုန်းဆက်ကြပေမယ့် တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီး ဘာစကားတစ်ခွန်းမှမဆိုကြ။
သံရုံးကစီစဥ်ပေးထားတဲ့တိုက်ခန်းမှာ သူနဲ့တခြား Scholar အောင်သည့် မြန်မာကျောင်းသားတစ်ဦးအတူနေရသည်။
သူ့ဘက်ကတော့ မလိုအပ်ဘဲစပြီးစကားဆိုလေ့မရှိပေမယ့် အခန်းဖော်တွေဖြစ်နေ၍ ရင်းနှီးသည်ဟုဆိုနိုင်သည်။
"စစ်ကောင်းကင် မင်းအိမ်မပြန်ဘူးလား...."
စာမေးပွဲပြီးလို့ကျောင်းပိတ်တိုင်း မေးတတ်သည့်အခန်းဖော်ရဲ့မေးခွန်းကို သူအမြဲခေါင်းရမ်းပြီးသာအဖြေပေးသည်။
သူမပြန်ချင်......
တစ်စုံတစ်ယောက်ရဲ့အငွေ့အသက်တွေရှိနေတဲ့မြေကို ပြန်ခြေချမိရင် ကျက်ခါစအနာဟာဆားနဲ့အပက်ခံရသလို ပြန်နာမည်ထင်....
တစ်ခါတစ်လေ တေဇတို့ဆီက ဖုန်းလာပေမယ့် နေကောင်းလားအဆင်ပြေလားမှလွဲ၍ ပြောစရာစကားတွေမရှိခဲ့.....
တဖြည်းဖြည်း နာမည်ကြီးလာတဲ့ ခွန်းခက်ဆစ်လေးရဲ့ သီချင်းတွေကိုတော့ သူ You Tube ကနေ download ဆွဲနားထောင်ဖြစ်သည်။
သူ့အခန်းဖော်ကလည်း ခွန်းလေးရဲ့ Fan မို့သီချင်းအသစ်တွေထွက်တိုင်း မကြားချင်မှအဆုံး တစ်နေကုန်ကိုဖွင့်တော့တာ....
ခွန်းလေးရဲ့ သီချင်းတွေထဲမှာမှ တေးရေး FS ရဲ့သီချင်းတွေကိုသူအကြိုက်ဆုံးပင်....
သံစဥ်အေးအေးလေးတွေနဲ့ စာသားလေးတွေက သူကိုအမည်မဖော်နိုင်သည့်ခံစားချက်မျိုးပေးစွမ်းနိုင်သည်။
သူဝန်ခံပါတယ် တစ်စုံတစ်ယောက်ကိုချစ်နေမိတုန်းပဲဆိုတာကို.....
ချစ်လဲချစ်သလို မုန်းလည်းမုန်းသည်။
သူကတော့ သူလိုချင်တဲ့ သာယာတဲ့မိသားစုလေးကိုတည်ဆောက်ထားပြီး အိမ်ထောင်ဦးစီးအဖြစ်နဲ့ပျော်နေမှာ.....
တကယ်လို့အမှတ်မထင်ပြန်ဆုံမိရင်တောင် တောက်ပတဲ့အနာဂတ်နဲ့သူ့ပုံစံကိုမြင်စေချင်တာမို့ သူအမြဲအကောင်းဆုံးကြိုးစားသည်။
အချိန်လေးနှစ်ကုန်ပြီး သူဘွဲ့ရတာတောင် အိမ်ပြန်ဖို့စိတ်မကူးမိသေး....
အဖေနဲ့အမေကလည်း သူ့စိတ်ဆန္ဒအတိုင်းပြန်လာဖို့မတိုက်တွန်းကြတော့....
အခွင့်အလမ်းတွေများတဲ့ ဒီနိုင်ငံမှာပဲ ကမ်းလှမ်းလာတဲ့အလုပ်တွေထဲက တစ်ခုကိုသူရွေးခြယ်ခဲ့တယ်.....
ထပ်ပြီးအလုပ်ထဲမှာစိတ်ကိုနှစ်တယ်......
အချိန်တိုအတွင်းမှာ နေရာကောင်းတစ်ခုကိုသူရတယ်.....
လေးနှစ်လုံးလုံးသူ့အခန်းဖော်ဖြစ်ခဲ့တဲ့ ဟိန်းထက်ကလည်း သူနဲ့အလုပ်အတူတူပဲမို့ နှစ်ယောက်သားတိုင်ပင်ဖော်တိုင်ပင်ဖက်တွေဖြစ်ခဲ့သည်။
"အိမ်မပြန်ချင်လောက်အောင် မင်းကိုဘာတွေကများစိတ်ဒုက္ခ ပေးခဲ့လို့လဲ"
အတူသောက်ဖြစ်တိုင်း မေးတဲ့ ဟိန်းထက်က တစ်ခါမှပြန်မဖြေသည့် သူ့ကြောင့် အမြဲတမ်းအားမလိုအားမရဖြစ်ရသည်။
အထာပေးလာတဲ့အချောအလှတွေကို မမြင်ချင်ယောင်ဆောင်တတ်လွန်းလို့....
"မင်းဘုန်းကြီးဝတ်တော့မလို့လား....."ဆိုပြီး နောက်လေ့ရှိသေးသည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ရုံးပိတ်ရက်မို့ သူထိုင်နေကျ coffee ဆိုင်မှာ စာအုပ်တစ်အုပ်ကိုပဲ စိတ်ဝင်တစားဖတ်ဖြစ်သည်။
📲🎶 phone rings......
"အေးပြော...."
"စစ်ကောင်းကင် မင်းခွန်းလေးရဲ့ interview ကိုတွေ့ပြီးပြီလား...."
"ဘာ Interview လည်း သီချင်းအသစ်ထွက်မယ့်အကြောင်းလား...."
"မဟုတ်ဘူး......
ငါဘယ်လိုပြောရမလဲတောင်မသိဘူး....
ငါမင်းကို You Tube link ပို့လိုက်မယ်
ဝင်ကြည့်လိုက်...."
ပြောပြီးဖုန်းတန်းချသွားကာ ချက်ချင်း link တစ်ခု message ဝင်လာသည်။
"ဘာအကြောင်းမို့လို့လဲ....."
သူပုံမှန် ဘာ Interview ကိုမှမကြည့်ပေမယ့် သကောင့်သားအသံက serious ဖြစ်လွန်းနေလို့ ဝင်ကြည့်လိုက်သည်။
တင်ထားတာ 7 နာရီပဲရှိသေးတယ်....
TV Show Program တစ်ခုရဲ့ Live မှာ စစချင်းသာမန် Interview တွေလိုပဲ သီချင်းအကြောင်းတွေ အချစ်ရေးတွေဘာတွေမေးတာကို ခွန်းလေးကပါးနပ်စွာပဲပြန်ဖြေနေသည်။
"ဘဝမှာ နောင်တရတာမျိုးရှိခဲ့ဖူးလား..."
Interview သူကြောင့်အမေးကြောင့် ခွန်းလေးကခပ်ဖျော့ဖျော့လေးပြုံးသည်။
တစ်စုံတစ်ယောက်နဲ့တူလွန်းတဲ့အပြုံး.....
"တစ်ခါရှိခဲ့ဖူးတယ်.....
လွန်ခဲ့တဲ့ လေးနှစ်ကျော် ငါးနှစ်နီးပါးလောက်တုန်းက....."
"ဘယ်လိုအကြောင်းကိစ္စမျိုးကြောင့်လဲပြောပြလို့ရမလား....."
ခွန်းလေးကတစ်ချက်တွေဝေသွားကာ မန်နေဂျာဆီကဖုန်းကိုတောင်းပြီး message တစ်စောင် ပို့လိုက်သည်။
"အဲ့တုန်းက ညီမအစ်ကိုငယ်ရဲ့ လက်ထပ်ပွဲကိစ္စကြောင့် ညီမအရမ်းကို ဒေါသတွေဖြစ်ခဲ့ရတာ.....
ကိုကို့မှာ ချစ်သူရှိတယ်.....ဒါပေမယ့်ရုတ်တရက် တခြားမိန်းကလေးတစ်ယောက်နဲ့စေ့စပ်လိုက်တယ်ဆိုပြီး သီတင်းစာမှာပါလာတော့ညီမသောင်းကျန်းခဲ့တာပေါ့နော်.....
ညီမမိသားစုဝင်တွေအကုန်လုံးကတော့ ဘာမှမပြောကြဘူး ကိုကိုလက်ထပ်မဲ့ကိစ္စကိုဘယ်သူမှမကန့်ကွက်ကြတော့ ညီမပိုဒေါသဖြစ်ရတယ်...
ကိုကိုကတကယ့်ကိုတာဝန်မယူတတ်တဲ့သူ...
မုန်းစရာကောင်းတဲ့သူဆိုပြီး ညီမအော်ပြောခဲ့မိတာ.....
ကိုကို့မင်္ဂလာပွဲကိုလည်းညီမမတက်ဘူး.....
အဲ့နေ့အိမ်မှာညီမတစ်ယောက်ထဲကျန်ခဲ့ပြီး ကိုကို့အခန်းထဲမှာ သီချင်းစာအုပ်သွားရှာတဲ့အချိန်........
ညီမကိုကို့ရဲ့ Diary ကိုတွေ့ခဲ့တယ်........."
ခွန်းလေးကမျက်ရည်တွေကျလာပြီး tissue တစ်ခုနှင့်အလျင်အမြန်သုတ်ပစ်သည်။
"မပြောချင်ရင် ဆက်မပြောပါနဲ့လား... "
"ရတယ်......
ညီမပြောမှဖြစ်တော့မှာ.....
ကိုကိုကဒီအကြောင်းတွေကို Australia ရောက်နေတဲ့သူ့ချစ်သူကိုမသိစေချင်လို့ ညီမတို့အကုန်လုံးကိုနှုတ်ပိတ်ထားပေမယ့်.....
မပြောလို့တကယ်မဖြစ်တော့ဘူး....
Diary ကိုဖတ်ပြီး ညီမအကြောင်းစုံကိုနားလည်သွားခဲ့တယ်....
မင်္ဂလာပွဲကိုလိုက်သွားတော့ hotel ခန်းမထဲမှာအကုန်လုံးပြာယာတွေခတ်နေကြတယ်....
သတို့သားရောသတို့သမီးရောပျောက်နေလို့တဲ့......"
ကောင်းကင်ကိုယ်များနားကြားမှာလားဆိုပြီး အနောက်ကိုပြန်ရစ်ကြည့်မိသေးသည်။
"မင်္ဂလာပွဲပျက်ပြီး ကိုကို့ကိုတစ်နေကုန်လိုက်ရှာခဲ့ပေမယ့် ည 7 နာရီကျော်မှ ကိုကို့ကို လေဆိပ်ထဲမှာ.......တွေ့ခဲ့ကြတာ....."
လေဆိပ်?
မြူကလေဆိပ်မှာဘာလုပ်နေခဲ့တာလဲ....
အဲ့နေ့က ငါဒီကိုထွက်လာခဲ့တဲ့နေ့မလား.....
ကောင်းကင်အတွေးတွေရှုပ်ထွေးကုန်သည်။
"ကိုကိုက.....တစ်နေ့ကုန်ငိုထားတဲ့ပုံပဲ.....
ညီမတို့တွေ့တော့ ကိုကို့ကိုဆေးရုံတန်းပို့ခဲ့ရတယ်....."
"သတို့သမီးကရော"
Interview သူကစိတ်ဝင်တစားဝင်မေးသည်။
"သတို့သမီးမမသွေးက......
သူ့ချစ်သူနဲ့လိုက်ပြေးသွားတာ.....
ဒါကို ကိုကိုသိတယ်.....
အစကတည်းက သူတို့ထွက်ပြေးနိုင်အောင်ကိုကိုက ကူညီပေးခဲ့တာ.....
ကိုကိုက သူ့အခက်အခဲတွေကိုအရမ်းကိုမျိုသိပ်တာ......
သူခံစားနေရတဲ့ဝေဒနာကိုတောင် အပြုံးမပျက်သိုဝှက်ထားတာကို ညီမသိလိုက်ရတဲ့အချိန် ကိုယ့်ပါးကိုယ်ရိုက်မိတယ်.....
ကိုကို့အပေါ်ညီမအဲ့လိုတွေမပြောခဲ့သင့်ဘူး.."
ကောင်းကင်သေချာနားထောင်နေပေမယ့် သူမဆိုလိုချင်တာကိုနားမလည်နိုင်.....
မင်္ဂလာပွဲပျက်သွားပြီး မြူကဘာလို့လေဆိပ်ရောက်နေတာလဲ....
"ညီမတောင်းဆိုစရာရှိတယ်....
ဒီ video clip လေးကိုပါပြပေးလို့ရမလား..."
Interview သူကခေါင်းညိတ်ကာ ခွန်းလေးဖုန်းကိုယူလိုက်သည်။
Screen အပြည့်ထွက်ပေါ်လာသည့် video လေးက ဖုန်းကို stand နှင့်ထောက်ပြီးရိုက်ထားဟန်ရှိသည်။
လူနာကုတင်တစ်ခု....
မြင်ကွင်းထဲပေါ်လာသည့် လူနာဝတ်စုံနှင့်ပုံရိပ်ကလေးက ကုတင်ပေါ်တွင်ထိုင်လိုက်သည်။
"သဲငယ်....."
သူ့နှုတ်မှတအံ့တဩခေါ်မိသည့်နာမ်စားလေး....
"ကိုကို...
အစ်ကိုစစ်ကောင်းကင်နိုင်နဲ့တွေ့ရင် ဘာတွေပြောမှာလဲအစမ်းပြောကြည့်ပါလား.....
Camera ကိုကြည့်ပြော...."
ထွက်ပေါ်လာသည့် ခွန်းလေးအသံလေးနှင့် ဖျော့တော့လွန်းနေသည့်မြူဟာ camera ကိုတည့်တည့်ကြည့်ကာပြုံးသည်။
"မောင်.....
အရမ်းငိုနေခဲ့သေးလား...."
ကောင်းကင်ရဲ့စိတ်နှလုံးဟာ တုန်လှုပ်လာရသည်။
မြူကဆက်မပြောတော့ဘဲခေါင်းငုံ့သွားကာ မျက်နှာကိုလက်နှင့်အုပ်လိုက်သည်။
အရင်အတိုင်းရှိနေသေးသည့်သူ့နာမည် tatoo လေးအပြင်....
လက်ကောက်ဝတ်ထက်မှ ဆေးသွင်းသည့် ပိုက်လေးကို အခန့်သားတွေ့လိုက်ရသည်။
မြူ....မင်းဘာတွေဖြစ်နေတာလဲကွာ.....
"ကိုကိုဆက်ပြောလေ....."
"ဘာပြောရမလဲမသိတော့ဘူး.....
သူက......
ကိုကို့ကို မုန်းနေမှာ......"
အရည်လဲ့တဲ့မျက်ဝန်းတွေနဲ့မြူက ပြုံးပြန်သည်။
"သသရေ ဆေးထိုးချိန်ရောက်ပြီ!"
အခန်းထဲကိုဝင်လာသည့် ဆရာဝန်က မြူခေါ်သည့် ကိုခန့်ဆိုသူ.....
"ခွန်းလေး မရိုက်နဲ့တော့...."
"ဟုတ် ပိတ်လိုက်ပြီ...."
ခွန်းလေးက ပိတ်လိုက်ပြီပြောပေမယ့် camera ကိုဒီတိုင်းထားကာ ကုတင်ပေါ်လှဲလိုက်သည့် မြူ့အနားရောက်သွားသည်။
"ထုံးစံအတိုင်း နာလည်းသည်းခံနော်...."
ကိုခန့်စကားကိုမြူကနာခံစွာ ခေါင်းလေးညိတ်သည်။
ပါလာသည့်သူနာပြုနှစ်ဦးက မြူ့လက်ကိုတစ်ယောက်ကထိန်းပြီး ခြေထောက်လေးတွေကိုတစ်ယောက်က သွားချုပ်ထားသည်။
ကောင်းကင်သိလိုစိတ်တွေ ပိုလို့ပင်တိုးလာရင်း လက်သည်းတွေကို ဖိကိုက်မိသည်။
"စိတ်လျော့ထား..... "
မြူ့လက်ကောက်ဝတ်ပိုက်ကနေတစ်ဆင့် ဆေးထိုးအပ်လေးနဲ့ ထိုးသွင်းလိုက်တော့ မြူကအံကိုကြိတ်ထားသည်။
ဖြူဖွေးနေသည့် အသားအရေမှာ အနီရောင်ဘက်ပြောင်းလာပြီး ထောင်တက်လာသည့်အကြောတွေက မြူနာကျက်နေမှန်းသိစေသည်။
ကောင်းကင်ရင်တွေပူလောင်လာသည်။
မြူကနေကောင်းသွားပြီလေ....
ဘာလို့ဆေးရုံပေါ်မှာဆေးတွေထိုးနေရတာလဲ.....
"ခဏအိပ်လိုက်ဦး...."
အသက်မျှင်းမျှင်းရှူနေသည့် မြူ့ခြေတွေလက်တွေကိုချုပ်ထားသည့် သူနာပြုတွေကလည်းပြန်လွှတ်ပေးကာထွက်သွားကြသည်။
မြူ့အင်္ကျီကြယ်သီးကို ကိုခန့်ဖြုတ်လိုက်တော့ ဘယ်ဘက်ရင်အုံပေါ်မှာ အဖြူရောင်စက်ကလေးတစ်ခုပေါ်လာသည်ကိုကောင်းကင်ပြူးပြဲကြည့်မိသည်။
ကိုခန့်ကထိုစက်ကလေးကိုစစ်ဆေးကာ ကြယ်သီးတွေပြန်တပ်ပြီးထွက်သွားတော့ video လေးပြီးသွားသည်။
"ဒီ video ထဲက ခွန်းခက်ဆစ်ရဲ့အစ်ကိုအငယ်လား...."
"ဟုတ်.....
ကိုကိုက ညီမရဲ့တေးရေးဆိုလည်းဟုတ်တယ်....."
"တေးရေး?...
မဟုတ်မှ တေးရေး FS လား...."
"ဟုတ်တယ်.....
ကိုကိုက သီချင်းတွေကို သူ့ချစ်သူ အစ်ကိုစစ်ကောင်းကင်နိုင်ကိုရည်ရွယ်ပြီးရေးတာ....
FS ဆိုတာက For Sky တဲ့...."
ကောင်းကင် ကျလာသည့် မျက်ရည်တွေကို မထိန်းနိုင်တော့.....
"အစ်ကို စစ်ကောင်းကင်နိုင်....
ကျေးဇူးပြုပြီး......
ပြန်လာခဲ့ပါတော့......
ကိုကိုက အစ်ကို့ကိုစောင့်နေရှာတယ်....
အရမ်းနောက်မကျခင် ပြန်လာခဲ့ပေးပါ...."
ကောင်းကင်အပြေးတစ်ပိုင်းနှင့် ဆိုင်အပြင်မှာရပ်ထားသည့် ကားပေါ်တက်ကာ သူ့အခန်းရှိရာ condo ဆီအမြန်မောင်းသည်။
Password ရိုက်နှိပ်ပြီးဝင်လိုက်သည်နှင့် သူ့ကိုစောင့်နေသည့် ဟိန်းထက်ကမေးခွန်းတွေစီးကြိုကာမေးသည်။
"မင်း အိမ်ကိုမပြန်တာဒါကြောင့်လား စစ်ကောင်းကင်...."
"အေး...."
"ခွန်းလေးရဲ့အစ်ကိုက မင်းချစ်သူပေါ့"
"အေးဟုတ်တယ်..."
သူပါးစပ်ကလည်းဖြေ လက်ကလည်း luggage နှစ်လုံးထဲသို့ ပစ္စည်းတွေအကုန်ထည့်နေသည်။
"လေယာဥ်ကမနက်အစောပိုင်းမှရှိမှာ.....
ငါခုနလေးတင် လှမ်းပြီး လက်မှတ်ဖြတ်ပြီးပြီ"
ဟိန်းထက်စကားကြောင့်သူ့လက်တွေတန့်သွားသည်။
"မနက်ဖြန် မနက်မှလား...."
"အေး...ဒီနေ့မရှိတော့ဘူးတဲ့....
စိတ်အေးအေးထား.....ငါ့ကောင်....
ပစ္စည်းတွေသေချာထည့်ဦး......
အလုပ်က ငါခွင့်တင်ပေးထားမယ်....."
"နှုတ်ထွက်စာတင်လိုက်"
"ဟေ....!"
"ငါမြူ့အနားမှာပဲနေတော့မှာ....."
"ပြန်မလာတော့ဘူးလားဟ"
"အေး......"
"အေးပါ....မင်းသဘော......
တစ်ခုခုအကူအညီလိုရင်တော့ငါ့ကိုပြော..."
သူ့ပုခုံးကိုပုတ်ကာ ဟိန်းထက်ကအခန်းထဲမှအလိုက်တသိထွက်သွားပေးသည်။
ကိုယ့်ကိုဘယ်လောက်တောင်လျှို့ဝှက်ထားခဲ့တာလဲ သဲငယ်ရာ.....
သူခုနက video clip လေးကိုအထပ်ထပ်ပြန်ကြည့်ရင်း မထိန်းချုပ်တော့ဘဲ အသံတွေထွက်သည်အထိ ငိုမိသည်။
"မင်းကားကိုလည်း ငါသင်္ဘောပေါ်တင်ပေးလိုက်မယ်.....
တစ်လမ်းလုံးလည်းငိုမနေနဲ့ဦး....
ဟိုရောက်ရင်ငါ့ကိုအခြေအနေလေးဘာလေး ဖုန်းဆက်ပြောဦး...."
မနက်အစောကြီး သူ့ကိုလေဆိပ်လိုက်ပို့သည့် ဟိန်းထက်ကသေချာကိုမှာတမ်းတွေချွေနေသည်။
""🎶မင်းဘဝတစ်သက်တာ
ကိုယ်ရှိသွားမှဖြစ်မတဲ့လား.....
မင်းကဒီလောက်တောင်
ချစ်ခင်သူတွေပေါတာ
နောင်တစ်ချိန်ချိန်ပေါ့
ကိုယ့်ထက်သာသူရှာတွေ့ရင်
ဒီကတိစကားလေးတွေ တစ်နေ့မေ့သွားဦးမှာ
..............
လိုချင်တာပေါ့....
ကိုယ့်အိမ်မက်ကလေးရယ်
ပြန်ဆုံနိုင်ဖို့.........
တို့ဖူးစာမပါခဲ့ရင်....
အဝေးကအချစ်များအတွက်...
သတိရမပေးပါနဲ့....
နောင်တစ်ချိန်ချိန်ပေါ့
ကိုယ့်ထက်ချစ်သူရှာတွေ့ရင်
ဒီပုံပြင်ဟောင်းလေးကိုမင်းမေ့ထားလိုက်ပါ.....🎶""
အမြဲတမ်းအခါခါအခေါက်ခေါက်နားထောင်ရင်း သူ့ကိုငိုစေနိုင်တဲ့သီချင်းလေးရဲ့ တေးရေးသူက FS တဲ့.....
သဲငယ်ရာ......
(AN: ဆောင်းဦးလှိုင်ရဲ့သီချင်းလေးကိုကိုယ်ယူသုံးထားပါတယ်)
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
Luggage ကြီးနှစ်လုံးကိုဆွဲပြီး လေဆိပ်ထဲကပြေးထွက်လာသည့် သူ့ကိုလူတွေအကုန်လုံးက အလန့်တကြားဖယ်ပေးကြသည်။
Taxi ငှားရင်းနဲ့မှ သူဘယ်ဆေးရုံကိုသွားရမှာလဲတွေးမိသည်။
ကိုခန့်ဆိုတဲ့ဆရာဝန်ကိုသတိရမှ မြူဆေးစစ်နေကျဆေးရုံနာမည်ကိုပြောပြီး ကားသမားကိုအမြန်မောင်းခိုင်းရသည်။
စိတ်လောနေသည့် သူ့ကိုကားသမားကစိတ်ရှည်စွာ အမြင်နိုင်ဆုံးနှုန်းနှင့်မောင်းပေးသည်။
Luggage နှစ်လုံးနှင့် ဆေးရုံ reception ထဲဝင်လာသည့် သူ့ကိုအကုန်လုံးကအထူးအဆန်းနှယ်ကြည့်နေကြသေးသည်။
"လူနာ သလင်းမြူ ဒီမှာရှိတယ်မလား...."
အမောတကောနှင့်သူ့အမေးကို သူနာပြုဆရာမလေးက ခေါင်းညိတ်သည်။
"သူအခုဘယ်အထပ်မှာလဲ....
ဘယ်အခန်းမှာလဲ......"
" ဘာတော်စပ်လဲရှင့်...."
"သူ့ယောက်ျား!"
"ရှင်.."
တာဝန်အရမေးမှန်းသိသော်လည်း သူကစိတ်မရှည်တော့သည်မို့ အော်မိသွားသည်။
"မြန်မြန်ပြော....!"
"လေးလွှာက အခန်းနံပါတ် D- 11 မှာ....."
Elevator ထဲအထုပ်တွေဆွဲပြေးဝင်ရင်း ခြေတွေလက်တွေလည်းမငြိမ်နိုင်......
"Ting!!"
ဓာတ်လှေကားပွင့်သံနှင့် သူ့မျက်လုံးတွေကအခန်းနံပါတ်တွေကိုလိုက်ကြည့်သည်။
D-1....
တွေ့ပြီ......
သူသက်ပြင်းကိုအသာချကာ တွေ့တွေ့ချင်းမငိုမိအောင်စိတ်ကိုပြင်ဆင်ပြီး တံခါးကိုဖွင့်လိုက်သည်။
"ဘယ်သူလဲမသိဘူးရှင့်...."
အခန်းထဲမှာသန့်ရှင်းရေးလုပ်နေသည့် ဝန်ထမ်းအန်တီကြီးတစ်ဦးကိုသာတွေ့ရသည်။
"မြူ......
သလင်းမြူ ဘယ်မှာလဲ....."
"ဪ.....
မြူလေးကဒီအချိန်ဆို ပန်းခြံထဲမှာသူ့အစ်ကိုနဲ့ ကလေးတွေကိုသီချင်းဆိုပြနေလောက်တယ်"
"ပန်းခြံကဘယ်မှာလဲ....."
"အောက်မှာလေ......
ဆေးရုံဝန်းထဲမှာ....."
သူ luggage နှစ်လုံးကိုထားခဲ့ပြီး တစ်ခါ elevator ဆီပြေးရပြန်သည်။
Elevator ကအတော်ကြာအောင်စောင့်ရဦးမည့်ပုံရှိရာ ရိုးရိုးလှေကားကနေပဲ ပြေးဆင်းသည်။
ပန်းခြံဟုထင်ရသည့် လူနာတော်တော်များများ လမ်းလျှောက်နေရာသို့ သူသွားကာ ဟိုရှာသည်ရှာနှင့် ခေါင်းတွေတောင်မူးလာသည်။
နားထဲခပ်တိုးတိုးဝင်လာသည့် guitar သံလေးနှင့် လက်ခုပ်သံလေးတွေနောက် သူအားကိုးတကြီး လိုက်မိသည်။
နီးလာလေလေ အသံလေးကပိုကျယ်လာပြီး သီချင်းဆိုသံလေးကိုပါသူကြားရသည်။
ဝှီးချဲလေးပေါ်ကသူ့သဲငယ်.....
ဘေးပတ်ပတ်လည်မှာ ကလေးလေးတွေနဲ့ လူနာတွေထိုင်နေကြပြီး ဘုန်းရှိန်ဝါထက်က guitar ကိုတီးခတ်နေသည်။
ပြန်တွေ့ခဲ့ရင်တောင် ကိုယ်မင်းကိုဒီလိုပုံစံနဲ့မြင်ချင်ခဲ့တာမဟုတ်ဘူးလေ သဲငယ်ရာ....
နဂိုကတည်းကလူကောင်သေးခဲ့သည့်ကာင်လေးက ပိန်ကျသွားလိုက်တာ.....
သီချင်းလေးတစ်ပုဒ်ဆုံးသွားတော့ လက်ခုပ်ကလေးတွေတီးကြပြီး မြူက ဖျော့တော့စွာပြုံးနေသည်။
"ကိုကို......ပြန်ကြရအောင်......"
ဘုန်းရှိန်ဝါထက်ကိုမော့ကြည့်ပြီးပြောကာ ရင်ဘက်လေးကိုအသာပုတ်နေသည့် ပုံမှာ မောပန်းနေဟန်.....
ကလေးတွေကိုနှုတ်ဆက်ပြီး မျက်ဝန်းအကြည့်တွေဝေ့ဝဲလာတော့ သူ့ကိုမြင်သွားကာ မျက်လုံးလေးတွေဝိုင်းသွားသည်။
သူ့ကိုကြည့်ပြီး မြူပြုံးတယ်.....
သူကတော့မျက်ရည်တွေနှင့်မို့ မပြုံးနိုင်.....
ဝှီးချဲပေါ်ကနေအားယူထလာပြီး သူ့အနားကိုတရွေ့ရွေ့လှမ်းလျှောက်လာနေသည်။
တဖြည်းဖြည်းနီးကပ်လာနေသည့်ပုံရိပ်လေးက သူ့ရင်ခွင်ထဲတိုးဝှေ့လာတော့ သူပိုတိုးကာငိုသည်။
"ပြန်လာတာကို ....
ကြိုဆိုပါတယ်.......မောင်......"
"သဲငယ်ရာ....."
ရှိုက်ငိုနေသည့် သူ့ကျောပြင်ကို ကလေးငယ်လေးလိုမြူကပုတ်ပေးရင်း "တိတ်တော့နော်" တဲ့......
နောက်ဆုံးတော့ လိပ်ပြာလေးဟာ သူနားခိုရမယ့် နှင်းဆီဖြူလေးဆီ ပြန်ရောက်ခဲ့ပြီပဲ။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
Zawgyi
တေ႐ြ႕ေ႐ြ႕ကုန္ဆုံးလာတဲ့အခ်ိန္ေတြအတြင္းမွာ သူေျပာင္းလဲဖို႔အမ်ိဳးမ်ိဳးႀကိဳးစားတယ္....
တစ္စုံတစ္ေယာက္ကိုမလြမ္းမိေအာင္ စာထဲမွာအာ႐ုံကိုႏွစ္တယ္ အခ်ိန္ပိုင္းအလုပ္ေတြလုပ္တယ္ အိပ္မေပ်ာ္ရင္ေတာင္စာအုပ္ေတြဖတ္ၿပီးအေတြးေတြကိုတားဆီးထားတယ္....
အရင္က သုံးခဲ့သမွ် social media account ေတြအကုန္သူ ဖ်က္ပစ္ၿပီး သူငယ္ခ်င္းေတြကိုေတာင္ အဆက္အသြယ္ျဖတ္ထားသည္။
အေဖနဲ႕အေမကေတာင္ မေနနိုင္လို႔ဖုန္းဆက္ၾကေပမယ့္ တစ္စုံတစ္ေယာက္နဲ႕ပတ္သက္ၿပီး ဘာစကားတစ္ခြန္းမွမဆိုၾက။
သံ႐ုံးကစီစဥ္ေပးထားတဲ့တိုက္ခန္းမွာ သူနဲ႕တျခား Scholar ေအာင္သည့္ ျမန္မာေက်ာင္းသားတစ္ဦးအတူေနရသည္။
သူ႕ဘက္ကေတာ့ မလိုအပ္ဘဲစၿပီးစကားဆိုေလ့မရွိေပမယ့္ အခန္းေဖာ္ေတြျဖစ္ေန၍ ရင္းႏွီးသည္ဟုဆိုနိုင္သည္။
"စစ္ေကာင္းကင္ မင္းအိမ္မျပန္ဘူးလား...."
စာေမးပြဲၿပီးလို႔ေက်ာင္းပိတ္တိုင္း ေမးတတ္သည့္အခန္းေဖာ္ရဲ႕ေမးခြန္းကို သူအၿမဲေခါင္းရမ္းၿပီးသာအေျဖေပးသည္။
သူမျပန္ခ်င္......
တစ္စုံတစ္ေယာက္ရဲ႕အေငြ႕အသက္ေတြရွိေနတဲ့ေျမကို ျပန္ေျခခ်မိရင္ က်က္ခါစအနာဟာဆားနဲ႕အပက္ခံရသလို ျပန္နာမည္ထင္....
တစ္ခါတစ္ေလ ေတဇတို႔ဆီက ဖုန္းလာေပမယ့္ ေနေကာင္းလားအဆင္ေျပလားမွလြဲ၍ ေျပာစရာစကားေတြမရွိခဲ့.....
တျဖည္းျဖည္း နာမည္ႀကီးလာတဲ့ ခြန္းခက္ဆစ္ေလးရဲ႕ သီခ်င္းေတြကိုေတာ့ သူ You Tube ကေန download ဆြဲနားေထာင္ျဖစ္သည္။
သူ႕အခန္းေဖာ္ကလည္း ခြန္းေလးရဲ႕ Fan မို႔သီခ်င္းအသစ္ေတြထြက္တိုင္း မၾကားခ်င္မွအဆုံး တစ္ေနကုန္ကိုဖြင့္ေတာ့တာ....
ခြန္းေလးရဲ႕ သီခ်င္းေတြထဲမွာမွ ေတးေရး FS ရဲ႕သီခ်င္းေတြကိုသူအႀကိဳက္ဆုံးပင္....
သံစဥ္ေအးေအးေလးေတြနဲ႕ စာသားေလးေတြက သူကိုအမည္မေဖာ္နိုင္သည့္ခံစားခ်က္မ်ိဳးေပးစြမ္းနိုင္သည္။
သူဝန္ခံပါတယ္ တစ္စုံတစ္ေယာက္ကိုခ်စ္ေနမိတုန္းပဲဆိုတာကို.....
ခ်စ္လဲခ်စ္သလို မုန္းလည္းမုန္းသည္။
သူကေတာ့ သူလိုခ်င္တဲ့ သာယာတဲ့မိသားစုေလးကိုတည္ေဆာက္ထားၿပီး အိမ္ေထာင္ဦးစီးအျဖစ္နဲ႕ေပ်ာ္ေနမွာ.....
တကယ္လို႔အမွတ္မထင္ျပန္ဆုံမိရင္ေတာင္ ေတာက္ပတဲ့အနာဂတ္နဲ႕သူ႕ပုံစံကိုျမင္ေစခ်င္တာမို႔ သူအၿမဲအေကာင္းဆုံးႀကိဳးစားသည္။
အခ်ိန္ေလးႏွစ္ကုန္ၿပီး သူဘြဲ႕ရတာေတာင္ အိမ္ျပန္ဖို႔စိတ္မကူးမိေသး....
အေဖနဲ႕အေမကလည္း သူ႕စိတ္ဆႏၵအတိုင္းျပန္လာဖို႔မတိုက္တြန္းၾကေတာ့....
အခြင့္အလမ္းေတြမ်ားတဲ့ ဒီနိုင္ငံမွာပဲ ကမ္းလွမ္းလာတဲ့အလုပ္ေတြထဲက တစ္ခုကိုသူေ႐ြးျခယ္ခဲ့တယ္.....
ထပ္ၿပီးအလုပ္ထဲမွာစိတ္ကိုႏွစ္တယ္......
အခ်ိန္တိုအတြင္းမွာ ေနရာေကာင္းတစ္ခုကိုသူရတယ္.....
ေလးႏွစ္လုံးလုံးသူ႕အခန္းေဖာ္ျဖစ္ခဲ့တဲ့ ဟိန္းထက္ကလည္း သူနဲ႕အလုပ္အတူတူပဲမို႔ ႏွစ္ေယာက္သားတိုင္ပင္ေဖာ္တိုင္ပင္ဖက္ေတြျဖစ္ခဲ့သည္။
"အိမ္မျပန္ခ်င္ေလာက္ေအာင္ မင္းကိုဘာေတြကမ်ားစိတ္ဒုကၡ ေပးခဲ့လို႔လဲ"
အတူေသာက္ျဖစ္တိုင္း ေမးတဲ့ ဟိန္းထက္က တစ္ခါမွျပန္မေျဖသည့္ သူ႕ေၾကာင့္ အၿမဲတမ္းအားမလိုအားမရျဖစ္ရသည္။
အထာေပးလာတဲ့အေခ်ာအလွေတြကို မျမင္ခ်င္ေယာင္ေဆာင္တတ္လြန္းလို႔....
"မင္းဘုန္းႀကီးဝတ္ေတာ့မလို႔လား....."ဆိုၿပီး ေနာက္ေလ့ရွိေသးသည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
႐ုံးပိတ္ရက္မို႔ သူထိုင္ေနက် coffee ဆိုင္မွာ စာအုပ္တစ္အုပ္ကိုပဲ စိတ္ဝင္တစားဖတ္ျဖစ္သည္။
📲🎶 phone rings......
"ေအးေျပာ...."
"စစ္ေကာင္းကင္ မင္းခြန္းေလးရဲ႕ interview ကိုေတြ႕ၿပီးၿပီလား...."
"ဘာ Interview လည္း သီခ်င္းအသစ္ထြက္မယ့္အေၾကာင္းလား...."
"မဟုတ္ဘူး......
ငါဘယ္လိုေျပာရမလဲေတာင္မသိဘူး....
ငါမင္းကို You Tube link ပို႔လိုက္မယ္
ဝင္ၾကည့္လိုက္...."
ေျပာၿပီးဖုန္းတန္းခ်သြားကာ ခ်က္ခ်င္း link တစ္ခု message ဝင္လာသည္။
"ဘာအေၾကာင္းမို႔လို႔လဲ....."
သူပုံမွန္ ဘာ Interview ကိုမွမၾကည့္ေပမယ့္ သေကာင့္သားအသံက serious ျဖစ္လြန္းေနလို႔ ဝင္ၾကည့္လိုက္သည္။
တင္ထားတာ 7 နာရီပဲရွိေသးတယ္....
TV Show Program တစ္ခုရဲ႕ Live မွာ စစခ်င္းသာမန္ Interview ေတြလိုပဲ သီခ်င္းအေၾကာင္းေတြ အခ်စ္ေရးေတြဘာေတြေမးတာကို ခြန္းေလးကပါးနပ္စြာပဲျပန္ေျဖေနသည္။
"ဘဝမွာ ေနာင္တရတာမ်ိဳးရွိခဲ့ဖူးလား..."
Interview သူေၾကာင့္အေမးေၾကာင့္ ခြန္းေလးကခပ္ေဖ်ာ့ေဖ်ာ့ေလးၿပဳံးသည္။
တစ္စုံတစ္ေယာက္နဲ႕တူလြန္းတဲ့အၿပဳံး.....
"တစ္ခါရွိခဲ့ဖူးတယ္.....
လြန္ခဲ့တဲ့ ေလးႏွစ္ေက်ာ္ ငါးႏွစ္နီးပါးေလာက္တုန္းက....."
"ဘယ္လိုအေၾကာင္းကိစၥမ်ိဳးေၾကာင့္လဲေျပာျပလို႔ရမလား....."
ခြန္းေလးကတစ္ခ်က္ေတြေဝသြားကာ မန္ေနဂ်ာဆီကဖုန္းကိုေတာင္းၿပီး message တစ္ေစာင္ ပို႔လိုက္သည္။
"အဲ့တုန္းက ညီမအစ္ကိုငယ္ရဲ႕ လက္ထပ္ပြဲကိစၥေၾကာင့္ ညီမအရမ္းကို ေဒါသေတြျဖစ္ခဲ့ရတာ.....
ကိုကို႔မွာ ခ်စ္သူရွိတယ္.....ဒါေပမယ့္႐ုတ္တရက္ တျခားမိန္းကေလးတစ္ေယာက္နဲ႕ေစ့စပ္လိုက္တယ္ဆိုၿပီး သီတင္းစာမွာပါလာေတာ့ညီမေသာင္းက်န္းခဲ့တာေပါ့ေနာ္.....
ညီမမိသားစုဝင္ေတြအကုန္လုံးကေတာ့ ဘာမွမေျပာၾကဘူး ကိုကိုလက္ထပ္မဲ့ကိစၥကိုဘယ္သူမွမကန့္ကြက္ၾကေတာ့ ညီမပိုေဒါသျဖစ္ရတယ္...
ကိုကိုကတကယ့္ကိုတာဝန္မယူတတ္တဲ့သူ...
မုန္းစရာေကာင္းတဲ့သူဆိုၿပီး ညီမေအာ္ေျပာခဲ့မိတာ.....
ကိုကို႔မဂၤလာပြဲကိုလည္းညီမမတက္ဘူး.....
အဲ့ေန႕အိမ္မွာညီမတစ္ေယာက္ထဲက်န္ခဲ့ၿပီး ကိုကို႔အခန္းထဲမွာ သီခ်င္းစာအုပ္သြားရွာတဲ့အခ်ိန္........
ညီမကိုကို႔ရဲ႕ Diary ကိုေတြ႕ခဲ့တယ္........."
ခြန္းေလးကမ်က္ရည္ေတြက်လာၿပီး tissue တစ္ခုႏွင့္အလ်င္အျမန္သုတ္ပစ္သည္။
"မေျပာခ်င္ရင္ ဆက္မေျပာပါနဲ႕လား... "
"ရတယ္......
ညီမေျပာမွျဖစ္ေတာ့မွာ.....
ကိုကိုကဒီအေၾကာင္းေတြကို Australia ေရာက္ေနတဲ့သူ႕ခ်စ္သူကိုမသိေစခ်င္လို႔ ညီမတို႔အကုန္လုံးကိုႏႈတ္ပိတ္ထားေပမယ့္.....
မေျပာလို႔တကယ္မျဖစ္ေတာ့ဘူး....
Diary ကိုဖတ္ၿပီး ညီမအေၾကာင္းစုံကိုနားလည္သြားခဲ့တယ္....
မဂၤလာပြဲကိုလိုက္သြားေတာ့ hotel ခန္းမထဲမွာအကုန္လုံးျပာယာေတြခတ္ေနၾကတယ္....
သတို႔သားေရာသတို႔သမီးေရာေပ်ာက္ေနလို႔တဲ့......"
ေကာင္းကင္ကိုယ္မ်ားနားၾကားမွာလားဆိုၿပီး အေနာက္ကိုျပန္ရစ္ၾကည့္မိေသးသည္။
"မဂၤလာပြဲပ်က္ၿပီး ကိုကို႔ကိုတစ္ေနကုန္လိုက္ရွာခဲ့ေပမယ့္ ည 7 နာရီေက်ာ္မွ ကိုကို႔ကို ေလဆိပ္ထဲမွာ.......ေတြ႕ခဲ့ၾကတာ....."
ေလဆိပ္?
ျမဴကေလဆိပ္မွာဘာလုပ္ေနခဲ့တာလဲ....
အဲ့ေန႕က ငါဒီကိုထြက္လာခဲ့တဲ့ေန႕မလား.....
ေကာင္းကင္အေတြးေတြရႈပ္ေထြးကုန္သည္။
"ကိုကိုက.....တစ္ေန႕ကုန္ငိုထားတဲ့ပုံပဲ.....
ညီမတို႔ေတြ႕ေတာ့ ကိုကို႔ကိုေဆး႐ုံတန္းပို႔ခဲ့ရတယ္....."
"သတို႔သမီးကေရာ"
Interview သူကစိတ္ဝင္တစားဝင္ေမးသည္။
"သတို႔သမီးမမေသြးက......
သူ႕ခ်စ္သူနဲ႕လိုက္ေျပးသြားတာ.....
ဒါကို ကိုကိုသိတယ္.....
အစကတည္းက သူတို႔ထြက္ေျပးနိုင္ေအာင္ကိုကိုက ကူညီေပးခဲ့တာ.....
ကိုကိုက သူ႕အခက္အခဲေတြကိုအရမ္းကိုမ်ိဳသိပ္တာ......
သူခံစားေနရတဲ့ေဝဒနာကိုေတာင္ အၿပဳံးမပ်က္သိုဝွက္ထားတာကို ညီမသိလိုက္ရတဲ့အခ်ိန္ ကိုယ့္ပါးကိုယ္ရိုက္မိတယ္.....
ကိုကို႔အေပၚညီမအဲ့လိုေတြမေျပာခဲ့သင့္ဘူး.."
ေကာင္းကင္ေသခ်ာနားေထာင္ေနေပမယ့္ သူမဆိုလိုခ်င္တာကိုနားမလည္နိုင္.....
မဂၤလာပြဲပ်က္သြားၿပီး ျမဴကဘာလို႔ေလဆိပ္ေရာက္ေနတာလဲ....
"ညီမေတာင္းဆိုစရာရွိတယ္....
ဒီ video clip ေလးကိုပါျပေပးလို႔ရမလား..."
Interview သူကေခါင္းညိတ္ကာ ခြန္းေလးဖုန္းကိုယူလိုက္သည္။
Screen အျပည့္ထြက္ေပၚလာသည့္ video ေလးက ဖုန္းကို stand ႏွင့္ေထာက္ၿပီးရိုက္ထားဟန္ရွိသည္။
လူနာကုတင္တစ္ခု....
ျမင္ကြင္းထဲေပၚလာသည့္ လူနာဝတ္စုံႏွင့္ပုံရိပ္ကေလးက ကုတင္ေပၚတြင္ထိုင္လိုက္သည္။
"သဲငယ္....."
သူ႕ႏႈတ္မွတအံ့တဩေခၚမိသည့္နာမ္စားေလး....
"ကိုကို...
အစ္ကိုစစ္ေကာင္းကင္နိုင္နဲ႕ေတြ႕ရင္ ဘာေတြေျပာမွာလဲအစမ္းေျပာၾကည့္ပါလား.....
Camera ကိုၾကည့္ေျပာ...."
ထြက္ေပၚလာသည့္ ခြန္းေလးအသံေလးႏွင့္ ေဖ်ာ့ေတာ့လြန္းေနသည့္ျမဴဟာ camera ကိုတည့္တည့္ၾကည့္ကာၿပဳံးသည္။
"ေမာင္.....
အရမ္းငိုေနခဲ့ေသးလား...."
ေကာင္းကင္ရဲ႕စိတ္ႏွလုံးဟာ တုန္လႈပ္လာရသည္။
ျမဴကဆက္မေျပာေတာ့ဘဲေခါင္းငုံ႕သြားကာ မ်က္ႏွာကိုလက္ႏွင့္အုပ္လိုက္သည္။
အရင္အတိုင္းရွိေနေသးသည့္သူ႕နာမည္ tatoo ေလးအျပင္....
လက္ေကာက္ဝတ္ထက္မွ ေဆးသြင္းသည့္ ပိုက္ေလးကို အခန့္သားေတြ႕လိုက္ရသည္။
ျမဴ....မင္းဘာေတြျဖစ္ေနတာလဲကြာ.....
"ကိုကိုဆက္ေျပာေလ....."
"ဘာေျပာရမလဲမသိေတာ့ဘူး.....
သူက......
ကိုကို႔ကို မုန္းေနမွာ......"
အရည္လဲ့တဲ့မ်က္ဝန္းေတြနဲ႕ျမဴက ၿပဳံးျပန္သည္။
"သသေရ ေဆးထိုးခ်ိန္ေရာက္ၿပီ!"
အခန္းထဲကိုဝင္လာသည့္ ဆရာဝန္က ျမဴေခၚသည့္ ကိုခန့္ဆိုသူ.....
"ခြန္းေလး မရိုက္နဲ႕ေတာ့...."
"ဟုတ္ ပိတ္လိုက္ၿပီ...."
ခြန္းေလးက ပိတ္လိုက္ၿပီေျပာေပမယ့္ camera ကိုဒီတိုင္းထားကာ ကုတင္ေပၚလွဲလိုက္သည့္ ျမဴ႕အနားေရာက္သြားသည္။
"ထုံးစံအတိုင္း နာလည္းသည္းခံေနာ္...."
ကိုခန့္စကားကိုျမဴကနာခံစြာ ေခါင္းေလးညိတ္သည္။
ပါလာသည့္သူနာျပဳႏွစ္ဦးက ျမဴ႕လက္ကိုတစ္ေယာက္ကထိန္းၿပီး ေျခေထာက္ေလးေတြကိုတစ္ေယာက္က သြားခ်ဳပ္ထားသည္။
ေကာင္းကင္သိလိုစိတ္ေတြ ပိုလို႔ပင္တိုးလာရင္း လက္သည္းေတြကို ဖိကိုက္မိသည္။
"စိတ္ေလ်ာ့ထား..... "
ျမဴ႕လက္ေကာက္ဝတ္ပိုက္ကေနတစ္ဆင့္ ေဆးထိုးအပ္ေလးနဲ႕ ထိုးသြင္းလိုက္ေတာ့ ျမဴကအံကိုႀကိတ္ထားသည္။
ျဖဴေဖြးေနသည့္ အသားအေရမွာ အနီေရာင္ဘက္ေျပာင္းလာၿပီး ေထာင္တက္လာသည့္အေၾကာေတြက ျမဴနာက်က္ေနမွန္းသိေစသည္။
ေကာင္းကင္ရင္ေတြပူေလာင္လာသည္။
ျမဴကေနေကာင္းသြားၿပီေလ....
ဘာလို႔ေဆး႐ုံေပၚမွာေဆးေတြထိုးေနရတာလဲ.....
"ခဏအိပ္လိုက္ဦး...."
အသက္မွ်င္းမွ်င္းရႉေနသည့္ ျမဴ႕ေျခေတြလက္ေတြကိုခ်ဳပ္ထားသည့္ သူနာျပဳေတြကလည္းျပန္လႊတ္ေပးကာထြက္သြားၾကသည္။
ျမဴ႕အကၤ်ီၾကယ္သီးကို ကိုခန့္ျဖဳတ္လိုက္ေတာ့ ဘယ္ဘက္ရင္အုံေပၚမွာ အျဖဴေရာင္စက္ကေလးတစ္ခုေပၚလာသည္ကိုေကာင္းကင္ျပဴးၿပဲၾကည့္မိသည္။
ကိုခန့္ကထိုစက္ကေလးကိုစစ္ေဆးကာ ၾကယ္သီးေတြျပန္တပ္ၿပီးထြက္သြားေတာ့ video ေလးၿပီးသြားသည္။
"ဒီ video ထဲက ခြန္းခက္ဆစ္ရဲ႕အစ္ကိုအငယ္လား...."
"ဟုတ္.....
ကိုကိုက ညီမရဲ႕ေတးေရးဆိုလည္းဟုတ္တယ္....."
"ေတးေရး?...
မဟုတ္မွ ေတးေရး FS လား...."
"ဟုတ္တယ္.....
ကိုကိုက သီခ်င္းေတြကို သူ႕ခ်စ္သူ အစ္ကိုစစ္ေကာင္းကင္နိုင္ကိုရည္႐ြယ္ၿပီးေရးတာ....
FS ဆိုတာက For Sky တဲ့...."
ေကာင္းကင္ က်လာသည့္ မ်က္ရည္ေတြကို မထိန္းနိုင္ေတာ့.....
"အစ္ကို စစ္ေကာင္းကင္နိုင္....
ေက်းဇူးျပဳၿပီး......
ျပန္လာခဲ့ပါေတာ့......
ကိုကိုက အစ္ကို႔ကိုေစာင့္ေနရွာတယ္....
အရမ္းေနာက္မက်ခင္ ျပန္လာခဲ့ေပးပါ...."
ေကာင္းကင္အေျပးတစ္ပိုင္းႏွင့္ ဆိုင္အျပင္မွာရပ္ထားသည့္ ကားေပၚတက္ကာ သူ႕အခန္းရွိရာ condo ဆီအျမန္ေမာင္းသည္။
Password ရိုက္ႏွိပ္ၿပီးဝင္လိုက္သည္ႏွင့္ သူ႕ကိုေစာင့္ေနသည့္ ဟိန္းထက္ကေမးခြန္းေတြစီးႀကိဳကာေမးသည္။
"မင္း အိမ္ကိုမျပန္တာဒါေၾကာင့္လား စစ္ေကာင္းကင္...."
"ေအး...."
"ခြန္းေလးရဲ႕အစ္ကိုက မင္းခ်စ္သူေပါ့"
"ေအးဟုတ္တယ္..."
သူပါးစပ္ကလည္းေျဖ လက္ကလည္း luggage ႏွစ္လုံးထဲသို႔ ပစၥည္းေတြအကုန္ထည့္ေနသည္။
"ေလယာဥ္ကမနက္အေစာပိုင္းမွရွိမွာ.....
ငါခုနေလးတင္ လွမ္းၿပီး လက္မွတ္ျဖတ္ၿပီးၿပီ"
ဟိန္းထက္စကားေၾကာင့္သူ႕လက္ေတြတန့္သြားသည္။
"မနက္ျဖန္ မနက္မွလား...."
"ေအး...ဒီေန႕မရွိေတာ့ဘူးတဲ့....
စိတ္ေအးေအးထား.....ငါ့ေကာင္....
ပစၥည္းေတြေသခ်ာထည့္ဦး......
အလုပ္က ငါခြင့္တင္ေပးထားမယ္....."
"ႏႈတ္ထြက္စာတင္လိုက္"
"ေဟ....!"
"ငါျမဴ႕အနားမွာပဲေနေတာ့မွာ....."
"ျပန္မလာေတာ့ဘူးလားဟ"
"ေအး......"
"ေအးပါ....မင္းသေဘာ......
တစ္ခုခုအကူအညီလိုရင္ေတာ့ငါ့ကိုေျပာ..."
သူ႕ပုခုံးကိုပုတ္ကာ ဟိန္းထက္ကအခန္းထဲမွအလိုက္တသိထြက္သြားေပးသည္။
ကိုယ့္ကိုဘယ္ေလာက္ေတာင္လွ်ို႔ဝွက္ထားခဲ့တာလဲ သဲငယ္ရာ.....
သူခုနက video clip ေလးကိုအထပ္ထပ္ျပန္ၾကည့္ရင္း မထိန္းခ်ဳပ္ေတာ့ဘဲ အသံေတြထြက္သည္အထိ ငိုမိသည္။
"မင္းကားကိုလည္း ငါသေဘၤာေပၚတင္ေပးလိုက္မယ္.....
တစ္လမ္းလုံးလည္းငိုမေနနဲ႕ဦး....
ဟိုေရာက္ရင္ငါ့ကိုအေျခအေနေလးဘာေလး ဖုန္းဆက္ေျပာဦး...."
မနက္အေစာႀကီး သူ႕ကိုေလဆိပ္လိုက္ပို႔သည့္ ဟိန္းထက္ကေသခ်ာကိုမွာတမ္းေတြေခြၽေနသည္။
""🎶မင္းဘဝတစ္သက္တာ
ကိုယ္ရွိသြားမွျဖစ္မတဲ့လား.....
မင္းကဒီေလာက္ေတာင္
ခ်စ္ခင္သူေတြေပါတာ
ေနာင္တစ္ခ်ိန္ခ်ိန္ေပါ့
ကိုယ့္ထက္သာသူရွာေတြ႕ရင္
ဒီကတိစကားေလးေတြ တစ္ေန႕ေမ့သြားဦးမွာ
..............
လိုခ်င္တာေပါ့....
ကိုယ့္အိမ္မက္ကေလးရယ္
ျပန္ဆုံနိုင္ဖို႔.........
တို႔ဖူးစာမပါခဲ့ရင္....
အေဝးကအခ်စ္မ်ားအတြက္...
သတိရမေပးပါနဲ႕....
ေနာင္တစ္ခ်ိန္ခ်ိန္ေပါ့
ကိုယ့္ထက္ခ်စ္သူရွာေတြ႕ရင္
ဒီပုံျပင္ေဟာင္းေလးကိုမင္းေမ့ထားလိုက္ပါ.....🎶""
အၿမဲတမ္းအခါခါအေခါက္ေခါက္နားေထာင္ရင္း သူ႕ကိုငိုေစနိုင္တဲ့သီခ်င္းေလးရဲ႕ ေတးေရးသူက FS တဲ့.....
သဲငယ္ရာ......
(AN: ေဆာင္းဦးလွိုင္ရဲ႕သီခ်င္းေလးကိုကိုယ္ယူသုံးထားပါတယ္)
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
Luggage ႀကီးႏွစ္လုံးကိုဆြဲၿပီး ေလဆိပ္ထဲကေျပးထြက္လာသည့္ သူ႕ကိုလူေတြအကုန္လုံးက အလန့္တၾကားဖယ္ေပးၾကသည္။
Taxi ငွားရင္းနဲ႕မွ သူဘယ္ေဆး႐ုံကိုသြားရမွာလဲေတြးမိသည္။
ကိုခန့္ဆိုတဲ့ဆရာဝန္ကိုသတိရမွ ျမဴေဆးစစ္ေနက်ေဆး႐ုံနာမည္ကိုေျပာၿပီး ကားသမားကိုအျမန္ေမာင္းခိုင္းရသည္။
စိတ္ေလာေနသည့္ သူ႕ကိုကားသမားကစိတ္ရွည္စြာ အျမင္နိုင္ဆုံးႏႈန္းႏွင့္ေမာင္းေပးသည္။
Luggage ႏွစ္လုံးႏွင့္ ေဆး႐ုံ reception ထဲဝင္လာသည့္ သူ႕ကိုအကုန္လုံးကအထူးအဆန္းႏွယ္ၾကည့္ေနၾကေသးသည္။
"လူနာ သလင္းျမဴ ဒီမွာရွိတယ္မလား...."
အေမာတေကာႏွင့္သူ႕အေမးကို သူနာျပဳဆရာမေလးက ေခါင္းညိတ္သည္။
"သူအခုဘယ္အထပ္မွာလဲ....
ဘယ္အခန္းမွာလဲ......"
" ဘာေတာ္စပ္လဲရွင့္...."
"သူ႕ေယာက္်ား!"
"ရွင္.."
တာဝန္အရေမးမွန္းသိေသာ္လည္း သူကစိတ္မရွည္ေတာ့သည္မို႔ ေအာ္မိသြားသည္။
"ျမန္ျမန္ေျပာ....!"
"ေလးလႊာက အခန္းနံပါတ္ D- 11 မွာ....."
Elevator ထဲအထုပ္ေတြဆြဲေျပးဝင္ရင္း ေျခေတြလက္ေတြလည္းမၿငိမ္နိုင္......
"Ting!!"
ဓာတ္ေလွကားပြင့္သံႏွင့္ သူ႕မ်က္လုံးေတြကအခန္းနံပါတ္ေတြကိုလိုက္ၾကည့္သည္။
D-1....
ေတြ႕ၿပီ......
သူသက္ျပင္းကိုအသာခ်ကာ ေတြ႕ေတြ႕ခ်င္းမငိုမိေအာင္စိတ္ကိုျပင္ဆင္ၿပီး တံခါးကိုဖြင့္လိုက္သည္။
"ဘယ္သူလဲမသိဘူးရွင့္...."
အခန္းထဲမွာသန့္ရွင္းေရးလုပ္ေနသည့္ ဝန္ထမ္းအန္တီႀကီးတစ္ဦးကိုသာေတြ႕ရသည္။
"ျမဴ......
သလင္းျမဴ ဘယ္မွာလဲ....."
"ဪ.....
ျမဴေလးကဒီအခ်ိန္ဆို ပန္းၿခံထဲမွာသူ႕အစ္ကိုနဲ႕ ကေလးေတြကိုသီခ်င္းဆိုျပေနေလာက္တယ္"
"ပန္းၿခံကဘယ္မွာလဲ....."
"ေအာက္မွာေလ......
ေဆး႐ုံဝန္းထဲမွာ....."
သူ luggage ႏွစ္လုံးကိုထားခဲ့ၿပီး တစ္ခါ elevator ဆီေျပးရျပန္သည္။
Elevator ကအေတာ္ၾကာေအာင္ေစာင့္ရဦးမည့္ပုံရွိရာ ရိုးရိုးေလွကားကေနပဲ ေျပးဆင္းသည္။
ပန္းၿခံဟုထင္ရသည့္ လူနာေတာ္ေတာ္မ်ားမ်ား လမ္းေလွ်ာက္ေနရာသို႔ သူသြားကာ ဟိုရွာသည္ရွာႏွင့္ ေခါင္းေတြေတာင္မူးလာသည္။
နားထဲခပ္တိုးတိုးဝင္လာသည့္ guitar သံေလးႏွင့္ လက္ခုပ္သံေလးေတြေနာက္ သူအားကိုးတႀကီး လိုက္မိသည္။
နီးလာေလေလ အသံေလးကပိုက်ယ္လာၿပီး သီခ်င္းဆိုသံေလးကိုပါသူၾကားရသည္။
ဝွီးခ်ဲေလးေပၚကသူ႕သဲငယ္.....
ေဘးပတ္ပတ္လည္မွာ ကေလးေလးေတြနဲ႕ လူနာေတြထိုင္ေနၾကၿပီး ဘုန္းရွိန္ဝါထက္က guitar ကိုတီးခတ္ေနသည္။
ျပန္ေတြ႕ခဲ့ရင္ေတာင္ ကိုယ္မင္းကိုဒီလိုပုံစံနဲ႕ျမင္ခ်င္ခဲ့တာမဟုတ္ဘူးေလ သဲငယ္ရာ....
နဂိုကတည္းကလူေကာင္ေသးခဲ့သည့္ကာင္ေလးက ပိန္က်သြားလိုက္တာ.....
သီခ်င္းေလးတစ္ပုဒ္ဆုံးသြားေတာ့ လက္ခုပ္ကေလးေတြတီးၾကၿပီး ျမဴက ေဖ်ာ့ေတာ့စြာၿပဳံးေနသည္။
"ကိုကို......ျပန္ၾကရေအာင္......"
ဘုန္းရွိန္ဝါထက္ကိုေမာ့ၾကည့္ၿပီးေျပာကာ ရင္ဘက္ေလးကိုအသာပုတ္ေနသည့္ ပုံမွာ ေမာပန္းေနဟန္.....
ကေလးေတြကိုႏႈတ္ဆက္ၿပီး မ်က္ဝန္းအၾကည့္ေတြေဝ့ဝဲလာေတာ့ သူ႕ကိုျမင္သြားကာ မ်က္လုံးေလးေတြဝိုင္းသြားသည္။
သူ႕ကိုၾကည့္ၿပီး ျမဴၿပဳံးတယ္.....
သူကေတာ့မ်က္ရည္ေတြႏွင့္မို႔ မၿပဳံးနိုင္.....
ဝွီးခ်ဲေပၚကေနအားယူထလာၿပီး သူ႕အနားကိုတေ႐ြ႕ေ႐ြ႕လွမ္းေလွ်ာက္လာေနသည္။
တျဖည္းျဖည္းနီးကပ္လာေနသည့္ပုံရိပ္ေလးက သူ႕ရင္ခြင္ထဲတိုးေဝွ႕လာေတာ့ သူပိုတိုးကာငိုသည္။
"ျပန္လာတာကို ....
ႀကိဳဆိုပါတယ္.......ေမာင္......"
"သဲငယ္ရာ....."
ရွိုက္ငိုေနသည့္ သူ႕ေက်ာျပင္ကို ကေလးငယ္ေလးလိုျမဴကပုတ္ေပးရင္း "တိတ္ေတာ့ေနာ္" တဲ့......
ေနာက္ဆုံးေတာ့ လိပ္ျပာေလးဟာ သူနားခိုရမယ့္ ႏွင္းဆီျဖဴေလးဆီ ျပန္ေရာက္ခဲ့ၿပီပဲ။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
Bạn đang đọc truyện trên: Truyen247.Pro