Part-61 ( goodbye my first love)
Unicode
"အစ်ကို....
စစ်ကောင်းကင်ကိုနားချပေးဦး.....
သူ Australia University entrance အောင်တယ်.....
Scholar လည်းရတာကို မသွားဘူးငြင်းနေတယ်......"
စိုင်းစံဖုန်းဆက်ပြောသည့် စကားတွေကြောင့် သလင်းမြူနားထင်ကိုဖိနှိပ်ထားမိသည်။
ခေါင်းထဲမှရှုပ်ထွေးနေသည့် ကိစ္စရပ်ပေါင်းများစွာကိုသူဘယ်လိုမှ အစီအစဥ်ချလို့မရ...
Maung ဆိုတဲ့ contact လေးကိုသူနှိပ်လိုက်တော့ တစ်ဖက်ကချက်ချင်းပြန်ဖြေသည်။
"Hello သဲငယ်....
ကိုယ့်ကိုလွမ်းနေပြီလား....
ကိုယ်အခုပဲလာတော့မလို့..."
တရစပ်စကားတွေပြောနေသည့် ကောင်လေးကြောင့် သလင်းမြူ အံကိုကြိတ်မိသည်။
"အပြင်မှာတွေ့ရအောင်....."
"သဲငယ်အားလို့လား...."
ဒေါသထွက်နေသည်မို့အသံတွေကျယ်မည်ကိုသူသိရာ အပြင်ပန်းခြံတစ်ခုကိုသာချိန်းလိုက်သည်။
သူရှိရာကိုလျှောက်လာနေတဲ့မြူ့ကိုမြင်တော့ သူပြုံးလိုက်သည်။
"ဘာတွေများပြောစရာရှိနေလို့အပြင်မှာချိန်းတာလဲသဲငယ်....."
သူရယ်ပြုံးကာပြောနေပေမယ့် မြူကတော့ တစ်ချက်လေးတောင်မပြုံး.....
"ငါမင်းကိုစိတ်ပျက်တယ် စစ်ကောင်းကင်နိုင်....."
အေးစက်စက်အကြည့်တွေနဲ့ မြူ့နှုတ်ခမ်းကထွက်လာတဲ့စကားရဲ့သက်ရောက်မှုကသူဆက်မပြုံးတော့.....
"ကိုယ်ဘာအမှားလုပ်ထားမိလို့လဲ....."
"Scholar ကိုဘာကိစ္စငြင်းနေတာလဲ......"
"ဟိုကောင်စိုင်းစံပြောတာလား....."
တောက်ခေါက်လိုက်တဲ့သူ့ကိုမြူကမျက်ခုံးတွေတွန့်ချိုးပြီးကြည့်လာပြန်သည်။
" သူများကိုဒေါသထွက်မနေနဲ့.....
စိုင်းစံသာမပြောရင်ငါတစ်သက်လုံးမသိဘဲမင်းအရူးလုပ်တာကိုယုံနေမှာ!"
"ကိုယ်ဘာတွေများအရူးလုပ်လို့လဲ......
သဲငယ်ကိုမပြောတာက ကိုယ့်ကိုစိတ်ဆိုးမှာစိုးလို့....."
"ငါမေးတာကိုမင်းမဖြေရသေးဘူး.....
Scholar ကိုဘာကိစ္စကြောင့်ငြင်းနေတာလဲ...."
"ကိုယ်သဲငယ်နဲ့မခွဲနိုင်ဘူး....."
သူပြန်ဖြေတော့ မြူ့ကခါးထောက်ကာ တစ်ချက်ရယ်ပြီး မျက်နှာကိုတစ်ဖက်လွှဲသွားသည်။
"ငါ့ကြောင့်နဲ့မင်းအနာဂတ်ကိုမပျက်စီးစေနဲ့လို့ငါမပြောထားဘူးလား!!"
သူ့အပေါ်တစ်ခါမှဒီလောက်ထိဒေါသမထွက်ခဲ့တဲ့ မြူကအခုတော့သူ့ကိုစိတ်ပျက်တဲ့အကြည့်မျိုးတွေနဲ့ကြည့်နေသလိုသူခံစားရသည်။
"ကိုယ်ဘာမှားလို့လဲ!
ကိုယ်မြူနဲ့မခွဲနိုင်ဘူး! ဘယ်နိုင်ငံကိုမှလည်းကိုယ်မထွက်သွားချင်ဘူး.....
ဒီမှာပဲမြူ့အနားမှာနေပြီး ကိုယ်ဘွဲ့ယူမယ်.....
ပြီးရင်ကိုယ်တို့လက်ထပ်မယ်လေ....."
"ဒါဆိုမင်းဘာလို့ scholar ကိုဝင်ဖြေခဲ့သေးလဲ......"
"ကိုယ်........"
အဲ့တက္ကသိုလ်ကိုတက်ချင်လို့ ဝင်ဖြေခဲ့ပြီးမှ သူ့ကိုမခွဲနိုင်ပါဘူးဆိုပြီး ကောင်းကင်ဟာခေါင်းမာနေသည်။
"အဲ့တာမင်းအိမ်မက်မလား......"
"ဒါပေမယ့် ကိုယ့်အတွက်သဲငယ်လောက်အရေးမပါဘူးလေ......"
"အနာဂတ်မဲ့တဲ့အရှူံးသမားတစ်ယောက်နဲ့ငါ့ဘဝကိုရှေ့မဆက်နိုင်ဘူး....."
လှည့်ထွက်သွားသည့်မြူ့လက်ကို ကောင်းကင်အနောက်ကနေရအောင်ဖမ်းဆွဲလိုက်သည်။
"ဘာကိုဆိုလိုချင်တာလဲ... "
သူ့လက်တွေကြားကရုန်းနေသည့်မြူက ကျန်းမာရေးကောင်းလာပြီးနောက် အရင်ထက်သန်မာလာသည်။
"ငါမင်းနဲ့ရှေ့မဆက်ချင်တော့ဘူး!
ရှင်းရှင်းပြောရရင် ငါမင်းကိုပြတ်ပြီ...."
အံ့ဩမှုကြောင့်သူ့လက်တွေပြေလျော့သွားချိန်မှာပဲ မြူဟာသူ့ကိုတွန်းပြီး ထွက်သွားခဲ့ပြီ.....
မဖြစ်နိုင်တာ.......
သူနားကြားမှားတာပဲနေမှာ......
မြူကသူ့ကိုဘယ်တော့မှလမ်းခွဲစကားပြောမှာမဟုတ်ဘူး.....
ဟုတ်တယ်မြူသူ့ကိုစိတ်ဆိုးနေလို့ပြောတာပဲနေမှာ.....
သူပြန်ချော့ရင်မြူကအရင်လို့စိတ်ဆိုးပြေပြီး လူဆိုးကောင်လို့သူ့ကိုခေါ်မှာ.....
အမြန်ပဲရုံးကိုလိုက်သွားပေမယ့် သူဋ္ဌေးမရှိပါဘူးတဲ့ ဖုန်းခေါ်တော့လည်းမကိုင်....
မြူသူ့ကိုစိတ်ဆိုးနေလို့နေမှာပါ.....
မြူ့အိမ်အထိလိုက်သွားတော့ မြူပြန်မလာသေးဘူးတဲ့.....
မြူဘယ်ကိုသွားနေမလဲ......
ငိုများငိုနေမလား......
ပူလောင်နေတဲ့စိတ်နဲ့သူတစ်ညလုံးအိပ်မပျော်ခဲ့ဘဲ ခဏခဏခေါ်နေပေမယ့် မြူလုံးဝဖုန်းမကိုင်ခဲ့......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မနက်စာဝိုင်းမှာသူထိုင်လိုက်တော့ သီတင်းစာဖတ်နေသည့် အဖေက အမေ့ကိုတစ်ခုခုပြနေသည်။
"သား...."
"ဗျာ အမေ့....."
"မြူလေးနဲ့ဒီရက်ပိုင်းအဆင်ပြေတယ်မလား...."
"ဟုတ်ပြေပါတယ်...."
မြူခဏစိတ်ဆိုးနေပေမယ့် ပြန်ပြေလည်သွားမှာပဲမို့ သူအေးအေးဆေးဆေးသာပြောလိုက်သည်။
"ဒီကိစ္စကိုသားသိပြီးသားလား....."
အဖေပေးလာသည့် နေ့စဥ်သတင်းစာကို သူကြောင်တောင်တောင်နဲ့ယူကြည့်လိုက်သည်။
စေ့စပ်ကြောင်းလမ်းခြင်း
မောင်သလင်းမြူ နှင့် မမေသွေးနီ
ရင်းနှီးတဲ့နာမည်နှစ်ခုကိုကြည့်ရင်း ကောင်းကင်ပူလောင်လာသည်။
မဖြစ်နိုင်တာ.......
"နာမည်တူတာနေမှာပါ အဖေရာ....."
အနောက်မှာပါသည့် အောင်တံခွန်မိသားစုဆိုသည်ကိုမမြင်ချင်ယောင်ဆောင်ကာ ကော်ဖီတစ်ခွက်လုံးကိုသူမော့သောက်လိုက်သည်။
ကားသော့ကိုယူပြီး သူအမြန်ဦးတည်မောင်းလာခဲ့သည့်က မြူ့ရဲ့ရုံးကို......
ဖုန်းကိုလည်းဆက်တိုက်ခေါ်နေပေမယ့် မကိုင်......
ခြေလှမ်းကျဲတွေနဲ့ ရုံးခန်းဆီသူသွားတော့ တာဝန်ခံဖြစ်သူကသူ့ကိုဆွဲသည်။
"အထဲမှာ သူဋ္ဌေးညီမရောက်နေပါတယ်....
ဘယ်သူ့ကိုမဝင်ခိုင်းပါနဲ့တဲ့"
သူနားလည်ဟန်ခေါင်းညိတ်ပြီး တံခါးနားမှာရပ်နေလိုက်သည်။
"ကိုကို ရူးနေလား!!"
ခွန်းခက်ဆစ်ရဲ့ ဒေါသနဲ့အော်သံကိုကောင်းကင်ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
"ခွန်းလေး.....
ဒါကိုကို့အလုပ်နော်......
အိမ်ပြန်တော့ နောက်မှပြောမယ်......"
"ကိုကိုစကားမလွှဲနဲ့!
မနေ့ကအိမ်ပြန်မလာဘဲ ဘာတွေလုပ်နေတာလဲ!
မမသွေးနဲ့ စေ့စပ်လိုက်တဲ့သတင်းကရော....
တကယ်မဟုတ်ဘူးမလား......"
"......."
"ကိုကို!!"
"အမှန်ပဲ......
ကိုကို မနေ့ကပဲသွေးမိဘတွေနဲ့စကားပြောပြီးပြီ......"
"အစ်ကိုကောင်းကင်ကရော!!
ကိုကိုသူ့အပေါ်ဘယ်လိုတောင်လုပ်ရက်တာလဲ!!!"
ကောင်းကင် တံခါးကိုဖွင့်ကာဝင်လိုက်တော့ သူ့ကိုမြင်သွားသည့် မြူ့မျက်ဝန်းတွေက တုန်လှုပ်ခြင်းမရှိ အေးစက်ဆဲ......
ခွန်းလေးက မြူ့ကိုထုရိုက်ပြီး ငိုနေရှာတယ်....
"ကိုကိုတို့နှစ်ယောက်လမ်းခွဲပြီးပြီ....
ဘာမှမသက်ဆိုင်တော့ဘူး......"
သူ့မျက်နှာကိုကြည့်ကာပြောသည့် မြူ့စကားတွေကြောင့် သူ့မျက်ဝန်းမှာငွေ့ရည်ဖွဲ့လာသည်။
"အိမ်ပြန်တော့ခွန်းလေး......"
ခွန်းလေးကမျက်ရည်တွေကိုသုတ်ပြီး ရုံးခန်းထဲမှထွက်ခွာသွားတော့ သူတို့နှစ်ယောက်သာကျန်ခဲ့သည်။
တိတ်ဆိတ်နေသည့် သူ့ကိုမြူကအလိုမကျဟန်ကြည့်သည်။
"ငါ့ဆီလာတယ်ဆိုတော့ပြောစရာရှိလို့မလား...."
မြူ့အမေးကိုသူပြန်မဖြေဘဲ အနားသွားကာ ဆွဲဖက်ထားလိုက်သည်။
မြူကခါတိုင်းလိုပြန်မဖက်သလို ရုန်းလည်းမရုန်း ငြိမ်သက်လွန်းနေသည်။
"ကိုယ့်ကိုစိတ်ဆိုးရင်လည်း အရင်လို ထုရိုက်လိုက်ပါလားကွာ....."
"......."
"သဲငယ်.....
ဒီလိုလုပ်ရတာအကြောင်းရှိတယ်မလားဟင်...
ကိုယ့်ကိုပြောပြ....."
"မရှိဘူး....ဘာအကြောင်းပြချက်မှ.....
ငါရွေးခြယ်လိုက်တာ သွေးကိုငါ့ဘဝလက်တွဲဖော်အဖြစ်....."
"ကိုယ်မယုံဘူး....."
ပိုတင်းကြပ်စွာဖက်ထားရင်း ကောင်းကင်ဟာခေါင်းရမ်းတယ်.....
"ကိုယ်သိတယ်.....
သဲငယ်က ကိုယ့်ကိုအရမ်းချစ်တာ.....
ကိုယ့်ကိုပဲ လက်တွဲဖော်အဖြစ်သက်မှတ်ထားတာ.....
ကိုယ်ပြောတာဟုတ်တယ်မလားဟင်......"
"မင်းမေ့နေပြီလား.....
ငါ့ကျန်းမာရေးကောင်းသွားပြီ.....
ငါသာမန် အိမ်ထောင်ရေးမျိုးလိုချင်တယ်....
ငါ့အတွက်သွေးကအသင့်တော်ဆုံးပဲ
ငါသွေးနဲ့လက်ထပ်မှာ ပြီးတော့ ငါ့ရင်သွေးလေးတွေကိုသူကမွေးပေးနိုင်တယ်.....
သူက...."
"မြူ!!!"
ဆက်နားမထောင်နိုင်တော့တာကြောင့် မြူ့ပုခုံးနှစ်ဖက်ကိုသူဆုပ်ကိုင်ပြီး အော်ပစ်လိုက်သည်။
"ဘာလဲ.....
မကြားချင်ဘူးလား......
သွေးကငါ့အတွက်သားတွေသမီးတွေမွေးပေးနိုင်တယ်ဆိုတာက အမှန်ပဲလေ......
မင်းနဲ့ငါ့ရဲ့ သဘာဝမကျတဲ့ပတ်သက်မှုကိုလည်း ငါစိတ်ကုန်နေပြီ....
ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကိုလည်းမလိုချင်တော့ဘူး....."
"တော်ပါတော့ကွာ.......
ကိုယ်တောင်းပန်ပါတယ်....
ကိုယ့်အပေါ်ဒီလိုမျိုးတွေလုပ်မှဖြစ်မှာလား သဲငယ်ရာ......"
"ငါမင်းကိုစိတ်မဆိုးဘူး စစ်ကောင်းကင်နိုင်...
ပတ်သက်စရာအကြောင်းလည်းမရှိတော့ဘူး...."
"သဲငယ်သွားစေချင်ရင် ကိုယ် Australia ကိုသွားပါ့မယ်ကွာ......
အခုလိုမျိုး လုပ်နေတာတွေရပ်လိုက်ပါတော့...."
"သွားတာမသွားတာက မင်းသဘော စစ်ကောင်းကင်....
မင်းဘဝကိုမင်းသာဘာရွေးခြယ်ဆုံးဖြတ်....
ငါလည်းငါ့ဘဝအတွက်ရွေးခြယ်ပြီးပြီ....
ငါမနောက်ဘူး.....ငါအမြန်ဆုံး သွေးကိုလက်ထပ်ဖို့ပြင်ဆင်တော့မှာ....."
မြူဟာသူသိခဲ့တဲ့သူသိပ်ချစ်ရတဲ့မြူမဟုတ်သလိုပဲ အေးစက်လွန်းသည်။
သူ့နှုတ်ခမ်းမှာလည်းပြောစရာစကားတွေပျောက်ရှလျက်......
"မင်းပြီးရင်သွားတော့ ငါမအားဘူး...."
မြူဟာအလုပ်စားပွဲမှာထိုင်ပြီး သူ့ကိုရှိတယ်လို့တောင်မယူဆဟန် computer screen ကိုသာကြည့်ရင်းအလုပ်ရှုပ်နေသည်။
""ဒေါက်!! ဒေါက်!!""
"ဝင်ခဲ့ပါ....."
"သူဋ္ဌေးပြောတဲ့ လက်ထပ်လက်စွပ် design တွေပါ...."
"အင်း.....
အဲ့ပေါ်တင်ထားခဲ့....."
မန်နေဂျာက မလှုပ်မယှက်ရပ်နေတဲ့ ကောင်းကင်ကိုကြောင်တောင်တောင်ကြည့်ကာ မြူ့ကိုအရိုအသေပေးပြီးပြန်ထွက်သွားသည်။
အလုပ်စားပွဲကထလာပြီးမြူက လက်စွပ် design ပုံတွေကို sofa မှာထိုင်ပြီးအေးဆေးကြည့်နေသည်။
"မပြန်သေးဘူးလား.....
လက်စွပ်ကူရွေးပေးမလို့လား....."
သူ့ကိုရယ်သွမ်းသွေးလျက်ပြောသည့် မြူဟာလူစားအထိုးခံထားရတာလားဟုပင် သူတွေးမိသည်။
မြူ့ကိုဆက်မကြည့်နိုင်တော့ဘဲ သူထိုနေရာမှအမြန်ထွက်လာခဲ့တော့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ဘာလို့လဲကွာ......
ငါ့ကိုဘယ်လိုတောင်ရက်စက်နိုင်ရတာလဲ...."
တစ်ခွက်ပြီးတစ်ခွက်မနားတမ်းသောက်ရင်း သူငယ်ချင်းဖြစ်သူပြောတာတွေကို နားထောင်ကာ တေဇတို့မှာလည်းမယုံနိုင်.....
"ငါတို့မနေ့မနက်ကအထိ အဆင်ပြေနေကြတာကွ.......
မြူရာ!!!
လုပ်ရက်လိုက်လိုက်တာ!
ကိုယ်ကိုရူးစေချင်နေတာလားကွာ!!!"
သီးသန့်ခန်းမို့ ကောင်းကင်စိတ်ကြိုက်ကိုပေါက်ကွဲနေသည်။
စိုင်းစံမှာလည်း သူ့ကြောင့်ဆိုပြီး ကောင်းကင်ကိုတောင်းပန်နေရှာသည်။
တေဇတို့လည်း မယုံနိုင်ပေမယ့် ကောင်းကင်ပြောတာတွေနဲ့ သတင်းစာထဲကဟာကိုမြင်ပြီး အမှန်တွေမှန်းသိလိုက်ရသည်။
" မသွေးကိုမေးကြည့်မလားဟင်ကောင်းကင်...."
မူးနေသည့်ကြားမှ ခေါင်းတဆတ်ဆတ်ညိတ်သည့်ကောင်းကင်ကြောင့် စိုင်းစံ ဖုန်းအမြန်ခေါ်ကာ speaker ဖွင့်လိုက်သည်။
"Hello"
"Hello အစ်မ....
ကျွန်တော်စိုင်းစံ....."
"အေးမောင်လေးပြော...."
"အစ်မ......
အစ်ကိုသလင်းမြူနဲ့စေ့စပ်တယ်ဆိုတဲ့သတင်းကတကယ်လား....."
"အင်း.....တကယ်...."
"ဘယ်လိုဖြစ်တာလဲ ရုတ်တရက်ကြီး..."
"သလင်းက ရုတ်တရက်အစ်မမိဘတွေဆီမှာလာတောင်းတာလေ.....
မနက်ဖြန်သလင်းအမေနဲ့အစ်မအမေတောင် မင်္ဂလာရက်သွားရွေးကြတော့မှာ...."
"လိမ်နေတာ!!"
အော်ငိုသည့်ကောင်းကင်ကြောင့်စိုင်းစံဖုန်းကိုအမြန်ချပစ်လိုက်သည်။
"အကုန်လုံးလိမ်နေကြတာ!!!"
ပုလင်းတွေကိုရေမရောဘဲဆွဲယူမော့နေသည့် ကောင်းကင်ကိုသူတို့ဝိုင်းတားရတော့သည်။
"ကောင်းကင် တော်တော့!!
မင်းသေသွားလိမ့်မယ်!!"
"သေပါစေ!!!"
"မင်းသေလည်း သလင်းမြူကသူမိန်းမနဲ့သူသာသာယာယာနေသွားမှာပဲ!"
တေဇ၏စကားကြောင့် ကောင်းကင်နည်းနည်းသာကျန်တော့သည့် ပုလင်းကိုပြန်ချလိုက်သည်။
"စိုင်းစံ မြူ့ကိုဖုန်းဆက်.....
ငါ့ကိုလာခေါ်ခိုင်းလိုက်!"
ကောင်ကင်က တကယ့်ကိုမူးနေပြီဆိုပေမယ့် အသိစိတ်လုံးဝမပျောက်ပေ။
"ဖုန်းဆက်လိုက်လို့ပြောနေတယ်!!"
"အေးအေး...."
စိုင်းစံဖုန်းခေါ်ပေမယ့် အစ်ကိုသလင်းမြူကမကိုင်ရာ ဘယ်လိုလုပ်ရမယ်မှန်းမသိ......
"မကိုင်ဘူး....."
"Message ပို့လို့ ငါ့ကိုဒီဆိုင်မှာတစ်ယောက်ထဲထားခဲ့တယ် လာခေါ်လို့....."
ကောင်းကင်ပြောသည့်အတိုင်း သူပို့လိုက်သည်။
Message ကတော့ တန်းပြီး seen ဖြစ်သွားသည်။
"ဖတ်လိုက်ပြီ"
မှောက်အိပ်နေရာမှကောင်းကင်ခေါင်းထောင်လာသည်။
"မင်းတို့တွေပြန်ကြတော့......"
"သလင်းမြူကလာပါ့မလား....."
"လာမှာ!
မြူကငါ့ဆီလာကိုလာမှာ.....
ငါ့ကားပါယူသွားကြ......သွား!!"
အကုန်ထွက်သွားကြတော့ သူပြန်ပြီးမှောက်အိပ်နေလိုက်သည်။
တစ်နာရီ နှစ်နာရီ အချိန်တွေသာကြာသွားတယ်......
မြူရောက်မလာခဲ့......
"ဧည့်သည်ကျွန်တော်တို့ဆိုင်ပိတ်ပါတော့မယ်....."
Waiter လေးလာပြောတော့ သူဒယိမ်းဒယိုင်နှင့် ဆိုင်အပြင်ထွက်လာခဲ့ကာ ပလက်ဖောင်းပေါ်ခေါင်းငိုက်စိုက်ထိုင်ချလိုက်သည်။
"မင်းအရမ်းခေါင်းမာလွန်းတယ်"
သူ့အနားကပ်လာသည့် ခြေသံနှင့် ရင်းနှီးသည့် အပြစ်ဆိုသံလေး......
"သဲငယ်....."
သူ့အရှေ့ကိုရောက်လာသည့် သဲငယ်.....
မပြောဘူးလား...... သဲငယ်ကသူ့ဆီလာမှာပါလို့......
"ထ.....
အိမ်ပြန်လိုက်ပို့မယ်....."
သူ့လက်မောင်းကနေ ဆွဲပြီး ကားဆီခေါ်သွားသည့်မြူ့ကိုသူအရမ်းမူးနေသလို မှီထားလိုက်သည်။
ထိုင်ခုံခါးပတ်သေချာတပ်ပေးနေသည့် မြူ့မျက်နှာမှာ သူ့ကိုအရင်လိုဂရုစိုက်သေးသည့် အငွေ့အသက်လေးတွေရှိနေသေးသည်။
"အိမ်မပြန်ဘူး....."
သူ့အသံကြောင့်ကားမောင်းနေရာမှမြူလှည့်ကြည့်သည်။
"အိမ်မပြန်လို့ဘယ်သွားမှာလဲ...."
"အိမ်မပြန်ချင်ဘူး"
ဒီစကားတစ်ခွန်းထဲကိုပဲသူထပ်ကာထပ်ကာပြောတော့ မြူသက်ပြင်းချသည်။
"အဲ့တာဆိုလည်း hotel မှာအိပ်လိုက်......"
နီးစပ်ရာ hotel မှာရပ်လိုက်ပြီး သူ့ကိုမြူကတွဲကာ အထဲခေါ်သွားပေးသည်။
တစ်ညတည်းဖို့အခန်းတစ်ခန်းယူပြီး ပိုက်ဆံပါရှင်းကာ အခန်းဆီသို့ မြူကလိုက်ပို့သည်။
သူ့ကိုမနဲတွဲပြီး အခန်းတံခါးကိုလက်တစ်ဖက်နှင့်သော့ဖွင့်ကာဝင်လိုက်ပြီး မီးဖွင့်ကာ တံခါးပြန်ပိတ်လိုက်သည်နှင့် သူမြူ့ကိုနံရံတွင်ဆွဲကပ်ပစ်လိုက်သည်။
"အ...."
ကျောအောင့်သွားသည့်မြူက သူ့ကိုမျက်မှောင်တွေကျုံ့ပြီးကြည့်သည်။
"မင်းမူးချင်ယောင်ဆောင်နေတာပေါ့....."
"မူးချင်ယောင်မဆောင်ရင် ကိုယ့်ဆီလာမှာမို့လို့လား...."
ငုံ့နမ်းသည့်သူ့နှုတ်ခမ်းတွေကိုမြူကရှောင်သည်။
"မငြင်းနဲ့!
ကိုယ်ပြောထားပြီးသား....
ကိုယ့်ကိုမချစ်တော့ဘူးဆိုတာနဲ့ မြူ့ကိုကိုယ်ရအောင်ယူမှာ....
ကိုယ်အပိုင်ဖြစ်အောင်လုပ်ပစ်မှာ!"
မြူဟာသူ့ကိုအေးစက်စက်ကြည့်လာပြီး ပြုံးတယ်.....
"မင်းလိုချင်တာ ငါ့ခန္ဓာကိုယ်မလား....."
ဝတ်ထားတဲ့ အပေါ်ထပ်ကိုချွတ်ပစ်ပြီး shirt လက်ရှည်အဖြူ၏ကြယ်သီးတွေကိုမြူကဖြုတ်သည်။
အပေါ်ပိုင်းမှာအဝတ်မကျန်တော့ ဘောင်းဘီခါးပတ်ကိုလည်းချွတ်ကာ ဘောင်းဘီကိုဇစ်ဖြုတ်လိုက်သည်။
မီးရောင်အောက်ကမြူ့ခန္ဓာကိုယ်လေးဟာ ချုပ်ရိုးရာနှစ်ခုနှင့် တစ်မျိုးလှနေသည်ကို ကောင်ကင်မျက်တောင်မခတ်ကြည့်နေသည်။
"ဒီတစ်ညမင်းငါ့ကိုကြိုက်တာသာလုပ်.....
မနက်ဖြန်ရောက်တာနဲ့ ငါ့ကိုမနှောက်ယှက်နဲ့တော့...."
မြူ့မျက်ဝန်းစိမ်းတွေကိုဂရုမစိုက်ဘဲ နှုတ်ခမ်းလေးတွေကိုဖိနမ်းလိုက်သည်။
တုန့်ပြန်ခြင်းတစ်ချက်တောင်မရှိတာမို့ အားမရစွာ ဂုတ်ကနေကိုင်ပြီး အငမ်းမရစုပ်ယူသည်။
ကုတင်ပေါ်ပစ်တင်လိုက်ပြီး လက်ကျန်ဘောင်းဘီကိုဆွဲချွတ်တော့ မြူကသူ့ကိုမကြည့်ဘဲ ဘေးကိုမျက်နှာလွှဲထားပေမယ့် နီရဲလာသည့် အစိတ်အပိုင်းတို့ကနေရှက်နေမှန်းဖော်ပြနေသည်။
တစ်ဆင့်ချင်းသွားနေသည့် သူ့အထိအတွေ့တွေကို အသံတစ်ချက်မပြုဘဲ လက်ကိုသာကိုက်ထားသည့်မြူ......
မီးရောင်နှင့်ရှင်းရှင်းလင်းလင်းမြင်နေရသည့် ခန္ဓာကိုယ်လေးအနှံ့ကိုသူနမ်းကာ လက်ကလေးကိုဆွဲယူပြီး သူ့နာမည် tatoo ရှိနေသည့် လက်ကောက်ဝတ်ပေါ်လျှာနဲ့လျှက်လိုက်တော့ မြူဆတ်ကနဲတုန်သွားရာ သူသဘောတကျပြုံးလိုက်သည်။
ပထမဆုံးအကြိမ်ကို ဘာအကူအညီပစ္စည်းမှမပါဘဲ စတင်ခံနေရသည့် မြူ့မျက်နှာဟာ နာကျင်မှုကြောင့် နီရဲပီး မျက်ရည်တွေစီးကျလာသည်။
နှုတ်ခမ်းတွေကိုနမ်းနေသည့်သူ့ကျောပြင်ကိုဖက်တွယ်လို့ရပေမယ့် အိမ်ရာခင်းကိုသာ အားကိုးတကြီး ချေမွနေသည်။
သူ့အောက်မှာအသံတစ်ချက်မထွက် တုန်ယင်နေသည့် မြူဟာ သူ့ကိုလည်းမကြည့် မျက်ရည်တွေနှင့် နှုတ်ခမ်းကိုဖိကိုက်ထားတာမို့ နှုတ်ခမ်းသားနုနုဟာပေါက််ပြီး ထွက်လာသည့် သွေးတွေကို ကောင်းကင်စုပ်ယူလိုက်သည်။
"သဲငယ်.....
ကိုယ့်ကိုကြည့်......."
လှည့်မလာသည့် မျက်နှာလေးကို မေးကနေကိုင်ဆွဲလှည့်လိုက်တော့ သူ့ကိုမုန်းတီးစွာကြည့်ပြီး ငိုနေသည်။
ထိုအကြည့်တွေကသူ့စိတ်ကိုရိုင်းစိုင်းစေသည်။ ညင်သာခြင်းမရှိတော့သည့် သူ့လှုပ်ရှားမှုတွေကြောင့် မြူ့ခန္ဓာကိုယ်လေးဟာခါယမ်းနေခဲ့သည်။
အချိန်ဘယ်လောက်ကြာပြီး သူမြူ့အထဲမှာဘယ်နှကြိမ်တောင်ပြီးမြောက်ခဲ့လဲမမှတ်မိတော့......
အသက်ကလေးမျှင်းမျှင်းရှူပြီး မျက်လုံးတောင်မဖွင့်နိုင်တော့သည့် မြူ့မျက်ခွံမို့မို့လေးတွေကို သူနမ်းကာ စေးကပ်ကပ် မြူ့ပေါင်ကြားမှ သွေးတွေကိုပါ သူတဘက်ရေစိုနှင့် သုတ်သင်ပေးလိုက်သည်။
"မြူကကိုယ့်တစ်ယောက်ထဲရဲ့အပိုင်ပဲ......"
မြူ့ကိုယ်လေးကိုသူသိမ်းကြုံးဖက်ပြီး အိပ်ခဲ့ပေမယ့် မနက်ခင်းသူမျက်လုံးပွင့်ချိန်မှာ အေးစက်စက်အခန်းထဲတွင် မြူ့အငွေ့အသက်လေးတောင်ရှိမနေတော့.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မင်္ဂလာဝတ်စုံရွေးရင်း ရယ်မောနေသည့်မြူ့ကိုသူမုန်းတီးမိလာသည်.....
သူ့ကိုတစ်ညတာသာယာမှုပေးခြင်းဟာ လျော်ကြေးဆန်လွန်သည်။
အပြုံးတွေဝေနေသည့် မြူနဲ့ထိုမိန်းမကို သူကားနှင့်တိုက်သတ်ပစ်ချင်သည်။
ငိုရလွန်းလို့ မျက်ရည်တွေလည်းခမ်းကုန်ပြီထင်......
အခုချိန်ထိ ဘာတွေဖြစ်ပျက်သွားလဲဆိုတာကိုလည်း သူနားမလည်နိုင်သေး....
ကိုယ်နဲ့သူ့ကြားမှာဘာမှမဖြစ်ပျက်ခဲ့သလို မြူပြုံးပြလာတိုင်း ဒီကောင်ကသာတစ်ဖက်သက်အရူးကြီးလို......
သူစိတ်ကုန်သွားပြီ.......
အရူးအမူးကိုးကွယ်ခဲ့တဲ့ဒီချစ်ခြင်းကြီးကို....
သူသည်းမခံနိုင်စွာ မြူ့ကိုမေးခဲ့သည်။
တစ်သက်တာမရည်ရွယ်ဘဲ ဘာလို့အားလုံးကိုကျွန်တော့်ချစ်သူပါလို့မိတ်ဆက်ပေးပြီး အိမ်မက်တွေပေးခဲ့ရတာလဲလို့.....
မြူကတော့အေးစက်လွန်းစွာပဲ ပြုံးတယ်....
သူလည်းတစ်ခဏရူးခဲ့လို့ပါတဲ့......
တစ်ခဏအတွင်းရိုက်ချိုးခံလိုက်ရတဲ့မျှော်လင့်ချက်တွေနဲ့ အိမ်မက်တွေဟာလည်း အရောင်မဲ့သွားသည်။
နိုးထလိုက်စမ်းပါလို့သူ့ကိူယ်သူပြောရင်း သောင်းကျန်းမိတော့ သူ့အမေဟာယူကျုံးမရဖြစ်ရသည်တဲ့.....
အရာအားလုံးဆီကနေထွက်ပြေးဖို့ ပါချုပ်ရုံးခန်းကိုသူသွားသည်။
အိမ်ကိုရောက်လာသည့်ဖိတ်စာကိုမမြင်ချင်ယောင်ဆောင်ကာ အထုပ်အပိုးကိုပြင်သည်။
သူ့ကိုလိုက်ပို့တဲ့ အဖေနဲ့အမေ တေဇတို့အားလုံးကိုပြန်ခိုင်းလိုက်ကာ လေယာဥ်ထွက်ခွာမည်အချိန်ကိုစောင့်ရင်း သူနောက်ဆုံးအကြိမ်အဖြစ်အချစ်ဦးအတွက်ငိုသည်။
ဒီအချိန်ဆို မင်္ဂလာပွဲမှာ သူမလက်ကိုတွဲပြီးပြုံးနေမှာပေါ့.....
ဒီကောင့်ရင်ကိုခွဲပြီးပြီပဲ.......
ပျော်အောင်နေပါမြူ.....
တိမ်စိုင်တွေကြားတဖြည်းဖြည်းဝေးကွာသွားတဲ့လေယာဥ်ထက်ကနေပဲ သူရေရွတ်လိုက်သည်။
"ထာဝရအတွက် နှုတ်ဆက်ပါတယ်.....
ကိုယ့်အချစ်ဦး......"
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ကောင်းသည်ဖြစ်စေ
ဆိုးသည်ဖြစ်စေ
အချစ်ဦးဆိုတဲ့တစ်စုံတစ်ယောက်ကို
ကျွန်တော်တို့နှလုံးသားထဲမှာ
ကဗျည်းထိုးပြီး
ထာဝရသိမ်းဆည်းထားကြတယ်
(AN: အဆုံးသတ်ကနီးကပ်လာနေပါပြီ)
************************************
Zawgyi
"အစ္ကို....
စစ္ေကာင္းကင္ကိုနားခ်ေပးဦး.....
သူ Australia University entrance ေအာင္တယ္.....
Scholar လည္းရတာကို မသြားဘူးျငင္းေနတယ္......"
စိုင္းစံဖုန္းဆက္ေျပာသည့္ စကားေတြေၾကာင့္ သလင္းျမဴနားထင္ကိုဖိႏွိပ္ထားမိသည္။
ေခါင္းထဲမွရႈပ္ေထြးေနသည့္ ကိစၥရပ္ေပါင္းမ်ားစြာကိုသူဘယ္လိုမွ အစီအစဥ္ခ်လိဳ႕မရ...
Maung ဆိုတဲ့ contact ေလးကိုသူႏွိပ္လိုက္ေတာ့ တစ္ဖက္ကခ်က္ခ်င္းျပန္ေျဖသည္။
"Hello သဲငယ္....
ကိုယ့္ကိုလြမ္းေနၿပီလား....
ကိုယ္အခုပဲလာေတာ့မလို႔..."
တရစပ္စကားေတြေျပာေနသည့္ ေကာင္ေလးေၾကာင့္ သလင္းျမဴ အံကိုႀကိတ္မိသည္။
"အျပင္မွာေတြ႕ရေအာင္....."
"သဲငယ္အားလို႔လား...."
ေဒါသထြက္ေနသည္မို႔အသံေတြက်ယ္မည္ကိုသူသိရာ အျပင္ပန္းၿခံတစ္ခုကိုသာခ်ိန္းလိုက္သည္။
သူရွိရာကိုေလွ်ာက္လာေနတဲ့ျမဴ႕ကိုျမင္ေတာ့ သူၿပဳံးလိုက္သည္။
"ဘာေတြမ်ားေျပာစရာရွိေနလို႔အျပင္မွာခ်ိန္းတာလဲသဲငယ္....."
သူရယ္ၿပဳံးကာေျပာေနေပမယ့္ ျမဴကေတာ့ တစ္ခ်က္ေလးေတာင္မၿပဳံး.....
"ငါမင္းကိုစိတ္ပ်က္တယ္ စစ္ေကာင္းကင္နိုင္....."
ေအးစက္စက္အၾကည့္ေတြနဲ႕ ျမဴ႕ႏႈတ္ခမ္းကထြက္လာတဲ့စကားရဲ႕သက္ေရာက္မႈကသူဆက္မၿပဳံးေတာ့.....
"ကိုယ္ဘာအမွားလုပ္ထားမိလို႔လဲ....."
"Scholar ကိုဘာကိစၥျငင္းေနတာလဲ......"
"ဟိုေကာင္စိုင္းစံေျပာတာလား....."
ေတာက္ေခါက္လိုက္တဲ့သူ႕ကိုျမဴကမ်က္ခုံးေတြတြန့္ခ်ိဳးၿပီးၾကည့္လာျပန္သည္။
" သူမ်ားကိုေဒါသထြက္မေနနဲ႕.....
စိုင္းစံသာမေျပာရင္ငါတစ္သက္လုံးမသိဘဲမင္းအ႐ူးလုပ္တာကိုယုံေနမွာ!"
"ကိုယ္ဘာေတြမ်ားအ႐ူးလုပ္လို႔လဲ......
သဲငယ္ကိုမေျပာတာက ကိုယ့္ကိုစိတ္ဆိုးမွာစိုးလို႔....."
"ငါေမးတာကိုမင္းမေျဖရေသးဘူး.....
Scholar ကိုဘာကိစၥေၾကာင့္ျငင္းေနတာလဲ...."
"ကိုယ္သဲငယ္နဲ႕မခြဲနိုင္ဘူး....."
သူျပန္ေျဖေတာ့ ျမဴ႕ကခါးေထာက္ကာ တစ္ခ်က္ရယ္ၿပီး မ်က္ႏွာကိုတစ္ဖက္လႊဲသြားသည္။
"ငါ့ေၾကာင့္နဲ႕မင္းအနာဂတ္ကိုမပ်က္စီးေစနဲ႕လို႔ငါမေျပာထားဘူးလား!!"
သူ႕အေပၚတစ္ခါမွဒီေလာက္ထိေဒါသမထြက္ခဲ့တဲ့ ျမဴကအခုေတာ့သူ႕ကိုစိတ္ပ်က္တဲ့အၾကည့္မ်ိဳးေတြနဲ႕ၾကည့္ေနသလိုသူခံစားရသည္။
"ကိုယ္ဘာမွားလို႔လဲ!
ကိုယ္ျမဴနဲ႕မခြဲနိုင္ဘူး! ဘယ္နိုင္ငံကိုမွလည္းကိုယ္မထြက္သြားခ်င္ဘူး.....
ဒီမွာပဲျမဴ႕အနားမွာေနၿပီး ကိုယ္ဘြဲ႕ယူမယ္.....
ၿပီးရင္ကိုယ္တို႔လက္ထပ္မယ္ေလ....."
"ဒါဆိုမင္းဘာလို႔ scholar ကိုဝင္ေျဖခဲ့ေသးလဲ......"
"ကိုယ္........"
အဲ့တကၠသိုလ္ကိုတက္ခ်င္လို႔ ဝင္ေျဖခဲ့ၿပီးမွ သူ႕ကိုမခြဲနိုင္ပါဘူးဆိုၿပီး ေကာင္းကင္ဟာေခါင္းမာေနသည္။
"အဲ့တာမင္းအိမ္မက္မလား......"
"ဒါေပမယ့္ ကိုယ့္အတြက္သဲငယ္ေလာက္အေရးမပါဘူးေလ......"
"အနာဂတ္မဲ့တဲ့အရႉံးသမားတစ္ေယာက္နဲ႕ငါ့ဘဝကိုေရွ႕မဆက္နိုင္ဘူး....."
လွည့္ထြက္သြားသည့္ျမဴ႕လက္ကို ေကာင္းကင္အေနာက္ကေနရေအာင္ဖမ္းဆြဲလိုက္သည္။
"ဘာကိုဆိုလိုခ်င္တာလဲ... "
သူ႕လက္ေတြၾကားက႐ုန္းေနသည့္ျမဴက က်န္းမာေရးေကာင္းလာၿပီးေနာက္ အရင္ထက္သန္မာလာသည္။
"ငါမင္းနဲ႕ေရွ႕မဆက္ခ်င္ေတာ့ဘူး!
ရွင္းရွင္းေျပာရရင္ ငါမင္းကိုျပတ္ၿပီ...."
အံ့ဩမႈေၾကာင့္သူ႕လက္ေတြေျပေလ်ာ့သြားခ်ိန္မွာပဲ ျမဴဟာသူ႕ကိုတြန္းၿပီး ထြက္သြားခဲ့ၿပီ.....
မျဖစ္နိုင္တာ.......
သူနားၾကားမွားတာပဲေနမွာ......
ျမဴကသူ႕ကိုဘယ္ေတာ့မွလမ္းခြဲစကားေျပာမွာမဟုတ္ဘူး.....
ဟုတ္တယ္ျမဴသူ႕ကိုစိတ္ဆိုးေနလို႔ေျပာတာပဲေနမွာ.....
သူျပန္ေခ်ာ့ရင္ျမဴကအရင္လို႔စိတ္ဆိုးေျပၿပီး လူဆိုးေကာင္လို႔သူ႕ကိုေခၚမွာ.....
အျမန္ပဲ႐ုံးကိုလိုက္သြားေပမယ့္ သူ႒ေးမရွိပါဘူးတဲ့ ဖုန္းေခၚေတာ့လည္းမကိုင္....
ျမဴသူ႕ကိုစိတ္ဆိုးေနလို႔ေနမွာပါ.....
ျမဴ႕အိမ္အထိလိုက္သြားေတာ့ ျမဴျပန္မလာေသးဘူးတဲ့.....
ျမဴဘယ္ကိုသြားေနမလဲ......
ငိုမ်ားငိုေနမလား......
ပူေလာင္ေနတဲ့စိတ္နဲ႕သူတစ္ညလုံးအိပ္မေပ်ာ္ခဲ့ဘဲ ခဏခဏေခၚေနေပမယ့္ ျမဴလုံးဝဖုန္းမကိုင္ခဲ့......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မနက္စာဝိုင္းမွာသူထိုင္လိုက္ေတာ့ သီတင္းစာဖတ္ေနသည့္ အေဖက အေမ့ကိုတစ္ခုခုျပေနသည္။
"သား...."
"ဗ်ာ အေမ့....."
"ျမဴေလးနဲ႕ဒီရက္ပိုင္းအဆင္ေျပတယ္မလား...."
"ဟုတ္ေျပပါတယ္...."
ျမဴခဏစိတ္ဆိုးေနေပမယ့္ ျပန္ေျပလည္သြားမွာပဲမို႔ သူေအးေအးေဆးေဆးသာေျပာလိုက္သည္။
"ဒီကိစၥကိုသားသိၿပီးသားလား....."
အေဖေပးလာသည့္ ေန႕စဥ္သတင္းစာကို သူေၾကာင္ေတာင္ေတာင္နဲ႕ယူၾကည့္လိုက္သည္။
ေစ့စပ္ေၾကာင္းလမ္းျခင္း
ေမာင္သလင္းျမဴ ႏွင့္ မေမေသြးနီ
ရင္းႏွီးတဲ့နာမည္ႏွစ္ခုကိုၾကည့္ရင္း ေကာင္းကင္ပူေလာင္လာသည္။
မျဖစ္နိုင္တာ.......
"နာမည္တူတာေနမွာပါ အေဖရာ....."
အေနာက္မွာပါသည့္ ေအာင္တံခြန္မိသားစုဆိုသည္ကိုမျမင္ခ်င္ေယာင္ေဆာင္ကာ ေကာ္ဖီတစ္ခြက္လုံးကိုသူေမာ့ေသာက္လိုက္သည္။
ကားေသာ့ကိုယူၿပီး သူအျမန္ဦးတည္ေမာင္းလာခဲ့သည့္က ျမဴ႕ရဲ႕႐ုံးကို......
ဖုန္းကိုလည္းဆက္တိုက္ေခၚေနေပမယ့္ မကိုင္......
ေျခလွမ္းက်ဲေတြနဲ႕ ႐ုံးခန္းဆီသူသြားေတာ့ တာဝန္ခံျဖစ္သူကသူ႕ကိုဆြဲသည္။
"အထဲမွာ သူ႒ေးညီမေရာက္ေနပါတယ္....
ဘယ္သူ႕ကိုမဝင္ခိုင္းပါနဲ႕တဲ့"
သူနားလည္ဟန္ေခါင္းညိတ္ၿပီး တံခါးနားမွာရပ္ေနလိုက္သည္။
"ကိုကို ႐ူးေနလား!!"
ခြန္းခက္ဆစ္ရဲ႕ ေဒါသနဲ႕ေအာ္သံကိုေကာင္းကင္ရွင္းရွင္းလင္းလင္းၾကားလိုက္ရသည္။
"ခြန္းေလး.....
ဒါကိုကို႔အလုပ္ေနာ္......
အိမ္ျပန္ေတာ့ ေနာက္မွေျပာမယ္......"
"ကိုကိုစကားမလႊဲနဲ႕!
မေန႕ကအိမ္ျပန္မလာဘဲ ဘာေတြလုပ္ေနတာလဲ!
မမေသြးနဲ႕ ေစ့စပ္လိုက္တဲ့သတင္းကေရာ....
တကယ္မဟုတ္ဘူးမလား......"
"......."
"ကိုကို!!"
"အမွန္ပဲ......
ကိုကို မေန႕ကပဲေသြးမိဘေတြနဲ႕စကားေျပာၿပီးၿပီ......"
"အစ္ကိုေကာင္းကင္ကေရာ!!
ကိုကိုသူ႕အေပၚဘယ္လိုေတာင္လုပ္ရက္တာလဲ!!!"
ေကာင္းကင္ တံခါးကိုဖြင့္ကာဝင္လိုက္ေတာ့ သူ႕ကိုျမင္သြားသည့္ ျမဴ႕မ်က္ဝန္းေတြက တုန္လႈပ္ျခင္းမရွိ ေအးစက္ဆဲ......
ခြန္းေလးက ျမဴ႕ကိုထုရိုက္ၿပီး ငိုေနရွာတယ္....
"ကိုကိုတို႔ႏွစ္ေယာက္လမ္းခြဲၿပီးၿပီ....
ဘာမွမသက္ဆိုင္ေတာ့ဘူး......"
သူ႕မ်က္ႏွာကိုၾကည့္ကာေျပာသည့္ ျမဴ႕စကားေတြေၾကာင့္ သူ႕မ်က္ဝန္းမွာေငြ႕ရည္ဖြဲ႕လာသည္။
"အိမ္ျပန္ေတာ့ခြန္းေလး......"
ခြန္းေလးကမ်က္ရည္ေတြကိုသုတ္ၿပီး ႐ုံးခန္းထဲမွထြက္ခြာသြားေတာ့ သူတို႔ႏွစ္ေယာက္သာက်န္ခဲ့သည္။
တိတ္ဆိတ္ေနသည့္ သူ႕ကိုျမဴကအလိုမက်ဟန္ၾကည့္သည္။
"ငါ့ဆီလာတယ္ဆိုေတာ့ေျပာစရာရွိလို႔မလား...."
ျမဴ႕အေမးကိုသူျပန္မေျဖဘဲ အနားသြားကာ ဆြဲဖက္ထားလိုက္သည္။
ျမဴကခါတိုင္းလိုျပန္မဖက္သလို ႐ုန္းလည္းမ႐ုန္း ၿငိမ္သက္လြန္းေနသည္။
"ကိုယ့္ကိုစိတ္ဆိုးရင္လည္း အရင္လို ထုရိုက္လိုက္ပါလားကြာ....."
"......."
"သဲငယ္.....
ဒီလိုလုပ္ရတာအေၾကာင္းရွိတယ္မလားဟင္...
ကိုယ့္ကိုေျပာျပ....."
"မရွိဘူး....ဘာအေၾကာင္းျပခ်က္မွ.....
ငါေ႐ြးျခယ္လိုက္တာ ေသြးကိုငါ့ဘဝလက္တြဲေဖာ္အျဖစ္....."
"ကိုယ္မယုံဘူး....."
ပိုတင္းၾကပ္စြာဖက္ထားရင္း ေကာင္းကင္ဟာေခါင္းရမ္းတယ္.....
"ကိုယ္သိတယ္.....
သဲငယ္က ကိုယ့္ကိုအရမ္းခ်စ္တာ.....
ကိုယ့္ကိုပဲ လက္တြဲေဖာ္အျဖစ္သက္မွတ္ထားတာ.....
ကိုယ္ေျပာတာဟုတ္တယ္မလားဟင္......"
"မင္းေမ့ေနၿပီလား.....
ငါ့က်န္းမာေရးေကာင္းသြားၿပီ.....
ငါသာမန္ အိမ္ေထာင္ေရးမ်ိဳးလိုခ်င္တယ္....
ငါ့အတြက္ေသြးကအသင့္ေတာ္ဆုံးပဲ
ငါေသြးနဲ႕လက္ထပ္မွာ ၿပီးေတာ့ ငါ့ရင္ေသြးေလးေတြကိုသူကေမြးေပးနိုင္တယ္.....
သူက...."
"ျမဴ!!!"
ဆက္နားမေထာင္နိုင္ေတာ့တာေၾကာင့္ ျမဴ႕ပုခုံးႏွစ္ဖက္ကိုသူဆုပ္ကိုင္ၿပီး ေအာ္ပစ္လိုက္သည္။
"ဘာလဲ.....
မၾကားခ်င္ဘူးလား......
ေသြးကငါ့အတြက္သားေတြသမီးေတြေမြးေပးနိုင္တယ္ဆိုတာက အမွန္ပဲေလ......
မင္းနဲ႕ငါ့ရဲ႕ သဘာဝမက်တဲ့ပတ္သက္မႈကိုလည္း ငါစိတ္ကုန္ေနၿပီ....
ပတ္ဝန္းက်င္ရဲ႕ေဝဖန္မႈေတြကိုလည္းမလိုခ်င္ေတာ့ဘူး....."
"ေတာ္ပါေတာ့ကြာ.......
ကိုယ္ေတာင္းပန္ပါတယ္....
ကိုယ့္အေပၚဒီလိုမ်ိဳးေတြလုပ္မွျဖစ္မွာလား သဲငယ္ရာ......"
"ငါမင္းကိုစိတ္မဆိုးဘူး စစ္ေကာင္းကင္နိုင္...
ပတ္သက္စရာအေၾကာင္းလည္းမရွိေတာ့ဘူး...."
"သဲငယ္သြားေစခ်င္ရင္ ကိုယ္ Australia ကိုသြားပါ့မယ္ကြာ......
အခုလိုမ်ိဳး လုပ္ေနတာေတြရပ္လိုက္ပါေတာ့...."
"သြားတာမသြားတာက မင္းသေဘာ စစ္ေကာင္းကင္....
မင္းဘဝကိုမင္းသာဘာေ႐ြးျခယ္ဆုံးျဖတ္....
ငါလည္းငါ့ဘဝအတြက္ေ႐ြးျခယ္ၿပီးၿပီ....
ငါမေနာက္ဘူး.....ငါအျမန္ဆုံး ေသြးကိုလက္ထပ္ဖို႔ျပင္ဆင္ေတာ့မွာ....."
ျမဴဟာသူသိခဲ့တဲ့သူသိပ္ခ်စ္ရတဲ့ျမဴမဟုတ္သလိုပဲ ေအးစက္လြန္းသည္။
သူ႕ႏႈတ္ခမ္းမွာလည္းေျပာစရာစကားေတြေပ်ာက္ရွလ်က္......
"မင္းၿပီးရင္သြားေတာ့ ငါမအားဘူး...."
ျမဴဟာအလုပ္စားပြဲမွာထိုင္ၿပီး သူ႕ကိုရွိတယ္လို႔ေတာင္မယူဆဟန္ computer screen ကိုသာၾကည့္ရင္းအလုပ္ရႈပ္ေနသည္။
""ေဒါက္!! ေဒါက္!!""
"ဝင္ခဲ့ပါ....."
"သူ႒ေးေျပာတဲ့ လက္ထပ္လက္စြပ္ design ေတြပါ...."
"အင္း.....
အဲ့ေပၚတင္ထားခဲ့....."
မန္ေနဂ်ာက မလႈပ္မယွက္ရပ္ေနတဲ့ ေကာင္းကင္ကိုေၾကာင္ေတာင္ေတာင္ၾကည့္ကာ ျမဴ႕ကိုအရိုအေသေပးၿပီးျပန္ထြက္သြားသည္။
အလုပ္စားပြဲကထလာၿပီးျမဴက လက္စြပ္ design ပုံေတြကို sofa မွာထိုင္ၿပီးေအးေဆးၾကည့္ေနသည္။
"မျပန္ေသးဘူးလား.....
လက္စြပ္ကူေ႐ြးေပးမလို႔လား....."
သူ႕ကိုရယ္သြမ္းေသြးလ်က္ေျပာသည့္ ျမဴဟာလူစားအထိုးခံထားရတာလားဟုပင္ သူေတြးမိသည္။
ျမဴ႕ကိုဆက္မၾကည့္နိုင္ေတာ့ဘဲ သူထိုေနရာမွအျမန္ထြက္လာခဲ့ေတာ့သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ဘာလို႔လဲကြာ......
ငါ့ကိုဘယ္လိုေတာင္ရက္စက္နိုင္ရတာလဲ...."
တစ္ခြက္ၿပီးတစ္ခြက္မနားတမ္းေသာက္ရင္း သူငယ္ခ်င္းျဖစ္သူေျပာတာေတြကို နားေထာင္ကာ ေတဇတို႔မွာလည္းမယုံနိုင္.....
"ငါတို႔မေန႕မနက္ကအထိ အဆင္ေျပေနၾကတာကြ.......
ျမဴရာ!!!
လုပ္ရက္လိုက္လိုက္တာ!
ကိုယ္ကို႐ူးေစခ်င္ေနတာလားကြာ!!!"
သီးသန့္ခန္းမို႔ ေကာင္းကင္စိတ္ႀကိဳက္ကိုေပါက္ကြဲေနသည္။
စိုင္းစံမွာလည္း သူ႕ေၾကာင့္ဆိုၿပီး ေကာင္းကင္ကိုေတာင္းပန္ေနရွာသည္။
ေတဇတို႔လည္း မယုံနိုင္ေပမယ့္ ေကာင္းကင္ေျပာတာေတြနဲ႕ သတင္းစာထဲကဟာကိုျမင္ၿပီး အမွန္ေတြမွန္းသိလိုက္ရသည္။
" မေသြးကိုေမးၾကည့္မလားဟင္ေကာင္းကင္...."
မူးေနသည့္ၾကားမွ ေခါင္းတဆတ္ဆတ္ညိတ္သည့္ေကာင္းကင္ေၾကာင့္ စိုင္းစံ ဖုန္းအျမန္ေခၚကာ speaker ဖြင့္လိုက္သည္။
"Hello"
"Hello အစ္မ....
ကြၽန္ေတာ္စိုင္းစံ....."
"ေအးေမာင္ေလးေျပာ...."
"အစ္မ......
အစ္ကိုသလင္းျမဴနဲ႕ေစ့စပ္တယ္ဆိုတဲ့သတင္းကတကယ္လား....."
"အင္း.....တကယ္...."
"ဘယ္လိုျဖစ္တာလဲ ႐ုတ္တရက္ႀကီး..."
"သလင္းက ႐ုတ္တရက္အစ္မမိဘေတြဆီမွာလာေတာင္းတာေလ.....
မနက္ျဖန္သလင္းအေမနဲ႕အစ္မအေမေတာင္ မဂၤလာရက္သြားေ႐ြးၾကေတာ့မွာ...."
"လိမ္ေနတာ!!"
ေအာ္ငိုသည့္ေကာင္းကင္ေၾကာင့္စိုင္းစံဖုန္းကိုအျမန္ခ်ပစ္လိုက္သည္။
"အကုန္လုံးလိမ္ေနၾကတာ!!!"
ပုလင္းေတြကိုေရမေရာဘဲဆြဲယူေမာ့ေနသည့္ ေကာင္းကင္ကိုသူတို႔ဝိုင္းတားရေတာ့သည္။
"ေကာင္းကင္ ေတာ္ေတာ့!!
မင္းေသသြားလိမ့္မယ္!!"
"ေသပါေစ!!!"
"မင္းေသလည္း သလင္းျမဴကသူမိန္းမနဲ႕သူသာသာယာယာေနသြားမွာပဲ!"
ေတဇ၏စကားေၾကာင့္ ေကာင္းကင္နည္းနည္းသာက်န္ေတာ့သည့္ ပုလင္းကိုျပန္ခ်လိဳက္သည္။
"စိုင္းစံ ျမဴ႕ကိုဖုန္းဆက္.....
ငါ့ကိုလာေခၚခိုင္းလိုက္!"
ေကာင္ကင္က တကယ့္ကိုမူးေနၿပီဆိုေပမယ့္ အသိစိတ္လုံးဝမေပ်ာက္ေပ။
"ဖုန္းဆက္လိုက္လို႔ေျပာေနတယ္!!"
"ေအးေအး...."
စိုင္းစံဖုန္းေခၚေပမယ့္ အစ္ကိုသလင္းျမဴကမကိုင္ရာ ဘယ္လိုလုပ္ရမယ္မွန္းမသိ......
"မကိုင္ဘူး....."
"Message ပို႔လို႔ ငါ့ကိုဒီဆိုင္မွာတစ္ေယာက္ထဲထားခဲ့တယ္ လာေခၚလို႔....."
ေကာင္းကင္ေျပာသည့္အတိုင္း သူပို႔လိုက္သည္။
Message ကေတာ့ တန္းၿပီး seen ျဖစ္သြားသည္။
"ဖတ္လိုက္ၿပီ"
ေမွာက္အိပ္ေနရာမွေကာင္းကင္ေခါင္းေထာင္လာသည္။
"မင္းတို႔ေတြျပန္ၾကေတာ့......"
"သလင္းျမဴကလာပါ့မလား....."
"လာမွာ!
ျမဴကငါ့ဆီလာကိုလာမွာ.....
ငါ့ကားပါယူသြားၾက......သြား!!"
အကုန္ထြက္သြားၾကေတာ့ သူျပန္ၿပီးေမွာက္အိပ္ေနလိုက္သည္။
တစ္နာရီ ႏွစ္နာရီ အခ်ိန္ေတြသာၾကာသြားတယ္......
ျမဴေရာက္မလာခဲ့......
"ဧည့္သည္ကြၽန္ေတာ္တို႔ဆိုင္ပိတ္ပါေတာ့မယ္....."
Waiter ေလးလာေျပာေတာ့ သူဒယိမ္းဒယိုင္ႏွင့္ ဆိုင္အျပင္ထြက္လာခဲ့ကာ ပလက္ေဖာင္းေပၚေခါင္းငိုက္စိုက္ထိုင္ခ်လိဳက္သည္။
"မင္းအရမ္းေခါင္းမာလြန္းတယ္"
သူ႕အနားကပ္လာသည့္ ေျခသံႏွင့္ ရင္းႏွီးသည့္ အျပစ္ဆိုသံေလး......
"သဲငယ္....."
သူ႕အေရွ႕ကိုေရာက္လာသည့္ သဲငယ္.....
မေျပာဘူးလား...... သဲငယ္ကသူ႕ဆီလာမွာပါလို႔......
"ထ.....
အိမ္ျပန္လိုက္ပို႔မယ္....."
သူ႕လက္ေမာင္းကေန ဆြဲၿပီး ကားဆီေခၚသြားသည့္ျမဴ႕ကိုသူအရမ္းမူးေနသလို မွီထားလိုက္သည္။
ထိုင္ခုံခါးပတ္ေသခ်ာတပ္ေပးေနသည့္ ျမဴ႕မ်က္ႏွာမွာ သူ႕ကိုအရင္လိုဂ႐ုစိုက္ေသးသည့္ အေငြ႕အသက္ေလးေတြရွိေနေသးသည္။
"အိမ္မျပန္ဘူး....."
သူ႕အသံေၾကာင့္ကားေမာင္းေနရာမွျမဴလွည့္ၾကည့္သည္။
"အိမ္မျပန္လို႔ဘယ္သြားမွာလဲ...."
"အိမ္မျပန္ခ်င္ဘူး"
ဒီစကားတစ္ခြန္းထဲကိုပဲသူထပ္ကာထပ္ကာေျပာေတာ့ ျမဴသက္ျပင္းခ်သည္။
"အဲ့တာဆိုလည္း hotel မွာအိပ္လိုက္......"
နီးစပ္ရာ hotel မွာရပ္လိုက္ၿပီး သူ႕ကိုျမဴကတြဲကာ အထဲေခၚသြားေပးသည္။
တစ္ညတည္းဖို႔အခန္းတစ္ခန္းယူၿပီး ပိုက္ဆံပါရွင္းကာ အခန္းဆီသို႔ ျမဴကလိုက္ပို႔သည္။
သူ႕ကိုမနဲတြဲၿပီး အခန္းတံခါးကိုလက္တစ္ဖက္ႏွင့္ေသာ့ဖြင့္ကာဝင္လိုက္ၿပီး မီးဖြင့္ကာ တံခါးျပန္ပိတ္လိုက္သည္ႏွင့္ သူျမဴ႕ကိုနံရံတြင္ဆြဲကပ္ပစ္လိုက္သည္။
"အ...."
ေက်ာေအာင့္သြားသည့္ျမဴက သူ႕ကိုမ်က္ေမွာင္ေတြက်ဳံ႕ၿပီးၾကည့္သည္။
"မင္းမူးခ်င္ေယာင္ေဆာင္ေနတာေပါ့....."
"မူးခ်င္ေယာင္မေဆာင္ရင္ ကိုယ့္ဆီလာမွာမို႔လို႔လား...."
ငုံ႕နမ္းသည့္သူ႕ႏႈတ္ခမ္းေတြကိုျမဴကေရွာင္သည္။
"မျငင္းနဲ႕!
ကိုယ္ေျပာထားၿပီးသား....
ကိုယ့္ကိုမခ်စ္ေတာ့ဘူးဆိုတာနဲ႕ ျမဴ႕ကိုကိုယ္ရေအာင္ယူမွာ....
ကိုယ္အပိုင္ျဖစ္ေအာင္လုပ္ပစ္မွာ!"
ျမဴဟာသူ႕ကိုေအးစက္စက္ၾကည့္လာၿပီး ၿပဳံးတယ္.....
"မင္းလိုခ်င္တာ ငါ့ခႏၶာကိုယ္မလား....."
ဝတ္ထားတဲ့ အေပၚထပ္ကိုခြၽတ္ပစ္ၿပီး shirt လက္ရွည္အျဖဴ၏ၾကယ္သီးေတြကိုျမဴကျဖဳတ္သည္။
အေပၚပိုင္းမွာအဝတ္မက်န္ေတာ့ ေဘာင္းဘီခါးပတ္ကိုလည္းခြၽတ္ကာ ေဘာင္းဘီကိုဇစ္ျဖဳတ္လိုက္သည္။
မီးေရာင္ေအာက္ကျမဴ႕ခႏၶာကိုယ္ေလးဟာ ခ်ဳပ္ရိုးရာႏွစ္ခုႏွင့္ တစ္မ်ိဳးလွေနသည္ကို ေကာင္ကင္မ်က္ေတာင္မခတ္ၾကည့္ေနသည္။
"ဒီတစ္ညမင္းငါ့ကိုႀကိဳက္တာသာလုပ္.....
မနက္ျဖန္ေရာက္တာနဲ႕ ငါ့ကိုမႏွောက္ယွက္နဲ႕ေတာ့...."
ျမဴ႕မ်က္ဝန္းစိမ္းေတြကိုဂ႐ုမစိုက္ဘဲ ႏႈတ္ခမ္းေလးေတြကိုဖိနမ္းလိုက္သည္။
တုန႔္ျပန္ျခင္းတစ္ခ်က္ေတာင္မရွိတာမို႔ အားမရစြာ ဂုတ္ကေနကိုင္ၿပီး အငမ္းမရစုပ္ယူသည္။
ကုတင္ေပၚပစ္တင္လိုက္ၿပီး လက္က်န္ေဘာင္းဘီကိုဆြဲခြၽတ္ေတာ့ ျမဴကသူ႕ကိုမၾကည့္ဘဲ ေဘးကိုမ်က္ႏွာလႊဲထားေပမယ့္ နီရဲလာသည့္ အစိတ္အပိုင္းတို႔ကေနရွက္ေနမွန္းေဖာ္ျပေနသည္။
တစ္ဆင့္ခ်င္းသြားေနသည့္ သူ႕အထိအေတြ႕ေတြကို အသံတစ္ခ်က္မျပဳဘဲ လက္ကိုသာကိုက္ထားသည့္ျမဴ......
မီးေရာင္ႏွင့္ရွင္းရွင္းလင္းလင္းျမင္ေနရသည့္ ခႏၶာကိုယ္ေလးအႏွံ႕ကိုသူနမ္းကာ လက္ကေလးကိုဆြဲယူၿပီး သူ႕နာမည္ tatoo ရွိေနသည့္ လက္ေကာက္ဝတ္ေပၚလွ်ာနဲ႕လွ်က္လိုက္ေတာ့ ျမဴဆတ္ကနဲတုန္သြားရာ သူသေဘာတက်ၿပဳံးလိုက္သည္။
ပထမဆုံးအႀကိမ္ကို ဘာအကူအညီပစၥည္းမွမပါဘဲ စတင္ခံေနရသည့္ ျမဴ႕မ်က္ႏွာဟာ နာက်င္မႈေၾကာင့္ နီရဲပီး မ်က္ရည္ေတြစီးက်လာသည္။
ႏႈတ္ခမ္းေတြကိုနမ္းေနသည့္သူ႕ေက်ာျပင္ကိုဖက္တြယ္လို႔ရေပမယ့္ အိမ္ရာခင္းကိုသာ အားကိုးတႀကီး ေခ်မြေနသည္။
သူ႕ေအာက္မွာအသံတစ္ခ်က္မထြက္ တုန္ယင္ေနသည့္ ျမဴဟာ သူ႕ကိုလည္းမၾကည့္ မ်က္ရည္ေတြႏွင့္ ႏႈတ္ခမ္းကိုဖိကိုက္ထားတာမို႔ ႏႈတ္ခမ္းသားႏုႏုဟာေပါက္္ၿပီး ထြက္လာသည့္ ေသြးေတြကို ေကာင္းကင္စုပ္ယူလိုက္သည္။
"သဲငယ္.....
ကိုယ့္ကိုၾကည့္......."
လွည့္မလာသည့္ မ်က္ႏွာေလးကို ေမးကေနကိုင္ဆြဲလွည့္လိုက္ေတာ့ သူ႕ကိုမုန္းတီးစြာၾကည့္ၿပီး ငိုေနသည္။
ထိုအၾကည့္ေတြကသူ႕စိတ္ကိုရိုင္းစိုင္းေစသည္။ ညင္သာျခင္းမရွိေတာ့သည့္ သူ႕လႈပ္ရွားမႈေတြေၾကာင့္ ျမဴ႕ခႏၶာကိုယ္ေလးဟာခါယမ္းေနခဲ့သည္။
အခ်ိန္ဘယ္ေလာက္ၾကာၿပီး သူျမဴ႕အထဲမွာဘယ္ႏွႀကိမ္ေတာင္ၿပီးေျမာက္ခဲ့လဲမမွတ္မိေတာ့......
အသက္ကေလးမွ်င္းမွ်င္းရႉၿပီး မ်က္လုံးေတာင္မဖြင့္နိုင္ေတာ့သည့္ ျမဴ႕မ်က္ခြံမို႔မို႔ေလးေတြကို သူနမ္းကာ ေစးကပ္ကပ္ ျမဴ႕ေပါင္ၾကားမွ ေသြးေတြကိုပါ သူတဘက္ေရစိုႏွင့္ သုတ္သင္ေပးလိုက္သည္။
"ျမဴကကိုယ့္တစ္ေယာက္ထဲရဲ႕အပိုင္ပဲ......"
ျမဴ႕ကိုယ္ေလးကိုသူသိမ္းႀကဳံးဖက္ၿပီး အိပ္ခဲ့ေပမယ့္ မနက္ခင္းသူမ်က္လုံးပြင့္ခ်ိန္မွာ ေအးစက္စက္အခန္းထဲတြင္ ျမဴ႕အေငြ႕အသက္ေလးေတာင္ရွိမေနေတာ့.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မဂၤလာဝတ္စုံေ႐ြးရင္း ရယ္ေမာေနသည့္ျမဴ႕ကိုသူမုန္းတီးမိလာသည္.....
သူ႕ကိုတစ္ညတာသာယာမႈေပးျခင္းဟာ ေလ်ာ္ေၾကးဆန္လြန္သည္။
အၿပဳံးေတြေဝေနသည့္ ျမဴနဲ႕ထိုမိန္းမကို သူကားႏွင့္တိုက္သတ္ပစ္ခ်င္သည္။
ငိုရလြန္းလို႔ မ်က္ရည္ေတြလည္းခမ္းကုန္ၿပီထင္......
အခုခ်ိန္ထိ ဘာေတြျဖစ္ပ်က္သြားလဲဆိုတာကိုလည္း သူနားမလည္နိုင္ေသး....
ကိုယ္နဲ႕သူ႕ၾကားမွာဘာမွမျဖစ္ပ်က္ခဲ့သလို ျမဴၿပဳံးျပလာတိုင္း ဒီေကာင္ကသာတစ္ဖက္သက္အ႐ူးႀကီးလို......
သူစိတ္ကုန္သြားၿပီ.......
အ႐ူးအမူးကိုးကြယ္ခဲ့တဲ့ဒီခ်စ္ျခင္းႀကီးကို....
သူသည္းမခံနိုင္စြာ ျမဴ႕ကိုေမးခဲ့သည္။
တစ္သက္တာမရည္႐ြယ္ဘဲ ဘာလို႔အားလုံးကိုကြၽန္ေတာ့္ခ်စ္သူပါလို႔မိတ္ဆက္ေပးၿပီး အိမ္မက္ေတြေပးခဲ့ရတာလဲလို႔.....
ျမဴကေတာ့ေအးစက္လြန္းစြာပဲ ၿပဳံးတယ္....
သူလည္းတစ္ခဏ႐ူးခဲ့လို႔ပါတဲ့......
တစ္ခဏအတြင္းရိုက္ခ်ိဳးခံလိုက္ရတဲ့ေမွ်ာ္လင့္ခ်က္ေတြနဲ႕ အိမ္မက္ေတြဟာလည္း အေရာင္မဲ့သြားသည္။
နိုးထလိုက္စမ္းပါလို႔သူ႕ကိူယ္သူေျပာရင္း ေသာင္းက်န္းမိေတာ့ သူ႕အေမဟာယူက်ဳံးမရျဖစ္ရသည္တဲ့.....
အရာအားလုံးဆီကေနထြက္ေျပးဖို႔ ပါခ်ဳပ္႐ုံးခန္းကိုသူသြားသည္။
အိမ္ကိုေရာက္လာသည့္ဖိတ္စာကိုမျမင္ခ်င္ေယာင္ေဆာင္ကာ အထုပ္အပိုးကိုျပင္သည္။
သူ႕ကိုလိုက္ပို႔တဲ့ အေဖနဲ႕အေမ ေတဇတို႔အားလုံးကိုျပန္ခိုင္းလိုက္ကာ ေလယာဥ္ထြက္ခြာမည္အခ်ိန္ကိုေစာင့္ရင္း သူေနာက္ဆုံးအႀကိမ္အျဖစ္အခ်စ္ဦးအတြက္ငိုသည္။
ဒီအခ်ိန္ဆို မဂၤလာပြဲမွာ သူမလက္ကိုတြဲၿပီးၿပဳံးေနမွာေပါ့.....
ဒီေကာင့္ရင္ကိုခြဲၿပီးၿပီပဲ.......
ေပ်ာ္ေအာင္ေနပါျမဴ.....
တိမ္စိုင္ေတြၾကားတျဖည္းျဖည္းေဝးကြာသြားတဲ့ေလယာဥ္ထက္ကေနပဲ သူေရ႐ြတ္လိုက္သည္။
"ထာဝရအတြက္ ႏႈတ္ဆက္ပါတယ္.....
ကိုယ့္အခ်စ္ဦး......"
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ေကာင္းသည္ျဖစ္ေစ
ဆိုးသည္ျဖစ္ေစ
အခ်စ္ဦးဆိုတဲ့တစ္စုံတစ္ေယာက္ကို
ကြၽန္ေတာ္တို႔ႏွလုံးသားထဲမွာ
ကဗ်ည္းထိုးၿပီး
ထာဝရသိမ္းဆည္းထားၾကတယ္
(AN: အဆုံးသတ္ကနီးကပ္လာေနပါၿပီ)
************************************
Bạn đang đọc truyện trên: Truyen247.Pro