Part-60 ( before the storm )
Unicode
"မောင်!! ထတော့!!"
"......"
"မောင်!!"
မလှုပ်မယှက်မှောက်ရက်ကြီးအိပ်နေသူကို မနက်စာအတူစားဖို့သလင်းမြူမှာမနည်းနှိုးနေရသည်။
"စစ်ကောင်းကင်နိုင်!!"
ပုခုံးတွေကျောတွေကိုထုရိုက်တော့ တအင်းအင်းအော်ရင်း မျက်လုံးတွေပြူးပြဲဖွင့်လာသည်။
"ထ...မျက်နှာသစ်.....
မနက်စာအတူစားဖို့ မေမေတို့ပါစောင့်နေတယ်...."
ရေချိုးခန်းထဲမှမျက်နှာသစ်ပြီးထွက်လာသည့်ကောင်းကင်ကို တဘက်တစ်ထည်နှင့် စီးကြိုကာမျက်နှာသုတ်ပေးလိုက်သည်။
ပွယောင်းယောင်းဆံပင်တွေကိုမဖြီးဘဲ သပ်ရပ်သွားအောင်လက်နဲ့ဆွဲချပြီး မနက်စာဝိုင်းသို့လိုက်လာသည်။
"သားထိုင်..."
"ဟုတ်ကဲ့"
မြူ့ဘေးနားမှာသူထိုင်လိုက်ချိန်မှာဘဲ မြူ့အစ်ကိုနှစ်ယောက်လည်း မနက်စာဝိုင်းသို့ရောက်လာကြသည်။
တိုဟူနွေးပူပူကိုငုံ့စားနေတုန်းမှာပဲ မြူက ဖုန်းထုတ်ကာ video တစ်ခုကိုဖွင့်လိုက်သည်။
""ယောက်ဖရေ!!! နေတောင်အတော်စောင်းပြီ!!!""
ဖုန်းကိုအမေ့ဆီပြလိုက်ပြီး ထွက်လာသည့်အသံတွေကြောင့် ကိုလတ်နှင့်ကိုငယ်သောက်လက်စကော်ဖီတွေသီးကုန်သည်။
ကောင်းကင်ကတော့မျက်လုံးပြူးကြီးနှင့် လာကြည့်နေသည်။
""ဂဏန်းညှပ်ရင်!!! ယောက်ဖကိုကြော်ကျွေးရမည်!!!""
အမေကသဘောတကျရယ်ပြီး ကောင်းကင်ကတော့ရယ်ချင်သည်ကိုအံကြီးကြိတ်ထိန်းထားရှာသည်။
မျပ်နှာချင်းဆိုင်မှညီအစ်ကိုနှစ်ယောက်ကတော့ မျက်နှာကြီးတွေလက်နှင့်အုပ်ကာ တစ်ယောက်နှင့်တစ်ယောက်တံတောင်နှင့်တွက်နေကြသည်။
"အမေမနေ့ညကစောအိပ်လိုက်တာမှားသွားတယ်......
ပွဲကြီးပွဲကောင်းကိုလွတ်သွားတာ....."
"အမေကလည်းဗျာ....."
ကိုလတ်နှင့်ကိုငယ်က ရယ်နေသည့် မြူ့ကိုမျက်စောင်းတွေထိုးနေသည်။
"သားစစ်ကောင်းကင်.....
နေရထိုင်ရသက်သာရဲ့လား....."
"ဟုတ်....သက်သာပါတယ်..."
"ဝိုင်တွေကနှစ်ချို့တွေဆိုပေမယ့် သဘာဝအတိုင်းဓာတုပစ္စည်းမပါဘဲ စိမ်ထားတာမို့ ခေါင်းမူးခေါင်းကိုက်တာတော့မဖြစ်ဘူး...
အိပ်ပဲအိပ်ချင်မှာ...."
မြူပြောသည်ကိုနားလည်စွာ ကောင်းကင်ကခေါင်းလေးညိတ်သည်။
ညနေပိုင်းလောက်မှပြန်မည်မို့ မနက်စာစားပြီးသည်နှင့် မြူကသူ့ကိုပြန်အိပ်ခိုင်းသည်။
သူလည်းပြန်အိပ်ဖို့လုပ်ပေမယ့် ခြံထဲမှ guitar တီးသံကြားတာမို့အမြန်ထလာလိုက်သည်။
ညီအစ်ကိုသုံးယောက်လုံး guitar ကိုယ်စီနှင့်သီချင်းတစ်ပုဒ်တည်းကိုတီးနေကြပြီး မြူ့ညီမလေးကသီချင်းဆိုနေသည်ကို မြူ့အစ်မက video ရိုက်နေသည်။
မြူ့မေမေကတော့ ပွဲရုံသွားသည်မို့အိမ်မှာမရှိ။
ကောင်းကင် အိမ်တံခါးပေါက်ကြီးကိုမှီလျက်ပင်ထိုမြင်ကွင်းကိုကြည့်နေခဲ့သည်။
Guitar တီးနေသည့်မြူကသူ့ကိုမြင်သွားတော့ သွားလေးတွေပေါ်အောင်ရယ်ပြသည်။
သီချင်းတစ်ပုဒ်ပြီးသွားမှ သူ့ကိုလက်ယက်ခေါ်နေသည့်မြူ့အနားသွားလိုက်သည်။
"အိပ်မပျော်တော့ဘူးလား....."
"အင်း....."
အစ်ကိုတွေရှိနေသည်မို့ ဖက်နမ်းချင်သည့်စိတ်ကိုထိန်းကာ ပုခုံးလေးကိုသာ ဖွဖွညှစ်လိုက်သည်။
"ဒါကဘယ်သူ့ guitar လဲ....."
မြူ့ guitar မဟုတ်တာသေချာသည်မို့သူမေးလိုက်သည်။
"ခွန်းလေးဟာ....."
"ဪ....."
"အစ်ကိုရော guitar တီးတတ်လား... "
ခွန်းလေးအမေးကို ကောင်းကင်က ခေါင်းခါလက်ခါနှင့်မတီးတတ်ကြောင်းပြောသည်။
မြူ့အစ်ကိုနှစ်ယောက်ကသူ့ကိုမျက်နှာချင်းဆိုင်ဖို့ မျက်နှာပူနေဟန်ရှိပြီး ကလေးနှစ်ယောက်နှင့်ဆော့ပေးနေသည်။
ညနေမြူ့အမေပြန်ရောက်လာတော့ သူတို့လည်းပြန်ဖို့ အထုပ်တွေကိုကားပေါ်တင်ကြသည်။
"အဟမ်း....ငယ်လေးလာရင် မင်းလည်းလိုက်ခဲ့ပေါ့...."
ဟိုကြည့်သည်ကြည့်နဲ့မျက်နှာကြီးလွှဲလျက်မြူ့အစ်ကိုကသူ့ကိုပြောတော့ သူဝမ်းသာစွာ ဟုတ်ကဲ့ချင်းထပ်အောင်ပြန်ဖြေခဲ့သည်။
အပြန်လမ်းတလျှောက် မြူ့အစ်မနဲ့ညီမလေးကသူနဲ့စကားတပြောပြော ကလေးနှစ်ယောက်ကတော့ မုန့်စားရင်းလိုက်လာကြသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အရင်ထပ်အလုပ်တွေပိုရှုပ်လာတဲ့မြူကသူ့အတွက်တော့ရအောင်အချိန်ပေးရှာသည်။
တစ်ခါတစ်လေ မြူကသူ့အိမ်မှာလိုက်အိပ်သလို သူကလည်းမြူ့အိမ်မှာလိုက်အိပ်သည်။
သူစိတ်ကူးယဥ်ခဲ့သည့် 1 year anni ကိုလည်း romance ဆန်ဆန်ဖြတ်ကျော်ခဲ့ကြပြီး အရာအားလုံးအဆင်ပြေသလိုရှိပေမယ့် မြူ့ကျန်းမာရေးကတော့ သိသာစွာပြောင်းလဲလာသည်။
အမောဖောက်ခြင်းတွေက မကြာခဏဖြစ်လာတာကြောင့် အိမ်မှာပါ oxygen mask တွေအရေးပေါ်ဆေးတွေထားထားရသည်။
ဘုရားတရားသိပ်မလုပ်တဲ့ကောင်းကင်ဟာ မြူ့ကြောင့် နေ့တိုင်း ပုတီးတွေပါစိတ်တတ်လာသည်။
တစ်နေ့တခြားဖျော့တော့လာတဲ့မြူဟာ သူ့ကိုတော့ အလှဆုံးပြုံးပြတတ်ဆဲပင်။
အလုပ်မသွားဖို့သူတားထားတာမို့ အိမ်မှာပဲသူတို့နဲ့မြူရှိနေစဥ် ကိုခန့်အလောတကြီးရောက်လာသည်။
"သသ!"
"ကိုခန့် ဘာဖြစ်လာတာလဲ....."
"စိတ်မလှုပ်ရှားနဲ့နော်....
ကိုယ့်ဆရာဖုန်းဆက်တယ်......
သူတို့ရှာတွေ့ပြီတဲ့.....!
သသအတွက်နှလုံးအလှူရှင်ကိုသူတို့တွေ့ပြီ!"
"တကယ်....."
မြူဟာပျော်လွန်းလို့ သူ့ကိုဖက်ပြီးငိုသည်။
သူ့ချစ်သူလေးရဲ့ဝေဒနာတွေပျောက်တော့မည်ဟုတွေးရင်း ကောင်းကင်လည်း ငိုရင်းဝမ်းသာအားရ တေဇတို့အားလုံးကိုတစ်ယောက် မကျန်ဖုန်းဆက်ပြောသည်။
အစကတည်းက ကိုယ့်နိုင်ငံမှာ ပစ္စည်းကိရိယာမပြည့်စုံမှုကြောင့် တစ်ဖက်နိုင်ငံတွင်ခွဲစိတ်ရန် visa လည်းပြင်ပြီးသားမို့ ကိုခန့်က ဆေးရုံမှခွင့်တင်ကာ သလင်းမြူ၏ဆရာဝန်အနေနှင့် လိုက်ခဲ့သည်။
မေမေတို့စိတ်ချရအောင် ကိုကိုကပါအုပ်ထိန်းသူအဖြစ်သူတို့နှင့်ပါလာသည်။
ကျောင်းဖွင့်တာမှတစ်လလောက်သာရှိသေးသည့် ကောင်းကင်ကိုလည်း အမျိုးမျိုးချော့ပြောပြီး ထားခဲ့ပေမယ့် ကိုယ်တော်က လေဆိပ်အထိလိုက်ပို့တာကို ငိုနေသည်။
"ကိုယ်တစ်နှစ်အောက်လိုက်မယ်လေကွာ...."
"မရဘူးနော်..."
"သဲငယ်ကလည်း......"
တရှုံ့ရှုံ့ငိုနေသည့် ကောင်လေးရဲ့ နှုတ်ခမ်းထက်အနမ်းဖွဖွခြွေပြီး မျက်ရည်တွေသုတ်ပေးလိုက်သည်။
"နေကောင်းတာနဲ့ပြန်လာခဲ့မယ်နော်.....
စာကြိုးစား.....
ထမင်းလည်းပုံမှန်စား.....
အတန်းလည်းမလစ်နဲ့......"
"ဟုတ်....."
ခပ်လှမ်းလှမ်းမှာစောင့်နေသည့် မေမေနှင့် အစ်ကိုတွေကိုဖက်ကာ မြူဟာသူတို့ကိုလက်ပြနှုတ်ဆက်သွားသည်။
"တိတ်ပါတော့ ငစစ်ရာ.....
ဟိုကခွဲစိတ်ပြီးတာနဲ့ တန်းပြန်လာမှာကို....."
"မင်းတို့တွေက ရည်းစားမှမရှိတာ.....
ငါ့ကိုဘယ်ကိုယ်ချင်းစာတတ်မလဲ....."
လွမ်းသည့်ဒဏ်ကိုသူ့မှာမနဲတောင့်ခံထားရသည်။
ခွဲစိတ်ဖို့ပြင်ဆင်မှုတွေလုပ်နေရသည့် မြူဟာ သူ့ကိုတော့ ပုံမှန်ဖုန်းဆက်ရှာသည်။
အသံလေးကြားရုံနှင့် အလွမ်းတွေကိုမနည်းဖြေလျော့ကာ တစ်ခါတစ်ခါ လိုက်သွားဖို့တွေးတိုင်း တကယ်လို့မောင့်အနာဂတ်သဲငယ်ကြောင့်ထိခိုက်သွားရင် မောင့်ကိုတစ်သက်လုံးမုန်းပစ်မှာဟုပြောထားသဖြင့် သူ့မှာဓာတ်ပုံလေးကြည့်ငိုရုံသာတတ်နိုင်သည်။
မခွဲစိတ်ခင်လေးရက်လောက်အလိုကစပြီး ခွဲစိတ်ပြီးသည်အထိ မြူက သူ့ကိုဖုန်းမဆက်တော့ မနေနိုင်သည့်သူက ဘုန်းရှိန်ဝါထက်ဆီဆက်ကာအခြေအနေမေးရသည်။
အချိန်နှစ်လကျော်ကုန်ဆုံးကာ စာမေးပွဲဖြေပြီးတော့ သူလိုက်သွားဖို့ပြင်ဆင်ချိန်မှာပဲ မြူ့ဆီမှ ဖုန်းဝင်လာသည်။
နောက်အပတ်ထဲပြန်လာတော့မည်တဲ့.....
လန်းလန်းဆန်းဆန်းရှိသည့် မြူ့အသံကြောင့် ကောင်းကင်မှာပျော်လွန်းလို့ ခုန်ပေါက်နေသည်။
ကျွန်တော့်နှလုံးသားလေးကျွန်တော်ရှိတဲ့ နိုင်ငံကိုပြန်လာနေပြီ.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ခရီးသည်တွေထွက်လာသည်နှင့် မြူ့မေမေတို့ရော သူပါ လည်ပင်းတရှည်ရှည်ရှာဖွေနေကြသည်။
တီရှပ်အပြာလေးကို ဂျင်းအနက်နှင့်ဝတ်ထားပြီးလျှာထိုးဦးထုပ်အဖြူလေးဆောင်းလျှက် ကျောပိုးအိတ်တစ်ဖက်ထဲလွယ်ထားသည့် ပုံရိပ်လေးကမျက်လုံးထဲဝင်လာသည်။
"သဲငယ်!!!"
ဟိန်းထွက်နေသည့် သူ့ခေါ်သံကြောင့် မြူဟာသူ့ကိုမြင်သွားပြီး ပြေးလာသည်။
နီးကပ်လာသည့် ခန္ဓာကိုယ်လေးကိုစွေ့ခနဲပွေ့ချီပြီး သူ့ခါးမှာခွထားစေလိုက်သည်။
"လွမ်းနေတာ...."
သူ့နဖူးကိုငုံ့နမ်းပြီး ဂုတ်တွေကိုမြူကဖက်ထားသည်။
လွမ်းနေရသည့် မြူ့ကိုယ်သင်းနံ့လေးကိုသူတဝကြီးရှူရှိုက်လိုက်သည်။
"အဟမ်း!!!"
ချောင်းဆိုးသံကြောင့်ဘေးကိုကြည့်လိုက်မှ မေမေနှင့် အစ်ကိုအစ်မတွေကိုမြင်ကာ သလင်းမြူ သွားလေးဖြီးရယ်ပြလိုက်သည်။
အနောက်မှ အထုပ်တွေနှင့် ကိုကိုနှင့် ကိုခန့်ပါရောက်လာတော့ သူတို့လေဆိပ်ထဲမှထွက်ခဲ့ကြသည်။
အိမ်အရင်မပြန်ဘဲ ညစာကိုဆိုင်တစ်ဆိုင်မှာစားကြသည်။
ပါးလေးတွေဖောင်းလာပြီး စကားတွေသွက်သွက်လက်လက်ပြောနေသည့် မြူ့ကို ကောင်းကင်မှာတစိမ့်စိမ့်သာကြည့်နေခဲ့သည်။
အလွမ်းဖြေသည့်အနေနှင့် သူနဲ့အိပ်ချင်သည်ဆိုပြီး ကောင်းကင်ပါ အိမ်ကိုပါလာသည်။
လေယာဥ်အကြာကြီးစီးလာရတာမို့ သလင်းမြူ အိမ်ရောက်သည်နှင့် ရေချိုးညဝတ်လဲပြီး အိပ်ရာထဲဝင်ခွေတော့သည်။
ကောင်းကင်လည်း သူ့နံဘေးကိုလာအိပ်တော့ ကောင်းကင်ရင်ခွင်ထဲသလင်းမြူ တိုးဝင်လိုက်သည်။
"သဲငယ်...."
"ဟင်..."
"ကိုယ့်ကိုခွဲစိတ်ထားတဲ့ချုပ်ရိုးပြပါလား..."
ညဝတ်အပေါ်ကြယ်သီးသုံးလုံးကိုဖြုတ်ပြီး မြူဟာသူ့ရင်ဘက်ကိုပြသည်။
"အရမ်းနာလား....."
"သိပ်မနာပါဘူး.....
ဆရာဝန်ကြီးတွေကအရမ်းတော်ကြတယ်...
သဲငယ်ကိုသေချာကုပေးကြတာ...."
နာရီပေါင်းများစွာ ခွဲစိတ်ခဲ့ရမှန်း ဘုန်းရှိန်ဝါထက်ဆီကသူကြားပြီးသားဖြစ်သည်။
ချုပ်ရိုးပေါ်ကိုကောင်းကင်နမ်းလိုက်သည်။
"ဘာလို့ကြာနေတာလဲ....."
"ခွဲစိတ်ပြီးတော့ နှလုံးသေချာအလုပ် လုပ် မလုပ်ကြည့်ရသေးတယ်လေ မောင်ရယ်..."
ချုပ်ရိုးနားကပ်ပြီးနားထောင်ကြည့်တော့ စည်းချက်ကျကျခုန်နေသည့်အကောင်ကိုကောင်းကင်စိတ်ထဲမှကျေးဇူးတင်မိသည်။
"အခုကိုယ်တို့လက်ထပ်လို့ရပြီလား.....
ကိုယ်အသက်ပြည့်ပြီ.....
သဲငယ်လည်းနေကောင်းပြီ...."
"ဘွဲ့ရတဲ့အထိစောင့်ပါဦးလားမောင်ရာ...."
"ဟာ.....မစောင့်ချင်တော့ဘူး.....
အဝေးကြီးလိုသေးတယ်......"
"မောင်ကလိမ္မာပါတယ်......
စောင့်လိုက်ပါနော်...... "
စူထော်ထော်ဖြစ်လာသည့် ကောင်းကင်ရဲ့နှုတ်ခမ်းတွေကို ချော့သလိုမြူကနမ်းသည်။
"မရသေးဘူး....နောက်တစ်ခေါက်....."
မြူကသဘောတကျရယ်ပြီး သူ့နှုတ်ခမ်းတွေကိုထိကပ်လာသည်နှင့် ကောင်းကင်အလွတ်မပေးတော့ပဲ မြူ့နှုတ်ခမ်းတွေကိုနမ်းသည်။
လက်ကလည်းအငြိမ်မနေဟိုပွတ်သည်ပွတ်လုပ်တော့ မြူကသူ့လက်ကလေးတွေနှင့်လိုက်တားသည်။
အသက်ရှူဖို့ လိုတော့မှ မြူ့ကိုလွှတ်ပေးလိုက်ပြီး နိမ့်ချည်မြင့်ချည်ဖြစ်နေသည့် ကြယ်သီးပြုတ်မြူ့ရင်ဘက်လေးကို အသဲယားစွာကိုကိမိသည်။
ဘေးခန်းမှာ အစ်ကိုတွေရှိလို့ အသံကျယ်ကျယ်အော်မိမည်ကိုစိုးရိမ်ကာ မြူကနှုတ်ခမ်းတွေကိုလက်ကလေးတစ်ဖက်နှင့်အုပ်ထားပြီး လက်ကလေးတစ်ဖက်ကသူ့ကိုတွန်းသည်။
နှစ်လကျော်မထိတွေ့ခဲ့ရသည့် မှည့်လေးတွေအပေါ်စုပ်နမ်းနေပြန်သည့်ကောင်းကင်.....
နေရာအနှံ့ပတ်နမ်းပြီးတော့ မြင်လိုက်ရသည့် ကောင်းကင်မျက်နှာထက်ကလူယုတ်မာအပြုံးကြီးကြောင့်သလင်းမြူ ကောင်းကင်ကိုပိတ်ကန်ပစ်ကာ ဘေးမှစောင်ကြီးနှင့်တစ်ကိုယ်လုံး လုံးထွေးလိုက်သည်။
သူ့ကန်ချက်ကြောင့် ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည့်ကောင်းကင်က လူယုတ်မာအပြုံးကြီးနဲ့ပဲ သူ့ဘေးပြန်ရောက်လာပြီး စောင်ကိုဆွဲနေသည်။
"ပူတယ်လေ.....စောင်ကြီးဖယ်လိုက်....."
သလင်းမြူ ခေါင်းကိုတွင်တွင်ခါရင်း ကောင်းကင်ကိုကျောပေးထားလိုက်သည်။
စလာပြီ.....
ကောင်းကင်လက်တွေကအနောက်ကနေသိုင်းဖက်ပြီး စောင်ပေါ်ကနေသူ့ကိုနေရာမလပ်ပွတ်သပ်နေသည်။
"သဲငယ်....."
နားနားကပ်ခေါ်ပြီး နားရွက်ကိုငုံခဲလိုက်တာမို့ သလင်းမြူ တစ်ကိုယ်လုံးတွန့်လိမ်သွားပြီး ကောင်းကင်ဘက်လှည့်ကာ မျက်နှာကိုနဖူးနဲ့ တိုက်ချပစ်လိုက်သည်။
"အား!....."
ကောင်းကင်လည်းသူ့ဘာသာအော်မိပြီးမှ ဘေးခန်းကယောက်ဖတွေကြောင့် ကိုယ့်ပါးစပ်ကိုယ်ပြန်ပိတ်ရသည်။
ယောက်ဖတွေကို ကြောက်လားဆိုတော့သူမကြောက်သလိုပေမယ့် အမှန်တကယ်ကကြောက်ရသည်။
"သဲငယ်ရာ.....နာလိုက်တာ....."
"နည်းတောင်နည်းသေးတယ်.....
အိပ်တော့.....
နှာဘူးကောင်......"
"ကိုယ်ဘာဘူးလို့လဲ......."
"မင်းဘာလုပ်ဖို့ကြံနေလဲငါမသိဘူးထင်လား..."
"ဘာကြံလို့လဲ..."
မုဒိန်းသမားအပြုံးကြီးပြုံးလာပြန်တာမို့ နောင်တစ်ချက်ကျွေးလိုက်ပေမယ့် ဒင်းကခေါင်းအနောက်ဆုတ်ကာ လွတ်သွားသည်။
"သဲငယ်ကကိုယ့်ကိုမချစ်ဘူးလား...."
"ချစ်တာကချစ်တာပဲ....
မရဘူးဆိုမရဘူး...."
"သဲငယ်ကလည်း....
ခဏပဲကိုင်မယ်လေ....."
"မရဘူး....
အိပ်တော့စစ်ကောင်းကင်နိုင်....."
နာမည်အရင်းပါခေါ်လာပြီမို့ သူအသာလေးအိပ်ရတော့သည်။
တင်ပါးလေးမကိုင်ရတာကြာနေပြီကို ခဏလေးတောင်ကိုင်ခွင့်မပေးဘူး.....တွန့်တိုလိုက်တာ.....
ကောင်းကင်တကယ်အိပ်ပျော်သွားမှ သလင်းမြူသက်ပြင်းချရင်း စောင်ကြီးဖယ်လိုက်သည်။
ဟိုးအရင်တစ်ခါတုန်းကလည်းခဏလေးပဲကိုင်မယ်ပြောတာပဲ။ ပြီးမှ အူယားတယ်ဆိုပြီး ကုန်းကိုက်တာ သူ့မက်မွန်သီးလေးမှာ သွားရာအကွင်းလိုက်နဲ့ မထိုင်နိုင်လို့မှောက်အိပ်ခဲ့ရတာ......
ဒါပေမယ့်မထူးပါဘူး.....
မနက်လင်းတော့သူမှာ မက်မွန်သီးလေးအညှစ်ခံနေရတာကြောင့် လန့်နိုးလာခဲ့ရတယ်...
တရားခံကတော့ လူယုတ်မာအပြုံးကြီးနဲ့ ရေချိုးခန်းထဲပြေးဝင်သွားပြီမို့ ပေါင်လယ်ရောက်နေသည့် ဘောင်းဘီကိုဆွဲတင်ကာ စောစောစီးစီး သူ့ဆဲသံတွေနှင့် တစ်အိမ်လုံးနိုးကုန်ကြသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ရွှေဆိုင်တွေမှာ အရောင်းဝန်ထမ်းတွေထပ်တိုးဖို့အတွက် အလုပ်လျှောက်လွှာတွေခေါ်ထားပြီး လူတွေ့ interview အတွက် သလင်းမြူ ပင်မဆိုင်သို့ထွက်ခဲ့သည်။
ပင်မဆိုင်ရဲ့အဆောက်အဦးက ၆ ထပ်ရှိပြီး အပေါ်ဆုံးထပ်မှာသူ့ရုံးခန်းနှင့် စာရင်းကိုင်တွေမန်နေဂျာတွေရှိပြီး အစည်းအဝေးခန်းလည်းရှိသည်။
ကောင်းကင်ကလည်းကျောင်းပိတ်နေ၍ သူ့အနားတွင်သာကပ်ပါလာသည်။ customer တွေကိုကြိုသူကကြို ပစ္စည်းတွေပြပေးသူကပြနဲ့ အလုပ်ရှုပ်နေသည့် ဝန်ထမ်းတွေက သူ့ကိုမြင်တော့ ခေါင်းငုံ့နှုတ်ဆက်ကြသည်။
သလင်းမြူလည်း ပြန်ပြုံးပြလိုက်ပြီး elevator ထဲဝင်ကာသူ့ရုံးခန်းရှိရာအထပ်သိူ့တက်လာခဲ့သည်။
Interview စဖို့ မိနစ်နှစ်ဆယ်လောက်သာလိုတော့သည်။ လာဖြေကြသည့်သူတွေက အပြင်ခုံတွေမှာထိုင်နေကြပြီး အကုန်လုံးနီးပါးသူနဲ့အသက်မတိမ်းမယိမ်းလူငယ်တွေသာ.....
မန်နေဂျာခေါင်းဆောင်နှင့်စကားပြောနေသည့် သူ့ကိုလည်းအထူးအဆန်းလိုကြည့်နေကြသေးသည်။
"မောင်.....
သဲငယ် toilet သွားလိုက်ဦးမယ်"
"အင်း...
လိုက်ခဲ့ရဦးမလား....."
"ရတယ်.....
ဒီမှာပဲစောင့်နေ...."
Toilet ထဲတွင်လူရှင်းနေပြီး သလင်းမြူ အပေါ့သွားကာ ဘေစင်တွင်လက်ဆေးနေစဥ် ရေဆွဲချသံကြားရပြီး အိမ်သာတံခါးဖွင့်ကာ လူတစ်ယောက်ထွက်လာသည်။
သလင်းမြူ လက်ကိုသာဆပ်ပြာနှင့်သေချာဆေးပြီး အခြောက်ခံနေစဥ် သူ့လက်မောင်းကနေ ရုတ်တရက်ဆွဲလှည့်ခံလိုက်ရသည်။
"မင်း.....သလင်းမြူမလား......."
သူ့မျက်နှာကိုသေချာကြည့်မေးနေသည့် ထို့လူ့လက်တွေကို ဖယ်ချပစ်ပြီး သလင်းမြူလည်းထိုလူ့ကိုပြန်ကြည့်လိုက်သည်။
မြင်ဖူးသလိုတော့ရှိသည်။
"ဟုတ်တယ်.....မင်းသလင်းမြူမှသလင်းမြူပဲ....."
"ကျွန်တော့်ကိုသိလို့လား...."
"ငါ့ကိုမမှတ်မိဘူးလား...."
ပိုင်စိုးပိုင်နင်းသူ့ပါးကိုလာထိသည့် လက်တစ်ဖက်ကို ပိတ်ရိုက်ထုတ်လိုက်သည်။
"ငါ မင်းသစ်အာကာလေ...."
သလင်းမြူ မှတ်ဉာဏ်ထဲဖြတ်ကနဲပေါ်လာသည်။
"ဪ.....
တစ်ချက်ထိုး....."
"ငါ့ကိုအဲ့လိုမခေါ်နဲ့!
မင်းလိုနွဲ့တိနွဲ့နှောင်း အခြောက်ကောင်ကြောင့် ငါကျောင်းပြောင်းလိုက်ရတာ....."
"မင်းမပြောင်းလဲသေးဘူးပဲ.....
တစ်ဖက်သားအပေါ်မှာရိုင်းစိုင်းနေတုန်းပဲ....."
"ငါမင်းကိုမကျေနပ်သေးဘူး သလင်းမြူ..."
"အဲ့တော့ငါက ကပြရမှာလား.....
ငါမင်းအပေါ်ဘာအမှားမှလုပ်မထားဘူး.....
အဲ့တာကိုငါ့ထက်မင်းကပိုသိမှာပါ...."
"မင်း interview လာဖြေတာဆိုရင်လှည့်ပြန်လိုက်တော့......
မင်းအောင်မှာမဟုတ်ဘူး......"
သလင်းမြူမျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။
"ပြောကြည့်ပါဦး....
ငါမအောင်နိုင်မယ့်အကြောင်းရင်းလေး...."
"Interview မယ့်အထဲမှာ ငါ့အဖေသူငယ်ချင်း ဦးလှိုင်မျိုးပါတယ်.....
ဘယ်လိုပဲဖြစ်ဖြစ်ငါကအောင်မှာ.....
မတော်တဆမင်းအောင်ခဲ့ရင်တောင်....
အေးဆေးအလုပ်လုပ်ရမယ်မထင်နဲ့......
မင်းငါနဲ့တွေ့မယ်....."
သလင်းမြူ ခေါင်းညိတ်ပြီးနားထောင်ပေးလိုက်ပြီး လက်ကနာရီကိုကြည့်လိုက်တော့ ငါးမိနစ်သာလိုတော့သည်။
"ငါပြောတာကြားလား!"
"အင်းအင်း....
အဲ့တာဆိုလည်းနောက်မှတွေ့ကြတာပေါ့....."
ပုခုံးကိုပုတ်ပြီး သလင်းမြူထွက်လာခဲ့ကာ interview မည့်အခန်းထဲတန်းဝင်လာခဲ့သည်။
"သဲငယ်ရာကြာလိုက်တာ"
"Toilet ထဲမှာခွေးတစ်ကောင်နဲ့တွေ့နေလို့...."
" ခွေး?....
6 လွှာကိုဘယ်ကခွေးကရောက်နေတာလဲ....."
ကောင်းကင်တော့စဥ်းစားခန်းတွေဖွင့်နေပြီ...
"Interview စရအောင်...."
သူ့အမိန့်ရသည်နှင့် မန်နေဂျာက ကိုယ်ရေးအချက်အလက် file တွေကိုအစဥ်လိုက် သူ့ထံပေးသည်။
Interview မှာက သလင်းမြူအပါအဝင်တာဝန်ခံနှင့်မန်နေဂျာသုံးယောက်သာ....
"မန်နေဂျာ ဦးလှိုင်မျိုး....."
သလင်းမြူ file တွေကိုအကြည့်မပျက်ဘဲခေါ်လိုက်တော့ ထိုမန်နေဂျာဖြစ်သူက အယောင်ယောင်အမှားမှားနှင့် မတ်တပ်ထရပ်သည်။
"ဟုတ်ကဲ့ သူဋ္ဌေး...."
"ဒီမှာအလုပ်လုပ်တာဘယ်လောက်ကြာပြီလဲ"
"ဆယ်နှစ်ကျော်ပါပြီ သူဋ္ဌေး....."
"အလုပ်လုပ်ရတာအဆင်ပြေရဲ့လား....."
"ဟုတ်ကဲ့ ပြေပါတယ်....."
"ဆက်ပြီးပြေချင်ရင် မျှမျှတတလေးလုပ်ကြရအောင်....."
"ဗျာ....."
"Interview လာဖြေတဲ့အထဲမှာ သူငယ်ချင်းသားသမီးတွေဘာတွေမပါဘူးလား...."
သူ့အမေးနောက် မျက်နှာကြီးက လည်ပင်းလှည်းနင်းခံလိုက်ရသလို.....
"မပါပါဘူးဗျ...."
ထိုအချိန် Interview ဖြေမယ့်သူဝင်လာပြီမို့ နေရာတကျပြန်ထိုင်ခိုင်းလိုက်သည်။
ကောင်းကင်ကတော့ သူ့အနားကပြတင်းပေါက်ဘေးမှာ ငြိမ်ငြိမ်လေး game ဆော့နေရှာသည်။
တစ်ယောက်ပြီးတစ်ယောက်နံပါတ်စဥ်အလိုက် interview ရင်း နောက်ထပ်အလှည့်ကျသူ၏ နာမည်ကိုမြင်တော့ သလင်းမြူ နှုတ်ခမ်းတွေတွန့်ကွေးသွားသည်။
ပြုံးပြုံးရွှင်ရွှင်နှင့် ထိုင်ခုံမှာဝင်ထိုင်လိုက်သည့် သကောင့်သားကတော့ မျက်နှာချင်းဆိုင်ကသူ့ကိုမြင်တော့ မျက်လုံးတွေပြူးထွက်သွားသည်။
Surprise!!!
ပုံမှန် မေးခွန်းလေးတွေမေးသည်ကိုပင် သကောင့်သားက စိုက်ကြည့်နေသည့် သူ့မျက်နှာတည်တင်းတင်းကြောင့် အပေါက်အလမ်းတည့်အောင်မဖြေနိုင်.....
ဦးလှိုင်မျိုးကို အကူအညီတောင်းသလို ကြည့်နေပြန်သည်။
"မန်နေဂျာ ဦးလှိုင်မျိုး......"
"ဗျာ သူဋ္ဌေး....."
သကောင့်သားကသူဋ္ဌေးဆိုသည့်အခေါ်အဝေါ်ကြောင့် မေးရိုးကြီးအောက်ကျနေပြန်သည်။
" အခု interview မှာလိုချင်တာက ဘယ်လိုဝန်ထမ်းမျိုးတွေလဲ....."
"အရည်အချင်းရှိပြီး ကြိုးစားလိုစိတ်ရှိတဲ့ စိတ်ရှည်သည်းခံမယ့် စာရိတ္တကောင်းသူမျိုးတွေပါ....."
"အင်း......ခင်ဗျားမေ့နေမှာစိုးလို့....."
သူ့စကားနောက် ဦးလှိုင်မျိုးက မင်းသစ်အာကာကိုကြည့်တောင့်မကြည့်ရှာတော့ပါ.....
Interview ပြီးသွားတော့ သလင်းမြူ တကယ်အရည်အချင်းရှိပြီး အပြောအဆိုပြေပြစ်သူ ရှစ်ဦးကိုရွေးထုတ်ကာ တာဝန်ခံလက်ထဲလွှဲပေးခဲ့သည်။
"မောင်ရေ....."
"ဗျာ....."
"သဲငယ် ဗိုက်ဆာပြီ....."
"ကိုယ့်သဲငယ်လေးဘာစားချင်ပါသလဲ...."
"Sea food "
"Ok.....သွားမယ်......"
ကားနားအရောက် သူ့ကိုစောင့်နေပုံရသည့် မင်းသစ်အာကာကိုတွေ့ရသည်။
"သလင်းမြူ မင်းတမင်လုပ်တာမလား!!"
သူ့အင်္ကျီကော်လန်ကိုလှမ်းဆွဲပေမယ့် ကောင်းကင်ကတွန်းထည့်လိုက်တာကြောင့် အနောက်ကိုပစ်လဲသွားသည်။
"ဘာကောင်လဲ...."
"မင်းကရောဘာကောင်လဲ....."
ထပြီးကောင်းကင်ရင်ဘက်ကိုပြန်တွန်းပြီး ရုန်းရင်းဆန်ခတ်ဖြစ်လာတော့ လုံခြုံရေးတွေရောက်လာပြီး သောင်းကျန်းနေသည့် မင်းသစ်အာကာကိုဝိုင်းချုပ်ကြသည်။
သလင်းမြူ မင်းသစ်အာကာရဲ့ပါးကိုခပ်ဆတ်ဆတ်ပုတ်လိုက်သည်။
"တစ်ချက်ထိုး.....
ငါနဲ့ထပ်မဆုံစေနဲ့နော်......
မင်းပဲမကျေနပ်သေးတာမဟုတ်ဘူး......
ငါကလည်းမင်းကိုတစ်သက်လုံးမကျေဘူး..."
"ကျွန်တော်တို့သူ့ကိုဘာလုပ်လိုက်ရမလဲ သူဋ္ဌေး"
"ရဲစခန်းသာပို့လိုက်...."
"ဟုတ်ကဲ့...."
စိတ်တိုနေသေးသည့် ကောင်းကင်ကလည်း သိပ်ကျေနပ်သေးပုံမပေါ်.....
"သဲငယ် အဲ့ကောင်နဲ့သိတယ်မလား...."
"အင်း...."
"ဘယ်သူလဲ အဲ့ကောင်က...."
" ခွေးကောင်....."
"ဟမ်....ခွေးကောင်?...."
"ကားသာဂရုစိုက်မောင်းပါ မောင်ရာ.....
သဲငယ်ဗိုက်ဆာလှပါပြီဆို....."
"Yes sir!"
လှပတဲ့ သူနဲ့သဲငယ်ရဲ့အနာဂတ်ကိုတွေးပြီးသူအရမ်းကိုပျော်ရွှင်နေခဲ့တာ.....
အဲ့ဒီနေ့မတိုင်ခင်.....
အဲ့ဒီသတင်းကိုမမြင်ခင်အထိ......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
(AN: next part အတွက်တော့ brave myself ပါ ကိုယ် plot ကို twist လုပ်ပါတော့မယ်😁🙏)
************************************
Zawgyi
"ေမာင္!! ထေတာ့!!"
"......"
"ေမာင္!!"
မလႈပ္မယွက္ေမွာက္ရက္ႀကီးအိပ္ေနသူကို မနက္စာအတူစားဖို႔သလင္းျမဴမွာမနည္းႏွိုးေနရသည္။
"စစ္ေကာင္းကင္နိုင္!!"
ပုခုံးေတြေက်ာေတြကိုထုရိုက္ေတာ့ တအင္းအင္းေအာ္ရင္း မ်က္လုံးေတြျပဴးၿပဲဖြင့္လာသည္။
"ထ...မ်က္ႏွာသစ္.....
မနက္စာအတူစားဖို႔ ေမေမတို႔ပါေစာင့္ေနတယ္...."
ေရခ်ိဳးခန္းထဲမွမ်က္ႏွာသစ္ၿပီးထြက္လာသည့္ေကာင္းကင္ကို တဘက္တစ္ထည္ႏွင့္ စီးႀကိဳကာမ်က္ႏွာသုတ္ေပးလိုက္သည္။
ပြေယာင္းေယာင္းဆံပင္ေတြကိုမၿဖီးဘဲ သပ္ရပ္သြားေအာင္လက္နဲ႕ဆြဲခ်ၿပီး မနက္စာဝိုင္းသို႔လိုက္လာသည္။
"သားထိုင္..."
"ဟုတ္ကဲ့"
ျမဴ႕ေဘးနားမွာသူထိုင္လိုက္ခ်ိန္မွာဘဲ ျမဴ႕အစ္ကိုႏွစ္ေယာက္လည္း မနက္စာဝိုင္းသို႔ေရာက္လာၾကသည္။
တိုဟူႏြေးပူပူကိုငုံ႕စားေနတုန္းမွာပဲ ျမဴက ဖုန္းထုတ္ကာ video တစ္ခုကိုဖြင့္လိုက္သည္။
""ေယာက္ဖေရ!!! ေနေတာင္အေတာ္ေစာင္းၿပီ!!!""
ဖုန္းကိုအေမ့ဆီျပလိုက္ၿပီး ထြက္လာသည့္အသံေတြေၾကာင့္ ကိုလတ္ႏွင့္ကိုငယ္ေသာက္လက္စေကာ္ဖီေတြသီးကုန္သည္။
ေကာင္းကင္ကေတာ့မ်က္လုံးျပဴးႀကီးႏွင့္ လာၾကည့္ေနသည္။
""ဂဏန္းညွပ္ရင္!!! ေယာက္ဖကိုေၾကာ္ေကြၽးရမည္!!!""
အေမကသေဘာတက်ရယ္ၿပီး ေကာင္းကင္ကေတာ့ရယ္ခ်င္သည္ကိုအံႀကီးႀကိတ္ထိန္းထားရွာသည္။
မ်ပ္ႏွာခ်င္းဆိုင္မွညီအစ္ကိုႏွစ္ေယာက္ကေတာ့ မ်က္ႏွာႀကီးေတြလက္ႏွင့္အုပ္ကာ တစ္ေယာက္ႏွင့္တစ္ေယာက္တံေတာင္ႏွင့္တြက္ေနၾကသည္။
"အေမမေန႕ညကေစာအိပ္လိုက္တာမွားသြားတယ္......
ပြဲႀကီးပြဲေကာင္းကိုလြတ္သြားတာ....."
"အေမကလည္းဗ်ာ....."
ကိုလတ္ႏွင့္ကိုငယ္က ရယ္ေနသည့္ ျမဴ႕ကိုမ်က္ေစာင္းေတြထိုးေနသည္။
"သားစစ္ေကာင္းကင္.....
ေနရထိုင္ရသက္သာရဲ႕လား....."
"ဟုတ္....သက္သာပါတယ္..."
"ဝိုင္ေတြကႏွစ္ခ်ိဳ႕ေတြဆိုေပမယ့္ သဘာဝအတိုင္းဓာတုပစၥည္းမပါဘဲ စိမ္ထားတာမို႔ ေခါင္းမူးေခါင္းကိုက္တာေတာ့မျဖစ္ဘူး...
အိပ္ပဲအိပ္ခ်င္မွာ...."
ျမဴေျပာသည္ကိုနားလည္စြာ ေကာင္းကင္ကေခါင္းေလးညိတ္သည္။
ညေနပိုင္းေလာက္မွျပန္မည္မို႔ မနက္စာစားၿပီးသည္ႏွင့္ ျမဴကသူ႕ကိုျပန္အိပ္ခိုင္းသည္။
သူလည္းျပန္အိပ္ဖို႔လုပ္ေပမယ့္ ၿခံထဲမွ guitar တီးသံၾကားတာမို႔အျမန္ထလာလိုက္သည္။
ညီအစ္ကိုသုံးေယာက္လုံး guitar ကိုယ္စီႏွင့္သီခ်င္းတစ္ပုဒ္တည္းကိုတီးေနၾကၿပီး ျမဴ႕ညီမေလးကသီခ်င္းဆိုေနသည္ကို ျမဴ႕အစ္မက video ရိုက္ေနသည္။
ျမဴ႕ေမေမကေတာ့ ပြဲ႐ုံသြားသည္မို႔အိမ္မွာမရွိ။
ေကာင္းကင္ အိမ္တံခါးေပါက္ႀကီးကိုမွီလ်က္ပင္ထိုျမင္ကြင္းကိုၾကည့္ေနခဲ့သည္။
Guitar တီးေနသည့္ျမဴကသူ႕ကိုျမင္သြားေတာ့ သြားေလးေတြေပၚေအာင္ရယ္ျပသည္။
သီခ်င္းတစ္ပုဒ္ၿပီးသြားမွ သူ႕ကိုလက္ယက္ေခၚေနသည့္ျမဴ႕အနားသြားလိုက္သည္။
"အိပ္မေပ်ာ္ေတာ့ဘူးလား....."
"အင္း....."
အစ္ကိုေတြရွိေနသည္မို႔ ဖက္နမ္းခ်င္သည့္စိတ္ကိုထိန္းကာ ပုခုံးေလးကိုသာ ဖြဖြညွစ္လိုက္သည္။
"ဒါကဘယ္သူ႕ guitar လဲ....."
ျမဴ႕ guitar မဟုတ္တာေသခ်ာသည္မို႔သူေမးလိုက္သည္။
"ခြန္းေလးဟာ....."
"ဪ....."
"အစ္ကိုေရာ guitar တီးတတ္လား... "
ခြန္းေလးအေမးကို ေကာင္းကင္က ေခါင္းခါလက္ခါႏွင့္မတီးတတ္ေၾကာင္းေျပာသည္။
ျမဴ႕အစ္ကိုႏွစ္ေယာက္ကသူ႕ကိုမ်က္ႏွာခ်င္းဆိုင္ဖို႔ မ်က္ႏွာပူေနဟန္ရွိၿပီး ကေလးႏွစ္ေယာက္ႏွင့္ေဆာ့ေပးေနသည္။
ညေနျမဴ႕အေမျပန္ေရာက္လာေတာ့ သူတို႔လည္းျပန္ဖို႔ အထုပ္ေတြကိုကားေပၚတင္ၾကသည္။
"အဟမ္း....ငယ္ေလးလာရင္ မင္းလည္းလိုက္ခဲ့ေပါ့...."
ဟိုၾကည့္သည္ၾကည့္နဲ႕မ်က္ႏွာႀကီးလႊဲလ်က္ျမဴ႕အစ္ကိုကသူ႕ကိုေျပာေတာ့ သူဝမ္းသာစြာ ဟုတ္ကဲ့ခ်င္းထပ္ေအာင္ျပန္ေျဖခဲ့သည္။
အျပန္လမ္းတေလွ်ာက္ ျမဴ႕အစ္မနဲ႕ညီမေလးကသူနဲ႕စကားတေျပာေျပာ ကေလးႏွစ္ေယာက္ကေတာ့ မုန့္စားရင္းလိုက္လာၾကသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အရင္ထပ္အလုပ္ေတြပိုရႈပ္လာတဲ့ျမဴကသူ႕အတြက္ေတာ့ရေအာင္အခ်ိန္ေပးရွာသည္။
တစ္ခါတစ္ေလ ျမဴကသူ႕အိမ္မွာလိုက္အိပ္သလို သူကလည္းျမဴ႕အိမ္မွာလိုက္အိပ္သည္။
သူစိတ္ကူးယဥ္ခဲ့သည့္ 1 year anni ကိုလည္း romance ဆန္ဆန္ျဖတ္ေက်ာ္ခဲ့ၾကၿပီး အရာအားလုံးအဆင္ေျပသလိုရွိေပမယ့္ ျမဴ႕က်န္းမာေရးကေတာ့ သိသာစြာေျပာင္းလဲလာသည္။
အေမာေဖာက္ျခင္းေတြက မၾကာခဏျဖစ္လာတာေၾကာင့္ အိမ္မွာပါ oxygen mask ေတြအေရးေပၚေဆးေတြထားထားရသည္။
ဘုရားတရားသိပ္မလုပ္တဲ့ေကာင္းကင္ဟာ ျမဴ႕ေၾကာင့္ ေန႕တိုင္း ပုတီးေတြပါစိတ္တတ္လာသည္။
တစ္ေန႕တျခားေဖ်ာ့ေတာ့လာတဲ့ျမဴဟာ သူ႕ကိုေတာ့ အလွဆုံးၿပဳံးျပတတ္ဆဲပင္။
အလုပ္မသြားဖို႔သူတားထားတာမို႔ အိမ္မွာပဲသူတို႔နဲ႕ျမဴရွိေနစဥ္ ကိုခန့္အေလာတႀကီးေရာက္လာသည္။
"သသ!"
"ကိုခန့္ ဘာျဖစ္လာတာလဲ....."
"စိတ္မလႈပ္ရွားနဲ႕ေနာ္....
ကိုယ့္ဆရာဖုန္းဆက္တယ္......
သူတို႔ရွာေတြ႕ၿပီတဲ့.....!
သသအတြက္ႏွလုံးအလႉရွင္ကိုသူတို႔ေတြ႕ၿပီ!"
"တကယ္....."
ျမဴဟာေပ်ာ္လြန္းလို႔ သူ႕ကိုဖက္ၿပီးငိုသည္။
သူ႕ခ်စ္သူေလးရဲ႕ေဝဒနာေတြေပ်ာက္ေတာ့မည္ဟုေတြးရင္း ေကာင္းကင္လည္း ငိုရင္းဝမ္းသာအားရ ေတဇတို႔အားလုံးကိုတစ္ေယာက္ မက်န္ဖုန္းဆက္ေျပာသည္။
အစကတည္းက ကိုယ့္နိုင္ငံမွာ ပစၥည္းကိရိယာမျပည့္စုံမႈေၾကာင့္ တစ္ဖက္နိုင္ငံတြင္ခြဲစိတ္ရန္ visa လည္းျပင္ၿပီးသားမို႔ ကိုခန့္က ေဆး႐ုံမွခြင့္တင္ကာ သလင္းျမဴ၏ဆရာဝန္အေနႏွင့္ လိုက္ခဲ့သည္။
ေမေမတို႔စိတ္ခ်ရေအာင္ ကိုကိုကပါအုပ္ထိန္းသူအျဖစ္သူတို႔ႏွင့္ပါလာသည္။
ေက်ာင္းဖြင့္တာမွတစ္လေလာက္သာရွိေသးသည့္ ေကာင္းကင္ကိုလည္း အမ်ိဳးမ်ိဳးေခ်ာ့ေျပာၿပီး ထားခဲ့ေပမယ့္ ကိုယ္ေတာ္က ေလဆိပ္အထိလိုက္ပို႔တာကို ငိုေနသည္။
"ကိုယ္တစ္ႏွစ္ေအာက္လိုက္မယ္ေလကြာ...."
"မရဘူးေနာ္..."
"သဲငယ္ကလည္း......"
တရႈံ႕ရႈံ႕ငိုေနသည့္ ေကာင္ေလးရဲ႕ ႏႈတ္ခမ္းထက္အနမ္းဖြဖြေႁခြၿပီး မ်က္ရည္ေတြသုတ္ေပးလိုက္သည္။
"ေနေကာင္းတာနဲ႕ျပန္လာခဲ့မယ္ေနာ္.....
စာႀကိဳးစား.....
ထမင္းလည္းပုံမွန္စား.....
အတန္းလည္းမလစ္နဲ႕......"
"ဟုတ္....."
ခပ္လွမ္းလွမ္းမွာေစာင့္ေနသည့္ ေမေမႏွင့္ အစ္ကိုေတြကိုဖက္ကာ ျမဴဟာသူတို႔ကိုလက္ျပႏႈတ္ဆက္သြားသည္။
"တိတ္ပါေတာ့ ငစစ္ရာ.....
ဟိုကခြဲစိတ္ၿပီးတာနဲ႕ တန္းျပန္လာမွာကို....."
"မင္းတို႔ေတြက ရည္းစားမွမရွိတာ.....
ငါ့ကိုဘယ္ကိုယ္ခ်င္းစာတတ္မလဲ....."
လြမ္းသည့္ဒဏ္ကိုသူ႕မွာမနဲေတာင့္ခံထားရသည္။
ခြဲစိတ္ဖို႔ျပင္ဆင္မႈေတြလုပ္ေနရသည့္ ျမဴဟာ သူ႕ကိုေတာ့ ပုံမွန္ဖုန္းဆက္ရွာသည္။
အသံေလးၾကား႐ုံႏွင့္ အလြမ္းေတြကိုမနည္းေျဖေလ်ာ့ကာ တစ္ခါတစ္ခါ လိုက္သြားဖို႔ေတြးတိုင္း တကယ္လို႔ေမာင့္အနာဂတ္သဲငယ္ေၾကာင့္ထိခိုက္သြားရင္ ေမာင့္ကိုတစ္သက္လုံးမုန္းပစ္မွာဟုေျပာထားသျဖင့္ သူ႕မွာဓာတ္ပုံေလးၾကည့္ငို႐ုံသာတတ္နိုင္သည္။
မခြဲစိတ္ခင္ေလးရက္ေလာက္အလိုကစၿပီး ခြဲစိတ္ၿပီးသည္အထိ ျမဴက သူ႕ကိုဖုန္းမဆက္ေတာ့ မေနနိုင္သည့္သူက ဘုန္းရွိန္ဝါထက္ဆီဆက္ကာအေျခအေနေမးရသည္။
အခ်ိန္ႏွစ္လေက်ာ္ကုန္ဆုံးကာ စာေမးပြဲေျဖၿပီးေတာ့ သူလိုက္သြားဖို႔ျပင္ဆင္ခ်ိန္မွာပဲ ျမဴ႕ဆီမွ ဖုန္းဝင္လာသည္။
ေနာက္အပတ္ထဲျပန္လာေတာ့မည္တဲ့.....
လန္းလန္းဆန္းဆန္းရွိသည့္ ျမဴ႕အသံေၾကာင့္ ေကာင္းကင္မွာေပ်ာ္လြန္းလို႔ ခုန္ေပါက္ေနသည္။
ကြၽန္ေတာ့္ႏွလုံးသားေလးကြၽန္ေတာ္ရွိတဲ့ နိုင္ငံကိုျပန္လာေနၿပီ.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ခရီးသည္ေတြထြက္လာသည္ႏွင့္ ျမဴ႕ေမေမတို႔ေရာ သူပါ လည္ပင္းတရွည္ရွည္ရွာေဖြေနၾကသည္။
တီရွပ္အျပာေလးကို ဂ်င္းအနက္ႏွင့္ဝတ္ထားၿပီးလွ်ာထိုးဦးထုပ္အျဖဴေလးေဆာင္းလွ်က္ ေက်ာပိုးအိတ္တစ္ဖက္ထဲလြယ္ထားသည့္ ပုံရိပ္ေလးကမ်က္လုံးထဲဝင္လာသည္။
"သဲငယ္!!!"
ဟိန္းထြက္ေနသည့္ သူ႕ေခၚသံေၾကာင့္ ျမဴဟာသူ႕ကိုျမင္သြားၿပီး ေျပးလာသည္။
နီးကပ္လာသည့္ ခႏၶာကိုယ္ေလးကိုေစြ႕ခနဲေပြ႕ခ်ီၿပီး သူ႕ခါးမွာခြထားေစလိုက္သည္။
"လြမ္းေနတာ...."
သူ႕နဖူးကိုငုံ႕နမ္းၿပီး ဂုတ္ေတြကိုျမဴကဖက္ထားသည္။
လြမ္းေနရသည့္ ျမဴ႕ကိုယ္သင္းနံ႕ေလးကိုသူတဝႀကီးရႉရွိုက္လိုက္သည္။
"အဟမ္း!!!"
ေခ်ာင္းဆိုးသံေၾကာင့္ေဘးကိုၾကည့္လိုက္မွ ေမေမႏွင့္ အစ္ကိုအစ္မေတြကိုျမင္ကာ သလင္းျမဴ သြားေလးၿဖီးရယ္ျပလိုက္သည္။
အေနာက္မွ အထုပ္ေတြႏွင့္ ကိုကိုႏွင့္ ကိုခန့္ပါေရာက္လာေတာ့ သူတို႔ေလဆိပ္ထဲမွထြက္ခဲ့ၾကသည္။
အိမ္အရင္မျပန္ဘဲ ညစာကိုဆိုင္တစ္ဆိုင္မွာစားၾကသည္။
ပါးေလးေတြေဖာင္းလာၿပီး စကားေတြသြက္သြက္လက္လက္ေျပာေနသည့္ ျမဴ႕ကို ေကာင္းကင္မွာတစိမ့္စိမ့္သာၾကည့္ေနခဲ့သည္။
အလြမ္းေျဖသည့္အေနႏွင့္ သူနဲ႕အိပ္ခ်င္သည္ဆိုၿပီး ေကာင္းကင္ပါ အိမ္ကိုပါလာသည္။
ေလယာဥ္အၾကာႀကီးစီးလာရတာမို႔ သလင္းျမဴ အိမ္ေရာက္သည္ႏွင့္ ေရခ်ိဳးညဝတ္လဲၿပီး အိပ္ရာထဲဝင္ေခြေတာ့သည္။
ေကာင္းကင္လည္း သူ႕နံေဘးကိုလာအိပ္ေတာ့ ေကာင္းကင္ရင္ခြင္ထဲသလင္းျမဴ တိုးဝင္လိုက္သည္။
"သဲငယ္...."
"ဟင္..."
"ကိုယ့္ကိုခြဲစိတ္ထားတဲ့ခ်ဳပ္ရိုးျပပါလား..."
ညဝတ္အေပၚၾကယ္သီးသုံးလုံးကိုျဖဳတ္ၿပီး ျမဴဟာသူ႕ရင္ဘက္ကိုျပသည္။
"အရမ္းနာလား....."
"သိပ္မနာပါဘူး.....
ဆရာဝန္ႀကီးေတြကအရမ္းေတာ္ၾကတယ္...
သဲငယ္ကိုေသခ်ာကုေပးၾကတာ...."
နာရီေပါင္းမ်ားစြာ ခြဲစိတ္ခဲ့ရမွန္း ဘုန္းရွိန္ဝါထက္ဆီကသူၾကားၿပီးသားျဖစ္သည္။
ခ်ဳပ္ရိုးေပၚကိုေကာင္းကင္နမ္းလိုက္သည္။
"ဘာလို႔ၾကာေနတာလဲ....."
"ခြဲစိတ္ၿပီးေတာ့ ႏွလုံးေသခ်ာအလုပ္ လုပ္ မလုပ္ၾကည့္ရေသးတယ္ေလ ေမာင္ရယ္..."
ခ်ဳပ္ရိုးနားကပ္ၿပီးနားေထာင္ၾကည့္ေတာ့ စည္းခ်က္က်က်ခဳန္ေနသည့္အေကာင္ကိုေကာင္းကင္စိတ္ထဲမွေက်းဇူးတင္မိသည္။
"အခုကိုယ္တို႔လက္ထပ္လို႔ရၿပီလား.....
ကိုယ္အသက္ျပည့္ၿပီ.....
သဲငယ္လည္းေနေကာင္းၿပီ...."
"ဘြဲ႕ရတဲ့အထိေစာင့္ပါဦးလားေမာင္ရာ...."
"ဟာ.....မေစာင့္ခ်င္ေတာ့ဘူး.....
အေဝးႀကီးလိုေသးတယ္......"
"ေမာင္ကလိမၼာပါတယ္......
ေစာင့္လိုက္ပါေနာ္...... "
စူေထာ္ေထာ္ျဖစ္လာသည့္ ေကာင္းကင္ရဲ႕ႏႈတ္ခမ္းေတြကို ေခ်ာ့သလိုျမဴကနမ္းသည္။
"မရေသးဘူး....ေနာက္တစ္ေခါက္....."
ျမဴကသေဘာတက်ရယ္ၿပီး သူ႕ႏႈတ္ခမ္းေတြကိုထိကပ္လာသည္ႏွင့္ ေကာင္းကင္အလြတ္မေပးေတာ့ပဲ ျမဴ႕ႏႈတ္ခမ္းေတြကိုနမ္းသည္။
လက္ကလည္းအၿငိမ္မေနဟိုပြတ္သည္ပြတ္လုပ္ေတာ့ ျမဴကသူ႕လက္ကေလးေတြႏွင့္လိုက္တားသည္။
အသက္ရႉဖို႔ လိုေတာ့မွ ျမဴ႕ကိုလႊတ္ေပးလိုက္ၿပီး နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနသည့္ ၾကယ္သီးျပဳတ္ျမဴ႕ရင္ဘက္ေလးကို အသဲယားစြာကိုကိမိသည္။
ေဘးခန္းမွာ အစ္ကိုေတြရွိလို႔ အသံက်ယ္က်ယ္ေအာ္မိမည္ကိုစိုးရိမ္ကာ ျမဴကႏႈတ္ခမ္းေတြကိုလက္ကေလးတစ္ဖက္ႏွင့္အုပ္ထားၿပီး လက္ကေလးတစ္ဖက္ကသူ႕ကိုတြန္းသည္။
ႏွစ္လေက်ာ္မထိေတြ႕ခဲ့ရသည့္ မွည့္ေလးေတြအေပၚစုပ္နမ္းေနျပန္သည့္ေကာင္းကင္.....
ေနရာအႏွံ႕ပတ္နမ္းၿပီးေတာ့ ျမင္လိုက္ရသည့္ ေကာင္းကင္မ်က္ႏွာထက္ကလူယုတ္မာအၿပဳံးႀကီးေၾကာင့္သလင္းျမဴ ေကာင္းကင္ကိုပိတ္ကန္ပစ္ကာ ေဘးမွေစာင္ႀကီးႏွင့္တစ္ကိုယ္လုံး လုံးေထြးလိုက္သည္။
သူ႕ကန္ခ်က္ေၾကာင့္ ၾကမ္းျပင္ေပၚျပဳတ္က်သြားသည့္ေကာင္းကင္က လူယုတ္မာအၿပဳံးႀကီးနဲ႕ပဲ သူ႕ေဘးျပန္ေရာက္လာၿပီး ေစာင္ကိုဆြဲေနသည္။
"ပူတယ္ေလ.....ေစာင္ႀကီးဖယ္လိုက္....."
သလင္းျမဴ ေခါင္းကိုတြင္တြင္ခါရင္း ေကာင္းကင္ကိုေက်ာေပးထားလိုက္သည္။
စလာၿပီ.....
ေကာင္းကင္လက္ေတြကအေနာက္ကေနသိုင္းဖက္ၿပီး ေစာင္ေပၚကေနသူ႕ကိုေနရာမလပ္ပြတ္သပ္ေနသည္။
"သဲငယ္....."
နားနားကပ္ေခၚၿပီး နား႐ြက္ကိုငုံခဲလိုက္တာမို႔ သလင္းျမဴ တစ္ကိုယ္လုံးတြန့္လိမ္သြားၿပီး ေကာင္းကင္ဘက္လွည့္ကာ မ်က္ႏွာကိုနဖူးနဲ႕ တိုက္ခ်ပစ္လိုက္သည္။
"အား!....."
ေကာင္းကင္လည္းသူ႕ဘာသာေအာ္မိၿပီးမွ ေဘးခန္းကေယာက္ဖေတြေၾကာင့္ ကိုယ့္ပါးစပ္ကိုယ္ျပန္ပိတ္ရသည္။
ေယာက္ဖေတြကို ေၾကာက္လားဆိုေတာ့သူမေၾကာက္သလိုေပမယ့္ အမွန္တကယ္ကေၾကာက္ရသည္။
"သဲငယ္ရာ.....နာလိုက္တာ....."
"နည္းေတာင္နည္းေသးတယ္.....
အိပ္ေတာ့.....
ႏွာဘူးေကာင္......"
"ကိုယ္ဘာဘူးလို႔လဲ......."
"မင္းဘာလုပ္ဖို႔ႀကံေနလဲငါမသိဘူးထင္လား..."
"ဘာႀကံလို႔လဲ..."
မုဒိန္းသမားအၿပဳံးႀကီးၿပဳံးလာျပန္တာမို႔ ေနာင္တစ္ခ်က္ေကြၽးလိုက္ေပမယ့္ ဒင္းကေခါင္းအေနာက္ဆုတ္ကာ လြတ္သြားသည္။
"သဲငယ္ကကိုယ့္ကိုမခ်စ္ဘူးလား...."
"ခ်စ္တာကခ်စ္တာပဲ....
မရဘူးဆိုမရဘူး...."
"သဲငယ္ကလည္း....
ခဏပဲကိုင္မယ္ေလ....."
"မရဘူး....
အိပ္ေတာ့စစ္ေကာင္းကင္နိုင္....."
နာမည္အရင္းပါေခၚလာၿပီမို႔ သူအသာေလးအိပ္ရေတာ့သည္။
တင္ပါးေလးမကိုင္ရတာၾကာေနၿပီကို ခဏေလးေတာင္ကိုင္ခြင့္မေပးဘူး.....တြန့္တိုလိုက္တာ.....
ေကာင္းကင္တကယ္အိပ္ေပ်ာ္သြားမွ သလင္းျမဴသက္ျပင္းခ်ရင္း ေစာင္ႀကီးဖယ္လိုက္သည္။
ဟိုးအရင္တစ္ခါတုန္းကလည္းခဏေလးပဲကိုင္မယ္ေျပာတာပဲ။ ၿပီးမွ အူယားတယ္ဆိုၿပီး ကုန္းကိုက္တာ သူ႕မက္မြန္သီးေလးမွာ သြားရာအကြင္းလိုက္နဲ႕ မထိုင္နိုင္လို႔ေမွာက္အိပ္ခဲ့ရတာ......
ဒါေပမယ့္မထူးပါဘူး.....
မနက္လင္းေတာ့သူမွာ မက္မြန္သီးေလးအညွစ္ခံေနရတာေၾကာင့္ လန့္နိုးလာခဲ့ရတယ္...
တရားခံကေတာ့ လူယုတ္မာအၿပဳံးႀကီးနဲ႕ ေရခ်ိဳးခန္းထဲေျပးဝင္သြားၿပီမို႔ ေပါင္လယ္ေရာက္ေနသည့္ ေဘာင္းဘီကိုဆြဲတင္ကာ ေစာေစာစီးစီး သူ႕ဆဲသံေတြႏွင့္ တစ္အိမ္လုံးနိုးကုန္ၾကသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ေ႐ႊဆိုင္ေတြမွာ အေရာင္းဝန္ထမ္းေတြထပ္တိုးဖို႔အတြက္ အလုပ္ေလွ်ာက္လႊာေတြေခၚထားၿပီး လူေတြ႕ interview အတြက္ သလင္းျမဴ ပင္မဆိုင္သို႔ထြက္ခဲ့သည္။
ပင္မဆိုင္ရဲ႕အေဆာက္အဦးက ၆ ထပ္ရွိၿပီး အေပၚဆုံးထပ္မွာသူ႕႐ုံးခန္းႏွင့္ စာရင္းကိုင္ေတြမန္ေနဂ်ာေတြရွိၿပီး အစည္းအေဝးခန္းလည္းရွိသည္။
ေကာင္းကင္ကလည္းေက်ာင္းပိတ္ေန၍ သူ႕အနားတြင္သာကပ္ပါလာသည္။ customer ေတြကိုႀကိဳသူကႀကိဳ ပစၥည္းေတြျပေပးသူကျပနဲ႕ အလုပ္ရႈပ္ေနသည့္ ဝန္ထမ္းေတြက သူ႕ကိုျမင္ေတာ့ ေခါင္းငုံ႕ႏႈတ္ဆက္ၾကသည္။
သလင္းျမဴလည္း ျပန္ၿပဳံးျပလိုက္ၿပီး elevator ထဲဝင္ကာသူ႕႐ုံးခန္းရွိရာအထပ္သိူ႕တက္လာခဲ့သည္။
Interview စဖို႔ မိနစ္ႏွစ္ဆယ္ေလာက္သာလိုေတာ့သည္။ လာေျဖၾကသည့္သူေတြက အျပင္ခုံေတြမွာထိုင္ေနၾကၿပီး အကုန္လုံးနီးပါးသူနဲ႕အသက္မတိမ္းမယိမ္းလူငယ္ေတြသာ.....
မန္ေနဂ်ာေခါင္းေဆာင္ႏွင့္စကားေျပာေနသည့္ သူ႕ကိုလည္းအထူးအဆန္းလိုၾကည့္ေနၾကေသးသည္။
"ေမာင္.....
သဲငယ္ toilet သြားလိုက္ဦးမယ္"
"အင္း...
လိုက္ခဲ့ရဦးမလား....."
"ရတယ္.....
ဒီမွာပဲေစာင့္ေန...."
Toilet ထဲတြင္လူရွင္းေနၿပီး သလင္းျမဴ အေပါ့သြားကာ ေဘစင္တြင္လက္ေဆးေနစဥ္ ေရဆြဲခ်သံၾကားရၿပီး အိမ္သာတံခါးဖြင့္ကာ လူတစ္ေယာက္ထြက္လာသည္။
သလင္းျမဴ လက္ကိုသာဆပ္ျပာႏွင့္ေသခ်ာေဆးၿပီး အေျခာက္ခံေနစဥ္ သူ႕လက္ေမာင္းကေန ႐ုတ္တရက္ဆြဲလွည့္ခံလိုက္ရသည္။
"မင္း.....သလင္းျမဴမလား......."
သူ႕မ်က္ႏွာကိုေသခ်ာၾကည့္ေမးေနသည့္ ထို႔လူ႕လက္ေတြကို ဖယ္ခ်ပစ္ၿပီး သလင္းျမဴလည္းထိုလူ႕ကိုျပန္ၾကည့္လိုက္သည္။
ျမင္ဖူးသလိုေတာ့ရွိသည္။
"ဟုတ္တယ္.....မင္းသလင္းျမဴမွသလင္းျမဴပဲ....."
"ကြၽန္ေတာ့္ကိုသိလို႔လား...."
"ငါ့ကိုမမွတ္မိဘူးလား...."
ပိုင္စိုးပိုင္နင္းသူ႕ပါးကိုလာထိသည့္ လက္တစ္ဖက္ကို ပိတ္ရိုက္ထုတ္လိုက္သည္။
"ငါ မင္းသစ္အာကာေလ...."
သလင္းျမဴ မွတ္ဉာဏ္ထဲျဖတ္ကနဲေပၚလာသည္။
"ဪ.....
တစ္ခ်က္ထိုး....."
"ငါ့ကိုအဲ့လိုမေခၚနဲ႕!
မင္းလိုႏြဲ႕တိႏြဲ႕ႏွောင္း အေျခာက္ေကာင္ေၾကာင့္ ငါေက်ာင္းေျပာင္းလိုက္ရတာ....."
"မင္းမေျပာင္းလဲေသးဘူးပဲ.....
တစ္ဖက္သားအေပၚမွာရိုင္းစိုင္းေနတုန္းပဲ....."
"ငါမင္းကိုမေက်နပ္ေသးဘူး သလင္းျမဴ..."
"အဲ့ေတာ့ငါက ကျပရမွာလား.....
ငါမင္းအေပၚဘာအမွားမွလုပ္မထားဘူး.....
အဲ့တာကိုငါ့ထက္မင္းကပိုသိမွာပါ...."
"မင္း interview လာေျဖတာဆိုရင္လွည့္ျပန္လိုက္ေတာ့......
မင္းေအာင္မွာမဟုတ္ဘူး......"
သလင္းျမဴမ်က္ခုံးတစ္ဖက္ပင့္လိုက္မိသည္။
"ေျပာၾကည့္ပါဦး....
ငါမေအာင္နိုင္မယ့္အေၾကာင္းရင္းေလး...."
"Interview မယ့္အထဲမွာ ငါ့အေဖသူငယ္ခ်င္း ဦးလွိုင္မ်ိဳးပါတယ္.....
ဘယ္လိုပဲျဖစ္ျဖစ္ငါကေအာင္မွာ.....
မေတာ္တဆမင္းေအာင္ခဲ့ရင္ေတာင္....
ေအးေဆးအလုပ္လုပ္ရမယ္မထင္နဲ႕......
မင္းငါနဲ႕ေတြ႕မယ္....."
သလင္းျမဴ ေခါင္းညိတ္ၿပီးနားေထာင္ေပးလိုက္ၿပီး လက္ကနာရီကိုၾကည့္လိုက္ေတာ့ ငါးမိနစ္သာလိုေတာ့သည္။
"ငါေျပာတာၾကားလား!"
"အင္းအင္း....
အဲ့တာဆိုလည္းေနာက္မွေတြ႕ၾကတာေပါ့....."
ပုခုံးကိုပုတ္ၿပီး သလင္းျမဴထြက္လာခဲ့ကာ interview မည့္အခန္းထဲတန္းဝင္လာခဲ့သည္။
"သဲငယ္ရာၾကာလိုက္တာ"
"Toilet ထဲမွာေခြးတစ္ေကာင္နဲ႕ေတြ႕ေနလို႔...."
" ေခြး?....
6 လႊာကိုဘယ္ကေခြးကေရာက္ေနတာလဲ....."
ေကာင္းကင္ေတာ့စဥ္းစားခန္းေတြဖြင့္ေနၿပီ...
"Interview စရေအာင္...."
သူ႕အမိန့္ရသည္ႏွင့္ မန္ေနဂ်ာက ကိုယ္ေရးအခ်က္အလက္ file ေတြကိုအစဥ္လိုက္ သူ႕ထံေပးသည္။
Interview မွာက သလင္းျမဴအပါအဝင္တာဝန္ခံႏွင့္မန္ေနဂ်ာသုံးေယာက္သာ....
"မန္ေနဂ်ာ ဦးလွိုင္မ်ိဳး....."
သလင္းျမဴ file ေတြကိုအၾကည့္မပ်က္ဘဲေခၚလိုက္ေတာ့ ထိုမန္ေနဂ်ာျဖစ္သူက အေယာင္ေယာင္အမွားမွားႏွင့္ မတ္တပ္ထရပ္သည္။
"ဟုတ္ကဲ့ သူ႒ေး...."
"ဒီမွာအလုပ္လုပ္တာဘယ္ေလာက္ၾကာၿပီလဲ"
"ဆယ္ႏွစ္ေက်ာ္ပါၿပီ သူ႒ေး....."
"အလုပ္လုပ္ရတာအဆင္ေျပရဲ႕လား....."
"ဟုတ္ကဲ့ ေျပပါတယ္....."
"ဆက္ၿပီးေျပခ်င္ရင္ မွ်မွ်တတေလးလုပ္ၾကရေအာင္....."
"ဗ်ာ....."
"Interview လာေျဖတဲ့အထဲမွာ သူငယ္ခ်င္းသားသမီးေတြဘာေတြမပါဘူးလား...."
သူ႕အေမးေနာက္ မ်က္ႏွာႀကီးက လည္ပင္းလွည္းနင္းခံလိုက္ရသလို.....
"မပါပါဘူးဗ်...."
ထိုအခ်ိန္ Interview ေျဖမယ့္သူဝင္လာၿပီမို႔ ေနရာတက်ျပန္ထိုင္ခိုင္းလိုက္သည္။
ေကာင္းကင္ကေတာ့ သူ႕အနားကျပတင္းေပါက္ေဘးမွာ ၿငိမ္ၿငိမ္ေလး game ေဆာ့ေနရွာသည္။
တစ္ေယာက္ၿပီးတစ္ေယာက္နံပါတ္စဥ္အလိုက္ interview ရင္း ေနာက္ထပ္အလွည့္က်သဴ၏ နာမည္ကိုျမင္ေတာ့ သလင္းျမဴ ႏႈတ္ခမ္းေတြတြန့္ေကြးသြားသည္။
ၿပဳံးၿပဳံး႐ႊင္႐ႊင္ႏွင့္ ထိုင္ခုံမွာဝင္ထိုင္လိုက္သည့္ သေကာင့္သားကေတာ့ မ်က္ႏွာခ်င္းဆိုင္ကသူ႕ကိုျမင္ေတာ့ မ်က္လုံးေတြျပဴးထြက္သြားသည္။
Surprise!!!
ပုံမွန္ ေမးခြန္းေလးေတြေမးသည္ကိုပင္ သေကာင့္သားက စိုက္ၾကည့္ေနသည့္ သူ႕မ်က္ႏွာတည္တင္းတင္းေၾကာင့္ အေပါက္အလမ္းတည့္ေအာင္မေျဖနိုင္.....
ဦးလွိုင္မ်ိဳးကို အကူအညီေတာင္းသလို ၾကည့္ေနျပန္သည္။
"မန္ေနဂ်ာ ဦးလွိုင္မ်ိဳး......"
"ဗ်ာ သူ႒ေး....."
သေကာင့္သားကသူ႒ေးဆိုသည့္အေခၚအေဝၚေၾကာင့္ ေမးရိုးႀကီးေအာက္က်ေနျပန္သည္။
" အခု interview မွာလိုခ်င္တာက ဘယ္လိုဝန္ထမ္းမ်ိဳးေတြလဲ....."
"အရည္အခ်င္းရွိၿပီး ႀကိဳးစားလိုစိတ္ရွိတဲ့ စိတ္ရွည္သည္းခံမယ့္ စာရိတၱေကာင္းသူမ်ိဳးေတြပါ....."
"အင္း......ခင္ဗ်ားေမ့ေနမွာစိုးလို႔....."
သူ႕စကားေနာက္ ဦးလွိုင္မ်ိဳးက မင္းသစ္အာကာကိုၾကည့္ေတာင့္မၾကည့္ရွာေတာ့ပါ.....
Interview ၿပီးသြားေတာ့ သလင္းျမဴ တကယ္အရည္အခ်င္းရွိၿပီး အေျပာအဆိုေျပျပစ္သူ ရွစ္ဦးကိုေ႐ြးထုတ္ကာ တာဝန္ခံလက္ထဲလႊဲေပးခဲ့သည္။
"ေမာင္ေရ....."
"ဗ်ာ....."
"သဲငယ္ ဗိုက္ဆာၿပီ....."
"ကိုယ့္သဲငယ္ေလးဘာစားခ်င္ပါသလဲ...."
"Sea food "
"Ok.....သြားမယ္......"
ကားနားအေရာက္ သူ႕ကိုေစာင့္ေနပုံရသည့္ မင္းသစ္အာကာကိုေတြ႕ရသည္။
"သလင္းျမဴ မင္းတမင္လုပ္တာမလား!!"
သူ႕အကၤ်ီေကာ္လန္ကိုလွမ္းဆြဲေပမယ့္ ေကာင္းကင္ကတြန္းထည့္လိုက္တာေၾကာင့္ အေနာက္ကိုပစ္လဲသြားသည္။
"ဘာေကာင္လဲ...."
"မင္းကေရာဘာေကာင္လဲ....."
ထၿပီးေကာင္းကင္ရင္ဘက္ကိုျပန္တြန္းၿပီး ႐ုန္းရင္းဆန္ခတ္ျဖစ္လာေတာ့ လုံၿခဳံေရးေတြေရာက္လာၿပီး ေသာင္းက်န္းေနသည့္ မင္းသစ္အာကာကိုဝိုင္းခ်ဳပ္ၾကသည္။
သလင္းျမဴ မင္းသစ္အာကာရဲ႕ပါးကိုခပ္ဆတ္ဆတ္ပုတ္လိုက္သည္။
"တစ္ခ်က္ထိုး.....
ငါနဲ႕ထပ္မဆုံေစနဲ႕ေနာ္......
မင္းပဲမေက်နပ္ေသးတာမဟုတ္ဘူး......
ငါကလည္းမင္းကိုတစ္သက္လုံးမေက်ဘဴး..."
"ကြၽန္ေတာ္တို႔သူ႕ကိုဘာလုပ္လိုက္ရမလဲ သူ႒ေး"
"ရဲစခန္းသာပို႔လိုက္...."
"ဟုတ္ကဲ့...."
စိတ္တိုေနေသးသည့္ ေကာင္းကင္ကလည္း သိပ္ေက်နပ္ေသးပုံမေပၚ.....
"သဲငယ္ အဲ့ေကာင္နဲ႕သိတယ္မလား...."
"အင္း...."
"ဘယ္သူလဲ အဲ့ေကာင္က...."
" ေခြးေကာင္....."
"ဟမ္....ေခြးေကာင္?...."
"ကားသာဂ႐ုစိုက္ေမာင္းပါ ေမာင္ရာ.....
သဲငယ္ဗိုက္ဆာလွပါၿပီဆို....."
"Yes sir!"
လွပတဲ့ သူနဲ႕သဲငယ္ရဲ႕အနာဂတ္ကိုေတြးၿပီးသူအရမ္းကိုေပ်ာ္႐ႊင္ေနခဲ့တာ.....
အဲ့ဒီေန႕မတိုင္ခင္.....
အဲ့ဒီသတင္းကိုမျမင္ခင္အထိ......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
(AN: next part အတြက္ေတာ့ brave myself ပါ ကိုယ္ plot ကို twist လုပ္ပါေတာ့မယ္😁🙏)
************************************
Bạn đang đọc truyện trên: Truyen247.Pro