Part-6 (white)
Unicode
"သားဝပြီ...."
ထမင်းစားပွဲကနေအရင်ဆုံးထသွားတဲ့ငယ်လေး။
ပန်းကန်ထဲကထည့်ပေးထားသည့် ထမင်းတွေကလည်း အရာမယွင်း။
တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းမှာ မေမေ့ရဲ့ သက်ပြင်းချသံတိုးတိုးကထွက်ပေါ်လာသည်။
"ငယ်လေးစိတ်ပြေလက်ပျောက်ဖြစ်အောင် ခရီးသွားကြမလား....."
"ကောင်းသားပဲ ဘယ်သွားမှာလဲဟင်...."
"အလောင်းတော်ကဿပ...
ဒီရာသီဥတုက သွားလို့အကောင်းဆုံးပဲ..."
"လမ်းကနည်းနည်းကြမ်းမယ်ထင်တယ်....
ငယ်လေးအဆင်ပြေပါ့မလား....."
မေမေတို့တိုင်ပင်နေကြတာကို မင်းညီဆက်နားမထောင်တော့ပဲ ထမင်းဝိုင်းမှထကာ ငယ်လေးရှိရာအခန်းသို့လှမ်းလာခဲ့သည်။
"ငယ်လေး..."
သူ့ခေါ်သံကြောင့် အပြင်ကိုငေးနေသည့် ငယ်လေးကလှည့်ကြည့်လာလေသည်။
"ဘာစားချင်လဲ ကိုကိုသွားဝယ်ပေးမယ်လေ..."
ခေါင်းလေးသာယမ်းပြပြီး မျက်ဝန်းတွေက အပြင်ကိုပြန်ငေးနေလေသည်။
"အဖေကိုင်ထားထားတယ် မကြောက်နဲ့ နင်းနင်း"
9 နှစ်အရွယ် ကောင်လေးကို ဖခင်ဖြစ်သူကစက်ဘီးစီးသင်ပေးနေသည်ကို ငယ်လေးက ကြည့်နေခြင်းပင်။
"အဖေ!!!"
သားအဖနှစ်ယောက် အော်လိုက်ဟစ်လိုက်နှင့် ဆူညံနေသည်ကို ကြည့်နေရင်း ငယ်လေးကလက်သီးလေးတွေကိုဆုပ်ထားလေသည်။
မင်းညီရင်ထဲမွန်းကြပ်သွားသည်။ ငယ်လေးအခုခံစားနေရတာကို သူနားလည်သည်။ သူလည်း တစ်ချိန်က ဒီလိုတွေခံစားခဲ့ရဖူးသည်။
ခုံလေးပေါ်မှာ ခြေထောက်လေးပါတင်ပြီး ကြုံ့ကြုံ့လေးထိုင်နေသည့် ငယ်လေးခန္ဓာကိုယ်ကို မင်းညီပွေ့ချီလိုက်သည်။
"ကိုကိုနဲ့ဈေးထဲသွားရအောင်...."
"မသွားချင်ဘူး....."
ပွေ့ချီထားတာကိုမကြိုက်သည့်ငယ်လေးက စူပုတ်ပုတ်လေးနှင့် ရုန်းနေသည်။
"အဲ့တာဆို စက်ဘီးစီးသင်မလား...."
ရုန်းနေရာမှ ငြိမ်သွားကာ တကယ်လားဆိုသည့် အကြည့်လေးများနှင့် သူ့ကိုပြူးပြူးလေးကြည့်နေသည်။
"သင်ချင်လား..."
"အင်း...."
"ကိုကိုလည်း သင်ပေးချင်တယ်....
ဒါပေမယ့်.....
ငယ်လေးကိုမေမေကစက်ဘီးမစီးခိုင်းဘူးမလား.."
မျက်နှာလေးညိုးကျသွားကာ ငယ်လေးက မျက်ရည်တွေဝဲနေပေပြီ။
"မေမေမသိအောင် ခိုးသင်ပေးမယ်..."
"တကယ်နော် ကိုကို..."
"အင်း....အခုတော့မဟုတ်သေးဘူးနော်.....
မေမေတို့ကခရီးသွားဖို့တိုင်ပင်နေတယ်
ခရီးကပြန်လာရင် သင်ပေးမယ်...."
"ဟုတ်....
အဲ့တာကြောင့် ကိုကို့ ကိုချစ်တာ..."
သူ့ပါးကိုနမ်းပြီး ငယ်လေးကအချိန်အတော်ကြာအောင် သူ့ကိုဖက်ထားခဲ့သည်။
"ကိုကို"
"ဟင်..."
"ဝက်သားဒုတ်ထိုး စားချင်တယ်....ဟီးးး"
"ဟုတ်ပါပြီဗျာ ခဏနေသွားစားမယ်နော်...."
ငယ်လေးပြန်ပြုံးလာမှ မင်းညီလည်း စိတ်သက်သာရသည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
သူတို့မိသားစုအပြင် သွေးနှင့်ဝေယံပါလိုက်မည်ဖြစ်သောကြောင့် light truck ကားနှင့်သွားရန်ဆုံးဖြတ်လိုက်ကြသည်။
မသွားခင်နှစ်ရက်လောက်အလိုကတည်းက မေမေက ဆိုင်ဝန်ထမ်းတွေကိုသေချာမှာကြားကာ လမ်းမှာစားရန်စားစရာများစီစဉ်လေသည်။
လိုအပ်သည်များအားလုံးပြင်ဆင်ပြီး ခရီးဆောင်အိတ်များကို ကားခေါင်မိုးပေါ်တင်ကာ သူတို့စထွက်ကြသည်။
ကားကို ကိုလတ်နှင့်ကိုငယ်တစ်လှည့်စီမောင်းကြလေသည်။
မနက်လင်းလင်းချင်းစထွက်လာခဲ့ကြရာ နေ့လည်ရောက်တော့ ပူပြင်းလွန်းသဖြင့် လူကနုံးကာ သလင်းမြူ မင်းညီ ပေါင်ပေါ်တွင်ခွေခွေလေးလှဲအိပ်တော့သည်။
သွေးနှင့်ဝေယံကတော့ မေမေနှင့် မကြီး အနားမှာ ဆူညံနေသည်။ ညီမလေးကလည်း အရှေ့ခန်းမှ အစ်ကိုနှစ်ယောက်ကြားမှာ ဆော့နေလေသည်။
မုံရွာရောက်တော့ ကားဘီးပေါက်ရာ နီးရာမှာ ဝင်ဖာလိုက်ကြရသည်။
အလောင်းတော်ကဿပသွားသည့် လမ်းခွဲမှစ၍တဖြည်းဖြည်း လမ်းကြမ်းလာရာ ကားကလှုပ်သဖြင့် သလင်းမြူ အန်တော့သည်။
ဆက်တိုက်အန်နေတာကြောင့် အားမရှိဘဲ သလင်းမြူပျော့ခွေလာလေသည်။
အအေးဆိုင်မှာ ခဏနားတော့ မင်းညီ သလင်းမြူကိုပွေ့ကာ ဆိုင်ထဲခေါ်လာခဲ့ရသည်။
မေမေတို့ဘာကျွေးကျွေး အန်မှာကြောက်ပြီး မစားဘူးငြင်းနေသည့် ငယ်လေးကြောင့် မင်းညီကြံရည်တစ်ခွက်ကို သံပုရာသီးညှစ်ပေးရန်မှာလိုက်သည်။
ချိုချိုချဉ်ချဉ် ကြံရည်ကိုလည်း ငယ်လေးက နည်းနည်းသာသောက်သည်။
ကားပြန်စထွက်တော့မကြာလိုက် ငယ်လေးသောက်ထားသည့် ကြံရည်တွေပြန်အန်သည်။
တစ်လမ်းလုံးအလှူခံတွေတွေ့ရပြီး ဒေသထွက်အစားအစားများကိုကျွေးကြလေသည်။
ကတ္တရာခင်းထားခြင်းမရှိသည့် မြေလမ်းဖြစ်ရာ အညာဒေသသဘာဝအတိုင်းသဲများနှင့် ဖုန်ကလည်းတထောင်းထောင်း။
ဘေးအကာတွေမပါသည့် ကားကြောင့် သူတို့အကုန်လုံးလည်းဖုန်တွေနှင့်ဖွေးနေသည်။
မင်းညီကတော့ သူ့ရင်ခွင်ထဲမှာ နှုတ်ခမ်းတွေဖြူဖတ်နေသည့် ငယ်လေးကိုကြည့်ကာ စိတ်မကောင်း။
ညနေပိုင်းလောက်မှ သူတို့တောထဲကိုရောက်ကာ အကွေ့အကောက်နှင့် ကားမှာခါယမ်းနေသဖြင့် မင်းညီ လက်တစ်ဖက်က ကားကိုကိုင်ပြီး လက်တစ်ဖက်က ငယ်လေးကိုထိန်းထားရသည်။
သစ်ပင်ကြီးများနှင့် အုံ့မှိုင်းကာ ချမ်းစိမ့်စိမ့်နှင့်ပင်။
တောင်ကျချောင်းတွေကိုလည်းဖြတ်ရကာ သူတို့တွေ စခန်းကိုရောက်တော့ ညနေခြောက်နာရီပင်ထိုးတော့မည်။
"ငယ်လေး....ထတော့......
ရောက်ပြီ......"
ရင်ခွင်ထဲကကောင်လေးက မျက်လုံးလေးတွေပွင့်လာပြီး သူ့ကိုကြည့်ကာ အားမရှိသည့်ကြားမှရယ်လေသည်။
ကားခေါင်းခန်းမှ ကိုလတ်နှင့် ကိုငယ်တို့ကလည်း သူတို့ကိုကြည့်ကာ ရယ်ကြရုံသာမက တခြားဘုရားဖူးဧည့်သည်တွေကလည်း ပြုံးစိစိ။
ကားမှန်နဲ့သေချာသွားကြည့်ကြမှ ဖုန်တွေနှင့် မျက်ခုံးမွှေးမျက်တောင်မွှေး ဆံပင်တွေပာအကုန်ဖြူဖွေးကာ မျောက်ရုပ်ပေါက်နေကြမှန်းသိကြသည်။
ငယ်လေးကတော့ သူပွေ့ထားသောကြောင့် ဖုန်တွေတင်မနေခဲ့ပါ။
ကိုလတ်နှင့်ကိုငယ်က သူတို့ပုံစံတွေကိုအမှတ်တရဆိုပြီး ဓာတ်ပုံရိုက်ထားသေးသည်။
ညနေမှောင်ခါနီးပြီဆိုတော့ ဆင်တွေလည်းသိမ်းကြပေပြီ။ တောင်အောက်က ရေစက်ပျက်နေသောကြောင့် ရေမရ၍ သူတို့တောင်ပေါ်တက်ပြီးရေချိုးရပေတော့မည်။
တစ်မိုင်ကျော် တောင်တက်လမ်းကို ဘာအစာမှဗိုက်ထဲမရှိသည့် သလင်းမှာ မတက်နိုင်။
နှစ်မိနစ်လောက်လျှောက်လိုက်နားလိုက်နှင့် တက်ရသောကြောင့် မင်းညီကပဲကျောပိုးလိုက်သည်။
တောင်ပေါ်ရောက်တော့ ရေချိုးခန်းတွေမှာ လူတွေပြည့်နေတာကြောင့် နှစ်ယောက်တစ်ခန်းသုံးယောက်တစ်ခန်း ဝင်ချိုးကြရသည်။
မင်းညီနှင့် သလင်းမြူ တစ်ခန်းအတူချိုးရာ သလင်းမြူက အကုန်ချွတ်ချလေသည်။
"အား....အေးတယ်...."
ရေတစ်ခွက်လောင်းပြီး ကိုယ်တုံးလုံးနှင့် ငယ်လေးကခုန်ပေါက်နေသည်။
"မြန်မြန်ချိုး ငယ်လေး...
အအေးပတ်မယ်...."
"ဟုတ်..."
တောင်ကျရေဖြစ်တာကြောင့် ရေကအေးစိမ့်နေရာ ရေချိုးရင်းငယ်လေးက အော်ဟစ်နေသည်။
ရေချိုးပြီးနွေးနွေးထွေးထွေးဝတ်ကာ ချဉ်တာလေးသောက်ချင်သည် ပြောသည့် ငယ်လေးကို မန်ကျည်းချိုရည်ဘူးဝယ်တိုက်ရာ သောက်ပြီးပြီးချင်းပြန်အန်ပြန်သည်။
တောင်ပေါ်တွင်ဖွင့်ထားသည့် ဆေးခန်းမှာသွားပြရာ သွေးပေါင်ချိန်တွေကျနေသောကြောင့် ဆေးတစ်လုံးထိုးလိုက်ရသည်။
ခရီးသည်တွေအတွက်ဆောက်လုပ်ထားသည့်တည်းခိုဆောင်များကလည်း လူပြည့်နေသောကြောင့် သူတို့တောင်အောက်ပင်ပြန်ဆင်းလာကြသည်။
မေမေတို့ကဂူထဲဝင်ကြပေမယ့် သလင်းမြူကနေခဲ့မည်ဆိုသောကြောင့် မင်းညီလည်းလိုက်မသွားပေ။
မေမေတို့ပြန်ထွက်လာမှတောင်အောက်ဆက်ဆင်းကြသည်။
မင်းညီ သလင်းမြူကိုကျောပိုးပြီး သလင်းမြူကတော့ ဓာတ်မီးလေးကိုင်ကာ ငြိမ်သက်နေခဲ့သည်။
မေမေတို့အားလုံးလည်း သူတို့နောက်မှပါလာကြသည်။
ဘေးချောက်ထဲမှ အသံတွေကြားရတာကြောင့် သလင်းမြူကြောက်ကာ ကိုကို့ ကိုပိုတင်းအောင်ဖက်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး.....
ဆင်တွေဝါးပင်တွေချိုးနေလို့..."
"သူတို့အပေါ်တက်လာရင်ဘယ်လို့လုပ်မလဲ"
"မတက်လာနိုင်ပါဘူး ငယ်လေးရဲ့...
မနက်ကျရင် သူတို့ကိုဆင်ဦးစီးတွေကပြန်လာခေါ်ကြမှာ..."
"ကိုကို..."
"ဟင်..."
"သားကိုကျောပိုးထားရတာ ညောင်းနေပြီလား..."
"မညောင်းပါဘူး....
ငယ်လေးကပေါ့ပေါ့လေးကို..."
ကိုလတ်နဲ့ကိုငယ်က ငယ်လေးကို သူတို့တစ်လှည့်ကျောပိုးမယ်ပြောပေမယ့် မင်းညီကလက်မခံခဲ့ခြင်းသာ။
တောင်အောက်ကစားသောက်ဆိုင်မှာ ညစာစားကြပြီး ငယ်လေးကိုဆေးတိုက်သည်။
ကားပေါ်ကဖျာတွေကိုအောက်ချပြီး စောင်တွေယူကာ သူတို့ညီအစ်ကိုတွေနှင့်ဝေယံကအောက်မှာပဲအိပ်ကြသည်။
မေမေတို့နှင့် သွေးကိုကားပေါ်မှာအိပ်စေသည်။
သူတို့လိုကားဘေးတွေမှာအိပ်နေကြသည့် ခရီးသည်တွေကိုလည်းအများအပြားတွေ့ရသည်။
တခေါခေါဟောက်နေသည့်ဝေယံ့ကြောင့် မင်းညီဘက်ကိုသလင်းမြူတဖြည်းဖြည်းတိုးလာသည်။
"ကိုကို သားချမ်းလို့..."
မင်းညီစောင်တွေကြားမှသလင်းမြူကိုဖက်ထားပေးလိုက်သည်။
"ကိုကို.."
"ဟင်..."
"ကျေးဇူးတင်ပါတယ်... "
"ဘာကိုလဲ...."
"သားကိုချစ်ပေးလို့..."
ရင်ခွင်ထဲပိုတိုးဝင်လာသည့် ကောင်လေးကိုဖက်ထားရင်း သူ့အိမ်မက်တွေလှပခဲ့ရသည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
နောက်တစ်နေ့အလောင်းတော်သဿပကနေ ပြန်ထွက်လာခဲ့ကြရာ မနေ့ကနှင့်မတူ ငယ်လေးလန်းဆန်းကာ လုံးဝမအန်တော့ပေ။
လမ်းကအလှူခံတွေကျွေးသမျှ ငယ်လေးကစားသည်။ မုံရွာနှင့်ဘုတလင်ကြားက ရွာငယ်လေးတစ်ခုဆီရောက်တော့ မေမေ့ဘက်မှတော်စပ်သည့် ဦးလေးအဒေါ်တွေက ဝမ်းသာအားရကြိုဆိုကြသည်။
တောသူတောင်သားတွေဖြစ်ပြီး ရိုးသားကြသည်။
ဘေးတွင်ချင်းတွင်းမြစ်ရှိတာကြောင့် ရေကူးရန်သူတို့အားလုံးမြစ်ဆိပ်ဆင်းကြလေသည်။
သလင်းမြူနှင့်ဝေယံက ဘောင်းဘီတိုလေးများနှင့်ဖြစ်ပြီး သွေးကတော့ မေမေဝတ်ပေးသည့် ထမီရင်လျားကို ကိုင်ထားရလေသည်။
ကိုလတ် ကိုငယ် မေမေ တို့အားလုံးကရေကူးကြပြီး ရေမကူးတတ်သည့် သလင်းမြူကတော့ ရေတိမ်တိမ်တွင်သာခြေထောက်ထောက်ကူးနေရသည်။
သွေးမှာလည်းရေကူးမယ်ကြံလိုက် ထမီကျွတ်သွားလိုက်နှင့်ဒုက္ခရောက်နေသည်။
"ငယ်လေး လာကိုကို့ ကျောပေါ်တက်..."
ငယ်လေးကိုကျောပေါ်တင်ကာ ရေကူးတော့ ငယ်လေးပျော်နေခဲ့သည်။
ဦးလေးကသလင်းမြူအတွက် ကိုယ်တိုင်ရေငုပ်ကာ ကျောက်ပုစွန်တွေဖမ်းပြီး မီးကင်ကျွေးလေသည်။
ချထားသည့်ပိုက်တွေတင်ပြီးတော့လည်း ငါးတွေကင်ကျွေးသေးသည်။
မင်းညီကတော့ ငါးအရိုးနွှင်ရင်း ငယ်လေးခွံ့ကျွေးတာတွေသာထိုင်စားနေတော့သည်။
ညရောက်တော့ ကိုခန့်ဆီမှဖုန်းဝင်လာခဲ့သည်။
"Hello"
"သသ...
နေကောင်းလား..."
"ဟုတ်....
ကိုခန့် အခုသားကိုစိတ်မပူနဲ့တော့ နိုင်ငံခြားကိုအေးအေးဆေးဆေးသွားပြီး ပညာတွေသင်ခဲ့နော်...
သားအခု မေမေတို့နဲ့ခရီးထွက်နေတာ..."
"ဟုတ်လား ဘယ်သွားတာလဲ..."
"မုံရွာဘက်....
ပြီးတော့....
ကိုကိုက သားကိုအရမ်းဂရုစိုက်တယ်...
အဲ့တာကြောင့် စိတ်မပူနဲ့တော့နော်..."
"အင်း..."
"ကိုခန့် သေချာပေါက် ပြန်လာရမယ်နော်..."
" သေချာပေါက် ပြန်လာခဲ့မယ်...."
မလှမ်းမကမ်းမှာဖုန်းပြောနေသည့် သားငယ်လေးရဲ့ စကားသံတွေကိုနားထောင်ရင်းမေမေပြုံးနေခဲ့သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ခရီးကပြန်ရောက်တော့ မင်းညီအတွက်ပြင်ပေးနေသည့် အခန်းအဆင့်သင့်ဖြစ်သွားသောကြောင့် မေမေကပြောင်းရန်ပြောတော့ ငယ်လေးကငိုလေသည်။
"မရဘူး......
ကိုကိုသားနဲ့ပဲနေရမှာ....."
"ငယ်လေး မဆိုးနဲ့လေ...
မင်းညီက သူ့ဘာသာနေချင်မှာပေါ့..."
"မနေချင်ပါဘူး....
ကိုကို ဟုတ်တယ်မလားဟင်...
သားနဲ့ပဲနေချင်တာမလား..."
"အင်း...ကိုကိုက ငယ်လေးနဲ့ပဲနေချင်တာ...."
"တွေ့လား.....
ကိုကိုကသားနဲ့ပဲနေမှာ....."
သူတို့နှစ်ယောက်ကိုကြည့်ကာ မေမေက ခေါင်းယမ်းရင်း ပြုံးနေပြန်သည်။
အရင်ကထက်ပိုပြီး သူတို့အားလုံး ငယ်လေးရယ်သံတွေကိုကြားရသည်။ အရင်ကထက်ပိုပြီး ပျော်ရွှင်နေသည့် ငယ်လေးအပြုံးတွေကိုလည်းသူတို့မြင်ရသည်။
လူကောင်သေးသေးလေးနှင့် guitar ကို ငယ်လေးက ဟန်ပါပါတီးတတ်လာသည်။ မင်းညီလုပ်ကျွေးသည့် ကြက်တောင်ပံအစာသွတ်ကလည်း သူအကြိုက်ဆုံးအစားအစာဖြစ်လာခဲ့သည်။
ဘယ်သူ့ကိုအချစ်ဆုံးလဲလို့ မေးလိုက်တိုင်း ငယ်လေးရဲ့အဖြေက ကိုကိုဟူ၍ဖြစ်လာခဲ့သည်။
ဒီလောက်ဆိုမင်းညီဆိုတဲ့သူ့အတွက်လုံလောက်ပါပြီ။ ကိုကိုလို့ခေါ်သံနဲ့ သူ့ပါးကိုခဏခဏ နမ်းတတ်သည့် ကောင်လေးရဲ့အချစ်တွေက ဖြူစင်နေသည်။
ထိုချစ်ခြင်းလေးကိုအရောင်မဆိုးရက်သောကြောင့် အိပ်ပျော်နေတဲ့ကောင်လေးနှုတ်ခမ်းတွေထံဦးတည်နေသည့် မိမိနှုတ်ခမ်းတွေကို လမ်းကြောင်းပြောင်းကာ နဖူးပြင်လေးကိုသာထိရုံနမ်းရှိုက်လိုက်သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ဖြူစင်လွန်းရင်
စွန်းထင်းလွယ်ပေမယ့်
အရောင်တွေစွန်းမှသာ
ကြံ့ကြံ့ခံမှာမို့
အလှပဆုံးအရောင်တွေ
ခြယ်သပေးဖို့လိုတယ်.....
******************************
Zawgyi
"သားဝၿပီ...."
ထမင္းစားပြဲကေနအရင္ဆုံးထသြားတဲ့ငယ္ေလး။
ပန္းကန္ထဲကထည့္ေပးထားသည့္ ထမင္းေတြကလည္း အရာမယြင္း။
တိတ္ဆိတ္ေနတဲ့ထမင္းဝိုင္းမွာ ေမေမ့ရဲ႕ သက္ျပင္းခ်သံတိုးတိုးကထြက္ေပၚလာသည္။
"ငယ္ေလးစိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ ခရီးသြားၾကမလား....."
"ေကာင္းသားပဲ ဘယ္သြားမွာလဲဟင္...."
"အေလာင္းေတာ္ကႆပ...
ဒီရာသီဥတုက သြားလို႔အေကာင္းဆုံးပဲ..."
"လမ္းကနည္းနည္းၾကမ္းမယ္ထင္တယ္....
ငယ္ေလးအဆင္ေျပပါ့မလား....."
ေမေမတို႔တိုင္ပင္ေနၾကတာကို မင္းညီဆက္နားမေထာင္ေတာ့ပဲ ထမင္းဝိုင္းမွထကာ ငယ္ေလး႐ွိရာအခန္းသို႔လွမ္းလာခဲ့သည္။
"ငယ္ေလး..."
သူ႔ေခၚသံေၾကာင့္ အျပင္ကိုေငးေနသည့္ ငယ္ေလးကလွည့္ၾကည့္လာေလသည္။
"ဘာစားခ်င္လဲ ကိုကိုသြားဝယ္ေပးမယ္ေလ..."
ေခါင္းေလးသာယမ္းျပၿပီး မ်က္ဝန္းေတြက အျပင္ကိုျပန္ေငးေနေလသည္။
"အေဖကိုင္ထားထားတယ္ မေၾကာက္နဲ႔ နင္းနင္း"
9 ႏွစ္အရြယ္ ေကာင္ေလးကို ဖခင္ျဖစ္သူကစက္ဘီးစီးသင္ေပးေနသည္ကို ငယ္ေလးက ၾကည့္ေနျခင္းပင္။
"အေဖ!!!"
သားအဖႏွစ္ေယာက္ ေအာ္လိုက္ဟစ္လိုက္ႏွင့္ ဆူညံေနသည္ကို ၾကည့္ေနရင္း ငယ္ေလးကလက္သီးေလးေတြကိုဆုပ္ထားေလသည္။
မင္းညီရင္ထဲမြန္းၾကပ္သြားသည္။ ငယ္ေလးအခုခံစားေနရတာကို သူနားလည္သည္။ သူလည္း တစ္ခ်ိန္က ဒီလိုေတြခံစားခဲ့ရဖူးသည္။
ခုံေလးေပၚမွာ ေျခေထာက္ေလးပါတင္ၿပီး ၾကံဳ႕ၾကံဳ႕ေလးထိုင္ေနသည့္ ငယ္ေလးခႏၶာကိုယ္ကို မင္းညီေပြ႔ခ်ီလိုက္သည္။
"ကိုကိုနဲ႔ေဈးထဲသြားရေအာင္...."
"မသြားခ်င္ဘူး....."
ေပြ႔ခ်ီထားတာကိုမႀကိဳက္သည့္ငယ္ေလးက စူပုတ္ပုတ္ေလးႏွင့္ ႐ုန္းေနသည္။
"အဲ့တာဆို စက္ဘီးစီးသင္မလား...."
႐ုန္းေနရာမွ ၿငိမ္သြားကာ တကယ္လားဆိုသည့္ အၾကည့္ေလးမ်ားႏွင့္ သူ႔ကိုျပဴးျပဴးေလးၾကည့္ေနသည္။
"သင္ခ်င္လား..."
"အင္း...."
"ကိုကိုလည္း သင္ေပးခ်င္တယ္....
ဒါေပမယ့္.....
ငယ္ေလးကိုေမေမကစက္ဘီးမစီးခိုင္းဘူးမလား.."
မ်က္ႏွာေလးညိဳးက်သြားကာ ငယ္ေလးက မ်က္ရည္ေတြဝဲေနေပၿပီ။
"ေမေမမသိေအာင္ ခိုးသင္ေပးမယ္..."
"တကယ္ေနာ္ ကိုကို..."
"အင္း....အခုေတာ့မဟုတ္ေသးဘူးေနာ္.....
ေမေမတို႔ကခရီးသြားဖို႔တိုင္ပင္ေနတယ္
ခရီးကျပန္လာရင္ သင္ေပးမယ္...."
"ဟုတ္....
အဲ့တာေၾကာင့္ ကိုကို႔ ကိုခ်စ္တာ..."
သူ႔ပါးကိုနမ္းၿပီး ငယ္ေလးကအခ်ိန္အေတာ္ၾကာေအာင္ သူ႔ကိုဖက္ထားခဲ့သည္။
"ကိုကို"
"ဟင္..."
"ဝက္သားဒုတ္ထိုး စားခ်င္တယ္....ဟီးးး"
"ဟုတ္ပါၿပီဗ်ာ ခဏေနသြားစားမယ္ေနာ္...."
ငယ္ေလးျပန္ျပဳံးလာမွ မင္းညီလည္း စိတ္သက္သာရသည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
သူတို႔မိသားစုအျပင္ ေသြးႏွင့္ေဝယံပါလိုက္မည္ျဖစ္ေသာေၾကာင့္ light truck ကားႏွင့္သြားရန္ဆုံးျဖတ္လိုက္ၾကသည္။
မသြားခင္ႏွစ္ရက္ေလာက္အလုိကတည္းက ေမေမက ဆိုင္ဝန္ထမ္းေတြကိုေသခ်ာမွာၾကားကာ လမ္းမွာစားရန္စားစရာမ်ားစီစဥ္ေလသည္။
လိုအပ္သည္မ်ားအားလုံးျပင္ဆင္ၿပီး ခရီးေဆာင္အိတ္မ်ားကို ကားေခါင္မိုးေပၚတင္ကာ သူတို႔စထြက္ၾကသည္။
ကားကို ကိုလတ္ႏွင့္ကိုငယ္တစ္လွည့္စီေမာင္းၾကေလသည္။
မနက္လင္းလင္းခ်င္းစထြက္လာခဲ့ၾကရာ ေန႔လည္ေရာက္ေတာ့ ပူျပင္းလြန္းသျဖင့္ လူကႏုံးကာ သလင္းျမဴ မင္းညီ ေပါင္ေပၚတြင္ေခြေခြေလးလွဲအိပ္ေတာ့သည္။
ေသြးႏွင့္ေဝယံကေတာ့ ေမေမႏွင့္ မႀကီး အနားမွာ ဆူညံေနသည္။ ညီမေလးကလည္း အေ႐ွ႕ခန္းမွ အစ္ကိုႏွစ္ေယာက္ၾကားမွာ ေဆာ့ေနေလသည္။
မုံရြာေရာက္ေတာ့ ကားဘီးေပါက္ရာ နီးရာမွာ ဝင္ဖာလိုက္ၾကရသည္။
အေလာင္းေတာ္ကႆပသြားသည့္ လမ္းခြဲမွစ၍တျဖည္းျဖည္း လမ္းၾကမ္းလာရာ ကားကလႈပ္သျဖင့္ သလင္းျမဴ အန္ေတာ့သည္။
ဆက္တိုက္အန္ေနတာေၾကာင့္ အားမ႐ွိဘဲ သလင္းျမဴေပ်ာ့ေခြလာေလသည္။
အေအးဆိုင္မွာ ခဏနားေတာ့ မင္းညီ သလင္းျမဴကိုေပြ႔ကာ ဆိုင္ထဲေခၚလာခဲ့ရသည္။
ေမေမတို႔ဘာေကြၽးေကြၽး အန္မွာေၾကာက္ၿပီး မစားဘူးျငင္းေနသည့္ ငယ္ေလးေၾကာင့္ မင္းညီၾကံရည္တစ္ခြက္ကို သံပုရာသီးညႇစ္ေပးရန္မွာလိုက္သည္။
ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ ၾကံရည္ကိုလည္း ငယ္ေလးက နည္းနည္းသာေသာက္သည္။
ကားျပန္စထြက္ေတာ့မၾကာလိုက္ ငယ္ေလးေသာက္ထားသည့္ ၾကံရည္ေတြျပန္အန္သည္။
တစ္လမ္းလုံးအလွဴခံ မ႑ပ္ေတြေတြ႔ရၿပီး ေဒသထြက္အစားအစားမ်ားကိုေကြၽးၾကေလသည္။
ကတၱရာခင္းထားျခင္းမ႐ွိသည့္ ေျမလမ္းျဖစ္ရာ အညာေဒသသဘာဝအတိုင္းသဲမ်ားႏွင့္ ဖုန္ကလည္းတေထာင္းေထာင္း။
ေဘးအကာေတြမပါသည့္ ကားေၾကာင့္ သူတို႔အကုန္လုံးလည္းဖုန္ေတြႏွင့္ေဖြးေနသည္။
မင္းညီကေတာ့ သူ႔ရင္ခြင္ထဲမွာ ႏႈတ္ခမ္းေတြျဖဴဖတ္ေနသည့္ ငယ္ေလးကိုၾကည့္ကာ စိတ္မေကာင္း။
ညေနပိုင္းေလာက္မွ သူတို႔ေတာထဲကိုေရာက္ကာ အေကြ႔အေကာက္ႏွင့္ ကားမွာခါယမ္းေနသျဖင့္ မင္းညီ လက္တစ္ဖက္က ကားကိုကိုင္ၿပီး လက္တစ္ဖက္က ငယ္ေလးကိုထိန္းထားရသည္။
သစ္ပင္ႀကီးမ်ားႏွင့္ အုံ႔မိႈင္းကာ ခ်မ္းစိမ့္စိမ့္ႏွင့္ပင္။
ေတာင္က်ေခ်ာင္းေတြကိုလည္းျဖတ္ရကာ သူတို႔ေတြ စခန္းကိုေရာက္ေတာ့ ညေနေျခာက္နာရီပင္ထိုးေတာ့မည္။
"ငယ္ေလး....ထေတာ့......
ေရာက္ၿပီ......"
ရင္ခြင္ထဲကေကာင္ေလးက မ်က္လုံးေလးေတြပြင့္လာၿပီး သူ႔ကိုၾကည့္ကာ အားမ႐ွိသည့္ၾကားမွရယ္ေလသည္။
ကားေခါင္းခန္းမွ ကိုလတ္ႏွင့္ ကိုငယ္တို႔ကလည္း သူတို႔ကိုၾကည့္ကာ ရယ္ၾက႐ုံသာမက တျခားဘုရားဖူးဧည့္သည္ေတြကလည္း ျပဳံးစိစိ။
ကားမွန္နဲ႔ေသခ်ာသြားၾကည့္ၾကမွ ဖုန္ေတြႏွင့္ မ်က္ခုံးေမႊးမ်က္ေတာင္ေမႊး ဆံပင္ေတြပာအကုန္ျဖဴေဖြးကာ ေမ်ာက္႐ုပ္ေပါက္ေနၾကမွန္းသိၾကသည္။
ငယ္ေလးကေတာ့ သူေပြ႔ထားေသာေၾကာင့္ ဖုန္ေတြတင္မေနခဲ့ပါ။
ကိုလတ္ႏွင့္ကိုငယ္က သူတို႔ပုံစံေတြကိုအမွတ္တရဆုိၿပီး ဓာတ္ပုံ႐ိုက္ထားေသးသည္။
ညေနေမွာင္ခါနီးၿပီဆိုေတာ့ ဆင္ေတြလည္းသိမ္းၾကေပၿပီ။ ေတာင္ေအာက္က ေရစက္ပ်က္ေနေသာေၾကာင့္ ေရမရ၍ သူတို႔ေတာင္ေပၚတက္ၿပီးေရခ်ိဳးရေပေတာ့မည္။
တစ္မိုင္ေက်ာ္ ေတာင္တက္လမ္းကို ဘာအစာမွဗိုက္ထဲမ႐ွိသည့္ သလင္းမွာ မတက္ႏိုင္။
ႏွစ္မိနစ္ေလာက္ေလ်ွာက္လိုက္နားလိုက္ႏွင့္ တက္ရေသာေၾကာင့္ မင္းညီကပဲေက်ာပိုးလိုက္သည္။
ေတာင္ေပၚေရာက္ေတာ့ ေရခ်ိဳးခန္းေတြမွာ လူေတြျပည့္ေနတာေၾကာင့္ ႏွစ္ေယာက္တစ္ခန္းသုံးေယာက္တစ္ခန္း ဝင္ခ်ိဳးၾကရသည္။
မင္းညီႏွင့္ သလင္းျမဴ တစ္ခန္းအတူခ်ိဳးရာ သလင္းျမဴက အကုန္ခြၽတ္ခ်ေလသည္။
"အား....ေအးတယ္...."
ေရတစ္ခြက္ေလာင္းၿပီး ကိုယ္တုံးလုံးႏွင့္ ငယ္ေလးကခုန္ေပါက္ေနသည္။
"ျမန္ျမန္ခ်ိဳး ငယ္ေလး...
အေအးပတ္မယ္...."
"ဟုတ္..."
ေတာင္က်ေရျဖစ္တာေၾကာင့္ ေရကေအးစိမ့္ေနရာ ေရခ်ိဳးရင္းငယ္ေလးက ေအာ္ဟစ္ေနသည္။
ေရခ်ိဳးၿပီးေႏြးေႏြးေထြးေထြးဝတ္ကာ ခ်ဥ္တာေလးေသာက္ခ်င္သည္ ေျပာသည့္ ငယ္ေလးကို မန္က်ည္းခ်ိဳရည္ဘူးဝယ္တိုက္ရာ ေသာက္ၿပီးၿပီးခ်င္းျပန္အန္ျပန္သည္။
ေတာင္ေပၚတြင္ဖြင့္ထားသည့္ ေဆးခန္းမွာသြားျပရာ ေသြးေပါင္ခ်ိန္ေတြက်ေနေသာေၾကာင့္ ေဆးတစ္လုံးထိုးလိုက္ရသည္။
ခရီးသည္ေတြအတြက္ေဆာက္လုပ္ထားသည့္တည္းခိုေဆာင္မ်ားကလည္း လူျပည့္ေနေသာေၾကာင့္ သူတို့ေတာင္ေအာက္ပင္ျပန္ဆင္းလာၾကသည္။
ေမေမတို႔ကဂူထဲဝင္ၾကေပမယ့္ သလင္းျမဴကေနခဲ့မည္ဆိုေသာေၾကာင့္ မင္းညီလည္းလိုက္မသြားေပ။
ေမေမတို႔ျပန္ထြက္လာမွေတာင္ေအာက္ဆက္ဆင္းၾကသည္။
မင္းညီ သလင္းျမဴကိုေက်ာပိုးၿပီး သလင္းျမဴကေတာ့ ဓာတ္မီးေလးကိုင္ကာ ၿငိမ္သက္ေနခဲ့သည္။
ေမေမတို႔အားလုံးလည္း သူတို႔ေနာက္မွပါလာၾကသည္။
ေဘးေခ်ာက္ထဲမွ အသံေတြၾကားရတာေၾကာင့္ သလင္းျမဴေၾကာက္ကာ ကိုကို႔ ကိုပိုတင္းေအာင္ဖက္လိုက္သည္။
"ဘာမွမျဖစ္ပါဘူး.....
ဆင္ေတြဝါးပင္ေတြခ်ိဳးေနလို႔..."
"သူတို႔အေပၚတက္လာရင္ဘယ္လို႔လုပ္မလဲ"
"မတက္လာႏိုင္ပါဘူး ငယ္ေလးရဲ႕...
မနက္က်ရင္ သူတို႔ကိုဆင္ဦးစီးေတြကျပန္လာေခၚၾကမွာ..."
"ကိုကို..."
"ဟင္..."
"သားကိုေက်ာပိုးထားရတာ ေညာင္းေနၿပီလား..."
"မေညာင္းပါဘူး....
ငယ္ေလးကေပါ့ေပါ့ေလးကို..."
ကိုလတ္နဲ႔ကိုငယ္က ငယ္ေလးကို သူတို႔တစ္လွည့္ေက်ာပိုးမယ္ေျပာေပမယ့္ မင္းညီကလက္မခံခဲ့ျခင္းသာ။
ေတာင္ေအာက္ကစားေသာက္ဆိုင္မွာ ညစာစားၾကၿပီး ငယ္ေလးကိုေဆးတိုက္သည္။
ကားေပၚကဖ်ာေတြကိုေအာက္ခ်ၿပီး ေစာင္ေတြယူကာ သူတို႔ညီအစ္ကိုေတြႏွင့္ေဝယံကေအာက္မွာပဲအိပ္ၾကသည္။
ေမေမတို႔ႏွင့္ ေသြးကိုကားေပၚမွာအိပ္ေစသည္။
သူတို႔လိုကားေဘးေတြမွာအိပ္ေနၾကသည့္ ခရီးသည္ေတြကိုလည္းအမ်ားအျပားေတြ႔ရသည္။
တေခါေခါေဟာက္ေနသည့္ေဝယံ့ေၾကာင့္ မင္းညီဘက္ကိုသလင္းျမဴတျဖည္းျဖည္းတိုးလာသည္။
"ကိုကို သားခ်မ္းလို႔..."
မင္းညီေစာင္ေတြၾကားမွသလင္းျမဴကိုဖက္ထားေပးလိုက္သည္။
"ကိုကို.."
"ဟင္..."
"ေက်းဇူးတင္ပါတယ္... "
"ဘာကိုလဲ...."
"သားကိုခ်စ္ေပးလို႔..."
ရင္ခြင္ထဲပိုတိုးဝင္လာသည့္ ေကာင္ေလးကိုဖက္ထားရင္း သူ႔အိမ္မက္ေတြလွပခဲ့ရသည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ေနာက္တစ္ေန႔အေလာင္းေတာ္သႆပကေန ျပန္ထြက္လာခဲ့ၾကရာ မေန႔ကႏွင့္မတူ ငယ္ေလးလန္းဆန္းကာ လုံးဝမအန္ေတာ့ေပ။
လမ္းက မ႑ပ္ေတြေကြၽးသမ်ွ ငယ္ေလးကစားသည္။ မုံရြာႏွင့္ဘုတလင္ၾကားက ရြာငယ္ေလးတစ္ခုဆီေရာက္ေတာ့ ေမေမ့ဘက္မွေတာ္စပ္သည့္ ဦးေလးအေဒၚေတြက ဝမ္းသာအားရႀကိဳဆိုၾကသည္။
ေတာသူေတာင္သားေတြျဖစ္ၿပီး ႐ိုးသားၾကသည္။
ေဘးတြင္ခ်င္းတြင္းျမစ္႐ွိတာေၾကာင့္ ေရကူးရန္သူတို့အားလုံးျမစ္ဆိပ္ဆင္းၾကေလသည္။
သလင္းျမဴႏွင့္ေဝယံက ေဘာင္းဘီတိုေလးမ်ားႏွင့္ျဖစ္ၿပီး ေသြးကေတာ့ ေမေမဝတ္ေပးသည့္ ထမီရင္လ်ားကို ကိုင္ထားရေလသည္။
ကိုလတ္ ကိုငယ္ ေမေမ တို႔အားလုံးကေရကူးၾကၿပီး ေရမကူးတတ္သည့္ သလင္းျမဴကေတာ့ ေရတိမ္တိမ္တြင္သာေျခေထာက္ေထာက္ကူးေနရသည္။
ေသြးမွာလည္းေရကူးမယ္ၾကံလိုက္ ထမီကြၽတ္သြားလိုက္ႏွင့္ဒုကၡေရာက္ေနသည္။
"ငယ္ေလး လာကိုကို႔ ေက်ာေပၚတက္..."
ငယ္ေလးကိုေက်ာေပၚတင္ကာ ေရကူးေတာ့ ငယ္ေလးေပ်ာ္ေနခဲ့သည္။
ဦးေလးကသလင္းျမဴအတြက္ ကိုယ္တိုင္ေရငုပ္ကာ ေက်ာက္ပုစြန္ေတြဖမ္းၿပီး မီးကင္ေကြၽးေလသည္။
ခ်ထားသည့္ပိုက္ေတြတင္ၿပီးေတာ့လည္း ငါးေတြကင္ေကြၽးေသးသည္။
မင္းညီကေတာ့ ငါးအ႐ိုးႏႊင္ရင္း ငယ္ေလးခြံ႔ေကြၽးတာေတြသာထိုင္စားေနေတာ့သည္။
ညေရာက္ေတာ့ ကိုခန္႔ဆီမွဖုန္းဝင္လာခဲ့သည္။
"Hello"
"သသ...
ေနေကာင္းလား..."
"ဟုတ္....
ကိုခန္႔ အခုသားကိုစိတ္မပူနဲ႔ေတာ့ ႏိုင္ငံျခားကိုေအးေအးေဆးေဆးသြားၿပီး ပညာေတြသင္ခဲ့ေနာ္...
သားအခု ေမေမတို႔နဲ႔ခရီးထြက္ေနတာ..."
"ဟုတ္လား ဘယ္သြားတာလဲ..."
"မုံရြာဘက္....
ၿပီးေတာ့....
ကိုကိုက သားကိုအရမ္းဂ႐ုစိုက္တယ္...
အဲ့တာေၾကာင့္ စိတ္မပူနဲ႔ေတာ့ေနာ္..."
"အင္း..."
"ကိုခန္႔ ေသခ်ာေပါက္ ျပန္လာရမယ္ေနာ္..."
" ေသခ်ာေပါက္ ျပန္လာခဲ့မယ္...."
မလွမ္းမကမ္းမွာဖုန္းေျပာေနသည့္ သားငယ္ေလးရဲ႕ စကားသံေတြကိုနားေထာင္ရင္းေမေမျပဳံးေနခဲ့သည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ခရီးကျပန္ေရာက္ေတာ့ မင္းညီအတြက္ျပင္ေပးေနသည့္ အခန္းအဆင့္သင့္ျဖစ္သြားေသာေၾကာင့္ ေမေမကေျပာင္းရန္ေျပာေတာ့ ငယ္ေလးကငိုေလသည္။
"မရဘူး......
ကိုကိုသားနဲ႔ပဲေနရမွာ....."
"ငယ္ေလး မဆိုးနဲ႔ေလ...
မင္းညီက သူ႔ဘာသာေနခ်င္မွာေပါ့..."
"မေနခ်င္ပါဘူး....
ကိုကို ဟုတ္တယ္မလားဟင္...
သားနဲ႔ပဲေနခ်င္တာမလား..."
"အင္း...ကိုကိုက ငယ္ေလးနဲ႔ပဲေနခ်င္တာ...."
"ေတြ႔လား.....
ကိုကိုကသားနဲ႔ပဲေနမွာ....."
သူတို႔ႏွစ္ေယာက္ကိုၾကည့္ကာ ေမေမက ေခါင္းယမ္းရင္း ျပဳံးေနျပန္သည္။
အရင္ကထက္ပိုၿပီး သူတို႔အားလုံး ငယ္ေလးရယ္သံေတြကိုၾကားရသည္။ အရင္ကထက္ပိုၿပီး ေပ်ာ္ရႊင္ေနသည့္ ငယ္ေလးအျပဳံးေတြကိုလည္းသူတ႔ိုျမင္ရသည္။
လူေကာင္ေသးေသးေလးႏွင့္ guitar ကို ငယ္ေလးက ဟန္ပါပါတီးတတ္လာသည္။ မင္းညီလုပ္ေကြၽးသည့္ ၾကက္ေတာင္ပံအစာသြတ္ကလည္း သူအႀကိဳက္ဆုံးအစားအစာျဖစ္လာခဲ့သည္။
ဘယ္သူ႔ကိုအခ်စ္ဆုံးလဲလို႔ ေမးလိုက္တိုင္း ငယ္ေလးရဲ႕အေျဖက ကိုကိုဟူ၍ျဖစ္လာခဲ့သည္။
ဒီေလာက္ဆိုမင္းညီဆိုတဲ့သူ႔အတြက္လုံေလာက္ပါၿပီ။ ကိုကိုလို႔ေခၚသံနဲ႔ သူ႔ပါးကိုခဏခဏ နမ္းတတ္သည့္ ေကာင္ေလးရဲ႕အခ်စ္ေတြက ျဖဴစင္ေနသည္။
ထိုခ်စ္ျခင္းေလးကိုအေရာင္မဆိုးရက္ေသာေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ေကာင္ေလးႏႈတ္ခမ္းေတြထံဦးတည္ေနသည့္ မိမိႏႈတ္ခမ္းေတြကို လမ္းေၾကာင္းေျပာင္းကာ နဖူးျပင္ေလးကိုသာထိ႐ုံနမ္း႐ိႈက္လိုက္သည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ျဖဴစင္လြန္းရင္
စြန္းထင္းလြယ္ေပမယ့္
အေရာင္ေတြစြန္းမွသာ
ၾကံ့ၾကံ့ခံမွာမို႔
အလွပဆုံးအေရာင္ေတြ
ျခယ္သေပးဖို႔လိုတယ္.....
Bạn đang đọc truyện trên: Truyen247.Pro