Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-59 ( brothers in law)

Unicode

အသိစိတ်ပြန်ကပ်ပြီး သလင်းမြူနိုးလာပေမယ့် မျက်လုံးတွေကအရမ်းကိုလေးလံနေသဖြင့် ဖွင့်ဖို့ပြန်အားယူနေရသည်။

သူရင်ဘက်တစ်ခုလုံးလည်း အရမ်းနာနေသလိုပင်။

သူ့အနားနားမှာစကားပြောသံလည်းကြားရသည်။

ကောင်းကင်....

သွေးတွေနှင့်မောင့်ကိုပြန်မြင်ယောင်ကာ သူ့မျက်ဝန်းတွေအလန့်တကြားဖွင့်ပြီး အမြန်ထထိုင်လိုက်သည်။

"ငယ် နိုးပြီလား..."

ဖုန်းပြောနေသည့်ကိုကိုက ဖုန်းကိုချပြီးသူ့အနားရောက်လာသည်။

လက်ကောက်ဝတ်မှ ဆေးပိုက်ကိုသူချက်ချင်းဆွဲဖြုတ်လိုက်တာမို့ကိုကိုတောင်တားချိန်မရလိုက်။

"ကောင်းကင်..... ကောင်းကင်ဘယ်မှာလဲဟင်"

သူမတ်တပ်ထရပ်လိုက်ပေမယ့် ခေါင်းထဲမှမိုက်ကနဲဖြစ်သွားရာ ကိုကိုကအလန့်တကြားနှင့်ကုတင်ပေါ်မှာပြန်ထိုင်နေစေသည်။

"စစ်ကောင်းကင်နိုင်သီးသန့်အခန်းမှာရှိတယ်
သူသတိရနေပြီ.....
ဓားဒဏ်ရာကအရမ်းမနက်လို့ ကိုယ်တွင်းအင်္ဂါတွေလည်း မထိခိုက်ဘူးတဲ့....."
"သား သူ့ဆီသွားမယ်"
"ငယ်!
ကိုယ့်ကိုကိုယ်လည်းစိတ်ပူပါဦးကွာ.....
မနေ့ညကငယ်မေ့လဲပြီး နှလုံးခုန်ရပ်သွားသေးတယ်သိလား!
Shock ရိုက်ပြီးပြန်နှိုးရတဲ့အချိန် ကိုကိုဘယ်လောက်တောင်လန့်သွားခဲ့လဲငယ်မသိဘူး........"

ကိုကိုဟာသူ့ကိုစိတ်ဆိုးသွားသည်ထင် သက်ပြင်းတစ်ချက်ချပြီး အခန်းထဲမှထွက်သွားသည်။

အကြောတွေအကုန်ဖြတ်တောက်ထားခံရသလိုမျိုး ခံစားနေရသည့်ခန္ဓာကိုယ်ကို ဥပက္ခာပြုကာ သူအားတင်းရင်းတစ်လှမ်းချင်းလျှောက်လာခဲ့သည်။

အခန်းတံခါးနားအရောက် တံခါးဖွင့်ဖို့လက်လှမ်းလိုက်ပေမယ့် တံခါးကပွင့်သွားကာ ဝှီးချဲကိုတွန်းလျက်ကိုကိုကသူ့ရှေ့ပေါ်လာသည်။

"ဝှီးချဲပေါ်ထိုင်....
ကိုကိုလိုက်ပို့ပေးမယ်..."
"ဟုတ်"

သူတစ်ချက်ပြုံးလိုက်တော့ကိုကိုက ငဆိုးလေးဟုဆိုကာပြုံးသည်။

"ကိုကို ကိုခန့်ရော..."
"အခုမှ အစ်ကိုတွေကိုသတိရပြီးမေးတော့တယ် "
"ကိုကိုကလည်း"
"ငယ့်ကိုခန့်ကလည်းညကတည်းကငယ့်အနားမှာရှိတယ် အခုကသူ့ duty ချိန်မို့သူ့လူနာတွေဆီသွားတယ်"
"ဪ"

ကောင်းကင်ကအခန်းထဲဝင်လာသည့်သူ့ကိုမြင်တာနဲ့ ပြုံးကာ ယောင်ပြီးထထိုင်ဖို့လုပ်တော့ ဗိုက်ချုပ်ရိုးကနာကာ ပြန်လှဲချလိုက်ရသည်။

"မြူလည်းသတိရလာပြီလား..."

ဝမ်းသာအားရမေးလာသည့်ကောင်းကင်ရဲ့အမေ....

"ဟုတ်အန်တီ"

ကောင်းကင်ကသူ့အနားကိုလာဖို့လက်ယက်ခေါ်နေပြီ....

ကိုကိုက ဝှီးချဲကိုကောင်းကင်ကုတင်နားထိတွန်းပေးကာ ကောင်းကင်အဖေနဲ့​အမေထိုင်နေသည့် sofa တွေနားမှာသွားထိုင်သည်။

"အရမ်းနာနေလား"
"မနာဘူး....."

ကောင်းကင်က​သူ့လက်တွေကိုဆုပ်ကိုင်ပြီး သူ့ပါးပြင်ကိုလည်းပွတ်သပ်လာသည်။

"အမေကပြောတယ်.....
မနေ့ညတုန်းက သဲငယ်ကကိုယ့်ထက်အခြေအနေဆိုးတယ်တဲ့
နှလုံးခုန်တောင်ရပ်သွားတယ်ဆို...."
"ခဏလေးရပ်သွားတာနေမှာပါ....
သဲငယ်ဘာမှမဖြစ်ဘူးလေ....
စိတ်မပူနဲ့တော့နော်"
"အင်း......
စူးနေရောင်ထက်ကိုရဲတွေလိုက်ရှာနေကြပြီ..
သဲငယ်လည်းစိတ်ပူနဲ့တော့နော်....."
"အင်း..."
"ပြီးတော့ ကိုယ်ခုနကတင်ပဲအဖေနဲ့အမေ့ကိုဝန်ခံလိုက်ပြီ"
"ဘာဝန်ခံတာလဲ"
"ကိုယ်တို့နှစ်ယောက်ကချစ်သူတွေဆိုတာကို"

အပြစ်လုပ်ထားသလိုမျက်နှာငယ်လေးနှင့် သူ့ကိုမဆူဖို့တောင်းပန်နေသရောင်ကြည့်နေသည်။

"တော်လိုက်တာ ငါ့ကောင်လေးက....."

သူ့ရဲ့အပြုံးမပျက်တဲ့စကားသံကိုကြားမှ ကောင်းကင်ကရယ်သည်။

ကောင်းကင်ရဲ့အဖေနဲ့အမေကို မျက်နှာချင်းဆိုင်ရတာ နည်းနည်းတော့မျက်နှာပူမိပေမယ့် ကန့်ကွက်ခြင်းမရှိလိုလိုလားလားပဲမို့ စိတ်သက်သာရသည်။

မန်နေဂျာကြီးကိုပါလှမ်းနှုတ်ပိတ်စေပြီး မေမေ့ဆီသူ့သတင်းမရောက်အောင်တားထားရသေးသည်။

စူးနေရောင်ထက်ကဓားကိုလွှတ်ချပြီးထွက်ပြေးသွားတာမို့ လက်ဗွေစစ်ချက်နှင့် ကွန်ဒိုမှ CCTV မှတ်တမ်းသက်သေတွေ ကခိုင်လုံနေရာ ရဲတွေကဖမ်းဝရမ်းထုတ်ပြီးရှာဖွေနေကြပြီ။

ကောင်းကင်ရဲ့အဖေကလည်းရှေ့နေပီပီ ပိုင်နက်ကျူးလွန်မှု ခြိမ်းခြောက်မှု အဖွဲ့လိုက်ရမ်းကားမှု ဒဏ်ရာရစေမှုအစရှိသဖြင့် ပုဒ်မတွေအကုန်တပ်ကာ စွဲချက်ကိုပြင်ဆင်ထားသည်။

နေ့လည်ပိုင်းလောက်ရောက်ချိန်မှာပဲ စူးနေရောင်ထက်ငှားလာသည့် လူနှစ်ယောက်ကိုဖမ်းပြီး စူးနေရောင်ထက်ကိုတော့ ရှာမတွေ့သေး.....

ထိုလူနှစ်ယောက်ဆီမှ မူးယစ်ဆေးများတွေ့၍အမှုကပိုကြီးလာကာ မူးယစ်တိုက်ဖျက်ရေးပါပါဝင်လာ​ပြီးလူအင်အားပိုသုံးလာသည်။

ကောင်းကင်ကတော့ သူ့ဗိုက်ကလတ်လတ်ဆတ်ဆတ်ချုပ်ရာကိုကြည့်ပြီး ကိုယ်တို့နှစ်ယောက်မှာ couple အမာရွတ်ရှိပြီဆိုပြီးကြံ​ဖန်ပျော်နေသေးသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

တစ်ပတ်ပြည့်ပြီးကောင်းကင်ဆေးရုံကဆင်းလာသည်အထိ စူးနေရောင်ထက်ကိုရှာမတွေ့ကြသေး....

သလင်းမြူလည်းအမွေကိစ္စကိုလက်ခံကာ အဒေါ်ဖြစ်သူဆီသွားတွေ့ခဲ့သည်။

ကင်ဆာရောဂါဒဏ်ကြောင့် ပိန်ချုံးကျသွားတဲ့သူမဟာ ဓာတ်ကင်ရလွန်းလို့ ဆံပင်တွေလည်းမရှိတော့....

တစ်ချိန်က မာန်အပြည့်နဲ့မျက်ဝန်းတွေဟာ မျှော်လင့်ချက်ပျောက်သလိုအရောင်မှိန်လွန်းနေသည်။

"အစ်မရတနာ.....
သလင်းမြူလေးပါလာပြီ....."

သလင်းမြူကိုမြင်တော့သူမအပြုံးတွေအသက်ဝင်လာကာ အနားမှာလာထိုင်ဖို့ခေါ်သည်။

သူမျက်ဝန်းတွေကိုကြည့်ရင်းသူမ အားယူကာစကားပြောသည်။

"မင်းရဲ့မျက်လုံးတွေကမင်းအဖိုးနဲ့အရမ်းတူတယ်.....
အဲ့ဒါကြောင့်ထင်တယ်.......
အဖေကမင်းကိုအရမ်းချစ်တာ......"

သူမကသလင်းမြူကိုဖက်ကာငိုသည်။

နှုတ်မှလည်းတောင်းပန်ပါတယ်ဟုသာအထပ်ထပ်ရွတ်နေခဲ့သည်။

အမေတို့ကိုလတ်ကိုငယ်တို့အကြောင်းတွေကိုလည်းသူမအကုန်မေးရာ သလင်းမြူပြန်ဖြေပေးခဲ့သည်။

သူမကခေါင်းဦးအောက်မှ ကျွန်းနက်နှင့်လုပ်ထားသည့် ဘူးအသေးလေးကိုယူကာ ဖွင့်လိုက်သည်။

အထဲမှာ ဖေဖေ့ရဲ့ပတ္တမြားရဲ့လက်စွပ်.....

သူ့လက်ခလယ်မှာဝတ်ပေးပြီး သူမပြုံးသည်။

"နောက်ဆုံးတော့ ပိုင်ရှင်ကိုတွေ့သွားပြီ.....
ဒီလက်စွပ်ကို မိသားစုအဆက်ဆက်လက်ဆင့်ကမ်းလာကြတာ...
မင်းအဖိုးက မင်းအဖေကိုလက်ဆင့်ကမ်းတယ်...
မင်းအဖေကမင်းကိုလက်ဆင့်ကမ်းဖို့ရည်ရွယ်ထားတာကို ငါကဖြတ်ယူခဲ့မိတာ...."

သလင်းမြူ သူမနှင့်စကားတွေတော်တော်ပြောဖြစ်ခဲ့သည်။

တစ်ချက်တစ်ချက်သွေးတွေထအန်သည့်သူမအတွက်အချိန်သိပ်မရှိတော့....

လွှဲပြောင်းမှုတွေလုပ်ပြီးတော့ သူမက​ပြောသည်။

"ငါအခု စိတ်ချလက်ချသွားနိုင်ပြီ.....
ငါ့ပုခုံးတွေပေါ့သွားပြီ"

နောက်ဆုံးအနေနဲ့ သူမရဲ့တောင်းဆိုမှုကြောင့် မေမေတို့အားလုံးလာကြရှာသည်။

ကိုငယ့်သားနဲ့မကြီးသမီးလေးကိုတွေ့တော့

"ငါသာတစ်ကိုယ်ကောင်းမဆန်ခဲ့ရင်.....
ဒီလိုငါ့မြေးလေးတွေနဲ့ပျော်နိုင်ခဲ့မှာ...."

နောင်တတွေနဲ့သူမဟာ သလင်းမြူလက်ထဲမှာပဲခေါင်းချသွားခဲ့သည်။

အသုဘကိုကောင်းကင်ရဲ့အဖေကပဲပြင်ဆင်ပေးသည်။ အဒေါ့်ရဲ့မိတ်ဆွေတွေကိုလည်းသူတို့မသိလို့ ရှေ့နေကြီးကသာဖိတ်ကြားပေးသည်။

အသိမိတ်ဆွေဆိုသည့်သူတွေက ဝတ္တရားအရသာရောက်လာကြပြီး ဟေးလားဝါးလားစကားတွေပြော သူများအတင်းတုတ်နေသည့် လူတွေချည်းသာ.....

သူမအတွက်ပူဆွေးခြင်းမျိုးလည်းမရှိကြ.....

ဒီလိုလူတွေနဲ့ ဖြတ်သန်းခဲ့တဲ့သူမဘဝဟာ အနှစ်သာရကောရှိခဲ့ပါ့မလား.....

သလင်းမြူထိုလူတွေကိုစိတ်ပျက်စွာ ခေါင်းရမ်းရင်းအကြည့်လွှဲလိုက်သည်။

📲🎶 phone rings.....

"Hello"
"စူးနေရောင်ထက်ကိုတွေ့ပြီ ငယ်...."
"ဘယ်မှာလဲ..."

အသုဘကိုမေမေတို့နှင့်သာထားခဲ့လိုက်ပြီး ကောင်းကင်နှင့်အတူ ကိုကိုပြောသည့်ဆေးရုံသို့လိုက်သွားကြသည်။

​​ကောင်းကင်ရဲ့အဖေနှင့် ကိုကိုက ဆေးရုံဝင်ပေါက်မှာ ရဲတွေနှင့်စကားပြောနေသည်။

"ကိုကို...စူးနေရောင်ထက်ကဘယ်မှာလဲ...."

ရဲမှူးကဦးဆောင်ကာသူတို့ကိုအစောင့်အပြည့်ချထားသည့် အခန်းတစ်ခုဆီခေါ်သွားသည်။

အခန်းနားနီးလာသည်နှင့် စူးနေရောင်ထက်ရဲ့အော်သံတွေကိုကြားရကာ သလင်းမြူအလန့်တကြားကောင်းကင်လက်ကိုပိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

တံခါးနားမှာစောင့်နေသည့်ရဲတွေက ရဲမှူးကိုအလေးပြုကာ တံခါးဖွင့်ပေးသည်။

အခန်းထဲကကုတင်ထက်မှစူးနေရောင်ထက်၏ပုံစံကြောင့် သလင်းမြူ လန့်ပြီးမျက်လုံးတွေမှိတ်လိုက်မိသည်။

လက်တွေခြေတွေကိုမလှုပ်နိုင်အောင်တုပ်နှေင်ထားပြီး ဆေးသွင်းထားရသည့် စူးနေရောင်ထက်၏မျက်နှာမှာ မီး​​လောင်ထားသလို စုတ်ပြတ်နေသည်။

မျက်လုံးတွေပြူးနေပြီး ဆံပင်တွေလည်းဟိုတစ်ကွက်သည်တစ်ကွက်ပုံစံမှာ သရဲတစ္ဆေတစ်ကောင်နှယ်.....

"ကျွန်တော်တို့သူကို ဒီလိုမျိုးစိတ်လွတ်နေတဲ့ပုံစံနဲ့ တရားမဝင် club တစ်ခုထဲမှာတွေ့ခဲ့တာ
သူ့မျက်နှာက အပြင်းစား acid နဲ့အပက်ခံထားရတယ်.....
ပက်တဲ့သူကိုလည်းဖမ်းပြီးစစ်ဆေးကြည့်တော့ ဆေးကိစ္စပြဿနာဖြစ်ရင်းနဲ့လုပ်လိုက်တာတဲ့...."
"သူဘာဆက်ဖြစ်မှာလဲ...."
"ဒီပုံစံအတိုင်းဆို သူကမူးယစ်ဆေးလည်းစွဲနေတယ် စိတ်ကျန်းမာရေးကလည်းပုံမှန်မဟုတ်တော့ စိတ္တဇဆေးရုံကိုပို့ရမှာပဲ..."

ကောင်းကင်အနောက်မှာကွယ်နေရာမှသလင်းမြူထွက်လာတော့ စူးနေရောင်ထက်ကသူ့ကိုမြင်ပြီးပိုသောင်းကျန်းသည်။

ခြေတွေလက်တွေကိုရုန်းကန်ပြီး ""ငါ့မျက်နှာ"" ဟူ၍သူ့ကိုကြည့်ပြီးအော်ဟစ်နေတော့ ဆရာဝန်တွေကဆေးတစ်လုံးလာထိုးလိုက်မှ ငြိမ်ကျသွားကာအိပ်ပျော်သွားသည်။

"ငယ်.....စစ်ကောင်းကင်နဲ့ပြန်လိုက်တော့နော်
ဒီကကိစ္စတွေကိုကိုကိုတို့ပဲကြည့်စီစဥ်လိုက်မယ်"
"ဟုတ်
မောင်ပြန်ရအောင်"

သူလန့်နေမှန်းသိလို့ကိုကိုကပြန်ခိုင်းရှာသည်။

စူးနေရောင်ထက်၏သွေးပျက်ဖွယ်ပုံစံကမျက်လုံးထဲကနေမထွက် ညအိမ်မက်ထဲထိတောင်ခြောက်လှန့်သည်။

"သဲငယ်.....ဘာဖြစ်လို့လဲ"

ချွေးတွေနှင့်သူလန့်နိုးတော့ ကောင်းကင်လည်းနိုးလာကာ မီးဖွင့်လိုက်သည်။

"ဘာမှမဖြစ်ဘူး....."

သူ့ကိုကောင်းကင်ကရေတစ်ခွက်ယူပေးပြီးသောက်စေသည်။

ပြန်အိပ်ဖို့ကြိုးစားပေမယ့် သူအိပ်မပျော်နိုင်.....

"မောင်....."
"ဟင်..."
"စူးနေရောင်အပေါ်သဲငယ်တို့နှစ်ယောက်မတရားသလိုများဖြစ်နေလားဟင်"
"ကိုယ်တို့သူ့အပေါ်ဘာအပြစ်မှမလုပ်ခဲ့ဘူးသဲငယ်.....
သူကသာလမ်းမှားလိုက်ပြီး ဒီလိုအဆုံးသတ်ရတာ...
ကိုယ်ငယ်ငယ်က လှတဲ့သူတွေကိုသဘောကျတယ်ပြောခဲ့လို့သူက plastic surgery လုပ်တာတဲ့.....
ကိုယ်ပြောတာရုပ်ရည်လှပခြင်းကိုမဟုတ်ဘူး
စိတ်ထားကိုပြောခဲ့တာ.....
သူ့ရုပ်ရည်လှလာပေမယ့် သူ့စိတ်ဓာတ်ကတော့ပိုပြီးရုပ်ဆိုးသထက်ဆိုးလာတော့ ကိုယ်သူ့ကိုရွံတယ်.....
ဒါပေမယ့် သူ့ကြောင့်ပဲသဲငယ်ကိုယ့်အနားကိုရောက်လာတာမို့ ကိုယ်သူ့လုပ်ရပ်အကုန်လုံးကိုမေ့ပစ်ပေးနိုင်တယ်"

ကောင်းကင်ကသူ့ဆံပင်တွေကိုငုံ့နမ်းသည်။

"ကိုယ်တို့လက်ထပ်ကြရအောင်"
"မောင်ကအသက်မပြည့်သေးဘူးလေ....
လူကိုသက်ငယ်မုဒိန်းမှုနဲ့ထောင်ကျစေချင်နေတာလား!"
"ကျင့်ရင်ကိုယ်ကကျင့်မှာကို သဲငယ်ထောင်မကျပါဘူး...."
"စစ်ကောင်းကင်နိုင်!"

သူ့ရင်ခွင်ထဲကထွက်ကာ တစ်ဖက်ကိုလှည့်သွားသည့်သဲငယ်ရဲ့ နားရွက်လေးတွေနီရဲ​နေ​​မှန်း မီးအိမ်အလင်းရောင်ဖျော့ဖျော့ကြောင့်မြင်နေရသည်။

ခါးလေးကိုဖက်ပြီးချော့ပေမယ့် ရှက်နေသည့်ကောင်လေးကလှည့်ကိုမလာတော့.....

ကောင်းကင်မှာလည်းအူယားနေသည်ကို မကျက်သေးသည့် ဗိုက်ချုပ်ရိုးကြောင့်အံကြိတ်တင်းခံထားရသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

အမွေရထားသည့် အဒေါ့်အိမ်ကိုသလင်းမြူပြောင်းနေဖြစ်ပြီး မကြီးနှင့်ကလေးနှစ်ယောက်ရယ် ခွန်းလေးရယ်ကသူနှင့်လာနေမည်ဆိုသောကြောင့်​ပြ​င်ဦးလွင်ကိုသွားခေါ်ရသည်။

တစ်ခါတည်းမေမေ့ထံတွင်ဝန်ခံရန်ကောင်းကင်ကိုပါသူခေါ်လာသည်။

တစ်ညအိပ်လောက်နေမည်မို့ ညနေပိုင်းလောက်မှသူတို့ထွက်လာကြသည်။

သူ့မိဘတွေဆီမှာဝန်ခံတုန်းကတောင်အေးဆေးခဲ့သည့်ကောင်းကင်က အခုတော့သူမဟုတ်သလို ဂနာမငြိမ်။

"မောင်... စိတ်လှုပ်ရှားနေတာလား"
"အင်း"

လက်တစ်ဖက်ကိုလှမ်းကိုင်လိုက်တော့ အေးစက်နေသည်။

သလင်းမြူလည်းစိတ်လှုပ်ရှားပေမယ့် တည်တည်ငြိမ်ငြိမ်တော့ရှိသေးသည်။

"မြူ့မေမေကကိုယ့်ကိုလက်ခံပါ့မလား....."
"လက်ခံလောက်မှာပါ....."
"တကယ်လို့ သဘောမတူဘူးဆိုရင် ကိုယ်တို့ခိုးပြေးကြမယ်နော်......"
"အင်း..."

ကောင်းကင်စိတ်သက်သာစေရန်သလင်းမြူခေါင်းသာညိတ်လိုက်သည်။

ကောင်းကင်ရင်ထဲမှာတကယ်ကိုပူလောင်နေသည်။

ကားမောင်းနေသည့် မြူကအရင်လိုမဟုတ် ပတ္တမြားလက်စွပ်ကိုဝတ်ထားသောမြူ့ဆီမှ အရှိန်အဝါကြီးခြင်းကိုသူခံစားနေရသည်။

ငယ်ရွယ်တယ် ထက်မြတ်တယ် ချမ်းသာတယ် ပြီးတော့ရုပ်လည်းချောတဲ့မြူ့ကို မြူ့မေမေက သူ့လိုယောက်ျားလေးတစ်ယောက်နှင့်သဘောတူပါ့မလား.....

ဘာပဲဖြစ်ဖြစ်မြူကသူနဲ့ခိုးရာလိုက်ဖို့သဘောတူသည်မို့ နည်းနည်းစိတ်ကိုလျော့ချလိုက်သည်။

ခြံတံခါးဖွင့်လို့စီးကြိုနေသည့် မကြီးက အကြွေးတွေအကုန်ကင်းသွားပြီမို့ မျက်နှာလေးကိုကြည်လင်နေသည်။

"ဦးငယ်!!"

သူကားပေါ်ကဆင်းသည်နှင့် ပြေးလာသည့် တူလေးနှင့်တူမလေးကိုပွေ့လိုက်သည်။

"အမလေး လေးလိုက်တာ......
နှစ်ကောင်သားဘယ်လောက်တောင်အစားတွေစွတ်စားထားကြတာလဲ.....
လေးလွန်းလို့ ဦးငယ်လက်တွေပြုတ်တော့မယ်"

ပါးလေးတွေကိုနမ်းလိုက်ပြီး သူပြောတော့မောင်နှမနှစ်ယောက်သားရယ်နေသည်။

"ကောင်းကင်လာလေ....."

ကလေးနှစ်ယောက်ကိုအောက်ပြန်ချပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ ကောင်းကင်လက်ကိုဆွဲကာ အိမ်ထဲဝင်လာခဲ့လိုက်သည်။

ဧည့်ခန်းထဲမှာထိုင်နေသည့် မေမေ့ပါးကိုသွားနမ်းပြီး ကလေးလိုချွဲမိပါသေးသည်။

"မကြီးတို့ကိုငယ်တို့.......
ခဏလောက်ထိုင်ဦး......
သား​ပြောစရာရှိလို့....."

မိသားစုတွေအကုန် ဧည့်ခန်းထဲမှာစုစေပြီး သလင်းမြူအလေးအနက်ထားကာကောင်းကင်လက်ကိုကိုင်ဆွဲလိုက်သည်။

"ဒါက.....
သားချစ်သူ စစ်ကောင်းကင်နိုင်"
"ဟမ်!!"

အကုန်အံ့ဩသွားပေမယ့် မေမေကတော့ အပြုံးမပျက်......

"သားသူ့ကိုချစ်တယ်....
မေမေတို့မကြီးတို့လည်း သူ့ကိုလက်ခံပေးပါ"
"ကိုကိုငယ်လေး.....
တကယ်ပြောနေတာလား..."
"အင်း..."

သလင်းမြူမေမေ့ကိုတောင်းပန်သည့်အကြည့်တွေနှင့်ကြည့်လိုက်သည်။

"မေမေ.....သား မေမေ့ကိုစိတ်ပျက်စေမိရင်တောင်းပန်ပါတယ်...."
"မေမေကဘာကြောင့်စိတ်ပျက်ရမှာလဲသားငယ်ရယ်.....
မေမေ့သားငယ်လေးကအမြဲမေမေတို့ကိုဂုဏ်ယူရအောင် လုပ်ပေးနေတဲ့သူလေ.....
ကိုယ့်သားသမီးအကြောင်းကိုမေမေမသိဘဲနေမလား.....သားဝန်ခံလာမယ့်နေ့ကိုမေမေစောင့်နေတာ....."
"​ ကျေးဇူးတင်ပါတယ်မေမေ... "

ကိုလတ်က ဧည့်ခန်းထဲမှထထွက်သွားရာ ကိုငယ်ကလိုက်သွားသည်။

သလင်းမြူလည်းလိုက်သွားဖို့ လုပ်ပေမယ့် မကြီးကတားသည်။

"သားအစ်ကိုတွေကို ခဏလောက်လွှတ်ထားပေးလိုက်.....
သားကချစ်မှတော့ သူတို့လည်းလက်ခံပေးမှာပဲကို မူနေကြတာရယ်.....
သားစစ်ကောင်းကင်လေး ဘာမှစိတ်ကသိကအောက်မဖြစ်နဲ့နော်....."
"ဟုတ်ကဲ့ခင်ဗျ..."

ကောင်းကင်လည်းအခုမှအားရပါးရပြုံးနိုင်ပေမယ့် ယောက်ဖတွေကိုကြောက်နေသေးသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ဟေ့ရောင် ကိုလတ်...."

ခြံထဲကပန်းခြုံတွေနားသွားကာ ငိုနေသည့်ကိုလတ်ကြောင့် ကိုငယ့်မှာခေါင်းတွေကုတ်နေသည်။

"ဘာကိစ္စငိုနေတာလဲကွာ မင်းကလည်း....."
"ငါ့မှာတော့ငါ့ညီအငယ်ဆုံးလေးကိုကလေးထင်နေတာလေ.....အီးဟီး.....
သူ့ဘဲကိုခေါ်လာတော့ ငါကဝမ်းနည်းလို့ငိုနေတာပေါ့ ယောက်ဖလေးရပြီဆိုပြီးကပြရမှာလား......"
"မင်းအဲ့လိုကြီးငိုနေတော့ ငယ်လေးကဘယ်စိတ်ချမ်းသာပါ့မလဲ"
"အဲ့တာဆိုလည်းမငိုတော့ဘူးကွာ.....
ဒါပေမယ့်ဝမ်းနည်းတယ်ကွ.....
လွယ်လွယ်တော့လက်မခံနိုင်ဘူး.....
ဟေ့ရောင်အငယ်ကောင် ဝိုင်ပုလင်းသွားထုတ်လိုက်"
"ဘာလုပ်မလို့တုန်း....."
"ဟိုကောင့်ကိုစမ်းရမယ်လေ.....
ငါတို့ညီလေးတစ်ယောက်လုံးကိုတောင်ပေးရမှာ သူကောင်းမကောင်းမူးအောင်တိုက်ပြီးစစ်မေးရမှာပေါ့"
"အေးဟုတ်သား.....
မင်းအမြည်းလုပ်ထား"
"အေးအေး"

မှောင်စပျိုးချိန် အကုန်အသင့်ဖြစ်တော့ ဟိုကောင်လေးကို မင်းသွားခေါ်လိုက်ဆိုပြီးအပြန်အလှန်လွှဲချကာညီအစ်ကိုနှစ်ယောက်ငြင်းနေပြန်သည်။

နောက်ဆုံးတော့ စုံစွမ်စိ ကစားပြီးရှုံးတဲ့အငယ်ကောင်ပဲသွားရသည်။

"အဟမ်း!
ဟိုတစ်ယောက်....."

ငယ်လေးအနားက ထိုကောင်​လေး​ကိုသူဘယ်လိုခေါ်ရမယ်မှန်းမသိ....

ညနေကပြောလိုက်ပါတယ်နာမည်က စစ်......ဘာ......

နာမည်ကလည်းသေချာမမှတ်မိ.....ယောက်ဖလို့လည်းခေါ်လို့ကမဖြစ်သေး.....ဒုက္ခဘဲ....

"ဟို စစ်ဘယ်သူဆိုလား....."

ငယ်လေးရော ထိုကောင်လေးကပါသူ့ကိုကြည့်လာသည်။

မကြီးနှင့် အငယ်မလေးကပါဘာလုပ်မလို့လဲဆိုသည့်အကြည့်တွေနှင့်.....

"ကိုငယ်...
ကောင်းကင်ကိုဘာလို့ခေါ်တာလဲ...."
"ငါနဲ့လိုက်ခဲ့......
ကိုလတ်ခေါ်ခိုင်းလိုက်တာ....."

ငယ်လေးကပါထလိုက်လာတော့ ကိုငယ်တားရသည်။

"သူ့တစ်ယောက်ထဲပဲခေါ်ခိုင်းလိုက်တာ....
ငယ်လေးကနေခဲ့....."
"ကိုငယ် ဘာလုပ်မလို့လဲလို့....."

ကိုငယ့်နောက်ပါသွားသည့်ကောင်းကင်ကသူ့ကိုလှည့်ကြည့်ကာ သူအဆင်ပြေသည်ဟူသည့်အပြုံးမျိုးပြုံးပြသည်။

တစ်နာရီလောက်နေတော့ သလင်းမြူစိတ်မချတော့ လိုက်သွားမည်လုပ်ရာ မကြီးနှင့်ခွန်းလေးပါလိုက်လာသည်။

ခြံထဲက ဘန်ဂလိုမှာထိုင်နေသည့်သုံးယောက်ဘာတွေပြောနေလဲသိရအောင် သစ်ပင်ကြီးကွယ်ပြီး ခိုးနားထောင်ကြသည်။

"ငါ့ညီနဲ့...... မင်း...အမေ...ရေထဲအတူတူကျရင်....မင်း.....ဘယ်သူ့ကိုအရင်ကယ်မလဲ"

ကိုလတ်အသံကအာလေးလျှာလေးကြီး....

လှမ်းကြည့်လိုက်တော့ ကိုငယ်ကမှောက်နေပြီ.....ကိုလတ်ခန္ဓာကိုယ်ကြီးကလည်းဟိုယိမ်းသည်ယိမ်း.....

"နှစ်ချို့ပုလင်းတွေမှားသောက်တာနေမှာ...."

ဒီလောက်တောင်မူးနေမှတော့ မကြီးပြောတာဟုတ်လောက်သည်။

"ထိုင်...ကြည့်နေမှာ...."
"ဟမ်!!"

ကောင်းကင်ရဲ့အဖြေကြောင့်သလင်းမြူမှာဆွံ့အသွားသည်။

"အမေ့ကို....အဖေ...ကယ်...လိမ့်မယ်.....
မြူက.....ရေကူးကျွမ်းတယ်......
ကျွန်တော်....ကယ်စရာမလိုဘူး........."

လက်ညှိုးလေးတစ်ခါခါပြောနေသည့် ကောင်းကင်ရဲ့မျက်နှာတွေလည်းနီရဲနေသည်။

"ဒါမှ...ငါ့ယောက်ဖ!!!"

ကိုလတ်ကစားပွဲကိုထုကာအော်လိုက်တော့ မှောက်နေသည့်ကိုငယ်ခေါင်းထောင်လာကာ ထအော်သည်။

"ယောက်ဖရေ!!....
နေတောင်....အတော်ဆောင်းပြီ!!"

အာလေးလျှာလေးနှင့်ကိုငယ်ကသီချင်းဆိုတော့ ကိုလတ်က လက်ခုပ်တီးကာလိုက်ဆိုသည်။

"" ချောင်းထဲမှာ...!!! ရေချိုးပြီး...ငါးဖမ်းမည်!!!
ဂဏန်းညှပ်ရင်!! ယောက်ဖကိုကြော်ကျွေးမည်!!!""

ကောင်းကင်ကပါလက်ခုပ်တွေထတီးနေသည်။

သလင်းမြူလည်း ထိုမြင်ကွင်းကို အမိအရဖုန်းနှင့်မှတ်တမ်းတင်ထားသည်။

မကြီးနှင့်ခွန်းလေးက ဗိုက်တွေနှိပ်ကာရယ်နေကြသည်မှာမရပ်နိုင်။

"အို............အို..........အို..အို့....အို...အို....."

မဏိစန္ဒာသီချင်းပြောင်းသွားပြီး ညီအစ်ကိုနှစ်ယောက်သီချင်းအတူဆိုရင်းတွဲကနေကာ ကောင်းကင်ကတော့ ပါးစပ်ကတီးလုံးတွေလိုက်တီးနေသည်။

အတော်လေးအော်ပြီးမှ သုံးကောင်သားအားကုန်ပြီးငြိမ်ကျသွားရာ သလင်းမြူတို့လည်းအပင်နောက်မှထွက်လာခဲ့ကြသည်။

"ကောင်းကင်......ကောင်းကင်....."
"ဟင်....မိန်းမ....."

ငါလခွမ်း....

"မိန်းမရေ!! နေတောင်အတော်ဆောင်းပြီ!! အု......."

ဗရုတ်သုတ်ခတွေအော်ဆိုနေသည့် ကောင်းကင်ပါးစပ်ကိုအမြန်ပိတ်ကာ တွဲခေါ်ရတော့သည်။

"ဟဲ့နှစ်ကောင်!!!
ထထ!!! အခန်းထဲသွားအိပ်ကြ!!!"

ကိုလတ်နှင့်ကိုငယ်ကိုမကြီးကရိုက်နှိုးနေပြီး ခွန်းလေးကတော့သူတို့ဖွထားတာတွေရှင်းနေသည်။

"ဟဲ့နှစ်ကောင်!!!!"
"ဗျာအမေ့!!!
ဟေ့ရောင်! အငယ်ကောင်ထ!!...
ကျောင်းသွားမယ်!"

ညီအစ်ကိုနှစ်ယောက်သား ပုဆိုးတွေစလွယ်သိုင်းပြီး လက်ကလေးတွေပိုက်ကာ ယိုင်တိုင်တိုင်နဲ့ အိမ်ထဲဝင်သွားကြသည်။

ထိုအချိန် မကြီးကရေရွတ်လိုက်သည်။

"တော်သေးတာပေါ့....ဒီတစ်ခါအောက်ခံဘောင်းဘီပါကြလို့"

သလင်းမြူ ငမူးလေးကို သူ့အခန်းဆီရောက်အောင်မနည်းသယ်လာရသည်။

ပါးစပ်ကလည်းဘာတွေပြောနေမှန်းမသိ.....

မနက်ကျမှ တွေ့မယ် သုံးကောင်လုံး....

စိတ်ထဲကနေသာကြိမ်းပြီး ကောင်းကင်ဘေးမှာဝင်အိပ်လိုက်တော့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

(AN: မရေးတာကြာလို့ကိုယ့်အရေးအသားတွေကျသွားတယ်🙏🙏
တောင်းပန်တယ်နော်)

************************************

Zawgyi

အသိစိတ္ျပန္ကပ္ၿပီး သလင္းျမဴနိုးလာေပမယ့္ မ်က္လုံးေတြကအရမ္းကိုေလးလံေနသျဖင့္ ဖြင့္ဖို႔ျပန္အားယူေနရသည္။

သူရင္ဘက္တစ္ခုလုံးလည္း အရမ္းနာေနသလိုပင္။

သူ႕အနားနားမွာစကားေျပာသံလည္းၾကားရသည္။

ေကာင္းကင္....

ေသြးေတြႏွင့္ေမာင့္ကိုျပန္ျမင္ေယာင္ကာ သူ႕မ်က္ဝန္းေတြအလန့္တၾကားဖြင့္ၿပီး အျမန္ထထိုင္လိုက္သည္။

"ငယ္ နိုးၿပီလား..."

ဖုန္းေျပာေနသည့္ကိုကိုက ဖုန္းကိုခ်ၿပီးသူ႕အနားေရာက္လာသည္။

လက္ေကာက္ဝတ္မွ ေဆးပိုက္ကိုသူခ်က္ခ်င္းဆြဲျဖဳတ္လိုက္တာမို႔ကိုကိုေတာင္တားခ်ိန္မရလိုက္။

"ေကာင္းကင္..... ေကာင္းကင္ဘယ္မွာလဲဟင္"

သူမတ္တပ္ထရပ္လိုက္ေပမယ့္ ေခါင္းထဲမွမိုက္ကနဲျဖစ္သြားရာ ကိုကိုကအလန့္တၾကားႏွင့္ကုတင္ေပၚမွာျပန္ထိုင္ေနေစသည္။

"စစ္ေကာင္းကင္နိုင္သီးသန့္အခန္းမွာရွိတယ္
သူသတိရေနၿပီ.....
ဓားဒဏ္ရာကအရမ္းမနက္လို႔ ကိုယ္တြင္းအဂၤါေတြလည္း မထိခိုက္ဘူးတဲ့....."
"သား သူ႕ဆီသြားမယ္"
"ငယ္!
ကိုယ့္ကိုကိုယ္လည္းစိတ္ပူပါဦးကြာ.....
မေန႕ညကငယ္ေမ့လဲၿပီး ႏွလုံးခုန္ရပ္သြားေသးတယ္သိလား!
Shock ရိုက္ၿပီးျပန္ႏွိုးရတဲ့အခ်ိန္ ကိုကိုဘယ္ေလာက္ေတာင္လန့္သြားခဲ့လဲငယ္မသိဘူး........"

ကိုကိုဟာသူ႕ကိုစိတ္ဆိုးသြားသည္ထင္ သက္ျပင္းတစ္ခ်က္ခ်ၿပီး အခန္းထဲမွထြက္သြားသည္။

အေၾကာေတြအကုန္ျဖတ္ေတာက္ထားခံရသလိုမ်ိဳး ခံစားေနရသည့္ခႏၶာကိုယ္ကို ဥပကၡာျပဳကာ သူအားတင္းရင္းတစ္လွမ္းခ်င္းေလွ်ာက္လာခဲ့သည္။

အခန္းတံခါးနားအေရာက္ တံခါးဖြင့္ဖို႔လက္လွမ္းလိုက္ေပမယ့္ တံခါးကပြင့္သြားကာ ဝွီးခ်ဲကိုတြန္းလ်က္ကိုကိုကသူ႕ေရွ႕ေပၚလာသည္။

"ဝွီးခ်ဲေပၚထိုင္....
ကိုကိုလိုက္ပို႔ေပးမယ္..."
"ဟုတ္"

သူတစ္ခ်က္ၿပဳံးလိုက္ေတာ့ကိုကိုက ငဆိုးေလးဟုဆိုကာၿပဳံးသည္။

"ကိုကို ကိုခန့္ေရာ..."
"အခုမွ အစ္ကိုေတြကိုသတိရၿပီးေမးေတာ့တယ္ "
"ကိုကိုကလည္း"
"ငယ့္ကိုခန့္ကလည္းညကတည္းကငယ့္အနားမွာရွိတယ္ အခုကသူ႕ duty ခ်ိန္မို႔သူ႕လူနာေတြဆီသြားတယ္"
"ဪ"

ေကာင္းကင္ကအခန္းထဲဝင္လာသည့္သူ႕ကိုျမင္တာနဲ႕ ၿပဳံးကာ ေယာင္ၿပီးထထိုင္ဖို႔လုပ္ေတာ့ ဗိုက္ခ်ဳပ္ရိုးကနာကာ ျပန္လွဲခ်လိဳက္ရသည္။

"ျမဴလည္းသတိရလာၿပီလား..."

ဝမ္းသာအားရေမးလာသည့္ေကာင္းကင္ရဲ႕အေမ....

"ဟုတ္အန္တီ"

ေကာင္းကင္ကသူ႕အနားကိုလာဖို႔လက္ယက္ေခၚေနၿပီ....

ကိုကိုက ဝွီးခ်ဲကိုေကာင္းကင္ကုတင္နားထိတြန္းေပးကာ ေကာင္းကင္အေဖနဲ႕​အေမထိုင္ေနသည့္ sofa ေတြနားမွာသြားထိုင္သည္။

"အရမ္းနာေနလား"
"မနာဘူး....."

ေကာင္းကင္က​သူ႕လက္ေတြကိုဆုပ္ကိုင္ၿပီး သူ႕ပါးျပင္ကိုလည္းပြတ္သပ္လာသည္။

"အေမကေျပာတယ္.....
မေန႕ညတုန္းက သဲငယ္ကကိုယ့္ထက္အေျခအေနဆိုးတယ္တဲ့
ႏွလုံးခုန္ေတာင္ရပ္သြားတယ္ဆို...."
"ခဏေလးရပ္သြားတာေနမွာပါ....
သဲငယ္ဘာမွမျဖစ္ဘူးေလ....
စိတ္မပူနဲ႕ေတာ့ေနာ္"
"အင္း......
စူးေနေရာင္ထက္ကိုရဲေတြလိုက္ရွာေနၾကၿပီ..
သဲငယ္လည္းစိတ္ပူနဲ႕ေတာ့ေနာ္....."
"အင္း..."
"ၿပီးေတာ့ ကိုယ္ခုနကတင္ပဲအေဖနဲ႕အေမ့ကိုဝန္ခံလိုက္ၿပီ"
"ဘာဝန္ခံတာလဲ"
"ကိုယ္တို႔ႏွစ္ေယာက္ကခ်စ္သူေတြဆိုတာကို"

အျပစ္လုပ္ထားသလိုမ်က္ႏွာငယ္ေလးႏွင့္ သူ႕ကိုမဆူဖို႔ေတာင္းပန္ေနသေရာင္ၾကည့္ေနသည္။

"ေတာ္လိုက္တာ ငါ့ေကာင္ေလးက....."

သူ႕ရဲ႕အၿပဳံးမပ်က္တဲ့စကားသံကိုၾကားမွ ေကာင္းကင္ကရယ္သည္။

ေကာင္းကင္ရဲ႕အေဖနဲ႕အေမကို မ်က္ႏွာခ်င္းဆိုင္ရတာ နည္းနည္းေတာ့မ်က္ႏွာပူမိေပမယ့္ ကန့္ကြက္ျခင္းမရွိလိုလိုလားလားပဲမို႔ စိတ္သက္သာရသည္။

မန္ေနဂ်ာႀကီးကိုပါလွမ္းႏႈတ္ပိတ္ေစၿပီး ေမေမ့ဆီသူ႕သတင္းမေရာက္ေအာင္တားထားရေသးသည္။

စူးေနေရာင္ထက္ကဓားကိုလႊတ္ခ်ၿပီးထြက္ေျပးသြားတာမို႔ လက္ေဗြစစ္ခ်က္ႏွင့္ ကြန္ဒိုမွ CCTV မွတ္တမ္းသက္ေသေတြ ကခိုင္လုံေနရာ ရဲေတြကဖမ္းဝရမ္းထုတ္ၿပီးရွာေဖြေနၾကၿပီ။

ေကာင္းကင္ရဲ႕အေဖကလည္းေရွ႕ေနပီပီ ပိုင္နက္က်ဴးလြန္မႈ ၿခိမ္းေျခာက္မႈ အဖြဲ႕လိုက္ရမ္းကားမႈ ဒဏ္ရာရေစမႈအစရွိသျဖင့္ ပုဒ္မေတြအကုန္တပ္ကာ စြဲခ်က္ကိုျပင္ဆင္ထားသည္။

ေန႕လည္ပိုင္းေလာက္ေရာက္ခ်ိန္မွာပဲ စူးေနေရာင္ထက္ငွားလာသည့္ လူႏွစ္ေယာက္ကိုဖမ္းၿပီး စူးေနေရာင္ထက္ကိုေတာ့ ရွာမေတြ႕ေသး.....

ထိုလူႏွစ္ေယာက္ဆီမွ မူးယစ္ေဆးမ်ားေတြ႕၍အမႈကပိုႀကီးလာကာ မူးယစ္တိုက္ဖ်က္ေရးပါပါဝင္လာ​ၿပီးလူအင္အားပိုသုံးလာသည္။

ေကာင္းကင္ကေတာ့ သူ႕ဗိုက္ကလတ္လတ္ဆတ္ဆတ္ခ်ဳပ္ရာကိုၾကည့္ၿပီး ကိုယ္တို႔ႏွစ္ေယာက္မွာ couple အမာ႐ြတ္ရွိၿပီဆိုၿပီးႀကံ​ဖန္ေပ်ာ္ေနေသးသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

တစ္ပတ္ျပည့္ၿပီးေကာင္းကင္ေဆး႐ုံကဆင္းလာသည္အထိ စူးေနေရာင္ထက္ကိုရွာမေတြ႕ၾကေသး....

သလင္းျမဴလည္းအေမြကိစၥကိုလက္ခံကာ အေဒၚျဖစ္သူဆီသြားေတြ႕ခဲ့သည္။

ကင္ဆာေရာဂါဒဏ္ေၾကာင့္ ပိန္ခ်ဳံးက်သြားတဲ့သူမဟာ ဓာတ္ကင္ရလြန္းလို႔ ဆံပင္ေတြလည္းမရွိေတာ့....

တစ္ခ်ိန္က မာန္အျပည့္နဲ႕မ်က္ဝန္းေတြဟာ ေမွ်ာ္လင့္ခ်က္ေပ်ာက္သလိုအေရာင္မွိန္လြန္းေနသည္။

"အစ္မရတနာ.....
သလင္းျမဴေလးပါလာၿပီ....."

သလင္းျမဴကိုျမင္ေတာ့သူမအၿပဳံးေတြအသက္ဝင္လာကာ အနားမွာလာထိုင္ဖို႔ေခၚသည္။

သူမ်က္ဝန္းေတြကိုၾကည့္ရင္းသူမ အားယူကာစကားေျပာသည္။

"မင္းရဲ႕မ်က္လုံးေတြကမင္းအဖိုးနဲ႕အရမ္းတူတယ္.....
အဲ့ဒါေၾကာင့္ထင္တယ္.......
အေဖကမင္းကိုအရမ္းခ်စ္တာ......"

သူမကသလင္းျမဴကိုဖက္ကာငိုသည္။

ႏႈတ္မွလည္းေတာင္းပန္ပါတယ္ဟုသာအထပ္ထပ္႐ြတ္ေနခဲ့သည္။

အေမတို႔ကိုလတ္ကိုငယ္တို႔အေၾကာင္းေတြကိုလည္းသူမအကုန္ေမးရာ သလင္းျမဴျပန္ေျဖေပးခဲ့သည္။

သူမကေခါင္းဦးေအာက္မွ ကြၽန္းနက္ႏွင့္လုပ္ထားသည့္ ဘူးအေသးေလးကိုယူကာ ဖြင့္လိုက္သည္။

အထဲမွာ ေဖေဖ့ရဲ႕ပတၱျမားရဲ႕လက္စြပ္.....

သူ႕လက္ခလယ္မွာဝတ္ေပးၿပီး သူမၿပဳံးသည္။

"ေနာက္ဆုံးေတာ့ ပိုင္ရွင္ကိုေတြ႕သြားၿပီ.....
ဒီလက္စြပ္ကို မိသားစုအဆက္ဆက္လက္ဆင့္ကမ္းလာၾကတာ...
မင္းအဖိုးက မင္းအေဖကိုလက္ဆင့္ကမ္းတယ္...
မင္းအေဖကမင္းကိုလက္ဆင့္ကမ္းဖို႔ရည္႐ြယ္ထားတာကို ငါကျဖတ္ယူခဲ့မိတာ...."

သလင္းျမဴ သူမႏွင့္စကားေတြေတာ္ေတာ္ေျပာျဖစ္ခဲ့သည္။

တစ္ခ်က္တစ္ခ်က္ေသြးေတြထအန္သည့္သူမအတြက္အခ်ိန္သိပ္မရွိေတာ့....

လႊဲေျပာင္းမႈေတြလုပ္ၿပီးေတာ့ သူမက​ေျပာသည္။

"ငါအခု စိတ္ခ်လက္ခ်သြားနိုင္ၿပီ.....
ငါ့ပုခုံးေတြေပါ့သြားၿပီ"

ေနာက္ဆုံးအေနနဲ႕ သူမရဲ႕ေတာင္းဆိုမႈေၾကာင့္ ေမေမတို႔အားလုံးလာၾကရွာသည္။

ကိုငယ့္သားနဲ႕မႀကီးသမီးေလးကိုေတြ႕ေတာ့

"ငါသာတစ္ကိုယ္ေကာင္းမဆန္ခဲ့ရင္.....
ဒီလိုငါ့ေျမးေလးေတြနဲ႕ေပ်ာ္နိုင္ခဲ့မွာ...."

ေနာင္တေတြနဲ႕သူမဟာ သလင္းျမဴလက္ထဲမွာပဲေခါင္းခ်သြားခဲ့သည္။

အသုဘကိုေကာင္းကင္ရဲ႕အေဖကပဲျပင္ဆင္ေပးသည္။ အေဒၚ့ရဲ႕မိတ္ေဆြေတြကိုလည္းသူတို႔မသိလို႔ ေရွ႕ေနႀကီးကသာဖိတ္ၾကားေပးသည္။

အသိမိတ္ေဆြဆိုသည့္သူေတြက ဝတၱရားအရသာေရာက္လာၾကၿပီး ေဟးလားဝါးလားစကားေတြေျပာ သူမ်ားအတင္းတုတ္ေနသည့္ လူေတြခ်ည္းသာ.....

သူမအတြက္ပူေဆြးျခင္းမ်ိဳးလည္းမရွိၾက.....

ဒီလိုလူေတြနဲ႕ ျဖတ္သန္းခဲ့တဲ့သူမဘဝဟာ အႏွစ္သာရေကာရွိခဲ့ပါ့မလား.....

သလင္းျမဴထိုလူေတြကိုစိတ္ပ်က္စြာ ေခါင္းရမ္းရင္းအၾကည့္လႊဲလိုက္သည္။

📲🎶 phone rings.....

"Hello"
"စူးေနေရာင္ထက္ကိုေတြ႕ၿပီ ငယ္...."
"ဘယ္မွာလဲ..."

အသုဘကိုေမေမတို႔ႏွင့္သာထားခဲ့လိုက္ၿပီး ေကာင္းကင္ႏွင့္အတူ ကိုကိုေျပာသည့္ေဆး႐ုံသို႔လိုက္သြားၾကသည္။

​​ေကာင္းကင္ရဲ႕အေဖႏွင့္ ကိုကိုက ေဆး႐ုံဝင္ေပါက္မွာ ရဲေတြႏွင့္စကားေျပာေနသည္။

"ကိုကို...စူးေနေရာင္ထက္ကဘယ္မွာလဲ...."

ရဲမႉးကဦးေဆာင္ကာသူတို႔ကိုအေစာင့္အျပည့္ခ်ထားသည့္ အခန္းတစ္ခုဆီေခၚသြားသည္။

အခန္းနားနီးလာသည္ႏွင့္ စူးေနေရာင္ထက္ရဲ႕ေအာ္သံေတြကိုၾကားရကာ သလင္းျမဴအလန့္တၾကားေကာင္းကင္လက္ကိုပိုတင္းၾကပ္စြာဆုပ္ကိုင္လိုက္သည္။

တံခါးနားမွာေစာင့္ေနသည့္ရဲေတြက ရဲမႉးကိုအေလးျပဳကာ တံခါးဖြင့္ေပးသည္။

အခန္းထဲကကုတင္ထက္မွစူးေနေရာင္ထက္၏ပုံစံေၾကာင့္ သလင္းျမဴ လန့္ၿပီးမ်က္လုံးေတြမွိတ္လိုက္မိသည္။

လက္ေတြေျခေတြကိုမလႈပ္နိုင္ေအာင္တုပ္ႏွေင္ထားၿပီး ေဆးသြင္းထားရသည့္ စူးေနေရာင္ထက္၏မ်က္ႏွာမွာ မီး​​ေလာင္ထားသလို စုတ္ျပတ္ေနသည္။

မ်က္လုံးေတြျပဴးေနၿပီး ဆံပင္ေတြလည္းဟိုတစ္ကြက္သည္တစ္ကြက္ပုံစံမွာ သရဲတစ္ေဆတစ္ေကာင္ႏွယ္.....

"ကြၽန္ေတာ္တို႔သူကို ဒီလိုမ်ိဳးစိတ္လြတ္ေနတဲ့ပုံစံနဲ႕ တရားမဝင္ club တစ္ခုထဲမွာေတြ႕ခဲ့တာ
သူ႕မ်က္ႏွာက အျပင္းစား acid နဲ႕အပက္ခံထားရတယ္.....
ပက္တဲ့သူကိုလည္းဖမ္းၿပီးစစ္ေဆးၾကည့္ေတာ့ ေဆးကိစၥျပႆနာျဖစ္ရင္းနဲ႕လုပ္လိုက္တာတဲ့...."
"သူဘာဆက္ျဖစ္မွာလဲ...."
"ဒီပုံစံအတိုင္းဆို သူကမူးယစ္ေဆးလည္းစြဲေနတယ္ စိတ္က်န္းမာေရးကလည္းပုံမွန္မဟုတ္ေတာ့ စိတၱဇေဆး႐ုံကိုပို႔ရမွာပဲ..."

ေကာင္းကင္အေနာက္မွာကြယ္ေနရာမွသလင္းျမဴထြက္လာေတာ့ စူးေနေရာင္ထက္ကသူ႕ကိုျမင္ၿပီးပိုေသာင္းက်န္းသည္။

ေျခေတြလက္ေတြကို႐ုန္းကန္ၿပီး ""ငါ့မ်က္ႏွာ"" ဟူ၍သူ႕ကိုၾကည့္ၿပီးေအာ္ဟစ္ေနေတာ့ ဆရာဝန္ေတြကေဆးတစ္လုံးလာထိုးလိုက္မွ ၿငိမ္က်သြားကာအိပ္ေပ်ာ္သြားသည္။

"ငယ္.....စစ္ေကာင္းကင္နဲ႕ျပန္လိုက္ေတာ့ေနာ္
ဒီကကိစၥေတြကိုကိုကိုတို႔ပဲၾကည့္စီစဥ္လိုက္မယ္"
"ဟုတ္
ေမာင္ျပန္ရေအာင္"

သူလန့္ေနမွန္းသိလို႔ကိုကိုကျပန္ခိုင္းရွာသည္။

စူးေနေရာင္ထက္၏ေသြးပ်က္ဖြယ္ပုံစံကမ်က္လုံးထဲကေနမထြက္ ညအိမ္မက္ထဲထိေတာင္ေျခာက္လွန့္သည္။

"သဲငယ္.....ဘာျဖစ္လို႔လဲ"

ေခြၽးေတြႏွင့္သူလန့္နိုးေတာ့ ေကာင္းကင္လည္းနိုးလာကာ မီးဖြင့္လိုက္သည္။

"ဘာမွမျဖစ္ဘူး....."

သူ႕ကိုေကာင္းကင္ကေရတစ္ခြက္ယူေပးၿပီးေသာက္ေစသည္။

ျပန္အိပ္ဖို႔ႀကိဳးစားေပမယ့္ သူအိပ္မေပ်ာ္နိုင္.....

"ေမာင္....."
"ဟင္..."
"စူးေနေရာင္အေပၚသဲငယ္တို႔ႏွစ္ေယာက္မတရားသလိုမ်ားျဖစ္ေနလားဟင္"
"ကိုယ္တို႔သူ႕အေပၚဘာအျပစ္မွမလုပ္ခဲ့ဘူးသဲငယ္.....
သူကသာလမ္းမွားလိုက္ၿပီး ဒီလိုအဆုံးသတ္ရတာ...
ကိုယ္ငယ္ငယ္က လွတဲ့သူေတြကိုသေဘာက်တယ္ေျပာခဲ့လို႔သူက plastic surgery လုပ္တာတဲ့.....
ကိုယ္ေျပာတာ႐ုပ္ရည္လွပျခင္းကိုမဟုတ္ဘူး
စိတ္ထားကိုေျပာခဲ့တာ.....
သူ႕႐ုပ္ရည္လွလာေပမယ့္ သူ႕စိတ္ဓာတ္ကေတာ့ပိုၿပီး႐ုပ္ဆိုးသထက္ဆိုးလာေတာ့ ကိုယ္သူ႕ကို႐ြံတယ္.....
ဒါေပမယ့္ သူ႕ေၾကာင့္ပဲသဲငယ္ကိုယ့္အနားကိုေရာက္လာတာမို႔ ကိုယ္သူ႕လုပ္ရပ္အကုန္လုံးကိုေမ့ပစ္ေပးနိုင္တယ္"

ေကာင္းကင္ကသူ႕ဆံပင္ေတြကိုငုံ႕နမ္းသည္။

"ကိုယ္တို႔လက္ထပ္ၾကရေအာင္"
"ေမာင္ကအသက္မျပည့္ေသးဘူးေလ....
လူကိုသက္ငယ္မုဒိန္းမႈနဲ႕ေထာင္က်ေစခ်င္ေနတာလား!"
"က်င့္ရင္ကိုယ္ကက်င့္မွာကို သဲငယ္ေထာင္မက်ပါဘူး...."
"စစ္ေကာင္းကင္နိုင္!"

သူ႕ရင္ခြင္ထဲကထြက္ကာ တစ္ဖက္ကိုလွည့္သြားသည့္သဲငယ္ရဲ႕ နား႐ြက္ေလးေတြနီရဲ​ေန​​မွန္း မီးအိမ္အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေၾကာင့္ျမင္ေနရသည္။

ခါးေလးကိုဖက္ၿပီးေခ်ာ့ေပမယ့္ ရွက္ေနသည့္ေကာင္ေလးကလွည့္ကိုမလာေတာ့.....

ေကာင္းကင္မွာလည္းအူယားေနသည္ကို မက်က္ေသးသည့္ ဗိုက္ခ်ဳပ္ရိုးေၾကာင့္အံႀကိတ္တင္းခံထားရသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

အေမြရထားသည့္ အေဒၚ့အိမ္ကိုသလင္းျမဴေျပာင္းေနျဖစ္ၿပီး မႀကီးႏွင့္ကေလးႏွစ္ေယာက္ရယ္ ခြန္းေလးရယ္ကသူႏွင့္လာေနမည္ဆိုေသာေၾကာင့္​ျပ​င္ဦးလြင္ကိုသြားေခၚရသည္။

တစ္ခါတည္းေမေမ့ထံတြင္ဝန္ခံရန္ေကာင္းကင္ကိုပါသူေခၚလာသည္။

တစ္ညအိပ္ေလာက္ေနမည္မို႔ ညေနပိုင္းေလာက္မွသူတို႔ထြက္လာၾကသည္။

သူ႕မိဘေတြဆီမွာဝန္ခံတုန္းကေတာင္ေအးေဆးခဲ့သည့္ေကာင္းကင္က အခုေတာ့သူမဟုတ္သလို ဂနာမၿငိမ္။

"ေမာင္... စိတ္လႈပ္ရွားေနတာလား"
"အင္း"

လက္တစ္ဖက္ကိုလွမ္းကိုင္လိုက္ေတာ့ ေအးစက္ေနသည္။

သလင္းျမဴလည္းစိတ္လႈပ္ရွားေပမယ့္ တည္တည္ၿငိမ္ၿငိမ္ေတာ့ရွိေသးသည္။

"ျမဴ႕ေမေမကကိုယ့္ကိုလက္ခံပါ့မလား....."
"လက္ခံေလာက္မွာပါ....."
"တကယ္လို႔ သေဘာမတူဘူးဆိုရင္ ကိုယ္တို႔ခိုးေျပးၾကမယ္ေနာ္......"
"အင္း..."

ေကာင္းကင္စိတ္သက္သာေစရန္သလင္းျမဴေခါင္းသာညိတ္လိုက္သည္။

ေကာင္းကင္ရင္ထဲမွာတကယ္ကိုပူေလာင္ေနသည္။

ကားေမာင္းေနသည့္ ျမဴကအရင္လိုမဟုတ္ ပတၱျမားလက္စြပ္ကိုဝတ္ထားေသာျမဴ႕ဆီမွ အရွိန္အဝါႀကီးျခင္းကိုသူခံစားေနရသည္။

ငယ္႐ြယ္တယ္ ထက္ျမတ္တယ္ ခ်မ္းသာတယ္ ၿပီးေတာ့႐ုပ္လည္းေခ်ာတဲ့ျမဴ႕ကို ျမဴ႕ေမေမက သူ႕လိုေယာက္်ားေလးတစ္ေယာက္ႏွင့္သေဘာတူပါ့မလား.....

ဘာပဲျဖစ္ျဖစ္ျမဴကသူနဲ႕ခိုးရာလိုက္ဖို႔သေဘာတူသည္မို႔ နည္းနည္းစိတ္ကိုေလ်ာ့ခ်လိဳက္သည္။

ၿခံတံခါးဖြင့္လို႔စီးႀကိဳေနသည့္ မႀကီးက အေႂကြးေတြအကုန္ကင္းသြားၿပီမို႔ မ်က္ႏွာေလးကိုၾကည္လင္ေနသည္။

"ဦးငယ္!!"

သူကားေပၚကဆင္းသည္ႏွင့္ ေျပးလာသည့္ တူေလးႏွင့္တူမေလးကိုေပြ႕လိုက္သည္။

"အမေလး ေလးလိုက္တာ......
ႏွစ္ေကာင္သားဘယ္ေလာက္ေတာင္အစားေတြစြတ္စားထားၾကတာလဲ.....
ေလးလြန္းလို႔ ဦးငယ္လက္ေတြျပဳတ္ေတာ့မယ္"

ပါးေလးေတြကိုနမ္းလိုက္ၿပီး သူေျပာေတာ့ေမာင္ႏွမႏွစ္ေယာက္သားရယ္ေနသည္။

"ေကာင္းကင္လာေလ....."

ကေလးႏွစ္ေယာက္ကိုေအာက္ျပန္ခ်ၿပီး တြန့္ဆုတ္တြန့္ဆုတ္ျဖစ္ေနတဲ့ ေကာင္းကင္လက္ကိုဆြဲကာ အိမ္ထဲဝင္လာခဲ့လိုက္သည္။

ဧည့္ခန္းထဲမွာထိုင္ေနသည့္ ေမေမ့ပါးကိုသြားနမ္းၿပီး ကေလးလိုခြၽဲမိပါေသးသည္။

"မႀကီးတို႔ကိုငယ္တို႔.......
ခဏေလာက္ထိုင္ဦး......
သား​ေျပာစရာရွိလို႔....."

မိသားစုေတြအကုန္ ဧည့္ခန္းထဲမွာစုေစၿပီး သလင္းျမဴအေလးအနက္ထားကာေကာင္းကင္လက္ကိုကိုင္ဆြဲလိုက္သည္။

"ဒါက.....
သားခ်စ္သူ စစ္ေကာင္းကင္နိုင္"
"ဟမ္!!"

အကုန္အံ့ဩသြားေပမယ့္ ေမေမကေတာ့ အၿပဳံးမပ်က္......

"သားသူ႕ကိုခ်စ္တယ္....
ေမေမတို႔မႀကီးတို႔လည္း သူ႕ကိုလက္ခံေပးပါ"
"ကိုကိုငယ္ေလး.....
တကယ္ေျပာေနတာလား..."
"အင္း..."

သလင္းျမဴေမေမ့ကိုေတာင္းပန္သည့္အၾကည့္ေတြႏွင့္ၾကည့္လိုက္သည္။

"ေမေမ.....သား ေမေမ့ကိုစိတ္ပ်က္ေစမိရင္ေတာင္းပန္ပါတယ္...."
"ေမေမကဘာေၾကာင့္စိတ္ပ်က္ရမွာလဲသားငယ္ရယ္.....
ေမေမ့သားငယ္ေလးကအၿမဲေမေမတို႔ကိုဂုဏ္ယူရေအာင္ လုပ္ေပးေနတဲ့သူေလ.....
ကိုယ့္သားသမီးအေၾကာင္းကိုေမေမမသိဘဲေနမလား.....သားဝန္ခံလာမယ့္ေန႕ကိုေမေမေစာင့္ေနတာ....."
"​ ေက်းဇူးတင္ပါတယ္ေမေမ... "

ကိုလတ္က ဧည့္ခန္းထဲမွထထြက္သြားရာ ကိုငယ္ကလိုက္သြားသည္။

သလင္းျမဴလည္းလိုက္သြားဖို႔ လုပ္ေပမယ့္ မႀကီးကတားသည္။

"သားအစ္ကိုေတြကို ခဏေလာက္လႊတ္ထားေပးလိုက္.....
သားကခ်စ္မွေတာ့ သူတို႔လည္းလက္ခံေပးမွာပဲကို မူေနၾကတာရယ္.....
သားစစ္ေကာင္းကင္ေလး ဘာမွစိတ္ကသိကေအာက္မျဖစ္နဲ႕ေနာ္....."
"ဟုတ္ကဲ့ခင္ဗ်..."

ေကာင္းကင္လည္းအခုမွအားရပါးရၿပဳံးနိုင္ေပမယ့္ ေယာက္ဖေတြကိုေၾကာက္ေနေသးသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ေဟ့ေရာင္ ကိုလတ္...."

ၿခံထဲကပန္းၿခဳံေတြနားသြားကာ ငိုေနသည့္ကိုလတ္ေၾကာင့္ ကိုငယ့္မွာေခါင္းေတြကုတ္ေနသည္။

"ဘာကိစၥငိုေနတာလဲကြာ မင္းကလည္း....."
"ငါ့မွာေတာ့ငါ့ညီအငယ္ဆုံးေလးကိုကေလးထင္ေနတာေလ.....အီးဟီး.....
သူ႕ဘဲကိုေခၚလာေတာ့ ငါကဝမ္းနည္းလို႔ငိုေနတာေပါ့ ေယာက္ဖေလးရၿပီဆိုၿပီးကျပရမွာလား......"
"မင္းအဲ့လိုႀကီးငိုေနေတာ့ ငယ္ေလးကဘယ္စိတ္ခ်မ္းသာပါ့မလဲ"
"အဲ့တာဆိုလည္းမငိုေတာ့ဘူးကြာ.....
ဒါေပမယ့္ဝမ္းနည္းတယ္ကြ.....
လြယ္လြယ္ေတာ့လက္မခံနိုင္ဘူး.....
ေဟ့ေရာင္အငယ္ေကာင္ ဝိုင္ပုလင္းသြားထုတ္လိုက္"
"ဘာလုပ္မလို႔တုန္း....."
"ဟိုေကာင့္ကိုစမ္းရမယ္ေလ.....
ငါတို႔ညီေလးတစ္ေယာက္လုံးကိုေတာင္ေပးရမွာ သူေကာင္းမေကာင္းမူးေအာင္တိုက္ၿပီးစစ္ေမးရမွာေပါ့"
"ေအးဟုတ္သား.....
မင္းအျမည္းလုပ္ထား"
"ေအးေအး"

ေမွာင္စပ်ိဳးခ်ိန္ အကုန္အသင့္ျဖစ္ေတာ့ ဟိုေကာင္ေလးကို မင္းသြားေခၚလိုက္ဆိုၿပီးအျပန္အလွန္လႊဲခ်ကာညီအစ္ကိုႏွစ္ေယာက္ျငင္းေနျပန္သည္။

ေနာက္ဆုံးေတာ့ စုံစြမ္စိ ကစားၿပီးရႈံးတဲ့အငယ္ေကာင္ပဲသြားရသည္။

"အဟမ္း!
ဟိုတစ္ေယာက္....."

ငယ္ေလးအနားက ထိုေကာင္​ေလး​ကိုသူဘယ္လိုေခၚရမယ္မွန္းမသိ....

ညေနကေျပာလိုက္ပါတယ္နာမည္က စစ္......ဘာ......

နာမည္ကလည္းေသခ်ာမမွတ္မိ.....ေယာက္ဖလို႔လည္းေခၚလို႔ကမျဖစ္ေသး.....ဒုကၡဘဲ....

"ဟို စစ္ဘယ္သူဆိုလား....."

ငယ္ေလးေရာ ထိုေကာင္ေလးကပါသူ႕ကိုၾကည့္လာသည္။

မႀကီးႏွင့္ အငယ္မေလးကပါဘာလုပ္မလို႔လဲဆိုသည့္အၾကည့္ေတြႏွင့္.....

"ကိုငယ္...
ေကာင္းကင္ကိုဘာလို႔ေခၚတာလဲ...."
"ငါနဲ႕လိုက္ခဲ့......
ကိုလတ္ေခၚခိုင္းလိုက္တာ....."

ငယ္ေလးကပါထလိုက္လာေတာ့ ကိုငယ္တားရသည္။

"သူ႕တစ္ေယာက္ထဲပဲေခၚခိုင္းလိုက္တာ....
ငယ္ေလးကေနခဲ့....."
"ကိုငယ္ ဘာလုပ္မလို႔လဲလို႔....."

ကိုငယ့္ေနာက္ပါသြားသည့္ေကာင္းကင္ကသူ႕ကိုလွည့္ၾကည့္ကာ သူအဆင္ေျပသည္ဟူသည့္အၿပဳံးမ်ိဳးၿပဳံးျပသည္။

တစ္နာရီေလာက္ေနေတာ့ သလင္းျမဴစိတ္မခ်ေတာ့ လိုက္သြားမည္လုပ္ရာ မႀကီးႏွင့္ခြန္းေလးပါလိုက္လာသည္။

ၿခံထဲက ဘန္ဂလိုမွာထိုင္ေနသည့္သုံးေယာက္ဘာေတြေျပာေနလဲသိရေအာင္ သစ္ပင္ႀကီးကြယ္ၿပီး ခိုးနားေထာင္ၾကသည္။

"ငါ့ညီနဲ႕...... မင္း...အေမ...ေရထဲအတူတူက်ရင္....မင္း.....ဘယ္သူ႕ကိုအရင္ကယ္မလဲ"

ကိုလတ္အသံကအာေလးလွ်ာေလးႀကီး....

လွမ္းၾကည့္လိုက္ေတာ့ ကိုငယ္ကေမွာက္ေနၿပီ.....ကိုလတ္ခႏၶာကိုယ္ႀကီးကလည္းဟိုယိမ္းသည္ယိမ္း.....

"ႏွစ္ခ်ိဳ႕ပုလင္းေတြမွားေသာက္တာေနမွာ...."

ဒီေလာက္ေတာင္မူးေနမွေတာ့ မႀကီးေျပာတာဟုတ္ေလာက္သည္။

"ထိုင္...ၾကည့္ေနမွာ...."
"ဟမ္!!"

ေကာင္းကင္ရဲ႕အေျဖေၾကာင့္သလင္းျမဴမွာဆြံ႕အသြားသည္။

"အေမ့ကို....အေဖ...ကယ္...လိမ့္မယ္.....
ျမဴက.....ေရကူးကြၽမ္းတယ္......
ကြၽန္ေတာ္....ကယ္စရာမလိုဘူး........."

လက္ညွိုးေလးတစ္ခါခါေျပာေနသည့္ ေကာင္းကင္ရဲ႕မ်က္ႏွာေတြလည္းနီရဲေနသည္။

"ဒါမွ...ငါ့ေယာက္ဖ!!!"

ကိုလတ္ကစားပြဲကိုထုကာေအာ္လိုက္ေတာ့ ေမွာက္ေနသည့္ကိုငယ္ေခါင္းေထာင္လာကာ ထေအာ္သည္။

"ေယာက္ဖေရ!!....
ေနေတာင္....အေတာ္ေဆာင္းၿပီ!!"

အာေလးလွ်ာေလးႏွင့္ကိုငယ္ကသီခ်င္းဆိုေတာ့ ကိုလတ္က လက္ခုပ္တီးကာလိုက္ဆိုသည္။

"" ေခ်ာင္းထဲမွာ...!!! ေရခ်ိဳးၿပီး...ငါးဖမ္းမည္!!!
ဂဏန္းညွပ္ရင္!! ေယာက္ဖကိုေၾကာ္ေကြၽးမည္!!!""

ေကာင္းကင္ကပါလက္ခုပ္ေတြထတီးေနသည္။

သလင္းျမဴလည္း ထိုျမင္ကြင္းကို အမိအရဖုန္းႏွင့္မွတ္တမ္းတင္ထားသည္။

မႀကီးႏွင့္ခြန္းေလးက ဗိုက္ေတြႏွိပ္ကာရယ္ေနၾကသည္မွာမရပ္နိုင္။

"အို............အို..........အို..အို႔....အို...အို....."

မဏိစႏၵာသီခ်င္းေျပာင္းသြားၿပီး ညီအစ္ကိုႏွစ္ေယာက္သီခ်င္းအတူဆိုရင္းတြဲကေနကာ ေကာင္းကင္ကေတာ့ ပါးစပ္ကတီးလုံးေတြလိုက္တီးေနသည္။

အေတာ္ေလးေအာ္ၿပီးမွ သုံးေကာင္သားအားကုန္ၿပီးၿငိမ္က်သြားရာ သလင္းျမဴတို႔လည္းအပင္ေနာက္မွထြက္လာခဲ့ၾကသည္။

"ေကာင္းကင္......ေကာင္းကင္....."
"ဟင္....မိန္းမ....."

ငါလခြမ္း....

"မိန္းမေရ!! ေနေတာင္အေတာ္ေဆာင္းၿပီ!! အု......."

ဗ႐ုတ္သုတ္ခေတြေအာ္ဆိုေနသည့္ ေကာင္းကင္ပါးစပ္ကိုအျမန္ပိတ္ကာ တြဲေခၚရေတာ့သည္။

"ဟဲ့ႏွစ္ေကာင္!!!
ထထ!!! အခန္းထဲသြားအိပ္ၾက!!!"

ကိုလတ္ႏွင့္ကိုငယ္ကိုမႀကီးကရိုက္ႏွိုးေနၿပီး ခြန္းေလးကေတာ့သူတို႔ဖြထားတာေတြရွင္းေနသည္။

"ဟဲ့ႏွစ္ေကာင္!!!!"
"ဗ်ာအေမ့!!!
ေဟ့ေရာင္! အငယ္ေကာင္ထ!!...
ေက်ာင္းသြားမယ္!"

ညီအစ္ကိုႏွစ္ေယာက္သား ပုဆိုးေတြစလြယ္သိုင္းၿပီး လက္ကေလးေတြပိုက္ကာ ယိုင္တိုင္တိုင္နဲ႕ အိမ္ထဲဝင္သြားၾကသည္။

ထိုအခ်ိန္ မႀကီးကေရ႐ြတ္လိုက္သည္။

"ေတာ္ေသးတာေပါ့....ဒီတစ္ခါေအာက္ခံေဘာင္းဘီပါၾကလို႔"

သလင္းျမဴ ငမူးေလးကို သူ႕အခန္းဆီေရာက္ေအာင္မနည္းသယ္လာရသည္။

ပါးစပ္ကလည္းဘာေတြေျပာေနမွန္းမသိ.....

မနက္က်မွ ေတြ႕မယ္ သုံးေကာင္လုံး....

စိတ္ထဲကေနသာႀကိမ္းၿပီး ေကာင္းကင္ေဘးမွာဝင္အိပ္လိုက္ေတာ့သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

(AN: မေရးတာၾကာလို႔ကိုယ့္အေရးအသားေတြက်သြားတယ္🙏🙏
ေတာင္းပန္တယ္ေနာ္)

Bạn đang đọc truyện trên: Truyen247.Pro