Part-58 (alive)
"လာလေ စူးနေရောင်ထက်"
မျက်တွင်းတွေချောင်ကျကာ ရီဝေဝေအကြည့်တွေနှင့် သူတို့ရှိရာကိုလျောက်လှမ်းလာသူ
"ဘာသဘောလဲ"
တွဲထားတဲ့လက်တွေကိုကြည့်ရင်း မျက်မှောင်ကျုံ့မေးလာသည်။
"တရားဝင်ကြေညာတာ.....
စစ်ကောင်းကင်နိုင်ဆိုတာ ငါ သလင်းမြူရဲ့ချစ်သူ....."
"ဪ....."
ခေါင်းတညိတ်ညိတ်နှင့်လှောင်ပြုံးပြုံးသည်။
"တွဲလက်တွေမြဲပါစေကွာ....."
ဆန့်ကျင်ဘက် ကျိန်စာဆန်တဲ့ ဆုတောင်းစကားတစ်ခွန်းဆိုပြီး သူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်ကာ စူးနေရောင်ထက်ပြန်ထွက်သွားသည်။
တိတ်ဆိတ်နေသည့်လေထုနှင့်ဆိုင်ထဲမှာ သူတို့အကုန်လုံးမတ်တပ်လေးတွေ...
"မင်းတို့လည်းမြင်ပြီးပြီဆိုတော့ သဘောပေါက်တယ်မလား...
ငါစူးနေရောင်ထက်နေရာမှာခဏနေရင်း ကောင်းကင်ကိုချစ်မိခဲ့တယ်...
ကောင်းကင်လည်းအမှန်ကိုသိပြီး အခုငါတို့တရားဝင်တွဲနေပြီ"
"အင်းဟုတ်တယ်"
သူ့စကားအဆုံးကောင်းကင်ကဝင်ထောက်ခံပြီး သူတို့နှစ်ယောက်လုံးထိုင်လိုက်ကြသည်။
စိုင်းစံလည်းသိပြီးသားမို့ခေါင်းတစ်ချက်ညိတ်ပြီးပြန်ထိုင်သည်။
ကျန်တဲ့ကောင်တွေကတော့အခုထိရပ်ကောင်းတုန်း...
"အဲ့တော့ မင်းကသလင်းမြူ...
First semester တုန်းကငါတို့နဲ့ကျောင်းတက်ခဲ့တာမင်းပေါ့"
"အင်း..."
"ငစစ်မင်းကဘယ်တုန်းကသိတာလဲ"
"သိပ်မကြာသေးဘူး...
Second sem အစလောက်က
သဲငယ်ထွက်သွားပြီးစူးနေရောင်ထက်ရောက်လာတော့ ငါစသတိထားမိတာ..."
"စိုင်းစံမင်းကဘာလို့အေးဆေးဖြစ်နေတာလဲ"
"အဲ့ကောင်ကအစကတည်းကသိတယ်...
သဲငယ်ကသူ့အထက်တန်းတုန်းက စီနီယာတဲ့..."
" ခွေးကောင်"
မထုံတတ်တေးပုံစံစိုင်းစံဆီတေဇတို့ရဲ့လက်ဝါးတွေပျံဝဲလျက် ဆဲသံတွေညံနေသည်။
"သလင်း နင်တကယ်ကြီး ယောက်ျားလေးနဲ့ချစ်နေတာပေါ့"
အခုမှအသံထွက်လာသည့် သွေး....
"အင်း..."
"ဘယ်ကတည်းကလဲ"
"လပိုင်းလောက်ပဲရှိသေးတယ်....
သွေး နင့်ငါ့ကိုရွံသွားတာလားဟင်"
သွေးရဲ့တုံ့ဆိုင်းနေသည့် ပုံစံကြောင့် သလင်းမြူမျက်ရည်တွေဝဲတက်လာသည်။
Come out လုပ်လိုက်ရင်လည်း သူ့သူငယ်ချင်းတွေလက်ခံလောက်မှာပါ လို့ယုံကြည်ထားမိတာလေ။
သူ့အပေါ်အမေလို့အမလို့ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့သွေးကိုသူမဆုံးရှုံးချင်...
"မူမနေနဲ့ ဟိုမှာငိုတော့မယ်"
သွေးလက်ကိုလှမ်းရိုက်ပြီးဇေယျာသတိပေးလိုက်တော့ သွေး မျက်နှာအမူအရာက စိုးရိမ်မှုဘက်ပြောင်းသွားကာ မျက်ရည်တွေကျလာပြီဖြစ်သည့် သူထိုင်နေရာသို့ရောက်ချလာသည်။
"ငါက အံ့ဩသွားလို့ပါဟာ...
မငိုပါနဲ့ သလင်းရယ်...
နော်..."
"ငါ့ကိုစိတ်ပျက်တယ်မလားဟင်"
"ပျက်စရာလား...
မငိုနဲ့နော် တိတ်တိတ်...."
မျက်ရည်တွေသုတ်ပေးပြီး ချော့မြှူနေသည့် သွေးကြောင့် သလင်းမြူ နှာလေးတရှုံ့ရှုံ့နှင့် ဝမ်းသာစွာပြုံးမိသည်။
"ဪ ငါ့သူငယ်ချင်းလေး တော်လှတော်လှလို့အမြဲတွေးနေတာ...
ဒင်းကဘဲလက်ဆွဲထွက်လာတယ်"
မျက်စောင်းကြီးဝင့်ကာ ပြောသည့်ဝေယံကိုလည်း သလင်းမြူသွားလေးဖြီးကာသာရယ်ပြလိုက်သည်။
"အခုကိုယ်တို့တရားဝင်ဖြစ်သွားပြီ"
ဆုပ်ကိုင်ထားသည့် သလင်းမြူ လက်ဖမိုးကိုခပ်ဖွဖွနမ်းရှိုက်ပြီး ကောင်းကင်ဆိုသည်။
"အဟမ်း!!!
ငါတို့က single လေးတွေနော်...
ရှေ့တည့်တည့်လာပြီး မ ro ပြသင့်ဘူး"
သွေးရဲ့ခပ်နောက်နောက်စကားသံကိုဂရုမစိုက်ဘဲ ကောင်းကင်ရဲ့ ပါးကိုသလင်းမြူ နမ်းလိုက်သည်။
"ကဲ!!!
ပြန်ကြရအောင်....
FA တွေအားငယ်တယ်ဟဲ့!!!"
အတည်ပေါက်ကြီးထထွက်သွားကြရာ သလင်းမြူနှင့် ကောင်းကင်မှာ လိုက်ဆွဲရပါသေးသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ပွဲရုံစဖွင့်ကတည်းက သလင်းမြူမအားနိုင်ရာ ကောင်းကင်ကပဲ သူ့ဆီလာတွေ့ရှာသည်။
အလုပ်လုပ်နေချိန်တွေမှာလည်း အနှောက်အယှက်မပေးဘဲ အနားမှာသာငြိမ်ငြိမ်လေးလာထိုင်နေတတ်သည်။
"သဲငယ် ဘာစားချင်လည်း...."
လာခါနီးဖုန်းဆက်မေးကာ သူပြောတဲ့ဟာတွေကိုမပျက်မကွက်ဝယ်လာပေးသည်။
"မြူလေး.....
ဧည့်သည်ရောက်နေတယ်"
ကောင်းကင်နဲ့အတူ သူ့ရုံးခန်းထဲမှာနေ့လည်စာစားနေတုန်း တံခါးခေါက်ပြီး ဝင်လာသည့် မန်နေဂျာဦးလေး...
"ဘယ်သူလဲ...
ဦးဂျာ..."
မန်နေဂျာ ဦးလေးနောက်မှ လူနှစ်ယောက်ပါပါလာသည်။
"စစ်ကောင်းကင်..."
"အဖေ...
ဒီကိုဘာလာလုပ်တာလဲ...."
ကောင်းကင်ရဲ့အဖေ နှင့်အခြား အနက်ရောင်ဝတ် ရှေ့နေတစ်ဦး...
"ဒါက ကျွန်တော်တို့သူဋ္ဌေး သလင်းမြူပါ"
"ဟေ...."
သူ့ကိုကြည့်ပြီး အံ့ဩနေသည့် ကောင်းကင်ရဲ့အဖေ...
"သားက စူးနေရောင်ထက် မဟုတ်ဘူးလား..."
"ရုပ်ချင်းဆင်တာအဖေ....
ဒါက မြူ...."
မယုံသလို မြူ့ကိုသေချာကြည့်နေသည့် အဖေဖြစ်သူကို ကောင်းကင်ကြားကဝင်ပြောရသည်။
"ထိုင်ပါဦး ဦးလေး...
ကျွန်တော့်ဆီကိုဘာကိစ္စရှိလို့လည်းဗျ"
သလင်းမြူအလိုက်တသိမေးလိုက်တော့ ကောင်းကင်ရဲ့အဖေက သူ့ကိုတစ်ခုခုစပြောရန် အားယူနေသည်။
"ဦးလေးက.....
အောင်တံခွန်မိသားစုရဲ့ရှေ့နေပါ
အခုလာရင်းကိစ္စက
ဒေါ်ရတနာခင်က သူ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကို တူဖြစ်သူ သလင်းမြူ ဆီအမွေလွှဲပြောင်းဖို့ပါ...."
အောင်တံခွန်ဆိုတာ သူ့အဖေဘက်က အဖိုးနဲ့အဖွားတည်ထောင်ခဲ့တဲ့ ရွှေဆိုင်ရတနာဆိုင်တွေရဲ့နာမည် နောက်တစ်မျိုးပြောရရင် အဖိုးပေးခဲ့တဲ့မိသားစုနာမည်.....
ဒေါ်ရတနာခင်ကတော့ သူမေ့တေ့တေ့ဖြစ်နေပြီ ဖြစ်တဲ့ သူ့အဖေရဲ့ အစ်မအကြီးဆုံး...
"ဦးလေးတို့ ဒီကသလင်းမြူကို လိုက်ရှာနေခဲ့တာ .....
သားရဲ့အဒေါ်က အိမ်ထောင်လည်းမပြုခဲ့တော့ အမွေဆက်ခံသူအနေနဲ့ သားကိုပဲရွေးပြီးရှာခိုင်းထားတာ...
အခု သားအဒေါ်ကသားကို အရမ်းတွေ့ချင်နေရှာတယ်.... သူ့ကျန်းမာရေးအခြေအနေလလည်းမကောင်းဘူး.....
ဖြစ်နိုင်ရင် အခုပဲ ဦးလေးတို့နဲ့ သားအဒေါ်ဆီလိုက်ခဲ့နိုင်မလား...."
သလင်းမြူ တစ်ချိန်တုန်းက ဝိုးတဝါးမှတ်ဉာဏ်တွေကို ပြန်မြင်ယောင်လာမိသည်။
ဖေဖေ့ရဲ့အမွေအကုန် လက်ဝါးကြီးအုပ်သွားခဲ့သည့်သူမ....
မောင်အရင်းဖြစ်သူ ရောဂါခံစားနေရတာတောင် ကုမနေနဲ့ ပိုက်ဆံကုန်တာပဲအဖတ်တင်မယ် သေမှာပဲ လို့ပြောခဲ့တဲ့သူမ...
ဖေဖေ့အသုဘပြီးတော့ ဖေဖေအမြဲဝတ်ခဲ့သည့် ပတ္တမြားလက်စွပ်ကိုတောင် မေမေ့ဆီက နေအတင်းရအောင်ယူသွားခဲ့သည့်သူမ.....
အခုတော့ ကျန်းမာရေးမကောင်းဘူးတဲ့လား.
တူလေးကိုတွေ့ချင်တယ်တဲ့လား....
ဘယ်လောက်တောင် ရယ်စရာကောင်းသလဲ...
သူတစ်ချက်တော့ ပြုံးလိုက်မိသည်။
"ဦးလေးတို့ လူမှားနေပြီ.....
ကျွန်တော့်မှာ အဒေါ်တစ်ယောက်မှမရှိဘူး....."
"လူမမှားနိုင်ပါဘူး.....
ဒီကမောင်ရင်က ဦးမြတ်တံခွန်ရဲ့သား သလင်းမြူဆိုတာကိုသေချာစုံစမ်းထားတာပါ"
"ကျွန်တော်လူမှားနေတယ်လို့ ပြောပြီးပြီလေ
ပြန်လိုက်ပါတော့....."
"မောင်ရင်က အဒေါ်ဖြစ်သူအပေါ်စိတ်နာတာကို ဦးလေးနားလည်ပါတယ်
ဒါပေမယ့် ဒေါ်ရတနာရဲ့ ရောဂါအခြေအနေက အရမ်းကိုဆိုးနေပြီ
အရင်ကအဖြစ်အပျက်တွေကို မေ့ထားပြီး တူတစ်ယောက်အနေနဲ့ ဒေါ်ရတနာကိုတော့ကိုယ်ချင်းစာ လိုက်တွေ့ပေးပါ...
ဦးလေးတောင်းဆိုပါတယ်...."
အဖေ့စကားအဆုံး မြူ့လက်သီးတွေတင်းတင်းဆုပ်လိုက်သည်ကို ကောင်းကင်ဘေးကနေမြင်နေရသည်။
"မန်နေဂျာကြီး!!!"
"ဟုတ်ကဲ့ သူဋ္ဌေး"
အခန်းအပြင်မှာ ရှိနေသည့် မန်နေဂျာဦးလေးကချက်ချင်းဝင်လာသည်။
"သူတို့ကိုအပြင်ခေါ်ထုတ်သွားတော့!"
ဒေါသတွေကို ထိန်းထားရသည့် မြူ့ပုံစံကိုမမြင်ဖူးခဲ့သည့် ကောင်းကင်မှာလည်း ကြောင်အအ...
"သေချာစဥ်းစားပေးပါ...
ဦးလေးတောင်းဆိုပါတယ်...."
"ထွက်သွား!!!!"
အလုပ်သမားတွေဆွဲထုတ်ရာနောက်ကို အဖေတို့ပါသွားသည်အထိ ကောင်းကင်မှာ မြူ့ပုံစံကိုတအံ့တဩကြည့်နေဆဲ....
မျက်လုံးတွေရဲတက်လာပြီး အံကြိတ်ထားသည့် မြူ့ကို သူစိုးရိမ်လာသည်။
"သဲငယ်...."
"မင်းလည်းသွားတော့....."
လေသံကိုမမာအောင်ထိန်းပြောလာသည့် မြူ...
"ကိုယ်.."
"သွားဆိုသွားလိုက် စစ်ကောင်းကင်နိုင်!!!
ငါ့အခုလူသတ်ချင်စိတ်ပေါက်နေတာနော်!
ဘယ်သူ့အခွက်ကိုမှမမြင်ချင်ဘူး!
သွားတော့!"
စိတ်မချပေမယ့် မြူပြောသည့်အတိုင်း ထိုရုံးခန်းထဲမှထွက်လာခဲ့လိုက်သည်။
တံခါးကိုအသာစေ့ထားပြီး ရပ်ကာနားထောင်ကြည့်ပေမယ့် ရုံးခန်းထဲမှာတိတ်ဆိတ်နေသည်။
ပြန်ဝင်သွားမည်လုပ်တော့ မန်နေဂျာကြီးက သူ့လက်ကိုဖမ်းဆွဲကာ ခေါင်းရမ်းပြသည်။
ကောင်းကင်လည်း ဘာလုပ်ရမယ်မှန်းမသိသည့်အဆုံး ဦးဘုန်းရှိန်ဝါထက်ကိုသာဖုန်းဆက်ပြီး အဖြစ်အပျက်ကို အတိုချုံးပြောလိုက်တော့ အမြန်ရောက်ချလာလေသည်။
ရုံးခန်းထဲ ဘုန်းရှိန်ဝါထက်ဝင်သွားတော့ သူနဲ့မန်နေဂျာကြီးရဲ့ နားတွေက တံခါးဆီပြေးကပ်သွားသည်။
"ငယ်....."
ငူငူငိုင်ငိုင်ထိုင်နေသည့် ငယ်ကသူ့ကိုမြင်တော့ မျက်ဝန်းလေးတွေအရောင်မှိုင်းသွားသည်။
"ဘာတွေတွေးနေတာလဲ... "
"စဥ်းစားနေတာ.....
ရှေ့နေကြီးကပြောတယ် ကိုယ်ချင်းစာဖို့...."
"အင်း..."
သူနားထောင်နေမှန်းအသံတစ်ချက်ပြုတော့ ငယ်ကဆက်ပြောသည်။
"သူတို့တွေက ကိုယ်ချင်းစာဖို့ထိုက်တန်ရဲ့လား.....
ကိုကိုရောဘယ်လိုထင်လဲ..... "
"ကိုကို့မှာ သွေးသားတော်စပ်သူမှမရှိတာငယ်ရယ်....
ကို့ကို့အဖေအမေ တွေကလည်းဆွေမရှိမျိုးမရှိတွေလေ ကိုကိုကလည်းတစ်ကောင်ကြွက်ပဲ
ငယ့်လိုမှမဟုတ်တာ....."
"သားအချိန်လိုတယ်"
"အင်း.....
အပြင်မှာ စစ်ကောင်းကင်နိုင်ရှိနေတယ်..."
"သူ့ကိုမတွေ့ချင်သေးဘူး....."
"ဘာလို့လဲ...."
"ဒီလိုပုံစံကိုမမြင်စေချင်ဘူး....."
"ကိုကို သူ့ကိုပြန်ခိုင်းလိုက်မယ်နော်"
ထွက်သွားတဲ့ ကိုကို့ခြေသံတွေနောက် သူ့သက်ပြင်းချသံက တိုးညင်းစွာ...
ကောင်းကင်ရှေ့မှာ သူငိုရင်ငိုမယ် ရယ်ရင်ရယ်မယ် ဒါပေမယ့် ဒီလိုမျိုး မငိုနိုင်မရယ်နိုင်တဲ့ ပုံစံကိုတော့ မပြချင်.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
သဲငယ်သူ့ကိုအဆက်အသွယ်ဖြတ်ထားတာ နှစ်ရက်နဲ့ နေ့တစ်ပိုင်းရှိပြီ.....
ဟိုနေ့က ရုံးခန်းထဲမှာ ဦးဘုန်းကြီးနဲ့ ဘာတွေပြောကြလဲမသိ.....
အသံတိုးလွန်းတော့ ဘာမှ သဲသဲကွဲကွဲမကြားခဲ့ရ....
ခဏနေတော့ ဦးဘုန်းကြီးထွက်လာပြီး သူ့ကိုပြန်တော့တဲ့.....
သဲငယ်ကို စိတ်မပူဖို့ပြောပြီး အတင်းပြန်လွှတ်လို့ သူပြန်ခဲ့ရတာ....
တိုက်ခန်းသွားကြည့်တော့လည်း တံခါးလာဖွင့်ခြင်းမရှိ.....
ပွဲရုံသွားကြည့်တော့လည်း သူဋ္ဌေးမလာပါဘူးတဲ့....
နောက်နှစ်ရက်ဆိုသူ့မွေးနေ့ကရောက်တော့မည်။
မွေးနေ့ကိုပထမဆုံးသဲငယ်နဲ့ဖြတ်သန်းဖို့အရေး စိတ်ကူးတွေယဥ်ထားလိုက်ရတာ အခုတော့.....
ဒီအခြေအနေဖြစ်ရတာ အဖေ့အလုပ်ရှင်ကြောင့်ဆိုပြီး အဖေ့ကိုသိပ်မကြည်ချင်တော့ဘဲ အမြင်ကတ်ပုဒ်မနဲ့ မျက်နှာချင်းကိုမဆိုင်.....
အဖေကလည်းသူ့ကိုမေးခွန်းတွေမေးချင်နေပေမယ့် ပြိုကျတော့မယ့်မိုးလိုသူ့မျက်နှာကြီးကြောင့် မမေးရှာပေ။
မနေ့ကလည်းစိတ်နဲ့လူနဲ့ကပ်သလားမမေးနဲ့ ကျောင်းရောက်မှ ဟိုကောင်တွေပြောလို့သတိထားမိတယ် အိမ်စီးကွင်းထိုးဖိနပ်နဲ့ ခေါင်းဖီးဖို့လည်းမေ့ ဘောင်းဘီဇစ်တောင်မတပ်ခဲ့မိ......
သောက်ရှက်တွေကွဲလည်း သူ့မှာမရှက်နိုင် ...
မထိန်းနိုင်သည့်အဆုံး ဋ္ဌာနရှေ့အပင်အောက်မှာ သဲငယ်ရေ လွမ်းလှပြီဟု အော်ငိုချလိုက်သည်။
ဒီလိုနဲ့ရောက်လာသည့် သူ့မွေးနေ့...
မနက်စာဝိုင်းမှာသူ့ကိုစောင့်နေပြီး မွေးနေ့ဆုတောင်းစကားပြောသည့် အဖေနဲ့အမေကို အပြုံးအရယ်မရှိ တစ်ချက်သာကြည့်ပြီး မုန့်တွေကို ဖိချေနေသည်။
"သားကဒ်ထဲမုန့်ဖိုးထပ်ထည့်ပေးထားတယ် သူငယ်ချင်းတွေနဲ့ပွဲလေးဘာလေးလုပ်"
ခေါင်းညိတ်လိုက်လားခေါင်းခါလိုက်သလားသူမသိ ကော်ဖီတွေကိုသာကြည့်ရင်း သဲငယ်ကကော်ဖီနဲ့မတည့်ဘူးဟုသာသူတွေးနေမိသည်။
"သားကသလင်းမြူလေးနဲ့ ဘယ်လိုလုပ်ရင်းနှီးနေတာလဲ...."
အမေ့ထံမှစလာသည့် စကားကြောင့် သူခေါင်းထောင်လာသည်။
"အမေက မြူ့ကိုသိလို့လား..."
"သိတာပေါ့.....
မြူလေးပေါက်စနကတည်းက မင်းအဖေနဲ့သွားသွားလည်နေကျကို.....
မြူလေးအဖိုးက အရင််က မန္တလေးတိုင်းဝန်ကြီးချုပ်လေ...
မင်းအဖေနဲ့အမေ့ကျေးဇူးရှင်ပဲ...
သားကငယ်သေးလို့မမှတ်တာနေမယ်.....
ငယ်ငယ်က မြူလေးသုံးနှစ်ပြည့်မွေးနေ့မှာသားကမြူလေးပါးလေးကိုကိုက်ဆွဲလို့ ဟိုကအော်ငိုရှာတာ..... "
"မြူနဲ့သားနဲ့ကငယ်ငယ်တုန်းကတွေ့ဖူးတယ်ပေါ့...."
"အင်းလေ....
သားတို့နှစ်ယောက်က အသက်ကလည်း ဆယ်လလောက်ပဲကွာတာ....
သားမွေးနေ့လည်း မြူလေးကသူ့အဖိုးနဲ့လာတယ်...
မှတ်မှတ်ရရ ဓာတ်ပုံတွေတောင်ရိုက်ထားသေးတယ်...."
"ဘယ်မှာလဲ အဲ့ဓာတ်ပုံတွေက.."
"အမေတို့အခန်းထဲက album ထဲမှာလေ...
သားငယ်ငယ်ကဓာတ်ပုံတွေ အကုန်ရှိတယ်"
သူအမေတို့အခန်းဆီအမြန်ပြေးကာ တစ်ခါမှမကြည့်ခဲ့သည့် သူ့ဓာတ်ပုံ album ကြီးကိုမွှေနှောက်ရှာတော့သည်။
သူ့သုံးနှစ်ပြည့်မွေးနေ့မှာ တခြားကောင်လေးတစ်ယောက်လက်ကိုဆွဲထားသည့်ပုံလေး....
သူဆွဲထားတဲ့လက်ပိုင်ရှင်က သူ့ထက်နည်းနည်းအရပ်ကလေးရှည်နေသည့် သူ့ရဲ့သဲငယ်ပေါက်စလေး.....
အရုပ်လုနေသည့်ပုံရန်ဖြစ်နေသည့်ပုံတွေကိုကြည့်ရင်း အရူးကြီးလိုပြုံးကာ သူမနက်စာဝိုင်းဆီ album ကြီးပိုက်ပြီး ပြန်ရောက်လာခဲ့သည်။
"မြူနဲ့သားတို့ကနောက်ကျဘာလို့မတွေ့တော့တာလဲဟင်"
"မြူလေးအဖိုးအဖွားတွေဆုံးပြီး မကြာဘူး...
မြူလေးအဖေလည်းဆုံးသွားတယ်လေ....
မြူလေးအဖိုးက သားသမီးတွေထဲမှာ သူ့သားအငယ်ဆုံး မြူလေးအဖေ ကိုမြတ်တံခွန်ကိုအချစ်ဆုံးပဲ....
သားအချစ်မြေးအနှစ်ဆိုတော့ မြူလေးကိုဆိုသဲသဲလှုပ်.....
အမွေတွေအတွက်သေတမ်းစာမထားခဲ့ပေမယ့် သေချာပေါက် ကိုမြတ်တံခွန်ကအများဆုံးရမှာ.....
ဒါပေမယ့်သားရယ်.....
အစ်မရတနာကလောဘသိပ်ကြီးလွန်းတယ်..
ကိုမြတ်တံခွန်ရသင့်ရထိုက်တာအကုန်သူ့လက်အောက်ရောက်အောင်လုပ်တာ...."
"အဖေက မိသားစုရှေ့နေဆို ဘာလို့မြူ့အဖေကိုမကူညီရတာလဲ"
"မင်းအဖေက အဲ့အချိန်တုန်းက ရှေ့နေပေါက်စလေးလေ.....
ဘာနောက်ခံမှမရှိဘဲ ဘာမှလုပ်လို့မရတဲ့ ခေတ်လေသားရယ်....."
"အဖေလည်း ကိုယ့်စိတ်ကိုယ်မလုံဘူးကွာ...
မကူညီနိုင်ခဲ့လို့ အမြဲတောင်းပန်ချင်နေခဲ့တာ..
အစ်ကို မြတ်တံခွန်ဆုံးပြီးနောက် မြူလေးတို့မိသားစုလည်းပြောင်းရွေ့သွားကြတော့ လုံးဝအဆက်အသွယ်မရှိတော့ဘူး.....
အခုမှအမွေကိစ္စကြောင့် ပြန်ရှာတွေ့တာ...
သားလည်းမြူလေးကိုနားချပေးဦး....
အခုသူ့လက်ထဲလွှဲမယ့်အမွေတွေကတကယ်တမ်း သူ့အဖေရခဲ့ရမယ့်ဟာတွေမို့ လက်မလွတ်စေချင်ဘူး"
ကောင်းကင် အခုပျော်ရမလို ဝမ်းနည်းရမလို ဝေခွဲမရ....
ဟိုးငယ်ငယ်တုန်းက မြူနဲ့သူ့ကြားမှာသံယောဇဥ်တွယ်ခဲ့သောကြောင့် ပျော်ပြီး လက်ရှိ မြူသူ့ကိုအဆက်အသွယ်ဖြတ်ထားလို့ဝမ်းနည်းသည်။
တစ်နေကုန်အခန်းထဲမှာပဲ ဓာတ်ပုံတွေကြည့်ရင်း သူ့မွေးနေ့ကိုကုန်ဆုံးရပေတော့မည်။
📲🎶 phone rings.....
"ဘာလဲ!"
တေဇဖုန်းကိုခပ်ဆောင့်ဆောင့်ပြန်ဖြေလိုက်သည်။
"ငစစ် ဒီနေ့မင်းမွေးနေ့နော်....
မေ့နေတာလား..."
"မမေ့ဘူးဟေ့... "
"မမေ့ရင်လည်း ဒီညခါတိုင်းလိုတစ်ဝိုင်းနော်"
"ငါစိတ်မပါဘူးကွာ"
"ဟေ့ရောင် မရဘူးနော် ထိုင်နေကျဆိုင်မှာငါတို့စောင့်နေမှာ.....
မ treat လို့ကတော့ ကျိန်စာတိုက်ပစ်မယ်"
မျိုဖို့စို့ဖို့ချောင်းနေတဲ့ကောင်တွေကို ဆဲလိုက်ပေမယ့်တစ်ဖက်ကဖုန်းချသွားပြီမို့မကြားနိုင်တော့....
မျှော်လင့်ချက်လေးနဲ့ မြူ့ဖုန်းကိုခေါ်ကြည့်လိုက်ပေမယ့် operator အစ်မကြီးရဲ့ စက်ပိတ်ထားပါသည်အသံပဲသူကြားရသည်။
ညနေစောင်းမှောင်ခါနီးမှာတော့ သူရေချိုးပြီး ဟိုကောင်တွေမျိုကြစို့ကြတာကိုပိုက်ဆံရှင်းဖို့ထွက်လာခဲ့သည်။
ဘယ်အချိန်ကတည်းကရောက်နေကြမှန်းမသိ ဒင်းတို့ကမှာပြီး စားနေသောက်နေကြပြီ။
"ငစစ် မင်းသောက်ခွက်ကြီးကလည်းကွာ မှုန်ကုပ်နေတာပဲ "
"ငါ့ဘာသာကုပ်တာဘာဖြစ်လဲ.....
ဘယ်မှာလဲငါ့အတွက်လက်ဆောင်!"
"ပြီးရင်လာမယ်လေ....
မင်းကလည်း "
စိတ်မပါပဲအပြင်ကိုငေးနေရင်း ရုတ်တရက် တစ်ဆိုင်လုံးအမှောင်ကျသွားသည်။
"ဘာလဲဟ!"
"ဘာဖြစ်တာလဲ!!"
ဧည့်သည်တွေဆီမှ အသံစုံထွက်လာသည်။
"အားလုံးကိုအနူးအညွတ်တောင်းပန်ပါတယ်!
ခဏလေးပါဗျ!
ဖုန်းမီးလေးတွေပြန်ပိတ်ပေးပါ!!"
အကုန်ကြောင်တောင်တောင် ဖုန်းမီးလေးတွေပိတ်ပြီး ပြန်ထိုင်သွားချိန်မှာ ထွက်ပေါ်လာသည့် ဖယောင်းတိုင်မီးလေး.....
"🎶 Happy birthday to you!!!
Happy birthday to you! !"
သီးစုံကိတ်လေးကိုင်ပြီး ထွက်ပေါ်လာသည့် သူ့ရဲ့သဲငယ်.....
တေဇတို့ရဲ့ ညီညီညာညာ လက်ခုပ်တီးသံနှင့် အတူ မွေးနေ့သီချင်းလေးဆိုရင်း သူ့အနားတရွေ့ရွေ့နီးကပ်လာသည်။
"🎶Happy birthday Dear Kaung Kin!!!
Happy birthday to you!!!"
"ဆုတစ်ခုတောင်းလေ"
ကောင်းကင် ခေါင်းရမ်းပြပြီး ဖယောင်းတိုင်ကိုမှုတ်လိုက်သည်။
လက်ခုပ်သံတွေနှင့် မီးတွေအကုန်ပြန်ဖွင့်လိုက်ကြသည်။
ကိတ်ကိုစားပွဲပေါ်တင်ပြီး မြူ့ကိုယ်လုံးလေးကိုသာ နစ်ဝင်မတတ်ဖက်ထားမိသည်။
"ဘာလို့ဆုမတောင်းတာလဲ"
"အခုကိုယ့်အတွက် ပြည်စုံနေပြီ"
မြူဟာခပ်တိုးတိုးရယ်ပြီး သူ့ကိုပြန်ဖက်သည်။
ဆိုင်ထဲမှာတခြားသူတွေရှိနေပေမယ့်လည်း သူဂရုမစိုက်နိုင်..... အရမ်းလွမ်းနေခဲ့ရသည်ပဲ...
စိုင်းစံကဘေးကနေ camera တစ်လုံးနှင့်မှတ်တမ်းတင်ပေးနေသည်။
"ကိုယ်ဘယ်လောက်တောင် စိတ်ပူနေခဲ့လဲသိလား.....
လွမ်းလွန်းလို့ ရူးတောင်ရူးချင်နေပြီ"
သူ့မျက်နှာကိုကိုင်လျက် ငိုတော့မလိုပြောနေသည့် ကောင်းကင်.....
"အခုမောင့်ရှေ့ကိုရောက်နေပြီလေ.....
မွေးနေ့မှာမငိုရဘူးနော်....."
မောင်လို့ခေါ်ပေးလိုက်တော့ လိုချင်တာရသွားသည့် ကလေးငယ်လိုပြုံးသည်။
"ပြီးတော့ ဒီမှာ...."
ဖြူဖြူသေးသေး လက်ကောက်ဝတ်ပေါ်မှ အနက်ရောင်လိပ်ပြာတစ်ကောင်နှင့်စာတန်းလေး.....
"own by sitt kaung kin naing"
စာတန်းလေးကထိုးထားတာလတ်လတ်ဆတ်ဆတ်ပဲရှိသေးမှန်း သွေးစို့ပြီးနီနေသည်က သက်သေ...
"အရမ်းနာနေတယ်မလား...."
လက်ကောက်ဝတ်လေးကိုနမ်းပြီး ကောင်းကင်မေးတော့ မြူကပြုံးပြုံးလေး ခေါင်းရမ်းပြသည်။
"ကိုယ်လည်း သွားထိုးရဦးမယ်"
"မထိုးနဲ့....
မောင်နာလိမ့်မယ်....."
"သဲငယ်ကျတော့အနာခံပြီးထိုးထားရတာလေ...."
"သဲငယ်ကိုချစ်ရင်မထိုးနဲ့.....
ပြောတာကြားလား..."
"ဟုတ်....."
သိပ်ကျေနပ်ပုံမပေါ်ပေမယ့် သူ့စကားကိုမငြင်းရှာပါ။
သူ့ရဲ့ကောင်းကင်ကိုအပ်တစ်ချောင်းနဲ့တောင် မထိခိုက်စေချင်....
"မင်းတို့ငါ့ကိုမွေးနေ့လက်ဆောင်မပေးရသေးဘူး....."
သူတို့ဘက်ပြန်လှည့်လာသည့် စစ်ကောင်းကင်ကြောင့် တေဇစားနေတာတောင်နင်သွားသည်။
"အဲ့မှာ သလင်းမြူလေ
မင်းအတွက်ငါတို့ပေးတဲ့လက်ဆောင်....."
လက်သီးတစ်ချက်ရွယ်ပြပြီး မြူ့ကိုသာထိုင်ကြည့်နေမိတော့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မြူ့အဒေါ်ကိစ္စနှင့်ပတ်သက်ပြီး ကောင်းကင်တစ်ခွန်းမှမဟမိအောင်ထိန်းပြီး မြူ့ကိုတိုက်ခန်းပြန်ပို့ခဲ့သည်။
မြူ elevator ဝင်သွားပြီးတော့မှ ငယ်ငယ်က ကိစ္စကိုပြောဖို့သတိရကာ သူ့ပြန်လှည့်လာခဲ့သည်။
Elevator ကိုခဏလောက်စောင့်လိုက်ရပြီး မြူ့အခန်းရှိရာသို့ သူအမြန်လှမ်းခဲ့သည်။
အခန်းတံခါးကိုခေါက်မယ်လုပ်ပြီးမှ lock ချမထားသည်ကို သတိထားမိကာ သူတန်းဝင်လိုက်သည်။
"မင်းငါ့ကိုဘာလုပ်မလို့လဲ!!
လွှတ်!!"
"အသံမထွက်အောင်ပိတ်ထားစမ်း!!!"
ကြားလိုက်ရတဲ့ မြူ့ရဲ့အကူအညီတောင်းနေသံတွေကြောင့် ကောင်းကင်မြူ့အိပ်ခန်းဆီအမြန်ပြေးမိသည်။
ပါးစပ်ကိုပိတ်ပြီး လူနှစ်ယောက် ဝိုင်းချုပ်တာခံထားရသည့် မြူ့မျက်နှာနားသို့ စူးနေရောင်ထက်ကိုင်ထားသည့် ဓားကတိုးကပ်သွားသည်။
"စူးနေရောင်ထက်!!!"
ဓားကိုဝင်လုရင်း ရုတ်ရုတ်သဲသဲတွေဖြစ်သွားကာ မြူ့ကိုချုပ်ထားသည့် သူတွေကို သူဆောင့်ကန်ပစ်သည်။
"မောင်"
တုန်ယင်နေသည့် မြူ့လက်ကလေးတွေကိုသူဆုပ်ကိုင်လိုက်သည်။
"မကြောက်နဲ့နော်....
ဘာမှမဖြစ်စေရဘူး....
ကိုယ်ရှိတယ်...."
မြူ့ကိုမထိခိုက်စေရန်သူ့အနောက်တွင်နေစေပြီး သူစူးနေရောင်ထက်နှင့် မျက်နှာချင်းဆိုင်သည်။
"နှစ်ကောင်လုံးကို ချုပ်ထား"
စူးနေရောင်ထက်စကားအဆုံး ပြေးဝင်လာသည့် နှစ်ကောင်နှင့် ကောင်းကင်လုံးထွေးသတ်ပုတ်သည်။
နှစ်ယောက်တစ်ယောက်မမျှတတော့ သလင်းမြူ ပါဝင်ပါသည်။
စူးနေရောင်ထက်က သူ့ကိုစားပွဲပေါ်မှ မီးအိမ်နှင့် အနောက်ကဝင်ရိုက်ရာ ရှောင်နိုင်လို့သူကပ်ပြီးလွတ်သွားသည်။
စူးနေရောင်ထက်ဗိုက်ကို သူကန်ချလိုက်ပြီး ယိုင်သွားတာနဲ့ လက်သီးနှင့်မျက်နှာကို လေးချက်လောက်ဆင့်ထိုးပစ်သည်။
ရုတ်တရက် သူ့ဆီဓားနဲ့ပြေးဝင်လာတော့ သူအမြန်ရှောင်လိုက်ရပြန်သည်။
"အ!!"
"မောင်!!!"
သူလွတ်သွားပေမယ့် သတိမထားမိလိုက်သည့် ကောင်းကင်ကတော့.....
ကောင်းကင်ရဲ့ ဗိုက်ညာဘက်မှာ စိုက်ဝင်သွားသည့်ဓားကိုစူးနေရောင်ထက်အလန့်တကြားဆွဲနှုတ်လိုက်တော့ သွေးတွေပိုထွက်လာရာ စူးနေရောင်ထက်ရော ဟိုလူနှစ်ယောက်ပါ ကြောက်အားလန့်အားနှင့် ထွက်ပြေးသွားကြသည်။
"မောင်!! မောင်!!!"
သွေးထွက်မလွန်စေရန် အဝတ်တစ်ခုနဲ့ဖိပိတ်ထားရင်း ကိုခန့်ထံဖုန်းခေါ်အကူအညီတောင်းရသည်။
"မောင်! သဲငယ်ခေါ်တာကိုကြားလား!
မောင်!!"
သတိမလွတ်စေရန် မောင့်လက်ကိုဆုပ်ကိုင်ရင်း သူအထပ်ထပ်ခေါ်နေသည်။
မိနစ်ပိုင်းအတွင်း ရောက်လာသည့် အရေးပေါ်ကားနှင့် ကွန်ဒိုတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
အရေးပေါ်ခန်းရှေ့မှာ သွေးနီနီတွေပေနေသည့် သလင်းမြူ ကိုကို့ကိုအမြန်ခေါ်လိုက်သည်။
သူ့ကိုစိတ်ငြိမ်ငြိမ်ထားဖို့ ကိုခန့်ကတဖွဖွပြောရင်း သူ့လက်ကသွေးတွေကိုသုတ်ပေးသည်။
ကိုကိုနဲ့ ကောင်းကင်ရဲ့အဖေအမေလည်း ရောက်လာပြီး အကြောင်းစုံကိုမေးသည်။
"စူးနေရောင်ထက်.....
သူကျွန်တော့်အခန်းကိုသူငှားထားတဲ့လူတွေနဲ့ဖောက်ဝင်တယ် ကျွန်တော့်မျက်နှာကိုဓားနဲ့မွှန်းဖို့လုပ်တယ်....
ကောင်းကင်ရုတ်တရက်ရောက်လာလို့ ကျွန်တော်လွတ်သွားပေမယ့် သူကောင်းကင်ကိုဓားနဲ့ထိုးပြီးထွက်ပြေးသွားတယ်..."
ကောင်းကင်ရဲ့ အမေကငိုနေပြီး ကောင်းကင်အဖေကတော့ ရဲမှူးတွေကိုဖုန်းဆက်ကာ ချက်ချင်း အမှုဖွင့်နေသည်။
ထိုးကြကြိတ်ကြရင်း အနည်းငယ်ရထားသည့် သူ့မျက်နှာနှင့်လက်မှ အပွန်းအပဲ့တွေကို ကိုခန့်ကဆေးထည့်ပေးပြီး သူ့ကိုစိတ်ငြိမ်ဆေးလည်းတိုက်ထားသည်။
ခွဲခန်းထဲမှထွက်လာသည့်ဆရာဝန်၏ အသက်အန္တရာယ်မရှိတော့ပါဘူး ဆိုသည့် စကားကြားမှ မြူသက်ပြင်းချပြီး မျက်လုံးတွေပိတ်ကျသွားတော့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အနားမှာမင်းရှိနေရင်
ဆုတောင်းစရာမလိုအောင်
ကိုယ့်အတွက်အရာရာပြည့်စုံတယ်
စစ်ကောင်းကင်နိုင်
(AN: hello ကိုယ်ပြန်လာပြီ😁
ကိုယ့်ကိုရောလွမ်းကြရဲ့လား)
************************************
Zawgyi
"လာေလ စူးေနေရာင္ထက္"
မ်က္တြင္းေတြေခ်ာင္က်ကာ ရီေဝေဝအၾကည့္ေတြႏွင့္ သူတို႔ရွိရာကိုေလ်ာက္လွမ္းလာသူ
"ဘာသေဘာလဲ"
တြဲထားတဲ့လက္ေတြကိုၾကည့္ရင္း မ်က္ေမွာင္က်ဳံ႕ေမးလာသည္။
"တရားဝင္ေၾကညာတာ.....
စစ္ေကာင္းကင္နိုင္ဆိုတာ ငါ သလင္းျမဴရဲ႕ခ်စ္သူ....."
"ဪ....."
ေခါင္းတညိတ္ညိတ္ႏွင့္ေလွာင္ၿပဳံးၿပဳံးသည္။
"တြဲလက္ေတြၿမဲပါေစကြာ....."
ဆန့္က်င္ဘက္ က်ိန္စာဆန္တဲ့ ဆုေတာင္းစကားတစ္ခြန္းဆိုၿပီး သူ႕ကိုစူးစူးဝါးဝါးစိုက္ၾကည့္ကာ စူးေနေရာင္ထက္ျပန္ထြက္သြားသည္။
တိတ္ဆိတ္ေနသည့္ေလထုႏွင့္ဆိုင္ထဲမွာ သူတို႔အကုန္လုံးမတ္တပ္ေလးေတြ...
"မင္းတို႔လည္းျမင္ၿပီးၿပီဆိုေတာ့ သေဘာေပါက္တယ္မလား...
ငါစူးေနေရာင္ထက္ေနရာမွာခဏေနရင္း ေကာင္းကင္ကိုခ်စ္မိခဲ့တယ္...
ေကာင္းကင္လည္းအမွန္ကိုသိၿပီး အခုငါတို႔တရားဝင္တြဲေနၿပီ"
"အင္းဟုတ္တယ္"
သူ႕စကားအဆုံးေကာင္းကင္ကဝင္ေထာက္ခံၿပီး သူတို႔ႏွစ္ေယာက္လုံးထိုင္လိုက္ၾကသည္။
စိုင္းစံလည္းသိၿပီးသားမို႔ေခါင္းတစ္ခ်က္ညိတ္ၿပီးျပန္ထိုင္သည္။
က်န္တဲ့ေကာင္ေတြကေတာ့အခုထိရပ္ေကာင္းတုန္း...
"အဲ့ေတာ့ မင္းကသလင္းျမဴ...
First semester တုန္းကငါတို႔နဲ႕ေက်ာင္းတက္ခဲ့တာမင္းေပါ့"
"အင္း..."
"ငစစ္မင္းကဘယ္တုန္းကသိတာလဲ"
"သိပ္မၾကာေသးဘူး...
Second sem အစေလာက္က
သဲငယ္ထြက္သြားၿပီးစူးေနေရာင္ထက္ေရာက္လာေတာ့ ငါစသတိထားမိတာ..."
"စိုင္းစံမင္းကဘာလို႔ေအးေဆးျဖစ္ေနတာလဲ"
"အဲ့ေကာင္ကအစကတည္းကသိတယ္...
သဲငယ္ကသူ႕အထက္တန္းတုန္းက စီနီယာတဲ့..."
" ေခြးေကာင္"
မထုံတတ္ေတးပုံစံစိုင္းစံဆီေတဇတို႔ရဲ႕လက္ဝါးေတြပ်ံဝဲလ်က္ ဆဲသံေတြညံေနသည္။
"သလင္း နင္တကယ္ႀကီး ေယာက္်ားေလးနဲ႕ခ်စ္ေနတာေပါ့"
အခုမွအသံထြက္လာသည့္ ေသြး....
"အင္း..."
"ဘယ္ကတည္းကလဲ"
"လပိုင္းေလာက္ပဲရွိေသးတယ္....
ေသြး နင့္ငါ့ကို႐ြံသြားတာလားဟင္"
ေသြးရဲ႕တုံ႕ဆိုင္းေနသည့္ ပုံစံေၾကာင့္ သလင္းျမဴမ်က္ရည္ေတြဝဲတက္လာသည္။
Come out လုပ္လိုက္ရင္လည္း သူ႕သူငယ္ခ်င္းေတြလက္ခံေလာက္မွာပါ လို႔ယုံၾကည္ထားမိတာေလ။
သူ႕အေပၚအေမလို႔အမလို႔ကာကြယ္ေစာင့္ေရွာက္ေပးခဲ့တဲ့ေသြးကိုသူမဆုံးရႈံးခ်င္...
"မူမေနနဲ႕ ဟိုမွာငိုေတာ့မယ္"
ေသြးလက္ကိုလွမ္းရိုက္ၿပီးေဇယ်ာသတိေပးလိုက္ေတာ့ ေသြး မ်က္ႏွာအမူအရာက စိုးရိမ္မႈဘက္ေျပာင္းသြားကာ မ်က္ရည္ေတြက်လာၿပီျဖစ္သည့္ သူထိုင္ေနရာသို႔ေရာက္ခ်လာသည္။
"ငါက အံ့ဩသြားလို႔ပါဟာ...
မငိုပါနဲ႕ သလင္းရယ္...
ေနာ္..."
"ငါ့ကိုစိတ္ပ်က္တယ္မလားဟင္"
"ပ်က္စရာလား...
မငိုနဲ႕ေနာ္ တိတ္တိတ္...."
မ်က္ရည္ေတြသုတ္ေပးၿပီး ေခ်ာ့ျမႇူေနသည့္ ေသြးေၾကာင့္ သလင္းျမဴ ႏွာေလးတရႈံ႕ရႈံ႕ႏွင့္ ဝမ္းသာစြာၿပဳံးမိသည္။
"ဪ ငါ့သူငယ္ခ်င္းေလး ေတာ္လွေတာ္လွလို႔အၿမဲေတြးေနတာ...
ဒင္းကဘဲလက္ဆြဲထြက္လာတယ္"
မ်က္ေစာင္းႀကီးဝင့္ကာ ေျပာသည့္ေဝယံကိုလည္း သလင္းျမဴသြားေလးၿဖီးကာသာရယ္ျပလိုက္သည္။
"အခုကိုယ္တို႔တရားဝင္ျဖစ္သြားၿပီ"
ဆုပ္ကိုင္ထားသည့္ သလင္းျမဴ လက္ဖမိုးကိုခပ္ဖြဖြနမ္းရွိုက္ၿပီး ေကာင္းကင္ဆိုသည္။
"အဟမ္း!!!
ငါတို႔က single ေလးေတြေနာ္...
ေရွ႕တည့္တည့္လာၿပီး မ ro ျပသင့္ဘူး"
ေသြးရဲ႕ခပ္ေနာက္ေနာက္စကားသံကိုဂ႐ုမစိုက္ဘဲ ေကာင္းကင္ရဲ႕ ပါးကိုသလင္းျမဴ နမ္းလိုက္သည္။
"ကဲ!!!
ျပန္ၾကရေအာင္....
FA ေတြအားငယ္တယ္ဟဲ့!!!"
အတည္ေပါက္ႀကီးထထြက္သြားၾကရာ သလင္းျမဴႏွင့္ ေကာင္းကင္မွာ လိုက္ဆြဲရပါေသးသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ပြဲ႐ုံစဖြင့္ကတည္းက သလင္းျမဴမအားနိုင္ရာ ေကာင္းကင္ကပဲ သူ႕ဆီလာေတြ႕ရွာသည္။
အလုပ္လုပ္ေနခ်ိန္ေတြမွာလည္း အႏွောက္အယွက္မေပးဘဲ အနားမွာသာၿငိမ္ၿငိမ္ေလးလာထိုင္ေနတတ္သည္။
"သဲငယ္ ဘာစားခ်င္လည္း...."
လာခါနီးဖုန္းဆက္ေမးကာ သူေျပာတဲ့ဟာေတြကိုမပ်က္မကြက္ဝယ္လာေပးသည္။
"ျမဴေလး.....
ဧည့္သည္ေရာက္ေနတယ္"
ေကာင္းကင္နဲ႕အတူ သူ႕႐ုံးခန္းထဲမွာေန႕လည္စာစားေနတုန္း တံခါးေခါက္ၿပီး ဝင္လာသည့္ မန္ေနဂ်ာဦးေလး...
"ဘယ္သူလဲ...
ဦးဂ်ာ..."
မန္ေနဂ်ာ ဦးေလးေနာက္မွ လူႏွစ္ေယာက္ပါပါလာသည္။
"စစ္ေကာင္းကင္..."
"အေဖ...
ဒီကိုဘာလာလုပ္တာလဲ...."
ေကာင္းကင္ရဲ႕အေဖ ႏွင့္အျခား အနက္ေရာင္ဝတ္ ေရွ႕ေနတစ္ဦး...
"ဒါက ကြၽန္ေတာ္တို႔သူ႒ေး သလင္းျမဴပါ"
"ေဟ...."
သူ႕ကိုၾကည့္ၿပီး အံ့ဩေနသည့္ ေကာင္းကင္ရဲ႕အေဖ...
"သားက စူးေနေရာင္ထက္ မဟုတ္ဘူးလား..."
"႐ုပ္ခ်င္းဆင္တာအေဖ....
ဒါက ျမဴ...."
မယုံသလို ျမဴ႕ကိုေသခ်ာၾကည့္ေနသည့္ အေဖျဖစ္သူကို ေကာင္းကင္ၾကားကဝင္ေျပာရသည္။
"ထိုင္ပါဦး ဦးေလး...
ကြၽန္ေတာ့္ဆီကိုဘာကိစၥရွိလို႔လည္းဗ်"
သလင္းျမဴအလိုက္တသိေမးလိုက္ေတာ့ ေကာင္းကင္ရဲ႕အေဖက သူ႕ကိုတစ္ခုခုစေျပာရန္ အားယူေနသည္။
"ဦးေလးက.....
ေအာင္တံခြန္မိသားစုရဲ႕ေရွ႕ေနပါ
အခုလာရင္းကိစၥက
ေဒၚရတနာခင္က သူ႕ရဲ႕ပိုင္ဆိုင္မႈေတြအကုန္လုံးကို တူျဖစ္သူ သလင္းျမဴ ဆီအေမြလႊဲေျပာင္းဖို႔ပါ...."
ေအာင္တံခြန္ဆိုတာ သူ႕အေဖဘက္က အဖိုးနဲ႕အဖြားတည္ေထာင္ခဲ့တဲ့ ေ႐ႊဆိုင္ရတနာဆိုင္ေတြရဲ႕နာမည္ ေနာက္တစ္မ်ိဳးေျပာရရင္ အဖိုးေပးခဲ့တဲ့မိသားစုနာမည္.....
ေဒၚရတနာခင္ကေတာ့ သူေမ့ေတ့ေတ့ျဖစ္ေနၿပီ ျဖစ္တဲ့ သူ႕အေဖရဲ႕ အစ္မအႀကီးဆုံး...
"ဦးေလးတို႔ ဒီကသလင္းျမဴကို လိုက္ရွာေနခဲ့တာ .....
သားရဲ႕အေဒၚက အိမ္ေထာင္လည္းမျပဳခဲ့ေတာ့ အေမြဆက္ခံသူအေနနဲ႕ သားကိုပဲေ႐ြးၿပီးရွာခိုင္းထားတာ...
အခု သားအေဒၚကသားကို အရမ္းေတြ႕ခ်င္ေနရွာတယ္.... သူ႕က်န္းမာေရးအေျခအေနလလည္းမေကာင္းဘူး.....
ျဖစ္နိုင္ရင္ အခုပဲ ဦးေလးတို႔နဲ႕ သားအေဒၚဆီလိုက္ခဲ့နိုင္မလား...."
သလင္းျမဴ တစ္ခ်ိန္တုန္းက ဝိုးတဝါးမွတ္ဉာဏ္ေတြကို ျပန္ျမင္ေယာင္လာမိသည္။
ေဖေဖ့ရဲ႕အေမြအကုန္ လက္ဝါးႀကီးအုပ္သြားခဲ့သည့္သူမ....
ေမာင္အရင္းျဖစ္သူ ေရာဂါခံစားေနရတာေတာင္ ကုမေနနဲ႕ ပိုက္ဆံကုန္တာပဲအဖတ္တင္မယ္ ေသမွာပဲ လို႔ေျပာခဲ့တဲ့သူမ...
ေဖေဖ့အသုဘၿပီးေတာ့ ေဖေဖအၿမဲဝတ္ခဲ့သည့္ ပတၱျမားလက္စြပ္ကိုေတာင္ ေမေမ့ဆီက ေနအတင္းရေအာင္ယူသြားခဲ့သည့္သူမ.....
အခုေတာ့ က်န္းမာေရးမေကာင္းဘူးတဲ့လား.
တူေလးကိုေတြ႕ခ်င္တယ္တဲ့လား....
ဘယ္ေလာက္ေတာင္ ရယ္စရာေကာင္းသလဲ...
သူတစ္ခ်က္ေတာ့ ၿပဳံးလိုက္မိသည္။
"ဦးေလးတို႔ လူမွားေနၿပီ.....
ကြၽန္ေတာ့္မွာ အေဒၚတစ္ေယာက္မွမရွိဘူး....."
"လူမမွားနိုင္ပါဘူး.....
ဒီကေမာင္ရင္က ဦးျမတ္တံခြန္ရဲ႕သား သလင္းျမဴဆိုတာကိုေသခ်ာစုံစမ္းထားတာပါ"
"ကြၽန္ေတာ္လူမွားေနတယ္လို႔ ေျပာၿပီးၿပီေလ
ျပန္လိုက္ပါေတာ့....."
"ေမာင္ရင္က အေဒၚျဖစ္သူအေပၚစိတ္နာတာကို ဦးေလးနားလည္ပါတယ္
ဒါေပမယ့္ ေဒၚရတနာရဲ႕ ေရာဂါအေျခအေနက အရမ္းကိုဆိုးေနၿပီ
အရင္ကအျဖစ္အပ်က္ေတြကို ေမ့ထားၿပီး တူတစ္ေယာက္အေနနဲ႕ ေဒၚရတနာကိုေတာ့ကိုယ္ခ်င္းစာ လိုက္ေတြ႕ေပးပါ...
ဦးေလးေတာင္းဆိုပါတယ္...."
အေဖ့စကားအဆုံး ျမဴ႕လက္သီးေတြတင္းတင္းဆုပ္လိုက္သည္ကို ေကာင္းကင္ေဘးကေနျမင္ေနရသည္။
"မန္ေနဂ်ာႀကီး!!!"
"ဟုတ္ကဲ့ သူ႒ေး"
အခန္းအျပင္မွာ ရွိေနသည့္ မန္ေနဂ်ာဦးေလးကခ်က္ခ်င္းဝင္လာသည္။
"သူတို႔ကိုအျပင္ေခၚထုတ္သြားေတာ့!"
ေဒါသေတြကို ထိန္းထားရသည့္ ျမဴ႕ပုံစံကိုမျမင္ဖူးခဲ့သည့္ ေကာင္းကင္မွာလည္း ေၾကာင္အအ...
"ေသခ်ာစဥ္းစားေပးပါ...
ဦးေလးေတာင္းဆိုပါတယ္...."
"ထြက္သြား!!!!"
အလုပ္သမားေတြဆြဲထုတ္ရာေနာက္ကို အေဖတို႔ပါသြားသည္အထိ ေကာင္းကင္မွာ ျမဴ႕ပုံစံကိုတအံ့တဩၾကည့္ေနဆဲ....
မ်က္လုံးေတြရဲတက္လာၿပီး အံႀကိတ္ထားသည့္ ျမဴ႕ကို သူစိုးရိမ္လာသည္။
"သဲငယ္...."
"မင္းလည္းသြားေတာ့....."
ေလသံကိုမမာေအာင္ထိန္းေျပာလာသည့္ ျမဴ...
"ကိုယ္.."
"သြားဆိုသြားလိုက္ စစ္ေကာင္းကင္နိုင္!!!
ငါ့အခုလူသတ္ခ်င္စိတ္ေပါက္ေနတာေနာ္!
ဘယ္သူ႕အခြက္ကိုမွမျမင္ခ်င္ဘူး!
သြားေတာ့!"
စိတ္မခ်ေပမယ့္ ျမဴေျပာသည့္အတိုင္း ထို႐ုံးခန္းထဲမွထြက္လာခဲ့လိုက္သည္။
တံခါးကိုအသာေစ့ထားၿပီး ရပ္ကာနားေထာင္ၾကည့္ေပမယ့္ ႐ုံးခန္းထဲမွာတိတ္ဆိတ္ေနသည္။
ျပန္ဝင္သြားမည္လုပ္ေတာ့ မန္ေနဂ်ာႀကီးက သူ႕လက္ကိုဖမ္းဆြဲကာ ေခါင္းရမ္းျပသည္။
ေကာင္းကင္လည္း ဘာလုပ္ရမယ္မွန္းမသိသည့္အဆုံး ဦးဘုန္းရွိန္ဝါထက္ကိုသာဖုန္းဆက္ၿပီး အျဖစ္အပ်က္ကို အတိုခ်ဳံးေျပာလိုက္ေတာ့ အျမန္ေရာက္ခ်လာေလသည္။
႐ုံးခန္းထဲ ဘုန္းရွိန္ဝါထက္ဝင္သြားေတာ့ သူနဲ႕မန္ေနဂ်ာႀကီးရဲ႕ နားေတြက တံခါးဆီေျပးကပ္သြားသည္။
"ငယ္....."
ငူငူငိုင္ငိုင္ထိုင္ေနသည့္ ငယ္ကသူ႕ကိုျမင္ေတာ့ မ်က္ဝန္းေလးေတြအေရာင္မွိုင္းသြားသည္။
"ဘာေတြေတြးေနတာလဲ... "
"စဥ္းစားေနတာ.....
ေရွ႕ေနႀကီးကေျပာတယ္ ကိုယ္ခ်င္းစာဖို႔...."
"အင္း..."
သူနားေထာင္ေနမွန္းအသံတစ္ခ်က္ျပဳေတာ့ ငယ္ကဆက္ေျပာသည္။
"သူတို႔ေတြက ကိုယ္ခ်င္းစာဖို႔ထိုက္တန္ရဲ႕လား.....
ကိုကိုေရာဘယ္လိုထင္လဲ..... "
"ကိုကို႔မွာ ေသြးသားေတာ္စပ္သူမွမရွိတာငယ္ရယ္....
ကို႔ကို႔အေဖအေမ ေတြကလည္းေဆြမရွိမ်ိဳးမရွိေတြေလ ကိုကိုကလည္းတစ္ေကာင္ႂကြက္ပဲ
ငယ့္လိုမွမဟုတ္တာ....."
"သားအခ်ိန္လိုတယ္"
"အင္း.....
အျပင္မွာ စစ္ေကာင္းကင္နိုင္ရွိေနတယ္..."
"သူ႕ကိုမေတြ႕ခ်င္ေသးဘူး....."
"ဘာလို႔လဲ...."
"ဒီလိုပုံစံကိုမျမင္ေစခ်င္ဘူး....."
"ကိုကို သူ႕ကိုျပန္ခိုင္းလိုက္မယ္ေနာ္"
ထြက္သြားတဲ့ ကိုကို႔ေျခသံေတြေနာက္ သူ႕သက္ျပင္းခ်သံက တိုးညင္းစြာ...
ေကာင္းကင္ေရွ႕မွာ သူငိုရင္ငိုမယ္ ရယ္ရင္ရယ္မယ္ ဒါေပမယ့္ ဒီလိုမ်ိဳး မငိုနိုင္မရယ္နိုင္တဲ့ ပုံစံကိုေတာ့ မျပခ်င္.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
သဲငယ္သူ႕ကိုအဆက္အသြယ္ျဖတ္ထားတာ ႏွစ္ရက္နဲ႕ ေန႕တစ္ပိုင္းရွိၿပီ.....
ဟိုေန႕က ႐ုံးခန္းထဲမွာ ဦးဘုန္းႀကီးနဲ႕ ဘာေတြေျပာၾကလဲမသိ.....
အသံတိုးလြန္းေတာ့ ဘာမွ သဲသဲကြဲကြဲမၾကားခဲ့ရ....
ခဏေနေတာ့ ဦးဘုန္းႀကီးထြက္လာၿပီး သူ႕ကိုျပန္ေတာ့တဲ့.....
သဲငယ္ကို စိတ္မပူဖို႔ေျပာၿပီး အတင္းျပန္လႊတ္လို႔ သူျပန္ခဲ့ရတာ....
တိုက္ခန္းသြားၾကည့္ေတာ့လည္း တံခါးလာဖြင့္ျခင္းမရွိ.....
ပြဲ႐ုံသြားၾကည့္ေတာ့လည္း သူ႒ေးမလာပါဘူးတဲ့....
ေနာက္ႏွစ္ရက္ဆိုသူ႕ေမြးေန႕ကေရာက္ေတာ့မည္။
ေမြးေန႕ကိုပထမဆုံးသဲငယ္နဲ႕ျဖတ္သန္းဖို႔အေရး စိတ္ကူးေတြယဥ္ထားလိုက္ရတာ အခုေတာ့.....
ဒီအေျခအေနျဖစ္ရတာ အေဖ့အလုပ္ရွင္ေၾကာင့္ဆိုၿပီး အေဖ့ကိုသိပ္မၾကည္ခ်င္ေတာ့ဘဲ အျမင္ကတ္ပုဒ္မနဲ႕ မ်က္ႏွာခ်င္းကိုမဆိုင္.....
အေဖကလည္းသူ႕ကိုေမးခြန္းေတြေမးခ်င္ေနေပမယ့္ ၿပိဳက်ေတာ့မယ့္မိုးလိုသူ႕မ်က္ႏွာႀကီးေၾကာင့္ မေမးရွာေပ။
မေန႕ကလည္းစိတ္နဲ႕လူနဲ႕ကပ္သလားမေမးနဲ႕ ေက်ာင္းေရာက္မွ ဟိုေကာင္ေတြေျပာလို႔သတိထားမိတယ္ အိမ္စီးကြင္းထိုးဖိနပ္နဲ႕ ေခါင္းဖီးဖို႔လည္းေမ့ ေဘာင္းဘီဇစ္ေတာင္မတပ္ခဲ့မိ......
ေသာက္ရွက္ေတြကြဲလည္း သူ႕မွာမရွက္နိုင္ ...
မထိန္းနိုင္သည့္အဆုံး ႒ာနေရွ႕အပင္ေအာက္မွာ သဲငယ္ေရ လြမ္းလွၿပီဟု ေအာ္ငိုခ်လိဳက္သည္။
ဒီလိုနဲ႕ေရာက္လာသည့္ သူ႕ေမြးေန႕...
မနက္စာဝိုင္းမွာသူ႕ကိုေစာင့္ေနၿပီး ေမြးေန႕ဆုေတာင္းစကားေျပာသည့္ အေဖနဲ႕အေမကို အၿပဳံးအရယ္မရွိ တစ္ခ်က္သာၾကည့္ၿပီး မုန့္ေတြကို ဖိေခ်ေနသည္။
"သားကဒ္ထဲမုန့္ဖိုးထပ္ထည့္ေပးထားတယ္ သူငယ္ခ်င္းေတြနဲ႕ပြဲေလးဘာေလးလုပ္"
ေခါင္းညိတ္လိုက္လားေခါင္းခါလိုက္သလားသူမသိ ေကာ္ဖီေတြကိုသာၾကည့္ရင္း သဲငယ္ကေကာ္ဖီနဲ႕မတည့္ဘူးဟုသာသူေတြးေနမိသည္။
"သားကသလင္းျမဴေလးနဲ႕ ဘယ္လိုလုပ္ရင္းႏွီးေနတာလဲ...."
အေမ့ထံမွစလာသည့္ စကားေၾကာင့္ သူေခါင္းေထာင္လာသည္။
"အေမက ျမဴ႕ကိုသိလို႔လား..."
"သိတာေပါ့.....
ျမဴေလးေပါက္စနကတည္းက မင္းအေဖနဲ႕သြားသြားလည္ေနက်ကိဳ.....
ျမဴေလးအဖိုးက အရင္္က မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ေလ...
မင္းအေဖနဲ႕အေမ့ေက်းဇူးရွင္ပဲ...
သားကငယ္ေသးလို႔မမွတ္တာေနမယ္.....
ငယ္ငယ္က ျမဴေလးသုံးႏွစ္ျပည့္ေမြးေန႕မွာသားကျမဴေလးပါးေလးကိုကိုက္ဆြဲလို႔ ဟိုကေအာ္ငိုရွာတာ..... "
"ျမဴနဲ႕သားနဲ႕ကငယ္ငယ္တုန္းကေတြ႕ဖူးတယ္ေပါ့...."
"အင္းေလ....
သားတို႔ႏွစ္ေယာက္က အသက္ကလည္း ဆယ္လေလာက္ပဲကြာတာ....
သားေမြးေန႕လည္း ျမဴေလးကသူ႕အဖိုးနဲ႕လာတယ္...
မွတ္မွတ္ရရ ဓာတ္ပုံေတြေတာင္ရိုက္ထားေသးတယ္...."
"ဘယ္မွာလဲ အဲ့ဓာတ္ပုံေတြက.."
"အေမတို႔အခန္းထဲက album ထဲမွာေလ...
သားငယ္ငယ္ကဓာတ္ပုံေတြ အကုန္ရွိတယ္"
သူအေမတို႔အခန္းဆီအျမန္ေျပးကာ တစ္ခါမွမၾကည့္ခဲ့သည့္ သူ႕ဓာတ္ပုံ album ႀကီးကိုေမႊႏွောက္ရွာေတာ့သည္။
သူ႕သုံးႏွစ္ျပည့္ေမြးေန႕မွာ တျခားေကာင္ေလးတစ္ေယာက္လက္ကိုဆြဲထားသည့္ပုံေလး....
သူဆြဲထားတဲ့လက္ပိုင္ရွင္က သူ႕ထက္နည္းနည္းအရပ္ကေလးရွည္ေနသည့္ သူ႕ရဲ႕သဲငယ္ေပါက္စေလး.....
အ႐ုပ္လုေနသည့္ပုံရန္ျဖစ္ေနသည့္ပုံေတြကိုၾကည့္ရင္း အ႐ူးႀကီးလိုၿပဳံးကာ သူမနက္စာဝိုင္းဆီ album ႀကီးပိုက္ၿပီး ျပန္ေရာက္လာခဲ့သည္။
"ျမဴနဲ႕သားတို႔ကေနာက္က်ဘာလို႔မေတြ႕ေတာ့တာလဲဟင္"
"ျမဴေလးအဖိုးအဖြားေတြဆုံးၿပီး မၾကာဘူး...
ျမဴေလးအေဖလည္းဆုံးသြားတယ္ေလ....
ျမဴေလးအဖိုးက သားသမီးေတြထဲမွာ သူ႕သားအငယ္ဆုံး ျမဴေလးအေဖ ကိုျမတ္တံခြန္ကိုအခ်စ္ဆုံးပဲ....
သားအခ်စ္ေျမးအႏွစ္ဆိုေတာ့ ျမဴေလးကိုဆိုသဲသဲလႈပ္.....
အေမြေတြအတြက္ေသတမ္းစာမထားခဲ့ေပမယ့္ ေသခ်ာေပါက္ ကိုျမတ္တံခြန္ကအမ်ားဆုံးရမွာ.....
ဒါေပမယ့္သားရယ္.....
အစ္မရတနာကေလာဘသိပ္ႀကီးလြန္းတယ္..
ကိုျမတ္တံခြန္ရသင့္ရထိုက္တာအကုန္သူ႕လက္ေအာက္ေရာက္ေအာင္လုပ္တာ...."
"အေဖက မိသားစုေရွ႕ေနဆို ဘာလို႔ျမဴ႕အေဖကိုမကူညီရတာလဲ"
"မင္းအေဖက အဲ့အခ်ိန္တုန္းက ေရွ႕ေနေပါက္စေလးေလ.....
ဘာေနာက္ခံမွမရွိဘဲ ဘာမွလုပ္လို႔မရတဲ့ ေခတ္ေလသားရယ္....."
"အေဖလည္း ကိုယ့္စိတ္ကိုယ္မလုံဘူးကြာ...
မကူညီနိုင္ခဲ့လို႔ အၿမဲေတာင္းပန္ခ်င္ေနခဲ့တာ..
အစ္ကို ျမတ္တံခြန္ဆုံးၿပီးေနာက္ ျမဴေလးတို႔မိသားစုလည္းေျပာင္းေ႐ြ႕သြားၾကေတာ့ လုံးဝအဆက္အသြယ္မရွိေတာ့ဘူး.....
အခုမွအေမြကိစၥေၾကာင့္ ျပန္ရွာေတြ႕တာ...
သားလည္းျမဴေလးကိုနားခ်ေပးဦး....
အခုသူ႕လက္ထဲလႊဲမယ့္အေမြေတြကတကယ္တမ္း သူ႕အေဖရခဲ့ရမယ့္ဟာေတြမို႔ လက္မလြတ္ေစခ်င္ဘူး"
ေကာင္းကင္ အခုေပ်ာ္ရမလို ဝမ္းနည္းရမလို ေဝခြဲမရ....
ဟိုးငယ္ငယ္တုန္းက ျမဴနဲ႕သူ႕ၾကားမွာသံေယာဇဥ္တြယ္ခဲ့ေသာေၾကာင့္ ေပ်ာ္ၿပီး လက္ရွိ ျမဴသူ႕ကိုအဆက္အသြယ္ျဖတ္ထားလို႔ဝမ္းနည္းသည္။
တစ္ေနကုန္အခန္းထဲမွာပဲ ဓာတ္ပုံေတြၾကည့္ရင္း သူ႕ေမြးေန႕ကိုကုန္ဆုံးရေပေတာ့မည္။
📲🎶 phone rings.....
"ဘာလဲ!"
ေတဇဖုန္းကိုခပ္ေဆာင့္ေဆာင့္ျပန္ေျဖလိုက္သည္။
"ငစစ္ ဒီေန႕မင္းေမြးေန႕ေနာ္....
ေမ့ေနတာလား..."
"မေမ့ဘူးေဟ့... "
"မေမ့ရင္လည္း ဒီညခါတိုင္းလိုတစ္ဝိုင္းေနာ္"
"ငါစိတ္မပါဘူးကြာ"
"ေဟ့ေရာင္ မရဘူးေနာ္ ထိုင္ေနက်ဆိဳင္မွာငါတို႔ေစာင့္ေနမွာ.....
မ treat လို႔ကေတာ့ က်ိန္စာတိုက္ပစ္မယ္"
မ်ိဳဖို႔စို႔ဖို႔ေခ်ာင္းေနတဲ့ေကာင္ေတြကို ဆဲလိုက္ေပမယ့္တစ္ဖက္ကဖုန္းခ်သြားၿပီမို႔မၾကားနိုင္ေတာ့....
ေမွ်ာ္လင့္ခ်က္ေလးနဲ႕ ျမဴ႕ဖုန္းကိုေခၚၾကည့္လိုက္ေပမယ့္ operator အစ္မႀကီးရဲ႕ စက္ပိတ္ထားပါသည္အသံပဲသူၾကားရသည္။
ညေနေစာင္းေမွာင္ခါနီးမွာေတာ့ သူေရခ်ိဳးၿပီး ဟိုေကာင္ေတြမ်ိဳၾကစို႔ၾကတာကိုပိုက္ဆံရွင္းဖို႔ထြက္လာခဲ့သည္။
ဘယ္အခ်ိန္ကတည္းကေရာက္ေနၾကမွန္းမသိ ဒင္းတို႔ကမွာၿပီး စားေနေသာက္ေနၾကၿပီ။
"ငစစ္ မင္းေသာက္ခြက္ႀကီးကလည္းကြာ မႈန္ကုပ္ေနတာပဲ "
"ငါ့ဘာသာကုပ္တာဘာျဖစ္လဲ.....
ဘယ္မွာလဲငါ့အတြက္လက္ေဆာင္!"
"ၿပီးရင္လာမယ္ေလ....
မင္းကလည္း "
စိတ္မပါပဲအျပင္ကိုေငးေနရင္း ႐ုတ္တရက္ တစ္ဆိုင္လုံးအေမွာင္က်သြားသည္။
"ဘာလဲဟ!"
"ဘာျဖစ္တာလဲ!!"
ဧည့္သည္ေတြဆီမွ အသံစုံထြက္လာသည္။
"အားလုံးကိုအႏူးအၫြတ္ေတာင္းပန္ပါတယ္!
ခဏေလးပါဗ်!
ဖုန္းမီးေလးေတြျပန္ပိတ္ေပးပါ!!"
အကုန္ေၾကာင္ေတာင္ေတာင္ ဖုန္းမီးေလးေတြပိတ္ၿပီး ျပန္ထိုင္သြားခ်ိန္မွာ ထြက္ေပၚလာသည့္ ဖေယာင္းတိုင္မီးေလး.....
"🎶 Happy birthday to you!!!
Happy birthday to you! !"
သီးစုံကိတ္ေလးကိုင္ၿပီး ထြက္ေပၚလာသည့္ သူ႕ရဲ႕သဲငယ္.....
ေတဇတို႔ရဲ႕ ညီညီညာညာ လက္ခုပ္တီးသံႏွင့္ အတူ ေမြးေန႕သီခ်င္းေလးဆိုရင္း သူ႕အနားတေ႐ြ႕ေ႐ြ႕နီးကပ္လာသည္။
"🎶Happy birthday Dear Kaung Kin!!!
Happy birthday to you!!!"
"ဆုတစ္ခုေတာင္းေလ"
ေကာင္းကင္ ေခါင္းရမ္းျပၿပီး ဖေယာင္းတိုင္ကိုမႈတ္လိုက္သည္။
လက္ခုပ္သံေတြႏွင့္ မီးေတြအကုန္ျပန္ဖြင့္လိုက္ၾကသည္။
ကိတ္ကိုစားပြဲေပၚတင္ၿပီး ျမဴ႕ကိုယ္လုံးေလးကိုသာ နစ္ဝင္မတတ္ဖက္ထားမိသည္။
"ဘာလို႔ဆုမေတာင္းတာလဲ"
"အခုကိုယ့္အတြက္ ျပည္စုံေနၿပီ"
ျမဴဟာခပ္တိုးတိုးရယ္ၿပီး သူ႕ကိုျပန္ဖက္သည္။
ဆိုင္ထဲမွာတျခားသူေတြရွိေနေပမယ့္လည္း သူဂ႐ုမစိုက္နိုင္..... အရမ္းလြမ္းေနခဲ့ရသည္ပဲ...
စိုင္းစံကေဘးကေန camera တစ္လုံးႏွင့္မွတ္တမ္းတင္ေပးေနသည္။
"ကိုယ္ဘယ္ေလာက္ေတာင္ စိတ္ပူေနခဲ့လဲသိလား.....
လြမ္းလြန္းလို႔ ႐ူးေတာင္႐ူးခ်င္ေနၿပီ"
သူ႕မ်က္ႏွာကိုကိုင္လ်က္ ငိုေတာ့မလိုေျပာေနသည့္ ေကာင္းကင္.....
"အခုေမာင့္ေရွ႕ကိုေရာက္ေနၿပီေလ.....
ေမြးေန႕မွာမငိုရဘူးေနာ္....."
ေမာင္လို႔ေခၚေပးလိုက္ေတာ့ လိုခ်င္တာရသြားသည့္ ကေလးငယ္လိုၿပဳံးသည္။
"ၿပီးေတာ့ ဒီမွာ...."
ျဖဴျဖဴေသးေသး လက္ေကာက္ဝတ္ေပၚမွ အနက္ေရာင္လိပ္ျပာတစ္ေကာင္ႏွင့္စာတန္းေလး.....
"own by sitt kaung kin naing"
စာတန္းေလးကထိုးထားတာလတ္လတ္ဆတ္ဆတ္ပဲရွိေသးမွန္း ေသြးစို႔ၿပီးနီေနသည္က သက္ေသ...
"အရမ္းနာေနတယ္မလား...."
လက္ေကာက္ဝတ္ေလးကိုနမ္းၿပီး ေကာင္းကင္ေမးေတာ့ ျမဴကၿပဳံးၿပဳံးေလး ေခါင္းရမ္းျပသည္။
"ကိုယ္လည္း သြားထိုးရဦးမယ္"
"မထိုးနဲ႕....
ေမာင္နာလိမ့္မယ္....."
"သဲငယ္က်ေတာ့အနာခံၿပီးထိုးထားရတာေလ...."
"သဲငယ္ကိုခ်စ္ရင္မထိုးနဲ႕.....
ေျပာတာၾကားလား..."
"ဟုတ္....."
သိပ္ေက်နပ္ပုံမေပၚေပမယ့္ သူ႕စကားကိုမျငင္းရွာပါ။
သူ႕ရဲ႕ေကာင္းကင္ကိုအပ္တစ္ေခ်ာင္းနဲ႕ေတာင္ မထိခိုက္ေစခ်င္....
"မင္းတို႔ငါ့ကိုေမြးေန႕လက္ေဆာင္မေပးရေသးဘူး....."
သူတို႔ဘက္ျပန္လွည့္လာသည့္ စစ္ေကာင္းကင္ေၾကာင့္ ေတဇစားေနတာေတာင္နင္သြားသည္။
"အဲ့မွာ သလင္းျမဴေလ
မင္းအတြက္ငါတို႔ေပးတဲ့လက္ေဆာင္....."
လက္သီးတစ္ခ်က္႐ြယ္ျပၿပီး ျမဴ႕ကိုသာထိုင္ၾကည့္ေနမိေတာ့သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ျမဴ႕အေဒၚကိစၥႏွင့္ပတ္သက္ၿပီး ေကာင္းကင္တစ္ခြန္းမွမဟမိေအာင္ထိန္းၿပီး ျမဴ႕ကိုတိုက္ခန္းျပန္ပို႔ခဲ့သည္။
ျမဴ elevator ဝင္သြားၿပီးေတာ့မွ ငယ္ငယ္က ကိစၥကိုေျပာဖို႔သတိရကာ သူ႕ျပန္လွည့္လာခဲ့သည္။
Elevator ကိုခဏေလာက္ေစာင့္လိုက္ရၿပီး ျမဴ႕အခန္းရွိရာသို႔ သူအျမန္လွမ္းခဲ့သည္။
အခန္းတံခါးကိုေခါက္မယ္လုပ္ၿပီးမွ lock ခ်မထားသည္ကို သတိထားမိကာ သူတန္းဝင္လိုက္သည္။
"မင္းငါ့ကိုဘာလုပ္မလို႔လဲ!!
လႊတ္!!"
"အသံမထြက္ေအာင္ပိတ္ထားစမ္း!!!"
ၾကားလိုက္ရတဲ့ ျမဴ႕ရဲ႕အကူအညီေတာင္းေနသံေတြေၾကာင့္ ေကာင္းကင္ျမဴ႕အိပ္ခန္းဆီအျမန္ေျပးမိသည္။
ပါးစပ္ကိုပိတ္ၿပီး လူႏွစ္ေယာက္ ဝိုင္းခ်ဳပ္တာခံထားရသည့္ ျမဴ႕မ်က္ႏွာနားသို႔ စူးေနေရာင္ထက္ကိုင္ထားသည့္ ဓားကတိုးကပ္သြားသည္။
"စူးေနေရာင္ထက္!!!"
ဓားကိုဝင္လုရင္း ႐ုတ္႐ုတ္သဲသဲေတြျဖစ္သြားကာ ျမဴ႕ကိုခ်ဳပ္ထားသည့္ သူေတြကို သူေဆာင့္ကန္ပစ္သည္။
"ေမာင္"
တုန္ယင္ေနသည့္ ျမဴ႕လက္ကေလးေတြကိုသူဆုပ္ကိုင္လိုက္သည္။
"မေၾကာက္နဲ႕ေနာ္....
ဘာမွမျဖစ္ေစရဘူး....
ကိုယ္ရွိတယ္...."
ျမဴ႕ကိုမထိခိုက္ေစရန္သူ႕အေနာက္တြင္ေနေစၿပီး သူစူးေနေရာင္ထက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္သည္။
"ႏွစ္ေကာင္လုံးကို ခ်ဳပ္ထား"
စူးေနေရာင္ထက္စကားအဆုံး ေျပးဝင္လာသည့္ ႏွစ္ေကာင္ႏွင့္ ေကာင္းကင္လုံးေထြးသတ္ပုတ္သည္။
ႏွစ္ေယာက္တစ္ေယာက္မမွ်တေတာ့ သလင္းျမဴ ပါဝင္ပါသည္။
စူးေနေရာင္ထက္က သူ႕ကိုစားပြဲေပၚမွ မီးအိမ္ႏွင့္ အေနာက္ကဝင္ရိုက္ရာ ေရွာင္နိုင္လို႔သူကပ္ၿပီးလြတ္သြားသည္။
စူးေနေရာင္ထက္ဗိုက္ကို သူကန္ခ်လိဳက္ၿပီး ယိုင္သြားတာနဲ႕ လက္သီးႏွင့္မ်က္ႏွာကို ေလးခ်က္ေလာက္ဆင့္ထိုးပစ္သည္။
႐ုတ္တရက္ သူ႕ဆီဓားနဲ႕ေျပးဝင္လာေတာ့ သူအျမန္ေရွာင္လိုက္ရျပန္သည္။
"အ!!"
"ေမာင္!!!"
သူလြတ္သြားေပမယ့္ သတိမထားမိလိုက္သည့္ ေကာင္းကင္ကေတာ့.....
ေကာင္းကင္ရဲ႕ ဗိုက္ညာဘက္မွာ စိုက္ဝင္သြားသည့္ဓားကိုစူးေနေရာင္ထက္အလန့္တၾကားဆြဲႏႈတ္လိုက္ေတာ့ ေသြးေတြပိုထြက္လာရာ စူးေနေရာင္ထက္ေရာ ဟိုလူႏွစ္ေယာက္ပါ ေၾကာက္အားလန့္အားႏွင့္ ထြက္ေျပးသြားၾကသည္။
"ေမာင္!! ေမာင္!!!"
ေသြးထြက္မလြန္ေစရန္ အဝတ္တစ္ခုနဲ႕ဖိပိတ္ထားရင္း ကိုခန့္ထံဖုန္းေခၚအကူအညီေတာင္းရသည္။
"ေမာင္! သဲငယ္ေခၚတာကိုၾကားလား!
ေမာင္!!"
သတိမလြတ္ေစရန္ ေမာင့္လက္ကိုဆုပ္ကိုင္ရင္း သူအထပ္ထပ္ေခၚေနသည္။
မိနစ္ပိုင္းအတြင္း ေရာက္လာသည့္ အေရးေပၚကားႏွင့္ ကြန္ဒိုတစ္ခုလုံးလႈပ္လႈပ္ရွားရွားျဖစ္သြားသည္။
အေရးေပၚခန္းေရွ႕မွာ ေသြးနီနီေတြေပေနသည့္ သလင္းျမဴ ကိုကို႔ကိုအျမန္ေခၚလိုက္သည္။
သူ႕ကိုစိတ္ၿငိမ္ၿငိမ္ထားဖို႔ ကိုခန့္ကတဖြဖြေျပာရင္း သူ႕လက္ကေသြးေတြကိုသုတ္ေပးသည္။
ကိုကိုနဲ႕ ေကာင္းကင္ရဲ႕အေဖအေမလည္း ေရာက္လာၿပီး အေၾကာင္းစုံကိုေမးသည္။
"စူးေနေရာင္ထက္.....
သူကြၽန္ေတာ့္အခန္းကိုသူငွားထားတဲ့လူေတြနဲ႕ေဖာက္ဝင္တယ္ ကြၽန္ေတာ့္မ်က္ႏွာကိုဓားနဲ႕မႊန္းဖို႔လုပ္တယ္....
ေကာင္းကင္႐ုတ္တရက္ေရာက္လာလို႔ ကြၽန္ေတာ္လြတ္သြားေပမယ့္ သူေကာင္းကင္ကိုဓားနဲ႕ထိုးၿပီးထြက္ေျပးသြားတယ္..."
ေကာင္းကင္ရဲ႕ အေမကငိုေနၿပီး ေကာင္းကင္အေဖကေတာ့ ရဲမႉးေတြကိုဖုန္းဆက္ကာ ခ်က္ခ်င္း အမႈဖြင့္ေနသည္။
ထိုးၾကႀကိတ္ၾကရင္း အနည္းငယ္ရထားသည့္ သူ႕မ်က္ႏွာႏွင့္လက္မွ အပြန္းအပဲ့ေတြကို ကိုခန့္ကေဆးထည့္ေပးၿပီး သူ႕ကိုစိတ္ၿငိမ္ေဆးလည္းတိုက္ထားသည္။
ခြဲခန္းထဲမွထြက္လာသည့္ဆရာဝန္၏ အသက္အႏၱရာယ္မရွိေတာ့ပါဘူး ဆိုသည့္ စကားၾကားမွ ျမဴသက္ျပင္းခ်ၿပီး မ်က္လုံးေတြပိတ္က်သြားေတာ့သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အနားမွာမင္းရွိေနရင္
ဆုေတာင္းစရာမလိုေအာင္
ကိုယ့္အတြက္အရာရာျပည့္စုံတယ္
စစ္ေကာင္းကင္နိုင္
(AN: hello ကိုယ္ျပန္လာၿပီ😁
ကိုယ့္ကိုေရာလြမ္းၾကရဲ႕လား)
************************************
Bạn đang đọc truyện trên: Truyen247.Pro