Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-57 ( winner of the war )

Unicode

ညစာကိုကိုယ်တိုင်ချက်ကျွေးမည်ဆိုသည့်မြူ့စကားကြောင့် သူတို့အပြန်မှာ super market ထဲဝင်ရသည်။

တွန်းလှည်းလေးတွန်းပြီး ဟိုဟာသည်ဟာ ကြည့်နေသော မြူ့အနားမှ ကောင်းကင် မယောင်မလည်နှင့်လစ်ထွက်လာခဲ့သည်။

Market အနှံ့ဟိုရှာသည်ရှာနှင့် ပတ်ပြေးနေသောသူ့ကို ဝန်ထမ်းတွေကအထူးအဆန်းကြည့်ကြသေးသည်။

"ဘာရှာနေတာလဲရှင်..."
"Con...."

လာမေးသည့် ဝန်ထမ်းမလေးကို အားကြီးနှင့် ပြန်ဖြေမိတော့မည့်သူ့ပါးစပ်ကို အချိန်မှီပဲပိတ်လိုက်ရသည်။

"Con ဘာ?..."

ကောင်းကင်နှုတ်ခမ်းနှစ်လွှာကိုတင်းတင်းစိထားပြီး လက်ခါခြေခာနှင့် ထိုအနားမှထွက်ခဲ့ရသည်။

"ရှာရခက်လိုက်တာ....
ဘယ်မှာပါလိမ့်...."

မျက်လုံးအရောင်တွေတောက်သွားပြီး စိတ်ထဲမှကျေနပ်အားရစွာ Yes!! လို့အကျယ်ကြီးအော်မိသွားရသည်။

အရောင်မျိုးစုံနှင့် ဘူးလေးတွေ.....

"ဘယ်ဟာယူရမှာလဲ......"

ခေါင်းကုပ်ရင်းသူရေရွတ်မိသည်။

"အဲ့တာယူလိုက်..."
"အမ်မလေး!"

အနားကပ်ပြောလာသည့်အသံတိုးတိုးကြောင့် ကောင်းကင်လန့်ကာ အော်လေသည်။

"Sorry ဟားဟား...!"

သက်လတ်ပိုင်းအရွယ် smart ကျကျ ဘဲကြီးတစ်ကောင်.....

"အစ်ကိုကအကြံပေးတာပါ....."
"ဗျာ......ဟုတ်....."
"အခုမှ condom ဝယ်ဖူးတာလား...."

အသံတောင်မလျော့ဘဲရဲရဲတင်းတင်းပြောသည့် ဘဲကြီးကြောင့် ကောင်းကင်မှာမျက်နှာပူစွာ ဘေးဘီကိုကြည့်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

"ပထမဆုံးအကြိမ်စမ်းကြည့်မလို့ဆိုရင်.....
ဒါလေးပါဝယ်သွား...."

Lubricant Gel.....

ဒီဘဲကြီးအတွေ့အကြုံတော်တော်ရင့်တာပဲ....

ကောင်းကင်စိတ်ထဲမှသာကောက်ချက်ချမိသည်။

"ကံကောင်းပါစေကွာ...."

Condom ဘူးတွေတော်တော်များများခြင်းထဲထည့်ပြီး သူ့ပုခုံးကိုပုတ်ကာဘဲကြီးကပြောသွားသေးသည်။

"တစ်ဘူးကိုသုံးခုထဲပါတာ လောက်ပါ့မလား...
ပိုပိုလိုလို သုံးဘူးလောက်ဝယ်ခဲ့လိုက်မယ်..."

နီးစပ်ရာကောင်တာကိုအမြန်ပြေးပြီးပိုက်ဆံရှင်းတော့လည်း မီးလောင်သလိုပူနေသည့်အခွက်ကြီးကို cashier အစ်မကြီးရှေ့မှာမနည်းတည်ထားရသည်။

အထုပ်ကလေးကိုဘောင်းဘီအိတ်ထဲအတင်းထိုးထည့်ကာ မြူရှိရာသို့ အသားကုန်ပြေးရပြန်သည်။

"ဘယ်တွေသွားနေတာလဲ...... "
"အသိတစ်ယောက်နဲ့တွေ့လို့ စကားသွားပြောနေတာ....."
"ေဩာ်...."

ခေါင်းလေးတငြိမ့်ငြိမ့်နှင့်မြူက cheese ကိုဘယ်တံဆိပ်ဝယ်ရမလဲပြန်ကြည့်နေသည်။

"ပုစွန် စပါကတီချက်မယ်....
ကြိုက်တယ်မလား...."
"အင်း...
ချစ်လုပ်သမျှအကုန်ကြိုက်တယ်....."

သူနှင့်ဘေးတစောင်းအနေအထားတွင်ရှိနေသည့် မြူ့နားရွက်လေးတွေကိုခေါင်းငုံ့ကာဖွဖွကိုက်ပြီး ငုံထွေးလိုက်တော့. မြူလန့်သွားပြီး သူ့ကိုတွန်းသည်။

"မလုပ်နဲ့.....
တစ်ယောက်ယောက်မြင်သွားမယ်......."
"မမြင်ပါဘူး အချစ်လေးရာ....."

သူတစ်ခါထပ်ကိုက်မည်လုပ်တော့ နားရွက်လေးနှစ်ဖက်ကို လက်နှင့်အုပ်ကာ စူထော်ထော်ကြည့်လာသည့် သူချစ်သူ....

"တံတွေးတွေပေကုန်ပြီရွံစရာကြီး...."

မဲ့ရှုံ့ရှုံ့ရုပ်ကလေးနှင့်မို့အူယားစွာ နှာခေါင်းလုံးလေးကိုညှစ်ပစ်လိုက်တော့ လက်ကိုရိုက်ချသည်။

"နာတယ်!!"

မကြောက်မရွံ့ထပ်ပြီးပါးပြင်နုနုကိုကိုက်နမ်းမိရာ နာရင်းကပူကနဲဖြစ်သွားပြီး ခေါင်းပါလည်ထွက်သွားသည်။

"မလုပ်နဲ့! မလုပ်နဲ့! မလုပ်ပါနဲ့လို့ပြောနေတာကို!!!!"

အသံကုန်ခြစ်အော်လိုက်တာများ သူ့နားစည်တွေကွဲပြီထင်....

Market ကြီးတောင်တုန်သွားသလားလို့....

"နားကိုအူသွားတာပဲအသည်းရာ......"

အရိုက်ခံလိုက်ရသည့် ဘယ်ဘက်နားအုံကိုကိုင်ပြီး သူပြောမိတော့ မြူကအုပ်ထားသည့်သူ့လက်ကိုဆွဲဖယ်သည်။

"ခေါင်းနည်းနည်းငုံ့....."

နာခံစွာ ခါးကိုင်းပေးလိုက်တော့ သူရိုက်လိုက်လို့ နီနေသည့်နေရာကို စိုးရိမ်စွာသေချာကြည့်နေလေသည်။

"မလုပ်နဲ့ဆိုမလုပ်ဘဲမနေဘူး....
အလကားအသားနာအောင်......."
"ဟီး...."
"ရယ်မနေနဲ့.....
အမြင်ကတ်စရာ...."

မျက်စောင်းထိုးပြီး တွန်းလှည်းလေးတွန်းကာ ဆတ်တောက်ဆတ်တောက်လျောက်သွားသည့်ကောင်လေးအနောက်ကို အရပ်ရှည်ရှည် စပ်ဖြီးဖြီးနှင့် ကောင်လေးတစ်ယောက်ကလိုက်သွားလေသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ကိုယ်ဘာကူပေးရဦးမလဲ...."
"ရတယ် ဒီတိုင်းလေးပဲထိုင်နေ.....
ချစ်ချက်ကျွေးတာတွေကိုသာကုန်အောင်စားပေး...."
"ဟုတ်ကဲ့....အဟီး...."

အထုပ်တွေချပြီးရယ်ပြနေသည့် ကောင်းကင်ကိုချစ်မြတ်နိုးစွာ ခြေဖျားထောက်ရင်း သူအနမ်းတစ်ပွင့်ခြွေပေးလိုက်တော့ ရှက်ကိုးရှက်ကန်းဖြစ်သွားဟန် ဂုတ်ကိုပွတ်ပြီး ရယ်နေပြန်သည်။

ပုစွန်တွေဆေးအခွံချွတ် စပါကတီခေါက်ဆွဲအချောင်းလိုက်တွေကို ပုစွန်ထဲသေချာထိုးထည့်ပြီး ရေနွေးဆူဆူထဲထည့်ဖျောကာ စပါကတီအနှစ်ချက်သည်။

စားလို့ကောင်းပြီး ချက်ရလွယ်တဲ့စပါကတီဟာအချိန်လည်းသိပ်မကုန်ပါ....

သူ့စကားအတိုင်း ခုံမှာထိုင်နေသည့် ကောင်းကင်က မေးထောက်ကြည့်ရင်းကျေနပ်နေမှန်း ရုပ်ကြီးကသိသာလွန်းသည်။

"စားလို့ရပြီ...."

သူချပေးသည့် ပန်းကန်ပြားထဲမှ စပါကတီကိုသေချာစိုက်ကြည့်ပြီးမှ အရသာမြည်းကြည့်သည့် ကောင်းကင်ရဲ့တုံ့ပြန်မှုကို သလင်းမြူစိတ်ဝင်စားစွာအာရုံစိုက်ထားသည်။

"တကယ့်ကို ကိုယ့်ချစ်သူပီသပါတယ်....."

ချီးကျူးတာတောင် သူ့ဘက်ကိုယက်လိုက်သေးတာ....

"ဖြည်းဖြည်းစား....နင်မယ်....."

သောက်စရာယူပေးပြီး သူစိုးရိမ်စွာပြောရသည်။

စားပြီးသွားတော့လည်း ပန်းကန်တွေကိုသလင်းမြူပဲဆေးသည်။

"ကိုယ်ရေသွားချိုးလိုက်ဦးမယ်နော်...."
"အင်း....ဟမ်.....
အိမ်မပြန်ဘူးလား....မနက်ဖြန်ကျောင်းဖွင့်တယ်လေ...."

အယောင်ယောင်အမှားမှားခေါင်းညိတ်ပြီးမှ မနက်ဖြန် တနင်္လာမှန်းသူသတိရသည်။

"မနက်အတန်းချိန်အမှီထပြီး အိမ်ပြန်အဝတ်လဲမယ်လေကွာ.....
ကိုယ်ဒီညတော့ဒီမှာပဲအိပ်ချင်တယ်....."
"ပြီးရောပြီးရော....."
"Yes! ချစ်လည်းပြီးရင်အခန်းထဲဝင်ခဲ့နော် ရေချိုးရမယ်....ဖူး..."

ရိုးရိုးမပြောဘဲ နားထဲလေမှုတ်သွားသူကြောင့် လူတောင်တွန့်လိမ်သွားရသည်။

ပန်းကန်တွေနေရာတကျပြန်ထား Apron ချွတ်ပြီး သူအခန်းထဲဝင်ခဲ့သည်။

ကုတင်ပေါ်ဒီတိုင်းချွတ်တင်ထားသည့် ကောင်းကင်အင်္ကျီနဲ့ ဘောင်းဘီကို လျှော်ပေးဖို့အတွက်အိတ်ထောင်တွေထဲကိုနှိုက်ကြည့်လိုက်မိရာ ...

"ဒါ...ဒါတွေက.......
မဟုတ်မှ.......
စစ်ကောင်းကင်နိုင်!!!!!"
"ဘာဖြစ်လို့လဲ သဲငယ်....."

သပတ်တစ်ထည်ကိုခါးမှာပတ်ထားပြီးရေချိုးခန်းထဲကထွက်လာသည့်ကောင်းကင်...

ပထမဆုံးကြားရသည့် သဲငယ်ဆိုသောနာမ်စားကြောင့် သလင်းမြူ ကြောင်ကြောင်လေးဖြစ်နေမိသည်။

"ကိုယ်စဉ်းစားပြီးသွားပြီ.....
ကိုယ့်ချစ်သူလေးကိုချစ်တွေသည်းတွေအစား....
သဲငယ်လို့ပဲခေါ်တော့မယ်....."
"......"
"သဘောကျလား.....ဟင်...သဲငယ်...."

သလင်းမြူ ယောင်ယမ်းပြီး ခေါင်းညိတ်မိသည်ထင်....

ပြီးမျဘောင်းဘီအိတ်ထဲကဟာတွေကိုသတိရကာ သလင်းမြူ မျက်နှာကြီးရဲတက်ပြီး နှုတ်ခမ်းကိုကိုက်ထားလိုက်သည်။

"ဒါတွေ!!! ဒါတွေကိုဘာလုပ်ဖို့လဲ....."

သူထုတ်ပြလိုက်သည်တွေကို မြင်တော့ မျက်လုံးပြူးသွားသည့်ကောင်းကင်....

"သဲ.... သဲငယ်ကလည်း.....
သိတယ်သားနဲ့......"

အထစ်ထစ်အငေါ့ငေါ့ ပြောလာပြီး ခါးကိုလာဖက်သူ....

"ဘာကိုသိရမှာလဲ!!!!!"

လက်တွေကိုဖြည်ချရင်း ကောင်းကင်ရင်ဘက်ကို သလင်းမြူထုပစ်သည်။

"သဲငယ်ကလည်းကွာ....
သဲငယ်ပဲပြောထားပြီးတော့......
ဟိုဟာ......အဆင့်တက်မယ်ဆို...."

သလင်းမြူကောင်းကင်ရင်ဘက်ကို တဒုန်းဒုန်းထပ်ထုသည်။

"ရူးနေတာလား!!!
နှာအတွေးတွေပဲတွေးနေတဲ့မကောင်းတဲ့ကောင်ကြီးရဲ့....."

တပေါက်ပေါက်ကျလာသည့် မြူ့မျက်ရည်တွေကြောင့် ကောင်းကင်သူ့အမှားကိုပြန်စမ်းစစ်ရသည်။

"ဘာလို့ငိုတာလဲသဲငယ်....
ကိုယ်ထင်တာမှားရင်တောင် ငိုစရာမှမလိုတာ...."
"မင်းပြောခဲ့တဲ့စကားကိုမင်းမမှတ်မိဘူးလား...
လက်ထပ်ပြီးမှပဲ ငါ့ ခန္ဓာကိုယ်ကိုယူမယ်ဆို...
ငါ့ကိုတန်ဖိုးထားပါမယ်ဆို....
အဲ့စကားတွေက စူးနေရောင်ထက်အတွက်ပဲလား.....မကောင်းအကောင်ကြီး!!!
သွား!! ထွက်သွား!!!"

အခန်းအပြင်ကိုအတင်းတွေတွန်းထုတ်နေသည့် ချစ်ရသူရဲ့လက်ကိုအသာချုပ်ရင်း ပွေ့ဖက်ထားလိုက်သည်။

"လွှတ်!.....
မင်းငါ့ကိုမချစ်ဘူးမလား....
မင်းငါ့ကိုတန်ဖိုးမထားဘူး!!"

ဘာစကားမှမဆိုဘဲ ကောင်းကင်ကသူ့ကိုတင်းတင်းဖက်ထားဆဲ....

"ကိုယ်သဲငယ်ကိုအချစ်ဆုံးပါ......"

သူငိုရလို့မောပြီး ငြိမ်သွားမှ တည်ငြိမ်စွာ ကောင်းကင်ပြောသည်။

"ကိုယ်ကျိန်ရဲတယ်.....
သဲငယ်ကသာကိုယ့်အချစ်ဆုံးကိုယ်ယုံကြည်ရဆုံးသူပါ....
တစ်သက်လုံးလည်း ဒီအတိုင်းပဲဖြစ်သွားမှာ...
ကိုယ်ပြောတဲ့အတိုင်းသဲငယ်ကိုမချစ်တော့ရင်ဖြစ်ဖြစ်မယုံကြည်မိရင်ဖြစ်ဖြစ် ကိုယ့်နောက်ဆုံးထွက်သက်အထိ နောင်တတွေနဲ့အထီးကျန်ရပါစေ....."
"တကယ်လား......"
"ကိုယ်သဲငယ်ကိုလိမ်ခဲ့ဖူးလို့လား...."
"အင်း....လိမ်တယ်လေ....
Market မှာတုန်းက Durex တွေသွားဝယ်တာကိုအသိနဲ့စကားပြောနေတာလို့ လိမ်တာမလား...!!"
"အဲ့တာကတော့ကွာ......"

ကြက်ကြီးလည်လိမ်သလိုပဲ နင်နေသည့်ရုပ်ကြီးကပုံမှန်ဆိုသူရယ်မိမှာပေမယ့် ဒီအချိန်မှာတော့ တည်တင်းနေသည်။

"မပြောနိုင်တော့ဘူးမလား!
သွား နှာဘူးကောင် အင်္ကျီဝတ်ပြီးပြန်တော့!!
မင်းဟာတွေပါအကုန်ပြန်ယူသွား......"
"......"
"သွားဆို!
အခုမသွားရင် မင်းနဲ့ငါပြတ်ပြီနော်......"
"သွားမယ် သွားမယ်!"

အဝတ်တွေကိုအမြန်ပဲကောက်စွပ်ရသည်။

"ဒါနဲ့လေ....သဲငယ်....
မသွားခင်မေးစရာလေးတစ်ခုရှိလို့...."
"မေး!"
"သဲငယ်ပြောတဲ့အဆင့်တက်ရအောင်ဆိုတာက ကိုယ်ထင်တာမဟုတ်ရင်.....
ဘာကိုပြောတာလဲ....."
"မင်းသူငယ်ချင်းငါ့သူငယ်ချင်းတွေကိုတရားဝင်အသိပေးရအောင်လို့ပြောတာ!"
"ဪ..ကိုယ်နားလည်ပြီ.....
ကိုယ်ပြန်တော့မယ်နော်...သဲငယ်....
ချစ်တယ်...."

ပါးပြင်နုနုကိုအမြန်နမ်းပြီး ထပ်ဒေါသမထွက်ခင် ကောင်းကင်ပြေးခဲ့ရသည်။

အိမ်ရောက်တော့လည်း ဝယ်လာသည့် condom ဘူးတွေကိုထိုင်ကြည့်ပြီး ဘာလုပ်ရမလဲစဉ်းစားကာ အားသွန်ခွန်စိုက်ကြိုးစားတော့သည်။

"ဖူး...ဖူး....."

တစ်ခုပြီးတစ်ခုကိုထိုင်မှုတ်ကာ အပ်နှင့်လိုက်ဖောက်ပြီး အာညောင်းခြင်းဖြင့်အဆုံးသတ်ခဲ့ရသည်။

အကျိုးရှိရှိအသုံးချလိုက်ပုံများ ညကြီးသန်းခေါင်အသံတွေဆူလို့ မွေးသမိခင်ရဲ့ ဆူခြင်းကိုပြုံးပြုံးကြီးသာခံယူလိုက်သည်။

ဂေါ်တယ်မလား....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ကျောင်းဖွင့်ရက်မို့ ကောင်းကင်အနားမှာမရှိချိန် သလင်းမြူလည်း ပွဲရုံအတွက်ဝန်ထမ်းများခေါ်ယူရင်း interview တွေဖြင့်အလုပ်ရှုပ်သည်။

မေမေပို့လိုက်သည့် လက်ထောက်မန်နေဂျာကြီးရောက်လာလို့ သူသိပ်လည်းမပင်ပန်းရပါ။

"မြူလေး.....
ဒီနေ့ interview တွေလည်းပြီးသွားပြီ စောစောပြန်နားလိုက်လေ
ကျန်တာတွေဦးလေးပဲစီစဉ်ထားလိုက်မယ်..."
"ကျေးဇူးပဲဦးဂျာ..."

မန်နေဂျာကြီးရှိနေလို့သလင်းမြူလည်းပြန်ရန်ကားပေါ်ရောက်တော့ message ဝင်သံကြားလိုက်ရပြီး ဘယ်သူပို့မှန်းတန်းသိကာ ဖုန်းဖွင့်ကြည့်လိုက်သည်။

""လွမ်းတယ် ကို့ရဲ့နှင်းဆီဖြူလေး သဲငယ်
Mwah!!!""

သလင်းမြူနားထဲကောင်းကင်ရဲ့အသံနှင့်အမူအရာကိုပါမြင်ယောင်လာသောကြောင့် သဘောတကျရယ်မိပါသေးသည်။

အချိန်ကိုကြည့်လိုက်တော့ နေ့လည် နှစ်နာရီတောင်မထိုးသေးဘူးဆိုတော့ အတန်းချိန်ပဲ...

""စာသင်တာကိုအာရုံစိုက်ထား
ပြီးမှ ဆရာက Rap ရွတ်သွားသလိုပဲဘာမှနားမလည်ဘူးလို့လာမညည်းနဲ့ နားရင်းအုတ်မှာ""

ပြန်ပို့လိုက်သည့် message ကိုမြင်ပြီး ကောင်းကင်နားရင်းတွေပူနေလောက်မှာသေချာသည်။

"နှင်းဆီဖြူလေး.......
ဟုတ်သားပဲ....ငါမေ့နေတာ...."

အိမ်မပြန်ဘဲ ကားရဲ့ဦးတည်ရာက နာမည်ကြီး Tatoo Shop တစ်ခုထံ....

ညနေအိမ်ပြန်ရောက်လို့ရေချိုးပြီးချိန်မှစ၍ လက်ဖမိုးပေါ်ထိအုပ်သည့် ဆွယ်တာပါးပါးတွေကိုသလင်းမြူစတင်ဝတ်ဆင်ခဲ့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ယောက်သားတိုင်ပင်ထားသည့်အတိုင်း ဆိုင်တစ်ဆိုင်သို့လာရန်သူငယ်ချင်းအားလုံးကိုချိန်းဆိုလိုက်သည်။

အအေးလေးတစ်ငုံသောက်လိုက် စိတ်လှုပ်ရှားလို့ ဒူးလေးတွေနန့်လိုက်နှင့် နှစ်ယောက်လုံးအငြိမ်မနေနိုင်ဘဲ ဆိုင်အပေါက်တံခါးကိုသာလည်ပင်းရှည်စွာကြည့်နေကြသည်။

"ကြိုဆိုပါတယ် "

တံခါးပေါက်မှ ဝန်ထမ်းလေး၏ ဧည့်ကြိုသံနောက်ဝင်လာတာ မြူ့သူငယ်ချင်း သွေး ၊ ဇေယျာ၊ ကွမ်ခေး၊ ဝေယံတို့ပင်....

"သွေး!"

သလင်းမြူမတ်တပ်ရပ်ပြီး သူငယ်ချင်းတွေကိုလက်ပြလိုက်သည်။

"အခုမှပဲတွေ့ရတော့တယ်.....
ကောင်စုတ်လေး.....
သူ့အလုပ်တွေပဲဦးစားပေးထားတာ...."

မကျေနပ်သလို ပြောပြီးမှ သူ့လက်မောင်းကိုဖက်တွယ်လာသည့်သွေး....

"အလွမ်းသယ်မနေကြနဲ့....
အမြင်ကတ်တယ်..."

ရွတ်နောက်နောက်ဝေယံရဲ့လက်မောင်းကိုသွေးလက်သီးကချက်ချင်းပဲပြေးသွားခဲ့ပါသည်။

အထိုးခံလိုက်ရတဲ့သူတော့မသိကြည့်နေရသည့် ကောင်ကင်မှာ လက်မောင်းကြီးအောင့်တက်သွားသလို ရှုံ့မဲ့နေသည်။

"အဲ့တာဘယ်သူလဲ..."

သူ့ကိုကြည့်မေးလာတော့ ကောင်းကင်လည်းပြာပြာသဲသဲထကာနှုတ်ဆက်ရသည်။

"ကျွန်တော့်နာမည် စစ်ကောင်းကင်နိုင်ပါ..."
"အင်း.....
ထိုင်ရအောင်...."

အင်းဆိုပြီး အသီးသီးဝင်ထိုင်ကြတော့ ကောင်းကင်ဆက်မိတ်မဆက်တော့ဘဲ ကြောင်တောင်တောင် ပြန်ထိုင်လိုက်သည်။

"ကြိုဆိုပါတယ်! "

နောက်ထပ်ဝင်လာတာက စိုင်းစံ နှင့်တေဇတို့....

"ဟျောင့်တွေ! ဒီမှာ...."

သူတို့နှစ်ယောက်နှင့်အတူ သွေးတို့ကိုပါတွေ့ရတော့ စိုင်းစံ အစ်ကိုမြူ ဘာလုပ်မလဲ သဘောပေါက်သွားသည်။

"ငစိုင်း..."
"ကိုဇေကြီး..."

စိုင်းစံ ဇေယျာတို့နှင့် ဖက်လှဲတကင်းနှုတ်ဆက်ပြီး သွေးဘေးမှာဝင်ထိုင်လိုက်သည်။

"ငါတို့ကိုဘာပြောမလို့လဲ....
အရေးကြီးတယ်ဆို...."

ကွမ်ခေး၏အမေးကိုသလင်းမြူ မဖြေသေးဘဲ နာရီကိုလှမ်းကြည့်ရင်း ဆိုင်ပြင်ကိုလှမ်းမျှော်နေဆဲ....

"ခဏလေး...တစ်ယောက်ကျန်သေးလို့...."

စိုင်းစံ အကုန်လုံးကိုကြည့်လိုက်တော့ လူလည်းစုံနေပါပြီလို့တွေးမိသည်။

"ကြိုဆိုပါတယ် "
"လာပြီ....."

နှုတ်ခမ်းထောင့်လေးတွန့်သွားသည့် မြူ့အပြုံးနောက် ဆိုင်ထဲကိုဝင်လာသည့် ကောင်လေးထံသူတို့အာရုံတွေအားလုံးရောက်ရှိသွားသည်။

သွေးတို့တေဇတို့အားလုံး အံ့ဩစွာ အာမေဍိတ်သံတွေထွက်လာကြပြီး လက်တွဲကာမတ်တပ်ရပ်လာသည့် သူနဲ့ကောင်းကင်ကို ဒေါသမျက်ဝန်းတွေနဲ့ထိုကောင်လေးကတော့ကြည့်နေသည်။

"လာလေ စူးနေရောင်ထက်.... "

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

နှလုံးသားတစ်ခုကိုမူပိုင်အုပ်စိုးခွင့်ရဖို့
တရားသောနည်းလမ်းနဲ့
ဒီစစ်ပွဲကိုအနိုင်ယူပါမယ်

သလင်းမြူ

************************************

Zawgyi

ညစာကိုကိုယ္တိုင္ခ်က္ေကြၽးမည္ဆိုသည့္ျမဴ႕စကားေၾကာင့္ သူတို႔အျပန္မွာ super market ထဲဝင္ရသည္။

တြန္းလွည္းေလးတြန္းၿပီး ဟိုဟာသည္ဟာ ၾကည့္ေနေသာ ျမဴ႕အနားမွ ေကာင္းကင္ မေယာင္မလည္ႏွင့္လစ္ထြက္လာခဲ့သည္။

Market အႏွံ႔ဟို႐ွာသည္႐ွာႏွင့္ ပတ္ေျပးေနေသာသူ႔ကို ဝန္ထမ္းေတြကအထူးအဆန္းၾကည့္ၾကေသးသည္။

"ဘာ႐ွာေနတာလဲ႐ွင္..."
"Con...."

လာေမးသည့္ ဝန္ထမ္းမေလးကို အားႀကီးႏွင့္ ျပန္ေျဖမိေတာ့မည့္သူ႔ပါးစပ္ကို အခ်ိန္မွီပဲပိတ္လိုက္ရသည္။

"Con ဘာ?..."

ေကာင္းကင္ႏႈတ္ခမ္းႏွစ္လႊာကိုတင္းတင္းစိထားၿပီး လက္ခါေျခခာႏွင့္ ထိုအနားမွထြက္ခဲ့ရသည္။

"႐ွာရခက္လိုက္တာ....
ဘယ္မွာပါလိမ့္...."

မ်က္လုံးအေရာင္ေတြေတာက္သြားၿပီး စိတ္ထဲမွေက်နပ္အားရစြာ Yes!! လို႔အက်ယ္ႀကီးေအာ္မိသြားရသည္။

အေရာင္မ်ိဳးစုံႏွင့္ ဘူးေလးေတြ.....

"ဘယ္ဟာယူရမွာလဲ......"

ေခါင္းကုပ္ရင္းသူေရရြတ္မိသည္။

"အဲ့တာယူလိုက္..."
"အမ္မေလး!"

အနားကပ္ေျပာလာသည့္အသံတိုးတိုးေၾကာင့္ ေကာင္းကင္လန္႔ကာ ေအာ္ေလသည္။

"Sorry ဟားဟား...!"

သက္လတ္ပိုင္းအရြယ္ smart က်က် ဘဲႀကီးတစ္ေကာင္.....

"အစ္ကိုကအၾကံေပးတာပါ....."
"ဗ်ာ......ဟုတ္....."
"အခုမွ condom ဝယ္ဖူးတာလား...."

အသံေတာင္မေလ်ာ့ဘဲရဲရဲတင္းတင္းေျပာသည့္ ဘဲႀကီးေၾကာင့္ ေကာင္းကင္မွာမ်က္ႏွာပူစြာ ေဘးဘီကိုၾကည့္ၿပီးမွ ေခါင္းညိတ္ျပလိုက္သည္။

"ပထမဆုံးအႀကိမ္စမ္းၾကည့္မလို႔ဆိုရင္.....
ဒါေလးပါဝယ္သြား...."

Lubricant Gel.....

ဒီဘဲႀကီးအေတြ႔အၾကဳံေတာ္ေတာ္ရင့္တာပဲ....

ေကာင္းကင္စိတ္ထဲမွသာေကာက္ခ်က္ခ်မိသည္။

"ကံေကာင္းပါေစကြာ...."

Condom ဘူးေတြေတာ္ေတာ္မ်ားမ်ားျခင္းထဲထည့္ၿပီး သူ႔ပုခုံးကိုပုတ္ကာဘဲႀကီးကေျပာသြားေသးသည္။

"တစ္ဘူးကိုသုံးခုထဲပါတာ ေလာက္ပါ့မလား...
ပိုပိုလိုလို သုံးဘူးေလာက္ဝယ္ခဲ့လိုက္မယ္..."

နီးစပ္ရာေကာင္တာကိုအျမန္ေျပးၿပီးပိုက္ဆံ႐ွင္းေတာ့လည္း မီးေလာင္သလိုပူေနသည့္အခြက္ႀကီးကို cashier အစ္မႀကီးေ႐ွ႕မွာမနည္းတည္ထားရသည္။

အထုပ္ကေလးကိုေဘာင္းဘီအိတ္ထဲအတင္းထိုးထည့္ကာ ျမဴ႐ွိရာသို႔ အသားကုန္ေျပးရျပန္သည္။

"ဘယ္ေတြသြားေနတာလဲ...... "
"အသိတစ္ေယာက္နဲ႔ေတြ႔လို႔ စကားသြားေျပာေနတာ....."
"ေဩာ္...."

ေခါင္းေလးတၿငိမ့္ၿငိမ့္ႏွင့္ျမဴက cheese ကိုဘယ္တံဆိပ္ဝယ္ရမလဲျပန္ၾကည့္ေနသည္။

"ပုစြန္ စပါကတီခ်က္မယ္....
ႀကိဳက္တယ္မလား...."
"အင္း...
ခ်စ္လုပ္သမ်ွအကုန္ႀကိဳက္တယ္....."

သူႏွင့္ေဘးတေစာင္းအေနအထားတြင္႐ွိေနသည့္ ျမဴ႕နားရြက္ေလးေတြကိုေခါင္းငုံ႔ကာဖြဖြကိုက္ၿပီး ငုံေထြးလိုက္ေတာ့. ျမဴလန္႔သြားၿပီး သူ႔ကိုတြန္းသည္။

"မလုပ္နဲ႔.....
တစ္ေယာက္ေယာက္ျမင္သြားမယ္......."
"မျမင္ပါဘူး အခ်စ္ေလးရာ....."

သူတစ္ခါထပ္ကိုက္မည္လုပ္ေတာ့ နားရြက္ေလးႏွစ္ဖက္ကို လက္ႏွင့္အုပ္ကာ စူေထာ္ေထာ္ၾကည့္လာသည့္ သူခ်စ္သူ....

"တံေတြးေတြေပကုန္ၿပီရြံစရာႀကီး...."

မဲ့႐ႈံ႕႐ႈံ႕႐ုပ္ကေလးႏွင့္မို႔အူယားစြာ ႏွာေခါင္းလုံးေလးကိုညႇစ္ပစ္လိုက္ေတာ့ လက္ကို႐ိုက္ခ်သည္။

"နာတယ္!!"

မေၾကာက္မရြံ႕ထပ္ျပီးပါးျပင္ႏုႏုကိုကိုက္နမ္းမိရာ နာရင္းကပူကနဲျဖစ္သြားၿပီး ေခါင္းပါလည္ထြက္သြားသည္။

"မလုပ္နဲ႔! မလုပ္နဲ႔! မလုပ္ပာနဲ႔လို႔ေျပာေနတာကို!!!!"

အသံကုန္ျခစ္ေအာ္လိုက္တာမ်ား သူ႔နားစည္ေတြကြဲၿပီထင္....

Market ႀကီးေတာင္တုန္သြားသလားလို႔....

"နားကိုအူသြားတာပဲအသည္းရာ......"

အ႐ိုက္ခံလိုက္ရသည့္ ဘယ္ဘက္နားအုံကိုကိုင္ၿပီး သူေျပာမိေတာ့ ျမဴကအုပ္ထားသည့္သူ႔လက္ကိုဆြဲဖယ္သည္။

"ေခါင္းနည္းနည္းငုံ႔....."

နာခံစြာ ခါးကိုင္းေပးလိုက္ေတာ့ သူ႐ိုက္လိုက္လို႔ နီေနသည့္ေနရာကို စိုးရိမ္စြာေသခ်ာၾကည့္ေနေလသည္။

"မလုပ္နဲ႔ဆိုမလုပ္ဘဲမေနဘူး....
အလကားအသားနာေအာင္......."
"ဟီး...."
"ရယ္မေနနဲ႔.....
အျမင္ကတ္စရာ...."

မ်က္ေစာင္းထိုးၿပီး တြန္းလွည္းေလးတြန္းကာ ဆတ္ေတာက္ဆတ္ေတာက္ေလ်ာက္သြားသည့္ေကာင္ေလးအေနာက္ကို အရပ္႐ွည္႐ွည္ စပ္ၿဖီးၿဖီးႏွင့္ ေကာင္ေလးတစ္ေယာက္ကလိုက္သြားေလသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ကိုယ္ဘာကူေပးရဦးမလဲ...."
"ရတယ္ ဒီတိုင္းေလးပဲထိုင္ေန.....
ခ်စ္ခ်က္ေကြၽးတာေတြကိုသာကုန္ေအာင္စားေပး...."
"ဟုတ္ကဲ့....အဟီး...."

အထုပ္ေတြခ်ျပီးရယ္ျပေနသည့္ ေကာင္းကင္ကိုခ်စ္ျမတ္ႏိုးစြာ ေျခဖ်ားေထာက္ရင္း သူအနမ္းတစ္ပြင့္ေႁခြေပးလိုက္ေတာ့ ႐ွက္ကိုး႐ွက္ကန္းျဖစ္သြားဟန္ ဂုတ္ကိုပြတ္ၿပီး ရယ္ေနျပန္သည္။

ပုစြန္ေတြေဆးအခြံခြၽတ္ စပါကတီေခါက္ဆြဲအေခ်ာင္းလိုက္ေတြကို ပုစြန္ထဲေသခ်ာထိုးထည့္ၿပီး ေရေႏြးဆူဆူထဲထည့္ေဖ်ာကာ စပါကတီအႏွစ္ခ်က္သည္။

စားလို႔ေကာင္းၿပီး ခ်က္ရလြယ္တဲ့စပါကတီဟာအခ်ိန္လည္းသိပ္မကုန္ပါ....

သူ႔စကားအတိုင္း ခုံမွာထိုင္ေနသည့္ ေကာင္းကင္က ေမးေထာက္ၾကည့္ရင္းေက်နပ္ေနမွန္း ႐ုပ္ႀကီးကသိသာလြန္းသည္။

"စားလို႔ရၿပီ...."

သူခ်ေပးသည့္ ပန္းကန္ျပားထဲမွ စပါကတီကိုေသခ်ာစိုက္ၾကည့္ၿပီးမွ အရသာျမည္းၾကည့္သည့္ ေကာင္းကင္ရဲ႕တုံ႔ျပန္မႈကို သလင္းျမဴစိတ္ဝင္စားစြာအာ႐ုံစိုက္ထားသည္။

"တကယ့္ကို ကိုယ့္ခ်စ္သူပီသပါတယ္....."

ခ်ီးက်ဴးတာေတာင္ သူ႔ဘက္ကိုယက္လိုက္ေသးတာ....

"ျဖည္းျဖည္းစား....နင္မယ္....."

ေသာက္စရာယူေပးၿပီး သူစိုးရိမ္စြာေျပာရသည္။

စားၿပီးသြားေတာ့လည္း ပန္းကန္ေတြကိုသလင္းျမဴပဲေဆးသည္။

"ကိုယ္ေရသြားခ်ိဳးလိုက္ဦးမယ္ေနာ္...."
"အင္း....ဟမ္.....
အိမ္မျပန္ဘူးလား....မနက္ျဖန္ေက်ာင္းဖြင့္တယ္ေလ...."

အေယာင္ေယာင္အမွားမွားေခါင္းညိတ္ၿပီးမွ မနက္ျဖန္ တနလၤာမွန္းသူသတိရသည္။

"မနက္အတန္းခ်ိန္အမွီထၿပီး အိမ္ျပန္အဝတ္လဲမယ္ေလကြာ.....
ကိုယ္ဒီညေတာ့ဒီမွာပဲအိပ္ခ်င္တယ္....."
"ၿပီးေရာၿပီးေရာ....."
"Yes! ခ်စ္လည္းၿပီးရင္အခန္းထဲဝင္ခဲ့ေနာ္ ေရခ်ိဳးရမယ္....ဖူး..."

႐ိုး႐ိုးမေျပာဘဲ နားထဲေလမႈတ္သြားသူေၾကာင့္ လူေတာင္တြန္႔လိမ္သြားရသည္။

ပန္းကန္ေတြေနရာတက်ျပန္ထား Apron ခြၽတ္ၿပီး သူအခန္းထဲဝင္ခဲ့သည္။

ကုတင္ေပၚဒီတိုင္းခြၽတ္တင္ထားသည့္ ေကာင္းကင္အက်ႌနဲ႔ ေဘာင္းဘီကို ေလ်ွာ္ေပးဖို႔အတြက္အိတ္ေထာင္ေတြထဲကုိႏႈိက္ျကည့္လိုက္မိရာ ...

"ဒါ...ဒါေတြက.......
မဟုတ္မွ.......
စစ္ေကာင္းကင္ႏိုင္!!!!!"
"ဘာျဖစ္လို႔လဲ သဲငယ္....."

သပတ္တစ္ထည္ကိုခါးမွာပတ္ထားၿပီးေရခ်ိဳးခန္းထဲကထြက္လာသည့္ေကာင္းကင္...

ပထမဆုံးၾကားရသည့္ သဲငယ္ဆိုေသာနာမ္စားေၾကာင့္ သလင္းျမဴ ေၾကာင္ေျကာင္ေလးျဖစ္ေနမိသည္။

"ကိုယ္စဥ္းစားၿပီးသြားၿပီ.....
ကိုယ့္ခ်စ္သူေလးကိုခ်စ္ေတြသည္းေတြအစား....
သဲငယ္လို႔ပဲေခၚေတာ့မယ္....."
"......"
"သေဘာက်လား.....ဟင္...သဲငယ္...."

သလင္းျမဴ ေယာင္ယမ္းၿပီး ေခါင္းညိတ္မိသည္ထင္....

"ကိုယ့္နာမည္ကိုဘာလို႔ေအာ္ေခၚေနတာလဲ သဲငယ္...."

သလင္းျမဴ ထိုအခါမွ ေဘာင္းဘီအိတ္ထဲတြင္ဆုပ္ကိုင္ထားသည့္ ဟာေတြကိုသတိရသြားကာ မ်က္ႏွာႀကီးရဲတက္ၿပီး ႏႈတ္ခမ္းကိုကိုက္ထားလိုက္သည္။

"ဒါေတြ!!! ဒါေတြကိုဘာလုပ္ဖို႔လဲ....."

သူထုတ္ျပလိုက္သည္ေတြကို ျမင္ေတာ့ မ်က္လုံးျပဴးသြားသည့္ေကာင္းကင္....

"သဲ.... သဲငယ္ကလည္း.....
သိတယ္သားနဲ႔......"

အထစ္ထစ္အေငါ့ေငါ့ ေျပာလာၿပီး ခါးကိုလာဖက္သူ....

"ဘာကိုသိရမွာလဲ!!!!!"

လက္ေတြကိုျဖည္ခ်ရင္း ေကာင္းကင္ရင္ဘက္ကို သလင္းျမဴထုပစ္သည္။

"သဲငယ္ကလည္းကြာ....
သဲငယ္ပဲေျပာထားၿပီးေတာ့......
ဟိုဟာ......အဆင့္တက္မယ္ဆို...."

သလင္းျမဴေကာင္းကင္ရင္ဘက္ကို တဒုန္းဒုန္းထပ္ထုသည္။

"႐ူးေနတာလား!!!
ႏွာအေတြးေတြပဲေတြးေနတဲ့မေကာင္းတဲ့ေကာင္ႀကီးရဲ႕....."

တေပါက္ေပါက္က်လာသည့္ ျမဴ႕မ်က္ရည္ေတြေၾကာင့္ ေကာင္းကင္သူ႔အမွားကိုျပန္စမ္းစစ္ရသည္။

"ဘာလို႔ငိုတာလဲသဲငယ္....
ကိုယ္ထင္တာမွားရင္ေတာင္ ငိုစရာမွမလိုတာ...."
"မင္းေျပာခဲ့တဲ့စကားကိုမင္းမမွတ္မိဘူးလား...
လက္ထပ္ၿပီးမွပဲ ငါ့ ခႏၶာကိုယ္ကိုယူမယ္ဆို...
ငါ့ကိုတန္ဖိုးထားပါမယ္ဆို....
အဲ့စကားေတြက စူးေနေရာင္ထက္အတြက္ပဲလား.....မေကာင္းအေကာင္ႀကီး!!!
သြား!! ထြက္သြား!!!"

အခန္းအျပင္ကိုအတင္းေတြတြန္းထုတ္ေနသည့္ ခ်စ္ရသူရဲ႕လက္ကိုအသာခ်ဳပ္ရင္း ေပြ႔ဖက္ထားလိုက္သည္။

"လႊတ္!.....
မင္းငါ့ကိုမခ်စ္ဘူးမလား....
မင္းငါ့ကိုတန္ဖိုးမထားဘူး!!"

ဘာစကားမွမဆိုဘဲ ေကာင္းကင္ကသူ႔ကိုတင္းတင္းဖက္ထားဆဲ....

"ကိုယ္သဲငယ္ကိုအခ်စ္ဆုံးပါ......"

သူငိုရလို႔ေမာၿပီး ၿငိမ္သြားမွ တည္ၿငိမ္စြာ ေကာင္းကင္ေျပာသည္။

"ကိုယ္က်ိန္ရဲတယ္.....
သဲငယ္ကသာကိုယ့္အခ်စ္ဆုံးကိုယ္ယုံၾကည္ရဆုံးသူပါ....
တစ္သက္လုံးလည္း ဒီအတိုင္းပဲျဖစ္သြားမွာ...
ကိုယ္ေျပာတဲ့အတိုင္းသဲငယ္ကိုမခ်စ္ေတာ့ရင္ျဖစ္ျဖစ္မယုံၾကည္မိရင္ျဖစ္ျဖစ္ ကိုယ့္ေနာက္ဆုံးထြက္သက္အထိ ေနာင္တေတြနဲ႔အထီးက်န္ရပါေစ....."
"တကယ္လား......"
"ကိုယ္သဲငယ္ကိုလိမ္ခဲ့ဖူးလို႔လား...."
"အင္း....လိမ္တယ္ေလ....
Market မွာတုန္းက Durex ေတြသြားဝယ္တာကိုအသိနဲ႔စကားေျပာေနတာလို႔ လိမ္တာမလား...!!"
"အဲ့တာကေတာ့ကြာ......"

ၾကက္ႀကီးလည္လိမ္သလိုပဲ နင္ေနသည့္႐ုပ္ႀကီးကပုံမွန္ဆိုသူရယ္မိမွာေပမယ့္ ဒီအခ်ိန္မွာေတာ့ တည္တင္းေနသည္။

"မေျပာႏိုင္ေတာ့ဘူးမလား!
သြား ႏွာဘူးေကာင္ အက်ႌဝတ္ၿပီးျပန္ေတာ့!!
မင္းဟာေတြပါအကုန္ျပန္ယူသြား......"
"......"
"သြားဆို!
အခုမသြားရင္ မင္းနဲ႔ငါျပတ္ၿပီေနာ္......"
"သြားမယ္ သြားမယ္!"

အဝတ္ေတြကိုအျမန္ပဲေကာက္စြပ္ရသည္။

"ဒါနဲ႔ေလ....သဲငယ္....
မသြားခင္ေမးစရာေလးတစ္ခု႐ွိလို႔...."
"ေမး!"
"သဲငယ္ေျပာတဲ့အဆင့္တက္ရေအာင္ဆိုတာက ကိုယ္ထင္တာမဟုတ္ရင္.....
ဘာကိုေျပာတာလဲ....."
"မင္းသူငယ္ခ်င္းငါ့သူငယ္ခ်င္းေတြကိုတရားဝင္အသိေပးရေအာင္လို႔ေျပာတာ!"
"ေဩာ္...ကိုယ္နားလည္ၿပီ.....
ကိုယ္ျပန္ေတာ့မယ္ေနာ္...သဲငယ္....
ခ်စ္တယ္...."

ပါးျပင္နုနုကိုအျမန္နမ္းျပီး ထပ္ေဒါသမထြက္ခင္ ေကာင္းကင္ေျပးခဲ့ရသည္။

အိမ္ေရာက္ေတာ့လည္း ဝယ္လာသည့္ condom ဘူးေတြကိုထိုင္ၾကည့္ၿပီး ဘာလုပ္ရမလဲစဥ္းစားကာ အားသြန္ခြန္စိုက္ႀကိဳးစားေတာ့သည္။

"ဖူး...ဖူး....."

တစ္ခုၿပီးတစ္ခုကိုထိုင္မႈတ္ကာ အပ္ႏွင့္လိုက္ေဖာက္ၿပီး အာေညာင္းျခင္းျဖင့္အဆုံးသတ္ခဲ့ရသည္။

အက်ိဳး႐ွိ႐ွိအသုံးခ်လိုက္ပုံမ်ား ညႀကီးသန္းေခါင္အသံေတြဆူလို႔ ေမြးသမိခင္ရဲ႕ ဆူျခင္းကိုျပဳံးျပဳံးႀကီးသာခံယူလိုက္သည္။

ေဂၚတယ္မလား....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ေက်ာင္းဖြင့္ရက္မို႔ ေကာင္းကင္အနားမွာမ႐ွိခ်ိန္ သလင္းျမဴလည္း ပြဲ႐ုံအတြက္ဝန္ထမ္းမ်ားေခၚယူရင္း interview ေတြျဖင့္အလုပ္႐ႈပ္သည္။

ေမေမပို႔လိုက္သည့္ လက္ေထာက္မန္ေနဂ်ာႀကီးေရာက္လာလို႔ သူသိပ္လည္းမပင္ပန္းရပါ။

"ျမဴေလး.....
ဒီေန႔ interview ေတြလည္းၿပီးသြားၿပီ ေစာေစာျပန္နားလိုက္ေလ
က်န္တာေတြဦးေလးပဲစီစဥ္ထားလိုက္မယ္..."
"ေက်းဇူးပဲဦးဂ်ာ..."

မန္ေနဂ်ာႀကီး႐ွိေနလို႔သလင္းျမဴလည္းျပန္ရန္ကားေပၚေရာက္ေတာ့ message ဝင္သံၾကားလိုက္ရၿပီး ဘယ္သူပို႔မွန္းတန္းသိကာ ဖုန္းဖြင့္ၾကည့္လိုက္သည္။

""လြမ္းတယ္ ကို႔ရဲ႕ႏွင္းဆီျဖဴေလး သဲငယ္
Mwah!!!""

သလင္းျမဴနားထဲေကာင္းကင္ရဲ႕အသံႏွင့္အမူအရာကိုပါျမင္ေယာင္လာေသာေၾကာင့္ သေဘာတက်ရယ္မိပါေသးသည္။

အခ်ိန္ကိုၾကည့္လိုက္ေတာ့ ေန႔လည္ ႏွစ္နာရီေတာင္မထိုးေသးဘူးဆိုေတာ့ အတန္းခ်ိန္ပဲ...

""စာသင္တာကိုအာ႐ုံစိုက္ထား
ၿပီးမွ ဆရာက Rap ရြတ္သြားသလိုပဲဘာမွနားမလည္ဘူးလို႔လာမညည္းနဲ႔ နားရင္းအုတ္မွာ""

ျပန္ပို႔လိုက္သည့္ message ကိုျမင္ၿပီး ေကာင္းကင္နားရင္းေတြပူေနေလာက္မွာေသခ်ာသည္။

"ႏွင္းဆီျဖဴေလး.......
ဟုတ္သားပဲ....ငါေမ့ေနတာ...."

အိမ္မျပန္ဘဲ ကားရဲ႕ဦးတည္ရာက နာမည္ႀကီး Tatoo Shop တစ္ခုထံ....

ညေနအိမ္ျပန္ေရာက္လို႔ေရခ်ိဳးၿပီးခ်ိန္မွစ၍ လက္ဖမိုးေပၚထိအုပ္သည့္ ဆြယ္တာပါးပါးေတြကိုသလင္းျမဴစတင္ဝတ္ဆင္ခဲ့သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

စေန တနဂၤေႏြ ပိတ္ရက္ ႏွစ္ေယာက္သားတိုင္ပင္ထားသည့္အတိုင္း ဆိုင္တစ္ဆိုင္သို႔လာရန္သူငယ္ခ်င္းအားလုံးကိုခ်ိန္းဆိုလိုက္သည္။

အေအးေလးတစ္ငုံေသာက္လိုက္ စိတ္လႈပ္႐ွားလို႔ ဒူးေလးေတြနန္႔လိုက္ႏွင့္ ႏွစ္ေယာက္လုံးအၿငိမ္မေနႏိုင္ဘဲ ဆိုင္အေပါက္တံခါးကိုသာလည္ပင္း႐ွည္စြာၾကည့္ေနၾကသည္။

"ႀကိဳဆိုပါတယ္ "

တံခါးေပါက္မွ ဝန္ထမ္းေလး၏ ဧည့္ႀကိဳသံေနာက္ဝင္လာတာ ျမဴ႕သူငယ္ခ်င္း ေသြး ၊ ေဇယ်ာ၊ ကြမ္ေခး၊ ေဝယံတို႔ပင္....

"ေသြး!"

သလင္းျမဴမတ္တပ္ရပ္ၿပီး သူငယ္ခ်င္းေတြကိုလက္ျပလိုက္သည္။

"အခုမွပဲေတြ႔ရေတာ့တယ္.....
ေကာင္စုတ္ေလး.....
သူ႔အလုပ္ေတြပဲဦးစားေပးထားတာ...."

မေက်နပ္သလို ေျပာၿပီးမွ သူ႔လက္ေမာင္းကိုဖက္တြယ္လာသည့္ေသြး....

"အလြမ္းသယ္မေနၾကနဲ႔....
အျမင္ကတ္တယ္..."

ရြတ္ေနာက္ေနာက္ေဝယံရဲ႕လက္ေမာင္းကိုေသြးလက္သီးကခ်က္ခ်င္းပဲေျပးသြားခဲ့ပါသည္။

အထိုးခံလိုက္ရတဲ့သူေတာ့မသိၾကည့္ေနရသည့္ ေကာင္ကင္မွာ လက္ေမာင္းႀကီးေအာင့္တက္သြားသလို ႐ွဳံ႕မဲ့ေနသည္။

"အဲ့တာဘယ္သူလဲ..."

သူ႔ကိုၾကည့္ေမးလာေတာ့ ေကာင္းကင္လည္းျပာျပာသဲသဲထကာႏႈတ္ဆက္ရသည္။

"ကြၽန္ေတာ့္နာမည္ စစ္ေကာင္းကင္ႏိုင္ပါ..."
"အင္း.....
ထိုင္ရေအာင္...."

အင္းဆိုၿပီး အသီးသီးဝင္ထိုင္ၾကေတာ့ ေကာင္းကင္ဆက္မိတ္မဆက္ေတာ့ဘဲ ေၾကာင္ေတာင္ေတာင္ ျပန္ထိုင္လိုက္သည္။

"ႀကိဳဆိုပါတယ္! "

ေနာက္ထပ္ဝင္လာတာက စိုင္းစံ ႏွင့္ေတဇတို႔....

"ေဟ်ာင့္ေတြ! ဒီမွာ...."

သူတို႔ႏွစ္ေယာက္ႏွင့္အတူ ေသြးတို႔ကိုပါေတြ႔ရေတာ့ စိုင္းစံ အစ္ကိုျမဴ ဘာလုပ္မလဲ သေဘာေပါက္သြားသည္။

"ငစိုင္း..."
"ကိုေဇႀကီး..."

စိုင္းစံ ေဇယ်ာတို႔ႏွင့္ ဖက္လွဲတကင္းႏႈတ္ဆက္ၿပီး ေသြးေဘးမွာဝင္ထိုင္လိုက္သည္။

"ငါတို႔ကိုဘာေျပာမလို႔လဲ....
အေရးႀကီးတယ္ဆို...."

ကြမ္ေခး၏အေမးကိုသလင္းျမဴ မေျဖေသးဘဲ နာရီကိုလွမ္းၾကည့္ရင္း ဆိုင္ျပင္ကိုလွမ္းေမ်ွာ္ေနဆဲ....

"ခဏေလး...တစ္ေယာက္က်န္ေသးလို႔...."

စိုင္းစံ အကုန္လုံးကိုၾကည့္လိုက္ေတာ့ လူလည္းစုံေနပါၿပီလို႔ေတြးမိသည္။

"ႀကိဳဆိုပါတယ္ "
"လာၿပီ....."

ႏႈတ္ခမ္းေထာင့္ေလးတြန္႔သြားသည့္ ျမဴ႕အျပဳံးေနာက္ ဆိုင္ထဲကိုဝင္လာသည့္ ေကာင္ေလးထံသူတို႔အာ႐ုံေတြအားလုံးေရာက္႐ွိသြားသည္။

ေသြးတို႔ေတဇတို႔အားလုံး အံ့ဩစြာ အာေမဍိတ္သံေတြထြက္လာၾကၿပီး လက္တြဲကာမတ္တပ္ရပ္လာသည့္ သူနဲ႔ေကာင္းကင္ကို ေဒါသမ်က္ဝန္းေတြနဲ႔ထိုေကာင္ေလးကေတာ့ၾကည့္ေနသည္။

"လာေလ စူးေနေရာင္ထက္.... "

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ႏွလုံးသားတစ္ခုကိုမူပိုင္အုပ္စိုးခြင့္ရဖို႔
တရားေသာနည္းလမ္းနဲ႔
ဒီစစ္ပြဲကိုအႏိုင္ယူပာမယ္

သလင္းျမဴ

Bạn đang đọc truyện trên: Truyen247.Pro