Part-56 ( our date)
Unicode
ညဈေးကပြန်လာပြီး တိုက်ခန်းပြန်ရောက်တော့ စားသောက်ထားသည်နှင့် ကမြင်းထားသည့်အရှိန်ပေါင်းကာ မျက်ခွံတွေက လေးလံလာသည်။
ခြေလက်ဆေး မျက်နှာသစ်သွားတိုက် ညဝတ်လေးလဲပြီး ပုဆိန်ငါးချက်အမြန်ပေါက်ကာ ခေါင်းအုံးပေါ်လှဲချလိုက်တော့သည်။
🎶📲 phone rings.......
"ကျစ်!!"
သလင်းမြူ နားပိတ်ပြီး တစ်ဖက်လှည့်ကာ အိပ်ရန်ကြံသည်။
🎶📲 Phone rings..........
"F***"
ထပ်မြည်လာသည့်ဖုန်းကြောင့် ဒေါသအလိပ်လိုက်ထွက်ကာ ဆဲမိပြန်သည်။
""💓He💓""
Contact name ကိုကြည့်ပြီး သလင်းမြူ သက်ပြင်းအသာချကာ စိတ်ကိုပြန်ထိန်းလိုက်သည်။
"Hello!"
"ချစ် ဘာလို့ဖုန်းမကိုင်တာလဲ...
ဘာလုပ်နေလို့လဲ "
"အိပ်နေတာ...အခုကိုင်ပြီပဲ.....
ဘာလဲ ပြော!"
"မနက်ဖြန် ကိုယ်တို့ Date မှာနော်...
မေ့နေမှာစိုးလို့...."
"မမေ့ဘူး...."
"မနက်ဖြန် ချစ်အင်္ကျီဘာအရောင်ဝတ်မှာလဲဟင်....."
"မသိဘူး...."
"ချစ်ကလည်း....ပြောစမ်းပါ...."
"စစ်ကောင်းကင်နိုင်.....ငါအခုအရမ်းအိပ်ချင်နေတာနော်.....အဆဲတောင်းနေတာလားဟမ်!"
"ဘာအရောင်လည်းပြောပြီးရင်အိပ်လို့ရပြီပဲ ချစ်ရာ......"
"စစ်စိမ်းရောင်! ရပြီမလား! ဒါပဲ!!!"
ဖုန်းကို တစ်ခါတည်း silent လုပ်ပြီးတာနဲ့ ထိုးအိပ်တော့သည်။
အိပ်ချင်တဲ့အချိန်မအိပ်ရရင် စားချင်တဲ့ဟာမစားရရင် လူကစိတ်ရိုင်းတွေကြွသည်။ မဲမြဲမင်သမျှပတ်ရမ်းချင်သည်။
ကောင်းကင်ကသူ့ရည်းစားမို့သာ ဒီလောက်သည်းခံထားတာ.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"Ting tong!!! Ting tong!!!! မြူ!!!"
ကျယ်လောင်လွန်းသောကောင်းကင်အသံကြောင့် အိမ်နီးနားချင်းတွေထွက်ရိုက်မည်စိုးကာ သူအိပ်တဝက်နိုးတဝက်နှင့်မနည်းရအောင်ထပြီး တံခါးသွားဖွင့်ပေးရသည်။
"ဟီး!!!"
လန်းဆန်းတက်ကြွစွာ သွားအဖြီးသားနဲ့ရယ်ပြနေတဲ့ ကောင်းကင်ကို မျက်မှောင်ကျုံ့ကြည့်ကာ အမြင်ကတ်ကတ်နှင့် ခြေထောက်ကိုပိတ်ကန်ပစ်လိုက်သည်။
"အား!!အ......ချစ်"
"အခုမှမနက်ခြောက်နာရီပဲရှိသေးတာလေ!
ငါမင်းကိုသတ်မိတော့မယ်!"
အံကြိတ်ပြီး လည်ပင်းညှစ်ရန်ဦးတည်လာသည့် လက်ကလေးနှစ်ဖက်ကို အမြန်ပဲဖမ်းချုပ်လိုက်ရသည်။
"ချစ်ကလည်း.....ဒီနေ့ကိုယ်တို့ Date လုပ်မှာလေ...."
အိပ်ရေးမဝသေးတဲ့ပိစိကလူသတ်ချင်တဲ့အငွေ့အသက်တွေလွှမ်းခြုံနေသည်။
"ကိုယ်အရမ်းပျော်ပြီးအစောကြီးနိုးနေလို့...
ချစ်မျက်နှာလေးကိုအရမ်းလွမ်းလွန်းလို့ပါကွာ...
စိတ်မဆိုးပါနဲ့.......နော်....."
မြူကနှာခေါင်းရှုံ့ပြကာ သူဆုပ်ကိုင်ထားသည့် လက်လေးနှစ်ဖက်ကိုရုန်းပြီး အခန်းထဲပြန်ဝင်သွားသည်။
ဒီလောက်လေးမှမချော့တတ်ရင် ဘယ်လိုလုပ်ဒီကောင်လေးရည်းစားဖြစ်လာပါ့မလဲ.....
ဖက်လုံးကိုခွပြီး ပြန်အိပ်နေသည့် မြူ့နံဘေးမှာသူလဲဝင်လှဲလိုက်သည်။
"7 နာရီခွဲရင်နှိုး...."
"အင်း...."
ပိတ်ကျသွားတဲ့မျက်ခွံလေးတွေနောက် မျက်တောင်ရှည်တွေကိုအသည်းယားစွာသူခပ်ဖွဖွနမ်းမိပါသည်။
နှုတ်ခမ်းလေးတွန့်သွားရုံပြုံးလိုက်သည့်မြူ....
"ငြိမ်ငြိမ်နေ...."
"ဟုတ်ကဲ့...."
စကားနားထောင်စွာသူ့ဘေးမှကောင်းကင်ငြိမ်သွားပါသည်။
အသက်ရှုသံတိုးတိုးမှလွဲ၍ တိတ်ဆိတ်သွားရာ သလင်းမြူလည်းပြန်အိပ်ပျော်သွားခဲ့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ချစ်......
7 နာရီခွဲနေပြီ....."
"........"
"ချစ်ကလေး....."
"အင်း....."
အိပ်ချင်မူးတူးလေး အပျင်းကြောဆွဲကာ အဝတ်ဗီရိုထဖွင့်ပြီး အင်္ကျီရှာနေလေသည်။
"ချစ်အဲ့အင်္ကျီ မဟုတ်ဘူးလေ....."
သလင်းမြူထုတ်လိုက်သည့် T-shirt အနီလေးကိုဆွဲယူကာ ကောင်းကင်ကိုယ်တိုင်ပဲ အဝတ်တွေကိုမွှေတော့သည်။
"ဒါဝတ်....."
ကောင်းကင်ပေးသည့် shirt လေးကိုမြင်မှ ကောင်းကင်ဝတ်ထားသည့် စစ်စိမ်းရောင်အင်္ကျီကိုသတိထားမိသည်။
"ကိုယ်နဲ့အရောင်ဆင်တူ....."
"ကလေးဆန်လိုက်တာ....."
Jean ဆွဲသားတစ်ထည်ကိုပါယူပြီး သလင်းမြူ ရေချိုးခန်းထဲဝင်ခဲ့တော့သည်။
ခေါင်းလျှော်ရေချိုးပြီး ရေသုတ်ရင်းမှန်ထဲမှကိုယ့်ကိုကိုယ်ကြည့်ရင်းသဘောကျမိသည်။
"ချောလိုက်တဲ့ငါလေး....."(AN:😒မရယ်ကြနဲ့)
နေမြင့်လာရင်ပိုဆိုးလာမည့်အပြင်ရာသီဥတုအပူကိုကြောက်၍ ကားနဲ့ပဲသူတို့ထွက်လာခဲ့ကြသည်။
"ဗိုက်ဆာတယ်....မနက်စာအရင်စားရအောင်....."
"Ok....."
နာမည်ကြီးသည့် ရှမ်းခေါက်ဆွဲဆိုင်ကိုဦးတည်မောင်းလာခဲ့လိုက်သည်။
မနက်စာလာစားသူများနှင့် ပြည့်နေသောဆိုင်ထဲမှာ စားပွဲအလွတ်ကမရှိတော့.....
"ဘယ်လိုလုပ်မလဲ......
တခြားဆိုင်သွားကြမလား...."
နှစ်ယောက်သားဆိုင်ထဲမဝင်ဘဲကြောင်တောင်တောင်......
ကားဆီပြန်ရန်ဆုံးဖြတ်ပြီးမှ
"အစ်ကို......သလင်းမြူ......"
သူ့နာမည်ကိုခေါ်သံကြောင့် သလင်းမြူလှည့်ကြည့်လိုက်သည်။
"ဟုတ်နေတာပဲ......
အစ်ကိုသလင်းမြူ....."
အသားဖြူဖြူ နှာခေါင်းလုံးလုံး ပေါ့ပေါ့ပါးပါးဆံပင်တွေကိုခပ်မြင့်မြင့်စုထုံးထားပြီး T- shirt ဗြောင်ပွပွဘောင်းဘီတိုလေးနှင့် မျက်နှာဗြောင်ကောင်မလေးကိုသူမြင်ဖူးသလိုတော့ရှိသည်။
"ညီမကိုမမှတ်မိဘူးလား.....
ညီမ နန်းနွယ်နီလေ...."
"နန်း...နွယ်..နီ.....
ဪ....ညီမလေးနွယ်နီ.....
Sorry အစ်ကိုကရုတ်တရက်ဆိုတော့မမှတ်မိဘူးဖြစ်သွားတယ်...."
"မနက်စာလာစားတာလား....."
"အင်း.....ခုံတွေအကုန်လူပြည့်နေလို့ တခြားဆိုင်ပဲသွားစားလိုက်တော့မယ်....."
"မဟုတ်တာအစ်ကိုကလဲ....
နွယ်နီတို့ဝိုင်းမှာလာထိုင်လေ.....
လာပါ....."
လက်ကိုအတင်းဆွဲကာခေါ်သည့် နွယ်နီ့နောက်ကိုသူပါသွားတော့ ကောင်းကင်ကလည်း အမြန်လိုက်လာသည်။
"အစ်ကိုထိုင်လေ....
ဒီကအစ်ကိုရော....."
"ဘယ်သူတွေလဲ....."
"ဒါကငါ့အထက်တန်းတုန်းက senior....
အစ်ကိုသလင်းမြူ.....
အစ်ကို သူတို့နှစ်ယောက်က ညီမသူငယ်ချင်းတွေ...."
"တွေ့ရတာဝမ်းသာပါတယ်..... "
"ဟုတ်ကဲ့....."
နွယ်နီတို့မှာထားတာတွေလာချပေးသည့်စားပွဲထိုးကို သလင်းမြူတို့လည်း မှာစရာရှိတာမှာလိုက်သည်။
"အစ်ကိုဆိုင်ရှေ့မှာရပ်နေတုန်းက မြင်ဖူးပါတယ်လို့ကြည့်နေတာ....
သေချာအောင်အပြင်ထွက်ကြည့်တော့မှ တကယ်အစ်ကိုဖြစ်နေတယ်......
အစ်ကိုအခု မန္တလေးဆေးမှာတက်နေတာပေါ့...."
"မန္တလေးဆေး?"
နွယ်နီ့အမေးကြောင့် သူ့ကိုပြူးကြောင်ကြောင်ကြည့်လာသည့်ကောင်းကင်.....
"အစ်ကို အဝေးသင်တက်နေတာ.....
E major...... "
"ဘာလို့လဲ......."
"ဒီတိုင်း အကြောင်းလေးတွေရှိလို့......"
"နှမြောစရာကြီး အစ်ကို့အမှတ်တွေဒီလောက်ကောင်းတာကို......
စိုင်းစံပြောတော့ အစ်ကို့အိမ်မက်က နှလုံးအထူးကုဖြစ်ဖို့ဆို......"
"အင်း.....
အရင်တုန်းကပါ...."
"စိုင်းစံဆိုတာက......မဟုတ်မှ စိုင်းစံရှားကိုပြောတာလား"
ကြောင်တောင်တောင်ဝင်မေးသည့် ကောင်းကင်ကို နွယ်နီကဟုတ်တယ်လေဆိုပြီး ခေါင်းငြိမ့်ပြသည်။
"Woah.....
ဒီကောင် စိုင်းစံ......
Woah.......
သိပါလျက်နဲ့ တစ်ခွန်းတောင်မဟဘူး.....
Woah!"
ကောင်းကင်ရဲ့ကြိတ်မနိုင်ခဲမနိုင်ပုံစံကြောင့် သလင်းမြူ လက်ကိုအသာကုပ်လိုက်သည်။
"ငါကမပြောဖို့မှာထားလို့....
သူမပြောတာ......"
သူတို့နှစ်ယောက်မျက်လုံးချင်းဆုံပြီး ဘာစကားမှမဆိုဘဲနေနေကြရာက စားစရာတွေရောက်လာမှ အကြည့်လွှဲဖြစ်သည်။
"နွယ်နီညီမကရော ဘာတက်နေတာလဲ..... "
"ညီမက UFL Japan...."
"ကောင်းသားပဲ......
စိုင်းစံက MU မှာ Zoology တက်နေတယ်
သူနဲ့အဆက်အသွယ်မရှိဘူးလား....."
"စိုင်းစံနဲ့က ဆယ်တန်း Final ဖြေပြီးကတည်းက အဆက်အသွယ်မရှိဘူး.....
အစ်ကို FB သုံးလားဟင်....."
"အင်း....."
"ညီမလာ Add မယ်....လက်ခံရမယ်နော်....."
"အင်းပါ....."
"Phone number လည်းပေးဦး....."
သူမဖုန်းလေးကိုပေးပြီး ဖုန်းနံပါတ်ပါတောင်းလာတော့ သလင်းမြူမကောင်းတတ်လို့ပေးလိုက်ရာ ကောင်းကင်မျက်နှာကမကြည်လင်တော့.....
"နောက်မှထပ်ဆုံမယ်နော်အစ်ကို...."
"အင်း....."
လက်ပြပြီး သူမကဆိုင်ကယ်လေးနှင့်ထွက်သွားရာ သလင်းမြူတို့လည်း ကားပေါ်တက်လိုက်သည်။
"နောက်ထပ်ဒီဆိုင်ကိုထပ်မလာတော့ဘူး....
နာမည်ကြီးပြီး စားလို့လည်းမကောင်းပဲနဲ့....."
ကားတံခါးကိုဆောင့်ပိတ်ပြီး ခါးပတ်ပတ်ရင်းကောင်းကင်ပြောသည်။
"အခု သဝန်တိုနေတာလား...."
"သိရဲ့သားနဲ့ မေးမနေနဲ့......."
"ဒီနေ့ date လုပ်မှာဆို အဲ့လိုကြီး စူပုတ်မနေစမ်းပါနဲ့......"
"ဒီလိုဖြစ်အောင်လုပ်တာဘယ်သူလဲ....."
"နွယ်နီက တကယ့်ကျောင်းနေဖက် junior ညီမလေးပါ ကိုရာ......
သဝန်မတိုပါနဲ့........"
"သဝန်တိုတာထက်......အဲ့ကောင်မလေးနဲ့ စိုင်းစံကိုမနာလိုတယ်....."
"ဟမ်....ဘာ......"
"စိုင်းစံနဲ့အဲ့ကောင်မလေးက ကိုယ့်ထက်အရင် ချစ်နဲ့သိကျွမ်းခဲ့တာလေ.....
ဘယ်လောက်မနာလိုစရာကောင်းလဲ....."
"ကလေးကျနေတာပဲ.... မဟုတ်တာကို.....
ကိုကသူတို့ထက်နောက်ကျမှချစ်နဲ့တွေ့ပေမယ့် အခုချစ်ရဲ့ကိုဖြစ်နေပြီလေ.....
သူတို့ထက်သာတာမဟုတ်ဘူးလား....."
"အဲ့တာတော့ဟုတ်တယ်....."
"Aigooo......
တကယ်ကလေးကြီးပဲ....."
ပါးကြီးနှစ်ဖက်ကိုအားရပါးရဆွဲညှစ်ပြီး နှစ်ယောက်သားရယ်ကြသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မနက်ပိုင်းဆိုပေမယ့် ရုပ်ရှင်ရုံထဲမှာလူတော်တော်များသည်။
သူတို့လက်မှတ်ကိုကြည့်ပြီး ရုပ်ရှင်ရုံမှ ဝန်ထမ်းကအနောက်ဆုံးအတွဲခုံများရှိရာကိုညွှန်ပေးသည်။
အမှောင်မချခင်ကို ကောင်းကင်က အမြန်ပဲ သူ့ကိုဆွဲဖက်လျက် ဓာတ်ပုံရိုက်လိုက်သေးသည်။
ရုံတစ်ခုလုံးမှောင်သွားပြီးနောက် ပိတ်ကားထက်အလံကြီးပေါ်လာရာနှစ်ယောက်သားအမြန်ပဲ မတ်တပ်ထရပ်လိုက်ကြသည်။
ပဲထမင်းမစားချင်ဘူးလေ......
ဘေးနားကိုမျက်လုံးဝှေ့ကြည့်တော့ အတွဲဆိုလို့ သူတို့အပြင်နှစ်တွဲပဲတွေ့ရပြီး အားလုံးပုံမှန်ခုံတွေတွင်သာရှိကြသည်။
အခုလေးတင်မနက်စာစားလာတာမို့ ဘာမုန့်ဘာအချိုရည်မှလည်းမဝယ်ခဲ့ကြ။
ဇာတ်ကားကတော့အစကတည်းကရယ်နေရပြီး သလင်းမြူဘေးကကောင်းကင်ကိုတောင်မေ့တေ့တေ့။
ခါးပေါ်ရောက်လာပြီး အနားဆွဲယူလိုက်မှ သူကောင်းကင်ကိုအလန့်တကြားကြည့်မိသည်။
"ဘာလဲ....."
ရုပ်တည်ကြီးနှင့်စိုက်ကြည့်နေလို့ သူကြောင်တောင်တောင်မေးမိရာ....
"ဒီလိုလေးကြည့်...."
ရင်ခွင်ထဲသွင်းကာရင်ဘက်ကြီးကိုမှီစေပြီး တစ်ကိုယ်လုံးကိုသိမ်းကြုံးဖက်လိုက်သူ.....
ရုပ်ရှင်ထဲ ဈာန်ဝင်ပြီး တခွီခွီရယ်နေသည့်သူ့ကို ဆံပင်တွေထက်မှ ခပ်ဖွဖွငုံ့ငုံ့နမ်းရင်း ကောင်းကင်လည်းကျေနပ်နေခဲ့သည်။
ယောက်ျားလေးနှစ်ယောက်အတွဲခုံမှာထိုင်နေလို့ တချို့ကလှည့်လှည့်ကြည့်ကြပေမယ့် we don't care ပါ.....
"ကို ချစ်ရေဆာတယ်......
သွားဝယ်ပေးနော်....."
ရယ်ရလွန်းလို့ သလင်းမြူ အာတွေခြောက်လာပြီဖြစ်ရာ မျက်နှာငယ်လေးနှင့်ပဲ ကောင်းကင်ကို မော့ကြည့်ရင်းတောင်းဆိုလိုက်သည်။
"အလကားမရဘူး...
service ကြေးပေးပါ....."
"ဟွန်း...."
နှုတ်ခမ်းတစ်ချက်စူကာ ခေါင်းငုံ့ပေးထားသော သူ့နှုတ်ခမ်းအား တစ်ချက်လာနမ်းပြီး မျက်စောင်းလေးကထိုးသေးသည်။
"မုန့်ရောစားဦးမလား...."
"ဟင့်အင်း...
ရုပ်ရှင်ပြီးမှ စုစားမယ်...."
"ဟုတ်ပါပြီဗျာ"
ရုပ်ရှင်ရုံထဲမှကောင်းကင်ထွက်သွားပြီး ရေသန့်ဘူးတစ်ဘူးအမြန်ဝယ်ကာ ပြန်ရောက်လာသည်။
"ချစ်ရော့....."
ရေဘူးကိုဖွင့်ပြီး နှုတ်ခမ်းနားအဆင်သင့်တေ့ပေးရာ သလင်းမြူ ရုပ်ရှင်အကြည့်မပျက်ဘဲသောက်လိုက်သည်။
ကောင်းကင်လည်း မြူ့ကိုပြန်ဖက်ထားကာ ဘာစကားမှမပြောဘဲ အလိုက်တသိနေပေးသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ချစ်ဘာစားချင်လဲ"
"နေ့လည်စာနဲ့ပေါင်းပြီး hot pot ပဲစားတော့မယ်...."
ပွက်ပွက်ဆူသည့်ဟင်းရည်ထဲကို စိတ်တိုင်းကျအသားနဲ့ အရွက်တွေထည့်ပြီး အနံ့နဲ့တင်သူ့ချစ်သူကသွားရည်ယိုနေပေပြီ။
"ချစ်..."
"ဟင်..."
"မနက်ကဟိုကောင်မလေးပြောသွားတာလေ....
အဲ့တာတကယ်လား...."
"ဘာကလဲ...."
"ချစ်အိမ်မက်ကနှလုံးအထူးကုဆရာဝန်ဖြစ်ချင်တာဆိုတာလေ"
"အင်း.....
အဲ့တာအရင်အချိန်တွေတုန်းကပါ....."
"အခုကရောချစ်အိမ်မက်ကဘာလဲ...."
"အခု......
ဒီလိုလေးပဲ...... ကိုနဲ့အတူ.....အချိန်တွေအကြာကြီး....နေသွားချင်တယ်....."
"ဒါအကုန်ပဲလား....."
"အကုန်မဟုတ်သေးဘူး....50% လောက်....
ကျန်တဲ့ 50% ကချစ်မိသားစုကိုအမြဲစည်းစည်းလုံးလုံးနဲ့ပျော်ရွှင်စေချင်တယ်.....
ပြီးတော့.....
မိဘကငွေကြေးမတတ်နိုင်တဲ့ကလေးတွေနဲ့ မိဘမဲ့ကလေးတွေကိုကျန်းမာရေးနဲ့ ပညာရေးထောက်ပံ့မှုပေးချင်တယ်.....
ဒီလောက်ပဲ....."
"ဖြစ်လာမှာပါ ချစ်အိမ်မက်တွေ....."
"ဒါပေါ့ သေချာပေါက်ဖြစ်လာအောင်ကြိုးစားမှာ...."
စကားစအဆုံးသတ်သွားတာနဲ့ ကျွန်တော့်ချစ်သူရဲ့အာရုံက hot pot အိုးဆီကမခွာတော့ပါ...
သူမမကြာခဏတွေးမိပါတယ်....
ကျွန်တော့်လိုသာမန်လူသုံးယောက်စာကိုဒီအကောင်ပိစိလေးဗိုက်ကဘယ်လိုများဆန့်သလဲလို့....
စားသလောက်လည်း ခန္ဓာကိုယ်ကဒုံရင်းမှထွားမလာ....
စားသမျှအဟာရမဖြစ်ဘဲ အိမ်သာထဲပဲရောက်သည်ထင်.....
ကိုယ့်အတွေးနဲ့ကိုယ်ချစ်သူမမြင်အောင်ကြိတ်ရယ်ရပါသေးသည်။
စားသောက်ပြီး ရောက်သွားသည်က စကိတ်ကွင်း....
တစ်ခါမှမစီးဖူးလို့သင်ပေးပါတဲ့.....
စကိတ်ဖိနပ်လဲစီးပြီး ကွင်းထဲဝင်တော့ သူထိန်းကိုင်ပေးထားသည့်လက်ကလေးတွေကစိတ်လှုပ်ရှားမှန်းသိသာစွာတင်းကြပ်နေသည်။
"ကိုကစကိတ်စီးကျွမ်းလိုက်တာ...."
သူစီးပြတာကိုကြည့်ပြီး လက်ခုပ်လေးတီးကာဆိုသူ....
"အထက်တန်းကျောင်းသားဘဝကတည်းကစီးလာတာဒီလောက်တော့ရှိမှာပေါ့....."
"အားကျလိုက်တာ...."
သူချစ်သူလေးရဲ့ကလေးဘဝဟာ သာမန်တွေနဲ့ကွဲထွက်စွာဆေးတွေနဲ့ အပ်တွေကြားမှာပဲ ကြီးပြင်းခဲ့ရမယ်ဆိုတာ သူသိပြီးသားပါ။
မြန်မြန်နေကောင်းစေချင်ပါပြီ.....
ချစ်ကိုကိုယ်တိုင်ဆိုင်ကယ်စီးသင်ပေးချင်တယ်...
ချစ်နဲ့အတူမနက်တိုင်းလေ့ကျင့်ခန်းတွေလုပ်ချင်တယ်....
ကျန်းကျန်းမာမာနဲ့ပျော်ရွှင်နေမယ့် ချစ်သူလေးကိုသူမြင်လှပါပြီ....
"ချစ်ကိုယ်တောင်းဆိုစရာရှိတယ်..."
"ပြောကြည့်လေ...."
"ကိုယ့်ကို ကိုအစားမောင်လို့ခေါ်ပါလားဟင်...
ကိုယ်ကချစ်ထက်ငယ်တယ်လေ...."
"မခေါ်ချင်ဘူး...."
"အာ...ဘာလို့လဲ...."
"မင်းပဲ ကြယ်တွေခေါက်ပြီး ကိုလို့ခေါ်စေချင်လို့ဆုတောင်းထားတာလေ...."
"အဲ့ကြယ်တွေကိုမြင်ခဲ့တယ်ပေါ့....."
"အင်းလေ...."
"အဲ့တုန်းကချစ်ကိုစူးနေရောင်ထက်ထင်လို့လေ....
ချစ်ကသလင်းမြူ စူးနေရောင်ထက်မှမဟုတ်တာပဲ.....
လုပ်ပါကွာ...မောင်လို့ခေါ်ပါနော်......"
"ဆုတောင်း.....သားလေး...."
လက်မောင်းကိုပုတ်ပြီး ကားပေါ်တက်သွားတဲ့ရုပ်ကများချေမိုးလို့....
သူလည်း စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ကားပေါ်တက်ခဲ့လိုက်သည်။
"စိတ်ဆိုးတာလား...."
"စိတ်မဆိုးရက်ပါဘူးကွာ....."
"ကို......
ချစ်တို့အဆင့်တက်ကြမလား....."
လေးလေးနက်နက်ပြောလာသည့် မျက်ဝန်းတွေကြောင့် ကောင်းကင်ရင်ထဲမိုးတွေခြိမ်းကုန်ပါပြီ....
"အဆင့်တက်မယ်....."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
🎶📲 phone rings.......
"ကျစ်!!"
🎶📲 Phone rings..........
"F***"
""💓He💓""
"Hello!"
ဘာလုပ်နေလို့လဲ "
ဘာလဲ ပြော!"
မေ့နေမှာစိုးလို့...."
"မမေ့ဘူး...."
"မသိဘူး...."
"ချစ်ကလည်း....ပြောစမ်းပါ...."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"Ting tong!!! Ting tong!!!! မြူ!!!"
"ဟီး!!!"
"အား!!အ......ချစ်"
စိတ်မဆိုးပါနဲ့.......နော်....."
"7 နာရီခွဲရင်နှိုး...."
"အင်း...."
"ငြိမ်ငြိမ်နေ...."
"ဟုတ်ကဲ့...."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ချစ်......
7 နာရီခွဲနေပြီ....."
"........"
"ချစ်ကလေး....."
"အင်း....."
"ဒါဝတ်....."
"ကိုယ်နဲ့အရောင်ဆင်တူ....."
"ကလေးဆန်လိုက်တာ....."
"Ok....."
"ဘယ်လိုလုပ်မလဲ......
"အစ်ကို......သလင်းမြူ......"
"ဟုတ်နေတာပဲ......
အစ်ကိုသလင်းမြူ....."
"ညီမကိုမမှတ်မိဘူးလား.....
ညီမ နန်းနွယ်နီလေ...."
"နန်း...နွယ်..နီ.....
ဩော်....ညီမလေးနွယ်နီ.....
"မနက်စာလာစားတာလား....."
"မဟုတ်တာအစ်ကိုကလဲ....
လာပါ....."
"အစ်ကိုထိုင်လေ....
ဒီကအစ်ကိုရော....."
"ဘယ်သူတွေလဲ....."
အစ်ကိုသလင်းမြူ.....
"တွေ့ရတာဝမ်းသာပါတယ်..... "
"ဟုတ်ကဲ့....."
"မန္တလေးဆေး?"
E major...... "
"ဘာလို့လဲ......."
"အင်း.....
အရင်တုန်းကပါ...."
"Woah.....
ဒီကောင် စိုင်းစံ......
Woah.......
Woah!"
သူမပြောတာ......"
"ညီမက UFL Japan...."
"ကောင်းသားပဲ......
အစ်ကို FB သုံးလားဟင်....."
"အင်း....."
"အင်းပါ....."
"အင်း....."
"အခု သဝန်တိုနေတာလား...."
သဝန်မတိုပါနဲ့........"
"ဟမ်....ဘာ......"
"အဲ့တာတော့ဟုတ်တယ်....."
"Aigooo......
တကယ်ကလေးကြီးပဲ....."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ဘာလဲ....."
"ဒီလိုလေးကြည့်...."
"ကို ချစ်ရေဆာတယ်......
သွားဝယ်ပေးနော်....."
"အလကားမရဘူး...
service ကြေးပေးပါ....."
"ဟွန်း...."
"မုန့်ရောစားဦးမလား...."
"ဟင့်အင်း...
"ဟုတ်ပါပြီဗျာ"
"ချစ်ရော့....."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ချစ်ဘာစားချင်လဲ"
"ချစ်..."
"ဟင်..."
အဲ့တာတကယ်လား...."
"ဘာကလဲ...."
"အင်း.....
"အခု......
"ဒါအကုန်ပဲလား....."
ပြီးတော့.....
ဒီလောက်ပဲ....."
"အားကျလိုက်တာ...."
"ပြောကြည့်လေ...."
"မခေါ်ချင်ဘူး...."
"အာ...ဘာလို့လဲ...."
"အင်းလေ...."
"ဆုတောင်း.....သားလေး...."
"စိတ်ဆိုးတာလား...."
"ကို......
"အဆင့်တက်မယ်....."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro