Part-55 ( still alive for him)
Unicode
"ဒီမှာခဏစောင့်....
ငါအင်္ကျီသွားဝတ်လိုက်ဦးမယ်...."
ကောင်းကင်ကို sofa ပေါ်ထိုင်စေခဲ့ပြီး သလင်းမြူအခန်းထဲဝင်ကာ ထုတ်ထားသည့် အိမ်နေရင်းအဝတ်တစ်စုံကိုခပ်မြန်မြန်ကောက်စွပ်လိုက်သည်။
ဖုန်းယူပြီး ဧည့်ခန်းထဲပြန်ထွက်လာကာ သူမျက်နှာကိုတင်းထားလိုက်သည်။
"မင်းဆိုင်ကယ်နဲ့လာတာလား..."
"အင်း..."
"ငါ taxi ခေါ်ပေးမယ်....
အိမ်ပြန်တော့ မင်းဆိုင်ကယ်ကိုတစ်ယောက်ယောက်နဲ့ပို့ခိုင်းလိုက်မယ်..."
သလင်းမြူ ပြောပြောဆိုဆိုပဲ Taxi ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။
"Hello....
ဦးလေးအခုအားလား...."
"......"
"မြန်မြန်လေးလာပေး..."
"ဦးလေးလာစရာမလိုတော့ပါဘူး...
အနှောက်အယှက်ပေးမိတာတောင်းပန်ပါတယ်..."
သူပြောနေသည့်ဖုန်းကိုလုယူပြောပြီး ဖုန်းချပစ်သည့်ကောင်းကင်....
"မင်းဘာလုပ်တာလဲ.... "
"မြူကရောဘာလုပ်တာလဲ.... "
ဖုန်းကို စားပွဲပေါ်တင်ကာ မတ်တပ်ရပ်ပြီးသူနှင့်မျက်နှာချင်းဆိုင်လာသည်။
"မင်းကိုအိမ်ပြန်ပို့ပေးမလို့လေ...."
"ကိုယ်ပြန်မယ်ပြောမိလား....."
"မင်းဘာဖြစ်နေတာလဲ....
ငါခွင့်မပြုဘဲငါ့အခန်းထဲမင်းအတင်းဝင်တယ်...
ပြဿနာရှာတယ်...."
"မြူကလည်းဘာဖြစ်နေတာလဲ....
ဘာလို့အရင်လို ကိုယ့်ကိုလက်မခံနိုင်ရတာလဲ...
ကိုယ့်ကိုမယုံကြည်ဘူးလားဟင်.....
ကိုယ့်ချစ်သူဖြစ်တဲ့မင်းကို စူးနေရောင်ထက်လက်ကနေကိုယ်ကာကွယ်ပေးနိုင်ပါတယ်...
ကိုယ့်လက်ကိုသာမြဲမြဲတွဲထားစမ်းပါ...."
သူ့ရှေ့ကိုကောင်းကင်ကလက်ကမ်းပေးသည်။
ညို့ဓာတ်ပြင်းသည့် မျက်ဝန်းတွေကိုရှောင်ရှားရန် မျက်နှာလွှဲလိုက်ပေမယ့် ချက်ချင်း သူ့မေးမှကိုင်ကာ ပြန်လှည့်ခံရသည်။
"ကိုယ်ကတိပေးနိုင်တယ်....
ချစ်နဲ့ချစ်မိသားစုကို ကာကွယ်ပေးမယ်...."
သူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်လာပြီး ခန္ဓာကိုယ်ဟာလည်း ကောင်းကင်ရင်ခွင်ထဲတွင် ထွေးပွေးခံလိုက်ရသည်။
"ကိုယ့်ချစ်သူဖြစ်လာရတာကို ချစ်ဘယ်တော့မှနောင်တမရစေရပာဘူး...."
"ငါကမင်းကိုလိမ်ခဲ့တဲ့သူနော်...
ပိုက်ဆံအတွက်နဲ့မင်းကိုလှည့်စားခဲ့တဲ့ငါ့ကို ဒေါသဖြစ်ပြီး မမုန်းဘူးလား....."
"ကိုယ်အနားကိုပြန်လာတာနဲ့ ကိုယ်အားလုံးကိုခွင့်လွှတ်တယ်....
ကိုယ့်ကိုချစ်နေသရွေ့ ကိုယ်အဆင်ပြေတာမို့.....
ကျေးဇူးပြုပြီး ကိုယ့်ကိုသာထားမသွားပါနဲ့..... "
မြတ်နိုးခြင်းရနံ့သင်းသည့် နဖူးပြင်ပေါ်သက်ရောက်လာသောအနမ်းနွေးနွေးကြောင့် သလင်းမြူမျက်ဝန်းတွေမှိတ်ထားရင်းပြုံးမိသည်။
"အခုကိုယ်တို့အဆင်ပြေသွားပြီမလား......"
"ထင်ရတာပဲ..... "
"အဲ့တာဆို ကိုယ်အိမ်မပြန်လို့ရပြီမလားဟင်....."
"ဘာဆိုင်လို့လဲ......
အခုမတ်တပ်ရပ်နိုင်တဲ့ပုံစံအရဆို ဆိုင်ကယ်လည်းစီးနိုင်မှာပဲ....."
"ချစ်ကလည်း....
ကိုယ့်ခြေထောက်ကတကယ်နာနေသေးတာ...
အခုတောင်မနဲအားတင်းရပ်နေတာအ.အ...အား.......ကျွတ်..ကျွတ်...."
ခြေထောက်ကြီးကိုင်ပြီး ကောင်းကင်က sofa ပေါ်ပြန်ထိုင်သည်။
"Click ဘီးတွေက ဒေါက်ထောက်တာပဲခြေထောက်သုံးရတာလေ...."
သလင်းမြူရဲ့ပြုံးပြုံးလေးအပြောအောက်မှာ ကောင်းကင်မျက်နှာကြီးမဲသွားသည်။
"ဒီနေ့ညမုန်တိုင်းရှိတယ်တဲ့....
မန္တလေးကိုအဖျားခတ်မယ်ပြောတယ်....
အပြင်မှာ မိုးတွေအုံ့မှိုင်းနေတာတွေ့လား...
မိုးကြိုးလျှပ်စီးတွေပါမယ်တဲ့...
မိုးသီးပါကျနိုင်ခြေရှိတယ်လို့ကြားတယ်......"
ဖတ်ထားသည့် မိုးလေဝသ သတင်းကို ပိုပိုသာသာလေးပြောလိုက်သည်။
ချစ်သူလေးထံမှ မိမိကိုနှင်ထုတ်မည့်အတွေးတွေ ပျောက်ကွယ်သွားပြီမှန်း စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ခြင်းကသက်သေပင်။
"ကိုယ်ပြန်ရမှာလားဟင်.....
ချစ်ကြောက်ရင် ဒီညချစ်နဲ့နေပေးမယ်လေ...."
"ရတယ်....
ပြန်တော့......"
"တကယ်ပြန်ရမှာလား....."
"ပြန်......."
"နည်းနည်းလောက်ဆွဲမထားချင်ဘူးလား....."
"ညီလေး စစ်ကောင်းကင်နိုင်......
ဒီကအစ်ကိုသလင်းမြူက တစ်ယောက်တည်းလည်းနေရဲတာမို့ ပြန်ပါ.....
ညီလေးက ညတိုက်မယ့် မုန်တိုင်းထက် ပိုအန္တရာယ် ရှိလို့ပါ....
အောက်ထိလိုက်မပို့တော့ဘူးနော်...
နှုတ်ဆက်ပါတယ် bye bye...."
အခန်းပြင်ထိ လက်ဆွဲခေါ်သွားကာ စူပုပ်ပုပ်ကောင်းကင်ကို လက်ပြပြီး အခန်းတံခါးကိုသလင်းမြူ ပြန်ပိတ်လိုက်သည်။
ကောင်းကင်လက်လျော့ပြီး ခေါင်းငိုက်စိုက်ကျလျှက် ပြန်လာခဲ့ရသည်။
အထိုးခံရခဲ့ပေမယ့် အရှုံးတော့မရှိပါဘူး....
မြူကသူ့ကိုပြန်လက်ခံတော့မှာပဲကို....
ဖြည်းဖြည်းချင်းအနားရောက်အောင်ပြန်ဆွဲရမှာပေါ့.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ကောင်းကင်ပြောသွားသလိုပဲ ညရောက်တော့ မိုးစရွာသည်။
စိတ်ငြိမ်ဆေးကိုကြိုတင်သောက်ထားပြီး စောစောအိပ်ဖို့ကြိုးစားပေမယ့် မိုးခြိမ်းသံတွေခဏခဏကြားနေရတော့ နားတွေကိုလက်နှင့်ဖိပိတ်ထားရင်း တုန်နေခဲ့ရသည်။
🎶📲 phone rings.....
ကောင်းကင်ဆီမှဝင်လာသည့်ဖုန်းကို သူအမြန်ဘဲကိုင်လိုက်သည်။
"Hello~....."
သိသိသာသာတုန်ယင်နေသည့် မြူ့အသံလေးကိုကြားလိုက်ရတော့ ကောင်းကင်ရဲ့စိုးရိမ်စိတ်ကငယ်ထိပ်ထိတက်လာသလိုပင်...
"ချစ်......အရမ်းကြောက်နေလား....."
"အင်း.......
မိုးကြိုးပစ်သံတွေကအရမ်းကျယ်တာပဲ......"
"..........."
တစ်ဖက်ကစကားပြန်သံမကြားရဘဲ လေသံမိုးသံတဝေါဝေါသာကြားရသည်။
"Hello....ကို......"
ရုတ်တရက်ကြီးဖုန်းချသွားပြီး ပြန်ခေါ်တော့လည်းမကိုင်.....
သလင်းမြူ ငိုတောင်ငိုချင်လာသည်။
ရည်းစားလေးတစ်ယောက်ရှိပါတယ် ဖုန်းတောင်မကိုင်ဘူး.....
"စစ်ကောင်းကင်နိုင်!!!
သောက်ကျင့်မကောင်းတဲ့ကောင်ကြီး!!
ငါပြန်ခိုင်းလည်း မပြန်ဘဲအတင်းနေလို့ရတာကို.......
ငါကြောက်တတ်မှန်းသိရက်နဲ့ တစ်ယောက်တည်းထားသွားတယ်!!!"
သလင်းမြူ ဘေးကဖက်လုံးကြီးကိုထုရင်း မိုးသံတွေနှင့်အတူ အော်ဟစ်မိသည်။
"Ting Tong!!! Ting tong!! Ting tong! "
ဆက်တိုက်ကြားရသော bell သံကြောင့် သလင်းမြူ စောင်ပုံကြားမှခေါင်းလေးထောင်လာသည်။
"ဒီအချိန်ကြီး ဘယ်သူလဲ....."
သလင်းမြူ တံခါးကိုဖွင့်ကြည့်လိုက်တော့ မောဟိုက်စွာအသက်ပြင်းပြင်းရှူနေသည့်သူ့ချစ်သူကောင်းကင်ကိုတွေ့ရသည်။
"အီးဟီးဟီး....!!"
သူ့မြင်တာနဲ့ မျက်ရည်တွေကျပြီး ရင်ခွင်ထဲအပြေးဝင်လာသည်။
"တိတ်တိတ်....
ကိုယ်ရောက်လာပြီနော်.....မကြောက်နဲ့တော့...."
ကျောပြင်လေးကိုပွတ်သပ်ပေးကာချော့ရင်း ခြေရောလက်ပါကုတ်တွယ်ဖက်ထားသည့် ချစ်သူလေးကို အခန်းထဲအထိ ပွေ့ခေါ်လာရသည်။
"ချစ်.....မျောက်ကလေး......
ကိုယ့်ကိုမလွှတ်တော့ဘူးလားဟင်....."
"မလွှတ်ဘူး.....
ဒီတိုင်းပဲနေမှာ......
ဘာလဲ လေးလို့ ငြိုငြင်တာလား...."
ဆောင့်အောင့်မေးပုံလေးကချစ်စရာ....
"မဟုတ်ရပါဘူးဗျာ.....
မလွှတ်တော့ ကိုယ်ကပိုတောင်ကြိုက်သေးတယ်....."
ခါးကိုခွပြီးအနေအထားပြောင်းလိုက်တာမို့ သူလည်းကုတင်ပေါ်ထိုင်လိုက်သည်။
လျှပ်စီးလက်တိုင်း မိုးတစ်ခါခြိမ်းတိုင်း မြူ့ခန္ဓာကိုယ်လေးကသူ့ရင်ခွင်ထဲပိုပိုတိုးလာသည်။
"ဆေးသောက်ပြီးပြီလား...."
"အင်း....."
"ကိုယ်တို့အိပ်ကြရအောင်လေ...."
"အိပ်လေ....."
"ဒီတိုင်းအိပ်ရမှာလား....."
"အင်း....."
"ခွီး...."
မထိန်းချုပ်နိုင်စွာ ရယ်မိသည့်သူ့ကို စိတ်တိုသည့်အကြည့်နှင့်ကြည့်ကာ နှုတ်ခမ်းလေးကိုက်ထားတော့ သူပြန်ငြိမ်သွားသည်။
"လှောင်တာပေါ့ ဟုတ်လား....!"
"မဟုတ်ပါဘူး....."
တစ်နှစ်အသက်ပိုကြီးပါသည်ဆိုသော ချစ်ရသူ လူကြီးပေါက်စလေးကိုပုံစံမပျက်ဖက်ကာ ကုတင်ခေါင်းရင်းအထိ တိုးကပ်သွားပြီး မှီလိုက်သည်။
"ချစ်တယ်.....ကိုယ့်အသည်းလေး...."
"ငါရော...."
"အာ......ကိုယ်ဝမ်းနည်းသွားပြီ.....
နာမ်စားကြီးကလည်း ငါတဲ့....."
"........ချစ်ကလည်း ကို့ကိုချစ်တယ်....."
အတော်ကြာတိတ်ဆိတ်နေပြီးမှ ထွက်လာတဲ့အသံလေး....
"အူယားလိုက်တာ...."
အသဲယားစွာ ဖြစ်ညှစ်ဖက်မိလိုက်တော့ သဘောတကျရယ်နေသေးသည်။
"ကောင်းသောညပါ အချစ်ကလေး...."
"ကောင်းသောညပါ ကို......."
မိုးစက်သံတွေနဲ့လိုက်ဖက်စွာ သူတို့နှစ်ဦးရဲ့နှလုံးသားတွေစည်းချက်တူညီခဲ့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ညတုန်းကထိုင်လျက်သားကုတင်ခေါင်းရင်းကိုမှီအိပ်ခဲ့သည့်ကောင်းကင်က မနက်သလင်းမြူနိုးလာတော့ ခေါင်းအုံးထက်မှာနေရာတကျအိပ်နေသည်။
သူကတော့ ကောင်းကင်အပေါ်မှာထပ်လျက် ကောင်းကင်ရင်ဘက်ကိုမျက်နှာအပ်လျက်အနေအထားဖြစ်သည်။
ကောင်းကင်ကိုမနိုးစေချင်တာကြောင့် သူမလှုပ်မယှက်ဘဲ ကောင်းကင်ရဲ့မျက်နှာကိုကြည့်နေမိသည်။
မေးရိုးတလျှောက်ကိုလက်ညိုးနဲ့ပွတ်ဆွဲကြည့်မိတော့ထွက်ခါစနှုတ်ခမ်းမွှေးစူးစူးတွေကိုစမ်းမိသည်။
"နိုးနေပြီလား....."
မျက်စိမပွင့်တပွင့်မေးရင်း ကောင်းကင်လက်တွေကအပေါ်မှဖိထားသည့် သူ့ကိုသိမ်းကြုံးဖက်လာသည်။
"ကောင်းကောင်းအိပ်ပျော်ရဲ့လား...."
"အိမ်မက်လှလှလေးတောင်မက်သေးတယ်...."
"ဘာအိမ်မက်လဲ...."
သူ့ကိုဖက်လျက်သားကောင်းကင်ကထထိုင်လိုက်ပြီး သူ့ပုခုံးပေါ်မျက်နှာအပ်ကာပြန်ငြိမ်သွားပြန်သည်။
"ဘာအိမ်မက်လဲလို့.....
ကို!!...
မဟုတ်မှ......ခပ်လန်းလန်းမိန်းမတွေနဲ့ပလူးတဲ့အိမ်မက်မျိုး"
"မဟုတ်ဘူး......"
"သေချာလို့လား...."
မျက်လုံးလေးမှေးကျဉ်းပြီး သံသယဝင်သည့်ဟန်ပန်လေး.....
"တကယ်မဟုတ်ရပါဘူး အသည်းရာ.....
ကိုယ်အိမ်မက်ထဲမှာ ကမ္ဘာ့အရသာအရှိဆုံးလေးကိုစားနေတာ....."
"အဲ့တာဘာလဲ....
ဘာစားစရာလဲ....."
"ဒီကောင်လေးလေ......"
ပြောပြောဆိုဆို လည်တိုင်ကိုစုပ်လိုက်ရာ နှုတ်ခမ်းမွှေးစူးစူးတွေကြောင့် သလင်းမြူ ထွန့်ထွန့်လူးသွားရသည်။
"အား...ကို!"
"အရသာရှိသားပဲ....."
နှာခေါင်းနဲ့မေးဖျားလေးကို ကိုက်ကာ ပါးပြင်တွေကိုပါအလွတ်မပေး....
"ကို...
တော်တော့......"
ပြောလို့လည်းမရသည့်အဆုံး သူ့လက်နှစ်ဖက်က ကောင်းကင်ရဲ့ရင်ဘက်မှ အဓိကနေရာကိုအားကုန်လိမ်ဆွဲပစ်လိုက်သည်။
"အားးးး!!!!!"
ရင်ဘက်ကိုအုပ်လျှက်ကောင်ကင်အနောက်ကိုလှဲချလိုက်တော့မှ သလင်းမြူလည်းပြုံးပြုံးကြီး ကောင်းကင်အပေါ်မှထကာ ဘေးသို့ဆင်းထိုင်လိုက်သည်။
"နာလိုက်တာအသည်းရာ....."
"နာအောင်လုပ်တာပဲ.......
ပြောမှမရတာကို....."
"ရောင်ကုန်ပြီ ကြည့်အုန်း....."
"နည်းတောင်နည်းသေးတယ် ဟွန့်........"
"ချစ်ကအဲ့လိုပေါ့......."
"ဘာလဲမကျေနပ်ဘူးလား....."
"အင်း လုံးဝမကျေနပ်ဘူး....
လက်စားပြန်ချေမှာ......"
သူ့ကိုခုန်အုပ်ပြီး လက်နှစ်ဖက်ကိုချုပ်ကာ သူဝတ်ထားသည့်အကျႌကိုရင်ဘက်ပေါ်အောင်ဆွဲတင်သည့်ကောင်းကင်ကိုမရုန်းနိုင်တော့ သလင်းမြူအော်ဆဲတော့သည်။
လူယုတ်မာအပြုံးနှင့် သူ့ရင်ဘက်ကပန်းရောင်လေးနှစ်ခုကို ကုန်းကိုက်လိုက်သူ.....
"အားးး!
စစ်ကောင်းကင်နိုင်!!!"
ကိုက်ပြီးတော့တစ်လှည့်စုပ်နေပြန်သည်။
ကိုယ့်အပြစ်နှင့်ကိုယ်မို့ ထပ်မအော်မိအောင်နှုတ်ခမ်းကိုက်ထားပေမယ့် သူ့ရင်ဘက်နှစ်နေရာက ကျိန်းစပ်နေပြီ.......
"ချစ်......"
"........."
"ကိုယ့်ကိုစိတ်ဆိုးသွားပြီလား....."
ဘာသံမှမထွက်ဘဲ နှုတ်ခမ်းလေးကိုကိုက်ထားဆဲဖြစ်သည့် ချစ်သူ.....
"ချစ်........"
နှုတ်ခမ်းလေးတွေကိုငုံလိုက်တော့မှကိုက်ထားရာကလွှတ်ပြီး သူ့ကိုပြန်ကြည့်လာသည်။
"ကိုယ့်ကိုစကားမပြောတော့ဘူးလား......"
ကုတင်ပေါ်ကထပြီး ရေချိုးခန်းထဲဝင်သွားသည့်ချစ်သူနောက်ကို လိုက်ရသည်။
"ချစ်......"
".........."
"အသည်းလေး......"
"ငါတို့အခုထိ.......မျက်နှာလည်းမသစ်ရသေးဘဲနဲ့.........
နမ်းနေကြတာ......
ညစ်ပတ်လိုက်တာ......"
မျက်နှာလေးရှုံ့မဲ့ပြီး သွားတိုက်နေသည့်မြူ့ကြောင့် ကောင်းကင်မှာလည်းရယ်သည်။
သွားတိုက်တံအပိုမရှိတာကြောင့် မြူ့သွားတိုက်တံကိုပဲ ကောင်းကင်သုံးသည်။
ဘာမှဝယ်ထားတာမရှိလို့ မနက်စာကိုလည်းအပြင်မှာသာထွက်စားကြသည်။
"ဒီနေ့စနေဆိုတော့ ကိုယ်ကျောင်းမသွားရဘူး..
ချစ်ရောဒီနေ့လုပ်စရာမရှိရင် ကိုယ်တို့ရုပ်ရှင်သွားကြည့်ကြမလား...."
"မနက်ဖြန်မှသွားရအောင်....."
"ဒီနေ့မအားဘူးလား....."
"နေ့လည်ကိုခန့်ဆီသွားရမှာ......
ညနေပွဲရုံအလုပ်သမားတွေကိုပိုက်ဆံရှင်းပေးပြီး ကိုကိုနဲ့တွေ့ရဦးမှာ....."
"ကိုခန့်ကဘယ်သူလဲ....."
"ချစ်ရဲ့ဆရာဝန်......
ကိုနဲ့တွေ့ဖူးတယ်လေ......နှစ်ခါလား......"
"ဘယ်တုန်းကလဲ....."
"ချစ်စူးနေရောင်ထက်အိမ်မှာမေ့လဲသွားတာက ကိုကိုခေါ်လိုက်တဲ့ဆရာဝန်လေ....
ကျောင်းမှာ shock ဖြစ်သွားတော့လည်း ကိုတို့ပဲအဲ့ဆရာဝန်ဆီခေါ်သွားခဲ့တာလေ......"
"အာ......အဲ့လူလား........
ချစ်ကသူ့ဆီဘာသွားလုပ်မှာလဲ...."
"ဆေးသွားစစ်ရင်းဆေးထပ်ထုတ်ရမှာ....."
"ဘုန်းရှိန်ဝါထက်နဲ့ကရောအရေးကြီးကိစ္စရှိလို့လား....."
"ကိုကို့ကိုကားရှာခိုင်းထားတာ ဒီနေ့ညနေရမှာတဲ့......"
"ဟင်း.......
အဲ့တာဆို....
ကိုယ်လိုက်ပို့လို့ရမလား.....
ကိုယ်ချစ်အနားမှာနေချင်လို့......"
"........"
"ဟင်....."
"Ok....."
"Yay!!"
"ဒီအတိုင်းလိုက်ပို့မှာလား......"
မလဲရသေးသော ညကတည်းကဝတ်လာသည့်ကောင်းကင်အင်္ကျီကိုမေးငေါ့ပြလိုက်သည်။
"ဟုတ်သားပဲ.....
ကိုယ်ခဏအိမ်ပြန်ပြီးအဝတ်လဲလိုက်မယ်.....
ကားလဲပြန်ထားရင်း....."
"အင်း....."
ညကယူလာသည့် အဖေ့ကားကိုအိမ်မှာထားခဲ့ပြီး ဆိုင်ကယ်နှင့်မြူ့ဆီပြန်လာခဲ့သည်။
ပထမဆုံးဆေးရုံကိုသွားတော့ မြူ့ဆရာဝန်ဆိုသူကသူပါလာတာမြင်တော့ မြူ့ကိုစနေသည်ထင်.....
မြူကရှက်နေသလောက် ထိုလူကသူ့ကိုလှမ်းလှမ်းကြည့်ပြီးပြုံးနေသည်။
"မြူလေးရဲ့ချစ်သူမလား......"
သူ့အနားရောက်လာပြီးမေးသည့် သူနာပြုတစ်ဦး....
"ဟုတ်ကဲ့..."
သူလည်းကြောင်တောင်တောင်နှင့်ပြန်ဖြေလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ်....
အစ်မက ဆရာခန့်သူရိန်ရဲ့ လက်ထောက်သူနာပြုပါ...."
"အာ...ဟုတ်...."
"အခုနောက်ပိုင်းမြူလေးကိုတွေ့ရတာပြုံးရယ်နေတော့ ဒီကငါ့မောင်ကိုကျေးဇူးတင်တယ်....."
"ဟိုလေ....မြူကဒီလိုဆေးတွေစစ်နေရတာကြာပြီလားဟင်...."
"ဆရာခန့်သူရိန်ပြောတာတော့ မြူလေးရှစ်နှစ်ကတည်းကတဲ့.....
သုံးလတစ်ခါဆေးစစ်ရတယ် သောက်ဆေးတွေပုံမှန်သောက်ရတယ်......
အခုတော့နှစ်လတစ်ခါစစ်နေရပြီ....."
"မြူ့အခြေအနေကအဆင်ပြေရဲ့လား...."
"အမှန်အတိုင်းပြောရရင်.....နောက်နှစ်အတွင်း DNA ကိုက်ညီတဲ့အလှူရှင်မရှိသေးရင် မြူလေးဒီလိုတောင်နေနိုင်တော့မှာမဟုတ်ဘူး....
ဆေးတွေကပြင်းပေမယ့် သက်ရောက်မှုကမလုံလောက်နိုင်ဘူး....."
"တကယ်လို့ အလှူရှင်မရှိခဲ့ရင်ရော......
မြူနောက်ထပ် အချိန်ဘယ်လောက်ရှိမလဲ....."
"အများဆုံးနှစ်နှစ်ကျော်ပဲလို့ခန့်မှန်းထားတယ်...."
ကောင်းကင်ရင်ထဲ ခဲဆွဲလိုက်သလိုပင်လေးလံသွားရသည်။
"အလှူရှင်သေချာပေါက်ရှိလာမှာပါ......
အရမ်းကြီးမစိုးရိမ်ပါနဲ့....."
"ဟုတ်ကဲ့...."
အလှူရှင်ရှိမှ မြူအသက်ဆက်ရှင်နိုင်သလို သူလည်း အသက်ဆက်နိုင်လိမ့်မယ်.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ကိုကို....."
Parking မှာစောင့်နေတဲ့ ဘုန်းရှိန်ဝါထက်အနားကိုမြူကဖြတ်ကနဲရောက်သွားသည်။
"ပွဲရုံကပြန်လာတာလား...."
"အင်း...."
ခေါင်းလေးပုတ်လိုက်ပုခုံးလေးဖက်လိုက်လုပ်နေတာကိုသဘောမတွေ့ပေမယ့် ကိုယ်နဲ့မြူပြန်ပြေလည်အောင်ကူညီခဲ့သူမို့ကောင်းကင်နားလည်ပေးရမည်။
"ကိုကိုကားရော....."
"ဟိုမှာလေ..."
"ဘယ်မှာလဲ...."
ကိုကိုလက်ညိုးထိုးတဲ့နားမှာ တောက်ပြောင်နေသည့် CHEVROLET အနီရောင်တစ်စီးရပ်ထားသည်။
"အဲ့ကားအနီလား....."
"အင်းလေ...."
"ကိုကို!!"
"ဗျာ...."
"သားရှာခိုင်းတာ second ထဲကလေ...."
"အသစ်ကရောဘာဖြစ်လို့လဲ....."
"ဈေးကြီးတယ်....
သားရှိသမျှပိုက်ဆံအကုန်ကုန်သွားမှာပေါ့...."
ငိုမဲ့မဲ့ဖြစ်လာသည့် ငယ့်ဆံပင်လေးတွေကိုအသာဖွရင်း ဘုန်းရှိန်ဝါထက်ပြုံးသည်။
"ငယ့်ပိုက်ဆံတွေကုန်မယ်ဘယ်သူပြောလဲ.....
ဒီကားကကိုကို့လက်ဆောင်...."
"လက်ဆောင်?
သားမလိုချင်ဘူး....."
"ကိုကို့ငွေတွေကိုမလိုချင်ဘူးဆိုပြီး ရွံနေတုန်းလားငယ်...."
"သားကအဲ့လိုသဘောနဲ့ပြောတာမဟုတ်ဘူး..
အရမ်းဈေးကြီးလို့ပါ...."
"အဲ့တာဆိုယူရမယ်ငယ်.....
ဆယ်တန်းအောင်တဲ့အထိမ်းအမှတ်အနေနဲ့ ကိုကိုဘာလက်ဆောင်မှမပေးခဲ့ရဘူးလေ....
ယူရမယ်နော်....."
"ကိုကိုရာ......"
"........."
"အင်းပါ အင်းပါ......
ကျေးဇူးတင်ပါတယ်ကိုကို....."
ဘုန်းရှိန်ဝါထက် ခါးကိုဖက်ပြီးချွဲနေသည့် မြူ့ကြောင့် အလုံးလိုက်တက်လာသည့် သဝန်တိုစိတ်ကိုမနဲမျိုချရင်း မျက်နှာလွှဲထားရသည်။
"သွားတော့ စစ်ကောင်းကင်နိုင်ဆီကို....
ဟိုမှာ ကြက်ကြီးလည်လိမ်နေသလိုကြည့်နေတယ်...."
"ဟုတ်သားပဲ....."
"ကိုကိုပြန်တော့မယ်နော်....."
"ဟုတ်......"
ကောင်းကင်အနားသွားပြီး ထွက်ခွာသွားသည့် ကိုကို့ကားလေးကို သလင်းမြူလက်ပြလိုက်သည်။
"ညစာဘာစားကြမလဲ...."
"ချစ်ဘာစားချင်လဲ...."
"ညဈေးသွားရအောင်....
မရောက်ဖြစ်တာကြာပြီ....."
"ချစ်သဘော....."
ချစ်ရိပ်လွှမ်းနေသည့်ချစ်သူနှစ်ယောက်ကိုစောင့်ကြည့်နေသည့် မျက်ဝန်းတစ်စုံကတော့ မုန်းရိပ်တွေနှင့်ပင်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
"ဒီမွာခဏေစာင့္....
ငါအက်ႌသြားဝတ္လိုက္ဦးမယ္...."
ေကာင္းကင္ကို sofa ေပၚထိုင္ေစခဲ့ၿပီး သလင္းျမဴအခန္းထဲဝင္ကာ ထုတ္ထားသည့္ အိမ္ေနရင္းအဝတ္တစ္စုံကိုခပ္ျမန္ျမန္ေကာက္စြပ္လိုက္သည္။
ဖုန္းယူၿပီး ဧည့္ခန္းထဲျပန္ထြက္လာကာ သူမ်က္ႏွာကိုတင္းထားလိုက္သည္။
"မင္းဆိုင္ကယ္နဲ႔လာတာလား..."
"အင္း..."
"ငါ taxi ေခၚေပးမယ္....
အိမ္ျပန္ေတာ့ မင္းဆိုင္ကယ္ကိုတစ္ေယာက္ေယာက္နဲ႔ပို႔ခိုင္းလိုက္မယ္..."
သလင္းျမဴ ေျပာေျပာဆိုဆိုပဲ Taxi ဖုန္းနံပါတ္ကိုေခၚလိုက္သည္။
"Hello....
ဦးေလးအခုအားလား...."
"......"
"ျမန္ျမန္ေလးလာေပး..."
"ဦးေလးလာစရာမလိုေတာ့ပါဘူး...
အေႏွာက္အယွက္ေပးမိတာေတာင္းပန္ပါတယ္..."
သူေျပာေနသည့္ဖုန္းကိုလုယူေျပာၿပီး ဖုန္းခ်ပစ္သည့္ေကာင္းကင္....
"မင္းဘာလုပ္တာလဲ.... "
"ျမဴကေရာဘာလုပ္တာလဲ.... "
ဖုန္းကို စားပြဲေပၚတင္ကာ မတ္တပ္ရပ္ျပီးသူႏွင့္မ်က္ႏွာခ်င္းဆိုင္လာသည္။
"မင္းကိုအိမ္ျပန္ပို႔ေပးမလို႔ေလ...."
"ကိုယ္ျပန္မယ္ေျပာမိလား....."
"မင္းဘာျဖစ္ေနတာလဲ....
ငါခြင့္မျပဳဘဲငါ့အခန္းထဲမင္းအတင္းဝင္တယ္...
ျပႆနာ႐ွာတယ္...."
"ျမဴကလည္းဘာျဖစ္ေနတာလဲ....
ဘာလို႔အရင္လို ကိုယ့္ကိုလက္မခံႏိုင္ရတာလဲ...
ကိုယ့္ကိုမယုံၾကည္ဘူးလားဟင္.....
ကိုယ့္ခ်စ္သူျဖစ္တဲ့မင္းကို စူးေနေရာင္ထက္လက္ကေနကိုယ္ကာကြယ္ေပးႏိုင္ပါတယ္...
ကိုယ့္လက္ကိုသာျမဲျမဲတြဲထားစမ္းပါ...."
သူ႔ေ႐ွ႕ကိုေကာင္းကင္ကလက္ကမ္းေပးသည္။
ညိဳ႕ဓာတ္ျပင္းသည့္ မ်က္ဝန္းေတြကိုေ႐ွာင္႐ွားရန္ မ်က္ႏွာလႊဲလိုက္ေပမယ့္ ခ်က္ခ်င္း သူ႔ေမးမွကိုင္ကာ ျပန္လွည့္ခံရသည္။
"ကိုယ္ကတိေပးႏိုင္တယ္....
ခ်စ္နဲ႔ခ်စ္မိသားစုကို ကာကြယ္ေပးမယ္...."
သူ႔လက္ႏွစ္ဖက္ကိုဆုပ္ကိုင္လာၿပီး ခႏၶာကိုယ္ဟာလည္း ေကာင္းကင္ရင္ခြင္ထဲတြင္ ေထြးေပြးခံလိုက္ရသည္။
"ကိုယ့္ခ်စ္သူျဖစ္လာရတာကို ခ်စ္ဘယ္ေတာ့မွေနာင္တမရေစရပာဘူး...."
"ငါကမင္းကိုလိမ္ခဲ့တဲ့သူေနာ္...
ပိုက္ဆံအတြက္နဲ႔မင္းကိုလွည့္စားခဲ့တဲ့ငါ့ကို ေဒါသျဖစ္ၿပီး မမုန္းဘူးလား....."
"ကိုယ္အနားကိုျပန္လာတာနဲ႔ ကိုယ္အားလုံးကိုခြင့္လႊတ္တယ္....
ကိုယ့္ကိုခ်စ္ေနသေရြ႕ ကိုယ္အဆင္ေျပတာမို႔.....
ေက်းဇူးျပဳၿပီး ကိုယ့္ကိုသာထားမသြားပါနဲ႔..... "
ျမတ္နိုးျခင္းရနံ့သင္းသည့္ နဖူးျပင္ေပၚသက္ေရာက္လာေသာအနမ္းေနြးေနြးေၾကာင့္ သလင္းျမဴမ်က္ဝန္းေတြမွိတ္ထားရင္းျပဳံးမိသည္။
"အခုကိုယ္တို႔အဆင္ေျပသြားျပီမလား......"
"ထင္ရတာပဲ..... "
"အဲ့တာဆို ကိုယ္အိမ္မျပန္လို႔ရၿပီမလားဟင္....."
"ဘာဆိုင္လို႔လဲ......
အခုမတ္တပ္ရပ္ႏိုင္တဲ့ပုံစံအရဆို ဆိုင္ကယ္လည္းစီးႏိုင္မွာပဲ....."
"ခ်စ္ကလည္း....
ကိုယ့္ေျခေထာက္ကတကယ္နာေနေသးတာ...
အခုေတာင္မနဲအားတင္းရပ္ေနတာအ.အ...အား.......ကြၽတ္..ကြၽတ္...."
ေျခေထာက္ႃကီးကိုင္ၿပီး ေကာင္းကင္က sofa ေပၚျပန္ထိုင္သည္။
"Click ဘီးေတြက ေဒါက္ေထာက္တာပဲေျခေထာက္သုံးရတာေလ...."
သလင္းျမဴရဲ႕ျပဳံးျပဳံးေလးအေျပာေအာက္မွာ ေကာင္းကင္မ်က္ႏွာႀကီးမဲသြားသည္။
"ဒီေန႔ညမုန္တိုင္း႐ွိတယ္တဲ့....
မႏၲေလးကိုအဖ်ားခတ္မယ္ေျပာတယ္....
အျပင္မွာ မိုးေတြအု႔ံမိႈင္းေနတာေတြ႔လား...
မိုးႀကိဳးလ်ွပ္စီးေတြပါမယ္တဲ့...
မိုးသီးပါက်ႏိုင္ေျခ႐ွိတယ္လို႔ၾကားတယ္......"
ဖတ္ထားသည့္ မိုးေလဝသ သတင္းကို ပိုပိုသာသာေလးေျပာလိုက္သည္။
ခ်စ္သူေလးထံမွ မိမိကိုႏွင္ထုတ္မည့္အေတြးေတြ ေပ်ာက္ကြယ္သြားၿပီမွန္း စိတ္လႈပ္႐ွားစြာ တံေတြးမ်ိဳခ်လိုက္ျခင္းကသက္ေသပင္။
"ကိုယ္ျပန္ရမွာလားဟင္.....
ခ်စ္ေၾကာက္ရင္ ဒီညခ်စ္နဲ႔ေနေပးမယ္ေလ...."
"ရတယ္....
ျပန္ေတာ့......"
"တကယ္ျပန္ရမွာလား....."
"ျပန္......."
"နည္းနည္းေလာက္ဆြဲမထားခ်င္ဘူးလား....."
"ညီေလး စစ္ေကာင္းကင္ႏိုင္......
ဒီကအစ္ကိုသလင္းျမဴက တစ္ေယာက္တည္းလည္းေနရဲတာမို႔ ျပန္ပါ.....
ညီေလးက ညတိုက္မယ့္ မုန္တိုင္းထက္ ပိုအႏၱရာယ္ ႐ွိလို႔ပါ....
ေအာက္ထိလိုက္မပို႔ေတာ့ဘူးေနာ္...
ႏႈတ္ဆက္ပါတယ္ bye bye...."
အခန္းျပင္ထိ လက္ဆြဲေခၚသြားကာ စူပုပ္ပုပ္ေကာင္းကင္ကို လက္ျပၿပီး အခန္းတံခါးကိုသလင္းျမဴ ျပန္ပိတ္လိုက္သည္။
ေကာင္းကင္လက္ေလ်ာ့ၿပီး ေခါင္းငိုက္စိုက္က်လ်ွက္ ျပန္လာခဲ့ရသည္။
အထိုးခံရခဲ့ေပမယ့္ အ႐ႈံးေတာ့မ႐ွိပါဘူး....
ျမဴကသူ႔ကိုျပန္လက္ခံေတာ့မွာပဲကို....
ျဖည္းျဖည္းခ်င္းအနားေရာက္ေအာင္ျပန္ဆြဲရမွာေပါ့.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ေကာင္းကင္ေျပာသြားသလိုပဲ ညေရာက္ေတာ့ မိုးစရြာသည္။
စိတ္ၿငိမ္ေဆးကိုႀကိဳတင္ေသာက္ထားၿပီး ေစာေစာအိပ္ဖို႔ႀကိဳးစားေပမယ့္ မိုးၿခိမ္းသံေတြခဏခဏၾကားေနရေတာ့ နားေတြကိုလက္ႏွင့္ဖိပိတ္ထားရင္း တုန္ေနခဲ့ရသည္။
🎶📲 phone rings.....
ေကာင္းကင္ဆီမွဝင္လာသည့္ဖုန္းကို သူအျမန္ဘဲကိုင္လိုက္သည္။
"Hello~....."
သိသိသာသာတုန္ယင္ေနသည့္ ျမဴ႕အသံေလးကိုၾကားလိုက္ရေတာ့ ေကာင္းကင္ရဲ႕စိုးရိမ္စိတ္ကငယ္ထိပ္ထိတက္လာသလိုပင္...
"ခ်စ္......အရမ္းေၾကာက္ေနလား....."
"အင္း.......
မိုးႀကိဳးပစ္သံေတြကအရမ္းက်ယ္တာပဲ......"
"..........."
တစ္ဖက္ကစကားျပန္သံမၾကားရဘဲ ေလသံမိုးသံတေဝါေဝါသာၾကားရသည္။
"Hello....ကို......"
႐ုတ္တရက္ႀကီးဖုန္းခ်သြားၿပီး ျပန္ေခၚေတာ့လည္းမကိုင္.....
သလင္းျမဴ ငိုေတာင္ငိုခ်င္လာသည္။
ရည္းစားေလးတစ္ေယာက္႐ွိပါတယ္ ဖုန္းေတာင္မကိုင္ဘူး.....
"စစ္ေကာင္းကင္ႏိုင္!!!
ေသာက္က်င့္မေကာင္းတဲ့ေကာင္ႀကီး!!
ငါျပန္ခိုင္းလည္း မျပန္ဘဲအတင္းေနလို႔ရတာကို.......
ငါေၾကာက္တတ္မွန္းသိရက္နဲ႔ တစ္ေယာက္တည္းထားသြားတယ္!!!"
သလင္းျမဴ ေဘးကဖက္လုံးႀကီးကိုထုရင္း မိုးသံေတြႏွင့္အတူ ေအာ္ဟစ္မိသည္။
"Ting Tong!!! Ting tong!! Ting tong! "
ဆက္တိုက္ၾကားရေသာ bell သံေၾကာင့္ သလင္းျမဴ ေစာင္ပုံၾကားမွေခါင္းေလးေထာင္လာသည္။
"ဒီအခ်ိႏ္ႀကီး ဘယ္သူလဲ....."
သလင္းျမဴ တံခါးကိုဖြင့္ၾကည့္လိုက္ေတာ့ ေမာဟိုက္စြာအသက္ျပင္းျပင္း႐ွဴေနသည့္သူ႔ခ်စ္သူေကာင္းကင္ကိုေတြ႔ရသည္။
"အီးဟီးဟီး....!!"
သူ႔ျမင္တာနဲ႔ မ်က္ရည္ေတြက်ၿပီး ရင္ခြင္ထဲအေျပးဝင္လာသည္။
"တိတ္တိတ္....
ကိုယ္ေရာက္လာၿပီေနာ္.....မေၾကာက္နဲ႔ေတာ့...."
ေက်ာျပင္ေလးကိုပြတ္သပ္ေပးကာေခ်ာ့ရင္း ေျခေရာလက္ပါကုတ္တြယ္ဖက္ထားသည့္ ခ်စ္သူေလးကို အခန္းထဲအထိ ေပြ႔ေခၚလာရသည္။
"ခ်စ္.....ေမ်ာက္ကေလး......
ကိုယ့္ကိုမလႊတ္ေတာ့ဘူးလားဟင္....."
"မလႊတ္ဘူး.....
ဒီတိုင္းပဲေနမွာ......
ဘာလဲ ေလးလို႔ ၿငိဳျငင္တာလား...."
ေဆာင့္ေအာင့္ေမးပုံေလးကခ်စ္စရာ....
"မဟုတ္ရပါဘူးဗ်ာ.....
မလႊတ္ေတာ့ ကိုယ္ကပိုေတာင္ႀကိဳက္ေသးတယ္....."
ခါးကိုခြၿပီးအေနအထားေျပာင္းလိုက္တာမို႔ သူလည္းကုတင္ေပၚထိုင္လိုက္သည္။
လ်ွပ္စီးလက္တိုင္း မိုးတစ္ခါၿခိမ္းတိုင္း ျမဴ႕ခႏၶာကိုယ္ေလးကသူ႔ရင္ခြင္ထဲပိုပိုတိုးလာသည္။
"ေဆးေသာက္ၿပီးၿပီလား...."
"အင္း....."
"ကိုယ္တို႔အိပ္ၾကရေအာင္ေလ...."
"အိပ္ေလ....."
"ဒီတိုင္းအိပ္ရမွာလား....."
"အင္း....."
"ခြီး...."
မထိန္းခ်ဳပ္ႏိုင္စြာ ရယ္မိသည့္သူ႔ကို စိတ္တိုသည့္အၾကည့္ႏွင့္ၾကည့္ကာ ႏႈတ္ခမ္းေလးကိုက္ထားေတာ့ သူျပန္ၿငိမ္သြားသည္။
"ေလွာင္တာေပါ့ ဟုတ္လား....!"
"မဟုတ္ပါဘူး....."
တစ္ႏွစ္အသက္ပိုႀကီးပါသည္ဆိုေသာ ခ်စ္ရသူ လူႀကီးေပါက္စေလးကိုပုံစံမပ်က္ဖက္ကာ ကုတင္ေခါင္းရင္းအထိ တိုးကပ္သြားၿပီး မွီလိုက္သည္။
"ခ်စ္တယ္.....ကိုယ့္အသည္းေလး...."
"ငါေရာ...."
"အာ......ကိုယ္ဝမ္းနည္းသြားၿပီ.....
နာမ္စားႀကီးကလည္း ငါတဲ့....."
"........ခ်စ္ကလည္း ကို႔ကိုခ်စ္တယ္....."
အေတာ္ၾကာတိတ္ဆိတ္ေနၿပီးမွ ထြက္လာတဲ့အသံေလး....
"အူယားလိုက္တာ...."
အသဲယားစြာ ျဖစ္ညႇစ္ဖက္မိလိုက္ေတာ့ သေဘာတက်ရယ္ေနေသးသည္။
"ေကာင္းေသာညပါ အခ်စ္ကေလး...."
"ေကာင္းေသာညပါ ကို......."
မိုးစက္သံေတြနဲ႔လိုက္ဖက္စြာ သူတို႔ႏွစ္ဦးရဲ႕ႏွလုံးသားေတြစည္းခ်က္တူညီခဲ့သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ညတုန္းကထိုင္လ်က္သားကုတင္ေခါင္းရင္းကိုမွီအိပ္ခဲ့သည့္ေကာင္းကင္က မနက္သလင္းျမဴႏိုးလာေတာ့ ေခါင္းအုံးထက္မွာေနရာတက်အိပ္ေနသည္။
သူကေတာ့ ေကာင္းကင္အေပၚမွာထပ္လ်က္ ေကာင္းကင္ရင္ဘက္ကိုမ်က္ႏွာအပ္လ်က္အေနအထားျဖစ္သည္။
ေကာင္းကင္ကိုမႏိုးေစခ်င္တာေၾကာင့္ သူမလႈပ္မယွက္ဘဲ ေကာင္းကင္ရဲ႕မ်က္ႏွာကိုၾကည့္ေနမိသည္။
ေမး႐ိုးတေလ်ွာက္ကိုလက္ညိဳးနဲ႔ပြတ္ဆြဲၾကည့္မိေတာ့ထြက္ခါစႏႈတ္ခမ္းေမႊးစူးစူးေတြကိုစမ္းမိသည္။
"ႏိုးေနၿပီလား....."
မ်က္စိမပြင့္တပြင့္ေမးရင္း ေကာင္းကင္လက္ေတြကအေပၚမွဖိထားသည့္ သူ႔ကိုသိမ္းၾကဳံးဖက္လာသည္။
"ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား...."
"အိမ္မက္လွလွေလးေတာင္မက္ေသးတယ္...."
"ဘာအိမ္မက္လဲ...."
သူ႔ကိုဖက္လ်က္သားေကာင္းကင္ကထထိုင္လိုက္ၿပီး သူ႔ပုခုံးေပၚမ်က္ႏွာအပ္ကာျပန္ၿငိမ္သြားျပန္သည္။
"ဘာအိမ္မက္လဲလို႔.....
ကို!!...
မဟုတ္မွ......ခပ္လန္းလန္းမိန္းမေတြနဲ႔ပလူးတဲ့အိမ္မက္မ်ိဳး"
"မဟုတ္ဘူး......"
"ေသခ်ာလို႔လား...."
မ်က္လုံးေလးေမွးက်ဥ္းၿပီး သံသယဝင္သည့္ဟန္ပန္ေလး.....
"တကယ္မဟုတ္ရပါဘူး အသည္းရာ.....
ကိုယ္အိမ္မက္ထဲမွာ ကမာၻ႔အရသာအ႐ွိဆုံးေလးကိုစားေနတာ....."
"အဲ့တာဘာလဲ....
ဘာစားစရာလဲ....."
"ဒီေကာင္ေလးေလ......"
ေျပာေျပာဆိုဆို လည္တိုင္ကိုစုပ္လိုက္ရာ ႏႈတ္ခမ္းေမႊးစူးစူးေတြေၾကာင့္ သလင္းျမဴ ထြန္႔ထြန္႔လူးသြားရသည္။
"အား...ကို!"
"အရသာ႐ွိသားပဲ....."
ႏွာေခါင္းနဲ႔ေမးဖ်ားေလးကို ကိုက္ကာ ပါးျပင္ေတြကိုပါအလြတ္မေပး....
"ကို...
ေတာ္ေတာ့......"
ေျပာလို႔လည္းမရသည့္အဆုံး သူ႔လက္ႏွစ္ဖက္က ေကာင္းကင္ရဲ႕ရင္ဘက္မွ အဓိကေနရာကိုအားကုန္လိမ္ဆြဲပစ္လိုက္သည္။
"အားးးး!!!!!"
ရင္ဘက္ကိုအုပ္လ်ွက္ေကာင္ကင္အေနာက္ကိုလွဲခ်လိုက္ေတာ့မွ သလင္းျမဴလည္းျပဳံးျပဳံးႀကီး ေကာင္းကင္အေပၚမွထကာ ေဘးသို႔ဆင္းထိုင္လိုက္သည္။
"နာလိုက္တာအသည္းရာ....."
"နာေအာင္လုပ္တာပဲ.......
ေျပာမွမရတာကို....."
"ေရာင္ကုန္ၿပီ ၾကည့္အုန္း....."
"နည္းေတာင္နည္းေသးတယ္ ဟြန္႔........"
"ခ်စ္ကအဲ့လိုေပါ့......."
"ဘာလဲမေက်နပ္ဘူးလား....."
"အင္း လုံးဝမေက်နပ္ဘူး....
လက္စားျပန္ေခ်မွာ......"
သူ႔ကိုခုန္အုပ္ၿပီး လက္ႏွစ္ဖက္ကိုခ်ဳပ္ကာ သူဝတ္ထားသည့္အက်ႌကိုရင္ဘက္ေပၚေအာင္ဆြဲတင္သည့္ေကာင္းကင္ကိုမ႐ုန္းႏိုင္ေတာ့ သလင္းျမဴေအာ္ဆဲေတာ့သည္။
လူယုတ္မာအျပဳံးႏွင့္ သူ႔ရင္ဘက္ကပန္းေရာင္ေလးႏွစ္ခုကို ကုန္းကိုက္လိုက္သူ.....
"အားးး!
စစ္ေကာင္းကင္ႏိုင္!!!"
ကိုက္ၿပီးေတာ့တစ္လွည့္စုပ္ေနျပန္သည္။
ကိုယ့္အျပစ္ႏွင့္ကိုယ္မို႔ ထပ္မေအာ္မိေအာင္ႏႈတ္ခမ္းကိုက္ထားေပမယ့္ သူ႔ရင္ဘက္ႏွစ္ေနရာက က်ိန္းစပ္ေနၿပီ.......
"ခ်စ္......"
"........."
"ကိုယ့္ကိုစိတ္ဆိုးသြားၿပီလား....."
ဘာသံမွမထြက္ဘဲ ႏႈတ္ခမ္းေလးကိုကိုက္ထားဆဲျဖစ္သည့္ ခ်စ္သူ.....
"ခ်စ္........"
ႏႈတ္ခမ္းေလးေတြကိုငုံလိုက္ေတာ့မွကိုက္ထားရာကလႊတ္ၿပီး သူ႔ကိုျပန္ၾကည့္လာသည္။
"ကိုယ့္ကိုစကားမေျပာေတာ့ဘူးလား......"
ကုတင္ေပၚကထၿပီး ေရခ်ိဳးခန္းထဲဝင္သြားသည့္ခ်စ္သူေနာက္ကို လိုက္ရသည္။
"ခ်စ္......"
".........."
"အသည္းေလး......"
"ငါတို႔အခုထိ.......မ်က္ႏွာလည္းမသစ္ရေသးဘဲနဲ႔.........
နမ္းေနၾကတာ......
ညစ္ပတ္လိုက္တာ......"
မ်က္ႏွာေလး႐ႈံ႕မဲ့ၿပီး သြားတိုက္ေနသည့္ျမဴ႕ေၾကာင့္ ေကာင္းကင္မွာလည္းရယ္သည္။
သြားတိုက္တံအပိုမ႐ွိတာေၾကာင့္ ျမဴ႕သြားတိုက္တံကိုပဲ ေကာင္းကင္သုံးသည္။
ဘာမွဝယ္ထားတာမ႐ွိလို႔ မနက္စာကိုလည္းအျပင္မွာသာထြက္စားၾကသည္။
"ဒီေန႔စေနဆိုေတာ့ ကိုယ္ေက်ာင္းမသြားရဘူး..
ခ်စ္ေရာဒီေန႔လုပ္စရာမ႐ွိရင္ ကိုယ္တို႔႐ုပ္႐ွင္သြားၾကည့္ၾကမလား...."
"မနက္ျဖန္မွသြားရေအာင္....."
"ဒီေန႔မအားဘူးလား....."
"ေန႔လည္ကိုခန္႔ဆီသြားရမွာ......
ညေနပြဲ႐ုံအလုပ္သမားေတြကိုပိုက္ဆံ႐ွင္းေပးၿပီး ကိုကိုနဲ႔ေတြ႔ရဦးမွာ....."
"ကိုခန္႔ကဘယ္သူလဲ....."
"ခ်စ္ရဲ႕ဆရာဝန္......
ကိုနဲ႔ေတြ႔ဖူးတယ္ေလ......ႏွစ္ခါလား......"
"ဘယ္တုန္းကလဲ....."
"ခ်စ္စူးေနေရာင္ထက္အိမ္မွာေမ့လဲသြားတာက ကိုကိုေခၚလိုက္တဲ့ဆရာဝန္ေလ....
ေက်ာင္းမွာ shock ျဖစ္သြားေတာ့လည္း ကိုတို႔ပဲအဲ့ဆရာဝန္ဆီေခၚသြားခဲ့တာေလ......"
"အာ......အဲ့လူလား........
ခ်စ္ကသူ႔ဆီဘာသြားလုပ္မွာလဲ...."
"ေဆးသြားစစ္ရင္းေဆးထပ္ထုတ္ရမွာ....."
"ဘုန္း႐ွိန္ဝါထက္နဲ႔ကေရာအေရးႀကီးကိစၥ႐ွိလို႔လား....."
"ကိုကို႔ကိုကား႐ွာခိုင္းထားတာ ဒီေန႔ညေနရမွာတဲ့......"
"ဟင္း.......
အဲ့တာဆို....
ကိုယ္လိုက္ပို႔လို႔ရမလား.....
ကိုယ္ခ်စ္အနားမွာေနခ်င္လို႔......"
"........"
"ဟင္....."
"Ok....."
"Yay!!"
"ဒီအတိုင္းလိုက္ပို႔မွာလား......"
မလဲရေသးေသာ ညကတည္းကဝတ္လာသည့္ေကာင္းကင္အက်ႌကိုေမးေငါ့ျပလိုက္သည္။
"ဟုတ္သားပဲ.....
ကိုယ္ခဏအိမ္ျပန္ၿပီးအဝတ္လဲလိုက္မယ္.....
ကားလဲျပန္ထားရင္း....."
"အင္း....."
ညကယူလာသည့္ အေဖ့ကားကိုအိမ္မွာထားခဲ့ၿပီး ဆိုင္ကယ္ႏွင့္ျမဴ႕ဆီျပန္လာခဲ့သည္။
ပထမဆုံးေဆး႐ုံကိုသြားေတာ့ ျမဴ႕ဆရာဝန္ဆိုသူကသူပါလာတာျမင္ေတာ့ ျမဴ႕ကိုစေနသည္ထင္.....
ျမဴက႐ွက္ေနသေလာက္ ထိုလူကသူ႔ကိုလွမ္းလွမ္းၾကည့္ၿပီးျပဳံးေနသည္။
"ျမဴေလးရဲ႕ခ်စ္သူမလား......"
သူ႔အနားေရာက္လာၿပီးေမးသည့္ သူနာျပဳတစ္ဦး....
"ဟုတ္ကဲ့..."
သူလည္းေၾကာင္ေတာင္ေတာင္ႏွင့္ျပန္ေျဖလိုက္သည္။
"ေတြ႔ရတာဝမ္းသာပါတယ္....
အစ္မက ဆရာခန္႔သူရိန္ရဲ႕ လက္ေထာက္သူနာျပဳပါ...."
"အာ...ဟုတ္...."
"အခုေနာက္ပိုင္းျမဴေလးကိုေတြ႔ရတာျပဳံးရယ္ေနေတာ့ ဒီကငါ့ေမာင္ကိုေက်းဇူးတင္တယ္....."
"ဟိုေလ....ျမဴကဒီလိုေဆးေတြစစ္ေနရတာၾကာၿပီလားဟင္...."
"ဆရာခန္႔သူရိန္ေျပာတာေတာ့ ျမဴေလး႐ွစ္ႏွစ္ကတည္းကတဲ့.....
သုံးလတစ္ခါေဆးစစ္ရတယ္ ေသာက္ေဆးေတြပုံမွန္ေသာက္ရတယ္......
အခုေတာ့ႏွစ္လတစ္ခါစစ္ေနရၿပီ....."
"ျမဴ႕အေျခအေနကအဆင္ေျပရဲ႕လား...."
"အမွန္အတိုင္းေျပာရရင္.....ေနာက္ႏွစ္အတြင္း DNA ကိုက္ညီတဲ့အလွဴ႐ွင္မ႐ွိေသးရင္ ျမဴေလးဒီလိုေတာင္ေနႏိုင္ေတာ့မွာမဟုတ္ဘူး....
ေဆးေတြကျပင္းေပမယ့္ သက္ေရာက္မႈကမလုံေလာက္ႏိုင္ဘူး....."
"တကယ္လို႔ အလွဴ႐ွင္မ႐ွိခဲ့ရင္ေရာ......
ျမဴေနာက္ထပ္ အခ်ိန္ဘယ္ေလာက္႐ွိမလဲ....."
"အမ်ားဆုံးႏွစ္ႏွစ္ေက်ာ္ပဲလို႔ခန္႔မွန္းထားတယ္...."
ေကာင္းကင္ရင္ထဲ ခဲဆြဲလိုက္သလိုပင္ေလးလံသြားရသည္။
"အလွဴ႐ွင္ေသခ်ာေပါက္႐ွိလာမွာပါ......
အရမ္းႀကီးမစိုးရိမ္ပါနဲ႔....."
"ဟုတ္ကဲ့...."
အလွဴ႐ွင္႐ွိမွ ျမဴအသက္ဆက္႐ွင္ႏိုင္သလို သူလည္း အသက္ဆက္ႏိုင္လိမ့္မယ္.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ကိုကို....."
Parking မွာေစာင့္ေနတဲ့ ဘုန္း႐ွိန္ဝါထက္အနားကိုျမဴကျဖတ္ကနဲေရာက္သြားသည္။
"ပြဲ႐ုံကျပန္လာတာလား...."
"အင္း...."
ေခါင္းေလးပုတ္လိုက္ပုခုံးေလးဖက္လိုက္လုပ္ေနတာကိုသေဘာမေတြ႔ေပမယ့္ ကိုယ္နဲ႔ျမဴျပန္ေျပလည္ေအာင္ကူညီခဲ့သူမို႔ေကာင္းကင္နားလည္ေပးရမည္။
"ကိုကိုကားေရာ....."
"ဟိုမွာေလ..."
"ဘယ္မွာလဲ...."
ကိုကိုလက္ညိဳးထိုးတဲ့နားမွာ ေတာက္ေျပာင္ေနသည့္ CHEVROLET အနီေရာင္တစ္စီးရပ္ထားသည္။
"အဲ့ကားအနီလား....."
"အင္းေလ...."
"ကိုကို!!"
"ဗ်ာ...."
"သား႐ွာခိုင္းတာ second ထဲကေလ...."
"အသစ္ကေရာဘာျဖစ္လို႔လဲ....."
"ေဈးႀကီးတယ္....
သား႐ွိသမ်ွပိုက္ဆံအကုန္ကုန္သြားမွာေပါ့...."
ငိုမဲ့မဲ့ျဖစ္လာသည့္ ငယ့္ဆံပင္ေလးေတြကိုအသာဖြရင္း ဘုန္း႐ွိန္ဝါထက္ျပဳံးသည္။
"ငယ့္ပိုက္ဆံေတြကုန္မယ္ဘယ္သူေျပာလဲ.....
ဒီကားကကိုကို႔လက္ေဆာင္...."
"လက္ေဆာင္?
သားမလိုခ်င္ဘူး....."
"ကိုကို႔ေငြေတြကိုမလိုခ်င္ဘူးဆိုၿပီး ရြံေနတုန္းလားငယ္...."
"သားကအဲ့လိုသေဘာနဲ႔ေျပာတာမဟုတ္ဘူး..
အရမ္းေဈးႀကီးလို႔ပါ...."
"အဲ့တာဆိုယူရမယ္ငယ္.....
ဆယ္တန္းေအာင္တဲ့အထိမ္းအမွတ္အေနနဲ႔ ကိုကိုဘာလက္ေဆာင္မွမေပးခဲ့ရဘူးေလ....
ယူရမယ္ေနာ္....."
"ကိုကိုရာ......"
"........."
"အင္းပါ အင္းပါ......
ေက်းဇူးတင္ပါတယ္ကိုကို....."
ဘုန္း႐ွိန္ဝါထက္ ခါးကိုဖက္ၿပီးခြၽဲေနသည့္ ျမဴ႕ေၾကာင့္ အလုံးလိုက္တက္လာသည့္ သဝန္တိုစိတ္ကိုမနဲမ်ိဳခ်ရင္း မ်က္ႏွာလႊဲထားရသည္။
"သြားေတာ့ စစ္ေကာင္းကင္ႏိုင္ဆီကို....
ဟိုမွာ ၾကက္ႀကီးလည္လိမ္ေနသလိုၾကည့္ေနတယ္...."
"ဟုတ္သားပဲ....."
"ကိုကိုျပန္ေတာ့မယ္ေနာ္....."
"ဟုတ္......"
ေကာင္းကင္အနားသြားၿပီး ထြက္ခြာသြားသည့္ ကိုကို႔ကားေလးကို သလင္းျမဴလက္ျပလိုက္သည္။
"ညစာဘာစားၾကမလဲ...."
"ခ်စ္ဘာစားခ်င္လဲ...."
"ညေဈးသြားရေအာင္....
မေရာက္ျဖစ္တာၾကာၿပီ....."
"ခ်စ္သေဘာ....."
ခ်စ္ရိပ္လႊမ္းေနသည့္ခ်စ္သူႏွစ္ေယာက္ကိုေစာင့္ၾကည့္ေနသည့္ မ်က္ဝန္းတစ္စုံကေတာ့ မုန္းရိပ္ေတြႏွင့္ပင္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro