Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-54 ( protection for love)

Unicode

သူ့ထက်အရင်မြူထသွားတော့ရင်ခွင်ထဲလှစ်ဟာသွားရာ သူလည်းဆက်မအိပ်နိုင်တော့ဘဲအိပ်ရာမှထလိုက်သည်။

ရေချိုးခန်းတံခါးကိုမြူက lock ချထားသောကြောင့် သူလည်းယောင်လည်လည်နှင့်ဟိုကြည့်သည်ကြည့်ပင်.....

မနေ့ကသတိမထားမိဘဲ အခုမှ ကုတင်ခြေရင်းက ထောင်ထားသည့် lagguge ကိုမြင်သည်။

အခွံကြီးပဲထင်ပြီးသေချာအောင်မကြည့်တော့ လေးနေသည်။

"ငါပြီးပြီ....
ဝင်တော့..."

မျက်နှာရေသုတ်ရင်းမြူရေချိုးခန်းထဲကနေပြန်ထွက်လာသည်။

"တစ်နေရာရာသွားမလို့လား...."
"......."
"Lagguge ကြီးပြင်ထားလို့..."
"Mandalay သွားရမှာမို့လို့...."
"ဟမ်...
ဘာကိစ္စနဲ့သွားမှာလဲ...
ဘယ်တော့လဲ..."
"ပွဲရုံဖွင့်ဖို့...
ဒီနေ့နေ့လည်သွားမှာ...."
"အဲ့တာဆိုအတူပြန်ကြတာပေါ့...."

ဆံပင်စုပ်ဖွားနှင့် တက်ကြွနေသည့်ကောင်းကင်....

"ငါကအငှါးကားနဲ့သွားမှာ...
မင်းကမင်းဘာသာ ဆိုင်ကယ်နဲ့ပြန်..."
"ကိုယ့်ဆိုင်ကယ်နဲ့အတူပြန်လို့ရတာပဲ....
ဘာလို့ကားငှါးဦးမှာလဲ..."
"ဟိုမှာနေရမှာမို့ ပြည့်စုံအောင်ထည့်ထားတဲ့....
ပစ္စည်းများလို့ ကားငှါးရတာပေါ့...."
"ဟိုမှာနေမှာ?
တကယ်လား!"

ဝမ်းသာအားရလာဖက်သူကိုအတင်းတွန်းထုတ်ပစ်ရသည်။

"ကိုယ်တို့အတူနေကြမလား...."
"စစ်ကောင်းကင်နိုင်...."

ဖြောက်!!

ကောင်းကင်ရဲ့မျက်နှာရှေ့မှာ သလင်းမြူ လက်ဖျောက်တစ်ချက်တီးလိုက်သည်။

"နိုးထစမ်းပါ....
အိမ်မက်တွေပဲမက်မနေနဲ့...."
"မြူကလည်း......."
"ငါမနေ့ကတည်းကပြောထားတယ်လေ...
မင်းနဲ့ငါ.....မဖြစ်နိုင်ဘူး.....
လက်တွေ့ဘဝထဲကိုပြန်သွားပြီး စူးနေရောင်ထက်နဲ့သာပျော်နေစမ်းပါ..."
"ကိုယ်ပျော်မနေဘူး....
စူးနေရောင်ထက်က မြူမှမဟုတ်တာ...
ကိုယ်ချစ်တာမြူလေ....
သူမဟုတ်ဘူး.....
သူနဲ့ရှိနေရတာစိတ်ပျက်ဖို့ကောင်းတယ်..."
"ဒါမင်းအပိုင်းလေ...
ငါနဲ့မဆိုင်ဘူး....
မျက်နှာသစ်မနက်စာစားပြီးရင်မင်းထွက်သွားတော့....
နောက်ထပ်ငါမင်းကိုမတွေ့ချင်ဘူး...."
"ကိုယ်ဘယ်လိုလုပ်မှ မြူ့ကိုပြန်ပိုင်ဆိုင်နိုင်မှာလဲ...."
"မင်းဘယ်လိုလုပ်လုပ် ဖြစ်လာမှာမဟုတ်တော့ဘူး....."

သလင်းမြူ ညဝတ်လဲဖို့အဝတ်ထုတ်နေလိုက်ပြီး ကောင်းကင်ကတော့တိတ်ဆိတ်စွာရေချိုးခန်းထဲဝင်သွားခဲ့သည်။

ငါမှန်တယ်....
တော်တယ် သလင်းမြူ...
မင်းရွေးခြယ်မှုမှန်တယ်.....

ကိုယ့်ရင်ဘက်ကိုယ်ပုတ်ပြီး နှစ်သိမ့်နေပေမယ့် နှလုံးသားထဲမှဆို့နင့်ခြင်းကလှိုက်တက်လာကာ မျက်ရည်တွေဝှေ့သီလာသည်။

ခေါင်းကိုမော့ကာမျက်တောင်ပုတ်ခတ်ရင်း သူရအောင်ထိန်းသည်။

ဒီလမ်းကသာသူတို့နှစ်ယောက်အတွက်အကောင်းဆုံးထင်လို့ပါ။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ကားမှန်ကိုချပြီး အပြင်ကိုငေးမောနေပေမယ့် အတွေးထဲ မနက်ကကောင်းကင်ရဲ့မျက်နှာကိုပဲပြန်မြင်ယောင်နေသည်။

အိမ်ကိုမှကောင်းကောင်းပြန်ရဲ့လား....

စိတ်ပူခြင်းကပေါ်လာပြန်တော့ ခေါင်းကိုခါယမ်းမိသည်။

မြို့ထဲကိုစဝင်တာနဲ့ သူကိုကို့ဆီဖုန်းခေါ်သည်။

"Hello"
"Hello ကိုကို...
သားရောက်တော့မယ်...."
"ကိုကိုက တိုက်ခန်း car parking မှာ...."
"ဟုတ်...."

Taxi သမားကို car parking မှာချပေးဖို့ပြောလိုက်သည်။

"ကိုကို..."

သူ့အနားရောက်လာပြီး ကားပေါ်မှ အထုပ်တွေကိုကူသယ်ပေးသည်။

Taxi သမားကိုပိုက်ဆံရှင်းပြီး အထုပ်တွေထားဖို့ အပေါ်အရင်တက်ခဲ့ကြသည်။

"ကားမူးနေရင် တစ်ရေးလောက်အိပ်လိုက်ဦးလေ ငယ်...."
"မမူးပါဘူး....
ဆောက်လုပ်ရေးလုပ်နေတာကိုသွားကြည့်ရမှာ..."
"ရောက်ရောက်ချင်း အလုပ်တန်းလုပ်မလို့လား...
နည်းနည်းပါးပါးတော့နားပါဦး..."
"ရပါတယ်...မနားတော့ဘူး...."
"ငယ် ကိုယ့်ကျန်းမာရေးလေးလည်းကိုယ်ဂရုစိုက်ဦး....
အရမ်းပိန်သွားတယ်နော်...."

ခပ်တည်တည်ပြောလိုက်တော့ ငယ်ကခေါင်းလေးငုံ့သွားသည်။

"နေ့လည်စာလေးတော့အရင်သွားစားကြမယ်...
နော်...ငယ်....."
"ဟုတ်...."

ဒီလိုကျလည်းငယ်ကလိမ္မာပါသည်။

"ကိုကို သားပြောထားတဲ့ကားရောဟင်..... "
"မနက်ဖြန်ရောက်မှာ...."
"ဘယ်ကဝယ်တာမို့လို့လဲ..."
"မနက်ဖြန်မှကြည့်....."

သူဟင်းတွေထပ်ထပ်ထည့်ပေးတော့ မျက်လုံးလေးလှန်ကြည့်လာပေမယ့် မငြင်းဘဲကုန်အောင်စားရှာသည်။

"ဗိုက်တင်းသွားပြီဆိုတော့...
ပွဲရုံကိုသွားကြရအောင်....."

ဆောက်လက်စပွဲရုံကို လိုက်စစ်ဆေးနေသည့် ငယ်ဟာ တကယ်ကိုရင့်ကျက်တည်ငြိမ်တဲ့ကောင်လေးတစ်ယောက်ဖြစ်လာပြီမှန်း သူလက်ခံပါသည်။

"စစ်ကောင်းကင်နိုင်နဲ့ရောဘယ်လိုလဲငယ်....."
"ပြီးသွားပြီ...
သူမနေ့ကသားဆီရောက်လာတယ်...
သားသူ့ကိုထပ်မတွေ့ချင်ဘူးလို့်ပြောလိုက်ပြီးပြီ..."
"ဘာလို့အဲ့လိုပြောလိုက်တာလဲ....
တကယ်မတွေ့ချင်တော့ဘူးလား....."
"အင်း...."
"ငလိမ်လေး...
ပြန်ဖြေတဲ့အသံကိုကအားမရှိဘူး...."
"......."
"မချစ်တာလဲမဟုတ်ပဲနဲ့ မူမနေနဲ့...
တောင်းပန်သင့်ရင်လဲတောင်းပန်လိုက်...."
"........"
"ပြောတာကြားလား...."
"ကိုကိုကလည်းအသက်ကြီးလာမှန်းအရမ်းသိသာတာပဲ....
ပွစိပွစိနဲ့ အဘိုးကြီးဖြစ်လာပြီ...."

စူပုတ်ပုတ်နဲ့ သူ့ကိုမျက်စောင်းထိုးပြီး ပေါက်စကကားပေါ်မှဆင်းသွားပြီ....

ဒီကောင်လေးကတော့ .....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ဘုန်းရှိန်ဝါထက် ငယ့်ကိုပြန်ပို့ပေးပြီး အိမ်ကိုတန်းပြန်လာခဲ့သည်။

ကားကိုဂိုထောင်ထဲသွင်းကာ အိမ်ထဲဝင်မည်အလုပ် ဖုန်းပြောနေသည့်စူးနေရောင်ထက်အသံကိုသူကြားလိုက်ရသည်။

"စစ်ကိုအဆက်အသွယ်မလုပ်တာသေချာရဲ့လား...."
.........
"သေချာရင်လည်းပြီးတာပဲ...
သလင်းမြူကထိန်းရလွယ်ပါတယ်...."
..........
"တစ်ခုခုထူးခြားရင်ချက်ချင်းဖုန်းဆက်...
နောက်ပြီးသူ့မိသားစုကိုလည်း သေသေချာချာစောင့်ကြည့်ထား...."
...........

ဖုန်းချပြီး စူးနေရောင်ထက် လှည့်လာကာသူ့ကိုမြင်တော့ လန့်သွားပုံရသည်။

"ခင်ဗျားဘယ်အချိန်ကတည်းကရောက်နေတာလဲ...."
"မင်း.....
ငယ့်ကိုခြိမ်းခြောက်ထားတာလား...."
"ခင်ဗျားနဲ့မဆိုင်ပါဘူး...."

ထွက်သွားဖို့လုပ်တဲ့စူးနေရောင်ထက်လက်ကိုသူဆောင့်ဆွဲပစ်လိုက်သည်။

"ခင်ဗျား!"

နီရဲသွားသောလက်ကောက်ဝတ်ကိုကိုင်ကာ ဒေါသထွက်နေသည့်စူးနေရောင်ထက်....

"ငယ့်ကိုထပ်ဒုက္ခပေးရင်....
မင်းငါနဲ့တွေ့မယ် စူးနေရောင်ထက်......
သတိထားနေ...."
"ခင်ဗျားကျွန်တော့်ကိုကျေးဇူးတောင်တင်သင့်တယ်...."
"ငါကဘာအတွက်နဲ့မင်းကိုကျေးဇူးတင်ရမှာလဲ...."
"စစ်နဲ့ ခင်ဗျားရဲ့ငယ့်ကိုခွဲပေးလို့လေ....
အခုဆိုရင် ခင်ဗျားနည်းနည်းလောက်အားထုတ်လိုက်တာနဲ့ သလင်းမြူကခင်ဗျားအပိုင်ဖြစ်လာနိုင်တာပဲ....
မဟုတ်ဘူးလား...."

ရွံစရာမျက်နှာပေးကိုစုတ်ပြတ်သွားအောင်ဆွဲထိုးပစ်ချင်စိတ်က တလိပ်လိပ်လှိုက်တက်လာပေမယ့် သူစိတ်ထိန်းထားသည်။

"မင်းအသေအလဲဖက်တွယ်နေတဲ့ စစ်ကောင်းကင်နိုင်က ငယ့်ကိုပဲချစ်တာ....
အဲ့တော့ အချိန်တန်ရင်သူချစ်တဲ့ငယ့်ဆီမှာပဲခစားမှာ....
မင်းလိုပတ်ဟောင်နေတဲ့ခွေးရူးကိုတော့ စောင့်ကန်ရိုက်သတ်ထားခဲ့လိမ့်မယ်....
အဲ့တာကိုလည်းမင်းသိထားဦး...
တကယ်တော့ မင်းကမှအတုဆိုတာကို မင်းအသိဆုံးပါ....
ကိုယ်မပိုင်တဲ့အရာတွေကိုလိုက်ပြီးလောဘတက်မနေနဲ့...
တန်ရာတန်ရာကိုမှန်း..."

အရှိုက်ထိသွားတဲ့ စူးနေရောင်ထက်ဘာမှ မတုန့်ပြန်နိုင်ဘဲ ကျန်ရစ်ခဲ့တော့ ဘုန်းရှိန်ဝါထက်လည်း ကျေနပ်သည်။

"အန်တီမြ...."
"ဟုတ်ကဲ့ဆရာ....
ဘာခိုင်းစရာများရှိလို့လဲ...."
"ဟိုဘက်အိမ်က စစ်ကောင်းကင်နိုင်ကိုသွားခေါ်ပြီး ကျွန်တော့်အခန်းဆီလွှတ်လိုက်...
ငယ့်ကိစ္စပြောစရာရှိတယ်ဆိုရင် သူလိုက်လာလိမ့်မယ်...."
"ဟုတ်ကဲ့...."

ဘုန်းရှိန်ဝါထက် အခန်းထဲရောက်တာနဲ့ ကုတင်ခြေရင်းနံရံမှ လိုက်ကာကြီးကိုဖွင့်လိုက်သည်။

ပေါ်လာခဲ့သော နံရံထက်မှ ဓာတ်ပုံကြီးထဲမှာ သူချစ်ရတဲ့ကလေးငယ်ဟာ အပြစ်ကင်းစွာ ပြုံးရယ်နေသည်။

ကုတင်စွန်းမှာထိုင်ရင်း သူတစိမ့်စိမ့်ကြည့်နေမိသည်။

သူ့အခန်းကိုသန့်ရှင်းရေးဝင်လုပ်သူတိုင်း သူ့အမိန့်ကြောင့် ဓာတ်ပုံကိုအုပ်ထားသည့် လိုက်ကာကို မထိရဲကြ

သူညတိုင်း ထိုဓာတ်ပုံကိုကြည့်ရင်းသာ အိပ်စက်သည်။

ငယ့်အပြုံးကိုမြင်ရတာ သူ့အတွက် သာယာအေးချမ်းစိတ်ကိုဖြစ်စေသည်။

သိပ်မစောင့်လိုက်ရ အခန်းတံခါးခေါက်သံထွက်ပေါ်လာသည်။

"Lock ချမထားဘူး ဝင်ခဲ့....."
"ကျွန်တော်နဲ့ဘာပြောချင်တာလဲ...."

ခြေတစ်လှမ်းစဝင်ကတည်းက တန်းမေးသည့် စစ်ကောင်းကင်နိုင်မှာ သိပ်ကိုအလောကြီးလွန်းသည်။

သူကြည့်နေသည့် ဓာတ်ပုံကြီးကိုမြင်သွားတော့ စစ်ကောင်းကင်နိုင်ပါ ငြိမ်သွားသည်။

"လှတယ်မလား...."

သူ့အမေးကိုပြန်မဖြေနိုင် မျက်မှောင်ကြီးကျုံ့ပြီး ဘာသဘောလဲဆိုသည့် အကြည့်များနှင့် ကြည့်လာသည်။

"ဒါငယ် ကိုးတန်းတုန်းကဓာတ်ပုံ.....
ငယ့်ဆီကနေထွက်လာတုန်းက ငါယူလာပြီး ပုံကြီးချဲ့ထားတာ...."
".........."
"ငယ်က ငါနဲ့လက်ထပ်ပါမယ်လို့ ကတိပေးဖူးတယ်....
အဲ့ဒီအချိန်တွေတုန်းက ငါရောငယ်ရော အရမ်းချစ်ပြီး ပျော်ရွှင်ခဲ့ကြတာ...."
"ဘာလို့ကျွန်တော့်ကို ဒါတွေပြောနေတာလဲ..."
"အာ sorry.....
ငါလိုရင်းကိုပဲပြောတော့မယ်....
မင်းကိုငယ်ငြင်းလိုက်တယ်မလား...."
"သိတယ်သားနဲ့မေးစရာလိုလို့လား....
ဒါမေးမလို့ခေါ်တာဆို ပြန်တော့မယ်...."
"နည်းနည်းလောက်စိတ်ရှည်လို့မရဘူးလား...
ဟမ်.....
ငယ်ဘာလို့မင်းကိုငြင်းရလဲဆိုတာငါပြောပြမလို့ ခေါ်တာ....
မသိချင်ရင်လဲပြန်...."

ဒင်းကောင်က ထိုအခါမှစိတ်ဝင်စားသွားသည်။

"ပြောပြပါ.... "
"ငယ့်မှာ အဖေမရှိတော့ဘူး...
ငယ်အသက် 7 နှစ်လောက်ကတည်းကဆုံးသွားခဲ့တာ.....
ငယ့် diary ထဲမှာငါဖတ်ဖူးတယ်...
ငယ့်အဖေက ငယ့်ကိုတောင်းဆိုခဲ့တယ်တဲ့....
မိသားစုကိုစောင့်ရှောက်ပေးဖို့...."
"အဲ့တာနဲ့ မြူကျွန်တော့်ကိုငြင်းတာဘာဆ်ိုင်လို့လဲ..."
"ဆိုင်တာပေါ့....
ငယ်မင်းကိုငြင်းရတဲ့အဓိကအကြောင်းပြချက်ကမိသားစုကြောင့်ပဲ....
စူးနေရောင်ထက် ငယ့်ကိုမိသားစုနဲ့ခြိမ်းခြောက်ထားတယ်...."
"ခင်ဗျားတကယ်ပြောနေတာလား...."
"ဒါမျိုးကနောက်စရာမို့လို့လား....
ငယ့်အတွက်သူ့မိသားစုကအရေးအကြီးဆုံးပဲ...
မင်းကိုချစ်လို့် သူ့မိသားစုထိခိုက်မှာကိုသူမလိုလားဘူး..."
"ကျွန်တော်ဘယ်လိုလုပ်သင့်လဲ..."
"ကာကွယ်ပေးရမှာပေါ့....
ငယ့်မိသားစုကငါ့ကျေးဇူးရှင်တွေမို့ ငါကာကွယ်ပေးနိုင်တယ်....
ငယ့်ချစ်သူဖြစ်တဲ့မင်းကရော ငယ့်ကိုဘာအန္တရာယ်မှမကျအောင်ကာကွယ်ပေးနိုင်လား....."
"အင်း....."
"ဒါဆိုပြီးပြီလေ....."
"မြူကအခုဘယ်မှာလဲဟင်...."
"သူ့တိုက်ခန်းမှာ....."
"လိပ်စာ..."

ဘုန်းရှိန်ဝါထက် ငယ့်တိုက်ခန်းနံပါတ်နဲ့လိပ်စာကိုလည်းပြောလိုက်ရော စစ်ကောင်းကင်နိုင် အခန်းထဲကနေလှစ်ကနဲထွက်သွားသည်။

"ပြုံးနေပါ....ကိုကို့ရဲ့ငယ်လေး......."

ဘုန်းရှိန်ဝါထက် သက်ပြင်းချပြီး မျက်ဝန်းတွေကိုမှိတ်လိုက်တော့သည်။

ကိုကိုစိတ်ချလို့ရပြီထင်တယ်.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"Ting tong!!!....."

Bell ကိုအဆက်မပြတ်တီးနေပေမယ့် ဆယ်မိနစ်လောက်နေမှ အထဲကအသံကြားရသည်။

"ကိုကိုရာ....
သားရေချိုးနေတာကို!"

ဘုန်းရှိန်ဝါထက် ထင်ပြီးခပ်ဆောင့်ဆောင့်အသံလေးနှင့် တံခါးဖွင့်ကာ ခေါင်းလေးသာပြူထွက်လာသည်။

"စစ်ကောင်းကင်နိုင်!"

သူ့မြင်တာနဲ့ အလန့်တကြား တံခါးပြန်ပိတ်တာကြောင့် အမြန်တံခါးကြားခြေထိုးခံလိုက်သည်။

"အား...!"

ခြေထောက်ညပ်လို့သူအော်မိတော့ မြူကတံခါးကိုဆွဲထားရာမှ လွှတ်ပေးသည်။

သူလည်းအခန်းထဲအမြန်ဝင်ကာ တံခါးကိုပိတ်လိုက်သည်။

"အရမ်းနာသွားလား....."

သူ့ခြေထောက်ကိုငုံ့ကြည့်ရင်း စိုးရိမ်နေသည့်မြူက ရေချိုးခန်းထဲမှထွက်လာခါစ ပုဆိုးလေးတစ်ထည်သာဝတ်ထားပြီး ဆံပင်တွေလည်းစိုနေသည်။

"ငါကြည့်ကြည့်မယ်....."

သူ့ခြေထောက်ကိုကိုင်ဖို့လက်လှမ်းသည့်မြူ့ကို ဆွဲကာဖက်ရင်း ဆံပင်စိုစိုတွေကြား နှာခေါင်းတိုးဝှေ့မိသည်။

"ဘာလုပ်တာလဲ.....
မင်းခြေထောက်ကိုကြည့်မလို့ လွှတ်ဦး....."

ရေချိုးထားသည့်အရှိန်နှင့် ခပ်အေးအေး ခန္ဓာကိုယ်လေးကိုလွှတ်မပေးချင်စွာ ပိုမိုတိုးဖက်ပြီး ပုခုံးသာနုနုကိုငုံ့ကာ နမ်းတော့ ကိုယ်လေးကျုံ့သွားသည်။

ရင်ဘက်ကိုဆောင့်တွန်းပေမယ့် သူကပိုအားသန်သောကြောင့် ဖက်ထားရာမှလွတ်မသွား....

"ငါ့ကိုလွှတ်....စစ်ကောင်းကင်နိုင်...."
"ကိုလို့ခေါ်....."

လက်မောင်းတွေကိုထုရိုက်ပြီး ဆွဲဆိတ်တော့ လက်နှစ်ဖက်ကိုပါ အတင်းဖက်ထားသည့်ကြားထဲမလှုပ်နိုင်အောင်ညှပ်ထားလိုက်သည်။

"မလွှတ်ဘူးပေါ့ဟုတ်လား......"
"ကိုလို့ခေါ်ပါဆို...."

သူ့ရင်ဘက်ကိုမြူကအသားကုန်ကိုက်ချသည်။

"အားးးးး!!!
မြူမကိုက်နဲ့လေ.....
အားးး နာတယ်မြူရဲ့.....လွှတ်ပေးပါကွာ......"

မြူကသူ့ကိုမျက်လုံးလေးလှန်ကြည့်လာပြီး ကိုက်ခဲထားရာမှလွှတ်လိုက်သည်။

"မင်းလည်းလွှတ်.....
မလွှတ်ရင် မင်းရင်ဘက်ကိုပြတ်ထွက်သွားအောင်ကိုက်ပစ်မှာ....."

ခွေးကလေးလိုမာန်ဖီနေပုံက တကယ်လုပ်မယ့်ပုံမို့ သူအောင့်သက်သက်နှင့်လွှတ်ပေးရသည်။

"ခြေထောက်ကတကယ်မနာဘူးမလား....
လစ်တော့...."
"တံခါးညပ်တာ မနာဘဲနေမလားမြူရယ်....."
"မင်းဘာသာနာချင်လို့ခြေထိုးခံတာလေ!
ခုံပေါ်ထိုင်လိုက် ဆေးလိမ်းပေးမယ်....."

မြူ့စကားအတိုင်း သူ sofa ပေါ်ထိုင်လိုက်သည်။

သူဝတ်ထားသည့် ဘောင်းဘီရှည်ကိုအသာ လိပ်တင်ပြီး ညိုမဲသွားသည့်နေရာကိုမြူကဆေးလိမ်းကာ သေချာနှိပ်ပေးသည်။

"ပြီးပြီ....
သွားတော့...."
"မြူကလည်း ကိုယ့်ကိုဆိုနှင်ဘဲထုတ်နေတယ်..."
"........"

နှုတ်ဆိတ်စွာဘဲ ထသွားဖို့လုပ်သည့် မြူ့လက်ကိုသူလှမ်းဆွဲလိုက်သည်။

လက်ကိုမထိဘဲ ဆွဲမိသွားသည်က ရေလဲပုဆိုးလေး......

အောက်ကိုပုံလျှက်သားလေး ကျသွားသည့် ပုဆိုးကြောင့် သူနှင့်ဘေးတစောင်းအနေအထားရှိသည့် မြူ့အောက်ပိုင်းကို ငေးသွားတာ မျက်တောင်တောင်မခတ်.....

"စစ်ကောင်းကင်နိုင်!!!"

လော်စပီကာနှင့်အော်သလို အသံစူးစူးလေးနောက် သူ့နှာရိုးပူသွားကာ လူလည်းအနောက်ကိုလန်သွားသည်။

မြူကသူ့ကိုလက်သီးနှင့်ထိုးလိုက်ခြင်းပင်.....

ပုဆိုးလေးကိုပြန်ဝတ်ပြီး မြူ့မျက်နှာမှာ အနီရောင်ဘက်ပြေးနေသည်။

"ဒီလိုရှင်းရှင်းလင်းလင်း မဟုတ်ပေမယ့် ကိုယ်သေချာမြင်ဖူးပြီးသားပဲ....ရှက်မနေပါနဲ့...."

နာသွားသောနှာခေါင်းကိုအုပ်ထားရင်း သူပြောတော့ လက်သီးလေးက တစ်ခါထပ်ဝဲလာရာ အမြန်ပဲ ဖမ်းဆုပ်လိုက်ရသည်။

လူကောင်သေးပေမယ့် အရိုးထဲကထွက်လာသည့်အားကမသေးမှန်း ကိုယ်တိုင်အထိုးခံလိုက်ရလို့ သူသိသွားပြီလေ.....

"သွေး......"

ရှက်ရမ်းရမ်းနေသည့် ဒေါသမျက်နှာလေးက ချက်ချင်း စိုးရိမ်ခြင်းဘက်သို့ပြောင်းလဲသွားကာ သူ့နှာခေါင်းမှစီးလာသည့် သွေးတို့ကို tissue နှင့် အလျင်အမြန်သုတ်ပေးရှာပြန်သည်။

"ထ.....
ဘေစင်မှာသွားဆေးရမယ်..."

ဘေစင်ရှိရာ သူ့လက်ကိုဆွဲခေါ်သွားပြီး ကိုယ်တိုင်သေချာဆေးပေးသည့် မြူ.....

မြူဘယ်လောက်ပဲတွန်းထုတ်ပါစေ.....
ထွက်သွားဖို့သူစိတ်ကူးမရှိတော့.....
ဒီနေ့ကစပြီး သလင်းမြူဟာ စစ်ကောင်းကင်နိုင်ဆိုတဲ့ ကျွန်တော်ရဲ့ချစ်သူ ကျွန်တော့်အပိုင်ဖြစ်စေရမယ်.......

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

************************************

Zawgyi

သူ႔ထက္အရင္ျမဴထသြားေတာ့ရင္ခြင္ထဲလွစ္ဟာသြားရာ သူလည္းဆက္မအိပ္နိုင္ေတာ့ဘဲအိပ္ရာမွထလိုက္သည္။

ေရခ်ိဳးခန္းတံခါးကိုျမဴက lock ခ်ထားေသာေၾကာင့္ သူလည္းေယာင္လည္လည္ႏွင့္ဟိုၾကည့္သည္ၾကည့္ပင္.....

မေန႔ကသတိမထားမိဘဲ အခုမွ ကုတင္ေျခရင္းက ေထာင္ထားသည့္ lagguge ကိုျမင္သည္။

အခြံႀကီးပဲထင္ၿပီးေသခ်ာေအာင္မၾကည့္ေတာ့ ေလးေနသည္။

"ငါၿပီးၿပီ....
ဝင္ေတာ့..."

မ်က္ႏွာေရသုတ္ရင္းျမဴေရခ်ိဳးခန္းထဲကေနျပန္ထြက္လာသည္။

"တစ္ေနရာရာသြားမလို႔လား...."
"......."
"Lagguge ႀကီးျပင္ထားလို႔..."
"Mandalay သြားရမွာမို႔လို႔...."
"ဟမ္...
ဘာကိစၥနဲ႔သြားမွာလဲ...
ဘယ္ေတာ့လဲ..."
"ပြဲ႐ုံဖြင့္ဖို႔...
ဒီေန့ေန႔လည္သြားမွာ...."
"အဲ့တာဆိုအတူျပန္ၾကတာေပါ့...."

ဆံပင္စုပ္ဖြားႏွင့္ တက္ႂကြေနသည့္ေကာင္းကင္....

"ငါကအငွါးကားနဲ႔သြားမွာ...
မင္းကမင္းဘာသာ ဆိုင္ကယ္နဲ႔ျပန္..."
"ကိုယ့္ဆိုင္ကယ္နဲ႔အတူျပန္လို႔ရတာပဲ....
ဘာလို႔ကားငွါးဦးမွာလဲ..."
"ဟိုမွာေနရမွာမို႔ ျပည့္စုံေအာင္ထည့္ထားတဲ့....
ပစၥည္းမ်ားလို႔ ကားငွါးရတာေပါ့...."
"ဟိုမွာေနမွာ?
တကယ္လား!"

ဝမ္းသာအားရလာဖက္သူကိုအတင္းတြန္းထုတ္ပစ္ရသည္။

"ကိုယ္တို႔အတူေနၾကမလား....."
"စစ္ေကာင္းကင္ႏိုင္...."

ေျဖာက္!!

ေကာင္းကင္ရဲ႕မ်က္ႏွာေ႐ွ႕မွာ သလင္းျမဴ လက္ေဖ်ာက္တစ္ခ်က္တီးလိုက္သည္။

"ႏိုးထစမ္းပါ....
အိမ္မက္ေတြပဲမက္မေနနဲ႔...."
"ျမဴကလည္း......."
"ငါမေန႔ကတည္းကေျပာထားတယ္ေလ...
မင္းနဲ႔ငါ.....မျဖစ္ႏိုင္ဘူး.....
လက္ေတြ႔ဘဝထဲကိုျပန္သြားၿပီး စူးေနေရာင္ထက္နဲ႔သာေပ်ာ္ေနစမ္းပါ..."
"ကိုယ္ေပ်ာ္မေနဘူး....
စူးေနေရာင္ထက္က ျမဴမွမဟုတ္တာ...
ကိုယ္ခ်စ္တာျမဴေလ....
သူမဟုတ္ဘူး.....
သူနဲ႔႐ွိေနရတာစိတ္ပ်က္ဖို႔ေကာင္းတယ္..."
"ဒါမင္းအပိုင္းေလ...
ငါနဲ႔မဆိုင္ဘူး....
မ်က္ႏွာသစ္မနက္စာစားၿပီးရင္မင္းထြက္သြားေတာ့....
ေနာက္ထပ္ငါမင္းကိုမေတြ႔ခ်င္ဘူး...."
"ကိုယ္ဘယ္လိုလုပ္မွ ျမဴ႕ကိုျပန္ပိုင္ဆိုင္ႏိုင္မွာလဲ...."
"မင္းဘယ္လိုလုပ္လုပ္ ျဖစ္လာမွာမဟုတ္ေတာ့ဘူး....."

သလင္းျမဴ ညဝတ္လဲဖို႔အဝတ္ထုတ္ေနလိုက္ၿပီး ေကာင္းကင္ကေတာ့တိတ္ဆိတ္စြာေရခ်ိဳးခန္းထဲဝင္သြားခဲ့သည္။

ငါမွန္တယ္....
ေတာ္တယ္ သလင္းျမဴ...
မင္းေရြးျခယ္မႈမွန္တယ္.....

ကိုယ့္ရင္ဘက္ကိုယ္ပုတ္ၿပီး ႏွစ္သိမ့္ေနေပမယ့္ ႏွလုံးသားထဲမွဆို႔နင့္ျခင္းကလိႈက္တက္လာကာ မ်က္ရည္ေတြေဝွ့သီလာသည္။

ေခါင္းကိုေမာ့ကာမ်က္ေတာင္ပုတ္ခတ္ရင္း သူရေအာင္ထိန္းသည္။

ဒီလမ္းကသာသူတို႔ႏွစ္ေယာက္အတြက္အေကာင္းဆုံးထင္လို႔ပါ။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ကားမွန္ကိုခ်ၿပီး အျပင္ကိုေငးေမာေနေပမယ့္ အေတြးထဲ မနက္ကေကာင္းကင္ရဲ့မ်က္ႏွာကိုပဲျပန္ျမင္ေယာင္ေနသည္။

အိမ္ကိုမွေကာင္းေကာင္းျပန္ရဲ႕လား....

စိတ္ပူျခင္းကေပၚလာျပန္ေတာ့ ေခါင္းကိုခါယမ္းမိသည္။

ၿမိဳ႕ထဲကိုစဝင္တာနဲ႔ သူကိုကို႔ဆီဖုန္းေခၚသည္။

"Hello"
"Hello ကိုကို...
သားေရာက္ေတာ့မယ္...."
"ကိုကိုက တိုက္ခန္း car parking မွာ...."
"ဟုတ္...."

Taxi သမားကို car parking မွာခ်ေပးဖို႔ေျပာလိုက္သည္။

"ကိုကို..."

သူ႔အနားေရာက္လာၿပီး ကားေပၚမွ အထုပ္ေတြကိုကူသယ္ေပးသည္။

Taxi သမားကိုပိုက္ဆံ႐ွင္းၿပီး အထုပ္ေတြထားဖို႔ အေပၚအရင္တက္ခဲ့ၾကသည္။

"ကားမူးေနရင္ တစ္ေရးေလာက္အိပ္လိုက္ဦးေလ ငယ္...."
"မမူးပါဘူး....
ေဆာက္လုပ္ေရးလုပ္ေနတာကိုသြားၾကည့္ရမွာ..."
"ေရာက္ေရာက္ခ်င္း အလုပ္တန္းလုပ္မလို႔လား...
နည္းနည္းပါးပါးေတာ့နားပါဦး..."
"ရပါတယ္...မနားေတာ့ဘူး...."
"ငယ္ ကိုယ့္က်န္းမာေရးေလးလည္းကိုယ္ဂ႐ုစိုက္ဦး....
အရမ္းပိန္သြားတယ္ေနာ္...."

ခပ္တည္တည္ေျပာလိုက္ေတာ့ ငယ္ကေခါင္းေလးငုံ႔သြားသည္။

"ေန႔လည္စာေလးေတာ့အရင္သြားစားၾကမယ္...
ေနာ္...ငယ္....."
"ဟုတ္...."

ဒီလိုက်လည္းငယ္ကလိမၼာပါသည္။

"ကိုကို သားေျပာထားတဲ့ကားေရာဟင္..... "
"မနက္ျဖန္ေရာက္မွာ...."
"ဘယ္ကဝယ္တာမို႔လို႔လဲ..."
"မနက္ျဖန္မွၾကည့္....."

သူဟင္းေတြထပ္ထပ္ထည့္ေပးေတာ့ မ်က္လုံးေလးလွန္ၾကည့္လာေပမယ့္ မျငင္းဘဲကုန္ေအာင္စား႐ွာသည္။

"ဗိုက္တင္းသြားၿပီဆိုေတာ့...
ပြဲရုံကိုသြားၾကရေအာင္....."

ေဆာက္လက္စပြဲ႐ုံကို လိုက္စစ္ေဆးေနသည့္ ငယ္ဟာ တကယ္ကိုရင့္က်က္တည္ၿငိမ္တဲ့ေကာင္ေလးတစ္ေယာက္ျဖစ္လာၿပီမွန္း သူလက္ခံပါသည္။

"စစ္ေကာင္းကင္ႏိုင္နဲ႔ေရာဘယ္လိုလဲငယ္....."
"ၿပီးသြားၿပီ...
သူမေန႔ကသားဆီေရာက္လာတယ္...
သားသူ႔ကိုထပ္မေတြ႔ခ်င္ဘူးလို္႔ေျပာလိုက္ၿပီးၿပီ..."
"ဘာလို႔အဲ့လိုေျပာလိုက္တာလဲ....
တကယ္မေတြ႔ခ်င္ေတာ့ဘူးလား....."
"အင္း...."
"ငလိမ္ေလး...
ျပန္ေျဖတဲ့အသံကိုကအားမ႐ွိဘူး...."
"......."
"မခ်စ္တာလဲမဟုတ္ပဲနဲ႔ မူမေနနဲ႔...
ေတာင္းပန္သင့္ရင္လဲေတာင္းပန္လိုက္...."
"........"
"ေျပာတာၾကားလား...."
"ကိုကိုကလည္းအသက္ႀကီးလာမွန္းအရမ္းသိသာတာပဲ....
ပြစိပြစိနဲ႔ အဘိုးႀကီးျဖစ္လာၿပီ...."

စူပုတ္ပုတ္နဲ႔ သူ႔ကိုမ်က္ေစာင္းထိုးၿပီး ေပါက္စကကားေပၚမွဆင္းသြားၿပီ....

ဒီေကာင္ေလးကေတာ့ .....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ဘုန္း႐ွိန္ဝါထက္ ငယ့္ကိုျပန္ပို႔ေပးၿပီး အိမ္ကိုတန္းျပန္လာခဲ့သည္။

ကားကိုဂိုေထာင္ထဲသြင္းကာ အိမ္ထဲဝင္မည္အလုပ္ ဖုန္းေျပာေနသည့္စူးေနေရာင္ထက္အသံကိုသူၾကားလိုက္ရသည္။

"စစ္ကိုအဆက္အသြယ္မလုပ္တာေသခ်ာရဲ႕လား...."
.........
"ေသခ်ာရင္လည္းၿပီးတာပဲ...
သလင္းျမဴကထိန္းရလြယ္ပါတယ္...."
..........
"တစ္ခုခုထူးျခားရင္ခ်က္ခ်င္းဖုန္းဆက္...
ေနာက္ၿပီးသူ႔မိသားစုကိုလည္း ေသေသခ်ာခ်ာေစာင့္ၾကည့္ထား...."
...........

ဖုန္းခ်ၿပီး စူးေနေရာင္ထက္ လွည့္လာကာသူ႔ကိုျမင္ေတာ့ လန္႔သြားပုံရသည္။

"ခင္ဗ်ားဘယ္အခ်ိန္ကတည္းကေရာက္ေနတာလဲ...."
"မင္း.....
ငယ့္ကိုၿခိမ္းေျခာက္ထားတာလား...."
"ခင္ဗ်ားနဲ႔မဆိုင္ပါဘူး...."

ထြက္သြားဖို႔လုပ္တဲ့စူးေနေရာင္ထက္လက္ကိုသူေဆာင့္ဆြဲပစ္လိုက္သည္။

"ခင္ဗ်ား!"

နီရဲသြားေသာလက္ေကာက္ဝတ္ကိုကိုင္ကာ ေဒါသထြက္ေနသည့္စူးေနေရာင္ထက္....

"ငယ့္ကိုထပ္ဒုကၡေပးရင္....
မင္းငါနဲ႔ေတြ႔မယ္ စူးေနေရာင္ထက္......
သတိထားေန...."
"ခင္ဗ်ားကြၽန္ေတာ့္ကိုေက်းဇူးေတာင္တင္သင့္တယ္...."
"ငါကဘာအတြက္နဲ႔မင္းကိုေက်းဇူးတင္ရမွာလဲ...."
"စစ္နဲ႔ ခင္ဗ်ားရဲ႕ငယ့္ကိုခြဲေပးလို႔ေလ....
အခုဆိုရင္ ခင္ဗ်ားနည္းနည္းေလာက္အားထုတ္လိုက္တာနဲ႔ သလင္းျမဴကခင္ဗ်ားအပိုင္ျဖစ္လာနိုင္တာပဲ....
မဟုတ္ဘူးလား...."

ရြံစရာမ်က္ႏွာေပးကိုစုတ္ျပတ္သြားေအာင္ဆြဲထိုးပစ္ခ်င္စိတ္က တလိပ္လိပ္လိႈက္တက္လာေပမယ့္ သူစိတ္ထိန္းထားသည္။

"မင္းအေသအလဲဖက္တြယ္ေနတဲ့ စစ္ေကာင္းကင္ႏိုင္က ငယ့္ကိုပဲခ်စ္တာ....
အဲ့ေတာ့ အခ်ိန္တန္ရင္သူခ်စ္တဲ့ငယ့္ဆီမွာပဲခစားမွာ....
မင္းလိုပတ္ေဟာင္ေနတဲ့ေခြး႐ူးကိုေတာ့ ေစာင့္ကန္႐ိုက္သတ္ထားခဲ့လိမ့္မယ္....
အဲ့တာကိုလည္းမင္းသိထားဦး...
တကယ္ေတာ့ မင္းကမွအတုဆိုတာကို မင္းအသိဆုံးပါ....
ကိုယ္မပိုင္တဲ့အရာေတြကိုလိုက္ၿပီးေလာဘတက္မေနနဲ႔...
တန္ရာတန္ရာကိုမွန္း..."

အ႐ိွဳက္ထိသြားတဲ့ စူးေနေရာင္ထက္ဘာမွ မတုန္႔ျပန္ႏိုင္ဘဲ က်န္ရစ္ခဲ့ေတာ့ ဘုန္း႐ွိန္ဝါထက္လည္း ေက်နပ္သည္။

"အန္တီျမ...."
"ဟုတ္ကဲ့ဆရာ....
ဘာခိုင္းစရာမ်ား႐ွိလို႔လဲ...."
"ဟိုဘက္အိမ္က စစ္ေကာင္းကင္ႏိုင္ကိုသြားေခၚၿပီး ကြၽန္ေတာ့္အခန္းဆီလႊတ္လိုက္...
ငယ့္ကိစၥေျပာစရာ႐ွိတယ္ဆိုရင္ သူလိုက္လာလိမ့္မယ္...."
"ဟုတ္ကဲ့...."

ဘုန္း႐ွိန္ဝါထက္ အခန္းထဲေရာက္တာနဲ႔ ကုတင္ေျခရင္းနံရံမွ လိုက္ကာႀကီးကိုဖြင့္လိုက္သည္။

ေပၚလာခဲ့ေသာ နံရံထက္မွ ဓာတ္ပုံႀကီးထဲမွာ သူခ်စ္ရတဲ့ကေလးငယ္ဟာ အျပစ္ကင္းစြာ ျပဳံးရယ္ေနသည္။

ကုတင္စြန္းမွာထိုင္ရင္း သူတစိမ့္စိမ့္ၾကည့္ေနမိသည္။

သူ႔အခန္းကိုသန္႔႐ွင္းေရးဝင္လုပ္သူတိုင္း သူ့အမိန့္ေျကာင့္ ဓာတ္ပုံကိုအုပ္ထားသည့္ လိုက္ကာကို မထိရဲျက

သူညတိုင္း ထိုဓာတ္ပုံကိုၾကည့္ရင္းသာ အိပ္စက္သည္။

ငယ့္အျပဳံးကိုျမင္ရတာ သူ႔အတြက္ သာယာေအးခ်မ္းစိတ္ကိုျဖစ္ေစသည္။

သိပ္မေစာင့္လိုက္ရ အခန္းတံခါးေခါက္သံထြက္ေပၚလာသည္။

"Lock ခ်မထားဘူး ဝင္ခဲ့....."
"ကြၽန္ေတာ္နဲ႔ဘာေျပာခ်င္တာလဲ...."

ေျခတစ္လွမ္းစဝင္ကတည္းက တန္းေမးသည့္ စစ္ေကာင္းကင္ႏိုင္မွာ သိပ္ကိုအေလာႀကီးလြန္းသည္။

သူၾကည့္ေနသည့္ ဓာတ္ပုံႀကီးကိုျမင္သြားေတာ့ စစ္ေကာင္းကင္ႏိုင္ပါ ၿငိမ္သြားသည္။

"လွတယ္မလား...."

သူ႔အေမးကိုျပန္မေျဖႏိုင္ မ်က္ေမွာင္ႀကီးက်ံဳ႕ၿပီး ဘာသေဘာလဲဆိုသည့္ အၾကည့္မ်ားႏွင့္ ၾကည့္လာသည္။

"ဒါငယ္ ကိုးတန္းတုန္းကဓာတ္ပုံ.....
ငယ့္ဆီကေနထြက္လာတုန္းက ငါယူလာၿပီး ပုံႀကီးခ်ဲ့ထားတာ...."
".........."
"ငယ္က ငါနဲ့လက္ထပ္ပာမယ္လို့ ကတိေပးဖူးတယ္....
အဲ့ဒီအခ်ိန္ေတြတုန္းက ငါေရာငယ္ေရာ အရမ္းခ်စ္ၿပီး ေပ်ာ္ရႊင္ခဲ့ၾကတာ...."
"ဘာလို႔ကြၽန္ေတာ့္ကို ဒါေတြေျပာေနတာလဲ..."
"အာ sorry.....
ငါလိုရင္းကိုပဲေျပာေတာ့မယ္....
မင္းကိုငယ္ျငင္းလိုက္တယ္မလား...."
"သိတယ္သားနဲ႔ေမးစရာလိုလို႔လား....
ဒါေမးမလို႔ေခၚတာဆို ျပန္ေတာ့မယ္...."
"နည္းနည္းေလာက္စိတ္႐ွည္လို႔မရဘူးလား...
ဟမ္.....
ငယ္ဘာလို႔မင္းကိုျငင္းရလဲဆိုတာငါေျပာျပမလို႔ ေခၚတာ....
မသိခ်င္ရင္လဲျပန္...."

ဒင္းေကာင္က ထိုအခာမွစိတ္ဝင္စားသြားသည္။

"ေျပာျပပါ.... "
"ငယ့္မွာ အေဖမ႐ွိေတာ့ဘူး...
ငယ္အသက္ 7 ႏွစ္ေလာက္ကတည္းကဆုံးသြားခဲ့တာ.....
ငယ့္ diary ထဲမွာငါဖတ္ဖူးတယ္...
ငယ့္အေဖက ငယ့္ကိုေတာင္းဆိုခဲ့တယ္တဲ့....
မိသားစုကိုေစာင့္ေ႐ွာက္ေပးဖို႔...."
"အဲ့တာနဲ႔ ျမဴကြၽန္ေတာ့္ကိုျငင္းတာဘာဆ္ုိင္လို႔လဲ..."
"ဆိုင္တာေပါ့....
ငယ္မင္းကိုျငင္းရတဲ့အဓိကအေၾကာင္းျပခ်က္ကမိသားစုေၾကာင့္ပဲ....
စူးေနေရာင္ထက္ ငယ့္ကိုမိသားစုနဲ႔ၿခိမ္းေျခာက္ထားတယ္...."
"ခင္ဗ်ားတကယ္ေျပာေနတာလား...."
"ဒါမ်ိဳးကေနာက္စရာမို႔လို႔လား....
ငယ့္အတြက္သူ႔မိသားစုကအေရးအႀကီးဆုံးပဲ...
မင္းကိုခ်စ္လို့္ သူ႔မိသားစုထိခိုက္မွာကိုသူမလိုလားဘူး..."
"ကြၽန္ေတာ္ဘယ္လိုလုပ္သင့္လဲ..."
"ကာကြယ္ေပးရမွာေပါ့....
ငယ့္မိသားစုကငါ့ေက်းဇူး႐ွင္ေတြမို႔ ငါကာကြယ္ေပးႏိုင္တယ္....
ငယ့္ခ်စ္သူျဖစ္တဲ့မင္းကေရာ ငယ့္ကိုဘာအႏ ၱရာယ္မွမက်ေအာင္ကာကြယ္ေပးႏိုင္လား....."
"အင္း....."
"ဒါဆိုၿပီးၿပီေလ....."
"ျမဴကအခုဘယ္မွာလဲဟင္...."
"သူ႔တိုက္ခန္းမွာ....."
"လိပ္စာ..."

ဘုန္း႐ွိန္ဝါထက္ ငယ့္တိုက္ခန္းနံပါတ္နဲ႔လိပ္စာကိုလည္းေျပာလိုက္ေရာ စစ္ေကာင္းကင္ႏိုင္ အခန္းထဲကေနလွစ္ကနဲထြက္သြားသည္။

"ျပဳံးေနပါ....ကိုကို႔ရဲ႕ငယ္ေလး......."

ဘုန္း႐ွိန္ဝါထက္ သက္ျပင္းခ်ၿပီး မ်က္ဝန္းေတြကိုမွိတ္လိုက္ေတာ့သည္။

ကိုကိုစိတ္ခ်လို႔ရၿပီထင္တယ္.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"Ting tong!!!....."

Bell ကိုအဆက္မျပတ္တီးေနေပမယ့္ ဆယ္မိနစ္ေလာက္ေနမွ အထဲကအသံၾကားရသည္။

"ကိုကိုရာ....
သားေရခ်ိဳးေနတာကို!"

ဘုန္း႐ွိန္ဝါထက္ ထင္ၿပီးခပ္ေဆာင့္ေဆာင့္အသံေလးႏွင့္ တံခါးဖြင့္ကာ ေခါင္းေလးသာျပဴထြက္လာသည္။

"စစ္ေကာင္းကင္ႏိုင္!"

သူ႔ျမင္တာနဲ႔ အလန္႔တၾကား တံခါးျပန္ပိတ္တာေၾကာင့္ အျမန္တံခါးၾကားေျခထိုးခံလိုက္သည္။

"အား...!"

ေျခေထာက္ညပ္လို႔သူေအာ္မိေတာ့ ျမဴကတံခါးကိုဆြဲထားရာမွ လႊတ္ေပးသည္။

သူလည္းအခန္းထဲအျမန္ဝင္ကာ တံခါးကိုပိတ္လိုက္သည္။

"အရမ္းနာသြားလား....."

သူ႔ေျခေထာက္ကိုငုံ႔ၾကည့္ရင္း စိုးရိမ္ေနသည့္ျမဴက ေရခ်ိဳးခန္းထဲမွထြက္လာခါစ ပုဆိုးေလးတစ္ထည္သာဝတ္ထားၿပီး ဆံပင္ေတြလည္းစိုေနသည္။

"ငါၾကည့္ၾကည့္မယ္....."

သူ႔ေျခေထာက္ကိုကိုင္ဖို႔လက္လွမ္းသည့္ျမဴ့ကို ဆြဲကာဖက္ရင္း ဆံပင္စိုစိုေတြၾကား ႏွာေခါင္းတိုးေဝွ့မိသည္။

"ဘာလုပ္တာလဲ.....
မင္းေျခေထာက္ကိုၾကည့္မလို႔ လႊတ္ဦး....."

ေရခ်ိဳးထားသည့္အ႐ွိန္ႏွင့္ ခပ္ေအးေအး ခႏၶာကိုယ္ေလးကိုလႊတ္မေပးခ်င္စြာ ပိုမိုတိုးဖက္ၿပီး ပုခုံးသာႏုုႏုကိုငုံ႔ကာ နမ္းေတာ့ ကိုယ္ေလးက်ံဳ႕သြားသည္။

ရင္ဘက္ကိုေဆာင့္တြန္းေပမယ့္ သူကပိုအားသန္ေသာေၾကာင့္ ဖက္ထားရာမွလြတ္မသြား....

"ငါ့ကိုလႊတ္....စစ္ေကာင္းကင္ႏိုင္...."
"ကိုလို႔ေခၚ....."

လက္ေမာင္းေတြကိုထု႐ိုက္ၿပီး ဆြဲဆိတ္ေတာ့ လက္ႏွစ္ဖက္ကိုပါ အတင္းဖက္ထားသည့္ၾကားထဲမလႈပ္ႏိုင္ေအာင္ညႇပ္ထားလိုက္သည္။

"မလႊတ္ဘူးေပါ့ဟုတ္လား......"
"ကိုလို႔ေခၚပါဆို...."

သူ့ရင္ဘက္ကိုျမဴကအသားကုန္ကိုက္ခ်သည္။

"အားးးးး!!!
ျမဴမကိုက္နဲ႔ေလ.....
အားးး နာတယ္ျမဴရဲ႕.....လႊတ္ေပးပါကြာ......"

ျမဴကသူ႔ကိုမ်က္လုံးေလးလွန္ၾကည့္လာၿပီး ကိုက္ခဲထားရာမွလႊတ္လိုက္သည္။

"မင္းလည္းလႊတ္.....
မလႊတ္ရင္ မင္းရင္ဘက္ကိုျပတ္ထြက္သြားေအာင္ကိုက္ပစ္မွာ....."

ေခြးကေလးလိုမာန္ဖီေနပုံက တကယ္လုပ္မယ့္ပုံမို႔ သူေအာင့္သက္သက္ႏွင့္လႊတ္ေပးရသည္။

"ေျခေထာက္ကတကယ္မနာဘူးမလား....
လစ္ေတာ့...."
"တံခါးညပ္တာ မနာဘဲေနမလားျမဴရယ္....."
"မင္းဘာသာနာခ်င္လို႔ေျခထိုးခံတာေလ!
ခုံေပၚထိုင္လိုက္ ေဆးလိမ္းေပးမယ္....."

ျမဴ႕စကားအတိုင္း သူ sofa ေပၚထိုင္လိုက္သည္။

သူဝတ္ထားသည့္ ေဘာင္းဘီ႐ွည္ကိုအသာ လိပ္တင္ၿပီး ညိဳမဲသြားသည့္ေနရာကိုျမဴကေဆးလိမ္းကာ ေသခ်ာႏွိပ္ေပးသည္။

"ၿပီးၿပီ....
သြားေတာ့...."
"ျမဴကလည္း ကိုယ့္ကိုဆိုႏွင္ဘဲထုတ္ေနတယ္..."
"........"

ႏႈတ္ဆိတ္စြာဘဲ ထသြားဖို႔လုပ္သည့္ ျမဴ႕လက္ကိုသူလွမ္းဆြဲလိုက္သည္။

လက္ကိုမထိဘဲ ဆြဲမိသြားသည္က ေရလဲပုဆိုးေလး......

ေအာက္ကိုပုံလ်ွက္သားေလး က်သြားသည့္ ပုဆုိးေၾကာင့္ သူႏွင့္ေဘးတေစာင္းအေနအထား႐ွိသည့္ ျမဴ႕ေအာက္ပိုင္းကို ေငးသြားတာ မ်က္ေတာင္ေတာင္မခတ္.....

"စစ္ေကာင္းကင္ႏိုင္!!!"

ေလာ္စပီကာႏွင့္ေအာ္သလို အသံစူးစူးေလးေနာက္ သူ႔ႏွာ႐ိုးပူသြားကာ လူလည္းအေနာက္ကိုလန္သြားသည္။

ျမဴကသူ႔ကိုလက္သီးႏွင့္ထိုးလိုက္ျခင္းပင္.....

ပုဆိုးေလးကိုျပန္ဝတ္ၿပီး ျမဴ႕မ်က္ႏွာမွာ အနီေရာင္ဘက္ေျပးေနသည္။

"ဒီလို႐ွင္း႐ွင္းလင္းလင္း မဟုတ္ေပမယ့္ ကိုယ္ေသခ်ာျမင္ဖူးၿပီးသားပဲ....႐ွက္မေနပါနဲ႔...."

နာသြားေသာႏွာေခါင္းကိုအုပ္ထားရင္း သူေျပာေတာ့ လက္သီးေလးက တစ္ခါထပ္ဝဲလာရာ အျမန္ပဲ ဖမ္းဆုပ္လိုက္ရသည္။

လူေကာင္ေသးေပမယ့္ အ႐ိုးထဲကထြက္လာသည့္အားကမေသးမွန္း ကိုယ္တိုင္အထိုးခံလိုက္ရလို႔ သူသိသြားၿပီေလ.....

"ေသြး......"

႐ွက္ရမ္းရမ္းေနသည့္ ေဒါသမ်က္ႏွာေလးက ခ်က္ခ်င္း စိုးရိမ္ျခင္းဘက္သို႔ေျပာင္းလဲသြားကာ သူ႔ႏွာေခါင္းမွစီးလာသည့္ ေသြးတို႔ကို tissue ႏွင့္ အလ်င္အျမန္သုတ္ေပး႐ွာျပန္သည္။

"ထ.....
ေဘစင္မွာသြားေဆးရမယ္..."

ေဘစင္႐ွိရာ သူ႔လက္ကိုဆြဲေခၚသြားၿပီး ကိုယ္တိုင္ေသခ်ာေဆးေပးသည့္ ျမဴ.....

ျမဴဘယ္ေလာက္ပဲတြန္းထုတ္ပါေစ.....
ထြက္သြားဖို႔သူစိတ္ကူးမ႐ွိေတာ့.....
ဒီေန႔ကစၿပီး သလင္းျမဴဟာ စစ္ေကာင္းကင္ႏိုင္ဆိုတဲ့ ကြၽန္ေတာ္ရဲ႕ခ်စ္သူ ကြၽန္ေတာ့္အပိုင္ျဖစ္ေစရမယ္.......

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro