Part- 53 ( no lie)
Unicode
ရေးပေးလိုက်တဲ့ လိပ်စာအတိုင်းသူမေးမြန်းလိုက်ရှာခဲ့တော့ ခြံဝန်းကျယ်ကြီးတစ်ခုကိုညွှန်ကြသည်။
ခြံရှေ့မှာ bell တီးဖို့အရေးအားယူနေရတဲ့သူ့ကိုဖြတ်သွားဖြတ်လာတွေကသူခိုးထင်နေကြလားမသိ....
ရှိသမျှသတ္တိ အကုန်ထုတ်ကာမျက်စိစုံမှိတ်ပြီး bell ကိုတီးလိုက်သည်။
ပထမတစ်ခါဘာတုံ့ပြန်မှုမှမရှိ...
ဒုတိယတစ်ချက်နှိပ်လိုက်မှ အိမ်ထဲကနေသက်လတ်ပိုင်းအမျိုးသမီးတစ်ဦးထွက်လာသည်။
"ဘာကိစ္စများရှိလို့လဲ..."
"ဒါက သလင်းမြူရဲ့အိမ်လားဗျ...."
"ဟုတ်ပါတယ်...
ဒီကမောင်လေးကဘယ်သူလဲ..."
"ကျွန်တော့်နာမည်စစ်ကောင်းကင်နိုင်ပါ...
မြူ့ရဲ့သူငယ်ချင်း...
မြူကသူ့ဆီလာခဲ့ပါဦးဆိုလို့..."
ဟုတ်ဟုတ်မဟုတ်ဟုတ် ယုံအောင်တော့ရွှီးရမည်။
"ငယ်လေးက အခုအိမ်မှာမရှိဘူး...
ပွဲရုံသွားတယ်...ခဏနေလောက်ဆိုပြန်လာတော့မှာ...
မောင်လေးအထဲဝင်စောင့်နေလိုက်ပါလား...."
"ဟုတ်...."
ခြံထဲဆိုင်ကယ်သွင်းပြီး ထိုအစ်မကြီးနှင့်အိမ်ထဲကိုလိုက်လာခဲ့လိုက်သည်။
"မကြီး ဘယ်သူလဲ..."
ဧည့်ခန်းထဲမှာ ကလေးနှစ်ယောက်နှင့်အတူကာတွန်းကားကြည့်နေသည့် ကောင်မလေးတစ်ယောက်ကသူ့ကိုခေါ်လာသည့်အစ်မကြီးကိုမေးသည်။
"ငယ့်သူငယ်ချင်း..."
"ဪ...
အစ်ကိုထိုင်လေ..."
သူအခုမှသတိထားမိတယ်....
ဒီကောင်မလေးက အရင်မြူ့ဖုန်းထဲမှာတွေ့လိုက်တဲ့ မြူနဲ့ဆင်တဲ့အဆိုတော်ပေါက်စလေးပဲ....
ဧည့်ခန်းထဲမှာချိတ်ထားသည့် မိသားစုပုံကြီးထဲမှာ သူ့ချစ်သူပါနေသည်။
"မောင်လေးက Mandalay ကလား..."
"ဟုတ်ကဲ့..."
"ငယ့်သူငယ်ချင်းတွေထဲမှာ မောင်လေးကိုတစ်ခါမှမမြင်ဖူးတော့ တံခါးတန်းမဖွင့်ပေးတာ စိတ်မရှိနဲ့နော်...."
"ရပါတယ်...
မြူနဲ့ကျွန်တော်ကခင်တာသိပ်မကြာသေးဘူးလေ..."
"ငယ် Mandalay မှာ tutor သွားလုပ်တုန်းကခင်တာထင်တယ်...."
မြူကသူ့မိသားစုကိုလိမ်ထားပုံပဲ...
"ဟုတ်တယ်ဗျ...
အိမ်ချင်းကပ်လျက်မို့ခင်သွားကြတာ...."
"ဪ...
ဒါဆို မင်းညီကိုလည်းသိမှာပေါ့..."
"မင်းညီ?"
"မကြီးကလည်း ကိုကိုမင်းညီကနာမည်ပြောင်းထားတာလေ...."
"ဟုတ်သား....
ဘုန်းရှိန်ဝါထက် ကိုပြောတာမောင်လေး..."
"ဦးဘုန်းရှိန်ဝါထက်နဲ့သိပါတယ်..."
"ဟိုလေ...
ငယ်က Mandalay မှာရည်းစားတွေဘာတွေများရှိခဲ့လားဟင်...."
"ဗျာ....
ကျွန်တော်တော့မကြားမိပါဘူး..."
"ဟုတ်လား.....
ပြန်ရောက်ကတည်းက ငယ်ကမှိုင်မှိုင်တွေတွေကြီးဖြစ်နေလို့ ရည်းစားကိုလွမ်းနေတယ်ထင်တာ...."
ကိုယ့်ကိုချစ်ကလွမ်းနေတာပေါ့...
ကောင်းကင်ကျေနပ်စွာ ရုပ်ကဖြီးလာပါသည်။
မှန်ကောင်တာကြီးနှင့်အပြည့်နီးပါး ဆုတံဆိပ်များစွာကိုတွေ့ရတော့ သူပါးစပ်တောင်ဟသွားသည်။
"အဲ့တာကိုကိုငယ်လေးရခဲ့တဲ့ဆုတွေလေ...
အများကြီးပဲ..."
မြူ့ညီမလေးကသူ့ကိုပြောပြသည်။
"မြူကငယ်ငယ်ကတည်းကအရမ်းတော်တဲ့ပုံပဲ..."
"ဟုတ်တယ်...အရမ်းကိုထူးချွန်တယ်...."
သူသက်တောင့်သက်သာဟန်မပျက်ပြောနေပေမယ့် နည်းနည်းတော့ရှိန်နေသည်။
ကိုယ့်ချစ်သူရဲ့အစ်မတွေညီမတွေဆိုတော့ ဒီလိုဖြစ်တတ်ပါတယ်လေ...
"ငယ့်အခန်းထဲမှာသွားနားရင်းစောင့်လိုက်ပါလား...
မောင်လေးကြည့်ရတာပင်ပန်းနေပုံပဲ...."
"မြူ့အခန်းကဘယ်မှာလဲဟင်..."
မငြင်းပဲသူဝမ်းသာအားရကို ထိုအစ်မပြသည့်အခန်းထဲဝင်ခဲ့သည်။
မြူ့အဖေဖြစ်ဟန်တူသည့်လူကြီးရဲ့ဂုတ်ပေါ်မှာ မျက်လုံးတွေမှိတ်ကျသွားအောင်ရယ်နေသည့် မြူပိစိလေးရဲ့ ဓာတ်ပုံကို တွေ့တော့သူအသည်းယားစွာစိတ်ထဲကလိကလိဖြစ်လွန်းလို့ ဖုန်းနှင့် ဓာတ်ပုံရိုက်ယူထားလိုက်သည်။
"ငယ်ငယ်ကတည်းကအရမ်းချစ်စရာကောင်းတာပဲ..."
ကုတင်ဘေးမှာ မြူ့ရဲ့ guitar ကိုလည်းထောင်လျှက်သားလေးတွေ့ရသည်။
အရမ်းမကျယ်တဲ့အခန်းလေးက သပ်ရပ်နေပြီး သူ့နှလုံးသားကိုနွေးထွေးစေသည်။
ခေါင်းအုံးပေါ်မျက်နှာမှောက်ချလိုက်ပြီး လွမ်းနေရသည့်မြူ့ကိုယ်သင်းနံ့ကိုတစ်ဝကြီးရှူကာ ကျေနပ်နေမိသည်။
မြူ့အခန်းပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်တော့ ခြံထဲမှနှင်းဆီခင်းကိုတန်းမြင်ရသည်။
ဒီနေရာလေးက သူ့ချစ်ရတဲ့မြူနဲ့သက်ဆိုင်တဲ့ ကမ္ဘာလေးပေါ့...
အိပ်ဖို့ကြိုးစားကြည့်ပေမယ့် စိတ်လှုပ်ရှားပြီး အိပ်မပျော်နိုင်ရာ အခန်းထဲပဲပတ်မွှေရန်အကြံရသည်။
စားပွဲပေါ်မှ အထပ်လိုက် file တွေကိုဖွင့်ကြည့်လိုက်တော့ ဆေးမှတ်တမ်းတွေ....
ဆရာဝန်လက်ရေးကိုမဖတ်တတ်သည့်အပြင် Ultrasound ,X-ray တွေကိုလည်းသူမကြည့်တတ်တော့ ဘာတွေမှန်းမသိ...
လူနာနာမည်မှာ မြူ့ကိုတွေ့ရတော့ သူရင်ထဲထိတ်သွားသည်။
မြူနေမကောင်းလို့လား....
စူးနေရောင်ထက်အိမ်မှာတွေ့ခဲ့ဖူးသည့် ဆေးနှစ်ဘူးကလည်း စားပွဲပေါ်မှာအခန့်သားလေးရှိနေသည်။
"Heart attack! "
ဆေးစာပေါ်မှာရေးထားသည့် ထိုစာလုံးကြောင့် သူချက်ချင်းပဲ အခန်းထဲမှထွက်ကာ မြူ့အစ်မရှိရာကိုပြေးသွားမိသည်။
"အစ်မ.....
မြူ...မြူက...နှလုံးရောဂါ ရှိတာလားဟင်..."
"မောင်လေးမသိဘူးလား...
ဟုတ်တယ်လေ....မွေးရာပါရောဂါ...
နှလုံးအစားထိုးဖို့တောင် လုပ်ထားပြီးပြီ..."
ရုပ်သေကြီးနှင့်အခန်းထဲပြန်ဝင်သွားသည့် ငယ့်သူငယ်ချင်းထိုကောင်လေးက ထူးတော့ထူးဆန်းသည်။
မြူ့မှာနှလုံးရောဂါရှိနေခဲ့တာကိုတောင်သူကမသိဘဲ စိတ်ဆင်းရဲအောင်လုပ်ခဲ့မိသေးတယ်....
"သေလိုက်ပါတော့ စစ်ကောင်းကင်နိုင်ရာ....
မင်းတကယ်မကောင်းတဲ့ကောင်ပဲ...."
စာကြည့်တိုက်မှာ မောဟိုက်နေတဲ့ကြားကနေ သူ့ကိုရှင်းပြဖို့ကြိုးစားခဲ့တဲ့ မျက်နှာလေးကိုပြန်သတိရရင်း ရင်ထဲမှာစူးနစ်နေအောင်နာသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ခြံထဲကားကိုသေချာထိုးပြီး lock ချကာ မေမေနှင့်အတူသူအိမ်ထဲဝင်လာခဲ့သည်။
"ငယ်လေး သားအခန်းထဲမှာသားသူငယ်ချင်းရောက်နေတယ်နော်..."
အခန်းထဲဝင်ခါနီး မမကြီးလှမ်းအော်သည့်အသံကိုသူကြားပေမယ့် ဇေယျာထင်လို့သူအလေးမထားမိ...
တံခါးဖွင့်ဝင်သွားပေမယ့်အခန်းထဲမှာဘယ်သူမှရှိမနေ...
တံခါးနှင့်ကွယ်နေရာမှကောင်းကင်ထွက်လာပြီး သူ့ကိုကျောပေးထားသည့် ချစ်သူကိုအနောက်မှပွေ့ဖက်လိုက်သည်။
"အရမ်းလွမ်းနေခဲ့တာ.....မြူ....."
သလင်းမြူလက်ထဲမှ file တွဲတွေပြုတ်ကျကုန်ကာ ရင်တဒိန်းဒိန်းခုန်လျက် လည်ချောင်းတွေကလည်းအသံမထွက်နိုင်အောင် ခြောက်သွေ့လာသည်။
ကျွန်တော်ချစ်ရတဲ့သူကအခု ကျွန်တော့်ဆီကိုရောက်လာတယ်....
သူကျွန်တော့်ကိုမြူလို့ခေါ်တယ်...
စိတ်ဆိုး ဒေါသတွေမရှိဘဲ သူကျွန်တော့်ကိုဖက်ထားတယ်...
"ကိုယ့်ကိုဘာမှမပြောတော့ဘူးလားဟင်..."
ပုခုံးကနေအသာဆွဲလှည့်ပြီး မေးစေ့ကိုကိုင်ကာ မျက်ဝန်းချင်းဆုံဖို့ကြိုးစားသူ...
သူ့နှလုံးသားကိုအရည်ပျော်စေနိုင်တဲ့ နူးနူးညံ့ညံ့အကြည့်တွေကိုကြောက်ရွံ့ကာ မျက်နှာလွှဲမိသည်။
"ဘာမှမပြောဘူးဆိုတော့ ကိုယ့်ကိုလွမ်းနေတယ်လို့ပဲသဘောထားလိုက်တော့မယ်နော်...."
ငုံ့ဆင်းလာသည့်နှုတ်ခမ်းတစ်စုံသူ့နှုတ်ခမ်းပေါ်မနားခိုစေရန် ရင်ဘက်ကိုတွန်းရင်း ခေါင်းငုံ့လိုက်သည်။
"ဘာဖြစ်လို့လဲကွာ..."
"ပြန်တော့... "
"ဟင်...."
"စူးနေရောင်ထက်ဆီပြန်တော့...."
"မြူ!"
"မခေါ်နဲ့.....
ငါ့နာမည်ကိုမင်းသိကိုမသိသင့်ဘူး....
ကျေးဇူးပြုပြီး မင်းရဲ့သက်ဆိုင်သူ....
စူးနေရောင်ထက်ဆီကိုပြန်ပါ..."
သူကောင်းကင်ကိုဘာတွေပြောနေမိတာလဲ....
အတိုင်းအဆမရှိအောင်ပျော်နေပေမယ့် ပါးစပ်ကတွန်းထုတ်သည့် စကားတွေသာထွက်လာသည်။
တိတ်ဆိတ်ပြီး ကောင်းကင်ငြိမ်သက်နေလို့ သူမော့ကြည့်လိုက်ရာ နှုတ်ခမ်းထက်အရှိန်ပြင်းပြင်းနှင့် အနမ်းတို့ကရောက်ရှိလာသည်။
မျက်စိစုံမှိတ်ပြီး မွတ်သိပ်စွာနမ်းနေသည့် ကောင်းကင်ကိုသူတွန်းမထုတ်ပါ....
ပြန်လည်တုန့်ပြန်ခြင်းလည်းသူမပြု....
အနမ်းတွေအရှိန်လျော့သွားပြီး သူ့နှုတ်ခမ်းတွေကိုလွှတ်ပေးလိုက်တာနဲ့ နှုတ်ခမ်းလွှာပေါ်မှ စိုစွတ်သည့်အထိအတွေ့ကိုလက်ဖမိုးနှင့်သုတ်ဖယ်ပစ်လိုက်သည်။
"ပြန်တော့..."
"ကိုယ့်ကိုတွန်းမထုတ်ပါနဲ့လားမြူရယ်.....
ကိုယ်မင်းကိုချစ်တယ်.....
စူးနေရောင်ထက်အဖြစ်နဲ့မင်းကိုယ့်ဘဝထဲကိုစဝင်လာကတည်းက မင်းကိုယ့်နှလုံးသားကိုလှုပ်ခတ်ခဲ့တာ...
ကိုယ်အမှန်အတိုင်းဝန်ခံနေတာပါ..."
သိတယ်....ကိုအမှန်အတိုင်းပြောနေမှန်း...
ဒါပေမယ့် သူကြောက်တယ် ဘယ်လိုပဲသူကြံ့ခိုင်ချင်ယောင်ဆောင်ပါစေ သူ့မိသားစုကိုစူးနေရောင်ထက်ကထိခိုက်အောင်လုပ်နိုင်တယ်ဆိုတဲ့အမှန်တရားကိုသိနေလို့ သူအရမ်းကြောက်တယ်...
"ငါကတော့မင်းကိုမချစ်ဘူး..."
"မနောက်ပါနဲ့မြူရာ...
မြူကိုယ့်ကိုလိမ်နေမှန်းကိုယ်သိတယ်..."
"ငါလိမ်နေတယ်လို့မင်းဘာလို့ထင်ရတာလဲ...
မင်းငါ့အကြောင်းမသိပါဘူး..."
"မြူ့မျက်ဝန်းတွေကကိုယ့်ကိုအရမ်းချစ်တာပဲလို့ပြောနေတယ် "
"အိမ်မက်တွေမက်နေတာပဲ...
အခုနိုးထရတော့မယ့်အချိန်ရောက်ပြီ စစ်ကောင်းကင်နိုင်....
ထွက်သွားတော့..."
"ဟင့်အင်း...
ကိုယ်မသွားဘူး...."
ခေါင်းရမ်းငြင်းပြီး သူ့ကိုဖက်လာပြန်သူကို ထုရိုက်ကာတွန်းပစ်သည်။
"ထွက်သွားလို့ငါပြောနေတယ် စစ်ကောင်းကင်နိုင်!"
"မြူ...."
"အခုချက်ချင်း ထွက်သွား!!!"
မာန်ကိုတင်းကာစိတ်ကိုချုပ်ထိန်းထားရတော့ သူ့တုန်ယင်လာသည်။
"ကိုယ်သွားပါ့မယ်....
စိတ်လျော့နော်....မြူကနေမကောင်းဘူးလေ....
ကိုယ်သွားမယ်...."
ကျောပိုးအိတ်ကိုယူပြီး သူ့ကိုပြုံးပြကာ ကောင်းကင်အခန်းထဲကထွက်သွားခဲ့သည်။
"ငယ်လေး ဘာဖြစ်တာလဲ...."
အလောတကြီးလာမေးသည့် မကြီးကိုသူဘာမှပြန်မဖြေဘဲ အခန်းတံခါးဆွဲပိတ်ကာ lock ချလိုက်သည်။
ခြံပေါက်ကနေတဖြည်းဖြည်းဆိုင်ကယ်သံလေးဝေးသွားတော့ တင်းတင်းဆုပ်ထားသည့် လက်သီးဆုပ်ကလေးကိုလည်း သူဖြေလျော့ရသည်။
ငါ့ရှေ့မှာနောက်ထပ်ပေါ်မလာပါနဲ့လားကောင်းကင်....
ငါမင်းလက်ကိုဆွဲကိုင်ထားမိလို့ ဖြစ်လာမယ့်အကျိုးဆက်ကိုကြောက်လို့ပါ...
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
တနေကုန်အုံ့နေခဲ့သည့်မိုးက မှောင်တော့ဖွဲဖွဲလေးစရွာလာသည်။
ကောင်းကင်အပြန်မိုးများမိနေမလား...
"Tee tor!!!Tee tor!!!"
အရှိန်ပြင်းစွာမောင်းသွားသည့် အရေးပေါ်ကားအသံကြောင့် သူခေါင်းထောင်သွားသည်။
"Accident ဖြစ်ကြပြန်ပြီထင်တယ်..."
"Click တစ်စီးနဲ့ light truck တိုက်တာတဲ့...
အခုပဲသတင်းတက်လာတယ်...
ဆိုင်ကယ်သမားကတော်တော်အခြေအနေဆိုးပုံပဲ...."
ဖုန်းကိုကြည့်ရင်းပြောသည့်ခွန်းလေးစကားနောက် သလင်းမြူရင်ထဲဒိန်းကနဲဖြစ်သွားသည်။
"Click ကဘာအရောင်လဲ..."
"အနီရောင်...
ဆိုင်ကယ်သမားကအလည်လာတဲ့ကျောင်းသားတဲ့...."
အပြင်ဘက်ရာသီဥတုအေးအေးမိုးစက်တွေကိုသူဂရုမစိုက်နိုင် မေမေနဲ့မကြီးရဲ့စကားတွေကိုလည်းမကြားနိုင်တော့...
သလင်းမြူ ဘာမှကိုမတွေးနိုင်တော့ဘဲ ခေါင်းထဲဗလာဖြစ်ကာ အရေးပေါ်ကားသွားသည့်ဘက်သို့ စက်ဘီးနှင့်အမြန်နင်းသွားသည်။
သူကြောက်ရသည့် မိုးခြိမ်းသံတွေကိုဆက်တိုက်ကြားနေရပေမယ့် သူဦးတည်ချက်မပြောင်းခဲ့....
လူတွေရုတ်ရုတ်သဲသဲဖြစ်နေကြသည့် နေရာကိုတွေ့တာနဲ့ စက်ဘီးကိုဒီတိုင်းလွှတ်ချခဲ့ကာ လူအုပ်ထဲတိုးဝှေ့ဝင်သည်။
ဆေးရုံကားပေါ်တင်နေသည့် လူနာရဲ့မျက်နှာကိုမမြင်ရဘဲ သူလူအုပ်ကြားထဲမှာ ပိတ်မိသွားသည်။
"နည်းနည်းလောက်ဖယ်ပေးပါ...."
လူနာတင်ပြီး အရေးပေါ်ကားကပြန်ထွက်ခွာသွားသည်။
ကားအောက်ရောက်နေသည့်ဆိုင်ကယ်နှင့် သွေးကွက်ကြီးကိုမြင်လိုက်ရတော့ တုန်လှုပ်ခြင်းကြောင့် သူငိုမိပါသည်။
"ငါတောင်းပန်ပါတယ် ....
ကောင်းကင်....ငါတောင်းပန်ပါတယ်...."
လူအုပ်ကြီးလူစုခွဲသွားကြပေမယ့် သူတစ်ယောက်တည်းတောင်းပန်စကားဆိုရင်း ငိုကာကျန်ရစ်ခဲ့သည်။
"မြူ?"
ဘေးနားကခေါ်သံကြောင့် သူမော့ကြည့်လိုက်ရာ....
"ကောင်းကင်!"
ဝမ်းသာအားရ ထဖက်ကာ သလင်းမြူဆက်ငိုသည်။
ကျေးဇူးတင်ပါတယ်....
မင်းဘာမှမဖြစ်လို့ ကျေးဇူးတင်ပါတယ်.....
"မိုးကျနေတာကို ထီးမပါဘာမပါနဲ့ ဘာလို့ဒီရောက်နေတာလဲ.....
အအေးပတ်ဦးမယ်..."
ဘာစကားမှမပြောဘဲ မလွှတ်တမ်းဖက်ထားသည့်ချစ်သူလေးက ငိုနေဆဲ...
"ပြန်ခိုင်းတာကို ဘာလို့ဒီမှာရှိနေသေးတာလဲ...
Accident ဖြစ်တယ်ကြားလို့ မင်းတစ်ခုခုဖြစ်တယ်ထင်ပြီး....."
"ကိုယ်လည်းမြူပြောသလို ပြန်မလို့ဘဲ ဆိုင်ကယ်ကဘာဖြစ်သွားမှန်းမသိလို့ workshop ဝင်နေတာ....."
"......."
"အခုကိုယ့်ကိုစိတ်ပူနေတာပေါ့...."
သလင်းမြူ လက်တွေကိုဖက်ထားရာမှလွှတ်ကာ အနောက်သို့ခြေလှမ်းဆုတ်မိသည်။
"ဆိုင်ကယ်ပြင်ပြီးရင်ပြန်တော့..."
ခပ်လှမ်းလှမ်းမှလဲကျနေသည့်စက်ဘီးဆီသို့သွားလိုက်သည်။
"မြူ..."
"ဘာလဲ!"
မျက်ရည်တွေမခြောက်သေးသည့်မျက်ဝန်းစိုစိုက မိုးစက်မှုန်တွေကြား ညမီးရောင်အောက်မှာလှလွန်းသည်။
"ဆိုင်ကယ်က...
မနက်ဖြန်မှရမှာတဲ့..."
"အဲ့တော့..."
"Hotel သွားအိပ်ဖို့က
လောလောနဲ့ထွက်လာလို့ ပိုက်ဆံများများပါမလာဘူး.... "
"မင်းအိမ်ရှိတာပဲ....
အဲ့သွားအိပ်ပါလား..."
"အိမ်ကလည်း အစောင့်ဦးလေးကခရီးထွက်သွားတယ်...
ကိုယ်လည်းသော့ယူမလာမိဘူး...ဟီး...."
ခေါင်းကုပ်ရင်း ကောင်းကင်ကရယ်ပြနေသည်။
"ဟက်ချိုး!!...."
"လာ...ငါ့အိမ်ပြန်မယ်...."
"တကယ်လား..."
"တက်....အေးတယ်..."
စက်ဘီးအနောက်ထိုင်ခုံပေါ်ခွထိုင်လာပြီး သူ့ခါးကို သိမ်းကြုံးဖက်သည့်ကောင်းကင်....
ဆွဲဖယ်ဖို့လုပ်ပြီးမှ အေးစက်နေသည့်ကောင်းကင်ရဲ့လက်တွေကြောင့် သူမဖယ်ရက်တော့...
အနောက်ကနေသူ့ကျောပြင်ကိုခိုးခိုးနမ်းနေတော့ သလင်းမြူ ကြိတ်ပြုံးမိသည်။
မိုးနတ်မင်းကြီးရေ ကျွန်တော့်ချစ်သူသာ ဖျားလို့ကတော့ခင်ဗျားကို ရေခဲရိုက်ပစ်မယ်!!!
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ငါရေနွေးစပ်ပေးထားတယ် ရေအရင်ချိုးလိုက်..."
"အင်း...မြူရော..."
"မင်းပြီးမှချိုးမယ်..."
"မြူအရင်ချိုးလိုက်ပါလား...
နေမကောင်းဖြစ်လိမ့်မယ်..."
"မင်းအရင်ချိုး...."
"အတူချိုးကြမလား..."
"F***!"
ဆဲထည့်လိုက်တော့ကျေနပ်သလိုရယ်နေသည်။
"ဒီဆဲသံလေးတွေကိုလွမ်းနေတာ....
ကိုယ်မြန်မြန်ချိုးလိုက်မယ်...."
ကောင်းကင်အူမြူးစွာရေချိုးခန်းထဲဝင်သွားတော့ သလင်းမြူလည်းထိန်းချုပ်မနေဘဲ ပြုံးလေသည်။
သူ့အဝတ်အစားတွေကကောင်းကင်နဲ့တော်မှာမဟုတ်လို့ ကိုလတ်ရဲ့ညဝတ်တစ်စုံသွားယူပေးထားလိုက်သည်။
"ငယ်လေး.....ညစာစားမယ်.."
"ပြီးမှသားသူငယ်ချင်းနဲ့အတူစားလိုက်မယ်...
မကြီးတို့စားနှင့်တော့...."
ညနေကသူငယ်ချင်းကိုသူပဲအော်ဟစ်မောင်းထုတ်ပြီး အခုသူပဲပြန်ခေါ်လာသည့်မောင်ဖြစ်သူကိုနားမလည်စွာ မကြီးမှာခေါင်းရမ်းနေရသည်။
ကောင်းကင်သူ့ကိုကြည့်နေချိန်တွေမှာ မျက်နှာကိုတည်တင်းထားပြီး လစ်တာနဲ့သူပြုံးနေတာကို ကောင်းကင်မြင်မည်မဟုတ်...
သူ့ကိုကျောပေးအိပ်နေသည့် မြူ့ကိုထိချင်ပေမယ့် စိတ်အနှောက်အယှက်ဖြစ်မှာမလိုလားသောကြောင့် ကောင်းကင်ငြိမ်နေသည်။
"ဂျိမ်းးးး!!"
လင်းထိန်သွားသော လျှပ်စီးကြောင်းနှင့် မိုးစက်သံတွေပိုမိုဆူညံလာရာ မြူ့ကိုယ်လေးတစ်ချက်တစ်ချက်တုန်သွားသည်ကိုသူသတိထားမိသည်။
"ငယ်!...ငယ်လေး!!
အဆင်ပြေရဲ့လား...."
အခန်းထဲဝင်လာပြီး စိုးရိမ်စွာမေးသည့် မြူ့အမကြီးနှင့်အမေ....
"မေမေနဲ့အိပ်မလား..."
"သားအဆင်ပြေပါတယ်.... "
"ဟုတ်ရဲ့လားငယ်ရယ်..."
"ဟုတ်ပါတယ်ဆို....
ဆေးလည်းသောက်ထားတယ်...
စိတ်မပူနဲ့သွားအိပ်ကြတော့...."
အမေနဲ့အစ်မကိုချစ်စရာကောင်းအောင်ပြောနေပုံလေးကိုကောင်းကင်ငေးနေရသည်။
အခန်းတံခါးပြန်ပိတ်ပြီး မြူကသူ့ကိုကျောပေးကာပြန်အိပ်သည်။
"ဂျိမ်းးးးး ဂျလိမ်းးးးး!!!"
"အမလေး!!"
ချက်ချင်းသူ့ရင်ခွင်ထဲခေါင်းဝှေ့ရောက်လာသည့်မြူ....
သူ့ရင်ဘက်အင်္ကျီစကိုကိုင်ကာ လက်ကလေးတွေလည်းတုန်နေသည်။
"ကိုယ်ရှိတယ်...မကြောက်နဲ့....
ကိုယ်ဒီမှာရှိတယ်...."
ကျောပြင်ကိုဖွဖွလေးပုတ်ပေးနေတော့ အသက်ရှူသံလေးတွေပုံမှန်ဖြစ်လာကာ သူ့ကိုမော့ကြည့်လာသည်။
"ငါ့ကိုဒီတစ်ညတော့ ဖက်ထားပေးပါ....ကောင်းကင်...."
"တစ်သက်လုံးဖက်ထားပေးမယ်...."
အခွင့်အရေးရတုန်းနဖူးကိုနမ်းလိုက်တော့ လက်သွယ်သွယ်တွေကသူ့ဗိုက်ကြောကိုဆွဲလိမ်သည်။
နာပေမယ့် မအော်ရဲလို့ သူ့မျက်နှာကြီးမှာရဲနေလေသည်။
ခဏလေးဆိုပေမယ့် ဖြတ်ကနဲ မြူ့နှုတ်ခမ်းလေးတွန့်ကွေးသွားတာကိုမြင်လိုက်ရတော့ သူအပျော်လုံးဆို့ရပြီ...
မင်းပြောတာမှားတယ် စူးနေရောင်ထက်....
မြူကငါ့ကိုမလိမ်ခဲ့ဘူးတကယ်ချစ်ခဲ့တာ....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ကောင်ကင်ကြီးက
သူသိပ်ချစ်ရတဲ့မြူလေး
ပျောက်ကွယ်မသွားအောင်
ပူပြင်းတဲ့နေရောင်ကို
တိမ်တိုက်တွေနဲ့ကာစီးထားလိမ့်မယ်
************************************
Zawgyi
ေရးေပးလိုက္တဲ့ လိပ္စာအတိုင္းသူေမးျမန္းလိုက္႐ွာခဲ့ေတာ့ ျခံဝန္းက်ယ္ႀကီးတစ္ခုကိုၫႊန္ၾကသည္။
ျခံေ႐ွ႕မွာ bell တီးဖို႔အေရးအားယူေနရတဲ့သူ႔ကိုျဖတ္သြားျဖတ္လာေတြကသူခိုးထင္ေနၾကလားမသိ....
႐ွိသမ်ွသတိၱအကုန္ထုတ္ကာမ်က္စိစုံမွိတ္ၿပီး bell ကိုတီးလိုက္သည္။
ပထမတစ္ခါဘာတုံ႔ျပန္မႈမွမ႐ွိ...
ဒုတိယတစ္ခ်က္ႏွိပ္လိုက္မွ အိမ္ထဲကေနသက္လတ္ပိုင္းအမ်ိဳးသမီးတစ္ဦးထြက္လာသည္။
"ဘာကိစၥမ်ား႐ွိလို႔လဲ..."
"ဒါက သလင္းျမဴရဲ႕အိမ္လားဗ်...."
"ဟုတ္ပါတယ္...
ဒီကေမာင္ေလးကဘယ္သူလဲ..."
"ကြၽန္ေတာ့္နာမည္စစ္ေကာင္းကင္ႏိုင္ပါ...
ျမဴ႕ရဲ႕သူငယ္ခ်င္း...
ျမဴကသူ႔ဆီလာခဲ့ပါဦးဆိုလို႔..."
ဟုတ္ဟုတ္မဟုတ္ဟုတ္ ယုံေအာင္ေတာ့ရႊီးရမည္။
"ငယ္ေလးက အခုအိမ္မွာမ႐ွိဘူး...
ပြဲ႐ုံသြားတယ္...ခဏေနေလာက္ဆုိျပန္လာေတာ့မွာ...
ေမာင္ေလးအထဲဝင္ေစာင့္ေနလိုက္ပါလား...."
"ဟုတ္...."
ျခံထဲဆိုင္ကယ္သြင္းျပီး ထိုအစ္မႀကီးႏွင့္အိမ္ထဲကိုလိုက္လာခဲ့လိုက္သည္။
"မႀကီး ဘယ္သူလဲ..."
ဧည့္ခန္းထဲမွာ ကေလးႏွစ္ေယာက္ႏွင့္အတူကာတြန္းကားၾကည့္ေနသည့္ ေကာင္မေလးတစ္ေယာက္ကသူ႔ကိုေခၚလာသည့္အစ္မႀကီးကိုေမးသည္။
"ငယ့္သူငယ္ခ်င္း..."
"ေဩာ္...
အစ္ကိုထိုင္ေလ..."
သူအခုမွသတိထားမိတယ္....
ဒီေကာင္မေလးက အရင္ျမဴ႕ဖုန္းထဲမွာေတြ႔လိုက္တဲ့ ျမဴနဲ႔ဆင္တဲ့အဆိုေတာ္ေပါက္စေလးပဲ....
ဧည့္ခန္းထဲမွာခ်ိတ္ထားသည့္ မိသားစုပုံႀကီးထဲမွာ သူ႔ခ်စ္သူပါေနသည္။
"ေမာင္ေလးက Mandalay ကလား..."
"ဟုတ္ကဲ့..."
"ငယ့္သူငယ္ခ်င္းေတြထဲမွာ ေမာင္ေလးကိုတစ္ခါမွမျမင္ဖူးေတာ့ တံခါးတန္းမဖြင့္ေပးတာ စိတ္မ႐ွိနဲ႔ေနာ္...."
"ရပါတယ္...
ျမဴနဲ႔ကြၽန္ေတာ္ကခင္တာသိပ္မၾကာေသးဘူးေလ..."
"ငယ္ Mandalay မွာ tutor သြားလုပ္တုန္းကခင္တာထင္တယ္...."
ျမဴကသူ႔မိသားစုကိုလိမ္ထားပုံပဲ...
"ဟုတ္တယ္ဗ်...
အိမ္ခ်င္းကပ္လ်က္မို႔ခင္သြားၾကတာ...."
"ေဩာ္...
ဒါဆို မင္းညီကိုလည္းသိမွာေပါ့..."
"မင္းညီ?"
"မႀကီးကလည္း ကိုကိုမင္းညီကနာမည္ေျပာင္းထားတာေလ...."
"ဟုတ္သား....
ဘုန္း႐ွိန္ဝါထက္ ကိုေျပာတာေမာင္ေလး..."
"ဦးဘုန္း႐ွိန္ဝါထက္နဲ႔သိပါတယ္..."
"ဟိုေလ...
ငယ္က Mandalay မွာရည္းစားေတြဘာေတြမ်ား႐ွိခဲ့လားဟင္...."
"ဗ်ာ....
ကြၽန္ေတာ္ေတာ့မၾကားမိပါဘူး..."
"ဟုတ္လား.....
ျပန္ေရာက္ကတည္းက ငယ္ကမိႈင္မိႈင္ေတြေတြႀကီးျဖစ္ေနလို႔ ရည္းစားကိုလြမ္းေနတယ္ထင္တာ...."
ကိုယ့္ကိုခ်စ္ကလြမ္းေနတာေပါ့...
ေကာင္းကင္ေက်နပ္စြာ ႐ုပ္ကၿဖီးလာပါသည္။
မွန္ေကာင္တာႀကီးႏွင့္အျပည့္နီးပါး ဆုတံဆိပ္မ်ားစြာကိုေတြ႔ရေတာ့ သူပါးစပ္ေတာင္ဟသြားသည္။
"အဲ့တာကိုကိုငယ္ေလးရခဲ့တဲ့ဆုေတြေလ...
အမ်ားႀကီးပဲ..."
ျမဴ႕ညီမေလးကသူ႔ကိုေျပာျပသည္။
"ျမဴကငယ္ငယ္ကတည္းကအရမ္းေတာ္တဲ့ပုံပဲ..."
"ဟုတ္တယ္...အရမ္းကိုထူးခြၽန္တယ္...."
သူသက္ေတာင့္သက္သာဟန္မပ်က္ေျပာေနေပမယ့္ နည္းနည္းေတာ့႐ွိန္ေနသည္။
ကိုယ့္ခ်စ္သူရဲ႕အစ္မေတြညီမေတြဆိုေတာ့ ဒီလိုျဖစ္တတ္ပါတယ္ေလ...
"ငယ့္အခန္းထဲမွာသြားနားရင္းေစာင့္လိုက္ပါလား...
ေမာင္ေလးၾကည့္ရတာပင္ပန္းေနပုံပဲ...."
"ျမဴ႕အခန္းကဘယ္မွာလဲဟင္..."
မျငင္းပဲသူဝမ္းသာအားရကို ထိုအစ္မျပသည့္အခန္းထဲဝင္ခဲ့သည္။
ျမဴ႕အေဖျဖစ္ဟန္တူသည့္လူႀကီးရဲ႕ဂုတ္ေပၚမွာ မ်က္လုံးေတြမွိတ္က်သြားေအာင္ရယ္ေနသည့္ ျမဴပိစိေလးရဲ႕ ဓာတ္ပုံကို ေတြ႔ေတာ့သူအသည္းယားစြာစိတ္ထဲကလိကလိျဖစ္လြန္းလို႔ ဖုန္းႏွင့္ ဓာတ္ပုံ႐ိုက္ယူထားလိုက္သည္။
"ငယ္ငယ္ကတည္းကအရမ္းခ်စ္စရာေကာင္းတာပဲ..."
ကုတင္ေဘးမွာ ျမဴ႕ရဲ႕ guitar ကိုလည္းေထာင္လ်ွက္သားေလးေတြ႔ရသည္။
အရမ္းမက်ယ္တဲ့အခန္းေလးက သပ္ရပ္ေနၿပီး သူ႔ႏွလုံးသားကိုေႏြးေထြးေစသည္။
ေခါင္းအုံးေပၚမ်က္ႏွာေမွာက္ခ်လိုက္ၿပီး လြမ္းေနရသည့္ျမဴ႕ကိုယ္သင္းနံ႔ကိုတစ္ဝႀကီး႐ွဴကာ ေက်နပ္ေနမိသည္။
ျမဴ႕အခန္းျပတင္းေပါက္ကိုဖြင့္ၾကည့္လိုက္ေတာ့ ျခံထဲမွႏွင္းဆီခင္းကိုတန္းျမင္ရသည္။
ဒီေနရာေလးက သူ႔ခ်စ္ရတဲ့ျမဴနဲ႔သက္ဆိုင္တဲ့ ကမာၻေလးေပါ့...
အိပ္ဖို႔ႀကိဳးစားၾကည့္ေပမယ့္ စိတ္လႈပ္႐ွားၿပီး အိပ္မေပ်ာ္ႏိုင္ရာ အခန္းထဲပဲပတ္ေမႊရန္အၾကံရသည္။
စားပြဲေပၚမွ အထပ္လိုက္ file ေတြကိုဖြင့္ၾကည့္လိုက္ေတာ့ ေဆးမွတ္တမ္းေတြ....
ဆရာဝန္လက္ေရးကိုမဖတ္တတ္သည့္အျပင္ Ultrasound ,X-ray ေတြကိုလည္းသူမၾကည့္တတ္ေတာ့ ဘာေတြမွန္းမသိ...
လူနာနာမည္မွာ ျမဴ႕ကိုေတြ႔ရေတာ့ သူရင္ထဲထိတ္သြားသည္။
ျမဴေနမေကာင္းလို႔လား....
စူးေနေရာင္ထက္အိမ္မွာေတြ႔ခဲ့ဖူးသည့္ ေဆးႏွစ္ဘူးကလည္း စားပြဲေပၚမွာအခန္႔သားေလး႐ွိေနသည္။
"Heart attack! "
ေဆးစာေပၚမွာေရးထားသည့္ ထိုစာလုံးေၾကာင့္ သူခ်က္ခ်င္းပဲ အခန္းထဲမွထြက္ကာ ျမဴ႕အစ္မ႐ွိရာကိုေျပးသြားမိသည္။
"အစ္မ.....
ျမဴ...ျမဴက...ႏွလုံးေရာဂါ ႐ွိတာလားဟင္..."
"ေမာင္ေလးမသိဘူးလား...
ဟုတ္တယ္ေလ....ေမြးရာပါေရာဂါ...
ႏွလုံးအစားထိုးဖို႔ေတာင္ လုပ္ထားၿပီးၿပီ..."
႐ုပ္ေသႀကီးႏွင့္အခန္းထဲျပန္ဝင္သြားသည့္ ငယ့္သူငယ္ခ်င္းထိုေကာင္ေလးက ထူးေတာ့ထူးဆန္းသည္။
ျမဴ႕မွာႏွလုံးေရာဂါ႐ွိေနခဲ့တာကိုေတာင္သူကမသိဘဲ စိတ္ဆင္းရဲေအာင္လုပ္ခဲ့မိေသးတယ္....
"ေသလိုက္ပါေတာ့ စစ္ေကာင္းကင္ႏိုင္ရာ....
မင္းတကယ္မေကာင္းတဲ့ေကာင္ပဲ...."
စာၾကည့္တိုက္မွာ ေမာဟိုက္ေနတဲ့ၾကားကေန သူ႔ကို႐ွင္းျပဖို႔ႀကိဳးစားခဲ့တဲ့ မ်က္ႏွာေလးကိုျပန္သတိရရင္း ရင္ထဲမွာစူးနစ္ေနေအာင္နာသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ျခံထဲကားကိုေသခ်ာထိုးၿပီး lock ခ်ကာ ေမေမႏွင့္အတူသူအိမ္ထဲဝင္လာခဲ့သည္။
"ငယ္ေလး သားအခန္းထဲမွာသားသူငယ္ခ်င္းေရာက္ေနတယ္ေနာ္..."
အခန္းထဲဝင္ခါနီး မမႀကီးလွမ္းေအာ္သည့္အသံကိုသူၾကားေပမယ့္ ေဇယ်ာထင္လို႔သူအေလးမထားမိ...
တံခါးဖြင့္ဝင္သြားေပမယ့္အခန္းထဲမွာဘယ္သူမွ႐ွိမေန...
တံခါးႏွင့္ကြယ္ေနရာမွေကာင္းကင္ထြက္လာၿပီး သူ႔ကိုေက်ာေပးထားသည့္ ခ်စ္သူကိုအေနာက္မွေပြ႔ဖက္လိုက္သည္။
"အရမ္းလြမ္းေနခဲ့တာ.....ျမဴ....."
သလင္းျမဴလက္ထဲမွ file တြဲေတြျပဳတ္က်ကုန္ကာ ရင္တဒိန္းဒိန္းခုန္လ်က္ လည္ေခ်ာင္းေတြကလည္းအသံမထြက္ႏိုင္ေအာင္ ေျခာက္ေသြ႔လာသည္။
ကြၽန္ေတာ္ခ်စ္ရတဲ့သူကအခု ကြၽန္ေတာ့္ဆီကိုေရာက္လာတယ္....
သူကြၽန္ေတာ့္ကိုျမဴလို႔ေခၚတယ္...
စိတ္ဆိုး ေဒါသေတြမ႐ွိဘဲ သူကြၽန္ေတာ့္ကိုဖက္ထားတယ္...
"ကိုယ့္ကိုဘာမွမေျပာေတာ့ဘူးလားဟင္..."
ပုခုံးကေနအသာဆြဲလွည့္ၿပီး ေမးေစ့ကိုကိုင္ကာ မ်က္ဝန္းခ်င္းဆုံဖို႔ႀကိဳးစားသူ...
သူ႔ႏွလုံးသားကိုအရည္ေပ်ာ္ေစႏိုင္တဲ့ ႏူးႏူးညံ့ညံ့အၾကည့္ေတြကိုေၾကာက္ရြံ႕ကာ မ်က္ႏွာလႊဲမိသည္။
"ဘာမွမေျပာဘူးဆိုေတာ့ ကိုယ့္ကိုလြမ္းေနတယ္လို႔ပဲသေဘာထားလိုက္ေတာ့မယ္ေနာ္...."
ငုံ႔ဆင္းလာသည့္ႏႈတ္ခမ္းတစ္စုံသူ႔ႏႈတ္ခမ္းေပၚမနားခိုေစရန္ ရင္ဘက္ကိုတြန္းရင္း ေခါင္းငုံ႔လိုက္သည္။
"ဘာျဖစ္လို႔လဲကြာ..."
"ျပန္ေတာ့... "
"ဟင္...."
"စူးေနေရာင္ထက္ဆီျပန္ေတာ့...."
"ျမဴ!"
"မေခၚနဲ႔.....
ငါ့နာမည္ကိုမင္းသိကိုမသိသင့္ဘူး....
ေက်းဇူးျပဳၿပီး မင္းရဲ႕သက္ဆိုင္သူ....
စူးေနေရာင္ထက္ဆီကိုျပန္ပါ..."
သူေကာင္းကင္ကိုဘာေတြေျပာေနမိတာလဲ....
အတိုင္းအဆမ႐ွိေအာင္ေပ်ာ္ေနေပမယ့္ ပါးစပ္ကတြန္းထုတ္သည့္ စကားေတြသာထြက္လာသည္။
တိတ္ဆိတ္ၿပီး ေကာင္းကင္ၿငိမ္သက္ေနလို႔ သူေမာ့ၾကည့္လိုက္ရာ ႏႈတ္ခမ္းထက္အ႐ွိန္ျပင္းျပင္းႏွင့္ အနမ္းတို႔ကေရာက္႐ွိလာသည္။
မ်က္စိစုံမိႈတ္ၿပီး မြတ္သိပ္စြာနမ္းေနသည့္ ေကာင္းကင္ကိုသူတြန္းမထုတ္ပါ....
ျပန္လည္တုန္႔ျပန္ျခင္းလည္းသူမျပဳ....
အနမ္းေတြအ႐ွိန္ေလ်ာ့သြားၿပီး သူ႔ႏႈတ္ခမ္းေတြကိုလႊတ္ေပးလိုက္တာနဲ႔ ႏႈတ္ခမ္းလႊာေပၚမွ စိုစြတ္သည့္အထိအေတြ႔ကိုလက္ဖမိုးႏွင့္သုတ္ဖယ္ပစ္လိုက္သည္။
"ျပန္ေတာ့..."
"ကိ္ုယ့္ကိုတြန္းမထုတ္ပါနဲ႔လားျမဴရယ္.....
ကိုယ္မင္းကိုခ်စ္တယ္.....
စူးေနေရာင္ထက္အျဖစ္နဲ႔မင္းကိုယ့္ဘဝထဲကိုစဝင္လာကတည္းက မင္းကိုယ့္ႏွလုံးသားကိုလႈပ္ခတ္ခဲ့တာ...
ကိုယ္အမွန္အတိုင္းဝန္ခံေနတာပါ..."
သိတယ္....ကိုအမွန္အတိုင္းေျပာေနမွန္း...
ဒါေပမယ့္ သူေၾကာက္တယ္ ဘယ္လိုပဲသူၾကံ့ခိုင္ခ်င္ေယာင္ေဆာင္ပါေစ သူ႔မိသားစုကိုစူးေနေရာင္ထက္ကထိခိုက္ေအာင္လုပ္ႏိုင္တယ္ဆိုတဲ့အမွန္တရားကိုသိေနလို႔ သူအရမ္းေၾကာက္တယ္...
"ငါကေတာ့မင္းကိုမခ်စ္ဘူး..."
"မေနာက္ပါနဲ႔ျမဴရာ...
ျမဴကိုယ့္ကိုလိမ္ေနမွန္းကိုယ္သိတယ္..."
"ငါလိမ္ေနတယ္လို႔မင္းဘာလို႔ထင္ရတာလဲ...
မင္းငါ့အေၾကာင္းမသိပါဘူး..."
"ျမဴ႕မ်က္ဝန္းေတြကကိုယ့္ကိုအရမ္းခ်စ္တာပဲလို႔ေျပာေနတယ္ "
"အိမ္မက္ေတြမက္ေနတာပဲ...
အခုႏိုးထရေတာ့မယ့္အခ်ိန္ေရာက္ၿပီ စစ္ေကာင္းကင္ႏိုင္....
ထြက္သြားေတာ့..."
"ဟင့္အင္း...
ကိုယ္မသြားဘူး...."
ေခါင္းရမ္းျငင္းၿပီး သူ႔ကိုဖက္လာျပန္သူကို ထု႐ိုက္ကာတြန္းပစ္သည္။
"ထြက္သြားလို႔ငါေျပာေနတယ္ စစ္ေကာင္းကင္ႏိုင္!"
"ျမဴ...."
"အခုခ်က္ခ်င္း ထြက္သြား!!!"
မာန္ကိုတင္းကာစိတ္ကိုခ်ဳပ္ထိန္းထားရေတာ့ သူ႔တုန္ယင္လာသည္။
"ကိုယ္သြားပါ့မယ္....
စိတ္ေလ်ာ့ေနာ္....ျမဴကေနမေကာင္းဘူးေလ....
ကိုယ္သြားမယ္...."
ေက်ာပိုးအိတ္ကိုယူၿပီး သူ႔ကိုျပဳံးျပကာ ေကာင္းကင္အခန္းထဲကထြက္သြားခဲ့သည္။
"ငယ္ေလး ဘာျဖစ္တာလဲ...."
အေလာတႀကီးလာေမးသည့္ မႀကီးကိုသူဘာမွျပန္မေျဖဘဲ အခန္းတံခါးဆြဲပိတ္ကာ lock ခ်လိုက္သည္။
ျခံေပါက္ကေနတျဖည္းျဖည္းဆိုင္ကယ္သံေလးေဝးသြားေတာ့ တင္းတင္းဆုပ္ထားသည့္ လက္သီးဆုပ္ကေလးကိုလည္း သူေျဖေလ်ာ့ရသည္။
ငါ့ေ႐ွ႕မွာေနာက္ထပ္ေပၚမလာပါနဲ႔လားေကာင္းကင္....
ငါမင္းလက္ကိုဆြဲကိုင္ထားမိလို႔ ျဖစ္လာမယ့္အက်ိဳးဆက္ကိုေၾကာက္လို႔ပါ...
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
တေနကုန္အုံ႔ေနခဲ့သည့္မိုးက ေမွာင္ေတာ့ဖြဲဖြဲေလးစရြာလာသည္။
ေကာင္းကင္အျပန္မိုးမ်ားမိေနမလား...
"Tee tor!!!Tee tor!!!"
အ႐ွိန္ျပင္းစြာေမာင္းသြားသည့္ အေရးေပာ္ကားအသံေၾကာင့္ သူေခါင္းေထာင္သြားသည္။
"Accident ျဖစ္ၾကျပန္ၿပီထင္တယ္..."
"Click တစ္စီးနဲ႔ light truck တိုက္တာတဲ့...
အခုပဲသတင္းတက္လာတယ္...
ဆိုင္ကယ္သမားကေတာ္ေတာ္အေျခအေနဆိုးပုံပဲ...."
ဖုန္းကိုၾကည့္ရင္းေျပာသည့္ခြန္းေလးစကားေနာက္ သလင္းျမဴရင္ထဲဒိန္းကနဲျဖစ္သြားသည္။
"Click ကဘာအေရာင္လဲ..."
"အနီေရာင္...
ဆိုင္ကယ္သမားကအလည္လာတဲ့ေက်ာင္းသားတဲ့...."
အျပင္ဘက္ရာသီဥတုေအးေအးမိုးစက္ေတြကိုသူဂ႐ုမစိုက္ႏိုင္ ေမေမနဲ႔မႀကီးရဲ႕စကားေတြကိုလည္းမၾကားႏိုင္ေတာ့...
သလင္းျမဴ ဘာမွကိုမေတြးႏိုင္ေတာ့ဘဲ ေခါင္းထဲဗလာျဖစ္ကာ အေရးေပၚကားသြားသည့္ဘက္သို႔ စက္ဘီးႏွင့္အျမန္နင္းသြားသည္။
သူေၾကာက္ရသည့္ မိုးၿခိမ္းသံေတြကိုဆက္တိုက္ၾကားေနရေပမယ့္ သူဦးတည္ခ်က္မေျပာင္းခဲ့....
လူေတြ႐ုတ္႐ုတ္သဲသဲျဖစ္ေနၾကသည့္ ေနရာကိုေတြ႔တာနဲ႔ စက္ဘီးကိုဒီတိုင္းလႊတ္ခ်ခဲ့ကာ လူအုပ္ထဲတိုးေဝွ့ဝင္သည္။
ေဆး႐ုံကားေပၚတင္ေနသည့္ လူနာရဲ႕မ်က္ႏွာကိုမျမင္ရဘဲ သူလူအုပ္ၾကားထဲမွာ ပိတ္မိသြားသည္။
"နည္းနည္းေလာက္ဖယ္ေပးပါ...."
လူနာတင္ၿပီး အေရးေပၚကားကျပန္ထြက္ခြာသြားသည္။
ကားေအာက္ေရာက္ေနသည့္ဆိုင္ကယ္ႏွင့္ ေသြးကြက္ႀကီးကိုျမင္လိုက္ရေတာ့ တုန္လႈပ္ျခင္းေၾကာင့္ သူငိုမိပာသည္။
"ငါေတာင္းပန္ပါတယ္ ....
ေကာင္းကင္....ငါေတာင္းပန္ပါတယ္...."
လူအုပ္ျကီးလူစုခြဲသြားျကေပမယ့္ သူတစ္ေယာက္တည္းေတာင္းပန္စကားဆိုရင္း ငိုကာက်န္ရစ္ခဲ့သည္။
"ျမဴ?"
ေဘးနားကေခၚသံေၾကာင့္ သူေမာ့ၾကည့္လိုက္ရာ....
"ေကာင္းကင္!"
ဝမ္းသာအားရ ထဖက္ကာ သလင္းျမဴဆက္ငိုသည္။
ေက်းဇူးတင္ပါတယ္....
မင္းဘာမွမျဖစ္လို႔ ေက်းဇူးတင္ပါတယ္.....
"မိုးက်ေနတာကို ထီးမပါဘာမပါနဲ႔ ဘာလို႔ဒီေရာက္ေနတာလဲ.....
အေအးပတ္ဦးမယ္..."
ဘာစကားမွမေျပာဘဲ မလႊတ္တမ္းဖက္ထားသည့္ခ်စ္သူေလးက ငိုေနဆဲ...
"ျပန္ခိုင္းတာကို ဘာလို႔ဒီမွာ႐ွိေနေသးတာလဲ...
Accident ျဖစ္တယ္ၾကားလို႔ မင္းတစ္ခုခုျဖစ္တယ္ထင္ၿပီး....."
"ကိုယ္လည္းျမဴေျပာသလို ျပန္မလို႔ဘဲ ဆိုင္ကယ္ကဘာျဖစ္သြားမွန္းမသိလို႔ workshop ဝင္ေနတာ....."
"......."
"အခုကိုယ့္ကိုစိတ္ပူေနတာေပါ့...."
သလင္းျမဴ လက္ေတြကိုဖက္ထားရာမွလႊတ္ကာ အေနာက္သို႔ေျခလွမ္းဆုတ္မိသည္။
"ဆိုင္ကယ္ျပင္ၿပီးရင္ျပန္ေတာ့..."
ခပ္လွမ္းလွမ္းမွလဲက်ေနသည့္စက္ဘီးဆီသို႔သြားလိုက္သည္။
"ျမဴ..."
"ဘာလဲ!"
မ်က္ရည္ေတြမေျခာက္ေသးသည့္မ်က္ဝန္းစိုစိုက မိုးစက္မႈန္ေတြၾကား ညမီးေရာင္ေအာက္မွာလွလြန္းသည္။
"ဆိုင္ကယ္က...
မနက္ျဖန္မွရမွာတဲ့..."
"အဲ့ေတာ့..."
"Hotel သြားအိပ္ဖို႔က
ေလာေလာနဲ႔ထြက္လာလို႔ ပိုက္ဆံမ်ားမ်ားပါမလာဘူး.... "
"မင္းအိမ္႐ွိတာပဲ....
အဲ့သြားအိပ္ပါလား..."
"အိမ္ကလည္း အေစာင့္ဦးေလးကခရီးထြက္သြားတယ္...
ကိုယ္လည္းေသာ့ယူမလာမိဘူး...ဟီး...."
ေခါင္းကုပ္ရင္း ေကာင္းကင္ကရယ္ျပေနသည္။
"ဟက္ခ်ိဳး!!...."
"လာ...ငါ့အိမ္ျပန္မယ္...."
"တကယ္လား..."
"တက္....ေအးတယ္..."
စက္ဘီးအေနာက္ထိုင္ခုံေပၚခြထိုင္လာၿပီး သူ႔ခါးကို သိမ္းၾကဳံးဖက္သည့္ေကာင္းကင္....
ဆြဲဖယ္ဖို႔လုပ္ၿပီးမွ ေအးစက္ေနသည့္ေကာင္းကင္ရဲ႕လက္ေတြေၾကာင့္ သူမဖယ္ရက္ေတာ့...
အေနာက္ကေနသူ႔ေက်ာျပင္ကိုခိုးခိုးနမ္းေနေတာ့ သလင္းျမဴ ႀကိတ္ျပဳံးမိသည္။
မိုးနတ္မင္းႀကီးေရ ကြၽန္ေတာ့္ခ်စ္သူသာ ဖ်ားလို႔ကေတာ့ခင္ဗ်ားကို ေရခဲ႐ိုက္ပစ္မယ္!!!
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ငါေရေႏြးစပ္ေပးထားတယ္ ေရအရင္ခ်ိဳးလိုက္..."
"အင္း...ျမဴေရာ..."
"မင္းၿပီးမွခ်ိဳးမယ္..."
"ျမဴအရင္ခ်ိဳးလိုက္ပါလား...
ေနမေကာင္းျဖစ္လိမ့္မယ္..."
"မင္းအရင္ခ်ိဳး...."
"အတူခ်ိဳးၾကမလား..."
"F***!"
ဆဲထည့္လိုက္ေတာ့ေက်နပ္သလိုရယ္ေနသည္။
"ဒီဆဲသံေလးေတြကိုလြမ္းေနတာ....
ကိုယ္ျမန္ျမန္ခ်ိဳးလိုက္မယ္...."
ေကာင္းကင္အူျမဴးစြာေရခ်ိဳးခန္းထဲဝင္သြားေတာ့ သလင္းျမဴလည္းထိန္းခ်ဳပ္မေနဘဲ ျပဳံးေလသည္။
သူ႔အဝတ္အစားေတြကေကာင္းကင္နဲ႔ေတာ္မွာမဟုတ္လို႔ ကိုလတ္ရဲ႕ညဝတ္တစ္စုံသြားယူေပးထားလိုက္သည္။
"ငယ္ေလး.....ညစာစားမယ္.."
"ၿပီးမွသားသူငယ္ခ်င္းနဲ႔အတူစားလိုက္မယ္...
မႀကီးတို့စားႏွင့္ေတာ့...."
ညေနကသူငယ္ခ်င္းကုိသူပဲေအာ္ဟစ္ေမာင္းထုတ္ၿပီး အခုသူပဲျပန္ေခၚလာသည့္ေမာင္ျဖစ္သူကိုနားမလည္စြာ မႀကီးမွာေခါင္းရမ္းေနရသည္။
ေကာင္းကင္သူ႔ကိုၾကည့္ေနခ်ိန္ေတြမွာ မ်က္ႏွာကိုတည္တင္းထားၿပီး လစ္တာနဲ႔သူျပဳံးေနတာကို ေကာင္းကင္ျမင္မည္မဟုတ္...
သူ႔ကိုေက်ာေပးအိပ္ေနသည့္ ျမဴ႕ကိုထိခ်င္ေပမယ့္ စိတ္အေႏွာက္အယွက္ျဖစ္မွာမလိုလားေသာေၾကာင့္ ေကာင္းကင္ၿငိမ္ေနသည္။
"ဂ်ိမ္းးးး!!"
လင္းထိန္သြားေသာ လ်ွပ္စီးေၾကာင္းႏွင့္ မိုးစက္သံေတြပိုမိုဆူညံလာရာ ျမဴ႕ကိုယ္ေလးတစ္ခ်က္တစ္ခ်က္တုန္သြားသည္ကိုသူသတိထားမိသည္။
"ငယ္!...ငယ္ေလး!!
အဆင္ေျပရဲ႕လား...."
အခန္းထဲဝင္လာၿပီး စိုးရိမ္စြာေမးသည့္ ျမဴ႕အမႀကီးႏွင့္အေမ....
"ေမေမနဲ႔အိပ္မလား..."
"သားအဆင္ေျပပါတယ္.... "
"ဟုတ္ရဲ႕လားငယ္ရယ္..."
"ဟုတ္ပါတယ္ဆို....
ေဆးလည္းေသာက္ထားတယ္...
စိတ္မပူနဲ႔သြားအိပ္ၾကေတာ့...."
အေမနဲ႔အစ္မကိုခ်စ္စရာေကာင္းေအာင္ေျပာေနပုံေလးကိုေကာင္းကင္ေငးေနရသည္။
အခန္းတံခါးျပန္ပိတ္ၿပီး ျမူကသူ႔ကိုေက်ာေပးကာျပန္အိပ္သည္။
"ဂ်ိမ္းးးးး ဂ်လိမ္းးးးး!!!"
"အမေလး!!"
ခ်က္ခ်င္းသူ႔ရင္ခြင္ထဲေခါင္းေဝွ့ေရာက္လာသည့္ျမဴ....
သူ႔ရင္ဘက္အက်ႌစကိုကိုင္ကာ လက္ကေလးေတြလည္းတုန္ေနသည္။
"ကိုယ္႐ွိတယ္...မေၾကာက္နဲ႔....
ကိုယ္ဒီမွာ႐ွိတယ္...."
ေက်ာျပင္ကိုဖြဖြေလးပုတ္ေပးေနေတာ့ အသက္႐ွဴသံေလးေတြပုံမွန္ျဖစ္လာကာ သူ႔ကိုေမာ့ၾကည့္လာသည္။
"ငါ့ကိုဒီတစ္ညေတာ့ ဖက္ထားေပးပါ....ေကာင္းကင္...."
"တစ္သက္လုံးဖက္ထားေပးမယ္...."
အခြင့္အေရးရတုန္းနဖူးကိုနမ္းလုိက္ေတာ့ လက္သြယ္သြယ္ေတြကသူ႔ဗိုက္ေၾကာကိုဆြဲလိမ္သည္။
နာေပမယ့္ မေအာ္ရဲလို႔ သူ့မ်က္ႏွာႀကီးမွာရဲေနေလသည္။
ခဏေလးဆိုေပမယ့္ ျဖတ္ကနဲ ျမဴ႕ႏႈတ္ခမ္းေလးတြန္႔ေကြးသြားတာကိုျမင္လိုက္ရေတာ့ သူအေပ်ာ္လုံးဆို႔ရၿပီ...
မင္းေျပာတာမွားတယ္ စူးေနေရာင္ထက္....
ျမဴကငါ့ကိုမလိမ္ခဲ့ဘူးတကယ္ခ်စ္ခဲ့တာ....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ေကာင္ကင္ႀကီးက
သူသိပ္ခ်စ္ရတဲ့ျမဴေလး
ေပ်ာက္ကြယ္မသြားေအာင္
ပူျပင္းတဲ့ေနေရာင္ကို
တိမ္တိုက္ေတြနဲ႔ကာစီးထားလိမ့္မယ္
Bạn đang đọc truyện trên: Truyen247.Pro