Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-52 ( Unsuitable Person)

Unicode

"မင်းဘယ်သူလဲလို့...... ငါမေးနေတယ်....."

ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ခါယမ်းသည့်ကောင်းကင်...

ဇောချွေးတွေပျံလာပေမယ့် ဟန်မပျက်အောင်ထိန်းရင်း စူးနေရောင်ထက် ပြန်ဖြေရန်ကြိုးစားသည်။

"ကိုကလည်း....
ချစ်ကစူးနေရောင်ထက်လေ......"
"မင်းမဟုတ်ဘူး...."
"ကိုဘာတွေပြောနေတာလဲ....
ချစ်နားမလည်ဘူး...."
"ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့ မင်းဘယ်သူလဲ...."
"ကို့ချစ်သူ စူးနေရောင်ထက်..... "
"မင်းကစူးနေရောင်ထက်မှန်ရင်တောင်....
............
ငါ့ချစ်သူတော့မဟုတ်ဘူး....."

သေချာသွားသောဆုံးဖြတ်ချက်နှင့်အတူ ကောင်းကင်ရဲ့မျက်ဝန်းထဲမှာ ပြတ်သားမှုတွေ....

"ကို...."

လက်ကိုဆွဲဖို့ကြိုးစားသည့် စူးနေရောင်ထက်ကို ရှောင်လိုက်သည်။

"ကို!"

အနောက်ကနေအတင်းဖက်လာသည့် လက်တွေကိုလည်း ကောင်းကင်ခပ်ကြမ်းကြမ်းဆွဲဖြုတ်သည်။

"ငါ့ကိုမထိနဲ့ စူးနေရောင်ထက်.....
ငါမကြိုက်ဘူး...."
"ကိုဘာဖြစ်နေတာလဲ...."
"ဟန်ဆောင်မနေပါနဲ့...
တော်စမ်းပါ....
သိသာလွန်းတယ်...."

ပြေလျော့သွားသည့် ခါးပေါ်ကလက်တွေနှင့် ထွက်ပေါ်လာသည့် လှောင်ပြောင်သလိုရယ်သံ....

"မင်းဘာရယ်တာလဲ....."
"ဒီ game ကတဖြည်းဖြည်းနဲ့ ပျင်းစရာကောင်းလာပြီ......
စစ်သိလား....."
"Game?
မင်းဘာပြောလဲ ငါစိတ်မဝင်စားဘူး စူးနေရောင်ထက်.....
ငါစိတ်ဝင်စားတာက
ငါ့ချစ်သူဘယ်မှာလဲ...
သူဘာလို့ရုတ်တရက် ပျောက်သွားရတာလဲ...."
"ခဏ....
စစ်ပြောတဲ့ချစ်သူဆိုတာ....
မဟုတ်မှ သလင်းမြူကိုပြောနေတာလား...."
"သူကလွဲရင်ဘယ်သူရှိဦးမှာလဲ...."
"စစ်ထင်တာမှားနေပြီ....
စစ်ရဲ့ချစ်သူက ဒီမှာရှိတဲ့ စူးနေရောင်ထက်လေ...
ငွေပေးခိုင်းလို့ရတဲ့ သလင်းမြူလိုအတုကောင်မဟုတ်ဘူး...."
"ဘာ...."
"အဲ့ကောင်သလင်းမြူက....
ပိုက်ဆံပေးရင် ဘာမဆိုခိုင်းလို့ရတဲ့ ကြေးစား!"

ကောင်းကင်ရဲ့ဒေါသနဲ့ခြောက်ခြားမှုဟာမထိန်းချုပ်နိုင်တော့ဘဲ နေရောင့်ကိုလက်သီးနှင့်ရွယ်မိသည်။

"ငါ့ကိုထိုးမယ်ပေါ့...
လုပ်လေ! လုပ်လိုက်!!
ငါ့အသားနာသွားလည်း ဒီအမှန်တရားကပြောင်းလဲမသွားဘူး!"
"မင်းပါးစပ်ကိုပိတ်ထား!"
"မပိတ်ဘူး!
ငါပိုက်ဆံပေးခိုင်းလို့ သူမင်းအနားရောက်လာတာ!
မင်းကိုဖြားယောင်းခဲ့တာ!!
သူ့အတွက်မင်းက ငွေရစေတဲ့ လာဘ်ခေါ်ကြောင်ရုပ်သာသာပဲ မင်းသိလား!!"
"မင်းတော်တော့ စူးနေရောင်ထက်!!"

နံရံကိုသာဒေါသပုံချထိုးသည့်ကောင်းကင်....

နောက်ထပ်ဘာစကားမှမပြောတော့ဘဲ အိမ်ပေါ်ကပြန်ဆင်းလာခဲ့ရာ ခြံထဲနှင်းဆီခင်းနားမှာရောက်နေသည့် ဘုန်းရှိန်ဝါထက်ကသူ့ကိုကြည့်ရင်းပြုံးသည်။

"ကျွန်တော့်ကိုဘာလို့မပြောခဲ့တာလဲ...
ခင်ဗျားသေချာပေါက်သိနေရက်နဲ့...."
"ကာယကံရှင်ကမှမသိစေချင်တာ....."
"သူအခုဘယ်မှာလဲ..... "
"ဘယ်သူ့ကိုပြောတာလဲ..."
"သူ....
ကျွန်တော့်ချစ်သူ....သလင်းမြူ...."
"ငါကဘာလို့ပြောပြရမှာလဲ...."
"ခင်ဗျား.....
သွေးသားမတော်စပ်ဘူး စည်းမရှိဘူးဆိုပြီး...
ကျွန်တော့်ချစ်သူကိုလုယူဖို့တွေးနေတာလား..."
"Ha......
ဟာသပဲ....
ငါသာဆန္ဒရှိမယ်ဆို ငယ့်ကိုရအောင်ယူလို့ရတယ်.....
ဘာလဲ...မင်းကိုယ်မင်း ယုံကြည်ချက်မရှိဘူးလား...."

အင်း....ယုံကြည်ချက်မရှိဘူး....
စူးနေရောင်ထက်ပြောသလို သူ့ကိုအသုံးချခဲ့ရုံပဲဖြစ်နေမှာကြောက်တယ်....
သူ့ကိုမချစ်မှာကြောက်တယ်....
အဲ့တာတွေထက်......ထပ်မတွေ့ရမှာကိုပိုကြောက်တယ်....

မြန်ဆန်လွန်းတဲ့ လှည့်စားမှုကြီးကိုမြင်ပြီးချိန်မှာ သူမတည်ငြိမ်နိုင်ခဲ့.....

Profile မှာရေးထားတဲ့အတိုင်း ပြင်ဦးလွင်မှာနေတာသေချာပေမယ့် သူသွားမရှာရဲ....

သူ့ကိုတွေ့ရင် မသိချင်ယောင်ဆောင်မှာရှောင်ဖယ်မှာကိုမလိုလား....

အမှားကျူးလွန်ခဲ့တာသူမဟုတ်ပေမယ့် ဒီအတောအတွင်း မသိခဲ့ရကောင်းလားဆိုပြီး မှားခဲ့သလိုခံစားနေရသည်။

◽◽◾◽◾◽◾◽◾◽◾◽◾◽◾

"သားငယ်....
မေမေ မန္တလေးမှာပွဲရုံခွဲဖွင့်ဖို့ပြင်ဆင်နေတယ်...
သားအဲ့ပွဲရုံကိုဦးစီးပေးနော်...."

မေမေ့စကားအဆုံး လည်ချောင်းထဲမှထမင်းတောင်ဆို့သွားရသည်။

"ဗျာ....
သား....မန္တလေးကိုသွားနေရမှာပေါ့..."
"အင်းပေါ့....
သားကျောင်းတက်ဖို့နဲ့ သင်တန်းတွေဆက်တက်ဖို့လည်းအဆင်ပြေတယ်လေ....."

ဘေးနားမှရေခွက်ကိုကုန်အောင်မော့သောက်ပြီး ထမင်းကိုသူ ဟန်မပျက်ဆက်စားသည်။

"သားမသွားချင်ရင် မေမေတခြားလူယုံရှာရမယ်ထင်တယ်.... "

သလင်းမြူ သက်ပြင်းချရင်း ခေါင်းသာညိတ်ရတော့သည်။

ပွဲရုံဆောက်နေတာကိုပါစီမံဖို့အတွက် သူရက်ပိုင်းအတွင်း မန္တလေးပြန်သွားဖို့ပြင်ဆင်ရသည်။

ဆိတ်ငြိမ် ရပ်ကွက်ထဲမှာ တိုက်ခန်းတစ်ခန်းငှါးပြီး သူစုထားတဲ့အထဲကငွေနဲ့ သင့်တော်မယ့်ကားတစ်စီးဝယ်ထားလိုက်သည်။

အဝတ်အစားတွေကိုထည့်ရင်း အတွေးပေါင်းစုံကြောင့် သက်ပြင်းချလိုက် ခေါင်းရမ်းလိုက်လုပ်နေသည့် သူ့ကိုခွန်းလေးကကြည့်နေသည်။

"ကိုကို..."
"......."
"ကိုကို!"
"ဟင်...."
"မသွားချင်လို့စိတ်ညစ်နေတာလား"
"မဟုတ်ပါဘူး...."
"အဲ့တာဆိုပြုံးပြုံးလေးနေ....
ဓာတ်ပုံရိုက်ထားမလို့...."

စိတ်ချမ်းသာအောင်ဓာတ်ပုံတွဲရိုက်ပေးပြီး ခွန်းလေးကို အခန်းထဲကနေမနည်းမောင်းထုတ်လိုက်ရသည်။

🎶📲 phone rings.....

""Ko Ko""
"Hello...."
"နေကောင်းလား ငယ်....
ကိုယ့်ကိုဖုန်းတောင်မဆက်ဘူး
ကိုယ်ဖုန်းဆက်တော့လဲမကိုင်ဘူး....
နေနိုင်တယ်နော်...."
"Sorry ကိုကို....."
"ရပါတယ်...."
"သား မန္တလေးပြန်.."
"သူသိသွားပြီ...."

သူစကားမဆုံးဖြတ်ပြောလိုက်သည့်ကိုကို....

"ဟမ်...."
"စစ်ကောင်းကင်နိုင်.....
သိသွားပြီ....
ငယ်ကသလင်းမြူဆိုတာကို...."

ချွေးပျံလာတဲ့လက်ဖဝါးကြောင့် ဝတ်ထားသည့် ဆွယ်တာအောက်အနားကိုဆုပ်ကိုင်မိသည်။

"ဘယ်လိုလုပ်....
ဘယ်လို.....သိသွားတာလဲ...."
"ကိုယ်လည်းမပြောတတ်ဘူး...
သူသတိထားမိသွားတာထင်တယ်....."
"......"
"ငယ်....
အဆင်ပြေရဲ့လား..... "
"......"
"ငယ်...."
"သားအဆင်ပြေပါတယ်.....
ကိုကို့ကိုအကူအညီတောင်းစရာတစ်ခုရှိလို့"
"ဘာလဲပြောလေ..."
"သားအတွက် ဈေးနှုန်းအသင့်အတင့်နဲ့ ကား second ထဲကဖြစ်ဖြစ်တစ်စီးလောက်ရှာပေးဦး.."
"Ok....
ကိုကိုရှာထားလိုက်မယ်..."

ဖုန်းကိုမွေ့ယာပေါ်ပစ်ချပြီး သူ့ဆီရောက်လာရင်ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲတွေးကာ အခန်းထဲဟိုလျှောက်သည်လျှောက် လက်သည်းကိုကိုက် ခြေမငြိမ်လက်မငြိမ်ပင်။

🎶📲 phone rings.......

""Real""

မကိုင်ဖို့ဆုံးဖြတ်ထားပေမယ့် သေါက်ကျင့်ပါနေသည့်လက်ကမနာခံ...

"ဘာကိစ္စလဲ..... "
"အသံကမာလှချည်လားဟ...."
"အရေးမကြီးရင်ငါဖုန်းချလိုက်တော့မယ်...
မအားဘူး..."
"ငာ့စစ်နဲ့ပတ်သက်ဖို့မစဉ်းစားနဲ့နော်...."
"ငါကအခုမင်းအလုပ်သမားမဟုတ်တော့ဘူး....
ငါ့ကိုလာအမိန့်မပေးနဲ့......"
"မင်းငါဘာလဲဆိုတာကိုမေ့သွားပြီလား....
ေးအေးဆေးဆေးနေချင်ရင် ငါပြောတာကိုအေးအေးဆေးဆေးလိုက်နာ...."
"ငါကမပတ်သက်ဘဲသူကလာပတ်သက်ရင်ရော..."
"မဖြစ်နိုင်တာတွေမပြောနဲ့..... "
"ဖြစ်နိုင်မဖြစ်နိုင်မင်းအသိဆုံးပါ..."
"စစ်နဲ့ထပ်မရှုပ်ဖို့ငါသတိပေးတယ်နော်.... "
"မင်းငါ့ကိုပြောရမှာမဟုတ်ဘူး....
မင်းလင်ကိုပြောပြီး နိုင်အောင်ထိန်းထား!
ခြံခတ်ရင်လည်းမြင့်မြင့်ခတ်ပြီး နဖားကြိုးပါထိုးထား....
ဒါတောင်ခုန်ထွက်လာရင်တော့ငါကတက်စီးရမှာပဲ!!!!"

ဒေါသနှင့်စိတ်ထဲရှိသလိုအော်ပစ်ကာ call end ကိုနှိပ်လိုက်သည်။

"သောက်ရမ်းနားပူတဲ့အင်ကောင်!!"

မထိန်းချုပ်ဘဲ ပြောလိုက်ရလို့လားမသိ ကျေနပ်လိုက်တာမှအတိုင်းထက်အလွန်ပါ...

ဒေါသလည်းငြိမ်သွားရော ခုနကပြောခဲ့တာတွေကငါ့ပါးစပ်ကထွက်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် Amazing မိပါသည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

"အခြေအနေ ဘယ်လိုလဲ...."

ပုခုံးကိုလာပုတ်သောခက်သံစဉ်က လှည့်ကြည့်သည့်လူသေကောင် expression နှင့် သူ့မျက်နှာကြောင့် အနောက်ကိုတွန့်သွားသည်။

"အဆင်မပြေဘူးလား....
နင့်ရုပ်ကြီးကလည်း......"
"........."
"သူ့နဲ့တွေ့ပြီးပြီလား...."

ကောင်းကင်ခေါင်းရမ်းပြသည်။

"အချိန်ဆွဲမနေနဲ့...
နင်ဘာတွေလုပ်နေတာလဲ......"

ဘာမှပြန်မပြောငေါင်တောင်တောင်ကြီးထိုင်နေမြဲ.....

"ငါအတန်းသွားတက်တော့မယ်...."

ကောင်းကင်ရဲ့ကျောပြင်ကိုကြည့်ရင်း ခက်သံစဉ်မှာ အားမလိုအားမရဖြစ်လွန်းလို့ ထတောင်ထုချင်သည်။

စူးနေရောင်ထက်ဘေးမထိုင်ချင်၍ နောက်ဆုံးခုံမှာကောင်းကင်တစ်ယောက်တည်းထိုင်သည်။

"စူးနေရောင်....
ငစစ်နဲ့ရန်ဖြစ်ထားတာလား...."

တေဇကိုတစ်ချက်တောင်လှည့်မကြည့် ပြန်တောင်မဖြေဘဲ ဖုန်းအပွတ်မပြတ်သည့်စူးနေရောင်ထက်...

"ဒီနှစ်ကောင်ဘာဖြစ်ကြပြန်တာလဲဟ....."

Second semester ဟာ first semester တုန်းကလိုမဟုတ်ခြောက်ကပ်ပြီး လစ်ဟာနေသည်။

""ချစ်ကိုလွမ်းရင်....
ဒီသီချင်းလေးကိုနားထောင်နော်.... "

ပြန်ကြားယောင်မိသည့် ချစ်သူ့အသံကြောင့် နားကြပ်တပ်ပြီး သူနားမလည်သောထိုင်းသီချင်းလေးကိုဖွင့်လိုက်သည်။

""Kaup Koon Wan Walak....
Tea Mee Tar Kao Mak.....
..............""

Repeat လုပ်ပြီးအထပ်ထပ်သူနားဆင်မိသည်။

ချစ်ပြောသလို ချစ်ကိုလွမ်းလို့နားထောင်နေပေမယ့်....
ပိုလွမ်းလာမိတယ်......

"ဟဲ့ စစ်ကောင်းကင်နိုင်!!"

လက်သံပြောင်သည့် EC မကသူ့ကျောကိုလာရိုက်ပြန်တော့ သူ့ကိုတဘုန်းဘုန်းထုရိုက်တတ်သူကိုပိုတိုး၍သာလွမ်းလာပြန်သည်။

"ပါချုပ်က scholar ဖြေဖို့စိတ်ဝင်စားတဲ့သူတွေကိုနာမည်နဲ့ဖုန်းနံပါတ်ကောက်ခိုင်းလို့....
နင်စိတ်ဝင်စားလား..."
"အင်း..."

သူနာမည်နှင့်ဖုန်းနံပါတ်ကိုရေးပေးလိုက်သည်။

"နင်လည်းဒီသီချင်းနားထောင်တယ်ပေါ့..."
"ဒီသီချင်းကိုသိလို့လား...."
"သိတာပေါ့...
Puer Tur (For You) ထဲကဇာတ်ဝင်တေးလေ
အဲ့ဇာတ်ကားကငိုရတယ် သီချင်းလေးကလည်းသနားစရာလေး...."
"သီချင်းအဓိပ္ပါယ်ကိုနားလည်လား...."
"အင်း....
ငါ Youtube မှာ Eng sub နဲ့ရှာ Down ထားပြီး တတ်သလောက်မြန်မာလိုဘာသာပြန်ကြည့်ထားတယ်..."
"ငါ့ကိုကူးပေးစမ်းပါ..."

Zapya က video လေးဝင်လာတာနဲ့ သူကျောပိုးအိတ်ဆွဲကာ ပန်းခြံဆီဦးတည်ခဲ့သည်။

""🎶 Kaup koon wan walak tea mee tar kao mak
Hai roo wak chun chok dee tao rai...
(ကိုယ်ဘယ်လောက်ကံကောင်းလည်းဆိုတာကိုသိစေခဲ့တဲ့နေ့ရက်တွေအတွက် ကျေးဇူးတင်ပါတယ်)
Dtae tar keu dao bon fah....
Gup khun yang chun...
Ja pai mor som koo koon arai........
(ဒါပေမယ့်ကောင်းကင်ထက်ကကြယ်လေးမင်းက...
ကိုယ့်လိုလူတစ်ယောက်နဲ့အတူရှိနေတာ
သင့်တော်ပါ့မလား)
Kaup koon tee payayakm walt fan duay gun mak nahn
(ကိုယ်နဲ့အတူ အိမ်မက်တွေကို ဆေးရောင်ခြယ်ဖို့ကြိုးစားခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်)
Dtae man ying doo ying hahng glai...
(ဒါပေမယ့် ကြည့်လေလေ ကိုယ်တို့နှစ်ယောက်ကပိုဝေးလေလေပါပဲ)
Meuan wak kon bon nan...
Keet tur gup chun hai mai mee wan dern takng ruam gun bpai...
(အမြင့်ထက်ကလူတွေက ကိုယ်တို့နှစ်ယောက်ကိုဘယ်တော့မှအတူရှိခွင့်မပေးဖို့ ဆုံးဖြတ်ထားသလိုပဲ)
Feun dtup eng makh kae nai...
(ကိုယ်ဘယ်လိုပဲ ငြင်းဆန်ဖို့ကြိုးစားပါစေ)
Teang welak gor dtaung alat jai...
(အချိန်ကျလာတော့ ကိုယ်လက်လျော့ရမယ်)
Bploy tur hai bpai jahh chun...
(ကိုယ်မင်းကိုထားသွားခွင့်ပေးတယ်...)
Mae ja ruk tur mahh kae nai...
(ကိုယ်မင်းကိုဘယ်လောက်ချစ်လဲဆိုတာက အရေးမပါပါဘူး)
Dtae peaa hai tar dai jar gap krai tee dee gueak
(ဒါမှ မင်းကိုယ့်ထက်ပိုကောင်းတဲ့သူကိုရှာဖွေနိုင်လိမ့်မယ်)
Pror wak tur nun kao kuan you bon fah
(ဘာကြောင့်လဲဆိုတော့ မင်းဟာကောင်းကင်ထက်မှာပဲရှိသင့်လို့ပါ)
Lae kon tummadak yahng chun
(ပြီးတော့ ကိုယ့်လိုသာမန်လူတစ်ယောက်မှာ)
Mun mee het pon mahh gern gwab rub
(အချစ်ထက်ပိုတဲ့အကြောင်းအရာတွေရှိလို့)
Dtaung bploy tar bpai.......
(မင်းကိုသွားခွင့်ပြုရမယ်)
Ja bpem glakng keun dian dai meal mon lae leuan lakng....
(အထီးကျန်တဲ့ညအလယ်မှာ မှောင်မိုက်ခြင်းနဲ့အလင်းမှိန်မှိန်က)
Hai dao yang kong ngot ngahm samur bpai
(ကြယ်ပွင့်တွေကိုထာဝရလှပစေလိမ့်မယ်)
Meua kwakm rak mai chai gahn pook mat chun dtaung kao jai.....
(အချစ်တွေမပေါင်းဖက်နိုင်တဲ့အခါမှာ ကိုယ်နားလည်ရမယ်)
Mee wak dtaung fean hao jaikae nai
(ကိုယ်ဘယ်လောက်တောင် နှလုံးသားကိုငြင်းဆန်ရဦးမှာလဲ)
Kum wah ruk jahh chun
Mai dee me meaa rung rea choot tur wai
(ကိုယ့်ရဲ့အချစ်တွေက မင်းကိုဆွဲထားဖို့မဟုတ်ဘူး)
kum wak ruk tee mee
(ကိုယ့်မှာရှိတဲ့အချစ်က)
Kae dtaung glahn hai tur wan tee sot sai.......
(မင်းကိုပိုတောက်ပတဲ့နေ့ရက်တွေရှာဖွေစေချင်ရုံပါ)🎶""

"ချစ်ကိုကာကွယ်ပေးပါ...
နေရောင်ကြောင့် မျက်ရည်မကျရအောင်... "

ဒီပန်းခြံ ဒီခုံတန်းလေးပေါ်မှာပဲ သူ့ပေါင်ကိုခေါင်းအုံးပြီး မျက်ရည်တွေနှင့်ပြောခဲ့သည့်ချစ်သူရဲ့စကား.....

"ဘာတွေပဲဖြစ်လာလာ
သိထားပေးပါ....
ကို့ကို ဒီလူသားက အရမ်းချစ်တယ်....."

လေးနက်ခဲ့သည့် ချစ်သူ့မျက်ဝန်းတွေ....

"ဒီခရီးအတွင်း
ချစ်ကစူးနေရောင်ထက်ဆိုတာကို မေ့ထားပြီး
ကို့ရဲ့ချစ်သူအဖြစ်ပဲ တွေးပေးပါလားဟင်..."

တောင်းဆိုသည့်အဓိပ္ပါယ်ကိုသူနားမလည်စွာ ငြင်းပယ်ခဲ့ခြင်းတွေ.....

"ချစ်ကစူးနေရောင်ထက်မဟုတ်ရင်တောင် ချစ်ဦးမှာလား ....."

သူနားလည်သွားပြီ....
မြူကစူးနေရောင်ထက်အဖြစ်ဟန်ဆောင်ခဲ့ပေမယ့် သူ့ကိုတော့ တကယ်ချစ်ခဲ့တယ်...

သူ့ရဲ့ချစ်သူလေးဘယ်လောက်တောင်နာကျင်ခဲ့ရမလဲ....

"ကိုယ်တောင်းပန်ပါတယ်.....
ကိုယ်အရမ်းတုံးအခဲ့လို့....."

တစ်ယောက်တည်းတောင်းပန်စကားတွေအထပ်ထပ်ပြောရင်း မျက်ရည်တွေနှင့် ပြုံးနေသည့် သူ

ဖုန်းဆက်ကြည့်ပေမယ့် အတန်းတက်နေလို့ ခက်သံစဉ်ကဖုန်းမကိုင်ရာ ဋ္ဌာနရှေ့မှာကောင်းကင်သွားစောင့်နေလိုက်သည်။

🎶📲 phone rings......

ခက်သံစဉ်ပြန်ခေါ်တာပဲ....

"Hello"
"အေးပြော ဘာတုန်း..."
"မြူ့အိမ်လိပ်စာကိုနင်သိရင်ငါ့ကိုပြောပြပါဟာ...
ငါအခုလိုက်သွားမလို့..."
"ခဏ....
ငါတော့မသိဘူး....
သိတဲ့သူရှိတယ်...ငါမေးကြည့်လိုက်ဦးမယ်...
နင်ကဘယ်မှာလဲ..."
"ငါဋ္ဌာနရှေ့ကခရေပင်အောက်မှာ..."
"အဲ့နားကပဲစောင့်နေငါလာခဲ့မယ်..."

တခြားကျောင်းသူတွေထွက်လာပြီး ဆယ်မိနစ်လောက်နေမှ ခက်သံစဉ်သူ့ဆီရောက်လာသည်။

"ရော့...."

Note စာရွက်လေးပေါ်မှ လိပ်စာ....

"ဘယ်သူ့ကိုသွားမေးတာလဲ..."
"အစ်ကိုသလင်းမြူနဲ့ရင်းနှီးတဲ့ငါ့အသိဆီက...
အခုသွားမှာဆို မြန်မြန်သွားတော့ ညနေစောင်းနေပြီ...."
"အေးအေး..."
"ဟဲ့ သေချာလုပ်ခဲ့နော်!
Fighting!!"

တက်ကြွစွာထွက်ခွာသွားသော ကောင်းကင်၏ click အနီလေးကျောင်းထဲကပျောက်သွားမှ ဋ္ဌာနထဲကနေ စိုင်းစံထွက်လာသည်။

"နင်အစ်ကိုသလင်းမြူနဲ့သိတာကိုဘာလို့စစ်ကောင်းကင်ကိုမပြောတာလဲ..."
"ငါပြောလိုက်တယ်ဆိုတာကိုသာ အစ်ကိုသိသွားလို့ကတော့ ငါ့ကျောအပေါက်ဖြစ်အောင်ရိုက်ခံရလိမ့်မယ်..."

ပြောရင်း ကြက်သီးတောင်ထပါသည်။
လူကောင်သေးသလောက် အရိုးပိစိထဲကထွက်လာသည့်အားကမသေးမှန်း သူသိသောကြောင့်ပင်...။

"သူတို့ကိုအမြန်ပြေလည်စေချင်တယ်..."
"ငါရော..."
"ဆုတောင်းပေးရုံပဲငါတို့လုပ်ပေးနိုင်တော့မှာ..."

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

(AN: Puer Tur ost Unsuitable Person လေးကိုကိုယ်လည်းနားလည်သလိုပဲဘာသာပြန်ပေးထားတယ် 😁
မှားနေရင်လည်းသည်းခံပေးကြပါ)

************************************

Zawgyi




"ကိုကလည်း....
"မင်းမဟုတ်ဘူး...."
"ကိုဘာတွေပြောနေတာလဲ....
ချစ်နားမလည်ဘူး...."
............


"ကို...."


"ကို!"


ငါမကြိုက်ဘူး...."
"ကိုဘာဖြစ်နေတာလဲ...."
"ဟန်ဆောင်မနေပါနဲ့...
တော်စမ်းပါ....
သိသာလွန်းတယ်...."


"မင်းဘာရယ်တာလဲ....."
စစ်သိလား....."
"Game?
ငါစိတ်ဝင်စားတာက
ငါ့ချစ်သူဘယ်မှာလဲ...
"ခဏ....
"စစ်ထင်တာမှားနေပြီ....
"ဘာ...."
"အဲ့ကောင်သလင်းမြူက....


"ငါ့ကိုထိုးမယ်ပေါ့...
လုပ်လေ! လုပ်လိုက်!!
"မပိတ်ဘူး!



"သူအခုဘယ်မှာလဲ..... "
"ဘယ်သူ့ကိုပြောတာလဲ..."
"သူ....
"ခင်ဗျား.....
"Ha......
ဟာသပဲ....






◽◽◾◽◾◽◾◽◾◽◾◽◾◽◾

"သားငယ်....


"ဗျာ....
"အင်းပေါ့....







"ကိုကို..."
"......."
"ကိုကို!"
"ဟင်...."
"မဟုတ်ပါဘူး...."


🎶📲 phone rings.....

""Ko Ko""
"Hello...."
"နေကောင်းလား ငယ်....
နေနိုင်တယ်နော်...."
"Sorry ကိုကို....."
"ရပါတယ်...."
"သား မန္တလေးပြန်.."
"သူသိသွားပြီ...."


"ဟမ်...."
"စစ်ကောင်းကင်နိုင်.....
သိသွားပြီ....


"ဘယ်လိုလုပ်....
ဘယ်လို.....သိသွားတာလဲ...."
"......"
"ငယ်....
အဆင်ပြေရဲ့လား..... "
"......"
"ငယ်...."
"သားအဆင်ပြေပါတယ်.....
"ဘာလဲပြောလေ..."
"Ok....


🎶📲 phone rings.......

""Real""


"ဘာကိစ္စလဲ..... "
"အသံကမာလှချည်လားဟ...."
မအားဘူး..."





◾◽◾◽◾◽◾◽◾◽◾◽◾◽◾

"အခြေအနေ ဘယ်လိုလဲ...."


"အဆင်မပြေဘူးလား....
နင့်ရုပ်ကြီးကလည်း......"
"........."


"အချိန်ဆွဲမနေနဲ့...
နင်ဘာတွေလုပ်နေတာလဲ......"





"စူးနေရောင်....




""ချစ်ကိုလွမ်းရင်....


""Kaup Koon Wan Walak....
Tea Mee Tar Kao Mak.....
..............""


ပိုလွမ်းလာမိတယ်......



နင်စိတ်ဝင်စားလား..."
"အင်း..."


"သိတာပေါ့...
"အင်း....
"ငါ့ကိုကူးပေးစမ်းပါ..."


Dtae tar keu dao bon fah....
Gup khun yang chun...
သင့်တော်ပါ့မလား)
Meuan wak kon bon nan...
Dtaung bploy tar bpai.......
Kum wah ruk jahh chun
kum wak ruk tee mee

"ချစ်ကိုကာကွယ်ပေးပါ...


"ဘာတွေပဲဖြစ်လာလာ
သိထားပေးပါ....


"ဒီခရီးအတွင်း



သူနားလည်သွားပြီ....


"ကိုယ်တောင်းပန်ပါတယ်.....



🎶📲 phone rings......


"Hello"
"အေးပြော ဘာတုန်း..."
ငါအခုလိုက်သွားမလို့..."
"ခဏ....
ငါတော့မသိဘူး....
နင်ကဘယ်မှာလဲ..."


"ရော့...."


"အေးအေး..."
"ဟဲ့ သေချာလုပ်ခဲ့နော်!
Fighting!!"




"ငါရော..."

◽◾◽◾◽◾◽◾◽◾◽◾◽◾◽


Bạn đang đọc truyện trên: Truyen247.Pro