Part-50 ( when the sun''s rays appear)
Unicode
လေယာဉ်တစ်ဆင့် ကားတစ်ဆင့်နှင့် ခရီးနှင်ရပေမယ့် သလင်းမြူ ပင်ပန်းသလိုမခံစားမိ....
တစ်လမ်းလုံးကောင်းကင်ကိုမှီပြီး စကားတွေပြောတယ် သီချင်းနားထောင်တယ် ....
သူတို့နှစ်ယောက်စလုံး ပြုံးရယ်နေခဲ့ကြတာပါ...
သူ့ကိုစိတ်ပူပြီး ခဏခဏဖုန်းဆက်တဲ့ကိုကိုကလည်း သူတစ်ခါမှမအန်ဘူးဆိုလို့ အံ့ဩနေသည်။
""Aureum Palace Ngwe Saung Hotel""
ကောင်းကင် booking လုပ်ထားသည့် Executive Villa သို့ hotel ဝန်ထမ်းလေးတွေကလိုက်ပို့ရာ သူကတော့ ကောင်းကင်ရဲ့လက်ကိုတွဲပြီး ပတ်ဝန်းကျင်ကိုငေးမောနေခဲ့သည်။
ပင်လယ်ကမ်းခြေကိုရောက်ဖူးတာသူ့အတွက် ဒါပထမဆုံးပဲလေ...
"လှလိုက်တာ...."
သီးသန့်ရေကူးကန်နှင့် ပင်လယ်ကြီးကိုမြင်နေရသည့် Villa လေးတွေထဲကတစ်ခု....
"သဘောကျလား..."
"အင်း....
ဟို ရွက်လှေကြီးပေါ်တက်လို့ရလား..."
"ရတာပေါ့...
ညကျရင် အဲ့အပေါ်မှာ ညစာစားကြမယ်လေ..."
"မိုက်တယ်... "
သူ့ပုခုံးတွေကိုဖက်ထားရင်း ကောင်းကင်လည်း ပင်လယ်ပြင်ကြီးကိုငေးကြည့်နေသည်။
"အပြင်လျှောက်လည်မလား..."
သလင်းမြူ ခေါင်းလေးတဆတ်ဆတ်ညိတ်ပြတော့ ကောင်းကင်ကရယ်သည်။
"ရေအရင်ချိုးဦးမယ်...."
"ဟုတ်ပြီဗျာ..."
T shirt နဲ့ ဘောင်းဘီရှည်ကိုဝတ်ဆင်ပြီး အပြင်မှာနေပူရှိန်ပြင်းသောကြောင့် အပေါ်ကနေ Shirt လက်ရှည်တစ်ထည်ကို ထပ်ဝတ်ကာ သူတို့ထွက်လာခဲ့သည်။
ချစ်သူများကျွန်းကိုလမ်းလျှောက်သွားရင်း ပင်လယ်ကနေလာသည့် လေကိုရှူရိုက်ကာ ပါးပြင်နှင့် ဆံနွယ်တွေထက်မကြာခဏရောက်လာသော ကောင်းကင်ရဲ့အနမ်းတွေကို အရမ်းကြိုက်သည်။
အုန်းစိမ်းရည်လေးကိုသောက်ရင်း ပင်လယ်ကြီးကိုအတူကြည့်သည်။
ကျောက်ဆောင်တွေပေါ်လျှောက်သွားကာ ကောင်းကင်ရဲ့ကျောပြင်ကိုလည်း သူဓာတ်ပုံတွေရိုက်မိသည်။
ညနေနေစောင်းမှ သူတို့နှစ်ယောက်ရေထဲဆင်းကြသည်။
သူတို့နှင့်မလှမ်းမကမ်းမှ ရေဆော့နေကြသော စကီလေးတစ်သိုက်ဆီအကြည့်ရောက်သွားတော့ အလန်းလေးတွေက သူ့ကိုလက်ပြကာ မျက်စိတောင်မှိတ်ပြသေးသည်။
သလင်းမြူလည်း လက်ပြန်ပြရင်း အကြည့်မလွှဲမိ....
ကောင်းကင် နံဘေးမှ ရည်းစားဖြစ်သူလေးကို ကိုင်ဆောင့်ချင်စိတ်တွေတဖွားဖွားဖြစ်ပေါ်လာသည်။
သူတစ်ယောက်လုံးအနားထားပြီး မျက်လုံးကတခြားဆီမှာ....
ကျန်တာတွေအလိုလိုက်ပေမယ့် ဒါမျိုးတော့မရ....
"ဘာ...ဘာလုပ်တာလဲ..."
ဂျစ်တစ်တစ်အပြုံးကိုဆင်မြန်းလျှက် သူ့ကိုဆွဲပွေ့သည့် ကောင်းကင်...
နှုတ်ခမ်းတွေကိုမလွှတ်တမ်းနမ်းလာတော့ သလင်းမြူ မျက်ဝန်းတွေပြူးကျယ်သွားကာ ရုန်းကန်သည်။
ကောင်းကင်ကချုပ် သလင်းမြူကရုန်းနှင့် နှစ်ယောက်သားအရှိန်လွန်ကာ ရေထဲလဲကျပြီး လုံးထွေးနေသည်။
ကမ်းစပ်ဖြစ်တာမို့ သူတို့နှစ်ယောက်ကို ရေကစားသူတွေကလည်းကြည့်နေကြသည်။
နှုတ်ခမ်းတွေကိုစုပ်နမ်းရင်း ဖိကြိတ်နေသည့်ကောင်းကင်....
တက်လာသော လှိုင်းလုံးတစ်ခုက နှစ်ယောက်လုံးကိုရိုက်ခတ်မှ ကောင်းကင်ထံမှ သူ့နှုတ်ခမ်းတွေလွတ်မြောက်သွားသည်။
သလင်းမြူ အံကိုကြိတ်ရင်း နာနေသည့် နှုတ်ခမ်းတွေကြောင့် ကောင်းကင်ရင်ဘက်ကို စိတ်ဆိုးဆိုးနှင့် ဆောင့်တွန်းပြစ်ကာ ထိုနေရာမှ အမြန်ထွက်လာခဲ့သည်။
စိတ်ဆိုးသွားပြီဖြစ်သည့် ချစ်သူလေးနောက်ကို ကောင်းကင် စပ်ဖြီးဖြီးနှင့် အမြန်လိုက်သွားရသည်။
ရေချိုး အဝတ်လဲပြီး ထွက်လာသည့် သလင်းမြူကို ကောင်းကင်အနောက်ကနေသိုင်းဖက်လေသည်။
"လွှတ်..."
"ကိုယ်အရမ်းသဝန်တိုနေလို့ပါကွာ....
ကိုယ့်ကိုစိတ်မကောက်ပါနဲ့...."
"လွှတ်ပါဆို..."
"ချစ်ကလည်း...."
"နမ်းရင်လည်းပုံမှန်လေးနမ်းလေ!
အခုတော့....ကြည့်ဦး!!"
သူ့ဘက်လှည့်လာပြီး နှုတ်ခမ်းဖူးလေးကိုလက်ညိုးထိုးပြကာ အသံကုန်အော်သည့် သူ့ရည်းစား...
"ရောင်နေပြီ!
တွေ့လား...!
အရမ်းနာတယ်......အစာမစားနိုင်ရင်ဘယ်လိုလုပ်မလဲ!"
"ချစ်စိတ်ကြိုက် ကိုယ့်ကိုပြန်နမ်းကွာ....နော်..."
"နစ်နာနေဦးမယ်...."
မျက်စောင်းလှလှလေးထိုးသည့် အသည်းလေးကိုထပ်နမ်းချင်ပေမယ့် အခြေအနေမကောင်းလို့ ငြိမ်နေလိုက်ရသည်။
"ချစ်ကဟိုကောင်မလေးတွေကိုဘာလို့အဲ့လောက်တောင်ကြည့်နေရတာလဲ...."
"လန်းလို့လေ.....bikini ရောင်စုံလေးတွေနဲ့..."
ကောင်းကင်ရဲ့မျက်ခုံးတွေတွန့်ချိုးလာသည်။
"လန်းတယ်?"
"အင်း..."
"Bikini လေးတွေကိုကြိုက်တယ်ပေါ့..."
"ကြိုက်တာပေါ့..... "
"တကယ်ပဲ...."
"အား...."
သလင်းမြူကို ကုတင်ပေါ်ပွေ့တင်ပြီး ကောင်းကင်ကအင်္ကျီတွေကိုချွတ်ပစ်လေသည်။
"ကို.......ဘာလုပ်မလို့လဲ.... "
"ကိုယ်ကရော.......မလန်းဘူးလား..."
Pack တွေနှင့် အမိုက်စား body structure ကိုပြနေသည့် ကောင်းကင်ကြောင့် သလင်းမြူ လှိုက်တက်လာသည့် ရယ်ချင်စိတ်ကို ပြန်မျိုချလိုက်သည်။
"မဆိုးပါဘူး......"
"ဟိုကောင်မလေးတွေနဲ့ကိုယ်ဘယ်သူပိုလန်းလဲ..."
"သေချာပေါက်....
ဟိုကောင်မလေးတွေပေါ့....
ကိုကအထူးအဆန်းမှမဟုတ်တာ...
အကုန်ချစ်နဲ့အတူတူပဲ size ပဲကွာတာ...."
ကောင်းကင်ရဲ့ မျက်ဝန်းတွေမှိုင်းသွားသည်။
ကုတင်စွန်းမှာ ငြိမ်သက်စွာထိုင်နေသည့် ကောင်းကင်အနားကို သူတိုးကပ်သွားလိုက်သည်။
"ဘာမှထပ်မပြောတော့ဘူးလား...."
"ချစ်ပြောတာမှန်တာပဲလေ...."
ကောင်းကင်ဝမ်းနည်းသွားတာပဲ....
"အရူးကြီး....
အဲ့ကောင်မလေးတွေဘယ်လောက်လန်းလန်း ချစ်စိတ်ဝင်စားတာ ဒီကအရူးကြီးတစ်ယောက်ပဲရှိတာကို မသိဘူးလား..."
"ကိုယ်နားလည်ပါတယ်....
ချစ်လည်း ယောက်ျားပဲလေ...."
"ကိုရာ.....
ချစ်ကကို့ကိုစချင်လို့ပြောလိုက်တာကို...."
"ကိုယ်ကလည်း စနေတာလေ.."
ချက်ချင်းပြောင်းသွားသည့် ကောင်းကင်ရဲ့မျက်နှာပြောင်စပ်စပ်....
"အဲ့လိုစစရာလား!!"
"ချစ်လည်းကိုယ့်ကိုစသေးတာပဲ...."
စိတ်မကွက်ရက်ပါဘူး....
အရမ်းကိုချစ်တာမို့.........
VIP အတွက်သီးသန့် ရွက်လှေပေါ်မှာ Romantic ဆန်ဆန် ညစာအတူစားရတာကလဲ အရမ်းကြည်နူးဖို့ကောင်းပါသည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
နောက်တစ်နေ့ မနက်စောစော ဆိုင်ကယ်ငှါးပြီး ဆင်စခန်းကိုသွားကြသည်။
ဆင်တွေကိုအစာကျွေးပြီး ဆင်စီးကာ နေ့လည်ပိုင်းလောက်မှသူတို့ပြန်ခဲ့သည်။
နေ့လည်စာစားပြီး အနီးအနားရွာလေးထဲကိုလျှောက်ကြည့် စားချင်သည့်ပင်လယ်စာတွေကို ရွာထဲမှာချက်ခိုင်းပြီး လာပို့ပေးဖို့ပြောခဲ့ကြသည်။
"မနက်ဖြန် ငှက်ကျွန်းဘက်သွားမယ်.....
Snorkelling သွားလုပ်ကြမယ်လေ...."
"ဘာနဲ့သွားမှာလဲ...."
"လှေနဲ့ပေါ့....
ရေငုပ်သမားတွေ life jacket တွေလည်းပါတော့ဘေးကင်းတယ်...."
"အရမ်းလှမှာပဲ...."
"ဒါပေါ့....
Foreigner တွေဆိုအရမ်းသဘောကျကြတာ...
ချစ်ရေကူးတတ်တယ်မလား..."
"ကူးတတ်တာပေါ့...
သင်တန်းတက်ပြီး သေချာကိုသင်ထားတာ...ဟဲဟဲ..."
မှာထားသည့် ပင်လယ်စာတွေစားပြီး ညဘက်ကမ်းခြေမှာ လမ်းလျှောက်ထွက်သည်။
မီးပုံပွဲဆီမှ ပျံ့လွင့်လာသော သီချင်းသံသဲ့သဲ့နှင့် လှိုင်းပုတ်သံတွေကိုနားဆင်ရင်း သလင်းမြူ ဝန်ခံဖွင့်ဟရန်အားယူနေသည်။
"ကို..."
"ဗျာ....."
"ချစ်ကိုချစ်တယ်မလားဟင်...."
"ချစ်တာပေါ့...."
"ချစ်ကစူးနေရောင်ထက်မဟုတ်ရင်ရောချစ်ဦးမှာလား...."
ကောင်းကင်တွေတွေလေးဖြစ်သွားကာ ချက်ချင်းပဲရယ်သည်။
"ဘယ်လိုကြီးပါလိမ့်.....
မေးခွန်းသတ်တယ်ကွာ...."
အဖြေမရှိဘူးလို့ ဆိုလိုချင်တာလားကို.....
"ချစ်ကစူးနေရောင်ထက်လေ....
ချစ်ကိုချစ်တာ စူးနေရောင်ထက်ကိုချစ်လို့ပေါ့...."
ချစ်လိုချင်တဲ့အဖြေဟာ ဒီလိုမျိုးမဟုတ်ဘူး....
"အေးလိုက်တာ....
Villa ကိုပြန်ကြရအောင်...."
"အင်း..."
ဒီနေ့အတွက်လုံလောက်ပြီမို့ ဒီလောက်နဲ့ပဲသူရပ်တန့်လိုက်မည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
စက်လှေအကြီးကြီးအပေါ်မှာ သူတို့နှစ်ယောက်အပြင် စက်လှေသမား ရေငုပ်သမားများနှင့် အခြား snorkelling လုပ်ဖို့ပါလာသူတွေလည်းများသည်။
Life jacket တွေဝတ်ပြီး သူတို့တွေရေထဲဆင်းကြကာ ရေအောက်ကိုစိတ်ဝင်တစားလိုက်ကြည့်သည်။
သဘာဝတရားကြီးဟာ တကယ်ကိုလှပသည်။
လူလစ်ရင်လစ်သလို ခိုးခိုးနမ်းသည့် ကောင်းကင်ကြောင့် ရင်ခုန်ခြင်းကလည်းအမြဲပါ...
နောက်ထပ် ဂေါ်ရန်ဂျီကျွန်းကိုလိုက်ပို့သေးသည်။
ရေကြည်ကြည်အောက်မှ ခရုခွံရောင်စုံလေးတွေကိုအရမ်းသဘောကျသည်။
ခြေမျက်စိလောက်ရေစပ်မှာ နှစ်ယောက်အတူယှဉ်ရပ်ပြီး ရေထဲမှ ခြေထောက်နှစ်စုံကိုလည်း အမှတ်တရဓာတ်ပုံရိုက်ထားလိုက်သည်။
ဒီနေ့လည်း လည်ရပတ်ရ စက်လှေစီးရတာကြောင့် လှိုင်းမူးပြီး သလင်းမြူ ပင်ပန်းကာ ကောင်းကင်ကို ဘာမှပင်မပြောနိုင်ခဲ့....
မြွေကျွန်းကိုဆိုင်ကယ်နှင့်သွားပြီး ကျောက်ကြားက မြွေတွေကိုကြည့်ရင်း အသည်းတယားယားဖြစ်ကာ ကောင်းကင်ရင်ခွင်ထဲတိုးဝင်မိသည်။
"He's my boyfriend!"
ဘေးက foreigner တွေကိုကြွားရင်း ဂုဏ်ဆာနေသည့်ကောင်းကင်....
ပင်လယ်ထဲမဆင်းရင် villa ရှေ့က private swimming pool မှာရေကူးသည်။
ဒါမှမဟုတ် အခန်းထဲကရေပူကန်မှာ ပန်းပွင့်တွေနှင့် အတူရေစိမ်သည်။
အဓိကအကြောင်းအရာကို နှုတ်ကပြောမထွက်လို့ အမျိုးမျိုး လှည့်ပတ်မေးပေမယ့် ကောင်းကင်ရဲ့အဖြေဟာလည်း မသေချာခဲ့....
မနက်ဖြန် သူတို့ပြန်ရတော့မယ်....
သလင်းမြူ စိတ်ဆုံးဖြတ်ကာ ရဲဆေးတင်သည့်အနေနှင့် bar မှာ wisky လေးနည်းနည်းပါသောက်ထားသေးသည်။
"ကို....
ချစ်ပြောတာကိုသေချာနားထောင်...."
"အင်း..."
"ချစ်ကိုတည့်တည့်ကြည့်...."
ကောင်းကင်ကသူနဲ့မျက်နှာချင်းဆိုင်ပြီး မျက်ဝန်းတွေကိုသေချာကြည့်လာသည်။
ကောင်းကင်ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ရင်း....
"တကယ်တော့....
ချစ်က.....
***"
ရွှီး!!!!!! ဖောင်း!!!!!!!
ကောင်းကင်ထက် လင်းထိန်သွားသည့် မီးပန်းရောင်စုံတွေကိုဆက်တိုက်စတင်ပစ်လွှတ်သည်။
"အဲ့တာကချစ်နာမည်ပါ...."
"ဟမ်...
ချစ်ဘာပြောလိုက်တာလဲ...."
ကောင်းကင်ဆူညံနေသည့် အသံတွေကြောင့် နှုတ်ခမ်းလှုပ်တာသာမြင်လိုက်ရပြီး အသံကိုမကြားလိုက်ရ.....
"ချစ်ကစူးနေနေရောင်ထက်မဟုတ်ဘူး....
ချစ်က..."
🎶📲 phone rings.......
သူ့စိတ်ထဲတစ်မျိုးကြီးဖြစ်နေတာကြောင့် bar မှထွက်ကာသူမသိသည့် ထိုဖုန်းနံပါတ်ရဲ့ခေါ်ဆိုမှုကိုကိုင်လိုက်သည်။
"Hello"
"ကိုကို....
ညီမလေးပါ"
"ခွန်းလေးလား..."
"ကိုကိုလူကြုံထည့်ပေးလိုက်တဲ့ keyboard ညီမလေးဆီရောက်ပြီလို့လှမ်းပြောတာ...
ကိုကိုပိုက်ဆံတွေအများကြီးကုန်သွားမှာပေါ့...
ခွန်းလေး keyboard နဲ့ကောင်းကောင်းလေ့ကျင့်ပါ့မယ်..."
"Keyboard?
ခွန်းလေးဘာတွေပြောနေတာလဲ...."
"ကိုကိုကလည်း ညီမလေးအတွက် ကိုကို့သူငယ်ချင်းတွေနဲ့လူကြုံထည့်ပေးလိုက်တဲ့ keyboard လေ...
အခုကိုကို့ကိုတောင် ကိုကို့သူငယ်ချင်းဖုန်းနဲ့ဆက်နေတာကို....."
"မေမေတို့ရောခွန်းလေး..."
"မေမေတို့က ပွဲရုံဖွင့်ဖို့ကိစ္စနဲ့အပြင်သွားတယ်...ပြန်မလာသေးဘူး..... "
"အိမ်မှာခွန်းလေးတစ်ယောက်တည်းလား.."
"အင်းလေ....
ခဏ...ကိုကို့သူငယ်ချင်းကသူပြောမယ်တဲ့..... "
"Hello....
သလင်းမြူ...."
တစ်ဖက်ကတစ်ခါမှမကြားဖူးသည့် သူစိမ်းတစ်ယောက်ရဲ့အသံ....
"မင်းဘယ်သူလဲ...."
"လက်ဆောင်ကို မင်းညီမလေးကအရမ်းသဘောကျနေတယ်....."
"မင်းဘယ်သူလဲလို့!"
သလင်းမြူ ထိတ်လန့်ခြင်းများစွာနှင့်အော်မိတော့ တစ်ဖက်က ရယ်သည်။
"မင်းသူငယ်ချင်းဆိုမှ ညီမလေးကအိမ်ထဲဝင်ခွင့်ပေးတာသိလား....ချစ်စရာလေး....
.........
စူးနေရောင်ထက်ကပြောလိုက်တယ် ပိပိရိရိလုပ်ပါတဲ့....."
သလင်းမြူရဲ့ခြေထောက်တွေခွေကျသွားခဲ့ပေမယ့် အောက်ကသဲမြေမို့မနာခဲ့ပါ....
"ငါ့ညီမကိုလက်ဖျားနဲ့တောင်မထိနဲ့!!"
"အဲ့တာတော့ မင်းအပေါ်မူတည်တယ်...
မင်းပါးစပ်ကိုသာဂရုစိုက်....
ညီမလေးနဲ့ပြောလိုက်ဦး...."
"Hello ကိုကို....
အိမ်ကိုဘယ်တော့ပြန်လာမှာလဲဟင်....
ညီမလေးအရမ်းလွမ်းနေပြီ...."
တသွင်သွင်စီးကျနေသည့် မျက်ရည်စက်တွေကြားမှ ရှိုက်သံမထွက်အောင် သူနှုတ်ခမ်းတွေကိုဖိကိုက်ထားသည်။
"ကိုကိုပြန်လာတော့မှာပါ...."
"တကယ်လား...."
"အင်း......
အိမ်ကိုပြန်လာခဲ့မယ်...."
"ညီမလေးမျှော်နေမယ်.....
အဲ့တာဆိုဒါပဲနော်ကိုကို....."
တီ........တီ..........
သဲပြင်ကိုလက်သီးနဲ့ထိုးရင်း ငိုနေသည့်သူ့ကို ဖြတ်သွားဖြတ်လာတွေကကွက်ကြည့်ကွက်ကြည့်...
နာကျင်ခြင်းကိုမျိုသိပ်ရင်း ခံပြင်းစိတ်တွေကိုချိုးနှိမ်ကာ သူစူးနေရောင်ထက်ကိုဖုန်းခေါ်လိုက်သည်။
"မင်းညီမလေးနဲ့ဖုန်းပြောပြီးပြီလား...."
"ငါတစ်ခွန်းမှမဟတော့ပါဘူး....
ကျေးဇူးပြုပြီး....
သူတို့တွေကိုပြန်ခိုင်းလိုက်ပါ.....
ငါ့ညီမလေးကို ဘာမှမလုပ်ပါနဲ့....
ငါတောင်းပန်ပါတယ်...... "
"စကားတည်ပါစေ.....
မတည်လို့ကတော့....
မင်းညီမရော မင်းပါဒုက္ခရောက်သွားမယ်...
မသိမှာစိုးလို့ပြောရဦးမယ်....
မင်းအနားမှာလည်း ငါလွှတ်ထားတဲ့လူတွေရှိတယ်.....ရုတ်ရုတ်ရုတ်ရုတ် လုပ်မယ်မကြံနဲ့....."
သလင်းမြူ မျက်ရည်တွေကိုသုတ်ပြီး bar ဆီပြန်လာခဲ့သည်။
"ချစ်ရာကြာလိုက်တာ..."
သလင်းမြူ ပတ်ပတ်လည်ကိုသတိထားကြည့်မှ သူ့ကိုစောင့်ကြည့်နေသည့် မျက်ဝန်းစိမ်းတွေကိုတွေ့ရသည်။
"ခုဏကချစ်ဘာကိုပြောချင်တာလဲ...
စူးနေရောင်ထက် မဟုတ်ဘူးဆိုတာလေ...."
"ချစ်ကစူးနေရောင်ထက်မဟုတ်ဘူး.....
ချစ်က.......
ကို့ရဲ့ချစ်သူလို့ ပြောချင်တာ...."
"အာ.....ဟားဟား......
ကိုယ်သိတာပေါ့.....
ဘာများလဲလို့...."
နှစ်ချိုက်စွာအိပ်ပျော်နေသည့် ချစ်သူရဲ့မျက်နှာကို ကြည့်ရင်း သလင်းမြူ မအိပ်နိုင်ဘဲ ငိုခဲ့သည်။
တောင်းပန်ပါတယ်....
ချစ်သတ္တိမရှိဘူး.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အပြန်လမ်းတစ်လျှောက်လုံး သီချင်းတစ်ပုဒ်တည်းကိုပဲ repeat လုပ်ပြီး နားဆင်ကာ သူ့ကိုပဲကြည့်နေခဲ့သည့် သူ့ရဲ့ချစ်သူလေး.....
"ကိုယ့်ကိုဘာလို့ဒီလောက်တောင်ကြည့်နေရတာလဲ...."
"ချောလို့...."
"ကျေနပ်တယ်ကွာ...."
သိမ်းထားချင်လို့.....
ကို့ရဲ့ပုံရိပ်တွေကို နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ အမြဲသိမ်းထားချင်လို့ပါ....
"ကို့ဖုန်းပေး...."
ကောင်းကင်ရဲ့ဖုန်းကိုယူကာ သလင်းမြူ သီချင်း MV တစ်ပုဒ်ကိုကူးပေးလိုက်သည်။
"ဒါဘာသီချင်းလဲ....
ကိုယ်နားမလည်ဘူး...."
"ထိုင်းသီချင်းလေ....
သီချင်းလေးရဲ့အဓိပ္ပါယ်က.....
ကျေးဇူးတင်ပါတယ်တဲ့ သူ့ရဲ့ချစ်သူလေးကို...
သူ့ကိုချစ်ပေးပြီး သူဘယ်လောက်ကံကောင်းလဲဆိုတာသိစေလို့တဲ့...."
"ဪ...
သီချင်းလေးကနားထောင်လို့တော့ကောင်းတယ်...."
"ချစ်ကိုလွမ်းရင်....
ဒီသီချင်းလေးကိုနားထောင်နော်...."
"ထူးထူးဆန်းဆန်းတွေပြောပြန်ပြီ....
ချစ်ကကိုယ်နဲ့မတွေ့တော့မှာကျနေတာပဲ...."
"တကယ်ပြောတာ....."
နောက်နေတာမျိုးမဟုတ်ဘဲ လေးနက်လွန်းသည့် သူ့ချစ်သူရဲ့ မျက်ဝန်းတွေက သူဘဲစိတ်ထင်လို့လားမသိ......နာကျင်ဝမ်းနည်းမှုတွေရှိနေသလိုပင်....
"အင်း..."
လေဆိပ်ကနေ အိမ်ပြန်ရောက်တော့ ပင်ပန်းမှုအရှိန်ကြောင့်ထင် ကောင်းကင်အိပ်ပျော်သွားခဲ့သည်။
"ငယ်.......
သေချာရဲ့လား....... "
"အင်း......
သားအိမ်ပြန်ချိန်တန်ပြီလေ....."
ပစ္စည်းတွေသိမ်းနေသည့် သူ့ကို ကိုကိုကလာထွေးပွေ့သည်။
"သားတကယ်အဆင်ပြေပါတယ်ကိုကိုရာ...."
"လူလိမ်လေး.....
ကိုယ့်ကိုလိမ်လို့ရမယ်ထင်လို့လား...."
"မလိမ်ပါဘူး...
အဆင်ပြေပါတယ် ဆိုမှ......."
စကားအဖျားသတ်လေးတွေမှာ တုန်ယင်သွားသည့် ငယ့်အသံ.......
"အခုဘယ်ကိုသွားမှာလဲ...."
"ကားဂိတ်...."
"ကိုကိုလိုက်ပို့မယ်......
ခဏစောင့်...."
ဘုန်းရှိန်ဝါထက် အန်တီမြတို့ ဦးထွန်းတို့ မိငယ်တို့ကို တစ်ယောက်တစ်မျိုးစီခိုင်းပြီး အိမ်မှ ပထုတ်လိုက်သည်။
"သား.....
သူ့ကိုသွားနှုတ်ဆက်ချင်သေးတယ်...."
တစ်ဖက်အိမ်ကအခန်းတစ်ခုထဲကို ဝင်သွားလိုက်တော့လေဆိပ်မှာ သူတိုက်လိုက်သည့် coffe သောက်ကာ အိပ်ပျော်နေသည့် ကောင်းကင်.....
"ကို......
ချစ်သွားရတော့မယ်.......
စူးနေရောင်ထက်နဲ့ပျော်ရွှင်ပါစေ......
နှုတ်ဆက်ခဲ့ပါတယ်....."
ကောင်းကင်ရဲ့ ပါးပြင်ထက်အနမ်းတစ်ပွင့်နှင့် မျက်ရည်တစ်စက်......
ထွက်ခွာသွားပြီး တဖြည်းဖြည်းဝေးသွားသော ခြေသံလေး.....
အခန်းထဲကနေပြယ်လွင့်သွားသော နှင်းဆီဖြူရဲ့ရနံ့သင်းသင်း.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
နေရောင်ထွက်ပေါ်လာရင်
မြူဆိုတာ
ပျောက်ကွယ်သွားရမှာ
သဘာဝပဲလေ
သလင်းမြူ
**********************************
Zawgyi
ေလယာဥ္တစ္ဆင့္ ကားတစ္ဆင့္ႏွင့္ ခရီးႏွင္ရေပမယ့္ သလင္းျမဴ ပင္ပန္းသလိုမခံစားမိ....
တစ္လမ္းလုံးေကာင္းကင္ကိုမွီျပီး စကားေတြေျပာတယ္ သီခ်င္းနားေထာင္တယ္ ....
သူတို႔ႏွစ္ေယာက္စလုံး ျပဳံးရယ္ေနခဲ့ၾကတာပါ...
သူ႔ကိုစိတ္ပူၿပီး ခဏခဏဖုန္းဆက္တဲ့ကိုကိုကလည္း သူတစ္ခါမွမအန္ဘူးဆိုလို႔ အံ့ဩေနသည္။
""Aureum Palace Ngwe Saung Hotel""
ေကာင္းကင္ booking လုပ္ထားသည့္ Executive Villa သို႔ hotel ဝန္ထမ္းေလးေတြကလိုက္ပို႔ရာ သူကေတာ့ ေကာင္းကင္ရဲ႕လက္ကိုတြဲၿပီး ပတ္ဝန္းက်င္ကိုေငးေမာေနခဲ့သည္။
ပင္လယ္ကမ္းေျခကိုေရာက္ဖူးတာသူ႔အတြက္ ဒါပထမဆုံးပဲေလ...
"လွလိုက္တာ...."
သီးသန္႔ေရကူးကန္ႏွင့္ ပင္လယ္ႀကီးကိုျမင္ေနရသည့္ Villa ေလးေတြထဲကတစ္ခု....
"သေဘာက်လား..."
"အင္း....
ဟို ရြက္ေလွႀကီးေပၚတက္လို႔ရလား..."
"ရတာေပါ့...
ညက်ရင္ အဲ့အေပၚမွာ ညစာစားၾကမယ္ေလ..."
"မိုက္တယ္... "
သူ႔ပုခုံးေတြကိုဖက္ထားရင္း ေကာင္းကင္လည္း ပင္လယ္ျပင္ႀကီးကိုေငးၾကည့္ေနသည္။
"အျပင္ေလ်ွာက္လည္မလား..."
သလင္းျမဴ ေခါင္းေလးတဆတ္ဆတ္ညိတ္ျပေတာ့ ေကာင္းကင္ကရယ္သည္။
"ေရအရင္ခ်ိဳးဦးမယ္...."
"ဟုတ္ၿပီဗ်ာ..."
T shirt နဲ႔ ေဘာင္းဘီ႐ွည္ကိုဝတ္ဆင္ၿပီး အျပင္မွာေနပူ႐ွိန္ျပင္းေသာေၾကာင့္ အေပၚကေန Shirt လက္႐ွည္တစ္ထည္ကို ထပ္ဝတ္ကာ သူတို႔ထြက္လာခဲ့သည္။
ခ်စ္သူမ်ားကြၽန္းကိုလမ္းေလ်ွာက္သြားရင္း ပင္လယ္ကေနလာသည့္ ေလကို႐ွဴ႐ိုက္ကာ ပါးျပင္ႏွင့္ ဆံႏြယ္ေတြထက္မၾကာခဏေရာက္လာေသာ ေကာင္းကင္ရဲ့အနမ္းေတြကို အရမ္းႀကိဳက္သည္။
အုန္းစိမ္းရည္ေလးကိုေသာက္ရင္း ပင္လယ္ႀကီးကိုအတူၾကည့္သည္။
ေက်ာက္ေဆာင္ေတြေပၚေလ်ွာက္သြားကာ ေကာင္းကင္ရဲ႕ေက်ာျပင္ကိုလည္း သူဓာတ္ပုံေတြ႐ိုက္မိသည္။
ညေနေနေစာင္းမွ သူတို႔ႏွစ္ေယာက္ေရထဲဆင္းၾကသည္။
သူတို႔ႏွင့္မလွမ္းမကမ္းမွ ေရေဆာ့ေနၾကေသာ စကီေလးတစ္သိုက္ဆီအၾကည့္ေရာက္သြားေတာ့ အလန္းေလးေတြက သူ႔ကိုလက္ျပကာ မ်က္စိေတာင္မွိတ္ျပေသးသည္။
သလင္းျမဴလည္း လက္ျပန္ျပရင္း အၾကည့္မလႊဲမိ....
ေကာင္းကင္ နံေဘးမွ ရည္းစားျဖစ္သူေလးကို ကိုင္ေဆာင့္ခ်င္စိတ္ေတြတဖြားဖြားျဖစ္ေပၚလာသည္။
သူတစ္ေယာက္လုံးအနားထားၿပီး မ်က္လုံးကတျခားဆီမွာ....
က်န္တာေတြအလိုလိုက္ေပမယ့္ ဒါမ်ိဳးေတာ့မရ....
"ဘာ...ဘာလုပ္တာလဲ..."
ဂ်စ္တစ္တစ္အျပဳံးကိုဆင္ျမန္းလ်ွက္ သူ႔ကိုဆြဲေပြ႔သည့္ ေကာင္းကင္...
ႏႈတ္ခမ္းေတြကိုမလႊတ္တမ္းနမ္းလာေတာ့ သလင္းျမဴ မ်က္ဝန္းေတြျပဴးက်ယ္သြားကာ ႐ုန္းကန္သည္။
ေကာင္းကင္ကခ်ဳပ္ သလင္းျမဴက႐ုန္းႏွင့္ ႏွစ္ေယာက္သားအ႐ွိန္လြန္ကာ ေရထဲလဲက်ၿပီး လုံးေထြးေနသည္။
ကမ္းစပ္ျဖစ္တာမို႔ သူတို႔ႏွစ္ေယာက္ကို ေရကစားသူေတြကလည္းၾကည့္ေနၾကသည္။
ႏႈတ္ခမ္းေတြကိုစုပ္နမ္းရင္း ဖိႀကိတ္ေနသည့္ေကာင္းကင္....
တက္လာေသာ လိႈင္းလုံးတစ္ခုက ႏွစ္ေယာက္လုံးကို႐ိုက္ခတ္မွ ေကာင္းကင္ထံမွ သူ႔ႏႈတ္ခမ္းေတြလြတ္ေျမာက္သြားသည္။
သလင္းျမဴ အံကိုႀကိတ္ရင္း နာေနသည့္ ႏႈတ္ခမ္းေတြေၾကာင့္ ေကာင္းကင္ရင္ဘက္ကို စိတ္ဆိုးဆိုးႏွင့္ ေဆာင့္တြန္းျပစ္ကာ ထိုေနရာမွ အျမန္ထြက္လာခဲ့သည္။
စိတ္ဆိုးသြားၿပီျဖစ္သည့္ ခ်စ္သူေလးေနာက္ကို ေကာင္းကင္ စပ္ျဖီးျဖီးႏွင္႔ အျမန္လိုက္သြားရသည္။
ေရခ်ိဳး အဝတ္လဲၿပီး ထြက္လာသည့္ သလင္းျမဴကို ေကာင္းကင္အေနာက္ကေနသိုင္းဖက္ေလသည္။
"လႊတ္..."
"ကိုယ္အရမ္းသဝန္တိုေနလို႔ပါကြာ....
ကိုယ့္ကိုစိတ္မေကာက္ပါနဲ႔...."
"လႊတ္ပါဆို..."
"ခ်စ္ကလည္း...."
"နမ္းရင္လည္းပုံမွန္ေလးနမ္းေလ!
အခုေတာ့....ၾကည့္ဦး!!"
သူ႔ဘက္လွည့္လာၿပီး ႏႈတ္ခမ္းဖူးေလးကိုလက္ညိဳးထိုးျပကာ အသံကုန္ေအာ္သည့္ သူ႔ရည္းစား...
"ေရာင္ေနၿပီ!
ေတြ႔လား...!
အရမ္းနာတယ္......အစာမစားႏိုင္ရင္ဘယ္လိုလုပ္မလဲ!"
"ခ်စ္စိတ္ႀကိဳက္ ကိုယ့္ကိုျပန္နမ္းကြာ....ေနာ္..."
"နစ္နာေနဦးမယ္...."
မ်က္ေစာင္းလွလွေလးထိုးသည့္ အသည္းေလးကိုထပ္နမ္းခ်င္ေပမယ့္ အေျခအေနမေကာင္းလို႔ ၿငိမ္ေနလိုက္ရသည္။
"ခ်စ္ကဟိုေကာင္မေလးေတြကိုဘာလို႔အဲ့ေလာက္ေတာင္ၾကည့္ေနရတာလဲ...."
"လန္းလို႔ေလ.....bikini ေရာင္စုံေလးေတြနဲ႔..."
ေကာင္းကင္ရဲ႕မ်က္ခုံးေတြတြန္႔ခ်ိဳးလာသည္။
"လန္းတယ္?"
"အင္း..."
"Bikini ေလးေတြကိုႀကိဳက္တယ္ေပါ့..."
"ႀကိဳက္တာေပါ့..... "
"တကယ္ပဲ...."
"အား...."
သလင္းျမဴကို ကုတင္ေပၚေပြ႔တင္ၿပီး ေကာင္းကင္ကအက်ႌေတြကိုခြၽတ္ပစ္ေလသည္။
"ကို.......ဘာလုပ္မလို႔လဲ.... "
"ကိုယ္ကေရာ.......မလန္းဘူးလား..."
Pack ေတြႏွင့္ အမိုက္စား body structure ကိုျပေနသည့္ ေကာင္းကင္ေၾကာင့္ သလင္းျမဴ လိႈက္တက္လာသည့္ ရယ္ခ်င္စိတ္ကို ျပန္မ်ိဳခ်လိုက္သည္။
"မဆိုးပါဘူး......"
"ဟိုေကာင္မေလးေတြနဲ႔ကိုယ္ဘယ္သူပိုလန္းလဲ..."
"ေသခ်ာေပါက္....
ဟိုေကာင္မေလးေတြေပါ့....
ကိုကအထူးအဆန္းမွမဟုတ္တာ...
အကုန္ခ်စ္နဲ႔အတူတူပဲ size ပဲကြာတာ...."
ေကာင္းကင္ရဲ႕ မ်က္ဝန္းေတြမိႈင္းသြားသည္။
ကုတင္စြန္းမွာ ၿငိမ္သက္စြာထိုင္ေနသည့္ ေကာင္းကင္အနားကို သူတိုးကပ္သြားလိုက္သည္။
"ဘာမွထပ္မေျပာေတာ့ဘူးလား...."
"ခ်စ္ေျပာတာမွန္တာပဲေလ...."
ေကာင္းကင္ဝမ္းနည္းသြားတာပဲ....
"အ႐ူးႀကီး....
အဲ့ေကာင္မေလးေတြဘယ္ေလာက္လန္းလန္း ခ်စ္စိတ္ဝင္စားတာ ဒီကအ႐ူးႀကီးတစ္ေယာက္ပဲ႐ွိတာကို မသိဘူးလား..."
"ကိုယ္နားလည္ပါတယ္....
ခ်စ္လည္း ေယာက္်ားပဲေလ...."
"ကိုရာ.....
ခ်စ္ကကို႔ကိုစခ်င္လို႔ေျပာလိုက္တာကို...."
"ကိုယ္ကလည္း စေနတာေလ.."
ခ်က္ခ်င္းေျပာင္းသြားသည့္ ေကာင္းကင္ရဲ႕မ်က္ႏွာေျပာင္စပ္စပ္....
"အဲ့လိုစစရာလား!!"
"ခ်စ္လည္းကိုယ့္ကိုစေသးတာပဲ...."
စိတ္မကြက္ရက္ပါဘူး....
အရမ္းကိုခ်စ္တာမို႔.........
VIP အတြက္သီးသန္႔ ရြက္ေလွေပၚမွာ Romantic ဆန္ဆန္ ညစာအတူစားရတာကလဲ အရမ္းၾကည္ႏူးဖို႔ေကာင္းပါသည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ေနာက္တစ္ေန႔ မနက္ေစာေစာ ဆိုင္ကယ္ငွါးၿပီး ဆင္စခန္းကိုသြားၾကသည္။
ဆင္ေတြကိုအစာေကြၽးၿပီး ဆင္စီးကာ ေန႔လည္ပိုင္းေလာက္မွသူတို႔ျပန္ခဲ့သည္။
ေန႔လည္စာစားၿပီး အနီးအနားရြာေလးထဲကိုေလ်ွာက္ၾကည့္ စားခ်င္သည့္ပင္လယ္စာေတြကို ရြာထဲမွာခ်က္ခိုင္းျပီး လာပို႔ေပးဖို႔ေျပာခဲ့ၾကသည္။
"မနက္ျဖန္ ငွက္ကြၽန္းဘက္သြားမယ္.....
Snorkelling သြားလုပ္ၾကမယ္ေလ...."
"ဘာနဲ႔သြားမွာလဲ...."
"ေလွနဲ႔ေပါ့....
ေရငုပ္သမားေတြ life jacket ေတြလည္းပါေတာ့ေဘးကင္းတယ္...."
"အရမ္းလွမွာပဲ...."
"ဒါေပါ့....
Foreigner ေတြဆိုအရမ္းသေဘာက်ၾကတာ...
ခ်စ္ေရကူးတတ္တယ္မလား..."
"ကူးတတ္တာေပါ့...
သင္တန္းတက္ၿပီး ေသခ်ာကိုသင္ထားတာ...ဟဲဟဲ..."
မွာထားသည့္ ပင္လယ္စာေတြစားၿပီး ညဘက္ကမ္းေျခမွာ လမ္းေလ်ွာက္ထြက္သည္။
မီးပုံပြဲဆီမွ ပ်ံ့လြင့္လာေသာ သီခ်င္းသံသဲ့သဲ့ႏွင့္ လိႈင္းပုတ္သံေတြကိုနားဆင္ရင္း သလင္းျမဴ ဝန္ခံဖြင့္ဟရန္အားယူေနသည္။
"ကို..."
"ဗ်ာ....."
"ခ်စ္ကိုခ်စ္တယ္မလားဟင္...."
"ခ်စ္တာေပါ့...."
"ခ်စ္ကစူးေနေရာင္ထက္မဟုတ္ရင္ေရာခ်စ္ဦးမွာလား...."
ေကာင္းကင္ေတြေတြေလးျဖစ္သြားကာ ခ်က္ခ်င္းပဲရယ္သည္။
"ဘယ္လိုႀကီးပါလိမ့္.....
ေမးခြန္းသတ္တယ္ကြာ...."
အေျဖမ႐ွိဘူးလို႔ ဆိုလိုခ်င္တာလားကို.....
"ခ်စ္ကစူးေနေရာင္ထက္ေလ....
ခ်စ္ကိုခ်စ္တာ စူးေနေရာင္ထက္ကိုခ်စ္လို႔ေပါ့...."
ခ်စ္လိုခ်င္တဲ့အေျဖဟာ ဒီလိုမ်ိဳးမဟုတ္ဘူး....
"ေအးလိုက္တာ....
Villa ကိုျပန္ၾကရေအာင္...."
"အင္း..."
ဒီေန႔အတြက္လုံေလာက္ၿပီမို႔ ဒီေလာက္နဲ႔ပဲသူရပ္တန္႔လိုက္မည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
စက္ေလွအႀကီးႀကီးအေပၚမွာ သူတို့နွစ္ေယာက္အျပင္ စက္ေလွသမား ေရငုပ္သမားမ်ားနွင့္ အျခား snorkelling လုပ္ဖို႔ပါလာသူေတြလည္းမ်ားသည္။
Life jacket ေတြဝတ္ၿပီး သူတို့ေတြေရထဲဆင္းၾကကာ ေရေအာက္ကိုစိတ္ဝင္တစားလိုက္ၾကည့္သည္။
သဘာဝတရားႀကီးဟာ တကယ္ကိုလွပသည္။
လူလစ္ရင္လစ္သလို ခိုးခိုးနမ္းသည့္ ေကာင္းကင္ေၾကာင့္ ရင္ခုႏ္ျခင္းကလည္းအျမဲပါ...
ေနာက္ထပ္ ေဂၚရင္ဂ်ီကြၽန္းကိုလိုက္ပို႔ေသးသည္။
ေရၾကည္ၾကည္ေအာက္မွ ခ႐ုခြံေရာင္စုံေလးေတြကိုအရမ္းသေဘာက်သည္။
ေျခမ်က္စိေလာက္ေရစပ္မွာ ႏွစ္ေယာက္အတူယွဥ္ရပ္ၿပီး ေရထဲမွ ေျခေထာက္ႏွစ္စုံကိုလည္း အမွတ္တရဓာတ္ပုံ႐ိုက္ထားလိုက္သည္။
ဒီေန႔လည္း လည္ရပတ္ရ စက္ေလွစီးရတာေၾကာင့္ လိႈင္းမူးၿပီး သလင္းျမဴ ပင္ပန္းကာ ေကာင္းကင္ကို ဘာမွပင္မေျပာႏိုင္ခဲ့....
ေႁမြကြၽန္းကိုဆိုင္ကယ္ႏွင့္သြားၿပီး ေက်ာက္ၾကားက ေႁမြေတြကိုၾကည့္ရင္း အသည္းတယားယားျဖစ္ကာ ေကာင္းကင္ရင္ခြင္ထဲတိုးဝင္မိသည္။
"He's my boyfriend!"
ေဘးက foreigner ေတြကိုႂကြားရင္း ဂုဏ္ဆာေနသည့္ေကာင္းကင္....
ပင္လယ္ထဲမဆင္းရင္ villa ေ႐ွ႕က private swimming pool မွာေရကူးသည္။
ဒါမွမဟုတ္ အခန္းထဲကေရပူကန္မွာ ပန္းပြင့္ေတြႏွင့္ အတူေရစိမ္သည္။
အဓိကအေၾကာင္းအရာကို ႏႈတ္ကေျပာမထြက္လို႔ အမ်ိဳးမ်ိဳး လွည့္ပတ္ေမးေပမယ့္ ေကာင္းကင္ရဲ႕အေျဖဟာလည္း မေသခ်ာခဲ့....
မနက္ျဖန္ သူတို႔ျပန္ရေတာ့မယ္....
သလင္းျမဴ စိတ္ဆုံးျဖတ္ကာ ရဲေဆးတင္သည့္အေနႏွင့္ bar မွာ wisky ေလးနည္းနည္းပါေသာက္ထားေသးသည္။
"ကို....
ခ်စ္ေျပာတာကိုေသခ်ာနားေထာင္...."
"အင္း..."
"ခ်စ္ကိုတည့္တည့္ၾကည့္...."
ေကာင္းကင္ကသူနဲ႔မ်က္ႏွာခ်င္းဆိုင္ၿပီး မ်က္ဝန္းေတြကိုေသခ်ာၾကည့္လာသည္။
ေကာင္းကင္ရဲ႕လက္ႏွစ္ဖက္ကိုဆုပ္ကိုင္လိုက္ရင္း....
"တကယ္ေတာ့....
ခ်စ္က.....
***"
ရႊီး!!!!!! ေဖာင္း!!!!!!!
ေကာင္းကင္ထက္ လင္းထိန္သြားသည့္ မီးပန္းေရာင္စုံေတြကိုဆက္တိုက္စတင္ပစ္လႊတ္သည္။
"အဲ့တာကခ်စ္နာမည္ပါ...."
"ဟမ္...
ခ်စ္ဘာေျပာလိုက္တာလဲ...."
ေကာင္းကင္ဆူညံေနသည့္ အသံေတြေၾကာင့္ ႏႈတ္ခမ္းလႈပ္တာသာျမင္လိုက္ရၿပီး အသံကိုမၾကားလိုက္ရ.....
"ခ်စ္ကစူးေနေနေရာင္ထက္မဟုတ္ဘူး....
ခ်စ္က..."
🎶📲 phone rings.......
သူ႔စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္ေနတာေၾကာင့္ bar မွထြက္ကာသူမသိသည့္ ထိုဖုန္းနံပါတ္ရဲ႕ေခၚဆိုမႈကိုကိုင္လိုက္သည္။
"Hello"
"ကိုကို....
ညီမေလးပါ"
"ခြန္းေလးလား..."
"ကိုကိုလူၾကဳံထည့္ေပးလိုက္တဲ့ keyboard ညီမေလးဆီေရာက္ၿပီလို႔လွမ္းေျပာတာ...
ကိုကိုပိုက္ဆံေတြအမ်ားႀကီးကုန္သြားမွာေပါ့...
ခြန္းေလး keyboard နဲ႔ေကာင္းေကာင္းေလ့က်င့္ပါ့မယ္..."
"Keyboard?
ခြန္းေလးဘာေတြေျပာေနတာလဲ...."
"ကိုကိုကလည္း ညီမေလးအတြက္ ကိုကို႔သူငယ္ခ်င္းေတြနဲ႔လူၾကဳံထည့္ေပးလိုက္တဲ့ keyboard ေလ...
အခုကိုကို႔ကိုေတာင္ ကိုကို႔သူငယ္ခ်င္းဖုန္းနဲ႔ဆက္ေနတာကို....."
"ေေမေမတို႔ေရာခြန္းေလး..."
"ေမေမတို႔က ပြဲ႐ုံဖြင့္ဖို႔ကိစၥနဲ႔အျပင္သြားတယ္...ျပန္မလာေသးဘူး..... "
"အိမ္မွာခြန္းေလးတစ္ေယာက္တည္းလား.."
"အင္းေလ....
ခဏ...ကိုကို႔သူငယ္ခ်င္းကသူေျပာမယ္တဲ့..... "
"Hello....
သလင္းျမဴ...."
တစ္ဖက္ကတစ္ခါမွမၾကားဖူးသည့္ သူစိမ္းတစ္ေယာက္ရဲ႕အသံ....
"မင္းဘယ္သူလဲ...."
"လက္ေဆာင္ကို မင္းညီမေလးကအရမ္းသေဘာက်ေနတယ္....."
"မင္းဘယ္သူလဲလို႔!"
သလင္းျမဴ ထိတ္လန္႔ျခင္းမ်ားစြာႏွင့္ေအာ္မိေတာ့ တစ္ဖက္က ရယ္သည္။
"မင္းသူငယ္ခ်င္းဆိုမွ ညီမေလးကအိမ္ထဲဝင္ခြင့္ေပးတာသိလား....ခ်စ္စရာေလး....
.........
စူးေနေရာင္ထက္ကေျပာလိုက္တယ္ ပိပိရိရိလုပ္ပါတဲ့....."
သလင္းျမဴရဲ႕ေျခေထာက္ေတြေခြက်သြားခဲ့ေပမယ့္ ေအာက္ကသဲေျမမို႔မနာခဲ့ပါ....
"ငါ့ညီမကိုလက္ဖ်ားနဲ႔ေတာင္မထိနဲ႔!!"
"အဲ့တာေတာ့ မင္းအေပၚမူတည္တယ္...
မင္းပါးစပ္ကိုသာဂ႐ုစိုက္....
ညီမေလးနဲ႔ေျပာလိုက္ဦး...."
"Hello ကိုကို....
အိမ္ကိုဘယ္ေတာ့ျပန္လာမွာလဲဟင္....
ညီမေလးအရမ္းလြမ္းေနၿပီ...."
တသြင္သြင္စီးက်ေနသည့္ မ်က္ရည္စက္ေတြၾကားမွ ႐ွိဳက္သံမထြက္ေအာင္ သူႏႈတ္ခမ္းေတြကိုဖိကိုက္ထားသည္။
"ကိုကိုျပန္လာေတာ့မွာပါ...."
"တကယ္လား...."
"အင္း......
အိမ္ကိုျပန္လာခဲ့မယ္...."
"ညီမေလးေမ်ွာ္ေနမယ္.....
အဲ့တာဆိုဒါပဲေနာ္ကိုကို....."
တီ........တီ..........
သဲျပင္ကိုလက္သီးနဲ႔ထိုးရင္း ငိုေနသည့္သူ႔ကို ျဖတ္သြားျဖတ္လာေတြကကြက္ၾကည့္ကြက္ၾကည့္...
နာက်င္ျခင္းကိုမ်ိဳသိပ္ရင္း ခံျပင္းစိတ္ေတြကိုခ်ိဳးႏွိမ္ကာ သူစူးေနေရာင္ထက္ကိုဖုန္းေခၚလိုက္သည္။
"မင္းညီမေလးနဲ႔ဖုန္းေျပာၿပီးၿပီလား...."
"ငါတစ္ခြန္းမွမဟေတာ့ပါဘူး....
ေက်းဇူးျပဳၿပီး....
သူတို႔ေတြကိုျပန္ခိုင္းလိုက္ပါ.....
ငါ့ညီမေလးကို ဘာမွမလုပ္ပါနဲ႔....
ငါေတာင္းပန္ပါတယ္...... "
"စကားတည္ပါေစ.....
မတည္လို႔ကေတာ့....
မင္းညီမေရာ မင္းပါဒုကၡေရာက္သြားမယ္...
မသိမွာစိုးလို႔ေျပာရဦးမယ္....
မင္းအနားမွာလည္း ငါလႊတ္ထားတဲ့လူေတြ႐ွိတယ္.....႐ုတ္႐ုတ္႐ုတ္႐ုတ္ လုပ္မယ္မၾကံနဲ႔....."
သလင္းျမဴ မ်က္ရည္ေတြကိုသုတ္ၿပီး bar ဆီျပန္လာခဲ့သည္။
"ခ်စ္ရာၾကာလိုက္တာ..."
သလင္းျမဴ ပတ္ပတ္လည္ကိုသတိထားၾကည့္မွ သူ႔ကိုေစာင့္ၾကည့္ေနသည့္ မ်က္ဝန္းစိမ္းေတြကိုေတြ႔ရသည္။
"ခုဏကခ်စ္ဘာကိုေျပာခ်င္တာလဲ...
စူးေနေရာင္ထက္ မဟုတ္ဘူးဆိုတာေလ...."
"ခ်စ္ကစူးေနေရာင္ထက္မဟုတ္ဘူး.....
ခ်စ္က.......
ကို႔ရဲ႕ခ်စ္သူလို႔ ေျပာခ်င္တာ...."
"အာ.....ဟားဟား......
ကိုယ္သိတာေပါ့.....
ဘာမ်ားလဲလို႔...."
ႏွစ္ခ်ိဳက္စြာအိပ္ေပ်ာ္ေနသည့္ ခ်စ္သူရဲ႕မ်က္ႏွာကို ၾကည့္ရင္း သလင္းျမဴ မအိပ္ႏိုင္ဘဲ ငိုခဲ့သည္။
ေတာင္းပန္ပါတယ္....
ခ်စ္သတိၱမ႐ွိဘူး......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အျပန္လမ္းတစ္ေလ်ွာက္လုံး သီခ်င္းတစ္ပုဒ္တည္းကိုပဲ repeat လုပ္ၿပီး နားဆင္ကာ သူ႔ကိုပဲၾကည့္ေနခဲ့သည့္ သူ႔ရဲ႕ခ်စ္သူေလး.....
"ကိုယ့္ကိုဘာလို႔ဒီေလာက္ေတာင္ၾကည့္ေနရတာလဲ...."
"ေခ်ာလို႔...."
"ေက်နပ္တယ္ကြာ...."
သိမ္းထားခ်င္လို႔.....
ကို႔ရဲ႕ပုံရိပ္ေတြကို ႏွလုံးသားရဲ႕အနက္ရွိဳင္းဆုံးတစ္ေနရာမွာ အျမဲသိမ္းထားခ်င္လို႔ပါ....
"ကို႔ဖုန္းေပး...."
ေကာင္းကင္ရဲ႕ဖုန္းကိုယူကာ သလင္းျမဴ သီခ်င္း MV တစ္ပုဒ္ကိုကူးေပးလိုက္သည္။
"ဒါဘာသီခ်င္းလဲ....
ကိုယ္နားမလည္ဘူး...."
"ထိုင္းသီခ်င္းေလ....
သီခ်င္းေလးရဲ႕အဓိပၸါယ္က.....
ေက်းဇူးတင္ပါတယ္တဲ့ သူ႔ရဲ႕ခ်စ္သူေလးကို...
သူ႔ကိုခ်စ္ေပးၿပီး သူဘယ္ေလာက္ကံေကာင္းလဲဆိုတာသိေစလို႔တဲ့...."
"ေဩာ္....
သီခ်င္းေလးကနားေထာင္လို႔ေတာ့ေကာင္းတယ္...."
"ခ်စ္ကိုလြမ္းရင္....
ဒီသီခ်င္းေလးကိုနားေထာင္ေနာ္...."
"ထူးထူးဆန္းဆန္းေတြေျပာျပန္ၿပီ....
ခ်စ္ကကိုယ္နဲ႔မေတြ႔ေတာ့မွာက်ေနတာပဲ...."
"တကယ္ေျပာတာ....."
ေနာက္ေနတာမ်ိဳးမဟုတ္ဘဲ ေလးနက္လြန္းသည့္ သူ႔ခ်စ္သူရဲ႕ မ်က္ဝန္းေတြက သူဘဲစိတ္ထင္လို႔လားမသိ......နာက်င္ဝမ္းနည္းမႈေတြ႐ွိေနသလိုပင္....
"အင္း..."
ေလဆိပ္ကေန အိမ္ျပန္ေရာက္ေတာ့ ပင္ပန္းမႈအ႐ွိန္ေၾကာင့္ထင္ ေကာင္းကင္အိပ္ေပ်ာ္သြားခဲ့သည္။
"ငယ္.......
ေသခ်ာရဲ႕လား....... "
"အင္း......
သားအိမ္ျပန္ခ်ိန္တန္ၿပီေလ....."
ပစၥည္းေတြသိမ္းေနသည့္ သူ႔ကို ကိုကိုကလာေထြးေပြ႔သည္။
"သားတကယ္အဆင္ေျပပါတယ္ကိုကိုရာ...."
"လူလိမ္ေလး.....
ကိုယ့္ကိုလိမ္လို႔ရမယ္ထင္လို႔လား...."
"မလိမ္ပါဘူး...
အဆင္ေျပပါတယ္ ဆိုမွ......."
စကားအဖ်ားသတ္ေလးေတြမွာ တုန္ယင္သြားသည့္ ငယ့္အသံ.......
"အခုဘယ္ကိုသြားမွာလဲ...."
"ကားဂိတ္...."
"ကိုကိုလိုက္ပို႔မယ္......
ခဏေစာင့္...."
ဘုန္း႐ွိန္ဝါထက္ အန္တီျမတို႔ ဦးထြန္းတို႔ မိငယ္တို႔ကို တစ္ေယာက္တစ္မ်ိဳးစီခိုင္းၿပီး အိမ္မွ ပထုတ္လိုက္သည္။
"သား.....
သူ႔ကိုသြားႏႈတ္ဆက္ခ်င္ေသးတယ္...."
တစ္ဖက္အိမ္ကအခန္းတစ္ခုထဲကို ဝင္သြားလိုက္ေတာ့ေလဆိပ္မွာ သူတိုက္လိုက္သည့္ coffe ေသာက္ကာ အိပ္ေပ်ာ္ေနသည့္ ေကာင္းကင္.....
"ကို......
ခ်စ္သြားရေတာ့မယ္.......
စူးေနေရာင္ထက္နဲ႔ေပ်ာ္ရႊင္ပါေစ......
ႏႈတ္ဆက္ခဲ့ပါတယ္....."
ေကာင္းကင္ရဲ့ ပါးျပင္ထက္အနမ္းတစ္ပြင့္ႏွင့္ မ်က္ရည္တစ္စက္......
ထြက္ခြာသြားၿပီး တျဖည္းျဖည္းေဝးသြားေသာ ေျခသံေလး.....
အခန္းထဲကေနျပယ္လြင့္သြားေသာ ႏွင္းဆီျဖဴရဲ႕ရနံ႔သင္းသင္း.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ေနေရာင္ထြက္ေပၚလာရင္
ျမဴဆိုတာ
ေပ်ာက္ကြယ္သြားရမွာ
သဘာဝပဲေလ
သလင္းျမဴ
Bạn đang đọc truyện trên: Truyen247.Pro