Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-48 ( main mission )

Unicode

"အန်တီကောင်းကင်ရော..."
"မင်းသူငယ်ချင်းအခုထိမနိုးသေးဘူး...
သွားသာနှိုးလိုက်တော့..."

သူ့ကိုပြောပြီးတာနဲ့ ကောင်းကင်ရဲ့အမေဟာ ခပ်သုတ်သုတ်ထွက်သွားသည်။

ကောင်းကင်ရဲ့အဖေလည်းအလုပ်သွားပြီထင်...

အိမ်အကူတွေမှအပ ကောင်းကင်တစ်ယောက်တည်းနေ့တိုင်းဒီအိမ်ကြီးထဲမှာ ဘယ်လောက်အထီးကျန်နေခဲ့မလဲ....

မနေ့ကသူပိတ်ထားခဲ့သည့် ပြတင်းပေါက် လိုက်ကာတွေကအခုအချိန်ထိ မဖွင့်ရသေးဘဲ ကုတင်ထက်မှကောင်းကင်ကလည်း ငြိမ်နေဆဲ....

"ကို်....."

သူ့ခေါ်သံကြားသည်နှင့် ကောင်းကင်ချက်ချင်းမျက်လုံးဖွင့်လာကာ သူ့ကိုဆွဲဖက်သည်။

"တော်သေးတယ်.....
အိမ်မက်ဖြစ်နေလို့........ "
"နေမကောင်းဘူးလား.....
ကိုယ်တွေနည်းနည်းနွေးနေသလိုပဲ......"

သူ့ကိုဖက်ထားတဲ့ကောင်းကင်ရဲ့အပူချိန်ဟာ သာမန်ထက်ပိုနေသလိုပင်...

"ဟုတ်လား...."

ညတုန်းက ကောင်းကင်အရမ်းငိုခဲ့မှန်း စိုနေဆဲခေါင်းအုံးနှင့် မျက်ဝန်းတွေကသက်သေ....

"ဒီနေ့ကျောင်းမသွားဘဲ အိမ်မှာပဲနားလိုက်နော်....
ချစ်ခွင့်တိုင်ပေးမယ်....."
"Pratical ရှိသေးတယ်လေ.....
ကိုယ်အကောင်းကြီးပါ...ခေါင်းမူးနေရုံလေးပဲ..."
"အဲ့တာဆိုလည်း မနက်စာစားပြီး ဆေးအရင်သောက်အုံး...."

ကောင်းကင်ကိုနွေးနွေးထွေးထွေးဝတ်စေပြီး သူတို့ကျောင်းကိုကားနဲ့ပဲသွားကြသည်။

ခက်သံစဉ်ကိုဘယ်လိုပြောသင့်လဲ.....

အခုလောလောဆည် ဘေးကကောင်းကင်ကိုငဲ့ကြည့်ရင်း ဘာကိုမှမတွေးချင်သောကြောင့် ခေါင်းကိုခါယမ်းမိသည်။

"လာပြီ လာပြီ!"
"မင်းရည်းစားရသွားတာကိုငါတို့ကိုဘာလို့မပြောလဲ.....
တခြားကောင်မလေးဆိုသည်းခံနိုင်သေးတယ်...
အခုတော့ ခက်သံစဉ်နဲ့!"
"ငစစ် ခက်သံစဉ်ကိုကြိုက်နေမှန်းသိရက်နဲ့!
မင်းကွာ.....
ငါသာငစစ်ဆို မင်းမျက်နှာစုတ်ပြတ်သပ်နေပြီ!"
"ဟျောင့်တွေတော်တော့...."

စိုင်းစံက တေဇတို့ကိုဟန့်တားသည်။

"ငစစ်....
မင်းအခု ဒီကောင်ဘာလုပ်ထားမှန်းသိတာတောင် ငြိမ်နေတုန်းပဲလားဟင်!
မနေ့ကသွေးပျက်နေတဲ့ မင်းမဟုတ်သလိုပဲ..."
"တော်ပါတော့ဆို!
မင်းတို့ဘာမှသေချာနားမလည်ဘဲနဲ့!"
"နေရောင်.... "

အနောက်တံခါးမှ ခေါ်သံလေးကြောင့် စကားသံတွေအားလုံးတိတ်သွားသည်။

သလင်းမြူ စိတ်ကိုလျော့ချပြီး သူမရှိရာသွားလိုက်သည်။

"ခက်တို့စကားပြောရအောင်...."
"အင်း..."

သူမနောက်လိုက်သွားဖို့ခြေလှမ်းပြင်ချိန်မှာပဲ သူ့လက်ကောက်ဝတ်ကိုကောင်းကင် လှမ်းဆွဲသည်။

"စကားပြောပြီးတာနဲ့....ပြန်လာခဲ့မယ်......
ခဏလေးပဲနော်...."
"ကိုယ်လိုက်ခဲ့ချင်တယ်...."

တောင်းဆိုသည့် သူ့မျက်ဝန်းတွေမှာ သိမ်ငယ်ခြင်းတွေကနေရာယူလျှက်.....

"အင်း...."

ခက်သံစဉ်နောက်ကိုလက်တွဲပြီး လိုက်သွားသည့် သူတို့နှစ်ယောက်ကိုကြည့်နေကြသော တေဇတို့ကတော့ ထင်ထားသလိုမဟုတ်သည့်ဆက်ဆံရေးကြောင့် ကြောင်တောင်တောင်...

"ဒီနားကစောင့်နေပေး....."

သူတို့ကိုမြင်နိုင်တဲ့ခုံတန်းလေးတစ်ခုမှာ ကောင်းကင်ကိုနေခဲ့ခိုင်းရပြီး သူခက်သံစဉ်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။

"ခက်တို့လမ်းခွဲရအောင်....."

သူမဘက်ကလမ်းခွဲဖို့စတောင်းဆိုတော့ သလင်းမြူ အံ့ဩသလို ဝမ်းလည်းဝမ်းသာသည်။

"ဒီစကားက မိန်းကလေးဘက်ကအရင်စပြောသင့်တယ်မလား...."
"ကျေးဇူးတင်ပါတယ်....
ပြီးတော့ တောင်းလည်းတောင်းပန်တယ်...."
"ခက်ထင်ထားတာထက်ကို နေရောင်နဲ့ စစ်ကောင်းကင်နိုင်ကချစ်ကြတာပဲ....
အစကတည်းကသိပါတယ်....
နေရောင် ခက်နဲ့အတူရှိနေရင်တောင်
ပြုံးရယ်နေရင်တောင် အတင်းလုပ်ယူဟန်ဆောင်နေမှန်း....
နေရောင့်ကိုကြည့်ရတာ တွန်းအားပေးခံထားရသလို မဖြစ်မနေမို့ ခက်နဲ့နီးစပ်ဖို့ကြိုးစားနေရသလိုပဲ...."

သူထင်မထင်ထားခဲ့ဘူး သူမသိနေခဲ့တယ်....

"တောင်းပန်ပါတယ်.....
ခက်ကိုယ့်ကိုကျေနပ်တဲ့အထိ ရိုက်လို့ရတယ်..."
"မရိုက်ပါဘူး....
တော်ကြာ ဟိုနားကစစ်ကောင်းကင်နိုင်က ခက်ကိုလာသတ်မှာပေါ့...."

သူမရယ်သွမ်းသွေးကာ ပြောပေမယ့် မျက်ဝန်းတွေကတော့ ရယ်မနေခဲ့....

"ခက်အလုပ်လည်းထွက်ပေးမယ်..."
"အလုပ်က ဒီကိစ္စနဲ့မသက်ဆိုင်ပါဘူး....
ဆက်လုပ်ပါ..."
"ကျေးဇူး...
Woah! အဖြစ်အပျက်တွေကမြန်လိုက်တာ အိမ်မက်လိုပဲနော်....
သွားတော့လေ.....စစ်ကောင်းကင်နိုင်စောင့်နေတယ်....."

ခက်သံစဉ်ကိုသူကျောခိုင်းလိုက်တော့ အနောက်ထံပါးမှ ခပ်သဲ့သဲ့ရှိုက်သံလေးကိုကြားပေမယ့် လှည့်မကြည့်ခဲ့.....

ခြေလှမ်းတွေက ကောင်းကင်ဆီကိုသာ တည့်မတ်စွာ လျှောက်လှမ်းသည်။

"သွားကြစို့လေ ကို....
အတန်းစနေလောက်ပြီ...."

သူ့ပုခုံးကိုဖက်လျှက်ကောင်းကင်က ဆံနွယ်တွေကိုခပ်ဖွဖွလေးနမ်းသည်။

"အခု....
ကိုလုပ်ချင်တဲ့ဟာကိုလုပ်လို့ရပြီ...."
"ဘယ်ဟာလဲ..."
"အကုန်လုံးကိုပြောပြချင်တယ်ဆို...
ချစ်ကကို့အပိုင်ဆိုပြီး....."
"တကယ်ပြောလို့ရပြီလား..."
"အင်းရပြီ..."

ထိုအခိုက်အတန့်မှာ လန်းရွှင်သွားတဲ့ ကောင်းကင်ရဲ့မျက်နှာနဲ့ အပြုံးဟာ စူးနေရောင်ထက်ကိုတော်လှန်ဖို့အတွက်အကောင်းဆုံး အင်အားတွေပါ။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

"ဆေးလေးသောက်ဦး...."

ကန်တင်းမှာနေ့လည်စာစားပြီး ကောင်းကင်ကိုသူဆေးထပ်တိုက်သည်။

မနက်ကကိစ္စပြီးကတည်းက တေဇသူ့တို့ကိုဘာတစ်ခွန်းမှမဟဘဲ အကဲသာခတ်နေသည်။

ကောင်းကင်ရဲ့နဖူးကိုစမ်းကြည့်လိုက်တော့ အပူချိန်ကမနက်ကထက်ပိုတိုးလာနေမှန်းသတိပြုမိသည်။

"ကိုယ်ပ်ိုပူလာတယ်.....
နေရအဆင်ပြေရဲ့လား..."
"အင်း...ကိုယ်အဆင်ပြေပါတယ်.... "
"ခေါင်းမူးတာကရော ပိုဆိုးလာလား..."
"ကိုယ်အဆင်ပြေပါတယ်ဆို ချစ်ရယ်..."
"ဖူး!!!
အဟွတ် အဟွတ်!"

ရေနွေးတွေသီးပြီး ထွေးထုတ်ပစ်သည့် မင်းခိုင်နှင့် မျက်လုံးအပြူးသားတေဇတို့နှစ်ကောင်...

"အိမ်ပြန်ကြမလား..."
"မဖြစ်ဘူးလေ...
Pratical ရှိတယ်ဆို...."

တည်ငြိမ်နေဆဲစိုင်းစံကို တေဇကလက်တို့ကာ ကောင်းကင်တို့ကိုမေးငေါ့ပြရင်း ဘာတွေလဲဆိုသည့် အဓိပ္ပာယ်မျိုး...

စိုင်းစံကတော့ ပုခုံးသာတွန့်ပြကာ ရယ်သည်။

Pratical ချိန်လည်း ကောင်းကင်နဲ့သူတစ်ဖွဲ့တည်းကျရာ အနားမှာသာ လက်ဆွဲခေါ်ထားပြီး သူကဘဲအကုန် လုပ်ပေးသည်။

သူ့ကိုကြည့်ပြီး ပြုံးဖြီးနေတဲ့ ကောင်းကင်ရဲ့ရုပ်ကြောင့် တေဇတို့မှာ Pratical ကိုအာရုံမစိုက်နိုင်ရှာ သူတို့နှစ်ယောက်ကိုပဲကြည့်နေကြသည်။

အဖျားကပိုတက်လာတော့ ကျောင်းကအပြန် ဆေးခန်းကိုဝင်ရသည်။

"ကိုကို ....
ကောင်းကင်နေမကောင်းလို့ သားကောင်းကင်နဲ့သွားအိပ်ဦးမယ်နော်!!"
"အင်း အင်း....
ဖြည်းဖြည်းသွားပါငယ်ရယ် ပစ်လဲနေမယ်...."

ကောင်းကင်အတွက် ရေခဲသေတ္တာနှင့်မီးဖိုချောင်ထဲက သင့်တော်မယ့်စားစရာတွေ ယူကာသလင်းမြူ ပြေးသွားလိုက်တာများဝှီးကနဲ....

ဆန်ပြုတ်မကြိုက်တဲ့ ကောင်းကင်အတွက် ခေါက်ဆွဲကိုသာအနေတော်လေးပြုတ်ပြီး အခန်းထဲယူသွားလိုက်သည်။

"ညနေစာစားမယ်လေကို....
ခဏလောက်ထဦး..."

အဖျားရှိန်ကြောင့် ကောင်းကင်ရဲ့မျက်နှာဟာ အနီရောင်ဘက်ပြေးနေသည်။

"ကိုယ်မစားချင်ဘူး...."
"မရဘူး...
ဆေးသောက်ဖို့စားရမယ်လေ....
လိမ္မာပါတယ်....
နှစ်ထုပ်တောင်ပြုတ်လာတာ အသားတွေလည်းအများကြီးပဲနော်...
ချစ်နဲ့အတူစားမယ်လေ....
ထပါကိုရာ...."

ခေါင်းအုံးတစ်လုံးကိုထောင်ကာ မှီထိုင်စေပြီး တူနှင့်ခေါက်ဆွဲကိုညှပ်ယူ သေချာမှုတ်ပေးပြီးမှ ခွံ့ကျွေးရသည်။

"ချစ်လည်းစားလေ...."
"စားတယ်လေ...."
"ကိုယ်မစားနိုင်တော့ဘူး...
တော်ပြီ...."

နှုတ်ခမ်းတွေသုတ်ပေးလိုက်ပြီး ဆေးခန်းက ပေးလိုက်သည့် ဆေးကိုတိုက်ကာ ပြန်လှဲခိုင်းလိုက်သည်။

"ချစ်ဒီညကိုယ်နဲ့အိပ်မှာမလား..."
"အင်းလေ....
ပန်းကန်ပြန်သွားထားလိုက်ဦးမယ်နော်..."

အိမ်အကူတွေကလုပ်ပေးမယ်ပြောပေမယ့် သလင်းမြူကိုယ်တိုင်ပဲ ပန်းကန်ကိုဆေးသည်။

"အန်တီနဲ့ ဦးလေးက ဘယ်အချိန်လောက်မှပြန်လာကြတာလဲဟင်..."
"မမကြီးတို့က ည 9 နာရီလောက်မှပြန်လာတတ်ကြတာ....
အရင်ကအစ်ကိုလေးကောင်းကင်နေမကောင်းဖြစ်ရင် ကျွန်မတို့ပဲ ဝေယျာဝစ္စတွေကိုလုပ်ပေးနေကျ...
မမကြီးတို့ကတော့ ပြန်လာရင် ကိုယ့်သားအခန်းကိုတောင် ဝင်ကြည့်တာမဟုတ်ဘူး...."

လူတိုင်းလိုလို နေမကောင်းဖြစ်ချိန်မှာ မိဘတွေကိုတမ်းတတတ်ကြသည်။ ကောင်းကင်ဘယ်လောက်တောင်များဝမ်းနည်းနေခဲ့မလဲ....

သူအခန်းထဲဝင်လာတာနဲ့ မှေးနေရာမှ သူ့ကိုအနားလာဖို့ ကောင်းကင်က လက်ကမ်းသည်။

"ကိုယ့်ကိုဖက်ထားပေးပါလား...."

စောင်ထဲကိုဝင်ပြီး ကောင်းကင်ကိုပွေ့ဖက်လိုက်သည်။

"အစောကြီးဘဲရှိသေးလို့လားမသိဘူး....
ကိုယ်အိပ်မပျော်ဘူး...."
"ဆေးထဲမှာ အိပ်ဆေးပါတယ်...
ကိုခဏနေအိပ်ပျော်သွားမှာပါ..."
"အရမ်းချစ်တယ်....
ကိုယ့်ရဲ့ နှင်းဆီဖြူလေး..."

ရင်ခွင်ထဲ အတင်းခေါင်းဝှေ့ရင်း လည်တိုင်ကိုနမ်းလာသည့် ပူနွေးနွေးနှုတ်ခမ်းတွေ....

"ချစ်ကနှင်းဆီဖြူလေးဆို....
ကိုကလိပ်ပြာဆိုးကြီးပေါ့.....
ဟိုနမ်းသည်နမ်းလုပ်တဲ့ နှာဘူးလိပ်ပြာကြီး....."
"ဟားဟား!"
"ကိုဘာအရောင်ကိုအကြိုက်ဆုံးလဲ...."
"Black..."
"အဲ့တာဆို လိပ်ပြာအနက်ရောင်ကြီး...."
"ချစ်ကနှင်းဆီဖြူ ကိုယ်ကလိပ်ပြာအနက်...
Black and white လိုက်ဖက်လိုက်တာကွာ..."

သူ့ဘာသာတွေးချင်ရာဆွဲတွေးပြီး ပြုံးနေသည့်ကောင်းကင်....

"ချစ်လိပ်ပြာအနက်လေးကို tatoo ထိုးလိုက်ရမလား....."
"ဘယ်နားမှာထိုးချင်လို့လဲ..."
"လက်ကောက်ဝတ်မှာ....
အဲ့နားဆို မြင်သာတယ်လေ....
ချစ်ကကို့အပိုင်ဆိုပြီးတံဆိပ်ခတ်ပြီးသားဖြစ်တယ်"
"အဲ့တာဆိုကိုယ်လည်း လက်ကောက်ဝတ်မှာ နှင်းဆီဖြူလေးကို tatoo ထိုးမယ်..."
"သီချင်းနားထောင်မလား..."
"အင်း..."

သီချင်းသံတွေကိုနားစွင့်နေရင်း ကောင်းကင်သူ့လည်တိုင်ကိုမျက်နှာအပ်ထားတော့ ပူနေသည့်ထွက်လေကိုခံစားနေရသည်။

ဆေးအစွမ်းပြကာ ကောင်းကင်မျက်ဝန်းတွေမှေးစင်းလာပြီး အိပ်ပျော်သွားတော့မှ သလင်းမြူ သီချင်းကိုပိတ်ကာ သူသောက်ရမည့်ဆေးကိုထသောက်လိုက်သည်။

မကြာခင်ရောက်လာတော့မယ့် first sem စာမေးပွဲအတွက် စာနည်းနည်းလောက်ကြည့်ပြီးမှ ကောင်းကင်ရဲ့ဘေးမှာ သူဝင်အိပ်ခဲ့သည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

""Sitt Kaung Kin Naing
is
in a relationship
with
Sue Nay Yaung Htet""

အောက်ကနေဆက်တိုက် တက်လာတဲ့ ment တွေကို ကောင်းကင် reply ပြန်ရင်း ကျေနပ်မှုက မျက်နှာမှာအထင်းသား....

စိုင်းစံက " Congratulation " ပေမယ့် တေဇတို့ကတော့ သူတို့ကိုအသိမပေးလ့ိုဆိုပြီး ဝိုင်းဆဲကြသည်။

"အဲ့လောက်တောင်ပျော်နေတာလား..."
"ပျော်တာပေါ့..."

စာမေးပွဲနီးမှ ကောင်းကင်ဂယက်ထနေပေမယ့် သူ့ချစ်သူလေးကတော့ စာလုပ်နေသည်။

"ပျော်ရင် စာကြည့်တော့....
အခုထိ တစ်ပုဒ်မှမရသေးဘဲနဲ့....."
"ချစ်ကလည်း စောပါသေးတယ်ကွာ..."
ဘာစောတာလဲ စာမေးပွဲကနောက်အပတ်နော်!"
"တစ်ပတ်တောင်ကျန်သေးတာကို..."
"ကို!!
စာလုပ်မလားမလုပ်ဘူးလား!"
"လုပ်မယ် လုပ်မယ်....
ကိုယ့်ချစ်လေးကလည်းစိတ်လျော့ပါကွာ...."

ပါးကိုတစ်ချက်နမ်းပြီးမှ စာအုပ်ကိုကောက်ကိုင်သည်။

သလင်းမြူ အခုချိန်မှာ အရာအားလုံးကို မေ့ထားသည်။

သူ့ရဲ့ဖြစ်တည်မှုနဲ့ စူးနေရောင်ထက်ကိုရော.....

စူးနေရောင်ထက် ကလည်းသူ့ကိုအဆက်အသွယ်လုပ်မလာတော့....

သူနဲ့ကောင်းကင်လည်း အရမ်းပျော်နေပါသည်။

အမှတ်တရတွေ ပျော်စရာတွေကိုဖန်တီးရင်း နေ့တိုင်းချစ်တယ်ဆိုတဲ့စကားကိုလည်း တဖွဖွပြောသည်။

နောက်ဆုံး AM ဖြေပြီးတဲ့နေ့မှာတော့ သူတို့အားလုံးလျှောက်လည်ကြသည်။

စာမေးပွဲပြီးလို့ စိုင်းစံကကလောကိုပြန်သွားကာ တေဇတို့ကသင်တန်းတွေတက်ကြသည်။

ကောင်းကင်ကလည်း မိခင်ဖြစ်သူနှင့် company ကိုလိုက်သွားသည်။

သလင်းမြူကတော့ မလုပ်မဖြစ် ဆေးစစ်ခြင်းကို ထပ်လုပ်ရသည်။

နှလုံးအထူးကုဆောင်ရဲ့ လူနာတွေကြားမှာ သူကောင်လေးတစ်ယောက်ကိုမြင်လိုက်ရတော့ အတိတ်တွေကိုတောင်သတိရမိသည်။

အသက် 9 နှစ်အရွယ်ထိုကောင်လေးက ဝှီးချဲလေးနှင့် အဝေးတစ်နေရာကိုငေးမောနေရှာသည်။

"ကိုခန့်....
အဲ့ကလေးလေးကရော heart attack ဝေဒနာရှင်ပဲလား..."
"အင်း...
သူဆေးရုံတက်နေရတာ နှစ်လတောင်ကျော်နေပြီ....
ဆရာဝန်ကြီးတွေကဆင်းခွင့်မပေးကြလို့လေ..."
"အခြေအနေဆိုးလို့လား..."
"သသ ငယ်ငယ်ကလောက်ကို မျှော်လင့်ချက်မရှိဘူး....
အလွန်ဆုံး နှစ်နှစ်လို့ခန့်မှန်းထားတယ်..."
"အစားထိုးလို့မရဘူးလား..."
"အစားထိုးရင်တော့ရတာပေါ့...
ဒါပေမယ့် အလှူရှင်ရှိဖို့ကအဲ့လောက်မလွယ်ဘူးလေ....
စာရင်းသွင်းတာကလည်း သသနောက်မှာ..."

သနားစရာလေးပဲ....

သလင်းမြူဘာရယ်မဟုတ် ထိုကောင်လေးနှင့် စကားသွားပြောသည်။

ရယ်စရာတွေပြောပြရင်း အားပေးဖြစ်သည်။

ကျန်းမာရေးကြောင့် ထိုကလေးဟာ ကျောင်းတောင်နားထားရသည်တဲ့....

"အစ်ကို....
သားဆီထပ်လာခဲ့ဦးနော်..."

သူပြန်ခါနီး မျှော်လင့်စွာတောင်းဆိုသည့်ကလေးကိုမငြင်းရက်....

ဒီကလေးကိုသူနားလည်သည်။

သူကိုယ်တိုင်ခံစားရဖူးသည့် အတိတ်တွေကြောင့်....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"စူးနေရောင်ထက်...
ရှိပါသလားခင်ဗျာ..."

ခြံထဲကိုဝင်လာသည့် အထူးရဲဝတ်စုံတွေနှင့် လူဆယ့်ငါးယောက်....

"ဘာကိစ္စရှိလို့လဲဗျ..."

ကောင်းကင်နှင့်အတူ ဇာတ်ကားကြည့်နေရာမှ သလင်းမြူ ထသွားလိုက်သည်။

"မူးယစ်ဆေးဝါးအမှုနဲ့....
အစစ်ဆေးခံဖို့ ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ..."

လက်ထိပ်ခတ်ခြင်းမျိုးမဟုတ်ဘဲ သူ့ကိုလူနှစ်ယောက်ကဝိုင်းချုပ်သည်။

"မူးယစ်ဆေး?
ခင်ဗျားတို့လူမှားနေပြီထင်တယ်....
နေရောင်ကမူးယစ်ဆေးမသုံးတတ်ဘူး..."

ထိုလူတွေချုပ်ထားသည့် သူ့ကိုကောင်းကင်ကဝင်ဆွဲသည်။

"ဘာဖြစ်နေကြတာလဲ.... "

အပေါ်ထပ်ကကိုကိုလည်း ပြေးဆင်းလာကာ ရဲတွေနှင့်သူ့ကိုမြင်တော့ ကြောင်နနဖြစ်သွားသည်။

"ကျွန်တော်တို့သတင်းရလို့ပါ....
တာဝန်အရမို့ ပူးပေါင်းဆောင်ရွက်ပေးစေချင်တယ်..."
"သတင်းပေးကဘယ်သူလဲ..."
"ကာကွယ်ပေးရမယ့်ဥပဒေကြောင့် မပြောပြနိုင်ပါဘူး...."

သူ့အခန်းထဲနှင့် တစ်အိမ်လုံးကိုလည်း ထိုရဲတွေကဝင်စစ်သည်။

သလင်းမြူ ဒီအခြေအနေဘာကြောင့်ဖြစ်လာလဲ ဆိုပြီးအဖြေကိုအတော်ကြာအောင်စဉ်းစားယူလိုက်ရသည်။

အစကစူးနေရောင်ထက်လက်ချက်များလားလို့တွေးမိပေမယ့် စူးနေရောင်ထက် ကသူ့ကိုယ်သူထိခိုက်အောင် သူ့နာမည်ပျက်အောင်လုပ်မည့်သူမဟုတ်....

ဒါဆို စူးနေရောင်ထက် ကိုခြိမ်းခြောက်နေသည့် ဓနပဲဖြစ်ရမည်။

ဒါဟာစူးနေရောင်ထက်ရဲ့အကြီးမားဆုံးအကြောက်တရားပဲ...

"ဒီဆေးတွေပါယူခဲ့လိုက်..."

မူးယစ်ဆေးဝါးမတွေ့ရှိရပေမယ့် သူ့ရဲ့အံဆွဲထဲမှသောက်နေကျဆေးတွေကိုပါ စစ်ဆေးဖို့သိမ်းသည်။

"ငယ်....
စိတ်မပူနဲ့နော်...."

ကိုကို့ရဲ့အားပေးစကားကို သူပြုံး၍သာတုံ့ပြန်ခဲ့ရင်း လှုပ်လှုပ်ရှားရှားဖြစ်နေသည့် ကောင်းကင်ကိုပါ သူမနည်းငြိမ်အောင်ပြောကာ မူးယစ်တိုက်ဖျက်ရေးနောက်သို့လိုက်ခဲ့ရသည်။

သူ့ကိုဆေးစစ်ရုံသာမက သူသောက်နေကျဆေးတွေကိုပါစစ်ဆေးကာ အဖြေမထွက်မချင်း ထိုအထဲမှာပဲ သူနေရမည်ဟုပြောသည်။

ဒါဟာ သူ့ရဲ့အဓိကတာဝန် ပြီးဆုံးခြင်းများလား...

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Zawgyi

"အန္တီေကာင္းကင္ေရာ..."
"မင္းသူငယ္ခ်င္းအခုထိမႏိုးေသးဘူး...
သြားသာႏိႈးလိုက္ေတာ့..."

သူ႔ကိုေျပာၿပီးတာနဲ႔ ေကာင္းကင္ရဲ႕အေမဟာ ခပ္သုတ္သုတ္ထြက္သြားသည္။

ေကာင္းကင္ရဲ႕အေဖလည္းအလုပ္သြားၿပီထင္...

အိမ္အကူေတြမွအပ ေကာင္းကင္တစ္ေယာက္တည္းေန႔တိုင္းဒီအိမ္ႀကီးထဲမွာ ဘယ္ေလာက္အထီးက်န္ေနခဲ့မလဲ....

မေန႔ကသူပိတ္ထားခဲ့သည့္ ျပတင္းေပါက္ လိုက္ကာေတြကအခုအခ်ိန္ထိ မဖြင့္ရေသးဘဲ ကုတင္ထက္မွေကာင္းကင္ကလည္း ၿငိမ္ေနဆဲ....

"ကို္....."

သူ႔ေခၚသံၾကားသည္ႏွင့္ ေကာင္းကင္ခ်က္ခ်င္းမ်က္လုံးဖြင့္လာကာ သူ႔ကိုဆြဲဖက္သည္။

"ေတာ္ေသးတယ္.....
အိမ္မက္ျဖစ္ေနလို႔........ "
"ေနမေကာင္းဘူးလား.....
ကိုယ္ေတြနည္းနည္းေႏြးေနသလိုပဲ......"

သူ႔ကိုဖက္ထားတဲ့ေကာင္းကင္ရဲ့အပူခ်ိန္ဟာ သာမန္ထက္ပိုေနသလိုပင္...

"ဟုတ္လား...."

ညတုန္းက ေကာင္းကင္အရမ္းငိုခဲ့မွန္း စိုေနဆဲေခါင္းအုံးႏွင့္ မ်က္ဝန္းေတြကသက္ေသ....

"ဒီေန႔ေက်ာင္းမသြားဘဲ အိမ္မွာပဲနားလိုက္ေနာ္....
ခ်စ္ခြင့္တိုင္ေပးမယ္....."
"Pratical ႐ွိေသးတယ္ေလ.....
ကိုယ္အေကာင္းႀကီးပါ...ေခါင္းမူးေန႐ုံေလးပဲ..."
"အဲ့တာဆိုလည္း မနက္စာစားၿပီး ေဆးအရင္ေသာက္အုံး...."

ေကာင္းကင္ကိုေႏြးေႏြးေထြးေထြးဝတ္ေစၿပီး သူတို႔ေက်ာင္းကိုကားနဲ႔ပဲသြားၾကသည္။

ခက္သံစဥ္ကိုဘယ္လိုေျပာသင့္လဲ.....

အခုေလာေလာဆည္ ေဘးကေကာင္းကင္ကိုငဲ့ၾကည့္ရင္း ဘာကိုမွမေတြးခ်င္ေသာေၾကာင့္ ေခါင္းကိုခါယမ္းမိသည္။

"လာၿပီ လာၿပီ!"
"မင္းရည္းစားရသြားတာကိုငါတို႔ကိုဘာလို႔မေျပာလဲ.....
တျခားေကာင္မေလးဆိုသည္းခံႏိုင္ေသးတယ္...
အခုေတာ့ ခက္သံစဥ္နဲ႔!"
"ငစစ္ ခက္သံစဥ္ကိုႀကိဳက္ေနမွန္းသိရက္နဲ႔!
မင္းကြာ.....
ငါသာငစစ္ဆို မင္းမ်က္ႏွာစုတ္ျပတ္သပ္ေနၿပီ!"
"ေဟ်ာင့္ေတြေတာ္ေတာ့...."

စိုင္းစံက ေတဇတို႔ကိုဟန္႔တားသည္။

"ငစစ္....
မင္းအခု ဒီေကာင္ဘာလုပ္ထားမွန္းသိတာေတာင္ ၿငိမ္ေနတုန္းပဲလားဟင္!
မေန႔ကေသြးပ်က္ေနတဲ့ မင္းမဟုတ္သလိုပဲ..."
"ေတာ္ပါေတာ့ဆို!
မင္းတို႔ဘာမွေသခ်ာနားမလည္ဘဲနဲ႔!"
"ေနေရာင္.... "

အေနာက္တံခါးမွ ေခၚသံေလးေၾကာင့္ စကားသံေတြအားလုံးတိတ္သြားသည္။

သလင္းျမဴ စိတ္ကိုေလ်ာ့ခ်ၿပီး သူမ႐ွိရာသြားလိုက္သည္။

"ခက္တို႔စကားေျပာရေအာင္...."
"အင္း..."

သူမေနာက္လိုက္သြားဖို႔ေျခလွမ္းျပင္ခ်ိန္မွာပဲ သူ႔လက္ေကာက္ဝတ္ကိုေကာင္းကင္ လွမ္းဆြဲသည္။

"စကားေျပာၿပီးတာနဲ႔....ျပန္လာခဲ့မယ္......
ခဏေလးပဲေနာ္...."
"ကိုယ္လိုက္ခဲ့ခ်င္တယ္...."

ေတာင္းဆိုသည့္ သူ႔မ်က္ဝန္းေတြမွာ သိမ္ငယ္ျခင္းေတြကေနရာယူလ်ွက္.....

"အင္း...."

ခက္သံစဥ္ေနာက္ကိုလက္တြဲၿပီး လိုက္သြားသည့္ သူတို႔ႏွစ္ေယာက္ကိုၾကည့္ေနၾကေသာ ေတဇတို႔ကေတာ့ ထင္ထားသလိုမဟုတ္သည့္ဆက္ဆံေရးေၾကာင့္ ေၾကာင္ေတာင္ေတာင္...

"ဒီနားကေစာင့္ေနေပး....."

သူတို႔ကိုျမင္ႏိုင္တဲ့ခုံတန္းေလးတစ္ခုမွာ ေကာင္းကင္ကိုေနခဲ့ခိုင္းရၿပီး သူခက္သံစဥ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္သည္။

"ခက္တို႔လမ္းခြဲရေအာင္....."

သူမဘက္ကလမ္းခြဲဖို႔စေတာင္းဆိုေတာ့ သလင္းျမဴ အံ့ဩသလို ဝမ္းလည္းဝမ္းသာသည္။

"ဒီစကားက မိန္းကေလးဘက္ကအရင္စေျပာသင့္တယ္မလား...."
"ေက်းဇူးတင္ပါတယ္....
ၿပီးေတာ့ ေတာင္းလည္းေတာင္းပန္တယ္...."
"ခက္ထင္ထားတာထက္ကို ေနေရာင္နဲ႔ စစ္ေကာင္းကင္ႏိုင္ကခ်စ္ၾကတာပဲ....
အစကတည္းကသိပါတယ္....
ေနေရာင္ ခက္နဲ႔အတူ႐ွိေနရင္ေတာင္
ျပဳံးရယ္ေနရင္ေတာင္ အတင္းလုပ္ယူဟန္ေဆာင္ေနမွန္း....
ေနေရာင့္ကိုၾကည့္ရတာ တြန္းအားေပးခံထားရသလို မျဖစ္မေနမို႔ ခက္နဲ႔နီးစပ္ဖို႔ႀကိဳးစားေနရသလိုပဲ...."

သူထင္မထင္ထားခဲ့ဘူး သူမသိေနခဲ့တယ္....

"ေတာင္းပန္ပါတယ္.....
ခက္ကိုယ့္ကိုေက်နပ္တဲ့အထိ ႐ိုက္လို႔ရတယ္..."
"မ႐ိုက္ပါဘူး....
ေတာ္ၾကာ ဟိုနားကစစ္ေကာင္းကင္ႏိုင္က ခက္ကိုလာသတ္မွာေပါ့...."

သူမရယ္သြမ္းေသြးကာ ေျပာေပမယ့္ မ်က္ဝန္းေတြကေတာ့ ရယ္မေနခဲ့....

"ခက္အလုပ္လည္းထြက္ေပးမယ္..."
"အလုပ္က ဒီကိစၥနဲ႔မသက္ဆိုင္ပါဘူး....
ဆက္လုပ္ပါ..."
"ေက်းဇူး...
Woah! အျဖစ္အပ်က္ေတြကျမန္လိုက္တာ အိမ္မက္လိုပဲေနာ္....
သြားေတာ့ေလ.....စစ္ေကာင္းကင္ႏိုင္ေစာင့္ေနတယ္....."

ခက္သံစဥ္ကိုသူေက်ာခိုင္းလိုက္ေတာ့ အေနာက္ထံပါးမွ ခပ္သဲ့သဲ့ရိွဳက္သံေလးကိုၾကားေပမယ့္ လွည့္မၾကည့္ခဲ့.....

ေျခလွမ္းေတြက ေကာင္းကင္ဆီကိုသာ တည့္မတ္စြာ ေလ်ွာက္လွမ္းသည္။

"သြားၾကစို႔ေလ ကို....
အတန္းစေနေလာက္ၿပီ...."

သူ႔ပုခုံးကိုဖက္လ်ွက္ေကာင္းကင္က ဆံႏြယ္ေတြကိုခပ္ဖြဖြေလးနမ္းသည္။

"အခု....
ကိုလုပ္ခ်င္တဲ့ဟာကိုလုပ္လို႔ရၿပီ...."
"ဘယ္ဟာလဲ..."
"အကုန္လုံးကိုေျပာျပခ်င္တယ္ဆို...
ခ်စ္ကကို့အပိုင္ဆိုၿပီး....."
"တကယ္ေျပာလို႔ရၿပီလား..."
"အင္းရၿပီ..."

ထိုအခိုက္အတန္႔မွာ လန္းရႊင္သြားတဲ့ ေကာင္းကင္ရဲ႕မ်က္ႏွာနဲ႔ အျပဳံးဟာ စူးေနေရာင္ထက္ကိုေတာ္လွန္ဖို႔အတြက္အေကာင္းဆုံး အင္အားေတြပါ။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

"ေဆးေလးေသာက္ဦး...."

ကန္တင္းမွာေန႔လည္စာစားၿပီး ေကာင္းကင္ကိုသူေဆးထပ္တိုက္သည္။

မနက္ကကိစၥၿပီးကတည္းက ေတဇသူ႔တို႔ကိုဘာတစ္ခြန္းမွမဟဘဲ အကဲသာခတ္ေနသည္။

ေကာင္းကင္ရဲ႕နဖူးကိုစမ္းၾကည့္လိုက္ေတာ့ အပူခ်ိန္ကမနက္ကထက္ပိုတိုးလာေနမွန္းသတိျပဳမိသည္။

"ကိုယ္ပ္ိုပူလာတယ္.....
ေနရအဆင္ေျပရဲ႕လား..."
"အင္း...ကိုယ္အဆင္ေျပပါတယ္.... "
"ေခါင္းမူးတာကေရာ ပိုဆိုးလာလား..."
"ကိုယ္အဆင္ေျပပါတယ္ဆို ခ်စ္ရယ္..."
"ဖူး!!!
အဟြတ္ အဟြတ္!"

ေရေႏြးေတြသီးၿပီး ေထြးထုတ္ပစ္သည့္ မင္းခိုင္ႏွင့္ မ်က္လုံးအျပဴးသားေတဇတို႔ႏွစ္ေကာင္...

"အိမ္ျပန္ၾကမလား..."
"မျဖစ္ဘူးေလ...
Pratical ႐ွိတယ္ဆို...."

တည္ၿငိမ္ေနဆဲစိုင္းစံကို ေတဇကလက္တို႔ကာ ေကာင္းကင္တို႔ကိုေမးေငါ့ျပရင္း ဘာေတြလဲဆိုသည့္ အဓိပၸာယ္မ်ိဳး...

စိုင္းစံကေတာ့ ပုခုံးသာတြန္႔ျပကာ ရယ္သည္။

Pratical ခ်ိန္လည္း ေကာင္းကင္နဲ႔သူတစ္ဖြဲ႔တည္းက်ရာ အနားမွာသာ လက္ဆြဲေခၚထားၿပီး သူကဘဲအကုန္ လုပ္ေပးသည္။

သူ႔ကိုၾကည့္ၿပီး ျပဳံးၿဖီးေနတဲ့ ေကာင္းကင္ရဲ႕႐ုပ္ေၾကာင့္ ေတဇတို႔မွာ Pratical ကိုအာ႐ုံမစိုက္ႏိုင္႐ွာ သူတို႔ႏွစ္ေယာက္ကိုပဲၾကည့္ေနၾကသည္။

အဖ်ားကပိုတက္လာေတာ့ ေက်ာင္းကအျပန္ ေဆးခန္းကိုဝင္ရသည္။

"ကိုကို ....
ေကာင္းကင္ေနမေကာင္းလို႔ သားေကာင္းကင္နဲ႔သြားအိပ္ဦးမယ္ေနာ္!!"
"အင္း အင္း....
ျဖည္းျဖည္းသြားပါငယ္ရယ္ ပစ္လဲေနမယ္...."

ေကာင္းကင္အတြက္ ေရခဲေသတၱာနွင့္မီးဖိုေခ်ာင္ထဲက သင့္ေတာ္မယ့္စားစရာေတြ ယူကာသလင္းျမဴ ေျပးသြားလိုက္တာမ်ားဝွီးကနဲ....

ဆန္ျပဳတ္မႀကိဳက္တဲ့ ေကာင္းကင္အတြက္ ေခါက္ဆြဲကိုသာအေနေတာ္ေလးျပဳတ္ၿပီး အခန္းထဲယူသြားလိုက္သည္။

"ညေနစာစားမယ္ေလကို....
ခဏေလာက္ထဦး..."

အဖ်ား႐ွိန္ေၾကာင့္ ေကာင္းကင္ရဲ႕မ်က္ႏွာဟာ အနီေရာင္ဘက္ေျပးေနသည္။

"ကိုယ္မစားခ်င္ဘူး...."
"မရဘူး...
ေဆးေသာက္ဖို႔စားရမယ္ေလ....
လိမၼာပါတယ္....
ႏွစ္ထုပ္ေတာင္ျပဳတ္လာတာ အသားေတြလည္းအမ်ားႀကီးပဲေနာ္...
ခ်စ္နဲ႔အတူစားမယ္ေလ....
ထပါကိုရာ...."

ေခါင္းအုံးတစ္လုံးကိုေထာင္ကာ မွီထိုင္ေစၿပီး တူႏွင့္ေခါက္ဆြဲကိုညႇပ္ယူ ေသခ်ာမႈတ္ေပးၿပီးမွ ခြံ႔ေကြၽးရသည္။

"ခ်စ္လည္းစားေလ...."
"စားတယ္ေလ...."
"ကိုယ္မစားႏိုင္ေတာ့ဘူး...
ေတာ္ၿပီ...."

ႏႈတ္ခမ္းေတြသုတ္ေပးလိုက္ၿပီး ေဆးခန္းက ေပးလိုက္သည့္ ေဆးကိုတိုက္ကာ ျပန္လွဲခိုင္းလိုက္သည္။

"ခ်စ္ဒီညကိုယ္နဲ႔အိပ္မွာမလား..."
"အင္းေလ....
ပန္းကန္ျပန္သြားထားလိုက္ဦးမယ္ေနာ္..."

အိမ္အကူေတြကလုပ္ေပးမယ္ေျပာေပမယ့္ သလင္းျမဴကိုယ္တိုင္ပဲ ပန္းကန္ကိုေဆးသည္။

"အန္တီနဲ႔ ဦးေလးက ဘယ္အခ်ိန္ေလာက္မွျပန္လာၾကတာလဲဟင္..."
"မမႀကီးတို႔က ည 9 နာရီေလာက္မွျပန္လာတတ္ၾကတာ....
အရင္ကအစ္ကိုေလးေကာင္းကင္ေနမေကာင္းျဖစ္ရင္ ကြၽန္မတို႔ပဲ ေဝယ်ာဝစၥေတြကိုလုပ္ေပးေနက်...
မမႀကီးတို႔ကေတာ့ ျပန္လာရင္ ကိုယ့္သားအခန္းကိုေတာင္ ဝင္ၾကည့္တာမဟုတ္ဘူး...."

လူတိုင္းလိုလို ေနမေကာင္းျဖစ္ခ်ိန္မွာ မိဘေတြကိုတမ္းတတတ္ၾကသည္။ ေကာင္းကင္ဘယ္ေလာက္ေတာင္မ်ားဝမ္းနည္းေနခဲ့မလဲ....

သူအခန္းထဲဝင္လာတာနဲ႔ ေမွးေနရာမွ သူ႔ကိုအနားလာဖို႔ ေကာင္းကင္က လက္ကမ္းသည္။

"ကိုယ့္ကိုဖက္ထားေပးပါလား...."

ေစာင္ထဲကိုဝင္ၿပီး ေကာင္းကင္ကိုေပြ႔ဖက္လိုက္သည္။

"အေစာႀကီးဘဲ႐ွိေသးလို႔လားမသိဘူး....
ကိုယ္အိပ္မေပ်ာ္ဘူး...."
"ေဆးထဲမွာ အိပ္ေဆးပါတယ္...
ကိုခဏေနအိပ္ေပ်ာ္သြားမွာပါ..."
"အရမ္းခ်စ္တယ္....
ကိုယ့္ရဲ႕ ႏွင္းဆီျဖဴေလး..."

ရင္ခြင္ထဲ အတင္းေခါင္းေဝွ့ရင္း လည္တိုင္ကိုနမ္းလာသည့္ ပူေႏြးေႏြးႏႈတ္ခမ္းေတြ....

"ခ်စ္ကႏွင္းဆီျဖဴေလးဆို....
ကိုကလိပ္ျပာဆိုးႀကီးေပါ့.....
ဟိုနမ္းသည္နမ္းလုပ္တဲ့ ႏွာဘူးလိပ္ျပာႀကီး....."
"ဟားဟား!"
"ကိုဘာအေရာင္ကိုအႀကိဳက္ဆုံးလဲ...."
"Black..."
"အဲ့တာဆို လိပ္ျပာအနက္ေရာင္ျကီး...."
"ခ်စ္ကႏွင္းဆီျဖဴ ကိုယ္ကလိပ္ျပာအနက္...
Black and white လိုက္ဖက္လိုက္တာကြာ..."

သူ႔ဘာသာေတြးခ်င္ရာဆြဲေတြးၿပီး ျပဳံးေနသည့္ေကာင္းကင္....

"ခ်စ္လိပ္ျပာအနက္ေလးကို tatoo ထိုးလိုက္ရမလား....."
"ဘယ္နားမွာထိုးခ်င္လို႔လဲ..."
"လက္ေကာက္ဝတ္မွာ....
အဲ့နားဆို ျမင္သာတယ္ေလ....
ခ်စ္ကကို႔အပိုင္ဆိုၿပီးတံဆိပ္ခတ္ၿပီးသားျဖစ္တယ္"
"အဲ့တာဆိုကိုယ္လည္း လက္ေကာက္ဝတ္မွာ ႏွင္းဆီျဖဴေလးကို tatoo ထိုးမယ္..."
"သီခ်င္းနားေထာင္မလား..."
"အင္း..."

သီခ်င္းသံေတြကိုနားစြင့္ေနရင္း ေကာင္းကင္သူ႔လည္တိုင္ကိုမ်က္ႏွာအပ္ထားေတာ့ ပူေနသည့္ထြက္ေလကိုခံစားေနရသည္။

ေဆးအစြမ္းျပကာ ေကာင္းကင္မ်က္ဝန္းေတြေမွးစင္းလာၿပီး အိပ္ေပ်ာ္သြားေတာ့မွ သလင္းျမဴ သီခ်င္းကိုပိတ္ကာ သူေသာက္ရမည့္ေဆးကိုထေသာက္လိုက္သည္။

မၾကာခင္ေရာက္လာေတာ့မယ့္ first sem စာေမးပြဲအတြက္ စာနည္းနည္းေလာက္ၾကည့္ၿပီးမွ ေကာင္းကင္ရဲ႕ေဘးမွာ သူဝင္အိပ္ခဲ့သည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

""Sitt Kaung Kin Naing
is
in a relationship
with
Sue Nay Yaung Htet""

ေအာက္ကေနဆက္တိုက္ တက္လာတဲ့ ment ေတြကို ေကာင္းကင္ reply ျပန္ရင္း ေက်နပ္မႈက မ်က္ႏွာမွာအထင္းသား....

စိုင္းစံက " Congratulation " ေပမယ့္ ေတဇတို႔ကေတာ့ သူတို႔ကိုအသိမေပးလ႔ိုဆိုၿပီး ဝိုင္းဆဲၾကသည္။

"အဲ့ေလာက္ေတာင္ေပ်ာ္ေနတာလား..."
"ေပ်ာ္တာေပါ့..."

စာေမးပြဲနီးမွ ေကာင္းကင္ဂယက္ထေနေပမယ့္ သူ႔ခ်စ္သူေလးကေတာ့ စာလုပ္ေနသည္။

"ေပ်ာ္ရင္ စာၾကည့္ေတာ့....
အခုထိ တစ္ပုဒ္မွမရေသးဘဲနဲ႔....."
"ခ်စ္ကလည္း ေစာပါေသးတယ္ကြာ..."
ဘာေစာတာလဲ စာေမးပြဲကေနာက္အပတ္ေနာ္!"
"တစ္ပတ္ေတာင္က်န္ေသးတာကို..."
"ကို!!
စာလုပ္မလားမလုပ္ဘူးလား!"
"လုပ္မယ္ လုပ္မယ္....
ကိုယ့္ခ်စ္ေလးကလည္းစိတ္ေလ်ာ့ပါကြာ...."

ပါးကိုတစ္ခ်က္နမ္းၿပီးမွ စာအုပ္ကိုေကာက္ကိုင္သည္။

သလင္းျမဴ အခုခ်ိန္မွာ အရာအားလုံးကို ေမ့ထားသည္။

သူ႔ရဲ႕ျဖစ္တည္မႈနဲ႔ စူးေနေရာင္ထက္ကိုေရာ.....

စူးေနေရာင္ထက္ ကလည္းသူ႔ကိုအဆက္အသြယ္လုပ္မလာေတာ့....

သူနဲ႔ေကာင္းကင္လည္း အရမ္းေပ်ာ္ေနပါသည္။

အမွတ္တရေတြ ေပ်ာ္စရာေတြကိုဖန္တီးရင္း ေန႔တိုင္းခ်စ္တယ္ဆိုတဲ့စကားကိုလည္း တဖြဖြေျပာသည္။

ေနာက္ဆုံး AM ေျဖၿပီးတဲ့ေန႔မွာေတာ့ သူတို႔အားလုံးေလ်ွာက္လည္ၾကသည္။

စာေမးပြဲၿပီးလို႔ စိုင္းစံကကေလာကိုျပန္သြားကာ ေတဇတို႔ကသင္တန္းေတြတက္ၾကသည္။

ေကာင္းကင္ကလည္း မိခင္ျဖစ္သူႏွင့္ company ကိုလိုက္သြားသည္။

သလင္းျမဴကေတာ့ မလုပ္မျဖစ္ ေဆးစစ္ျခင္းကို ထပ္လုပ္ရသည္။

ႏွလုံးအထူးကုေဆာင္ရဲ႕ လူနာေတြၾကားမွာ သူေကာင္ေလးတစ္ေယာက္ကိုျမင္လိုက္ရေတာ့ အတိတ္ေတြကိုေတာင္သတိရမိသည္။

အသက္ 9 ႏွစ္အရြယ္ထိုေကာင္ေလးက ဝွီးခ်ဲေလးႏွင့္ အေဝးတစ္ေနရာကိုေငးေမာေန႐ွာသည္။

"ကိုခန္႔....
အဲ့ကေလးေလးကေရာ heart attack ေဝဒနာ႐ွင္ပဲလား..."
"အင္း...
သူေဆး႐ုံတက္ေနရတာ ႏွစ္လေတာင္ေက်ာ္ေနၿပီ....
ဆရာဝန္ႀကီးေတြကဆင္းခြင့္မေပးၾကလို႔ေလ..."
"အေျခအေနဆိုးလို႔လား..."
"သသ ငယ္ငယ္ကေလာက္ကို ေမ်ွာ္လင့္ခ်က္မ႐ွိဘူး....
အလြန္ဆုံး ႏွစ္ႏွစ္လို႔ခန္႔မွန္းထားတယ္..."
"အစားထိုးလို႔မရဘူးလား..."
"အစားထိုးရင္ေတာ့ရတာေပါ့...
ဒါေပမယ့္ အလွဴ႐ွင္႐ွိဖို႔ကအဲ့ေလာက္မလြယ္ဘူးေလ....
စာရင္းသြင္းတာကလည္း သသေနာက္မွာ..."

သနားစရာေလးပဲ....

သလင္းျမဴဘာရယ္မဟုတ္ ထိုေကာင္ေလးႏွင့္ စကားသြားေျပာသည္။

ရယ္စရာေတြေျပာျပရင္း အားေပးျဖစ္သည္။

က်န္းမာေရးေၾကာင့္ ထိုကေလးဟာ ေက်ာင္းေတာင္နားထားရသည္တဲ့....

"အစ္ကို....
သားဆီထပ္လာခဲ့ဦးေနာ္..."

သူျပန္ခါနီး ေမ်ွာ္လင့္စြာေတာင္းဆိုသည့္ကေလးကိုမျငင္းရက္....

ဒီကေလးကိုသူနားလည္သည္။

သူကိုယ္တိုင္ခံစားရဖူးသည့္ အတိတ္ေတြေၾကာင့္....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"စူးေနေရာင္ထက္...
႐ွိပါသလားခင္ဗ်ာ..."

ျခံထဲကိုဝင္လာသည့္ အထူးရဲဝတ္စုံေတြႏွင့္ လူဆယ့္ငါးေယာက္....

"ဘာကိစၥရွိလို့လဲဗ်..."

ေကာင္းကင္ႏွင့္အတူ ဇာတ္ကားၾကည့္ေနရာမွ သလင္းျမဴ ထသြားလိုက္သည္။

"မူးယစ္ေဆးဝါးအမႈနဲ႔....
အစစ္ေဆးခံဖို႔ ကြၽန္ေတာ္တို႔နဲ႔လိုက္ခဲ့ေပးပါ..."

လက္ထိပ္ခတ္ျခင္းမ်ိဳးမဟုတ္ဘဲ သူ႔ကိုလူႏွစ္ေယာက္ကဝိုင္းခ်ဳပ္သည္။

"မူးယစ္ေဆး?
ခင္ဗ်ားတို႔လူမွားေနၿပီထင္တယ္....
ေနေရာင္ကမူးယစ္ေဆးမသုံးတတ္ဘူး..."

ထိုလူေတြခ်ဳပ္ထားသည့္ သူ႔ကိုေကာင္းကင္ကဝင္ဆြဲသည္။

"ဘာျဖစ္ေနၾကတာလဲ.... "

အေပၚထပ္ကကိုကိုလည္း ေျပးဆင္းလာကာ ရဲေတြႏွင့္သူ႔ကိုျမင္ေတာ့ ေျကာင္နနျဖစ္သြားသည္။

"ကြၽန္ေတာ္တို႔သတင္းရလို႔ပါ....
တာဝန္အရမို႔ ပူးေပါင္းေဆာင္ရြက္ေပးေစခ်င္တယ္..."
"သတင္းေပးကဘယ္သူလဲ..."
"ကာကြယ္ေပးရမယ့္ဥပေဒေၾကာင့္ မေျပာျပႏိုင္ပါဘူး...."

သူ႔အခန္းထဲႏွင့္ တစ္အိမ္လုံးကိုလည္း ထိုရဲေတြကဝင္စစ္သည္။

သလင္းျမဴ ဒီအေျခအေနဘာေၾကာင့္ျဖစ္လာလဲ ဆိုၿပီးအေျဖကိုအေတာ္ၾကာေအာင္စဥ္းစားယူလိုက္ရသည္။

အစကစူးေနေရာင္ထက္လက္ခ်က္မ်ားလားလို႔ေတြးမိေပမယ့္ စူးေနေရာင္ထက္ ကသူ႔ကိုယ္သူထိခိုက္ေအာင္ သူ႔နာမည္ပ်က္ေအာင္လုပ္မည့္သူမဟုတ္....

ဒါဆို စူးေနေရာင္ထက္ ကိုၿခိမ္းေျခာက္ေနသည့္ ဓနပဲျဖစ္ရမည္။

ဒါဟာစူးေနေရာင္ထက္ရဲ႕အျကီးမားဆုံးအေၾကာက္တရားပဲ...

"ဒီေဆးေတြပါယူခဲ့လိုက္..."

မူးယစ္ေဆးဝါးမေတြ႔႐ွိရေပမယ့္ သူ႔ရဲ႕အံဆြဲထဲမွေသာက္ေနက်ေဆးေတြကိုပါ စစ္ေဆးဖို့သိမ္းသည္။

"ငယ္....
စိတ္မပူနဲ႔ေနာ္...."

ကိုကို႔ရဲ႕အားေပးစကားကို သူျပဳံး၍သာတုံ႔ျပန္ခဲ့ရင္း လႈပ္လႈပ္႐ွား႐ွားျဖစ္ေနသည့္ ေကာင္းကင္ကိုပါ သူမနည္းၿငိမ္ေအာင္ေျပာကာ မူးယစ္တိုက္ဖ်က္ေရးေနာက္သို႔လိုက္ခဲ့ရသည္။

သူ႔ကိုေဆးစစ္႐ုံသာမက သူေသာက္ေနက်ေဆးေတြကိုပါစစ္ေဆးကာ အေျဖမထြက္မခ်င္း ထိုအထဲမွာပဲ သူေနရမည္ဟုေျပာသည္။

ဒါဟာ သူ႔ရဲ႕အဓိကတာဝန္ ၿပီးဆုံးျခင္းမ်ားလား...

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro