Part-47 ( be brave and listen to your heart)
Unicode
"ခက်ကမန္တလေးဇာတိလား..."
"မဟုတ်ဘူး...
ခက်ကိုမွေးတာကတောင်ကြီးမှာ...
ဖေဖေနဲ့မေမေက အစိုးရဝန်ထမ်းတွေမို့ အမြဲနယ်ပြောင်းနေရတာလေ..."
"ဪ.."
"နေရောင်ကရော.... "
"ကိုယ်ကတော့ မန္တလေးသားစစ်စစ်..."
သလင်းမြူ စိတ်မပါပေမယ့် ပြုံးရယ်နေရသည်။
"နေရောင့်မိဘတွေကရော..."
"ကိုယ့်မှာမိဘတွေမရှိတော့ဘူး...
Stepfather ပဲရှိတာ..."
"Sorry နော်...
ခက်ကမသိလို့..."
"ရပါတယ်.... "
"Stepfather ကနေရောင့်ကိုထောက်ပံ့ပေးတာပေါ့...."
"မဟုတ်ဘူး...
ကိုယ့်မှာကိုယ်ပိုင်လုပ်ငန်းရှိတယ်...."
"Woah!
အားကျလိုက်တာ....
ခက်လည်းအလုပ်လေးရှိချင်တာ...
ဖေဖေမေမေဆီကလက်ဖြန့်တောင်းနေရတာကြာတော့ရှက်လာပြီ
ဒါပေမယ့် ခက်တက်နေတာက day ဆိုတော့ အလုပ်ရဖို့က......... အဟင်း...သိတယ်မလား..."
"Part time လုပ်မလား...."
"ရှိလား...
ဘယ်မှာလဲ...."
"Coffee shop တစ်ခုမှာ...
ညနေလေးနာရီလောက်ကနေ ညရှစ်နာရီဆိုင်ပိတ်ချိန်ထိ..."
"ခက်လုပ်ချင်တယ်...."
"Ok..."
အတန်းထဲဝင်သွားသည့်ခက်သံစဉ်ကိုလက်ပြပြီး သလင်းမြူဖုန်းပြောရန် toilet ဆီဦးတည်ခဲ့သည်။
"ဆုံးဖြတ်ပြီးပြီလား..."
"အင်း....
ငါခက်သံစဉ်ကိုလိုက်မယ်..."
"ထင်တဲ့အတိုင်းပဲ...ဟား..."
"မင်းရဲ့ coffee shop တစ်ခုမှာ ခက်သံစဉ်ကို part time ဝင်လုပ်ခွင့်ပေးလို့ရမလား..."
"Part time?
ရတယ်.....
အခုမင်းကငါပဲလေ....
မင်းဘာသာပဲ သူ့ကိုဆိုင်ခေါ်သွားပြီး manager ကိုပြောလိုက်ပေါ့..."
"ကျေးဇူး..."
"မြန်မြန်လှုပ်ရှား...
ငါကအချိန်ဆွဲတာမကြိုက်ဘူး...."
ထုံးစံအတိုင်းစူးနေရောင်ထက်ဘက်ကပဲ ဖုန်းအရင်ချသွားသည်။
တစ်ရက်တောင်မပြည့်သေးပေမယ့် ဘာလို့အရမ်းပင်ပန်းနေရတာလဲ......
လေပူတွေကိုသာသူမှုတ်ထုတ်နေမိသည်။
"အစ်ကို..."
သူဆတ်ကနဲတုန်သွားကာ လှည့်ကြည့်လိုက်တော့ စိုင်းစံ....
"အစ်ကိုဘာတွေလုပ်နေတာလဲ...."
"ဘယ်တုန်းကရောက်နေတာလဲ....."
"ခက်သံစဉ်ကိုဘာကိစ္စလိုက်မှာလဲ....
အစ်ကိုအဲ့ကောင်မလေးကိုကြိုက်လို့လား..."
"မင်းအကုန်ကြားသွားတာပဲ..."
"ကျွန်တော်မေးတာတွေဖြေဦးလေ....
ခက်သံစဉ်နဲ့ဘာလုပ်မလို့လဲ..."
"ငါသူ့ကိုရအောင်လိုက်ရမှာ...."
"ဘာလို့လဲ...."
"စူးနေရောင်ထက် ခိုင်းလို့...."
"သူခိုင်းတာနဲ့ လုပ်စရာလား..."
"ငါကသူနဲ့စာချုပ်ချုပ်ပြီး သူ့ပေးတဲ့ငွေကိုယူထားတော့ သူခိုင်းရင်ငါလုပ်ပေးရမှာပဲ...."
"အစ်ကိုသတ္တိကြောင်လိုက်တာ...
အရင်ကကျွန်တော်သိတဲ့သလင်းမြူမဟုတ်သလိုပဲ...
ဘာမှမသိတဲ့မိန်းကလေးတစ်ယောက်ကိုထိခိုက်အောင်လုပ်မယ်ပေါ့....ဟုတ်လား..."
"ဟုတ်တယ်.....
ငါလည်းမလုပ်သင့်မှန်းသိတယ်!
ဒါပေမယ့်......
လုပ်မှဖြစ်မှာမို့လို့.....
ဒီလမ်းကိုမရွေးရင် နောက်ထပ်ကျန်တဲ့တစ်လမ်းကို ငါစိတ်မကူးရဲအောင် ကြောက်မိလို့...."
ဘယ်အရာကိုအစ်ကိုကဒီလောက်တောင်ကြောက်နေရတာလဲ....
စိုင်းစံထိုအကြောက်တရားကိုမသိပေမယ့် အခုအစ်ကို့ရဲ့ပုံစံကြောင့် အစ်ကို့ကိုသနားသည်။
ဒီလမ်းကိုသူခက်ခက်ခဲခဲရွေးခဲ့ရပုံပင်....
စိုင်းစံဘာမှထပ်မပြောတော့ဘဲ အတန်းဆီပြန်သွားတော့ သလင်းမြူ မသောက်တာကြာပြီဖြစ်သော ဆေးလိပ်တွေကိုရှိုက်ဖွာသည်။
မွန်းကြပ်လွန်းလို့ ထွက်ပေါက်အဖြစ် ကို့နှုတ်ခမ်းတွေကိုအလိုရှိပေမယ့် နမ်းဖို့ရာ သူ့ကိုယ်သူစိတ်မသန့်....
အတန်းထဲသူရောက်သွားတော့ ကောင်းကင်က သူ့အနားမှာတရှုံ့ရှုံ့နှင့်အနံ့ခံလေသည်။
"ဆေးလိပ်တွေသောက်လာတာလား.... "
"မသောက်ပါဘူး..."
"ဆေးလိပ်နံ့တွေဒီလောက်ရနေတာကို....
ကိုယ့်ကိုမညာနဲ့နော်"
"တကယ်မသောက်ခဲ့ဘူး...
သွားတွေ့တဲ့သူငယ်ချင်းသောက်တာ..
အနံ့တွေစွဲလာတာနေမယ်..."
"ဆေးလိပ်မသောက်ရဘူးနော်...."
"အင်းပါ...."
သိနေသည့်စိုင်းစံကဘာမှဝင်မပြောဘဲ စာအုပ်ကိုသာငေးစိုက်ကြည့်ရင်း ငြိမ်နေသည်။
""ညနေကျ အချိန်ပိုင်းလုပ်ရမယ့် coffee shop ကိုသွားမယ်
ခက်အိမ်လိပ်စာပို့ပေး
ကိုယ်ဝင်ခေါ်မယ်""
စူးစမ်းနေသည့် ကောင်းကင်ရဲ့မျက်လုံးတွေမတွေ့သွားအောင် အမြန် message ကိုပို့လိုက်သည်။
"ဘယ်သ့ူဆီ message ပို့တာလဲ..."
"ခုနကသွားတွေ့တဲ့သူငယ်ချင်းကိုပို့တာ......
ညနေကျရင် အပြင်သွားရဦးမှာ....
အလုပ်ကိစ္စနဲ့မို့မလိုက်ခဲ့နဲ့နော်...."
"နေရောင်လေးသဘောပါဗျာ..."
သလင်းမြူအင်္ကျီအနားစကိုချေမွလျှက် တစ်မျိုးပြီးတစ်မျိုးစတင်လိမ်နေရတော့သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
တစ်ညနေခင်းလုံးသူခက်သံစဉ်နဲ့အတူရှိနေပေမယ့် စိတ်က အိမ်မှာစောင့်မျှော်နေမည့် ကောင်းကင်ထံတွင်သာ...
Manager နှင့်စကားပြောပြီး အလုပ်စဆင်းရမည့်ရက်ပါသက်မှတ်ကာ သူခက်သံစဉ်ကိုအိမ်ပြန်ပို့ပေးသည်။
"နေရောင်...
အိမ်ထဲဝင်ဦးလေ...."
"မဝင်တော့ဘူး..."
"လာပါ...
ခက်ဖေဖေ မေမေလည်းပြန်ရောက်နေပြီ...."
ပိုရင်းနှီးမှုရှိစေဖို့ရန် သူမငြင်းတော့...
သလင်းမြူ တစ်ထပ်တိုက်ပုလေးထဲကို လိုက်သွားခဲ့လိုက်သည်။
"သမီးပြန်လာပြီလား....
သူငယ်ချင်းလဲပါလာတာပဲ..."
ခက်သံစဉ်ရဲ့အမေဖြစ်ဟန်တူသည့် အန်တီကြီးကကြိုဆိုစကားဆ်ိုပေမယ့် ဧည့်ခန်းမှာ စာဖတ်နေသည့် ခက်သံစဉ်ရဲ့အဖေကတော့ သူ့ကိုသေချာအကဲခတ်နေသည်။
"သမီး သူငယ်ချင်းကိုထိုင်ခိုင်းဦးလေ..."
"နေရောင် လာ..."
ဧည့်ခန်း sofa မှာ ခက်သံစဉ်ရဲ့ဘေးတွင်ပဲ သူထိုင်လိုက်သည်။
"အလုပ်သွားလျှောက်တာအဆင်ပြေခဲ့လား သမီး..."
"ပြေခဲ့တယ် ဖေဖေ....
မနက်ဖြန်ကနေစပြီး အလုပ်ဆင်းရတော့မှာ...
လစာလည်းကောင်းတယ်...."
"ကျောင်းချိန်ကိုမထိခိုက်ဘူးမလား..."
"ကျောင်းချိန်ပြီးမှလုပ်ရမှာ...
တစ်ရက်လေးနာရီပဲ..."
"ဒီကမောင်ရင်ကပိုင်ရှင်ဆို...."
"ဗျာ....ဟုတ်...."
"သား အအေးလေးသောက်ဦး...."
အအေးခွက်လေးသူ့ရှေ့လာချပေးသည့် ခက်သံစဉ်ရဲ့အမေ...
"ကျေးဇူးတင်ပါတယ် အန်တီ...."
"မောင်ရင့်အသက်က ဦးသမီးနဲ့အတူတူပဲရှိသေးတာမလား..."
"ဟုတ်ပါတယ်..."
"ငယ်သေးတာကို ဒီလိုဆိုင်တွေပိုင်တယ်ဆိုတော့ ဘယ်ကအရင်းအနှီးရတာလဲ မိသားစုကထုတ်ပေးတာလား..."
"ဖေဖေ..."
အမှုစစ်သလို မေးသည့် ဖခင်ဖြစ်သူကြောင့် ခက်သံစဉ်က သူ့ကိုအားနာနေပုံရှိရာ သူခပ်ပြုံးပြုံးပဲ ပြန်ဖြေသည်။
"တကယ်တော့ မေမေ့ အမွေရထားတာပါ..."
"နေရောင့် အမေက သူမဆုံးခင် နေရောင့်ကို ဒီဆိုင်တွေပေးသွားတာ...."
"ဒါဆို မိခင်မရှိတော့ဘူးပေါ့ ဖခင်ကရောဘာအလုပ်လုပ်လဲ..."
"အဖေလည်းမရှိတော့ပါဘူး....."
"ဟေ.....မောင်ရင်ကတစ်ယောက်တည်းသမားပေါ့..."
"အုပ်ထိန်းသူအနေနဲ့ မေမေ့နောက်အိမ်ထောင်အမျိုးသားတော့ရှိပါတယ်...."
"အရက် beer သောက်တတ်လား..."
"သူငယ်ချင်းတွေနဲ့ဆိုတစ်ခါတစ်လေသောက်ဖြစ်တယ်ဗျ..."
"လောင်းကစားဝါသနာပါလား..."
"ကျွန်တော်လောင်းကစားမလုပ်ဖူးဘူး..."
"ရည်းစားဘယ်နှယောက်ထားဖူးလဲ..."
"ဗျာ.."
"ယောက်ျား....
မေးနေတာတော်လောက်ပြီ....ကလေးကိုအားနာစရာ...."
"အေးပါ....
ငါလည်းငါ့သမီးကောင်လေးကယုံရလား မယုံရလား သေချာသိချင်လို့ပါဟ...."
"ဖေဖေ....
နေရောင်ကသမီးကောင်လေးမဟုတ်ပာဘူးဆို...."
မျက်နှာအရဲသားနဲ့ခက်သံစဉ်ကြောင့် ထိုဦးလေးကြီးကခပ်ပြုံးပြုံးသာ...
"ဦးသမီးလေးကိုဘယ်လိုမြင်လဲ..."
"ခက်က...
အရမ်းခင်ဖို့ကောင်းပါတယ်
ပွင့်လင်းတယ် စိတ်ထားကောင်းတယ်
အံ့ဩဖို့လည်းကောင်းတယ်..."
"အံ့ဩဖို့ကောင်းတယ်?"
"ဟုတ်တယ်...
ကျောင်းဘောလုံးပွဲအားပေးကြတုန်းကဆိုရင် တစ်ဖက်အသင်းသားတွေလူချလို့ ထအော်လိုက်တာများ ကျွန်တော်တောင်လန့်သွားတယ်..."
"ဟုတ်လား...ငါ့သမီးကတော့ကွာ...."
"ညစာစားပြီးမှပြန်ရမယ်နော် နေရောင်..."
ခက်သံစဉ်ရဲ့မိသားစုလေးက တကယ်ကိုနွေးထွေးပါသည်။
သူ့ကိုကားနားလိုက်ပို့ပေးပြီး လက်ပြနှုတ်ဆက်ကာကျန်နေခဲ့သည့် ခက်သံစဉ်...
တောင်းပန်ပါတယ်.....
ခြံထဲမှာ သူ့ကိုထိုင်စောင့်နေသည့် ချစ်ရသူကိုတွေ့တာနဲ့ သူအတတ်နိုင်ဆုံး အားတင်းပြုံးပြလိုက်သည်။
"ပြန်လာပြီလား...
ညစာအတူစားဖို့ကိုယ်ကစောင့်နေတာ...
အမြန်သွားစားရအောင် ကိုယ်ဗိုက်ဆာနေပြီ...."
ခက်သံစဉ်ရဲ့အိမ်မှာ သူစားလာခဲ့ပေမယ့် ကောင်းကင်ကို တစ်ယောက်တည်းမစားစေလိုပါ...
ကောင်းကင်စိတ်ချမ်းသာအောင် ထည့်ပေးသမျှသူဝင်အောင်စားသည်။
ခါတိုင်းလိုမဟုတ် သူများများမစားနိုင်ဘဲ ရင်ထဲဆို့တစ်နေသည်။
"ဟင်းမကြိုက်ဘူးလား..."
"ရင်ပြည့်နေလို့..."
"အဲ့တာဆိုမစားနဲ့တော့လေ....
ဆေးသောက်ရမယ်..."
ကောင်းကင်တိုက်တဲ့ဆေးကိုအသာတကြည်သောက်ပြီး ခြံထဲဆင်းလမ်းလျှောက်ရသည်။
"ကိုပြန်တော့..."
"ဘာလို့ပြန်ရမှာလဲ...
ချစ်နဲ့အိပ်မှာလေ..."
"ကိုယ့်အိမ်ကိုယ်ပြန်အိပ်ကွာ..."
"ချစ်ကလည်း ခါတိုင်းအတူအိပ်နေကျပဲကို..."
"အိပ်ရင်ကိုကကောင်းကောင်းအိပ်လို့လား!
လူကိုဟိုထိသည်ထိနဲ့...ဟွန့်...."
"အဲ့တာကတော့ကွာ ချစ်ကလည်း.... "
"ကိုကတိပေးထားတယ်လေ.....
မင်္ဂလာဦးညမှဆို....
လိမ္မာပါတယ်နော်...."
နှုတ်ဆက်အနမ်းတစ်ပွင့်ခြွေကာ သူအချိုသပ်ဆပြီးပြောရသည်။
ကောင်းကင် အောင့်သက်သက်နဲ့ပြန်သွားရှာသည်။
Relation တစ်ခုကိုစတင်ဖို့ အလျင်မြန်ဆုံးနဲ့အလွယ်ကူဆုံးဖြစ်သည့် messenger မှာ သူခက်သံစဉ်နှင့်စကားပြောသည်။
တစ်ဖက်ကလည်းကောင်းကင်နဲ့ပြောရတော့ ခါတိုင်းလို သူ့ reply တွေမမြန်ဆန်နိုင်...
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ဒီရက်ပိုင်းအတွင်းနေရောင်နှင့်သူကင်းကွာနေသလိုခံစားရသည်။
အတန်းချိန်တွေဆို ကိစ္စတစ်ခုခုကြောင့်လစ်သွားတာမျိုး...
ညနေပိုင်းတွေဆို coffee ဆိုင်တွေစာရင်းစစ်စရာရှိလို့ဆိုပြီး အမြဲအပြင်သွားတာမျိုး...
တစ်ယောက်ယောက်နဲ့ chat နေတာ message ခိုးပို့နေတာတွေလည်းအကြိမ်ရေပေါင်းများစွာ...
အဆိုးဆုံးကသူနဲ့အတူအိပ်ဖို့ ငြင်းဆန်ခြင်းပင်...
ညဘက်တွေ online ပေါ်မှာရှိနေရင်တောင် သူ့ကို reply ပြန်တာကြာသည်။
Online ပေါ်မရှိရင် သူဖုန်းဆက်ကြည့်တိုင်း ဖုန်းမအားတာတွေ.....
သူရိပ်မိပါသည်။
နေရောင့်အာရုံဟာ သူတစ်ယောက်တည်းအပေါ်မှာမရှိမှန်းသူသိသည်။
ဒါပေမယ့် သံသယမဝင်ရက်.....
အပြည့်အဝယုံကြည်ပေးထားသည်။ နေရောင်သူ့ကိုတကယ်ချစ်မှန်းခံစားမိသောကြောင့်
ခက်သံစဉ်ကို ဆိုင်ကနေအိမ်ပြန်ပို့ပေးပြီး သူလည်းအိမ်ကိုပြန်ရောက်တော့ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်နှင့် တစ်ဖက်အိမ်မှ မီးလင်းနေဆဲအခန်းလေးကိုညတိုင်း ငေးမောမိသည်။
သူခက်သံစဉ်ကိုဖွင့်ပြောခဲ့ပြီး ခံစားချက်မပါတဲ့နှလုံးသားနဲ့ ချစ်ပါတယ်လို့ညာခဲ့ပြီ....
သူမကတော့ လုံးဝဟန်ဆောင်ခြင်းကင်းစွာ ပျော်နေသည်။
အသက်ရှူချောင်ရမယ့်အစား သူပိုပြီးအသက်ရှူရခက်လာသလိုပင်....
တစ်ဖက်ကသူသိပ်ချစ်ရတဲ့ ကောင်းကင် နောက်တစ်ဖက်မှာ သူ့ကိုသိပ်ချစ်တဲ့ ခက်သံစဉ်...
နှစ်ဦးစလုံးဟာ သူ့ရဲ့တကယ့်သက်ဆိုင်သူတွေမဟုတ်ပေမယ့် နှစ်ဦးစလုံးကို မနာကျင်စေချင်...
အိပ်မပျော်တဲ့ညတွေဆက်လာခဲ့သလို မနက်တိုင်းလည်း သူစိတ်ဟာနွမ်းနယ်နေသည်။
"ငယ် စိတ်ညစ်စရာတွေရှိနေလား..."
သူ့ကိုအားပေးကူညီဖို့ အသင့်ဖြစ်နေတဲ့ကိုကို့ကိုလည်း သူ့အပူကိုမပြောပြချင်....
သူရွေးချယ်ခဲ့တာပဲ နောင်တရရင်တောင် တားခဲ့တဲ့ကိုကို့ကိုဒုက္ခမပေးသင့်ဘူးမလား...
သူနဲ့ခက်သံစဉ်ကိုအတူတွဲတွဲတွေ့ရလို့ ရိပ်မိနေကြသူတွေလည်းရှိလောက်သည်။
ဒီနေ့သူကျောင်းမသွားဖြစ်....
မသွားချင်တာဆိုပိုမှန်မည်ထင်...
တစ်နေကုန်အိပ်ဖို့ကြံရွယ်ထားပေမယ့်ကောင်းကင်ရဲ့နာမည်ကိုရေရွတ်ရင်း သူအိပ်မပျော်နိုင်ပြန်။
🎶📲 phone rings....
"ကျစ်..."
""Sai San""
"အင်းပြော..."
"အစ်ကို...
ငစစ်......သိသွားပြီ......
ခက်သံစဉ်ကိစ္စ...."
"သူအခုဘယ်မှာလဲ...."
သလင်းမြူ ဟန်မပျက်အသံကိုထိန်းထားပေမယ့် အတွင်းစိတ်ကတော့ လုံးဝကိုခြောက်ခြားနေပြီ...
"မသိဘူး....
အခုပဲ ဆိုင်ကယ်နဲ့ထွက်သွားတာ....."
"ဘယ်လို...ဘယ်လိုသိသွားတာလဲ..."
"Mail box ဖွင့်ကြည့်လိုက်...."
သလင်းမြူ MU mail box ကိုအမြန်ဝင်ကြည့်လိုက်တော့ ခက်သံစဉ်နဲ့သူ့ရဲ့ဓာတ်ပုံအချို့...
ကျောင်းကပုံတွေတင်မက coffee shop ကနေအိမ်ပြန်ပို့ပေးတာတွေကိုပါ သေချာလိုက်ရိုက်ပြီးတစ်ယောက်ယောက်ကပေးပို့ထားတာမျိုး....
"တောက်!!!
စူးနေရောင်ထက်! "
တရားခံဟာနှစ်ယောက်မရှိနိုင်အောင်သေချာသည်။
ကောင်းကင်ကိုသူအရင်ဆုံးလိုက်ရှာရမည်။
🎶📲 phone rings...
""Khat Than Zin""
"Hello ခက် ကိုယ်အခုမအားသေး"
"စစ်ကောင်းကင်နိုင်...."
သလင်းမြူပြောနေသည့်စကားမဆုံးသေး ဖြတ်ပြောသည့်ခက်သံစဉ်....
"သူ ခက်နဲ့ရှိနေတယ်....
နေရောင်လာခဲ့နိုင်မလား..."
"ခက်တို့ဘယ်မှာလဲ...."
ကန်တော်ကြီးက စားသောက်ဆိုင်တစ်ဆိုင်ဆီကို သူအမြန်မောင်းနှင်ရင်း ကောင်းကင်ဘယ်လောက်နာကျင်နေမလဲ တွေးမိကာ ကိုယ့်ကိုကိုယ်ထုရိုက်ရုံသာမက ကားစတီယာရင်ကိုလည်း ရိုက်မိသည်ကအခါခါ.....
ဆိုင်ထဲဝင်ဝင်ချင်းမြင်ရသည့် မြင်ကွင်းကြောင့် ရစ်ဝဲလာသည့် မျက်ရည်တွေ....
ခက်သံစဉ်ရဲ့အရှေ့မှာ ဒူးထောက်ကာ ခေါင်းငုံ့ထားသည့်ကောင်းကင်....
"ကောင်းကင်....
ဒါဘာလုပ်နေတာလဲ....
ထ...."
".........."
"ခက်ကိုစကားပြောချင်တယ်ဆိုပြီး သူဒီဆိုင်ကိုခေါ်လို့ခက်လာတာ....
နေရောင်နဲ့မပတ်သက်ပါနဲ့ဆိုပြီး သူဒီလိုစဒူးထောက်တော့တာပဲ...."
"ကောင်းကင် ထ...."
"......."
တုပ်တုပ်မလှုပ်ဘဲ ကောင်းကင်ကခေါင်းငုံ့ထားဆဲ...
"ထလို့ငါပြောနေတယ်!!"
သူကောင်းကင်ရဲ့ဘေးမှာ ဒူးထောက်ထိုင်ချလိုက်သည်။
"အခုထပါ....
ချစ်ပြောစကားကိုနားမထောင်တော့ဘူးလား...."
မြင်လိုက်ရသည့် မျက်ဝန်းတွေဟာ မျက်ရည်တွေနှင့် စိုရွှဲလျက်...
"အခုပြန်ရအောင်နော်...."
ကျန်နေခဲ့သည့် ခက်သံစဉ်ကိုသူစကားတစ်ခွန်းမဆိုနိုင် ကောင်းကင်ကိုသာထိုနေရာမှ အမြန်ခေါ်ထုတ်ခဲ့သည်။
ဆိုင်ကယ်ကိုနောက်မှလာယူမယ်ဆိုပြီး ဆိုင်မှာအပ်ထားခဲ့ရသည်။
ကန်ပတ်လမ်း တစ်နေရာမှာ သူကားကိုရပ်လိုက်သည်။
"ကိုယ့်ကိုမထားခဲ့ပါနဲ့...."
သူ့ကိုပွေ့ဖက်လာရင်း ငိုသည့်ကောင်းကင်....
"တောင်းပန်ပါတယ်......"
"ခက်သံစဉ်နဲ့ချစ်တွဲချင်တွဲနိုင်တယ်...
ကိုနဲ့လမ်းတော့မခွဲပါနဲ့...."
သလင်းမြူ ပြောမည့်စကားတွေဟာ အစဖော်မရအောင်ကိုပျောက်ရှလျှက်.....
"ကိုယ် silent အဖြစ်နဲ့ဒုတိယနေရာမှာလည်းနေနိုင်တယ်....
ကိုယ်ချစ်မရှိဘဲတော့ မနေနိုင်လို့ပါ....
ကိုယ်ရူးသွားလိမ့်မယ်...."
ကောင်းကင်ကိုအိမ်ပြန်ခေါ်သွားပြီး အိပ်ပျော်သွားသည်အထိ သူအနားမှာရှိနေပေးရသည်။
ခြေတစ်လှမ်းမလှမ်းချင်လောက်အောင်ကို သူ့တစ်ကိုယ်လုံးလေးလံနေပြီ....
ရေခဲသေတ္တာထဲမှ beer ဘူးတွေယူပြီး အပေါ်ထပ်အခန်းထဲမှာဆက်တိုက်သောက်မိသည်။
သူရယ်နေမိတယ် မျက်ဝန်းကတသွင်သွင်စီးကျနေတဲ့မျက်ရည်တွေကို လှစ်လျူရှူရင်း....
နောက်ထပ် beer တစ်ဘူးကိုဖောက်လိုက်ချိန် ကွင်းလေးနှင့်ဆက်လျှက်ရှိသည့် ပါးလွှာသော သတ္ထုပြားလေးကိုငေးစိုက်ကြည့်နေရာမှ သူ့လက်ကောက်ဝတ်ပေါ်ချိန်ရွယ်လိုက်သည်။
"ငယ်!"
သူ့လက်ထဲကသတ္ထုပြားလေးကိုလုယူပြီး အဝေးကိုလွှင့်ပစ်လိုက်သည့်ကိုကို.....
"အဲ့လိုတွေမလုပ်ရဘူးလေ.....
သတိထားပါဦး!!"
သူ့ပုခုံးတွေကိုလှုပ်ယမ်းသည်။
မျက်တွင်းတွေကျပြီး အသက်မဲ့သူတစ်ယောက်လိုဖြစ်နေတဲ့ သူ့ရဲ့ငယ်....
"ဘာတွေဖြစ်လို့လဲ.....ဟင်...
ကိုကို့ကိုပြောပြ...."
"ကိုကို....."
"အင်း...."
"သား....သူ့ကိုမကာကွယ်နိုင်ခဲ့ဘူး.....
သားမှန်မယ်ထင်ခဲ့တာ....
အခုတော့.......သူအရမ်းနာကျင်နေရပြီ...."
ငယ်လေးပြောသမျှကိုနားထောင်ရင်း ဘုန်းရှိန်ဝါထက် သက်ပြင်းချရုံမှအပ ဘယ်လိုအကြံဉာဏ်ပေးရမလဲ တွေးမရ....
"စစ်ကောင်းကင်နိုင်ကို ချစ်ရင်....
သတ္တိရှိရမယ်လေ ငယ်....
နှလုံးသားကပြောတာကိုသေချာနားထောင်ရမယ်..."
သတ္တိရှိရမယ်...
သူ စူးနေရောင်ထက် ကိုဖုန်းခေါ်လိုက်သည်။
"Hello"
"ငါမလုပ်နိုင်တော့ဘူး...."
"မင်းဘာပြောချင်တာလဲ...."
"ငါခက်သံစဉ်နဲ့ဆက်မပတ်သက်နိုင်တော့ဘူး...
ကောင်းကင်ကိုလည်းမလိမ်နိုင်တော့ဘူး..."
"အဲ့တော့မင်းကငါပြောသလိုမလုပ်နိုင်ဘူးပေါ့.."
"အင်း..."
"မင်းပြဿနာတက်နိုင်တာကိုမေ့နေလား..."
"ထပ်ခြိမ်းခြောက်ပြန်ပြီ....
မင်းလည်းမမေ့နဲ့......ဓနဆိုတဲ့ကောင်နဲ့ကိစ္စကို......."
"မင်း!"
"ငါ့ကိုစာချုပ်နဲ့ထပ်ပြီးအကျပ်ကိုင်ရင် ငါဓနဆိုတဲ့လူကို မင်းအကြောင်းသွားပြောပစ်မယ်...
ပြီးတော့ မင်းဆေးစွဲနေတဲ့ video ငါ့ဆီမှာ copy ရှိနေသေးတယ်....
ငါပြောတာနားလည်တယ်မလား....ငါ့ကိုကြိုးဆွဲဖို့ကြိုးစားနေတဲ့မင်းလက်ချောင်းတွေကို ငါအချိန်မရွေးဖြတ်ပစ်နိုင်တယ်..."
တင်းတင်းဆုပ်ထားသည့် လက်သီးကိုဖြေလျော့ပြီး အသက်ကိုဝဝရှူသွင်းလိုက်သည်။
ငါတစ်ယောက်တည်းအကြောက်တရားရှိတာမဟုတ်ပါဘူး....
ငါ့အားနည်းချက်ကိုလာနင်းရင် မင်းအားနည်းချက်ကိုလည်း ငါပြန်နင်းမယ်....
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
လူတစ်ယောက်ဟာ
ငါသတ်မသေပါဘူးလို့ပြောရင်
သူသတ်သေဖို့တွေးနေခဲ့ဖူးလို့ပါ
************************************
Zawgyi
"ခက္ကမႏ ၱေလးဇာတိလား..."
"မဟုတ္ဘူး...
ခက္ကိုေမြးတာကေတာင္ႀကီးမွာ...
ေဖေဖနဲ႔ေမေမက အစိုးရဝန္ထမ္းေတြမို႔ အျမဲနယ္ေျပာင္းေနရတာေလ..."
"ေဩာ္..."
"ေနေရာင္ကေရာ.... "
"ကိုယ္ကေတာ့ မန ၱေလးသားစစ္စစ္..."
သလင္းျမဴ စိတ္မပါေပမယ့္ ျပဳံးရယ္ေနရသည္။
"ေနေရာင့္မိဘေတြကေရာ..."
"ကိုယ့္မွာမိဘေတြမ႐ွိေတာ့ဘူး...
Stepfather ပဲ႐ွိတာ..."
"Sorry ေနာ္...
ခက္ကမသိလို႔..."
"ရပါတယ္.... "
"Stepfather ကေနေရာင့္ကိုေထာက္ပံ့ေပးတာေပါ့...."
"မဟုတ္ဘူး...
ကိုယ့္မွာကိုယ္ပိုင္လုပ္ငန္း႐ွိတယ္...."
"Woah!
အားက်လိုက္တာ....
ခက္လည္းအလုပ္ေလး႐ွိခ်င္တာ...
ေဖေဖေမေမဆီကလက္ျဖန္႔ေတာင္းေနရတာၾကာေတာ့႐ွက္လာၿပီ
ဒါေပမယ့္ ခက္တက္ေနတာက day ဆိုေတာ့ အလုပ္ရဖို႔က......... အဟင္း...သိတယ္မလား..."
"Part time လုပ္မလား...."
"႐ွိလား...
ဘယ္မွာလဲ...."
"Coffee shop တစ္ခုမွာ...
ညေနေလးနာရီေလာက္ကေန ည႐ွစ္နာရီဆိုင္ပိတ္ခ်ိန္ထိ..."
"ခက္လုပ္ခ်င္တယ္...."
"Ok..."
အတန္းထဲဝင္သြားသည့္ခက္သံစဥ္ကိုလက္ျပၿပီး သလင္းျမဴဖုန္းေျပာရန္ toilet ဆီဦးတည္ခဲ့သည္။
"ဆုံးျဖတ္ၿပီးၿပီလား..."
"အင္း....
ငါခက္သံစဥ္ကိုလိုက္မယ္..."
"ထင္တဲ့အတိုင္းပဲ...ဟား..."
"မင္းရဲ႕ coffee shop တစ္ခုမွာ ခက္သံစဥ္ကို part time ဝင္လုပ္ခြင့္ေပးလို႔ရမလား..."
"Part time?
ရတယ္.....
အခုမင္းကငါပဲေလ....
မင္းဘာသာပဲ သူ႔ကိုဆိုင္ေခၚသြားၿပီး manager ကိုေျပာလိုက္ေပါ့..."
"ေက်းဇူး..."
"ျမန္ျမန္လႈပ္႐ွား...
ငါကအခ်ိန္ဆြဲတာမႀကိဳက္ဘူး...."
ထုံးစံအတိုင္းစူးေနေရာင္ထက္ဘက္ကပဲ ဖုန္းအရင္ခ်သြားသည္။
တစ္ရက္ေတာင္မျပည့္ေသးေပမယ့္ ဘာလို႔အရမ္းပင္ပန္းေနရတာလဲ......
ေလပူေတြကိုသာသူမႈတ္ထုတ္ေနမိသည္။
"အစ္ကို..."
သူဆတ္ကနဲတုန္သြားကာ လွည့္ၾကည့္လိုက္ေတာ့ စိုင္းစံ....
"အစ္ကိုဘာေတြလုပ္ေနတာလဲ...."
"ဘယ္တုန္းကေရာက္ေနတာလဲ....."
"ခက္သံစဥ္ကိုဘာကိစၥလိုက္မွာလဲ....
အစ္ကိုအဲ့ေကာင္မေလးကိုႀကိဳက္လို႔လား..."
"မင္းအကုန္ၾကားသြားတာပဲ..."
"ကြၽန္ေတာ္ေမးတာေတြေျဖဦးေလ....
ခက္သံစဥ္နဲ႔ဘာလုပ္မလို႔လဲ..."
"ငါသူ႔ကိုရေအာင္လိုက္ရမွာ...."
"ဘာလို႔လဲ...."
"စူးေနေရာင္ထက္ ခိုင္းလို႔...."
"သူခိုင္းတာနဲ႔ လုပ္စရာလား..."
"ငါကသူနဲ႔စာခ်ဳပ္ခ်ဳပ္ၿပီး သူ႔ေပးတဲ့ေငြကိုယူထားေတာ့ သူခိုင္းရင္ငါလုပ္ေပးရမွာပဲ...."
"အစ္ကိုသတၱိေၾကာင္လိုက္တာ...
အရင္ကကြၽန္ေတာ္သိတဲ့သလင္းျမဴမဟုတ္သလိုပဲ...
ဘာမွမသိတဲ့မိန္းကေလးတစ္ေယာက္ကိုထိခိုက္ေအာင္လုပ္မယ္ေပါ့....ဟုတ္လား..."
"ဟုတ္တယ္.....
ငါလည္းမလုပ္သင့္မွန္းသိတယ္!
ဒါေပမယ့္......
လုပ္မွျဖစ္မွာမို႔လို႔.....
ဒီလမ္းကိုမေရြးရင္ ေနာက္ထပ္က်န္တဲ့တစ္လမ္းကို ငါစိတ္မကူးရဲေအာင္ ေၾကာက္မိလို႔...."
ဘယ္အရာကိုအစ္ကိုကဒီေလာက္ေတာင္ေၾကာက္ေနရတာလဲ....
စိုင္းစံထိုအေၾကာက္တရားကိုမသိေပမယ့္ အခုအစ္ကို႔ရဲ႕ပုံစံေၾကာင့္ အစ္ကို႔ကိုသနားသည္။
ဒီလမ္းကိုသူခက္ခက္ခဲခဲေရြးခဲ့ရပုံပင္....
စိုင္းစံဘာမွထပ္မေျပာေတာ့ဘဲ အတန္းဆီျပန္သြားေတာ့ သလင္းျမဴ မေသာက္တာၾကာၿပီျဖစ္ေသာ ေဆးလိပ္ေတြကိုရိွဳက္ဖြာသည္။
မြန္းၾကပ္လြန္းလို႔ ထြက္ေပါက္အျဖစ္ ကို႔ႏႈတ္ခမ္းေတြကိုအလို႐ွိေပမယ့္ နမ္းဖို႔ရာ သူ႔ကိုယ္သူစိတ္မသန္႔....
အတန္းထဲသူေရာက္သြားေတာ့ ေကာင္းကင္က သူ႔အနားမွာတ႐ႈံ႕႐ႈံ႕ႏွင့္အနံ႔ခံေလသည္။
"ေဆးလိပ္ေတြေသာက္လာတာလား.... "
"မေသာက္ပါဘူး..."
"ေဆးလိပ္နံ႔ေတြဒီေလာက္ရေနတာကို....
ကိုယ့္ကိုမညာနဲ႔ေနာ္"
"တကယ္မေသာက္ခဲ့ဘူး...
သြားေတြ႔တဲ့သူငယ္ခ်င္းေသာက္တာ..
အနံ႔ေတြစြဲလာတာေနမယ္..."
"ေဆးလိပ္မေသာက္ရဘူးေနာ္...."
"အင္းပါ...."
သိေနသည့္စိုင္းစံကဘာမွဝင္မေျပာဘဲ စာအုပ္ကိုသာေငးစိုက္ၾကည့္ရင္း ၿငိမ္ေနသည္။
""ညေနက် အခ်ိန္ပိုင္းလုပ္ရမယ့္ coffee shop ကိုသြားမယ္
ခက္အိမ္လိပ္စာပို႔ေပး
ကိုယ္ဝင္ေခၚမယ္""
စူးစမ္းေနသည့္ ေကာင္းကင္ရဲ႕မ်က္လုံးေတြမေတြ႔သြားေအာင္ အျမန္ message ကိုပို႔လိုက္သည္။
"ဘယ္သ႔ူဆီ message ပို႔တာလဲ..."
"ခုနကသြားေတြ႔တဲ့သူငယ္ခ်င္းကိုပို႔တာ......
ညေနက်ရင္ အျပင္သြားရဦးမွာ....
အလုပ္ကိစၥနဲ႔မို႔မလိုက္ခဲ့နဲ႔ေနာ္...."
"ေနေရာင္ေလးသေဘာပါဗ်ာ..."
သလင္းျမဴ အက်ႌအနားစကိုေခ်မြလ်ွက္ တစ္မ်ိဳးၿပီးတစ္မ်ိဳးစတင္လိမ္ေနရေတာ့သည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
တစ္ညေနခင္းလုံးသူခက္သံစဥ္နဲ႔အတူ႐ွိေနေပမယ့္ စိတ္က အိမ္မွာေစာင့္ေမ်ွာ္ေနမည့္ ေကာင္းကင္ထံတြင္သာ...
Manager ႏွင့္စကားေျပာၿပီး အလုပ္စဆင္းရမည့္ရက္ပါသက္မွတ္ကာ သူခက္သံစဥ္ကိုအိမ္ျပန္ပို႔ေပးသည္။
"ေနေရာင္...
အိမ္ထဲဝင္ဦးေလ...."
"မဝင္ေတာ့ဘူး..."
"လာပါ...
ခက္ေဖေဖ ေမေမလည္းျပန္ေရာက္ေနၿပီ...."
ပိုရင္းႏွီးမႈ႐ွိေစဖို႔ရန္ သူမျငင္းေတာ့...
သလင္းျမဴ တစ္ထပ္တိုက္ပုေလးထဲကို လိုက္သြားခဲ့လိုက္သည္။
"သမီးျပန္လာၿပီလား....
သူငယ္ခ်င္းလဲပါလာတာပဲ..."
ခက္သံစဥ္ရဲ႕အေမျဖစ္ဟန္တူသည့္ အန္တီႀကီးကႀကိဳဆိုစကားဆ္ိုေပမယ့္ ဧည့္ခန္းမွာ စာဖတ္ေနသည့္ ခက္သံစဥ္ရဲ႕အေဖကေတာ့ သူ႔ကိုေသခ်ာအကဲခတ္ေနသည္။
"သမီး သူငယ္ခ်င္းကိုထိုင္ခိုင္းဦးေလ..."
"ေနေရာင္ လာ..."
ဧည့္ခန္း sofa မွာ ခက္သံစဥ္ရဲ႕ေဘးတြင္ပဲ သူထိုင္လိုက္သည္။
"အလုပ္သြားေလ်ွာက္တာအဆင္ေျပခဲ့လား သမီး..."
"ေျပခဲ့တယ္ ေဖေဖ....
မနက္ျဖန္ကေနစၿပီး အလုပ္ဆင္းရေတာ့မွာ...
လစာလည္းေကာင္းတယ္...."
"ေက်ာင္းခ်ိန္ကိုမထိခိုက္ဘူးမလား..."
"ေက်ာင္းခ်ိန္ၿပီးမွလုပ္ရမွာ...
တစ္ရက္ေလးနာရီပဲ..."
"ဒီကေမာင္ရင္ကပိုင္႐ွင္ဆို...."
"ဗ်ာ....ဟုတ္...."
"သား အေအးေလးေသာက္ဦး...."
အေအးခြက္ေလးသူ႔ေ႐ွ႕လာခ်ေပးသည့္ ခက္သံစဥ္ရဲ႕အေမ...
"ေက်းဇူးတင္ပါတယ္ အန္တီ...."
"ေမာင္ရင့္အသက္က ဦးသမီးနဲ႔အတူတူပဲ႐ွိေသးတာမလား..."
"ဟုတ္ပါတယ္..."
"ငယ္ေသးတာကို ဒီလိုဆိုင္ေတြပိုင္တယ္ဆိုေတာ့ ဘယ္ကအရင္းအႏွီးရတာလဲ မိသားစုကထုတ္ေပးတာလား..."
"ေဖေဖ..."
အမႈစစ္သလို ေမးသည့္ ဖခင္ျဖစ္သူေၾကာင့္ ခက္သံစဥ္က သူ႔ကိုအားနာေနပုံ႐ွိရာ သူခပ္ျပဳံးျပဳံးပဲ ျပန္ေျဖသည္။
"တကယ္ေတာ့ ေမေမ့ အေမြရထားတာပါ..."
"ေနေရာင့္ အေမက သူမဆုံးခင္ ေနေရာင့္ကို ဒီဆိုင္ေတြေပးသြားတာ...."
"ဒါဆို မိခင္မ႐ွိေတာ့ဘူးေပါ့ ဖခင္ကေရာဘာအလုပ္လုပ္လဲ..."
"အေဖလည္းမ႐ွိေတာ့ပါဘူး....."
"ေဟ.....ေမာင္ရင္ကတစ္ေယာက္တည္းသမားေပါ့..."
"အုပ္ထိန္းသူအေနနဲ႔ ေမေမ့ေနာက္အိမ္ေထာင္အမ်ိဳးသားေတာ့႐ွိပါတယ္...."
"အရက္ beer ေသာက္တတ္လား..."
"သူငယ္ခ်င္းေတြနဲ႔ဆိုတစ္ခါတစ္ေလေသာက္ျဖစ္တယ္ဗ်..."
"ေလာင္းကစားဝါသနာပါလား..."
"ကြၽန္ေတာ္ေလာင္းကစားမလုပ္ဖူးဘူး..."
"ရည္းစားဘယ္ႏွေယာက္ထားဖူးလဲ..."
"ဗ်ာ.."
"ေယာက္်ား....
ေမးေနတာေတာ္ေလာက္ၿပီ....ကေလးကိုအားနာစရာ...."
"ေအးပါ....
ငါလည္းငါ့သမီးေကာင္ေလးကယုံရလား မယုံရလား ေသခ်ာသိခ်င္လို႔ပါဟ...."
"ေဖေဖ....
ေနေရာင္ကသမီးေကာင္ေလးမဟုတ္ပာဘူးဆို...."
မ်က္ႏွာအရဲသားနဲ႔ခက္သံစဥ္ေၾကာင့္ ထိုဦးေလးႀကီးကခပ္ျပဳံးျပဳံးသာ...
"ဦးသမီးေလးကိုဘယ္လိုျမင္လဲ..."
"ခက္က...
အရမ္းခင္ဖို႔ေကာင္းပါတယ္
ပြင့္လင္းတယ္ စိတ္ထားေကာင္းတယ္
အံ့ဩဖို႔လည္းေကာင္းတယ္..."
"အံ့ဩဖို႔ေကာင္းတယ္?"
"ဟုတ္တယ္...
ေက်ာင္းေဘာလုံးပြဲအားေပးၾကတုန္းကဆိုရင္ တစ္ဖက္အသင္းသားေတြလူခ်လို႔ ထေအာ္လိုက္တာမ်ား ကြၽန္ေတာ္ေတာင္လန္႔သြားတယ္..."
"ဟုတ္လား...ငါ့သမီးကေတာ့ကြာ...."
"ညစာစားၿပီးမွျပန္ရမယ္ေနာ္ ေနေရာင္..."
ခက္သံစဥ္ရဲ႕မိသားစုေလးက တကယ္ကိုေႏြးေထြးပါသည္။
သူ႔ကိုကားနားလိုက္ပို႔ေပးၿပီး လက္ျပႏႈတ္ဆက္ကာက်န္ေနခဲ့သည့္ ခက္သံစဥ္...
ေတာင္းပန္ပါတယ္.....
ျခံထဲမွာ သူ႔ကိုထိုင္ေစာင့္ေနသည့္ ခ်စ္ရသူကိုေတြ႔တာနဲ႔ သူအတတ္ႏိုင္ဆုံး အားတင္းျပဳံးျပလိုက္သည္။
"ျပန္လာၿပီလား...
ညစာအတူစားဖို႔ကိုယ္ကေစာင့္ေနတာ...
အျမန္သြားစားရေအာင္ ကိုယ္ဗိုက္ဆာေနၿပီ...."
ခက္သံစဥ္ရဲ႕အိမ္မွာ သူစားလာခဲ့ေပမယ့္ ေကာင္းကင္ကို တစ္ေယာက္တည္းမစားေစလိုပါ...
ေကာင္းကင္စိတ္ခ်မ္းသာေအာင္ ထည့္ေပးသမ်ွသူဝင္ေအာင္စားသည္။
ခါတိုင္းလိုမဟုတ္ သူမ်ားမ်ားမစားႏိုင္ဘဲ ရင္ထဲဆို႔တစ္ေနသည္။
"ဟင္းမႀကိဳက္ဘူးလား..."
"ရင္ျပည့္ေနလို႔..."
"အဲ့တာဆိုမစားနဲ႔ေတာ့ေလ....
ေဆးေသာက္ရမယ္..."
ေကာင္းကင္တိုက္တဲ့ေဆးကိုအသာတၾကည္ေသာက္ၿပီး ျခံထဲဆင္းလမ္းေလ်ွာက္ရသည္။
"ကိုျပန္ေတာ့..."
"ဘာလို႔ျပန္ရမွာလဲ...
ခ်စ္နဲ႔အိပ္မွာေလ..."
"ကိုယ့္အိမ္ကိုယ္ျပန္အိပ္ကြာ..."
"ခ်စ္ကလည္း ခါတိုင္းအတူအိပ္ေနက်ပဲကို..."
"အိပ္ရင္ကိုကေကာင္းေကာင္းအိပ္လို႔လား!
လူကိုဟိုထိသည္ထိနဲ႔...ဟြန္႔...."
"အဲ့တာကေတာ့ကြာ ခ်စ္ကလည္း.... "
"ကိုကတိေပးထားတယ္ေလ.....
မဂၤလာဦးညမွဆို....
လိမၼာပါတယ္ေနာ္...."
ႏႈတ္ဆက္အနမ္းတစ္ပြင့္ေႁခြကာ သူအခ်ိဳသပ္ဆၿပီးေျပာရသည္။
ေကာင္းကင္ ေအာင့္သက္သက္နဲ႔ျပန္သြား႐ွာသည္။
Relation တစ္ခုကိုစတင္ဖို႔ အလ်င္ျမန္ဆုံးနဲ႔အလြယ္ကူဆုံးျဖစ္သည့္ messenger မွာ သူခက္သံစဥ္ႏွင့္စကားေျပာသည္။
တစ္ဖက္ကလည္းေကာင္းကင္နဲ႔ေျပာရေတာ့ ခါတိုင္းလို သူ႔ reply ေတြမျမန္ဆန္ႏိုင္...
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
ဒီရက္ပိုင္းအတြင္းေနေရာင္ႏွင့္သူကင္းကြာေနသလိုခံစားရသည္။
အတန္းခ်ိန္ေတြဆို ကိစၥတစ္ခုခုေၾကာင့္လစ္သြားတာမ်ိဳး...
ညေနပိုင္းေတြဆို coffee ဆိုင္ေတြစာရင္းစစ္စရာ႐ွိလို႔ဆိုၿပီး အျမဲအျပင္သြားတာမ်ိဳး...
တစ္ေယာက္ေယာက္နဲ႔ chat ေနတာ message ခိုးပို႔ေနတာေတြလည္းအႀကိမ္ေရေပါင္းမ်ားစြာ...
အဆိုးဆုံးကသူနဲ႔အတူအိပ္ဖို႔ ျငင္းဆန္ျခင္းပင္...
ညဘက္ေတြ online ေပၚမွာ႐ွိေနရင္ေတာင္ သူ႔ကို reply ျပန္တာၾကာသည္။
Online ေပၚမ႐ွိရင္ သူဖုန္းဆက္ၾကည့္တိုင္း ဖုန္းမအားတာေတြ.....
သူရိပ္မိပါသည္။
ေနေရာင့္အာ႐ုံဟာ သူတစ္ေယာက္တည္းအေပၚမွာမ႐ွိမွန္းသူသိသည္။
ဒါေပမယ့္ သံသယမဝင္ရက္.....
အျပည့္အဝယုံၾကည္ေပးထားသည္။ ေနေရာင္သူ႔ကိုတကယ္ခ်စ္မွန္းခံစားမိေသာေၾကာင့္
ခက္သံစဥ္ကို ဆိုင္ကေနအိမ္ျပန္ပို႔ေပးၿပီး သူလည္းအိမ္ကိုျပန္ေရာက္ေတာ့ တိတ္ဆိတ္ေနသည့္ ပတ္ဝန္းက်င္ႏွင့္ တစ္ဖက္အိမ္မွ မီးလင္းေနဆဲအခန္းေလးကိုညတိုင္း ေငးေမာမိသည္။
သူခက္သံစဥ္ကိုဖြင့္ေျပာခဲ့ၿပီး ခံစားခ်က္မပါတဲ့ႏွလုံးသားနဲ႔ ခ်စ္ပါတယ္လို႔ညာခဲ့ၿပီ....
သူမကေတာ့ လုံးဝဟန္ေဆာင္ျခင္းကင္းစြာ ေပ်ာ္ေနသည္။
အသက္႐ွဴေခ်ာင္ရမယ့္အစား သူပိုၿပီးအသက္႐ွဴရခက္လာသလိုပင္....
တစ္ဖက္ကသူသိပ္ခ်စ္ရတဲ့ ေကာင္းကင္ ေနာက္တစ္ဖက္မွာ သူ႔ကိုသိပ္ခ်စ္တဲ့ ခက္သံစဥ္...
ႏွစ္ဦးစလုံးဟာ သူ႔ရဲ႕တကယ့္သက္ဆိုင္သူေတြမဟုတ္ေပမယ့္ ႏွစ္ဦးစလုံးကို မနာက်င္ေစခ်င္...
အိပ္မေပ်ာ္တဲ့ညေတြဆက္လာခဲ့သလို မနက္တိုင္းလည္း သူစိတ္ဟာႏြမ္းနယ္ေနသည္။
"ငယ္ စိတ္ညစ္စရာေတြ႐ွိေနလား..."
သူ႔ကိုအားေပးကူညီဖို႔ အသင့္ျဖစ္ေနတဲ့ကိုကို႔ကိုလည္း သူ႔အပူကိုမေျပာျပခ်င္....
သူေရြးခ်ယ္ခဲ့တာပဲ ေနာင္တရရင္ေတာင္ တားခဲ့တဲ့ကိုကို႔ကိုဒုကၡမေပးသင့္ဘူးမလား...
သူနဲ႔ခက္သံစဥ္ကိုအတူတြဲတြဲေတြ႔ရလို႔ ရိပ္မိေနၾကသူေတြလည္း႐ွိေလာက္သည္။
ဒီေန႔သူေက်ာင္းမသြားျဖစ္....
မသြားခ်င္တာဆိုပိုမွန္မည္ထင္...
တစ္ေနကုန္အိပ္ဖို႔ၾကံရြယ္ထားေပမယ့္ေကာင္းကင္ရဲ႕နာမည္ကိုေရရြတ္ရင္း သူအိပ္မေပ်ာ္ႏိုင္ျပန္။
🎶📲 phone rings....
"က်စ္..."
""Sai San""
"အင္းေျပာ..."
"အစ္ကို...
ငစစ္......သိသြားၿပီ......
ခက္သံစဥ္ကိစၥ...."
"သူအခုဘယ္မွာလဲ...."
သလင္းျမဴ ဟန္မပ်က္အသံကိုထိန္းထားေပမယ့္ အတြင္းစိတ္ကေတာ့ လုံးဝကိုေျခာက္ျခားေနၿပီ...
"မသိဘူး....
အခုပဲ ဆိုင္ကယ္နဲ႔ထြက္သြားတာ....."
"ဘယ္လို...ဘယ္လိုသိသြားတာလဲ..."
"Mail box ဖြင့္ၾကည့္လိုက္...."
သလင္းျမဴ MU mail box ကိုအျမန္ဝင္ၾကည့္လိုက္ေတာ့ ခက္သံစဥ္နဲ႔သူ႔ရဲ႕ဓာတ္ပုံအခ်ိဳ႕...
ေက်ာင္းကပုံေတြတင္မက coffee shop ကေနအိမ္ျပန္ပို႔ေပးတာေတြကိုပါ ေသခ်ာလိုက္ရိုက္ျပီးတစ္ေယာက္ေယာက္ကေပးပို႔ထားတာမ်ိဳး....
"ေတာက္!!!
စူးေနေရာင္ထက္! "
တရားခံဟာႏွစ္ေယာက္မ႐ွိႏိုင္ေအာင္ေသခ်ာသည္။
ေကာင္းကင္ကိုသူအရင္ဆုံးလိုက္႐ွာရမည္။
🎶📲 phone rings...
""Khat Than Zin""
"Hello ခက္ ကိုယ္အခုမအားေသး"
"စစ္ေကာင္းကင္ႏိုင္...."
သလင္းျမဴေျပာေနသည့္စကားမဆုံးေသး ျဖတ္ေျပာသည့္ခက္သံစဥ္....
"သူ ခက္နဲ႔႐ွိေနတယ္....
ေနေရာင္လာခဲ့ႏိုင္မလား..."
"ခက္တို႔ဘယ္မွာလဲ...."
ကန္ေတာ္ႀကီးက စားေသာက္ဆိုင္တစ္ဆိုင္ဆီကို သူအျမန္ေမာင္းႏွင္ရင္း ေကာင္းကင္ဘယ္ေလာက္နာက်င္ေနမလဲ ေတြးမိကာ ကိုယ့္ကိုကိုယ္ထု႐ိုက္႐ုံသာမက ကားစတီယာရင္ကိုလည္း ႐ိုက္မိသည္ကအခါခါ.....
ဆိုင္ထဲဝင္ဝင္ခ်င္းျမင္ရသည့္ ျမင္ကြင္းေၾကာင့္ ရစ္ဝဲလာသည့္ မ်က္ရည္ေတြ....
ခက္သံစဥ္ရဲ႕အေ႐ွ႕မွာ ဒူးေထာက္ကာ ေခါင္းငုံ႔ထားသည့္ေကာင္းကင္....
"ေကာင္းကင္....
ဒါဘာလုပ္ေနတာလဲ....
ထ...."
".........."
"ခက္ကိုစကားေျပာခ်င္တယ္ဆိုၿပီး သူဒီဆိုင္ကိုေခၚလို႔ခက္လာတာ....
ေနေရာင္နဲ႔မပတ္သက္ပါနဲ႔ဆိုၿပီး သူဒီလိုစဒူးေထာက္ေတာ့တာပဲ...."
"ေကာင္းကင္ ထ...."
"......."
တုပ္တုပ္မလႈပ္ဘဲ ေကာင္းကင္ကေခါင္းငုံ႔ထားဆဲ...
"ထလို႔ငါေျပာေနတယ္!!"
သူေကာင္းကင္ရဲ႕ေဘးမွာ ဒူးေထာက္ထိုင္ခ်လိုက္သည္။
"အခုထပါ....
ခ်စ္ေျပာစကားကိုနားမေထာင္ေတာ့ဘူးလား...."
ျမင္လိုက္ရသည့္ မ်က္ဝန္းေတြဟာ မ်က္ရည္ေတြႏွင့္ စိုရႊဲလ်က္...
"အခုျပန္ရေအာင္ေနာ္...."
က်န္ေနခဲ့သည့္ ခက္သံစဥ္ကိုသူစကားတစ္ခြန္းမဆိုႏိုင္ ေကာင္းကင္ကိုသာထိုေနရာမွ အျမန္ေခၚထုတ္ခဲ့သည္။
ဆိုင္ကယ္ကိုေနာက္မွလာယူမယ္ဆိုၿပီး ဆိုင္မွာအပ္ထားခဲ့ရသည္။
ကန္ပတ္လမ္း တစ္ေနရာမွာ သူကားကိုရပ္လိုက္သည္။
"ကိုယ့္ကိုမထားခဲ့ပါနဲ႔...."
သူ႔ကိုေပြ႔ဖက္လာရင္း ငိုသည့္ေကာင္းကင္....
"ေတာင္းပန္ပါတယ္......"
"ခက္သံစဥ္နဲ႔ခ်စ္တြဲခ်င္တြဲႏိုင္တယ္...
ကိုနဲ႔လမ္းေတာ့မခြဲပါနဲ႔...."
သလင္းျမဴ ေျပာမည့္စကားေတြဟာ အစေဖာ္မရေအာင္ကိုေပ်ာက္႐ွလ်ွက္.....
"ကိုယ္ silent အျဖစ္နဲ႔ဒုတိယေနရာမွာလည္းေနႏိုင္တယ္....
ကိုယ္ခ်စ္မ႐ွိဘဲေတာ့ မေနႏိုင္လို႔ပါ....
ကိုယ္႐ူးသြားလိမ့္မယ္...."
ေကာင္းကင္ကိုအိမ္ျပန္ေခါ္သြားၿပီး အိပ္ေပ်ာ္သြားသည္အထိ သူအနားမွာ႐ွိေနေပးရသည္။
ေျခတစ္လွမ္းမလွမ္းခ်င္ေလာက္ေအာင္ကို သူ့တစ္ကိုယ္လုံးေလးလံေနၿပီ....
ေရခဲေသတၱာထဲမွ beer ဘူးေတြယူၿပီး အေပၚထပ္အခန္းထဲမွာဆက္တိုက္ေသာက္မိသည္။
သူရယ္ေနမိတယ္ မ်က္ဝန္းကတသြင္သြင္စီးက်ေနတဲ့မ်က္ရည္ေတြကို လွစ္လ်ဴ႐ွဴရင္း....
ေနာက္ထပ္ beer တစ္ဘူးကိုေဖာက္လိုက္ခ်ိန္ ကြင္းေလးႏွင့္ဆက္လ်ွက္႐ွိသည့္ ပါးလႊာေသာ သတၳဳျပားေလးကိုေငးစိုက္ၾကည့္ေနရာမွ သူ႔လက္ေကာက္ဝတ္ေပၚခ်ိန္ရြယ္လိုက္သည္။
"ငယ္!"
သူ႔လက္ထဲကသတၳဳျပားေလးကိုလုယူၿပီး အေဝးကိုလႊင့္ပစ္လိုက္သည့္ကိုကို.....
"အဲ့လိုေတြမလုပ္ရဘူးေလ.....
သတိထားပါဦး!!"
သူ႔ပုခုံးေတြကိုလႈပ္ယမ္းသည္။
မ်က္တြင္းေတြက်ၿပီး အသက္မဲ့သူတစ္ေယာက္လိုျဖစ္ေနတဲ့ သူ႔ရဲ႕ငယ္....
"ဘာေတြျဖစ္လို႔လဲ.....ဟင္...
ကိုကို႔ကိုေျပာျပ...."
"ကိုကို....."
"အင္း...."
"သား....သူ႔ကိုမကာကြယ္ႏိုင္ခဲ့ဘူး.....
သားမွန္မယ္ထင္ခဲ့တာ....
အခုေတာ့.......သူအရမ္းနာက်င္ေနရၿပီ...."
ငယ္ေလးေျပာသမ်ွကိုနားေထာင္ရင္း ဘုန္း႐ွိန္ဝါထက္ သက္ျပင္းခ်႐ုံမွအပဘယ္လိုအၾကံဉာဏ္ေပးရမလဲ ေတြးမရ....
"စစ္ေကာင္းကင္ႏိုင္ကို ခ်စ္ရင္....
သတၱိ႐ွိရမယ္ေလ ငယ္....
ႏွလုံးသားကေျပာတာကိုေသခ်ာနားေထာင္ရမယ္..."
သတိၱ႐ွိရမယ္...
သူ စူးေနေရာင္ထက္ ကိုဖုန္းေခၚလိုက္သည္။
"Hello"
"ငါမလုပ္ႏိုင္ေတာ့ဘူး...."
"မင္းဘာေျပာခ်င္တာလဲ...."
"ငါခက္သံစဥ္နဲ႔ဆက္မပတ္သက္ႏိုင္ေတာ့ဘူး...
ေကာင္းကင္ကိုလည္းမလိမ္ႏိုင္ေတာ့ဘူး..."
"အဲ့ေတာ့မင္းကငါေျပာသလိုမလုပ္ႏိုင္ဘူးေပါ့.."
"အင္း..."
"မင္းျပႆနာတက္ႏိုင္တာကိုေမ့ေနလား..."
"ထပ္ၿခိမ္းေျခာက္ျပန္ၿပီ....
မင္းလည္းမေမ့နဲ႔......ဓနဆိုတဲ့ေကာင္နဲ႔ကိစၥကို......."
"မင္း!"
"ငါ့ကိုစာခ်ဳပ္နဲ႔ထပ္ၿပီးအက်ပ္ကိုင္ရင္ ငါဓနဆိုတဲ့လူကို မင္းအေၾကာင္းသြားေျပာပစ္မယ္...
ၿပီးေတာ့ မင္းေဆးစြဲေနတဲ့ video ငါ့ဆီမွာ copy ႐ွိေနေသးတယ္....
ငါေျပာတာနားလည္တယ္မလား....ငါ့ကိုႀကိဳးဆြဲဖို႔ႀကိဳးစားေနတဲ့မင္းလက္ေခ်ာင္းေတြကို ငါအခ်ိန္မေရြးျဖတ္ပစ္ႏိုင္တယ္..."
တင္းတင္းဆုပ္ထားသည့္ လက္သီးကိုေျဖေလ်ာ့ၿပီး အသက္ကိုဝဝ႐ွဴသြင္းလိုက္သည္။
ငါတစ္ေယာက္တည္းအေၾကာက္တရား႐ွိတာမဟုတ္ပါဘူး....
ငါ့အားနည္းခ်က္ကိုလာနင္းရင္ မင္းအားနည္းခ်က္ကိုလည္း ငါျပန္နင္းမယ္....
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
လူတစ္ေယာက္ဟာ
ငါသတ္မေသပါဘူးလို႔ေျပာရင္
သူသတ္ေသဖို႔ေတြးေနခဲ့ဖူးလို႔ပါ
Bạn đang đọc truyện trên: Truyen247.Pro