Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-46 ( a choice to protect him )

Unicode

နိုးနိုးချင်း နှစ်ချိုက်စွာအိပ်ပျော်နေဆဲဖြစ်သည့်ကောင်လေးကို နေ့တစ်နေ့ရဲ့အစပြုခြင်းကိုသက်သေထားသော အနမ်းတစ်ပွင့်ပေးကာ အိပ်ရာမှထပြီး မျက်နှာအမြန်သစ်သည်။

စောစောစီးစီးအေးလို့အေးမှန်းပင်မသိ အသည်းလေးနိုးတာနဲ့အဆင်သင့်ဖြစ်စေရန် မနက်စာကိုအပြေးအလွှားသွားဝယ်ကာ ပြင်ဆင်ရသည်။

အကုန်ပြီးမှ အခန်းထဲကိုခြေဖော့ဝင်ကာ အိပ်ရာထက်မှ ခင်ပွန်းလောင်းလေးကိုနှိုးရန်ကြိုးစားသည်။

"ချစ်...."
".........."
"ထတော့လေ....."
"အင်း......."

အသံရှည်လေးစွဲပြီး မျက်လုံးကပွင့်မလာ တစ်ချက်လူးလှိမ့်ကာပြန်ငြိမ်သွားသည်။

"ချစ်ရေ........
အိပ်ရာထတော့ကွာ......"
"အင်းပါဆို......"

စိတ်တိုသလို ခြေထောက်တွေနှင့်အသံမြည်အောင်တဖုန်းဖုန်းကန်ပြီး စောင်ပုံထဲမှာ စူပုတ်ပုတ်လေးပြန်အိပ်သွားပြန်သည်။

"ချစ်.....
ကိုယ်မနက်စာတွေဝယ်ထားပြီးသားနော်....
အကုန်လွှင့်ပစ်လိုက်ရမှာလား..."
"ဟာကွာ...."

စောင်ပုံထဲကနေ ဆံပင်စုတ်ဖွားနဲ့ထထိုင်ပြီး မပွင့်တပွင့်မျက်လုံးလေးတွေကသူ့ကိုမကျေနပ်သည့်အကြည့်တွေနှင့်ကြည့်သည်။

"ထမျက်နှာသစ်...."
"ဆယ်မိနစ်လောက်ပြန်အိပ်ဦးမယ်..."

ပြောပြောဆိုဆိုပြန်လှဲတော့မည့် ကောင်လေးရဲ့လက်ကိုဆွဲကာကိုယ်ကိုမတ်စေပြီး ပွေ့ချီရတော့သည်။

"မထချင်သေးပါဘူးဆို!..."

နှုတ်ခမ်းတထော်ထော်နှင့် ချစ်ရသူကို မျက်နှာသေချာသစ်ပေးရင်း ကောင်းကင်ရဲ့ နှုတ်ခမ်းထက်အပြုံးတွေဝေလျှက်....

သူ့ချစ်သူလေးက အိပ်ချင်တိုင်းမအိပ်ရရင် ဒေါသထွက်တတ်မှန်းသူကောင်းကောင်းသိပေမယ့် ဒီနေ့ကဒီခရီးလေးရဲ့နောက်ဆုံးနေ့လေ....

လက်ကျန်လွတ်လပ်စွာကြည်နူးချိန်လေးတွေကို အလဟဿ ဖြစ်သွားမှာနှမြောတာပေါ့...

"သွား...
မထိနဲ့..."

ပုခုံးလေးထက်ကသူ့လက်ကိုဖယ်ချရင်း ခြေဆောင့်သွားတဲ့ ကောက်စိန်လေး....

"Woah!"

ခုနကအထော်နဲ့ခြားနားစွာပြုံးရွှင်လို့....

"ဒါတွေကြောင့် တစ်ခါတော့ခွင့်လွှတ်ပေးလိုက်မယ်....."

စားရင်းသောက်ရင်းပြောပုံကိုက အချေရုပ်ကြီးနဲ့ အထက်စီးက....

ကောင်းကင်ကလည်း ဒါကိုကျေနပ်ပြီး ဖြီးနေတာပါ....

"ကိုယ်နွားနို့လဲဝယ်လာတယ်....
စတော်ဘယ်ရီနဲ့ဖျော်ရအောင်လို့..."
"ဘယ်မှာလဲ.."
"ရေခဲသေတ္တာထဲမှာ..."
"Ok....
ဒါနဲ့ ဘယ်အချိန်ပြန်ကြမှာလဲ....
မနက်ဖြန်ကျောင်းဖွင့်ပြီလေ..."
"ညနေကျမှပြန်မယ်လေ...."
"အင်း..."

မနက်စာစားပြီး သူတို့ဘယ်မှလျှောက်မလည်ဘဲ အိမ်မှာပဲ dozets ဆော့ကြသည်။

Strawberry သီးလေးစားလိုက် ဖျော်ရည်လေးသောက်လိုက်နှင့် သာသာယာယာပါပဲ....

"Two cards..."

သလင်းမြူ နောက်ဆုံးကျန်သည့်နှစ်ကဒ်ကို ကောင်းကင်မမြင်အောင် ဖွက်ထားသည်။

"မရှိဘူး..."

ကောင်းကင်ရဲ့အလှည့်မှာထွက်လာသော ထိုစကားနောက် သလင်းမြူ ရယ်ကာအော်တော့သည်။

"Game ပြီ!! Yay!!
လာခဲ့! "

ကောင်းကင်ဆံပင်တချို့ကို လှန်တင်ပြီး မျက်နှာကိုအရှေ့တိုးပေးလိုက်ရာ နဖူးထက်မှတစ်ချက်ပူကနဲ....

"ဟားဟား!!"

နဖူးတောက်ပြီး ကျေနပ်စွာမြူးထူးနေသည်။

တစ်ပွဲပြီးတစ်ပွဲ သလင်းမြူချည်းပဲနိုင်နေရာ မာန်တောင်တက်ချင်လာသည်။

"ကိုယ်နိုင်ပြီ...."

ပြုံးစိစိမျက်နှာလေး တည်တံ့သွားသည်။

"One card လို့လည်းမအော်ဘူး!"
"ခုနက two card လို့အော်ထားတယ်လေ...."
"အရမ်းမလုပ်နဲ့နော်...."

သူ့နိုင်တုန်းကအားရပါးရတောက်ထားသမျှ သူရှုံးတော့လည်းမျက်နှာငယ်နှင့်ငိုမဲ့မဲ့....

မျက်စိစုံမှိတ်ပြီးငြိမ်နေပုံလေးက အစကတည်းက တောက်ဖို့စိတ်ကူးမရှိသည့် သူ့အသည်းကိုကလိကလိဖြစ်စေသည်။

"Mwah.."

နဖူးပြင်လေးကိုအသံထွက်အောင် နမ်းလိုက်ရာ မျက်လုံးဝိုင်းလေးဖွင့်လာသည်။

ထပ်ပြီး နှာတံတလျောက်နှုတ်ခမ်းနှင့်ပွတ်ဆွဲကာ နှုတ်ခမ်းထက်ကိုတော့ ခပ်ကြာကြာနမ်းသည်။

"အသားယူတယ်နော် နှာဘူးကြီး..."
"မကြိုက်ဘူးလား..."
"ဘယ်သူပြောလဲ ...
ကြိုက်တာပေါ့..."

ကောင်းကင်အပေါ်ခွထိုင်ပြီး ဂုတ်ကိုဖက်တွယ်ကာ မျက်နှာအနှံ့ကို သလင်းမြူနမ်းသည်။

"ကိုယ့်ထက်ချစ်ကအသားပိုယူတယ်လားလို့..."
"အဲ့တော့...မကြိုက်ဘူးလား...."
"သေချာပေါက်ကို...........
ကြိုက်တာပေါ့...."

ပျံ့လွင့်နေသည့်ရယ်သံလေးက မိန်းမဆန်ဆန် မချိုသာပေမယ့် အားရပါးရရယ်နေပုံလေးကိုက ကောင်းကင်ရဲ့အမြင်ထဲမှာ သိပ်ကိုလှလွန်းသည်။

"ချစ်လိုက်တာကွာ...."

အသည်းယားစွာ ဖျစ်ညှစ်မိတော့ ထုံးစံအတိုင်း အော်ဟစ်ကာ အထုခံရသည်။

အရမ်းကိုချစ်ပါသည်။ ထာဝရအတွက်....

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

Mandalay အိမ်ကိုပြန်ရောက်ချိန်ကတော်တော်မှောင်နေပြီ....

"ကားမောင်းရတာ ပင်ပန်းလိုက်တာ....
ကိုယ်ချစ်အခန်းမှာလိုက်အိပ်မယ်နော်..."

Luggage လေးကိုကားထဲကချနေရင်း ဒိုင်းကနဲရောက်လာသည့် မျက်စောင်းလေး...

"ချစ်မအိပ်နဲ့ဆိုလည်းမအိပ်တော့ပါဘူး...."
"အိပ်ရုံပဲအိပ်မယ်ဆိုလိုက်ခဲ့..."

ကောင်းကင်အမြန်ကားကို ဂိုထောင်ထဲသွင်းကာ ညဝတ်နှင့် မနက်ကျောင်းသွားရင်လိုမယ့်ဟာတွေယူပြီး အပြေးလေးလိုက်သွားသည်။

"ကိုကိုရေ....
သားပြန်လာပြီ...."

ထမင်းစားခန်းထဲကထွက်လာသည့် ကိုကိုက သူ့ကိုမြင်တာနဲ့ ညင်သာစွာပွေ့ဖက်သည်။

"ဘယ်လိုလဲ....
ပျော်ခဲ့ရဲ့လား..... "
"အင်း..."
"ကိုကို့ဖို့ ဝိုင်နဲ့ strawberry သီးတွေပါတယ်..."
"စားရသေးတာပေါ့..."
"ဟိုလေ ကိုကို....
ကောင်းကင်ကသားနဲ့လာအိပ်မှာ.....ရတယ်မလားဟင်...."

ကိုကိုကပြုံးကာ ခေါင်းသာညိတ်သည်။

"ညစာစားပြီးပြီလား...."
"အင်း စားခဲ့တယ်..."
"အပေါ်တက်ပြီး နားတော့လေ...."
"ဟုတ်..."

သူအခန်းထဲရောက်ရောက်ချင်းပဲ ကောင်းကင်လည်း ရောက်ချလာသည်။

"ကိုယ်တို့ရေချိုးကြဦးမလား..."
"အင်း...ချိုးမယ်..."
"Ok...."

အကျႌတွေစချွတ်နေသည့် ကောင်းကင်...

"ဘာလို့အကျႌတွေချွတ်နေတာလဲ..."
"ရေချိုးမယ်ဆို....
အတူချိုးမှာမလား..."
"မဟုတ်ပါဘူး!!
ကိုယ့်ဘာသာချိုးမှာ!"
"အဲ့လိုလား...
အဟီး...."

ရိုက်ပစ်ချင်စရာအခွက်ကြီးကြောင့် သလင်းမြူ မနေ့ညကိုသတိရကာ ပါးပြင်တွေကအပူချိန်တိုးလာသည်။

ကောင်းကင်ကအရင် ရေချိုးခန်းထဲကိုဝင်သွားသည်။

📲🎶 phone rings.....

""Real""

သလင်းမြူ ဝရန်တာကိုအမြန်ထွက်ပြီး မှန်တံခါးကိုပါပိတ်လိုက်သည်။

"Hello"
"စစ်နဲ့အဆင့်တက်ခဲ့လား...."
"ဟမ်...."
"မတက်ခဲ့ဘူးပဲ.....
ရပါတယ်....
အခု.....လမ်းခွဲလိုက်တော့...."
"ဘာ...!"
"လမ်းခွဲလိုက်တော့လို့...."
"မလုပ်နိုင်ဘူး....
ငါကဘာလို့ကောင်းကင်နဲ့လမ်းခွဲရမှာလဲ..."
"မင်း...မဟုတ်မှ.....
စစ်ကိုချစ်မိသွားတာလား..."
"ဟုတ်တယ်ဆိုရင်ရော..."
"မေ့နေပြီလား....
မင်းကငါ့အရိပ် ငါ့ရုပ်သေးရုပ်လေးဆိုတာကို..."
"တခြားဟာတွေငါအကုန်လုပ်ပေးနိုင်တယ်....
ကျေးဇူးပြုပြီး....
ကောင်းကင်နဲ့လမ်းမခွဲပါရစေနဲ့....
မင်းပဲ ကောင်းကင်ကိုချစ်တယ်ဆို....
ကောင်းကင်နာကျင်အောင်လုပ်မလို့လား...."
"အင်းလုပ်မှာ....
အဲ့ကောင်ကိုငါဖွင့်ပြောတုန်းက...
သူငါ့ကိုဘယ်လိုတုန့်ပြန််ခဲ့လဲမင်းမှမသိတာ..."
"အဲ့တာကအတိတ်တွေပဲလေ....
အခုကောင်းကင်ကမင်းကိုအရမ်းချစ်တာ..."
"အတိတ်?
အဲ့ကောင်ငါ့ကိုပြောခဲ့တဲ့စကားတွေကိုငါလုံးဝမမေ့သေးဘူး....
အခုသူနာကျင်ရမယ့်အလှည့်ပဲ...."
"ငါကောင်းကင်ကိုနာကျင်အောင်မလုပ်နိုင်ဘူး..."
"ဒါဆိုရွေးစရာနောက်တစ်ခုရှိတယ်..."
"ဘာလဲ.....
ငါလုပ်မယ်..."
"ခက်သံစဉ်ဆိုတဲ့ကောင်မလေးကို ရအောင်လိုက်....."
"အဲ့....အဲ့တာကလည်း.."
"အဲ့တာကိုမလုပ်နိုင်ရင် ကောင်းကင်နဲ့လမ်းခွဲလိုက်တော့....
ဒီတစ်ညသေချာစဉ်းစားထား...."

Call end ဖြစ်သွားပြီးနောက် သလင်းမြူ ဝရန်တာလက်ရန်းကိုအားပြုကိုင်ထားရပြီး အရုပ်ကြိုးပျက်လဲမသွားအောင်ထိန်းရသည်။

ငါဘာလုပ်သင့်လဲ....

ဘယ်ဟာကိုပဲရွေးရွေး နာကျင်စရာတွေကအဆုံးမရှိ....

"ချစ်ဝရန်တာမှာအေးတယ်လေ....
အထဲပြန်ဝင်ခဲ့...."

အနားရောက်လာသည့်ကောင်းကင်ကိုသာစိုက်ကြည့်နေရာမှ သူညဝတ်နှင့် သဘက်ကိုယူကာ ရေချိုးခန်းထဲအမြန်ဝင်ခဲ့တော့သည်။

မျက်လုံးတွေနီရဲလာပေမယ့် မျက်ရည်စတွေကပေါ်ထွန်းလာခြင်းမရှိ......

ပင်ပန်းနေလို့အိပ်ချင်ပြီပြောသည့် သူ့ကြောင့် ထိုညကကောင်းကင်စကားတွေတတွတ်တွတ်မပြောတော့.......

ကောင်းကင်အိပ်ပျော်သွားမှ သူဆေးထသောက်သည်။

တောင်းပန်ပါတယ်....

ကို့ကိုမထိခိုက်အောင်ကာကွယ်ပေးနိုင်မယ့် အင်အားမျိုးမရှိလို့တောင်းပန်ပါတယ်....

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

မနက်ကျောင်းသွားဖို့နိုးကတည်းက ကောင်းကင်တစ်ခုခုလိုနေသလို ရင်ထဲလှစ်ဟာနေသည်။

အကြောင်းပြချက်ကတော့ ချစ်သူလေးရဲ့အပြုံးကိုမတွေ့ရသောကြောင့်ပင်....

"Morning ကိုကို...."

ဘုန်းရှိန်ဝါထက်ကိုနှုတ်ဆက်ပြီး ပြုံးသည့်အပြုံးလေးကခပ်ရေးရေးသာ....

"ငယ်..နေမကောင်းဘူးလား...
မျက်နှာမကောင်းသလိုပဲ..."
"ကောင်းပါတယ်..."

ကောင်းကင် ပန်းကန်ထဲမှငါးဖယ်တွေကို နေရောင့်ပန်းကန်ထဲထည့်ပေးလိုက်တော့ နေရောင်ကသူ့ပန်းကန်ထဲပြန်ကော်ထည့်သည်။

"ချစ်ကြိုက်တယ်မလား...."
"ကိုယ့်ဘာသာစား...."

အေးစက်နေသည့်ချစ်ရဲ့အပြုအမူတွေ....

သူအမှားတစ်ခုခုများလုပ်မိထားသလား....

"ချစ်....
ကို့ကိုစိတ်ဆိုးနေတာလား...."
"ဟင့်အင်း..."

ပြောစရာစကားမရှိသလို သူတို့နှစ်ယောက်ကြားတိတ်ဆိတ်သွားသည်။

"ကို..."
"ဗျာ..."

ဘာစကားမှမဆက်ဘဲ ခပ်တွေတွေလေးကြည့်နေသည့် မျက်ဝန်းညိုတွေက အထပ်ထပ်တောင်းပန်နေမှန်း ကောင်းကင်နားမလည်နိုင်ခဲ့ပါ...

"ကျောင်းနောက်ကျမယ်...မြန်မြန်မောင်းလို့..."
"အင်းပါကွာ..."

သူပြောမထွက်ခဲ့ပါ......

"ဟျောင့်တွေ...
မင်းတို့နှစ်ကောင်ပိတ်ရက်နှစ်ရက်လုံးဘယ်ရောက်နေတာလဲ....
ဖုန်းဆက်တော့လည်းမကိုင်ကြဘူး...."
"Pyin Oo Lwin သွားနေတာ...."
"မင်းမွေးနေ့လက်ဆောင်ရထားတဲ့အိမ်ကိုလား..."
"အင်းလေ..."
"မင်းပြောတော့ အဲ့အိမ်ကို မင်းယူမယ့်သူကိုပထမဆုံးခေါ်သွားမှာဆိုပြီး ငါတို့ကိုတောင်မပြဘူးလေ....
စူးနေရောင်ထက်ကိုကျ ခေါ်သွားတယ်ဆိုတော့ မင်းကဘာသဘောလဲ....
မျက်နှာလိုက်လှချည်လား!"
"လိုက်တယ်ကွာ....အဲ့တော့ဘာဖြစ်လဲ!"
"မင်းနဲ့ငါမခေါ်တော့ဘူး...
စကားလည်းလာမပြောနဲ့!"

ကလေးတွေရန်ဖြစ်သလို မခေါ်တော့ဘူးတွေလုပ်နေကြသည့် ငတေတို့ကြား ကောင်းကင်ရယ်နေပါသည်။

သလင်းမြူ ဆုံးဖြတ်ချက်ချကာ ဖုန်းကို data on လိုက်ပြီး ""Khat Than Zin"" ဆိုသည့် မီးစိမ်းနေသော account လေးကို wave လိုက်သည်။

ချက်ချင်းပဲ တစ်ဖက်ကပြန် wave လာသည်။

He: အတန်းမရှိဘူးလား
She:ရှိတယ် အခုအတန်းတက်ရင်းသုံးနေတာ
He: မနက်စာစားပြီးပြီလား
She: မစားရသေးဘူး
ဒီနေ့မှထူးထူးဆန်းဆန်းစကားတွေလာပြောနေပါလား
He: ကိုယ်မနက်စာလိုက်ကျွေးရမလား
She: တကယ်လား
He: အင်း
အတန်းပြီးရင် message ပို့လိုက်
ကိုယ်ထွက်လာခဲ့မယ်
She: ok

"ဘယ်သူနဲ့ chat နေတာလဲ... "

ဖုန်းကိုကြည့်လာသည့်ကောင်းကင်မမြင်အောင် phone ကိုအမြန်ပိတ်ကာ ဘောင်းဘီအိတ်ထဲပြန်ထည့်လိုက်သည်။

"သူငယ်ချင်းတစ်ယောက်နဲ့...."
"ဘယ်သူငယ်ချင်းလဲ..."
ဒီတိုင်း online မှာခင်တဲ့သူပါ..."

အလွယ်တကူယုံကြည်သွားသည့် ကောင်းကင်ကိုကြည့်ရင်းသလင်းမြူရင်ထဲဆို့နင့်နေသည်။

တုန်ခါသွားသော ဘောင်းဘီအိတ်ထဲမှဖုန်းလေးကြောင့် အရှေ့ကဆရာမအခြေအနေကြည့်ကာ သူအခန်းပြင်ထွက်ရန်လုပ်သည်။

"ဘယ်သွားမလို့လဲ...."

ကောင်းကင်ကသူ့လက်မောင်းကိုဖမ်းဆွဲကာ ခပ်တိုးတိုးမေးသည်။

"အရေးကြီးကိစ္စလေးရှိလို့...
လိုက်မလာနဲ့...."

ကျောပိုးအိတ်လွယ်ရန်ပြင်နေသည့် ကောင်းကင်ရဲ့လက်များတန့်သွားသည်။

"Roll call လက်မှတ်ထိုးပေးထား....
မြန်မြန်ပြန်လာခဲ့မယ်...."

တစ်ဖက်ကိုဆရာမမျက်နှာလှည့်သွားသည်နှင့်လျင်မြန်စွာဘဲ အခန်းထဲကထွက်ခဲ့တော့သည်။

"ခက်...."

အပေါ်ထပ်က ဆင်းလာသည့်သူမက သူ့ကိုပြုံးကာလက်ပြသည်။

သူမနှင့်အတူဆင်းလာသည့် Botany ကျောင်းသားကျောင်းသူတွေက စိတ်ဝင်စားသလို အကြည့်တွေနှင့်...

"ခက်ကနောက်တစ်ချိန်အတန်းရှိသေးတယ်..."
"အဲ့တာဆို နီးနီးနားနား RC ပဲသွားမလား.."
"အင်း...
လမ်းလျှောက်သွားကြမယ်လေ..."
"ခက်သဘော..."

သူ့ရဲ့အပြောကြောင့် ခက်သံစဉ်အပါအဝင် တခြားကျောင်းသူတွေပါ အံ့ဩသွားပုံပင်...

"အဲ့ စာအုပ်တွေပေး...
ကိုယ်သယ်ပေးမယ်..."
"ဟုတ်သားပဲ...
စာအုပ်တွေထားခဲ့ရမှာကိုမေ့ပြီးယူလာမိတာရယ်...."

သလင်းမြူသူမပိုက်ထားသည့် ခပ်ထူထူစာအုပ်သုံးအုပ်ကို ယူလိုက်သည်။

"ကျေးဇူးနော် နေရောင်..."
"မလိုပါဘူးကွာ..."

ခက်သံစဉ်ကိုသူရအောင်လိုက်ရမည်....

ခက်သံစဉ်ဆိုတဲ့မိန်းကလေးကိုအားနာပေမယ့်...
ကောင်းကင်ကသူ့အတွက်အရမ်းအရေးပါလွန်းနေသည်။

တစ်စုံတစ်ခုကိုကာကွယ်ဖို့အတွက်...
တခြားတစ်စုံတစ်ခုကို စတေးဖို့လိုသည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

Zawgyi

နိးႏိုးခ်င္း ႏွစ္ခ်ိဳက္စြာအိပ္ေပ်ာ္ေနဆဲျဖစ္သည့္ေကာင္ေလးကို ေန႔တစ္ေန႔ရဲ႕အစျပဳျခင္းကိုသက္ေသထားေသာ အနမ္းတစ္ပြင့္ေပးကာ အိပ္ရာမွထၿပီး မ်က္ႏွာအျမန္သစ္သည္။

ေစာေစာစီးစီးေအးလို႔ေအးမွန္းပင္မသိ အသည္းေလးႏိုးတာနဲ႔အဆင္သင့္ျဖစ္ေစရန္ မနက္စာကိုအေျပးအလႊားသြားဝယ္ကာ ျပင္ဆင္ရသည္။

အကုန္ၿပီးမွ အခန္းထဲကိုေျခေဖာ့ဝင္ကာ အိပ္ရာထက္မွ ခင္ပြန္းေလာင္းေလးကိုႏိႈးရန္ႀကိဳးစားသည္။

"ခ်စ္...."
".........."
"ထေတာ့ေလ....."
"အင္း......."

အသံ႐ွည္ေလးစြဲၿပီး မ်က္လုံးကပြင့္မလာ တစ္ခ်က္လူးလိွမ့္ကာျပန္ၿငိမ္သြားသည္။

"ခ်စ္ေရ........
အိပ္ရာထေတာ့ကြာ......"
"အင္းပါဆို......"

စိတ္တိုသလို ေျခေထာက္ေတြႏွင့္အသံျမည္ေအာင္တဖုန္းဖုန္းကန္ၿပီး ေစာင္ပုံထဲမွာ စူပုတ္ပုတ္ေလးျပန္အိပ္သြားျပန္သည္။

"ခ်စ္.....
ကိုယ္မနက္စာေတြဝယ္ထားၿပီးသားေနာ္....
အကုန္လႊင့္ပစ္လိုက္ရမွာလား..."
"ဟာကြာ...."

ေစာင္ပုံထဲကေန ဆံပင္စုတ္ဖြားနဲ႔ထထိုင္ၿပီး မပြင့္တပြင့္မ်က္လုံးေလးေတြကသူ႔ကိုမေက်နပ္သည့္အၾကည့္ေတြႏွင့္ၾကည့္သည္။

"ထမ်က္ႏွာသစ္...."
"ဆယ္မိနစ္ေလာက္ျပန္အိပ္ဦးမယ္..."

ေျပာေျပာဆိုဆိုျပန္လွဲေတာ့မည့္ ေကာင္ေလးရဲ႕လက္ကိုဆြဲကာကိုယ္ကိုမတ္ေစၿပီး ေပြ႔ခ်ီရေတာ့သည္။

"မထခ်င္ေသးပါဘူးဆို!..."

ႏႈတ္ခမ္းတေထာ္ေထာ္ႏွင့္ ခ်စ္ရသူကို မ်က္ႏွာေသခ်ာသစ္ေပးရင္း ေကာင္းကင္ရဲ႕ ႏႈတ္ခမ္းထက္အျပဳံးေတြေဝလ်ွက္....

သူ႔ခ်စ္သူေလးက အိပ္ခ်င္တိုင္းမအိပ္ရရင္ ေဒါသထြက္တတ္မွန္းသူေကာင္းေကာင္းသိေပမယ့္ ဒီေန႔ကဒီခရီးေလးရဲ႕ေနာက္ဆုံးေန႔ေလ....

လက္က်န္လြတ္လပ္စြာၾကည္ႏူးခ်ိန္ေလးေတြကို အလဟႆ ျဖစ္သြားမွာႏွေျမာတာေပါ့...

"သြား...
မထိနဲ႔..."

ပုခံုးေလးထက္ကသူ႔လက္ကိုဖယ္ခ်ရင္း ေျခေဆာင့္သြားတဲ့ ေကာက္စိန္ေလး....

"Woah!"

ခုနကအေထာ္နဲ႔ျခားနားစြာျပဳံးရႊင္လို႔....

"ဒါေတြေၾကာင့္ တစ္ခါေတာ့ခြင့္လႊတ္ေပးလိုက္မယ္....."

စားရင္းေသာက္ရင္းေျပာပုံကိုက အေခ်႐ုပ္ႀကီးနဲ႔ အထက္စီးက....

ေကာင္းကင္ကလည္း ဒါကိုေက်နပ္ၿပီး ၿဖီးေနတာပါ....

"ကိုယ္ႏြားႏို႔လဲဝယ္လာတယ္....
စေတာ္ဘယ္ရီနဲ႔ေဖ်ာ္ရေအာင္လို႔..."
"ဘယ္မွာလဲ.."
"ေရခဲေသတၱာထဲမွာ..."
"Ok....
ဒါနဲ႔ ဘယ္အခ်ိန္ျပန္ၾကမွာလဲ....
မနက္ျဖန္ေက်ာင္းဖြင့္ၿပီေလ..."
"ညေနက်မွျပန္မယ္ေလ...."
"အင္း..."

မနက္စာစားၿပီး သူတို႔ဘယ္မွေလ်ွာက္မလည္ဘဲ အိမ္မွာပဲ dozets ေဆာ့ၾကသည္။

Strawberry သီးေလးစားလိုက္ ေဖ်ာ္ရည္ေလးေသာက္လိုက္ႏွင့္ သာသာယာယာပါပဲ....

"Two cards..."

သလင္းျမဴ ေနာက္ဆုံးက်န္သည့္ႏွစ္ကဒ္ကို ေကာင္းကင္မျမင္ေအာင္ ဖြက္ထားသည္။

"မ႐ွိဘူး..."

ေကာင္းကင္ရဲ႕အလွည့္မွာထြက္လာေသာ ထိုစကားေနာက္ သလင္းျမဴ ရယ္ကာေအာ္ေတာ့သည္။

"Game ၿပီ!! Yay!!
လာခဲ့! "

ေကာင္းကင္ဆံပင္တခ်ိဳ႕ကို လွန္တင္ၿပီး မ်က္ႏွာကိုအေ႐ွ႕တိုးေပးလိုက္ရာ နဖူးထက္မွတစ္ခ်က္ပူကနဲ....

"ဟားဟား!!"

နဖူးေတာက္ၿပီး ေက်နပ္စြာျမဴးထူးေနသည္။

တစ္ပြဲၿပီးတစ္ပြဲ သလင္းျမဴခ်ည္းပဲႏိုင္ေနရာ မာန္ေတာင္တက္ခ်င္လာသည္။

"ကိုယ္ႏိုင္ၿပီ...."

ျပဳံးစိစိမ်က္ႏွာေလး တည္တံ့သြားသည္။

"One card လို႔လည္းမေအာ္ဘူး!"
"ခုနက two card လို႔ေအာ္ထားတယ္ေလ...."
"အရမ္းမလုပ္နဲ႔ေနာ္...."

သူ႔ႏိုင္တုန္းကအားရပါးရေတာက္ထားသမ်ွ သူ႐ွဳံးေတာ့လည္းမ်က္ႏွာငယ္ႏွင့္ငိုမဲ့မဲ့....

မ်က္စိစုံမွိတ္ၿပီးၿငိမ္ေနပုံေလးက အစကတည္းက ေတာက္ဖို႔စိတ္ကူးမ႐ွိသည့္ သူ႔အသည္းကိုကလိကလိျဖစ္ေစသည္။

"Mwah.."

နဖူးျပင္ေလးကိုအသံထြက္ေအာင္ နမ္းလိုက္ရာ မ်က္လုံးဝိုင္းေလးဖြင့္လာသည္။

ထပ္ၿပီး ႏွာတံတေလ်ာက္ႏႈတ္ခမ္းႏွင့္ပြတ္ဆြဲကာ ႏႈတ္ခမ္းထက္ကိုေတာ့ ခပ္ၾကာၾကာနမ္းသည္။

"အသားယူတယ္ေနာ္ ႏွာဘူးႀကီး..."
"မႀကိဳက္ဘူးလား..."
"ဘယ္သူေျပာလဲ ...
ႀကိဳက္တာေပါ့..."

ေကာင္းကင္အေပၚခြထိုင္ၿပီး ဂုတ္ကိုဖက္တြယ္ကာ မ်က္ႏွာအႏံွ့ကို သလင္းျမဴနမ္းသည္။

"ကိုယ့္ထက္ခ်စ္ကအသားပိုယူတယ္လားလို႔..."
"အဲ့ေတာ့...မႀကိဳက္ဘူးလား...."
"ေသခ်ာေပါက္ကို...........
ႀကိဳက္တာေပါ့...."

ပ်ံ့လြင့္ေနသည့္ရယ္သံေလးက မိန္းမဆန္ဆန္ မခ်ိဳသာေပမယ့္ အားရပါးရရယ္ေနပုံေလးကိုက ေကာင္းကင္ရဲ႕အျမင္ထဲမွာ သိပ္ကိုလွလြန္းသည္။

"ခ်စ္လိုက္တာကြာ...."

အသည္းယားစြာ ဖ်စ္ညႇစ္မိေတာ့ ထုံးစံအတိုင္း ေအာ္ဟစ္ကာ အထုခံရသည္။

အရမ္းကိုခ်စ္ပါသည္။ ထာဝရအတြက္....

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

Mandalay အိမ္ကိုျပန္ေရာက္ခ်ိန္ကေတာ္ေတာ္ေမွာင္ေနၿပီ....

"ကားေမာင္းရတာ ပင္ပန္းလိုက္တာ....
ကိုယ္ခ်စ္အခန္းမွာလိုက္အိပ္မယ္ေနာ္..."

Luggage ေလးကိုကားထဲကခ်ေနရင္း ဒိုင္းကနဲေရာက္လာသည့္ မ်က္ေစာင္းေလး...

"ခ်စ္မအိပ္နဲ႔ဆိုလည္းမအိပ္ေတာ့ပါဘူး...."
"အိပ္႐ုံပဲအိပ္မယ္ဆိုလိုက္ခဲ့..."

ေကာင္းကင္အျမန္ကားကို ဂိုေထာင္ထဲသြင္းကာ ညဝတ္ႏွင့္ မနက္ေက်ာင္းသြားရင္လိုမယ့္ဟာေတြယူၿပီး အေျပးေလးလိုက္သြားသည္။

"ကိုကိုေရ....
သားျပန္လာၿပီ...."

ထမင္းစားခန္းထဲကထြက္လာသည့္ ကိုကိုက သူ႔ကိုျမင္တာနဲ႔ ညင္သာစြာေပြ႔ဖက္သည္။

"ဘယ္လိုလဲ....
ေပ်ာ္ခဲ့ရဲ႕လား..... "
"အင္း..."
"ကိုကို႔ဖို႔ ဝိုင္နဲ႔ strawberry သီးေတြပါတယ္..."
"စားရေသးတာေပါ့..."
"ဟိုေလ ကိုကို....
ေကာင္းကင္ကသားနဲ႔လာအိပ္မွာ.....ရတယ္မလားဟင္...."

ကိုကိုကျပဳံးကာ ေခါင္းသာညိတ္သည္။

"ညစာစားၿပီးၿပီလား...."
"အင္း စားခဲ့တယ္..."
"အေပၚတက္ၿပီး နားေတာ့ေလ...."
"ဟုတ္..."

သူအခန္းထဲေရာက္ေရာက္ခ်င္းပဲ ေကာင္းကင္လည္း ေရာက္ခ်လာသည္။

"ကိုယ္တို႔ေရခ်ိဳးၾကဦးမလား..."
"အင္း...ခ်ိဳးမယ္..."
"Ok...."

အက်ႌေတြစခြၽတ္ေနသည့္ ေကာင္းကင္...

"ဘာလို႔အက်ႌေတြခြၽတ္ေနတာလဲ..."
"ေရခ်ိဳးမယ္ဆို....
အတူခ်ိဳးမွာမလား..."
"မဟုတ္ပါဘူး!!
ကိုယ့္ဘာသာခ်ိဳးမွာ!"
"အဲ့လိုလား...
အဟီး...."

႐ိုက္ပစ္ခ်င္စရာအခြက္ႀကီးေၾကာင့္ သလင္းျမဴ မေန႔ညကိုသတိရကာ ပါးျပင္ေတြကအပူခ်ိန္တိုးလာသည္။

ေကာင္းကင္ကအရင္ ေရခ်ိဳးခန္းထဲကိုဝင္သြားသည္။

📲🎶 phone rings.....

""Real""

သလင္းျမဴ ဝရန္တာကိုအျမန္ထြက္ၿပီး မွန္တံခါးကိုပါပိတ္လိုက္သည္။

"Hello"
"စစ္နဲ႔အဆင့္တက္ခဲ့လား...."
"ဟမ္...."
"မတက္ခဲ့ဘူးပဲ.....
ရပါတယ္....
အခု.....လမ္းခြဲလိုက္ေတာ့...."
"ဘာ...!"
"လမ္းခြဲလိုက္ေတာ့လို႔...."
"မလုပ္ႏိုင္ဘူး....
ငါကဘာလို႔ေကာင္းကင္နဲ႔လမ္းခြဲရမွာလဲ..."
"မင္း...မဟုတ္မွ.....
စစ္ကိုခ်စ္မိသြားတာလား..."
"ဟုတ္တယ္ဆိုရင္ေရာ..."
"ေမ့ေနၿပီလား....
မင္းကငါ့အရိပ္ ငါ့႐ုပ္ေသး႐ုပ္ေလးဆိုတာကို..."
"တျခားဟာေတြငါအကုန္လုပ္ေပးႏိုင္တယ္....
ေက်းဇူးျပဳၿပီး....
ေကာင္းကင္နဲ႔လမ္းမခြဲပါရေစနဲ႔....
မင္းပဲ ေကာင္းကင္ကိုခ်စ္တယ္ဆို....
ေကာင္းကင္နာက်င္ေအာင္လုပ္မလို႔လား...."
"အင္းလုပ္မွာ....
အဲ့ေကာင္ကိုငါဖြင့္ေျပာတုန္းက...
သူငါ့ကိုဘယ္လိုတုန္႔ျပန္္ခဲ့လဲမင္းမွမသိတာ..."
"အဲ့တာကအတိတ္ေတြပဲေလ....
အခုေကာင္းကင္ကမင္းကိုအရမ္းခ်စ္တာ..."
"အတိတ္?
အဲ့ေကာင္ငါ့ကိုေျပာခဲ့တဲ့စကားေတြကိုငါလုံးဝမေမ့ေသးဘူး....
အခုသူနာက်င္ရမယ့္အလွည့္ပဲ...."
"ငါေကာင္းကင္ကိုနာက်င္ေအာင္မလုပ္ႏိုင္ဘူး..."
"ဒါဆိုေရြးစရာေနာက္တစ္ခု႐ွိတယ္..."
"ဘာလဲ.....
ငါလုပ္မယ္..."
"ခက္သံစဥ္ဆိုတဲ့ေကာင္မေလးကို ရေအာင္လိုက္....."
"အဲ့....အဲ့တာကလည္း.."
"အဲ့တာကိုမလုပ္ႏိုင္ရင္ ေကာင္းကင္နဲ႔လမ္းခြဲလိုက္ေတာ့....
ဒီတစ္ညေသခ်ာစဥ္းစားထား...."

Call end ျဖစ္သြားၿပီးေနာက္ သလင္းျမဴ ဝရန္တာလက္ရန္းကိုအားျပဳကိုင္ထားရၿပီး အ႐ုပ္ႀကိဳးပ်က္လဲမသြားေအာင္ထိန္းရသည္။

ငါဘာလုပ္သင့္လဲ....

ဘယ္ဟာကိုပဲေရြးေရြး နာက်င္စရာေတြကအဆုံးမ႐ွိ....

"ခ်စ္ဝရန္တာမွာေအးတယ္ေလ....
အထဲျပန္ဝင္ခဲ့...."

အနားေရာက္လာသည့္ေကာင္းကင္ကိုသာစိုက္ၾကည့္ေနရာမွ သူညဝတ္ႏွင့္ သဘက္ကိုယူကာ ေရခ်ိဳးခန္းထဲအျမန္ဝင္ခဲ့ေတာ့သည္။

မ်က္လုံးေတြနီရဲလာေပမယ့္ မ်က္ရည္စေတြကေပၚထြန္းလာျခင္းမ႐ွိ......

ပင္ပန္းေနလို႔အိပ္ခ်င္ၿပီေျပာသည့္ သူ႔ေၾကာင့္ ထိုညကေကာင္းကင္စကားေတြတတြတ္တြတ္မေျပာေတာ့.......

ေကာင္းကင္အိပ္ေပ်ာ္သြားမွ သူေဆးထေသာက္သည္။

ေတာင္းပန္ပါတယ္....

ကို႔ကိုမထိခိုက္ေအာင္ကာကြယ္ေပးႏိုင္မယ့္ အင္အားမ်ိဳးမ႐ွိလို႔ေတာင္းပန္ပါတယ္....

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

မနက္ေက်ာင္းသြားဖို႔ႏိုးကတည္းက ေကာင္းကင္တစ္ခုခုလိုေနသလို ရင္ထဲလွစ္ဟာေနသည္။

အေၾကာင္းျပခ်က္ကေတာ့ ခ်စ္သူေလးရဲ႕အျပဳံးကိုမေတြ႔ရေသာေၾကာင့္ပင္....

"Morning ကိုကို...."

ဘုန္း႐ွိန္ဝါထက္ကိုႏႈတ္ဆက္ၿပီး ျပဳံးသည့္အျပဳံးေလးကခပ္ေရးေရးသာ....

"ငယ္..ေနမေကာင္းဘူးလား...
မ်က္ႏွာမေကာင္းသလိုပဲ..."
"ေကာင္းပါတယ္..."

ေကာင္းကင္ ပန္းကန္ထဲမွငါးဖယ္ေတြကို ေနေရာင့္ပန္းကန္ထဲထည့္ေပးလိုက္ေတာ့ ေနေရာင္ကသူ့ပန္းကန္ထဲျပန္ေကာ္ထည့္သည္။

"ခ်စ္ႀကိဳက္တယ္မလား...."
"ကိုယ့္ဘာသာစား...."

ေအးစက္ေနသည့္ခ်စ္ရဲ႕အျပဳအမူေတြ....

သူအမွားတစ္ခုခုမ်ားလုပ္မိထားသလား....

"ခ်စ္....
ကို႔ကိုစိတ္ဆိုးေနတာလား...."
"ဟင့္အင္း..."

ေျပာစရာစကားမ႐ွိသလို သူတို႔ႏွစ္ေယာက္ျကားတိတ္ဆိတ္သြားသည္။

"ကို..."
"ဗ်ာ..."

ဘာစကားမွမဆက္ဘဲ ခပ္ေတြေတြေလးၾကည့္ေနသည့္ မ်က္ဝန္းညိဳေတြက အထပ္ထပ္ေတာင္းပန္ေနမွန္း ေကာင္းကင္နားမလည္ႏိုင္ခဲ့ပါ...

"ေက်ာင္းေနာက္က်မယ္...ျမန္ျမန္ေမာင္းလို႔..."
"အင္းပါကြာ..."

သူေျပာမထြက္ခဲ့ပါ......

"ေဟ်ာင့္ေတြ...
မင္းတို႔ႏွစ္ေကာင္ပိတ္ရက္ႏွစ္ရက္လုံးဘယ္ေရာက္ေနတာလဲ....
ဖုန္းဆက္ေတာ့လည္းမကိုင္ၾကဘူး...."
"Pyin Oo Lwin သြားေနတာ...."
"မင္းေမြးေန႔လက္ေဆာင္ရထားတဲ့အိမ္ကိုလား..."
"အင္းေလ..."
"မင္းေျပာေတာ့ အဲ့အိမ္ကို မင္းယူမယ့္သူကိုပထမဆုံးေခၚသြားမွာဆိုၿပီး ငါတို႔ကိုေတာင္မျပဘူးေလ....
စူးေနေရာင္ထက္ကိုက် ေခၚသြားတယ္ဆိုေတာ့ မင္းကဘာသေဘာလဲ....
မ်က္ႏွာလိုက္လွခ်ည္လား!"
"လိုက္တယ္ကြာ....အဲ့ေတာ့ဘာျဖစ္လဲ!"
"မင္းနဲ႔ငါမေခၚေတာ့ဘူး...
စကားလည္းလာမေျပာနဲ႔!"

ကေလးေတြရန္ျဖစ္သလို မေခၚေတာ့ဘူးေတြလုပ္ေနၾကသည့္ ငေတတို႔ၾကား ေကာင္းကင္ရယ္ေနပါသည္။

သလင္းျမဴ ဆုံးျဖတ္ခ်က္ခ်ကာ ဖုန္းကို data on လိုက္ၿပီး ""Khat Than Zin"" ဆိုသည့္ မီးစိမ္းေနေသာ account ေလးကို wave လိုက္သည္။

ခ်က္ခ်င္းပဲ တစ္ဖက္ကျပန္ wave လာသည္။

He: အတန္းမ႐ွိဘူးလား
She:႐ွိတယ္ အခုအတန္းတက္ရင္းသုံးေနတာ
He: မနက္စာစားၿပီးၿပီလား
She: မစားရေသးဘူး
ဒီေန႔မွထူးထူးဆန္းဆန္းစကားေတြလာေျပာေနပါလား
He: ကိုယ္မနက္စာလိုက္ေကြၽးရမလား
She: တကယ္လား
He: အင္း
အတန္းၿပီးရင္ message ပို႔လိုက္
ကိုယ္ထြက္လာခဲ့မယ္
She: ok

"ဘယ္သူနဲ႔ chat ေနတာလဲ... "

ဖုန္းကိုၾကည့္လာသည့္ေကာင္းကင္မျမင္ေအာင္ phone ကိုအျမန္ပိတ္ကာ ေဘာင္းဘီအိတ္ထဲျပန္ထည့္လိုက္သည္။

"သူငယ္ခ်င္းတစ္ေယာက္နဲ႔...."
"ဘယ္သူငယ္ခ်င္းလဲ..."
ဒီတိုင္း online မွာခင္တဲ့သူပါ..."

အလြယ္တကူယုံုၾကည္သြားသည့္ ေကာင္းကင္ကိုၾကည့္ရင္းသလင္းျမဴရင္ထဲဆို႔နင့္ေနသည္။

တုန္ခါသြားေသာ ေဘာင္းဘီအိတ္ထဲမွဖုန္းေလးေၾကာင့္ အေ႐ွ႕ကဆရာမအေျခအေနၾကည့္ကာ သူအခန္းျပင္ထြက္ရန္လုပ္သည္။

"ဘယ္သြားမလို႔လဲ...."

ေကာင္းကင္ကသူ့လက္ေမာင္းကိုဖမ္းဆြဲကာ ခပ္တိုးတိုးေမးသည္။

"အေရးႀကီးကိစၥေလး႐ွိလို႔...
လိုက္မလာနဲ႔...."

ေက်ာပိုးအိတ္လြယ္ရန္ျပင္ေနသည့္ ေကာင္းကင္ရဲ႕လက္မ်ားတန့္သြားသည္။

"Roll call လက္မွတ္ထိုးေပးထား....
ျမန္ျမန္ျပန္လာခဲ့မယ္...."

တစ္ဖက္ကိုဆရာမမ်က္ႏွာလွည့္သြားသည္ႏွင့္လ်င္ျမန္စြာဘဲ အခန္းထဲကထြက္ခဲ့ေတာ့သည္။

"ခက္...."

အေပၚထပ္က ဆင္းလာသည့္သူမက သူ႔ကိုျပဳံးကာလက္ျပသည္။

သူမႏွင့္အတူဆင္းလာသည့္ Botany ေက်ာင္းသားေက်ာင္းသူေတြက စိတ္ဝင္စားသလို အၾကည့္ေတြႏွင့္...

"ခက္ကေနာက္တစ္ခ်ိန္အတန္း႐ွိေသးတယ္..."
"အဲ့တာဆို နီးနီးနားနား RC ပဲသြားမလား.."
"အင္း...
လမ္းေလ်ွာက္သြားၾကမယ္ေလ..."
"ခက္သေဘာ..."

သူ႔ရဲ႕အေျပာေၾကာင့္ ခက္သံစဥ္အပါအဝင္ တျခားေက်ာင္းသူေတြပါ အံ့ဩသြားပုံပင္...

"အဲ့ စာအုပ္ေတြေပး...
ကိုယ္သယ္ေပးမယ္..."
"ဟုတ္သားပဲ...
စာအုပ္ေတြထားခဲ့ရမွာကိုေမ့ၿပီးယူလာမိတာရယ္...."

သလင္းျမဴသူမပိုက္ထားသည့္ ခပ္ထူထူစာအုပ္သုံးအုပ္ကို ယူလိုက္သည္။

"ေက်းဇူးေနာ္ ေနေရာင္..."
"မလိုပါဘူးကြာ..."

ခက္သံစဥ္ကိုသူရေအာင္လိုက္ရမည္....

ခက္သံစဥ္ဆိုတဲ့မိန္းကေလးကိုအားနာေပမယ့္...
ေကာင္းကင္ကသူ႔အတြက္အရမ္းအေရးပါလြန္းေနသည္။

တစ္စုံတစ္ခုကိုကာကြယ္ဖို႔အတြက္...
တျခားတစ္စုံတစ္ခုကို စေတးဖို႔လိုသည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

Bạn đang đọc truyện trên: Truyen247.Pro