Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-44 ( pre honeymoon)

Unicode

အရှေ့ကဆရာမဖွင့်ပေးတဲ့ laptop ထဲကစကားပြောသံတွေကိုသလင်းမြူသေချာလိုက်နားထောင်ရင်း tutorial dialogue မေးခွန်းတွေကိုဖြေသည်။

"ဘာတွေပြောနေတာလဲဟ....
အဖြေကဘယ်ဟာမှန်းတောင်မသိဘူး..."

ခပ်အုပ်အုပ်ပြောသည့်တေဇကြောင့် သလင်းမြူအသံထွက်မရယ်မိအောင်ထိန်းထားရသည်။

"Slow နဲ့ဖွင့်ပေးထားတာကိုသေချာအာရုံစိုက်လိုက်နားထောင်လေ..."

English စာမှာတော့ ကောင်းကင်ကတေဇတို့ထက်သာရာ ဆရာကြီးစတိုင်နှင့်ပြောလေသည်။

"ဆရာလာလုပ်နေတယ်...
သူကကျစူးနေရောင်ဆီကကူးနေပြီးတော့..."
"ငါ့ကုသိုလ်နဲ့ငါ....မနာလိုဖြစ်မနေနဲ့..."

မပြီးနိုင်ဘဲတိုးတိုးတိတ်တိတ် ကြိတ်သတ်နေကြသည့်နှစ်ကောင်ကို မျက်လုံးပြူးပြပြီး ငြိမ်ခိုင်းရသည်။

အားလုံးပြီးတော့ စာရွက်တွေစုကာ ဆရာမထံကိုသလင်းမြူသွားထပ်သည်။

"ဒါနဲ့ထူးဆန်းတာတစ်ခုရှိတယ်...
စူးနေရောင်ထက်နဲ့ပတ်သက်ပြီး..."
"ဘာကလဲ..."
"မင်းတို့မေ့သွားတာလား...
စူးနေရောင်ထက်က English စာမှာဆို ငါတို့ထက်ညံ့တယ်လေ....
Essay letter တောင်အမြဲကျက်ဖြေလို့ ဆရာမငေါက်တာခံခဲ့ရတာ...
Bio ဂုဏ်ထူးလေးပါပြီး အမှတ်လေးရောကောင်းသွားလို့ ဒီကျောင်းဝင်ခွင့်ရသွားပေမယ့် roll number ကအောက်ဆုံးမှာလေ..."
"ဟုတ်သား...."
"စူးနေရောင်ထက် အရင်နဲ့မတူတော့တာဟုတ်ပေမယ့် ဉာဏ်ရည်ပါပြောင်းလဲသွားတာများလား....
သူ့ကြည့်ရတာ လူစားထိုးခံရသလို ရုပ်ရည်ကလွဲရင် ဘာတစ်ခုမှအရင်လိုမဟုတ်ဘူး...."
"မင်းပြောမှ....ငါလည်းသတိရတယ်...
စူးနေရောင်ထက် မျက်နှာပြုပြင်တာကလွဲရင် တခြားခွဲစိတ်တာတွေဘာတွေမကြားဖူးဘူးလားလို့.....
အူအတတ်သာဖြတ်ရမယ်ဆိုရင် သူ့အရင်အကျင့်အတိုင်း သနားစရာပုံစံလုပ်ပြီး ငစစ်ကိုအဲ့အကြောင်းလာပြောခဲ့မှာအသေအချာပဲ..."

မင်းခိုင်ရဲ့စကားကအထူးအဆန်းမို့ ကောင်းကင်မျက်ခုံးတွေတွန့်ကွေးသွားသည်။

"မင်းတို့သတိမထားခဲ့မိတာနေမှာပါကွာ...
English စာကလည်း ဒီလောက်သင်တန်းတွေပေါနေတာကို သူသေချာပြန်လေ့လာထားတာနေမှာပေါ့..."

စိုင်းစံမနေနိုင်စွာ ဝင်ပြောလိုက်တော့မှ ဟိုကောင်တွေကခောင်းညိတ်ကြသည်။

"ဘာတွေပြောနေကြတာလဲ..."

လေးနက်တဲ့ပုံစံတွေနဲ့ ဘာပြောနေကြမှန်းမသိလို့ သလင်းမြူ ခုံမှာဝင်ထိုင်ရင်းမေးလိုက်ရာ...

"ဘာမှမဟုတ်ပါဘူး....
ML ဆော့ဖို့ပြောနေကြတာ..."
"ဪ..."

သောကြာနေ့က နေ့လည်ပိုင်းအတန်းပြီးရင် အချိန်မရှိတော့တာမို့ ကျောင်းမှာနေ့လည်စာစားပြီး သူတို့ပြန်ခဲ့ကြသည်။

ဒီနေ့ညနေသူတို့နှစ်ယောက်ပြင်ဦးလွင်တက်ကြတော့မှာလေ...

သလင်းမြူ အခန်းဆီအမြန်ပြေးပြီး အဝတ်လဲကာ ညကတည်ကအသင့်ပြင်ထားသည့် luggage ကိုဆွဲကာထွက်ခဲ့တော့သည်။

"အန်တီမြ!
ကျွန်တော်သွားတော့မယ်..."
"ဟုတ်ကဲ့အစ်ကိုလေး....
ပျော်ရွှင်စရာခရီးလေးဖြစ်ပါစေ..."
"ဟုတ်...
ကိုကိုကုမ္မဏီကပြန်လာရင် ကျွန်တော်သွားပြီလို့ပြောပေးဦးနော်!"

ခြံရှေ့မှာကြာကြာရပ်မစောင့်လိုက်ရ တစ်ဖက်ခြံထဲကနေ ကောင်းကင်ရဲ့ကားထွက်လာသည်။

သူ့ဆီမှ luggage ကိုကောင်းကင်က ကားနောက်ဖုံးထဲထည့်ပေးလေသည်။

Radio ကလွှင့်သည့်သီချင်းတွေကိုလိုက်ဆိုရင်း သူတို့ကားလေးက ပြင်ဦးလွင်အတက်လမ်းသိ့ုတရွေ့ရွေ့ရောက်ရှိလာသည်။

"ကို..."
"ဗျာ..."
"ဒီခရီးအတွင်း....
ချစ်ကစူးနေရောင်ထက်ဆိုတာကိုမေ့ထားပြီး...
ကို့ရဲ့ချစ်ရသူအဖြစ်ပဲတွေးပေးပါလားဟင်..."

သလင်းမြူ ရုတ်တရက်တောင်းဆိုလိုက်တာဆိုပေမယ့် အရဲစွန့်ပြီးမျှော်လင့်နေတာကြာပါပြီ...

"မမေ့ထားချင်ဘူး.....
ကိုယ်ချစ်တာကစူးနေရောင်ထက်ဆိုတဲ့ကောင်လေးရဲ့ဖြစ်တည်မှုလေ..."
"ဟုတ်သားပဲ..... "

ငါရူးမိုက်လိုက်တာ....

"ကားမူးလို့အိပ်ဦးမယ်..."

အကွေ့အကောက်တွေနှင့်လမ်းကိုအကြောင်းပြကာ ခုံကိုအနောက်လှန်ပြီး တစ်ဖက်ကိုလှည့်ကောင်းကင်ကိုကျောပေးပြီး သူမျက်ဝန်းတွေမှိတ်လိုက်သည်။

ဒီခရီးတိုလေးမှာတော့ ကောင်းကင်ချစ်တဲ့လူဟာ စူးနေရောင်ထက် ဆိုတာကိုသူမေ့ထားစေချင်ခဲ့မိတာပါ.....

အနည်းဆုံးတော့ကောင်းကင်ရဲ့အချစ်တွေဟာ ငာ့အတွက်ဆိုပြီး ခေတ္တခဏကိုယ့်ကိုကိုယ်လှည့်စားထားချင်မိတယ်....

သူအိပ်မပျော်ပေမယ့် မျက်လုံးတွေမဖွင့်ဘဲ ငြိမ်သက်စွာ အတွေးများစွာကြားအလုပ်ရှုပ်နေခဲ့သည်။

အချိန်အတော်လေးကြာတော့ ကားရပ်သွားသည်။

"အစ်ကိုလေးတို့ရောက်လာပြီ..."
"ကားနောက်ဖုံးထဲက အိတ်တွေသယ်ပေးပါဦး ဦးလေးရာ..."

သူ့ဘေးကားတံခါးပွင့်သွားပြီး အယာအယာပွေ့ချီခြင်းခံလိုက်ရမှန်းသိပေမယ့် သူဆက်ပြီးအိပ်ချင်ယောင်ဆောင်နေလိုက်သည်။

အိစက်သောကျောအောက်မှ မွေ့ယာ၏အထိအတွေ့နှင့် နှင်းဆီရနံ့သင်းသင်းကိုသူခံစားမိသည်။

"အစ်ကိုလေးပို့ထားတဲ့ပစ္စည်းတွေကိုအစ်ကိုလေးမှာတဲ့အတိုင်းနေရာချပေးထားပါတယ်..."
"ကျေးဇူးဦးလေး..."
"ဖုန်းထဲကအစ်ကိုလေးအသံကမြူးနေလို့ အတူပါလာမယ့်သူက အစ်ကိုလေးချစ်သူလို့ထင်နေတာ...
သူငယ်ချင်းကိုခေါ်လာတာပဲ..."
"သူငယ်ချင်းမဟုတ်ပါဘူး....
ဒါကကျွန်တော့်ချစ်သူ...."
"ဗျာ!!"
"တိုးတိုး....
သူခရီးပန်းနေတာ...."
"ဟုတ်ကဲ့...
ဒါဆိုအစ်ကိုလေးလည်းနားလိုက်ပါဦး...
ကျွန်တော်အိမ်ပြန်တော့မယ်..."

ခြေသံခပ်တိုးတိုးနှင့် အခန်းတံခါးပိတ်သံကိုကြားလိုက်ရပြီးနောက် သူ့ဘေးမှာလာထိုင်သည့်ကောင်းကင်ရဲ့အငွေ့အသက်ကိုသတိထားမိသည်။

"နေမကောင်းလို့များလား..."

သူနဖူးကိုအသာလေးစမ်းကြည့်ကာ သူ့အနားမှာပဲဝင်လှဲပြီး ဖက်လာသည်။

"လှတယ်..."

သူ့မျက်နှာနှင့် လက်ချောင်းလေးတွေကိုထိတွေ့နေသည်။

လှုပ်ရှားမှုများငြိမ်သက်သွားပြီး နဖူးထက်မှအသက်ရှူသံပြင်းပြင်းကိုကြားရတော့မှ သလင်းမြူမျက်ဝန်းတွေကိုအသာဖွင့်ကာ အိပ်ပျော်နေသည့်ကောင်းကင်ကိုစောင်ခြုံပေးပြီး အိပ်ရာမှထလိုက်သည်။

အရမ်းမကြီးဘဲ ရေချိုးခန်းအိမ်သာပာသည့်အိပ်ခန်းနှစ်ခန်း ဘုရားခန်း မီးဖိုခန်းနှင့်ဧည့်ခန်းပါသည့် အိမ်လေးက သပ်သပ်ရပ်ရပ်နှင့်နေချင်စရာလေးပါ။ တစ်အိမ်လုံးရဲ့ပြတင်းပေါက်တွေက ပန်းအိုးတွေမှာ နှင်းဆီဖြူတွေရှိသည်။

ခြံကတော့နည်းနည်းကျယ်ဝန်းပြီး ပြင်ဦးလွင်ရဲ့သဘာဝအတိုင်း မြက်ခင်းစိမ်းနှင့် ပန်းမျိုးစုံကလှပစွာ....

အချိန်ကညနေပိုင်းရောက်လာပြီမို့ အအေးဓာတ်လေးတွေတိုးလာသလို ကန်တော်လေးကလည်းလှပနေသည်။

📲🎶 phone rings....

"Hello ကိုကို..."
"ပြင်ဦးလွင်ရောက်နေပြီလား.."
"အင်း ရောက်ပြီ..."
"ဆေးဘူးမမေ့ပါဘူးနော်..."
"မမေ့ပါဘူး...
အပြန်ဘာဝယ်ခဲ့ရမလဲ..."
"ဝယ်မလာနဲ့...
ပျော်ပျော်နေခဲ့နော်..."
"ဟုတ်..."

"ဘယ်အချိန်ကထသွားတာလဲ...."

ကန်ရေပြင်ကိုငေးကြည့်နေတုန်း အနောက်ကနေဖက်လာပြီး ပုခုံးပေါ်မှီလာသည့်ကောင်းကင်...

"နိုးလာပြီလား..."
"အင်း...
ချစ်ကိုမတွေ့လို့စိတ်ပူပြီး အိပ်ချင်စိတ်တောင်ပျောက်သွားပြီ...."
"Sorry..."
"ဗိုက်ဆာနေပြီလား...."
"အင်း...ဆာနေပြီ..."
"ညစာကိုအပြင်ထွက်စားကြမယ်....
လာအဝတ်သွားလဲရအောင်..."
"အဝတ်ကဘာလို့လဲဦးမှာလဲ...
လဲထားပြီးသားကို..."
"ချစ်ကလည်းဒီခရီးအတွင်း ကိုယ့်စိတ်တိုင်းကျနေပေးပါဆိုမှ....
မရဘူး!
အဝတ်လဲရမယ်..."

ရွှေစိတ်တော်မညိုးစေရန် luggage ကိုသွားဖွင့်မယ်လုပ်တော့ လက်ကိုဆွဲပြန်သည်။

"ဘာလုပ်မလို့လဲ..."
"ကိုပဲအဝတ်လဲဆို..."
"ဒီဟာဝတ်..."

ဘယ်အချိန်ကဝယ်ထားမှန်းမသိသည့် ကြက်သွေးရောင် Hoddie ထူထူကိုဗီရိုထဲမှထုတ်ပေးသည်။

သလင်းမြူ အပေါ်ဝတ်အနွေးထည်ကိုချွတ်ကာ ကောင်းကင်ပေးသည့် hoddie ကိုဝတ်လိုက်သည်။

"ရပြီလား..."
"အင်း...
ချစ်နဲ့လိုက်တယ်...
ကိုယ်လည်းလဲလိုက်ဦးမယ်..."

ကောင်းကင်လဲဝတ်သည့် အင်္ကျီကလည်း သူဝတ်ထားသည်နှင့် size သာကွာသောဆင်တူ hoddie ....

"Couple လား..."
"အင်းလေ...
ဒီမှာကိုယ်တို့ကိုသိတဲ့သူလည်းမရှိဘူးနော်...
မဝတ်ချင်ဘူးမငြင်းရဘူး..."

ထပ်ပြီးထုတ်လာပြန်တာကလည်းဆင်တူ shoe...

သလင်းမြူလည်းဘာမှပြောမနေတော့ဘဲ အသာတကြည်သာစီးလိုက်သည်။

"ပြီးပြီလား...
မြန်မြန်သွားရအောင်...ချစ်ဗိုက်အရမ်းဆာနေပြီ..."
"Ok ok..."

နီးနီးနားနား ဘုံကျောင်းနားမှာပြောင်းရွေ့ထားသည့် ညဈေးကိုသာသွားကြသည်။

ကောင်းကင်နှင့်လက်ချင်းတွဲထားတော့ သူတို့ကိုကြည့်နေသည့် မျက်လုံးတွေရှိသည်။

ဒါပေမယ့် လက်မဖြုတ်ဘဲ ဈေးတန်းတစ်ခုလုံးလျှောက်ပတ်စားသည်။

"အဲ့အတွဲကယောက်ျားချင်းကြီး..."
"ဟိုသေးသေးလေးကမိန်းကလေးမဟုတ်ဘူးလား..."
"ယောက်ျားလေးပါဟယ် ခုနကစကားပြောတဲ့အသံကြားလိုက်တယ်..."
"နှစ်ယောက်လုံးကချောချောလေးတွေကိုနှမြောစရာအေ....
ဝဋ်ကြွေးတွေ ဝဋ်ကြွေးတွေ...."

ဒါဟာ အများပြောတဲ့သဘာဝတရားကြီးကိုဆန့်ကျင်တဲ့သူတို့လို ချစ်သူစုံတွဲတွေအတွက် အသက်သာဆုံးနဲ့အညှာတာဆုံးဝေဖန်ခြင်းမျိုးပါ...

နောင်ဆို ဒီထက့်အဆပေါင်းများစွာဆိုးတဲ့ပြစ်တင်ရှုံ့ချခြင်းတွေကိုရင်ဆိုင်ရမှာလေ....

သူ့လက်ကို ပိုတင်းအောင်ဆုပ်ကိုင်လာသည့်ကောင်းကင်ရဲ့မျက်နှာမှာအပြုံးတစ်ခုကိုဆင်မြန်းထားရှာသည်။

"ကို ချစ်ဟိုဟာစားချင်တယ်..."

သူလက်ညိုးထိုးသည့်အတိုင်း အာတာပူစီကြီးကသူ့လက်ထဲရောက်လာသည်။

"ချိုတယ်..."

သူစားလိုက်ကောင်းကင်ကိုဖဲ့ကျွေးလိုက်နှင့် ပတ်ဝန်းကျင်ကအသံတွေကို မကြားချင်ယောင်သာဆောင်လိုက်သည်။

"အေးလိုက်တာ..."

ကားပေါ်ကဆင်းသည်နှင့် သလင်းမြူ အိမ်ထဲပြေးဝင်သည်။

"ကိုယ်တို့စောစောအိပ်ရအောင်..."
"အင်း..."

ကောင်းကင်ထုတ်ပေးပြန်တဲ့ couple ညဝတ်အကျႌကိုဝတ်ကာ သူတို့နှစ်ယောက်စောင်ထူထူအောက်မှာ တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာဖက်ထားကြသည်။

"ဒီအကျႌတွေဖိနပ်တွေဘယ်တုန်းကဝယ်ထားတာလဲ..."
"အရင်အပတ်က ဝယ်ပြီး ဒီလှမ်းပို့ထားတာ...
သဘောမကျဘူးလား..."
"သဘောကျတာပေါ့..."
"ကိုယ်တို့ကအခု honeymoon ထွက်လာသလိုပဲနော်..."
"မဟုတ်ပါဘူး!"

ရင်ခွင်ထဲကခေါင်းထောင်လာပြီး ငြင်းသည့်ကောင်လေးရဲ့ပါးပြင်က မီးရောင်မှိန်မှိန်အောက်မှာတောင် ရဲနေမှန်းသိသာသည်။

"ကိုယ်ကရိုးရိုးပြောတာပါ...
ချစ်ကမရိုးမရိုးတွေးနေတာ..."
"မတွေးပါဘူး!!"
"ဟားဟား!!
မတွေးပါဘူး....
ကိုယ့်ချစ်ကကလေးလေးပါ..."

ကျိတ်ရယ်နေသေးသည့် ကောင်းကင်ရဲ့ရင်ဘက်ကိုသလင်းမြူ ထုပစ်လိုက်သေးသည်။

"အကြို honeymoon လို့တော့လက်ခံလိုက်...
နော်..."

သလင်းမြူ ခေါင်းသာညိတ်သည်။

"ကိုယ်တို့ ဘယ်တော့လောက်လက်ထပ်ကြမလဲ"
"ဟင်..."
"စေ့စပ်ထားပြီးကျောင်းပြီးမှလက်ထပ်မလား...
စောစောပဲလက်ထပ်ကြမလား...
လက်မှတ်ထိုးထားပြီး နောက်မှမင်္ဂလာပွဲလုပ်ကြမလား..."

သူ့ဘာသာတွေးပြီးပြောနေသည့်ကောင်းကင်ရဲ့အပြုံးတွေကတောက်ပနေသည်။

"ကိုယ်တို့ကလေးဘယ်နှယောက်ယူကြမလဲ....
အငှါးကိုယ်ဝန်ဆောင်နဲ့ယူမလား ဖန်ပြွန်နဲ့ယူမလား....
ကိုယ်တို့သားသမီးတွေကိုနာမည်ပေးရင် ကိုယ်တို့နာမည်ပါအောင်ပေးကြမယ်နော်.....
ကိုယ့်အဖေနဲ့အမေကိုဖွင့်ပြောလိုက်ရင် အစတော့အံ့ဩသွားကြမှာပဲ....
သဘောမတူတာလက်မခံတာမျိုးတော့မလုပ်လောက်ဘူး...
ချစ်သိတဲ့အတိုင်း ကိုယ့်အမေက ရှေးရိုးစွဲမဟုတ်ဘူးလေ..."
"......."
"ချစ်...."
"......."

သလင်းမြူ နှုတ်ခမ်းကိုသာနာနာကိုက်ထားရင်း ထိန်းချုပ်ပေမယ့်မျက်ရည်စတွေကစီးဆင်းလာသည်။

သူ့မေးကိုကိုင်မော့သည့်ကောင်းကင်က သူ့မျက်ရည်တွေမြင်တော့ တုန်လှုပ်သွားသည်။

"ချစ်.....
ဘာလို့ငိုတာလဲ.....
ကိုယ်အမှားလုပ်မိလို့လား..."
"ဟင့်အင်း....
ပျော်လို့ပါ...."
"ပျော်လည်းမငိုပါနဲ့...
ကိုယ်မကြိုက်ဘူး..."
"အင်းပါ..."

စူးနေရောင်ထက်ကိုအဲ့လောက်တောင်ချစ်တာလားကိုရယ်....

ကိုဖြစ်စေချင်သလို ချစ်ပြုံးနေပေးပါ့မယ်....

နာကျင်ဝမ်းနည်းနေရင်တောင် ပြုံးနေပေးမယ်...

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ရေတံခွန်သွား မြို့ထဲပတ်လည်ပြီး ဈေးကြီးထဲမှာသူတို့ဈေးဝင်ဝယ်ကြသည်။

ကားပေါ်ကမဆင်းခင် အသင့်ပါလာသည့် mask နှင့် ဦးထုပ်ကိုသလင်းမြူတပ်ဆင်လိုက်သည်။

သတိထားဖို့လိုတယ်လေ....

"အကင်လုပ်စားကြမလား..."
"အင်း....
အိမ်မှာ အကင်ဖိုရှိတယ်..."
"ကြာစွယ်ကြိုက်လား.."
"အပ်မှိုကြိုက်တယ်..."

အမေးတခြားအဖြေတခြားကောင်းကင်ကို မရဘူးဆိုသည့်ပုံစံမျိုးနှင့် လက်သီးထောင်ပြလိုက်တော့ ရှုံ့မဲ့နေသည်။

"အများကြီးမစားရဘူးနော်..."
"အဲ့တာကြောင့်ချစ်နေရတာ..."

ငုံ့လာသည့်နှုတ်ခမ်းကြီးကိုစီးကြိုရိုက်ပစ်သည်။

"လူတွေကြားထဲကိုဘယ်လိုဖြစ်နေတာလဲ..."
"ဟီး..."

အသီးအရွက်တွေဝယ်ပြီး အသားရုံဘက်ကိုသူသွားတော့ ကောင်းကင်ကအနောက်မှအထုပ်တွေဆွဲပြီး လိုက်လာသည်။

"ပြည်ကြီးငါးစားမလား ကင်းမွန်စားမလား..."
"ပြည်ကြီးငါး..."

ချစ်စရာအပြုံးလေးနှင့် ဈေးသည်တွေကိုလည်း သူ့အိမ်ရှင်ထီးလေးကဈေးဆစ်တတ်သေးသည်။

နေရောင့်အကြောင်းကိုပိုသိလေ သူနေရောင့်ကိုပိုချစ်မိလေပါပဲ....

ဟိုဟာနည်းနည်းသည်ဟာနည်းနည်းဝယ်ပြီး သူတို့အသားရုံထဲကပြန်ထွက်လာကြသည်။

"ချစ်ဟိုမှာ စတော်ဘယ်ရီတွေ..."
"စားချင်လို့်လား..."
"အင်း...ဖျော်ရည်လုပ်ပြီးလည်းသောက်ချင်တယ်...."

ဒီတိုင်းစားဖို့အလုံးကြီးတဲ့ထိုင်ဝမ်မျိုးတွေဝယ်ပြီး ဖျော်သောက်ဖို့အတွက်တော့ ဒေသသီးသေးသေးချဉ်ချဉ်လေးတွေသာဝယ်လိုက်သည်။

ပြန်ရောက်တော့အသားတွေကိုကင်ဖို့အတွက်အရင်အရသာသွင်းကာပြုတ်ထားလိုက်သည်။

ကြာစွယ် ရုံးပတီသီး တွေကိုလည်း ကင်ဖို့လှီးပြီးအဆင်သင့်ပြင်သည်။

ညဘက်ဆိုအပြင်ကအရမ်းအေးလို့ အကင်ဖိုလေးကိုအိမ်ထဲသွင်းထားသည်။

"ချစ်...ဝိုင်လေးရောသောက်ကြမလား..."
"အင်းကောင်းသားပဲ...."
"ကိုယ်သွားဝယ်လိုက်မယ်..."

ကောင်းကင်ထွက်သွားတာနဲ့သလင်းမြူ အဝတ်တွေချွတ်ကာ ရေချိုးခန်းထဲဝင်ပြီး ရေပူနှင့်ချိုးလိုက်သည်။

ကောင်းကင် ဝိုင်တွေရောင်းသည့်ဆိုင်ရှေ့ရောက်မှပိုက်ဆံအိတ်မပါမှန်းသတိရကာ ပြန်လှည့်လာသည်။

"အိပ်ခန်းထဲမှာများလား..."

ကုတင်ဘေးခုံပေါ်မှာတွေ့သည့် ပိုက်ဆံအိတ်ကိုယူပြီးပြန်ထွက်ဖို့လုပ်ပြီးမှ ရေသံနှင့် ပိတ်မထားသည့်ရေချိုးခန်းတံခါးထံအကြည့်ရောက်သွားသည်။

စိတ်၏ခိုင်းစေမှုအတိုင်း ဟနေသည့်တံခါးမှအထဲကိုကြည့်လိုက်သည်။

အဝတ်ဗလာနှင့် သူ့ကိုကျောပေးထားပြီး ရေပန်းအောက်မှနေရောင်က ရေနွေးငွေ့တွေကြားမှာ သူ့ကိုအသက်ရှူမှားသွားစေသည်။

တံတွေးအသာမျိုချပြီး သူပြန်ထွက်ခဲ့ရတော့သည်။

ဆက်ကြည့်နေလျှင်ဖြစ်လာမယ့်အကျိုးဆက်ကညစ်ညမ်းပေမည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Zawgyi


"ဘာတွေပြောနေတာလဲဟ....




"ဆရာလာလုပ်နေတယ်...



"ဘာကလဲ..."
"ဟုတ်သား...."




"ဘာတွေပြောနေကြတာလဲ..."


"ဘာမှမဟုတ်ပါဘူး....
"ဩော်..."




"အန်တီမြ!
"ဟုတ်ကဲ့အစ်ကိုလေး....
"ဟုတ်...



Radio ကလွှင့်သည့်သီချင်းတွေကိုလိုက်ဆိုရင်း သူတို့ကားလေးက ပြင်ဦးလွင်အတက်လမ်းသို့တရွေ့ရွေ့ရောက်ရှိလာသည်။

"ကို..."
"ဗျာ..."
"ဒီခရီးအတွင်း....


"မမေ့ထားချင်ဘူး.....
"ဟုတ်သားပဲ..... "

ငါရူးမိုက်လိုက်တာ....

"ကားမူးလို့အိပ်ဦးမယ်..."









"ကျေးဇူးဦးလေး..."
ဒါကကျွန်တော့်ချစ်သူ...."
"ဗျာ!!"
"တိုးတိုး....
သူခရီးပန်းနေတာ...."
"ဟုတ်ကဲ့...




"လှတယ်..."






📲🎶 phone rings....

"Hello ကိုကို..."
"အင်း ရောက်ပြီ..."
"ဆေးဘူးမမေ့ပါဘူးနော်..."
"မမေ့ပါဘူး...
အပြန်ဘာဝယ်ခဲ့ရမလဲ..."
"ဝယ်မလာနဲ့...
ပျော်ပျော်နေခဲ့နော်..."
"ဟုတ်..."

"ဘယ်အချိန်ကထသွားတာလဲ...."


"နိုးလာပြီလား..."
"အင်း...
"Sorry..."
"ဗိုက်ဆာနေပြီလား...."
"အင်း...ဆာနေပြီ..."
လာအဝတ်သွားလဲရအောင်..."
လဲထားပြီးသားကို..."
မရဘူး!
အဝတ်လဲရမယ်..."


"ဘာလုပ်မလို့လဲ..."
"ကိုပဲအဝတ်လဲဆို..."
"ဒီဟာဝတ်..."



"ရပြီလား..."
"အင်း...
ချစ်နဲ့လိုက်တယ်...


"Couple လား..."
"အင်းလေ...



"ပြီးပြီလား...
"Ok ok..."










"ချိုတယ်..."


"အေးလိုက်တာ..."


"အင်း..."

ကောင်းကင်ထုတ်ပေးပြန်တဲ့ couple ညဝတ်အင်္ကျီကိုဝတ်ကာ သူတို့နှစ်ယောက်စောင်ထူထူအောက်မှာ တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာဖက်ထားကြသည်။

"ဒီအင်္ကျီတွေဖိနပ်တွေဘယ်တုန်းကဝယ်ထားတာလဲ..."
သဘောမကျဘူးလား..."
"သဘောကျတာပေါ့..."
"မဟုတ်ပါဘူး!"


"မတွေးပါဘူး!!"
"ဟားဟား!!
မတွေးပါဘူး....


နော်..."


"ဟင်..."


"......."
"ချစ်...."
"......."



"ချစ်.....
ဘာလို့ငိုတာလဲ.....
"ဟင့်အင်း....
ပျော်လို့ပါ...."
"ပျော်လည်းမငိုပါနဲ့...
ကိုယ်မကြိုက်ဘူး..."
"အင်းပါ..."




◽◾◽◾◽◾◽◾◽◾◽◾◽◾◽



သတိထားဖို့လိုတယ်လေ....

"အကင်လုပ်စားကြမလား..."
"အင်း....
"ကြာစွယ်ကြိုက်လား.."
"အပ်မှိုကြိုက်တယ်..."




"ဟီး..."


"ပြည်ကြီးငါး..."




"စားချင်လို့်လား..."



ကြာစွယ် ရုံးပတီသီး တွေကိုလည်း ကင်ဖိွုှီ့းပြီးအဆင်သင့်ပြင်သည်။


"အင်းကောင်းသားပဲ...."









◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro