Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-43 ( sweet dream my love)

Unicode

ကျောင်းစုံညီပွဲတော်မှာ သီချင်းဆိုသည့် ညီမလေးရဲ့ video ကိုမမကြီးကပို့ထားသည်ကိုတွေ့တော့ သူအမြန်ဖွင့်ကြည့်လိုက်သည်။

စင်ပေါ်မှာ သီချင်းကို mood အပြည့်နှင့်ကောင်းစွာသီဆိုနေသူက သူ့ရဲ့ချစ်စရာညီမငယ်လေး ခွန်းခက်ဆစ်ဆိုတာထက် ပါရမီပါသော အဆိုတော်တစ်ယောက်နှင့်တူနေသည်။

ပညာရေးဘက်မှာအလယ်အလတ်အဆင့်သာရှိသည့်သူ့ညီမလေးက ဂီတဘက်မှာတော့သိပ်ကိုထူးချွန်သည်။

"ကိုကို....
ခွန်းလေးကဘာလို့ကိုကို့လိုမတော်တာလဲမသိဘူးနော်..."

သူ့ရဲ့ဆုတံဆိပ်တွေကိုကြည့်ပြီး မေးဖူးသည့် ခွန်းလေး...

"ခွန်းလေးရဲ့အိမ်မက်ကဘာလဲ..."
"အိမ်မက်?....
တစ်ခါမှတောင်မစဉ်းစားဖူးဘူး...."
"ဝါသနာကရော..."
"အိမ်မက်တွေဝါသနာတွေကို ညီမလေးမသိဘူး.."
"ဒါဆို...
အပျော်ဆုံးကဘယ်အချိန်တွေလဲ..."
"ကိုကိုတို့ မေမေတို့ပျော်နေတဲ့အချိန်....
ပြီးတော့...
သီချင်းဆိုတဲ့အချိန်...."
"သီချင်း..."
"အင်း...
သီချင်းဆိုနေတဲ့အချိန်တွေဆို လွတ်လပ်ပြီး...
ရင်ခုန်တယ်...စိတ်လှုပ်ရှားတယ်...ကြည်နူးတယ်....."

သီချင်းတွေအကြောင်းကိုပြောရင် မျက်ဝန်းလေးတွေတလက်လက်တောက်ပနေတဲ့သူ့ရဲ့ညီမငယ်လေး...

"အဆိုတော်ဖြစ်ချင်လား..."

ရုတ်တရက်သူ့ကိုမော့ကြည့်လာပြီး မျက်ဝန်းလေးတွေအရောင်ဖျော့သွားကာ ပြုံးပြသည်။

"အဆိုတော်ဖြစ်ဖို့က....
ဘယ်လောက်အရည်အချင်းရှိရှိ...
နောက်ခံမရှိရင်....
ကြာကြာမရပ်တည်နိုင်ဘူးတဲ့...."
"ကိုကိုထောက်ပံ့ပေးမယ်..."
"ဟင်..."
"ခွန်းလေးသာတကယ်တော်တဲ့အဆိုတော်ဖြစ်အောင် ကြိုးစားမယ်ဆိုရင်...
ကိုကိုကလည်း ထောက်ပံ့ပေးနိုင်အောင်ကြိုးစားမယ်"
"တကယ်လား "
"တကယ်ပေါ့..."

သူ့ကတိအတိုင်း ခွဲစိတ်စရိတ်အပြင် ညီမလေးအတွက် bank account ဖွင့်ပြီးလတိုင်းထည့်ထည့်ပေးထားသည်။

"အဲ့တာဘယ်သူလဲ!"

နားနားကပ်အော်သည့် အသံကြီးကြောင့် တစ်ကိုယ်လုံးတုန်တက်သွားကာ လက်ထဲကဖုန်းပါလွတ်ကျသွားသည်။

ကုတင်ပေါ်မှာမို့ ဖုန်းကဘာမှမဖြစ်မှသလင်းမြူ စိတ်သက်သာသွားပြီး အနောက်မှသူ့ဘေးကပ်ထိုင်နေသည့် လောရှည်ကောင်ကို ဒေါသထွက်သလိုလှည့်ကြည့်လိုက်သည်။

"ဘယ်ကတည်းရောက်နေတာလဲ.."
"ခုနကမှ...
အဲ့ကောင်မလေးကဘယ်သူလဲလို့...
ဘာလို့ သူသီချင်းဆိုတာကြည့်ပြီးပြုံးနေတာလဲ.."
"မနက်ဖြန် final ပွဲကန်ရမှာဆို...
Training မရှိဘူးလား..."
"ရှိတယ်လေ...
အခုပြန်လာတာ...."

သူအခုမှ ကောင်းကင်ကိုသေချာကြည့်မိသည်။

လေ့ကျင့်ရေးဝတ်စုံကြီးနှင့်ကောင်းကင်က ပြန်ရောက်ရောက်ချင်းသူ့ဆီတန်းလာပုံပင်...

"ကိုယ်မေးတာဖြေဦးလေ..."
"ရေအရင်သွားချိုး... "
"စကားလမ်းကြောင်းမလွှဲနဲ့...."

သက်ပြင်းချပြီး အောက်နှုတ်ခမ်းလေးကိုငုံထွေးထားသည့် သူ့ချစ်သူကြောင့် ထိုကောင်မလေးနဲ့တစ်ခုခုများပတ်သက်မှုရှိနေမလားဆိုပြီးစိုးရိမ်စိတ်ကပိုတိုးလာသည်။

အဖြေကိုမစောင့်နိုင်တော့သည့်အဆုံး နေရောင့်ဖုန်းကိုအမြန်ယူပြီး ကုတင်ပေါ်မှထကာ ရပ်ထားသည့် video file ကိုဖွင့်ကြည့်လိုက်သည်။

"ပြန်ပေး..."

အသံကောင်းတဲ့အထက်တန်းကျောင်းသူတစ်ယောက်ပဲ...

သူ့အသည်းလေးက ဒါကိုဘာတွေများစိတ်ဝင်တစားကြည့်တာပါလိမ့်....

သီချင်းကောင်းလို့များလား...

ဒါမှမဟုတ်အသံကောင်းလို့များလား...

သူအဖြေထုတ်နေတုန်းမှာ နေရောင်ကမမှီမကမ်းနှင့်ဖုန်းကိုခုန်ဆွခုန်ဆွလုပ်ကာ ပြန်ယူရန်ကြိုးစားနေရှာသည်။

ခဏ....

အခုမှသေချာကြည့်မိတယ်...

ကျောင်းသူလေးမျက်နှာက နေရောင်နဲ့ခပ်ဆင်ဆင်....

နေရောင်က surgery လုပ်ထားတာပဲ။ တိုက်ဆိုင်တာများလား....

"ထူးဆန်းလိုက်တာ..."

သူခပ်တွေတွေဖြစ်နေတုန်းမှာပဲ နေရောင်ကဖုန်းကိုပြန်ရသွားသည်။

"အဲ့ကောင်မလေးက...ချစ်နဲ့တူသလိုပဲ..."

မျက်ဝန်းလေးတွေဝိုင်းစက်သွားသည့် ချစ်သူရဲ့ face expression ကြောင့် ကောင်းကင်စိတ်ထဲတစ်မျိုးဖြစ်သွားသည်။

"ဘယ်နားကတူလို့လဲ!
ချစ်ကပိုချောတာကို...."

နှုတ်ခမ်းလေးဆူကာ အော်တော့ စိတ်ကောက်တော့မယ့်အရိပ်အယောင်တွေရှိနေတာကြောင့် ကောင်းကင်ဆက်မပြောရဲတော့...

"ဟုတ်သားပဲ....
ကိုယ့်အသည်းလေးကပိုချစ်စရာကောင်းတယ်..."

ပါးလေးနှစ်ဖက်ကို ငုံ့နမ်းရင်း ချော့မြှူသလိုပြောမှ မျက်နှာကြောလေးပြန်လျော့သွားသည်။

ချစ်ရင် အရိပ်သုံးပါးကိုနားလည်ပါ။
သူ့ကိုစိတ်ကွက်စေမယ့် စကားမပြောမိအောင်ထိန်းပါ။
သူသာစိတ်ထိခိုက် ဝမ်းနည်းသွားရင် ကိုယ်လည်းနာကျင်ရသလို
သူသာမျက်ရည်ကျရင်
ကိုယ့်ကြောင့်ဆိုတဲ့အသိနဲ့ ကိုယ့်ကိုကိုယ်ထိခိုက်စေနိုင်လို့ပါ။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ကိုယ်လိုချင်တာပေးမယ်လို့ပြောထားတာကို မမေ့ဘူးမလား..."
"မမေ့ပါဘူး..."

ပွဲမစခင် တောက်တဲ့လို အနားမှာကပ်ပြီး ကောင်းကင်ကတဖွဖွပြောနေသည်။

"လိုချင်တာပေးမယ်ဆိုပေမယ့်...
ချစ်တို့ RS ကိုကြေညာတာမျိုးတော့ မဖြစ်ဘူးနော်..."
"ကိုယ်သိပါတယ်....
အဲ့လိုမျိုးမတောင်းပါဘူး...
ကိုယ့်ကိုအားဆေးလေးမပေးချင်ဘူးလား..."

သလင်းမြူဘေးဘီကိုကြည့်လိုက်ပြီး လူမရှိတာသေချာမှ စောင့်စားနေသော ကောင်းကင်ရဲ့နှုတ်ခမ်းတွေကိုခြေဖျားထောက်ကာ နမ်းလိုက်သည်။

"ရပြီလား..."
"အား....
ကိုယ်အားတွေရှိလာပြီ..."
"အဲ့တာဆိုလဲ Champion ဖြစ်အောင်ကန်နော်....
ချစ်ရဲ့ရှေ့တန်းတိုက်စစ်မှူးလေး..."
"အသည်းလေးအမိန့်အတိုင်းပါဗျာ..."

ထိုအချိန် အဝတ်လဲခန်းအပြင်မှ စိုင်းစံကတော့ အခန်းထဲဘယ်သူမှမဝင်အောင်ကင်းစောင့်နေလေသည်။

ဒီအစ်ကိုတို့ကတော့ကွာ....
ငါလည်းနေ့ချင်းညချင်း ဒီ RSရဲ့ ပင်တိုင် security ဖြစ်သွားသလိုပဲ....

"Biology!!!!! Fighting!!!!"
"Geology!!!!! Fighting!!!!"

တစ်ဖက် major ကလည်းသူတို့ထက်မလျော့သော vocal တွေနှင့်အပြိုင်အော်ကာအားပေးသည်။

ဟိုဘက်သည်ဘက်မျက်စောင်းတွေကထိုးကြသေးသည်။

ကိုယ့်အသင်း goal သွင်းလိုက်ချိန်တစ်ဖက် major ကဟာတွေကိုပြောင်ဖို့ကလည်းမမေ့...

"Goal!!!"

ကောင်းကင် ဂိုးသွင်းလိုက်ရာ သလင်းမြူထခုန်ကာကတော့ ကောင်းကင်ကလည်းကွင်းထဲကနေ သူရှိရာကို fly kiss လှမ်းပေးလေသည်။

"အား!!!!"

သူတို့ကိုလုပ်ပြသည်ထင်ပြီး ထအော်သည့် အနောက်နားက မိန်းကလေးတသိုက်ကို ဘောလုံးအစာသွတ်ပြီး နေပူပူတွင်ကြိုးတုပ်ကင်ပစ်ချင်မိသည်။

စိတ်ထဲကသာအသေသတ်နေပေမယ့် လက်တွေ့အပြင်မှာမလုပ်နိုင်တော့ ထွက်လာသည့် ဒေါသတွေက ကောင်းကင်အပေါ်စုကျသွားကာ မျက်ထောင့်နီကြီးနှင့်ကြည့်ပေးလိုက်သည်။

2:2 သရေနှင့် ပွဲကပြီးဖို့ ဆယ်မိနစ်လောက်သာလိုတော့သည်။

Botany third year ကအစ်ကိုကြီးတစ်ယောက်တစ်ဖက်အသင်းသမားကြောင့် ပစ်လဲကျသွားရာ သူတို့တွေရဲ့ဒေါသကငယ်ထိပ်စောင့်တက်လာသည်။

"အဲ့ကောင် အနီကဒ်ပြဟ!"
"Overတွေ!!"

Geology တွေရဲ့အော်သံတွေ....

"သပ over!!
သောက်လုံးတွေကန်းနေကြလားဟမ်!!!
တန်းစီဖောက်ထုတ်ပြီးခွေးစာကျွေးပစ်မယ်!!
မဟုတ်ကဟုတ်ကအသံတွေထပ်ထွက်ရဲထွက်လာကြည့်!
လျှာကိုအရင်းကနေဖြတ်ပြီး ရှိသမျှအပေါက်တွေအကုန် super glue နဲ့အသေပိတ်ပစ်မှာ.!!!
Bio တွေကိုဘာမှတ်နေလဲ!!"

အဲ့လိုထအော်လိုက်တာဘယ်သူလို့ထင်ပါသလဲ...

တစ်ကျောင်းလုံးရဲ့အချောအလှစာရင်းဝင် ခက်သံစဉ်ပါ...

Geology တွေတော့မသိ သူ့မှာတော့ကြက်သီးဖြန်းကနဲ....

ပြေးရင်းလွှားရင်း ကောင်းကင်ကသူ့ကိုမျက်စိတစ်ဖက်မှိတ်မှိတ်ပြသေးသည်။

သလင်းမြူသဘောတကျရယ်မိရင်း နှုတ်မှလည်း ရေရွတ်မိသွားသည်။

"ချစ်လိုက်တာ... "
"ဘာပြောလိုက်တယ်..."

သူနဲ့ကပ်လျှက်ထိုင်နေသည့် EC မကအံ့ဩသလိုကြီးမေးလာသည်။

"ဘာပြောလို့လဲ...
ဘာမှမပြောမိပါဘူး..."
"ပြောလိုက်ပါတယ်...
ချစ်လိုက်တာတဲ့...
ငါသေချာကြားလိုက်တယ်...
ခက်သံစဉ်ကိုပြောတာမလား..."
"မဟုတ်ပါဘူး..."
"မရှက်ပါနဲ့နင်ကလည်း...
နင်နဲ့ခက်သံစဉ်ကမရိုးတာကိုငါတို့အားလုံးသိတယ်.."
"မဟုတ်ပါဘူးဆို!"

သလင်းမြူအသံမာလာပြီ။

"အေးပါ..."

ဒီလိုအချိန်မျိုးတွေမှာ ငြင်းဆန်နေရမယ့်အစား အားလုံးကိုပြောလိုက်ချင်သည်။

သူ့မှာချစ်သူရှိတယ် ကောင်းကင်ကသူ့ရဲ့ချစ်သူပါဆိုပြီး ဝန်ခံချင်မိသည်။

ဒါပေမယ့်....

မဖြစ်ဘူးလေ...

"Goal!!!!!"

နားအူတက်သွားသည့် ထအော်သံတွေကြောင့်သာ သလင်းမြူရဲ့စိတ်ကျစရာအတွေးတွေရှေ့မဆက်တော့.....

"စစ်ကောင်းကင်နိုင်!!!!"
"စစ်ကောင်းကင်နိုင်!!!!"

သံပြိုင်အော်သံတွေနှင့် goal သွင်းလိုက်သူက ကောင်းကင်ဖြစ်ပုံပင်။

ဝမ်းသာအားရတစ်ယောက်ပြီးတစ်ယောက်လာဖက်တာခံနေရသည့်ကောင်းကင်က သူ့ကိုလှမ်းကြည့်နေတာတွေ့မှ သလင်းမြူအမြန် လက်မထောင်ပြီး ပြုံးပြလိုက်သည်။

"ခက်သံစဉ်!!!
နင့်ကိုစူးနေရောင်ထက်ကချစ်လိုက်တာတဲ့!!!"

အော်ပြီး EC မကထွက်ပြေးသွားကာ သူ့ကို ခက်သံစဉ်ကကြည့်နေသည်။

"Congratulation!! Woo!!"

လက်ခုပ်တီးဝိုင်းအော်ကြသည့်အသံတွေကိုဂရုမစိုက်အား သူ့ကိုကြည့်နေသည့် ကောင်းကင်ရဲ့မျက်ဝန်းတွေကိုသာ ဖတ်ရန်ကြိုးစားမိသည်။

အကြည့်လွှဲသွားသည့် ကောင်းကင်ကြောင့် သလင်းမြူလည်းထအော်လိုက်သည်။

"မဟုတ်ဘူး!!!"

အားလုံးအသံတိတ်သွားသလို ကောင်းကင်လည်းပြန်လှည့်ကြည့်လာသည်။

"ငါခက်သံစဉ်ကိုပြောတာမဟုတ်ဘူး!!"

တစ်ဖက်မိန်းကလေးကိုသူမငဲ့ကွက်နိုင်တော့...

သူထိုအနားမှထွက်လာခဲ့တော့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ကို..."
"ကိုယ်သိတယ်.... "

အမှန်တကယ်ကြည်လင်နေသည့်ကောင်းကင်ရဲ့မျက်နှာကြောင့် သလင်းမြူအခုမှအပူလုံးကြီးကျသွားသည်။

"ကိုဘာလိုချင်တာလဲဟင်...
ချစ်ကတိအတိုင်းပေးမယ်..."
"ခရီးထွက်ရအောင်...
နှစ်ယောက်တည်း..."
"ဘယ်ကိုလဲ..."

Oversea တော့မဖြစ်....

စူးနေရောင်ထက်ကနိုင်ငံခြားမှာဆိုတော့ Visa မှာပြဿနာတတ်လိမ့်မည်။

"နီးနီးနားနား ပြင်ဦးလွင်...."
"ဘယ်နေ့သွားချင်လို့လဲ..."
"ဒီတစ်ပတ်ပိတ်ရက်...
အဲ့မှာမေမေ့အပန်းဖြေအိမ်လည်းရှိတယ်..."
"အပန်းဖြေအိမ်က...ဘယ်နားမှာလဲ..."
"ကန်တော်လေးနားမှာ..."
"ကောင်းသားပဲ....သွားကြမယ်လေ.."

တော်သေးတာပေါ့....

"ချစ်..."
"ဟင်.."
"ကိုယ့်ကိုလိမ်ထားတာ ဖုံးကွယ်ထားတာမျိုးရှိလား..."

တွေ့ရပြန်ပြီ စူးရှသည့်အကြည့်တွေ....

"မရှိ...မရှိပါဘူး......
ဘာလို့မေးတာလဲ.... "
"ကိုယ်လည်းမသိဘူး...
ချစ်ကတစ်ခုခုကိုလျှို့ဝှက်ထားသလိုခံစားနေမိသလိုပဲ...
တစ်ခါတစ်လေ ချစ်အပြုအမူတွေကထူးဆန်းနေတယ်..."
"မဟုတ်ပါဘူး.... "
"အင်းပါ....
ထားလိုက်တော့...
ဒီည ကိုယ်ပင်ပန်းထားလို့ ချစ်နဲ့အိပ်မယ်နော်..."
"ဟားဟား! ဘာမှလည်းမဆိုင်ဘဲနဲ့..."
"မဆိုင်ဘူးလား....
မဆိုင်လည်းအိပ်မှာပဲ..."

သူ့အရပ်နဲ့ခန္ဓာကိုယ်ကြီးကိုမှအားမနာ သလင်းမြူရင်ခွင်ထဲအတင်းခေါင်းဝှေ့ဝင်လာသည်။

"ချစ်နှလုံးခုန်သံလေးကအစ အရမ်းနားထောင်လို့ကောင်းတယ်..."
"အပိုတွေ..."

သူ့ရင်ဘက်ပေါ်ကိုခေါင်းတင်ထားတာအရမ်းလေးပေမယ့် မဖယ်ခိုင်းဘဲ ငြိမ်နေပေးလိုက်သည်။

"ချစ်..."
"ဟင်..."
"ချစ်..."
"အင်းပြော..."
"ချစ်..."
"ဘာလဲ....
ခေါ်ပြီးပြောလေ..."
"ကိုယ်ချစ်မောင်းတဲ့ဆိုင်ကယ်နောက်ကထိုင်လိုက်ချင်တယ်..."
"ဘာလို့.."
"ကိုယ်တွေ့ဖူးတယ်...
ချစ်သူစုံတွဲတွေက ကောင်မလေးဆိုင်ကယ်မောင်းရင် ကောင်လေးကအနောက်ကနေ ခါးလေးကိုတင်းနေအောင်ဖက်ထားတာမျိုးလေ....
ကိုလည်းလုပ်ဖူးချင်တယ်..."
"ချစ်ကကောင်မလေးလား...."
"ကိုယ်ပြောချင်တာ အဲ့လိုမဟုတ်ဘူး...
ကိုယ်ကဥပမာပြောတာပါ...."
"ချစ်ဆိုင်ကယ်မမောင်းတတ်ဘူး..."
"ဟုတ်သားပဲ..."
"စက်ဘီးတော့စီးတတ်တယ်..."
"အဲ့တာဆိုချစ်နင်းတဲ့စက်ဘီးနောက်ကကိုယ်လိုက်စီးမယ်နော်..."
"အင်း...
ဒါပေမယ့်စက်ဘီးမရှိဘူးလေ...."
"စက်ဘီးကကိုယ့်တာဝန်ထားလိုက်...
ကိုယ်အိပ်တော့မယ်..."

သူ့ရင်ဘက်ပေါ်မှခေါင်းထောင်ကာကောင်းကင်က လက်မောင်းကိုခေါင်းအုံးစေပြီး သူ့ကိုဖက်သည်။

အိမ်မက်လှလှမက်ပါကို....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Zawgyi

ေက်ာင္းစုံညီပြဲေတာ္မွာ သီခ်င္းဆိုသည့္ ညီမေလးရဲ႕ video ကိုမမႀကီးကပို႔ထားသည္ကိုေတြ႔ေတာ့ သူအျမန္ဖြင့္ၾကည့္လိုက္သည္။

စင္ေပၚမွာ သီခ်င္းကို mood အျပည့္ႏွင့္ေကာင္းစြာသီဆိုေနသူက သူ႔ရဲ႕ခ်စ္စရာညီမငယ္ေလး ခြန္းခက္ဆစ္ဆိုတာထက္ ပါရမီပါေသာ အဆိုေတာ္တစ္ေယာက္ႏွင့္တူေနသည္။

ပညာေရးဘက္မွာအလယ္အလတ္အဆင့္သာ႐ွိသည့္သူ႔ညီမေလးက ဂီတဘက္မွာေတာ့သိပ္ကိုထူးခြၽန္သည္။

"ကိုကို.....
ခြန္းေလးကဘာလို႔ကိုကို႔လိုမေတာ္တာလဲမသိဘူးေနာ္..."

သူ႔ရဲ႕ဆုတံဆိပ္ေတြကိုၾကည့္ၿပီး ေမးဖူးသည့္ ခြန္းေလး...

"ခြန္းေလးရဲ႕အိမ္မက္ကဘာလဲ..."
"အိမ္မက္?....
တစ္ခါမွေတာင္မစဥ္းစားဖူးဘူး...."
"ဝါသနာကေရာ..."
"အိမ္မက္ေတြဝါသနာေတြကို ညီမေလးမသိဘူး.."
"ဒါဆို...
အေပ်ာ္ဆုံးကဘယ္အခ်ိန္ေတြလဲ..."
"ကိုကိုတို႔ ေမေမတို႔ေပ်ာ္ေနတဲ့အခ်ိန္....
ၿပီးေတာ့...
သီခ်င္းဆိုတဲ့အခ်ိန္...."
"သီခ်င္း..."
"အင္း...
သီခ်င္းဆိုေနတဲ့အခ်ိန္ေတြဆို လြတ္လပ္ၿပီး...
ရင္ခုန္တယ္...စိတ္လႈပ္႐ွားတယ္...ၾကည္ႏူးတယ္....."

သီခ်င္းေတြအေၾကာင္းကိုေျပာရင္ မ်က္ဝန္းေလးေတြတလက္လက္ေတာက္ပေနတဲ့သူ႔ရဲ႕ညီမငယ္ေလး...

"အဆိုေတာ္ျဖစ္ခ်င္လား..."

႐ုတ္တရက္သူ႔ကိုေမာ့ၾကည့္လာၿပီး မ်က္ဝန္းေလးေတြအေရာင္ေဖ်ာ့သြားကာ ျပဳံးျပသည္။

"အဆိုေတာ္ျဖစ္ဖို႔က....
ဘယ္ေလာက္အရည္အခ်င္း႐ွိ႐ွိ...
ေနာက္ခံမ႐ွိရင္....
ၾကာၾကာမရပ္တည္ႏိုင္ဘူးတဲ့...."
"ကိုကိုေထာက္ပံ့ေပးမယ္..."
"ဟင္..."
"ခြန္းေလးသာတကယ္ေတာ္တဲ့အဆိုေတာ္ျဖစ္ေအာင္ ႀကိဳးစားမယ္ဆိုရင္...
ကိုကိုကလည္း ေထာက္ပံ့ေပးႏိုင္ေအာင္ႀကိဳးစားမယ္"
"တကယ္လား "
"တကယ္ေပါ့..."

သ႔ူကတိအတိုင္း ခြဲစိတ္စရိတ္အျပင္ ညီမေလးအတြက္ bank account ဖြင့္ၿပီးလတိုင္းထည့္ထည့္ေပးထားသည္။

"အဲ့တာဘယ္သူလဲ!"

နားနားကပ္ေအာ္သည့္ အသံႀကီးေၾကာင့္ တစ္ကိုယ္လုံးတုန္တက္သြားကာ လက္ထဲကဖုန္းပါလြတ္က်သြားသည္။

ကုတင္ေပၚမွာမို႔ ဖုန္းကဘာမွမျဖစ္မွသလင္းျမဴ စိတ္သက္သာသြားၿပီး အေနာက္မွသူ႔ေဘးကပ္ထိုင္ေနသည့္ ေလာ႐ွည္ေကာင္ကို ေဒါသထြက္သလိုလွည့္ၾကည့္လိုက္သည္။

"ဘယ္ကတည္းေရာက္ေနတာလဲ.."
"ခုနကမွ...
အဲ့ေကာင္မေလးကဘယ္သူလဲလို႔...
ဘာလို႔ သူသီခ်င္းဆိုတာၾကည့္ၿပီးျပဳံးေနတာလဲ.."
"မနက္ျဖန္ final ပြဲကန္ရမွာဆို...
Training မ႐ွိဘူးလား..."
"႐ွိတယ္ေလ...
အခုျပန္လာတာ...."

သူအခုမွ ေကာင္းကင္ကိုေသခ်ာၾကည့္မိသည္။

ေလ႔က်င္႔ေရးဝတ္စုံျကီးနွင္႔ေကာင္းကင္က ျပန္ေရာက္ေရာက္ခ်င္းသူ႔ဆီတန္းလာပုံပင္...

"ကိုယ္ေမးတာေျဖဦးေလ..."
"ေရအရင္သြားခ်ိဳး... "
"စကားလမ္းေၾကာင္းမလႊဲနဲ႔...."

သက္ျပင္းခ်ၿပီး ေအာက္ႏႈတ္ခမ္းေလးကိုငုံေထြးထားသည့္ သူ႔ခ်စ္သူေၾကာင့္ ထိုေကာင္မေလးနဲ႔တစ္ခုခုမ်ားပတ္သက္မႈ႐ွိေနမလားဆိုၿပီးစိုးရိမ္စိတ္ကပိုတိုးလာသည္။

အေျဖကိုမေစာင့္ႏိုင္ေတာ့သည့္အဆုံး ေနေရာင့္ဖုန္းကိုအျမန္ယူၿပီး ကုတင္ေပၚမွထကာ ရပ္ထားသည့္ video file ကိုဖြင့္ၾကည့္လိုက္သည္။

"ျပန္ေပး..."

အသံေကာင္းတဲ့အထက္တန္းေက်ာင္းသူတစ္ေယာက္ပဲ...

သူ႔အသည္းေလးက ဒါကိုဘာေတြမ်ားစိတ္ဝင္တစားၾကည့္တာပါလိမ့္....

သီခ်င္းေကာင္းလို႔မ်ားလား...

ဒါမွမဟုတ္အသံေကာင္းလို႔မ်ားလား...

သူအေျဖထုတ္ေနတုန္းမွာ ေနေရာင္ကမမွီမကမ္းႏွင့္ဖုန္းကိုခုန္ဆြခုန္ဆြလုပ္ကာ ျပန္ယူရန္ႀကိဳးစားေန႐ွာသည္။

ခဏ....

အခုမွေသခ်ာၾကည့္မိတယ္...

ေက်ာင္းသူေလးမ်က္ႏွာက ေနေရာင္နဲ႔ခပ္ဆင္ဆင္....

ေနေရာင္က surgery လုပ္ထားတာပဲ။ တိုက္ဆိုင္တာမ်ားလား....

"ထူးဆန္းလိုက္တာ..."

သူခပ္ေတြေတြျဖစ္ေနတုန္းမွာပဲ ေနေရာင္ကဖုန္းကိုျပန္ရသြားသည္။

"အဲ့ေကာင္မေလးက...ခ်စ္နဲ႔တူသလိုပဲ..."

မ်က္ဝန္းေလးေတြဝိုင္းစက္သြားသည့္ ခ်စ္သူရဲ႕ face expression ေၾကာင့္ ေကာင္းကင္စိတ္ထဲတစ္မ်ိဳးျဖစ္သြားသည္။

"ဘယ္နားကတူလို႔လဲ!
ခ်စ္ကပိုေခ်ာတာကို...."

ႏႈတ္ခမ္းေလးဆူကာ ေအာ္ေတာ့ စိတ္ေကာက္ေတာ့မယ့္အရိပ္အေယာင္ေတြ႐ွိေနတာေၾကာင့္ ေကာင္းကင္ဆက္မေျပာရဲေတာ့...

"ဟုတ္သားပဲ....
ကိုယ့္အသည္းေလးကပိုခ်စ္စရာေကာင္းတယ္..."

ပါးေလးႏွွစ္ဖက္ကို ငုံ႔နမ္းရင္း ေခ်ာ့ျမႇဴသလိုေျပာမွ မ်က္ႏွာေၾကာေလးျပန္ေလ်ာ့သြားသည္။

ခ်စ္ရင္ အရိပ္သုံးပါးကိုနားလည္ပါ။
သူ႔ကိုစိတ္ကြက္ေစမယ့္ စကားမေျပာမိေအာင္ထိန္းပါ။
သူသာစိတ္ထိခိုက္ ဝမ္းနည္းသြားရင္ ကိုယ္လည္းနာက်င္ရသလို
သူသာမ်က္ရည္က်ရင္
ကိုယ့္ေၾကာင့္ဆိုတဲ့အသိနဲ႔ ကိုယ့္ကိုကိုယ္ထိခိုက္ေစႏိုင္လို႔ပါ။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ကိုယ္လိုခ်င္တာေပးမယ္လို႔ေျပာထားတာကို မေမ့ဘူးမလား..."
"မေမ့ပါဘူး..."

ပြဲမစခင္ ေတာက္တဲ့လို အနားမွာကပ္ၿပီး ေကာင္းကင္ကတဖြဖြေျပာေနသည္။

"လိုခ်င္တာေပးမယ္ဆိုေပမယ့္...
ခ်စ္တို႔ RS ကိုေၾကညာတာမ်ိဳးေတာ့ မျဖစ္ဘူးေနာ္..."
"ကိုယ္သိပါတယ္....
အဲ့လိုမ်ိဳးမေတာင္းပါဘူး...
ကိုယ့္ကိုအားေဆးေလးမေပးခ်င္ဘူးလား..."

သလင္းျမဴေဘးဘီကိုၾကည့္လိုက္ၿပီး လူမ႐ွိတာေသခ်ာမွ ေစာင့္စားေနေသာ ေကာင္းကင္ရဲ႕ႏႈတ္ခမ္းေတြကိုေျခဖ်ားေထာက္ကာ နမ္းလိုက္သည္။

"ရၿပီလား..."
"အား....
ကိုယ္အားေတြ႐ွိလာၿပီ..."
"အဲ့တာဆိုလဲ Champion ျဖစ္ေအာင္ကန္ေနာ္....
ခ်စ္ရဲ႕ေ႐ွ႕တန္းတိုက္စစ္မွဴးေလး..."
"အသည္းေလးအမိန္႔အတိုင္းပါဗ်ာ..."

ထိုအခ်ိန္ အဝတ္လဲခန္းအျပင္မွ စိုင္းစံကေတာ့ အခန္းထဲဘယ္သူမွမဝင္ေအာင္ကင္းေစာင့္ေနေလသည္။

ဒီအစ္ကိုတို႔ကေတာ့ကြာ....
ငါလည္းေန႔ခ်င္းညခ်င္း ဒီ RSရဲ႕ ပင္တိုင္ security ျဖစ္သြားသလိုပဲ....

"Biology!!!!! Fighting!!!!"
"Geology!!!!! Fighting!!!!"

တစ္ဖက္ major ကလည္းသူတို႔ထက္မေလ်ာ့ေသာ vocal ေတြႏွင့္အၿပိဳင္ေအာ္ကာအားေပးသည္။

ဟိုဘက္သည္ဘက္မ်က္ေစာင္းေတြကထိုးၾကေသးသည္။

ကိုယ့္အသင္း goal သြင္းလိုက္ခ်ိန္တစ္ဖက္ major ကဟာေတြကိုေျပာင္ဖို႔ကလည္းမေမ့...

"Goal!!!"

ေကာင္းကင္ ဂိုးသြင္းလိုက္ရာ သလင္းျမဴထခုန္ကာကေတာ့ ေကာင္းကင္ကလည္းကြင္းထဲကေန သူ႐ွိရာကို fly kiss လွမ္းေပးေလသည္။

"အား!!!!"

သူတို႔ကိုလုပ္ျပသည္ထင္ၿပီး ထေအာ္သည့္ အေနာက္နားက မိန္းကေလး တစ္သိုက္ကို ေဘာလုံးအစာသြတ္ၿပီး ေနပူပူတြင္ႀကိဳးတုပ္ကင္ပစ္ခ်င္မိသည္။

စိတ္ထဲကသာအေသသတ္ေနေပမယ့္ လက္ေတြ႔အျပင္မွာမလုပ္ႏိုင္ေတာ့ ထြက္လာသည့္ ေဒါသေတြက ေကာင္းကင္အေပၚစုက်သြားကာ မ်က္ေထာင့္နီႀကီးႏွင့္ၾကည့္ေပးလိုက္သည္။

2:2 သေရႏွင့္ ပြဲကၿပီးဖို႔ ဆယ္မိနစ္ေလာက္သာလိုေတာ့သည္။

Botany third year ကအစ္ကိုႀကီးတစ္ေယာက္တစ္ဖက္အသင္းသမားေၾကာင့္ ပစ္လဲက်သြားရာ သူတို႔ေတြရဲ႕ေဒါသကငယ္ထိပ္ေစာင့္တက္လာသည္။

"အဲ့ေကာင္ အနီကဒ္ျပဟ!"
"Overေတြ!!"

Geology ေတြရဲ႕ေအာ္သံေတြ....

"သပ over!!
ေသာက္လုံးေတြကန္းေနၾကလားဟမ္!!!
တန္းစီေဖာက္ထုတ္ျပီးေခြးစာေကြၽးပစ္မယ္!!
မဟုတ္ကဟုတ္ကအသံေတြထပ္ထြက္ရဲထြက္လာၾကည့္!
လ်ွာကိုအရင္းကေနျဖတ္ၿပီး ရွိသမ်ွအေပါက္ေတြအကုန္ super glue နဲ႔အေသပိတ္ပစ္မွာ.!!!
Bio ေတြကိုဘာမွတ္ေနလဲ!!"

အဲ့လိုထေအာ္လိုက္တာဘယ္သူလို႔ထင္ပါသလဲ...

တစ္ေက်ာင္းလုံးရဲ႕အေခ်ာအလွစာရင္းဝင္ ခက္သံစဥ္ပါ...

Geology ေတြေတာ့မသိ သူ႔မွာေတာ့ၾကက္သီးျဖန္းကနဲ....

ေျပးရင္းလႊားရင္း ေကာင္းကင္ကသူ႔ကိုမ်က္စိတစ္ဖက္မွိတ္မွိတ္ျပေသးသည္။

သလင္းျမဴသေဘာတက်ရယ္မိရင္း ႏႈတ္မွလည္း ေရရြတ္မိသြားသည္။

"ခ်စ္လိုက္တာ... "
"ဘာေျပာလိုက္တယ္..."

သူနဲ႔ကပ္လ်ွက္ထိုင္ေနသည့္ EC မကအံ့ဩသလိုႀကီးေမးလာသည္။

"ဘာေျပာလို႔လဲ...
ဘာမွမေျပာမိပါဘူး..."
"ေျပာလိုက္ပါတယ္...
ခ်စ္လိုက္တာတဲ့...
ငါေသခ်ာၾကားလိုက္တယ္...
ခက္သံစဥ္ကိုေျပာတာမလား..."
"မဟုတ္ပါဘူး..."
"မ႐ွက္ပါနဲ႔နင္ကလည္း...
နင္နဲ႔ခက္သံစဥ္ကမ႐ိုးတာကိုငါတို႔အားလုံးသိတယ္.."
"မဟုတ္ပါဘူးဆို!"

သလင္းျမဴအသံမာလာၿပီ။

"ေအးပါ..."

ဒီလိုအခ်ိန္မ်ိဳးေတြမွာ ျငင္းဆန္ေနရမယ့္အစား အားလုံးကိုေျပာလိုက္ခ်င္သည္။

သူ႔မွာခ်စ္သူ႐ွိတယ္ ေကာင္းကင္ကသူ႔ရဲ႕ခ်စ္သူပါဆိုၿပီး ဝန္ခံခ်င္မိသည္။

ဒါေပမယ့္....

မျဖစ္ဘူးေလ...

"Goal!!!!!"

နားအူတက္သြားသည့္ ထေအာ္သံေတြေၾကာင့္သာ သလင္းျမဴရဲ႕စိတ္က်စရာအေတြးေတြေ႐ွ႕မဆက္ေတာ့.....

"စစ္ေကာင္းကင္ႏိုင္!!!!"
"စစ္ေကာင္းကင္ႏိုင္!!!!"

သံၿပိဳင္ေအာ္သံေတြႏွင့္ goal သြင္းလိုက္သူက ေကာင္းကင္ျဖစ္ပုံပင္။

ဝမ္းသာအားရတစ္ေယာက္ၿပီးတစ္ေယာက္လာဖက္တာခံေနရသည့္ေကာင္းကင္က သူ႔ကိုလွမ္းၾကည့္ေနတာေတြ႔မွ သလင္းျမဴအျမန္ လက္မေထာင္ၿပီး ျပဳံးျပလိုက္သည္။

"ခက္သံစဥ္!!!
နင့္ကိုစူးေနေရာင္ထက္ကခ်စ္လိုက္တာတဲ့!!!"

ေအာ္ၿပီး EC မကထြက္ေျပးသြားကာ သူ႔ကို ခက္သံစဥ္ကၾကည့္ေနသည္။

"Congratulation!! Woo!!"

လက္ခုပ္တီးဝိုင္းေအာ္ၾကသည့္အသံေတြကိုဂ႐ုမစိုက္အား သူ႔ကိုၾကည့္ေနသည့္ ေကာင္းကင္ရဲ႕မ်က္ဝန္းေတြကိုသာ ဖတ္ရန္ႀကိဳးစားမိသည္။

အၾကည့္လႊဲသြားသည့္ ေကာင္းကင္ေၾကာင့္ သလင္းျမဴလည္းထေအာ္လိုက္သည္။

"မဟုတ္ဘူး!!!"

အားလုံးအသံတိတ္သြားသလို ေကာင္းကင္လည္းျပန္လွည့္ၾကည့္လာသည္။

"ငါခက္သံစဥ္ကိုေျပာတာမဟုတ္ဘူး!!"

တစ္ဖက္မိန္းကေလးကိုသူမငဲ့ကြက္ႏိုင္ေတာ့...

သူထိုအနားမွထြက္လာခဲ့ေတာ့သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ကို..."
"ကိုယ္သိတယ္.... "

အမွန္တကယ္ၾကည္လင္ေနသည့္ေကာင္းကင္ရဲ႕မ်က္ႏွာေၾကာင့္ သလင္းျမဴအခုမွအပူလုံးႀကီးက်သြားသည္။

"ကိုဘာလိုခ်င္တာလဲဟင္...
ခ်စ္ကတိအတိုင္းေပးမယ္..."
"ခရီးထြက္ရေအာင္...
ႏွစ္ေယာက္တည္း..."
"ဘယ္ကိုလဲ..."

Oversea ေတာ့မျဖစ္....

စူးေနေရာင္ထက္ကႏိုင္ငံျခားမွာဆိုေတာ့ Visa မွာျပႆနာတတ္လိမ့္မည္။

"နီးနီးနားနား ျပင္ဦးလြင္...."
"ဘယ္ေန႔သြားခ်င္လို႔လဲ..."
"ဒီတစ္ပတ္ပိတ္ရက္...
အဲ့မွာေမေမ့အပန္းေျဖအိမ္လည္း႐ွိတယ္..."
"အပန္းေျဖအိမ္က...ဘယ္နားမွာလဲ..."
"ကန္ေတာ္ေလးနားမွာ..."
"ေကာင္းသားပဲ....သြားၾကမယ္ေလ.."

ေတာ္ေသးတာေပါ့....

"ခ်စ္..."
"ဟင္.."
"ကိုယ့္ကိုလိမ္ထားတာ ဖုံးကြယ္ထားတာမ်ိဳး႐ွိလား..."

ေတြ႔ရျပန္ၿပီ စူး႐ွသည့္အၾကည့္ေတြ....

"မ႐ွိ...မ႐ွိပါဘူး......
ဘာလို႔ေမးတာလဲ.... "
"ကိုယ္လည္းမသိဘူး...
ခ်စ္ကတစ္ခုခုကိုလ်ိွဳ႕ဝွက္ထားသလိုခံစားေနမိသလိုပဲ...
တစ္ခါတစ္ေလ ခ်စ္အျပဳအမူေတြကထူးဆန္းေနတယ္..."
"မဟုတ္ပါဘူး.... "
"အင္းပါ....
ထားလိုက္ေတာ့...
ဒီည ကိုယ္ပင္ပန္းထားလို႔ ခ်စ္နဲ႔အိပ္မယ္ေနာ္..."
"ဟားဟား! ဘာမွလည္းမဆိုင္ဘဲနဲ႔..."
"မဆိုင္ဘူးလား....
မဆိုင္လည္းအိပ္မွာပဲ..."

သူ႔အရပ္နဲ့ခႏၶာကိုယ္ႀကီးကိုမွအားမနာ သလင္းျမူရင္ခြင္ထဲအတင္းေခါင္းေဝွ့ဝင္လာသည္။

"ခ်စ္ႏွလုံးခုန္သံေလးကအစ အရမ္းနားေထာင္လို႔ေကာင္းတယ္..."
"အပိုေတြ..."

သူ႔ရင္ဘက္ေပာ္ကိုေခာင္းတင္ထားတာအရမ္းေလးေပမယ့္ မဖယ္ခိုင္းဘဲ ၿငိမ္ေနေပးလိုက္သည္။

"ခ်စ္..."
"ဟင္..."
"ခ်စ္..."
"အင္းေျပာ..."
"ခ်စ္..."
"ဘာလဲ....
ေခၚၿပီးေျပာေလ..."
"ကိုယ္ခ်စ္ေမာင္းတဲ့ဆိုင္ကယ္ေနာက္ကထိုင္လိုက္ခ်င္တယ္..."
"ဘာလို႔.."
"ကိုယ္ေတြ႔ဖူးတယ္...
ခ်စ္သူစုံတြဲေတြက ေကာင္မေလးဆိုင္ကယ္ေမာင္းရင္ ေကာင္ေလးကအေနာက္ကေန ခါးေလးကိုတင္းေနေအာင္ဖက္ထားတာမ်ိဳးေလ....
ကိုလည္းလုပ္ဖူးခ်င္တယ္..."
"ခ်စ္ကေကာင္မေလးလား...."
"ကိုယ္ေျပာခ်င္တာ အဲ့လိုမဟုတ္ဘူး...
ကိုယ္ကဥပမာေျပာတာပါ...."
"ခ်စ္ဆိုင္ကယ္မေမာင္းတတ္ဘူး..."
"ဟုတ္သားပဲ..."
"စက္ဘီးေတာ့စီးတတ္တယ္..."
"အဲ့တာဆိုခ်စ္နင္းတဲ့စက္ဘီးေနာက္ကကိုယ္လိုက္စီးမယ္ေနာ္..."
"အင္း...
ဒါေပမယ့္စက္ဘီးမ႐ွိဘူးေလ...."
"စက္ဘီးကကိုယ့္တာဝန္ထားလိုက္...
ကိုယ္အိပ္ေတာ့မယ္..."

သူ႔ရင္ဘက္ေပၚမွေခါင္းေထာင္ကာေကာင္းကင္က လက္ေမာင္းကိုေခါင္းအုံးေစျပီး သူ႔ကိုဖက္သည္။

အိမ္မက္လွလွမက္ပါကို....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro