Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-42 ( beautiful ending)

Unicode

ညနေ training မရှိသည့်အပြင် အတန်းပါစောဆင်းပေးသောကြောင့် မုန့်လိုက်ကျွေးမည်ဟုကောင်းကင်ပြောရာ သလင်းမြူအခွက်ကလေးအပြုံးတွေနှင့်ဝေဆာနေသည်။

နန်းနောင့်က​​သင်္ဘောသီးထောင်း KFC ကြက်ကြော် ရေခဲမုန့်ဘူးကြီးတစ်ဘူး ဟော့ဒေါ့ အသားကင် ပင်လယ်စာ အာလူးမာလာ သူတောင်းသမျှအကုန်ကောင်းကင်ကလိုက်ဝယ်ပေးသည်။

အေးအေးဆေးဆေးစားချင်သောကြောင့် ပါဆယ်တွေဆွဲပြီး ပြန်ခဲ့ကြသည်။

အိမ်မှာနန်းစံထိုက်ရောက်နေပေမယ့် သူတို့ဂရုမစိုက်ပါ ကိုယ့်ဘာသာလုပ်စရာရှိတာလုပ်သည်။

သူတို့ဝယ်လာတာတွေကို ခြံထဲကစားပွဲဝိုင်းမှာ အန်တီမြကပြင်ပေးနေချိန် အဝတ်အစားအမြန်လဲကြသည်။

လက်ကနှစ်ဖက်ပဲပါလို့ နှစ်မျိုးပဲကိုင်နိုင်တာကိုသူမကျေနပ်ဘဲ ညည်းညူတော့ကောင်းကင်ကရယ်လေသည်။

"ကိုယ့်လက်နှစ်ဖက်လည်း ချစ်ပိုင်တာပဲလေ..."
"ဟုတ်သားပဲ.... "

နန်းစံထိုက်ကိုတွေ့ပေမယ့် သူအားနာပါးနာနဲ့စားဖို့တစ်ခွန်းမခေါ်ပါ....

စားချင်သူ့လိုရည်းစားကိုဝယ်ကျွေးခိုင်းပေါ့ ဟွန့်....

သင်္ဘောသီးထောင်းကို ဆက်တိုက်စားနေသည့် သလင်းမြူက မျက်နှာတွေရဲတက်ပြီး တရှူးရှူးတရှဲရှဲဖြစ်နေတာတောင် အစားမရပ်....

အစပ်ပြေစေရန် ကောင်းကင်ခွံ့ကျွေးသည့်ရေခဲမုန့်ကိုတစ်လှည့်စားသည်။

"ကိုယ့်ချစ်သူဝက်ပေါက်လေးက ထူးတော့ထူးဆန်းသား..."
"ဘာတွေထူးဆန်းလို့လဲ..."
"ဒီလောက် calories အများကြီးပါတာတွေနေ့တိုင်းနီးပါးစားနေတာတောင် နည်းနည်းလောက်တောင်ထွားမလာဘူး....
ဟိုနားလေးဆိုပိုဆိုး...."

သူ့ရဲ့ခန္ဓာအလယ်ပိုင်းရပ်ဝန်းကို မျက်စပစ်ပြသည့် ကောင်းကင်ကြောင့် လက်ထဲက ကြက်ကြော်ရော တူကိုပါချကာထရပ်လိုက်သည်။

သူဘာလုပ်တော့မလဲသိနေသည့်ကောင်းကင်ကလည်း ထပြေးရန်အဆင့်သင့်ဖြစ်နေသည်။

"မလုပ်နဲ့နော်... "

ရိုက်ဖို့အားယူနေသည့် သူ့လက်တွေကိုကောင်းကင်ကတားကာ ပတ်ပြေးသည်။

"ဘယ်တွေပြေးနေတာလဲ....
ဒီနားပြန်လာခဲ့..."
"မလာချင်ဘူး... "
"လာပါဆို..."
"ဟင့်အင်း.... "
"လာဆိုလာလိုက်နော် စစ်ကောင်းကင်နိုင်..."

ရွံ့တွန့်တွန့်နဲ့ အနားကို ဖြည်းဖြည်းချင်းကောင်းကင်ကပြန်ရောက်လာကာ အသနားခံသလိုလုပ်ပြနေသည်။

"ငါ့ကိုများသေးတယ်ဟုတ်လား"

ဖုန်း!
တစ်ချက်...
ဖုန်း!!!
နှစ်ချက်...အားပိုပြင်းသွားပြီ...

"သေးသေးလေးပဲဟာကို..."
"မင်းဟာကရောဘယ်လောက်ကြီးနေလို့လဲ!"

သလင်းမြူမခံချင်စိတ်နဲ့ပြောမိပြီးမှ မျက်နှာတပြင်လုံးရဲတက်လာသည်။

"ကြည့်မလား..."
"အား!!!
ရူးနေလား! "

ဘောင်းဘီဇစ်ကို ချွတ်ဟန်ပြင်သည့်ကောင်းကင်ကြောင့် သလင်းမြူ အသံကုန်အော်ကာ တစ်ဖက်ကိုလှည့်လိုက်သည်။

"ကိုယ်ကစတာပါ..."

ပြမယ့်ပြ နှစ်ယောက်တည်းရှိချိန်မှပြမှာပေါ့....

အနောက်ကနေသူ့ကို သိမ်းကျုံးဖက်ပြီး ပါးကိုငုံ့နမ်းကာကောင်းကင်ဆိုတော့ ကပ်လာပြန်သည့် နှုတ်ခမ်းကို တောက်ပစ်လိုက်တော့ အမြင်ကတ်ချင်စရာရယ်သည်။

"ခုနကရိုက်လိုက်တာ အရမ်းနာသွားလား..."
"မနာပါဘူး.....
နောက်ထပ်စားချင်တာတွေရှိသေးလား..."
"အင်း....ရှိတယ်..!"
"ဘာတွေလဲ..."
"မာလာရှမ်းကော ပေါက်စီ ဖက်ထုပ် dimsum အမဲလုံးဟင်းရည် hot pot ဘဲကင် ဝက်နံရိုးပေါင်း မှိုပေါင်း ဝက်သားဒုတ်ထိုး ငါးသံပရာ ကြက်ပေါင်း cheesecake Burger Pizza နောက်ထပ်ကျန်သေးတယ် ဟူးး မောတာ...."

မနားတမ်းရွတ်သွားပြီး အမောဖြေနေသည့် ဒီအကောင်ပေါက်လေးက လူမှဟုတ်ပါစ...

"အဲ့တာတွေအကုန်အခုစားမှာလား..."
"နောက်နေ့မှလေ....
ဒီနေ့ကအခုဝယ်ထားတွေနဲ့လောက်ပြီ...ဟီး..."

သွားလေးဖြီးပြီးရယ်တောင်ပြနေသေးသည်။

ထိုမြင်ကွင်းကိုအော်သံကြားတာကြောင့် အိမ်ထဲကထွက်လာကြသည့် ဘုန်းရှိန်ဝါထက်ရော နန်းစံထိုက်ပါကြည့်နေကြသည်။

ဘုန်းရှိန်ဝါထက် မျက်နှာမသာယာပေမယ့် နန်းစံထိုက်ကတော့ ထိုနှစ်ယောက်ကိုကြည့်ရင်းပြုံးနေသည်။

"သူတို့နှစ်ယောက်ကလိုက်ဖက်တယ်နော်....
ချစ်စရာလေးတွေ..."

နန်းစံထိုက်ဘေးမှ ဘုန်းရှိန်ဝါထက် ကိုမော့ကြည့်လိုက်တော့ သူမပါဆက်မပြုံးနိုင်တော့ပါ။

ပျံ့လွင့်လာပြန်တဲ့ကောင်လေးနှစ်ယောက်ရဲ့ရယ်သံတွေကို ကျောခိုင်းကာ ဘုန်းရှိန်ဝါထက် အိမ်ထဲပြန်ဝင်သွားသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"သေချာအာရုံစိုက်နော်....
ထိခိုက်ဒဏ်ရာမရစေနဲ့..."

သူ့ကိုမှာကြားနေသည့်ချစ်သူလေးက Biology နဖူးစည်းကိုစည်းထားရုံသာမက ပါးမှာလည်း sticker တွေနှင့်...

"နိုင်ရင်ဘာပေးမှာလဲ..."
"ဘာမှမပေးဘူး ပထမဆုံးပွဲတော့နိုင်ရမယ်လေ...
Champion ဆုရရင်တော့ လိုချင်တာပြော..."
"တကယ်နော်.."
"အင်း..."

လက်မောင်းတွေကို suncream သေချာလိမ်းပေးပြီးတော့ ကောင်းကင်ကိုကွင်းထဲသွားခိုင်းစေကာ သလင်းမြူလည်း ပွဲကြည့်စင်ပေါ်တက်လာခဲ့သည်။

ရေသန့်ဘူးခွံတွေကိုင်ထားပြီး အားပေးဖို့အသင့်ဖြစ်နေကြသည့် EC မတို့ဘေးမှာသူသွားထိုင်လိုက်သည်။

သူ့ဘေးကိုတော့ ခက်သံစဉ်တို့အဖွဲ့လာထိုင်ကြသည်။

"စူးနေရောင်ထက် ရော့ရေသန့်ဘူး..."

သူ့ကိုပါရေသန့်ဘူးခွံနှစ်ဘူးလာပေးသည်။

"ဟဲ့တေဇ!!"

ပွဲကြည့်စင်ပေါ်မှလှမ်းအော်ခေါ်သည့် EC မကြောင့် သွေးပူလေ့ကျင့်ခန်းလုပ်နေသည့် တေဇတို့နှင့် တစ်ဖက် Major အသင်းကပါကြည့်လာသည်။

"ဘာတုန်း!"
"နိုင်အောင်ကန်နော်!
မနိုင်လို့ကတော့ ငါ့ကိုယူဖို့ပြင်ထား!!!"
"ဟာ!!"

အကုန်လုံးသောက်သောက်လဲအောင်ထရယ်ကြပြီး တေဇကတော့ ငါနိုင်မှရမယ်ဆိုပြီးသူ့ကိုယ်သူသတိပေးနေသည်။

"နင်ကတော့တကယ်ပဲ..."
"သူ့အကြောက်ဆုံးနဲ့ခြောက်ထားမှရမှာပေါ့ဟဲ့..."

EC မ ပြောတာလဲဟုတ်တာဘဲ...

"Bio!!!!!"

ရေသန့်ဘူးချင်းရိုက်သံ တဒုန်းဒုန်းနှင့် ပြဲလန်နေအောင်အော်နေကြသည့်သူတွေထဲမှာ သလင်းမြူလည်းအပါအဝင်...

ကျန်တဲ့အချိန်တွေသာ မိန်းမဆန်ဆန်သိမ်မွေ့ကြသည့် မိန်းကလေးတွေအားလုံးလည်း ကိုယ့်အသင်းသားတစ်ယောက်ယောက်လဲသွားတာနဲ့ ဆဲလိုက်ကြတာများမိုးကိုမွှန်လို့....

"Goal!!!!!"

ထခုန်လိုက်ကြတာများအုတ်အော်သောင်းနင်း...

"Goal!!!!!"

မိနစ် 40 မှာ 2:0 နဲ့သူတို့အသာစီးရနေတော့ တစ်ဖက် major မှအားပေးသူတွေအသံသိပ်မထွက်ကြတော့...

အချိန်တစ်ဝက်ကျိုးလို့ နားတော့ သလင်းမြူ အောက်ထဲပြေးဆင်းကာ ကောင်းကင်ထံသွားသည်။

"တော်တယ်..."

ချွေးတွေသုတ်ပေးနေတဲ့သူ့ကို ပြုံးကြည့်နေတဲ့ကောင်းကင်ကြောင့်ဘေးပတ်ဝန်းကျင်ကိုလည်းစိုးရိမ်ရသေးသည်။

"ခက်သံစဉ်နဲ့အရမ်းကပ်မနေနဲ့နော်....
ကိုယ်မကြိုက်ဘူး..."

ခပ်တိုးတိုးမှာသွားသည့်စကားကြောင့် သူခုနကနေရာမှာမထိုင်တော့ဘဲ အစွန်ဆုံးမှာသွားထိုင်သည်။

4:1 နဲ့အနိုင်ရရှိပြီး ရေချိုးချင်သည်ဆိုသည့်ကောင်းကင်ကြောင့် မနားတော့ဘဲ အိမ်ကိုသာပြန်ခဲ့ကြသည်။

"Woo!!!!"

ခါးပေါ်မှသူ့လက်ကိုဆုပ်ကိုင်ပြီး ပျော်နေဟန်တူသည့်ကောင်းကင်က ဆိုင်ကယ်ကိုလက်လွှတ်ပြီးမောင်းသည်။

"ကို....
ဆိုင်ကယ်ကောင်းကောင်းမောင်းကွာ..."
"ကိုယ့်ကိုမယုံဘူးလား..."
"မဟုတ်ပါဘူး..."

ပြောရင်း ချိုင့်ခွက်တစ်ခုကြောင့် ဆိုင်ကယ်ဟန်ချက်ပျက်ချင်သွားရာ သလင်းမြူလန့်ပြီး ပိုတိုးကာဖက်လိုက်သည်။

"ကြောက်နေတာလား..."
"......."
"ကိုယ်နဲ့အတူမသေရဲဘူးလား..."
"ဘာတွေပြောနေတာလဲ.... "
"ကိုယ့်ကိုဘယ်လောက်ချစ်လဲ...."
"ပြောမပြတတ်လောက်အောင်...
သေဖို့ကြောက်လောက်အောင်..."
"သေရဲလောက်အောင်မဟုတ်ဘူးလား..."
"မဟုတ်ဘူး...
သေသွားခဲ့ရင်နောက်ဘဝမှာဆုံကြဖို့ဆိုတာသေချာတာမှမဟုတ်တာကိုရယ်...
ဒါကြောင့်အခုသေချာတဲ့ဘဝမှာရှင်သန်နေသရွေ့ချစ်တယ်....အရမ်းအရမ်းကို..."
"စကားတတ်တယ်..."

ကောင်းကင်ရဲ့ပုခုံးပေါ်မေးတင်ထားသည့်သူ့နဖူးထံ တဒင်္ဂအနမ်းတစ်ပွင့်ကြွေကျခဲ့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ကောင်းကင်ရေ!"
"....."
"ကိုရေ!!"

သူခေါ်နေပေမယ့်တုန့်ပြန်သံတစ်စုံတစ်ရာမရှိသောကြောင့် ကောင်းကင်ရဲ့အခန်းရှိရာကိုသူလှမ်းလာခဲ့သည်။

"ကို....အခန်းထဲမှာလား..."
"ချစ်...."

ခပ်တိုးတိုးညည်းညူသံကိုကြားရတာကြောင့် lock မချထားသည့်အခန်းတံခါးကိုသူအသာလေးဖွင့်လိုက်သည်။

"ကို....
ဟင့်...."
"ချစ်ရာ..."

သူမြင်ရတဲ့မြင်ကွင်းကြောင့်နှလုံးသားတစ်ခုလုံးမွန်းကြပ်လာသည်။

ကုတင်ပေါ်မှာ အဝတ်ဗလာနဲ့ကောင်းကင်နမ်းရှိုက်နေသူကဘယ်သူလဲ....

သူ့ဘက်ကိုလှည့်လာချိန်မှာမြင်လိုက်ရတာက သူနှင့်ထပ်တူကျသည့်မျက်နှာပိုင်ရှင်....

"စူးနေရောင်ထက်..... "
"ထွက်သွား!!
လူလိမ်ကောင်!!"

သူ့ကိုအော်ဟစ်သည့်ကောင်းကင်နှင့် ကောင်းကင်ရဲ့ရင်ခွင်ထဲကစူးနေရောင်ထက်...

"ကို....ချစ်ရှင်းပြ.."
"မကြားချင်ဘူး!!
ထွက်သွား!
မင်းလိုလူလိမ်ကိုမုန်းတယ်!"
"အဲ့လိုမပြောပါနဲ့....
ချစ်ပြောတာကိုအရင်နားထောင်ပါကိုရယ်..."
"မင်းကငါ့ချစ်သူမဟုတ်ဘူး...
ငါ့ချစ်သူအစစ်အမှန်စူးနေရောင်ထက်ကဒီမှာ...
ငါမင်းကိုမမြင်ချင်ဘူး...
ထာဝရပျောက်ကွယ်သွားလိုက်စမ်းပါ!!!"
"ဟင့်အင်း.......
မသွားပါရစေနဲ့....
ဟင့်အင်း
ဟင့်အင်း..."

သူခေါင်းကိုသာတသွင်သွင်ခါရင်း ထွက်ပြေးခဲ့သည်။

မျက်ရည်တွေနဲ့ဝေဝါးနေသည့်အမြင်အာရုံကြောင့် ခလုတ်တိုက်လဲကျသွားချိန်မှာတော့...

"ဟ!!!"

ဘေးပတ်ပတ်လည်အလင်းရောင်မှိန်မှိန်နှင့် မြင်ရသည့်အခန်းကြောင့် အိမ်မက်မှန်းနားလည်သွားသည်။

အေးနေသည့်အချိန်မှာတောင် ချွေးတွေကသူနဖူးပြင်ထက်မှာနေရာယူလျှက်...

ပါးပြင်ထက်မှစိုစွတ်နေသည့်မျက်ရည်တွေကိုလည်းသုတ်လိုက်သည်။

အိမ်မက်ဆိုပြီး စိတ်သက်သာရာရသွားတာတောင် ရင်ဘက်ထဲမှ မွန်းကြပ်ခြင်းနှင့်ကြောက်ရွံ့မှုကကျန်ရှိနေဆဲ....

"မင်းလိုလူလိမ်ကိုမုန်းတယ်!!"

ထင်ရှားပြတ်သားစွာ သူ့အကြားအာရုံထဲစွဲနေသည့် ကောင်းကင်ရဲ့အသံ....

ရေဘူးထဲမှာရေမရှိတော့သောကြောင့် ရေသောက်ဖို့သူအောက်ထပ်ကိုဆင်းရပြီ....

ရေခဲသေတ္တာထဲမှရေသန့်ဘူးကို အားရအောင်မော့သောက်ပစ်ပေမယ့် ရင်တွင်းအပူက ငြိမ်းသက်မသွားသေး။

"အိမ်မက်ဆိုးမက်လို့လား..."

အနောက်ကရုတ်တရပ်ထွက်လာသည့်အသံကြောင့် သလင်းမြူကိုယ်လေးဆတ်ကနဲလန့်ကာတုန်သွားသည်။

"အာ...ကိုကို...
လန့်သွားတာပဲ... "
"Sorry...
ဘာအိမ်မက်တွေမက်ပြန်ပြီလဲ..."
"ကျွန်တော်အိမ်မက်ဆိုးမက်တယ်လို့ဘယ်သူပြောလဲ..."
"နဖူးကချွေးတွေပြောတာ..."

သူ့နဖူးကချွေးစတွေကိုသုတ်ပေးသည့် ကိုကိုကသူ့အကြောင်းကိုကောင်းကောင်းနားလည်နေဆဲ။

"ကိုကိုကရော..."
"အိပ်မပျော်လို့..."
"ေဩာ်...."
"အပြင်လမ်းခဏလောက်လမ်းထွက်လျှောက်ကြမလား..."

သူလည်းအိပ်ပျော်မည်မဟုတ်မှန်းသိသောကြောင့် ဘုန်းရှိန်ဝါထက်နှင့်အတူ အိမ်အပြင်ထွက်လာခဲ့သည်။

တစ်ဖက်အိမ်ရဲ့ကောင်းကင်အခန်းကိုကြည့်လိုက်တော့ မှောင်နေဆဲ....

အိမ်မက်လှလှမက်ပါစေ ကို....

"လသာတာပဲ..."

မော့ကြည့်လိုက်တော့ လပြည့်ညမဟုတ်သော်လည်း လဝန်းကြီးကလှပနေသည်။

"ဒီတလောကိုယ်တို့စကားတောင်မပြောဖြစ်ကြဘူးနော်..."
"အင်း...ဟုတ်သားပဲ.... "
"ပင်ပန်းခက်ခဲရင် ကိုကို့ကိုပြောပါငယ်....
ငယ်ရဲ့အစ်ကိုတစ်ယောက်အနေနဲ့ကိုယ်တတ်နိုင်သမျှလုပ်ပေးမယ်..."

အစ်ကိုတစ်ယောက်အနေနဲ့?

"ကိုကို တကယ်ပြောနေတာလား.."
"အင်း...
ပြန်စဉ်းစားကြည့်လိုက်တော့...
ကိုယ်ကတကယ်မကောင်းတဲ့ကောင်ပဲ...
ငယ့်ကိုပျော်စေချင်တယ်ဆိုပြီး...
ငိုအောင်ပဲလုပ်ခဲ့မိတာ....
တောင်းပန်ပါတယ်..."
"ကျွန်တော်လည်းတောင်းပန်ပါတယ်ကိုကို...."
"ကိုယ်အခုတကယ်ငယ်ပျော်တာကိုပဲမြင်ချင်တယ်....."
"ကျေးဇူးတင်ပါတယ်ကိုကို..."

လက်နှစ်ဖက်ကိုဆန့်ပြီး ပြုံးပြသည့်ကိုကို့ရင်ခွင်ထဲဝင်ကာ ကိုကို့ကိုဖက်လိုက်သည်။

"တကယ်ကိုကျေးဇူးတင်ပါတယ်...."

ရင်ခွင်ထဲကကောင်လေးရဲ့ ခေါင်းလေးကိုပွတ်သပ်ပေးရင်း ဘုန်းရှိန်ဝါထက် ငြိမ်းချမ်းမှုကိုခံစားရသည်။

သူဟာငယ့်ကိုချစ်လွန်းလို့ အရောင်မဆိုးခဲ့ဖူးဘူးလို့အထင်မှားခဲ့တာပါ...

ငယ့်ကိုနာကျင်မုန်းတီးတတ်အောင် အရောင်ဆိုးပေးခဲ့မိသူဟာ တကယ်တော့ သူကိုယ်တိုင်ပါပဲ.....

အရင်ကလိုဖြူဖြူစင်စင်နဲ့ပျော်ရွှင်နေပေးပါငယ်....
ကိုယ်ကလည်း မင်းကိုပြုံးရယ်စေပြီး နွေးထွေးလုံခြုံမှုပေးတဲ့ မင်းညီပြန်ဖြစ်စေရမယ်...

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

အဆုံးသတ်တချို့ဟာ
နာကျင်စရာကောင်းပေမယ့်
နောင်တစ်ချိန်
ပြန်လှည့်ကြည့်လိုက်တော့
သိပ်ကိုလှပနေတတ်တယ်

(AN: ကိုယ့် reader လေးတွေထဲမှာလည်း major အသင်းကိုအားပေးရင် ဆဲဖူးသူတွေရှိမှရှိပါ့မလား 😁)

************************************

Zawgyi

ညေန training မ႐ွိသည့္အျပင္ အတန္းပါေစာဆင္းေပးေသာေၾကာင့္ မုန္႔လိုက္ေကြၽးမည္ဟုေကာင္းကင္ေျပာရာ သလင္းျမဴအခြက္ကေလးအျပဳံးေတြႏွင့္ေဝဆာေနသည္။

နန္းေနာင့္ကသေဘၤာသီးေထာင္း KFC ၾကက္ေၾကာ္ ေရခဲမုန္႔ဘူးႀကီးတစ္ဘူး ေဟာ့ေဒါ့ အသားကင္ ပင္လယ္စာ အာလူးမာလာ သူေတာင္းသမ်ွအကုန္ေကာင္းကင္ကလိုက္ဝယ္ေပးသည္။

ေအးေအးေဆးေဆးစားခ်င္ေသာေၾကာင့္ ပါဆယ္ေတြဆြဲၿပီး ျပန္ခဲ့ၾကသည္။

အိမ္မွာနန္းစံထိုက္ေရာက္ေနေပမယ့္ သူတို႔ဂ႐ုမစိုက္ပါ ကိုယ့္ဘာသာလုပ္စရာ႐ွိတာလုပ္သည္။

သူတို႔ဝယ္လာတာေတြကို ျခံထဲကစားပြဲဝိုင္းမွာ အန္တီျမကျပင္ေပးေနခ်ိန္ အဝတ္အစားအျမန္လဲျကသည္။

လက္ကႏွစ္ဖက္ပဲပါလို႔ ႏွစ္မ်ိဳးပဲကိုင္ႏိုင္တာကိုသူမေက်နပ္ဘဲ ညည္းညဴေတာ့ေကာင္းကင္ကရယ္ေလသည္။

"ကိုယ့္လက္ႏွစ္ဖက္လည္း ခ်စ္ပိုင္တာပဲေလ..."
"ဟုတ္သားပဲ.... "

နန္းစံထိုက္ကိုေတြ႔ေပမယ့္ သူအားနာပါးနာနဲ႔စားဖို႔တစ္ခြန္းမေခၚပါ....

စားခ်င္သူ႔လို္ရည္းစားကိုဝယ္ေကြၽးခိုင္းေပါ့ ဟြန္႔....

သေဘၤာသီးေထာင္းကို ဆက္တိုက္စားေနသည့္ သလင္းျမဴက မ်က္ႏွာေတြရဲတက္ၿပီး တ႐ွဴး႐ွဴးတ႐ွဲ႐ွဲျဖစ္ေနတာေတာင္ အစားမရပ္....

အစပ္ေျပေစရန္ ေကာင္းကင္ခြံ႔ေကြၽးသည့္ေရခဲမုန္႔ကိုတစ္လွည့္စားသည္။

"ကိုယ့္ခ်စ္သူဝက္ေပါက္ေလးက ထူးေတာ့ထူးဆန္းသား..."
"ဘာေတြထူးဆန္းလို႔လဲ..."
"ဒီေလာက္ calories အမ်ားႀကီးပါတာေတြေန႔တိုင္းနီးပါးစားေနတာေတာင္ နည္းနည္းေလာက္ေတာင္ထြားမလာဘူး....
ဟိုနားေလးဆိုပိုဆိုး...."

သူ႔ရဲ႕ခႏၶာအလယ္ပိုင္းရပ္ဝန္းကို မ်က္စပစ္ျပသည့္ ေကာင္းကင္ေၾကာင့္ လက္ထဲက ၾကက္ေၾကာ္ေရာ တူကိုပါခ်ကာထရပ္လိုက္သည္။

သူဘာလုပ္ေတာ့မလဲသိေနသည့္ေကာင္းကင္ကလည္း ထေျပးရန္အဆင့္သင့္ျဖစ္ေနသည္။

"မလုပ္နဲ႔ေနာ္... "

႐ိုက္ဖို႔အားယူေနသည့္ သူ႔လက္ေတြကိုေကာင္းကင္ကတားကာ ပတ္ေျပးသည္။

"ဘယ္ေတြေျပးေနတာလဲ....
ဒီနားျပန္လာခဲ့..."
"မလာခ်င္ဘူး... "
"လာပါဆို..."
"ဟင့္အင္း.... "
"လာဆိုလာလိုက္ေနာ္ စစ္ေကာင္းကင္ႏိုင္..."

ရြံ႕တြန္႔တြန္႔နဲ႔ အနားကို ျဖည္းျဖည္းခ်င္းေကာင္းကင္ကျပန္ေရာက္လာကာ အသနားခံသလိုလုပ္ျပေနသည္။

"ငါ့ကိုမ်ားေသးတယ္ဟုတ္လား"

ဖုန္း!
တစ္ခ်က္...
ဖုန္း!!!
ႏွစ္ခ်က္...အားပိုျပင္းသြားၿပီ...

"ေသးေသးေလးပဲဟာကို..."
"မင္းဟာကေရာဘယ္ေလာက္ႀကီးေနလို႔လဲ!"

သလင္းျမဴမခံခ်င္စိတ္နဲ႔ေျပာမိျပီးမွ မ်က္ႏွာတျပင္လုံးရဲတက္လာသည္။

"ၾကည့္မလား..."
"အား!!!
႐ူးေနလား! "

ေဘာင္းဘီဇစ္ကို ခြၽတ္ဟန္ျပင္သည့္ေကာင္းကင္ေၾကာင့္ သလင္းျမဴ အသံကုန္ေအာ္ကာ တစ္ဖက္ကိုလွည့္လိုက္သည္။

"ကိုယ္ကစတာပါ..."

ျပမယ့္ျပ ႏွစ္ေယာက္တည္း႐ွိခ်ိန္မွျပမွာေပါ့....

အေနာက္ကေနသူ႔ကို သိမ္းက်ံဳးဖက္ၿပီး ပါးကိုငုံ႔နမ္းကာေကာင္းကင္ဆိုေတာ့ ကပ္လာျပန္သည့္ ႏႈတ္ခမ္းကို ေတာက္ပစ္လိုက္ေတာ့ အျမင္ကတ္ခ်င္စရာရယ္သည္။

"ခုနက႐ိုက္လိုက္တာ အရမ္းနာသြားလား..."
"မနာပါဘူး.....
ေနာက္ထပ္စားခ်င္တာေတြ႐ွိေသးလား..."
"အင္း....႐ွိတယ္..!"
"ဘာေတြလဲ..."
"မာလာ႐ွမ္းေကာ ေပါက္စီ ဖက္ထုပ္ dimsum အမဲလုံးဟင္းရည္ hot pot ဘဲကင္ ဝက္နံ႐ိုးေပါင္း မိႈေပါင္း ဝက္သားဒုတ္ထိုး ငါးသံပရာ ၾကက္ေပါင္း cheesecake Burger Pizza ေနာက္ထပ္က်န္ေသးတယ္ ဟူးး ေမာတာ...."

မနားတမ္းရြတ္သြားၿပီး အေမာေျဖေနသည့္ ဒီအေကာင္ေပါက္ေလးက လူမွဟုတ္ပါစ...

"အဲ့တာေတြအကုန္အခုစားမွာလား..."
"ေနာက္ေန႔မွေလ....
ဒီေန႔ကအခုဝယ္ထားေတြနဲ႔ေလာက္ၿပီ...ဟီး..."

သြားေလးၿဖီးၿပီးရယ္ေတာင္ျပေနေသးသည္။

ထိုျမင္ကြင္းကိုေအာ္သံျကားတာေၾကာင့္ အိမ္ထဲကထြက္လာၾကသည့္ ဘုန္း႐ွိန္ဝါထက္ေရာ နန္းစံထိုက္ပါၾကည့္ေနၾကသည္။

ဘုန္း႐ွိန္ဝါထက္ မ်က္ႏွာမသာယာေပမယ့္ နန္းစံထိုက္ကေတာ့ ထိုႏွစ္ေယာက္ကိုၾကည့္ရင္းျပဳံးေနသည္။

"သူတို႔ႏွစ္ေယာက္ကလိုက္ဖက္တယ္ေနာ္....
ခ်စ္စရာေလးေတြ..."

နန္းစံထိုက္ေဘးမွ ဘုန္း႐ွိန္ဝါထက္ ကိုေမာ့ၾကည့္လိုက္ေတာ့ သူမပါဆက္မျပဳံးႏိုင္ေတာ့ပါ။

ပ်ံ့လြင့္လာျပန္တဲ့ေကာင္ေလးႏွစ္ေယာက္ရဲ႕ရယ္သံေတြကို ေက်ာခိုင္းကာ ဘုန္း႐ွိန္ဝါထက္ အိမ္ထဲျပန္ဝင္သြားသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ေသခ်ာအာ႐ုံစိုက္ေနာ္....
ထိခိုက္ဒဏ္ရာမရေစနဲ႔..."

သူ႔ကိုမွာၾကားေနသည့္ခ်စ္သူေလးက Biology နဖူးစည္းကိုစည္းထား႐ုံသာမက ပါးမွာလည္း sticker ေတြႏွင့္...

"ႏိုင္ရင္ဘာေပးမွာလဲ..."
"ဘာမွမေပးဘူး ပထမဆုံးပြဲေတာ့ႏိုင္ရမယ္ေလ...
Champion ဆုရရင္ေတာ့ လိုခ်င္တာေျပာ..."
"တကယ္ေနာ္.."
"အင္း..."

လက္ေမာင္းေတြကို suncream ေသခ်ာလိမ္းေပးၿပီးေတာ့ ေကာင္းကင္ကိုကြင္းထဲသြားခိုင္းေစကာ သလင္းျမဴလည္း ပြဲၾကည့္စင္ေပၚတက္လာခဲ့သည္။

ေရသန္႔ဘူးခြံေတြကိုင္ထားၿပီး အားေပးဖို႔အသင့္ျဖစ္ေနၾကသည့္ EC မတို႔ေဘးမွာသူသြားထိုင္လိုက္သည္။

သူ႔ေဘးကိုေတာ့ ခက္သံစဥ္တို႔အဖြဲ႔လာထိုင္ၾကသည္။

"စူးေနေရာင္ထက္ ေရာ့ေရသန္႔ဘူး..."

သူ႔ကိုပါေရသန္႔ဘူးခြံႏွစ္ဘူးလာေပးသည္။

"ဟဲ့ေတဇ!!"

ပြဲၾကည့္စင္ေပၚမွလွမ္းေအာ္ေခၚသည့္ EC မေၾကာင့္ ေသြးပူေလ့က်င့္ခန္းလုပ္ေနသည့္ ေတဇတို႔ႏွင့္ တစ္ဖက္ Major အသင္းကပါၾကည့္လာသည္။

"ဘာတုန္း!"
"ႏိုင္ေအာင္ကန္ေနာ္!
မႏိုင္လို႔ကေတာ့ ငါ့ကိုယူဖို႔ျပင္ထား!!!"
"ဟာ!!"

အကုန္လုံးေသာက္ေသာက္လဲေအာင္ထရယ္ၾကၿပီး ေတဇကေတာ့ ငါႏိုင္မွရမယ္ဆိုၿပီးသူ႔ကိုယ္သူသတိေပးေနသည္။

"နင္ကေတာ့တကယ္ပဲ..."
"သူ႔အေၾကာက္ဆုံးနဲ႔ေျခာက္ထားမွရမွာေပါ့ဟဲ့..."

EC မ ေျပာတာလဲဟုတ္တာဘဲ...

"Bio!!!!!"

ေရသန္႔ဘူးခ်င္း႐ိုက္သံ တဒုန္းဒုန္းႏွင့္ ျပဲလန္ေနေအာင္ေအာ္ေနၾကသည့္သူေတြထဲမွာ သလင္းျမဴလည္းအပါအဝင္...

က်န္တဲ့အခ်ိန္ေတြသာ မိန္းမဆန္ဆန္သိမ္ေမြ႔ၾကသည့္ မိန္းကေလးေတြအားလုံးလည္း ကိုယ့္အသင္းသားတစ္ေယာက္ေယာက္လဲသြားတာနဲ႔ ဆဲလိုက္ၾကတာမ်ားမိုးကိုမႊန္လို႔....

"Goal!!!!!"

ထခုန္လိုက္ၾကတာမ်ားအုတ္ေအာ္ေသာင္းနင္း...

"Goal!!!!!"

မိနစ္ 40 မွာ 2:0 နဲ႔သူတို႔အသာစီးရေနေတာ့ တစ္ဖက္ major မွအားေပးသူေတြအသံသိပ္မထြက္ၾကေတာ့...

အခ်ိန္တစ္ဝက္က်ိဳးလို႔ နားေတာ့ သလင္းျမဴ ေအာက္ထဲေျပးဆင္းကာ ေကာင္းကင္ထံသြားသည္။

"ေတာ္တယ္..."

ေခြၽးေတြသုတ္ေပးေနတဲ့သူ႔ကို ျပဳံးၾကည့္ေနတဲ့ေကာင္းကင္ေၾကာင့္ေဘးပတ္ဝန္းက်င္ကိုလည္းစိုးရိမ္ရေသးသည္။

"ခက္သံစဥ္နဲ႔အရမ္းကပ္မေနနဲ႔ေနာ္....
ကိုယ္မႀကိဳက္ဘူး..."

ခပ္တိုးတိုးမွာသြားသည့္စကားေၾကာင့္ သူခုနကေနရာမွာမထိုင္ေတာ့ဘဲ အစြန္ဆုံးမွာသြားထိုင္သည္။

4:1 နဲ႔အႏိုင္ရ႐ွိၿပီး ေရခ်ိဳးခ်င္သည္ဆိုသည့္ေကာင္းကင္ေၾကာင့္ မနားေတာ့ဘဲ အိမ္ကိုသာျပန္ခဲ့ၾကသည္။

"Woo!!!!"

ခါးေပၚမွသူ႔လက္ကိုဆုပ္ကိုင္ၿပီး ေပ်ာ္ေနဟန္တူသည့္ေကာင္းကင္က ဆိုင္ကယ္ကိုလက္လႊတ္ၿပီးေမာင္းသည္။

"ကို....
ဆိုင္ကယ္ေကာင္းေကာင္းေမာင္းကြာ..."
"ကိုယ့္ကိုမယုံဘူးလား..."
"မဟုတ္ပါဘူး..."

ေျပာရင္း ခ်ိဳင့္ခြက္တစ္ခုေၾကာင့္ ဆိုင္ကယ္ဟန္ခ်က္ပ်က္ခ်င္သြားရာ သလင္းျမဴလန္႔ၿပီး ပိုတိုးကာဖက္လိုက္သည္။

"ေၾကာက္ေနတာလား..."
"......."
"ကိုယ္နဲ႔အတူမေသရဲဘူးလား..."
"ဘာေတြေျပာေနတာလဲ.... "
"ကိုယ့္ကိုဘယ္ေလာက္ခ်စ္လဲ...."
"ေျပာမျပတတ္ေလာက္ေအာင္...
ေသဖို႔ေၾကာက္ေလာက္ေအာင္..."
"ေသရဲေလာက္ေအာင္မဟုတ္ဘူးလား..."
"မဟုတ္ဘူး...
ေသသြားခဲ့ရင္ေနာက္ဘဝမွာဆုံၾကဖို႔ဆိုတာေသခ်ာတာမွမဟုတ္တာကိုရယ္...
ဒါေၾကာင့္အခုေသခ်ာတဲ့ဘဝမွာ႐ွင္သန္ေနသေရြ႔ခ်စ္တယ္....အရမ္းအရမ္းကို..."
"စကားတတ္တယ္..."

ေကာင္းကင္ရဲ႕ပုခုံးေပၚေမးတင္ထားသည့္သူ႔နဖူးထံ တဒဂၤအနမ္းတစ္ပြင့္ေႂကြက်ခဲ့သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ေကာင္းကင္ေရ!"
"....."
"ကိုေရ!!"

သူေခၚေနေပမယ့္တုန္႔ျပန္သံတစ္စုံတစ္ရာမ႐ွိေသာေၾကာင့္ ေကာင္းကင္ရဲ႕အခန္း႐ွိရာကိုသူလွမ္းလာခဲ့သည္။

"ကို....အခန္းထဲမွာလား..."
"ခ်စ္...."

ခပ္တိုးတိုးညည္းညဴသံကိုၾကားရတာေၾကာင့္ lock မခ်ထားသည့္အခန္းတံခါးကိုသူအသာေလးဖြင့္လိုက္သည္။

"ကို....
ဟင့္...."
"ခ်စ္ရာ..."

သူျမင္ရတဲ့ျမင္ကြင္းေၾကာင့္ႏွလုံးသားတစ္ခုလုံးမြန္းၾကပ္လာသည္။

ကုတင္ေပၚမွာ အဝတ္ဗလာနဲ႔ေကာင္းကင္နမ္း႐ိႈက္ေနသူကဘယ္သူလဲ....

သူ႔ဘက္ကိုလွည့္လာခ်ိန္မွာျမင္လိုက္ရတာက သူႏွင့္ထပ္တူက်သည့္မ်က္ႏွာပိုင္႐ွင္....

"စူးေနေရာင္ထက္..... "
"ထြက္သြား!!
လူလိမ္ေကာင္!!"

သူ႔ကိုေအာ္ဟစ္သည့္ေကာင္းကင္ႏွင့္ ေကာင္းကင္ရဲ႕ရင္ခြင္ထဲကစူးေနေရာင္ထက္...

"ကို....ခ်စ္႐ွင္းျပ.."
"မၾကားခ်င္ဘူး!!
ထြက္သြား!
မင္းလိုလူလိမ္ကိုမုန္းတယ္!"
"အဲ့လိုမေျပာပါနဲ႔....
ခ်စ္ေျပာတာကိုအရင္နားေထာင္ပါကိုရယ္..."
"မင္းကငါ့ခ်စ္သူမဟုတ္ဘူး...
ငါ့ခ်စ္သူအစစ္အမွန္စူးေနေရာင္ထက္ကဒီမွာ...
ငါမင္းကိုမျမင္ခ်င္ဘူး...
ထာဝရေပ်ာက္ကြယ္သြားလိုက္စမ္းပါ!!!"
"ဟင့္အင္း.......
မသြားပါရေစနဲ႔....
ဟင့္အင္း
ဟင့္အင္း..."

သူေခါင္းကိုသာတသြင္သြင္ခါရင္း ထြက္ေျပးခဲ့သည္။

မ်က္ရည္ေတြနဲ႔ေဝဝါးေနသည့္အျမင္အာ႐ုံေၾကာင့္ ခလုတ္တိုက္လဲက်သြားခ်ိန္မွာေတာ့...

"ဟ!!!"

ေဘးပတ္ပတ္လည္အလင္းေရာင္မွိန္မွိန္ႏွင့္ ျမင္ရသည့္အခန္းေၾကာင့္ အိမ္မက္မွန္းနားလည္သြားသည္။

ေအးေနသည့္အခ်ိန္မွာေတာင္ ေခြၽးေတြကသူနဖူးျပင္ထက္မွာေနရာယူလ်ွက္...

ပါးျပင္ထက္မွစိုစြတ္ေနသည့္မ်က္ရည္ေတြကိုလည္းသုတ္လိုက္သည္။

အိမ္မက္ဆိုၿပီး စိတ္သက္သာရာရသြားတာေတာင္ ရင္ဘက္ထဲမွ မြန္းၾကပ္ျခင္းႏွင့္ေၾကာက္ရြံ႕မႈကက်န္႐ွိေနဆဲ....

"မင္းလိုလူလိမ္ကိုမုန္းတယ္!!"

ထင္႐ွားျပတ္သားစြာ သူ႔အၾကားအာ႐ုံထဲစြဲေနသည့္ ေကာင္းကင္ရဲ႕အသံ....

ေရဘူးထဲမွာေရမ႐ွိေတာ့ေသာေၾကာင့္ ေရေသာက္ဖို႔သူေအာက္ထပ္ကိုဆင္းရၿပီ....

ေရခဲေသတၱာထဲမွေရသန္႔ဘူးကို အားရေအာင္ေမာ့ေသာက္ပစ္ေပမယ့္ ရင္တြင္းအပူက ၿငိမ္းသက္မသြားေသး။

"အိမ္မက္ဆိုးမက္လို႔လား..."

အေနာက္က႐ုတ္တရပ္ထြက္လာသည့္အသံေၾကာင့္ သလင္းျမဴကိုယ္ေလးဆတ္ကနဲလန္႔ကာတုန္သြားသည္။

"အာ...ကိုကို...
လန္႔သြားတာပဲ... "
"Sorry...
ဘာအိမ္မက္ေတြမက္ျပန္ၿပီလဲ..."
"ကြၽန္ေတာ္အိမ္မက္ဆိုးမက္တယ္လို႔ဘယ္သူေျပာလဲ..."
"နဖူးကေခြၽးေတြေျပာတာ..."

သူ႔နဖူးကေခြၽးစေတြကိုသုတ္ေပးသည့္ ကိုကိုကသူ႔အေၾကာင္းကိုေကာင္းေကာင္းနားလည္ေနဆဲ။

"ကိုကိုကေရာ..."
"အိပ္မေပ်ာ္လို႔..."
"ေဩာ္...."
"အျပင္လမ္းခဏေလာက္လမ္းထြက္ေလ်ွာက္ၾကမလား..."

သူလည္းအိပ္ေပ်ာ္မည္မဟုတ္မွန္းသိေသာေၾကာင့္ ဘုန္း႐ွိန္ဝါထက္ႏွင့္အတူ အိမ္အျပင္ထြက္လာခဲ့သည္။

တစ္ဖက္အိမ္ရဲ႕ေကာင္းကင္အခန္းကိုၾကည့္လိုက္ေတာ့ ေမွာင္ေနဆဲ....

အိမ္မက္လွလွမက္ပါေစ ကို....

"လသာတာပဲ..."

ေမာ့ၾကည့္လိုက္ေတာ့ လျပည့္ညမဟုတ္ေသာ္လည္း လဝန္းျကီးကလွပေနသည္။

"ဒီတေလာကိုယ္တို႔စကားေတာင္မေျပာျဖစ္ၾကဘူးေနာ္..."
"အင္း...ဟုတ္သားပဲ.... "
"ပင္ပန္းခက္ခဲရင္ ကိုကို႔ကိုေျပာပါငယ္....
ငယ္ရဲ႕အစ္ကိုတစ္ေယာက္အေနနဲ႔ကိုယ္တတ္ႏိုင္သမ်ွလုပ္ေပးမယ္..."

အစ္ကိုတစ္ေယာက္အေနနဲ႔?

"ကိုကို တကယ္ေျပာေနတာလား.."
"အင္း...
ျပန္စဥ္းစားၾကည့္လိုက္ေတာ့...
ကိုယ္ကတကယ္မေကာင္းတဲ့ေကာင္ပဲ...
ငယ့္ကိုေပ်ာ္ေစခ်င္တယ္ဆိုၿပီး...
ငိုေအာင္ပဲလုပ္ခဲ့မိတာ....
ေတာင္းပန္ပါတယ္..."
"ကြၽန္ေတာ္လည္းေတာင္းပန္ပါတယ္ကိုကို...."
"ကိုယ္အခုတကယ္ငယ္ေပ်ာ္တာကိုပဲျမင္ခ်င္တယ္....."
"ေက်းဇူးတင္ပါတယ္ကိုကို..."

လက္ႏွစ္ဖက္ကိုဆန္႔ၿပီး ျပဳံးျပသည့္ကိုကို႔ရင္ခြင္ထဲဝင္ကာ ကိုကို႔ကိုဖက္လိုက္သည္။

"တကယ္ကိုေက်းဇူးတင္ပါတယ္...."

ရင္ခြင္ထဲကေကာင္ေလးရဲ႕ ေခါင္းေလးကိုပြတ္သပ္ေပးရင္း ဘုန္း႐ွိန္ဝါထက္ ၿငိမ္းခ်မ္းမႈကိုခံစားရသည္။

သူဟာငယ့္ကိုခ်စ္လြန္းလို႔ အေရာင္မဆိုးခဲ့ဖူးဘူးလို႔အထင္မွားခဲ့တာပါ...

ငယ့္ကိုနာက်င္မုန္းတီးတတ္ေအာင္ အေရာင္ဆိုးေပးခဲ့မိသူဟာ တကယ္ေတာ့ သူကိုယ္တိုင္ပါပဲ.....

အရင္ကလိုျဖဴျဖဴစင္စင္နဲ႔ေပ်ာ္ရႊင္ေနေပးပါငယ္....
ကိုယ္ကလည္း မင္းကိုျပဳံးရယ္ေစၿပီး ေႏြးေထြးလုံျခဳံမႈေပးတဲ့ မင္းညီျပန္ျဖစ္ေစရမယ္...

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

အဆုံးသတ္တခ်ိဳ႕ဟာ
နာက်င္စရာေကာင္းေပမယ့္
ေနာင္တစ္ခ်ိန္
ျပန္လွည့္ၾကည့္လိုက္ေတာ့
သိပ္ကိုလွပေနတတ္တယ္

(AN: ကိုယ့္ reader ေလးေတြထဲမွာလည္း major အသင္းကိုအားေပးရင္ ဆဲဖူးသူေတြ႐ွိမွ႐ွိပါ့မလား 😁)

Bạn đang đọc truyện trên: Truyen247.Pro