Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-41 ( diamond heart)

Unicode

သူများတက္ကသိုလ်တွေမှာ first semester ဆို major welcome တွေလုပ်နေကြပေမယ့် MU ကတော့ တချို့ major တွေလောက်သာ welcome လုပ်ကြပြီး အများစုက second semester မှလုပ်ကြသည့်အပြင် welcome လုပ်ခွင့်အပိတ်ခံထားရသည့် major တွေကရှိသေးသည်။

ကျောင်း major ပေါင်းစုံဘောလုံးပွဲအတွက်ပါဝင်ချင်သည့် ကျောင်းသားစာရင်းလာကောက်တော့ ကောင်းကင်တို့စိုင်းစံတို့အားလုံးပါပေမယ့် သလင်းမြူကတော့ စာရင်းမပေးခဲ့....

သူကန်ချင်ပေမယ့် မဖြစ်ဘူးလေ...

မိန်းကလေးတွေကလည်း စစ်အခြေခံသင်တန်းတက်ဖို့စာရင်းပေးသူများနှင့် ကြက်တောင်ရိုက်အဖွဲ့ဝင်ဖို့စာရင်းပေးကြသူတွေချည်းသာ...

ညနေအတန်းပြီးရင် ဘောလုံးကွင်းထဲသွားပြီး ကောင်းကင်တို့ training ဆင်းတာကိုသူထိုင်ကြည့်ကာ training ပြီးမှအတူပြန်သည်။

အခုလည်း ကွင်းထဲမှာနေပူပူနဲ့ နည်းပြတွေနှင့်အတူ လေ့ကျင့်နေရသည့် ကျောင်းသားပေါင်းများစွာကိုသလင်းမြူ ထိုင်ကြည့်နေသည်။

လူတွေအများကြီးပေမယ့် သူမြင်တာကတော့ ကောင်းကင်တစ်ယောက်တည်းပါ။

ယောက်ျားလေးကျောင်းသားနည်းသည့် major တွေထဲအပါအဝင်ဖြစ်သည့် Zoology နှင့် Botany နှစ်ခုပေါင်းကာ Biology ဆိုပြီး တစ်သင်းဖွဲ့ထားသည်။

နည်းပြကခဏအနားပေးလိုက်တိုင်း ကောင်းကင်ကသူ့အနားကိုအပြေးလေးရောက်လာတတ်တော့ ချွေးတွေသုတ်ပေးပြီး ဓာတ်ဆားရည်ကိုသောက်ခိုင်းရသည်။

"အရမ်းပူနေလား..."
"အင်း....
ချစ်မပါလို့တော်သေးတယ်...
အရမ်းပင်ပန်းတယ်..."

ဝတ်ထားသည့်ဘောလုံးအင်္ကျီကချွေးတွေနှင့်ကပ်နေရာ သလင်းမြူ ပန်ကာအသေးလေးနှင့် ကောင်းကင်အေးအောင်လုပ်ပေးသည်။

"အဟမ်း! အဟမ်း!
အဟွတ်!!"
"ငါတို့လည်းပင်ပန်းနေတယ်.....
ရေဆာလိုက်တာကွာ..."

အနားရောက်လာသည့်တေဇက သလင်းမြူ လက်ထဲမှ ဓာတ်ဆားရည်ဘူးကိုလက်လှမ်းလာရာ သလင်းမြူခပ်မြန်မြန်ပဲ ဘူးကိုအဖုံးပိတ်လိုက်ပြီး ကျောပိုးအိတ်ထဲထည့်လိုက်သည်။

"ငါလည်းရေဆာတယ်လို့!"
"ကိုယ့်ဘာသာဝယ်သောက်ပါလား....
ဒါကကောင်းကင်တစ်ယောက်တည်းအတွက်..."
"ဟုတ်တယ်..."

သူ့ပုခုံးကိုဖက်ပြီးကောင်းကင်ကထောက်ခံသည်။

"ဟား!!
ခွဲခြားခွဲခြားနဲ့!"

မျက်စောင်းတွေထိုးပြီး ထွက်သွားသည့် တေဇကြောင့် သလင်းမြူသဘောတကျရယ်သည်။

"ကိုယ့်ချွေးတွေချစ်ကိုပေကုန်ပြီ....
sorry"

ဖက်ထားရာမှကောင်းကင်ကလွှတ်ပေးပြီး သူ့ကိုအားနာသလိုပြောသည်။

"ရပါတယ်...
ကို့ချွေးနံ့ကိုချစ်သဘောကျတယ်..."
"စကားတွေတတ်နေတာ....ကိုယ့်အသည်းလေးက..."

ကောင်းကင်ကသူ့ပါးနှစ်ဖက်ကိုအသည်းယားစွာ ဖြစ်ညှစ်တော့ သလင်းမြူ နာ၍ နှုတ်ခမ်းဆူလာသည်။

ဘေးပတ်ပတ်လည်ကိုလှည့်ကြည့်ပြီး ကောင်းကင်ကသူ့လက်ကိုဆွဲကာ ပွဲကြည့်စင်အောက်ထောင့်တစ်ခုကိုခေါ်သွားသည်။

"ဘာလဲ...."
"နမ်းချင်လို့..."

သူ့နှုတ်ခမ်းတွေကိုချက်ချင်းငုံ့နမ်းလာပြီး အားမလိုအားမရနှင့် ခါးကိုပင့်ဖက်ရာ သလင်းမြူမှာခေါင်းမော့ရင်းခြေဖျားလေးထောက်ထားရသည်။

အပေါ်နှုတ်ခမ်းကိုနမ်းလိုက်အောက်နှုတ်ခမ်းကိုနမ်းလိုက်နှင့် ဒီအနမ်းကအဆုံးရောသတ်ပါ့မလား....

"ငစစ်ဘယ်ရောက်သွားတာလဲ....
နည်းပြခေါ်နေပြီ..."
"ငစစ်!"

သူတို့နှင့်နီးရာကိုဦးတည်လာသည့် စိုင်းစံတို့၏ခေါ်သံကြောင့် သလင်းမြူ ကောင်းကင်ရင်ဘက်ကိုတွန်းပေမယ့် ကောင်းကင်ကအနမ်းတွေမရပ်တန့်.....

"စူးနေရောင်ထက် ပါမတွေ့ဘူး.."
"နှစ်ကောင်သားဘယ်ထွက်သွားကြတာလဲဟ..."

စိုင်းစံ အကွေ့တစ်နေရာမှာ ဖြတ်ကနဲမြင်လိုက်ရသည့် နှစ်ကောင်ကြောင့် ခြေလှမ်းတွေတန့်သွားသည်။

"ဒီဘက်မှာမရှိဘူး....
အချိုရည်သွားဝယ်တာနေမယ်..."

အနောက်မှပါလာသည့် တေဇတို့ကိုတားဆီးကာ ဘောလုံးကွင်းထဲပြန်သွားအောင်ပြောရသည်။

ဒါတောင်တေဇတို့က အတင်းလှည့်ကြည့်နေသေးသည်။

"ဆရာခေါ်နေပြီ!"

ကွင်းထဲပြန်ရောက်မှ ခုနကမြင်ကွင်းကိုပြန်တွေးမိတော့ ခေါင်းယမ်းရင်း စိုင်းစံပြုံးမိပါသည်။

အစ်ကိုတို့ကတော့ တကယ့် မလွယ်ကြောပဲ....

စိုင်းစံတို့ဝေးဝေးရောက်သွားမှ အနမ်းတွေရပ်ပေးပြီး စပ်ဖြီးဖြီးလုပ်နေသည့်ကောင်းကင်ရဲ့ လက်မောင်းကိုတဖုန်းဖုန်းထုရိုက်ပစ်သည်။

"စိတ်ဆိုးသွားတာလား..... "

သလင်းမြူ ဘာမှပြန်မပြောတော့ဘဲ ငြိမ်နေပေမယ့် နှုတ်ခမ်းကတော့ ဘဲနှုတ်သီးလေးလိုထော်ထွက်လာပေပြီ။

"ချစ်ကလည်းကွာ....
နှုတ်ခမ်းလေးဆူထားတာ ကိုယ်ကအရမ်းချစ်လို့နမ်းတာကရပ်မရဖြစ်သွားတာပါ....
စိတ်မကောက်ပါနဲ့နော်..."

သူ့ကိုသိုင်းဖက်လာပြီးချော့တော့ သလင်းမြူတစ်ခွန်းနဲ့တင်အရည်ပျော်သွားပေမယ့် နောက်ထပ်မလုပ်ရဲအောင် စိတ်ကိုတင်းကာ ကောက်ချင်ယောင်ဆက်ဆောင်နေလိုက်သည်။

"ချစ်မကြိုက်ရင်နောက်မလုပ်တော့ဘူးလေ....
နော်လို့...."
"စိုင်းစံတို့သာမြင်သွားရင်ဘယ်လိုလုပ်မလဲ...
ကံကောင်းလို့သာပေါ့....ဟွန်း...
ထပ်လုပ်ရဲလုပ်ကြည့်....
တစ်သက်လုံးမခေါ်ဘဲနေလိုက်မှာ...."

ခြေဆောင့်ထွက်သွားသည့်သလင်းမြူနောက်ကို မျက်နှာငယ်လေးနှင့် လက်ကလေးပိုက်ကာ လိုက်လာပုံက တကယ့်ကိုကလေးစိတ်ပါ....

Training ပြီးတော့ canteenမှာ အသီးဖျော်ရည်လေးသောက်ကာနားပြီးမှ သူတို့အိမ်ပြန်ကြသည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

ရေချိုးမလို့အဝတ်တွေချွတ်ပြီးမှ အင်္ကျီမှာစွဲကျန်နေသည့် ကောင်းကင်ရဲ့ချွေးနံ့ကိုသူရှူရှိုက်ကြည့်မိသည်။

သူကိုယ်တိုင်က ချွေးအရမ်းထွက်တတ်သူမဟုတ်ဘဲ ကိုယ်နံ့လည်းမပြင်းသောကြောင့် ဒီလိုချွေးနံ့တွေကိုအရမ်းမုန်းပေမယ့် ကောင်းကင်ရဲ့ချွေးနံ့ကိုတော့ ယောက်ျားဆန်သည်ဆိုပြီး သူသဘောကျသည်။

ကုတင်ဘေးကပန်းအိုးကို သူကြိုက်သည်ဆိုသည့်နှင်းဆီဖြူတွေနေ့တိုင်းကောင်းကင်ကလာထိုးပေးသောကြောင့် သူ့အကြိုက်ဆုံး ရနံ့လေးကလည်းအခန်းထဲမှာသင််းပျံ့နေသေးသည်။

ရေချိုးရင်း ဖွင့်ထားသည့် Alanwalker နှင့် Sia ရဲ့ Diamond Heart သီချင်းကိုသူ mood အပြည့်နှင့်လိုက်ဆိုသည်။

"🎶 hello sweet grief.....
I know you will be the death of me...
You're like the morning every ecstasy..
I came drawing in the night light sea..
Hello, old friend
He's the misery that knows no end ...
So I'm doing everything I can...
To make try another love again...
I wish that I did not know....
Where all broken lovers go...
I wish that my heart was made of stone...
If I was stronger....
I would love you longer...
I wouldn't let you fall
You wouldn't tear it apart...
I wish I had a diamond heart....
Oh..oh...
I'd give you all my love if I was unbreakable....
I wish I had a diamond heart....
Oh..oh...
I'd give you all my love if I was unbreakable....
I wish I had a diamond heart!!"

EDM နဲ့ဒွန့်ရတာများအရသာကိုရှိလို့...

သူလည်းဖြစ်နိုင်ရင်သူ့နှလုံးသားကိုစိန်လိုမာကျောစေချင်တယ်...

ဒါမှသူပိုသန်မာပြီး ကောင်းကင်ကိုထာဝရချစ်လို့ရမှာ....

ရေချိုးခန်းထဲကနေ bathrobe ကိုဖြစ်သလိုဝတ်ပြီး ခေါင်းရေသုတ်ရင်း ဒွန့်ထွက်လာသည့် သလင်းမြူ အခန်းထဲရောက်နေသည့်တစ်စုံတစ်ယောက်ကြောင့် ချက်ချင်းမျက်နှာပိုးသေသွားသည်။

"ခွီးးးး
အဟားဟား!!"

ဗိုက်နှိပ်ပြီးကုတင်ပေါ်မှာလူးလှိမ့်ရယ်နေတာက သူ့ချစ်သူဆိုတဲ့ ရိုက်သတ်ချင်စရာကောင်းကင်...

"ဟားဟား!!"
"တော်တော့..."

သူ့ရဲ့အံကြိတ်ထားသည့်သတိပေးသံကြောင့် ကောင်းကင်ရယ်ချင်သည်ကို မနည်းထိန်းရန်ကြိုးစားသည်။

ဒါပေမယ့်မရ...

"အဟားဟားဟား!"

သလင်းမြူကောင်းကင်ပေါ်တက်ခွကာလက်ထဲမှသဘက်နှင့် ပါးစပ်ကိုပိတ်ပစ်လိုက်သည်။

ဒါတောင် တဝူးဝူးတဝါးဝါးနှင့်ရယ်နေတုန်း...

ငါးမိနစ်ကျော်လောက်နေတော့ ငြိမ်သွားရာ သလင်းမြူ သဘက်ကိုပြန်ဖယ်ပေးလိုက်သည်။

"ချစ်ကကိုယ့်ကိုသတ်မလို့လား..."
"ဟုတ်တယ်..."
"ချစ်ဖို့ကောင်းလို့ ရယ်မိရုံလေးကို..."
"မရယ်နဲ့.."
"ရင်ခုန်လို့လား..."
"လူသတ်ချင်စိတ်ပေါက်လို့..."

ကောင်းကင်သူ့အပေါ်မှခွထားသည့် နေရောင့်ကိုဆွဲဖက်ကာ သူ့အောက်ပို့ပြီးအုပ်မိုးပစ်လိုက်သည်။

"ဘာ...ဘာ..."

ကောင်းကင်ရဲ့အကြည့်တွေကတစ်မျိုးကြီးဖြစ်နေကြောင့် သလင်းမြူမှာပြောမည့်စကားတောင်အထစ်ထစ်အငေါ့ငေါ့နှင့် ကောင်းကောင်းထွက်မလာ...

ကောင်းကင်ရဲ့နှုတ်ခမ်းတွေကငုံ့ဆင်းလာတော့ သလင်းမြူဘေးကိုမျက်နှာလှည့်လိုက်ရာ နားသယ်စကိုနမ်းလာသည်။

မခြောက်သေးသောဆံနွယ်တွေကိုနှာတံနှင့် ထိုးဖွရင်း နီရဲနေသောနားရွက်လေးကိုအသည်းယားစွာ ဖွဖွလေးကိုက်လိုက်မိရာ ရင်ခွင်အောက်ကအသေးလေးက တွန့်လိမ်သွားသည်။

"ယားတယ်..."
"....."

ကောင်းကင်ကလည်တိုင်တွေကိုပါနှာခေါင်းနဲ့လိုက်ပွတ်နေရာ သလင်းမြူမနေနိုင်ဘဲ အော်ရယ်တော့သည်။

"ကို တော်တော့...."
"....."
"ယားပါတယ်ဆိုမှ..."

သလင်းမြူခြေတွေလက်တွေနဲ့ပါကောင်းကင်ကိုတွန်းကန်နေရာမှ ကောင်းကင်ကရပ်တန့်သွားရာ သလင်းမြူလည်းမျက်လုံးဖွင့်ကြည့်လိုက်သည်။

"Shit!"

ဝတ်ထားတဲ့ bathrobe ကကြိုးပြေပြီး ဟိုနေရာတောင်မြင်နေရတယ်....

ကြိုးကိုမြန်မြန်ပြန်ချီပြီး သလင်းမြူ ဝတ်မည့်အဝတ်အစားတွေဗီရိုထဲကထုတ်ယူကာ ရေချိုးခန်းထဲပြန်ပြေးသွားသည်။

မှန်ထဲမှာမြင်လိုက်ရတဲ့ပုံက တစ်မျက်နှာလုံးရဲပတောင်းကိုခတ်လို့...

ကုတင်ပေါ်ငုတ်တုပ်ကြီး ကျန်နေခဲ့သည့်ကောင်းကင်မှာလည်း လေတွေတဖူးဖူးမှုတ်ထုတ်ရင်း ဟိုကြည့်သည်ကြည့်နှင့် ကိုယ့်ပါးကိုယ်လည်းထထရိုက်သေးသည်။

မဖြစ်ဘူး.....

ကောင်းကင် ထိုအခန်းထဲမှအမြန်ထွက်ကာ ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ပြီး ယောင်ချာချာနှင့် ဒိုက်တွေထထိုးသည်။

ယောက်ျားချင်းပါတာချင်းအတူတူပဲဆိုပြီးပြောရအောင် အခုမြင်လာတာကကိုယ့်ချစ်သူရဲ့ဟာပိကျိလေး...

မြင်လိုက်ရတဲ့သူတောင်ဒီလောက်ဖြစ်နေတာ သူ့ချစ်သူလေးဆိုရင် ဘယ်လောက်တောင် ရှက်နေလိုက်မလဲ...

ဒီလောက်ရှက်နေရင် နောင်တစ်ချိန်သူတို့ s** လုပ်ရင်....

ကောင်းကင်ကိုယ့်ပါးကိုယ်ထပ်ရိုက်လိုက်သည်။

"ဘာတွေတွေးနေတာလဲ...
စစ်ကောင်းကင်နိုင်!!"

တစ်ယောက်တည်း ကိုယ့်ဘာသာဆုံးမရင်း တစ်ယောက်တည်း ယောက်ယက်ခတ်နေတဲ့သူက တကယ်ကို ဗရုတ်သုတ်ခနိုင်သည်။

ဒါလည်းမင်းကိုချစ်မိသွားခဲ့လို့ပါ....

ထိုညကသူတို့အချိန်မှန် online မှာ chat ပြီး ဖုန်းပြောတာတောင် ဝရန်တာထွက်ပြီး မျက်နှာချင်းမဆိုင်ရဲကြ....

ကောင်းကင်ရဲ့အိမ်မက်တွေက အရင်ညတွေလိုမဟုတ်ဘဲ ညစ်ညမ်းနေခဲ့ပြန်တော့ အိပ်ရာနိုးနိုးချင်း ပါးကိုရိုက်နေရပြန်သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ကျောင်းပိတ်ရက်ပေမယ့် training ခေါ်၍ ကောင်းကင်တို့သွားရရာ သလင်းမြူလည်း လိုအပ်တာတွေကျောပိုးအိတ်ထဲထည့်ပြီး ထုံးစံအတိုင်း လိုက်သွားသည်။

သူ့လိုဘဲ ကိုယ့်ရည်းစားကိုဂရုစိုက်ဖို့ပါလာသည့် ကောင်မလေးတွေလည်းရှိသည်။

သူ့ကိုလက်လှမ်းပြလိုက် လူလစ်ရင် fly kiss တွေပေးလိုက်နှင့် နေပူပူမှာ ကောင်းကင်တစ်ယောက်သာ အစွမ်းကုန်ဖြီးနေသည်။

"စူးနေရောင်ထက်.... "

ကောင်းကင်ကိုသာအာရုံရောက်နေသည့် သလင်းမြူမှာ ဘေးနားမှ သူ့ကိုခေါ်နေသည့် မိန်းကလေး၏အသံကိုမကြား....

"စူးနေရောင်ထက်... "

သူ့ပုခုံးကိုလာကိုင်သောလက်ကြောင့်သာ သလင်းမြူ လှည့်ကြည့်လိုက်သည်။

မျက်မှန်ဝိုင်းလေးနှင့်ထိုမိန်းကလေးက သူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတော့ ရှက်ကိုးရှက်ကန်းဖြစ်နေသည်။

ဘာလဲဟ....

ထိုကောင်မလေးရဲ့အနောက်မှာ သူ့ကိုအာရုံစိုက်ပြီး တွတ်တွတ်တွတ်တွတ်နှင့် ဘာတွေပြောနေကြမှန်းမသိသည့် မိန်းကလေး တစ်သိုက်...

"စူးနေရောင်ထက်ကဘောလုံးအသင်းထဲမပါဘူးလားဟင်..."
"မပါဘူးဗျ.....
စိတ်မရှိပါနဲ့...
ဒီကအမိကဘယ်သူလဲဟင်...."
"တို့ကိုမမှတ်မိဘူးလား....
မနေ့ညကပဲ FB မှာ friend ဖြစ်သွားတာ
account name က မှူးကြည်သာလေ..."

ရော် ခက်ပြီ...
FB က friend requests တွေဆို mutual ရှိရင် confirm ခိုင်းတဲ့စူးနေရောင်ထက်ကြောင့်သာသူ confirm တာ...

"Profile ပုံနဲ့အပြင်ကသိပ်မတူလို့မမှတ်မိတာထင်တယ်..."

ဘယ်လောက်တောင် effect ပိနေလဲမသိ....

ထိုအမိကသူ့ဘေးမှာတောင် ကပ်ထိုင်လိုက်သေးတယ်...

"မနေ့ညက online ပေါ်မှာရှိရက်နဲ့ တို့ကို ဘာလို့ reply မပြန်တာလဲဟင်..."

ဘဲနဲ့ chat နေလို့ဟေ့!!!

"မတွေ့မိလိုက်လို့ပါ..."
"စကားပြန်ပြောသားပဲ..."

ငါအနေတာမှမဟုတ်တာအမိရယ်...

"စူးနေရောင်ထက်ကကြားရတဲ့သတင်းတွေအတိုင်း မာနကြီးတယ်နော်..."
"အင်း..."

ခပ်ချေချေပဲ..

"တို့က IC (Industrial Chemistry) final ကပါ..."

ထင်တော့ထင်သားပဲ အိုကြီးအိုမနဲ့ ကျောင်းမပြီးခင် ရရာလိုက်ဆွဲနေမှန်း...

(AN: ထိရှ 😭)

"စူးနေရောင်ထက်ကအရမ်းချောတယ်နော်...."

ပါးစပ်နဲ့ပြောနေရတာအားမရလို့ ထိုအမိလက်က သူ့ကိုလာထိသည်။

"ဘောလုံးအသင်းထဲမပါဘဲ training ဆင်းတာကိုဘာလာလုပ်တာလဲဟင်.... "
"အစ်မတို့ကရောဘာလာလုပ်တာလဲ...."
"မမက မြတမာအဆောင်မှာနေတာလေ....
Ruby ကိုမုန့်လာစားတာ...အဟင်း..."

အော့....
သူငယ်လာထောင်တာကို အန်ချင်စရာအသံနဲ့ပြောနေတယ်...

"မမထက်ငယ်တယ်ဆိုတော့ မောင်လေးလို့ပဲခေါ်မယ်နော်..."

သလင်းမြူ မဲ့ချင်နေသည့် အခွက်ကိုမနည်းထိန်းကာ ခေါင်းသာညိတ်လိုက်သည်။

"မောင်လေးကအသားလေးကိုဖွေးနေတာပဲနော်....
ယောက်ျားလေးဆိုတော့ အလှအပတွေအရမ်းစိတ်မဝင်စားဘူးမလား..."

ဒါကသူ့ကို စိုလားခြောက်နေလားဆိုပြီး သွယ်ဝိုက်မေးမှန်း သလင်းမြူချက်ချင်းနားလည်ကာ အစွမ်းကုန်ပြုံးရင်း မတ်မတ်ထိုင်နေသည့် ခါးကိုနွဲ့နှောင်းလိုက်သည်။

"အစ်မကလည်း ယောက်ျားလေးလည်းအလှအပကြိုက်တာပေါ့..."

လက်ချောင်းတွေကို ပုံမှန်ထက်ကော့ကာ ထိုအမိရှေ့ထိုးပြလိုက်သည်။

"ခြေသည်းလက်သည်းလေးတွေကိုဆိုဆိုင်မှာဘဲသွားညှပ်ဖြစ်တာ...
Spa လည်းတစ်ပတ်တစ်ခါပုံမှန်သွားတယ်..."

ကျောပိုးအိတ်ထဲက sun cream ဘူးကိုထုတ်လိုက်သည်။

"နေပူထဲအသားမဲမှာစိုးလို့ ဒီလို sun cream လေးလည်းဆောင်ထားရတယ်...
ကျွန်တော့်မျက်နှာကိုလည်း လှလှလေးဖြစ်အောင်ပြင်ထားရတာ...
ဘယ်လိုလဲ ကျွန်တော်လှတယ်မလားဟင်..."

ထိန်းမရအောင်ပျက်ယွင်းနေသည့် ထိုအမိအခွက်ကြောင့် ရယ်ချင်နေသည်ကို တင်းထားရသည်။

"အင်း...အဟင်း..
လှတယ်...
အစ်မသူငယ်ချင်းတွေခေါ်နေလို့ သွားတော့မယ်နော်..."

နေပူထဲ training ဆင်းရတဲ့ကောင်းကင်အသားတွေစပ်မှာစိုးလို့ ယူလာပေးသည့် sun cream ကအသုံးတည့်သွားသည်။

မှတ်ပလား....
ငါဟ!

"ချစ် ခုနကဘယ်သူလဲ..."

ချွေးတွေနှင့် အမောတကောလာမေးသည့် ကောင်းကင်ကို အရင်အမောဖြေခိုင်းရသည်။

"ရှချင်လို့ ပုလင်းကွဲပုံထဲ ဝင်တိုးချင်တဲ့ တစ်ယောက်ပါကိုရယ်..."

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Zawgyi










"အရမ်းပူနေလား..."
"အင်း....
အရမ်းပင်ပန်းတယ်..."


"အဟမ်း! အဟမ်း!
အဟွတ်!!"
ရေဆာလိုက်တာကွာ..."


"ငါလည်းရေဆာတယ်လို့!"
"ဟုတ်တယ်..."


"ဟား!!
ခွဲခြားခွဲခြားနဲ့!"


sorry"


"ရပါတယ်...



"ဘာလဲ...."
"နမ်းချင်လို့..."



နည်းပြခေါ်နေပြီ..."
"ငစစ်!"




"ဒီဘက်မှာမရှိဘူး....



"ဆရာခေါ်နေပြီ!"




"စိတ်ဆိုးသွားတာလား..... "


"ချစ်ကလည်းကွာ....
စိတ်မကောက်ပါနဲ့နော်..."


နော်လို့...."
ထပ်လုပ်ရဲလုပ်ကြည့်....



◾◽◾◽◾◽◾◽◾◽◾◽◾◽◾



ကုတင်ဘေးကပန်းအိုးကို သူကြိုက်သည်ဆိုသည့်နှင်းဆီဖြူတွေနေ့တိုင်းကောင်းကင်ကလာထိုးပေးသောကြောင့် သူ့အကြိုက်ဆုံး ရနံ့လေးကလည်းအခန်းထဲမှာသင်းပျံ့နေသေးသည်။


"🎶 hello sweet grief.....
Hello, old friend
If I was stronger....
I would love you longer...
I wouldn't let you fall
Oh..oh...
Oh..oh...





"ခွီးးးး
အဟားဟား!!"


"ဟားဟား!!"
"တော်တော့..."


ဒါပေမယ့်မရ...

"အဟားဟားဟား!"




"ဟုတ်တယ်..."
"မရယ်နဲ့.."
"ရင်ခုန်လို့လား..."


"ဘာ...ဘာ..."




"ယားတယ်..."
"....."


"ကို တော်တော့...."
"....."
"ယားပါတယ်ဆိုမှ..."


"Shit!"





မဖြစ်ဘူး.....






"ဘာတွေတွေးနေတာလဲ...
စစ်ကောင်းကင်နိုင်!!"





◽◾◽◾◽◾◽◾◽◾◽◾◽◾◽




"စူးနေရောင်ထက်.... "


"စူးနေရောင်ထက်... "



ဘာလဲဟ....


"မပါဘူးဗျ.....
စိတ်မရှိပါနဲ့...
ဒီကအမိကဘယ်သူလဲဟင်...."

ရော် ခက်ပြီ...





ဘဲနဲ့ chat နေလို့ဟေ့!!!

"မတွေ့မိလိုက်လို့ပါ..."
"စကားပြန်ပြောသားပဲ..."

ငါအနေတာမှမဟုတ်တာအစစ်မရယ်...

"အင်း..."

ခပ်ချေချေပဲ..



(AN: ထိရှ 😭)




အော့....











"အင်း...အဟင်း..
လှတယ်...


မှတ်ပလား....
ငါဟ!

"ချစ် ခုနကဘယ်သူလဲ..."



◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro